YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Till.Death.Do.Us.Part.Directors.Cut.2024.720p.NF.WEB-DL.YK(CM).m4.mp4

491.16 MB 720p video/mp4 442 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Smoking Causes Coughing
6.2

~ IMDb - 6.7/10, RT - 91%, Meta - 74% ~ ဒီတစ်​ခေါက်​တော့ 2022 ကထွက်ရှိထားတဲ့ Smoking Causes Coughing ဆိုတဲ့ ပြင်သစ် ဟာသ Sci-Fi ကား​လေးနဲ့ ပိတ်ရက်​တွေမှာ ရယ်​မောရင်း အ​ပန်း​ဖြေလိုက်ရ​အောင်။ ကမ္ဘာ​​​​မြေကို မိစ္ဆာ​တွေရန်က​နေ ကာကွယ်​ပေး​​နေတဲ့ စူပါဟီးရိုးအဖွဲ့ အဖွဲ့ဖွဲ့စည်းတာ ကြာလာတာနဲ့အမျှ စည်းလုံးမှု​လျော့ဆင်းလာတာ​တွေ​ကြောင့် ​ခေါင်း​ဆောင်က စည်းလုံး​ရေးပို​ကောင်း​အောင် တစ်ပတ်​လောက် အပန်း​ဖြေခရီးပို့လိုက်တဲ့အခါ ခရီးမှာဖြစ်ပျက်တဲ့အရာ​တွေကို ဟာသဆန်ဆန် ရီ​မောရမယ့်ကား​လေးပဲဖြစ်ပါတယ်။ သူတို့အနားယူ​နေတုန်း တဖက်ရန်သူကလည်း ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်တာ​ကြောင့် သူတို့ ကမ္ဘာ​မြေကြီးကို ကယ်တင်နိုင်မလား မကယ်တင်နိုင်ဘူးလား ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမယ့်ကား​လေးပဲဖြစ်ပါတယ်။ Rating ကောင်းတွေရထားတဲ့အပြင် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာလည်း ဝင်ရောက်ပြသထားနိုင်တဲ့ကားဖြစ်လို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 765MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 17Min Genre - Comedy, Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Drama • Thriller
6.2 2022 80 mins
Smoking Causes Coughing
I'm Charlie Walker
7.5

ဖြစ်ရပ်မှန် ဇာတ်လမ်း ဖြစ်တဲ့ ဒီ ဇာတ်လမ်းကတော့ စီးပွားရေး စွန့်ဦးတီထွင်မယ့် လူငယ်‌‌ တွေ ကြည့်သင့်တဲ့ Motivation ရမယ့် drama ဇာတ်ကားကောင်း ဖြစ်ပါတယ် ၁၉၇၁ လူမျိုးရေး တင်းမာမှု လူမျိုးရေး ခွဲခြားမှုတွေ ကြားမှာ ချာလီ ဝေါ်ကာ လို့ ခေါ်တဲ့ လူမည်း အမျိုးသား ကုန်တင်ကားသမားလေးက ရလာတယ့် အခွင့်အရေးကို သုံးပြီး ဘယ်လို လျမ်းသာ အောင် တက်လှမ်းသွားမလဲ အသားအရောင် ခွဲခြားမှုကြောင့် ဘယ်လို အခက်အခဲ ပြဿနာ တွေ ကြုံရမလဲ ရှုပ်ထွေးလွန်းတဲ့ ရေနံသူဋ္ဌေး တွေ ရဲ့ စီးပွားရေးလှည့်ကွက် တွေ နောက်ကျော ဓါးထိုးမှုတွေကို ချာလီ ဘယ်လို ရင်ဆိုင် ဖြေရှင်းသွားမလဲ စီးပွားရေး လုပ်တဲ့ နေရာ မှာ သူများတကာ ထက် ဘယ်လို အကွက် ကြိုမြင်ရသလဲ ဆိုတာ ချာလီ ဝေါ်ကာ ဇာတ်ကား ထဲမှာ အပြည့်အဝ မြင်တွေ့ရမှာပါ ဆင်းရဲသား ချာလီဝေါ်ကာ ဘဝ ကနေ ဆောက်လုပ်ရေး စွန့်ဦးတီထွင် လုပ်ငန်းရှင် ချာလီဝေါ်ကာ ရဲ့ ဘဝ အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာကြောင့် ရသ မျိုးစုံ ခံစားရမှာပါ အဓိက ဇာတ်ဆောင် ချာလီ ဝေါ်ကာ အနေနဲ့လည်း marvel စီးရီး မင်းသား Mike Colter က ပီပြင်အောင် သရုပ်ဆောင်ထားပါသေးတယ် File size…(1.46GB/(765MB)/(427MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Drama / Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kevin

Comedy
7.5 2022 90 mins
I'm Charlie Walker
Hillbilly Elegy
6.8

IMDb...7.0 "လူတစ်ယောက်က သူဘယ်လိုဘ၀မျိုးမှာ  မွေးဖွားလာသလဲဆိုတာကို ပြောင်းလဲလို့မရပေမဲ့ ….. ဘယ်လိုဘ၀မျိုးနဲ့ ဆက်လက်ရှင်သန်မလဲဆိုတာကိုတော့ ရွေးချယ်ခွင့်ရှိတယ်" လို့ J.D ကို သူ့ရဲ့အဘွားက ငယ်ငယ်လေးထဲက ဆုံးမလေ့ရှိပါတယ်.... ဒီဇာတ်ကားထဲမှာ J.D ရဲ့ အဘိုးအဘွားတွေက ခေတ်ပညာတွေတတ်ဖို့ဝေးစွ...ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းလို့တောင် ကင်ပွန်းတပ်လို့မရတဲ့ တောင်ပေါ်ကျေးလက်ဒေသကနေ....မြို့ငယ်လေးကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်.... မိမိကိုယ်တိုင်က စရိုက်ကြမ်းလွန်းတဲ့ အဖေဖြစ်သူနဲ့ နေခဲ့ရတဲ့အတွက်... J.D ရဲ့အမေဖြစ်သူ ဘက်ဗ် ဟာ  J.D တို့မောင်နှမအပေါ်မှာ ပြုစုပျိုးထောင်ပုံတွေ စနစ်မကျခဲ့ပါဘူး... ငယ်ရွယ်ချောမောတဲ့ တစ်ခုလပ်အမျိုးသမီး တစ်ယောက်ဖြစ်တဲ့ ဘက်ဗ် ဟာ...သူ့သားသမီးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့...ယောက်ျားတွေနဲ့ ထည်လဲတွဲပါတယ်....  တစ်ဖက်မှာတော့ J.D အနေနဲ့ သူ့အမေရဲ့ ဒေါသကြီးတဲ့စရိုက်တွေ....ယောက်ျားတွေနဲ့ ရှုပ်တာတွေကို စိတ်ပျက်လာပြီး ဆယ်ကျော်သက်တို့ ထုံးစံအတိုင်း....အပေါင်းအသင်းတွေမှားပြီး ပျက်စီးဖို့လမ်းစပြုလာတဲ့အခါ.....အဘွားဖြစ်သူဟာ သူ့မြေးကို လမ်းမှန်ရောက်အောင် တည့်မတ်ပေးဖို့ ကြိုးစားပါတော့တယ်.... ဒီဇာတ်ကားဟာ အပြင်မှာအမှန်တကယ်ရှိခဲ့တဲ့ မိသားစုတစ်စုရဲ့ အိမ်တွင်းရေးပဋိပက္ခတွေအကြောင်းကို ဒါရိုက်တာ Ron Howard က ပြန်လည်ရိုက်ကူး ထားတာပဲဖြစ်ပါတယ်.... အခြေခံလူတန်းစားဘ၀မှာ မွေးဖွားလာတဲ့ သာမန်ကောင်လေးတစ်ယောက်ကို...ကမ္ဘာမှာ နာမည်ကျော်တဲ့ ရေးလ်တက္ကသိုလ်က  ဥပဒေကျောင်းသားတစ်ယောက် ဖြစ်တဲ့အထိ အနစ်နာခံ မြေတောင်မြှောက်ပေးခဲ့ပုံတွေကို ဇာတ်လမ်းဇာတ်ကွက် ခိုင်ခိုင်မာမာနဲ့ ဖန်တီးတင်ဆက်ထားတဲ့အတွက် ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်ခင်ဗျာ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲ ဖြစ်ပါတယ်… File Size :(2.06 GB) and (1.07GB) Quality :Web-DL 1080P, 720p Format…mp4 Duration…01:56:00 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet Encoded by Phyo Pyae

