YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Thibaan.2023.S01E05.1080p.CM.mp4

540.01 MB 1080p video/mp4 28 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Business of Christmas 2

The Business of Christmas 2 (2021) ========================= Genre - Drama, Family IMDb Rating - 8.2/10 Spoiler Alert ---------------- ပထမကား မကြည့်ရသေးသူများအတွက် အခု review ကို မဖတ်ပါနဲ့ဦး ခင်ဗျာ။ ---------------- ပထမကားတုန်းက ပြဿနာတွေ ဖြေရှင်းခဲ့တဲ့ ဖရန်ကလင်း မိသားစုတွေ ပြန်လာပါပြီ။ ဒီဒုတိယကားမှာတော့ ဖခင်ဖြစ်တဲ့ အော်စကာကတော့ သွေးတိုးနဲ့ ဆုံးပါးသွားပါပြီ။ မိခင် မယ်ရီ အန်ကလည်း မွေးရပ်မြေကို ပြန်လာပြီး အိမ်ကြီးထဲမှာ တစ် ယောက်တည်းနေနေပါတယ်။ သားသမီးတွေအနေနဲ့ မိုက်ကယ်ကဝတ္ထုရေးဖို့ ကြိုးစားနေပြီး ဖခင်သေဆုံးမှုကို ထောက်လှမ်းနေခဲ့ပါတယ်၊ နိုအာကတော့ စင်ဒီနဲ့ အလုပ်တွဲလုပ်ရင်း မင်္ဂလာဆောင်ဖို့ အဆင်မပြေ ဖြစ် နေခဲ့တာပါ၊ ဒန်နီကလည်း ယောက်ျားဖြစ်သူလည်း အဆင်မပြေ ဖြစ်ပြီး သားလေးကို ထိန်းကျောင်းနေရသူ မိခင်တစ်ယောက် ဖြစ်နေပါပြီ။ ဒီလိုနဲ့ ဖရန်ကလင်းမောင်နှမတတွေ ကိုယ်စီပြဿနာ တွေနဲ့ တစ်ဦးတည်းနေတဲ့ မိခင်ကြီးဆီကို သွားရောက်ဖို့ ဖြစ်လာ ပါတော့တယ်။ နောက်ထပ် ဖြေရှင်းဖို့ ပြဿနာအသစ်တွေနဲ့အတူ ပေါ့။ ဒီကားမှာတော့ မိခင် မယ်ရီအန်နဲ့ ငယ်ချစ်ဦး ကျောင်းအုပ်ဆ ရာကြီးနိုက်ပါဝင်လာသလို၊ ဒန်နီရဲ့ ကပွဲသွားဖော် ပက်ထရစ်ရယ်၊ မိုက်ကယ်နဲ့ ဒန်နီကြားက ပြဿနာတွေ၊ နိုအာတို့အတွဲကြားက ပြ ဿနာအသစ်တွေလည်း ပါဝင်လာပါတယ်။ ထုံးစံအတိုင်း ဖရန်က လင်းမိသားစုနဲ့ ခရစ္စမတ် တွေ့ကြပြန်ပြီပေါ့ဗျာ.....။ Part One >>> ဒီလင့်မှာကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(1.4 GB) / (490 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 25Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Family Translator.......Thura Aung Encoder..........SWM

Romance • Thriller
0 2021
The Business of Christmas 2
Detective Dee and The Burning Sky
4

ဒီတစ်ခါ CM ကနေမိတ်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ detective Dee ရှေးဟောင်းစုံထောက် movie လေးဖြစ်ပါတယ် အေဒီ ၆၉၆ခုနှစ် ဝူကျယ်ထျန်းအုပ်စိုးစဉ်ကာလမှာ လူရိုင်းတပ်သားတွေက ဝေ့ကျိုးမြို့ကိုတိုက်ခိုက်စဥ် အဲ့ဒီမြို့ဟာ စစ်ဘေးနှင့် ရောဂါကပ်ဘေးကိုကြုံတွေ့ရတယ်။ ဒီးရန်ကျယ်ဟာ မင်းအမိန့်ဖြင့် ဝေ့ကျိုးမြို့ကို အုပ်ချုပ်ရေးမှူးအဖြစ် ရောက်လာတုန်းအခိုက်မှာ လူသတ်သမားတိုက်ခိုက်ခံရတယ်။ ဝေ့ကျိုးမြို့ရဲ့အရင်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ တူကူစစ်ကျွမ်းဟာ အံ့ဩဖွယ် အဆိပ်သင့်ပြီးသေဆုံးနေပြီး ယင်းအမှုဟာ ဒီး‌ရန်ကျယ် ရောက်ရှိလာမှုနဲ့ ပတ်သက်နေမလား။ တပ်သား၅၀၀ သေဆုံးမှုနှင့် ငွေစ၅သိန်းပျောက်ဆုံးတဲ့ ထူးဆန်တဲ့ဖြစ်ရပ်ကို ဒီးရန်ကျယ်ကဘယ်လို ပြောင်မြောက်တဲ့နည်းလမ်းနဲ့ဖြေရှင်းမလဲ။ ဒီးရန်ကျယ်ဟာ ဤပဟေဠိဆန်တဲ့ဖြစ်ရပ်တွေကြား အမှန်တရားတွေဖော်ထုတ်နိုင်မလားဆိုတာ CMက‌နေ အားပေးစောင့်မျှော်ကြည့်ရှုကြပါရှင့် [ Reviewed By Mei Mei ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Mystery Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Adventure • Drama • Fantasy
4 2020 80 mins
Detective Dee and The Burning Sky
The Aftermath of Murder
5

