YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Thin Ice E21 CM.mp4

236.68 MB N/A video/mp4 37 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Last Coffee
7

နာမည်လေးကိုကနောက်ဆုံးကော်ဖီတစ်ခွက်တဲ့ ‌ကြည့်ရင်းနဲ့ သင်ခန်းစာယူစရာတွေနဲ့ အတွေးတစ်ခုခုရနိုင်မဲ့ဇာတ်ကားမျိုးပါ ဘဝမှာပြန်ပြင်လို့မရတဲ့အမှားတွေလုပ်ဖူးကြမှာပေါ့ ဒီထဲမှာအိမ်ထောင်ရေးလည်းပါဝင်မှာပါ ဒီကားမှာဆိုရင်တော့ သိပ်ချစ်ကြတဲ့လင်မယား၂ယောက် ရီဟန်နဲ့ အီရမ်တဲ့ ရီဟန်ကအိမ်ထောင်ကွဲပေမဲ့ အရာရာနားလည်ပေးပြီးလက်ထပ်ပေးခဲ့တဲ့အီရမ်... ပြဿနာတစ်ခုကြောင့် ကွာရှင်းရမဲ့အထိဖြစ်လာတဲ့အခါ ဘယ်သူမှားမလဲဘယ်သူမှန်မလဲ အိမ်ထောင်ရေးတစ်ခုမှာယုံကြည်မှုက အဓိကမဏိုင်ဖြစ်ပြီး တစ်ဖက်လူကိုမယုံကြည်နိုင်တော့ရင်တောင်မှ ပြဿနာကိုအဆုံးထိနားထောင်ပြီးမှ အိမ်ထောင်တစ်ခုကိုအဆုံးသတ်ကြဖို့ လွယ်လွယ်နဲ့လက်မလျော့ကြဖို့မီးမောင်းထိုးပြထားတဲ့ကားပဲဖြစ်ပါတယ် File size…855MB / 422MB Quality…1080p Zee5 WEB DL / 720p Format…mp4 Duration….1h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni

Drama • Romance • TV Movie
7 2023 80 mins
The Last Coffee
My Crush Is A Teacher

အချစ်က အဖျားလား အဲလိုပြောမယ်ဆိုရင်လည်းရပါတယ် အီရှီဒါကန်တစ်ယောက် လူမှုရေးဘာသာအတန်းထဲက ရာမာမိုတိုကို တွေ့ပြီးနောက် နေလို့မကောင်းတော့ပါဘူး အအိပ်ပျက်အစားပျက်တွေများလာပြီး ကျောင်းဆေးခန်းပြ ရတဲ့အထိဖြစ်လာပါတယ် ကျောင်းဆေးခန်း ဆရာမလေးက အရမ်းကို နုနယ်ချောမောပြီး အချွဲတလိုင်း ဆရာမလေးဖြစ်နေပါတယ် အီရှီဒါကန် ပိုပြီးအချစ်နာကျမလား အချစ်နာတွေပျောက်သွား မလားဆိုတာ ရာမလေးက ချစ်ဖို့ကောင်းပြီး အချွဲကြိုက်တက်တဲ့ DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ် Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…2.08GB / 1GB Quality…1080p / 720p Format…mp4 Duration….1h 58min Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi

Action • Science Fiction • Thriller
null 2022 110 mins
My Crush Is A Teacher
Sleepers
7.6

IMDb...7.5,,,,Rt...73 Robert De Niro ,Kevin Bacon  နဲ့ Brad Pitt တို့ အဓိကပါဝင်ထားတယ်.. စာရေးဆရာ Lorenzo Carcaterraရဲ့ best sellerဖြစ်ခဲ့တဲ့ ဒီဇာတ်ကားဟာ စာအုပ်အဖြစ်ထုတ်ဝေတုန်းမှာ ဝေဖန်သူတွေ၊ သတင်းရေးသူတွေကြားမှာ ဝေဖန်မှုတွေနဲ့ အငြင်းပွားဖွယ်ဖြစ်ခဲ့သလို ရုပ်ရှင်အဖြစ်ရိုက်ကူပြီးနောက်မှာလည်း အတော်လေးဂယက်ရိုက်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ရုပ်ရှင်ထဲမှာပါတဲ့ အကြောင်းအရာတွေဟာ နယူးယော့မြို့တော်အတွက် မေးခွန်းထုတ်စရာ ဖြစ်နေလို့ပါပဲ။ စာဖတ်သူတွေအနေနဲ့ ဒီဝတ္ထုဟာ အဖြစ်မှန်ဟုတ်သလား မဟုတ်ဘူးလားဆိုတဲ့အကြောင်းကို သို့လောသို့လောဖြစ်ရာမှာ ဝတ္ထုရေးဆရာ Lorenzo Carcaterraကတော့ အဖြစ်မှန်ဖြစ်ကြောင်း တစ်ခါအတည်ပြုဖူးပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာနေရာတွေကတော့ ဒီလိုအဖြစ်အပျက်မျိုးမရှိဖူးကြောင်း ငြင်းချက်ထုတ်တာပေါ့။ တစ်ခုသတိပေးချင်တာကတော့ ကလေးသူငယ်နှိပ်စက်မှုတွေပါဝင်လို့ စိတ်ခိုင်မှ ဒီကားကို ကြည့်စေချင်ပါတယ်။ နယူးယော့မြို့ ရွှေ့ပြောင်းလုပ်သားတွေနေထိုင်ကြတဲ့ Hell's Kitchenဆိုတဲ့ ဆင်းရဲသားရပ်ကွက်လေးမှာ သူငယ်ချင်းလေးယောက်ဟာ တခြားကလေးတွေလိုပဲ ရပ်ကွက်ထဲ ဆော့ကစားလိုက် ဘုရားကျောင်းတက်လိုက်နဲ့ပေါ့။ အားရင်အားသလို ဘုရားကျောင်းမှာ ဘုန်းတော်ကြီးအကူအဖြစ် ဝင်လုပ်လေ့ရှိသလို ပိုက်ဆံရရင်ရသလိုလည်း နာရေး‌တွေမှာ ဝင်ကူလေ့ရှိပါတယ်။ ဆင်းရဲကြပေမယ့် ရှိတာလေးနဲ့ ရောင့်ရဲစွာ ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတဲ့ ကလေးတွေပေါ့။ သူတို့သူငယ်ချင်းတွေကြားမှာ နောက်ပြောင်ကျီစယ်ခြင်းကိုလည်း အလှည့်ကျလုပ်လေ့ရှိပါတယ်။ တစ်ခါမှာတော့ သူငယ်ချင်းအဖွဲ့လိုက် လုပ်လိုက်တဲ့ ကျီစယ်မှုဟာ မရည်ရွယ်ထားဘဲနဲ့ လူတစ်ယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတဲ့အတွက် လူငယ်ထိန်းသိမ်းရေးစခန်းကို ‌လေးယောက်လုံး အပို့ခံလိုက်ရပါတယ်။ အဲဒီထိန်းသိမ်းရေးစခန်းမှာပဲ အစောင့်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုတွေ၊ လိင်အမြတ်ထုတ်မှုတွေကြောင့် စိတ်ရောကိုယ်ပါ ဒဏ်ရာအသီးသီး။ နောက်ပြောင်မှုတစ်ခုကြောင့် ပြန်ရလိုက်တဲ့အဖိုးအခကတော့ တစ်ဘဝလုံးစာစိတ်ဒဏ်ရာတွေ။ အားလုံးဟာ ဒီနေ့အထိ ညအိပ်ရင်တောင် မီးပိတ်ပြီး မအိပ်ရဲတဲ့အထိပါပဲ။ နောက်၁၃နှစ်ကြာတဲ့အချိန်မှာတော့ လက်စားချေဖို့ အခွင့်အရေး ပြန်ရလာတဲ့အခါမှာတော့.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Jane ပဲဖြစ်ပါတယ်.. File Size : (2.39GB)(866MB) and (246MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:27:00 Genre : Crime ,Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Action • Science Fiction • Thriller
7.6 1996 147 mins
Sleepers
My Dear Bootham
6