Drama
6.8 2020 117 mins
Hillbilly Elegy
Mortal Engines
6.2

Mortal engines ဗြိတိသျှစာရေးဆရာ ဖီးလစ်ရိဖ့်ရဲ့ "Mortal engines"ကမ္ဘာသစ်ကနေ ကြိုဆိုပါတယ် "Mortal engines"ဆိုတဲ့ စာအုပ်ဟာ ၂၀၀၁ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး အောင်မြင်ခဲ့တဲ့အတွက် ၄အုပ်တိတိ ထွက်ရှိခဲ့ပါတယ် ပထမဆုံးအနေနဲ့ ၂၀၁၈ခုနှစ်မှာ စာအုပ်ကို အခြေခံပြီး ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့တာပါ ဒီဇာတ်လမ်းကို ဆန်းသစ်တဲ့အတွေးအခေါ် အိုင်ဒီယာတွေနဲ့ ဇာတ်အိမ်ဖွဲ့စည်းတည်ဆောက်ထားပြီး ကမ္ဘာပျက်သွားပြီးတဲ့နောက် လူတွေရဲ့ နေထိုင်ရှင်သန်မှုတွေကို အတွေးစိတ်ကူးကောင်းကောင်းနဲ့ ပရိသတ်ကို တင်ပြထားပါတယ် ၂၁ရာစုကို သိပ္ပံပညာရပ်အထွန်းကားဆုံး ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး အချိန်ကာလအဖြစ် ညွှန်းဆိုထားခဲ့ပြီး အဆုံးစွန်ထိစွမ်းအားကြီးတဲ့ အဖျက်လက်နက်များကို တီထွင်နိုင်ခဲ့ပြီးတဲ့အခါမှာတော့ မိနစ်၆၀ အတွင်းမှာတင် ကမ္ဘာကြီးဟာ အစိတ်အမွှာမွှာဖြစ်သွားခဲ့ရပါတယ် ဇာတ်ကားထဲက အချိန်ကာလမှာတော့ ၂၁ရာစုကလူတွေကို ရှေးဟောင်းလူသားတွေလို့ ပြောဆိုသုံးနှုန်းကြပြီး ပေါင်မုန့်မီးကင်စက်လေးတစ်လုံးဟာ ပြတိုက်ထဲမှာ အမြတ်တနိုး ထားရမယ့် ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်လို့နေပါတယ် မိနစ် ၆၀စစ်ပွဲကြောင့်သာ ကမ္ဘာကြီးဒီလိုဖြစ်ပျက်နေတယ်လို့ နားလည်ကြပြီး ၂၁ရာစု(ရှေးခေတ်)နည်းပညာတွေကို အာသာငမ်းငမ်းပြန်လည်လိုချင်နေကြတဲ့ လူသားတွေအဖြစ် သရုပ်ဖော်ထားပါတယ် ပရိသတ်အခိုင်အမာရရှိထားတဲ့ ရုံတင်ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ဒီကားကို အထူးညွှန်းဆိုစရာမလိုအပ်ဘူးလို့ ထင်ပါတယ်... File Size : (2 GB) , ( 1 GB), ( 444 MB) Quality : BluRay 1080p 5.1 CH , BluRay 720p , BluRay 480p Running Time :2hr 08 min Format : Mp4 Genre : Action , Adventure , Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Mg King & Aye Mon Kyaw Encoded by Moe Myint Lwin

Comedy
6.2 2018 129 mins
Mortal Engines
Mayberry Man
5.9

Mayberry Man (2021) ================= IMDb Rating – 5.9/10 1960 တုန်းက နာမည်ကြီးခဲ့တဲ့ အမေရိကန် sitcom comedy ဇာတ်လမ်းတွဲ “The Andy Griffith Show” ကို အမှတ်တရဖြစ်အောင် မတူတဲ့ ဇာတ်လမ်း ဇာတ်အိမ်နဲ့ ပြန်လည်အသက်သွင်းပုံဖော်ပေးထားတဲ့ကားလေးဖြစ်တယ်။ ခရစ်စတုန်းဆိုတဲ့ နာမည်ကြီး ဟောလိဝုဒ်မင်းသားတစ်ယောက်က ကားအရှိန် အမြှင့်မောင်းနှင်မှုနဲ့ တရားရင်ဆိုင်နေရတယ်။ တရားသူကြီးကလည်း မင်းသားရဲ့ အဖေဖြစ်သူ ဝေါလ်တာ စတုန်းရဲ့ အမာခံပရိတ်ဖြစ်တဲ့အတွက်ကြောင့် ခရစ်စတုန်း ကို ဒဏ်ငွေမဆောင်ခိုင်းဘဲ သူ့အဖေ ပါဝင်သရုပ်ဆောင်ဖူးတဲ့ “The Andy Griffith Show” ထဲက ဇာတ်အိမ်တည်ထားရာ မြို့လေးဖြစ်တဲ့ မေဘယ်ရီမြို့လေးမှာ တစ်ပတ် သွားနေဖို့ ပြစ်ဒဏ်ပေးလိုက်တယ်။ မသွားချင်သွားချင်နဲ့ မေဘယ်ရီ့မြို့ကို ရောက်သွားတဲ့ ခရစ်စတုန်း တစ်ယောက် သူတစ်ခါမှ မကြုံဖူးတဲ့ ပျော်ရွှင်မှု ရင်းနှီးမှု ကြင်နာစိတ် အပြည့်ရှိတဲ့လူတွေနဲ့တွေ့လိုက် ရတဲ့အကြောင်းကို ဇာတ်လမ်းပြီးသည်အထိ ရယ်မောကြည်နူးရင်း ကြည့်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.43 GB) / (707 MB) / (476 MB) Quality…………WebRip 1080p / 720p / 480P Duration………1Hr 45mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Khant Sett Naing Encoder……….SWM