နမ်ဆန်းဟီးလို့ ခေါ်တဲ့ အိမ်ခြံမြေအကျိုးဆောင်က အလုပ်သမားမိန်းကလေးဟာ တစ်နေ့မှာ ရုတ်တရက် ပြန်ပေးဆွဲခံလိုက်ရပါတယ် ။ သူ့ကိုပြန်ပေးဆွဲဖို့ ခိုင်းစေခဲ့တာကတော့ ရဲစခန်းက စုံထောက်ဂျန်ဖြစ်ပြီး ဂင်မီဂျောင်း လို့ခေါ်တဲ့ မိန်းကလေးအထင်နဲ့ ပြန်ပေးဆွဲခဲ့တာပါ ။ လွန်ခဲ့တဲ့နှစ်နှစ်က ငွေသန်းပေါင်းများစွာကို လိမ်လည်ပြီးထွက်ပြေးသွားခဲ့တဲ့ မိန်းကလေး ဂင်မီဂျောင်းဟာ တကယ်ပဲ အခုအဖမ်းခံထားရတဲ့ နမ်ဆန်းဟီးလား ။ စုံထောက်ဂျန်ကရော ဘာဖြစ်လို့များ တရားဥပဒေအပြင်ဘက်ကနေ လုပ်ကိုင်နေရတာလဲ ။ ဒီငွေတွေကို ဘာဖြစ်လို့ရချင်နေရတာလဲ ။ နမ်ဆန်းဟီးဆိုတဲ့ မိန်းကလေးဟာ တကယ်ပဲ လွန်ခဲ့တဲ့ နှစ်နှစ်က ဂင်မီဂျောင်းလား ။ ဒါမှမဟုတ် လူမှားပြီး အဖမ်းခံလိုက်ရတာလား ။ သန်းပေါင်းမြောက်မြားစွာသော ပိုက်ဆံတွေကရော ဘယ်မှာလဲ ။ စုံထောက်ဂျန်နဲ့ ပြန်ပေးဆွဲတဲ့သူအဖွဲ့ကပဲ ငွေတွေကို ရသွားမလား ။ နမ်ဆန်းဟီးကပဲ လွတ်မြောက်သွားနိုင်မလား ။ တကယ့်ဂင်မီဂျောင်းအစစ်ကရော ဘယ်သူဖြစ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre.....Drama, Thriller Quality….WEB-DL 1080p and 720p File size…1.5GB, 721MB, 294MB Format…mp4 Duration….1h 22min Subtitle….Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... August

Comedy • Romance
5 2021 82 mins
The Aftermath of Murder
Reign of Fire
6.2

Game of Thrones ထဲက နဂါးကြီးတွေကို သဘောကျ နှစ်ခြိုက်ကြတဲ့သူတွေ အများအပြားရှိပါလိမ့်မယ်။ ဝံ့ကြွားလှပတဲ့ကိုယ်ဟန်နဲ့၊ ဝါညီးထွန်းတောက်တဲ့ မီးတောက်တွေ မှုတ်ထုတ်လို့ ခံ့ညားလှတဲ့ သတ္တဝါကြီးတွေပေါ့။ ဒီတော့ လူကြီးမင်းရဲ့ အိမ်အောက်မှာ အ‌ပေါက်တစ်ခုတွေ့လို့ ဆင်းကြည့်ရင်း နဂါးကြီးတစ်ကောင်နဲ့ ပက်ပင်းတိုးမိတယ်ဆိုပါစို့။ အကြံပေးချင်တာကတော့ Game of Thrones ကို မေ့လိုက်ပြီး ဖနောင့်နဲ့တင်ပါး တသားတည်းကျအောင်သာပြေးပါ။ ဘာလို့လဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရှုစားနိုင်ပါတယ်။ ခေတ်မီစက်မှုကာလ မျက်မှောက်ခေတ်၊ လူတွေဟာ ငွေနောက်လိုက်ရင်း ငွေရှာရင်း အသက်ကြီးလာ၊ ငွေနောက်လိုက်ရင်းပဲ သေကြရတဲ့အချိန်ပေါ့။ ဒီတော့ လောကဇာတ်ဆရာက ပျင်းရိငြီးငွေ့လာပုံရပါတယ်။ မြေကြီးထဲမှာ အိပ်ပျော်နေတဲ့ နဂါးတစ်ကောင်ကို နိုးထစေလိုက်တယ်။ သံချပ်ကာ အကြေးခွံချပ်တွေနဲ့၊ နိုက်ထရို နက်ဖလင်းမီးတောက်တွေမှုတ်ထုတ်နေတဲ့ နဂါးကြီးဟာ လှပသလောက် အန္တရာယ်မ‌ျားလှပါသတဲ့။ စာရေးဆရာက ဘယ်လောက်တောင် ညွှန်းလိုက်သလဲဆိုရင် ဒိုင်နိုဆောတွေကို မီးလောင်တိုက်သွင်းခဲ့တာ သူတို့ပါတဲ့။ သူတို့ကြောင့် ရေခဲခေတ်ကိုရောက်၊ သူတို့က သက်ရှိမှန်သမျှ စားပစ်ကြပြီး စားစရာမရှိ ငတ်မွတ်လာတဲ့အခါမှာ မြေအောက်ကိုဝင်ပြီး တစ်ရေးအိပ်နေကြပါသတဲ့။ ကမ္ဘာပေါ်မှာ သက်ရှိတွေ ပြန်ပြည့်လာမယ့်အချိန်ကို စောင့်နေကြတာပေါ့။ နဂါးကြီးဟာ အဖော်အပေါင်းတွေနဲ့ ပြန်လည်နိုးထလာပြီး လူ့လောကကို သိမ်းပိုက်လိုက်ပါတယ်။ တွေ့သမျှကို မီးလောင်တိုက်သွင်း၊ အသက်ရှိသမျှ စားလာလိုက်တာ လူ့ပြည်ပျက်တဲ့အထိပေါ့။ ရှိသမျှလက်နက်တွေ နျူတွေနဲ့ ခုခံခဲ့ပေမဲ့ သူတို့ဘက်ကနေ ကမ္ဘာကို ကူဖျက်ပေးမိသလိုပဲ ဖြစ်ခဲ့တယ်ဆိုပဲ။ ဂွတော့အကျသားဗျ။ ဒီတော့ လူအနည်းငယ်သာ ထွက်ပြေးလွတ်မြောက်လာပြီး အကာအကွယ်နေရာတွေမှာ စားစရာကြံဖန်ပြီး မြေအောင်းကြွက်တွေလို နေရတဲ့ခေတ် ရောက်သွားတာပေါ့လေ။ ဒီတော့ နဂါးအုပ်စိုးတဲ့ နဂါးတို့ပလ္လင်ကို လူတွေ ဘယ်လိုပြန်လုကြမလဲဆိုတာ ကြည့်ရမယ့် ဇတ်ကားတစ်ကားပါ။ ခေတ်မီကာလမှာ ခေတ်ဟောင်းသတ္တဝါကို ထည့်ရိုက်ထားတဲ့ ကမ္ဘာပျက်ကားတစ်ကားပေါ့။ Cast တွေကလည်း မညံ့လှဘူးဗျ။ Interstellar ဇာတ်ကားရဲ့မင်းသားကြီး McConaughey က အဓိကသရုပ်ဆောင်ထားပြီး ၊ Christian Bale , Gerard Butler တို့လို မင်းသားကြီးတွေနဲ့ အလန်းပါပဲ။ IMDb 6.2 ဆိုတော့ apocalypse ကားတစ်ကားအတွက် တော်တော်မြင့်နေပါပြီ။ ပြန်လည်ရှုစားကြပါစို့။ File size…(2.4 GB)/(700 MB) Quality….BluRay 1080p / 720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Drama • Romance
6.2 2002 101 mins
Reign of Fire
I, Challenger
6.1