ဟိုးရှေးရှေးတုန်းက ဝိဉာဉ်လောကရဲ့ ဘုရင်ကြီးတစ်ပါးရှိပါသတဲ့။ သူက သူ့သားလေးနဲ့ သူတော်စင်တွေနေတဲ့ မာကရလောကထဲကို အလည်အပတ်သွားရင်း တရားကျင့်နေတဲ့ သူတော်စင်တစ်ပါးကို သူ့ရဲ့သားလေးက နှောက်ယှက်မိတာကြောင့် စိတ်ဆိုးသွားတဲ့ သူတော်စင်ကြီးရဲ့ ကျိန်စာကို သူ့သားလေးအစား သူက လက်ခံလိုက်ပါတယ်။ အဲ့ဒီကျိန်စာကတော့ သူ့ဟာ ရုပ်ထုတစ်ခုအဖြစ်ပြောင်းလဲသွားပြီး သူ့ကို ပိတ်လှောင်ထားတဲ့ ရုပ်ထုကြီးပေါ်က စာတွေကို ဖတ်နိုင်တဲ့သူမှသာ ဒီကျိန်စာကနေ လွတ်မြောက်အောင်လုပ်ပေးနိုင်တယ်ဆိုတာပါပဲ။ နောက်ထပ် နှစ်ပေါင်း3000ကြာမြင့်သွားတဲ့နောက်။ ကျောင်းမှာ တခြားကလေးတွေက ဝိုင်းပြောင်လှောင်၊ ဆရာမတွေက ကြည့်မရ၊ လူတွေက မျက်မုန်းကျိုး၊ ဘဝကို အရှုံးသမားပေါက်စလေးလိုနေနေရပေမဲ့ သာမန်ကလေးတွေလို စကားပြောချင် ရယ်ရယ်မောမောနေချင်တဲ့ သီရူနာဆိုတဲ့ စကားထစ်နေတဲ့ ကလေးလေးတစ်ယောက်က ဝိဉာဉ်လောကဘုရင်ကြီးရဲ့ ကျိန်စာကို ပယ်ဖျက်ပေးဖို့ ကံဖန်လာတဲ့အခါမှာတော့....။ ဟာသနှောထားတဲ့ ကားလေးမို့ ရယ်ရယ်မောမောကြည့်လို့ရတာတင် မဟုတ်သေးပါဘူး။ အားနည်းသူကို နှိမ်ပြီး လှောင်ပြောင်တတ်တဲ့ လောကရဲ့ သဘာဝအပြင် မှတ်သားစရာ အချက်လေးတွေအများကြီး ထည့်ရိုက်ထားတဲ့ ကားကောင်းလေးပဲ ဖြစ်ပါတယ်။ IMDb rating 6.8အထိရရှိထားပြီး အိမ်က သားသားမီးမီးလေးတွေနဲ့ အတူတူကြည့်ဖို့လည်း သင့်တော်တဲ့ ကားလေးပါ။ 2022ထွက် My dear Boothamဆိုတဲ့ ကားအသစ်လေးပဲ အခုပဲ ကြည့်လိုက်ကြရအောင်ပါနော်။ File size…1.6GB / 884MB Quality…1080p HQ HDRIP / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yate & OeliuJ & Sora

