YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Thunderstruck Cop (2025) 720p WEB-DL [RMC].mp4

994 MB 720p video/mp4 6 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Temptress Moon
6.7

Farewell My Concubine အပြီး Chen Kaige နဲ့ လတ်စလီချောင် ဂေါင်လီအတွဲ ပြန်ဆုံတဲ့ ရုပ်ရှင်ပေါ့။ သူလည်း ကိန်းမှာပြခဲ့ပြန်၊ Palme d'Or အတွက် ပြိုင်ခဲ့ပြန်တာပဲ။ ဒါပေမဲ့ ရတော့မရသွားခဲ့ပါဘူး။ ထပ်ပြီး တူတာက သူလည်း တရုတ်ပြည်မှာ ဘန်းခံထိထားတယ်။ မထူးခြားနားပါပဲ။ ပုရီနန်းစွန့်ပြီးနောက်ပိုင်း ၁၉၁၂မှာ ဇာတ်အိမ်စတယ်။ မင်းရိပ်မင်းရှိန်မကင်းတဲ့အိမ်တစ်အိမ်က ဘိုးဘေးနတ်ကွန်းထဲ အဲဒီအိမ်က ကလေးမလေးက ကစားရင်းဝင်လာလို့ အကုန်ပွက်လောရိုက်နေတာနဲ့ စဖွင့်ထားတယ်။ အဲဒီကလေးမလေးက ဂေါင်လီရဲ့ဇာတ်ကောင် ဖန်းယုရီ။ တရုတ်မှူးမတ်အိမ်တော်ဆိုတော့ အဲဒီအိမ်ရိပ်လာခိုတဲ့ ဆွေရိပ်မျိုးရိပ်မကင်းတဲ့ ကလေး၂ယောက်ရှိတယ်။ တစ်ယောက်ကကျ လတ်စလီချောင်ရဲ့ ဇာတ်ကောင် ကျန်းလိန်။ သူက အဲဒီအိမ်က ဖန်းယုရီအစ်ကို ဖန်းအိမ်တော်က သခင်လေးရဲ့မိန်းမရဲ့မောင်။ နောက်တစ်ယောက်က ဖန်းအိမ်တော်နဲ့ ဆွေမျိုးနည်းနည်းဝေးတဲ့ ဖန်းယုရီရဲ့အစ်ကိုဝမ်းကွဲ သွမ့်ဝူ။ ဒီသုံးယောက်က ဖန်းအိမ်တော်နဲ့ပတ်သက်ပြီး ကြမ္မာမလှခဲ့သလို ဒီဇာတ်ရဲ့အဓိကဇာတ်ကောင်၃ယောက်လည်း ဟုတ်တယ်။ ဂေါင်လီရဲ့ဇာတ်ကောင် ဖန်းယုရီက သူတို့အိမ်တော်က လူကြီးတွေကျေးဇူးနဲ့ ငယ်ငယ်လေးကတည်း ဘိန်းစွဲနေသလို လတ်စလီချောင်ရဲ့ဇာတ်ကောင်ကလည်း ‌ဂေါင်လီရဲ့အစ်ကို ဘိန်းသမားကျေးဇူးနဲ့ စိတ်ဒဏ်ရာတော်တော်မသေးဘူး။ ဘိန်းသမားက ဘိန်းကြောင်ပြီး သူ့မိန်းမနဲ့ သူ့မိန်းမရဲ့မောင်ကို မောင်နှမချင်း အတင်းမဖွယ်ရာမရာပြုခိုင်းတဲ့ဒဏ်ကို လတ်စလီချောင်ရဲ့ဇာတ်ကောင်က ခံစားခဲ့ရတယ်။ သွမ့်ဝူကျ အမျိုးဆိုပေမဲ့ အမျိုးဝေးတော့ ကျွန်သပေါက်သာသာ နှိမ်တာခံခဲ့ရတယ်။ ဒီလိုနဲ့ လတ်စလီချောင်ရဲ့ဇာတ်ကောင်က သူ့ယောက်ဖဒဏ်မခံနိုင်တော့ဘဲ အိမ်ကနေ ပီကင်းကို စာသင်ဖို့ထွက်သွားခဲ့တယ်။ သို့ပေမဲ့ စာသင်တဲ့ဆီမရောက်လိုက်ပါဘူး။ လမ်းမှာ ပစ္စည်းတွေအလုခံရပြီး လူမိုက်ဂိုဏ်းဝင်ဖြစ်သွားခဲ့တယ်။ ဂေါင်လီကလည်း ဘိန်းစွဲနေလို့ စေ့စပ်ကြောင်းလမ်းထားတဲ့အိမ်ကနေ ဖျက်သိမ်းတာခံလိုက်ရတယ်။ ဒီလိုနဲ့ သူတို့အရွယ်ရောက်လာပြီး ဖန်းသခင်ကြီးသေသွားတဲ့အချိန်မှာ အစ်ကိုက ဘိန်းဒဏ်နဲ့ နာလန်မထူတော့လို့ ဂေါင်လီက အိမ်ရဲ့ အကြီးအကဲဖြစ်လာခဲ့တယ်။ ဒီအချိန် လတ်စလီချောင်က ပြန်လာပြီး ဖန်းအိမ်က စည်းစိမ်တွေကို အပိုင်သိမ်းဖို့ကြံတယ်။ ဒါပေမဲ့ ဂေါင်လီကို ချစ်မိသွားပြီး အထ,မမြောက်ခဲ့ဘူး။ ဂေါင်လီကလည်း လတ်စလီချောင်ကို ချစ်ပေမဲ့ လတ်စလီက ငယ်ငယ်က သူ့အစ်မနဲ့အတင်းမဖွယ်မရာအပြုခံခိုင်းခဲ့ရတဲ့ စိတ်ဒဏ်ရာနဲ့ဆိုတော့ ဘယ်မိန်းမကိုမှ တကယ်တမ်း မချစ်နိုင်ခဲ့ဘူး။ နောက် သူတို့တွေ အဲဒီအိမ်တော်ကြီးထဲ ဘာဆက်ဖြစ်ကြမလဲဆိုတဲ့ ဇာတ်မျိုးပေါ့။ ဇာတ်ကတော့ တော်တော်လေးရှင်းပေမဲ့ တစ်ခုခုလိုအပ်နေသလိုလို ခံစားရသလို Chen Kaige ဘာပြချင်တာလဲဆိုတဲ့ အချက်ကလည်း တော်တော်လည်းမရှင်းဘူး။ နာမည်ကျော် ဝေဖန်ရေးဆရာ ရော်ဂျာအတ်ဘတ်ကိုယ်တိုင်လည်း ဇာတ်က ဘာပြချင်တာလဲ သူလည်းမရှင်းပေမဲ့ ဇာတ်ဟာ ပုရီနန်းဆင်းပြီးနောက် တည်ထားတာဆိုတော့ ဒီဖြစ်ရပ်တွေအားလုံးဟာ အဲဒီကနေမှ မော်စီတုန်းသေတဲ့အထိကို Symbolism နဲ့ ပြထားသလားတော့မသိဘူးလို့ ပြောတယ်။ တကယ်လည်းဟုတ်လောက်တယ်။ ပြည်မက ဒီကားကို ဘန်းထားရတဲ့အကြောင်းရင်းတော့ ရှိတော့ရှိမှာပဲ။ ပုရီနန်းဆင်းပြီးနောက်ကနေ မော်စီတုန်းသေတဲ့ခေတ်အထိကို ကျမ်းကြေတဲ့လူတွေကတော့ ဒီဇာတ်ကို သဘောပေါက်ချင်ပေါက်မှာပဲ။ ဒီတိုင်းကြည့်ရင်တော့ Chen Kaige ရဲ့ဇာတ်ဟာ ရိုးရှင်းပေမဲ့ သူပြချင်တာတစ်ခုခုကို ဝှက်ထားသလို ကျွန်တော်တို့ ကျိန်းသေခံစားရမှာပါပဲ။ ပုရီနှောင်းပိုင်း တရုတ်ပြည်ရဲ့ အနောက်တိုင်းယဉ်ကျေးမှုစိမ့်ဝင်မှုတွေအကြောင်းလည်း တစ်စွန်းတစ်စပြသထားတယ်။ ဒါပေမဲ့လည်း ဒီဇာတ်ဟာ အပြနဲ့တင်တော်တော်ကြည့်ရတန်ပါတယ်။ တန်ဆို သူ့ စီနီမာတိုဂရပ်ဖာက ဝေါင်ကာဝေးအသည်းကျော် ဟောင်ကောင်ရဲ့နာမည်အကြီးဆုံး စီနီမာတိုဂရပ်ဖာတွေထဲကတစ်ယောက်ဖြစ်တဲ့ Christopher Doyle ကိုး။ ဂေါင်လီ၊ လတ်စလီချောင်၊ ခရစ္စတိုဖာဒွိုင်း... ဒါနဲ့တန်တော်တော်တန်ပါတယ်။ Temptress Moon ဟာ ဘယ်လိုကားလဲတော့ ဖော်ပြရခက်ပေမဲ့ သေချာတာတော့ လတ်စလီချောင်ရဲ့အသိရခက်တဲ့ဇာတ်ကောင်ရယ်၊ ဂေါင်လီရဲ့အလှရယ်၊ ဒွိုင်းရဲ့ စီနီမာရယ်ကတော့ ပရိသတ်ရင်ထဲ အရောက်လှမ်းနိုင်မှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 950MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 2H 10Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action & Adventure • Crime • Drama
6.7 1996 130 mins
Temptress Moon
The Dyatlov Pass Incident
5.9