Horror • Science Fiction
5.9 2021 98 mins
Mayberry Man
Suzhou River
7.4

Suzhou River (2000) ———————– Directed by Lou Ye အဖြူစွတ်စွတ်တွေ… အလွမ်းပြာပြာတွေ… အမှီသဟဲတွေ… ဒိုက်သရိုက်တွေ… မုသားတွေ… ဝေးလွင့်ကင်းကွာခြင်းတွေ… ဒဏ္ဍာရီတွေ… မြစ်တစ်စင်းဟာ သိမ်ဆည်းထားတယ်။ အသစ်တွေ ဘယ်လိုပဲ ကမ်းကုန်အောင်ခြယ်သပါစေ လမ်းဆုံအောင်ဆယ်မရပါတဲ့ မြစ်တစ်စင်းရဲ့ ရပ်ဝန်းက အဟောင်းတွေ ။ မြစ်တစ်စင်းပေါ် စီးဆင်းနေတဲ့ အတိတ်အက်ကြောင်း နေ့ရက်ဟောင်းတွေကို ဘယ်လိုမှော်ဆေးနဲ့ ဖာထေးမလဲ။ ဒီအိပ်မက်တွေ လွမ်းသူပျိုု့မစပ်ချင်တော့လည်း ဒီမြစ်ကြီးကို မီးတင်ရှို့လို့မှမရနိုင်ခဲ့။ ဆူကျိုးတံတားထက် လက်ပိုက်ရင်းလျှောက်လာတဲ့ သူမရဲ့ ပုံရိပ်တွေ။ ရပ်တန့်ရင်းစောင့်လည်း အဖတ်ဆည်မရတော့ပါတဲ့ ဒဏ္ဍာရီအပျက်တွေ။ ပြောကြတယ် ဒီမြစ်ကြီးထဲမှာ ရေသူမတစ်ကောင်ရှိသတဲ့။ ကျွန်တော်မယုံခဲ့ပါဘူး။ လူတွေပြောနေကျ ယုံတမ်းစကားတွေဟာ ဖြေရှင်းမဆုံးနိုင်အောင် မကုန်မခန်းနိုင်တွေပဲမို့လား။ သူမနဲ့ပထမဆုံးတွေ့တော့ ဘာရယ်ဘာကြောင့်မသိ အဲဒီယုံတမ်းစကားကို ကျွန်တော်ယုံခဲ့ရတယ်။ သူမဟာ ရေသူမလေးတစ်ကောင်ပါပဲ။ သူမဟာ ရေသူမပါလို့ ဘာအတွက်ဘာကြောင့် ကျွန်တော်ယုံစားခဲ့မိလဲတော့ မသေချာပါဘူးပေါ့။ ချစ်ခြင်းဟာ ဒီလိုပဲမို့လား။ အကျိုးလည်းမသိ အကြောင်းလည်းမသိ အဆိုးလည်းမရှိ အပြောင်းလဲမရှိ။ သူ့မျက်ဝန်းတွေ ကောက်ကာငင်ကာကြီး ညှိုးကျသလို သူ့နှုတ်ခမ်းတွေ ကောက်ကာငင်ကာကြီး ပြုံးပြသလို ရေသူမလေးတစ်ကောင်ဟာ ကျွန်တော့်ဘဝထဲ ဗိန်းဗောင်းဆင့် ရောက်ချလာခဲ့တယ်။ ဒီလိုပါပဲ မနက်မိုးလင်းပေါက်လို့ လူပျင်းတစ်ကောင်ကျောခင်းလောက်ပြီဆို အဲဒီရေသူမကလေးဟာ ဆိုင်းမဆင့်ဗုံမဆင့် ထွက်သွားတတ်တယ်။ အဲဒီရဲ့နေ့တွေဆို မြစ်ခင်းတံတားလေးတစ်စင်းပေါ် သူလက်ပိုက်လို့လျှောက်မလာခင်အထိ ပြတင်းပေါက်နံပါးကနေ ရပ်စောင့်လို့ ကျွန်တော်မျှော်နေတတ်တယ်။ တစ်ခါတလေကျ အဲဒီရေသူမလေးက ကျွန်တော့်ကို အသစ်မဟုတ်တော့တဲ့ ဆူကျိုးမြစ်ရဲ့ ဒဏ္ဍာရီတစ်ပုဒ်ကို ပြောပြတတ်တယ်။ ဟိုးတမျှော်တခေါ် တံတားပေါ်က ခုန်ချသွားတဲ့ကောင်မလေးတစ်ယောက်ကို ရွာရိုးကိုးပေါက် အရှာမဆုံးခဲ့တဲ့ မာဒါလို့ခေါ်တဲ့ လူတစ်ယောက်အကြောင်းပေါ့။ သူပျောက်သွားခဲ့ရင် ကျွန်တော်လည်း သူ့လို ရှာပုံတော်ဖွင့်မလား မေးတော့ ကျွန်တော်လည်း ဘူမသိကိုးမသိ ခေါင်းညိတ်ခဲ့ရတယ်။ အဲဒီနေ့ကစ အိမ်ဝင်းတံခါးအပျက်ကနေ သူကျောခိုင်းလို့ထွက်သွားတိုင်း ဒီနေ့ဟာ သူမကိုမြင်ရတဲ့ နောက်ဆုံးနေ့များဖြစ်နေမလားဆိုတဲ့စိုးစိတ်နဲ့ တိုးတိတ်စိုးထိတ်ခဲ့ရတာပါပဲ။ သာမန်ညနေတစ်ခုရဲ့ သာမန်တိမ်တွေအောက်မှာ သာမန်မဟုတ်တော့တာကတော့ ပိုက်ထားတဲ့လက်ကလေးတွေရဲ့ လမ်းကူးဖို့အပြင်ကို ကျွန်တော် မဖူးမမြင်ရတော့တာပါပဲ။ သာမန်လိုပါပဲ။ ဆူကျိုးမြစ်ကနေ ပင်လယ်ပြင်အထိ ဘောလောမျောရင်း အရှေ့အရပ်ကနေ နေဝန်းထွက်လာလိမ့်မယ်။ မြစ်ရေက ကြည်လင်အေးမြလို့ ငါးတွေ တဖွေးဖွေးလှနေလိမ့်မယ်။ မာဒါက သူ့ကောင်မလေးကို ရှာပုံတော်ဖွင့်သလို သူပုန်းကွယ်ရာအရပ်ကို ကျွန်တော်ရှာမယ်။ ညနေဆို သူလက်ကလေးပိုက်လို့ မြစ်ခင်းတံတားလေးထက်ဆိုက်လာချိန်ကို ကျွန်တော်စောင့်မယ်။ ဒီလိုသာလုပ်ဖြစ်ခဲ့ရင် ကျွန်တော်တို့ရဲ့ အချစ်ဇာတ်လမ်းကလေးက ဆက်လျက်ဖူးပွင့်နေမှာပဲ။ ဒါပေမဲ့လည်း ကျွန်တော် အဲဒီရေသူမလေးကို မရှာဖြစ်ခဲ့ပါဘူး။ ထာဝစဉ်မြဲတဲ့တရားဆို ဒီကမ္ဘာမှာ ဘယ်ရှိလို့တုန်း။ အရက်နောက်တစ်ခွက်သောက်ရင်း မျက်လုံးတွေမှိတ်ရင်း နောက်ထပ် အချစ်တစ်ပွင့် ပွင့်လို့လာမှာကိုပဲ ကျွန်တော် စောင့်စားနေလိုက်တော့တယ်…. ဆူကျိုးမြစ်ရုပ်ရှင်ဟာ တရုတ်ပြည်မရုပ်ရှင်ရဲ့ ခြောက်ဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက နာမည်ကျော်တစ်ယောက်ဖြစ်တဲ့ လုရီရဲ့ နာမည်အကျော်ဆုံး ရုပ်ရှင်ပါပဲ။ သူဟာ ဆင်ဆာကြမ်းတဲ့ တရုတ်အစိုးရရဲ့ ဘန်းတာကို ပထမကားနဲ့တင်ခံခဲ့ရတဲ့သူဖြစ်ပြီး ဒီဒုတိယရုပ်ရှင်ကိုလည်း တရုတ်အစိုးရ ခွင့်ပြုချက် မရှိဘဲ ရုပ်ရှင်ပွဲတော်တစ်ခုမှာပြခဲ့လို့ ၂နှစ်အဘန်းခံခဲ့ရပါတယ်။ တန်ပါတယ် ဆုတော့ရခဲ့ပါတယ်။ သူ့တင်ပြပုံနဲ့ အပေါက်အလမ်းမတည့်တဲ့ တရုတ်အစိုးရ ဘန်းတာကို ခဏခဏခံခဲ့ရပေမဲ့ လုရီဟာ နိုင်ငံတကာအသိအမှတ်ပြုခံရတဲ့ ဒါရိုက်တာတစ်ယောက်တော့ဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကို မြစ်ကမ်းဘေးက ဂိုဒေါင်တွေ ဘာတွေလို အဟောင်းအနွမ်းနေရာတွေမှာပဲရိုက်ထားပြီး တိုးတက်နေတဲ့ အသစ်အသစ်သောပုံရိပ်တွေကို မသုံးထားခဲ့ပါဘူး။ သူဟာ ဟောင်ကောင်ဒါရိုက်တာ ဝေါင်ကာဝေးရဲ့ လွှမ်းမိုးမှုတစ်ပိုင်းတစ်စရှိနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်လို့ ဆိုကြသလို ဒီရုပ်ရှင်ကနေလည်း ခပ်ဆင်ဆင်အရသာလေးရပါတယ်။ ထူးတာကတော့ အဓိကဇာတ်ကောင်လို့လည်း ပြောလို့ရတဲ့ Narratorကို လူလည်းမပြထားသလို Creditလည်းမပေးထားဘဲ ကိုယ်က အဲဒီလူလို ဝင်ခံစားလို့ရအောင် သူမြင်ရတဲ့ပုံစံကနေ ပြသွားတာကလည်း ဒီရုပ်ရှင်ကို ကျွန်တော်တို့နဲ့ ပိုနီးစပ်သွားစေတဲ့ တစ်ချက်ပဲလို့ထင်ပါတယ်။ နောက်နီးစပ်စေတဲ့အချက်ကတော့ အချစ်နဲ့မြစ်ပေါ့။ မြစ်တစ်မြစ်မှာ ရေနှစ်ခါချိုးမရနိုင်ဘူးလို့ ဘယ်လိုပဲဆိုဆို ကျွန်တော်တို့စိတ်တွေကတော့ ဘယ်သောအခါမှ သစ်မလာနိုင်ဘူးမလား။ စိတ်သစ်လူသစ်ဆိုတာ ပုံပြင်ဟောင်းတွေပဲမို့လား။ ဆူကျိုးမြစ်ရုပ်ရှင်ဟာ လူအဟောင်း စိတ်အဟောင်းတွေကို မြစ်အဟောင်းထဲက ရပ်ဝန်းအဟောင်းကိုခေါ်သွားပြီး အဖြစ်ဟောင်းတွေနဲ့ ခင်ဗျားရဲ့မသိစိတ်ထဲက အဟောင်းတွေကို ပြန်တူးဖော်ပေးမယ့်ရုပ်ရှင်ပါပဲ။ အောက်ဖော်ပြပါကတော့ ခင်ဗျားစိတ်ပါရင် တွဲဖက်ခံစားလို့ရမယ့် သီချင်းဟောင်းလေးပေါ့။ ” တစ်ညမက နှစ်ညမက တစ်ညတစ်ည မင်းခွင့်ပြုသလောက်နဲ့ မင်းလင်းလက်သရွေ့ ငါငြိမ်သက်မြဲပါ ” – ခင်ဝမ်း ( မြစ် ) ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(3.5GB) / (1.22GB) Quality__BluRay_1080p, 720p IMDb Rating__7.4/10 Format__mp4 Duration__01:30:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama • Western
7.4 2000 83 mins
Suzhou River
White Blood
6

