YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Tiger and Crane E05 720p WEB-DL CM.mp4

377.92 MB N/A video/mp4 440 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Inside
5.7

Inside ရုပ်ရှင်ကိုကြည့်ရင်း အရင်ဆုံးသတိရမိတာက ဘုရင်မိုင်းဒက်စ်ပဲ။ အလိုကြီးပြီး ထိလိုက်သမျှရွှေဖြစ်တဲ့ဘုရင်ကြီးပေါ့။ နောက်ဆုံးတော့ သူ့စားစရာတွေတောင်ထိလိုက်တိုင်းရွှေဖြစ်လို့ ငတ်သေလုနီးပါးဖြစ်ခဲ့ရတယ်။ ဒီဇာတ်လမ်းမှာတော့ နီမိုဆိုတဲ့သူခိုးပေါ့။ သူက ခေတ်မှီထိန်းချုပ်စနစ်တွေနဲ့ တိုက်ခန်းတစ်ခုက ပန်းချီကားတွေကို သွားခိုးတာ။ ပိုင်ရှင်ကလဲခရီးသွားနေတာ ဘယ်တော့မှပြန်လာမယ်မသိ။ ဖြစ်ချင်တော့သူကအဲ့ဒီတိုက်ခန်းထဲမှာပိတ်မိသွားပါလေရော။ စနစ်ကလဲ ချို့ယွင်းမှုဖြစ်တယ်လို့တွင်တွင်ပြနေပြီး လုံးဝအလုပ်မလုပ်တော့ဘူး။ အဲ့လိုစမတ်ဟုမ်းထဲမှာပိတ်မိတာက ကျွန်းတစ်ကျွန်းပေါ်တစ်ယောက်ထဲကျန်တာမျိုးထက်တောင်ပိုဆိုးသေး။ ရေစနစ်ကလဲအလုပ်မလုပ် အပူအအေးစနစ်ကလဲ ပူလိုက်အေးလိုက်ဖြစ်ချင်ရာတွေဖြစ်။ စားစရာဆိုတာကလဲသိပ်မရှိ။ ဒီကြားထဲစမတ်ရေခဲသေတ္တာဆိုတာကလဲ စက္ကန့်ပိုင်းလောက်များကြာကြာဖွင့်မိရင် "ဟေး မာကရီနာ" ဆိုပြီး နာငြီးအောင်သီချင်းဆိုသတိပေးသေးတယ်။ ဒီလိုရူးလောက်စရာတိုက်ခန်းထဲမှာ၊ သူလာခိုးတဲ့အဖိုးတန်ပန်းချီများစွာရဲ့အလယ်မှာ ပိတ််မိနေတဲ့သူခိုး "နီမို" ထွက်လမ်းကိုဘယ်လိုရှာမလဲ။ နီမိုရဲ့ ကြိုးပမ်းမှုတွေ ပိတ်လှောင်မှုတွေ စိတ်အတက်အကျတွေကို ပန်းချီတစ်ချပ်လိုပဲ အနုစိတ်ဖော်ပြထားလို့ ကြည့်ရှုသူကိုပါ မွန်းကြပ်မှု၊ လွတ်မြောက်ဖို့တောင့်တမှုတွေ ခံစားမိလောက်အောင် ရသမြောက်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Drama, Thriller Quality…. 1080p | 720p | 480p File size…1.2GB | 564MB | 282MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

5.7 2023 105 mins
Inside
Daeng
6.8

ဒန် အဖြစ် Melix Efe Aygun မလီ အဖြစ် Machida စီ အဖြစ် Phuwarak Khamsing ဆမ်လီ အဖြစ် Mboke Medad Epie ဟင် အဖြစ် Surachai Borsuwan ဇာတ်လမ်းအကျဉ်း လူတွေက နာမည်ကြီးသရဲဇာတ်လမ်းတစ်ခုဖြစ်တဲ့ မက်နဲ့နတ်ရဲ့အကြောင်းကိုသာ မှတ်မိကြပြီး နတ်ရဲ့ သေဆုံးသွားခဲ့တဲ့ သားလေး ဒန်ကိုတော့ သိပ်မသိနေခဲ့ကြပါဘူး ဒီဇာတ်လမ်းမှာတော့ မိဘတွေမရှိဘဲ ကျန်ရစ်ခဲ့တဲ့ ဒန်အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် လူတွေကို ရန်ပြုလိုစိတ်မရှိဘဲ ခင်မင်ချင်ပြီး မိဘတွေကိုပဲ အမြဲလိုက်ရှာချင်ခဲ့တဲ့ ဒန် တစ်နေ့ ရွာမှာ ညတိုင်းခြောက်လှန့်နေပြီး လူပါသတ်တယ်လို့ စွပ်စွဲခံလာရတဲ့အခါ ဒန့်ကို နှိမ်နင်းဖို့ ပယောဂဆရာတစ်ယောက်ပါ ရောက်လာတဲ့အခါ လူသားတွေနဲ့ ခင်မင်မှုမပျက်ချင်တဲ့ ဒန်တစ်ယောက် ဘာတွေဆက်ဖြစ်လာမလဲ မျှော်လင့်နေခဲ့တဲ့ မိဘတွေနဲ့ရောဆုံနိုင်မလားဆိုတာ ဟာသနှောရိုက်ကူးထားတာဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ N ပဲ ဖြစ်ပါတယ်။ Genre.....Thriller Quality…. 1080p | 720p | 480p File size…1.5GB | 845MB | 291MB Format… mp4 Duration….1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... N Encoder ..... August