၁၉၅၉ ခုနှစ်မှာ အီဂါ ီယာလို့ဗ် ခေါင်းဆောင်တဲ့ ရုရှားတောင်တက်သမား ၉ယောက်အဖွဲ့ဟာ ရုရှားနိုင်ငံ မြောက်ပိုင်း ယူရယ်တောင်ရိုင်းတွေကို စွန့်စားတောင်တက်ခဲ့ကြပါတယ်။ နှစ်ပတ်အကြာမှာ သူတို့စခန်းချထားတဲ့ နေရာနဲ့ နည်းနည်းလှမ်းတဲ့နေရာတွေမှာ ၉ယောက်လုံးကို ထူးဆန်းစွာ သေဆုံးလျက် တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကိုတော့ The Dyatlov Pass incident (ဒီယာလို့ဗ်တောင်ကြားလမ်းမတော်တဆမှု)လို့ ခေါ်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ ဖြစ်ရပ်မှန်ဖြစ်ပြီး ယနေ့တိုင် ကမ္ဘာပေါ်က ဘယ်သိပ္ပံပညာရှင်မှ အဖြေမထုတ်နိုင်၊မဖြေရှင်းနိုင်သေးတဲ့ လျို့ဝှက်ဆန်းကြယ်ဖြစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ဒီဖြစ်ရပ်ကိုအခြေခံပြီး စိတ်ကူးပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ အော်ရီဂွန်တက္ကသိုလ်က ကျောင်းသား ၅ယောက်က အဲ့ဒီမတော်တဆ မှုဖြစ်ရပ်ကို အဖြေထုတ်မယ်၊မှတ်တမ်းရိုက်ကူးထားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဖြစ်ရပ်ဖြစ်ခဲ့တဲ့ ယူရယ်တောင်တွေဆီကို ဒီယာလို့ဗ်တို့ အဖွဲ့လမ်းစဉ်အတိုင်း တောင်တက်လာကြပါတယ်။ အဲ့ဒီနောက်မှာ ဒီ ၅ယောက်အဖွဲ့လည်း ပျောက်ချင်းမလှ ပျောက်ဆုံးသွားတဲ့ သတင်းတွေ ထွက်ပေါ်လာပါတော့တယ်။ မူလ ဒီယာလို့ဗ်အဖွဲ့တုန်းကလို မဖြေရှင် းနိုင်တဲ့ ပဟေဠိဖြစ်ရပ်တစ်ခုဖြစ်ပြီး တကယ်များတည်ရှိနေကြမလား မသိနိုင်တဲ့ နှင်းလူတွေကြောင့်လား ၊ ဂြိုလ်သားတွေကြောင့်များလား၊ ပရလောက နာနာဘာဝ ဝိနာဘာဝတွေ လုပ်တာလား ၊ ဒါမှမဟုတ် အစိုးရစစ်တပ်ရဲ့လုပ်ရပ်လား ။ သူတို့ရိုက်ကူးထားတဲ့ footage မှတ်တမ်းပုံစံအနေနဲ့ ကြည့်ရှုရမယ့် horror ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ သူတို့တွေ ဘာတွေဆက်ဖြစ်ကြလဲ၊ ဘယ်လိုကြုံတွေ့သွားကြလဲ ဒီလိုသိချင်စိတ်တွေ၊ ကြည့်ချင်စိတ်တွေ ခေါ်ဆောင်ပေးသွားမှာဖြစ်ပြီး ဇာတ်လမ်းပြီးသွားရင်လည်း လျို့ဝှက် ဆန်းကြယ်ကိစ္စကို ဘာကြောင့်လဲ၊ ဘာကဘယ်လိုလဲ ဆိုတဲ့ အတွေးတွေကို စိတ်ထဲတနုံ့နုံ့နဲ့ ဆက်တွေးမိစေမယ့် ဇာတ်လမ်းလေးမျိုးဖြစ်ပါတယ်။ ကျောထဲက အရိုးတွေပါ ချမ်းစိမ့်ကြီးဖြစ်သွားစေမယ့် horror ဇာတ်လမ်းကောင်းလေးလည်း ဖြစ်တာမို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကတော့ Orika ဖြစ်ပါတယ်။) File size…1.60GB / 736.5MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 40m Genre ..... Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Orika

