YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The World of My 17 (2021) S02E01 1080p WEB-DL CM..mp4

264.12 MB N/A video/mp4 370 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Day Shift
6.9

~ IMDb rating - 6.5/10 ~ ဂျေမီဖောက်စ်၊ စနုဒေါ့နဲ့ ဒေ့ဖရန်ကိုတို့ရဲ့ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ သွေးစုပ်ကောင်မုဆိုးဇာတ်လမ်းပါပဲ။ အက်ရှင်နဲ့ ဟာသအသားပေးပါ။ ဂျေမီက သွေးစုပ်ကောင်မုဆိုးများသမဂ္ဂကနေ အထုတ်ခံထားရတဲ့ ဘက်ဒ်ဆိုတဲ့ တစ်ကိုယ်တော်မုဆိုးတစ်ယောက်ပါ။ သွေးစုပ်ကောင်မုဆိုးတွေဟာ သွေးစုပ်ကောင်တွေကိုသတ်ပြီး အစွယ်တွေကိုနှုတ်ရောင်းရင် ဈေးကောင်းရတဲ့အတွက် အဲဒီအလုပ်နဲ့အသက်မွေးကြတာများပါတယ်။ ဒါပေမဲ့ မှောင်ခိုဈေးဆိုရင် နည်းတာမို့ သမဂ္ဂအသင်းဝင်ဖြစ်မှ ဈေးကောင်းရကြတာတို့ အာမခံရတာတို့ ဖြစ်ပါတယ်။ ဘက်ဒ်ဟာ အဲဒီအလုပ်ကိုလျို့ဝှက်လုပ်နေတာကြောင့် မိန်းမနဲ့ကလေးနဲ့ ခွဲနေရပြီး ငွေကြေးလည်းအဆင်မပြေဖြစ်နေပါတယ်။ တစ်နေ့မှာ သူ့မိန်းမက ကလေးကျောင်းလခ ဒေါ်လာ ၅၀၀၀ နဲ့ သွားဆေးခန်းမှာသွားထိန်းအစွပ်လုပ်ဖို့ ဒေါ်လာ၅၀၀၀ လိုတယ်ပြောလာတဲ့အခါ သမဂ္ဂမှာပြန်ဝင်ခွင့်ရအောင်လုပ်ပြီး သွေးစုပ်ကောင်တွေအများကြီးလိုက်သတ်ပြီး ငွေတွေအများကြီးရှာဖို့ ကြိုးစားလာပါတော့တယ်။ ဒါပေမဲ့ သူသတ်လိုက်တဲ့ သွေးစုပ်ကောင်ရဲ့ ဆွေမျိုးတွေက အကောင်ကြီးမိသားစုဖြစ်နေပြီး သူ့ကိုလက်စားချေဖို့လိုက်လာတဲ့အခါမှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 1GB, 560MB Quality - 1080p, 720p, 480p IMDb Rating - 6.5/10 Format - mp4 Duration - 1H 53Min Genre - Action, Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Horror
6.9 2022 113 mins
Day Shift
Fantastic Beasts: The Secrets of Dumbledore
6.7

IMDb Rating - 6.5/10 Fantastic Beasts ရုပ်ရှင်တွေရဲ့ ၃ ကားမြောက် ရုပ်ရှင်လာပါပြီ။ အားလုံးသိထားတဲ့အတိုင်း ဒုတိယရုပ်ရှင်မှာ ခရီးဒန့်စ်ရဲ့ ဘဝအမှန် ပေါ်လာခဲ့တယ်။ ဒန်ဘယ်ဒေါ နဲ့ ဂရင်ဒီဝေါတို့လည်း ထိပ်တိုက်ရင်ဆိုင်ရဖို့ ကြုံလာခဲ့တယ်။ နျူတို့တွေလည်း ကွင်နီကိုပါ လက်လွှတ်လိုက်ရပြီး မနည်းလွတ်အောင်ပြေးလာခဲ့ရတယ်။ ဒီအပိုင်းမှာတော့ ဒမ်ဘယ်ဒေါဟာ ဂရင်ဒီဝေါကိုတားဆီးဖို့ နျူ့ထ်တို့ ညီအစ်ကိုရယ်၊ ဂျေကော့ရယ်နဲ့ မှော်ဝင်သတ္တဝါဆန်းတွေရယ်နဲ့အတူ ဘယ်လို ကြိုးစားကြမလဲဆိုတာ ဆက်ပြီး ကြည့်ရဦးမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ဂရင်ဒီဝေါသရုပ်ဆောင်ဟောင်းဖြစ်တဲ့ ဂျွန်နီဒက်ပ် တစ်ယောက် အမ်ဘာနဲ့အမှုကြောင့် ထုတ်ပယ်ခံရပြီး သူ့နေရာမှာ မက်ဒ် မစ်ကယ်ဆန် ပြောင်းလဲပါဝင်လာပါတယ်။ ဒါပေမဲ့ မက်ဒ်နဲ့လည်း အတော်ကိုလိုက်ဖက်တဲ့အတွက် အရသာမပျက်သွားဘဲတော့ ဆက်ပြီး ကြည့်ရှုနိုင်မှာပါ။ အားပေးလိုက်ကြပါဦး.... (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။) File Size.............(2.71 GB) / (1.45 GB) / (761 MB) / (516 MB) Quality...............WEB-DL 4K / 1080p / 720p / 480p Duration............2Hr 22Mins Subtitle..............Myanmar Hardsub Format...............MKV / MP4 Genre.................Adventure, Fantasy Translator..........Mr.Anderson Encoder..............SWM / Nyein Saeya Aung

