YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Tom.and.Jerry.Blast.Off.to.Mars!.2005.1080p.BluRay {CM}.mp4

1.28 GB N/A video/mp4 328 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Captive
5.8

Ryan Reynolds ပါဝင်ထားတဲ့ 2014ခုနှစ်က mystery, thrillerကားလေးကို တင်ဆက်ပေးပါရစေ။ မက်သရူးတို့ လင်မယားနှစ်ယောက်ဟာ ငွေးရေးကြေးရေးသိပ်အဆင်မပြေပေမဲ့ သမီးဖြစ်သူက ရေခဲပြင်စကိတ်အားကစားမှာ ဆုတွေရပြီး အိုလံပစ်ပွဲတွေပါ ဝင်ပြိုင်ဖို့လျာထားခံရသူဆိုတော့ ဂုဏ်ယူရတဲ့မိဘတွေပေါ့။ သမီးဖြစ်သူ လေ့ကျင့်ရေးပြီးလို့ အိမ်‌ပြန်ခေါ်လာတဲ့လမ်းမှာပဲ ညစာဝင်ဝယ်ချိန် သမီးဖြစ်သူပျောက်သွားပါတယ်။ သမီးပျောက်သွားလို့ မက်သရူးလည်း သူ့ကိုယ်သူအပြစ်တင် မိန်မဖြစ်သူကလည်း ဖြေဆည်မရနဲ့ လင်မယားနှစ်ယောက်ဟာ သိပ်အဆင်မပြေကြတော့ပါဘူး။ ဒီလိုနဲ့ သမီးလေးပျောက်သွားတာ ၈နှစ်ကြာပြီးချိန်မှာ သူတို့သမီး အသက်ရှင်နေသေးတယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒီတော့ မက်သရူးတို့လင်မယား၊ ရဲတွေနဲ့ စုံထောက်တွေဟာ ပျောက်သွားတဲ့သမီးလေးကို ပြန်တွေ့အောင် လိုက်ရှာပါတော့တယ်။ သူတို့တွေ ကလေးကို ပြန်ရှာတွေ့ပါ့မလား၊ ဘယ်လိုစွန့်စားခန်းတွေလုပ်ရမလဲ၊ သမီးဖြစ်သူကရော ဘာတွေဖြစ်နေမလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦးနော်။ File Size :(1.8GB)(544 MB) and (190 MB) Quality : Blu-Ray 720p Format…mp4 Duration…01:52:00 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Drama • Horror • Mystery • Thriller
5.8 2014 112 mins
The Captive
Jersey
7

ဒီကားလေးက ယင်​ကောင်မင်းသား နာနီရဲ့ Jersey 2019 ကို ပြန် Hindi Remake ထားတယ်ဆိုပေမယ့် ဇာတ်လိုက် မင်းသားက Kabir Singh ဇာတ်ကားနဲ့ မြန်မာပြည်ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ မင်းသားချောလေး ရှာဟစ်ဒ်ကပူရ်ဆိုတော့ ကြည့်ရကျိုးနပ်ပါတယ်.... ဇာတ်လမ်းကြောရိုးကတော့ နိုင်ငံတော်ခရစ်ကတ်အသင်းထဲဝင်ခွင့်မရခဲ့တဲ့ အရည်အချင်းရှိ ခရစ်ကတ်ကစားသမားတစ်ဦးဟာ သူဘယ်လောက်ပဲ ကြိုးစားစား အခွင့်အရေးမရခဲ့တဲ့အတွက် ခရစ်ကတ်အားကစားကို လက်လျှော့ပြီး သာမန်ဘဝတစ်ခုမှာပဲ စိတ်နာနာနဲ့ နေထိုင်သွားခဲ့တယ်.... ခရစ်ကတ်ဝါသနာအိုးဖြစ်တ​ဲ့ သားဖြစ်သူရဲ့မွေးနေ့လက်ဆောင်အတွက် သူပူဆာတဲ့ Jersey (အိန္ဒိယခရစ်ကတ်အသင်းဝတ်စုံ) ​လေး ကို ဝယ်ပေးချင်တဲ့စိတ်နဲ့ မထင်မှတ်ဘဲ ခရစ်ကတ်လောကထဲကို သူပြန်ရောက်သွားတဲ့အခါမှာတော့.... ပတ္တမြားမှန်ရင် နွံမှာမနစ်ဘူးဆိုတဲ့အတိုင်း သူ့ရဲ့တိမ်ဝှက်နေတဲ့ အရည်အချင်းတွေကို ထုတ်ဖော်ခွင့်ရပါ့မလား.... သူ့သားလေးတကယ်လိုချင်​နေတဲ့ မွေးနေ့လက်ဆောင်ကို ပေးနိုင်ပါ့လား.... သူဖြစ်ချင်နေတဲ့ အိပ်မက်ကော အကောင်အထည်ပေါ်လာပါ့မလား... ဒီဇာတ်ကားလေးက အားကစားသမားတစ်ဦးရဲ့စိတ်ဓါတ်နဲ့ ခွန်အားကို ရုပ်လုံးဖေါ်ပြပြီး အပိုထပ်ဆောင်းအနေနဲ့ သားသမီးအပေါ်ထားတဲ့ မိဘရဲ့မေတ္တာကိုလည်း အရိပ်အမြွက်လေးဖေါ်ပြထားလို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ရှင့်.... File size…2.76GB / 1.16GB Quality…1080p WEB RIP AAC5.1CH / 720p WEB RIP Format…mp4 Duration….2h 5omins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor , Poe , Shwe Pyae Sone & Oeliu J

