YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

This Is The End [2013] (MM Sub).mp4

922.31 MB 720p video/mp4 2113 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The House Of No Man
4.5

The House Of No Man(2023) ************************** ငါမိဘမို့လို့ ငါသာအမှန်ဆိုတဲ့ မိဘမျိုးတွေကို မြင်ဖူးကြမယ်ထင်ပါတယ်... ဒီကားလေးထဲမှာလည်း ဒီလိုပါပဲ..Nu ဆိုတဲ့ အမျိုးသမီးဟာ အတ္တကြီးပြီး သမီးတွေအပေါ်မှာ ချုပ်ခြယ်လွန်းပါတယ်... အဲ့ဒီကြားက သမီးအကြီးက သူသဘောမကျတဲ့သူနဲ့ အိမ်ထောင်ကျသွားတဲ့အခါမှာ သမီးငယ်လေးကို ပိုလို့ချုပ်ခြယ်လာပါတယ်.. လူတွေဟာ ချုပ်ခြယ်ခံရလွန်းတဲ့အခါ ပိုရုန်းကြတယ်မလား .. ဒီလိုပါပဲ သူ့ရဲ့သမီးငယ်လေးဟာလည်း သူ့ရဲ့ကြိုးဆွဲကနေရတဲ့ ဘဝကိုငြီးငြူလာတဲ့တစ်နေ့မှာတော့ သူမထင်မှတ်ထားတာကို လုပ်လိုက်မိပါတယ်... ဒီကားလေးက သားသမီးနဲ့မိဘကြားဖြစ်တတ်တဲ့ ကတောက်ကဆလေးတွေကို ရိုက်ပြထားတာမို့ အိမ်နဲ့အဆင်မပြေသူလေးတွေကြည့်သင့်ပါတယ်.. သားသမီးနဲ့မိဘကြားတင်မကပါဘူး လူအချင်းချင်းထားရမယ့် respect... ကိုယ့်အိမ်ထောင်ဖက်ပေါ်ထားရမယ့် respect စတာတွေကိုလည်း ထည့်ရိုက်ထားတာမို့ ကြည့်သင့်ပါကြောင်း.... File Size :(1.5GB) and (713MB) Quality : WEB-DL1080p, 720p Format…mp4 Duration…01:42:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

Comedy • Crime • Romance
4.5 2023 103 mins
The House Of No Man
Feast
6.2

ကြမ်းပေ့ရမ်းပေ့ သွေးထွက်စုတ်ပြတ်တဲ့ကားမှ ကြိုက်ပါတယ်ဆိုတဲ့ သူတွေအတွက် Feastဆိုတဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းတစ်ခုလုံး နီဗားဒါးမှာရှိတဲ့ အရက်ဆိုင်တစ်ခုအတွင်းမှာတင် ဖြစ်ပျက်သွားတာပါ။ အရက်လာသောက်သူတွေဟာ သာမာန်နေ့တွေလိုပဲ သောက်စားပျော်ပါးနေကြရင်းနဲ့ ဟီးရိုးဆိုတဲ့လူတစ်ယောက် ရောက်လာပြီး အပြင်မှာမကောင်းဆိုးဝါးတွေ ရှိနေပြီလို့ လာပြောပြခဲ့ပါတယ်။ မကောင်းဆိုးဝါးတွေဟာ လျှင်မြန်ရုံတင်မက ရွံစရာကောင်းပြီး အင်မတန်ကို ဆာလောင်နေကြတာပါ။ ဒီလိုမကောင်းဆိုးဝါးတွေက အရက်ဆိုင်ဆီ မဖိတ်ခေါ် ပဲရောက်လာတဲ့အခါ အရက်ဆိုင်ထဲကလူတွေက ခုခံဖို့နဲ့လွတ်မြောက်ဖို့ အတွက် အတူတကွ ကြိုးပမ်းကြပါတော့တယ်။ အကောင်းဆုံးဒါရိုက်တာဆုရထားတဲ့ဇာတ်ကားပီပီ အဖြစ်အပျက်တွေဟာ မထင်ရင်မထင်သလိုထထဖြစ်တာကြောင့် သာမာန်horrorဇာတ်ကားတွေနဲ့ အရသာချင်းမတူတဲ့အတွက် သွေးထွက်သံယိုမှကြိုက်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ R rated ဇာတ်ကားဖြစ်ပြီး သွေးထွက်သံယိုအခန်းတွေ အင်မတန်များတာကြောင့် ကလေးငယ်များနဲ့ အကြောက်လွန်တတ်သူတွေ မကြည့်သင့်ပါဘူးနော်။ (ဘာသာပြန်နဲ့ အညွှန်းကတော့ Jaka ပဲ  ဖြစ်ပါတယ်) File size…1.88GB / 528MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ..... Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Family • Music
6.2 2005 95 mins
Feast
Paradise Now
7

