YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Tiger and Crane E06 720p WEB-DL CM.mp4

338.85 MB N/A video/mp4 429 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Alive
6.9

~ IMDb - 7.1/10, Rotten Tomatoes - 59% ~ ဟင်္သာကိုးသောင်းပျက်စီးရခြင်းက ဇာတ်တူသားစားလို့ဟုဆိုပါလျှင် သူတို့က တိရစ္ဆာန်သာဖြစ်လို့ပါဟု ပြောရမည်လား မသိနိုင်ပါ။ ပေါရိသ နန်းကျမင်းရဲ့ လူသားအပေါ်တပ်မက်မှုက လျှာဖျားတထောက် အရသာအပေါ် အခြေခံတယ်လို့ မှတ်သားဖူးတာပါပဲ။ လူသားဆိုတာ စားကောင်းတဲ့အသားလား၊ မစားကောင်းတဲ့အသားလား ဆိုတာကတော့ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ ဒါပေမဲ့ အဲဒီမေးခွန်းကိုပဲ ငတ်မွတ်ဆာလောင်ပြီး စားစရာမရှိတဲ့သူတွေကို မေးကြည့်ရင်ဖြင့် တမျိုးတဖုံ ပြောင်းသွားနိုင်စရာအကြောင်းရှိတာပေါ့။ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ငတ်မွတ်ခေါင်းပါးရုံနဲ့ လူသားကို စားစရာအဖြစ် မရွေးချယ်စကောင်းပေမဲ့ မိုင် (၁၀၀) ဝန်းကျင်ကျယ်ပြန့်တဲ့ ရေခဲတောင်တန်းပေါ်မှာတော့ လူသေအလောင်းဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတော့တာပါပဲ။ ဒီအဖြစ်ဟာ 1972 ခုနှစ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ တောင်အမေရိက ရက်ဘီဘောလုံးအသင်းဟာ အိမ်နီးချင်းနိုင်ငံ ချီလီမှာ ကစားပွဲတစ်ခု သွားရောက်ကစားဖို့အတွက် ဆွေမျိုး မိတ်ဆွေတွေ တင်ဆောင်လို့ အန်ဒီ‌စ်ရေခဲတောင်တန်းတွေပေါ်ကို ‌အင်ဂျင်နှစ်လုံးတပ် လေယာဉ်တစ်စင်းနဲ့ ဖြတ်ပျံခဲ့ပါတယ်။ အဲဒီလေယာဉ်က အမြီးပိုင်းတခြား ကိုယ်ထည်တခြား ပျက်ကျခဲ့တာဗျ။ ပျက်ကျရခြင်းအကြောင်းကို စိစစ်လေ့လာတော့ လေယာဉ်မှူးရဲ့အမှားလို့ ကောက်ချက်ချပါတယ်။ ရှင်သန်သူတွေအနေနဲ့ ပထမဆုံးရင်ဆိုင်ရတာကတော့ ထိခိုက်ဒဏ်ရာတွေကို ကုသဖို့နဲ့ ရေခဲမှတ်အောက်ကျနေတဲ့ အအေးဒဏ်ပါ။ မြင်မြင်သမျှက ကျောက်သားနဲ့ နှင်းပွင့်ရေခဲဖတ်တွေပဲ ရှိတဲ့နေရာမှာ စားစရာဆိုတာ လေယာဉ်ပေါ်ပါလာတဲ့ ချောကလက်၊ ဝိုင်ပုလင်းအချို့နဲ့ စီးကရက် ထောင်ဂဏန်းပဲရှိပါတယ်။ ဒီတော့ ရက်အနည်းငယ်ကြာလာလို့ ငတ်မွတ်လာကြတဲ့အခါ ခိုနားရာ လေယာဉ်ကိုယ်ထည်ဘေးက နှင်းပွင့်တွေထဲမြုပ်နေတဲ့ အလောင်းတွေကို ချင်ခင်ရသူတွေရဲ့ ရုပ်ကြွင်းရယ်လို့ သဘောမထားနိုင်တော့ဘဲ အဆီတထပ် အသားတဖပ် စားစရာကြီးတွေလို့ မြင်လာတော့တာပေါ့ဗျာ။ ပထမဆုံး လှီးဖြတ်ပြီး ပါးစပ်ထဲ ထိုးထည့်လိုက်တဲ့ အသားဖပ်က အခက်ခဲဆုံး၊ အပင်ပန်းဆုံး နဲ့ မျက်ရည်မဆည်နိုင်တ‌ဲ့ ခဏတာ အခိုက်အတန့်ပါ။ နောက်တော့လည်း နောက်တော့ ဖြစ်သွားတာပါပဲ။ ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ၁၉၉၃ ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ သရုပ်ဆောင်များအနေနဲ့လည်း The Magnificent Seven (remake), Predestination, Before Trilogy အပြင် Boyhood ထဲက မင်းသားကြီး Ethan Hawke ရယ်၊ The Walking Dead ဇာတ်လမ်းတွဲထဲက Joshua Cole Hamilton ရယ်ဆိုတော့ တော်တော်မိုက်ပါတယ်။ သူတို့တွေရဲ့ နုနယ်ပျိုမြစ်မှုကိုလည်း တွေ့ရတာပေါ့။ ဒီတော့ ရှာဖွေရေးတွေ လက်လျှော့သွားတဲ့ သူတို့အဖွဲ့လေး ဘယ်လိုပုံစံနဲ့ ရေခဲတောင်တန်းပေါ်က ဆင်းနိုင်မလဲ၊ ဘယ်သူတွေက သူရဲကောင်းလဲ၊ ဘယ်သူတွေက နောက်လိုက်လဲ၊ ဘယ်သူတွေက လွယ်လွယ်အလျှော့ပေးသွားပြီး ဘယ်သူတွေက နောက်ဆုံးအထိ အားတင်းလျှောက်လှမ်းခဲ့လဲဆိုတာ တွေ့မြင်ရမှာပါ။ ရေခဲတောင်ပေါ်မှာ ရက် (၇၀) ကျော်ကြာ လူသားစားပြီး အသက်ဆက်ခဲ့ရတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးမလို့ ခံစားကြည့်ရှုကြပါစို့။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 3GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H Genre - Biography, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Drama
6.9 1993 127 mins
Alive
Life of the Party
6.2