Drama
6.7 2022 142 mins
Fantastic Beasts: The Secrets of Dumbledore
Liar x Liar
7.8

ဒီကားလေးကတော့ Liar x Liarဆိုတဲ့ Mangaလေးကို Live action ပြန်ရိုက်ထားတဲ့ ကားလေးပါ။ "အစကတော့ အလိမ်ညာလေးတစ်ခုပါပဲ။ ဒီအလိမ်အညာလေးက ကျွန်မတို့ရဲ့ ကံကြမ္မာကိုပြောင်းလဲသွားစေမယ်လို့ မထင်ခဲ့မိဘူး" ဒီစကားလေးအတိုင်းပဲ သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းက အလိမ်အညာတစ်ခုကနေ စတင်ခဲ့တာပါ။ Minato ဆိုတဲ့ကောင်မလေးက တက်တက်ကြွကြွရှိတဲ့ ချစ်စဖွယ် ‌တက္ကသိုလ်ကျောင်းသူလေးပါ။ အလယ်တန်းကျောင်းကစလို့ တက္ကသိုလ်ရောက်တဲ့အချိန်ထိ အေးအေးချမ်းချမ်းနေရတဲ့ရက်ဆိုတာ မရှိခဲ့တဲ့ ကံဆိုးမလေးဆိုရင်လည်း မမှားပါဘူး။ ဒီကိစ္စတွေရဲ့ တရားခံကတော့ သွေးသားမတော်စပ်တဲ့ မောင်ဖြစ်သူ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး Toruပါပဲ။ ရုပ်ချောသလောက် ပွေရှုပ်လွန်းအားကြီးတဲ့ Toruကတော့ ခန့်မှန်းရခက်တဲ့ ကောင်လေးပါ။ သွေးသားမတော်စပ်တဲ့သူတို့နှစ်ယောက်ကြားထဲ အလိမ်ညာ‌တစ်ခုကြောင့် ထူးဆန်းတဲ့ခံစားချက်တွေဖြစ်တည်လာတာကို ကြည်နူးဖွယ်ပုံဖော်ထားတာပါ။ Mangaလေးကလည်း ဖတ်လို့ကောင်းသလို ရုပ်ရှင်အနေနဲ့ပြန်ကြည့်တော့လည်း ပါဝင်အားဖြည့်ထားတဲ့ သရုပ်ဆောင်တွေကြောင့် အရသာမပျက်သွားပါဘူး။ လိမ်ညာတယ်ဆိုတာ မကောင်းပေမယ့် ဒီဇာတ်လမ်းကတော့ ကောင်းပါတယ်။ ကားကောင်းလေးမို့လို့ တင်ဆက်ပေးလိုက်ပါတယ်နော်။ အညွှန်းကိုတော့ Milkeux က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lai Laii နဲ့ Milkeux ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance Quality….WEB-DL 1080p and 720p and 480p File size…1.65GB, 856MB and 304MB Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lai Laii and Milkeux Encoder ..... LK