"တန်းတူ ရှင်သန်ခွင့်မရှိဘူးဆိုရင် အနည်းဆုံးတော့ တန်းတူ သေရမယ်" တဲ့။ ဟုတ်ပါတယ်။ အသေခံဗုံးဖောက်ခွဲဖို့ ကြံရွယ်နေသူတစ်ဦးရဲ့ စကားပါ။ ဘာလို့ ဒါကိုပြောလဲဆိုတော့ Paradise Now ဟာ အသေခံဖောက်ခွဲရေးသမား ၂ယောက်ရဲ့ အမြင်ကတစ်ဆင့် ကြည့်ရှုရမယ့် ရုပ်ရှင်မို့လို့ပဲဖြစ်ပါတယ်။ အစ္စရေး-ပါလက်စတိုင်းအရေးကိုတော့ တော်တော်များများသိကြမှာပါ။ ၂၀ရာစုလယ်လောက်ကတည်းက စခဲ့ပြီး ဒီနေ့ထိတိုင် အဖြေမတွေ့ မပြီးနိုင်သေးတဲ့ ပဋိပက္ခတစ်ခုဖြစ်ပြီး နိုင်ငံကြီးတွေ ကြားဝင်ညှိနှိုင်းပေးတာတောင် မအောင်မြင်သေးတဲ့ အရေးကိစ္စပါ။ ပါလက်စတိုင်းတွေဟာလည်း အနောက်ဘက်ကမ်းဒေသမှာ ကပ်နေရုံထက်ပိုပြီး နိုင်ငံအဖြစ်အသိအမှတ်ပြုခံရတာမျိုး မရှိသေးပါဘူး။ ဒီကားထဲမှာတော့ ပါလက်စတိုင်းတွေက အစ္စရေးတွေကို ‘အခြေချနေထိုင်သူတွေ’လို့ သုံးနှုန်းလေ့ရှိပါတယ်။ Paradise Now ဟာ တဲလ်အာဗစ်လို့ခေါ်တဲ့ အစ္စရေးရဲ့ လူထူထပ်တဲ့မြို့တစ်မြို့မှာ အသေခံဗုံးခွဲဖို့ အစည်းရုံးခံခဲ့ရတဲ့ ငယ်သူငယ်ချင်း၂ယောက်ရဲ့ ၂ရက်တာအကြောင်းပါ။ တစ်သက်လုံး အဖိနှိပ်ခံအဖြစ်နေခဲ့ရပြီး သူတို့ရဲ့မြေမှာ သူတို့ကိုယ်တိုင်ဟာ အကျဉ်းခံတွေလို ခံစားနေရတဲ့အပေါ် သူတို့ရဲ့ တုံ့ပြန်ချက်ကတော့ အညွှန်းထဲတောင် ဝှက်ထားဖို့မလိုပါဘူး။ ဒီကားထဲမှာ အဓိကကြည့်ရမှာက ဇာတ်လမ်းကိုထက် သူတို့ရဲ့ အမြင်၊ သူတို့ရဲ့ ခံယူချက်၊ သူတို့ရဲ့ ခံစားမှုတွေနဲ့ သူတို့ရဲ့ နောက်ဆုံးနေ့မှာ အတူရှိပေးကြတဲ့ သူတွေကိုပါ။ တကယ်တော့ အသေခံဖောက်ခွဲရေးသမားဆိုတာ လူသတ်သမားတွေပါပဲ။ ဒီလို အထိမခံတဲ့ကိစ္စကို ဒါရိုက်တာက သိမ်သိမ်မွေ့မွေ့ပဲ ပြသွားပါတယ်။ အရှေ့အလယ်ပိုင်းပဋိပက္ခကို တခြားရှုထောင့်တစ်ခုကနေ မြင်ရတဲ့သဘောလည်း သက်ရောက်ပါတယ်။ အော်စကာဆုအတွက် ပထမဆုံးတင်သွင်းခံရတဲ့ ပါလက်စတိုင်း ရုပ်ရှင်လည်း ဖြစ်သလို ရွှေကမ္ဘာလုံးဆုလည်း ရခဲ့ပါသေးတယ်။ ဒါ့အပြင်ကို ကမ္ဘာ့အကြီးဆုံးရုပ်ရှင်ပွဲတော်ကြီး ၃ခုထဲက တစ်ခုဖြစ်တဲ့ ဘာလင်ရုပ်ရှင်ပွဲတော်ရဲ့ ဆု၃ဆုကိုလည်း ရရှိထားပါတယ်။ ဒီလောက်ဆို တခြားဆုတွေအကြောင်း ထုတ်မပြောတောင် လုံလောက်လှပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 790MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 31Min Genre - Crime, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Romance • War
7 2005 90 mins
Paradise Now
The Rite
6.1

Diagnosis (ရောဂါအမည်တပ်ခြင်း) ဆိုတာ ဆေးကုသတဲ့ဖြစ်စဉ်တစ်ခုရဲ့ ရှစ်ဆယ်ရာခိုင်နှုန်း အရေးပါလှတဲ့ ကိစ္စတစ်ခုပါပဲ။ ဒီလိုပြောလို့ ယခုတင်ဆက်ပေးမှာက ဆေးပညာဆိုင်ရာ ဇာတ်လမ်းတစ်ခုတော့မဟုတ်ပါဘူး။ သရဲကားပါပဲ။ ဘုရားသခင်က လူသားတွေကို ဖန်ဆင်းလိုက်ပြီးနောက်မှာ လူသားတွေကို ရွံရှာမုန်းတီးစိတ်နဲ့ ဦးမညွှတ်နိုင်တဲ့ ဒုတိယသားကြီး လူစီဖာဟာ ဖခင်ကိုပုန်ကန်လို့ ငရဲမင်းသားအဖြစ်ကိုခံယူ၊ မကောင်းဆိုးဝါးတို့ရဲ့ ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်တဲ့။ သူကနေ အဆင့်ဆင့်ဆင်းသက်လာတဲ့ မကောင်းဆိုးဝါး ရာထူးအစဉ်လိုက်က လူတွေကြားမှာ စိမ့်ဝင်ပျံ့နှံ့ရင်း လူ့ခန္ဓာကိုယ်ထဲဝင် သူတို့စိတ်နဲ့သူတို့ကိုယ်ဖြစ်အောင် ထိန်းချုပ်လိုက်တဲ့အခါ မကောင်းဆိုးဝါးပူးကပ်ခြင်းဖြစ်စဉ် ဖြစ်လာတော့တာပေါ့။ သားဆိုးလူစီဖာကို နှိမ်နင်းခဲ့ရတဲ့ သားကြီးဩရသ မိုက်ကယ်ရဲ့တာဝန်ကို လက်ဆင့်ကမ်းထမ်းဆောင်ရတဲ့ လူသားဘုန်းတော်ကြီးတွေဟာ ပူးကပ်ခံရသူ လူသားတွေကို ကူညီပြီး မကောင်းဆိုးဝါးနှင်သူတွေအဖြစ် လေ့ကျင့်သင်ကြားလာရပါတယ်။ ဆရာဖြစ်သင်တန်းတက်ရသလိုပေါ့လေ။ မကောင်းဆိုးဝါးနှင်ရတယ်ဆိုတာ ပူးကပ်နေသူ ဘယ်သူလဲ၊ ဘာအမျိုးအစားလဲဆိုတာကို ဖော်ထုတ်နိုင်ဖို့က အရေးအကြီးဆုံးပါ။ ပူးကပ်နေတဲ့ မကောင်းဆိုးဝါးအမျိုးအစားကိုသိရရင် နှင်ထုတ်ဖို့က လွယ်ပါတယ် ဆိုကြပါစို့။ ဘုရားကို ယုံကြည်သက်ဝင်ခြင်းမရှိသူ၊ ဝေးလ်လူမျိုး၊ အလောင်းပြင်ရတဲ့မိသားစုက ဆင်းသက်လာတဲ့ လူပျိုပေါက်လေး မိုက်ကယ် ကိုဗက် က ဖခင်နဲ့ဝေးရာလမ်းအဖြစ် ဘုန်းကြီးဝတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဖခင်နဲ့ အတူမရှိချင်လို့ ဘာသာရေးကျောင်းတက်ခဲ့ရာမှ ဆရာသမားရဲ့မျက်စိကျခြင်းခံရပြီး မကောင်းဆိုးဝါးနှင်သင်တန်းကို ဖိအားပေး တက်ရောက်ခိုင်းခံရပါတယ်။ သိပ္ပံဘက်ကို ယုံကြည်မှုကဲတဲ့ မိုက်ကယ် ကို ချွတ်နိုင်ဖို့အတွက် နာမည်ရဆရာတော် လူးကပ်စ် ဆီကို မကောင်းဆိုးဝါးနှင်သင်ခန်းစာတွေ လေ့လာခိုင်းလိုက်ရာမှ၊ လူးကပ်စ် ကို ဝင်ပူးလာတဲ့ ဘာရန် (ဘာရ်) မကောင်းဆိုးဝါးကြီးကို မိုက်ကယ် တစ်ယောက် နှင်ထုတ်ဖို့ဖြစ်လာတဲ့အခါ... သရုပ်ဆောင်တွေကတော့ မသိသူမရှိအောင် နာမည်ကျော်တဲ့ အော်စကာဆုရှင် ဗြိတိန်သရုပ်ဆောင် အန်သိုနီဟော့ကင်းကြီးနဲ့ Once Upon a Time စီးရီးတွဲကြီးထဲမှာ ကပ္ပတိန်ဟု အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Colin O'Donoghue တို့အပြင် အီတလီမင်းသမီးအလှလေး Marta Gastini နဲ့ ဘရာဇီးမင်းသမီးအချောလေး Alice Braga တို့လည်း ပါပါသေးတယ်။ နောက် စပီးဘာ့ဂ်ရဲ့မြူးနစ်၊ ပေါ်လ်သောမတ်အန်ဒါဆန်ရဲ့ There Will Be Blood, မနှစ်က နာမည်ကျော်ခဲ့တဲ့ Belfast တို့ထဲက အိုင်းရစ်သရုပ်ဆောင် Ciarán Hinds ကလည်း ပါဝင်အားဖြည့်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 990GB Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 54Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Drama
6.1 2011 114 mins
The Rite
My Father, Myself