Drama
6 2022 124 mins
My Dear Bootham
Double Threat
3

ဇာတ်လမ်းလေးကတော့ ဂျင်မီရူးဒေါ့ဖ် ဆိုတဲ့ မှုခင်း စာရင်းကိုင်တစ်ယောက်ဟာ ဆုံးသွားတဲ့ သူ့အစ်ကိုရဲ့ အရိုပြာကို ကမ်းခြေမှာ ရေမျှောဖို့ သွားရင်း လမ်းဘေး စတိုးဆိုင်လေးတစ်ခုမှာ မုန့်ဝင်ဝယ်တာကနေ စတာပေ့ါ။ စတိုးဆိုင် ကောင်တာက ကောင်မလေးက ဂျင်မီကလွဲပြီး အခြား ဆိုင်ထဲ ဝင်လာတဲ့ သူအားလုံးကို သေနတ်နဲ့ပစ် ဓားနဲ့ပေါက်ပြီး သတ်ပစ်လိုက်တာကြောင့် ဂျင်မီတစ်ယောက်လည်း ကြောင်တောင်တောင်ဖြစ်သွားပြီ ကျသင့်ငွေကို ကောင်တာပေါ်တင်ပေးကာ ဆိုင်ထဲက ပြန်ထွက်လာခဲ့ပါတယ်။ ဂျင်မီတစ်ယောက် ကြောင်တိကြောင်တောင်နဲ့ သူ့ကားပေါ်တက်ပြီး ပြန်မောင်းထွက်လာခဲ့ပေမဲ့ ခုနက ကောင်တာက ကောင်မလေးက သူ့ရဲ့ကားထဲမှာ လိုက်ပါလာခဲ့ပါတယ်။ နောက်တော့ သိလိုက်ရတာက ကောင်မလေးနာမည်က နတ်တာရှာဖြစ်ပြီး ကိုယ်တူစိတ်ကွဲစိတ်ရောဂါ DID ခံစားနေရတဲ့ ကြေးစားတစ်ယောက်ပါတဲ့။ ဆိုလိုတာက နတ် နဲ့ တာရှာ ဆိုပြီး စိတ်နှစ်ခွရှိနေပြီး ပြဿနာရှာလွန်းတဲ့ တာရှာ့ရဲ့ အရှုပ်ထုပ်တွေကို ဉာဏ်ကောင်းတဲ့ နတ်က လိုက်ရှင်းရတာပေါ့။ သူ့အဖြစ်ကလည်း ဒုစရိုက်သမား အလုပ်ရှင်ဆီကနေ ပိုက်ဆံခိုးမိလို့ အဖွဲလိုက် လိုက်သတ်တာရှောင်နေရတာပါတဲ့ဗျာ။ ရုပ်ချောပြီး ချစ်စရာကောင်းတဲ့ ပြဿနာအိုးမလေးတစ်ယောက် ဂျင်မီရဲ့ ဘဝထဲ အမှတ်မထင် ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ? နတ်ကို လိုက်သတ်နေတဲ့ လူသတ်သမားတွေ ရန်ကနေ လွတ်အောင် ရှောင်နိုင်ပါ့မလား? ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်လိုက်ကြရအောင်ဗျာ Action, Comedy အမျိုးအစားဖြစ်တာကြောင့် ပေါ့ပေ့ါပါးပါးနဲ့ ဟာသလေးနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chevy ပါ။) File Size : 2.2GB, 921MB, 450MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 32mins Genre : Action, Adventure, Comedy Translated by Chevy Encoded by Kinnov

Romance
3 2023 91 mins
Double Threat
Those Who Wish Me Dead
6.7

ဒီရုပ်ရှင်မှာတော့ အန်ဂျလီနာ ဂျိုလီက ဦးဆောင်ပါဝင်ထားပါတယ်။ ကျန်တဲ့သရုပ်ဆောင်တွေကိုလည်း ရင်းနှီးထားတဲ့သူ များမှာပါ။ Game of Thrones ထဲက လက်သန်း ရယ် Marvel's Punisher ကြီးရယ် ပါပါသေးတယ်။ ဇာတ်လမ်းကတော့ action thriller ပါပဲ။ ဂျိုလီကတော့ မီးသတ်အဖွဲ့ခေါင်းဆောင်ပေါ့။ တစ်နေ့မှာ သူနဲ့သူအဖွဲ့ တောမီးကို ငြိှမ်းနေတုန်းမှာ လေကြောင်းတွက်ဆမှု မှားယွင်းခဲ့လို့ လူ ၃ ယောက် အသက်ဆုံးခဲ့ရပါတယ်။ အဲဒီ စိတ်ဒဏ်ရာတွေနဲ့ ပေပေတေတေ နေထိုင်နေတုန်းမှာ သူ့ဆီကို ကောင်လေးတစ်ယောက် လူသတ်သမားတွေလက်က ထွက်ပြေးပြီး ရောက်လာပါတယ်။ ကောင်လေးကို လိုက်သတ်တဲ့လူတွေလက်က ကယ်ပြီး လျို့ဝှက်ချက်တွေကို ဖွင့်ချနိုင်ဖို့ တောမီးကြီးတစ်ခုကိုပါ အံတုပြီး ပြေးကြရပါတော့တယ်.... File size…(1.7 GB) and (1 GB) Quality….BluRay 1080p and 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translator... Mr. Anderson

Mystery • TV Movie • Thriller
6.7 2021 100 mins
Those Who Wish Me Dead
The Unseen
6.7