Drama • Romance • War
7.8 2021 117 mins
Liar x Liar
The Butterfly Effect
7.6

Butterfly effect ဆိုတာကတော့အသေးအမွှားလေးပြောင်းလဲလိုက်ရာကနေ ထင်မထားဘဲ ကြီးကြီးမားမားပြောင်းလဲကုန်တာမျိုးပါ။ Evan ဟာငယ်စဉ်တည်းက စိတ်ထိခိုက်စရာ တခုခုကြုံတွေ့ရတိုင်း blackout(မှတ်ဉာဏ်ပျောက်) သွားတတ်ပြီး ဖြစ်ပြီးတော့မှ သတိပြန်လည်လာတတ်ပါတယ်။ ဆရာ၀န်တွေနဲ့သူ့အမေကတော့ စိတ်ရောဂါတစ်ခုလို့ထင်ပြီး သူ့မှတ်ဉာဏ်အတွက်အထောက်အကူဖြစ်စေဖို့ နေ့စဉ်မှတ်တမ်းရေးခိုင်းပါတယ်။သူကြီးပြင်းလာချိန်မှာတော့ ငယ်ငယ်ကရေးခဲ့တဲ့နေ့စဉ်မှတ်တမ်းကိုပြန်ဖတ်ရင် သူအရင်ကသတိလစ်နေခဲ့တဲ့အချိန်ကို ပြန်ရောက်သွားတာကို သိလိုက်ရပါတယ်။Evan ဟာအဲဒီအစွမ်းကိုအသုံးချပြီး သူနဲ့သူ့သူငယ်ချင်းတွေ ကြုံခဲ့ရတဲ့အတိတ်က တုန်လှုပ်စရာအဖြစ်အပျက်တွေကိုပြန်ပြင်ဖို့ ကြိုးစားပါတယ်။ဒါပေမယ့် Butterfly effect ဆိုတဲ့အတိုင်း ပြင်လိုက်တဲ့အခေါက်တိုင်းမှာ မလိုလားတဲ့အကျိုးဆက်တွေဖြစ်ပေါ်လာပါတယ်။ Evan တစ်ယောက်သူနဲ့သူချစ်ရသူတွေကို ကယ်တင်နိုင်ဖို့ ဘယ်လောက် စွန့်စားမလဲဆိုတာ ကြည့်ရှုရမှာပါ။ Final destination ရုပ်ရှင်တွေရိုက်ခဲ့တဲ့ ဒါရိုက်တာ Eric Brass နဲ့J Mackye Gruber တို့ရိုက်ကူးထားပြီး Ashton Kutcher,Amy Smart, William Lee Scot တို့ပါဝင်ထားပါတယ်။Time travel ကိုစိတ်၀င်စားသူတွေအတွက် Cult-Classic ကားလေးပါ။ File size…(2.79GB)/(1.54Gb)/(779Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Drama / Sci-Fic / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Drama • Romance
7.6 2004 113 mins
The Butterfly Effect
Por Thozhil
8.1

Por Thozhil ( 2023 ) ================== IMDb 8.4/10 တောင်ပိုင်းမှုခင်းကားတွေ ကြိုက်တဲ့ပရိသတ်တွေအတွက် Por Thozhil ဆိုတဲ့ အမိုက်စား မှုခင်းရုံကားလေးတစ်ခု ထွက်ရှိလာပါပြီ။ Por Thozhil ဆိုတာကတော့ တမီလ်လို စစ်အနုပညာလို့ အဓိပ္ပါယ်ရပါတယ်။ ကြောက်တတ်ပေမဲ့ မှုခင်းစာအုပ်တွေဖတ်ပြီး ရဲဖြစ်ချင်ခဲ့တဲ့ ပရာကတ်ရှ်ဆိုတဲ့ အလုပ်သင် ဒုရဲအုပ်လေးဟာ အရမ်းလက်ပေါက်ကပ်တဲ့ လူ့ကန့်လန့် ဝါရင့်ရဲအုပ်ကြီးတစ်ယောက်ဆီမှာ အကူအနေနဲ့ တာဝန်ထမ်းဆောင်ရင်း ပထမဆုံးအမှုအနေနဲ့ နှစ်လောင်းပြိုင် ကွင်းဆဂာ်လူသဝာ်မှုနဲ့ တည့်တည့်တိုးပါတော့တယ်။ ဒီရုပ်ရှင်ဟာဆိုရင် တောင်ပိုင်းမှုခင်းကားတွေထဲမှာ အင်မတန်နာမည်ကြီးခဲ့တဲ့ Ratsasan တို့ HIT တို့လိုပဲ ပရိသတ်တွေကို ထိုင်ရာကနေ မထစတမ်း ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ပရိသတ်တွေအတွက် တကယ်ကို must watch ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်...။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, Moon, V, Cherry နဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်ဗျ။ ) File size…4GB /1.53GB  / 789MB Quality…4k SONY WEB DL /1080p WEB DL / 720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder...YK Translated by Yunni~ Moon~ V~Cherry ~ Zwe Yan

Drama
8.1 2023 148 mins
Por Thozhil
There’s Something Wrong with the Children
4.9