Drama • Fantasy • Thriller
6.8 2022 110 mins
Daeng
Cassiopeia
7.2

ဟိုးအရင်တုန်းက ညဘက်မှာ လမ်းပျောက်ရင် ဓူဝံကြယ်ကိုကြည့်ပြီး လမ်းရှာခဲ့ကြပါတယ် ဓူဝံကြယ်ကိုရော ဘယ်လိုရှာသလဲ... အတောက်ပဆုံးဆိုတဲ့ "ကယ်ဆီယိုးပီးယား" ဆိုတဲ့ ကြယ်စုတန်းကို ရှာတွေ့ရင် ဓူဝံကြယ်ကို ရှာတွေ့ပါသတဲ့လေ... ဒါဆိုရင် ညဘက်မှာလမ်းပျောက်ရင် ကြယ်ကိုကြည့်ပြီး လမ်းရှာနိုင်ပေမဲ့ နေ့ခင်းဘက်မှာ လမ်းပျောက်ရင်ရော... တကယ်တမ်း နေ့ခင်းမှာလမ်းပျောက်ခဲ့သူကတော့ ဘတ်ဆူဂျင်းပါပဲ ဘတ်ဆူဂျင်းဟာ သမီးနဲ့ နှစ်ယောက်တည်းနေရင်း တစ်ခုခုဆို အဖေဖြစ်သူကိုပါ အကူအညီတောင်းနေရသူ တစ်ယောက်ပါ ဖြစ်ချင်တော့ အသက် ၃၀ ကျော်ပဲရှိသေးတဲ့ ဘတ်ဆူဂျင်းဆီကို မထင်မှတ်ထားတဲ့၊ အဲဒီအသက်အရွယ်မှာ ဖြစ်ခဲလှတဲ့ Dementia လို့ ခေါ်တဲ့ သတိမေ့တတ်တဲ့ ရောဂါကြီး ရောက်လာခဲ့ပါတော့တယ်။ တကယ်တမ်း အရေးကြုံလာရင် ဘေးနားမှာရှိပေးတာက မိဘပါပဲ၊ ဘတ်ဆူဂျင်းရဲ့အဖေကတော့ သမီးဖြစ်သူရဲ့ ဘေးမှာ စောင့်ရှောက်ပေးရင်း အရာရာကို အတူတူရင်ဆိုင်ပေးခဲ့တာပါ ဘတ်ဆူဂျင်းအဖြစ် သရုပ်ဆောင်ထားတာကတော့ Why Her? ကရှေ့နေမမ အိုဆူဂျယ် (Seo Hyun Jin) ပဲဖြစ်ပါတယ်၊ ရှေ့နေဆိုတဲ့ ဇာတ်ကောင်တူနေပေမဲ့ လုံးဝကွဲပြားနေတာကတော့ သတိမေ့တတ်တဲ့ ပုံစံနဲ့ သရုပ်ဆောင်ရတဲ့ဇာတ်ကောင်စရိုက် ပါပဲ ဒီရုပ်ရှင်ကတော့ Seo Hyun Jin ရဲ့ next level ရောက်နေတဲ့ သရုပ်ဆောင်ချက်တွေနဲ့တင် ကြည့်ရတာ အရမ်းကိုတန်နေပါပြီ နောက်ဆုံးမှာ လမ်းပျောက်နေတဲ့ ဆူဂျင်းတစ်ယောက် ရှာတွေ့သွားနိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size…  931MB | 534MB | 238MB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August

Crime • Drama
7.2 2022 101 mins
Cassiopeia
A Very Long Engagement
7.3

၁၉၁၉ ခုနှစ် သြဂုတ်လမှာ မာသိဒ် သီလရှင်တစ်ပါးဆီက စာရပါတယ်။ စာက ပထမကမ္ဘာစစ်ထဲမှာ သေသွားပြီလို့ သိထားတဲ့ သူ့ခင်ပွန်းလောင်းရဲ့ ရဲဘော်တစ်ဦးဆီပါ။ အဲဒီနောက်မှာတော့ သူ့ခင်ပွန်းလောင်းအပါအဝင် သေမိန့်ချခံခဲ့ရတဲ့ စစ်သားငါးယောက်အကြောင်းကို ကြားခဲ့ရပါတယ်။ အဲဒီကနေစပြီး မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်း မတ်နတ်ခ်ကို ရှာပုံတော် ဖွင့်ပါတော့တယ်။ မာနတ်ခ်ကို ရှာရတဲ့ခရီးက လွယ်တော့ မလွယ်လှပါဘူး။ ပထမဆုံး ပဲရစ်ကို သွားပြီး စုံထောက်တစ်ယောက်ငှားတယ်။ သူ့ကို ပိုက်ဆံတွေ အလကားဖြုန်းပစ်နေတာပဲလို့ ပြောကြပါတယ်။ သူ့ဦးလေးနဲ့ အဒေါ်ကလည်း မေ့ပစ်ပြီး သင့်တော်တဲ့သူတစ်ယောက်ရှာတော့တဲ့။ အမျိုးမျိုးတားကြတဲ့ကြားမှာ မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်း အသက်ရှင်နေသေးတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားဆဲပါပဲ။ ဒီလိုနဲ့ ရသမျှအချက်အလက်တွေကို လိုက်ချိတ်ဆက်ပါတော့တယ်။ မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းကို ရှာတွေ့ပါ့မလား? သူ့ခင်ပွန်းလောင်းကရော အသက်ရှင်နေပါ့မလား? အသက်ရှင်နေရင်ရော ဘာတွေကြောင့် ပြန်မလာနိုင်တာလဲ? အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ် File size…2 GB / 819MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 13m Genre ..... Mystery , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Myat Thwe