The Unseen (2023) အခု မိတ်ဆက်ပေးမှာကတော့ Horror နဲ့ Thriller ဖန်တွေအကြိုက်ဇာတ်ကားပဲဖြစ်ပါတယ်။ တွမ်မီဆိုတဲ့ကောင်လေးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ တွမ်မီရဲ့ အဖေက သူတို့မြို့နာမည်ကြီး ရှေ့နေတစ်ယောက်ပေါ့။ သူ့အဖေလောင်းရိပ်ကမိနေတဲ့ တွမ်မီဟာ ငယ်စဉ်ကတည်းကနေ တက္ကသိုလ်ကျောင်းသားအရွယ်ရောက်တဲ့အထိ ဖိအားတွေအများကြီးခံစားနေရတာပေါ့။ အဲဒါအပြင် သူဟာ ငယ်ငယ်ကလည်း Trauma ရထားဖူးတဲ့အတွက် တစ်ချက်တစ်ချက် Trauma ပြန်ထလာပြီး Delusional ဖြစ်ဖြစ်လာတတ်တဲ့အကျင့်ရှိပါတယ်။ ဖြစ်ချင်တော့ တွမ်မီရဲ့ မြို့မှာ လူသတ်ကွင်းဆက်ကြီးဖြစ်နေပါတယ်။ တစ်ရက်ပြီး တစ်ရက် လူတစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်သေသလိုဖြစ်လာပါတယ်။ တွမ်မီဟာ သူ့ရှေ့နေကျောင်းပြီးသွားပြီး အလုပ်ရသွားတဲ့အချိန် အမှုလိုက်ရတော့ မြို့ထဲက လူတွေသေဆုံးမှုနဲ့ ပတ်သက်မှုရှိနေတာကိုသတိထားမိသွားတယ်။ အဲ့တော့ သူဟာအဖြေတွေလိုက်ရှာရင်း ဘယ်လိုအဖြစ်ဆိုးတွေနဲ့ တွေ့သွားမလဲ... သူငယ်ငယ်ကရောဖြစ်ခဲ့တဲ့ Trauma နဲ့လည်း အခုဖြစ်နေတဲ့ လူသတ်မှုတွေက ဘယ်လိုပတ်သက်မှုရှိနေတာလဲ... အဲဒါအပြင် သူမထင်မှတ်ထားတဲ့သူတွေကပါ ဘယ်လိုတွေပါဝင်ပတ်သက်နေလဲ... ဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာတွေ့နိုင်မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားတစ်ခုလုံးနီးပါးကို ပြန်အကျဉ်းချုပ်ရမယ်ဆိုရင်တော့ တွမ်မီနေရာအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား RJ Mitte ကနေ ရုပ်ရှင်တစ်ကားလုံးကို Carry သွားတယ်လို့ပြောလို့ရပါတယ်။ သူ့ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ရုပ်ရှင်ရဲ့ Plot တစ်ခုလုံး အရမ်းကြီး ရုပ်မပေါက်သွားသလို အရမ်းလည်း Over မဖြစ်သွားပါဘူး။ ဒါ့အပြင်နာမည်ကြီး ဒါရိုက်တာတွေနဲ့ အလုပ်တွဲလုပ်၊ ပညာတွေသင်ယူခဲ့ပြီး ကိုယ်တိုင် ဒါရိုက်တာကောင်းတစ်ယောက်ဖြစ်လာတဲ့ Vincent Shade ကရိုက်ကူးထားတာဖြစ်လို့ ကြည့်ရမဆိုးလှတဲ့ ဇာတ်ကားကောင်းတစ်ကောင်းလည်းဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 795MB Quality - 1080p, 720p Format - mp4 Duration - 1H 40Min Genre - Drama, Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Adventure • Family
6.7 2023 100 mins
The Unseen
The Skeleton’s Compass
6.2

မိသားစုကြည့်ဖို့ ကလေးစွန့်စားခန်းရုပ်ရှင်လေးတစ်ခုပါ။ အလယ်တန်းကျောင်းသားလေး Champ တို့သူငယ်ချင်းတစ်သိုက်ဟာ သစ်တောထဲမှာ ရှေးခေတ်ကအရိုးစုတစ်ခုကိုတွေ့ပြီးနောက်မှာ ရတနာသိုက်ရှာပုံတော်ထွက်ရင်းနဲ့ မထင်ထားပဲ အတိတ်ကိုပြန်ရောက်သွားပြီးစွန့်စားခန်းတွေ ကြုံရပါတော့တယ်။Champ တို့လည်းရတနာရှာရင်းနဲ့ သူငယ်ချင်း၊မိသားစုတွေရဲ့သံယောဇဉ်ကအရေးအကြီးဆုံးဆိုတာသိလာရပြီး အတိတ်ကဖြစ်ရပ်တွေအပေါ် ပိုနားလည်လာရပါတယ်။ ထက်မြက်တဲ့ကလေးသရုပ်ဆောင်တွေပါ၀င်ထားတဲ့ ကြည်နူးစရာကားလေးပါ။ File size…(1GB) / (609MB) / (330MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:37:00 Genre…Adventure / Family / Sci-fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

Action • Adventure • Animation • Comedy • Family
6.2 2022
The Skeleton’s Compass
Taurus
4.8

Taurus (2022) =========== ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်တွေအတွက် Drama/musical အမျိုးအစားဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Taurus ကိုတင်ဆက်ပေး လိုက်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ entertainment industry တွေရဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့အဖြစ်အပျက်တွေ dark side တွေအားလုံး ကို ထိထိမိမိ ချပြထားပါတယ်။ ဇာတ်လမ်းကိုတော့ ဆေးစွဲနေတဲ့ နာမည်ကျော် အဆိုရှင်တစ်ယောက် ဖြစ်တဲ့ ကိုးလ်ရဲ့ သနားစရာကောင်းပြီး အရှုံးသမားပုံစံပေါက်နေတဲ့ ဘဝ အကြောင်းနဲ့ အစချီထားပါတယ်။ ဆေးစွဲနေပေမဲ့လည်း ဘဝကို အဓိပ္ပာယ် ရှိရှိဖြတ်သန်းချင်တဲ့ ကိုးလ်ဟာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ၊ သူ့ဘဝ ထဲကိုရောက်လာတဲ့သူတွေ၊ သူထိန်းသိမ်းရမဲ့ နာမည်ကျော်တစ်ယောက်ရဲ့ ပုံရိပ် အစရှိတာတွေနဲ့ နေ့စဉ်ရင်ဆိုင်နေရပါတယ်။ ကိုးလ်ရဲ့ ရင်နာဖွယ် ဘဝအကြောင်းကို သူဖန်တီးနေတဲ့ ဂီတလေးတွေနဲ့ ရောစပ်ရိုက်ကူးထားတဲ့အပြင်၊ နာမည်ကျော် celebrity တွေခံစားရလေ့ရှိတဲ့ ခံစားချက်တွေကို ထိထိမိမိဖော်ပြရင်း ဇာတ်လမ်းကို ဇာတ်ရှိန်မြင့်မြင့်နဲ့ အဆုံးသတ်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။ ကိုးလ်တစ်ယောက် ဘဝရဲ့ ဖိအားတွေကို ဖိနှိပ်ရင်း သူဆက်ပြီးဖန်တီးဖို့လိုတဲ့ ဂီတတွေကို ဘယ်လို ဖန်တီးသွားမလဲဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(1.32 GB) / (506 MB) / (286 MB) Quality…………WEB-RIP 1080p / 720p / 360p Duration………1Hr 38Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama, Music Translator…….June Encoder……….SWM

