YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

To be a Brave One E31 CM.mp4

275.8 MB N/A video/mp4 122 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Flash
6.7

The Flash (2023) ============= HDTC version ပါ။ ကြော်ငြာရေစာတွေပါပါတယ် မျက်စိနောက်ပါမယ်။ အသံ သိပ်မကြည်သေးပါ။ ရုပ်တော့အတော်လေးကြည်ပါပြီ။ ဒီရုပ်ရှင်မျိုးကတော့ ကြည်တောက်ရှင်းကိုပဲ ကြည့်တာအကောင်းဆုံးပါပဲ။ မစောင့်နိုင်တော့တာတို့ ဇာတ်လမ်းသိချင်ရုံတို့ဆိုတဲ့လူတွေအတွက် ဘာသာပြန်ပြီးတင်ပေးထားတာပါ။ ဒီရုပ်ရှင်ဟာ Flash ရဲ့ ပထမဆုံး Live Action ရုပ်ရှင်ပဲဖြစ်ပါတယ်။ အရင်က Flash ဟာ အခြားရုပ်ရှင်တွေ၊ ကာတွန်းတွေနဲ့ စီးရီးတွေမှာပဲ ပါဖူးပါတယ်။ Flash ဟာ စီးရီးမှာရော ရုပ်ရှင်မှာရော အစွမ်းအကုန်မပြသေးတာဖြစ်ပေမဲ့ ဒီစီရဲ့ စွမ်းအားအကြီးဆုံး ဟီးရီုးတွေထဲက တစ်ယောက်ပါပဲ။ အပြေးမြန်ရုံတင်မက၊ အချိန်-အာကာသကို ပြင်နိုင်စွမ်းတွေ၊ စကြာဝဠာကူးနိုင်စွမ်းတွေ၊ အနန္တလက်သီး၊ လျှပ်စီးလှိုင်း၊ လေမုန်တိုင်း၊ မော်လီကျူးထိန်းချုပ်နိုင်စွမ်း၊ ဒဏ်ရာအမြန်ပြန်ကောင်းနိုင်စွမ်း၊ စူပါဉာဏ်ရည်၊ အမြန်နှုန်းနဲ့ တွေးတောနိုင်စွမ်း စသဖြင့် ပြောမကုန်အောင်ပါပဲ။ ဒီရုပ်ရှင်ဟာတော့ ဖလက်ရှ်ပွိုင့် ဝိရောဓိ ကာတွန်းဇာတ်ကြောင်းကိုပဲ အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်မတိုင်ခင် ရှေ့မှာ ကာတွန်းတစ်ကားနဲ့ ဖလက်ရှ်စီးရီး စီစန် ၃ တို့မှာ Paradox story ကို အခြေခံပြီး ရိုက်ကူးထားတာ ရှိပါသေးတယ်။ ဒီရုပ်ရှင်ဟာ ဝမ်းဒါးဝူးမန်းနဲ့ အက်ကွာမန်းတို့တုန်းကလို အော်ရဂျင်စတိုရီမဟုတ်ဘဲ၊ ဖလက်ရှ်တစ်ယောက် အတိတ်ကို ပြန်သွားပြီး သူ့အမေကို ကယ်ဖို့ ကြိုးစားရင်း စကြဝဠာကြီးကမောက်ကမဖြစ်ပုံကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဖလက်ရှ်ရဲ့ အချိန် ခရီးသွားပုံဟာ အမြန်နှုန်းနဲ့ ဆက်စပ်နေတဲ့အတွက် အိုင်းစတိုင်းရဲ့ နှိုင်းရသီဝရီ၊ Time dilation နဲ့ အထူးနှိုင်းရသီဝရီကို အခြေခံထားတာဖြစ်ပါတယ်။ အကြမ်းဖျဉ်းပြောရရင် အမြန်နှုန်းဟာ ကိန်းသေမဟုတ်ဘဲ၊ တိုင်းတာသူရဲ့ နေရာ အမြန်နှုန်းအပေါ် မူတည်ပြီး ပြောင်းလဲသလို အရာဝတ္ထုတစ်ခုရွေ့လျားရာမှာ အချိန်ဟာလည်းလိုက်ရွေ့လျားတာမို့ အချိန်နဲ့အမြန်နှုန်းဟာလည်း ဆက်စပ်နေပါတယ်။ ဒါပေမဲ့ အလင်းတစ်ခု ခရီးသွားရာမှာတော့ အမြန်နှုန်းဟာ ကိန်းသေ 299 792 458 m/s ဆိုပြီး မှတ်သားထားကြပါတယ်။ အလင်းရဲ့ အမြန်နှုန်းဟာ အမြန်ဆုံးအဖြစ် သတ်မှတ်ထားကြသလို ဘယ်အရာဝတ္ထုမှ လက်တွေ့မှာ အလင်းထက်မြန်အောင် မသွားနိုင်ပါဘူး။ ဒီလိုသွားဖို့အတွက် စွမ်းအင် အဆုံးအစမရှိလိုအပ်ပြီး၊ ဒြပ်ထုတွေအနေနဲ့လည်း မပြိုကွဲဘဲ မနေနိုင်ပါဘူး။ အလင်းဟာ တစ်နေရာနဲ့တစ်နေရာသွားဖို့ အချိန်ဆိုတာမလိုအပ်သလောက်ဖြစ်နေပြီး အလင်းရဲ့ခရီးသွားနှုန်းဟာ အချိန်ကို သုညဖြစ်သွားစေသလို ဖြစ်နေပါတယ်။ အလင်းနဲ့ အမြန်နှုန်းနဲ့သွားနေရင် အချိန်ဟာ ရပ်သွားသလို ဖြစ်သွားပါပြီ။ ဒီတော့ သီဝရီအားဖြင့်တော့ အရာဝတ္ထုတစ်ခုဟာ အလင်းထက်မြန်အောင် သွားနိုင်ရင် အချိန်ဟာ သုညကနေ ဆက်လျော့ဖို့ မရှိတာကြောင့် အနုတ်ဖြစ်လာပါတယ်။ ဒီတော့ အတိတ်ကို ပြန်ပြန်ရောက်သွားပါတယ်။ ဖလက်ရှ်ဟာ အလင်းထက်မြန်အောင်ပြေးနိုင်ပြီး ပြေးဖို့အတွက် စွမ်းအင်နဲ့ သူ ပျက်စီးမသွားဖို့အတွက်ကာကွယ်ပေးတဲ့ Speed Force ရှိနေတာကြောင့် အချိန်ခရီးသွားခြင်းဟာ သူ့အတွက်ဖြစ်နိုင်သွားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဖလက်ရှ်ရဲ့ အမေဟာ ဘယ်သူသတ်သွားမှန်းမသိ အသတ်ခံထားရပြီး၊ ဖလက်ရှ်ရဲ့ အဖေကလည်း အဲဒီလူသတ်မှုနဲ့ ထောင်ထဲကိုရောက်နေတာဖြစ်ပါတယ်။ မိဘမဲ့အဖြစ် ကြီးပြင်းလာတဲ့ ဘယ်ရီအယ်လန်ဟာ သူ အချိန်ကိုနောက်ဆုတ်ပြီးသွားနိုင်ကြောင်းသိလာတဲ့အခါ အချိန်ခရီးသွားပြီး သူ့မိဘတွေကို ကယ်ဖို့ကြိုးစားပါတော့တယ်။ အဲဒီလို ကြိုးစားရင်းကနေ စကြဝဠာတစ်ခုလုံး အချိန်စီးကြောင်း ပြောင်းလဲပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီပြောင်းလဲမှုတွေကြောင့် DC Universe ဟာ သရုပ်ဆောင်ပြဿနာတွေ ဇာတ်လမ်းအချိတ်အဆက်မညီတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး၊ အပြိုင်စကြဝဠာ ပွင့်သွားပြီဖြစ်တာကြောင့် ကြိုက်တဲ့သရုပ်ဆောင်နဲ့ ဇာတ်လမ်းအသစ်တွေကို ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။ ဖလက်ရှ်ဟာ စကြဝဠာကြီးကိုရုပ်ရှင်ထဲမှာရော အပြင်မှာပါ ကယ်တင်လိုက်တဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို အစက သတ်မှတ်ထားတဲ့ရက်ဟာ မသေချာသေးပေမဲ့ အစမ်းပြသတဲ့ပွဲမှာ The Dark Knight နောက်ပိုင်း ဒီစီရုပ်ရှင်တွေထဲမှာ လူကြိုက်အများဆုံးနဲ့ အမှတ်အများဆုံးရလာတာကြောင့် အမြန်ဆုံး ရုံတင်ဖို့ စီစဉ်ခဲ့တာပဲဖြစ်ပါတယ်။ ဘာလို့ အစမ်းပြပွဲမှာ ဒုတိယအကောင်းဆုံး ဒီစီရုပ်ရှင်အဖြစ် ပြောကြတာလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုပြီးပဲ ဆုံးဖြတ်လိုက်ပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(2.8 GB) / (1.36 GB) / (900 MB) Quality............HDTC 1080p / 720p / 480p Duration.........2Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Fantasy Translator.......Mr.Anderson Encoder..........SWM, Aaron