အနောက်တိုင်းမှာဆိုရင် ဆိတ်ငြိမ်တဲ့ဒေသတွေဆီကို ပိတ်ရက်တွေမှာ အနားယူအပန်းဖြေခရီးထွက်လေ့ရှိကြတယ်။ တစ်နည်းအားဖြင့် မြို့ပြနဲ့ဝေးတဲ့ဒေသတွေမှာ တောတောင်သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုဖြေဖျောက်တဲ့သဘောမျိုးပေါ့..။ ဒီဇာတ်လမ်းထဲမှာဆိုရင်လည်း သူငယ်ချင်းမိသားစုနှစ်စုက မြို့ပြနဲ့ဝေးတဲ့ အပန်းဖြေစခန်း သစ်သားအိမ်ငယ်တွေမှာ ပိတ်ရက်အတွင်း သွားရောက်နေထိုင်ကြတယ်။ နီးစပ်ရာတောအုပ်တွင်းကို ခြေလျင်ခရီးသွားရင်း သူတို့တွေဆီ ကပ်ဆိုးကြီးတစ်ခုကပ်ပါလာတော့တယ်။ horrorကားအမျိုးအစားထဲမှာမှ သရဲ/စိတ္တဇလူသတ်ထဲကမဟုတ်ပဲ နတ်ဆိုးကပ်တဲ့ဇာတ်လမ်းမျိုးပါ။ ကလေးနှစ်ယောက်ဆီကို နတ်ဆိုးအရင်ကပ်ပြီး သူတို့တွေကပဲ သူ့တို့ရဲ့မိဘတွေဖြစ်တဲ့ အယ်လီနဲ့ သောမတ်စ်ရယ်၊ သူငယ်ချင်းလင်မယား မာဂရက်နဲ့ ဘန်ရယ်ကို အရင်ပတ်ရှုပ်မှာပါ။ ကလေးတွေနဲ့ပက်သက်ပြီး တစ်ခုခုလွဲမှားနေရာကနေ မိသားစုနှစ်စုလုံးအတွက် ကပ်ဆိုးတစ်ခုကျသလို horror sceneတွေ စပြီးတော့ပေါ်လာမှာပါ။ ​ဇာတ်ကားနာမည်အတိုင်းပါပဲ။ File size…(1.92GB) / (952MB) /488MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre…Horror / Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

4.9 2023 92 mins
There’s Something Wrong with the Children
[18+] 99 Moons
5.9

အဖြူနှင့်အမည်းကဲ့သို့ အရောင်ဖြစ်တာခြင်းတူပေမယ့် ဝိသေသလက္ခဏာချင်းမတူတဲ့ ဘီညာနဲ့ ဖရန်ကီတို့နှစ် ယောက်။ ဘီညာက ချီလီနိုင်ငံမှာ သိပ္ပံသုတေသနပြုဖို့ ကြိုးစားနေတဲ့ သိပ္ပံပညာရှင်မလေးဖြစ်တယ်။ တစ်ခါ တစ်ရံ လစ်ရင်လစ်သလို ယောင်္ကျား‌တွေနဲ့တစ်ယောက် ပြီးတစ်ယောက် တိတ်တခိုးချစ်ရည်‌လူးတတ်တဲ့အကျင့် လေးရှိတာကတစ်ပိုင်းပေါ့လေ။ အဲလိုနဲ့ ဘီညာတစ်ယောက် ကာမစိတ်တွေဖြေနေရင်း အဖော်မဲ့‌နေတဲ့ ဖရန်ကီနဲ့ ဆုံဆည်းခွင့်ရသွားတယ်။ ဖရန်ကီ ကတော့ မူးယစ်ဆေး‌တွေသုံးရင်း အချစ်ရဲ့အဓိပ္ပာယ်ကိုရှာ ဖွေနေတဲ့ တစ်ကိုယ်တော်သမားတစ်ယောက်ဖြစ်တယ်။ အဲလိုမျိုး ဆန့်ကျင်ဘက်လူနှစ်ယောက်တွေ့ဆုံသွားတဲ့အခါ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘယ်လိုတွေဆက်ဖြစ် မလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KSN ဖြစ်ပါတယ်) File Size……….(1.85 GB) / (634 MB) / (350 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 50Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….KSN Encoder……….AdminX