Action • Crime
7 2022 175 mins
Jersey
Mr. Heart
7.4

ဂျင်ဝန်ဟာ မီဟာတက္ကသိုလ်ရဲ့ မာရသွန် ချန်ပီယံတစ်ယောက်ပါ ဒါပေမယ့်လည်း သူ့ရဲ့​စံချိန်တွေက တဖြေးဖြေးနဲ့ ကျနေတာကြောင့် နည်းပြကြီးက စိုးရိမ်ပူပန်နေခဲ့ပါတယ် တစ်ရက်မှာတော့ ဆန်းဟာဆိုတဲ့ ဂျူနီယာကောင်လေးကို ဂျင်ဝန်ရဲ့ Pacemaker လုပ်ပေးဖို့ နည်းပြက ခေါ်ထားလိုက်ပါတယ် အတွေ့အကြုံလည်းမရှိ အသက်အရွယ်လည်းငယ်တဲ့ဆန်းဟာကို ဂျင်ဝန်ကလက်မခံခဲ့ပါဘူး ဒါပေမယ့် ဆန်းဟာရဲ့ကူညီမှုနဲ့ တက္ကသိုလ်မာရသွန်ပွဲမှာ သူအနိုင်ရရှိသွားတဲ့ခါမှာတော့ ဆန်းဟာကို သူ့ရဲ့ pacemaker အဖြစ်လက်ခံခဲ့ပါတယ် အချင်းချင်းရင်းနှီးလာတဲ့အခါမှာ ခံစားချက်တွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Thar Oo ပါ ) File Size__(1.5GB) / (750MB) Quality__1080p, 720p IMDb Rating__7.4/10 Format__mp4 Duration__01:30:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hay Thar Oo Encoded by Naing Aung Latt

Action & Adventure • Drama • Sci-Fi & Fantasy
7.4 2020 90 mins
Mr. Heart
The SpongeBob Movie: Sponge Out of Water
6.1

SpongeBob Squarepants ကိုတော့အားလုံးသိကြပြီးသားဖြစ်မှာပါ 2015 ခုနှစ်ကထွက်ရှိထားတဲ့ action & adventure movie ဖြစ်ပြီး IMDb 6/10 ရရှိထားပါတယ် ဒီတစ်ခေါက်မှာတော့ Mr. Krabs ရဲ့လျှို့ဝှက်ဟင်းချက်နည်းက ရုတ်တရက်ပျောက်သွားရာကနေအစပြုပြီး Krabby Patties တွေလည်းထပ်မရှိတော့တာကြောင့် Bikini Bottom ကြီးတစ်ခုလုံးပရမ်းပတာတွေဖြစ်ပြီး ကပ်ဘေးကြီးဆိုက်သွားပါတော့တယ် SpongeBob တို့သူငယ်ချင်းတစ်စုသားလျှို့ဝှက်ဖော်မြူလာကိုရှာရင်းကုန်းပေါ်အထိပါတက်သွားရတဲ့အထိပါပဲ သူတို့ကုန်းပေါ်မှာ လျှိူ့ဝှက်ဖော်မြူလာကိုပြန်ရှာဖို့စွန့်စားခန်းတွေဖွင့်ရင်း Bikini Bottom ကိုကယ်တင်ဖို့ကြိုးစားကြတာတွေကိုပျော်ပျော်ကြီးကြည့်ရှုရမှာပါ

Drama • Romance
6.1 2015 93 mins
The SpongeBob Movie: Sponge Out of Water
The Legion
6.1

ပဉ္စမမြောက် ရောမဧကရာဇ် နီရိုကလောဒီးယပ်စ်ဆီဆာ အုပ်ချုပ်နေတဲ့ကာလ အေဒီ၆၂မှာ ရောမအင်ပါယာနယ်နမိတ်ထဲကို ပါသီယမ်တွေ ကျူးကျော်ဝင်ရောက်လာပါတယ်။ ဒီအတွက် နီရိုဧကရာဇ်က တပ်နှစ်တပ်ကိုစေလွှတ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ပေးတဒ်စ်ဦးဆောင်တဲ့ တပ်မကြီးဟာ အာမေးနီးယားရဲ့နှင်းတောင်တွေအလယ်မှာ တပ်စခန်းချတယ်။ ဗိုလ်ချုပ်ကူဘူလိုရဲ့ တပ်ကတော့ နီရိုဧကရာဇ်ရဲ့အမိန့်အရ ဆီးရီးယားဘက်မှာ အစောင့်တပ်အနေနဲ့နေပြီး ဗိုလ်ချုပ်ပေးတဒ်စ် စစ်ကူတောင်းချိန်ကို စောင့်စားနေရတယ်။ ဒီအချိန်မှာ ဗိုလ်ချုပ်ပေးဒ်စ်တို့တပ်စခန်းက နှင်းတောင်တွေအလယ်မှာ ပါသီယမ်တွေရဲ့ ဝိုင်းရံထားခံရပြီး ရိက္ခာလမ်းကြောင်းတွေလည်း ဖြတ်တောက်ခံထားရတယ်။ ဗိုလ်ချုပ်ကူဘူလိုဆီ စစ်ကူတောင်းဖို့ သတင်းပို့သမားတွေ စေလွှတ်ခဲ့ပေမယ့်လည်း လမ်းမှာ ပါသီယမ်သတ်ဖြတ်တာခံရပြီး စစ်ကူတောင်းဖို့ သတင်းစကားမပေးပို့နိုင်ဘူး ဖြစ်ပါတယ်။ ပြင်းထန်တဲ့ဆောင်းရာသီလည်း ရောက်တော့မယ့်အချိန်၊ ရိက္ခာလည်း ပြတ်တောက်တော့မယ်အချိန်မှာ တပ်တစ်ခုလုံးက စစ်သည်ပေါင်းထောင်ချီရဲ့အသက်တွေ၊ ဒီတပ်တစ်ခုလုံးရဲ့ကံကြမ္မာဟာ နော်ရန်နို ဆိုတဲ့ တပ်သားလေးတစ်ယောက်ရဲ့လက်ထဲကျရောက်သွားပါတယ်။ နော်ရန်နိုဟာ စစ်ကူတောင်းခံမယ့် သတင်းစကားကို အာမေးနီးယားကနေ ဆီးရီးယားက ဗိုလ်ချုပ်ကူဘူလိုဆီ ပေးပို့ရမှာဖြစ်ပါတယ်။ ပါသီယမ်တပ်သားတွေကလည်း အသည်းအသန်လိုက်သတ်နေပြီး နှင်းတောင်အထပ်ထပ်၊ တောထဲအထပ်ထပ်၊တောင်အထပ်ထပ် ခက်ခဲကြမ်းတမ်းတဲ့ ဒီခရီးလမ်းမှာ နော်ရန်နိုဟာ ဘယ်လိုကြိုးစားသွားမလဲ၊ဘယ်လိုအခက်အခဲတွေ တွေ့ဦးမလဲ၊ သူ့ရဲ့တာဝန်ကို ကျေပွန်အောင်အမှုထမ်းနိုင်ပါ့မလား။ ဆက်လက်ကြည့်ရှုကြပါဦး။