Comedy • Romance
7.3 2004 133 mins
A Very Long Engagement
The Irishman
7.6

ဒီရုပ်ရှင်ကတော့ မာတင်စကော်ဆက်ဆီရဲ့ ရုပ်ရှင်တွေထဲမှာ အရှည်ဆုံး ရုပ်ရှင်ကားပါ။ ၃ နာရီ ၂၉ မိနစ်ရှိပါတယ်။ ဒါရိုက်တာနဲ့ သရုပ်ဆောင်အားလုံးက တကယ့် legend တွေပါပဲ။ ဒါရိုက်တာ မာတင်စကော်ဆက်ဆီးက Goodfells, Taxi driver, Departed နဲ့ Raging bull လို ရုပ်ရှင်တွေကြောင့် နာမည်ကြီးပါတယ်။ သူက အခု အဓိက မင်းသား ၃ ယောက်ကို ခေါ်ထားလိုက်ပါတယ်။ အဓိကသရုပ်ဆောင် Robert De Niro ကိုတော့ Taxi Driver, Goodfellas, The Untouchables, Jackie Brown, Casino တို့လိုကားတွေနဲ့ သိကြမှာပါ။ Al Pacio ဆိုတာနဲ့ Godfather ကို ပြေးမြင်ကြပါလိမ့်မယ်။ Joe Pesci ကလည်း Goodfellas, Casino, Raging bull နဲ့ ကမ္ဘာကျော်ပါပဲ။ ဇာတ်လမ်းကတော့ ကမ္ဘာကျော်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားပါတယ်။ သမ္မတ နစ်ဆွန် နဲ့ ဂျေအက်ဖ် ကနေဒီတို့ခေတ်မှာ သမ္မတတွေပြီးရင် အင်အားအကြီးဆုံး၊ အထင်ရှားဆုံးလူတစ်ယောက်ရှိပါတယ်။ သူ့နာမည်ကတော့ ဂျင်မီဟော့ဖာ ပါတဲ့။ သူဟာ ကုန်ကားမောင်းသူများအဖွဲ့ ဥက္ကဌဖြစ်ပြီး သူ့အဖွဲ့မှာ အဖွဲ့ဝင်ပေါင်း သန်းချီပြီးကို ရှိခဲ့ပါတယ်။ သူဟာ အလုပ်သမားအခွင့်အရေးအတွက် အများကြီးတိုက်ခိုက်ပေးခဲ့ အဆင်ပြေအောင်လုပ်ပေးခဲ့လို့ နိုင်ငံကျော်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတာပါပဲ။ သူ့အဖွဲ့ရဲ့ ပင်စင်ရံပုံငွေဟာ ဒေါ်လာ ဘီလီယံနဲ့ချီပြီးရှိနေတော့ တရားမဝင်လုပ်ငန်းတွေအတွက် ငွေလိုနေတဲ့ မာဖီးယားဂိုဏ်းတိုင်းဟာ ဘဏ်ကချေးလို့မရဘဲ ဂျင်မီဆီမှာပဲ ချေးကြရတာပါ။ လက်စ်ဗီးဂတ်ကို မာဖီးယားတွေ စတည်ဆောက်တာ ဂျင်မီရဲ့ ငွေတွေအများကြီးပဲလို့ ပြောလို့ရတာပါပဲ။ သူဟာ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပြီး ကာလအတော်ကြာမှပဲ နိုင်ငံတော်က သေဆုံးကြောင်းအတည်ပြုနိုင်ခဲ့တာပါ။ သူပျောက်ဆုံးသွားခဲ့ပုံ၊ သေဆုံးပုံနဲ့ မာဖီးယားဂိုဏ်းများစွာနဲ့ အရှုပ်အရှင်းတွေကိုတော့ သူ့ရဲ့ လူယုံ ဖရန့်ခ် ရှီရန်က လူထုကို ဖွင့်ချပြခဲ့ပြီး နောက်မှ ာ စာရေးဆရာ Charles Bandt က I heard you paint houses ဆိုတဲ့ ကမ္ဘာကျော်စာအုပ်တစ်အုပ်လည်း ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ရဲ့ အဓိက ဇာတ်ကောင်ကတော့ ဖရန့်ခ်ရှီရန် (Robert De Niro) ပဲ ဖြစ်ပါတယ်။ God father, Good fellas တို့လို epic crime drama အမျိုးအစားပဲဖြစ်ပါတယ်။ နှစ်အတော်ကြာမှပဲ ဒီလိုရုပ်ရှင်မျိုး ပြန်ကြည့်ခွင့်ရကြတာပါပဲ။ မာဖီးယားစတိုင်အစစ်တွေကို ပြန်မြင်ရပါပြီ။ ဥပမာ ဖရန့်ခ် နဲ့ သူ့ရဲ့ ဆရာသမား မာဖီးယားဘော့စ် ရပ်ဆဲ တို့ စားသောက်ဆိုင်ထိုင်နေတယ်။ အခြားမာဖီးယားတစ်ယောက်က ရန်လာစတော့ အေးအေးဆေးဆေးလေးပဲ တောင်းပန်လိုက်တယ်။ ပြီးရင် တစ်ယောက်ကိုတစ်ယောက်ဘာမှမပြောဘဲ ကြည့်လိုက်တယ်။ ခဏနေ အိမ်ပြန်ပြီး သေနတ်ယူ သွားပစ်သတ်လိုက်တယ်။ ရှင်းပါတယ်။ ဒီလိုဖီလင်မျိုးတွေ မရတာ ကြာပြီမို့ အားရပါးရ ထိုင်ကြည့်လို့ရမယ့် ရုပ်ရှင်ပါပဲ။

Crime • Drama • Mystery
7.6 2019 209 mins
The Irishman
Okja
7.4

ကိုရီးယားအမျိုးသမီးငယ်လေး မီဂျာနဲ့ သူ့ရဲ့မိတ်ဆွေထူးဆန်းတဲ့သတ္တဝါကြီး အုတ်ဂျာတို့ရဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားတာပါ။ အသက်(၁၃)နှစ်အရွယ် မိဘမဲ့မိန်းကလေး မီဂျာဟာအဘိုးဖြစ်သူနဲ့ တောင်ကိုရီးယားက တောင်တန်းတစ်ခုမှာနေထိုင်ပြီး သူ့ရဲ့တစ်ဦးတည်းသော အဖော်လည်းဖြစ်၊သူငယ်ချင်းလည်းဖြစ်သူ အုတ်ဂျာဆိုတဲ့ အနေအေးပြီးထူးခြားကြီးမားတဲ့ဝက်ကြီးတစ်ကောင်ပါ။ မီဂျာနဲ့ အုတ်ဂျာဟာတောင်တန်းတွေ၊ တောတွေထဲ အတူလျှောက်သွားကစား ကြရင်း မခွဲအတူနေထိုင်ကြပြီး အိပ်ရင်တောင် အတူတူပါ။ တစ်ရက်မှာတော့ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်ကြည်နူးစရာ ကမ္ဘာလေးပျက်သုဉ်းဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ အုတ်ဂျာ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားတာကြောင့်ပါ။ တကယ်တော့ အုတ်ဂျာကို မီရန်ဒိုစီးပွားရေးလုပ်ငန်းစုကြီးကနေ သူတို့သဘောနဲ့သူတို့ ဖမ်းဆီးသွားတာဖြစ်ပြီး နယူးယောက်ကို ပို့ဆောင်ခဲ့ပါတယ်။ မီရန်ဒိုကော်ပိုရေးရှင်းဟာ အသားထုတ်လုပ်မှုတွေ ပိုမိုတိုး မြှင့်နိုင်ဖို့အတွက် အုတ်ဂျာကို သုတေသနလုပ်ရအောင်လို့ ဖမ်း ဆီးသွားတာဖြစ်ပါတယ်။ အုတ် ဂျာနဲ့ မခွဲအတူနေခဲ့တဲ့ မီဂျာဟာ သူ့အချစ်ဆုံးသူငယ်ချင်းကို အိမ် ပြန်ခေါ်လာနိုင်ဖို့ ကြိုးပမ်းပါတော့ တယ်။ အဲဒါနဲ့ မီဂျာဟာ အုတ်ဂျာရှိ တဲ့ မီရန်ဒိုကော်ပိုရေးရှင်းကို လိုက်သွားပြီး ကယ်ဆယ်နိုင်ဖို့ လုပ် ဆောင်ရင်း တိရစ္ဆာန်အရေးလှုပ် ရှားသူတွေနဲ့ပါ ပေါင်းမိခဲ့ပြီး အုတ်ဂျာကို ကယ်ဆယ်နိုင်ရေး လုပ် ဆောင်ခဲ့ပါတယ်။ အုတ်ဂျာအတွက်နဲ့ နယူး ယောက်ကို လိုက်သွားတဲ့ မီဂျာ ဘယ်လိုအခက်အခဲတွေရင်ဆိုင် ရမှာလဲ။ အုတ်ဂျာကိုကော အချိန် မီကယ်တင်နိုင်မှာလား။ သူချစ်တဲ့ အုတ်ဂျာကို မူလနေရပ်ဆီ ပြန် ခေါ်သွားနိုင်မှာလားဆိုတာ ဆက် ကြည့်လိုက်ဦးနော်။ ခါတိုင်းကြည့်နေကျ ကိုရီး ယားဇာတ်လမ်းတွေလိုမဟုတ်တဲ့ ဇာတ်အိမ်လေးနဲ့မို့ ပရိသတ်တွေ သဘောကျမယ်ထင်ပါတယ်။ ဒီဇာတ်ကားမှာ မီဂျာအဖြစ် အန်းဆိုဟွန်းက အဓိကပါဝင် သရုပ်ဆောင်ထားပြီး တီလ်ဒါဆွင် တန်၊ ပေါလ်ဒါနို၊ ဂျိတ်ဂျီလင်ဟော စတဲ့ကိုရီးယား၊ အမေရိကန်သရုပ်ဆောင်များစွာ ပါဝင်ထား ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ (http://www.7daydaily.com) မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ Khin Pyae Twinlay ပဲဖြစ်ပါတယ်) File Size : (903 MB) Quality : 720p Webrip Running Time : 1hr 58minutes Format : Mp4 Genre : Action, Adventure, Drama Translated By Khin Pyae Littletwinlay Encode By Thanhtike Zaw