Horror • Thriller • Comedy
5.9 2022 110 mins
[18+] 99 Moons
Happy Feet Two
5.8

ဒီတစ်ခါမှာတော့ ချစ်စရာပင်ဂွင်းလေးတွေရဲ့ Happy Feet Two ဆိုတဲ့ ၂၀၁၁ ခုနှစ်ထွက် Family/Comedy ကာတွန်းကားလေးကို CM version နဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Happy Feet 1 ရဲ့ Sequel ဖြစ်ပြီး ၁ ကိုမကြည့်ထားရင်တောင်မှ ဒီတိုင်း ၂ ကို စီးမျောကြည့်ရှုလို့ ရနိုင်မှာပါ။ ၁ မှာတုန်းက သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အသိပညာပေးခဲ့သလို ၂ မှာတော့ မိသားစု အသင်းအဖွဲ့စိတ်ဓာတ်က ဘယ်လောက်အရေးကြီးပုံနဲ့ အခက်အခဲတွေကို စိန်ခေါ်မှုအဖြစ် ပြောင်းလဲပစ်တတ်ဖို့ လိုပုံတွေကို တင်ပြထားခဲ့ပါတယ်။ ၂ က ၁ လောက် မအောင်မြင်ခဲ့ပေမဲ့ တခြားသာမန်ကာတွန်းတွေနဲ့ ယှဉ်ရင်တော့ သီချင်းလေးတွေ အကအလှလေးတွေနဲ့ မျက်စိပသာဒဖြစ်စရာမို့ အတော်လေး ကြည့်ပျော်ရှုပျော်ဖြစ်တဲ့ ကာတွန်းကားလေးဖြစ်မှာ။ အသံသရုပ်ဆောင်တွေအနေနဲ့လည်း နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Elijah Wood (Lord of the ring ထဲက Frodo) က မန်ဘယ်အဖြစ်၊ Robin Williams (JumanJi 1995) က ရေမွန်နဲ့ Lovelace ဂုရုကြီးအဖြစ်၊ အဆိုတော်နဲ့သရုပ်ဆောင် E.G. DAILY က အဲရစ်ခ်အဖြစ်၊ Brad Pitt (World War Z/Bullet Train) က ပုစွန်ဆိတ်ကလေး ဝယ်လ်အဖြစ်၊ အဆိုတော် Pink က ဂလော်ရီယာအဖြစ် အသီးသီး ပါဝင်အားဖြည့်ပေးထားကြပါတယ်။ ဇာတ်လမ်းကတော့ သီချင်းမဆိုတတ်ပေမဲ့ အကနဲ့တင် အလှတရားလေးဂလော်ရီယာကို သိမ်းပိုက်နိုင်ခဲ့တဲ့ မန်ဘယ်က သူနဲ့တူတဲ့ သားလေးအဲရစ်ခ်အတွက် အဖေကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေပုံကနေ စခဲ့ပါတယ်။ သွေးကစကားပြောတယ်ဆိုရမလားမသိ၊ သူ့သားလေး အဲရစ်ခ်က တခြားပင်ဂွင်းငယ်လေးတွေလိုမဟုတ်ဘဲ သီချင်းမဆိုတတ်သလို အကမှာလည်း သူ့လိုမျိုး ကျွမ်းကျင်မှုမရှိတာကြောင့် ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေခဲ့တာပါ။ ဒီလိုနဲ့ အဲရစ်ခ်က မန်ဘယ့်သူငယ်ချင်း ပင်ဂွင်းပုလေး ရေမွန့်နောက်ကိုလိုက်ရင်း အိမ်ပြေးလုပ်ဖို့ကြိုးစားတာမို့ သူက လိုက်ခေါ်ပြီး အပြန်လမ်းမှာတော့ သူတို့ပင်ဂွင်းတွေအတွက် မျိုးတုံးလုနီးနီး ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။ အဲဒါကတော့ ရေခဲတောင်ကြီးတွေ ရွေ့လျားပြိုကျပြီး သူတို့နေတဲ့အင်ပါယာနယ်မြေတစ်ခုလုံးဟာ ရေခဲတောင်တွေကြား လေးဖက်လေးလံလုံးမှာ ပိတ်မိသွားရတာပါပဲ။ သူတို့ အင်ပါယာပင်ဂွင်းတစ်စုလုံး ပိတ်မိနေခဲ့ပြီး လွတ်နေတာဆိုလို့ သူတို့ သားအဖနှစ်ယောက်နဲ့ အဲရစ်ခ်ရဲ့သူငယ်ချင်းလေးတွေပဲရှိချိန်မှာ ဒီဒုက္ခဘေးကနေ လွတ်အောင် သူတို့ဘယ်လိုရုန်းထွက်ကြမလဲ… တကယ်ရော ရုန်းထွက်နိုင်မှာလား… ဘယ်လိုနည်းလမ်းမျိုးနဲ့များ ရေခဲတောင်တွေကြားက လွတ်အောင်ရုန်းထွက်ကြမလဲဆိုတာကိုတော့ လှုပ်လှုပ်ရွရွ ကာတွန်းကာရိုက်တာလေးတွေနဲ့ သာယာဖွယ် သီချင်းလေးတွေကို စီးမျောခံစားရင်း ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီကာတွန်းကားလေးရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emilyပါ) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Animation, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Action • Adventure
5.8 2011
Happy Feet Two
Winners & Sinners
6.8

