YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Tom.Clancys.Jack.Ryan.S02E03.720p.BluRay.(CM)..mp4

349.8 MB N/A video/mp4 501 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Plot to Kill My Mother
5.4

(ဖြစ်ရပ်မှန်ကို အခြေခံထားသည်) အယ်လီနာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ မမွေးခင်ကတည်းက ဖက်ဒရယ်အေးဂျင့်တွေရဲ့ သက်သေခံစောင့်ရှောက်မှု ရထားတာကိုမသိဘဲ နေထိုင်လာခဲ့ပါတယ်။ တစ်နေ့မှာ သူမရဲ့မိခင် သေဆုံးသွားတဲ့အချိန်မှာတော့ ဒီအကြောင်းတွေကို သိလိုက်ရပြီး သူမရဲ့မျိုးရိုးနာမည်အပြင် သိထားသမျှကိစ္စတွေအားလုံးကို မယုံကြည်နိုင်ဖြစ်လာတော့တာပါပဲ။ ဒီအခါမှာ အယ်လီနာဟာ အစိုးရရဲ့မျက်မြင်သက်သေစောင့်ရှောက်မှုကို စွန့်လွှတ်ပြီး မိခင်ဖြစ်သူရဲ့ မွေးရပ်မြေကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ မိခင်ဖြစ်သူအသတ်ခံရတဲ့ အကြောင်းအရင်းရဲ့အဖြေကိုရှာဖို့ မွေးရပ်မြေကိုပြန်သွားတဲ့ အယ်လီနာ..။ သူမကိုစောင့်ရှောက်ပေးဖို့ မိခင်ဖြစ်သူ ထရီဇာကို ကတိပေးခဲ့တဲ့ အေးဂျင့်ကာတာ။ သူတို့နှစ်ယောက် အဖြေရှာ ဖော်ထုတ်သွားမယ့် တရားခံအကြောင်းကို သို့လော သို့လော စဥ်းစားရင်းကြည့်ရှုရမယ့်ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ထူးထူးခြားခြား ပါးစပ်အဟောင်းသားဖြစ်သွားမယ့် ရုပ်ရှင်ကားမျိုးမဟုတ်ပေမဲ့လည်း ကွက်ကျော်တွေးပြီး စဥ်းစားရင်းကြည့်ရတဲ့ဇာတ်ကားမျိုး တစ်ကားပဲ။ ဒါကိုမှ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်ဆိုတော့ မျက်ခုံးပင့်မိလောက်မယ့် တင်ဆက်မှုမျိုးပေါ့..။ တစ်ကားလုံးမှာ သုံးပြထားတဲ့အရောင်တွေ ၊ အလင်းအမှောင်တွေ ကွက်တိကျတယ်။ အပိုမရှိ ၊ အလိုမရှိ ၊ အစပ်အဟပ်မိတယ်။ အသွေးအသားထဲမှာ စုံထောက်ညဉ်တွေ စီးဆင်းနေရင် ဒီကားကို ကြည့်။ ဖြစ်ရပ်မှန်ကိုအခြေခံထားတာဆိုတော့ သူများရဲ့ဘဝအကြောင်းကို 'ဘယ်က ဘယ်လို စဖြစ်ကြတာလဲ' လို့ ပေါက်ပေါက်ဆုပ်စားပြီး စပ်စုချင်ရင်လည်း ဒီကားကိုကြည့်။ ဒီဇာတ်ကားကိုကြည့်ခြင်းအားဖြင့် ၅၂၈ မေတ္တာအကြောင်းကို အနည်းငယ်တော့ ပြန်ဆင်ခြင်မိမှာပါ။ ပြီးတော့ လူသတ်သမား ဘယ်သူလဲဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေရင်းနဲ့ Romy Weltman တို့ Samantha Brown တို့လို အလှတရားလေးတွေကိုလည်း ရှုစားရဦးမယ်ဗျာ။ သိပ်မကြာသေးခင်ကမှ ထွက်တဲ့ကားဆိုတော့ ဘယ်သူမှ ဝေဖန်လေကန်ရေးမလုပ်ခင် မြန်မြန်လေးတော့ကြည့်ထားကြပါ။ လူသတ်သမား ဘယ်သူလဲဆိုတာကိုလည်း ကြိုတင်ခန့်မှန်းပြီး အဖြေတိုက်ကြည့်ကြပေါ့။ File size… (775MB) / (974MB) Quality….  720p / 480p Format…mp4 Duration….01:14:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Man Htet Myat