Crime • Drama • TV Movie • Thriller
7.4 2017 122 mins
Okja
Ikiru
8.3

Ikiru (1952) ~ IMDb – 8.3/10, Rotten Tomatoes – 98% ~ Golden Age of Asian Cinema လို့လည်းခေါ်ကြတဲ့ ၁၉၅၀ဝန်းကျင်ကာလဟာ non-English World Cinema ရဲ့ ရွှေခေတ်ဖြစ်ခဲ့ပါတယ်။ ဒီ ၁၉၅၀ဝန်းကျင်မှာပဲ အာရှဒါရိုက်တာတွေဟာ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ အနုပညာအရည်အသွေးရှိတဲ့ ရုပ်ရှင်တွေကို တင်ဆက်နိုင်ခဲ့ပြီး ဒီနေ့ထိလည်း ဒီကားတွေဟာ ခေတ်ကိုကျော်ဖြတ်ပြီး ရှင်သန်နေတုန်းပါ။ ဒီကာလမှာ Yasujirō Ozu ရဲ့ Tokyo Story (1953), Satyajit Ray’s The Apu Trilogy (1955–1959), Kenji Mizoguchi ရဲ့ Ugetsu (1954), Ishirō Honda ရဲ့ Godzilla (1954) နဲ့ Akira Kurosawa ရဲ့ Rashomon (1950), Ikiru (1952), Seven Samurai (1954) နဲ့ Throne of Blood (1957) တို့တွေလည်း ထွက်ရှိခဲ့ပါတယ်။ ဒီရုပ်ရှင်တွေဟာ ကမ္ဘာ့ရုပ်ရှင်လောကကို ဒီနေ့ထိထက်တိုင် လွှမ်းမိုးမှုကြီးခဲ့ပြီး ကူရိုဆာဝါရဲ့ ရာရှိုးမွန်ကားက “Rashomon Effect” ကို ဒီနေ့ခေတ်ထက်ထိ ရုပ်ရှင်တက္ကနစ်တစ်ခုအနေနဲ့ အသုံးပြုနေကြတုန်းပါပဲ။ The Usual Suspects (1995), Gone Girl (2014), Predestination (2014), Hero (2002), The Handmaiden (2016) တို့လို နာမည်ကြီးဒါရိုက်တာတွေရဲ့ နာမည်ကျော်ကားတွေမှာပါ “Rashomon Effect” ကို သုံးနေကြတုန်းပါပဲ။ နောက် ကူရိုဆာဝါရဲ့ Seven Samurai ကို အနောက်ဘက်က ခဏခဏပြန်ရိုက်ခဲ့ကြသလို The Hidden Fortress (1958) ဟာလည်း ဂျော့လူးကတ်စ်ရဲ့ စတားဝါးစ်ယူနီဗာ့စ်ကြီးရဲ့ အင်စပီရေးရှင်းတစ်ခုလည်းဖြစ်ခဲ့တယ်။ ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာပါ ဒီကာလကို အာရှရုပ်ရှင်ရဲ့ရွှေခေတ်လို့တစ်မျိုး ဂျပန်ရုပ်ရှင်ရဲ့ရွှေခေတ်လို့တစ်ဖုံ သတ်မှတ်ခဲ့ကြပါတယ်။ အကီရာကူရိုဆာဝါဟာ ရုပ်ရှင်ရိုက်သက် နှစ်ငါးဆယ်ကျော်မှာ ကား၃၃ကားရိုက်ခဲ့ပြီး ကားတိုင်းနီးပါး အနုပညာအရအောင်မြင်ခဲ့တဲ့အပြင် သူ့ခေတ်သူ့အခါမှာတင် နိုင်ငံတကာကို ထိုးဖောက်နိုင်ခဲ့တဲ့ အထင်ကရဂျပန်ဒါရိုက်တာတစ်ယောက်ပါ။ လက်ရှိဟောလိဝုဒ်ရဲ့ဘိုးအေကြီးတွေဖြစ်နေတဲ့ စကောဆေးစိတို့ စပီးဘာ့ဂ်တို့နဲ့လည်း လက်တွဲလုပ်ဖူးတဲ့ လူဆိုလည်းမမှားပါဘူး။ သူတို့ထက်ရှေးကျတဲ့ ရုပ်ရှင်ရဲ့ဆရာကြီးတွေဖြစ်တဲ့ အင်ဂမာဘာ့ဂ်မန်းတို့၊ ဖက်ဒါရီကို ဖယ်လင်နီတို့၊ ပက်ဒင်တန်ပေါ်မလာခင်အထိ တစ်ချိန်ကအကောင်းဆုံးရုပ်ရှင်လို့သတ်မှတ်ဖူးကြတဲ့ Citizen Kane ရဲ့ဖန်တီးရှင် အော်ဆန်ဝဲလ်တို့ကပါ ကူရိုဆာဝါ ရုပ်ရှင်တွေကိုထောပနာပြုခဲ့ကြဖူးပါတယ်။ ယုတ်စွအဆုံး တာကော့စကီးကလည်း ဆဲဗင်းဆာမူရိုင်းကို သူ့အကြိုက်ဆုံးရုပ်ရှင်ဆယ်ကားထဲက တစ်ကားလို့ပြောဖူးပါတယ်။ စတန်လေကူးဘရစ်ကိုယ်တိုင်လည်း “One of the Great Film Directors” လို့ ချီးကျူးဖူးတဲ့ သူပါပဲ။ အများစုကတော့ ဆဲဗင်းဆာမူရိုင်းနဲ့ Ran ပြီးရင် Ikiru ကို ကူရိုဆာဝါရဲ့ အကောင်းဆုံးရုပ်ရှင်လို့ သမုတ်ကြပါတယ်။ Ikiru ဟာ လီယိုတော်စတွိုင်းရဲ့ ဝတ္တုကို ကူရိုဆာဝါက သူ့ဟန်နဲ့ပြန်အသက်သွင်းထားတဲ့ ရုပ်ရှင်ဖြစ်ပြီး Living (2022) အဖြစ်လည်း ပြန်လည်ခံစား ခံထားရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ Living မှာလည်း Ikiru အကြောင်း တော်တော်လည်းပြောပြီးပြီဆိုတော့ ဘာမှတော့ သိပ်ပြောစရာမရှိတော့ပါဘူး။ Living က စာကိုပါ ပြန်ပေါင်းဖတ်လိုက်ရင် Ikiru အကြောင်းက မဆိုသလောက်လေး စုံနေပါပြီ။ အောက်ကဟာကတော့ ရေးချင်တာရေးထားတာမို့ ဖတ်ချင်မှဖတ်ကြပါ။ ပစ္စုပ္ပန်မှာနေတာ အကောင်းဆုံးလို့ တစ်ချို့ကပြောကြတယ်။ မှားတော့လည်း မမှားပါဘူး။ အနေလွန်သွားရင်ကျလည်း ဘေးထွက်ဆိုးကျိုးသဘောမျိုးရှိတတ်လားတော့မသိဘူး။ ဒီလိုအခါတွေကျ ခြင်္သေ့လည်ပြန်ထဲက ဘယ်နေရာမဆို တစ်ဖက်စွန်းကျရင် တစ်ယောက်တော့ နစ်နာရစမြဲဆိုတဲ့ စာသားကိုပဲ ပြေးပြေးမြင်မိတယ်။ ပစ္စုပ္ပန်မှာ ရှင်သန်နေရတာ ကျွန်တော့်အတွက်တော့ လွယ်လှတယ်မဟုတ်ပေမဲ့ မခက်လှဘူး။ ဒီလိုပဲ ရွှင်တစ်လှည့် ပြတ်တစ်လှည့်နဲ့ တစ်နေ့ပြီးတစ်နေ့ကုန်သွားခဲ့တာ ကြာပြီ။ တစ်ယောက်ယောက်အတွက်ပါ ထည့်သွင်းစဉ်းစားမိတဲ့အခါတွေဆိုရင်တော့ Summer Palace