Drama • Fantasy • Horror
5.9 2013 100 mins
The Dyatlov Pass Incident
The Black Phone
7.7

ဟော်ရာကားကောင်းကောင်းတွေ ရှားနေတုန်းမှာ ကောင်းတာလေး ထွက်လာပါပြီ။ စိတ္တဇလူသတ်သမားဇာတ်လမ်းကို ပရလောကနဲ့ ရောမွှေထားတဲ့ ဇာတ်လမ်းပါပဲ။ မူရင်းရုပ်ရှင်ဇာတ်လမ်းတိုလေးကို ပြန်ရိုက်ကူးထားတာပါ။ ဇတ်လမ်းအကျဉ်းကတော့ ဂရက်ဘာ (ဖမ်းဆီးသူ)လို့ လူတွေသိကြတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ဟာ ကလေး ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ပြီးခဲ့ပေမဲ့ ဘယ်သူမှ တရားခံကိုရော အလောင်းတွေကိုရော ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ ၆ ယောက်မြောက်ကလေးကို ဖမ်းမိချိန်မှာတော့ ထူးခြားမှုတွေဖြစ်လာပါတော့တယ်။ ဖမ်းခံရတဲ့ ကလေး ဖင်း ရဲ့ ညီမဟာ လူသတ်ကောင်အကြောင်းအိပ်မက်တွေမက်နေပြီး အဲဒီကနေသဲလွန်စတွေနဲ့ လိုက်ရှာဖို့ ကြိုးစားလာပါတယ်။ ဖင်းကလည်း အဖမ်းခံထားရတဲ့ အခန်းထဲက ဖုန်းအပျက်ကနေ အရင်အဖမ်းခံရပြီး အသတ်ခံခဲ့ရတဲ့ ကလေးငါးယောက်က တလှည့်စီဖုန်းဆက်လာတာကိုကြုံလာရပြီး သူတို့လွတ်မြောက်အောင် ကြိုးစားခဲ့တဲ့နည်းတွေ အသတ်ခံရပုံအမှားတွေကို တစ်ခုပြီးတစ်ခု ပြောပြလာပါတော့တယ်... ဒီဝိညာဉ်တွေရဲ့အကူအညီနဲ့ ဖင်းတစ်ယောက် စိတ္တဇလူသတ်သမားလက်ကနေ ဘယ်လိုအလွတ်ရုန်းမလဲဆိုတာ File size…2.4GB / 1.33GB / 546MB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant  Translated by Mr Anderson

Drama • Fantasy • Romance • Science Fiction
7.7 2022 103 mins
The Black Phone
Rally Road Racers
7.5