Action • Drama • History
4.8 2022 98 mins
Taurus
Maverick
7

မိတ်ဆွေတို့အနေနဲ့ ကိုယ့်ဟာ နယ်ပယ်တစ်ခု၊ အလုပ်တစ်ခုမှာ မဖြစ်မနေအောင်မြင်ရမယ်ဆိုပြီး အလိုလိုသိနေတဲ့ ဗီဇစိတ်( instinct mind) (တစ်နည်း )တစ်ခုခုမှာ ကိုယ့်ကိုယ်ကိုပါရမီပါနေတယ်လို့ ကံသေကံမအခိုင်အမာ ယုံကြည်ဖူးပါသလား။ ဥပမာ- ငါဟာ သီချင်းဆိုတဲ့ အဆိုတော်အဖြစ် တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ ဘောလုံးအားကစားမှာ ပရိုကစားသမားတစ်ယောက်အဖြစ် တစ်နေ့အောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ စာရေးဆရာတစ်ယောက်အဖြစ် bestseller တန်းဝင်ပြီး တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး အခိုင်အမာ ကိုယ့်ကိုကိုယ်သိနေ၊ ယုံကြည်နေတာမျိုး ရှိဖူးခဲ့ပါသလား။ စာရေးသူအနေနဲ့တော့ ကိုယ်တိုင်ရှိခဲ့ဖူးသလို မိတ်ဆွေတို့မှာလည်း တစ်မျိုးမဟုတ်တစ်မျိုး၊ တစ်ခုမဟုတ်တစ်ခုမှာ ရှိမယ်ဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်။ မိတ်ဆွေကိုယ်တိုင် မသိဘူးထင်ရပေမယ့် အတွင်းမသိစိတ်မှာတော့ မိတ်ဆွေဟာ နယ်ပယ်တစ်ခုခုမှာ ပါရမီအရမ်းရှိနေတာမျိုး၊ အဲ့လိုရှိမှန်းမသိသည့်တိုင် မိတ်ဆွေဟာ ထူးချွန်နေတာမျိုး ရှိတတ်ပါတယ်။ အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းကလည်း အဆိုပါသဘောတရားကို အနည်းငယ်ကျောရိုးယူပြီး ဇာတ်အိမ်တည်ထားတဲ့ ဟောလိဝုဒ် Western ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ Western ရုပ်ရှင်ပီပီ အပစ်အခတ်၊ အကြမ်းအရမ်းတွေပါသော်လည်း သူတို့ချည်းသက်သက်မဟုတ်ဘဲ money heist ဆန်ဆန် twists and turns လေးတွေထည့်ပြီး အထက်မှာဖော်ပြခဲ့တဲ့သဘောတရားနဲ့ ပိုကာလောကအကြောင်းရောသမမွှေထားတဲ့ တစ်မူဆန်းသစ်ကွဲပြားတဲ့ western ရုပ်ရှင်ဖြစ်လို့ သမရိုးကျ cowboy ရုပ်ရှင်တွေနဲ့မတူတဲ့ ရသတစ်မျိုးကို ခံစားရမှာပါ။ အဓိကဇာတ်ဆောင်ကတော့ သရုပ်ဆောင်ရော၊ ဒါရိုက်တာအဖြစ်ပါ အနုပညာစန်းပါတဲ့ မင်းသားကြီး Mel Gibson ဖြစ်တဲ့အတွက် သရုပ်ဆောင်ကောင်းမွန်မှု၊ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာမှုကို အထူးတလည်ညွှန်းဆိုနေစရာ လိုမယ်မထင်တော့ပါဘူး။ Mel Gibson၊ James Garner၊ Jodie Foster၊ James Coburn၊ Alfred Molina၊ Geoffrey Lewis၊ Dub Taylor အစရှိတဲ့ ၉၀ ပြည့်လွန်နှစ်တွေရဲ့ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေနဲ့ အားဖြည့်တင်ဆက်ထားပါတယ်။ Roy Huggins ရဲ့ Maverick ဆိုတဲ့နာမည်တူဝတ္တုအပေါ်မှာပဲအခြေခံထားပြီး ဇာတ်ညွှန်း William Goldman၊ ဒါရိုက်တာ Richard Donner ကတာဝန်ယူရိုက်ကူးကာ Warner Bros. ကုမ္ပဏီကနေ 1994 ခုနှစ် မေလမှာဖြန့်ချိခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး မဲဗရစ်ခ်( Mel Gibson) ဟာ သူ့ကိုယ်သူ ဖဲဝိဇ္ဇာကြီးတစ်ယောက်လို့ စိတ်ကြီးဝင်နေသူပါ။ ဖြစ်ချင်တော့ အမေရိကန်အနောက်ပိုင်းဒေသဟောင်း Lauren Belle အပျော်စီးသင်္ဘောပေါ်မှာ အထူးစပါယ်ရှယ် ပိုကာချန်ပီယံလုပွဲကြီး ကျင်းပဖို့ရှိနေပါတယ်။ မဲဗရစ်ခ်ခမျာ သူ့ပါရမီနဲ့ ဖဲဇာတာကို တစ်ချီတည်းစမ်းသပ်ခွင့်ရမယ့် အဆိုပါပြိုင်ပွဲကို တားမနိုင်ဆီးမရ ဝင်ပါချင်နေပါတယ်။ ဒါပေမယ့် ပြိုင်ပွဲဝင်ကြေးက ဒေါ်လာ ၂၅၀၀၀ ဖြစ်တဲ့အတွက် သူ့မှာရှိတဲ့ပိုက်ဆံနဲ့မလောက်လို့ အကြွေးသမားတွေဆီက ပြန်ဆပ်ငွေရဖို့လည်း အဆင်မပြေတဲ့အခါမှာ မဲဗရစ်ခ်တစ်ယောက် ဝင်ကြေးပြည့်မီဖို့ ကြိုးစားရပါတော့တယ်။ အဲ့လိုကြိုးစားရင်း ပြိုင်ပွဲကိုအသွား လမ်းခရီးမှာ လူလိမ်မလေး အန်နာဘယ်လ်၊ နယ်ထိန်းအရာရှိ ဇိန်းကူးပါးတို့နဲ့ ဆုံပြီး ဘယ်လိုတလွဲတွေကြုံကြမလဲ၊ သူ့ရည်ရွယ်ချက်အတိုင်း ပြိုင်ပွဲဝင်နိုင်ပါ့မလား၊ သူတို့ကိုယ်စီရဲ့ လျှို့ဝှက်ရည်မှန်းချက်တွေက ဘာတွေလဲ၊ နောက်ဆုံး ဘယ်သူချန်ပီယံဖြစ်ပြီး ဆုငွေ ဒေါ်လာသန်းဝက်ကို ဘယ်သူနိုင်သွားမလဲဆိုတာတော့ ဆက်လက်ရှူစားကြရမှာဖြစ်ပါတယ်။ Western ရုပ်ရှင်တို့ထုံးစံအတိုင်း သေနတ်ပစ်ခန်းတွေ၊ အင်ဒီးယန်းတွေ၊ မြင်းစီးကောင်းဘွိုင်တွေ ရိုးရာမပျက်ထည့်ပေးထားတဲ့အပြင် ဒီဇာတ်လမ်းမှာတော့ ပိုကာနဲ့ comedy ပိုင်းကို နည်းနည်းအသားပေးပြထားလို့ ဇာတ်ကားအစမှအဆုံးထိ မလွတ်တမ်းကြည့်ဖြစ်သွားမှာပါ။ အက်ရှင်သီးသီး ကောင်းဘွိုင်ဇာတ်လမ်းတွေပဲ ကြိုက်သူတွေအတွက် အဆင်မပြေလောက်ပေမယ့် မင်းသားကြီး Mel Gibson သရုပ်ဆောင်ချက်ကိုကြည့်ရတာနဲ့တင် ကြည့်ပျော်နေပါပြီ။ IMDb rating 7 ရထားပြီး Rotten tomatoes 68% ဖြစ်တဲ့အတွက် ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ကြောင်း ညွှန်းပါရစေ။ File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre…Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