I, Challenger (2022) ဆစ်ဒ် ဆိုတဲ့သတ်လတ်ပိုင်းလူကတော့ သူ့ကိုယ်သူအရှုံးသမားအဖြစ် အပြည့်အဝခံယူထားသူပါ။ အလုပ်ကမရှိ၊ သူ့အလုပ်က စက်ရုပ်နဲ့အစားထိုးခံလိုက်ရလို့အလုပ်ပြုတ်သွားတယ်။ လတ်တလောအလုပ်ကတော့ ဆယ်ကျော်သက်တွေကိုဆေးခြောက်ရောင်းတဲ့အလုပ်။ ဘော်ဒါဆိုတော့လဲ သူနဲ့ဂိမ်းတွဲဆော့နေကျ ၁၆ နှစ်အရွယ်ကောင်လေးတစ်ယောက်ပဲရှိတယ်။ ဆော်ကလဲမရှိ။ သူကလဲကြံရာမရ ပေါက်ကရတွေအကုန်လုပ်တဲ့သူပါ။ Tinder ကနေလဲ သကြားမေမေရှာကြည့်သေးတယ်။ မအိုကေ။ ထီတွေဆိုတာလဲ လတိုင်းထိုးတာ။ နောက်ဆုံးတော့ ကံကောင်းခြင်းရဖို့ ဂူဂဲလ်မှာရှာရင်း ရုရှားကဗီဒီယိုတွေကိုသွားတွေ့တယ်။ ရုရှားကလူတွေက သူတို့ကိုယ်သူတို့၂၄ နာရီကြာ အခေါင်းထဲထည့်မြှပ်နှံပြီး ကံကောင်းခြင်းကိုရသွားကြတယ်တဲ့။ အခေါင်းထဲကပြန်ထွက်လာတာနဲ့ အလုပ်တွေအချစ်ရေးတွေအရာရာမှာကံကောင်းလာတယ်။ သေချာတာပေါ့ ဆစ်ဒ်ကလဲ သူ့တစ်ဦးတည်းသော သူငယ်ချင်းကောင်လေးရဲ့ အကူအညီကိုယူပြီး သူ့ကိုယ်သူ ၂၄ နာရီကြာ မြှုပ်နှံဖို့ ကြိုးစားလိုက်ချိန်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre…..Comedy Quality…. 1080p | 720p | 480p File size… 1.6GB | 767MB | 373MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. August

6.1 2022
I, Challenger
Where the Devil Can’t Go, He Sends a Woman 2
5.7

ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ IMDb 5.7/10 ရရှိထားတဲ့ ပိုလန်စကားပြော Comedy/Crime/Drama ကားလေးပါ။ ဇာတ်လမ်းကတော့ ၁၉၉၀-၂၀၀၀ခုနှစ် ဝန်းကျင်က ပိုလန်နိုင်ငံရဲ့ စီးပွားရေး အားပြိုင်မှုတွေကြားထဲက လူလိမ်တစ်ဖြစ်လည်း ကုန်သည်ဖြစ်သူ ခါဇုမီယက်ဇ်ဘွန်ချက်ဇ်ရဲ့ မျိုးစုံကြိုးခုန်တတ်တဲ့၊ စီးပွားရေးကွက်ကျော်ရိုက်၊ ကလိမ်စေ့ငြမ်းစင်ပုံတွေကို ပုံဖော်ထားတာဖြစ်ပါတယ်။ သူကိုယ်တိုင်ကျ ကွက်ကျော်ရိုက်တတ်ပေမယ့် ကားခိုးမှုတွေများနေတဲ့နိုင်ငံမှာ သူ့ကားအခိုးခံရမှာကြောက်လို့ ကားစတီယာရင်ကို ဘယ်သွားသွားချွတ်ယူသွားတတ်တဲ့ ခါဇုတစ်ယောက် နိုင်ငံပိုင်ကုမ္ပဏီတွေကို ပုဂ္ဂလိပိုင်ဖြစ်အောင် ဘယ်လိုလုပ်ပြီး သန်းပေါင်းများစွာကို ဘယ်လိုအိတ်ထဲထည့်ခဲ့သလဲ၊ သတင်းအချက်အလက်တွေရယူဖို့ ဘယ်လိုလမ်းကြောင်းကနေ ကြိုးစားခဲ့သလဲ၊ ရာဇဝတ်မှုတွေကို ဘယ်လိုကျူးလွန်ခဲ့သလဲဆိုတာကို ရှုစားရမှာပါ။ ဥပဒေကို လက်တစ်လုံးခြားလုပ်နေတဲ့သူ့ကို ဖမ်းဖို့ကြိုးစားခဲ့တဲ့ ရဲအရာရှိကိုရော ဘယ်လိုနှစ်ပေါက်တစ်ပေါက်ရိုက် လှည့်ထွက်ခဲ့သလဲ၊ အဲဒီ ရဲအရာရှိကရော သူ့ကို တကယ်ဖမ်းဆီးနိုင်ပါ့မလား၊ ဂျင်ပေါ်ကထုံးဖြစ်တဲ့ ခါဇုတစ်ယောက် ငွေနဲ့ပတ်သက်လာတဲ့အခါ ယုံကြည်ရတဲ့မိတ်ဆွေတွေကို အရင်အတိုင်း ဆက်ယုံကြည်နိုင်မှာလား၊ ခါဇုကိုရော သူ့ရဲ့မိတ်ဆွေတွေက နောက်ဆုံးအချိန်ထိ ယုံကြည်ပေးသွားမှာလား ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ (ထုံးစံအတိုင်း မိသားစုနဲ့ကြည့်ဖို့မသင့်တဲ့ တချို့ဇာတ်ဝင်ခန်းတွေကို တစ်ယောက်တည်းကြည့်ရင်း) ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွန်းနဲ့ဘာသာပြန်ကတော့ Emily ပဲဖြစ်ပါတယ်) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Crime, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