Rally Road Racers (2023) ကားပြိုင်ပွဲအခြေခံ ကာတွန်းရုပ်ရှင်အသစ်လေးလာပါပြီ။ ထုံးစံအတိုင်း မိသားစုမေတ္တာတွေ၊ ဟာသတွေ နဲ့ စွန့်စားခန်းတွေပေါ့။ အသံသရုပ်ဆောင်မင်းသမီးကတော့ Agents of SHIELD ထဲက အေးဂျင့်ဒေစီဖြစ်တဲ့ Chloe Bennet ပါပဲ။ ဇာတ်လမ်းအကျဉ်း လိုးရစ်မျောက်မျိုးနွယ်လေးတွေ နေတဲ့ ရွာကလေးက ချီချီဆိုတဲ့ကောင်လေးဟာ ပြိုင်ကားတွေမောင်းဖို့ ဆုတွေယူဖို့ အရူးအမူးကြိုးစားနေတဲ့ကောင်လေးပါ။ ဒါပေမဲ့ သူ့အဘွားကတော့ ဒါကို ခွင့်မပြုပါဘူး။ တစ်နေ့မှာတော့ သူတို့ရဲ့ရွာလေးကို အပိုင်ဝယ်သိမ်းပြီး ဖျက်ဆီးဖို့ကြိုးစားလာသူ ပေါ်လာပါတယ်။ အဲဒီလူကတော့ အာချီဗိန်းဂလိုးရီးရက်ဆိုတဲ့ ပြိုင်ကားချန်ပီယံ ဖားကြီးပါပဲ။ အိမ်ကိုပြန်ရွေးဖို့ ပိုက်ဆံမရှိတဲ့ ချီချီဟာ ဗိန်းနဲ့အပေးအယူတစ်ခုလုပ်လိုက်ပါတယ်။ ပြိုင်ကားလောကရဲ့အခက်ဆုံး အကြမ်းဆုံး ပိုးသားလမ်းပြိုင်ပွဲမှာ သူနိုင်ခဲ့ရင် သူ့ရွာလေးနဲ့ သူ့အိမ်ကိုပြန်ပေးဖို့ပါပဲ။ အဲဒီနောက်မှာတော့ ဘယ်လိုမှမနိုင်နိုင်တဲ့ ပြိုင်ပွဲကြီးကို ချီချီတစ်ယောက် မိတ်ဆွေတွေ ချစ်တဲ့သူတွေရဲ့အကူအညီနိုင် ဝင်ပြိုင်ခဲ့တဲ့အခါ... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။

Drama • Fantasy
7.5 2023 92 mins
Rally Road Racers
The Informant!
6.1

အာချာဒယ်နီယယ်မဒ်လန်း (ADM) ဆိုတဲ့ ကုမ္ပဏီကြီးဟာ နာမည်ကြီး လိုင်စင်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ စီးပွားရေးလောကရဲ့ တစ်စိတ်တစ်ပိုင်းကို ချုပ်ကိုင်ထားနိုင်တဲ့ ကုမ္ပဏီကြီးတစ်ခုလည်းဖြစ်ပါတယ်။ သူ့ရဲ့အောင်မြင်မှုတွေဟာ အပြင်ပန်းမှာတော့ ဦးမော့နိုင်နေပေမဲ့ အတွင်းမှာတော့ မသမာမှုတွေနဲ့ ရှုပ်ထွေးပွေလီပြီး သပွတ်အူလိုက်နေပေါ့။ ဒီလိုမသာမာတဲ့နည်းလမ်းနဲ့ စျေးကွက်ကို လုပ်ချင်သလိုလုပ်နေကြတာကို FBI ကရိပ်စားမိနေတော့ အမှုပတ်မှာစိုးတဲ့ မာ့ခ်ဝှဒ်အေကဟာ ဒီလုပ်ရပ်တွေကိုဖော်ဖို့ FBI နဲ့ပူးပေါင်းလိုက်ပါတော့တယ်။ ဒီလိုနဲ့ မာ့ခ်ဝှဒ်အေကဟာ သတင်းပေးအဖြစ် ကုမ္ပဏီရဲ့လုပ်ရပ်တွေကိုဖော်ရင်းက မသာမာမှုတွေဟာ တစ်စပြီးတစ်စပေါ်လာခဲ့ပါတယ်။ အစကတည်းက မသမာခဲ့တဲ့ မာ့ခ်ဝှဒ်အေကဟာ သူ့လုပ်ရပ်တွေပါ ပေါ်လာတဲ့အခါ ရှေ့ဆက်တိုးဖို့အလွန်စိုးရိမ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဆုပ်လည်းစူး စားလည်းရူးအခြေအနေဖြစ်လာတဲ့အခါ သူဘယ်လိုရုန်းထွက်မလဲ၊ ဒီမသမာမှုတွေကိုရော အမြစ်လှန်ဖော်ထုတ်သွားနိုင်မှာလား ဆိုတာကိုတော့ စိတ်ဝင်စားစရာကောင်းအောင် ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Thar Htet ပါ။) File Size          :  1.8GB, 660MB, 330MB Quality            : 1080p Blu-ray AC3 5.1CH, 720p Blu-ray, 480p Format            : mp4 Duration         : 1hr & 42mins Genre              : Biography, Comedy, Crime Translated by  Thar Htet Encoded by Kinnov

Adventure • Documentary
6.1 2009 108 mins
The Informant!
Ready, Steady, Ommm!
5.2