ရုပ်ရှင်ထဲက တစ်စက်မှမမှားတဲ့ ဒိုင်ယာလော့တစ်ကြောင်းကို ပြေးပြေးမြင်တာပဲ။ ” တစ်ယောက်တည်းဆိုရင်တော့ ခိုကိုးရာမဲ့ဘဝမှာ နေလို့ရပေမဲ့ နှစ်ယောက်ဆိုရင်တော့ ဒီလိုဘဝမှာ နောင်တတွေပဲရနိုင်မယ် “တဲ့။ ရှေ့ကိုလုံးဝမကြည့်တဲ့ ပစ္စုပ္ပန်ဟာ နေတတ်သူနဲ့ မနေတတ်သူကြားထဲမှာတော့ တော်တော်အန္တရာယ်များတဲ့အရာပဲ။ ကျွန်တော့်အတွက်တော့ ပစ္စုပ္ပန်မှာပဲ နေထိုင်ခြင်းဆိုတာ တော်တော်အကျိုးရှိတဲ့အမြင်လည်းဖြစ်သလို တစ်ခါတလေ တော်တော်အန္တရာယ်များတဲ့ အမြင်လည်းဟုတ်တယ်။ ဒီရုပ်ရှင်ဟာလည်း ပစ္စုပ္ပန်မှာပဲ အနေလွန်သွားတဲ့ လူတစ်ယောက်အကြောင်းပဲလို့ ပြောရမလားပဲ။ ဇာတ်ကောင်ဟာ သူ့ဘဝကို သူပစ္စုပ္ပန်ကိုပဲတည့်တည့်ကြည့်ရင်း အနှစ်၃၀လုံး ဘာမှမပြောင်းလဲပဲ ရှင်ရင်းသာနေလာခဲ့တယ်။ ဒီလိုနဲ့ သူ့အကန့်အသတ်ကို ရောက်လာတယ်။ သူနောက်ထပ်၆လပဲနေရတော့မယ်။ တစ်သက်လုံး သူက ပစ္စုပ္ပန်တည့်တည့်ကလွဲ ဘာကိုမှမကြည့်ဘဲ နေလာခဲ့တော့ မခက်ခဲဘူးပေါ့။ တစ်ခုရှိတာက သူ့ပစ္စုပ္ပန်မှာ နေပုံက လုံးဝအနိမ့်အမြင့် အတက်အကျ ဘာမှမရှိဘဲ တော်တော်ပျင်းဖို့ကောင်းတဲ့ ရုံးဝန်ထမ်းဘဝနဲ့ ရှင်လာတာ။ သေရတော့မယ်ဆိုတော့ အတိတ်ကိုလှည့်ကြည့်တော့လည်း ဒီနှစ်၃၀လုံး သူဘာမှမဖြစ်ခဲ့ဘူး။ ယုတ်စွအဆုံး ညနေခင်းနေဝင်ချိန်လေးတစ်ခုကိုတောင် အရသာခံပြီး မကြည့်ခဲ့ဖူးဘူး။ ရှင်လျက်နဲ့သေနည်းမျိုးနဲ့ ရှင်သန်လာခဲ့တယ်။ ဒီနေရာမှာ တစ်ချိန်လုံးသုံးလာခဲ့တဲ့ ပစ္စုပ္ပန်ဆိုတဲ့စကားလုံးကို ကျွန်တော်ပြောချင်ခဲ့တဲ့ဆိုလိုရင်းက ပစ္စုပ္ပန်ဆိုတာထက် အခြေအနေတစ်ခုမှာနေသားကျနေခြင်းလို့ ပြောရင်ပိုမှန်မလားပဲ။ နည်းနည်းတော့ ဝေဝါးသွားပြီ။ ဒီလိုဝေဝါးနေတာကိုကပဲ ရှင်သန်ခြင်းပိုဆန်နေမလားပဲ။ ထားလိုက်ပါတော့။ ဆက်ရရင်… ဇာတ်ကောင်က တစ်ချိန်လုံး အလုပ်တော့များနေတာပဲ။ အသက်ရှုဖို့အချိန်မရှိလောက်အောင်ကို သူ့မှာ အလုပ်များနေခဲ့တာ။ ဒါပေမဲ့ တကယ်တမ်း ဘာတွေလုပ်နေသလဲဆိုရင်လဲ သူ့မှာ လက်ဆုပ်လက်ကိုင်ပြစရာ ဘာမှမရှိဘူး။ သူ့ရထားတဲ့နေရာလေးကို သူကာကွယ်ရင်း အလုပ်များနေခဲ့တာပဲ။ ဒီအခြေအနေမှာပဲ သူနေသားကျနေခဲ့တယ်။ ဒီလိုနဲ့ ဘာမှမတွေးဘဲ ပစ္စုပ္ပန်မှာ နေလာခဲ့တဲ့သူ့ကို ရှောင်လွှဲမရတဲ့အရာတွေက တံခါးလာခေါက်တယ်။ သေခြင်းပေါ့။ ဒါကတော့ သူ့ကိုတံခါးလာခေါက်တဲ့အရာပေါ့။ ကျွန်တော်ဆိုရင်တော့ သေခြင်းက နည်းနည်းဝေးဦးမယ်လို့ထင်ရတယ်။ မလွယ်ကူတဲ့ ဆုံးရှုံးခြင်းတွေ တံခါးလာခေါက်တာဖြစ်ဖို့က ပိုနီးစပ်တယ်။ လွယ်ကူတဲ့ဆုံးရှုံးခြင်းမျိုးတွေကတော့ ပစ္စုပ္ပန်ကို တံခါးလာခေါက်နိုင်တဲ့ စွမ်းပကားမျိုးရှိမှာမဟုတ်ဘူး။ ဘာကလွယ်ပြီး ဘာကမလွယ်လဲကတော့ လူပေါ်မူတည်ပါလိမ့်မယ်။ ဒီလိုတံခါးလာခေါက်တဲ့အချိန် ဒီလိုအခြေအနေမှာသာနေနေတဲ့လူဆို ဘယ်လိုမှတော့ ဒီအရာကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေစရာအကြောင်းမရှိဘူး။ ဒီတော့ စစချင်း သူဆောက်တည်ရာမရဖြစ်သွားတယ်။ သူမရှင်သန်ခဲ့ရတဲ့ဘဝကို ရှင်သန်ဖို့ကြိုးစားတယ်။ သေခြင်းကို မမြင်နိုင်ခဲ့ဘဲ မရှင်သန်နေတဲ့ ပစ္စုပ္ပန်မှာပဲနေလာခဲ့တဲ့လူဟာ ရှင်သန်နည်းကိုရှာတယ်။ ရှင်သန်တယ်ဆိုတာ ဘာများလဲ။ ဘယ်လိုဆို တကယ်ရှင်သန်နေတာလဲ အဖြေကို သူရှာရင်း နောက်ဆုံးကျ သူအဖြေကိုတွေ့သွားတယ်။ သေခြင်းတရားကို အစိမ်းလိုက်ရင်ဆိုင်ရဲစေမယ့် ရှင်သန်ခြင်းမျိုးကို သူတွေ့ရှိသွားခဲ့တယ်။ ဒါပေမဲ့ သူတွေ့ရှိသွားတဲ့ ရှင်သန်ခြင်းမျိုးကို ဘာမှမဟုတ်ပါဘူးလို့ ခင်ဗျားတွေးချင်လည်း တွေးမိလိမ့်မှာပဲ။ အဲဒီကျ အောက်က စာလေးဖတ်ကြည့်ပေါ့။ ကျွန်တော်တို့ချစ်တဲ့လူတစ်ယောက်အကြောင်းကို သူ့ကိုချစ်တဲ့လူတစ်ယောက်ပြောပြခဲ့တဲ့အရာပေါ့။ ဒီလောက်ပါပဲ။ “တချို့ကတော့ ခင်မောင်ရင့်ဘဝဟာ ဘာမှမဟုတ်ဘဲ ပြီးသွားတယ် ပြောကြတယ်။ ဝမ်းနည်း စကားပေါ့။ ကျနော်က အဲဒီလို ဘယ်တုန်းကမှ မထင်ဘူး။ ခင်မောင်ရင်ဟာ သူ့ဘဝရဲ့အကြောင်း အကုန် နားလည်တယ်။” စာကြွင်း။ နေ့တွေဟာ အကန့်အသတ်ရှိတာကြောင့်ပဲ… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 980MB Quality – 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 2H 23Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Fantasy • Horror • Drama • Thriller
8.3 1952
Ikiru
Miss Fortune
7