5.7 2023
Where the Devil Can’t Go, He Sends a Woman 2
Perpetrator

ဘဝတစ်လျောက်လုံး ဖခင်နှင့်ကြီးပြင်းလာရတဲ့ ဂျွန်နီဆိုတဲ့ ကျောင်းသူလေးတစ်ဦးဟာ ၁၈နှစ်ပြည့် မွေးနေ့မတိုင်ခင်မှာပဲ ဖခင်၏စေလွှတ်မှုကြောင့် အဒေါ်တော်စပ်သူရဲ့ အိမ်ကိုပြောင်း၍နေထိုင်ရပါတော့တယ်။ ကျောင်းသစ် အိမ်သစ်နှင့် နေသားကျဖို့ကြိုးစားနေချိန်မှာပဲ ဂျွန်နီတို့ကျောင်းမှ ကျောင်းသူလေးများတစ်ယောက်ပြီးတစ်ယောက် စတင်ပျောက်ဆုံးလာပါတော့တယ်။ ဂျွန်နီတစ်ယောက်ဟာဆိုရင်လည်း ခန္ဓာကိုယ်မှာ မူမမှန်တဲ့ပြောင်းလဲမှုတွေကို တစ်စတစ်စ စတင်ခံစားလာရပါတော့တယ်။ ကျောင်းသူလေးတွေ ဘာကြောင့်ပျောက်ဆုံးနေတာလဲ၊ ဂျွန်နီဆိုတဲ့ ကျောင်းသူလေးရဲ့ သရုပ်မှန်ကရော ဘာတွေဖြစ်နေမလဲဆိုတာကို ကြည့်ရှုရမယ့် သည်းထိပ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.4 GB)/(706 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

0 2023
Perpetrator
How to Rob a Bank
6

“ဘဏ်ဘယ်လိုဖောက်ရမလဲ” ၂၀၀၇ တုန်းကထွက်ရှိခဲ့တဲ့ Thriller/Comedy ရုပ်ရှင်ပါ။ ခရမ်းချဉ်သီးပုပ်မှာ မျက်နှာပန်းမလှရှာပေမဲ့ IMDbမှာတော့ 6 အထိရရှိထားပါတယ်။ ကျွန်တော့်အတွက်ကတော့ ၂၀၀၇ လို ခုနှစ်တုန်းက ထွက်ရှိထားတဲ့ ရုပ်ရှင်တစ်ကားအနေနဲ့ စိတ်၀င်စားစရာကောင်းပြီး လက်ခံပေးလို့ရတဲ့ အဆင့်မှာရှိတယ်လို့ မြင်ပါတယ်။ ဒီရုပ်ရှင်က ရိုက်ကွင်း နှစ်ခုသုံးခုလောက်နဲ့ ပတ်ရိုက်ထားတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါ။ ဇာတ်လမ်းအစမှာ ဂျေဆန်တေလာဆိုတဲ့ဘဲက ဘဏ်တစ်ခု အနုကြမ်းစီးခံနေရချိန်မှာ ငွေတိုက်ထဲမှာ ဂျက်စီကာလို့‌ခေါ်တဲ့ စော်လေးတစ်ပွေနဲ့ပိတ်မိနေတယ်။ တကယ်တော့ ဒီဘဲက အနုကြမ်းစီးတဲ့အဖွဲ့နဲ့ လားလားမှမဆိုင်ဘူး။ သူ့ အေတီအမ်ကဒ်ကနေ ငွေထုတ်ရင်း အပိုကြေးထပ်ဖြတ်ခံလိုက်ရလို့ ဘဏ်မှာမကျေမနပ်နဲ့ ကွန်ပလိန်းလာတက်ရင်းကနေ အနုကြမ်းစီးတဲ့အချိန်နဲ့ တည့်တည့်တိုးပြီး ထီပေါက်သွားတာ။ ဂျေဆန်နဲ့ ဂျက်စီကာတို့ပိတ်မိနေတဲ့ ငွေတိုက်ခန်းထဲမှာ ကွန်ပြူတာတစ်လုံးရှိတယ်။ ဒီကွန်ပြူတာကို ဆယ်တန်လောက်လေးတဲ့ သံတံခါးကြီးနဲ့ပိတ်ထားတဲ့ ငွေတိုက်ထဲမှာ ထည့်ထားရခြင်း အကြောင်းရင်းတစ်ခုရှိပါတယ်။ ဒီလိုနဲ့ ဂျေဆန်တို့ဆီကို အပြင်မှာ အနုကြမ်းစီးနေတဲ့ လက်နက်ကိုင်အဖွဲ့ရယ်၊ ဓားစာခံကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ ရဲတပ်ဖွဲ့ရယ်ဆီကနေ ဖုန်းတွေ တဂွမ်ဂွမ်လာပါတော့တယ်။ ဂျေဆန်တို့နှစ်ယောက် လိုင်းပြတ်တောင်း‌ပြတ်တောင်းဖြစ်‌တဲ့နေရာမှာ နိုကီရာဖုန်းလေးကိုသုံးပြီး ငွေတိုက်အပြင်ကနေလူတွေနဲ့ ဘယ်လိုတွေညှိနှိုင်းဆွေးနွေးပြီး အပြင်ပြန်ထွက်နိုင်ဖို့အရေး ဘယ်လိုကြံဖန်ကြိုးစားကြမလဲ၊ ဂျက်စီကာကရော ဘယ်သူလဲ ဘာကိစ္စ ဂျေဆန်နဲ့အတူ ငွေတိုက်ထဲရောက်နေဝာလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.4 GB)/(705 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre…Comedy, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Crime • Thriller
6 2007
How to Rob a Bank
Onde Mande / The Prize
6.9