Action • Thriller
5.4 2023 88 mins
The Plot to Kill My Mother
Walk Up
6.2

~ IMDb - 6.6/10, Rotten Tomatoes - 100% ~ တာကော့စကီး ပြောဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ " Cinema is an unhappy art because it depends on money. Not only because a film is very expensive; but it is then also marketed like cigarettes. " တဲ့။ ပြီးမှ မြတ်တာမမြတ်တာဆိုတဲ့ ဈေးကွက်ကိုအသာထား ရုပ်ရှင်ရိုက်ဖို့က သိပ်ဈေးကြီးလွန်းလို့ ရုပ်ရှင်ဟာ ဈေးကြီးလွန်းတဲ့ အနုပညာတစ်ခုအနေနဲ့ တည်ရှိနေခဲ့တယ်။ ရုပ်ရှင်တစ်ကားကို စိတ်တိုင်းကျ ထွက်လာအောင်လည်းလုပ် ငွေလည်းရဖို့က မဖြစ်နိုင်သလောက်ခက်တဲ့ကိစ္စပဲ။ တော်ရုံကွာလတီတစ်ကားရိုက်မယ်ဆိုကတည်းက နောက်မှာ ရင်းနှီးမြုပ်နှံသူတွေပါလာပြီဆိုတော့ သူတို့ ကြိုက်မယ့် အကြိုက်ကနေ စဉ်းစားပေးရတာတွေလည်းရှိလာမှာပဲ။ ကိုယ့်စိတ်ကြိုက် ကိုယ်ရိုက်ပြီး ခြောက်ပြစ်ကင်းနေတဲ့ ရုပ်ရှင်တွေက ရှိတော့ရှိပေမဲ့ ရှားတယ်ပဲပြောရမှာပဲ။ သမိုင်းကြီးလှတဲ့ ဒါရိုက်တာတွေတောင် စိတ်ကြိုက်ရိုက်ခွင့် အပြည့်မရနေခဲ့ဘူး။ ဆာဂျီယိုလီယွန်နီဆို Once Upon A Time in Hollywood ကို ရုံတင်တုန်းက သူ့ရဲ့လေးနာရီကြာတဲ့ ရှည်လွန်းတဲ့ ဇာတ်ကြီးကို ဖြတ်တောက်ခံခဲ့ရတယ်။ ဒီလိုမျိုးခံခဲ့ရတဲ့ လူတွေက တော်တော်လည်းမနည်းဘူး။ ဖရန်စစ် ဖို့ဒ် ကော်ပိုလာ၊ စတီဗင်စပီးဘာ့ချ်၊ ဒေးဗစ်လင်း၊ ဒေးဗစ်ဖင်ချာ၊ အော်ဆန်ဝဲလ် တို့လိုလူတွေလည်း ခံခဲ့ရတာပဲ။ ကူရိုဆာဝါတို့လိုလူတွေလည်း Cut ခံရတယ်မဟုတ်ပေမဲ့ စိတ်ကြိုက်လုပ်ချင်တာနဲ့ ဈေးကွက်နဲ့ ရင်းနှီးမြုပ်နှံသူတွေရဲ့အကြိုက်နဲ့ ငွေကြေးနဲ့ကြားက ပြဿနာတွေကြုံခဲ့ရတာပဲ။ သိသာတာမသိသာတာပဲ ရှိမယ်။ ကွာလတီကောင်းကောင်းတစ်ကားရဖို့ ငွေနဲ့ဆက်စပ်မိလာပြီဆို ဒါရိုက်တာအားလုံး စိတ်ကြိုက်လုပ်ခွင့်မရတာနဲ့ ကြုံလာရမှာပါပဲ။ ဒီလိုဖန်တီးမှုအကန့်အသတ်တွေကြောင့်ဖြစ်ဖြစ် ကိုယ်တိုင်ရဲ့ အနုပညာအပေါ်အမြင်အပြောင်းအလဲကြောင့်ဖြစ်ဖြစ် ကိုယ်ရိုက်ချင်တဲ့ပုံစံအစစ်အမှန်နဲ့ ရုပ်ရှင်ကို ရိုက်ခွင့်မရတာတွေ ကြုံကြရမှာပဲ။ ဒီအကန့်အသတ်က အနုပညာတိုင်းရှိနေတယ်လို့တော့ ထင်ရတာပဲ။ တဂိုးဟာ သူသေတဲ့နေ့အထိ သူရေးချင်တဲ့ ကဗျာမျိုးကို မရေးသွားရဘူးလို့ ဆိုခဲ့သလိုပဲ၊ အနုပညာတိုင်းမှာ ဖန်တီးချင်သူတိုင်းမှာ ပိုကောင်းတာကို ပေးချင်သူတိုင်းမှာ ကိုယ်ချပြချင်တဲ့အတိုင်း ချပြမသွားမရတဲ့ ပြဿနာတော့ရှိကြလိမ့်မယ်။ နောက် ဒီမှာဆိုလည်း နိုင်ငံကျော်အဆိုတော်တစ်ယောက်ဆို နိုင်ငံခြားက ဂီတတွေကို အားကျပေမဲ့ ဘယ်ဖန်တီးမှုအကန့်အသတ်ကြောင့်လဲမသိ သူကြိုက်တဲ့သီချင်းတွေကို ကော်ပီလုပ်ဆိုခဲ့ရတယ်လို့ပြောဖူးတာပဲ။ အဲဒီလိုတွေထဲကမှ အနုပညာတစ်ခုထွက်လာဖို့ကို ငွေအား လူအား အတတ်ပညာအား အများကြီးလိုတဲ့ ရုပ်ရှင်ရဲ့အကန့်အသတ်ကတော့ ပိုကြီးနေမှာပဲ။ ဟုန်းဆန်းဆူဟာ Introduction (2021) ကစပြီး In Front of Your Face, The Novelist's Film, Walk Up စတဲ့ရုပ်ရှင်တွေမှာ ရှေ့ရုပ်ရှင်တွေနဲ့ မတူတဲ့ အချိုးအကွေ့တစ်ခုပြောင်းပစ်ခဲ့တယ်။ သူ့မူလဟန်အတိုင်းကိုမှ အကုန်လုံး သူ့စိတ်တိုင်းကျဖြစ်လာတယ်ပြောရမလားပဲ။ ဒီကားတွေအကုန်လုံးကို သူကိုယ်တိုင်ရေး သူကိုယ်တိုင်ရိုက် သူကိုယ်တိုင်ထုတ် သူကိုယ်တိုင်စီနီမာတိုဂရပ်ဖာလုပ် သူကိုယ်တိုင်နောက်ခံတေးလုပ် သူကိုယ်တိုင်တည်းဖြတ်ခဲ့တယ်။ ကားတွေလည်း ခပ်စိတ်စိတ်ထုတ်လာခဲ့တယ်။ ဆိုခဲ့တဲ့ ရင်းနှီးမြုပ်နှံသူတွေ ထုတ်လုပ်သူတွေ ဘာတွေညာတွေ ဘာအကန့်အသတ်မှကို မရှိတော့ဘူး။ သူ့စိတ်တိုင်းကျဖြစ်လာခဲ့တယ်။ ဒီရုပ်ရှင်တွေဟာ အရင်ကထက်လည်း သူ့ကို ပိုထင်ဟပ်လာခဲ့တယ်။ တစ်ကားကလွဲ ကျန်တာအကုန် အဖြူအမဲနဲ့ချည်းရိုက်ထားခဲ့တယ်။ သူ့ကိုယ်တိုင်ရဲ့ ဖန်တီးနိုင်မှုအကန့်အသတ်ကလွဲ တခြားဘာအကန့်အသတ်မှမရှိတော့ဘူး။ သူလည်းလူဆိုတော့ စီနီမာတိုဂရပ်ဖီ နောက်ခံတေးဘာညာမှာ အားမရချင်စရာကောင်းတာလေးတွေတော့ရှိတာပဲ။ ဒါပေမဲ့လည်း ပြဿနာတော့မဟုတ်ပါဘူး။ ကဗျာလိုပေါ့။ ခြောက်ပြစ်ကင်းစရာလည်း မလိုပါဘူး ရိုးရိုးသားသားဖန်တီးရင်ကို သူ့ဟာနဲ့သူ ရသတစ်ခုခု ခံစားချက်တစ်ခုခုရနေမှာပဲ။ ဒီကားမတိုင်ခင်က ဟုန်းဆန်းဆူနဲ့ပတ်သက်ပြီး ကျွန်တော်နားမလည်ခဲ့တာက ဒီဘဲ ဘာလို့ ဒီလောက်ကားတွေအများကြီး ဆက်တိုက်ရိုက်နေတာလဲဆိုတဲ့ အမေးပဲ။ ဒါပေမဲ့ ဒီကားတွေဟာ သူ့ကိုပိုထင်ဟပ်လာတယ်လို့ ဆိုခဲ့သလိုပဲ ဒီကားတွေအကုန်လုံးမှာ သူနဲ့ ဂင်မင်ဟီးရဲ့လက်ရှိအခြေအနေကိုသိရင် အဲဒီအတွက် သူတို့အဖြေတွေ အခြေအနေတွေကို ပြသွားခဲ့တာကို မြင်ရမှာပဲ။ ဒီမှာလည်း သူဘာလို့ ဒီလောက်သောက်သောက်လဲရိုက်ထုတ်နေတာလဲဆိုတဲ့ အဖြေကိုဖြေသွားခဲ့တယ်။ ဟုန်းဆန်းဆူကား ပီပီသသပဲ။ ဇာတ်အိမ်တို့ ဘာတို့ တစ်စုံတရာကို မျှော်လင့်ရင် ကြည့်သင့်တဲ့ရုပ်ရှင်တော့မဟုတ်ပါဘူး။ သူ့ဇာတ်ကောင်တွေရဲ့ စကားဝိုင်းတွေမှာ ဝင်စီးမျောရင်း ကြည့်ရုံသက်သက်ကြည့်တတ်မှပဲ ကြည့်သင့်တယ်။ သူ့စကားဝိုင်းတွေဟာ တချို့ရုပ်ရှင်တွေလို ဘာမှနက်နက်နဲနဲ အကြီးကြီးတွေပြောနေတာမျိုးမဟုတ်ဘဲ ဒီတိုင်းသာမန်လျှံကာစကားဝိုင်းတွေပဲ။ ကိုယ်အခုမှစသိတဲ့ လူနှစ်ယောက် စကားပြောနေတာကို ကိုယ်က ဘေးက ထိုင်နားထောင်နေရသလို ဖီလင်မျိုးပဲ။ ဘာမှတော့မဟုတ်ပေမဲ့ အဖော်ရှိနေသလိုလိုအရသာရှိတယ်ပေါ့။ ဒီကားဟာ လူတစ်ယောက်ရဲ့စကားတွေကနေ လူတစ်ယောက်ကို သိရတဲ့ ကားမျိုးလို့ပြောလို့ရတယ်။ အဲဒီလူက ဟုန်းဆန်းဆူဖြစ်နေတာတော့ အမြတ်ပေါ့။ ဒီရုပ်ရှင်ဟာ အားနည်းချက်တွေတော့ ရှိနေမှာပါပဲ။ ဒါပေမဲ့လည်း ဟုန်းဆန်းဆူဟာ သူဖန်တီးချင်တဲ့ ပုံစံမျိုးကို ရာနှုန်းပြည့်နီးပါး သူ့စိတ်ကြိုက်ဖန်တီးထားတဲ့ရုပ်ရှင်မို့ ဒါရိုက်တာတစ်ယောက်ရဲ့ ရင်ဘတ်ထဲက ရုပ်ရှင်စစ်စစ်ဆိုတာတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 755MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 37Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama • Romance
6.2 2022 97 mins
Walk Up
Last Christmas
7.2

