YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Tom.and.Jerry.A.Nutcracker.Tale.2007.720p.BluRay {CM}.mp4

540.34 MB N/A video/mp4 255 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Thiruchitrambalam
7.5

ဒီတစ်ခေါက် ရုပ်ရှင်လေးကတော့ Karnan ဆိုတဲ့ ဇာတ်ကားနဲ့ လူသိများနာမည်ကြီးတဲ့ မင်းသားကြီး Dhanush ရဲ့ အချစ် ဒရမ်မာ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် သီရူချီထရမ်ဘာလမ် (ဒါနုရှ်) ဟာ အမေနဲ့ ညီမ ဆုံးရှုံးသွားမှုကြောင့် ပျော်စရာတွေပါ ဆုံးရှုံးလိုက်ရတဲ့ လူတစ်ယောက်ပေါ့ သူ့ကို သားလို့သတ်မှတ်ရမှာရှက်ပြီး၊ စကားမပြောဖြစ်တာ နှစ်နဲ့ချီပြီဖြစ်တဲ့ အဖေနဲ့ တစ်ယောက်တည်းသော စကားပြောဖော် အဘိုးနဲ့အတူ တစ်အိမ်တည်းမှာ နေပေမယ့် အိမ်နဲ့တူတယ်လို့ မခံစားနေရတဲ့သူပေါ့ ဘဝကို ရိုးရှင်းစွာနဲ့ ပါဆယ်ပို့သမားအဖြစ် လုပ်ကိုင်နေရင်း သူ ကျောင်းတုန်းက ကြိတ်ကြိုက်ခဲ့တဲ့ ကောင်မလေးနဲ့ ပြန်ဆုံခဲ့ရတော့တယ် ဒါပေမယ့် အဲဒီကောင်မလေးနဲ့ သူ့ဘဝက မိုးနဲ့မြေလို ကွာခြားပြီး သူတို့ပြန်ဆုံတော့ ကောင်မလေး သူ့ကို ဆက်ဆံပုံတွေက တကယ်ပဲခင်လို့လား ဒါမှမဟုတ် အထင်အမြင်သေးပြီး နှိမ်ကြောနေတာလားဆိုတာတော့ သူတစ်ယောက် မသိတတ်နိုင်ခဲ့ပါဘူး ဒါပေမယ့် ခွဲခြားသိနေတဲ့ သူတစ်ယောက်တော့ရှိတယ် အဲဒါကတော့ သူ့ရဲ့ အခင်ဆုံးသူငယ်ချင်း ကောင်မလေးပါပဲ အဲဒီလိုနဲ့ သူ့ရဲ့ရိုးရှင်းနေတဲ့ ဘဝထဲ ကောင်မလေးနှစ်ယောက်နဲ့အတူ ဘယ်လိုရှုပ်ထွေးမှုတွေ ဘယ်လိုစိတ်လှုပ်ရှားစရာတွေနဲ့ ဘယ်လို ဘဝအလှည့်အပြောင်းတွေကို ကြုံတွေ့ရမလဲဆိုတာ ပရိသတ်ကြီးကိုယ်တိုင်ပဲ ရှုစားခံစားကြည့်ပေးပါဦးနော် File size…2.3GB  / 1.1GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HM & Kham Mon & Nay & Poe & Sora

Comedy • Western
7.5 2022 133 mins
Thiruchitrambalam
The Handmaiden
8.2

မနေ့က ရုပ်ရှင်ကား တစ်ကားကြည့်တယ်။ The Handmaiden တဲ့... IMDb မှာ rating 8.1 ရထားတဲ့ ဇာတ်ကား တစ်ခုပေါ့။ ကိုရီးယားနိုင်ငံရဲ့ ဗစ်တိုးရီးယားခေတ် ဂျပန်ကိုလိုနီကာလကို အခြေပြုပြီး တည်ထားတဲ့ ဇာတ်လမ်းပဲ။ စာရေးဆရာမ Sarah Waters ရဲ့ Fingersmith ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဇာတ်ကား။ ကိုရီးယားဒါရိုက်တာ Park Chan Wook က ရိုက်ထားပြီး အဲ့ဒီဇာတ်ကားနဲ့ ဆုတွေအများကြီးရခဲ့ကြတယ်။ 8.8 millions သုံးခဲ့ပြီး box office မှာတော့ 38.6 millions လောက် ပြန်ရခဲ့တဲ့ ဇာတ်လမ်းပေါ့။ 16+,18+,21+ အမျိုးမျိုး သတ်မှတ်ကြပေမယ့် ကိုယ့်အတွက်တော့ 18+ လောက်ပါပဲ။ သိမ်မွေ့တယ်ပေါ့။ လူလိမ် မြို့စားမင်း Fujiwara ဟာ သိပ်ပြီးချမ်းသာတဲ့ မိဘမဲ့အမျိုးသမီးလေး Hideko ကို လက်ထပ်ယူဖို့ ကြိုးစားနေတယ်။ သူ့ကို လက်ထပ်ချင်လာအောင် သွေးဆောင်ဖျားယောင်းပေးဖို့ Sook Hee ဆိုတဲ့ ပစ္စည်းအတုလုပ်ကျွမ်းကျင်တဲ့ လူလိမ်မိသားစုက ကောင်မလေးကို အိမ်ဖော်အဖြစ် Hideko အနားကို ပို့ခဲ့တယ်။ Hideko ဟာ ဂေးရှားမယ် တစ်ယောက်လို ပုံသွင်းခံထားရတဲ့သူ။ လိင်အာသီသတွေ တလှိုက်လှိုက် တစ်လွှာချင်းပွင့်ထွက်လာဖို့ ဖျော်ဖြေပေးရတဲ့ Entertainer .. ။ တစ်ခုပဲ ... သူ ဘာကိုမှ ဖော်ချွတ်နေစရာ မလိုအပ်ဘဲ ရှေးဟောင်းစာအုပ်တွေကို ဖတ်ပြရုံပဲ။ သူ့ကို ထိန်းချုပ်ထားခဲ့တာက သူ့ ဦးလေး။ သိမ်မွေ့တယ်၊ နူးညံ့တယ်၊ ဖြူဖြူနွဲနွဲ့ Hideko ရဲ့အတွင်းစိတ်... သူတကယ်ရော သူ့အပြင်ပုံပန်းသဏ္ဍာန်ကလေးလို သူ့စိတ်၊ သူ့နှလုံးသားက လီလီပန်းပွင့်ကလေးနဲ့ တူရဲ့လား။ Sook Hee ကရော မြို့စားမင်းကို လက်ထပ်ချင်လာအောင် တကယ်ပဲ သိမ်းသွင်းနိုင်ခဲ့ပါ့မလား။ ချစ်ခြင်းမေတ္တာနဲ့ လိင်စိတ်ဆိုတာ အမျိုးသားနဲ့ အမျိုးသမီးမှာပဲ သီးသန့်ဖြစ်တည်နိုင်တာလား။ မိန်းကလေးချင်းရော ချစ်လို့မရဘူးလား။ သူတို့နှစ်ယောက်ကို ခွဲမယ့် Hideko ဦးလေးနဲ့ Fujiwara လက်ကရော သူတို့ လွတ်ပါ့မလား။ အလိမ်အညာနဲ့ တည်ဆောက်ထားတဲ့၊ တည်ဆောက်တော့မယ့် ဘဝထဲကနေ မာယာနဲ့ ဘယ်လိုပြန်ရုန်းထွက်မလဲ။ Lesbian ဇာတ်ဝင်ခန်းတွေ၊ Bdsm ဆန်ဆန် အခန်းတစ်ချို့နဲ့ စိတ်ဝင်စားစရာ ကောင်းလောက်အောင် တည်ဆောက်ထားတဲ့ ဒီဇာတ်လမ်းဟာ IMDb rating 8.1 ရနေတာဟာ အဆန်းတော့ မဟုတ်ဘူး။ မိန်းမမာယာဆိုတာ ‌သွားရှုပ်လို့တော့ မရဘူးပဲ... #ပြာ  #ကြည့်ဖြစ်သောရုပ်ရှင်များ Review Credit : Myat Thet Chell File Size - 1.5 gb Quality - Bluray 1080p Subtitle -  burmese Translator - Myo Myint Maung Fix - Dolly Encoder - Thit San Khant