Ready, Steady, Ommm! (2013) ====================== IMDb Rating – 5.2/10 2013ခုနှစ်က ထွက်ရှိထားတဲ့ ဆွစ်ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စစ်တပ်ထဲမဝင်ချင်တဲ့ ယောဂဆရာ အဲလက်စ်နဲ့ သူ့ရဲ့ မိန်းမ သူနာပြု အန်နာတို့ဟာ သူတို့ရဲ့ သားဦးလေးအတွက် တိုက်ခန်းကောင်းကောင်းလေးတစ်ခု ရှာဖို့လိုအပ်လာပါတယ်။ နောက်ဆုံးကြံရာမရတဲ့အဆုံး အန်နာရဲ့ဖခင်ဖြစ်သူ ဒု-ဗိုလ်မှူးကြီး ရိုင်ကာ အိမ်မှာ နေရဖို့ဖြစ်လာပါတော့တယ်။ ရိုင်ကာဟာလည်း စစ်တပ်မွန်းမံရေးသင်တန်းလုပ်ဖို့ ကြိုးစားနေတဲ့ အချိန် ဆိုတော့ အလဲအလှယ်အနေနဲ့ အိမ်ပေးပြီး သမက်ကိုတပ်ထဲ ခေါ်လာခဲ့ပါ တယ်။ တပ်ထဲမှာ အဲလက်စ်တစ်ယောက် ဘယ်လိုဗရုတ်သုတ်ခတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို ဟာသဆန်ဆန် မြင်တွေ့ရမှာမို့ စိတ်အပန်းဖြေလို သူတွေ ကြည့်ရှုဖို့ ညွှန်းပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်) File Size……….(1.89 GB) / (854 MB) / (495 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 38mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Zaw Myo Thu Encoder……….SWM

Mystery • Science Fiction • Thriller
5.2 2013
Ready, Steady, Ommm!
The Road Dog

တစ်ရက်မှာ လက်တန်းပြက်လုံးပြက်ရင်းလူရွှင်တော်အလုပ်နဲ့ အသက်မွေးတဲ့ ဂျင်မီကွင်းဆိုတဲ့အဖိုးကြီးတစ်ယောက်ဆီကို သူဘယ်တုန်းကမှမသိခဲ့တဲ့ သူ့ရဲ့သားဖြစ်သူ ဒေးဗစ်မိုရွန်တိုရောက်ရှိလာတဲ့နောက်မှာတော့ လူရွှင်‌တော်အရက်သမားကြီး ဂျင်မီကွင်းရဲ့ဘ၀ဟာ တစ်ဆစ်ချိုးပြောင်းလဲဖို့အရေးနဲ့ကြုံတွေ့လာရပါတော့တယ်။ အဖေ့သွေးပါတဲ့ သားဖြစ်သူဒေးဗစ်ဟာလည်း လူရွှင်‌‌တော်လုပ်ရတာကိုဝါသနာပါသူဖြစ်ပြီးလူရွှင်တော်အလုပ်နဲ့အသက်မွေးဖို့ ဆေး‌ကျောင်းကနေထွက်လာပြီး နယူးယော့ခ်မြို့ကိုအသွားမှာ တစ်သက်လုံးမတွေ့ဖူးခဲ့တဲ့ အဖေဖြစ်သူဂျင်မီကွင်းရဲ့လိပ်စာကိုရအောင်စုံစမ်းပြီး သူ့အခန်းရှေ့ကိုရောက်ချလာခဲ့တာပါ။ ဒီလိုနဲ့ ဒေးဗစ်တစ်ယောက် ကားတစ်စီးနဲ့ အဖေဖြစ်သူရဲ့ လူရွှင်တော်အလုပ်လုပ်တဲ့နေရာတွေကိုလိုက်ပို့ပေးရင် အဖေ့ဆီကဟာသပြက်လုံးတွေကိုသင်ယူရင်းကနေ ခရီးတလျှောက် ဂျင်မီကွင်းဟာလည်း တစ်သက်လုံး တွေ့‌ဆုံဖို့ရာ ငြင်းဆန်ခဲ့တဲ့ဆွေမျိုးတွေ၊အသိ‌တွေကို သားဖြစ်သူမျက်နှာကြောင့် ပြန်လည်ဆုံတွေ့ရဖို့ကြုံလာရတဲ့အခါမှာတော့… အရက်သမားကြီးဂျင်မီကွင်းအနေနဲ့ နောက်ဆုံးမှာအရက်ပြတ်သွားမလား၊ သူ့ဘ၀ရဲ့အရေးပါခဲ့တဲ့ ဘယ်လိုလူတွေနဲ့ ပြန်ဆုံတွေ့ရမလဲဆိုတာကို ဟာသနဲ့ဒရာမာကို ရောစပ်ရိုက်ကူးထားတဲ့ ဒရာမာရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ File size…(1.7 GB)/(827 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
The Road Dog
Earth Mama
7

Earth Mama (2023) ============== IMDb Rating – 7.0/10 အခုနောက်ပိုင်း ရုပ်ရှင်ကောင်းလက်ရာကောင်းတွေ ဖန်တီးလာတဲ့ A24 စတူဒီယိုရဲ့ နောက်ထပ်လက်ရာကောင်းတစ်ခုဖြစ်ပါတယ်။ လူမည်းအမျိုးသမီး single mom တစ်ယောက်အနေနဲ့ ကလေးစရိတ် မပေးနိုင်တာကြောင့် ကလေးနှစ်ယောက်ကို အစိုးရက အုပ်ထိန်းခွင့် လွှဲပြောင်းဖို့အရေး ကြိုးဆွဲနေရတဲ့ ဘဝတစ်ခုကို မြင်ရမှာဖြစ်ပါတယ်။ ဘဝရဲ့အခက်အခဲတွေ ပတ်ဝန်းကျင်ရဲ့ ဝေဖန်ရိုက်ခပ်မှုတွေကြားက ဘယ်လောက်ပဲ ဆိုးနေတဲ့မိခင်ဖြစ်ပါစေ ကလေးတွေအပေါ်ထားတဲ့ မေတ္တာနဲ့ ကြိုးစားမှုတွေကို အကောင်းဆုံးပုံဖော်ထားတဲ့ ကားကောင်း လေးပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(3.5 GB) / (696 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Thiha Yan Naing Encoder……….SWM