ဒီရုပ်ရှင်လေးက ရုံတင်ကတည်းက အတော်လူကြိုက်များခဲ့ပါတယ်။ Romance ကား ကောင်းကောင်းလေးပါပဲ။ ပျော်ဖို့ကောင်းတယ် ချစ်စရာကောင်းတယ် မထင်ထားတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်နေတယ်ပေါ့။ နောက်ခံသီချင်းလှလှလေးတွေသုံးထားတယ်။ ကျွန်တော်ကတော့ မင်းသမီး အမ်မလီယာကလာ့ခ်ရဲ့ ဖန်မို့ ပိုကြိုက်မိပါတယ်။ မစ်ချဲယိုကလည်း ဇာတ်ပို့အဖြစ် အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ Last Christmas သီချင်းကို အဓိက ဇာတ်အိမ်တည်ထားတာပေါ့။ ကတ်ထရီးနား ခေါ် ကိတ် ဟာ အမေ နဲ့ရော အစ်မနဲ့ရော မတည့်တဲ့ ဂျစ်ကန်ကန်ကောင်မလေး၊ ဘဝကို အရက်တွေ ယောကျာ်းတွေနဲ့ ဖြစ်သလိုဖြတ်သန်းနေတဲ့သူပေါ့။ တစ်ရက်မှာတော့ ထူးဆန်းပြီး လူတွေကို ကူညီတတ်တဲ့ တွမ် ဆိုတဲ့ ကောင်လေးနဲ့ စမိချိန်မှာ…..။ File size…(2 GB) and (1 GB) Quality…Blu-Ray 1080p & 720p (HEVC Encode) Format…mkv Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Drama • Romance
7.2 2019 102 mins
Last Christmas
Enigma
6.3

Dougray Scott  နဲ့ Kate Winslet တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဆုကြီး(၃) ဆု လည်းရရှိထားပါတယ်.. ဒုတိယကမ္ဘာစစ်ကြီးအတွင်း နာဇီဂျာမန်တွေရဲ့ယူ-ဘုတ် ရေငုပ်သင်္ဘောတွေက ဟိုနေရာက ပေါ်လာလိုက်၊ ဒီနေရာက ပေါ်လာလိုက် နဲ့ အင်္ဂလန်နိုင်ငံကို ထောက်ပံ့မယ့် လက်နက်ခဲယမ်းနဲ့ ရိက္ခာတင်သင်္ဘောတွေကို တိုက် ခိုက် ချေမှုန်းနေတဲ့အတွက် အင်္ဂလန်နိုင်ငံ ဒုက္ခအကြီးအကျယ်တွေ့နေချိန်ဖြစ်ပါ တယ်။ ယူဘုတ်ရေငုပ်သင်္ဘောတွေ ကိုရှောင်ရှားဖို့၊ ပြန်လည်တန်ပြန်တိုက်ခိုက်ဖို့အတွက် အဓိကသော့ချက်ကတော့ ဂျာမန်တွေအသုံးပြုဆက်သွယ်တဲ့ အင်နစ်ဂ်မာ စက် (Enigma Machine)ရဲ့ ဝှက်စာအသံလွှင့်ချက်တွေကို ဖော်ထုတ်နိုင်ဖို့ဖြစ်ပါတယ်။ ဒီဇာတ်လမ်း မှာတော့ သင်္ချာပညာရှင်ရယ်၊ ပျောက်နေတဲ့သူ့ကောင်မလေးရယ်၊ စုံထောက်အရာရှိတစ်ယောက်ရယ်၊ သူလျှို တစ် ယောက်ရယ် ပါဝင်နေပါတယ်။ သူတို့ရဲ့ လှည့်ကွက်တွေ၊ အားပြိုင်မှုတွေ၊ အတ္တတွေ၊ ချစ်ခြင်းမေတ္တာတွေက ဘယ် လောက်အတိုင်းအတာထိ အရေးပါနေပြီး စစ်ပွဲအနိုင်အရှုံးထိ ဆုံးဖြတ်ပေးသွားနိုင်လဲဆိုတာကိုတော့. File Size :(3.1GB) (1.1GB) and (428MB) Quality : Blu-Ray1080P5.1Ch,720p Format…mp4 Duration…01:59:00 Genre : War,Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae

Mystery • Thriller
6.3 2001 119 mins
Enigma
White Elephant
6.3

အသစ်ထွက်လာတဲ့ Action, Thriller ကားသစ်လေးပါ။ အညွှန်းဘာညာ ဘာမှ မပြောခင်မှာ တစ်ခုပြောချင်တာက poster မှာ Bruce Willis ပါပေမဲ့ ဒီကားမှာတော့ သူက main role က ပါတာမဟုတ်ပါဘူး။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... တာဝန်ကျနေတဲ့ ရဲ နှစ်ယောက်က ဂိုဏ်းတခုကို စောင့်ကြည့်နေရာကနေ လုပ်ကြံမှုတခုကို တွေ့လိုက်ရတယ်။ ဒါကို သိတော့ လူရှေ့မှာ မြေသူဌေးအယောင်ဆောင်တဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်က သူ့လက်သား Gabe ကို ဒီမျက်မြင်သက်သေ ရဲ နှစ်ယောက်ကို သတ်ခိုင်းပါတယ်။ ဒီကနေ စလိုက်တဲ့ပြစ်မှုတွေ ပြဿနာအဆက်လိုက်တွေက တဖြည်းဖြည်းပိုကြီးလာပါလေရော။ ဒီပြဿနာမှာ ကြားဝင်ပါနေသူကတော့ မရိန်းတပ်သားဟောင်းပါ။ အရှုပ်အရှင်းတွေကြား သူ့ရဲ့ မရိန်းတပ်သားဟောင်းဆိုတဲ့ ဂုဏ်နဲ့ပါ ရင်းလာရတဲ့အခါ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။) File Size : 1.3GB, 547MB & 283MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 32mins Genre : Action, Thriller Translated by Marie Encoded by Kinnov

Drama
6.3 2022 93 mins
White Elephant
Murder Syndicate

2023 ရဲ့အက်ရှင်ကားအသစ်တစ်ကားထွက်ရှိလာခဲ့ပါပြီ။ ဇာတ်ကားနာမည်ကတော့ Murder Syndicate ဖြစ်ပြီး မိသားစုတွေနဲ့ ကြေးစားလူသတ်သမားတွေနဲ့ ဒုစရိုက်သမားတွေကြား ဖြစ်ပျက်နေတဲ့ အရာတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ အီဆာဆိုတဲ့ အမျိုးသမီးတစ်ယောက်က ဒုစရိုက်သမားတွေရဲ့ကြားမှာ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အဆက်အသွယ်တွေအများကြီးရှိတဲ့ သူတစ်ယောက်လဲဖြစ်ပါတယ်။သူ့ရဲ့သားသမီးတွေဖြစ်တဲ့ ဂျိုနာ ကိန်းနဲ့ ဘက်ကာတို့သုံးယောက်ကလည်း အမေတူသားသမီးတွေပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့ရဲ့ရှင်းလင်းသုတ်သင်ရတဲ့ စစ်ဆင်ရေးတစ်ခုကို သားအမိလေးယောက်အတူတူလုပ်ကြရင်း အီဆာတစ်ယောက်ဒဏ်ရာ မရဘဲ မူးလဲသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ အီဆာလည်း သူ့ရဲ့ကျန်းမာရေးကို စိုးရိမ်ပြီးတော့ သူ့နေရာကိုတခြားတစ်ယောက်ကို လက်လွှဲပေးဖို့ ခဏတာ အနားယူပြီးစဉ်းစားခဲ့ပါတော့တယ်။အီဆာမှာ ဇိန်းဆိုတဲ့ရည်းစားတစ်ယောက်ရှိပြီး သူ့သားသမီးသုံးယောက်နဲ့ မတည့်တဲ့လူပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ ဒီလေးယောက်ထဲက တစ်ယောက်ကိုပဲ အီဆာကရာထူးလွှဲအပ်ပေးမှာပါ။ ဒါပေမယ့် အဲ့လိုလွှဲအပ်ခံရမဲ့သူက ဘယ်သူဖြစ်မလဲ။ မိသားစု မဟုတ်တဲ့ အပြင်လူဖြစ်တဲ့ ဇိန်းတစ်ယောက်ကရော မသမာတဲ့နည်းလမ်းတွေနဲ့ အဲ့ဒီရာထူးကို ရဖို့ကြိုးစားရင်းနဲ့ ဘာတွေဖြစ်ကြမလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.11 GB / 508MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 39m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2023
Murder Syndicate
Lord of War
7.6