ဒီဇာတ်ကားလေးကတော့ မင်းသားမင်းသမီးလင်မယားနှစ်ယောက်တည်းနဲ့ တစ်ကားလုံးပြီးသွားတာဖြစ်ပြီး လွယ်မလိုလိုနဲ့ခက် ရိုးရှင်းမလိုလိုနဲ့ရှုပ် ထွေးပါတယ်။ဒီဇာတ်ကားလေးရဲ့နာမည်ကတော့ White Blood ဖြစ်ပြီး လက်ရှိ IMDb Rating 6.0 ရရှိထားပြီး အက်ကြောင်းထပ်နေတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကိုရိုးအီနေတဲ့လူတွေအတွက် ဦးနှောက်စားပြီး ကြည့်ရမဲ့ ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ မာ့ခ်နဲ့ဘက်တီတို့လင်မယားကဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်တွေဖြစ်ပြီး ကံဆိုးစွာနဲ့ပဲ ဘက်တီက ကင်ဆာရောဂါဝေဒနာကိုခံစားနေရပါတယ်။ ဒီကြားထဲ ကင်ဆာနဲ့တင်မလုံလောက်သေးလို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ လို့ဆိုပြီးအသည်းအသန်တွေဖြစ်လို့ ဆေးရုံကတက်ခဲ့ရပါသေးတယ်။ဒီလိုနဲ့ ဆေးရုံကဆင်းပြီးနောက်မှာ လင်မယားနှစ်ယောက်သားကျေးလက်ဘက်မှာရှိတဲ့ အိမ်လေးတစ်လုံးမှာသွားအနားယူခဲ့ကြပါတော့တယ်။ဒါပေမယ့် အဲ့ဒီကိုရောက်ပြီး သိပ်မကြာခင်မှာပဲသူတို့နှစ်ယောက်ကြားမှာ ပြဿနာတွေတစ်ခုပြီးတစ်ခု ဖြစ်လာပြီး အရမ်းချစ်ကြတဲ့လင်မယားနှစ်ယောက်ကြားမှာပဋိပက္ခတွေ ဖြစ်လာကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုစိတ်ကူးယဉ်ဆန်ဆန် ဒရာမာဆန်ဆန်နဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်.. File size…1.25 GB / 836 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 23m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