Drama • Horror • Crime
7 2023
Earth Mama
The Deliverance
5.8

လူဖြူအမျိုးသမီးနဲ့ လူမည်းအမျိုးသားက မွေးဖွားလာတဲ့ ‌ သွေးနှော လူမည်းအမျိုးသမီး အက်ဘနီကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။ အက်ဘနီကိုယ်တိုင်က မူးယစ်‌ဆေးစွဲလို့ ပြုပြင်ထိန်းသိမ်းရေးအရာရှိ စောင့်ကြည့်တာကို ခံနေရတဲ့ကာလမှာ အမျိုးသားဖြစ်သူကလည်း ကလေးတွေနဲ့သူ့ကိုထားခဲ့ပြီး အီရတ်ကို ထွက်သွားကာ အဆက်အသွယ် ပြတ်သွားပါတယ်။ အဲဒီလိုနဲ့ ကလေးတွေကို ကိုယ်တိုင်ပျိုးထောင်မယ်၊ ဘဝသစ်စမယ်ဆိုပြီး ပြောင်းရွှေ့လာတဲ့ အိမ်သစ်ကို ရောက်ပြီးကာမှ ကလေးတွေမှာ တစ်ခုပြီး တစ်ခု ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်လာပါတယ်… ကိုယ်တိုင်က ဆေးစွဲခဲ့ပြီး အရင်တုန်းက သောင်းကျန်းခဲ့တဲ့ ပြစ်မှုဟောင်းတွေ ရှိတာကြောင့် ကလေးတွေမှာဖြစ်ပျက်နေတဲ့အရာတွေက သူလုပ်တာ မဟုတ်ဘဲ ထူးဆန်းတဲ့အရာတစ်ခုခုကြောင့်ဆိုတာကို ဘယ်သူကမှ မယုံကြည်ခဲ့ကြပါဘူး… အဲဒီလိုနဲ့ ကိုယ့်ရင်သွေးတွေကို မွေးစားဖို့ပေးလိုက်ရတော့မလို အခြေအနေဖြစ်နေရာကနေ ဒီအိမ်မှာစွဲကပ်နေတဲ့နတ်ဆိုးဆိုတာကို ဘယ်လိုရင်ဆိုင်မလဲ..သားသမီးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ပြန်နေရပါ့ မလားဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နိုင်တဲ့ ‌ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်… ဒီရုပ်ရှင်ကားက အပြင်ကလက်တွေ့ဖြစ်ရပ်မှန်ပေါ် အခြေတည်ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့၊ ကိုယ်ဟာ အချစ်ခံရတဲ့သူတစ်ယောက်ဆိုတာကို ယုံကြည်နိုင်ဖို့… အစရှိတဲ့ လူမှုရေးပြဿနာတွေ၊ အရှုပ်အထွေးတွေနဲ့ပတ်သက်ပြီး ဖြေရှင်းသင့်တဲ့နည်းလမ်းမျိုးကို ဘာသာရေးဆန်ဆန် Message တွေ ပေးထားတဲ့ ဇာတ်ကားတစ်ကားပုံစံ ပိုပေါက်တဲ့အတွက် Jump scenes တွေ ပါဝင်ပြီး ခြောက်လှန့်တာကိုပဲ ဦးစားပေးထားတဲ့ သဲထိတ်ရင်ဖိုသရဲ ဇာတ်လမ်းမျိုးတွေကြည့်ချင်တဲ့ပရိသတ်အတွက်တော့ အနည်းငယ် မျှော်လင့်ချက်နဲ့မကိုက်တာမျိုးဖြစ်နိုင်ကြောင်း အသိပေးလိုက်ရပါတယ်… File size…1.62GB / 794MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

5.8 2024 112 mins
The Deliverance
A Reel Heist

အပျော်တမ်း ရုပ်ရှင်တွေ ရိုက်တဲ့ ဆယ်ကျော်သက်လူငယ် တစ်စုရှိတယ်။ ဒီဇာတ်ကားထဲမှာတော့ သူတို့က လုယက်မှု ရုပ်ရှင်အမျိုးအစားတစ်မျိုးကို ရိုက်ကူးနေကြတာပေါ့။ တစ်ရက် ဆန်းဖို့ဒ် ကုန်တိုက် မှာ ရုပ်ရှင်သွားခိုးရိုက်ရင်း ကုန်တိုက်မန်နေဂျာဆီမှာ လက်ပူးလက်ကျပ်မိသွားပါတော့တယ်။ အဲဒါနဲ့ သူတို့ ကင်မရာထဲက မန်မိုရီကဒ်ကို သိမ်းလိုက်ပြီး ကုန်တိုက်ဆီကို ခြေချလို့မရတော့အောင်ဖြစ်သွားတာပေါ့။ ဒီတော့ မင်းသားတို့ သူငယ်ချင်းအုပ်စု SD Card ပြန်ရဖို့အရေး ဘယ်လိုဉာဏ်နီဉာဏ်နက်တွေ ထုတ်ပြီး ပြန်ခိုးကြမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ File size…(1.8 GB)/(890 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:56:00 Genre… Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min