Crime • Mystery
6.1 2020 96 mins
The Legion
We Burn Like This
5.2

We Burn Like This (2021) ================== ဒီဇာတ်ကားလေးကတော့ ၂၀၂၁ မှာ ထွက်ရှိခဲ့တဲ့ ဒရာမာ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရေး နဲ့ ခရစ်စီဘီ တို့ သူငယ်ချင်းမလေးနှစ်ယောက်က ဘေးလင်းစ်မြို့ကို ပြောင်းရွှေ့နေထိုင်လာကြတဲ့ ဂျူးလူမျိုးနှစ်ယောက်ပေါ့။ ငယ်စဉ်ကတည်းက ထားသွားခဲ့တဲ့ မိခင်နဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာရခဲ့တဲ့ ရေး တစ်ယောက်ဟာ ချစ်သူဆီကနေလည်း ထားသွားခြင်းကို ခံခဲ့ရပါတယ်။ သူငယ်ချင်းဖြစ်သူ ခရစ်စီဘီကလည်း သူမရဲ့ ချစ်သူဖြစ်သူနဲ့ပဲ အချိန်ကုန် လာတဲ့အခါ ရေးအတွက် အထီးကျန်ဆန်မှုတွေ စတင်လာပါတယ်။ ဒါ့အပြင် ဘေးလင်းစ်မြို့မှာ ဂျူးမုန်းတီးရေးသမား နာဇီတွေရဲ့ ကြီးစိုးမှုကြောင့် ဂျူးတစ်ယောက်ဖြစ်တဲ့ ရေးအတွက် အဆင်မပြေမှုတွေက ဆက်တိုက်ပါပဲ။ ရှေးယခင်သမိုင်းကြောင်းတွေကြောင့် လူသားချင်းတန်းတူညီမျှခွင့်တွေ အခွင့်အရေးတွေဘာမှမရရှိဘဲ ဂျူး ဆိုတာနဲ့ ပြည်နှင်ဒဏ်ပေးခံရတဲ့ အပြစ်သားတွေလို့ မြင်နေကြတဲ့ နာဇီတွေရဲ့ လက်အောက်မှာ ရေး တစ်ယောက် ရှင်သန်နေထိုင်ဖို့ ကြိုးစားပုံတွေကို တွေ့မြင်ရမှာပါ။ ရေး က ဘယ်နည်းလမ်းတွေကို အသုံးပြုပြီး သူမရဲ့ဘဝကို ရှေ့ဆက်စေမလဲ ကြောက်ရွံ့မှုတွေကနေ လွတ်မြောက်နိုင်ပါ့မလား ဆိုတာအပြင်၊ လူငယ်မျိုး ဆက်သစ်တွေအပေါ် အတိတ်ကလူမျိုးရေးခွဲခြားခံရမှုတွေရဲ့ အရိပ်ဆိုးတွေက တစေလိုလိုက်နေပုံတွေကို ကြည့်ရှု့ခံစားရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)

Action • Horror • Thriller
5.2 2021
We Burn Like This
Bright Star
6.9

အင်္ဂလိပ်ကဗျာဆရာကြီး John Keats အကြောင်းရိုက်ကူးထားတဲ့ Romance/Thriller ရုပ်ရှင်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb 6.9 နဲ့ Rotten Tomatoes 83% ရရှိထားပြီး စာတွေကဗျာတွေချစ်တတ်တဲ့သူတွေ ရိုမန့်စ်ရုပ်ရှင်တွေကိုသဘောကျသူတွေအတွက်တော့ အကြိုက်တွေ့စေမှာပါ။ အချိန်ကာလအားဖြင့် ၁၈၁၈ ခုနှစ်ဖြစ်ပြီး လန်ဒန်မြို့စွန်က ဟမ့်စတက်လို့အမည်ရတဲ့ ရွာငယ်လေးက အိမ်ကြီးတစ်တစ်အိမ်မှာ ကဗျာဆရာချားလ်စ်ဘရောင်း နဲ့ ဒီလ်မိသားစုတို့ အတူနေကြပါတယ်။ ဒီအိမ်ကြီးမှာ ဒီလ်မိသားစုတ၀က် ကဗျာဆရာချားလ်ဘရောင်းနဲ့ ဂျွန်ကိစ်တို့ကတ၀က် အတူနေထိုင်ကြတာပါ။ ဒီလ်မိသားစုနဲ့ပတ်သက်မှုကြောင့် ဖခင်မရှိတော့တဲ့ဘရွန်းမိသားစုဟာ ကဗျာဆရာ ဘရောင်း နဲ့ ဂျွန်ကိစ်တို့နဲ့ သိကျွမ်းနေကြသူတွေပါ။ ဘရွန်းမိသားစုရဲ့ အကြီးဆုံးသမီးဖြစ်တဲ့ ဖန်နီကတော့ အ၀တ်အထည်ဖန်တီးချုပ်လုပ်ရတာနဲ့ ကပွဲတက်ရတာကို စုံမက်တဲ့ အသက်တဆယ့်ရှစ်နှစ်အရွယ် မိန်းမပျိုလေးပါ။ ဒီလို မိသားစုချင်း နှီးနှောဆက်နွယ်မှုတွေကြောင့် ကဗျာဆရာ ဂျွန်ကိစ် နဲ့ ဖန်နီတို့ဟာ အချင်းချင်း မေတ္တာသက်၀င်သွားကြပါတော့တယ်။ ကျန်တာတွေကိုတော့ အများကြီးဆက်မပြောပြတော့ပါဘူး။ ဒီရုပ်ရှင်ဟာ လူသားနှစ်ယောက်အကြားက ချစ်ခြင်းမေတ္တာကို ကဗျာတွေစာတွေနဲ့ လွမ်းဆွတ်ဖွယ်၊ ပီတိဖြစ်ဖွယ်၊ ၀မ်းနည်းညှိုးငယ်ဖွယ်ရာ စသဖြင့် ခံစားမှုရသပေါင်းများစွာနဲ့ လှလှပပပုံဖော်ထားတဲ့ရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်ထဲမှာ ဂျွန်ကိစ်ရဲ့ ချစ်ရတဲ့မိန်းကလေးအပေါ် ထားရှိတဲ့ခံစားချက်တွေကို ကဗျာတွေကနေတဆင့်ထုတ်ဖော်ပြသပုံတွေကို ပီတိဖြစ်ဖွယ် တစိမ့်စိမ့်ကြည့်ရှုရမှာပါ။ ဆုတွေနဲ့ ရီဗျူးကောင်းတွေလည်းအများကြီးရရှိထားတဲ့ရုပ်ရှင်ဖြစ်တာမလို့ ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:59:00 Genre…Biography, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Adventure • Drama • Science Fiction
6.9 2009 119 mins
Bright Star
Apocalypse Now
8.4