Horror • Mystery
8.2 2016 145 mins
The Handmaiden
Ultimate Avengers: The Movie (I)
6.6

Ultimate Avengers: The Movie (I) (2006) ============================= IMDb Rating – 6.6/10 ၂၀၀၆ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီး Avengers Animation ရယ်လို့ ပီပီပြင်ပြင်စထွက်ခဲ့တဲ့ Ultimate Avengers ကားကို တင်ဆက်​ပေးလိုက်ပါတယ်။ 2008မှာ Iron Man 1စထွက်ပြီး MCUရယ်လို့ အကြီးအကျယ်​အောင်မြင်တဲ့ Universeကြီးကို အ​ကောင်အထည်​ဖော်နိုင်ခဲ့တဲ့ MarvelဟာAnimationပိုင်းမှာ DCAUရဲ့အရှိန်နဲ့ Fanbaseကို မယှဉ်နိုင်သလို ကားထွက်ရှိမှု အပိုင်းမှာလည်း ​အတော်​အားနည်းခဲ့တာပါ။ ဒီAnimationက Marvelရဲ့ရှားရှားပါးပါး Avengersဇာတ်ကားဖြစ်ပြီး ၂ကား ထွက်ရှိခဲ့တဲ့အထဲက နံပါတ် ၁ ဇာတ်ကားပါ။ Storylineကို​တော့ Avengersအဖွဲ့ကြီး စတင်ဖွဲ့စည်းခြင်းကို အဓိကထားပြီး ဒုတိယကမ္ဘာစစ်မစ်ရှင်အတွင်းမှာ ပျောက်ဆုံး သွားတဲ့ ကပ္ပတိန်အ​မေရိကကိုပြန်လည်ရှာ​တွေ့ခြင်းနဲ့ အစပျိုး ထားပါတယ်။ Live Action နဲ့ Storyline မတူညီမှုနည်းနည်း ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ကပ္ပတိန်အ​မေရိကရဲ့ မပြီးပြတ်​​သေးတဲ့ မစ်ရှင်က ဒီ​​နေ့ခေတ်အချိန်အထိ ပါလာပြီး တစ်ကမ္ဘာလုံးပျက်စီးနိုင်တဲ့ အ​ခြေအ​နေ​တွေ ဖြစ်လာတဲ့အခါ ကပ္ပတိန်အ​မေရိကနဲ့ နစ်ဖြူရီတို့ဟာ တစ်ကိုယ်​တော်လှုပ်ရှား ​နေကြတဲ့ စူပါဟီးရိုး​တွေကိုစုစည်းပြီး Avengersအဖွဲ့အဖြစ် ကမ္ဘာဖျက်ရန်စွယ်ကို ကာကွယ်ဖို့ကြိုးစားကြပါ​တော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်)

Action • Adventure • Science Fiction
6.6 2006
Ultimate Avengers: The Movie (I)
Betty Blue (1986) 18+
7.3