Spy ဆိုတဲ့ ဟာာသကားကို ကြည့်ဖူးရင် ဒီဇာတ်ကားထဲက မင်းသမီး Melissa ကိုသိကြမှာပါ။ သရုပ်ဆောင်တဲ့နေရာမှာ ပိုင်နိုင်လွန်းလို့ သူ့ရဲ့ဇာတ်ကားတစ်ကားကြည့်ရုံနဲ့သူ့ကိုမှတ်မိနေမှာပါ။ အခုဇာတ်ကားကလည်း ဟာသကားတစ်ကားဖြစ်ပြီးတော့ ဒီယာနာဆိုတဲ့ ကလေးအမေတစ်ယောက်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင်တော့ ဒီယာနာတို့လင်မယားနှစ်ယောက်ဟာ ၂၆ နှစ်ကြာအိမ်ထောင်သက်တန်းရှိခဲ့ကြပါတယ်။ တစ်ရက်မှာတော့ သူ့ရဲ့ခင်ပွန်းဖြစ်တဲ့သူက ရုတ်တရက်ကြီး သူ့ကိုကွာရှင်းဖို့ တောင်းဆိုလာပါတယ်။ မမျှော်လင့်ထားတာတွေ ရုတ်တရက်ဖြစ်လာပြီး ချက်ချင်းဆိုသလို တခုလတ်ဖြစ်သွားတဲ့ ဒီယာနာဟာ သူမရဲ့ မိဘအိမ်ကို ပြန်ရောက်သွားပါတော့တယ်။ အဲဒီအချိန် သူ့သမီးဖြစ်တဲ့ မယ်ဒီက တက္ကသိုလ်နောက်ဆုံးနှစ် ကောလိပ်ကျောင်းသူဖြစ်နေပါပြီ။ ဒီယာနာက ကျောင်းမပြီးခဲ့ပါဘူး။ သူတက္ကသိုလ်နောက်ဆုံးနှစ်မှာ သူ့သမီးလေးကို မွေးရတော့မှာဖြစ်တဲ့အတွက်ကြောင့် ငွေစုရမှာမို့လို့ ကျောင်းကနေထွက်ခဲ့တာပါ။ ဒါနဲ့ပဲ သူ့ဘဝတစ်လျှောက်လုံးမှာ သူ့သမီးကပဲ သူ့အတွက်ဘဝတစ်ခု ဖြစ်နေခဲ့တာပေါ့။ သူ့သမီးလေးကို ပြုစုပျိုးထောင်ပေးရင်းနဲ့နောက်ဆုံးနှစ်ရောက်တော့မှ ယောက်ျားစွန့်ပစ်တာခံရပြီး မိဘအိမ်ကို ပြန်ရောက်သွားတာပေါ့။ အရင်က ယောက်ျားကိုပဲ ဦးစားပေးခဲ့တဲ့အတွက် ယောက်ျားကစွန့်ပစ်သွားတဲ့အချိန် သူ့ရဲ့ဘဝမှာ သူ့အတွက်ဘာဆိုဘာမှ မကျန်တော့တဲ့အထိ ဖြစ်သွားတာပေါ့။ ပညာရေးတန်းလမ်း ကလေးထိန်းပြီးအိမ်ထောင်ထိန်းခဲ့တဲ့အတွက် အလုပ်အကိုင်မရှိတဲ့အခြေအနေထိကိုရောက်ခဲ့တာပေါ့။ အဲဒီအချိန်မှာ ဘဝကိုအရှုံးမပေးဘဲနဲ့ သူရှေ့ဆက်ရမဲ့လမ်းကို ရဲရဲဝံ့ဝံ့ဆက်ပြီးတော့ လျှောက်လှမ်းခဲ့တယ်။ သူမပြီးသေးတဲ့ ကျောင်းကိုပြန်တတ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီတော့သမီးနဲ့အမေ တစ်ကျောင်းထဲမှာ အတူတူပြန်တက်ဖြစ်သွားတာပေါ့။ သမီးသူငယ်ချင်းတစ်သိုက်နဲ့မိခင်ဖြစ်တဲ့ဒီယာနာက ပေါင်းမိသွားပြီး ကျောင်းမှာအတူသွားအတူလာရင်း သမီးနဲ့ပါတီအတူတူတက်တဲ့အမေဖြစ်လာပါတော့တယ်။ အဲဒီမှာပဲ သူ့ဘဝရဲ့ခရီးကို ကောလိပ်ကျောင်းကနေ ပြန်စပြီးတော့ ပျော်ရွှင်မှု လွတ်လပ်မှုတွေနဲ့ကိုယ့်လမ်းကိုယ်လျှောက်မဲ့သူတစ်ယောက် ဖြစ်လာပါတော့တယ်။ တစ်ကားလုံးဟာသရွှန်းပြီး ရိုက်ကူးထားတာဖြစ်လို့ အပျင်းပြေပြီး စိတ်ရွှင်လန်းစေမဲ့ ဇာတ်ကားတစ်ကားပါလို့ ညွှန်းလိုက်ပါရစေ။ File size…(850 MB) and (400 MB) Quality…WEB-DL Rip 720p Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Yazar Htun