TV Movie • Drama • Romance • Family
6 2023
White Blood
The Book of Solutions (Le Livre Des Solutions)
6.3

ဒီရုပ်ရှင်လေးက IMDb 6.3 နဲ့ Meta score 65 ရရှိထားတဲ့ ပြင်သစ် ကော်မဒီ ဒရာမာရုပ်ရှင်လေးပါ။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် မက် သူ့ရဲ့ရိုက်ကူးရေးအဖွဲ့လေးနဲ့ ရုပ်ရှင်တစ်ကားကို ရိုက်ကူးနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့ထုတ်လုပ်ရေးကုမ္ပဏီက သူဌေးတွေက မက်ရဲ့ရုပ်ရှင်ကို လက်လွှတ်ဖို့ကြိုးစားနေကြတဲ့အခါမှာတော့ မက် ဟာ သူ့ရဲ့မပြီးပြတ်‌သေးတဲ့ရုပ်ရှင်ကို မပြီးပြီးအောင်ရိုက်ဖို့အတွက် သူအားကိုးအားထားပြုရတဲ့ အဖွဲ့လေးနဲ့အတူ မြို့ပြနဲ့ဝေးကွာတဲ့နေရာက မြို့ငယ်လေးမှာရှိတဲ့ အဒေါ်ဖြစ်သူ ဒနိစ်ရဲ့အိမ်ကို ရောက်ချလာပါတယ်။ မက်ရဲ့အဖွဲ့ထဲမှာ တည်းဖြတ်သူ၊ လက်ထောက်၊ ပရိုဂျူဆာတွေဖြစ်တဲ့ ရှားလက်နဲ့ ဆီဗီယာဆိုတဲ့ အမျိုးသမီးနှစ်ဦးရယ် ကာလို့စ်ဆိုတဲ့ အမျိုးသားတစ်ဦးရယ်ပါလာပါတယ်။ မက်ဟာ စိတ်ကစဉ့်ကလျားရောဂါကိုခံစားနေရပြီး ဒီဝေဒနာကို ဖုံးဖိထားဖို့အတွက် ဆေးသောက်နေရတဲ့သူတစ်ဦးပါ။ မက်ဟာ ရုပ်ရှင်ကိုအပြီးသတ်ရိုက်ကူးဖို့ အနုပညာပြဿနာတွေရှိသလို တစ်ဖက်မှာလည်း စိတ်က ထထဖောက်တတ်ပြီး တစ်ခါတလေ မဆင်မခြင် လုပ်ချင်ရာတွေလုပ် ပြောချင်ရာတွေပြောနေတတ်ပြီး စိတ်ကူးကမ္ဘာနဲ့ လက်တွေ့ဘ၀ မကွဲပြားဘဲလည်း ဖြစ်နေတတ်ပါတယ်။ ဒီရုပ်ရှင်လေးက ရိုးရိုးရှင်းရှင်းပါပဲ။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေတဲ့ ဒါရိုက်တာတစ်ယောက်နဲ့ သူ့ရုပ်ရှင်ကို ပြီးပြတ်အောင်ရိုက်ကူးပေးဖို့ သူ့ရဲ့တဇွတ်ထိုးအပြုအမူတွေ၊ ရူးကြောင်ကြောင်စိတ်ကူးတွေကို အဒေါ်ဖြစ်သူရဲ့အိမ်မှာ အတူသည်းခံပြီးလိုက်နေပေးရင်း ဒုက္ခခံအကောင်အထည်ဖော်ပေးတဲ့ သူ့ရဲ့ရုပ်ရှင်အဖွဲ့လေးအကြောင်းကိုပဲ ရိုက်ပြထားတာပါ။ ဒီရုပ်ရှင်ဟာ နာမည်ကြီးရုပ်ရှင်တွေဖြစ်တဲ့ Eternal sunshine of spotless mind တို့ The science of sleep တို့လို နာမည်ကြီးရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး Michel Gondry ရဲ့လက်ရာဖြစ်တာကြောင့် နာမည်ကြီးဒါရိုက်တာကြီးတစ်ယောက် ပုံဖော်ဖန်တီးထားတဲ့ ဒါရိုက်တာတစ်ယောက်အကြောင်းကို မြည်းစမ်းကြည့်ရှုလိုက်ကြပါဦး။ File size…(2.3 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Drama • Action
6.3 2023 102 mins
The Book of Solutions (Le Livre Des Solutions)
War of the Worlds
6.5