Lord of War (မရဏကုန်သည်) မင်းသားကြီး နီကလက်ကေ့ရဲ့ ရွှေခေတ်က ရွှေရုပ်ရှင်တစ်ခုကို ဘာသာပြန်ကောင်းကောင်း ကွာလတီကောင်းကောင်းနဲ့ ပြန်တင်ဆက်ပေးထားပါတယ်။ အရင်သိမ်းထားတဲ့ဖိုင်တွေရှိရင် ဖျက်လိုက်ပြီး ပြန်သာသိမ်းလိုက်ကြပါ။ Nicolas Cage, Jared Leto, Bridget Moynahan နဲ့ Ethan Hawke တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ယူရီအော်လော့ (N Cage) တို့မိသားစုက ယူကရိန်းကနေ ဂျူးယောင်ဆောင်ပြီး အမေရိကန်ကို ပြောင်းလာတာပါ။ ဇာတ်လမ်းထဲမှာ မင်းသားပြောသလိုပါပဲ သမိုင်းမှာ ဂျူးဖြစ်ရလို့ ကံကောင်းတယ်ဆိုတဲ့အချိန်က ရှားပါတယ်။ ဒါပေမဲ့ ဂျူးဖြစ်လို့ ယူကရိန်းကနေ အမေရိကန်ကို ရောက်လာနိုင်တာလေးတစ်ခုကတော့ ကံကောင်းတယ်ပြောရမှာပေါ့။ နာဇီတွေက ဂျူးတွေကို ယူကရိန်းမှာ အပြုံလိုက်ရှင်းပစ်ခဲ့သလို၊ ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက်မှာလည်း ဂျူးတွေ နေရာမရကြပါဘူး။ အမေရိကန်ရောက် ယူကရိန်းသား ညီအစ်ကိုဟာ လက်နက်အရောင်းအဝယ်လောကထဲကိုဝင်မိခဲ့ကြပါတယ်။ နယ်ခံလူဆိုးဂိုဏ်းကို ဈေးဦးပေါက် အူဇီလေးရောင်းမိတာကနေ လုပ်ငန်းစခဲ့ပြီး ပထမဆုံး သူဌေးဖြစ်ကွက်ကိုတော့ ၁၉၈၂ လစ်ဘနွန်စစ်ပွဲမှာ ရသွားခဲ့ကြတာပါ။ အစ္စရေးတွေက လစ်ဘနွန်ကိုကျူးကျော်တာကနေ ပါလက်စတိုင်းနဲ့စစ်ဖြစ်ချိန်မှာ ညီအစ်ကိုနှစ်ယောက်က နှစ်ဘက်လုံးကို လက်နက်ရောင်းစားပြီး သူဌေးဖြစ်သွားပါတော့တယ်။ အဲဒီနောက်မှာ ယူရီတစ်ယောက် အချီကြီးမိတာကတော့ စစ်အေးတိုက်ပွဲအဆုံး ဆိုဗီယက်ယူနီယံ ပြိုကွဲချိန် ၁၉၉၁ ပါပဲ။ ဆိုဗီယက်ပြည်ထောင်စုဝင် (ရုရှား၊ ဘီလာရု၊ ကာဇက်စတန်၊ လက်ဗီးရား၊ ကာဂျစ်စတန်၊ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာ၊ မော်ဒိုဗာ၊ အက်စ်တိုးနီးယား၊ တာဂျစ်ကစ္စတန်၊ ယူကရိန်း၊ လစ်သူရေးနီးယား၊ အာမဲနီးယား၊ ဥဇဘက်ကစ္စတန်၊ တာမန်နစ္စတန် နှင့် အခြားခွဲထွက်နိုင်ငံအချို့) နိုင်ငံတွေကနေ ဖရိုဖရဲဖြစ်နေတဲ့ လက်နက်ဂိုထောင်တွေကို အောက်ဈေးလိုက်နှိုက်ပါတော့တယ်။ အဲဒီကနေမှ လိုက်ဘီးရီးယားနိုင်ငံရဲ့ စစ်အာဏာရှင်ကို သေနတ်တွေရောင်းမိပြီး အာဖရိကရဲ့သွေးစိန်တွေနဲ့ ပိုချမ်းသာလာပါတော့တယ်။ အဲဒီချမ်းသာမှုကနေ တရားကျစရာတွေ ဘယ်လိုရမလဲဆိုတာ ကြည့်မယ်ဆိုရင်တော့မကြည့်ပါနဲ့။ ချမ်းသာတာဟာ ချမ်းသာတာပါပဲ။ ချမ်းသာပြီးပဲ ပြီးသွားမှာပါ။ သမိုင်းတလျှောက် လက်နက်အရောင်းအဝယ်တွေနဲ့ နိုင်ငံရေးတွေကိုတော့ တရားကျလို့ရပါလိမ့်မယ်။ မကြည့်ရသေးရင်တော့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ စစ်အေးတိုက်ပွဲ ဒါကတော့ ရုပ်ရှင်တွေမှာ အသုံးများပြီး လူတိုင်းသိနေတာပေမဲ့ မသိသေးတဲ့သူတွေ ဇာတ်လမ်းကြည့်ရင် နည်းနည်းပိုနားလည်‌အောင် ရေးပေးတာပါ။ စစ်အေးတိုက်ပွဲ (1945 မှ1991)ဆိုတာ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်နဲ့ဆိုဗီယက်ယူနီယံ စစ်မဖြစ်ပေမဲ့ အရာရာအားပြိုင်ကြ၊စစ်ဖြစ်မလို ခြိမ်းခြောက်ကြ လက်နက်စုကြ၊ သူလျိုတွေအပြိုင်အဆိုင်သုံးကြ ဖြစ်နေတဲ့ကာလပါ၊ အဏုမြူလက်နက်တွေအထိန်းအကွပ်မရှိစုစည်းထားပြီး တကယ်သာ စစ်ဖြစ်ခဲ့ရင်သေချာပေါက် ကမ္ဘာပျက်မဲ့ပွဲမို့ ကမ္ဘာတစ်ဝှမ်းလုံး ရင်တမမနဲ့ နေခဲ့ရတဲ့ကာလပါပဲ။ ဇာတ်လမ်းတွေလည်း မရေတွက်နိုင်အောင်ထွက်ထားပြီးပါပြီ။ စစ်အေးတိုက်ပွဲနဲ့ဆိုင်တဲ့နာမည်ကြီးကားတွေကို ကြည့်ချင်ရင်တော့ Charlie Wilson’s War (2007) Oppenheimer (2023) Watchmen ( 2009) The Tunnel (2001) Miracle (2004) Miracle (2004) First Man (2018) Thirteen Days (2000) Spacewalk (2017) Cold War (2018) The Death Of Stalin (2017) The Lives Of Others (2006) Good Night, And Good Luck (2005) Tinker Tailor Soldier Spy (2011) Bridge Of Spies (2015) The Shape Of Water (2017) A Beautiful Mind (2001) The Hunt For Red October (1990) Searching for Bobby Fischer 1993 Pawn Sacrifice (2014) The Queen’s Gambit (2020) Chernobyl (2019) တို့မှာလည်း ကြည့်ရှုလို့ရပါတယ် စစ်အေးကာလတိုက်ပွဲအတွက် ဆိုဗီယက်နဲ့ အမေရိကန်တင်မကဘဲ သက်ဆိုင်ရာမဟာမိတ်တွေလည်း ဝါဒရေးရာနဲ့ နယ်မြေအတွက် စစ်ပွဲတွေအများကြီးဖြစ်ခဲ့တာမို့ နာမည်ကြီးစစ်ကားအတော်များများကလည်း ဒီကာလထဲမှာဖြစ်ခဲ့တာပါပဲ။ ဥပမာ ဘာလင်တံတိုင်းတည်ဆောက်ခြင်း (၁၃ ဩဂုတ် ၁၉၆၁ – ၉ နိုဝင်ဘာ ၁၉၈၉) တရုတ်ကွန်မြူနစ်တော်လှန်ရေး ( ၁၉၂၇ – ၁၉၄၉) ကွန်မြူနစ်အစိုးရ ပြည်မကြီးကိုရသွားပြီး ရီပက်ဘလစ်အစိုးရ ထိုင်ဝမ်ကိုရှောင်တိမ်းရတဲ့အကြောင်း၊ မြန်မာပြည်ရဲ့ကွန်မြူနစ်တိုက်ပွဲတွေဟာ ဒီကနေ ဆက်စပ်လာခဲ့တာပါ ကိုရီးယားစစ်ပွဲ (၁၉၅၀-၁၉၅၃) ၁၉၅၆ ဟန်ဂေရီယန် တော်လှန်ရေး နဲ့ စူးအက်တူးမြောင်းအရေးအခင်း ၁၉၆၂ ကျူးဘားဒုံးအရေးအခင်း ဗီယက်နမ်စစ်ပွဲ (၁၉၆၄ – ၁၉၇၅) တွေဟာလည်း စစ်အေးတိုက်ပွဲရဲ့အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။ စစ်အေးတိုက်ပွဲအဆုံးသတ်မှာတော့ ဘာလင်တံတိုင်းပြိုကျခြင်း၊ ဥရောပအရှေ့ခြမ်းကွန်မြူနစ်တိုက်ထုတ်ခံရခြင်း နဲ့ ဆိုဗီယက်ယူနီယံပြိုကွဲခြင်းတို့နဲ့အဆုံးသတ်ခဲ့ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှ တင်ဆက်ထားပါတယ်။)

Crime • Drama
7.6 2005 122 mins
Lord of War
P Se Pyaar F Se Faraar
7

P Se Pyaar F Se Faraar (2019) “ချစ်သူခေါ်ရာ…” IMDb 7.0 ရထားတဲ့ ဟင်ဒီ ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ် ဂျန်ဗီဆင်းဂ်က အထက်တန်းလွှာက သူဌေးသမီးလေးတစ်ယောက် … သူ့အဖေက နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး စိတ်ပါရင်ပါသလို ဥပဒေဘောင်ပြင်ပကနေ လုပ်နိုင်တဲ့အထိ အာဏာရှိသူပါ အမျိုးဇာတ်/ဘာသာရေး ခွဲခြားတာတွေ ပေါ်ပေါ်ထင်ထင်လုပ်ပြီး ကိုယ်နဲ့မတူရင် လူသတ်ရဲတဲ့အထိ အစွဲကြီးလွန်းတဲ့ မိသားစုကနေ ပေါက်ဖွားလာသူမိန်းကလေးနဲ့ … သာမန်လူတန်းစား ကျောင်းသားလေး ဆူရာ့ဂျ်တို့ လူမှုအသိုင်းအဝိုင်းကို မျက်ကွယ်ပြုပြီး အချစ်ကို မျက်စိစုံမှိတ်ယုံလို့ နှစ်ယောက်သား စွန့်စားထွက်လာကြပေမယ့်လည်း … ငယ်ရွယ်သူ အချစ်ငှက်လေးတို့ မလွန်ဆန်နိုင်မယ့် မုန်တိုင်းရဲ့ အန္တရာယ်က စောင့်ကာနေလေတော့ … အမျိုးဇာတ်/ ဘာသာရေး/ လူတန်းစားခွဲခြားမှုတို့ကို ကွက်ကွက်ကွင်းကွင်း တင်ပြထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