6.2 2018 105 mins
Life of the Party
Flame & Citron
7.2

Flame & Citron (2008) ဒုတိယကမ္ဘာစစ်ကိုနောက်ခံထားပြီးတော့ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားပါ။ ဗင့်နဲ့ ဂျော်ဂျန်က ဒတ်ချ်တော်လှန်ရေးအတွက် နာဇီပူးပေါင်းဆောင်ရွက်သူတွေကို ရှင်းပစ်ရတဲ့အလုပ်ကို တာဝန်ယူရတဲ့သူတွေပါ။ သူတို့ရှင်းပစ်ရမယ့်သားကောင်တွေကို အက်ဆယ် ဝင်သာဆိုတဲ့မဟာမိတ်ခေါင်းဆောင်က သတ်မှတ်ပေးတာပါ။ ဒါပေမဲ့ အချို့အကြောင်းအရင်းတွေကြောင့် ဝင်သာကို သူတို့သံသယရှိလာကြတဲ့အခါ အကြောင်းအရာတွေက ပိုရှုပ်ထွေးလာပါတယ်။ ဒါ့အပြင် ဗင့်က ကတ်တီဆယ်မာဆိုတဲ့မိန်းကလေးတစ်ယောက်ကို သဘောကျမိသွားပေမဲ့ ကတ်တီကလည်းနိုင်ငံရေးအရှုပ်အရှင်းတွေမှာပါဝင်ပတ်သက်နေတဲ့သူဖြစ်နေပါတယ်။ ဒီရှုပ်ထွေးမှုတွေအကုန်လုံးကို ဗင့်နဲ့ဂျော်ဂျန်တို့နှစ်ယောက် ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားစရာကြည့်ရှုရမယ့်ဇာတ်ကားပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Yee Wai ပါ။) File Size : 2GB, 767MB, 429MB Quality : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format : mp4 Duration : 2hr 10mins Genre : Action, Drama, History Translated by Yee Wai Encoded by Kinnov

Drama • Romance
7.2 2008
Flame & Citron
Tinkerbell : Secret of the Wings
7

Tinkerbell : Secret of the Wings (2012) ============================ IMDb Rating – 7.0/10 Secret of the Wings ဆို Tinkerbell movie တွေထဲက လူကြိုက်အများဆုံးနဲ့ Scenario အလှဆုံးအပိုင်းလို့ပြော ရင်လည်း မမှားပါဘူး။ နတ်သူငယ်မွေးဖွားခြင်းနိယာမကို လွန်ဆန်တဲ့ Tinkerbell ရဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုအကြောင်း ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ Pixie Hollow ရဲ့ ဥတုလေးပိုင်းကွဲနေတဲ့ နယ်မြေတွေထဲမှာ ဆောင်းသစ်တောကတော့ ဘယ်အနွေးပိုင်းနတ်သားနတ်သမီး မဆို မြင်သာမြင် မကြင်ရဖြစ်နေတဲ့နေရာတစ်ခုပေါ့။ အအေးပိုင်းနတ်သူငယ်တွေအနေနဲ့လည်း အနွေးပိုင်းနယ်မြေ တွေဘက်ကိုလာခွင့်မရှိတဲ့အတွက် ဥတုနှစ်ခြမ်းက နတ်သား နတ်သမီးတွေအနေနဲ့ တစ်ဘက်မှာ ဖြူလား၊ မဲလားတောင်မသိ တဲ့အထိပါပဲ။ စူးစမ်းနတ်သူငယ်ပီပီ စပ်စုတတ်တဲ့ Tinkerbell ကတော့ ဆောင်းသစ်တောကို ကုန်တွေတင်မကဘဲ သူ့ကိုယ်သူ ပါအရောက်ပို့ချင်နေမိတာပါ။ တစ်နေ့မှာတော့ … နွေဦးရင်ပြင်က တိရစ္ဆာန်လေးတွေကို ဆောင်းခိုဖို့အတွက် နယ်စပ်ကိုပြောင်းရွှေ့ ပေးဖို့ဖြစ်လာပါတယ်။ Tinkerbell ကတော့ Fawn ကိုကူညီရင်း အလစ်မှာ ဆောင်းသစ်တောဘက်ခုန်ဝင်မိလို့ အတောင်ခဲတယ် အထင်ခံရပြီး ဆေးခန်းရောက်သွားပါတော့တယ်။ Tinkerbell ကတော့ အတောင်ခဲတာမဟုတ်ဘဲ သူ့အတောင်တွေ အရောင်တောက်လာတာပါလို့ ပြောပေမယ့် ဘယ်သူမှမယုံကြပါ ဘူး။ ဒါပေမယ့် Tinkerbell ရဲ့စိတ်ထဲမှာ တစ်စုံတစ်ရာကို အခိုင် အမာခံစားလိုက်ရတာမို့လို့ ဆောင်းသစ်တောကို ခိုးသွားဖို့ကြံရာ ကနေ … ရှိလို့ရှိနေမှန်းတောင် မသိခဲ့ရတဲ့ ဘဝရဲ့ အရေးအပါဆုံး ပျောက်ဆုံးပစ္စည်းလေးတစ်ခုကို ရှာတွေ့သွားတဲ့အခိုက်မှာတော့ … (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi Myaing ဖြစ်ပါတယ်) File Size……….(1.65 GB) / (788 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 15Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Family Translator…….Hnin Wut Yi Myaing Encoder……….SWM