Onde Mande / The Prize (2023) Drama ချစ်ပရိသတ်တို့ အကြိုက်တွေစေမယ့် အင်ဒိုမိသားစုဟာသရုပ်ရှင်လေးတစ်ကားဖြစ်တဲ့ Onde Mande(ဆုငွေ)ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူသူအရောက်အပေါက်နည်းတဲ့ တောင်ကြားထဲမှာရှိတဲ့ ရွာငယ်လေးတစ်ရွာက ဆုမဲပေါက်သွားတဲ့လူတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ မီနန်သားတွေဟာ ကိုယ့်ရဲ့အမိမြေကို သိပ်ချစ်ကြတဲ့သူတွေပေါ့။ ဘယ်သူတွေဘာပြောပြော ဘဝနဲ့ရင်းပြီး ကိုယ့်မြေကိုချစ်တဲ့မီနန်သားတွေက မိုးပြိုရင်တောင်မှ ကိုယ့်ရဲ့နေရပ်ကို စွန့်ခွာကြမယ့်သူတွေမဟုတ်ပါဘူး။ ဒီလူတွေထဲမှာ အန်ကူဝမ်ဆိုတဲ့ အဘိုးကြီးလည်း အပါအဝင်ပေါ့။ အန်ကူဝမ်ဟာ ခေါင်းမာပြီး စိတ်ဓာတ်ပြင်းတဲ့သူတစ်ယောက်၊ အငြိမ်းစားကျောင်းဆရာပီပီ အရာရာကို စာအုပ်ကြီးလိုလုပ်တတ်တဲ့သူ့ကို တော်ရုံလူက သည်းမခံနိုင်ပါဘူး။ ငယ်စဉ်ကတည်းက သူ့အရိပ်အောက်မှာ ကြီးပြင်းလာခဲ့တဲ့ အမ်ကလွဲလို့ပေါ့။ အန်ကူဝမ်ဘယ်လောက်ပဲ ခေါင်းမာတယ်ပြောပြော မန်နင်ဂျောရွာလေးကို ချစ်တဲ့နေရာမှာတော့ အန်ကူဝမ်ကို ဘယ်သူမှမမီကြပါဘူး။ မိန်းမနဲ့သားဖြစ်သူက ရွာကိုစွန့်ပြီး ဂျကာတာမြို့ပေါ်ပြောင်းသွားတာတောင် ရွာကိုချစ်လွန်းလို့နေရစ်ခဲ့ပြီး ကျောင်းဆရာဆက်လုပ်ခဲ့တဲ့ အန်ကူဝမ်ရဲ့ ရွာအပေါ်ထားတဲ့အချစ်ကို ဘယ်သူကများ မေးခွန်းထုတ်ရဲမှာလဲ။ မန်နင်ဂျောရွာရဲ့ အသက်သွေးကြောဖြစ်တဲ့ ရေကန်ကြီးက ၁၅ နှစ်တစ်ခါ ကန်အောက်ခြေက ကန့်တွေတက်လာပြီးတော့ ငါးတွေအဆိပ်သင့်ပြီး တစ်ရွာလုံး ဒုက္ခရောက်တတ်ကြပါသတဲ့။ ဒါကိုမြင်နေတဲ့အန်ကူဝမ်တစ်ယောက် ရွာပြုပြင်ပြောင်းလဲရေးအတွက် ရည်စူးပြီး မဲထည့်နေရင်းကနေ ၂ ဘီလီယံဆုကြီးပေါက်သွားပါတော့တယ်။ တစ်ယောက်တည်း ပီတိဖြာရင်း အစီအစဉ်တွေအကောင်အထည်ဖော်ဖို့ ပြင်ဆင်ထားချိန်မှာ အန်ကူဝမ်တစ်ယောက် ဆုကြေးမထုတ်ရခင် သူသိပ်လုပ်ချင်ခဲ့တဲ့ ရွာပြုပြင်ပြောင်းလဲရေး မန်နင်ဂျောရေကန်ကိုမမှီခိုရတဲ့ စီးပွားရေးလုပ်ငန်းတည်ထောင်ရေးကို လုပ်ခွင့်မကြုံလိုက်ခင် ဆုံးပါးသွားပါတော့တယ်။ ဒီတော့ အန်ကူဝမ်ကို အဖေလိုသဘောထားတဲ့အမ်က ဦးဆောင်လို့ အန်ကူဝမ်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကြိုးစားကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama, Family Quality…. 1080p | 720p File size… 1.7GB | 733MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

6.9 2023
Onde Mande / The Prize
Little Manhattan

အချစ်ဦး မြေးဦးရတဲ့ထိ မမေ့ဘူးဆိုတဲ့ စကားလေး ဘရားသားတို့ ကြားဖူးမှာပါ။ အများစုကတော့ ကြားဖူးရုံတင်မကဘူး၊ ကြည်နူးမှုတွေ နာကျင်မှုတွေ ရောပြွန်းပြီးတော့ ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ သိခဲ့ကြမှာပါ။ အခုချိန်ထိလည်း နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်ထောင့်တစ်နေရာမှာ လွမ်းဆွတ်တသနေမယ့် အချစ်မျိုးပေါ့။ ကဲ စကားမရှည်တော့ဘူး။ ဇာတ်လမ်းအကျဉ်း ဆယ်နှစ်သားလေး ဂေ့ဘ်ဟာ မိဘတွေ ကွာရှင်းတော့မယ့်အခြေအနေကြောင့် စိတ်ညစ်ရတာကလွဲလို့ ပုံမှန် ဆယ်ကျော်သက်ဘဝကို ပျော်ပျော်ပါးပါး အပူအပင်ကင်းကင်း ဖြတ်သန်းနေတဲ့ ကောင်လေးတစ်ယောက်ပါ။ တစ်နေ့မှာ ဂေ့ဘ်ဟာ မိဘတွေကို ကရာတေးအတန်းကို ပူဆာတဲ့အချိန်မှာ သူ့မိဘတွေက ဂေ့ဘ်စိတ်ချမ်းသာဖို့ အတန်းအပ်ပေးလိုက်ရာကနေ ကရာတေးအတန်းကို သွားတက်တဲ့အခါမှာ သူလေးငါးနှစ်သားအရွယ် ကလေးဘဝက ကစားဖော် ကစားဖက် ကောင်မလေးဖြစ်တဲ့ ရိုစ့်မယ်ရီနဲ့ ပြန်ဆုံတွေ့ရပါတော့တယ်။ အစကတော့ သူ့ထက် တစ်နှစ်ကြီးတဲ့ ရိုစ့်မယ်ရီအပေါ်ထားရှိတဲ့ ခံစားချက်က ပုံမှန်အတိုင်းဆိုပေမယ့် သူတို့နှစ်ယောက် ကရာတေးလေ့ကျင့်ဖော် လေ့ကျင့်ဖက်ဖြစ်လာပြီး ခဏခဏ တွေ့ဖြစ်တဲ့အခါမှာ သူတို့နှစ်ယောက်ရဲ့ ခံစားချက်တွေက စတင်ပေါက်ဖွား အမြစ်တွယ်လာပါတော့တယ်။ ဒါပေမဲ့ ရိုစ့်မယ်ရီရဲ့ မိဘတွေက ရိုစ့်မယ်ရီရဲ့ ဘဝအတွက် အစစအရာရာ လမ်းကြောင်းချမှတ်ထားပြီးဖြစ်ပြီး နွေရာသီစခန်းသွားရမယ် ပြီးရင် ဘော်ဒါနေရတော့မယ်ဆိုတဲ့အချိန်မှာ သူတို့နှစ်ယောက်ကြားမှာ ဖြစ်တည်လာတဲ့ ခံစားချက်ကို အချင်းချင်းသိအောင် ဖွင့်ပြောနိုင်ပါ့မလား၊ သူတို့ နီးစပ်သွားကြမှာလား ဝေးကွားသွားကြမှာလားဆိုပြီး မသေချာ မရေရာ ငယ်ရွယ်လှတဲ့ ဆယ်ကျော်သက်အချစ်လေးကို ပြန်လည်ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(918 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Act Molemy