7 2019
P Se Pyaar F Se Faraar
The Foul King
6.9

The Foul King ( 2000 ) IMDb: 6.9/10 Genre: Comedy/Sport I Saw the Devil, A Bittersweet Life , The Good, the Bad, the Weird တို့ရဲ့ ဒါရိုက်တာKim Jee-woonကိုတော့ မသိတဲ့လူမရှိလောက်ပါဘူး။ ကိုရီးယားရဲ့ အထင်ရှားဆုံးဒါရိုက်တာတွေထဲကတစ်ယောက်ဖြစ်သလို ပွဲဦးထွက်ကတည်းက ကိုရီးယားရဲ့ ထိပ်ဆုံးမင်းသားတွေဖြစ်တဲ့ ချွဲမင်ဆစ် , ဆောင်းကန်ဟို, လီဗြောင်ဟွန်းတို့လို လူတွေနဲ့ပဲ ဆက်တိုက်ရိုက်နိုင်ခဲ့တဲ့ ဒါရိုက်တာပါပဲ။ ချွဲမင်ဆစ် ,ဆောင်းကန်ဟိုတို့နဲ့ The Quiet Familyကို ပွဲဦးထွက်အနေနဲ့ ရိုက်ခဲ့ပြီး ဒုတိယကားအနေနဲ့ The Foul Kingကို ဆောင်းကန်ဟိုနဲ့ ရိုက်ခဲ့တယ်။ နောက် A Tale of Two Sisters, A Bittersweet Life, The Good, the Bad, the Weird , I Saw the Devil , The Age of Shadows, Illang: The Wolf Brigade, Cobwebစတဲ့ ရုပ်ရှင်တွေကို ရိုက်ခဲ့တယ်။ အကုန်လုံး ဘောင်ဝင်တန်းဝင်ကားတွေချည်းပါပဲ။ ထုံးစံအတိုင်း ဟောလိဝုဒ်က သူ့ကိုခေါ်ရိုက်ခိုင်းထားတဲ့ အားနိုးကား The Last Stand (2013)တစ်ခုပဲ သိပ်မစွံလှတာပါ။ တစ်ချက်ရှိတာက ပွဲဦးထွက်၂ကားကိုကြည့်ရင် ကင်ဂျီးဝန်ဟာ Black Comedy အားသန်တဲ့ Black Comedyကို အသားပေးရိုက်ပြချင်တဲ့ ဒါရိုက်တာဆိုတာ မြင်သာနေပေမဲ့ Cobwebမတိုင်ခင် နောက်ပိုင်းကားတွေအကုန်လုံးမှာ သူဟာ Black Comedy မဆန်တော့ပါဘူး။ ကောင်းပေမဲ့ Mainstreamရုပ်ရှင်ဆန်ဆန်ကားတွေပဲဖြစ်သွားပါတယ်။ ပွဲဦးထွက်နှစ်ကားနောက်ပိုင်း ကားတွေအကုန်လုံး ဒီလိုဖြစ်နေခဲ့ပေမဲ့ နောက်ဆုံးထွက်ခဲ့တဲ့ Cobwebမှာတော့ ကင်ဂျီးဝန်ဟာ Black Comedyလိုင်းဘက် ပြန်ရောက်သွားပါပြီ။ ဒါပေမဲ့ လုံးဝ Black Comedy ဘက် ပြန်ရောက်လာပြီလို့တော့ ပြောမရပြန်ပါဘူး။ နောက်ရိုက်မယ့်၂ကားလုံး Black Comedy ဖြစ်နိုင်ခြေမရှိသလောက်ဖြစ်နေလို့ပါပဲ။ ပုဂ္ဂလိကအမြင်အရတော့ ကင်ဂျီးဝန်ကို Black Comedyကားတွေပိုရိုက်စေချင်ပေမဲ့ နောက်၂ကားထိတော့ အလားအလာမရှိသေးဘူး။ ဒီနေရာမှာတစ်ခုရှိတာက လက်ရှိအရေအတွက်အရတော့ သူ့Black Comedyကားတွေထက် ကျန်တဲ့ကားအများစုက ဇာတ်လမ်းဇာတ်အိမ်ရော တင်ဆက်ပုံရောပိုကောင်းနေပါတယ်။ ပွဲဦးထွက်တွေမှာ ရိုက်ခဲ့သကိုး။ Cobwebမှာတော့ အဲဒီအားနည်းချက်တွေ မရှိသလောက်ဖြစ်သွားတယ်ပြောရမယ်။ ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် ကင်ဂျီးဝန်းကို ကျွန်တော့်အနေနဲ့တော့ I Saw the Devilတို့လိုပုံစံမျိုးထက် Black Comedyကားတွေမှာ ပိုအရသာတွေ့ပါတယ်။ လက်ရှိအထင်ကရထိပ်တန်း ဒါရိုက်တာတွေထဲ ကင်ဂျီးဝန်းပုံစံဟာ အဲဒီကားတွေမှာတော့ လုံးဝကွဲထွက်နေလို့ မတူတဲ့အရသာတစ်မျိုးပေးနိုင်လို့ပါပဲ။ The Foul Kingကတော့ ရုံးမှာ အထက်လူကြီး အနိုင်ကျင့်ခံနေရတဲ့ ဘဏ်ဝန်ထမ်းတစ်ယောက်ကနေ မဆီမဆိုင် ပရိုနပန်းလောကထဲဝင်ပြီး နပန်းသမားဝင်လုပ်တဲ့အကြောင်းပါပဲ။ တော်တော်စားတဲ့ ဇာတ်ကြောင်းလို့ပြောရမယ်။ ဒီလိုစားတဲ့ ဇာတ်ကြောင်းကို ကင်ဂျီးဝန်က Black Comedyဆန်ဆန် ဇာတ်ဝင်ခန်းတွေနဲ့ အသက်သွင်းထားတာကို ဒီရုပ်ရှင်မှာ ကျွန်တော်တို့မြင်ရမှာပါ။ မင်းသားက ဆောင်းကန်ဟိုဆိုတော့ ဇာတ်ကောင်နဲ့လည်းတော်တော်လေးပနံသင့်တော့ အတိုင်းအတာတစ်ခုအထိတော့ ပြည့်စုံတဲ့ ရုပ်ရှင်ပါပဲ။ တစ်ခုရှိတာက ဇာတ်အိမ်က အရမ်းကြီးတော့ အားရစရာမကောင်းနေတဲ့အတွက် ဒီရုပ်ရှင်ဟာ Black Comedyဆန်ဆန် ဇာတ်ဝင်ခန်းတွေကို အရသာခံကြည့်ရတာကြိုက်တဲ့လူတွေအတွက်လိုဖြစ်နေပါလိမ့်မယ်။ I Saw the Devilတို့လိုပုံစံမျိုး သွားမမျှော်လင့်မိဖို့တော့ လိုပါလိမ့်မယ်။ File size… 2.6 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Comedy/Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