Drama
0 2024
A Reel Heist
Possession: Kerasukan
5.5

Drama ၊ Thriller အမျိုးအစားဖြစ်တဲ့ အင်ဒိုနီးရှားသရဲကား Possession: Kerasukan. က သရဲကားဆိုတာထက် တကယ်တော့ အဆိပ်အတောက်ဖြစ်စေတဲ့အိမ်ထောင်ရေးပုံစံကို အဓိကမီးမောင်းထိုးရိုက်ကူးပြထားတာဖြစ်ပါတယ်။ ဒီလိုအိမ်ထောင်ရေးပုံစံထဲမှာပိတ်မိနေတဲ့ အမျိုးသမီးတွေရဲ့ အကူအညီတောင်းဆိုသံတွေကိုကိုယ်စားပြုပြီး အိမ်ထောင် ဘက်ချင်းကျူးလွန်တဲ့မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ဆက်တိုက်အယုံအကြည်ကင်းမဲ့မှုတွေက ဘာလဲဆိုတာ ပြသထားပါတယ်။ ရေတပ်မှာတာဝန်ထမ်းဆောင်နေရာကနေပြန်လာတဲ့ဖာရစ္စကို အိမ်ရောက်ရောက်ချင်း မိန်းမဖြစ်တဲ့ရတ်နာက ကွာရှင်းဖို့ ပြောလာခဲ့ပါတယ်။ ရုတ်တရက်အံ့အားသင့်သွားတဲ့ ဖာရစ္စ တစ်ယောက် ရတ်နာက တခြားယောကျ်ားတစ်ယောက်နဲ့ ဖောက်ပြန်နေတာလို့တပ်အပ်စွပ်စွဲပြီး လိုက်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ သူပိုသိလာရတာကတော့ မိန်းမကဖောက်ပြန်တာထက် ပိုကြောက်စရာကောင်းတဲ့သဘာဝလွန်ကိစ္စတွေရှိနေတယ်ဆိုတာပဲ ဖြစ်ပါတယ်။ File size…933GB / 591MB Quality…NF WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.5 2024 94 mins
Possession: Kerasukan
Scooby-Doo! in Where’s My Mummy?
6.6

အီဂျစ်က ပြန်လည်ထူထောင်ရေးစခန်းမှာ မထင်မှတ်ထားဘဲ ဘုရင်မကလီယိုပတ်ထရာရဲ့ ရှေးဟောင်းလိုဏ်ဂူကို ‌တစ်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ် ထူးဆန်းထွေလာဖြေရှင်းကြတဲ့ စကူဘီတို့ဟာလည်း အခင်းဖြစ်ရာနေရာကို တစ်လက်စတည်း ရောက်ရှိသွားကြပါတော့တယ် ကျိန်စာတွေအထပ်ထပ်ခတ်ပြီး ထောင်ချောက်တွေနဲ့ စနစ်တကျစီမံထားတဲ့မသေမျိုးမံမီစစ်သည်တွေရှိနေတဲ့ဂူထဲမှာ ဘယ်လိုဖြစ်ရပ်ဆန်းတွေဖြစ်နေတာလဲ အဲဒီဖြစ်ရပ်ဆန်းတွေကို စကူဘီတို့အုပ်စု ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာကို သမိုင်းကြောင်းတွေ ဒဏ္ဍာရီတွေနဲ့ စပ်လျဉ်းပြီး စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ movie တစ်ခုပဲဖြစ်ပါတယ် File Size : 1.8 GB, 868 MB Quality : WEB-DL 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : SO Encode by : Thit San Khant

Comedy • Drama
6.6 2005 75 mins
Scooby-Doo! in Where’s My Mummy?
Stand By Me
5.8

သွေးမတော်သားမတော်ဘဲ ကိုယ်တိုင်ကလည်း ပြည့်စုံနေတာ မဟုတ်ဘဲ လူတစ်ယောက်ကို မေတ္တာထားနိုင်မလား။ ဒီရုပ်ရှင်လေးက ဖြစ်ရပ်မှန်အဖြစ်အပျက်ကို ပြန်ရိုက်ကူးထားတဲ့ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထဲမှာ ဒီလိုကလေးတွေ ရှိနေပါတယ်။ အဖေရော အမေရော သက်ရှိထင်ရှား ရှိနေပေမဲ့ အုပ်ထိန်းသူမရှိတဲ့ လမ်းဘေးရောက်ကလေးတွေပေါ။ မာလျန်ကလည်း အဲလိုကလေးအဖြစ်နဲ့ ကြီးပြင်းလာသူ ဖြစ်ပါတယ်။ အရည်အချင်း တစ်စုံတစ်ရာမရှိတဲ့သူ့အတွက် တစ်ခုတည်းသော သက်မွေးဝမ်းကြောင်းနည်းက ပစ္စည်းတွေ ခိုးပြီး ပြန်ရောင်းရတာပေါ့။ တစ်နေ့မှာ အဘိုးအဘွားကမချစ် မိဘက ပစ်ထားပြီး ရပ်ကွက်ထဲမှာ အနိုင်ကျင့်ခံနေရသူ ရွှမ်းရွှမ်းနဲ့တွေ့ခဲ့ပြီး သူက ပစ္စည်းခိုး ကလေးကို ပစ္စည်းပြန်ရောင်းခိုင်းနဲ့ အပေးအယူတည့်သွားပါတယ်။ ဘဝတူတဲ့ သူတို့နှစ်ယောက်က သွေးမတော်ပေမဲ့ မိသားစုလို အချင်းချင်း မှီခိုနေထိုင်ပြီး သံယောဇဉ် ရှိသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကို ဒုစရိုက်အဖွဲ့အစည်း တစ်ခုက သတိထားမိသွားတဲ့အခါမှာတော့ သူတို့ရဲ့ သာယာမှုမရှိတဲ့ဘဝမှာ ကံဆိုးမိုးတွေ ရွာသွန်းလာခဲ့တာပေါ့။ TFboys အဖွဲ့ဝင် Karry Wang က အဓိကဇာတ်ဆောင်အနေနဲ့ သရုပ်ဆောင်ထားပြီး ဇာတ်ပို့တွေကလည်း အားလုံးရင်းနှီးပြီးသား သရုပ်ဆောင်ကောင်းတွေပဲ ဖြစ်လို့ ဒီရုပ်ရှင်ကိုတော့ ကြည့်သင့်တဲ့ရုပ်ရှင်ကားအဖြစ် ညွှန်းလိုက်ပါတယ်။