Miss Fortune(2023) ****************** ဂျီဟဲဆိုသောအမျိုးသမီးဟာ လက်နှိပ်စက်ခေတ်ကတည်းက နာမည်ကြီး ပစ္စည်းတွေပတ်ခိုးလာတဲ့ နာမည်ကျော် သူခိုးတစ်ယောက်ပါ… သို့သော် မျက်မှောက်ခေတ်တိုးတက်လာတဲ့နည်းပညာတွေ ကြောင့် မြင့်မားတဲ့ လုံခြုံရေးစနစ်တွေကြောင့် ခိုးရပြုရတာ အရင်လိုမလွယ်ကူတော့… သူ့အနေနဲ့ ဒီဘက်ခေတ်နည်းစနစ်တွေကို အမှီလိုက်ဖို့ကလည်း အတော်ခက်.. ဒါ့ကြောင့် သူခိုးတဲ့အချိန်မှာ အထောက်အကူဖြစ်စေဖို့ သမီးဖြစ်သူကို ဆွဲခေါ်လေ့ရှိတယ်… သမီးဖြစ်သူကလည်း ထက်မြက်တဲ့သူဆိုတော့ သော့တွေလုံခြုံရေးစနစ်တွေCCTVတွေနဲ့ အခြား Hackingပိုင်းတွေမှာပါ ကူညီပေးလေ့ရှိတယ်..ဒါပေမဲ့ ဂျီဟဲက သမီးဖြစ်သူကိုလည်း ဒီလောကကြီးထဲမှာ သူ့လို မရပ်တည်စေချင်ဘူး..ဒါ့ကြောင့် နောက်ဆုံးပိတ်အနေနဲ့ ၆၀ဘီလျံတန်ဘိုးရှိတဲ့ ပစ္စည်းတစ်ခုက ခိုးယူပြီး စောရလောကကနေ အပြီးတိုင်နားဖို့ အချီကြီးကြံပါတော့တယ်.. သို့သော် သူမ ထင်ထားသလို မလွယ်ကူတဲ့အခါမှာတော့… နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားတာမို့ ကြည့်ကြပါကုန်… File size… 2.2GB/814MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2hr 03min Genre …..Drama, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by Tiff Miri, Treasure Hnin & Stary

7 2023
Miss Fortune
Easy Money III: Life Deluxe
6.2

Easy Money 3 (2013) IMDB – 6.2 ဒီဇာတ်လမ်းကတော့ မူးယစ်ခေါင်းဆောင်ကြီး ရာဒိုဗန်ရဲ့ ကျရှုံးခန်းပါ။ ဂိုဏ်းအဖွဲ့အချင်းချင်း ရန်ပွဲတွေကြောင့် ရာဒိုဗန်တစ်ယောက် လုပ်ကြံခံလိုက်ရတယ်။ ကျည်ကာအင်္ကျီနဲ့ဆိုတော့ မသေပေမယ့် သူ့နိုင်ငံမဟုတ်တဲ့ ဆွီဒင်နိုင်ငံမှာ ဒီလိုရန်ငြှိုးတွေက သူ့အတွက်ကြီးမားတဲ့ အန္တရာယ်ဆိုတာသူနားလည်သွားတယ်။ ကျန်တာကိုဂရုမစိုက်ပေမယ့် တစ်ယောက်တည်းကျန်ခဲ့မယ့် သူသမီးလေးကိုသူအရမ်းစိတ်ပူသွားတယ်။ သူ့သမီးနားမှာ ယုံကြည်ရတဲ့သူဖြစ်တဲ့ မာတင် ဆိုတဲ့လူငယ်ကိုထားခဲ့တယ်။ မာတင်ဟာ ရဲအဖွဲ့ကလွှတ်ထားသူလျှိုဖြစ်ပြီး တစ်ချိန်က ရာဒိုဗန်ရဲ့လူဟောင်းဟောရုဟဲ အကူအညီနဲ့ အဖွဲ့ထဲကိုဝင်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရာဒိုဗန်ရဲ့ မိသားစုအတွင်းက ရာထူးအာဏာလိုချင်တဲ့ လက်ထောက်ကလည်းရှိနေတဲ့အခါမှာတော့ ရာဒိုဗန်တစ်ယောက် ဘယ်လိုကျရှုံးသွားမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး… File size…1.78GB / 818 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 7m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Drama • Romance
6.2 2013
Easy Money III: Life Deluxe
Players
5.6