Drama
6.7 2023 144 mins
The Flash
Velvet Goldmine
7

မင်းသားကြီး Christian Bale ငယ်စဉ်ကသရုပ်ဆောင်ထားတဲ့ 1998 ခုနှစ်က ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Glam-rock အဆိုတော် ဘရိုင်ယန်စလိတ်ဒ်ဟာ စင်ပေါ်မှာဖျော်ဖြေနေတုန်း သေနတ်အပစ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်နေ့ကျမှ သေနတ်ပစ်ခံရတာဟာ သရုပ်ဆောင်တာသာဖြစ်ကြောင်း၊ စတန့်ပြကွက်တစ်ခုသာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီပြကွက်နောက်ပိုင်း ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေခံရ၊ ရောင်းအားတွေလည်းကျဆင်းပြီး စလိတ်ဒ်တစ်ယောက် ဘယ်ရောက်သွားမှန်းမသိအောင်ကို အစပျောက်သွားခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်အပြီး ၁၀ နှစ်အကြာမှာ အမေရိကန်သတင်းဌာနတစ်ခုကနေ အဆိုတော် ဘရိုင်ယန်စလိတ်ဒ်ဘာဖြစ်သွားလဲ၊ ဘယ်ရောက်နေလဲဆိုတာ စုံစမ်းခိုင်းဖို့ သတင်းထောက် အာသာကို လွှတ်လိုက်ပါတယ်။ သတင်းထောက်အာသာဟာ ငယ်စဉ်တုန်းက အဲဒီအဆိုတော် ဘရိုင်ယန်စလိတ်ဒ်ကို အရူးအမူးအားပေးခဲ့သူပဲဖြစ်ပါတယ်။ ဘရိုင်ယန်စလိတ်ဒ်ရဲ့ လိင်တူနှစ်သက်မှုကို ပွင့်လင်းမြင်သာစွာ ဖွင့်ဟထားမှုတွေ၊ ထုံးတမ်းကိုဆန့်ကျင်တဲ့ ဝတ်စားဆင်ယင်မှုတွေက အာသာအနေနဲ့ သူ့ရဲ့စိတ်ဆန္ဒတွေကို ဖွင့်လှစ်ပြဖို့ အားတက်စေခဲ့တဲ့အရာတွေ ဖြစ်ခဲ့တာပါ။ စလိတ်ဒ်သေနတ်ပစ်ခံရပုံဟန်ဆောင်ပြတဲ့ ဖျော်ဖြေပွဲညတုန်းက ပွဲထဲမှာ အာသာပါရှိနေခဲ့တာပါ။ အခုအခါမှာတော့ သူတစ်ချိန်ကအရူးအမူးကြိုက်ခဲ့တဲ့ အဆိုတော်အကြောင်း လိုက်စုံစမ်းဖို့ လန်ဒန်ကိုပြန်လာခဲ့ပြီးတော့ ဘရိုင်ယန်စလိတ်ဒ်နဲ့ ဆက်စပ်နေတဲ့သူတွေအားလုံးကို အင်တာဗျူးရင်း စလိတ်ဒ်ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းတွေ၊ အလုပ်အကြောင်းတွေသိလာရပြီး နောက်ဆုံး စလိတ်ဒ်နဲ့ပတ်သက်တဲ့ ပဟေဠိဆန်တဲ့အကြောင်းအရာတွေအကုန်လုံး ရှင်းလင်းသွားမလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်ဒရာမာကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size…(3.3 GB)/(1.3 GB)/(620 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:58:00 Genre...Drama Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

Fantasy • History • Romance
7 1998 123 mins
Velvet Goldmine
Alexandra's Project
6

IMDb Rating/(6.5) အိမ်ထောင်ရေးတစ်ခုမှာ သာယာမှုဆိုတာကို ဘယ်လိုဆုံးဖြတ်တတ်ကြပါသလဲ လူအမျိုးမျိုး စိတ်အထွေအထွေမို့ အကြောင်းအရာမျိုးစုံရှိကြမှာပါ အပေါ်ယံကြည့်ရင် သာယာချမ်းမြေ့တဲ့ မိသားစုလို့ ထင်ရပေမယ့် နောက်ကွယ်မှာ ကာယကာရှင်ကိုယ်တိုင်သာ သိမြင်ခံစားရတဲ့ ကိစ္စတွေအတော်များများရှိတတ်ကြပါတယ် ဒီကားလေးကတော့ Gone Girl ဆန်ဆန်လေး ဆိုပါတော့ အထန်ကောင် ယောက်ျားကို ပိုင်ဆိုင်ထားမိတဲ့ Alexandra တစ်ယောက် သားသမီးမျက်နှာကိုထောက်ပြီး နှစ်ပိုင်းများစွာ သည်းခံခဲ့ပေမယ့် အတိုင်းထက်လွန်လာတဲ့ ကိစ္စတွေ သိရှိကြုံတွေ့ လာရတဲ့အခါ ဘယ်လိုသင်ခန်းစာပေးမလဲ ချစ်ခြင်းမေတ္တာတွေ ဆာလောင်မွတ်သိပ်ချိန် ခင်ပွန်းဖြစ်သူရဲ့ လိင်အသုံးချမှုသက်သက်အဖြစ်ပဲ နေထိုင်လာရတဲ့ မိန်းမတစ်ယောက်အနေနဲ့ ဘယ်လို တုန့်ပြန်မလဲဆိုတာ CM ပရိသတ် ယောကျာ်းဘသားတို့ ဘုတုတ အနေနဲ့သတိထားရအောင် ကြည့်ရှုခံစားလိုက်ကြပါ... အမျိုးသမီးထုတို့လည်း မွေးနေ့လက်ဆောင်ကောင်းလေး ရှာဖွေနေရပြီဆိုရင် ဒီကားလေးကို ကြည့်ရှုရင်း လေ့လာလိုက်ကြပါနော် Best Film from Oceania, Best Screenplay နဲ့ Best actress ဆု၃ဆုအပြင် Nominations တွေလည်း အများကြီး ဝင်ထားတာမို့ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ခံစားရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါကြောင်း..... (ဝတ်လစ်စလစ်နဲ့ လိင်အသားပေးခန်းတွေ ပါရှိတာကြောင့် ၁၈ယောက်စုပြီးမှကြည့်ရှုကြပါရန်...) (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ Mugiwara Ya ပဲဖြစ်ပါတယ်။) File size…(1.2 GB)/(593 MB) Quality….1080p/ 720p Format…mp4 Duration….01:39:23 Genre....Drama,Mystery,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….AKH Translated by Mugiwara Ya