တံကောက်ကြောဖြတ်ထားခံထားရတဲ့မြင်းရိုင်းတစ်ကောင်လို မိန်းကလေးကိုမှ ချစ်မိတဲ့အမျိုးသားတစ်ယောက်ရဲ့ သုခ ၊ ဒုက္ခ ၊ ချစ်ဒုက္ခ။ ကံကြမ္မာရဲ့မျက်နှာသာမပေးမှုတွေကြောင့် ကမ္ဘာကြီးရဲ့လှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့ ပန်းကလေးလို ၊ မြင်းရိုင်းလို ၊ စိတ်ရူးဖောက်နေတဲ့အမျိုးသမီးတစ်ယောက်လို.. မတရားမှုကို ဆတ်ဆတ်ထိမခံ တုံ့ပြန်တဲ့အရိုင်းလေး ဘက်တီရဲ့ဘဝအတုံ့အလှည့်တွေအကြောင်း။ အဖြစ်အပျက်တွေအကြောင်း။ ဒီလိုမိန်းကလေးကိုမှ ချစ်မိတဲ့အမျိုးသားအတွက်တော့ ဒါဟာ ဝဋ်ကြွေးလို့လည်းခေါင်းစဥ်မတပ်ရက်တဲ့ လှလှပပ စိတ္တဇနာမ်လေးတစ်ခုလို့ပဲ ဆိုရမလား။ အရူးမကိုမှ ရွေးချစ်မိတယ်လို့ပဲ ဆိုရမလား။ ဘာပဲဖြစ်ဖြစ် ချစ်မိပြီဆိုမှတော့ သူ့အတွက် အရာအားလုံး လုပ်ပေးချင်ခဲ့တာပါပဲ။ ကြယ်တွေ ခူးပေးတာပဲဖြစ်ဖြစ်။ ဓားပြတိုက်ပေးတာပဲဖြစ်ဖြစ်။ သူ့အတွက်နဲ့ တပါးသူကို အမှိုက်ပီဇာ ဖုတ်ကျွေးမိတာပဲဖြစ်ဖြစ်။ အချစ်ဆိုတာ ဒီလိုပဲလားလို့တွေးမိရင် ဒါက အချစ်ပါပဲလို့ညွှန်းရမယ့်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဘက်တီဆိုတဲ့အမျိုးသမီးလေးက Zorg ဆိုတဲ့ယောကျာ်းတစ်ယောက်ဆီကို နေသာတဲ့နေ့တစ်နေ့မှာ ရောက်လာခဲ့ပါတယ်။ သူတို့အတူ ချစ်ရည်လူး တစ်တီတူးနေတာကို မြင်ပြင်းကတ်လှတဲ့လူတွေ သို့မဟုတ် တစ်ဆင့်စကားတွေကြောင့် ဇုရဲ့ အလုပ်ရှင်နားကို ပြန်လည်ပေါက်ကြားသွားတဲ့အခါ… Zorg နေတဲ့တဲကို အလုပ်ရှင်ရောက်လာပြီး ဘက်တီ့ကို နှင်မထုတ်စေချင်ရင် တဲတွေကို ဆေးလိုက်သုတ်ပေးဖို့ ပြောသွားခဲ့ပါတယ်။ ဘန်ဂလို ၅၀၀ ကို အလကား ဆေးသုတ်ခိုင်းတဲ့အလုပ်ရှင် ၊ ငြိမ်ခံနေတဲ့ Zorg နဲ့ မဟုတ်မခံ ဆတ်ဆတ်ကြဲ ဘက်တီတို့​ ထိပ်တိုက်တွေ့ကြရာကနေ ရန်ဖြစ်ကြပြီး ပစ္စည်းတွေပစ်ပေါက်ရင်း ဘက်တီဟာ Zorg ရဲ့လက်ရေးမူဝတ္ထုတစ်ပုဒ်ကို မတော်တဆတွေ့သွားခဲ့ပါတယ်။ ဒီကစလို့ Zorg ကို စာရေးဆရာဖြစ်စေချင်လွန်းလှတဲ့ ဘက်တီရဲ့စိတ်အားထက်သန်မှု ၊ ကြိုးစားအားထုတ်မှု ၊ ကံကြမ္မာအလှည့်အပြောင်းတွေကို ရသမျိုးစုံ ခံစားရနိုင်မယ့်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ဘက်တီဟာ မြင်းရိုင်းတစ်ကောင်ဆိုရင် Zorg ကိုရော ဘယ်လိုမျိုးသတ်မှတ်နိုင်မလဲဆိုတာ ကိုယ်တိုင်သာ ကြည့်ရှုစေချင်ပါတယ်။ တစ်ယောက်လက်ကို တစ်ယောက် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပေမဲ့လည်း ကံကြမ္မာက မျက်နှာသာမပေးခဲ့ရင်ရော ဘယ်လို​ဖြေရှင်းမလဲ..။ ချစ်ခြင်းတရားကတော့ သိပ်လှပါတယ်။ ဒါပေမဲ့ ဘက်တီရယ်.. လောကကြီးမှာ မကောင်းတဲ့ကောင်တွေ မျိုးသုဉ်းသွားမှာလည်း မဟုတ်သလို ၊ မျှော်မှန်းသလို မဖြစ်တဲ့အဖြစ်အပျက်တွေ၊ အချိန်ကိုက် ချော်လွဲရတဲ့ဖြစ်ရပ်တွေ ရှိနေဦးမှာပါပဲ..။ (လိင်အင်္ဂါများကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားပါသဖြင့် မိသားစုနှင့်ကြည့်ရှုရန် မသင့်ပါ) File size…(4.29GB) / (`1.94GB) / (1.01GB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:59:00 Genre… Drama /Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shinn Man Htet Myat

Crime
7.3 1900 120 mins
Betty Blue (1986) 18+
Age Of Heros
6

ဝမ်ဇီဟာရိုက်ကူးရေးတွေမှာ လူစားထိုးအဖြစ်သရုပ်ဆောင်ရတဲ့ ကိုယ်ခံပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ဇနီးဟောင်းဟာ အရမ်းကိုအောင်မြင်တဲ့မင်းသမီးတစ်ယောက်ဖြစ်နေပြီး အဆင်မပြေမှုတွေကြောင့်ကွာရှင်းခဲ့ရပါတယ်။ လူလတ်ပိုင်းလူတစ်ယောက်ဖြစ်တဲ့ဝမ်ဇီဟာ အလုပ်အကိုင်မှာရော အိမ်ထောင်ရေးမှာပါ အဆိုးဆုံးအခြေနေကိုရောက်နေပါတယ်။ သမီးကိုစောင့်ရှောက်ခွင့်ရနိုင်ဖို့ရာ ကြိုးစားနေတုန်းမှာပဲမထင်မှတ်ပဲ သမီးလေးကိုပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဝမ်ဇီဟာအစွမ်းကုန်ကြိုးစားပြီး သူရဲ့ဇနီးဟောင်းနဲ့အတူ သမီးလေးကိုကယ်ဖို့ကြိုးစားကြပါတယ်။ အခက်အခဲတွေအမျိုးမျိုးကျော်ဖြတ်ပြီး သူရဲ့သမီးလေးကိုဘယ်လိုကယ်တင်မလဲဆိုတာ အက်ရှင်တွေဝေဝေဆာဆာနဲ့ သဲထိတ်ရင်ဖိုဖြစ်ရတဲ့ပြင် ဟာသလေးတွေနှောပြီး မပျင်းရအောင်ကြည့်ရမယ့် Comedy Action ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်