0 2005
Little Manhattan
Bridgend
5.5

၂၀၀၇ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တုန်းကဘရစ်ဂျန့်ဆိုတဲ့ မြို့တစ်မြို့မှာ လူငယ်အနည်းဆုံး ၂၆ ခန့်ကကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ကြတဲ့ဖြစ်ရပ်မှန်တစ်ခုရှိပါတယ်။ ပိုထူးဆန်းတာကတော့ အဲ့လိုသေကြောင်းကြံတဲ့ လူငယ်တွေအားလုံးထဲမှာတစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေအားလုံးဆွဲကြိုးချသေခဲ့ကြတာပါပဲ။ ရဲတင်ပြချက်တွေအရတော့ သေကြောင်းကြံတဲ့ ဂိုဏ်းတစ်ခုကို အပြစ်တင်ရမယ်ဆိုပေမဲ့ တကယ်တမ်း အမှုတွေနဲ့ ဆက်စပ်နေတဲ့သက်သေတွေကိုတော့ မတွေ့ခဲ့ ကြပါဘူး။အခုတင်ဆက်ပေးမဲ့ Bridgend ဆိုတဲ့ ဇာတ်ကားကအဲ့ဒီအဖြစ်အပျက်ကိုပဲအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။IMDb Rating 5.4 နဲ့ နိုင်ငံတကာကပေးအပ်ထားတဲ့ရုပ်ရှင်ဆုများစွာလည်း ရရှိခဲ့ပြီး အဲ့ဒီဖြစ်ရပ်မှန်ကိုသည်းထိပ်ရင်ဖိုပုံစံလေး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဆာရာဆိုတဲ့ ကောင်မလေးက အဖေဖြစ်သူနဲ့ အတူတူဘရစ်ဂျန့်မြို့ကို ပြောင်းရွှေ့လာခဲ့ပြီး အဲ့ဒီမြို့က ကျောင်းမှာပဲ သွားတက်ရောက်ခဲ့ပါတယ်။ အဲ့ဒီကျောင်းမှာဆာရာက ဂျိန်းမီဆိုတဲ့ကောင်လေးနဲ့ သူ့အဖွဲ့တွေနဲ့ အဖွဲ့ကျသွားခဲ့ကြပြီး။ရေကန်ထဲ ကိုယ်တုံးလုံး ရေဆင်းချိုးတာတွေအပြင် တခြားသောလူငယ်ဘ၀ ပေါက်ကရတွေများစွာလည်း အတူတူလုပ်ခဲ့ကြပြီး ပျော်ရွှင်နေခဲ့ကြပါတယ်။အဲ့လိုပျော်ရွှင်နေတာတွေက တစ်နေ့မှာတော့ အားလုံးအတွက် ပျောက်ကွယ်သွားတော့ ပါတယ်။ဘာလို့လဲဆိုတော့ သူတို့အဖွဲ့ထဲက ကောင်လေး တစ်ယောက်က ဆွဲကြိုးချပြီးသေသွားတဲ့ သတင်းကို ကြားလိုက်ရလို့ပါပဲ။ဒါပေမယ့်လည်း လူငယ်ပီပီပဲ ခဏကြာတော့ မေ့ပျောက်သွားခဲ့ပြီး အရင်လိုပဲပြန်ကဲ နေခဲ့ပါတယ်။ကဲလို့မကြာသေး သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက်ဆွဲကြိုးချပြီးသေကြောင်းကြံ နေကြတဲ့အခါမှာတော့ ဆာရာတို့လည်း ကြောက်လန့်လာပြီး အဲ့လိုဖြစ်ရပ်ဆိုးတွေကြားမှာ ရှင်သန်အောင်ဘယ်လို ကြိုးစားကြမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.61GB / 635MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2015 104 mins
Bridgend
Sniper Elite: Nano Crisis
5.7

ရွှေတြိဂံနယ်မြေရှိ S နိုင်ငံဟာ ဒုစရိုက်အဖွဲ့တွေနဲ့ ငြိမ်းချမ်းမှုမရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ S နိုင်ငံရဲ့ အထူးတပ်ဖွဲ့ဝင် စနိုက်ပါသမား ပိုင်ယဲ့ဟာ နာ့မီနည်းပညာမှာ ပါရဂူဖြစ်တဲ့ ပါမောက္ခဝေကို ကာကွယ်ပို့ဆောင်ပေးဖို့ တာဝန်ကျခဲ့ပါတယ်။ ပို့ဆောင်တဲ့လမ်းမှာ ကင်းမြီးကောက်အဖွဲ့ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ပိုင်ယဲ့တစ်ယောက် ဒဏ်ရာ အပြင်းအထန်ရသွားခဲ့ပါတယ်။ ပါမောက္ခဝေက နာ့မီနည်းပညာနဲ့ ပြန်လည်ကုသပေးခဲ့တဲ့အတွက် အမြန်ဆုံး သက်သာသွားတဲ့ ပိုင်ယဲ့ဟာ ကင်းမြီးကောက်လက်ထဲ ကျန်ခဲ့တဲ့ ညီအစ်ကိုကို သွားကယ်ခဲ့ပါတယ်။ နာ့မီနည်းပညာနဲ့ ကမ္ဘာကြီးကို အုပ်ချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ ကင်းမြီးကောက်က နာ့မီစမ်းသပ်ရေးစခန်းကို ရှာတွေ့သွားခဲ့ပြီး ပုန်းခိုတိုက်ခိုက်ခဲ့တဲ့အတွက် ပါမောက္ခဝေကလွှဲပြီး ကျန်တဲ့လူအကုန် သေသွားခဲ့ပါတယ်။ ပါမောက္ခဝေကို ပြန်လည်ကယ်တင်ဖို့အတွက်…… ရွှေတြိဂံနယ်မြေက ပြည်သူတွေရဲ့ ငြိမ်းချမ်းလုံခြုံရေးအတွက်…… ပိုင်ယဲ့တို့အဖွဲ့က ဘယ်လို ကြိုးစားတိုက်ခိုက်ကြမလဲ ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Romance • TV Movie • Comedy
5.7 2024
Sniper Elite: Nano Crisis
Sarfira
7.9