War of the Worlds (2005) IMDb Rating (6.5) / Rotten Tomatoes (76%) ဒီဇာတ်ကားက ဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ရာဖြစ်ပြီး မင်းသား Tom Cruise , မင်းသမီး Dakota Fanning က ကလေးသရုပ်ဆောင်တို့အဖြစ် အဓိကပါဝင်ထားပါတယ်။ နာမည်ကြီး ဂန္တဝင်စာရေးဆရာ H.G Wells ရဲ့ Science fiction ဝတ္ထုဖြစ်တဲ့ ” War of the Worlds ” ကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… ရေးဖာရာက သင်္ဘောကျင်းမှာ ကုန်တင်ကုန်ချလုပ်တဲ့ ကရိန်းအော်ပရေတာတစ်ယောက်။ သမီးတစ်ယောက် သားတစ်ယောက်ရှိပေမဲ့ ဇနီးဖြစ်သူနဲ့အိမ်ထောင်ကွဲနေတာကြောင့် သူနဲ့အတူမနေကြပါဘူး။ တစ်ရက် ဇနီးဖြစ်သူက သူ့ရဲ့နောက်ယောကျ်ားနဲ့အတူ ဘော်စတွန်မှာရှိတဲ့မိခင်ဖြစ်သူဆီသွားမှာမို့ ရေးဆီကို ရက်ပိုင်းလောက်နေဖို့ သားနဲ့သမီးကို လာပို့သွားပါတယ်။ သားဖြစ်သူက ဆယ်ကျော်သက်ဆိုတော့ ရေးနဲ့မတည့်ပေမဲ့ ဉာဏ်ကောင်းတဲ့သမီးငယ်လေးကတော့ အဖေကိုချစ်ရှာပါတယ်။ အဲ့လိုနေနေကြတုန်းမှာပဲ ရေးတို့သားအဖတွေနေတဲ့နေရာမှာ လျှပ်စီးမုန်တိုင်းတွေတိုက် မိုးကြိုးတွေတရပ်စပ်ပစ်ပါတော့တယ်။ အကုန်ငြိမ်သွားတဲ့အချိန် မြေကြီးမှာ အက်ကြောင်းရာကြီးဖြစ်ပြီး ဘာမှန်းမသိတဲ့အရာကြီးတွေပေါ်လာပါတယ်…. ကမ္ဘာကြီးက မသိပေမယ့် ကမ္ဘာကြီးကို စောင့်ကြည့်နေတဲ့တခြားကမ္ဘာက ဂြိုလ်သားတွေရှိနေပါတယ်… သူတို့ဟာ အချိန်အခါသင့်ချိန်မှာ ကမ္ဘာကြီးပေါ်ကို ရောက်ရှိလာပြီး အရာအားလုံးကို ထင်ရာစိုင်း ဖျက်စီးဖို့ ကြိုးစားပါတော့တယ်…. ဒီလိုကပ်ဘေးဆိုက်ချိန်မှာပဲ ရေးတို့မိသားစုရဲ့ မေတ္တာတရားဆက်နွယ်မှုတွေနဲ့ လူသားတွေရဲ့ အသက်ရှင်လွတ်မြောက်ရေး ကြိုးစားကြပုံတွေကို သည်းထိတ်ရင်ဖိုကြည့်ရမယ့်ဇာတ်လမ်းပါ။ သေရေးရှင်ရေးကြုံဆုံလာရချိန်မှာ မိသားစုတွေကြားကချစ်ခြင်းတွေ လူသားတွေရဲ့ လုံ့လဝီရိယတွေကို ပုံဖော်ရိုက်ကူးထားပါတယ်။

6.5 2005
War of the Worlds
Left Behind

Left Behind (2014) မင်းသားကြီး Nicolas Cage ရဲ့ 2014 ခုနှစ်တုန်းကထွက်ရှိထားတဲ့ Sci-Fi ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ရေးစတီးလ်လို့ခေါ်တဲ့လေယာဉ်မှူးတစ်ဦးရဲ့ မိသားစုအရှုပ်အထွေးတွေနဲ့ ခရစ်ယာန်ဘာသာထဲမှာပါတဲ့ Rapture (ချီဆောင်ခြင်း) အကြောင်းကို ရောယှက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ရေးစတီးလ်ဆိုတဲ့လေယာဉ်မှူးမှာ မိသားစုဝင်လေးယောက်ရှိပါတယ်။ သူကိုယ်တိုင်နဲ့ သမီးဖြစ်သူဟာ ဘာသာမဲ့ဝါဒီဘက်ကို အားသန်ပြီး အမေနဲ့ သားဖြစ်သူကတော့ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကြပါတယ်။ ခံယူချက်တွေမတူတဲ့အတွက် ရေးနဲ့ သူ့သမီးက မိခင်ဖြစ်သူ သမ္မာကျမ်းစာထဲမှာပါတဲ့အကြောင်းတွေကို ပြောပြတိုင်း အငြင်းအခုန်ဖြစ်လေ့ရှိပါတယ်။ ကြာလာတော့ ရေးကော သူ့သမီးကောက အိမ်သိပ်မကပ်တော့ဘဲ ရေးဟာအပျော်အပါးပဲလိုက်စားလာပါတော့တယ်။ တစ်ရက်မှာ ရေးကသူမွေးနေ့ဖြစ်ရဲ့နဲ့ အိမ်မှာမိသားစုနဲ့မနေဘဲ အလုပ်ကိုအကြောင်းပြပြီး ခရီးစဉ်တစ်ခုလိုက်ရင်းပျော်ပါးဖို့စီစဉ်ပါတယ်။ ရေးရဲ့ လေယာဉ်မထွက်ခင်မှာ သမီးဖြစ်သူက ဖအေရဲ့မွေနေ့အတွက် စပရိုက်လုပ်ဖို့ တကူးတကလေယာဉ်ကွင်းမှာလာစောင့်နေတာကိုတောင် မုသားနဲ့အချိုသပ်ပြီး လေယာဉ်မောင်းထွက်သွားခဲ့ပါတယ်။ ဖအေ မအေနဲ့ သမီးဖြစ်သူကြား ဒွိဟဖြစ်ဖွယ်တွေများနေတဲ့အချိန်မှာ ရုတ်ချည်းဆိုသလို ကမ္ဘာတစ်ဝှမ်း မဖြစ်နိုင်ဖွယ်ကိစ္စတွေ ဖြစ်သွားခဲ့ပါတယ်။ အဲဒါကတော့ လူတွေရုတ်ချည်းဆိုသလို ထပျောက်သွားတာပါပဲ။ သာမန်ဖြစ်ရပ်တွေနဲ့ မတူဘဲ အံ့ဩဖို့ကောင်းတာကတော့ပျောက်သွားတဲ့လူတွေဟာ လူခန္ဓာချည်းပျောက်သွားပြီးတော့ သူတို့ရဲ့အဝတ်အစားတွေကျန်နေခဲ့တာပါပဲ။ ဒီလိုပျောက်ခြင်းမဆုံး ပျောက်ခြင်းတွေဖြစ်ပြီးနောက်ပိုင်း နေရာတစ်ဝှမ်းမှာ မတော်တဆမှုတွေဖြစ် အုတ်​အော်သောင်းနင်တွေ စပြီးဖြစ်လာပါတော့တယ်။ ~ ချီဆောင်ခြင်းအကျဉ်း ~ ခရစ်ယာန်တွေရဲ့ Holy Bible လို့ခေါ်တဲ့ သမ္မာကျမ်းစာအုပ်ရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းမှာ “Rapture” လို့ခေါ်တဲ့ ချီဆောင်ခြင်းဆိုတာရှိပါတယ်။ ချုံ့ပြောရရင်တော့ AD ခုနှစ် ၃၃ ခုနှစ်ဝန်းကျင် သခင်ယေရှုက ကောင်းကင်နိုင်ငံတော်ကို မပြန်ခင်မှာ ကမ္ဘာပေါ်ကို နောက်တစ်ကြိမ်ပြန်ကြွလာမယ်လို့ ပြောသွားပါတယ်။ ကျမ်းစာအတော့ သခင်ယေရှုကမ္ဘာပေါ်ကို ပြန်မကြွလာခင်မှာ ဒီရုပ်ရှင်ထဲက Rapture ဆိုတဲ့ဖြစ်စဉ်ကြီးကဖြစ်လာမှာပါ။ ကျမ်းစာထဲမှာ Rapture ဖြစ်မယ့်အချိန်ကို ကျွန်တော်တို့ အခုလက်ရှိသုံးနေတဲ့ ခရစ်သက္ကရာဇ်နဲ့အတိအကျ​တော့ မဖော်ပြထားပေမဲ့ Rapture မဖြစ်လာခင်မှာဖြစ်လာမယ့်နိမိတ်တွေကို ဟောကိန်းထုတ်ထားတာတွေရှိပါတယ်။ Covid လို ကာလနာကပ်ဆိုးတွေ၊ ကမ္ဘာပျက်ကပ်နီးကြောင်းပြနေတဲ့ ရာသီဥတုနဲ့ ပတ်ဝန်းကျင် ပျက်ကပ်တွေပါသလို အမေရိကန်နဲ့ ရုရှားတို့ တစ်ချိန်မှာ ရန်ဘက်ဖြစ်ပြီး သူတို့ရဲ့မဟာမိတ်တွေအချင်းချင်းနဲ့ ကမ္ဘာစစ်ဖြစ်လာမယ်ဆိုတဲ့အကြောင်းအပြင် တခြားကြောင်းတွေကိုပါ သမ္မာကျမ်းစာစတင်ပြုစုခြင်းခံရတဲ့အချိန်ကတည်းက ဟောကိန်းထုတ်ထားခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 1GB Quality – 1080p, 720p Format – mp4 Duration – 1H 50Min Genre – Action, Fantasy, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