5.8 2024
Stand By Me
The Dead Center

The Dead Center (2018) ********************** အတိတ်မေ့ပြီး ရောက်လာတဲ့ လူနာတစ်ယောက်က သူဟာသေပြီးမှ ပြန်ရှင်လာပြီး… တမလွန်ကနေ လူ့ဘဝကို ပြန်ရောက်လာတာပါလို့ ပြောလိုက်ချိန်မှာတော့… သူ့ရဲ့ တာဝန်ခံဆရာဝန်တစ်ယောက် လူနာရဲ့ပြောစကားတွေကို မယုံနိုင်ဖြစ်ခဲ့ရပါတယ်။ တမလွန်ကနေပြန်လာတယ်လို့ပြောတဲ့ လူနာမှာ ဆန်းကြတယ်တဲ့အရာတချို့ပါလာသလို… သူပြောတဲ့ တချို့စကားတွေဟာလည်း ထိန့်လန့်စရာအချို့ပါရှိနေခဲ့တယ်… အဲဒီလူနာရောက်လာပြီး မကြာခင်မှာပဲ ဆေးရုံရဲ့ အားထားရတဲ့ သူနာပြုတွေထဲကတစ်ယောက် ရုတ်တရက် ကွယ်လွန်သွားတဲ့အခါမှာတော့ .. ဒီလူနာရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူတွေကြောင့် သေဆုံးသွားတယ်လို့ တချို့တွေက ယူဆနေကြတယ်။ တာဝန်ခံဆရာဝန်နဲ့ ဒီလူနာနဲ့ … ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာခံစားကြည့်ပါဦးဗျာ… Horror, Mystery, Thriller အမျိုးအစားဖြစ်တာနဲ့အညီ ရင်တထိတ်ထိတ်နဲ့ … ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်… File Size : 1.73GB / 660MB Quality : Blu-Ray 1080p / 720p Duration : 01:32:00 Genre : Horror,Mystery,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by SCRN Encoded by Heather Oo

Drama • Romance
0 2018 93 mins
The Dead Center
Rewind
7.5

Rewind 2024 (အချစ်အတွက်ဆို အချိန်ခရီးပါသွားပစ်တဲ့ကောင်လေး) ယခုတစ်ခါမှာတော့ တေလ်ဂူ အချိန်ခရီးသွား ခပ်မိုက်မိုက် ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ်။ ကာသစ်ဆိုတဲ့ကောင်လေးဟာ သူ့သူငယ်ချင်းဆူဘူးအိမ်ကိုလာရင်းနဲ့ ရှန်သီဆိုတဲ့ကောင်မလေးကို တွေ့သွားပြီးတော့ မြင်မြင်ချင်း ချစ်မိသွားပါတော့တယ်။ ရှန်သီဟာလည်း နေရာပြောင်းလာသူဖြစ်ပြီး သူ့သူငယ်ချင်းရဲ့အိမ်မှာ ခဏလာနေတုန်း ကာသစ်နဲ့တွေ့ခဲ့တာဖြစ်ပြီးတော့ နောက်ရက်မှာပဲ သူငှားနေတဲ့အိမ်ကိုပြောင်းသွားပါတော့တယ်။ ဒီလိုနဲ့ ကာသစ်တစ်ယောက် ရှန်သီ့ကိုတွေ့ရဖို့အတွက်ကြိုးစားပြီးတော့ ရှာဖွေပေမယ့်လည်း ဘယ်လိုမှကို ရှာလို့မတွေ့ဖြစ်ခဲ့ရပါတယ်။ ဒီလိုအလှည့်အပြောင်းတွေကြားထဲမှာ ကာသစ်တစ်ယောက် ရှန်သီ့ကို ရှာတွေ့နိုင်ဖို့အတွက်နဲ့ နည်းမျိုးစုံကြိုးစားပါတော့တယ်။ နည်းလမ်းတွေရှာဖွေရင်းနဲ့ပဲ ရှန်သီနဲ့တွေ့တဲ့အချိန်ကို ပြန်သွားပြီးတော့ ရှန်သီ့အချစ်ကို ပြန်ရဖို့အတွက် တွေးမိရင်း အချိန်ခရီးသွားစက်ကို လုပ်ပါတော့တယ်။ ဒီလိုတွေ ကြိုးစားရင်း အချိန်ခရီးသွားစက်နဲ့ အချိန်တွေနောက်ပြန်လှည့်ရင်း ရှန်သီနဲ့ပြန်တွေ့နိုင်ပါ့မလား ……….. ဒီလို ကြိုးစားလုပ်ဆောင်နေတဲ့ကြားထဲမှာရော ဘယ်လိုတွေ ကြုံတွေ့ရဦးမလဲ …….. ကာသစ်နဲ့ ရှန်သီတို့ ပြန်လည်တွေ့ဆုံပြီး အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာနိုင်မလား ……. ဆိုတာတွေကို ကြည့်ရှုရမယ့် အချစ်ဒရာမာ အချိန်ခရီးသွားကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Animation • Adventure • Family • Fantasy
7.5 2024 135 mins
Rewind