Comedy • Crime
6 2023
Age Of Heros
The Appleton Ladies’ Potato Race
7.8

ဒီကားလေးကတော့အဓိကအားဖြင့် အခုခေတ်မှာအမြဲမြင်တွေ့နေရတဲ့ Gender Equality ဆိုတဲ့ကျားမမခွဲခြားပဲတန်းတူဆက်ဆံခြင်း အကြောင်းကို အဓိကထားရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါကိုသဘောမကျတဲ့ သူတွေလဲ ဒီဇတ်ကားလေးကိုကြည့်ပြီးတွေးစရာအတွေးလေးတွေကျန်ခဲ့မယ် လို့ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ ပန်နီဆိုတဲ့ဆရာဝန်မလေးတစ်ယောက်ကသူလက်ရှိနေထိုင်နေတဲ့ဆစ်ဒနီမြို့ ကြီးကိုထားခဲ့ပြီးတော့ သူ့မိသားစုရှိရာနယ်မြို့လေးဖြစ်တဲ့ အက်ပဲလ်တန်ကို ပြန်လာခဲ့ပါတော့တယ်။သူပြန်လာပြီးသိပ်မကြာခင်မှာပဲသူတို့ရဲ့အက်ပဲလ်တန်မြို့ မှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့အာလူးထမ်းအပြေးပြိုင်ပွဲလဲကျင်းပတော့မှာပဲ ဖြစ်ပါတယ်။ဒါပေမယ့်တစ်ခုပြဿနာရှိတာကအဲ့ဒီအပြေးပြိုင်ပွဲမှာယောက်ျား တွေပြိုင်ပွဲမှာရတဲ့ဆုကြေးကဒေါ်လာနှစ်ထောင်ဖြစ်ပြီးအမျိုးသမီးတွေရတဲ့ ဆုကြေးကတော့ ဒေါ်လာနှစ်ရာပဲဖြစ်နေတာဖြစ်ပါတယ်။အဲ့ဒီကိစ္စကိုပန်နီရဲ့ညီမ ဖြစ်သူ ဆယ်နှစ်ဆက်တိုက်အာလူးထမ်းအပြေးပြိုင်ပွဲချန်ပီယံဖြစ်ထားတဲ့ နစ်ကီအပြင်မြို့ကတခြားလူတွေကလဲဘာမှမပြောကြပေမဲ့မြို့ကြီးပြကြီးမှာ နေလာတဲ့ပန်နီတစ်ယောက်အတွက်ဒါကစိတ်ခုစရာဖြစ်နေပါတော့တယ်။ ဒီလိုနဲ့အမျိုးသားဆုကြေးနဲ့အမျိုးသမီးဆုကြေးတန်းတူရဖို့အတွက်ပန်နီ တစ်ယောက်တည်းအများနဲ့တစ်ယောက်တိုက်ခိုက်ရင်းကြိုးစားခဲ့ပြီးနောက်မှာ ဘယ်လိုဇာတ်သိမ်းမျိုးနဲ့ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.92GB / 817MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 36m Genre ….. Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Action • Crime • Mystery
7.8 2023
The Appleton Ladies’ Potato Race
Die Tomorrow
7.1

Die Tomorrow (2017) အကယ်၍များ မနက်ဖြန်မှာ သေဆုံးရမယ်ဆိုရင် နောက်ဆုံးအနေနဲ့ အလုပ်ချင်ဆုံးအရာက ဘာများဖြစ်မလဲ။ လူတိုင်းဆီမှာ မသေခင် လုပ်သွားချင်တဲ့ အရာလေးတစ်ခုတော့ ရှိစမြဲပါပဲ။ မွေးဖွားပြီးရင် သေဆုံးရမယ်ဆိုတာကို လက်သင့်ခံနိုင်ကြပြီးသား လူသားတွေက သေဖို့ကို မကြောက်ကြပါဘဲ မသေခင် လုပ်သွားချင်တဲ့ အရာလေးတွေ မပြီးမြောက်သွားမှာကိုသာ စိုးရိမ်တတ်ကြတာပါ။ ဒီအကြောင်းအရာတွေကပဲ Indie ဇာတ်လမ်းတွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ ထိုင်းနာမည်ကြီး ဒါရိုက်တာ၊ Heart Attack, Mary Is Happy , Mary Is Happy နဲ့ Happy Old Year စတဲ့ နာမည်ကြီး ဇာတ်လမ်းတွေရဲ့ ပဲ့ကိုင်ရှင် Nawaphon Thamrongrattanarit အတွက် ဖန်တီးချင်စရာ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်လာတော့တာပါ။ Die Tomorrow က ဇာတ်လမ်းတိုတွေကို စုစည်းထားတဲ့ ဇာတ်ကားတစ်ပုဒ်လို …၊ သေခြင်းတရားအကြောင်းတွေကို တင်ဆက်နေတဲ့ မှတ်တမ်းရုပ်ရှင်တစ်ကားလို….၊ မဆက်စပ်ဘူးဆိုပေမယ့် နီးစပ်နေတဲ့ အကြောင်းအရာတစ်ခုလို…၊ မခံစားတတ်ရင် အီလည်လည်ဖြစ်နေမှာပေမယ့် ခံစားတတ်သူတွေကျပြန်တော့လည်း ရင်ထဲနင့်ခနဲနေအောင်ကို ခံစားရစေပြန်ပါတယ်။ လူတွေက သေသွားတဲ့သူတွေကိုတော့ စိတ်မဝင်စားတတ်ကြပေမယ့် မသေခင် သူတို့ ဘာလုပ်သွားကြသလဲဆိုတာကိုတော့ သိချင်တတ်ကြပါတယ်။ လက်စွမ်းထက်တဲ့သူက ရိုက်ထားတဲ့ ဇာတ်ကားလည်းဖြစ်သလို IMDb Rating 7.1 တောင် ရထားတဲ့ဇာတ်ကားမို့ အနည်းနဲ့အများတော့ စိတ်ကျေနပ်မှု ရစေမှာတော့ အသေအချာပါပဲ။ မိုးရာသီမှာ စောင်ပုံလေးထဲကွေးပြီး chill နိုင်ဖို့အတွက် CM ကနေတင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hazel ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 629MB | 291MB Format… mp4 Duration…. 1h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hazel Encoder ….. Aaron