My Father, Myself (2022) မက်သရူးရဲ့ဖခင်ဟာလယ်သမားခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး ငယ်ရွယ်စဉ်မှာပဲမလိုသူတွေရဲ့လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရပါတယ်။ဖခင်သေဆုံးချိန်မှာ သူ့ရဲ့ခေါင်းကိုင်အဖလည်းဖြစ်၊ ဖခင်ဖြစ်သူရဲ့ရှေ့နေ၊အရင်းနှီးဆုံးမိတ်ဆွေ တစ်ယောက်ဖြစ်တဲ့ ရောဘတ်ရဲ့စောင့်ရှောက်မှုအောက်ကိုမက်သရူးရောက်ရှိခဲ့ပါတယ်။ ရောဘတ်ရဲ့ဇနီး၊ သမီးဖြစ်သူတို့ကလည်း မက်သရူးကိုအရင်းအချာနဲ့မခြားနွေးနွေးထွေးထွေးကြိုဆိုစောင့်ရှောက်ခဲ့ကြသလို ပျိုးထောင်မှုကောင်းတွေရရှိခဲ့တဲ့အတွက် မက်သရူးဟာ ပညာရေးမှာပေါက်မြောက်ထူးချွန်ခဲ့ပြီး လိုင်စင်ရရှေ့နေဖြစ် ဘားစာမေးပွဲကိုပါ ထိပ်ဆုံးက အောင်မြင်ခဲ့ပါတယ်။ ဒီအချိန်မှာပဲအရွယ်ရောက်ခံစားချက်တွေပြောင်းလဲလာပြီဖြစ်တဲ့အတွက် ရောဘတ်ရဲ့သမီးငယ် မီကာက သူ့ကိုချစ်တဲ့ အကြောင်း၊ သူ့မိခင်ကိုယ်တိုင်ကလည်း သဘောတူညီကြောင်းပြောလာခဲ့ပါတယ်။ သိပ်ချစ်ခင်စည်းလုံးကြတဲ့မိသားစုတစ်ခုအနေနဲ့ရော ပတ်ဝန်းကျင်တစ်ခုလုံးကပါ သူ့ကိုမွေးစားသားလို့သိထားကြတဲ့အတွက်ပါ အနာဂတ်အတွက် ဘာအနှောင့်အယှက်မှမရှိပြေပြစ်ချောမောနေတဲ့ အခြေအနေတစ်ခုကိုမက်သရူးရော မွေးစားဖခင်ဖြစ်သူ ရောဘတ်ကိုယ်တိုင်ကပါ အင်တင်တင်ဖြစ်နေခဲ့ကြရာကနေ သူတို့မိသားစုအတွက် မုန်တိုင်းတစ်ခုအစပျိုးလာပါတော့တယ်။ အဲ့ဒီလျှို့ဝှက်ချက်တွေဘယ်ကစအမြစ်တည်လာခဲ့လဲဆိုတာ ဆက်လက်ရှုစားကြပါ။ trailer ထွက်ရှိချိန်မှာ LGBT+ အသိုင်းအဝိုင်းအပေါ်မကောင်းတဲ့ရိုက်ခတ်မှုတွေဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်တကြီးဝေဖန်ချက်တွေထွက်ပေါ်လာခဲ့ပေမယ့် ဒါရိုက်တာကတော့ ဒါဟာသူ့မွေးရပ်မြေမှာတကယ်ရှိခဲ့ဖူးတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဖြစ်တဲ့အတွက် ဒီလိုဇာတ်လမ်းတိုင်းဟာ အပြုသဘောဖြစ်နေစရာမလိုဘူးလို့ဆိုခဲ့ပါတယ်။ အငြင်းပွားမှုတွေရှိနေခဲ့ပေမယ့်လည်း Metro Manila Film Festival မှာ ဆန်ကာတင်ဆုခုနှစ်ခုဝင်ခဲ့ပြီး ဆု ၃ ခုဆွတ်ခူးခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းကိုကြည့်တဲ့အခါ ဆရာမဂျူးရဲ့ ဖေဖေ့သူငယ်ချင်း ဝတ္တုကိုအမှတ်ရစရာဖြစ်ပါလိမ့်မယ်။ ဘယ်နေရာတွေမှာတိုက်ဆိုင်တူညီနေမလဲဆိုတာတော့ ကိုယ်တိုင်အဖြေရှာကြစေချင်ပါတယ်။ File size…(1.6 GB) / (710 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:43:23 Subtitle….Myanmar Subtitle(Hardsub) Encoder….RGB Translated by ALS