Apocalypse Now (1979) ================= IMDb Rating (8.4) / Rotten Tomatoes (97%) ကမ္ဘာ့အကောင်းဆုံး War စစ်ကားတွေလို့ရှာလိုက်ရင် ထိပ်ပိုင်းမှာ အမြဲတွေ့ရမှာကတော့ Apocalypse Now (1979) ရုပ်ရှင်ကားကြီးပါပဲ။ ဒီရုပ်ရှင်ဟာ Oscar 8 ဆုထိ ဇကာတင်ဝင်ခဲ့ပြီး ရုပ်ရှင်ဓာတ်ပုံပညာနဲ့ အသံပိုင်းဆိုင်ရာမှာ Oscar 2 ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ The Greatest War film အဖြစ် သတ်မှတ်ကြတဲ့ Apocalypse Now ကို God Fatherရုပ်ရှင်ရဲ့ ဒါရိုက်တာ ဖရန်စစ်ကော်ပိုလာက ရိုက်ထားတဲ့အပြင် God Fatherကြီး မာလွန်ဘရန်ဒိုက Second lead နေရာက သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကို တကယ့်စစ်ပွဲကာလအတွင်း ဗီယက်နမ်အနီးက တောတွင်းတစ်နေရာမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ခက်ခဲကြမ်းတဲ့ ပတ်ဝန်းကျင်အနေအထားတွေကြောင့် သရုပ်ဆောင်တွေရော ဒါရိုက်တာနဲ့ရိုက်ကူးရေးအဖွဲ့တချို့ပါ သေလုမျောပါးဒဏ်ရာတွေရရှိခဲ့တဲ့အထိ ခက်ခက်ခဲခဲရိုက်ကူးခဲ့ရပါတယ်။ ဒါပေမယ့် တကယ့်ဗီယက်နမ်အငွေ့အသက် စစ်ပွဲအငွေ့အသက်တွေနဲ့ တစ်သက်တာအကောင်းဆုံးစစ်ကားကြီးအဖြစ်ဖန်တီးနိုင်ခဲ့ကြပါတယ်။ Apocalypse Now (1979) ရုပ်ရှင်ကားကြီးက Theatrical Version, Final Cut Version, Redux Version ဆိုတဲ့ Version ၃ မျိုးလောက်ရှိပြီး ခုကတော့ 4K Final Cut Version နဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ စစ်ပွဲတစ်ပွဲမှာ ဘာတွေမြင်ရမလဲ။ လက်နက်တွေ ပေါက်ကွဲမှုတွေ သေကြေမှုတွေ အလောင်းတွေ သွေးတွေ။ ဒီအပေါ်ယံအမြင်တွေ အကုန် ဖယ်ကြည့်လိုက်ရင် စစ်ပွဲမှာ ကျွန်တော်တို့ အထင်ရှားဆုံးမြင်ရမယ့် အရာက လူ့စိတ်ပါပဲ။ ဒါရိုက်တာ ဖရန်စစ် ကော်ပိုလာက ဒီအချက်ကို အရဖမ်းသွားတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ စစ်တိုက်ခန်းနည်းနည်း စကားများနေတာများများနဲ့ အကောင်းဆုံးစစ်ကားဖြစ်သွားခဲ့ တယ်။ ဒီကားကြည့်ပြီး ခင်ဗျားရူးချင်သွားတယ်ဆိုရင်လည်း မထူးဆန်းဘူး ဒါရိုက်တာရော မင်းသားရော ဒီရုပ်ရှင်ရိုက်နေတုန်း ရူးချင်ချင် သေမလိုလိုဖြစ်သွားခဲ့ကြဖူးတယ်။ အဓိကပြချင်တာဘာလဲတော့ ကျွန်တော်လည်းမသိဘူး။ ယူသလိုပဲရလိမ့်မယ်။ အရူးတွေရိုက်ထားတဲ့ကားဆိုတော့ ကြည့်ပြီးရူးသွားလည်း သိပ်တော့အံ့ဩစရာမရှိဘူး။ ဒီရုပ်ရှင်ရဲ့ တစ်ချို့ဇာတ်ကွက်တွေအရတော့ ဒါရိုက်တာကို အမေရိကန်မှဟုတ်ပါလေစလို့ ပြန်ရှာကြည့်လိုက်ရတယ်။ သူရဲဘောကြောင် အနိုင်ကျင့်တတ်တဲ့ တစ်စက်မှသုံးမရတဲ့ အမေရိကန်စစ်သားတွေအကြောင်းကို ဒါရိုက်တာက ခဏခဏကို ပြသွားတယ်။ ဒီထဲကအမေရိကန်စစ်သားတွေက ပုံမှန်မြင်‌နေကြတွေလို သနားစိတ်အပြည့်နဲ့ လူတော် Greatကြီး‌တွေမဟုတ်ဘူး။ တကယ့်စစ်ပွဲထဲက စစ်သားတွေရဲ့ ကြောက်စိတ်နဲ့ တလွဲလုပ်ရပ်တွေ အတော်မြင်ရတယ်။ အမေရိကန်တွေနဲ့ သူတို့တိုက်နေတဲ့ဗီယက်နမ်တွေကြားက အမှန်အမှားဆိုတာ ဆပ်ပြာပူဖောင်းလွှာကလေးလို ပါးလျနေတာကို ဒါရိုက်တာက ကောင်းကောင်းကြီး ပြသွားတယ်။ စစ်ပွဲတစ်ပွဲစပြီဆိုတာနဲ့ လူတွေဟာ လူတွေလို လူသားဆန်မှုတွေပျောက်ဆုံးကုန်တယ်… လူသားစံနှုန်းတွေပျောက်ဆုံးကုန်ပြီး တစ်ဖက်နဲ့တစ်ဖက်တိရိစ္ဆာန်တွေလို သတ်ကုန်ကြတော့တယ်…. အမေရိကန်ဟာ ဗီယက်နမ်လိုနေရာမျိုးမှာ စစ်နိုင်ဖို့ ဘာမှမခက်ပါဘူး။ ခက်နေတာက လုပ်ချင်သလိုလုပ်ရင် ဖြစ်လာမယ့် ကမ္ဘာ့နိုင်ငံတွေရဲ့ အမြင်ပါပဲ။ကမ္ဘာ့နိုင်ငံရေးမှာ တစ်ခါတလေ စစ်ရေးတွေဟာ ထိုးကြွေးခံရတဲ့ နယ်ရုပ်တွေ ပါပဲ။ကာလ်နယ်ကတ်ဇ်လို စစ်သားတစ်ယောက်ရဲ့ အမြင်မှာကျ ဒါတွေက မဖြစ်သင့်တဲ့အရာတွေပဲ။ ဒီတော့ သူသူလျှိုလို့ယူဆတဲ့ လူလေးယောက်ကို အထက်မိန့်မရဘဲ သတ်ပစ်လိုက်တယ်။ဒီလို အမိန့်ဖီဆန်ပြီး တောခိုသွားတဲ့ ကာလ်နယ်ကတ်ဇ်ကို လုပ်ကြံဖို့ အထူးတပ်သားတစ်ယောက်ကို ကမ္ဘောဒီးယား ဗီယက်နမ် နယ်စပ်ကိုလွှတ်လိုက်တယ်။ သူ့ဇာတ်အိမ်က ဒီလောက်ပါပဲ။တစ်ခုရှိတာက ခင်ဗျားသာ သေချာ စီးမျောပြီးကြည့်မယ်ဆိုရင် အဲ့ဒီခရီးမှာ ခင်ဗျားလည်း ပါသွားလိမ့်မယ်။ အပြန်လမ်းမှာတော့ ခင်ဗျားဟာ အရင်က ခင်ဗျား