Action • War
6 2003 103 mins
Alexandra's Project
Beast
6.8

Survival, Thriller အမျိုးအစားတွေကိုမှ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် Suicide Squad ထဲက Bloodsport အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Elba ရဲ့ Beast ဆိုတဲ့ ကားလေး ထွက်လာပါပြီ။ အာဖရိက တောရိုင်း တိရစ္ဆာန်တွေအကြောင်း အခြေပြုပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... နိတ်ဒန်နီယယ် နဲ့ သူ့ရဲ့ သမီးလေး နှစ်ယောက်ဟာ တောင်အာဖရိက ကို အလည်အပတ် ထွက်လာခဲ့ပါတယ်။ အဆိုပါ ခရီးစဉ်ကို ဖိတ်ခေါ်ခဲ့သူကတော့ နိတ်ရဲ့ မိတ်ဆွေဟောင်းကြီး မာတင် ပဲ ဖြစ်ပါတယ်။ မိတ်ဆွေဟောင်းဆိုတာထက် နိတ်နဲ့ သူ့ရဲ့ ဇနီးကို အောင်သွယ်ပေးခဲ့တဲ့ အောင်သွယ်တော်ကြီးဆို ပိုမှန်တာပေ့ါဗျာ ... အဲ့ဒီနောက်မှာတော့ သူတို့ဟာ နိတ်ရဲ့ ဇနီးသည် ကြီးပြင်းခဲ့တဲ့ တောင်အာဖရိက က ရွာလေး ခရီးနှင်ခဲ့ကြပါတယ်။ အဲ့ဒီရွာလေးကို သွားနေစဉ် တားမြစ်နယ်မြေတစ်ခုကို ဖြတ်သန်းရတဲ့ အချိန်မှာတော့ ခြင်္သေ့ကြီးတစ်ကောင်နဲ့ ရင်ဆိုင်ရပါတော့တယ်။ ရင်ဆိုင်ရတယ်ဆိုတာ လူတွေကို သဲသဲမဲမဲကို လိုက်သတ်တဲ့ ခြင်္သေ့မျိုးပါ။ ခြင်္သေ့တွေက စားစရာမလိုဘဲ သာမန်အားဖြင့် လိုက်သတ်လေ့မရှိပါဘူး။ ဒီခြင်္သေ့ကြီးကတော့ အုပ်စုတစ်ခုလုံးကို တရားမဝင်မုဆိုးတွေက သတ်လိုက်လို့ တွေ့သမျှလူတွေကို သောင်းကျန်ပြီးလိုက်သတ်တာပါပဲ။ ဗီလိန်လို့တောင် မပြောနိုင်ပါဘူး။ တစ်ကားလုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာမို့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကြိုက်သူတွေ အကြိုက်တွေ့မှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mr.Anderson ပါ။) File Size          : 6GB, 2.1GB, 854MB, 429MB Quality            : 4K WEB-DL HEVC 5.1CH, 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 33mins Genre              : Adventure, Drama, Horror Translated by Mr.Anderson Encoded by Kinnov

Action • Fantasy • Horror • Mystery
6.8 2022 93 mins
Beast
Seththumaan
8

ဘောလိ၀ုဒ် ပရိသတ်များအတွက် မြင်ဖူးကြည့်ဖူးနေကြ ဇာတ်အိမ်လေးမဟုတ်ဘဲ တမူထူးခြားနေတဲ့ ဇာတ်အိမ်ကို ဖွဲ့စည်းတင်ဆက်ရိုက်ကူးထားတဲ့ Sethuthumaan မြန်မာလို " ဝက် " လို့ အမည်ရတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါရစေ ။ အိန္ဒိယနိုင်ငံ ရွာလေးတစ်ရွာကို အခြေပြုရိုက်ကူးထားပြီး ခြင်းတောင်းလေးတွေကို ရက်လုပ်ရောင်းချပြီး ရိုးသားကြင်နာတတ်တဲ့အဘိုးအို ပူချီပါး ..... သူတို့ရွာရဲ့ ဟိန္ဒူအမျိုးဇာတ် ခွဲခြားမှုကြောင့် ဖြစ်ပွားခဲ့အဓိကရုဏ်းမှာ မိဘနှစ်ပါးလုံးဆုံးပါးပြီး လောကကြီးအလယ်မှာ တစ်ဦးတည်း အဘိုး ပူချီနဲ့ ကျန်ရစ်ခဲ့ရှာတဲ့ မြေးလေး ကူမရီဆန် ..... အဘိုး ပူချီကတော့ မြေးလေးကို ကျောင်းကောင်းကောင်းမှာထား ပညာတွေသင်ပြီး ဘ၀ကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းစေချင်ခဲ့တဲ့ အိပ်မက်အကြီးကြီးကို လွယ်ထားရတဲ့ မြေးချစ်အဘိုးပေါ့ .... အဘိုးပူချီရဲ့ မြေရှင် ဒေါသအိုး ဗယ်လရမ်က အဘိုးပူချီ့ကို ဒေသခံအစားကြူးတဲ့သူတွေ ကြိုက်ကြတဲ့အသားဖြစ်ပြီး အမျိုးဇာတ်ထိန်းသိမ်းသူတွေ ရှုံ့ချတဲ့ အသားဖြစ်တဲ့ " ဝက်သား "ကို စားချင်လို့ ဝက်ရှာခိုင်းတဲ့အခါ ပူချီတို့ မြေးအဘိုးနှစ်ယောက် အလုပ်ရှုပ်ကြပါတော့တယ်။ ဒါပေမယ့်လည်း ဝက်ကိုပေါ်ပြီးချိန်မှာတော့ ဒေါသအိုးမြေရှင် ဗယ်လရမ်လိုပဲ ဝက်သားကြိုက်သူ ရွာသားတို့စုစည်းလာပါတော့တယ် .... အဲဒီထဲမှာမှ ဝက်သားလေးနဲ့ အရက်လေးကို မြည်းပြီး သောက်ရင်းစားရင်း မူးလာကြတဲ့အခါမှာ နဂိုကမှ မာနကြီးပြီး ဒေါသကြီးကြတဲ့ မြေရှင်တို့ ဘာဆက်ဖြစ်ကြမလဲ ..... ပြီးတော့ အဘိုး ပူချီနဲ့ မြေးလေးကရော ဒီလို တင်းမာမှုတွေကြားထဲကနေ ဘယ်လိုရှေ့ဆက်သွားမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော် File size…2.3GB / 1.1GB Quality…1080p WEBDL / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Guu Guu & OeliuJ & Poe