Horror • Science Fiction
7 2012
Tinkerbell : Secret of the Wings
Dream Girl
7.5

(Unicode) “ဟဲလို ____ပူဂျားစကားပြောနေပါတယ်ရှင့်” ဖုန်းမြည်သံကြားလို့ ကိုင်လျက်သား ဖြစ်တဲ့အခါ ဒီ အဖြေစကားနဲ့ ထူးရတယ်။ ဖုန်းခေါ်သူ အများစုက ပုရိသ တွေဖြစ်ပြီး တစ်ဖက်မှာတော့ ပူဂျား ဆိုတဲ့ နတ်ပျိုမယ်လေးက လက်ခံ စကားပြောရတယ်။ ဒါဟာ Friendship call center အခန်းထောင့်တစ်နေရာရဲ့ ဇာတ်ဝင်ခန်းလေး။ ပြောရရင် ပူဂျား ဆိုတာက ဖုန်းနံပါတ်တစ်ခုပိုင်ရှင်။ ပူဂျားကလည်း အသံချိုသာတယ်။ ချွဲတယ်။ များသော အားဖြင့် စကားလက်ခံပြောဖူးသူ တိုင်း ကြွေတဲ့ သူပေါ့။ အစကတော့ ပူဂျားနေရာမှာ ကောင်မလေးတစ်ယောက်က လက်ခံစကားပြောတယ်။ ဒါပေမဲ့ တစ်နေ့မှာ အဲ့ကောင်မလေးက ရုံးမလာဘူး ။ အဲ့မှာ ဖုန်းဆက်သူတွေ နဲ့ ပွဲပေါ့ ။ ဖြစ်ချင်တော့ ကရမ် ဆိုတဲ့ ငနဲလေးက အဲ့ ရုံးကို မယောင်မလည် အလုပ်လာလျှောက်တယ်။ အစကတော့ အလုပ်ဘယ်ရမလဲ။ ဒါပေမဲ့ ဒီနေ့ခန့်စရာဆိုလို့ နေရာတစ်ခုပဲရှိတယ်။ အဲ့ဒါက လွတ်နေတဲ့ ပူဂျားနေရာ။ ဒါဟာ ဇာတ်အိမ်စတည်မှုနဲ့ ကရမ်ရဲ့ စွန့်စားခန်းပါပဲ။ ကရမ် ဆိုတာ ငယ်ငယ်ကတည်းက မိန်းကလေး အသံတု လုပ်တာ အောင်မြင်သူ။ ဒီတော့ ပူဂျား နေရာမှာ သူအလုပ်ရခဲ့တယ်။ ဒါပေမဲ့ ယောကျ်ားလေးက ပူဂျားအဖြစ်နဲ့ ပြန်ကြူ နေရတာ လွဲချော်မှုတစ်ရပ်ပဲ မဟုတ်လား ။ သို့ပင် ကိုငှက် သီချင်းထဲကလို ” လွဲလွဲလေးလည်း ကောင်းပါတယ် ” ဆိုသလိုမျိုးပေါ့။ ကရမ် အတွက်တော့ ပူဂျားနေရာမှာ တော်တော် အဆင်ပြေတယ်။ ကြူ တဲ့ ငနဲတွေကလည်း များလာပြီး အသံပိုင်ရှင် ပူဂျား ကို စွဲလမ်းလာမိတယ်။ ဒီမှာ ကမောက်ကမ တွေနဲ့ ဟာသ ဇာတ်အိမ်ဟာ အတည်တကျ တည်ဆောက်ပြနိုင်ခဲ့ပါတယ်။ အမြင် _____ ကျွန်တော့်အနေနဲ့ တော့ ဒီကားရဲ့ ဟာသကို ွနှစ်သက်မိပါတယ်။ အောက်လုံးဟာသတွေ မဆန်ဘဲ ရိုးရိုးယဉ်ယဉ် တည်ဆောက်ပြသွားတာကလည်း အရင်ကြည့်ဖူးတဲ့ Grand mastini တို့ထက်သာပါတယ်။ နောက်ပြီး ကရမ်အဖြစ်ရော ပူဂျား အဖြစ်ရော အသံနှစ်မျိုး လေ့ကျင့်နေရရှာတဲ့ မင်းသားသရုပ်ဆောင်ပုံကလည်း မိုက်ပါတယ်။ အခြားဇာတ်ဆောင်တွေကလည်း သူ့ role နဲ့ သူ အံဝင်မိပါတယ်။ ဒိုင်ယာလော့ တွေကလည်း အတင်းရယ်ခိုင်းနေတာ မဟုတ်သည့်တိုင် ပြုံးလျက်သား ဖြစ်မိသွားစေပါတယ်။ ဒါပေမဲ့ ဆရာဦအောင်သင်း ပြောခဲ့သလို ရယ်မောရတယ် ဆိုတာ ရယ်ပြီးရင် မောရမယ်တဲ့ ။ မဟုတ်ဘူးလေ။ ဟာသကားကြည့်ရတာ မောစရာ ရှိသလားလို့ မေးလာကြည့်ရတဲ့အခါ ကျွန်တော် တို့ရဲ့ ဘဝ အလွဲတချို့ဟာ မောစရာ မဆုံးနိုင်တာတွေ ရှိတတ်ကြပါတယ်။ ဒီအကြောင်းကိုလည်း ဒါရိုက်တာက ပါးနပ်လှတဲ့ ဒိုင်ယာလော့ အချို့နဲ့ တွေးတောစေခဲ့ပါတယ်။ ကျွန်တော် တို့ ပြန်စဉ်းစား ကြည့်ရအောင်။ ” ကြူ ရုံလောက်နဲ့ ပူဂျားဆီ ဖုန်းဆက်ဖို့ လိုခဲ့လို့လား ” ဆိုပြီး။ အဖြေကိုတော့ ကိုယ်စီအသိနဲ့ပေါ့ဗျာ။ ဘဝရဲ့ ညက နက်လာပြီ။ ကျွန်တော် လည်း အထီးကျန်ဆန်လှပြီ။ ” ကဲ —-ပူဂျား ဆီ ဖုန်းဆက်ကြည့်ရအောင် “ #linnkhayan ( ဆရာတာရာမင်းဝေ ရဲ့ စာအုပ်ခေါင်းစဉ် ကို အမှီးပြု ပြီး အိပ်မက် နတ်ပျိုမယ် ဟု သုံးနှုန်းထားခြင်းဖြစ်ပါသည် ) ဇာတ်လမ်းအညွှန်းကို linnkhayan FB မှ ကူးယူ ဖော်ပြထားပြီး ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်…. File Size : (950 MB) and (480 MB) Quality : WEB-DL 720p Running Time : 2hr 12min Format : Mp4 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.Zee5.WEB-DL.AAC.2.0.x264-Telly Translated by Zaw Htoo Encoded by Thanhtike Zaw