7.1 2017 75 mins
Die Tomorrow
Heist 88

ဒီတစ်ခေါက်မှာတော့ အသစ်ထွက် Crime/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဖြစ်ရပ်မှန်တွေအပေါ် အခြေခံထားတဲ့ ဒီကားလေးမှာဆိုရင်တော့ မင်းသားကြီး Courtney B. Vance (61st Street) က အဓိကခေါင်းဆောင်ပါဝင်ထားပြီး ၁၉၈၈ ခုနှစ်က ဘဏ်စနစ်တွေရဲ့ လုံခြုံမှုမရှိပုံကို ပုံဖော်ရိုက်ကူးထားတာပါ။ ၁၉၈၈ ခုနှစ်တွေတုန်းက ချီကာဂိုရဲ့ဘဏ်စနစ်က အလုံးစုံ ကွန်ပျူတာစနစ်အဖြစ် မပြောင်းလဲရသေးချိန်မှာ ငွေလွှဲပြောင်းမှုတွေကို လေလှိုင်းပေါ်က ဖုန်းခေါ်ဆိုမှုနဲ့ပဲ အတည်ပြုလေ့ရှိပါတယ်။ ကုမ္ပဏီတစ်ခုက ငွေလွှဲချင်တဲ့သူက ကုတ်နံပါတ်တစ်ခုနဲ့ လွှဲချင်တဲ ပမာဏကို ဘဏ်ကိုဖုန်းခေါ်ပြီး ပြောလိုက်ရင် ဘဏ်ကဝန်ထမ်းက အဲဒီကုမ္ပဏီရဲ့တခြားဘဏ္ဍာရေးအရာရှိကို ဖုန်းခေါ်ပြီး ကုတ်နံပါတ်ကို အတည်ပြုခိုင်းပါတယ်။ ဘဏ္ဍာရေးအရာရှိက ကုတ်နံပါတ်ကို အတည်ပြုပေးလိုက်တာနဲ့ လွှဲပြောင်းမှုက အထမြောက်အောင်မြင်သွားပြီဖြစ်လို့ ကုတ်နံပါတ်နဲ့ ဘဏ်ငွေစာရင်းလက်ကျန်ကိုသာ သိရရင် သေချာပေါက် ခိုးထုတ်ဖို့ မခက်ခဲတဲ့ ဘဏ်စနစ်ရဲ့ ယိုယွင်းမှုလို့ ဆိုရမလိုပါပဲ။ ဂျယ်ရမီဟောန်က လိမ်လည်မှုတွေမှာ ကျွမ်းကျင်တဲ့ ကြိုးကိုင်သူဖြစ်ပြီး ဘယ်သူ့ကို ဘယ်လိုခိုင်းရမယ်၊ ဘယ်နေရာကို ဘယ်လိုလိမ်ရမယ်ဆိုတာ အကွက်ကျကျ စီစဉ်တတ်သူပါ။ အဲဒီလို ကြိုးကိုင်သူဆရာကြီး ဂျယ်ရမီဟောန်တစ်ယောက် သူ့တူလေးရဲ့ ငွေကြေးအခက်အခဲကို ဖြေရှင်းဖို့ ကြိုးစားပေးရင်း အမှတ်မထင်ဘဲ သူ့တူလေးက ဘဏ်မှာလုပ်တဲ့ မိတ်ဆွေတွေနဲ့ သိကျွမ်းကြောင်း သိရှိသွားခဲ့ပါတယ်။ ဘဏ်စနစ်ရဲ့ ချို့ယွင်းချက်တွေကို ကောင်းကောင်းနားလည်ထားတဲ့ ဂျယ်ရမီဟောန်က သူ့တူရဲ့မိတ်ဆွေတွေကို စည်းရုံးပြီး ကုမ္ပဏီတွေက ပိုက်ဆံတွေကို ဘဏ်ကနေတစ်ဆင့် ခိုးထုတ် လွှဲပြောင်းဖို့ ကြံစည်ပါတော့တယ်။ ဘဏ်စနစ်မှာ အားနည်းချက်ရှိတာမှန်ပေမဲ့ တကယ်တမ်း ခိုးထုတ်ဖို့ကြံစည်တဲ့အခါမှာတော့ ထင်သလောက်မလွယ်ကူဘဲ ခက်ခဲမှုတွေရှိနေခဲ့တာမို့ ဂျယ်ရမီဟောန်နဲ့ သူ့အဖွဲ့က အဲဒီအခက်အခဲတွေ၊ အတားအဆီးတွေကို အောင်မြင်အောင် ဖြတ်ကျော်ပြီး ငွေတွေကို အောင်အောင်မြင်မြင် လှည့်ထုတ်သွားနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.5 GB)/(834 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Drama
0 2023
Heist 88
Bring Him to Me
5.7