ပေါကားမဟုတ်တဲ့ ဟောင်ကောင်အက်ရှင်ဇာတ်ကားလေးတွေပြန်တင်ပေးလိုက်ပါတယ် 5 lucky stars seriesထဲက ပထမဆုံးကားလေးဖြစ်တဲ့ Winners and Sinners ပါ။ အဓိကသရုပ်ဆောင်အဖြစ် ကျွန်တော်တို့အကြိုက်ဇာတ်လိုက်မင်းသားကြီး Jackie Chan ကတော့သူ့ရဲ့ပုံစံအတိုင်းပဲလုပ်သမျှအလွဲတွေကြည့်ဖြစ်နေတတ်တဲ့ရဲတစ်ယောက် အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းလေးဟာဆိုရင်တော့ဖြင့် ခိုးမှု , လုယက်မှု , ပြည့်တန်ဆာခေါင်းလုပ်မှု စသဖြင့် ရာဇတ်မှု အမျိုးမျိုးနဲ့ထောင်ကျသွားတဲ့၅ယောက်ထောင်ထဲမှာတွေ့ကြပါတယ်တကယ်တော့သူတို့ကလည်းပေါတောတော အူတူတူတွေကြည့်စုထားပြီးမမိုက်ရဲ မိုက်ရဲနဲ့၅ယောက်ပေါင်းလောင်းကျော်နေတဲ့သူတွေပါ တစ်ခုရှိတာက သူတို့ထောင်ကလွတ်တဲ့အချိန်မှာသူတို့၅ယောက်နဲ့တစ်ချိန်တည်းလွတ်သွားတဲ့သူတစ်ယောက်ရှိပါတယ်သူကတော့ဖိုက်တာလိုလို ဘာလိုလိုညာလိုလိုနဲ့အထာပေးကြမ်းတဲ့ဘဲကြီးတစ်ကောင်လည်းရက်စေ့ပြီးလွတ်သွားပါတယ်။ ဟို ၅ ယောက်ကရော ထောင်ကလွတ်ပြီးဘယ်တွေသွားကြမလဲ ဘာတွေလုပ်ကြမလဲ ပြီးတော့စီအိုင်ဒီကအလွဲတွေကြည့်လုပ်တတ်တဲ့ စုံထောက်ကျော်ကြီးကိုဂျက်ကီရယ် ၅ယောက်ပေါင်းလောင်းကျော်နေတဲ့ အူတိအူကြောင်ကောင်တွေရယ် ပိုက်ဆံအတုတွေထုတ်ပြီး ဘာညာသာဒကာ လျှောက်လုပ်နေတဲ့ဘဲကြီးရယ်ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ကြပါစို့ဗျာ ဇာတ်လမ်း အညွန်းကိုတော့ Pyae Xein Sett ကရေးသားပေးတာပါ File size…(2.5 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Shoon Thu Thu Chain

6.8 1983
Winners & Sinners
Star Wars: Episode IX – The Rise of Skywalker
6.8

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977) 2. Star Wars V : The Empire strikes back (1980) 3. Star Wars VI : Return of the Jedi (1983) 4. Star Wars I : Phantom Menace (1999) 5. Star Wars II : Attack of The Clones (2002) 6. Star Wars III : Revenge of The Sith (2005) 7. Star Wars VII: The Force Awakens (2015) 8. Rogue One : A Star Wars Story (2016) 9. Star Wars VIII : The Return of the Jedi (2017) 10. Solo : A Star Wars Story (2018) 11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999) 2. Star Wars II : Attack of The Clones (2002) 3. Star Wars III : Revenge of The Sith (2005) 4. Solo : A Star Wars Story (2018) 5. Rogue One : A Star Wars Story (2016) 6. Star Wars IV : A New Hope (1977) 7. Star Wars V : The Empire strikes back (1980) 8. Star Wars VI : Return of the Jedi (1983) 9. Star Wars VII: The Force Awakens (2015) 10. Star Wars VIII : The Return of the Jedi (2017) 11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.to/category/special-package/star-wars/ မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode IX – The Rise of Skywalker (2019) စတားဝါးဇာတ်လမ်းတွဲကြီးရဲ့ ၁၁ ကားမြောက် ရုပ်ရှင်ဖြစ်တဲ့ the rise of Skywalker လာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ကြယ်စင်စုကြီးတွေဆီမှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ အင်ပါယာ ပါပတင်းရဲ့ အသံကို ပြန်ကြားလာရပါတယ်။ ကြယ်စင်စုတွေအားလုံးကို သိမ်းပိုက်ပြီး လက်စားချေမယ်လို့ ကြေညာလိုက်သံကြီးပါပဲ။ (မကြေညာဘဲ အလစ်ဝင်တိုက်ရင် သေချာပေါက်နိုင်မှာပေမယ့် ဘာလို့ ကြေညာလဲတော့ မသိပါဘူး) ဒါကြောင့် ဗိုလ်ချုပ်လေယာဟာ ဒီကိစ္စကို လိုက်စုံစမ်းဖို့ အထူးတပ်သားတွေကို စေလွှတ်လိုက်ပါတော့တယ်။ အဲဒီအချိန်မှာ ရေး ကတော့ ဂျဒိုင်းတစ်ယောက်ဖြစ်လာဖို့ လေ့ကျင့်နေဆဲပါပဲ။ ဖက်စ်အော်ဒါရဲ့ ခေါင်းဆောင်ကြီးဖြစ်လာတဲ့ ကိုင်လိုရမ်ကတော့ အင်ပါယာ ပါပတင်းကိုသတ်ပြီး အာဏာကို အခိုင်အမာ ရယူဖို့ လိုက်ရှာပါတော့တယ်။

Drama • Comedy
6.8 2019
Star Wars: Episode IX – The Rise of Skywalker
Andragogy
8.2