Crime • Drama • Thriller
0 2022 103 mins
My Father, Myself
The Guilty
6.4

စောင့်​မျှော်​နေကြတဲ့ Jake Gyllenhaalရဲ့ Crime, Thrillerကားသစ် ရပါပြီ၊ ဒီကားက​​တော့ 2018 တုန်းက ထွက်ခဲ့တဲ့ ဒိန်းမတ်ရုပ်ရှင် The Guilty ကို Remake ပြန်ရိုက်ထားတာပါ သူ့နာမည်က ဂျိုး​ဘေလာ၊ LAရဲတပ်ဖွဲ့ရဲ့ အရာရှိတစ်ဦးဖြစ်​ပေမယ့် အတိတ်ကအ​ကြောင်းတစ်ခု​ကြောင့် ၉၁၁- အ​ရေး​ပေါ်ဌာနကို ရာထူးချခံထားရသူ အ​ရေး​ပေါ်ဌာနတို့ရဲ့ ထုံးစံအတိုင်း ကားပိတ်တာ၊ ​ကြောင်သစ်ပင်​ပေါ်တက်တာကအစ သဘာဝ​ဘေးအန္တရာယ်အဆုံး ဖုန်းတဂွမ်ဂွမ်ဆက်လာတာကို ပြန်​ဖြေပေးရတဲ့​နေရာဆို​​တော့ ဂျိုးတစ်​ယောက် ​သိပ်နေသားမကျလှ၊ ရဲအရာရှိဘဝကလာတာမလို့ ​ပေါင်းသင်းဆက်ဆံ​​ရေးကလည်းညံ့​တော့ အ​တော်ဘုကလန့်ကျ​နေတာ​ပေါ့၊ ဒီကြားထဲ အိမ်​ထောင်​ရေးကလည်း အဆင်မ​ပြေ​တော့ တစ်ပူ​ပေါ်နှစ်ပူဆင့် ဖြစ်​နေတာ​ပေါ့ တစ်ရက် LAမှာ မီးအကြီးအကျယ်​လောင်မှု​ကြောင့် အ​ရေး​ပေါ်ဌာနတစ်ခုလုံး ဗျာများ​နေချိန် ဂျိုးဆီကို ဖုန်းတစ်​ကောလ်ဝင်လာတယ်၊ ဖုန်းဆက်လာသူအမည်က အမ်မလီလိုက်တန်၊ ဂျိုးဖုန်းကိုင်ကိုင်ချင်းပဲ သူ့ကို Sweetyဆိုပြီး စ​ခေါ်​​​တော့ လူဂွစာကြီးဂျိုး ​ထောင်းခနဲ​ဒေါသထွက်သွားပြီ၊ ဌာနတစ်ခုလုံးအလုပ်များ​နေချိန် မျက်နှာ​ပြောင်ပြီး ဖုန်းဆက်တာပဲ​​ပေါ့ ဒါ​​ပေမယ့်အဲ့ဒီအမျိုးသမီးရဲ့အသံက တုန်​နေတယ်၊ ငိုသံပါ​နေတယ်၊ ​ကြောက်လန့်​နေတယ်၊ ​ နောက်​ပြောင်ပြီး​ခေါ်တဲ့ဖုန်းမဟုတ်ဘူး။ ဂျိုးလည်းစဉ်းစားရပြီ၊ သူ့ကိုဘာလို့ Sweetyလို့​ခေါ်ရတာလဲ? ဘာလို့ ဖုန်း​​ပြောတဲ့အသံက ထူးဆန်း​နေတာလဲ? စသဖြင့် ​မေးခွန်း​တွေ​မေး၊ စကား​တွေ​ပြောရင်း ကိစ္စကသူထင်ထားသလို ရိုးရှင်းမ​နေမှန်းသိသွားတဲ့အခါ.... အမ်မလီလိုက်တန်ဆိုတဲ့ အမျိုးသမီးက ဘယ်သူလဲ? သူအခုကြုံ​နေရတဲ့ကိစ္စက ဘာလဲ? ဂျိုးရဲ့အတိတ်ကအ​ကြောင်းက​ရော ဘာဖြစ်​နေမလဲ? ပတ်သက်ဆက်နွယ်မှု​တွေ​ရော ရှိနေတာလား စသဖြင့် ပ​ဟေဠိ​ပေါင်းများစွာထွက်​​ပေါ်လာပါတယ် ရိုက်ကူးထားတဲ့ပုံစံက Jake Gyllenhaalတစ်ဦးတည်း အသား​ပေးထားပြီး ကျန်သရုပ်​ဆောင်​တွေက များ​သောအားဖြင့် အသံပဲပါဝင်​ပေမယ့် Jakeရဲ့ ပိုင်နိုင်တဲ့သရုပ်​​ဆောင်မှု​ကြောင့် ဇာတ်ရှိန်အနှိမ့်အမြင့် တစ်ခုလုံးကို ဇာတ်လမ်းစတာနဲ့ ​တောက်​လျှောက်ဆွဲ​​ခေါ်သွားနိုင်မှာပါ။ ကြည့်​နေရင်းနဲ့ကို အထဲကဇာတ်​ကောင် ဂျိုး​ဘေလာနဲ့အတူ ကိုယ်တိုင် ရင်ခုန်မွန်းကြပ်လာတဲ့ ခံစားချက်မျိုးရမှာပါ၊ ​ မူရင်းဇာတ်​ကားနဲ့ ဘာ​တွေကွာ​သလဲ၊ ဘယ်ကားကပို​ကောင်းသလဲဆိုတာကိုတော့ မူခင်း သည်းထိပ်ရင်ဖိုဇာတ်လမ်းကြိုက်သူတိုင်း ကြည့်ပြီးမှ ဆုံးဖြတ်ကြည့်လိုက်ကြပါ အညွှန်းကိုတော့ JimX က ရေးသားထားပြီးတော့ ဘာသာပြန်ထားတာကတော့ JimX နဲ့ Pyi Ti Nyein တို့ပဲ ဖြစ်ပါတယ်။ Quality….720p File size… 1GB Format…mp4 Duration….1h 30min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX and Pyi Ti Nyein Encoder ..... August

Action & Adventure • Mystery • Sci-Fi & Fantasy
6.4 2021 91 mins
The Guilty
It Chapter Two
6.9