Bring Him to Me (2023) ================== ဒီဇာတ်လမ်းကတော့ ဓားပြတိုက်မှုမှာပါခဲ့တဲ့ ဒါရိုက်ဘာတစ်ယောက် သူ့သူဌေးဆီကနေ ထူးခြားတဲ့အမိန့်တစ်ခုကိုရခဲ့တယ်။ အဲဒါကတော့ ဓားပြတိုက်တဲ့ လူနှစ်ယောက်ထဲက လူသစ်ကောင်လေးက ပိုက်ဆံခိုး ခဲ့တယ်ဆိုတဲ့ သံသယဝင်မှုနဲ့ စစ်မေးပြီးသတ်ဖို့ သူတို့ဆီခေါ်လာခိုင်းတာ ဖြစ်ပါတယ်။ အဲဒီမှာ ရိုးသားပွင့်လင်းတဲ့ကောင်လေးကို အသတ်ခံရဖို့ ခေါ်ခဲ့ရမလား ဒါမှမဟုတ် သူ့ကိုအမှန်အတိုင်းဖွင့်ပြောပြီး လွှတ်ပေးရ မလားဆိုတာကို ဒါရိုက်ဘာလုပ်သူက စဥ်းစားရပါတော့တယ်။ ဒီဇာတ်လမ်းက သစ္စာရှိမှုနဲ့ ကိုယ်ကျင့်တရားကို အဓိကပုံဖော်ထားပြီး ကြည့်နေရင်းရင်ထဲခံစားသွားရစေမဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါ တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo zin ဖြစ်ပါတယ်) File Size……….(1.44 GB) / (553 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 36Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Thriller Translator…….Thwal Htoo zin Encoder……….Zin Phyo Aung

Drama
5.7 2023 96 mins
Bring Him to Me
Vengeance
6.5

Vengeance (2009) ~ IMDb – 6.5/10, Rotten Tomatoes – 68% ~ Directed by “Johnnie To” ဂျွန်နီတိုဟာ အတော်ဆုံး ဟောင်ကောင်အက်ရှင်ဒါရိုက်တာတွေထဲပါပေမဲ့ သူ့တင်ပြပုံက ကျန်တဲ့အတော်ဆုံးတွေနဲ့ မတူအောင်ကွဲပြားနေသလို ဂိုဏ်းတွေကြားက ပြဿနာတွေကို ရက်ရက်စက်စက် လှလှပပ ပြနိုင်တဲ့ ဒါရိုက်တာပါပဲ။ ပုဂ္ဂလိကအမြင်အရတော့ ဟောင်ကောင် Crime Action လိုင်းမှာ သူ့ထက်သာတဲ့လူရှိတယ်လို့ မမြင်မိဘူး။ သူ့အရသာမျိုးရိုက်နိုင်တဲ့ ဒါရိုက်တာကိုလည်း မမြင်ဖူးဘူး။ ယုတ်စွအဆုံး လက်ရှိခေတ်ထနေတဲ့ K Industry မှာတောင် Infernal Affairs ကို မူရင်းထက် လူကြည့်ပျော်အောင် ခဏခဏဆိုသလို ရိုက်ပြနေကြပေမဲ့ ဂျွန်နီတိုလိုတစ်ကားလောက်ရိုက်ပြနိုင်တဲ့လူမရှိဘူး။ အဲဒီကားတွေထဲမှာ Vengeance ကတော့ ထူးထူးခြားခြားပါပဲ။ ဂျွန်နီတိုက ဒီကားမှာ သူသုံးနေကျလူတွေဖြစ်တဲ့ Anthony Wong, Gordon Lam, Lam Suet နဲ့ Simon Yam တို့ကိုထည့်သုံးထားပေမဲ့ အဓိကဇာတ်ကောင်ကတော့ ပြင်သစ်လူမျိုး အဆိုတော်သရုပ်ဆောင် Johnny Hallyday ဖြစ်နေတယ်။ သူ့သမီးနဲ့သမက်ရော မြေးနှစ်ယောက်လုံးကိုရော တရုတ်လူသတ်သမားတွေက သတ်သွားလို့ မကာအိုကို လာပြီး သတ်တဲ့တရားခံကိုရှာပြီး လက်စားချေဖို့ အန်သိုနီဝေါင်တို့ အုပ်ကို သူပိုင်သမျှအကုန်ပေးပြီး ငှားလိုက်တဲ့ အဘိုးကြီးတစ်ယောက်ရဲ့ လက်စားချေတဲ့ဇာတ်ပေါ့။ နာမည်နဲ့တော့ ကွက်တိပါပဲ။ ဒီကားက ဂျွန်နီတိုရဲ့ အကောင်းဆုံး ၇ကားစာရင်းလောက်တော့ ဝင်လိမ့်မယ်။ အန်သိုနီဝေါင်ပါခဲ့ဖူးတဲ့ Exiled က အရသာမျိုးခပ်ဆင်ဆင်ပဲထပ်ရတယ်။ အဲဒီကလိုပဲ အသတ်အဖြတ်တွေကြားက ကကျိုးကကြောင်အဖြစ်တွေလည်း ပါတယ်။ ကကျိုးကကြောင်ဆိုတာက ဒီဂိုဏ်းစတားတွေက အဘိုးကြီးမိသားစုကို သတ်သွားတဲ့ အုပ်ကို လိုက်သတ်တယ်။ ၂ဖက်စလုံးထိခိုက်ပြီး ပြန်လာရတယ်။ သူတို့နားနေတုန်း သူတို့ဘော့စ်က သူတို့ဆီဖုန်းဆက်ပြီး သူ့လူတွေကို လူတစ်အုပ်က တိုက်နေကြောင်းအထိနာနေကြောင်းပြောပြီး သွားကူခိုင်းတယ်။ နောက်ဆုံးပြောသွားတာက တရုတ်လေးကောင်နဲ့ နိုင်ငံခြားသားတစ်ကောင်ပါတဲ့အုပ်တဲ့။ သူတို့ကိုပဲပြောနေတာ။ ဒီတော့ သူတို့က နေရာမေးပြီး သွားသတ်ပစ်လိုက်ရော။ စားတော့စားတယ်။ ဒါပေမဲ့ ဒီလိုကကျိုးကကြောင်တွေက ဂျွန်နီတို့ ဂိုဏ်းစတားကားတွေမှာ ကျွန်တော်တို့မြင်နေကျပဲ။ နောက် ဂိုဏ်းစတားတွေရဲ့ သတ္တိတွေ သစ္စာတွေလည်းပါတယ်။ ပြင်သစ်အဘိုးကြီးက ခေါင်းမှာကျည်ဝင်နေတော့ သူအပ်ထားတဲ့အလုပ်ကို သူမေ့နေတာတောင် သူတို့လက်ခံထားတဲ့အလုပ်အတွက် သူတို့သေနိုင်မှန်းသိပေမဲ့ ရဲရဲကြီး အသေခံသွားတဲ့ ဂိုဏ်းစတားတွေအကြောင်းပေါ့။ ဂျွန်နီတိုရဲ့ ထုံးစံအတိုင်း ပုံမှန်အက်ရှင် ဒါရိုက်တာတွေပြနေကျမဟုတ်တဲ့ ဇာတ်ကွန့်တွေ ကကျိုးကကြောင်အဖြစ်တွေနဲ့ ကြည့်ရမယ့် ဂိုဏ်းစတားအက်ရှင်ကားပဲ။ ဂျွန်နီတို့ရုပ်ရှင်တွေကို ကြိုက်ရင်တော့ Vengeance (2009) ကတော့ လုံးဝလက်လွတ်ခံလို့မဖြစ်တဲ့ ရုပ်ရှင်ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 985MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 48Min Genre – Action, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Mystery
6.5 2009 108 mins
Vengeance
Suspect Zero