Andragogy (2023) မျက်မှောက်ခေတ်မှာ မြင်ရတွေ့ရတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်တွေထဲတစ်ခုဖြစ်တဲ့ ဆိုရှယ်မီဒီယာတွေရဲ့ ဒုက္ခပေးပုံအဖုံဖုံကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ မြှောက်ထိုးပင့်ကော်လုပ်တတ်တဲ့ မီဒီယာတွေကြောင့် လက်တွေ့ဘဝမှာ ဘယ်လောက်ထိ ရိုက်ခတ်မှုကြီးမားသလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်ရစေပြီး အင်ဒိုနီးရှားဇာတ်ကားဆိုပေမယ့် ဇာတ်အိမ်ခိုင်ခန့်မှုက တော်တော်ကို ကောင်းမွန်တဲ့အနေအထားမှာရှိပါတယ်။ ပညာရေးစနစ်၊ မိသားရေးရာ ပြဿနာ စတဲ့ အရာတွေကို ဇာတ်အိမ်လုံးတစ်ခုတည်းမှာ အကုန်လုံးကို စုပြုံထည့်ပြီး ပြသထားတယ်ဆိုပေမယ့် သူ့နေရာနဲ့သူ အစပ်အဟပ်တည့်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သာမန်ပြဿနာလေးတစ်ခုကို လိုင်းပေါ်တင်လိုက်ရာကနေ ပြဿနာက တဖြည်းဖြည်းနဲ့ ကြီးလာခဲ့ပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ လိုင်းပေါ်က နာမည်တအားကြီးနေတဲ့ အုန်းသီးကိတ်ဆိုင်မှာ ဆရာမ ပရာနီက ဝယ်ယူရင်း ကြားဖြတ်ဝင်တဲ့သူနဲ့ ရန်ဖြစ်မိခဲ့တာပါ။ ဒါပေမဲ့ အော်ကြီးဟစ်ကျယ်ဖြစ်နေတာက ဆရာမ ပရာနီဖြစ်တဲ့အတွက် လိုင်းပေါ်က လူတွေဟာ ဆရာမ ပရာနီကိုပဲ အပြစ်တင်ကြပါတယ်။ ဒါကြောင့် ဆရာမ ပရာနီရဲ့ ပတ်ဝန်းကျင်မှာ ပြဿနာအမျိုးမျိုးကို ရင်ဆိုင်လာရပါတယ်။ အဲဒီအတွက် ဖြေရှင်းချက် ဗီဒီယိုတစ်ခုကို ပရာနီက ပြန်တင်ပြီး ဖြေရှင်းခဲ့ပေမယ့် တစ်ဖက်လူကလည်း ပြန်လည်ဖြေရှင်းခဲ့တာကြောင့် သံသရာက မဆုံးနိုင်ဘဲ တိုင်ပတ်နေပါတယ်။ အဲဒီလိုကနေ ပိုပိုဆိုးလာပြီး မပြီးနိုင် မစီးနိုင်ဖြစ်နေတာကြောင့် ဆရာမ ပရာနီရဲ့ တခြားကိုယ်ရေးကိုယ်တာကိစ္စတွေပါ လိုင်းပေါ် ရောက်လာပါတယ်။ ဘယ်လိုရှင်းရှင်း မပြီးနိုင်တော့တာကြောင့် နောက်ဆုံးမှာ ဆရာမ ပရာနီတစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာကို ပဟေဠိဆန်ဆန် ကြည့်ရမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Khant Zaw Naing ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.4GB | 738MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khant Zaw Naing Encoder ….. Aaron