IT ပထမရုပ်ရှင်မှာ ပန်နီဝိုက်စ် ကို Loser club က အနိုင်ယူခဲ့ပါပြီ။ ဒါပေမယ့် အဲဒီအရာက တကယ်သေသွားတာ မဟုတ်ခဲ့ပါဘူး။ ဒီလိုသာ မသေခဲ့ရင် ၂၇နှစ်အကြာမှာ ပြန်ပေါ်လာမှာကို တွေးမိတဲ့ဘေလ်တို့အဖွဲ့ဟာ ၂၇ နှစ်ကြာလို့ အဲဒါ ပြန်ပေါ်လာရင်ပြန်စုပေါင်းပြီး တိုက်ခိုက်ဖို့ သစ္စာပြုခဲ့ကြပါတယ်။ ၂၇ နှစ် အကြာကာလရဲ့ ဇာတ်လမ်းဖြစ်တာကြောင့်ဒီဇာတ်ကားရဲ့ ဇာတ်လိုက်တွေကအသက်၃၀ ကျော်လူကြီးတွေ ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် သူတိုကိုယ်စားပြုတဲ့ ကလေးကာရိုက်တာတွေကိုအကောင်းဆုံးပုံဖော်ပြထားတာကြောင်း အရမ်းကိုကြည့်ကောင်းနေပါလိမ့်မယ်။ ပန်နီဝိုက်စ်ကလည်း ကလေးတွေကို ခြောက်တုန်းကထက်ပိုကြမ်းလာပါလိမ့်မယ်။ ဒီတော့ အားရပါးရကြောက်ဖို့ ဘာသာပြန်ပေးလိုက်ပါတယ်။ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်…. File Size : (2.70 GB),(1.30 GB) And (650 MB) And (4.1GB) Quality : Blu-Ray (1080p 5.1,720p,480p) / 4k BluRay HEVC AAC 5.1CH Running Time : 2hr 49min Format : Mp4 Genre : Drama, Fantasy, Horror Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264.DTS-MT Translated by Littleneo Encoded by Thanhtike Zaw & Thit San Khant

Comedy • Drama • Romance
6.9 2019 169 mins
It Chapter Two
The God Of War
6.2

CM ရဲ့ ရှန်းရှချစ်ပရိသတ်တွေအတွက် God of war ဆိုတဲ့ဇာတ်လမ်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… “ရာထူးနေရာမြင့်မြင့်ရောက်လေလေ တာဝန်ယူရတယ် “ ဆိုတဲ့ စကားလုံးလေးကိုပုံဖော်ပြထားတဲ့ ဇာတ်လမ်းလေးပေါ့… မိုးနတ်မင်းက လောကကြီးကယ်တင်ဖို့ ရွေးချယ် ခံထားရတဲ့သူအဖြစ် ရှင်သန်နေတဲ့ နတ်မျက်စိပိုင်ရှင်ဟာသူ့ဘဝပေးတာဝန်ကို ထမ်းဆောင်ဖို့အတွက် ခင်မင်သူတစ်စုနဲ့အတူ အခက်အခဲတွေတစ်ဆင့်ပြီး တစ်ဆင့်ကျော်ဖြတ်ပြီးနောက် နတ်မျက်စိရလိုက်ချိန်မှာသူ့ခင်မင်သူအားလုံးနဲ့ အလဲထပ်လိုက်ရတဲ့အခါ… ဒီဆုံးရှုံးမှုကြီးကို မခံစားနိုင်တာကြောင့် နတ်မျက်စိ အစွမ်း တစ်ခဏတာပျောက်ကွယ်သွားခဲ့ပါတယ်… ကဲ ဒီဇာတ်လမ်းထဲက နတ်မျက်စိပိုင်ရှင်ဟာ ကမ္ဘာမြေကိုကယ်တင်နိုင်မှာလား… တကယ်ပဲ ကမ္ဘာကြီးကိုကယ်တင်ဖို့ ချစ်ရခင်ရသူတွေကို ဆုံးရှုံးရမှာလား… ဘယ်လို မှတ်သားစရာ ကျန်ခဲ့မယ့် ဇာတ်လမ်းလေးလည်း ဆိုတာ ရှန်းရှချစ်ပရိသတ်တို့ လက်မနှေးဘဲ အမြန်ဒေါင်းကြည့်လိုက်ကြနော်

6.2 2022
The God Of War
Dawn Breaks Behind the Eyes
6.4

Dawn Breaks Behind the Eyes (2021) =========================== တစ်ချို့ရုပ်ရှင်တွေဟာ စေ့စေ့တွေးမှ ရေးရေးပေါ် လို့ပြောမလား နှစ်ထပ်ရှိမှ မှတ်မိတယ်ခေါ်မလား ဒီရုပ်ရှင်ကို နှစ်ခါပြန်ကြည့်မှ ဇာတ်လမ်းကပေးချင်တဲ့ Message ကိုနည်းနည်းလောက်ခန့်မှန်း လို့ရပါတယ်။ ရဲတိုက်ကြီးတစ်လုံး အမွေရတဲ့ ကွဲခါနီး လင်မယားနှစ်ယောက်ဟာ လူမနေတော့တဲ့ရဲတိုက်ကို သွားကြည့်ခဲ့ပါတယ်။ အိုမင်းဟောင်းနွမ်း နေတဲ့ ရဲတိုက်ကြီးမှာ သူတို့ဘာများကြုံတွေ့ရမှာလဲ။ တဖက်မှာ အကောင်းဆုံးရုပ်ရှင်တစ်ခုကိုဖန်တီးဖို့ကြိုးစားနေတဲ့ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေဟာလည်း ရဲတိုက်မှာရုပ်ရှင်ရိုက်ဖူးကြတဲ့အခါ သူတို့လင်မယားနဲ့ ဘယ်လိုပတ်သတ်မှုရှိလာမလဲ။ ဘယ်လိုရှုပ်ထွေး မှုတွေပေါ်ပေါက်လာမလဲဆိုတာ စီးမျောခံစားလိုက်ပါဦး။ Horror Movie ဆိုတာထက် ဒဿန ဆန်တဲ့ ရုပ်ရှင်တပုဒ်လို့ ညွှန်းဆိုချင်ပါတယ် (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်)

Crime • Drama
6.4 2021 74 mins
Dawn Breaks Behind the Eyes
Baragaki: Unbroken Samurai
6.3