7 1994 127 mins
Maverick
To Be Immortal
5.9

ဒီတစ်ခါ အမောလည်းပြေ ခေါင်းလည်းစားစေမယ့် ဟာသကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေး မိတ်ဆက်ပေးရမယ်ဆိုရင် ဖုယန်ဆိုတဲ့ကောင်လေးဟာ သေဆုံးသွားခဲ့ပါတယ်…. ဟုတ်ပါတယ် ဆေးရုံမှာ ဝိညာဉ်နဲ့ ကိုယ်၊ ရုပ်နဲ့နာမ်ကွဲသွားပြီး အသက်ပျောက်သွားခဲ့တဲ့အချိန်မှာပဲ… သေမင်းလိုလို ဘာလိုလို ဝတ်စုံနက်ကြီးနဲ့လူတစ်ဦးကလွဲပြီး ဘယ်သူမှ သူ့ကိုမမြင်ရဖြစ်နေတာကြောင့် စကားသွားပြောရာကနေ … ငါနဲ့ မသေမျိုးကျင့်စဉ် ကျင့်မလား ချက်ချင်းငရဲသွားမလားလို့ အမေးခံလိုက်ရတယ်…. ဒီလိုအမေးခံရရင် ဘယ်သူကများ ငရဲတန်းသွားမယ်ဖြေမှာလဲနော်…. ဖုယန်လည်း နောက်ဆုံးမှာ ကျင့်စဉ်ကျင့်ဖို့ ရွေးခဲ့ရာကနေ အချိန်စက်ဝန်းမန္တန်အရ ဘယ်ရောက်မှန်းမသိရောက်သွားရာကနေ… ပထမဆုံး ဓားပျံလေးက ပြောင်းလဲသွားတဲ့ ဓားဝိညာဉ်ကို ကြွေသွားတာက တစ်မျိုး… ဘိုးတော်ဘုရားခေတ်ကိုပြန်ရောက်ပြီး လေ့ကျင့်မှုတွေကို လေ့ကျင့်ရတာက တစ်မျိုး… နောက်ပြီး မသေမျိုး စစ်ဆေးခြင်းစာမေးပွဲ ကျရင် ဝိညာဉ်ပျက်စီးသွားမယ်တာကြီးကလည်းရှိနေတော့… မသေမျိုးဖြစ်အောင် ဘယ်လိုတွေကျင့်မှာလဲ…. သူစာမေးပွဲတွေကို အောင်ပါ့မလား… ဘာစာမေးပွဲတွေလဲ… နောက်ပြီး အဆုံးသတ်တော့မှာ အိပ်မက်ကြီးဆိုပြီးပဲ အဖျားရှူးသွားမလားဆိုတာ ဇာတ်လမ်းလေးဒေါင်းပြီး ပေါက်ပေါက်လေးစားရင်း ကြည့်ပြီး အဖြေထုတ်လိုက်တော့နော်…