6.9 2000 112 mins
The Foul King
Hello Ghost!
6

Hello Ghost (2010) ကိုရီးယားကားကို တချို့ ကာရိုက်တာ ပလော့တွေပြောင်းထားပြီး ထိုင်ဝမ်ဗားရှင်းနဲ့ 2023 ခုနှစ်မှာ ရိုက်ကူးတင်ဆက်ထားတာကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကိုပြောရရင်… ဒီလူ့ဘဝကြီးမှာ အသက်ရှင်ဖို့ အကြောင်းပြချက် လိုက်ရှာနေတဲ့ ကောင်လေးတစ်ယောက်… ဘာပဲပြောပြော မွေးနေ့မှာ ဟက်ပီးဘတ်ဒေး ပြောတဲ့သူရှိသင့်တယ်မလား… တစ်ခုခုပင်ပန်းတဲ့အခါ မှီဖို့အနားမှာလူရှိသင့်တယ်လေ… ဘာကြောင့် ဘယ်သူ့အတွက် ဒီလောကမှာ နေပေးရမယ်ဆိုတဲ့ အဖြေကို ရှာမတွေ့တဲ့ ရွှီချန်ဝေတစ်ယောက် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တာပေါ့… အကြိမ်ကြိမ် ကြိုးစားပြီး အကြိမ်ကြိမ် ထူးထူးဆန်းဆန်း သတ်သေတာ မအောင်မြင်ခဲ့ရာကနေ.. ၂၂ ကြိမ်မြောက် ကြိုးစားရာမှာ ခဏတာ နှလုံးရပ်သွားခဲ့ပါတယ်… ပြန်နိုးလာချိန်မှာတော့ ထူးထူးဆန်းဆန်း သူ့ဘဝထဲကို သရဲ ၄ ကောင်ပေါ်လာပါတယ်… ဆေးလိပ်သောက်ကြိုက်တဲ့ အစ်ကိုကြီး… အမြဲ ငိုငိုနေတတ်တဲ့ အစ်မကြီး…. အားနေ ကစားကွင်းသွားချင် ကိတ်မုန့်စားချင်နေတဲ့ ကောင်လေး…. နောက်ပြီး အကကချင်ပါတယ်.. အောင်သွယ်ပေးချင်ပါတယ်ဆိုတဲ့ အဖွားကြီး… တို့ပေါ့… ဒီသရဲလေးကောင်နဲ့ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကိုဆက်လက်ကြည့်ရှုရမှာပါ ရယ်မောစရာတွေပါသလို ငိုချင်စရာအခိုက်အတန့်လေးတွေလဲပါတာဆိုတော့ ရသစုံတဲ့ရုပ်ရှင်လေးတကားပဲဖြစ်ပါတယ်

6 2023
Hello Ghost!
Grrr..
4.4

Grrr.. (2024) “ဂါး!!” CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ မလေယာလမ် ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် အမျိုးဇာတ်မတူညီလို့ အကြောင်းပြပြီး သတ်ဖြတ်မှုတွေ ပေါများတဲ့ ကီရယ်လာပြည်မှာ ရီဂျီမွန်ဆိုတဲ့ အမျိုးသားတစ်ယောက် ပျောက်ဆုံးသွားတယ် သူကတော့ သူတို့နယ်က အကောင်ကြီးကြီးနိုင်ငံရေးသမားရဲ့ သမီးဖြစ်သူနဲ့ ကြိုက်နေတာဖြစ်ပြီး မီဒီယာနဲ့ လူထုကတော့ သူ့အဖေက သဘောမတူလို့ သတ်လိုက်ပြီလို့ပဲ ထင်ကြေးပေးကြပါတယ် အဲဒီနေ့က သူနဲ့ သူ့ကောင်မလေး ရာချနာ နှစ်ဦးသဘောတူ လက်မှတ်ထိုးကြဖို့ ရာချနာ ချိန်းထားတဲ့နေရာကို သူသွားတဲ့နေ့ ဟိုရောက်တော့ ရာချနာက ဖုန်းလည်းမကိုင် ပေါ်လည်းမလာတာကြောင့် သူ့ချစ်သူက ပစ်သွားပြီအထင်နဲ့ အမူးသောက်ပြီး ဘယ်သို့ဘယ်ပုံ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြုံရမလဲဆိုတာကို ပရိသတ်ကြီး ကြည့်ရှုအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

Comedy • Thriller
4.4 2024
Grrr..
Shell of Fear Enfermé
4.8

Shell of Fear (2024) IMDb Rating (4.8) ဒီဇာတ်လမ်းကတော့ Psychological Thriller ရုပ်ရှင်တွေ သဘောကျမယ့် ရုပ်ရှင်မျိုးဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်ဟာ တစ်ချိန်တုန်းက ဆမ်လို့ခေါ်တဲ့ အကြမ်းဖက်ဖောက်ခွဲရေးသမားတစ်ဦးဖြစ်ပြီး အဲဒီ အတိတ်ဆိုးတွေရဲ့ အရိပ်အောက်ကနေ ရုန်းမထွက်နိုင်ဖြစ်နေသူပါ။ ဒါကြောင့်သူဟာ ၅နှစ်ကြာတဲ့အထိ အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေနေပါတယ်။ သူ့ကို ပုံမှန်လာတွေ့သူတွေထဲမှာ သူ့ရဲ့စိတ်ကုဆရာဝန် သူ့ကိုသဘောကျနေတဲ့ လော်ရာဆိုတဲ့ ကောင်မလေး နဲ့ ပြည့်တန်ဆာမ တစ်ဦးဖြစ်တဲ့ ဒက်ဖနီတို့ပါပဲ။ တစ်နေ့မှာတော့ သူ့ရဲ့အတိတ်က အကြမ်းဖက်သမားတွေ သူ့အိမ်ကို ရောက်လာပြီး ဗုံးဖောက်ခွဲဖို့ သူ့ကို အကျပ်ကိုင်ပါတော့တယ်။ သူတို့ ခိုင်းတာမလုပ်ရင် လော်ရာကို သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ပါတယ်။ အဲဒီညမှာပဲ ကောင်မလေးတစ်ယောက်ဟာ သူ့တိုက်ခန်းထဲခိုးဝင်လာပါတယ်။ ကောင်မလေးက သူ့ကို သတ်ချင်နေတဲ့သူတွေရှိနေတယ်လို့ဆိုပြီး အဲဒီသူက ဆမ်ကို အကျပ်ကိုင်တဲ့ ရန်သူပဲ ဖြစ်နေပါတယ်။ ဆက်လက်ပြီးတော့ သူတို့နှစ်ယောက်လုံးရဲ့ ဘုံရန်သူကို ဘယ်လို အတူတူရင်ဆိုင်ပြီး အခက်အခဲတွေကနေ ရုန်းထွက်ကြမလဲဆိုတာကို ကြည့်ရှုရမှာပါ။ တစ်ကားလုံးကို အခန်းကျဥ်းလေးတစ်ခုထဲမှာပဲ ဇာတ်အိမ်တည်ထားပြီး မထင်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားစွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။) File size…(1.2 GB) / (480 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Thriller Duration….01:31:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Marco