Horror • Thriller
8 2022 117 mins
Seththumaan
A Bittersweet Life
7.5

IMDb Rating (7.6) / Rotten Tomatoes (100%) မင်းသားကြီးလီဗျောင်ဟွန်း (Lee Byung-hun) အဓိကပါဝင်ပွဲကြမ်းထားပြီး မင်းသမီးကတော့ Shin Min-ah ပါ.. တခြားဇာတ်ရံတွေကလဲ တောင်ကိုရီးယားရဲ့ နာမည်ကျော်တွေချည်းပါပဲ... အချစ်ကအရာအားလုံးကို စေခိုင်းနိုင်သလား?? အချစ်ကြောင့်ပြောင်းလဲသွားတဲ့ လူမိုက်ကြီးတစ်ယောက်အကြောင်းကို မျှဝေခံစားကြည့်ကြပါ.. သူဌေးတစ်ယောက်ရဲ့လူယုံအဖြစ် ၇ နှစ်ကျော်လောက် တာဝန်ကျေပွန်စွာ အမှုထမ်းလာတဲ့ လက်မရွံ့ လူကြမ်းကြီးတစ်ယောက်ဟာ တာဝန်တစ်ခုမှာ ကောင်မလေးတစ်ယောက်အပေါ်သံယောဇဉ်တွယ်မိသွားတဲ့အပြင်...သူယုံကြည်ထားသူထံကနေ သစ္စာဖောက်ခံလိုက်ရတဲ့အခါ...သူ့ရဲ့ဘဝကို ဘယ်လိုဆက်သွားမလဲဆိုတာ...။ အချစ်ရေးထက် မေတ္တာဘွဲ့ကိုအဓိကအခြေခံထားတဲ့ အက်ရှင်ကြမ်းကြမ်းကားကောင်းလေးတစ်ကားဖြစ်ပါတယ်...စိတ်မခိုင်သူများအဖို့ မျက်ရည်ကျလောက်တဲ့ ဇာတ်ကားလေးတစ်ကားဆိုလည်းမမှားပါဘူး။ File size…(2.6 GB)/(1 GB) Quality….BluRay Director's Cut 1080p/720p Format…mp4 Duration….01:59:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Joyz

Comedy • Drama • Music • Romance
7.5 2005 120 mins
A Bittersweet Life
The Reading
7.4

စကိုင်းဆိုတဲ့ ကောင်မလေးဟာ သေသူတွေနဲ့ ဆက်သွယ်လို့ရတဲ့သူ တစ်ယောက်ပါ။ သူနဲ့ သူ့သူငယ်ချင်းတွေက သေသူတွေနဲ့ ချိတ်ဆက်ဟောပြောတဲ့ အလုပ်ကို စီးပွားရေး တစ်ခုလို လုပ်နေကြရာကနေ စကိုင်းက ဒီအလုပ်ကို လုပ်ရမှာ ကြောက်လာပါတယ်။ အဲ့ဒီအချိန်မှာ ပိုက်ဆံအချီကြီးရမဲ့ အခွင့်အရေး တစ်ခုက ပေါ်လာပါတယ်။ အဲ့ဒါကတော့ အေမာ လီဒင်န်ဆိုတဲ့ အမျိုးသမီးကို ဟောကြားပေးဖို့ပါပဲ။ အေမာလီဒင်န်ဟာ သူ့အိမ်ကိုကျူးကျော်ခံရမှုမှာ သူကလွဲပြီး တစ်မိသားစုလုံး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရတာပါ။ ဒါကို စကိုင်းက ဟောကြားပေးရင်းနဲ့ သူတို့ တစ်ဖွဲ့လုံးပါ ဘာတွေ ကြုံတွေ့လာရမလဲ၊ ကျူးကျော်ခံရမှုဆိုတာကရော ဘယ်လိုဖြစ်ခဲ့တာလဲ ဆိုတာကို ထိတ်လန့်ခြောက်ခြားစွာ ကြည့်ရှုရမဲ့ horror thriller ဇာတ်ကားကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ IMDb rating 5.3ရှိပြီးတော့ မထင်မှတ်ထားတဲ့ plot twistတွေက ဇာတ်လမ်းအဆုံးထိ စိတ်ဝင်စားအောင် ဆွဲခေါ်သွားမှာပဲ ဖြစ်ပါတယ်။