Action • Adventure • Thriller
5.9 2018
To Be Immortal
Kupu-Kupu Kertas
7.2

ရိုမီယို ဂျူးလီးယက်တို့လို စိတ်ကူးယဉ်ဇာတ်လမ်းထက် ပိုရိုတဲ့ ပိုသနားရတဲ့ ပိုကြေကွဲစရာကောင်းတဲ့ ၁၉၆၄ ခုနှစ် တုန်းက အင်ဒိုနီးရှားနိုင်ငံထဲမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေကို ပြန်လည်ကိုးကားပြီး ရိုက်ကူးထားတဲ့ အချစ်ဇာတ်ကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Kupu-Kupu Kertas ဖြစ်ပြီး လက်ရှိ IMDb Rating 7.2 အထိတောင်ရရှိထားတဲ့အတွက် ဒရာမာကားကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်မှာ PKI လို့ခေါ်တဲ့ အင်ဒိုနီးရှားကွန်မြူနစ်ပါတီနဲ့ NU ဆိုတဲ့ အစ္စလာမ်အဖွဲ့အစည်းတို့ကြားမှာ လယ်ယာပိုင်ဆိုင် မှုနဲ့ပတ်သတ်ပြီး တင်းမာမှုတွေများစွာဖြစ်နေခဲ့ပါတယ်။ အထူးသဖြင့်ပြဿနာကြီးကတော့ PKI ကလူတွေက သာမန် လယ်သမားတွေရဲ့မြေတွေကို လူမိုက်အဖွဲ့တွေငှားပြီး အတင်း အဓမ္မလိုက်လံသိမ်းပိုက်နေတာပဲဖြစ်ပါတယ်။ မတရားမှုတွေနောက်မှာ တရားမှုကိုရဖို့တော်လှန်တတ်တဲ့ လူတွေအမြဲတမ်းရှိသလို ဒီထဲမှာလည်း မင်းသားဖြစ်သူအီဆန်က ဒီလိုမတရားမှုတွေကိုတော်လှန်ဖို့ NU လက်အောက်မှာ ဖွဲ့စည်းထားတဲ့ အန်ဆော်ဆိုတဲ့ လူငယ်အဖွဲ့ခေါင်းဆောင်ရဲ့ ညီဖြစ်ပါတယ်။ထို့အတူပဲ မင်းသမီးဖြစ်သူ နှင်း ကလည်း အဲ့လိုမတရားမှုတွေကိုဦးဆောင်လုပ်နေတဲ့ခေါင်းဆောင်ကြီးရဲ့ သမီးဖြစ်နေပါတော့တယ်။နှင်းက သူ့အဖေရဲ့လုပ်ရပ်တွေကို သဘောမကျဘဲ စာနာသနားတတ်သူ ကြင်နာတတ်သူဖြစ်တဲ့ အတွက် သူ့အဖေ ထပ်မံယုတ်မာပြီး လယ်ယာတွေကိုသိမ်းပိုက်ဖို့ ကြိုးစားတဲ့အခါမှာ အဲ့ဒီလယ်ကလယ်သမားတွေကို သွားရောက်သတိပေးခဲ့ပါတော့တယ်။အဲ့ဒီမှာတင် နှင်းနဲ့ဆန်တို့ တွေ့ခဲ့ကြပြီး မတူညီတဲ့ဆန့်ကျင်ဖက်နှစ်ဖက်ကြားက အခက်အခဲ တွေကိုဘယ်လိုကျော်ဖြတ်သွားပြီး အချစ်ခရီးကိုလျှောက်လှမ်း သွားကြဦးမလဲဆိုတာကိုရှုစားရမဲ့ ဒရာမာဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ File size… (1.58 GB) / (984 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 53m Genre …..Drama , History , Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Family • Adventure • Crime
7.2 2024 113 mins
Kupu-Kupu Kertas
Off the Grid
4.3

Off the Grid (2025) အမေရိကန်နဲ့ အီတလီ ပူးပေါင်းရိုက်ထားတဲ့ အက်ရှင်သည်းထိတ်ရင်ဖိုကားတစ်ကားပါ။ ဒါရိုက်တာ Johnny Martin က ရိုက်ထားပြီး ဇာတ်ညွှန်းကို James Agnew က ရေးထားတယ်။ အဓိကသရုပ်ဆောင်တွေကတော့ Josh Duhamel၊ Greg Kinnear၊ Peter Stormare နဲ့ María Elisa Camargo တို့ပဲ။ ဇာတ်လမ်းက Guy ဆိုတဲ့ သိပ္ပံပညာရှင်တစ်ယောက်အကြောင်း ဗဟိုပြုထားတယ်။ သူက လက်ဖဝါးအရွယ်လောက်ပဲရှိတဲ့ စွမ်းအင်ထုတ်လုပ်နိုင်တဲ့ နည်းပညာတစ်ခုကို ဖန်တီးလိုက်ပေမယ့် ဒါကို Belcor Enterprises ဆိုတဲ့ ကုမ္ပဏီက လက်နက်အဖြစ် အသုံးပြုဖို့ ကြံစည်တယ်။ Guy က ဒီလိုဖြစ်မလာအောင် သူ့ရဲ့သုတေသနတွေကို ယူပြီး ထွက်ပြေးသွားတယ်။ ပြီးတော့ တင်နက်ဆီပြည်နယ်ရဲ့ တောထဲမှာ လူသူကင်းတဲ့ ဘဝတစ်ခုကို စတင်နေထိုင်ရင်း ဘယ်သူနဲ့မှ သိပ်မရောနှောပဲ ပုန်းနေခဲ့တယ်။ ဒါပေမယ့် Belcor က သူ့ကို လက်လွှတ်မထားဘူး။ သူတို့က လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ပြီး Guy ကို ဖမ်းဖို့ လိုက်လာတယ်။ ဒီမှာ သူတို့မထင်မှတ်ထားတာက Guy က ဉာဏ်ရည်ထက်မြက်ရုံတင်မကဘဲ တောထဲမှာ သူ့ရဲ့ ဗျူဟာတွေ၊ ထောင်ချောက်တွေနဲ့ ပြန်လည်တိုက်ခိုက်နိုင်တဲ့ စွမ်းရည်လည်း ရှိတယ်။ သူက တစ်ယောက်တည်း Rambo လို ဖြစ်လာပြီး လိုက်လာတဲ့သူတွေကို တစ်ယောက်ချင်း ဖြုတ်ချတယ်။ Greg Kinnear သရုပ်ဆောင်ထားတဲ့ Ranish ကတော့ Guy ရဲ့ အရင်လုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး အခုတော့ Belcor အတွက် လုပ်နေတဲ့ ကောင်လေး၊ သူက Guy ကို ပြန်လာဖို့ စည်းရုံးဖို့ ကြိုးစားပေမယ့် အခြေအနေက သူထင်ထားတာထက် ပိုရှုပ်ထွေးသွားတယ်။ Peter Stormare ကတော့ Belcor ရဲ့ ရက်စက်တဲ့ ခေါင်းဆောင် Marcus အဖြစ် ပါဝင်ထားတယ်။ ဒီရုပ်ရှင်က အက်ရှင်ခန်းတွေနဲ့ ပြည့်နှက်နေပြီး တောထဲက ထောင်ချောက်တွေ၊ လိုက်လံဖမ်းဆီးမှုတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းတယ်။ IMDb မှာ 4.8/10 ရထားပြီး Rotten Tomatoes မှာလည်း ရောထွေးတဲ့ သုံးသပ်ချက်တွေ ရရှိထားတယ်။ ဒါပေမယ့် အက်ရှင်ချစ်သူတွေအတွက်ကတော့ Josh Duhamel ရဲ့ စွမ်းဆောင်ရည်နဲ့ တောထဲက တိုက်ခိုက်ရေးခန်းတွေက ကြည့်လို့တန်တယ်လို့ ပြောကြတယ်။ ရုပ်ရှင်က ၁ နာရီ ၄၄ မိနစ်ကြာပြီး ဇွန်လ ၂၇၊ ၂၀၂၅ မှာ ရုံတင်ပြသခဲ့တယ်။ Lionsgate နဲ့ Grindstone Entertainment Group က ဖြန့်ချီထားပြီး ကြည့်ပျော်တဲ့ကားကောင်းလေးတကားပါဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size… (6.3 GB) / (2.7 GB) / (1.5 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Drama Duration…. 01:45:52 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Min Khant