Baragaki: Unbroken Samurai (2021) ~ IMDb – 6.3/10, MyDramaList – 7.2/10 ~ ဂျပန်နိုင်ငံရဲ့ Edo era နဲ့ Meiji Restoration က သမိုင်းဖြစ်ရပ်တွေကိုပြောပါဆိုရင် Bakufu (ဘာကူဖူ)၊ Bakumatsu (ဘာကူမာဆု)၊ Shinsengumi (ရှင်းဆန်းဂူမိ) အစရှိတဲ့ နာမည်ကြီးခဲ့တဲ့ အဖွဲ့တွေ၊ တည်နေရာတွေ၊ တိုက်ပွဲတွေ၊ အချိန်ကာလတွေကို လုံးဝကျန်ထားလို့မရပါဘူး။ အဲဒါတွေကို စာပေအနေနဲ့ ခေတ်အဆက်ဆက် ရေးသားထုတ်ဝေမှုများရှိသလို ဖျော်ဖြေရေးအနေနဲ့လည်း ထုတ်လုပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ၊ Anime တွေမနည်းလှပါဘူး။ အဲဒီထဲကမှ တိုကုဂါဝါရှိုးဂန်းခေတ်ကုန်ကာလလို့ ပြောနိုင်တဲ့ ဘာကူမာဆု (၁၈၅၃ – ၁၈၆၇) အတွင်းမှာပေါ်ပေါက်ခဲ့တဲ့ ရှင်းဆန်းဂူမိ အကြောင်းကို Moeyo Ken (1964) နာမည်နဲ့ Ryotaro Shiba (1923-1996) ရေးသားခဲ့တဲ့စာအုပ်တစ်အုပ်ရှိပြီး အဲဒီစာအုပ်ကို အခြေခံရိုက်ကူးထားရာမှာ ရုပ်ရှင်နှစ်ကားနဲ့ စီးရီးသုံးခုရှိပါတယ်။ ဒီ Baragaki: Unbroken Samurai ကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဒုတိယမြောက်ရုပ်ရှင်ကားပါ။ Hell Dogs (2022) နဲ့ Sekigahara (2017) ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Masato Harada ရိုက်ကူးပြီး Jidaigeki (သမိုင်းဆိုင်ရာရုပ်ရှင်ဇာတ်လမ်းတွဲများ) မှာ သရုပ်ဆောင်လေ့ရှိတဲ့ Junichi Okada က ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Hijikata Toshizo (ဟီဂျိကာတာ တိုရှီဇိုး) အဖြစ် သရုပ်ဆောင်ထားပါတယ်။ Baragaki: Unbroken Samurai က ရှင်းဆန်းဂူမိအကြောင်းဆိုတာထက် ရှင်းဆန်းဂူမိရဲ့ ဒုခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဟီဂျိကာတာတိုရှီဇိုးကဘယ်လိုလူစားလဲ… သူကရှင်းဆန်းဂူမိကို ဘယ်လိုရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့သလဲ… ရှင်းဆန်းဂူမိကို သူ ဘယ်လောက်အထိ မျှော်လင့်ထားသလဲ… နောက်ဆုံးအချိန်အထိ ရှင်းဆန်းဂူမိအတွက် သူ ဘယ်လိုတိုက်ပွဲဝင်ခဲ့သလဲဆိုတာတွေကို အဓိကကြည့်ရှုခံစားရမှာဖြစ်သလို ရှင်းဆန်းဂူမိဘယ်လိုပေါ်ပေါက်လာသလဲ… ရှင်းဆန်းဂူမိဆိုတာဘာလဲ… ရှင်းဆန်းဂူမိရဲ့တစ်ခြားခေါင်းဆောင်တွေက ဘယ်လိုအကျင့်ရှိကြလဲ… ရှင်းဆန်းဂူမိရဲ့ နာမည်ကြီးတိုက်ပွဲတွေကဘာလဲ… ရှင်းဆန်းဂူမိဘယ်လိုအဆုံးသတ်သွားသလဲ ဆိုတာတွေကိုလည်း ဟီဂျိကာတာရဲ့အမြင်ကနေ သိရှိရမှာဖြစ်ပါတယ်။ ၂ နာရီခွဲနီးပါးကြာတဲ့ ဒီဇာတ်ကားကို ဖြစ်ရပ်မှန်သမိုင်းကားကြီးဆိုပြီး ပျင်းစရာကောင်းတယ်လို့ ယူဆကြမှာပါ။ ဒါပေမဲ့ ရှင်းဆန်းဂူမိကဒီလိုကြီးပါလား ဒီခေတ်မှာ ဒီလိုတွေ ဖြစ်သွားခဲ့ပါလားဆိုတာကို ခပ်သွက်သွက်ဇာတ်ညွှန်းကြောင့် မပျင်းရိဘဲ သိရှိရမှာဖြစ်ပြီး အိုဗာတင်းမဟုတ်တဲ့သရုပ်ဆောင်မှုတွေနဲ့အတူ ဟီဂျိကာတာတို့ရဲ့ဓားရေးယှဉ်ပြိုင်မှုတွေ၊ တိုက်ပွဲအချို့က ကြည့်နေရင်း ဒါမှမဟုတ် ကြည့်ပြီးတာနဲ့ Kenshin Live-Action ငါးကားစလုံးကို ပြန်ကြည့်ချင်စိတ်ဖြစ်ပေါ်စေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.1GB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 2H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

6.3 2021 148 mins
Baragaki: Unbroken Samurai
Where the Tracks End
7.2

Where the Tracks End (2023) ~ IMDb rating – 7.2/10 ~ ” လောကကြီးမှာ ရှင်သန်နိုင်ဖို့ ပုတ်သင်ညိုလို ပတ်၀န်းကျင်နဲ့လိုက်ပြီး လိုက်လျောညီထွေနေတတ်ရမယ် ” တဲ့။ ဒီကားထဲက အဓိကကျတဲ့ဒိုင်ယာ‌လော့ပါ။ အဓိပ္ပါယ်ရှိပါတယ်။ ဘ၀မှာ ရေကြည်ရာမြက်နုရာ နေထိုင်ရင်း ဆက်လက်ရှင်သန်ဖို့ ကြိုးစားရမှာပါ။ အေးအေးငြိမ်ငြိမ်လေးကြည့်ရမယ့် စပိန်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အီကာဆိုတဲ့ကောင်လေးနဲ့ သူ့သူငယ်ချင်းကလေးတွေက အဓိကဇာတ်လိုက်တွေပါ။ အီကာရဲ့အဖေက ရထားလမ်းဖောက်တဲ့အလုပ်သမားဖြစ်တဲ့အတွက် သူတို့မိသားစုက ရထားလမ်းဖောက်ရာ မြို့တွေတစ်မြို့ပြီးတစ်မြို့ ပြောင်းရွှေ့နေထိုင်ရပါတယ်။ ဒီလိုနဲ့ မက်ဆီကိုက နယ်မြို့လေးတစ်မြို့ကို ရောက်လာပါတယ်။ ဒီ‌နေရာလေးမှာ သူချစ်ခင်ရတဲ့ သူငယ်ချင်းတွေ၊ ဆရာမနဲ့ ခွေးလေးကို ရခဲ့ပါတယ်။ နယ်မြို့လေးဆိုတော့ စာသင်ကျောင်းလေးကလည်း ကျောင်းသားအနည်းစုပဲရှိပြီး ကျောင်းအုပ်ဆရာမတစ်ယောက်တည်းကပဲ စာသင်ပေးပါတယ်။ အဲဒီဆရာမက အီကာကို စာဖတ်တတ်အောင် သင်ပေးပါတယ်။ သူက အီကာကို ပုတ်သင်ညိုတစ်ကောင်လို နေနိုင်ရမယ်လို့ ‌ဆုံးမခဲ့သူပါ။ အီကာချစ်ခင်ရတဲ့ သူငယ်ချင်းတွေလည်းရလာပြီး သူတို့နဲ့ အတူ ကလေးသဘာ၀ဆော့ကစားရင်း အီကာက ဒီမြို့လေးကနေ မပြောင်းချင်တော့ပါဘူး။ ရထားလမ်းဖောက်တဲ့နေရာမှာလည်း အလုပ်ရှင်က အလုပ်သမားတွေကို ညှာတာမှုမရှိဘဲ အလုပ်မြန်မြန်ပြီးအောင် ခိုင်းတာပါ။ နောက်တော့ အီကာမပြောင်းချင်တာကိုသိတဲ့ မိဘတွေက အလုပ်ထွက်ပြီး ဒီမြို့လေးမှာပဲအခြေချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အီကာပျော်နေတုန်းမှာပဲ သူ့အဖေက အလုပ်ထဲမှာမတော်တဆဖြစ်ပြီးဆုံးသွားတဲ့အခါ….. အဖေမရှိတော့တဲ့အတွက် အီကာတို့သားအမိ ဘယ်လိုဆက်လုပ်ကြမလဲ… အီကာက ဆရာမပြောသလို ပုတ်သင်ညိုလို ဘယ်နေရာမှာမဆို ရှင်သန်နိုင်အောင် ကြိုးစားမှာလား… သိချင်ရင်တော့ ဆက်လက်အားပေးလိုက်ကြပါဦး။ တစ်ခုခုတော့ ရင်ထဲကျန်ခဲ့မှာသေချာပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 750MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 35Min Genre – Comedy, Drama, Family Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