Action • Thriller
7.4 2023 96 mins
The Reading
Look Both Ways
6.4

Look Both Ways (2022) ================= IMDb Rating – 6.4/10 ဘဝအတွက် ရေရှည်စီမံကိန်းတွေဆွဲပြီး စနစ်တကျ တည်ဆောက် ထားပေမယ့် ကံကြမ္မာအပြောင်းအလဲတစ်ခုကြောင့် စီမံကိန်းတွေ ပျက်စီးသွားပြီး မထင်မှတ်ထားတဲ့ လမ်းကြောင်းပေါ် ရောက်သွားရတဲ့ အဖြစ်မျိုးက အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်နေပြီးသား ဖြစ်မှာပါ။ ဘဝမျှော်မှန်းချက်တွေအပြည့်နဲ့ နက် ဆိုတဲ့ ကောင်မလေးတစ်ယောက် ကလည်း ဘွဲ့ရရင် အယ်လ်အေမှာ အလုပ်သွားလုပ်မယ်ဆိုပြီး ငါးနှစ်တာ စီမံကိန်းတွေနဲ့ လူငယ်တစ်ယောက်ပါ။ နက် တို့ ဘွဲ့ရတဲ့ ပါတီညမှာ သူငယ်ချင်းဖြစ်သူ ဂေ့ဘ်နဲ့ လူငယ်သဘာဝ ကျူးလွန်မိကြပြီး အကာအကွယ်သုံးကြပေမယ့် မမျှော်လင့်ဘဲ နက် တစ်ယောက် ကိုယ်ဝန်ရှိသွားခဲ့တယ်။ ဗိုက်ထဲမှာ လူမမည်ကလေးလေးတစ်ယောက် ကပ်တွယ်နေပြီဆိုတာ သိလိုက်ရတဲ့ နက် အတွက် သူ့ရဲ့ ငါးနှစ်တာ စီမံကိန်းကို ပစ်ပြီး မိဘတွေ အိမ်ကိုပြန် ဂေ့ဘ်နဲ့တူတူ ကလေးကို စောင့်ရှောက်ဖို့ ကြိုးစားရပါတော့တယ်။ မိခင်တစ်ဖြစ်လဲ နက်ဟာ သူငယ်ချင်းတွေ အယ်လ်အေမှာ အလုပ်လုပ် နေကြတဲ့ ပုံတွေကို မြင်တိုင်း အဲဒီမှာ ရှိနေသင့်တဲ့ သူ့ရဲ့ဘဝနဲ့ လက်ရှိမိခင် ဘဝကို ယှဉ်တွေးကြည့်ပုံတွေကို မြင်တွေ့ရမှာပါ။ တစ်ခါတရံမှာ ဘဝဟာ ကိုယ်ထင်ထားသလို ဖြစ်မလာပေမယ့်လည်း ရတဲ့ဘဝမှာ ဘယ်လို အကောင်းဆုံးကြိုးစားရပ်တည်သင့်လဲဆိုတဲ့ အရာ တွေကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးမို့ လူငယ်ပရိသတ်တွေ အကြိုက် တွေ့ကြမယ်လို့ ထင်ပါတယ်။ Netflix ကနေ အသစ်ထွက်ရှိလာတဲ့ IMDb Rating 6.4/10 ရထားတဲ့ လူငယ်ကိုယ်စားပြုဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နက်အဖြစ် မင်းသမီးချောလေး Lili Reinhartက သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soeမှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ May Thet Khine Soe, Khant Sett Naingတို့ဖြစ်ပါတယ်)

Comedy • Family
6.4 2022
Look Both Ways
No Retreat, No Surrender
5.6

ဒီကားက Old School ကရာတေးကားလေးပါ နာမည်ကြီးမင်းသားကြီးJean-Claude Van Damme လဲပါဝင်ပါတယ် ဇာတ်လမ်းကတော့ ဇာတ်လိုက်က Jason Stillwell လို့ခေါ်တဲ့ Bruce Lee ရူးရူးနေတဲ့ကောင်လေးပါ. Jason တို့ သားအဖနှစ်ယောက်ဟာ LA မှာကရာတေးသင်တန်းဖွင့်ထားရာ တစ်နေ့လူဆိုးအဖွဲ့အစည်းက သူတို့ရဲ့သင်တန်းကိုလာသိမ်းတော့ Seattle ဘက်ကိုရှောင်နေပါတယ် Jason က Seattle မှာ ကရာတေးသင်တန်းကျောင်းတစ်ခုကိုဝင်Joinရမှာ သင်တန်းBully တစ်ချို့နဲ့တွေ့ရတာ အပြင်းအထန်ကြိုးစားပြီးပိုသန်မာလာပါတယ် ထို့နောက် LA မှာသူတို့သင်တန်းကျောင်းကိုသိမ်းသွားတဲ့လူဆိုးဂိုဏ်းနဲ့ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရှုခံစားရမှာပါ 1984 က karate kid လိုမျိုး old school martial art ကားလေးတွေကြိုက်ရင်ဒီကားကိုလဲသဘောကျမှာပါ Fight Choreography တွေလဲတော်တော်ကောင်းပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ ) File Size__(1.9GB) / (1.5GB) Quality__Bluray_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:39:00 Type__Action, Comedy, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Son Gohan Encoded by Naing Aung Latt