0 2014 110 mins
Left Behind
From Italy with Amore
5.8

Romanceကားကြည့်ချင်သူတွေအတွက်လာပါပြီ။ IMDb 5.8/10ရထားပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ့် romance, comedyဇာတ်ကားလေးပါ။ ဇာတ်လမ်းအညွှန်းကတော့ အေရီရယ်ဟာ သူမရဲ့ဘဝကို သူစိတ်ကူးထားသလိုပြည့်စုံတဲ့သူ‌တစ်ယောက်နဲ့ အတူတူကုန်ဆုံးချင်နေတာပါ။ တစ်ရက်မှာတော့ စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လည်စာစားနေတုန်း သူမစိတ်ကူးထားတဲ့အတိုင်းအားလုံးတူပြီး ပြည့်စုံနေတဲ့သူတစ်ယောက်ကို မတော်တဆတွေ့လိုက်ရပါတယ်။ အဲဒီမှာ သူမလဲတစ်ခါတည်းကြွေသွားပြီး ဇာတ်လမ်းစဖို့ကြိုးစားတာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ စကားပြောနေတုန်းဟိုဖက်ကအလုပ်ကိစ္စကြောင့်ပြန်သွားပါတယ်။ အဲဒီနေ့ကစပြီး ဒီဆိုင်မှာပဲပြန်တွေ့မလားဆိုပြီး အေရီရယ်ကနေ့တိုင်းကိုသွားစောင့်နေပါတော့တယ်။ အဲဒီလိုနဲ့ နေ့တိုင်းသွားစောင့်ရာကနေ စားသောက်ဆိုင်ပိုင်ရှင်ဒန်နီရယ်နဲ့ တဖြည်းဖြည်းသံယောဇဉ်တွယ်သွားကာ ဘာတွေဖြစ်သွားမလဲ? သူမစောင့်နေတဲ့သူနဲ့ရောဘယ်တော့မှပြန်တွေ့မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:24:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro

Science Fiction • Action • Adventure • Animation
5.8 2022 85 mins
From Italy with Amore
Haunted Universities 3
6.1

Haunted Universities 3 (2024) IMDb Rating (6.1) Haunted Universities 1 နဲ့ 2 ထွက်အပြီး အခုဆိုရင် နံပါတ်3ကားထပ်မံထွက်ရှိလို့လာပါပြီ။ ဒီဇာတ်လမ်းရဲ့ ထုံးစံအတိုင်းပါပဲ တက္ကသိုလ်တွေတိုင်းမှာ ရှိတတ်တဲ့ ကြောက်မက်ဖွယ်ရာ သရဲဇာတ်လမ်းတွေထဲကနေ ကောင်းနိုးရာရာ ဇာတ်လမ်း၃ခုကို ရွေးချယ်ပြီးတော့ တင်ဆက်ပေးထားပါတယ်။ *ပထမဇာတ်လမ်းအနေနဲ့ ပညာသင်ဆုတစ်ဆုပဲပေးမယ့်ဟာကို လူက နှစ်ယောက်ဖြစ်နေတော့ သူငယ်ချင်းနှစ်ယောက် အတွဲတွေအတွက် ဆုတောင်းပြည့်တယ်ဆိုတဲ့ နေရာကို သွားဆုတောင်းရင်း ဘယ်လိုဂြိုဟ်ဆိုးတွေ ဝင်လာမလဲ …* **ဒုတိယဇာတ်လမ်းအနေနဲ့ကတော့ ကျောင်းမှာ လူသစ်တွေအတွက် စောင့်ရှောက်သူဆိုပြီး လူဟောင်းတွေကို ပြန်လုပ်ခိုင်းရာကနေ ကျောင်းမှာ လူသစ်တွေကို အနိုင်ကျင့်လွန်ပြီးတော့ သူ့ကိုသူ အပြစ်လွတ်အောင် သတ်သေသွားတဲ့ စီနီယာကြီးရဲ့ ဝိညာဉ်နဲ့ ဘယ်လိုတွေ စခန်းသွားကြမလဲ …** ***နောက်ဆုံးတစ်ပုဒ်အနေနဲ့ကတော့ မမြင်နိုင်တဲ့နတ်ကွန်းလို့ နာမည်ပေးထားခံရတဲ့ နတ်ကွန်းတစ်ခု၊ အဲဒီနတ်ကွန်းဆီကနေ ပန်းကုံးကို ယူလိုက်မိရာကနေ ဘယ်လိုတွေ ပြဿနာတက်ကြမလဲ …*** အစရှိတဲ့ ဇာတ်လမ်း ၃ပုဒ်ကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Char Ou, Mary Christ ဖြစ်ပါတယ်။) File size…(2.4 GB) / (970 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Horror Duration….02:00:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Char Ou, Mary Christ