7.2 2023
Where the Tracks End
Tom and Jerry Meet Sherlock Holmes
6.4

ဒီဇာတ်လမ်းက တွမ်နဲ့ဂျယ်ရီရယ် နာမည်‌ကျော်စုံ‌ထောက်ကြီး ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝက်ဆန်တို့ ပါဝင်တဲ့ သည်းထိတ်ရင်ဖို စွန့်စားခန်းanimationလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရှားလော့ဟုမ်းနေထိုင်ရာ လန်ဒန်မြို့ကြီးမှာ စိန်ခိုးဂိုဏ်းတစ်ခု သောင်းကျန်းနေပြီး ရက်ပိုင်းအတွင်းမှာပဲ တန်ဖိုးကြီးစိန်သုံးပွင့်လောက် အခိုးခံလိုက်ရတာကြောင့် လူတိုင်းက ထိုအမှုကို စိတ်ဝင်စားနေကြတာပါ။ ထိုအချိန်မှာ ရှားလော့ဆီ မစ်ရတ်ဒ်ဆိုတဲ့ ဇာတ်ရုံအဆိုတော်တစ်‌ယောက်ကငွေညှစ်ခံရမှုနဲ့ တိုင်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီအမှုနဲ့ စိန်ခိုးမှုကဆက်စပ်နေမယ်လို့ ရှားလော့ဟုမ်းက သံသယရှိရင်း စုံစမ်းရာမှ သူ့ရဲ့ရန်သူတော်ကြီး မိုရီယန်တေးရဲ့ မဟာအကြံကိုတားဆီးရဖို့ အကြောင်းဖန်လာပါတော့တယ်။ File Size : 1 GB, 535 MB Quality : Blu-Ray 1080p / 720p Running Time : 50min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

Drama
6.4 2010 49 mins
Tom and Jerry Meet Sherlock Holmes
Better Man
7.7

Better Man (2024) IMDb Rating (7.7) / Rotten Tomatoes (88%) ဒီရုပ်ရှင်ကတော့ ဗြိတိန်ရဲ့ အအောင်မြင်ဆုံးအဆိုတော်တွေထဲကတစ်ယောက်ဖြစ်တဲ့ ရော်ဘီဝီလီယံရဲ့ ဇာတ်ကြောင်းပါပဲ။ သူရခဲ့တဲ့ ဗြိတိန်ဂီတဆုတွေကို မီတဲ့သူ မရှိပါဘူး။ဒီရုပ်ရှင်တစ်ခုလုံးမှာ ရော်ဘီကို မျောက်တစ်ကောင်အဖြစ်ပုံဖော်သွားပါတယ်။ ဒါကတော့ သူ့ရဲ့ ဂီတလောကထဲက ခံစားချက်အတိုင်း ဆပ်ကပ်မှာ ဖျော်ဖြေနေရတဲ့ မျောက်တစ်ကောင်လိုဖြစ်နေတာရယ်၊ သူ့ကိုယ်သူ သိမ်ငယ်ခဲ့တဲ့အတိတ်တွေရယ်ကိုကိုယ်စားပြုထားတာပါ။ အင်တာဗြူးမှာတော့ ရော်ဘီက “ဒီရုပ်ရှင်မှာကျုပ်လိပ်ခေါင်းကလွဲပြီး ကျန်တာအကုန်ချပြထားတယ်” လို့ကိုပြောသွားတာပါ။ အနုပညာရှင်ပါရမီရှင်တစ်ယောက်ရဲ့ အတိတ်ကဒဏ်ရာတွေ၊ စိတ်ကျရောဂါတွေ၊ အရက်တွေ ဆေးတွေနဲ့ ရုန်းကန်နေရတာတွေကနေ ပြန်တည်ဆောက်ရတာတွေကို တွေ့ရမှာပါ။ အထူးပြုလုပ်ချက်နဲ့ အော်စကာ စကာတင်ထားတာမို့ ရိုက်ကွင်းနဲ့ဖန်တီးချက်တွေ ဘယ်လောက်တောင် ကောင်းလဲ တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ************ အဖေဖြစ်သူက အနုပညာအလုပ်တွေလုပ်ချင်လွန်းလို့ ပစ်သွားတဲ့ခံခဲ့ရတဲ့ကောင်လေးတစ်ယောက်။ အဖေဆီက ရတဲ့ အနုပညာပိုးကြောင့်ကြိုးစားရင်း ၁၅ နှစ်မှာတင် နာမည်ကြီး ယောကျာ်းလေးအဆိုအဖွဲ့မှာTake That မှာပါလာပြီး ကမ္ဘာကျော်ခဲ့ပါတယ်။ ဒါပေမဲ့ အဖွဲ့ရဲ့ အရိပ်ကနေ ထွက်လာရပြီး တစ်ယောက်တည်းပြန်တည်ဆောက်ဖို့ ကြိုးစားရာမှာ အခက်အခဲမျိုးစုံ ကြုံခဲ့ပြီးမှနောက်ဆုံးမှာ ဗြိတိန်သမိုင်းရဲ့ အကောင်းဆုံး ပေါ့အဆိုတော်တွေထဲကတစ်ယောက်ဖြစ်လာပုံတွေကို တွေ့ရမှာပါ။ ရိုက်ချက်ကောင်းကောင်း သီချင်းကောင်းကောင်းတွေနဲ့ ဂီတဇာတ်လမ်းကောင်းကြိုက်သူတွေအတွက် လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ပါပဲ။ File size…(12.3 GB) / (2.67 GB) / (1.38 GB) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….2h 15m Genre ….. Drama , Biography , Fantasy , Musical Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