Drama • Romance
4.3 2025 105 mins
Off the Grid
Dying Young
6.6

Dying Young (1991) IMDB : 6.6 Genre : Romance / Drama 90’s Romance ရုပ်ရှင်လို့ပြောလိုက်ရင် Julia Roberts ကို ပြေးမြင်မိကြမှာသေချာပါတယ်။ Notting Hill နဲ့ Pretty Woman လိုမျိုး Romance ရုပ်ရှင်တွေနဲ့ လူသိများတဲ့ Julia Roberts ဟာ Dying Young ရုပ်ရှင်မှာလည်း အသက်က ၂၄ ပဲရှိသေးတာကြောင့် ငယ်မူသွေးကြွပြီး အလှကြီးလှနေတာကို မြင်ရမှာပါ။ ဒါပေမဲ့ ဒီကားက အလှအပဦးစားပေးတဲ့ကားမဟုတ်ပြန်ဘူး။ ဒီကားက ဝမ်းနည်းဖို့ကောင်းသလို၊ ကြည်နူးဖို့လည်းကောင်းတယ်။ စိတ်တိုစရာကောင်းသလို၊ ပျော်ဖို့လည်းကောင်းနေပြန်တယ်။ ပြန်တွေးကြည့်လိုက်ရင် ဒီလိုမျိုးခံစားချက်က တစ်ယောက်ယောက်ကို ချစ်မိမှဖြစ်တဲ့ခံစားချက်မျိုးပါ။ ဒီရုပ်ရှင်က ကြည့်တဲ့လူကို အဲလိုမျိုးခံစားချက်ပေးပါလိမ့်မယ်။ ဒီကားပြန်နေတုန်း ကောင်မလေးနဲ့ရန်ဖြစ်ထားတော့ “အရမ်းကောင်းတယ်၊ မျက်တောင်တုတောင်ကျွတ်တယ်” ဖြစ်သွားခဲ့ပါသေးတယ်ခင်ဗျာ။ ဇာတ်ညွှန်း ဟေလာရီအိုနီးလ်ဟာ လတ်တလောမှ ကောင်လေးရဲ့ဖောက်ပြန်ခြင်းကိုခံခဲ့ရတဲ့လူဖြစ်ပါတယ်။ အိမ်မှာကပ်နေတော့ အမေကလည်း မျက်နှာသာသိပ်မပေးပါဘူး။ ဒီလိုနဲ့ လမ်းမှာတွေ့တဲ့ လက်ကမ်းကြေညာတစ်ခုမှာ အလုပ်လျှောက်ဖို့ ဂက်ဒက်စ်မိသားစုအိမ်ကိုသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရှာနေတာက နာ့စ်၊ ဟေလာရီက နာ့စ်မဟုတ်ဘူး။ ဒီလိုနဲ့ ဟေလာရီကို အလုပ်မခန့်ဘူးပြောပေမဲ့ သူ့ကိုပြန်လာခေါ်ကာ အောက်ထပ်မှာတွေ့ချင်တဲ့လူတစ်ယောက်ရှိပါသတဲ့။ ထိုသူကတော့ ဗစ်တာ ဖြစ်ပြီး သွေးကင်ဆာဖြစ်တာ ၁၀ နှစ်ရှိပါပြီ။ နာ့စ်ကလည်း သူ့အတွက်ငှားတာဖြစ်တာမလို့ သူကိုယ်တိုင်ပဲ ဟေလာရီကိုပဲရွေးခဲ့ပါတယ်။ ဘာလို့ရွေးလဲသိကြမှာပါ နာ့စ်လည်းမဟုတ်ပါပဲနဲ့။ ဘာလို့လဲဆိုတော့ ဟေလာရီကလှတယ် နောက်တစ်ခုက အလုပ်လာလျှောက်တဲ့ထဲ အတိုဆုံးစကပ်ကိုဝတ်ထားတာကြောင့်ပါ။ နာ့စ်ကိစ္စတွေသိစရာမလိုဘူး၊ ဗစ်တာကိုပြုစုရုံပဲဆိုတော့ တစ်ပတ်ဒေါ်လာ ၄၀၀၊ ပိုက်ဆံအလွယ်ရတယ်ဆိုပြီး လက်ခံခဲ့ပေမဲ့ ကီမိုကုထုံးနဲ့ ကုသနေတဲ့ ဗစ်တာဟာ တစ်ခါလုပ်ပြီးတိုင်း Reaction တွေက ကြောက်ဖို့ကောင်းလောက်အောင်ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဟေလာရီဟာ ဗစ်တာကို သနားသွားခဲ့ပြီး ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်မယ် ကြည့်လိုက်ကြပါခင်ဗျာ။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 51m Genre ….. Romance/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Lucifer Maximoff

TV Movie
6.6 1991 111 mins
Dying Young