Drama
6.1 2024
Haunted Universities 3
SpongeBob Squarepants: Kreepaway Kamp
6

Horror ပရိသတ်တွေကြိုက်ကြတဲ့ Horror ဇာတ်ကားကောင်းတွေ တ၀ကြီးကြည့်ရမဲ့ ဟောလိုးဝင်းကာလကြီးနီးကပ်လာပါပြီ။ အဲ့ဒါကြောင့်ပဲရုပ်ရှင်စတူဒီယိုအကြီးတွေ အသေးတွေအကုန်လုံးကနေ Horror ဇာတ်ကားတွေအပြိုင်အဆိုင်ရိုက်ကူးလာကြတာ ကလေး လူကြီးမရွေးကြိုက်နှစ်သက်တဲ့ Spongebob တောင်အပါအဝင်ပါပဲ။ အဲ့ဒါကြောင့် Spongebob ချစ်သူတွေအတွက်အသစ်ထွက်ရှိထားတဲ့ လက်ရှိ IMDb 6.0 အထိရရှိထားတဲ့ Kreepaway Kamp ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ Spongebob က Horror ထွက်တာရှားပေမဲ့ ပရိသတ်တစ်ယောက် ဆိုရင်တော့ကြည့်လို့ကောင်းမှာအမှန်ပါပဲ။ ဇာတ်လမ်းအစမှာတော့ ထုံးစံအတိုင်း သူငယ်ချင်းနှစ်ယောက် ပေါတောတောတွေလုပ်နေရင်း သူတို့ငယ်ငယ်က သွားခဲ့ဖူးတဲ့ နွေရာသီစခန်းဖြစ်တဲ့ သန္တာကျောက်တန်းစခန်းကနေ သူတို့ကို ပြန်လည်တွေ့ဆုံပွဲလာဖို့ဖိတ်တဲ့ ဖိတ်စာရလာခဲ့ပါတော့တယ်။ ဒါပေမယ့်သူတို့နှစ်ယောက်တည်းရတာမဟုတ်ဘဲ တစ်မြို့လုံးရတဲ့ အတွက် အကုန်လုံးကလည်း ကလေးဘ၀တုန်းကအမှတ်တရလေးတွေ ရှိခဲ့ဖူးတဲ့နေရာကို အသက်ကြီးလာတဲ့အခါမှာပြန်သွားချင်ခဲ့ကြ ပါတော့တယ်။ဒီလိုနဲ့ သန္တာကျောက်တန်းစခန်းကိုရောက်ခဲ့ကြတဲ့ အခါမှာတော့ ထင်ထားသလိုဖြစ်မနေဘဲ တော်တော်လေးစုတ်ပြတ် သတ်နေပြီးခြောက်ခြားစရာဖြစ်နေခဲ့ပါတော့တယ်။ ပြန်မယ်လုပ်တော့လည်း ပြန်စရာလမ်းတွေကတစ်ခုမှမရှိတော့တဲ့ အတွက် Spongebob နဲ့ သူငယ်ချင်းတွေအားလုံးအဲ့ဒီမှာပိတ်မိ နေကြရင်း ဘယ်လိုသည်းထိပ်ရင်ဖိုစရာတွေဖြစ်လာမယ်ဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…807MB / 416MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….45m Genre ….. Animation , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Action • Fantasy • Science Fiction
6 2024
SpongeBob Squarepants: Kreepaway Kamp
Scooby-Doo! Mask of the Blue
6.6

စကူးဘီတို့ အကြိုက်ဆုံးကာတွန်းဇာတ်ကောင် Blue Falcon သိမ်းငှက်ပြာနဲ့ အံ့ဖွယ်ခွေး Dynomutt တို့ကို ကာတွန်းပွဲတော်မှာ သွားကြည့်ရင်းက စကူးဘီတို့ ပဟေဠိကို ဖြေရှင်းဖို့ ဖန်လာပြန်ပါတယ်။ ဒီတစ်ခေါက်မှာ မစ္စတာဟိုက်ဒ် အသွင်ရတဲ့ မိစ္ဆာတစ်ကောင်က Blue Falcon ရဲ့ ပြန်လည်ဆန်းသစ်ဇာတ်ကား ပြသချိန်တိုင်း တိုက်ခိုက်မှုမျိုးစုံနဲ့ လူတွေကို ဒုက္ခပေးလာပါတယ်။ ဘယ်သူက လုပ်နေမှန်းမသိ တိုက်ခိုက်မှုတွေက San De Padro မြို့မှာ ဆက်တိုက်ဆိုသလို ဖြစ်လာပါတယ်။ ဒီတော့ ဒီပဟေဠိကို ဖြေရှင်းဖို့ စကူးဘီတို့ဆီ မြို့တော်ဝန်မှ တာဝန်ရောက်လာပါတယ်။ ဖြစ်ရပ်ရဲ့ နောက်ကွယ်ကသူကို အဖြေရှာဖို့က Blue Falcon သရုပ်ဆောင်ဟောင်း Owen Garrison ကနေ အမှူးပြုပြီး အခြားသံသယရှိသူတွေအနက်မှာ ဘယ်သူက မစ္စတာဟိုက်ဒ်ရဲ့ ကြိုးကိုင်ရှင်ဖြစ်မလဲ။ ဘာကြောင့် ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်နေရသလဲ အကြောင်းရင်းမှန်ကို ဖော်ထုတ်ကြပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ။ File Size : 1.3 GB, 647 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 18min Format : Mp4 Genre : Adventure, Animation, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Nwe Hnin Thazin Encode by : Thit San Khant

6.6 2012 77 mins
Scooby-Doo! Mask of the Blue
Jupiter Ascending
5.3

Jupiter Ascending (2015) ဒီဇာတ်ကားကတော့ အကာသသိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Wachowskis ကရိုက်ကူးထားတာပါ။ သရုပ်ဆောင်တွေအဖြစ် Mila Kunis, Channing Tatun, Sean Bean, Eddie Redmayne, Douglas Booth တို့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း လူသားတွေကို နတ်ဘုရားတွေကအုပ်စိုးတဲ့အနာဂါတ်ကာလမှာဖြစ်ပါတယ်။ Jupiter Jones ဟာကံမကောင်းတဲ့ ရုရှားပြောင်းရွှေ့အခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး အလုပ်အကိုင်အဖြစ် အိမ်သာတွေကိုသန့်ရှင်းရေးလုပ်ပြီး အသက်မွေးပါတယ်။ ဂျူပီတာဟာ နက္ခတ်တာရာကြည့်မှန်ပြောင်းဝယ်ဖို့ ငွေလိုသဖြင့် သူ၏အစ်ကိုဝမ်းကွဲ အကြံပေးချက်ကြောင့် မမျိုးဥကို ဆေးခန်းတစ်ခုမှာသွားရောင်းပါတော့တယ်။ ဆေးခန်းမှာ မထင်မှတ်ထားတဲ့တိုက်ခိုက်ခံရမှုတွေကြားမှ ကယ်တင်ရှင်တစ်ဦးပေါ်လာကာ သူမသည် တော်ဝင်သွေးဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။ သူမ၏ ဇစ်မြစ်က သူမကို ဘယ်လိုအန္တရယ်ဖြစ်စေနိုင်မလဲ၊ သူမကို ဘာကြောင့်အန္တရာယ်ပြုချင်နေရတာလဲ စသည်တို့ကို ကြည့်ရှုခံစားရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size…(1.7 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Sci-Fi Duration….02:08:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Eunice

5.3 2015
Jupiter Ascending