Players (2024) ဒီနှစ်မှ အသစ်ကျပ်ချွတ်ထွက်ရှိထားတဲ့ အမေရိကန် Rom-Com လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကောလိပ်ကတည်းက ပေါင်းသင်းလာပြီး သတင်းစာတိုက်တစ်ခုတည်းမှာ အတူအတူအလုပ်လုပ်ကိုင်နေကြတဲ့ သူငယ်ချင်းတစ်အုပ်ရှိပါတယ်။ သူတို့ကြားက ပိုပြီးထူးခြားတာလေးတစ်ခုကတော့ သူတို့ရဲ့ ကစားပွဲလေးတွေပါ။ သူတို့ သူငယ်ချင်းတစ်အုပ်ဟာ ပုံမှန်ဆိုသလိုပါပဲ ဘားတွေ ကလပ်တွေ ဆိုင်တွေ ပွဲတွေမှာ မျက်စိကျတဲ့သူကိုတွေ့ပြီဆိုတာနဲ့ သူတို့ရဲ့ ကစားကွက်ကို ခင်းပါပြီ။ တစ်ညတာအပျော်ဇာတ်ခင်းဖို့အတွက် သူတို့ရဲ့ ကစားကွက်တွေက ကုန်ခမ်းတယ်လို့ရယ် မရှိပါဘူး။ တစ်ယောက်က မျက်စိကျတဲ့သူတွေ့ပြီဆိုတာနဲ့ တစ်အုပ်စုလုံး ဝိုင်းဝန်းဇာတ်ပို့လိုက်ကြတာပါပဲ။ အားလုံးထဲမှာမှ မက်ခ်လို့ခေါ်တဲ့ မိမိမိုက်မိုက် အားကစားသတင်းထောက်မမကြီးကတော့ ဆရာမကြီးပေါ့။ မက်ခ်အဖို့ရာ ယောက်ျားတစ်ယောက်ကို တစ်ညတာအပျော်ကစားဖို့ အကွက်တွေကတော့ မရေမတွက်နိုင်အောင်ပါပဲ။ သူတို့ သူငယ်ချင်းတစ်အုပ်ကလည်း အမြဲစည်းစည်းလုံးလုံးပါပဲ။ ဒါပေမဲ့ ဒီလို မက်ခ်ခမျာ ယောက်ျားတစ်ယောက်ကို အပြတ်ကြွေသွားတဲ့အခါမှာတော့… လူတစ်ယောက်ကို ချစ်မိရင် သိမ်ငယ်စိတ်က မသိမသာလိုလိုနဲ့ ကပ်ပါတတ်ပါတယ်။ ဒါဟာ ဆရာမကြီးရဲ့ ကျဆုံးခန်းပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေထက် ကိုယ်အထင်ကြီးမိသွားတဲ့သူရဲ့နောက်မှာ အသာလေးရောက်သွားတာမျိုး၊ ကိုယ့်ကိုယ်ကိုယ် ပမွှားလေးဖြစ်သွားသလိုခံစားရတာမျိုးတွေပေါ့။ မက်ခ်တစ်ယောက် အကွက်တွေရွှေ့နိုင်ပါ့ဦးမလား။ ချစ်တဲ့အမျိုးသားကိုရော အပိုင်ကြံနိုင်ပါ့ဦးမလား… မက်ခ်ချစ်မိသွားတဲ့အမျိုးသားနေရာမှာတော့ လူစီဖာအဖြစ် လူသိများတဲ့ Tom Ellis က သရုပ်ဆောင်ထားပါတယ်နော်။ ဇာတ်လမ်းက မှန်းရလွယ်ပေမယ့် ကြည့်ပျော်မှာပါ။ လေးလေးနက်နက်မှန်းထားရင်ဖြစ်ဖြစ် သင့်အချိန်ဟာ ရုပ်ရှင်’ကောင်းကောင်း’အတွက်သာ သုံးသင့်တယ်လို့ ယူဆထားသူဖြစ်ရင်တော့ ဒီကားကို ၂ခါမစဉ်းစားဘဲ ကျော်ပစ်ပါ။ အကွက်ကလေးတွေ လေ့လာချင်ရင်တော့ နေရစ်ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 905MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 45Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

5.6 2024 105 mins
Players
I Did It My Way
6.1

ဒီဇာတ်ကားလေးကတော့ ဆိုက်ဘာပြစ်မှုကျူးလွန်မှုကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ။ အထဲမှာ fight scene တွေ action ခန်းတွေကလည်းရှယ်ဆိုတော့ ကြည့်ကိုကြည့်သင့်နေပါပြီ ။ ‌ICU ( အင်တာနက်ဆိုက်ဘာကျူးလွန်မှုများအားဖမ်းစီးရေး) အဖွဲ့ရဲ့ စုံစမ်းချက်တွေအရ ၂၀၂၃ ခုနှစ်မှာ အင်တာနက်မှာ မှောင်ခိုဝက်ဘ်ဆိုက်တွေထောင်ပြီး မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေမှုတွေအများကြီးရှိလာပါတယ် ။ ခန့်မှန်းချေ မူးယစ်ဆေး ၇တန်ကျော် ၊ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ဖိုးနဲ့ Web ပေါင်း ၇သိန်းကျော်ထိရှိလာခဲ့တာပါ ။ အဲဒီမှောင်လိုဝက်ဘ်ဆိုက်တွေက တစ်ကမ္ဘာလုံးကိုပြစ်မှတ်ထားတာဖြစ်ပြီး အာရှတိုက်တစ်ခုလုံးကိုပါ ပျံ့နှံ့လာခဲ့ပါတယ် ။ မူယစ်ရာဇာတွေကို တစ်ယောက်ယောက်ပြီးတစ်ယောက်ဖမ်းမိခဲ့ပါတယ် ။ ဒါပေမဲ့ လက်ရှိစုံစမ်းစစ်ဆေးချက်တွေအရ အာရှတိုက်မှာနာမည်ကြီးနေတဲ့ မှောင်ခိုဝက်ဘ်ဆိုက်ရဲ့ founder “လောင်ပန်” အမည်ရှိသူကိုတော့ဖမ်းလို့မမိသေးပါဘူး ။ ICU ရဲ့စုံစမ်းချက်အရ လောင်ပန်ရဲ့နောက်လာမဲ့ပစ်မှတ်က ဟောင်ကောင်ဖြစ်နေချိန်မှာတော့… ဟောင်ကောင်က ဆိုက်ဘာပြစ်မှုစုံစမ်ူရေးရဲတွေရယ် ၊ အတွင်းသူလျိုတွေရယ်ပေါင်းပြီး လောင်ပန်ကိုဘယ်လိုဖော်ထုတ်သွားမလဲ ? ဘယ်လိုအမှုမျိုးတွေကိုဖမ်းဆီးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ

Horror
6.1 2024
I Did It My Way
Unmoored

Unmoored 2023 ဟာ crime, drama, thriller အမျိုးအစား ဆွီဒင်စကားပြော ဆွီဒင်ရုပ်ရှင်ကား တစ်ကားဖြစ်ပါတယ်။ လူ့စိတ်နှင့် ခံစားမှုတွေကို လှုပ်ရှားစေသော စိတ်ပညာဇာတ်ကားတစ်ကား ဖြစ်ပြီး၊ အဓိကဇာတ်ကောင်သည် မိမိ၏ ရင်းနှီးသော လူတစ်ယောက်နှင့် ရင်ဆိုင်ရသော ခက်ခဲသော အဖြစ်အပျက်များကြောင့် မကြာခဏ စိတ်ဖိစီးမှုနှင့် ပျက်စီးမှုများကို ရင်ဆိုင်ရပါသည်။ ဇာတ်လမ်းတွင် အဖြစ်မှန်နှင့် ခံစားမှုတို့ကြား ရှုပ်ထွေးသည့် ဆက်နွယ်မှုများကို စိတ်လှုပ်ရှားဖွယ်ရာ ဖော်ပြထားပြီး၊ ဇာတ်ကောင်အချို့၏ သတိမပြည့်စုံမှုများနှင့် ထူးခြားတဲ့ ထင်မြင်ချက်များကို ဇာတ်လမ်းတစ်ခုလုံး အပြည့်အဝ ခံစားနိုင်မှာဖြစ်ပါတယ်။ ဆွီဒင်အစီစဉ်တင်ဆက်သူဖြစ်တဲ့ မာရီယာဟာ ယောက်ျားဖြစ်သူ တရားစွဲဆိုခံရခြင်းကြောင့် အစီအစဉ်တကျနဲ့ သူမရဲ့ဘဝဟာလဲ ဖရိုဖရဲဖြစ်လာခဲ့ပါတယ်။ အိမ်တွင်းရေး အကြမ်းဖက်မှုတွေကြောင့် စိတ်မလုံခြုံဖြစ်ခြင်း စိတ်ဖိစီးခြင်း သံသယများခြင်းကြောင့် မလုပ်သင့်တဲ့ အမှားမျိုးကျူးလွန်မိခဲ့တာကို Crime Drama Thriller ဆန်ဆန်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.1 GB)/(662 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Kaung Myat Htoo

Action • Drama • Adventure
0 2024
Unmoored
Cesium Fallout
6.8

မင်းသားကြီးAndy Lau နဲ့ Love O2Oထဲက မင်းသားချောလေး Bai Yuတို့ရဲ့ရုပ်ရှင်ဇာတ်ကားကြီးလာပါပြီ။ ကပ်ဘေးအန္တရာယ်ကို စွန့်စားပြီးကာကွယ်ရတဲ့ဇာတ်ကားဖြစ်ပါတယ်။ အန္တရာယ်ရှိ ဓာတ်ရောင်ခြည်ပစ္စည်းတွေရုတ်တရက်ယိုစိမ့်လာတဲ့အတွက် ဟောင်ကောင်မြို့ကြီးဟာ ၂၄နာရီအတွင်းအန္တရာယ်ကျရောက်တော့မှာဖြစ်ပါတယ်။ ဒီကပ်ဘေးကြီးကလွတ်မြောက်ဖို့ ပညာရှင်ဖန့်ဝေလိနဲ့ Ceciliaတို့က ကိုယ့်အကြောင်းပြချက်နဲ့ကိုယ်ရှိကြပါတယ်။ တစ်ချိန်ထဲမှာပဲ မီးသတ်သမား လိကျယ်ဖုန်းဟာ သူ့တပ်ဖွဲ့နဲ့အတူ ရှေ့တန်းမှာကယ်ဆယ်ရေးကိုကြိုးစားပြီးလုပ်ကိုင်နေခဲ့ပါတယ်။ ဟောင်ကောင်မြို့ကြီးပျက်စီးတော့မယ့်အချိန်နဲ့နီးကပ်လာတာနဲ့အမျှ သူတို့တွေဟာ ကာယ ဉာဏ အင်အားပူးပေါင်းပြီး ဘယ်လိုကယ်တင်သွားမလဲဆိုတာကို သဲထိတ်ရင်ဖိုကြည့်ရမှာပဲဖြစ်ပါတယ်။

Horror • Thriller
6.8 2025
Cesium Fallout
Kuladalli Keelyavudo
7.3

kuladalli keelyauvado (2025 ) “မျိုးဆက်အတွက် လမ်းပြပေးသူ” ဒီဇာတ်လမ်းထဲမှာ လူမျိုးစုဆိုင်ရာ အခက်အခဲ၊ လူ့အခွင့်အရေးနဲ့ လူ့အဖွဲအစည်းဆိုင်ရာအခြေအနေတွေကို အဓိကဖော်ပြထားတာဖြစ်ပါတယ် အဓိကဇာတ်ဆောင်ဖြစ်တဲ့ မူတာရာဆာက သူ့မျိုးဆက်နဲ့မိသားစုတွေအတွက် အခက်အခဲတွေကိုကျော်ဖြတ်ပြီး သူ့ကိုယ်တိုင်လည်း ကောင်းမွန်တဲ့ဘဝရောက်အောင် ပြောင်းလဲဖို ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပါတယ် လူငယ်တွေအတွက် မျှော်လင့်ချက်တစ်စုံတစ်ရာပေါ်ပေါက်စေပြီး စိတ်ဓာတ်ခွန်အားတက်စေမဲ့ ဇာတ်ကားဖြစ်တဲ့အပြင် မူတာရာဆာ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့လဲ၊ မိသားစုကိုဘယ်လိုအကာအကွယ်ပေးသွားမလဲဆိုတာကို ဒီဇာတ်လမ်းမှာ အပြည့်အဝကြည့်ရှုခံစားပေးကြပါဦး (အညွှန်းနဲ့ဘာသာပြန်ကတော့ CM BollyWood Team မှဖြစ်ပါတယ် )

Comedy • Action
7.3 2025 138 mins
Kuladalli Keelyavudo