Sarfira 2024 အိပ်မက်များနဲ့ကျွန်တော် IMDb -7.9/10 မင်းသားကြီး Akshay Kumarနဲ့Paresh Rawalတို့ရဲ့ အသစ်ထွက်ဇာတ်ကားကောင်းလေးကို CMချစ်ပရိသတ်တို့အတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ အိပ်မက်တွေသိပ်ကြီးလွန်းရင် လူတွေက အရူးလို့ သတ်မှတ်ကြတယ်တဲ့။ ဒါဟာ စွန့်ဦးတီထွင်သူတိုင်းအတွက် ကြားနေကြစကားတစ်ခွန်းပေါ့။ အခုဒီကားလေးထဲမှာလည်း ကြီးမားတဲ့အိပ်မက်တစ်ခုနဲ့ လူငယ်လေးတစ်ယောက်က သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာ ရှုစားရမှာပါ။ ဗီရ်ဟာ ခေါင်ပါးတဲ့ရွာငယ်လေးက လေတပ်လေယာဉ်မှူးဟောင်းတစ်ယောက်၊ လျှပ်စစ်မီးရဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ရွာငယ်လေးကပေမဲ့ ဗီရ်ရဲ့အိပ်မက်က သာမန်လူတွေပါစီးနိုင်မယ့် တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခု တည်ထောင်ချင်တာပါ။ သူ့ရဲ့မြေဆီဩဇာမရှိတဲ့ မြေကွက်နဲ့ လည်ပင်းနစ်နေတဲ့အကြွေးတွေနဲ့ အလုပ်လက်မဲ့အခြေအနေနဲ့ သူ့ရဲ့အိပ်မက်က အများသူငှာအမြင်မှာတော့ ရယ်စရာကြီးပါ။ ဒါပေမဲ့သူ့ရဲ့အိပ်မက်ကို အသိအမှတ်ပြုတဲ့သူကတော့ ကြင်ဖက်လာတွေ့တဲ့ရာနီပါပဲ။ ရာနီကလည်း ကြင်ဖက်လာတွေ့တဲ့သူ အယောက် 20 ရဲ့အငြင်းခံထားရတဲ့သူ၊ သူ့ဘက်ကချို့တဲ့နေတာတော့မဟုတ်ပေမဲ့ ရဲတင်းလွန်းတဲ့ သူ့ရဲ့စရိုက်က ဖိုဝါဒီကြီးစိုးတဲ့ပတ်ဝန်းကျင်နဲ့ မကိုက်ညီနေတဲ့သူ၊ ဒီလိုနဲ့ ထိုးဖောက်ချင်တဲ့စိတ်ရှိတဲ့ ရာနီနဲ့ဗီရ်တို့နှစ်ယောက် သူတို့ရဲ့အိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ ရှုစားရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

Drama • Romance • Fantasy • Horror
7.9 2024 155 mins
Sarfira
Tulip Fever
6.2

Tulip Fever (2017) IMDb Rating (6.2) ၁၇ ရာစုတုန်းက အမ်စတာဒမ်မြို့ဟာ ပန်းတစ်မျိုးကို အရူးအမူးဖြစ်ခဲ့ဖူးပါတယ် – ကျူးလစ်ပန်းပါ။ ဒီပန်းလေးတွေဟာ အရှေ့ဘက်အဝေးကြီးကနေ ရောက်လာပြီး အလွန်ရှားပါးလှပတာကြောင့် လူတွေဟာ ဒီပန်းပိုင်ဆိုင်ဖို့ မှော်ဆန်တဲ့အလိုဆန္ဒတွေနဲ့ ရူးသွပ်ခဲ့ကြပါတယ်။ ချမ်းသာသူဖြစ်ဖြစ်၊ ဆင်းရဲသားဖြစ်ဖြစ် ကျူးလစ်မျိုးဥတွေကို ဝယ်ယူဖို့ ပိုက်ဆံတွေသုံး၊ ချေးငွေတွေယူပြီး ရင်းနှီးခဲ့ကြတယ်။ ကျူးလစ်ပန်းမျိုးဥတွေရဲ့ ဈေးဟာလည်း တဖြည်းဖြည်း မြင့်တက်လာနေခဲ့တဲ့အခါသမယပေါ့… ဒီရုပ်ရှင်ဟာ သမိုင်းမှာ “ကျူးလစ်ပန်း ရူးသွပ်မှု” (Tulip Mania) အဖြစ် ကျော်ကြားခဲ့တဲ့ ၁၇ရာစု နယ်သာလန်က ဖြစ်ရပ်ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…. ဆိုဖီယာဆိုတဲ့ မိဘမဲ့ကောင်မလေးတယောက်ဟာ ကုန်သည်ကြီးတယောက်ဖြစ်တဲ့ ကောနယ်လစ်ဆန့်ဗို့ဆီကို မယားငယ်အဖြစ်နဲ့ရောက်သွားခဲ့ပါတယ်… တစ်နေ့တော့ ကောနယ်လစ်ဟာ သူနဲ့သူ့မိန်းမရဲ့ပုံတူပန်းချီဆွဲဖို့ ပန်းချီဆရာလေး ဂျန်ဗန်လော့စ်ကိုငှါးခဲ့ရာက ပန်းချီဆရာလေးနဲ့ သူ့မယားငယ်ဆိုဖီယာတို့ဟာ နောက်ကွယ်မှာ တိတ်တိတ်ပုန်းချစ်ကြိုက်သွားပါတော့တယ်။ ကောနယ်လစ်ရဲ့အိမ်ဖော် မာရီယာကတော့ ဈေးသည်ဝီလ်လျံနဲ့ချစ်ကြိုက်နေသူဖြစ်ပါတယ်… အဲ့ဒီအချိန်ကာလမှာ နယ်သာလန်တနိုင်ငံလုံး ပိုက်ဆံအချီကြီးမြတ်တဲ့ကျူးလစ်ဖူးတွေကို လေလံတင်ပြီးရောင်းတာ ခေတ်စားနေချိန်ဖြစ်တော့ ဝီလ်လျံဟာလဲ မာရီယာနဲ့လက်ထပ်ဖို့အတွက် ဒီကျူးလစ်ရောင်းဝယ်ရေးလောကထဲကိုဝင်ရောက်လုပ်ကိုင်ပါတော့တယ်… ကံထူးစွာနဲ့ပဲ သူဝယ်တဲ့ပန်းပွင့်တွေထဲမှာ တန်ဖိုးအရှိဆုံးပန်းဖြစ်တဲ့ ဘရိတ်ကာလို့ခေါ်တဲ့ အနီစင်းပါတဲ့ကျူးလစ်ပန်းတစ်ပွင့်ပါလာတဲ့အခါမှာတော့…. ဒီပန်းပွင့်ပေါ်မူတည်လို့ စုံတွဲတွေကြား ချစ်သူတွေကြား အထင်အမြင်အမှားတွေဖြစ်ကုန်ပြီး ဘယ်လိုကံကြမ္မာဆိုးတွေ ဝင်လာမလဲဆိုတာ……..။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Htet Thin Zar Maung မှတင်ဆက်ထားပါတယ်။)