7.7 2024 135 mins
Better Man
[18+] Violet
6.7

Violet (2025) IMDb Rating (6.7) ဗိုင်အိုလက်ဆိုတာ ကောလိပ်တက်တော့မယ့် ဆယ်ကျော်သက်ကလေးမတစ်ယောက်ဖြစ်ပြီး၊ အစိုးရိမ်လွန်စည်းကမ်းတင်းကျပ်လွန်းတဲ့မိခင်ဖြစ်သူဦးဆောင်တဲ့ ဘာသာရေးကိုင်းရှိုင်းသူ မိသားစုကလာပါတယ်။ ကောင်မလေးဟာ သူ့လိင်စိတ်ခံယူချက်ကို သူမသိသေးသလို၊ ဘယ်အရာက စည်းမျဉ်းနဲ့ညီလဲ ဘယ်အရာက အပြစ်သင့်စေလဲဆိုတာတွေကိုဝေခွဲမရတဲ့ ရွှေရင်သိမ်းသစ်လေးဖြစ်ပြီး သူ့ငယ်သူငယ်ချင်းဖြစ်တဲ့ ဂျယ်လီနဲ့လက်တည့်စမ်းမိရာက မိန်းမချင်းဆက်ဆံရတာကိုရော ဂျယ်လီကိုပါအစွဲကြီးစွဲသွားပါတော့တယ်။ ဒါပေမယ့် ဂျယ်လီမှာ ယောက်ျားလေးရည်းစားရှိနေတဲ့အပြင် သူတို့ရဲ့ တစ်ခြားသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ လီယာကပါ ဒီဇာတ်လမ်းထဲကိုဝင်လာချိန်မှာတော့ ဗိုင်အိုလက်အတွက် ဝေခွဲရခက်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(780 MB) / (380 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:11:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Action • Adventure • Comedy
6.7 2025 70 mins
[18+] Violet
Happyend
7.4

Happyend (2024) *************** ဒီတစ်ခေါက် CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ 2024 မှာထွက်ရှိခဲ့ပြီး International festival တွေမှာ အကောင်းဆုံးရုပ်ရှင်ဆု ၇ ကြိမ်ရရှိထားပြီးတော့ ဆန်ခါတင် ၁၃ ကြိမ်ဝင်ထားတဲ့ ဂျပန်ဇာတ်ကားလေး ဖြစ်ပါတယ်။ ယူတာနဲ့ ခိုအုဟာ မကြာခင်အနာဂတ်တစ်ခုမှာ ဘွဲ့ယူတော့မယ့် သိပ်ကိုရင်းနှီးတဲ့ အထက်တန်း ကျောင်းသားနှစ်ယောက်ဖြစ်ပါတယ်။ သူတို့နေထိုင်တဲ့ တိုကျိုမြို့မှာဆိုရင် အနှစ် ၁၀၀မှာ တစ်ကြိမ်ပဲဖြစ်တဲ့ အဓိကမြေငလျင်ဘေးအန္တရာယ်ကို ရင်ဆိုင်ဖို့ နေ့စဉ်ကြိုးစားနေရပါတယ်။ တစ်ညမှာတော့ လူမျိုးရေးခွဲခြားတဲ့ ကျောင်းအုပ်ဆရာကြီးကို စနောက်ကြရင်း မမျှော်လင့်ထားတဲ့ အကျိုးဆက်အဖြစ် ကျောင်းမှာ စောင့်ကြည့်ရေးစနစ်ကို တပ်ဆင်ခံခဲ့ရပါတယ်။ ငလျင်ခပ်ကြမ်းကြမ်း တစ်ခါလှုပ်ပြီးတဲ့နောက် စတိုးဆိုင်တွေက ဈေးတွေလျှော့ရောင်းကြ၊ အစိုးရက နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာကြနဲ့ အုတ်အော်သောင်းနင်းပါပဲ။ ဝန်ကြီးချုပ်ခိတိုကို ဆန့်ကျင်တဲ့ “ဂျပန်ဂုဏ်သိက္ခာကို ပြန်လည်မွမ်းမံမယ်” ဆိုတဲ့ဆန္ဒပြပွဲတွေလည်း ဆက်တိုက်ဖြစ်လာပါတယ်။ လုံခြုံရေးအရ အရေးယူမှုတွေ များလာတဲ့အချိန်မှာ နိုင်ငံရေးအခြေအနေကလည်း မလိုလားအပ်တဲ့ ပွက်လောရိုက်မှုတွေ များလာပါတယ်။ ဒီအရာတွေကို ခိုအုဟာ စိတ်ထဲထည့်ပြီး စဉ်းစားလာ‌ပေမဲ့ ယူတာကတော့ အရာအားလုံးကို ဘာသိဘာသာဖြစ်နေဆဲပါ။ ခိုအုဟာ နိုင်ငံရေးသမားခပ်ဆန်ဆန် တက်ကြွတဲ့ ကျောင်းသူတစ်ဦးနဲ့ တွေ့တဲ့အချိန်မှာ သူ့ရဲ့ နိုင်ငံရေးအမြင်က စတင်ပြီး ပေါ်ထွက်လာပါတော့တယ်။ ယူတာက ဒီလိုအရာတွေကို နားမလည်နိုင်ဘူးလို့ ယုံကြည်လာတဲ့ ခိုအုနဲ့… ယူတာတို့ရဲ့သူငယ်ချင်း ဆက်ဆံရေးဟာ အေးစက်စက်ကွာဝေးလာပါတော့တယ်… အမြဲတမ်းအတူရှိခဲ့တဲ့ သူငယ်ချင်းနှစ်ဦးဟာ ပထမဦးဆုံးအကြိမ်အဖြစ် ထင်မြင်ချက်ကွာခြားမှုတွေကို မျက်နှာချင်းဆိုင်လာရတဲ့အခါ…. ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.46GB / 544MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 53 min. Genre ….. Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy & Dao Phyo Encoded by AHtet

Drama
7.4 2024 113 mins
Happyend