Action • Drama • History
4.8 2024 93 mins
Shell of Fear Enfermé
King of Dallas
6.2

AD 2022ခုနှစ်မှာ ဗိုင်းရက်စ်တစ်မျိုးကြောင့် ကမ္ဘာ့လူဦးရေရဲ့ ၉၉.၉၉ရာခိုင်နှုန်းဟာသေဆုံးသွားခဲ့ကြပြီးတော့ ထူးဆန်းတဲ့သွေးအမျိုးအစားကိုပိုင်ဆိုင်ထားကြတဲ့ လူမည်းအနည်းစုသာ ကမ္ဘာပေါ်မှာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ် ဒီလိုနဲ့ ၂၀၉၇ခုနှစ် အရောက်မှာတော့ အဲဒီကျန်ရှိတဲ့လူမည်းအနည်းစုဟာလည်း Pure, Bronze နဲ့ Vantaဆိုပြီး အသားအရောင်ကြောင့် သုံးဂိုဏ်း ကွဲသွားပြီးတော့ အချင်းချင်းစစ်ဖြစ်တော့မယ့်အခြေအနေပါ အဲဒီထဲကမှ Vanta ဂိုဏ်းရဲ့ဘုရင့်သားဖြစ်တဲ့ အော့တေးဗီးယက်စ်ဟာ Pureဂိုဏ်းသူတစ်ယောက်နဲ့ချစ်ကျွမ်းဝင်ပြီး ကလေးမွေးလာတဲ့ အခါမှာတော့ ကလေးကBronze ဂိုဏ်းသားတွေရဲ့အသား အရောင်လိုမျိုးဖြစ်နေပါတယ် ဒါကြောင့် အချင်းချင်းပြဿနာ မဖြစ်ရလေအောင်ဆိုပြီး အော့တေးဗီးယက်စ်ရဲ့ဇနီးနဲ့သမီးဖြစ်သူကို သုတ်သင်လိုက်ကြပါတယ်.. ဒါကြောင့်အော့တေးဗီးယက်စ်ဟာ Vanta ဂိုဏ်းကထွက်ပြီး တားမြစ်နယ်မြေထဲမှာသွားနေနေခဲ့တာပါ ဒါပေမယ့် အသားအရောင်ခွဲခြားမှုကြောင့် တစ်နေ့တစ်ခြားတင်းမာလာတဲ့ ဂိုဏ်း၃ဂိုဏ်းရဲ့ပြဿနာဟာပိုမိုးကြီးထွားလာပြီး ဦးဆောင်သူမဲ့နေတဲ့ Vantaရဲ့တာဝန်တွေဟာ အော့တေးဗီးယက်စ်ပခုံးပေါ်ရောက်လာချိန်မှာတော့ အော့တေးဗီးယက်စ်တစ်ယောက် ဒီပြဿနာတွေကိုဘယ်လိုကိုင်တွယ်မလဲ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ရှုစားလိုက်ကြပါဦး… File size… (1.70GB) / (893MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 59m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

6.2 2024 150 mins
King of Dallas
The Escape Door
5.6

CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ အပြောကြမ်းတဲ့သူတွေ သင်ခန်းစာရစေမယ့် ပညာပေးကအမျိုးအစားပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ကျန်းယွီထင်ရယ်လီရှုးဝန်တို့နှစ်ယောက်က သူတို့ရဲ့အမေနဲ့အဖေကြောင့် အတူတူနေဖို့ဖြစ်လာတဲ့အချိန်မှာ လီရှုးဝန်ကို ကလေးသဘာဝအရ ကျန်းယွီထင်က အနိုင်ကျင့်သလိုရှိခဲ့ပါတယ် တစ်ရက်အရုပ်လုရင်း စကားများပြီးတော့ လီရှုးဝန်ကို အိမ်ပေါ်က နှင်ချခဲ့ပြီးနောက်မှတော့ လီရှုးဝန်ဟာ မြစ်ထဲပြုတ်ကျပြီး သေဆုံးသွားခဲ့ပါတယ် ဒီသေဆုံးမှုဟာပြောရရင်တော့ ကျန်းယွီထင်ရဲ့ ပယောဂမသေးပါဘူး အဲ့လိုနဲ့ ကျန်းယွီထင်တစ်ယောက် ကြီးလာတဲ့အချိန်မှာလည်း အိမ်နဲ့ပဲဖြစ်ဖြစ် ချစ်သူကောင်လေးကိုပဲဖြစ်ဖြစ် ပတ်ဝန်းကျင်နဲ့ ဆက်ဆံရာမှာလည်း အ တော်လေးကို အပေါက်ဆိုးတယ်လို့ပြောလို့ရပါတယ် တစ်ရက်အလုပ်သမားနေ့ပိတ်ရက်ရှည်ပိတ်တဲ့အချိန်မှာ‌တော့ သူ့ကောင်လေးက အလုပ်ခရီးသွားနေချိန် ကျန်းယွီထင်တစ်ယောက် အိမ်ပိုင်ရှင်ရဲ့ ကြောင်ထန်းယွမ်ကို သူ့အိမ်ကို ခဏခဏ ခိုးဝင်လို့ မှတ်လောက်သားလောက်အောင် ပညာပေးမယ်ဆိုပြီး ရေချိုးခန်းထဲ အဝင်မှာပဲ အမြဲပျက်နေတဲ့တံခါးက လုံးဝပြန်ဖွင့်လို့မရဘဲ ကျန်းယွီထင်တစ်‌ယောက် ရေချိုးခန်းထဲမှာ ပိတ်မိနေခဲ့ပါပြီ အော်ဟစ်ရိုက်ထုပြီး အကူအညီတောင်းပေမယ့်လည်း ခါတိုင်း ဆူညံလို့လာပြောတိုင်း ကပ်ကပ်လန်အောင် ရန်ပြန်တွေ့တတ်တဲ့ ကျန်းယွီထင်ဆီကို ဘယ်သူမှ လာမကြည့်ပါဘူး ကဲအဲ့တော့ အမြဲအပေါက်ဆိုးပြီး စကားကိုကောင်းကောင်းမပြောတတ်တဲ့ ကျန်းယွီထင်တစ်ယောက် ဘယ်လိုဆက်ဖြစ်မှာလဲ သူကျူးလွန်ခဲ့တဲ့အမှားတွေကြောင့် သူ့အတွင်းစိတ်လိပ်ပြာကရောလုံပါ့မလားဆိုတာကိုတော့ ခုပဲဇာတ်လမ်းထဲမှာ ကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ပါနော်

Comedy • Crime • Thriller
5.6 2025
The Escape Door