ဟုတ်ချင်မှလည်းဟုတ်တော့မယ်။ ခင်ဗျားသာ ဒီရုပ်ရှင်အပြီး အမှန်နဲ့အမှားကြား ဝေခွဲမရဖြစ်နေခဲ့ရင် ကိုယ့်ရွေးချယ်မှုကိုပဲ ယုံလိုက်ဖို့ပြောချင်တယ်။ ဒီရုပ်ရှင်ထဲမှာမှမဟုတ်ဘူး။ တကယ့်ကမ္ဘာကြီးမှာလည်း အမှန်နဲ့အမှားကြားက မျဉ်းကသိပ်ပါးတယ်။ အမှန်နဲ့အမှားထက် ပိုအရေးကြီးတာက ကျွန်တော်တို့ရဲ့ ရွေးချယ်မှုပဲ။ ကာလ်နယ်ကတ်ဇ်က ဒီအကြောင်းကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့တယ်။ ဝီလ်လတ်ကလည်း သူသိတဲ့အမှန်ကို ကျောခိုင်းပြီး သူလုပ်ရမယ့်အရာကိုလုပ်ခဲ့တယ်။ ဒိုင်ယာလော့ထဲမပါတဲ့ ဝီလ်လတ်ရဲ့စကားကိုတော့ ကျွန်တော်ကြားနေရတယ်။ အရူးတွေကြားမှာ သွားမှန်နေလို့မရဘူး။ သူတို့နဲ့မတူရင် အရူးတွေအတွက် ခင်ဗျားက အရူးဖြစ်သွားလိမ့်မယ်တဲ့။ နေရောင်ခြည်မရှိ‌‌တော့တဲ့နောက်ကို တရွေ့ရွေ့လိုက်ကြည့်မိတယ်။ အလင်းမရှိတဲ့အခါ အခန်းဟောင်းရဲ့ ဟင်းလင်းပြင်နံရံမှာ “Apocalypse Now” လို့ တိုးတိုးလေးရေးထားတာကိုလည်း ငါမြင်နေရတယ်။ မရေရာခြင်းနဲ့ ဝေဝါးမှုနဲ့ မသေချာတဲ့အကြောင်းတရားနဲ့ ‌ကောက်ကွေ့တဲ့မြစ်ကြီးဆီ ဦးတည်နေတဲ့ လူတစ်ယောက်ကလည်း တရွေ့ရွေ့ချင်းမျောနေပြီ။ မြစ်ကမ်းတစ်လျှောက်မှာ… မြစ်ရေထဲမှာ… ခက်ထန်သော ကြမ်းကြုတ်သော အနိဋ္ဌာရုံများ။ အဲဒီမြစ်ရဲ့ အဆုံးသတ်မှာ အဖြေဟာ တကယ်ရှိပါ့မလား။ ရှိခဲ့ရင်ရော အဲဒီအဖြေဟာ အဖြေအစစ်ဖြစ်ပါ့မလား။ လွတ်လပ်မှုအစစ်ဆိုတာ ဘာလဲ။ သူများရဲ့ အထင်အမြင်ကနေ လွတ်မြောက်တာလား။ ကိုယ်တိုင်ရဲ့အထင်အမြင်ကနေ လွတ်မြောက်တာလား။ ဒီလိုနဲ့ ဒုတိယအဖြေဟာ မေးခွန်းအသစ်တွေကိုပဲ ထပ်လောင်းပေးခဲ့တာပါပဲ။ အနိဠာရုံအပြည့်နဲ့ ဗီယက်နမ်ကို အိမ်အဖြစ်သတ်မှတ်ပြီး မစွန့်ခွာနိုင်ခဲ့တဲ့ ပြင်သစ်တွေလိုပဲ ဘဝမှာ ငါမစွန့်ခွာနိုင်တဲ့ အရာတွေသိပ်များခဲ့တယ်။ အကြောင်းတိုက်ဆိုင်လို့ ပြန်ကြည့်ဖြစ်တဲ့ Apocalypse Nowရဲ့အဆုံးသတ်မှာ “အဖြစ်အပျက်တစ်စုံတရာကို ပုံစံသဏ္ဍာန်တူဖြစ်ရပ်တစ်ခုကို ဖြတ်မသန်းဖူးဘဲ သိခြင်းဟာ အဲဒီအဖြစ်အပျက်ရဲ့ သရုပ်မှန်ကိုသိခြင်းနဲ့ ကွဲလွဲတယ်”ဆိုတာ သိလိုက်ရတယ်။ လွန်ခဲ့တဲ့ လေးနှစ်တုန်းက ဒီရုပ်ရုင်ကို ကျွန်တော်ကြည့်တုန်းက ခံစားမိရုံဆိုပေမဲ့ အခုတော့ ကွက်ကွက်ကွင်းကွင်းကို နားလည်လာရတယ်။ အားလုံးလည်း ဒီလိုပဲဖြစ်လိမ့်မယ်။ ကျွန်တော်တို့အဖြစ်အပျက်တွေကလည်း ပျက်ကပ်ထဲကို ရှားလော့ဟုမ်းနဲ့ မိုရီရာတီ ရိုင်ချန်ဘတ်ရေတံခွန်အောက် ပြုတ်ကျသလို ထိုးဆင်းနေခဲ့တာ ကြာပြီ။ အနိဋ္ဌာရုံဆိုတဲ့ စကားလုံးကို ဒိုင်ယာလော့တွင်တွင်သုံးထားတဲ့ Apocalypse Nowကိုရော အနိဋ္ဌာရုံ(Ran)ဆိုတဲ့ စကားလုံးကို နာမည်တပ်ထားတဲ့ ဂျပန်ရုပ်ရှင်တစ်ကားကိုရော ကြည့်ခဲ့ဖူးတယ်။ အနိဠာရုံဆိုတဲ့ တူညီချက်တစ်ခုကလွဲ ဘာတစ်ခုမှမတူညီတဲ့ ရုပ်ရှင်နှစ်ကားဟာ ဒီပြင်တူညီတဲ့တစ်စုံတရာတော့ ရှိနေခဲ့တယ်။ ရခဲ့ပါတယ်။ ဒါပေမဲ့ ပြန်မပေးတတ်ဘူး။ ဇာတ်သိမ်းမှာ Willardက ကာနယ်Kurtzကို ကျွဲတစ်ကောင်ကို ဓားနဲ့ခုတ်ပြီးပေါ်သလို အားရပါးရခုတ်သတ်ပြီးတဲ့နောက် ကာနယ်Kurtzရဲ့ စာအုပ်ကိုလှန်ကြည့်တဲ့အချိန် ” ဗုံးကြဲပြီး အားလုံးကို မျိုးဖြုတ်ပစ်လိုက် “လို့ ရေးထားတာကို တွေ့ခဲ့တယ်။ အားလုံးကိုဆိုတာ အဲဒီမှာရှိနေတဲ့ သူ့ကိုနတ်ဘုရားလိုကိုးကွယ်နေတဲ့ သူ့နောက်လိုက်တွေတစ်ဖြစ်လဲ သူ့စစ်တပ်ကို ရည်ညွှန်းထားတာပေါ့။ သူသေမှာကို သူကြိုသိခဲ့သလို သူမရှိတော့ရင် ဒီစစ်တပ်လည်း လမ်းပျောက်သွားမှာကို မြင်ခဲ့လို့ အကုန်လုံးရှင်းပစ်ခိုင်းခဲ့တယ်လို့ပဲ ပြောရမယ်။ ကိုယ့်ကိုယ်ကိုယ်ပျောက်ရှခြင်းနဲ့ သေခြင်းမှာ ဘယ်အရာက အထိအခိုက်ပိုများလဲတော့ မသေချာဘူး။ ဒီရုပ်ရှင်မှာ တစ်ကားလုံးကအရာတွေနဲ့ ကွဲထွက်နေတဲ့တစ်စုံတရာပါခဲ့တယ်။ မြစ်ရဲ့တစ်နေရာက လှေကလေးတစ်စင်းပေါ်မှာ ခွေးပေါက်ကလေးအတွက် အသက်ပေးခဲ့တဲ့ ဗီယက်နမ်သူတစ်ယောက်ပေါ့။ တော်တော်မထင်မရှား ဇာတ်ဝင်ခန်းပါပဲ။ ဒါပေမဲ့ ဒီမှောင်အတိကျနေတဲ့ အနိဋ္ဌာရုံတွေကြားမှာတော့ တစ်စင်းပဲရှိတဲ့ကြယ်ဟာ ပြက်ပြက်ထင်ထင် လင်းခဲ့တယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wira Aung မှ တင်ဆက်ထားပါတယ်။)