6.2 2017 107 mins
Tulip Fever
Revenge
6.3

Revenge (1990) IMDb Rating (6.3) တကယ့်ဒိတ်ဒိတ်ကြဲပါဆိုတဲ့ မင်းသားကြီးနှစ်ပါး၊ အကယ်ဒမီဆုများရှင်တွေ သရုပ်ဆောင်ထားတဲ့ ရှေးကားတစ်ကား တင်ဆက်လိုက်ပါတယ်။ Kevin Costner ဆိုတာ မင်းသားဘဝမှာလည်း အောင်မြင်ခဲ့သလို ဒါရိုက်တာဘဝမှာလည်း ဆရာကြီးပါပဲ။ သူက ခေါင်းဆောင်မင်းသား၊ လေတပ်ပိုင်းလော့မှူးဟောင်း ဂျေး ကော့ခ်ရန် အဖြစ် ပါဝင်ထားတာပါ။ Anthony Quinn ဆိုတာကလည်း ဆေးစက်ကျရာ အရုပ်ထင်တဲ့ မင်းသားကြီးတစ်လက်ပါ။ အကယ်ဒမီဆုတွေ အိမ်မှာ ဖုန်တက်နေတယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးလို့ ပြောရပါမယ်။ သူကတော့ မက္ကဆီကိုနိုင်ငံသားဖြစ်တာနဲ့အညီ မက္ကဆီကိုက ဩဇာရှိ ဂိုဏ်းခေါင်းဆောင်ကြီးအဖြစ် သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းသွားက ၉၀ ဝန်းကျင်ခေတ်က ပေါ်ပြူလာဖြစ်ခဲ့သလိုမျိုးပါပဲ။ အပစ်အခတ်ပါရမယ်။ အညှီအဟောက်ပါရမယ်။ အချစ်သူရဲကောင်းကြီးဆိုတာ ပါရမယ်။ ဒီလိုမျိုးကိုးဗျ။ ဟောလိဝုဒ်ကွာလတီရုပ်ရှင်ကြီးဆိုပေမဲ့ ၁၉၉၀ ခုနှစ်ဖြစ်တာနဲ့အညီ ဇာတ်လမ်းရဲ့ ယုတ္တိဗေဒမှာ အနည်းငယ် အားနည်းချက်တွေရှိပေမဲ့ ဖြည့်ကြည့်ပေးလို့ရတဲ့ ရုပ်ရှင်မျိုးပါ။ လေတပ်လေယာဉ်မှူးဟောင်း ဂျေး ဟာဆိုရင် အငြိမ်းစားယူပြီးနောက် သူ့ဘဝကို သူ့ရဲ့မိတ်ဆွေကြီး တီဘူရွန် မန်းဒက်ဇ် ဆီမှာ အခြေကျဖို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ မှောင်ခိုလက်နက်တွေကို လေယာဉ်နဲ့ ခိုးသွင်းရမယ့်သဘောတူညီမှုမျိုး ရှိမယ်လို့ အရိပ်အမြွတ် ခန့်မှန်းရပါတယ်။ ဒါပေမဲ့ ဘာလုပ်ငန်းမှ မစရခင်မှာ မက္ကဆီကိုရဲ့ သခင်ကြီး သူ့မိတ်ဆွေ တီဘူရွန် ရဲ့ ဇနီးချောလေးကို ဂျေး တစ်ယောက် စွဲလမ်းသွားခဲ့တာကနေ ကမောက်ကမတွေ ဖြစ်ကုန်တော့တာပဲ။ ဂျေး ရဲ့ တဖက်သက်စွဲလန်းမှုတင်မကဘဲ ဇနီးချောလေး မာရီယာ ကပါ လက်ခုပ်နှစ်ဖက်တီးပစ်လိုက်တော့ ချက်ဆို နားခွက်ကမီးတောက်တဲ့ တီဘူရွန် တစ်ယောက် ကြာခိုတဲ့ကောင်နဲ့ မျောက်မမွေးတဲ့မိန်းမကို အမိဖမ်းပြီး မိတ်ဆွေဖြစ်ပါရဲ့နဲ့ ကိုယ့်မိန်းမကို လာပစ်မှားတဲ့ကောင်ကို အသေရိုက်သတ်ပြီး တောင်တန်းတစ်နေရာမှာ စွန့်ပစ်လိုက်တယ်။ သစ္စာမဲ့တဲ့ ဇနီးလုပ်သူကိုလည်း မျက်နှာကို ဓားနဲ့ဆွဲဖြဲပြီး ပြည့်တန်ဆာအိမ် ပို့ပစ်လိုက်တာပေါ့။ ဒါပေမဲ့ ဂျေး တစ်ယောက် သေမင်းလက်မခံဘဲ မက္ကဆီကိုနိုင်ငံရဲ့ လမ်းတွေပေါ် ပြန်ရောက်လာတဲ့အခါ …။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

Drama • Thriller • Mystery
6.3 1990 123 mins
Revenge