Action • Thriller • Horror
7.5 2019
Dream Girl
Boogeyman 2
5

Boogeyman 2 (2007) ================ 11နှစ်သား ဟင်နရီနဲ့ 8နှစ်သမီး လော်ရာတို့ မောင်နှမနှစ်ယောက် တစ်ညမှာ သူတို့မိဘတွေ ရက်ရက်စက်စက်အသတ်ခံလိုက်ရတာကိုမျက်မြင်ကြုံတွေ့ ခဲ့ရတယ်။ ရဲတွေက တရားခံကို တစ်ခါမှမဖမ်းမိခဲ့ဘူး။ ဟင်နရီနဲ့လော်ရာက သူတို့မိဘတွေကိုသတ်တဲ့တရားခံက ဘိုဂီမန်းလို့ခေါ်တဲ့ သရဲတစ္ဆေလို့ ယုံကြည် စွဲလမ်းပြီး စိတ်ရောဂါရသွားကြတယ်။ ငယ်ငယ်ကတည်းက ဘိုဂီမန်းကို ကြောက်တဲ့ ဟင်နရီကတော့ သူ့ကြောက်ရွံ့မှုကပိုဆိုးလို့ စိတ်ကျန်းမာရေး ဆေးခန်းမှာ နေပြီးကုသလိုက်ရတယ်။ လော်ရာ 18နှစ်ပြည့်တော့ ရောဂါပျောက်ကင်းပြီး အများကြီးသက်သာသွား ပုံရတဲ့ အစ်ကိုဖြစ်သူ ဟင်နရီက အလုပ်အင်တာဗျူးအတွက် ဆန်ဖရန်စ္စကိုကို သွားမယ်ဖြစ်ကြောင်းပြောပြီး သူ့ညီမကို သူနေတဲ့ စိတ်ကျန်းမာရေးဆေးခန်းမှာ ဒေါက်တာရိုင်နဲ့ ကျန်တဲ့phobiaစိတ်ရောဂါသည်သူငယ်ချင်းတွေနဲ့ နှစ်ရက်အပ် ထားခဲ့ပါတယ်။ ပထမနေ့ညမှာပဲ လော်ရာတို့အဖွဲ့ထဲကတစ်ယောက် ကိုယ်တစ် ပိုင်းပြတ် သေသွားတယ်။ နောက်နေ့ညမှာ ကျန်တဲ့လူနာသူငယ်ချင်းတစ်ယောက် ထပ်သေပြီး ဆေးခန်းကကျန်တဲ့လူတွေအကုန် အဆောက်အအုံမှာ ပိတ်မိသွား ကြတယ်။ တစ်ညတာပိတ်မိသွားပေမဲ့ အဲဒီဆေးရုံထဲပိတ်မိသွားတဲ့ညအတွင်း ဘယ်လောက်စိတ်ခြောက်ခြားစရာကိစ္စတွေနဲ့ ကြုံရမလဲဆိုတာတော့ ဒီဇာတ်လမ်း မှာ စိတ်လှုပ်ရှားခြောက်ခြားဖွယ် ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.72 GB) / (632 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Horror, Thriller Translator…….Thwal Htoo Zin Encoder……….SWM