FBI အေးဂျင့် Thomas Mackelway က အာရုံထဲကနေ လူတွေဘာလုပ်နေလဲဆိုတာကိုမြင်နိုင်စွမ်းရှိနေပြီး သူ့စိတ်ထဲမှာ လူသတ်သမားတယောက်ဘာတွေလုပ်နေလဲဆိုတာတွေကိုမြင်နေရပါတယ်၊ တဖက်မှာ O’Ryan ဆိုသူကလည်း တခြားကွင်းဆက်လူသတ်မားတယောက်ရဲ့အာရုံတွေကိုရနေပြီး သူ့အနေနဲ့ ဥပဒေပြင်ပလုပ်ရပ်တွေနဲ့ ဒီလူသတ်သမားတွေကိုအပြစ်ပေးရမယ်လို့ယူဆနေသူပါ၊ ဒီလိုနဲ့ O’Ryan တယောက်က ဒီလူသတ်သမားအကြောင်းကို Thomas Mackelway ကိုဖက်စစ်တွေပို့ပြီး နစ်နာသူတွေရဲ့ပျောက်ဆုံးတဲ့နေရာတွေအကြောင်းကိုသတင်းတွေပို့ပါတော့တယ်၊ဒါ့အပြင် O’Ryan ကမကောင်းတဲ့လူတွေကိုသတ်ပြီးအမှုဆင် ကွင်းဆက်လူသတ်သမားနောက်သွားမယ့်နေရာကို Thomas Mackelway ကိုသဲလွန်စတွေပေးပါတော့တယ်၊ တကယ်တော့ O’Ryan ကလည်း FBI အေးဂျင့်ဟောင်းတယောက်ပါပဲ FBI ကသူတို့ကိုဒီလိုတွေမြင်နိုင်စွမ်းရှိအောင်လေ့ကျင့်ပေးထားတာပါ၊ O’Ryan တယောက်အနားယူပြီးတာတောင် ဒါတွေကိုစွမ်းလမ်းနေခဲ့တာပါ၊ O’Ryan ရဲ့လုပ်ရကကောမှန်နေတာလား၊ Thomas Mackelway တယောက်ကကော O’Ryan ရဲ့လုပ်ရပ်တွေကိုမျက်ကွယ်ပြုပြီး ကွင်းဆက်လူသတ်သမားကိုဖမ်းဆီးသွားမှာလား၊ O’Ryan Thomas Mackelway နဲ့ ကွင်းဆက်လူသတ်သမားတို့ရဲ့တွေ့ဆုံမှာကော ဘာတွေဖြစ်သွားမှာလဲဆိုတာကို ဒီဇာတ်ကားမှာဟောင့်ကြည့်သွားရမှာပါ File size…(2.8 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw

0 2004
Suspect Zero
Saramsha
7

Saramsha 2024 (စာရေးဆရာနဲ့ ဇာတ်ကောင်ကြားက ဇာတ်လမ်းလေးတစ်ပုဒ်) မွေးစားမိဘတွေနဲ့အတူတူနေတဲ့ တေဂျက်စ်ဝီဆိုတဲ့ကောင်လေး၊ သူဟာ စာဖတ်ရတာကို ဝါသနာပါပြီးတော့ စာရေးဆရာဖြစ်ချင်နေခဲ့တဲ့သူတစ်ယောက်ပေါ့။ ငယ်ငယ်လေးကတည်းက ကဗျာတွေလည်းရေးရင်း စာလည်းကြိုးစားလို့ ကျောင်းမှာ ဆရာမတွေရဲ့အချစ်တော်လေး ဖြစ်ခဲ့သူတစ်ယောက်ပေါ့။ သူဟာ မိဘတွေအတွက် အရှင်ကပေးတဲ့လက်ဆောင်လို့ မှတ်ယူရင်း မိဘတွေစိတ်ချမ်းသာအောင်ပဲ အမြဲထားချင်တဲ့ ကလေးလေးတစ်ယောက်ပေါ့။ ဒီမှာ ထူးဆန်းတာက တေဂျက်စ်ဝီရဲ့ စာရေးခုံမှာရှိနေတဲ့ အရုပ်လေးနှစ်ရုပ်က သူနဲ့အတူတူ စကားပြောပေးတာပါပဲ။ ဒီလိုနဲ့ အသက်တွေကြီးလာတော့လည်း စာရေးဆရာဖြစ်ချင်တဲ့ ဝါသနာအရ စာတွေရေးရင်းနဲ့ သူ့ရဲ့ ဇာတ်လမ်းထဲက ဇာတ်ကောင်ဖြစ်တဲ့ အာဘေးနဲ့ အပြင်မှာ ထိပ်တိုက်တွေ့ကြတဲ့အခါမှာတော့ ……. စာရေးဆရာနဲ့ ဇာတ်ကောင်ကြား ဘာတွေဖြစ်လာမလဲ …… ဒီလို စိတ်ကူးရင်ဆန်တဲ့ ဖြစ်ရပ်တွေကြားမှာ ဘယ်လို စိတ်ခံစားချက်တွေနဲ့ ဘယ်လို ဒရာမာဇာတ်လမ်းတွေ ထွက်ပေါ်လာမလဲ …. တေဂျက်စ်ဝီကရော နောက်ဆုံးမှာ သူဖြစ်ချင်ခဲ့တဲ့ စာရေးဆရာ ဖြစ်လာမလား ….. ဆိုတာတွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်)