Action • Drama • History • War
5.6 1985
No Retreat, No Surrender
Lantrani
5.3

Lantrani (2024) (မြေနိမ့်ရာလှံစိုက်) အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ anthology အမျိုးအစားလို့ပဲပြောရမယ်။ အိန္ဒိယနိုင်ငံအတွင်း မြို့ငယ်လေးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အကြောင်းအရာလေး၃ပုဒ်နဲ့ ဖွဲ့စည်းထားတဲ့ကားလေးပဲဖြစ်ပါတယ်။ မြို့ကြီးပြကြီးနဲ့အလှမ်းဝေးပြီး တော်ရုံဥပဒေမစိုးမိုးနိုင်တဲ့ နယ်မြို့လေးတွေမှာ အရာရာကို ခက်ခက်ခဲခဲနဲ့ကြိုးစားရင်ဆိုင်နေရပြီး လူ့သဘာဝ လူ့ဘောင်အဖွဲ့အစည်းက နှိမ်ကွပ်ပုံတွေ… လောကနိယာမတရားအရအားနည်းသူ ရှုံးတတ်ရပုံတွေကို ဖေါ်ပြထားပါတယ်။ လူရယ်လို့ဖြစ်လာပြီး လောကအလယ်မှာ ရင်ဘောင်တန်းနိုင်ဖို့ လူလူချင်းကိုတောင် လူမဆန်စွာဆက်ဆံကြပုံတွေကိုလည်း သေချာရိုက်ကူးတင်ဆက်ထားပါတယ်နော်။ လူ့အခွင့်အရေးရရှိဖို့အရေး မလျှော့သောဇွဲနဲ့ တွန်းလှန်ကြမယ့် ဒီဇာတ်လမ်းတိုလေးသုံးပုဒ်ကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုလို့ရပါပြီနော်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

5.3 2024
Lantrani
Silence of the Prey
5.5

တစ်ချို့ယုံကြည်မှုတွေကအစွန်းရောက်လွန်းရင် လူ့အသိုင်းအဝိုင်းအတွက်ဘေးဖြစ်စေပါတယ် သူတို့အတွက်အမှန်တရားလို့ထင်နေတာတွေက တကယ်တော့ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းအတွက် ကတော့​စက်ဆုပ်စရာပါ… ဒီဇာတ်ကားလေးမှာတော့ နီနာတို့ဟာအမေတစ်ခု သမီးတစ်ခုဘဝလေးဖြစ်ပြီးတော့ ဘီလာရုစ်မှာ နိုင်ငံရေးကြောင့် အဖမ်းခံရမှာစိုးလို့အမေရိကကို တရားမဝင်ရွှေ့ပြောင်းထွက်ပြေးလာကြတာပါ မယ်ရီဆိုသူရဲ့အချိတ်အဆက်နဲ့ လူသာဆိုတဲ့အဘိုးကြီးဆီမှာ အိမ်အကူလုပ်ပေးဖို့ရောက်လာရာကနေ နီနာတို့သားအမိဟာမထင်မှတ်တာတွေကြုံတွေ့ရပါတော့တယ် အစပိုင်းမှာအဆင်ပြေသလိုထင်ရပေမယ့် မထင်မှတ်ဘဲအန်ဒရက်စ်ဆိုတဲ့သူရောက်လာချိန်မှာတော့ နီနာတစ်ယောက်ဟာသူမထင်မှတ်ထားတဲ့ အမှန်တရားတစ်ခုကိုသိလိုက်ရပါတယ် အဲဒီအလှည့်အပြောင်းမှာနီနာတစ်ယောက်ဘာတွေ ကြုံတွေ့ရမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်ဗျာ… File size…1.31GB / 624MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 37m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

Comedy
5.5 2024 97 mins
Silence of the Prey
Morrison
6.5

Morrison (2024) *************** Morrison သည် ပြင်သစ်နိုင်ငံက ထုတ်လုပ်သူနဲ့ပူးတွဲ တင်ဆက်ရိုက်ကူးထားတဲ့ ထိုင်းရုပ်ရှင်ဖြစ်ပါတယ်… Mystery ဆန်ဆန် ဂီတကို နောက်ခံပြု ရိုက်ကူးတဲ့အပြင် လွန်ခဲ့တဲ့နှစ် ၄၀ ကျော်က ထိုင်းနိုင်ငံရဲ့လူတွေ ဂီတအပေါ်မှာ ဘယ်လိုခံစားကြသလဲဆိုတာကိုပါ ရှုစားရမှာဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း ————– အမေရိကန်အဖေနဲ့ထိုင်းမိခင်မှ မွေးဖွားလာသူ ဂျင်မီ(လတ်)ဟာ ငယ်စဉ်က နာမည်ကြီး အဆိုတော်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အင်ဂျင်နီယာအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သူလည်း ဖြစ်ပါတယ်…သူ့မိခင်ဆုံးပါးသွားချိန်မှာ မွေးရပ်မြေကို ပြန်ပြီး မိခင်ရဲ့နာရေးကို တက်ရောက်ခဲ့ပါတယ်…အဲဒီနောက် သူဟာ ဟိုတယ်အဟောင်းတစ်ခုကို ပြန်လည်မွမ်းမံဖို့ အလုပ်လက်ခံလိုက်ပါတယ်…အဲဒီဟိုတယ်ကို သူရောက်သွားချိန်မှာတော့ ထူးဆန်းလွန်းတဲ့ ခံစားချက်တွေ ဖြစ်လာခဲ့ပါတယ်…ဟိုတယ်ဟာ ဟိုတယ်တစ်ခုရဲ့အင်္ဂါရပ်တွေနဲ့ မပြည့်စုံသလို ဆန်းကြယ်မှုတွေလည်း ပြည့်နှက်နေခဲ့ပါတယ်…ဟိုတယ်ကို မွမ်းမံပေးဖို့လာတဲ့ဂျင်မီ(လတ်)တစ်ယောက် ဟိုတယ်ကို ပြီးစီးအောင် ပြင်ဆင်ပေးနိုင်ပါ့မလား…သူကြုံတွေ့ခံစားနေရတဲ့ ထူးဆန်းအံ့ဖွယ်အဖြစ်အပျက်တွေကရော တကယ်ပဲလားဆိုတာ အဖြေရှာရင်း ခံစားကြည့်ရှုအပန်းဖြေနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအညွှန်းကို Dao Phyo မှရေးသားပေးထားပါတယ် File Size : 1.49GB / 674MB Quality : WEB-DL 1080p /720p Genre : Drama Duration : 1hr 46mins Subtitle : Myanmar Subtitle (Hard Sub) Translated by Dao Phyo Encoded by Heather Oo