Animation • Comedy • Music
5 2007 93 mins
Boogeyman 2
Ray
7.7

အော်စကာ ၂ ဆု ၊ အခြား ဆုပေါင်း ၅၃ ခုနဲ့ ဆန်ကာတင်ရွေးချယ်ခံရမှု စုစုပေါင်း ‌၅၅ အခုထိရရှိခဲ့တဲ့ အမေရိကန် ဂန္တ၀င် တေးရေး တေးဆိုနဲ့ စန္ဒရားပညာရှင်တစ်ယောက်ဖြစ်တဲ့ ရေးချားလ်စ်ရဲ့ ဂီတအတ္ထုပတ္တိ ဒရာမာရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကြောင်းမပြောချင်မှာ ရေးချားလ်စ်ရော်ဘင်ဆန် အကြောင်းကို အနည်း‌ငယ် ပြောပြချင်ပါတယ်။ ရေးချားလ်စ်ရော်ဘင်ဆန်ကို စက်ဘင်တာလ ၂၃ ရက်နေ့ ၁၉၃၀ ခုနစ်မှာ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က အယ်လ်ဘာနီမြို့မှာဖွားမြင်ခဲ့ပြီး အသက် ၇၃ နှစ်အရွယ်မှာ ကယ်လီဖိုးနီးယားပြည်နယ် ဘာဗလီဟေးစ်မှာ ဆုံးပါးခဲ့ပါတယ်။ ရေးချားလ်စ်ဟာ အသက် ၇ နှစ်ကတည်းက ရေတိမ်ရောဂါနဲ့ မျက်စိကွယ်ခဲ့ရပါတယ်။ ရေးလ်ချားလ်စ်ဟာ စန္ဒရားတီးခတ်တဲ့နေရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်ပြီး သူ့ရဲ့သီဆိုဟန်ကိုတော့ ထိုခေတ်အခါက နာမည်ကြီး အမေရိကန် ဂျက်ဇ်အဆိုတော်တစ်ဦးဖြစ်တဲ့ Nat King Cole ကို အဓိကလွှမ်းမိုးမှုအဖြစ် ကိုးကားခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ရေးချားလ်စ်ဟာ နာမည်ကြီးအဆိုတော်တွေရဲ့ အသံတွေကိုပါ တုပပြီးသီဆိုနိုင်စွမ်းရှိပါတယ်။ ရေးချားလ်စ်ဟာ Soul ဂီတအမျိုးအစားကို စတင်ထီထွင်ခဲ့ပြီး သူ့ရဲ့သီချင်းတွေဟာ အဓိကအားဖြင့် Blues , Jazz , Gospel စတိုင်လ်တွေကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ရေးချားလ်စ်ဟာ တေးသံသွင်းကုမ္ပဏီကြီးတွေက တစ်ကိုယ်တော်အမ်လ်ဘမ်ထုတ်‌ပေးပြီး စာချုပ်ချုပ်ငှားရမ်းတာခံခဲ့ရတဲ့ ပထမဆုံး လူမည်းဂီတပညာရှင်တစ်ဦးလည်းဖြစ်ပါသေးတယ်။ ဇာတ်လမ်းကိုတော့ ရေးချားလ်စ်တစ်‌ယောက် စီရက်တယ်မြို့မှာ အလုပ်လုပ်ဖို့ ကြုံရာဘတ်စ်ကားစီးပြီးရောက်လာခဲ့တာနဲ့ စထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ရေးချားလ်စ်ဟာ ကြုံရာ ဘားအသေးလေးတွေ ကပွဲရုံအသေးလေးတွေမှာ ၀င်ရောက်တီးခတ်ရင်း ဘ၀ကို အောက်ခြေကနေစတင်ခဲ့ပြီး အသံသွင်းကုမ္ပဏီကြီးတွေဆီက ထိုခေတ်အခါက မည်သည့်ဂီတပညာရှင်မှ မရရှိခဲ့ဖူးတဲ့ အခွင့်အရေးတွေ ကမ်းလှမ်းမှုတွေနဲ့ ကမ်းလှမ်းခံရတဲ့အဆင့်အထိရောက်အောင် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကြောင်းကိုတော့ အများကြီးထပ်မပြောတော့ပါဘူး။ အော်စကာနှစ်ဆုတောင်ရရှိခဲ့ပြီး ရုပ်ရှင်ပရိတ်သတ်တိုင်း အကြိုက်တွေ့စေမဲ့ရုပ်ရှင်ဖြစ်တာကြောင့် Jazz, County, Blues နဲ့ တခြားသော တေးဂီတသံတွေကို နားဆင်ခံစားရင်း ရေးလ်ချားလ်စ်ကြီးတစ်ယောက် ဘ၀ရဲ့အနိမ့်အမြင့်အတက်အကျတွေကို ဖြတ်သန်းရင်း အောင်မြင်မှုတွေဆွတ်ခူးနိုင်ခဲ့ပုံကို ကြည့်ရှုလိုက်ကြပါဦး။ File size…(3.8 GB)/(2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:39:00 Genre…Drama, Biography, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

7.7 2004 152 mins
Ray
Milk
7.5

ဒီဇာတ်ကားလေးကတော့ လိင်တူနှစ်သက်သူအခွင့်အရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေးပညာရှင် ဟာဗီမစ်ရဲ့ဘဝအကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ Biographical Film လေး ဖြစ်ပါတယ်။ IMDb Rating 7.5/10 နှင့် Rotten Tomatoes မှာ Audience Rating 93 % ရရှိထားတဲ့ လုံးဝလက်မလွှတ်သင့်ဘဲ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဟာဗီမစ်ဆိုတဲ့လိင်တူချစ်သူနှင့် သူ့ကောင်လေး စကော့စမစ်တို့ဟာ နယူးရော့ခ်ကနေ ဆန်ဖရန်စစ္စကိုကို ရေကြည်မြက်နုရာ တူနှစ်ကိုယ် ပြောင်းရွေ့လာရင်း ကက်စထရိုမြို့မှာပဲ ကင်မရာဆိုင်လေးဖွင့်ရာကနေ လိင်တူနှစ်သက်သူ ဂေးတွေဟာ အိမ်ရာ အလုပ်အကိုင် ပညာရေး လူမှုပတ်ဝန်းကျင် အဘက်ဘက်မှာ ခွဲခြားဆက်ဆံတာတွေ အလုပ်ဖြုတ်ပစ်တာတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘကနှင်ချတာတွေ အနိုင်ကျင့်တာတွေ အစရှိတဲ့မတရားမှုတွေကို သူမျက်စိရှေ့မှာ မြင်တွေ့ကြုံတွေ့လာရတဲ့အခါ လိင်တူချစ်သူဂေးတွေ လက်စဘီယန်တွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် တက်ကြွလှုပ်ရှားရာကနေ နိုင်ငံရေးဘက်ကို ကူးပြောင်းလာပြီး လိင်တူနှစ်သက်သူတွေအတွက်တင်မကဘဲ အသားအရောင်မတူညီမှု သက်ကြီးရွယ်အို မသန်စွမ်းတွေ အစရှိတဲ့ ခွဲခြားဆက်ဆံမှုတွေထိ ကြီးမားခက်ခဲတဲ့နိုင်ငံရေးအတိုက်အခံတွေကြားထဲကနေ ဘယ်လိုအများအကျိုးသယ်ပိုးသွားခဲ့လဲဆိုတာက အောက်မေ့ဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:08:00 Genre…Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.5 2008 128 mins
Milk
Flight of the Phoenix