TV Movie • Comedy • Romance
7 2024 132 mins
Saramsha
Snow Leopard Secret War
6

အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဂျပန်တပ်ကို တရုတ်တွေတော်လှန်ခဲ့တဲ့ ခေတ်နောက်ခံထားပြီး ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ် low budget ကားဆိုပေမယ့် သရုပ်ဆောင်တွေက သရုပ်ဆောင်ကောင်းမွန်မှုနဲ့ Plot ကောင်းတာကြောင့် ကြည့်လို့ကောင်းတဲ့ဇာတ်ကားအမျိုးအစားထဲမှာပါပါတယ် ဇာတ်လမ်းအကျဉ်းပြောရရင် တရုတ်ပြည်ကို ဂျပန်တွေသိမ်းထားတဲ့ကာလမှာ ဂျပန်လက်အောက်ခံ သစ္စာဖောက်တွေ အများကြီးပေါ်လာပါတယ် ဒါကို ရှင်းဖို့ပြည်သူ့တပ်ဖွဲ့နဲ့အတူ ပြောက်ကျားတပ်ဖွဲ့လေးတွေပေါ်လာတော့တယ် သို့ပေမယ့် ခံယူချက်နဲ့ ပန်းတိုင်တူပေမယ့် သတင်းပေါက်ရောက်မှုခြင်းကွာသလို ရိက္ခာ ထောက်ပံ့မှု အစစ မတူညီတာမျိုးရှိလို့ ကြားထဲ သဘောထားကွဲလွဲမှုတွေနဲ့ သိုးရေခြုံသော ဝံပုလွေလိုပဲ ရန်သူတပ်က သူလျိုတွေလည်း ကိုယ့်တပ်ထဲရှိနေတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ဘယ်လိုကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပါပဲဖြစ်ပါတယ်

Animation • Comedy • Family • Fantasy
6 2021
Snow Leopard Secret War
Aachari Baa
6.7

Aachari Baa (2025) (အချရီဘွားဘွား) ရိုးရာလုပ်ငန်းဖြစ်တဲ့ အချဉ်ဖောက်လုပ်ငန်းကိုလုပ်ကိုင်လျက်ရှိတဲ့ ဂျိုင်ရှင်နဗီဟာ တစ်ကိုယ်တည်းထဲလုပ်ကိုင်စားသောက်လျက်ရှိပါတယ်။ သူ့မှာ သားတစ်ယောက်ရှိပေမဲ့ မြို့မှာ အိမ်ထောင်ကျပြီး အဆက်အသွယ်မရဖြစ်နေပါတယ်။ အဲဒီအတွက်နဲ့ သူဟာ သားဖြစ်သူကို ဒေါသထွက်လျက်ရှိပါတယ်။ သို့ပေမဲ့လည်း သားဖြစ်သူဟာ ၁၀နှစ်ကြာပြီးတော့မှ အဆက်အသွယ်ပြန်လုပ်လိုက်တော့လည်း အမေတစ်ယောက်ဖြစ်တဲ့ထုံးစံအတိုင်း သားအသံလေးကိုကြားလိုက်တာနဲ့တင် ပြန်ပြီး စိတ်ဆိုးပြေသွားပါတော့တယ်။ ဒီလိုနဲ့ပဲ ဂျိုင်ရှင်နဗီဟာ သားဖြစ်သူဆီကို သွားရောက်နေဖို့အတွက် ဖြစ်လာပါတော့တယ်။ သို့ပေမဲ့လည်း သားဖြစ်သူဟာလည်း အကြံနဲ့ အမေကို ခေါ်လိုက်တာဖြစ်ပါတယ်။ သူတို့မိသားစု အပန်းဖြေခရီးထွက်တုန်း အိမ်မှာ အမေဖြစ်သူကို အစောင့်ထားခိုင်းခဲ့ပြီးတော့ အိမ်မှာရှိတဲ့ ခွေးလေး ဂျွန်နီကို ကြည့်ရှုပေးဖို့အတွက်ဖြစ်ပါတယ်။ ဒီလိုနဲ့ သားနဲ့ မြေးကို လွမ်းလို့လာခဲ့တဲ့အမေကို ပစ်ထားခဲ့ပြီး အပန်းပြေခရီးထွက်သွားကာ အိမ်မှာတော့ အမေနဲ့ ခွေးလေး ဂျန်နီကို ထားခဲ့ပါတော့တယ်။ ငယ်ငယ်လေးတုန်းက ခွေးကိုက်ခံရလို့ ခွေးဆိုရင်ကြောက်တတ်တဲ့ ဂျိုင်ရှင်နဗီတစ်ယောက် ခွေးလေးဂျန်နီနဲ့အတူ အိမ်မှာအတူရှိရင်း ဘာတွေဖြစ်ကြမလဲ ….. ဂျိုင်ရှင်နဗီတစ်ယောက် သားဖြစ်သူဆီကနေ သူလွမ်းနေတဲ့ ချစ်ခြင်းတွေရော ရလာပါ့မလား …. ဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Cym ~ STAR တို့ပဲဖြစ်ပါတယ်)

War • Drama
6.7 2025 99 mins
Aachari Baa