Action • Thriller • Crime
8.4 1979 147 mins
Apocalypse Now
The Gangster, the Cop, the Devil
6.9

The Gangster, The Cop, The Devil (2018) *********************************** 4K နဲ့ ထိုးတာကြည့်ချင်တဲ့သူတွေအတွက်ရှယ် Quality နဲ့ အပဒိတ်ပေးထားပါတယ်… ၂၀၁၈ တုန်းက ထွက်ရှိခဲ့တဲ့ မာဒုန်ဆွတ်ရဲ့ ဇာတ်လမ်းကောင်းတစ်ကားပါ Train to Busan ထဲက လူသန်ကြိး မာဒုန်ဆွတ်ဆိုတာနဲ့ ဇာတ်လမ်းက ကောင်းပြီးသားဆိုတာ ခန့်မှန်းမိမှာပါ အခုကားကတော့ ဇာတ်လမ်းနာမည်အတိုင်းပါပဲ ဂိုဏ်စတားတစ်ယောက်ရယ် ရဲတစ်ယောက်ရယ် မကောင်းဆိုးရွားတစ်ကောင်ရဲ့ ဇာတ်လမ်းပါ သူတို့ ၃ ယောက် ဘယ်လိုများ ဆက်စပ်နေကြပါလိမ့် ချွန်းချောင်တောင်ပိုင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်နေတဲ့ လူသတ်မှုတွေကို ကွင်းဆက်လူသတ်မှုအဖြစ် ဆက်စပ်မိတဲ့ ရဲစုံထောက် တစ်ယောက်….. မမျှော်လင့်ဘဲ ကွင်းဆက်လူသတ်သမားရဲ့ ဓားနဲ့အထိုးခံလိုက်ရတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်…… လူသတ်သမားကို မိဖို့အရေး ပူးပေါင်းလိုက်ကြရဖို့ ဖြစ်လာတဲ့အခါ….. ရဲ နဲ့ လူဆိုး ပူးပေါင်းဖို့ရာ ဖြစ်နိုင်ပါ့မလား????? ကွင်းဆက်လူသတ်သမားကိုရော ဖမ်းမိပါ့မလား????? မှုခင်းဇာတ်လမ်းဖြစ်တဲ့အတွက် စလယ်ဆုံး လုံး၀စိတ်ဝင်စားဖို့ ကောင်းပါတယ် တစ်ကားလုံးကို အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် ကိုရီးယားကားကောင်းတစ်ကား ဖြစ်ပါတယ်ဗျာ File size…(5.6GB) /(1.9 GB)/(778 MB) Quality….Web-Dl 4K HEVC/ 1080p / 720p Format…mp4 Duration….01:54:00 Genre… Action, Adventure, Crime Subtitle….Myanmar Subtitle (Hardsub) Encoder…. Theint Naychi Wai Translated by Phyo Pyae