ဇာတ်လမ်း အညွှန်း ရေနံမှော်အလုပ်သမား ခရီးသည်အချို့ပါလာတဲ့ ကုန်တင် လေယာဉ်တစ်စင်းက နမ်မစ် ဆိုတဲ့ မွန်ဂိုလီးယား သဲကန္တာရကို ဖြတ်အသွားမှာ မုန်တိုင်းနဲ့တိုးပြီး ပျက်ကျခဲ့ရာကနေ ဇာတ်လမ်းကို စတင်ထားပြီး သဲကန္တာရထဲကနေ သူတို့ ထွက်နိုင်အောင်လုပ်နိုင်ကြပါ့မလားဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမယ့် စွန့်စားခန်း၊ သည်းထိတ်ရင်ဖိုနဲ့ အက်ရှင်တွေ နှောထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သဲကန္တာရမှာ အသက်ဆက်ဖို့ သူတို့ ဘာလုပ်ကြမလဲ၊ ဘယ်လိုပြဿနာတွေသူတို့ဆီ ရောက်လာကြမလဲ၊ အချင်းချင်းကြား ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ ဘယ်လို ဖြေရှင်းကြသလဲ၊ ဘယ်လိုအားမွေးကြသလဲ ဆိုတာကို စိတ်ပါဝင်စားစွာနဲ့ ကြည့်ရှုရမှာပါ။ ၂၀၀၄ ကထွက်ထားပေမယ့် Old But Gold ဖြစ်တဲ့ ဇာတ်ကားလေးတစ်ကားပါ။ 20th Century Fox ကတင်ဆက်ထားတာဖြစ်ပြီး IMDb rating 6.1 ရထားတော့ မဆိုးဘူးလို့ပြောလို့ရပါတယ်။ Effect တွေက တကယ့်လက်တွေ့ဆန်ပြီး ကိုယ်ပါ ဇာတ်လမ်းထဲကို ပါဝင်စီးမျှောမိနေမယ့် ကားတစ်ကားမို့ တန်းသာ pick လိုက်ပါတော့ ကိုယ့်လူ။ File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre… Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Luca

0 2004
Flight of the Phoenix
Jilebi
7.3

Jilebi (2023)”ဂျလေဘီ” =================== ၂၀၂၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ IMDb 7.5 ရ ကောလိပ်ဟာသ သရဲကားလေးတစ်ခုကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ တောင်ပိုင်း ကားကောင်းတော်တော်များများမှာ ပါဝင်တတ်တဲ့ မင်းသမီးလေး ရှီဗာနီနဲ့ မင်းသား အန်ကိသ်ကိုင်ယာတို့က ဒီရုပ်ရှင်ထဲမှာ အဓိကသရုပ်ဆောင်ထားကြတာပါ။ ဇာတ်လမ်းကတော့ ကောလိပ်တက်ရင်း အဆောင်မှာနေကြတဲ့ ဂျလေဘီတစ်သိုက်နဲ့စတယ်ပေါ့။ ဘာတာဝန်မှ ယူစရာမရှိသေးတဲ့ ကောလိပ်ကျောင်းသားတွေဖြစ်တဲ့အလျောက် ဆရာတွေ လက်မြှောက်ရတဲ့အထိ အရက်သောက်၊ ဖဲရိုက်၊ ရန်ဖြစ် ကဲချင်တိုင်းကဲနေကြတဲ့ ကာမယ်တို့အဖွဲ့ထဲကတစ်ယောက်က ကျောင်းသူတစ်ယောက်ကို အဆောင်ထဲ ခိုးသွင်းမိရာကစပြီး သရဲခြောက်သလိုလို အပမှီသလိုလို တလွဲတချော်တွေဖြစ်ကြပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Drama
7.3 2023 142 mins
Jilebi
Friends with Benefits
6.5

Friends with Benefits (2011) IMDb Rating (6.5) / Rotten Tomatoes (69 %) မင်းသားကတော့ နာမည်ကျော် အဆိုတော် ဂျက်စတင်တင်းဘားလိတ် (Justin Timberlake)… မင်းသမီးက နာမည်ကြီးမော်ဒယ်သရုပ်ဆောင် မီလာကူးနစ် (Mila Kunis )… ဒါ့အပြင် Emma Stone တို့ Woody Harrelson တို့လဲ အားဖြည့်ပါဝင်ထားပါသေးတယ်… ဂျက်စတင်က ဒီထဲမှာ Designer… မင်းသမီးက Company Agent… သူတို့နှစ်ယောက်စလုံးက အချစ်ရေးမှာ မျှော်လင့်ချက်တွေအကြီးကြီး ထားမိပြီး အဲ့ဒီ့မျှော်လင့်ချက်တွေ အလွယ်တကူကွဲအက်သွားတာကြောင့် မချိမဆန့်ခံစားနေရတဲ့ အချစ်နာနေသူတွေပါ။ တစ်နေ့မှာ သူတို့နှစ်ယောက် အလုပ်ကိစ္စတစ်ခုကြောင့် ထိပ်တိုက်တွေ့ဆုံ ခင်မင်လာရာကနေ…. အချစ်ဆိုရင် ကြောက်နေမိတဲ့ သူတို့နှစ်ယောက် အချစ်မပါတဲ့ တွယ်ညှိမှုတွေကို တည်ဆောက်ကြပါတော့တယ်… ဒါကတော့…Friends with Benefits (အကျိုးအမြတ်သူငယ်ချင်းတွေ) ဆိုတဲ့အတိုင်း တစ်ယောက်ကိုတစ်ယောက် Just Sex ယုံကလွဲပြီး သူငယ်ချင်းလိုပဲ နေကြတာပါ။ သူငယ်ချင်းဘဝနဲ့ Just Sex ယုံကလွဲပြီး ကျန်တာ ဘာအကန့်မှမရှိဘူးဆိုတဲ့ FWB Relationship ကြီးနဲ့ သူတို့နှစ်ယောက် တယောက်ကိုတယောက်ဘယ်လောက်ထိ ယုံကြည်စိတ်ချပြီး ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ….။ အဖော်အချွတ်ခန်းတချို့နဲ့ ဂျက်စတင်တင်းဘားလိတ်ရော မီလာကူးနစ်ရော အမြင်မတော်အောင် အရမ်း Good နေလို့ မိသားစုနဲ့တော့ ကြည့်လို့မသင့်တော်ပါဘူးနော်။