Thriller • Drama
6.5 2024 106 mins
Morrison
Happy Life
6.8

Happy Life (2007) ******************* ဒီကိုရီးယားဇာတ်ကားလေးကတော့ Happy Life ဆိုတဲ့ ဇာတ်ကားနာမည်လေးအတိုင်း ဘဝကိုရှင်သန်လာရင်းကနေ ကိုယ့်ဘဝရဲ့ ပျော်ရွှင်မှုကို ရှာဖွေကြတဲ့ အမျိုးသားတစ်စုအကြောင်းကို ဟာသလေးတွေနှောပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ဇာတ်ကားလေးဖြစ်ပါတယ် Cast တွေအနေနဲ့ကတော့ တစ်ခေတ်တစ်ခါက Asia Prince လို့ တင်စားခေါ်ခဲ့ကြတဲ့ မင်းသား Jang Keun Suk က အဓိကပါဝင်ထားပြီး ကေဒရာမာဖန်တွေတိုင်းနဲ့ ရင်းနှီးကြတဲ့ စီနီယာမင်းသားကြီးတွေဖြစ်ကြတဲ့ Jin Young Jung, Kim Sang Ho နဲ့ Kim Yoon Seok တို့ ပါဝင်ထားပါတယ် ဇာတ်လမ်းအကျဉ်း **************** ဂီယောင်း (Jin Young Jung) ကတော့ မကြာသေးမီကမှ အလုပ်ဖြုတ်ခံလိုက်ရပြီး ရှယ်ယာတွေလုပ်ရင်းကနေ အကြွေးပုံကာ မိန်းမရဲ့ဝင်ငွေနဲ့ပဲ ရပ်တည်နေရတဲ့သူဖြစ်တယ် ဟျော့ဆူ (Kim Sang Ho) ကတော့ မိသားစုတွေကို ကနေဒါကို ပို့ပေးထားပြီး ကိုရီးယားနိုင်ငံမှာ တစ်ယောက်တည်းကျန်ရစ်ကာ ကားအဟောင်းရောင်းတဲ့လုပ်ငန်းလုပ်ရင်း မိသားစုကို ထောက်ပံ့နေရသူဖြစ်တယ် ဆောင်းအု (Kim Yoon Seok) ကတော့ နေ့ခင်းမှာဆို ပါဆယ်ပို့တဲ့အလုပ်လုပ်ပြီး ညဆိုရင် အငှားယာဉ်မောင်းလုပ်ရင်း အချိန်တွေကို မိသားစုအတွက်သာ အပြည့်အဝရင်းနှီးမြှုပ်နှံထားသူဖြစ်တယ် သူတို့သုံးယောက်ကတော့ တက္ကသိုလ်တေးဂီတအဖွဲ့ကို အတူတူလုပ်ခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပြီး တစ်ရက်မှာတော့ တေးဂီတထဲက အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တဲ့ တခြားသူငယ်ချင်းတစ်ယောက် မထင်မှတ်ဘဲ သေဆုံးသွားရာကနေ သူတို့သူငယ်ချင်းရဲ့ သားဖြစ်သူ ဟျွန်းဂျွန်း (Jang Keun Suk) နဲ့ ကြုံဆုံဖို့ ဖြစ်လာခဲ့တယ် ဘဝကိုလုံးပန်းနေကြတဲ့ သူငယ်ချင်းတစ်စု ဟျွန်းဂျွန်းနဲ့တွေ့ရာကနေ ငယ်ဘဝကို ပြန်လည်တမ်းတမိကာ ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်လိုပြန်လည် ရှာဖွေသွားကြမလဲဆိုတာ တေးဂီတအဖွဲ့ရဲ့ သီချင်းသီဆိုမှုတွေနဲ့ စီးမြောပြီး ကြည့်လိုက်ကြပါဦးနော် (ဇာတ်လမ်းအညွှန်းကိုတော့ Vanessaက ရေးသားထားပါတယ်) File Size – 2.23 GB/ 991 MB Quality – WEB-DL 1080p/ 720p Duration – 1h 52m Format – mp4 Genre – Family, Music Subtitle – Myanmar Subtitle (Hard Sub) Translated by – Vanessa Encoded by – Treasure Htet

Comedy • Family
6.8 2007 112 mins
Happy Life