6.9 2019
The Gangster, the Cop, the Devil
We (Wij
5.6

We (Wij 2018) IMDb – 5.6/10 Genre – Drama (ပွင့်လင်းမြင်သာတဲ့ လိင်ပိုင်းဆိုင်ရာ ပြကွက်များ ကိုယ်လုံးတီးခန်းများ ပါဝင်သောကြောင့် ၁၈ နှစ်အောက်များ သို့မဟုတ် မိသားစုနဲ့အတူ မကြည့်ဖို့ တိုက်တွန်းလိုပါသည်။) ဆယ်ကျော်သက်လူငယ်တွေ အတတ်ကျူးပြီး ပဲ့ကိုင်ဆုံးမပေးမယ့်လူ မရှိရင် ဘယ်လောက်ထိ လမ်းချော် သွားနိုင်သလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း ပြထားတဲ့ ဘယ်ဂျီယံကားလေး ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဆယ်ကျော်သက်တစ်ယောက် အလွန်ဆုံး ဆိုးသွမ်းနိုင်ရင် လောင်းကစားလုပ် ဆေးချ အရက်သောက် ဒီလောက်ပဲ ဆိုပေမဲ့ သူတို့လို ပွင့်လင်းမြင်သာတဲ့ ဥရောပဖက်က ဆယ်ကျော်သက်တွေ တကယ်ကြမ်းလာရင် လိုက်မမှီတာကို မြင်ရမှာပါ။ ဇာတ်လမ်းလေး တည်ဆောက်ထားတဲ့ပုံက သူငယ်ချင်း ၈ ယောက် (ကျား ၄ မ ၄) မြို့လေးတစ်မြို့မှာ အတူတူပေါင်းသင်းကြပြီး လုပ်စရာမရှိ ပျင်းလာတဲ့အခါမှာ လောကကြီးကို စူးစမ်းလေ့လာကြမယ်ဆိုပြီး မလုပ်သင့်တာတွေ လုပ်သင့်တာတွေ နားမလည်ပဲ အကုန်လျှောက်လုပ်ကြပါတယ်။ အစပိုင်းတော့ အချင်းချင်းပဲ ပွင့်လင်းစွာ လိင်ဆက်ဆံရာကနေ ငွေပိုရချင်ရင် အပြာကားရိုက်ပြီး လိုင်းပေါ်တင်ကြမယ် ဘာညာနဲ့ လုပ်ကြပြုကြရင်း ငွေတွေအများကြီးရတော့ ထိန်းမရ သိမ်းမရပဲ သောင်းကျန်းနေခဲ့တာပေါ့။ ဒါပေမဲ့လည်း ဒီလောက်ဖြစ်ပျက်နေတာကို အားမရပဲနဲ့ တော်တော်ကို ဆိုးရွားတဲ့ နောက်တစ်ဆင့်ကို တက်လာပြီး ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာတဲ့အခါမှာတော့….။ သူငယ်ချင်း ၈ ယောက်ထဲက ၄ ယောက်ဖြစ်သူရဲ့ တရားခွင်မှာ ထွက်ဆိုချက်ပေးတာကို နောက်ကြောင်းပြန်ပြတဲ့အနေနဲ့ အပိုင်း ၄ ပိုင်း ခွဲပြီး တင်ဆက်ထားပါတယ်။ နောက်ဆုံးမှာ မထင်မှတ်ထားတာတွေ ပါပါတယ်။ ထင်ရာစိုင်းပြီး ခေတ်မှီနေကြတဲ့ ဆယ်ကျော်သက်လေးတွေ နဲ့ ပတ်သက်ပြီး ထိန်းကျောင်းမှုတွေ သွန်သင်ဆုံးမဖို့အတွက် ပညာရစရာတွေလည်း အများကြီးပဲ ဖြစ်ပါတယ်။ File size… 1.4 GB / 642 MB Quality… WEBRip 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Thura Aung

Comedy
5.6 2018
We (Wij
Hounds of War
5.5

ဇာတ်ပို့အဖြစ်ကနေ ခေါင်းဆောင်မင်းသားအဖြစ်ကို အောင်မြင်စွာကူးပြောင်း လာခဲ့တဲ့ မင်းသားကြီး Frank Grillo ရဲ့အက်ရှင်ကားအသစ် Hounds Of War ကို တင်ဆက်ပေးလိုက်ပါတယ်။သူသရုပ်ဆောင်ထားတဲ့ကားဆိုတော့ အပစ်အခတ်တွေနဲ့ ကြမ်းတမ်းတဲ့အက်ရှင်တွေကိုတွေ့ရမယ်ဆိုတာတော့ တန်းသိကြမှာပါ။ ဇာတ်လမ်းဇာတ်ကွက်တွေကလည်း ကြည့်တာတောင်မကြာသေးဘူး ဟာခနဲဟင်ခနဲ ဖြစ်သွားစေမဲ့ဇာတ်လမ်းမျိုးဆိုတော့ အက်ရှင်ချစ်သူတွေကြည့်ရှုသင့်တဲ့ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ရိုက်ဒါကကြေးစားစစ်သားတစ်ယောက်ဖြစ်ပြီး အမေရိကန်အစိုးရရဲ့ လျှို့ဝှက် လုပ်ကြံရေးစစ်ဆင်ရေးတွေကိုလုပ်ခဲ့တဲ့ အငြိမ်းစားယူထားသူတစ်ယောက်ဖြစ်ပါတယ်။ အငြိမ်းစားယူထားပေမဲ့လည်း အလုပ်ကမဖြစ်မနေ လှမ်းခေါ်တဲ့အပြင် တစ်ဖွဲ့တည်းသားချင်း ဖြစ်တဲ့ညီဖြစ်သူကပါခေါ်တော့ ရိုက်ဒါလည်းနောက်ဆုံးတစ်ခေါက်စစ်ဆင်ရေးထပ်လုပ် ခဲ့ပါတော့တယ်။ဒါပေမယ့် သစ္စာဖောက်ခံလိုက်ရပြီးသူ့ညီအပါအဝင်တစ်ဖွဲ့လုံး သေဆုံးခဲ့ရတဲ့ အခါမှာတော့ သစ္စာဖောက်ဖြစ်တဲ့သူတို့အထက်လူကြီးကိုပညာသားပါပါလက်စားချေဖို့ စီစဉ်ပုံတွေကိုစိတ်ဝင်စားစရာကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.46GB / 813MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024
Hounds of War
Dominique
5.5