Horror • Action • Fantasy
6.5 2011 110 mins
Friends with Benefits
God of Driving
5.8

ဘဝအမောတွေ ပြေပျောက်သွားအောင် အားလုံးအတွက် တရုတ်ဟာသရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ပြိုင်ကားပြိုင်ပွဲဝင် ကောင်းလျန့်ဟာ ပြိုင်ကားအဖွဲ့က ထုတ်ပယ်ခံခဲ့ရပြီးနောက် စိတ်ဓာတ်ကျပြီး ရှန်ယာရွာကို ပြန်လာခဲ့ပါတယ်။ တစ်နေ့တစ်နေ့ စားလိုက်အိပ်လိုက် လုပ်နေတဲ့ ကောင်းလျန့်တစ်ယောက် မထင်ထားဘဲ ရှန့်ယာရွာကားနတ်ပြိုင်ပွဲမှ ာ ချန်ပီယံဖြစ်သွားခဲ့ပြီး အရင်ကားနတ်ဖြစ်သူ လီဟုန်ကွမ်းကို ဆရာတင်ခဲ့ပါတယ်။ မတည့်အတူနေ မမြင်ချောင်းကြည့် ဆရာတပည့်နှစ်ယောက်က ရယ်မောစရာအဖြစ်တွေ အများအပြားဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာ ရွာလမ်းကို ပြင်ဖို့အတွက် ကျွမ်းကျင်ပြိုင်ကားချန်ပီယံနဲ့ ပြိုင်ရမဲ့အချိန်မှာ…… ကောင်းလျန့်တစ်ယောက် အောင်မြင်နိုင်ပါ့မလား ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။.

Drama • Family
5.8 2025
God of Driving
We Were Soldiers
7.2

We Were Soldiers (2002) IMDb Rating (7.2)/ Ritten Tomatoes (63%) အကောင်းဆုံး စစ်ပွဲ‌နောက်ခံ ဇာတ်ကားတွေအကြောင်း ပြောကြတဲ့အခါ မင်းသားကြီး Mel Gibsonရဲ့ We were Soldiers ကလည်း မပါမဖြစ်တဲ့ ဇာတ်ကားတစ်ခုပါပဲ။ ဗီယက်နမ်နဲ့ အမေရိကန်တို့ စစ်မက်ဖြစ်ပွားခဲ့တဲ့ ၁၉၆၅ ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအကြောင်းကို ပြောရရင် စစ်ဗျူဟာတွေ၊ အနိဋ္ဌာရုံတွေဦးစားပေးထားတာမျိုး မဟုတ်ဘဲ အမေရိကန်စစ်သားတွေရဲ့ ဘဝနဲ့ခံစားချက်၊ ခေါင်းဆောင်တစ်ဦးရဲ့တာဝန်နဲ့ ဝတ္တရား‌တွေ၊ အမိမြေမှာကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ ပူဆွေးသောကနဲ့ဂုဏ်ယူစိတ်တွေစတဲ့ စိတ်ခံစားချက်တွေကို အသားပေးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးစစ်ကားတွေဆိုတာ စစ်ပွဲအကြောင်းထက် စစ်ဆိုတာကို ကြောက်တတ်လာအောင် ဖန်တီးပေးစမြဲဆိုတဲ့ စကားအတိုင်းပဲ ဒီရုပ်ရှင်ကလည်း စစ်ရဲ့ဆိုးရွားပုံတွေကို ထင်ထင်ရှားရှား ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်-ဗီယက်နမ်စစ်ပွဲအတွင်း အမှတ်၇ လေသူရဲတပ်ကို ဦးဆောင်ရတဲ့ ဗိုလ်မှူးဟယ်မိုးနဲ့တပ်ဖွဲ့ဟာ မထင်မှတ်ထားဘဲ ဗီယက်နမ်နိုင်ငံရဲ့စစ်တပ်ကြီးတစ်ခုလုံး အခြေစိုက်ထားတဲ့ နယ်မြေထဲကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပါတယ်။ အဲဒီနေရာကတော့ လွန်ခဲ့တဲ့၁၁နှစ်က ပြင်သစ်စစ်သားတွေ အစုပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ လာဒရောင်ဒေသ ဖြစ်နေတာပါ.. အင်အားချင်းမမျှသလို အဘက်ဘက်က ပိတ်ဆို့ခံရပြီး ညှပ်တိုက်ခံနေရတဲ့ ဗိုလ်မှူးကြီးဟယ်မိုးနဲ့ တပ်ဖွဲ့အနေနဲ့ ဒီလိုအကျပ်အတည်းကနေ ဘယ်လိုလွတ်မြောက်အောင်ရုန်းကန်ကြိုးစားသွားမလဲ၊ အဲဒီတိုက်ပွဲက ဘယ်လောက်ပြင်းထန်ခဲ့လဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို JimX မှ တင်ဆက်ထားပါတယ်။)

Action • Adventure • Thriller
7.2 2002 138 mins
We Were Soldiers