“Dominique” (2024) ဟာ အက်ရှင်အပြည့်နဲ့ စိတ်လှုပ်ရှားစရာ ကားကောင်းတစ်ကားပါ။ အရမ်းကြမ်းတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ယောက် ဖြစ်တဲ့ Dominique ဆိုတဲ့ အမျိုးသမီးဟာ သူ့ရဲ့ အရင်အတိတ်က အလုပ်ကို စွန့်လွှတ်ဖို့အတွက် ကိုလမ်ဘီယာမြို့လေးကို ရောက်သွားရာကနေ သူ့ကိုလိုက်လံတဲ့ ရဲတွေနဲ့ မာဖီယားတွေကြားမှာ တိုက်ပွဲဝင်ရပါတယ်။ အဲဒီမှာ သူက ကိုလမ်ဘီယာသားတစ်ယောက်နဲ့ ချစ်ကြိုက်မိပြီး ကိုလံဘီယာ မိသားစုကို ကယ်တင်ပေးရမလား၊ သူ့အသက်ကို သူ ကယ်တင်ရမလားဆိုပြီး ဘေးကျပ်နံကျပ်အခြေအနေ တစ်ခုကို ဆိုက်ရောက်လာခဲ့ပါတယ်။ အသည်းတထိပ်ထိပ်ဖြစ်‌စေတဲ့ အက်ရှင်ခန်း‌‌ပေါင်းများစွာနဲ့အတူ ရင်ခုန်စရာ ကားဖြစ်လို့ အက်ရှင်ကား ချစ်သူတွေ ကြည့်ရမယ့် ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ File size…1.99GB / 1.08GB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Drama • Romance • Comedy
5.5 2024
Dominique
Ucha Dar Babe Nanak Da
7.4

Ucha Dar Babe Nanak Da (2024) “ငြိမ်းအေးရာ” ပန်ချာပီ မိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ ပျော်ရွှင်မှု၊ ငြိမ်းအေးချမ်းသာမှုဆိုတာက လူတိုင်းလိုချင်ကြတဲ့အရာ၊ တောင့်တကြတဲ့အရာပါပဲ။ ဒီရုပ်ရှင်မှာတော့ နိုင်ငံရပ်ခြားမှာ လုပ်ကိုင်စားသောက်ရင်း မိသားစုပြဿနာ၊ အလုပ်ပြဿနာတွေနဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ရင်ဆိုင်နေရတဲ့ မိသားစုတစ်စုအကြောင်း။ ပျော်ရွှင်ငြိမ်းအေးမှုကိုရဖို့ ဂူဘာနီလို့ခေါ်တဲ့ တရားတော်ကို လိုက်နာကျင့်သုံးရင်း ပြဿနာတွေ၊ ပူလောင်မှုတွေနဲ့ ကင်းဝေးလာပုံကို ရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး၊ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။

7.4 2024
Ucha Dar Babe Nanak Da
Hitman 2
7.1

Hitman 2 (2025) ****************** Hitman 1 တုန်းကလိုပဲ ဝက်ဝက်ကွဲ ရယ်ရဦးမဲ့ Hit Man 2 ထွက်ရှိလို့လာပါပြီ။ သရုပ်ဆောင်တွေအနေနဲ့ S1 တုန်းကအတိုင်း Kwon Sang Woo, Jung Joon Ho, Lee Yi Kyung, Kim Sung Oh, Hwang Woo Seul Hye, Han Ji Eun တို့က အဓိက ပြန်လည်ပါဝင် သရုပ်ဆောင်ထားပါတယ်။ S1 တုန်းကလို ကာတွန်း ရေးရတာကို ဝါသနာပါတဲ့ ဂင်ဘုံဂျွန်ဟာ သူ့ဘဝဇာတ်ကြောင်းကို အခြေခံပြီး ရေးသားထားတဲ့ “လုပ်ကြံရေးသမားဂျွန်” ဆိုတဲ့ Webtoonကို အတွဲ၂ ထွက်ရှိဖို့ ကြိုးစားခဲ့ပေမဲ့ သူ ထင်ထားသလို မ‌အောင်မြင်တဲ့အပြင် အပျက်သဘောဆောင်တဲ့ မှတ်ချက်တွေနဲ့ပါ တိုက်ခိုက်ခံလာရပြီး နာမည်ပျက်ဖို့ လမ်းစပြုလာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အကြမ်းဖက်သမား အစစ်တွေ ကိုရီးယားကို ရောက်ရှိလာပြီး ဂင်ဘုံဂျွန်ကို လုပ်ကြံဖို့အတွက် အကြမ်းဖက် လုပ်ရပ်တွေကို စတင် ပြုလုပ်လာပါတော့တယ်။ ဒါပေမဲ့လည်း အဲဒီ အကြမ်းဖက် လုပ်ရပ်တွေက ဂင်ဘုံဂျွန်ရဲ့ ဇာတ်လမ်းထဲကအတိုင်းတစ်ထပ်တည်း ဖြစ်နေခဲ့တာကြောင့် ဂင်ဘုံဂျွန်ဟာ သံသယရှိတဲ့ တရားခံအနေနဲ့ သတ်မှတ်ခံလိုက်ရပြန်ပါတော့တယ်။ အဲဒီ အခြေအနေကို ဂင်ဘုံဂျွန် တစ်ယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ.. ဘယ်လိုအလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက် ရှုစားပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ‌ရေးသားထားပါတယ်။) File Size : 1.70GB/ 790MB Quality : WEB_DL 1080p/ 720p Format…mp4 Duration…01:54:00 Genre : Action, Adventure, Thriller, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Miri, Stary & Hnin Wai Oo Encoded by Tiff

Action • Adventure • Thriller
7.1 2025 114 mins
Hitman 2