Comedy • Crime
8.2 2023
Andragogy
Dead Wrong

Dead Wrong ( 2024 ) ဒီရုပ်ရှင်က ဇာတ်က စစချင်း ဘာဇာတ်လဲဆိုတာ အသိရခက်တဲ့ပုံမျိုးနဲ့အရင်စပြီး တဖြည်းဖြည်းချင်း အထုပ်ဖြည်ဖြည်လာရင်း သူ့ကာရိုက်တာတွေကို development ကောင်းကောင်းလုပ်ထားတယ်။ စစချင်းကတော့ ဘယ်သူလူကောင်းလဲ လူဆိုးလဲ တော်တော်သိရခက်တယ်။ အကုန်လုံး ဂန်းစတားတွေ ဆေးရောင်းသမားတွေ သူတို့နဲ့ပတ်သက်နေတဲ့လူတွေချည်းပဲ။ အဲဒီကာရိုက်တာတွေရဲ့အလုပ်အကိုင်တွေ ပတ်သက်ဆက်နွယ်နေပုံတွေကို သူပြချင်တဲ့ဇာတ်ကြောင်းဆီ ချိတ်ဆက်သွားတာက ဇာတ်ကားအစကို တော်တော်တော့ စိတ်ဝင်စားစရာကောင်းစေခဲ့တယ်။ character developmentကောင်းတဲ့ ရုပ်ရှင်လို့တော့ ပြောရမှာပဲ။ ခမ်းကြီးနားကြီးရိုက်ထားတဲ့ ကားတော့မဟုတ်တော့ အရမ်းကြီးတော့ ပြည့်စုံမနေပေမဲ့ တော်တော်တော့ ကြည့်ကောင်းတယ် စိတ်ဝင်စားဖို့ကောင်းတယ်။ မှုခင်းဇာတ် စုံထောက်ဇာတ်ကြည့်ချင်နေတဲ့လူတွေနဲ့တော့ အံကိုက်လိမ့်မယ်။ Gone baby Gone လိုဇာတ်မျိုးကြိုက်တဲ့လူတွေလည်း ကြိုက်ကောင်းကြိုက်လိမ့်မယ်။ အဲဒီလောက်ကောင်းတယ်လို့တော့ မဆိုလိုဘူး။ ဇာတ်ကတော့ မြို့လေးတစ်မြို့မှာ နာမည်ကျော်မူးယစ်ရာဇာတွေရှိတယ်။ သူတို့က လောင်းကစားကြွေးပိနေတဲ့ ကလေးမွေးစားရေးကိစ္စတွေကို အဓိကကိုင်တဲ့ ရှေ့နေတစ်ယောက်ကို သူတို့လူအဖြစ် ခြိမ်းခြောက်ပြီး အရသိမ်းသွင်းလိုက်ကြတယ်။ အဲဒီရှေ့နေက သူတို့အလုပ်တွေမှာ ဝင်မပါချင်ပေမဲ့ ရွေးစရာရှိတော့ဝင်ပါလိုက်ရတယ်။ သူက အဲဒီလက်ကနေလွတ်အောင်ကြံနေတယ်။ တစ်ဘက်မှာလည်း မြို့ပေါ်က အာဏာအကြီးဆုံးမူးယစ်ရာဇာက သူ့သူငယ်ချင်းတစ်ယောက်ကို သူ့ကိစ္စတွေထဲ ဆွဲသွင်းခဲ့တယ်။ သူကလည်း သူ့မိန်းမနဲ့ကလေးနဲ့အတူတူနေနိုင်ဖို့ ငွေများများရအောင်ကြိုးစားဖို့ ဝင်သက်မိတယ်။ ဒီလိုနဲ့ အဲဒီလူက သူ့မိန်းမကလေးမွေးတဲ့ညမှာ ဆေးရုံမှာ သူတို့ကလေးကိုပျောက်သွားခဲ့တယ်။ ဒီကလေးပျောက်တဲ့အမှုမှာ ဘယ်သူတွေ ဘယ်လိုပါဝင်ပတ်သက်နေလဲ။ ကလေးကိုရောပြန်တွေ့ကြမှာလား စိတ်ဝင်စားစရာကောင်းအောင်ပြသွားတဲ့ ဇာတ်လမ်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Wပဲ ဖြစ်ပါတယ်။ Genre….. Crime, Mystery, Drama, Thriller Quality…. 1080p | 720p File size… 1.6GB | 675MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

Animation • Action • Adventure • Fantasy • Science Fiction
0 2024
Dead Wrong
#ChadGetsTheAxe
5.6

ChadGetsTheAxe(2022) အခုတစ်ခါ CM ပရိသတ်ကြီးကို တင်ဆက်ပေးချင်တဲ့ horror ကားလေးကတော့ အမြင်လဲဆန်းသလို ပေါက်ကရတွေချည်းပါပဲ ရီပဲရီရမှာလိုလို ကြောက်ပဲကြောက်ရမှာလိုလိုနဲ့ပါ ဇာတ်ကားကိုရိုက်ကူးထားပုံကလည်း POV စတိုင်မို့ ကြည့်ရတာ Reality ဆန်နေမှာပါ ခုခေတ်ကြီးမှာ Live လွှင့်တာတွေ Stream လုပ်တာ လူတွေကို prank လိုက်လုပ်ပေါက်ကရတွေလုပ်ပြီး Like တွေ View တွေ သူတောင်းစားလုပ်တာက Social media မှာ အရမ်းခေတ်စားနေတာပါ ခုဇာတ်ကားထဲမှာလည်း ‌follower လိုချင်လို့ သရဲခြောက်တဲ့နေရာတွေမှာ live လွှင့်ပြီး ပေါက်ကရလုပ်ပြတဲ့ celebrity တစ်သိုက် ဟိုကသရဲက စိတ်တိုပြီး တကယ်ထတီးမလား ဒါမှမဟုတ် View လိုချင်လို့ပဲ အင်ထုနေတာလားဆိုတာ ကြည့်ရှုရင်း သရဲမကြောက်ရတဲ့အပြင် like သူတောင်းစားလေးတွေကို တီးပေးတာကို နှစ်ထောင်းအားရကြည့်ရှုရမှာမို့ လက်မလွှတ်ကြဖို့ အကြံပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ် Genre….. Horror, Comedy Quality…. 1080p WEB-DL | 720p WEB-DL File size… 1.66GB | 879MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Saii Thurein Lynn Encoder ….. Aaron

5.6 2022
#ChadGetsTheAxe
The Old Gun
7.5

IMDb Rating(7.5/10) Julien Dandieu ကပြင်သစ်ခွဲစိတ်ဆရာဝန်တယောက်ဖြစ်ပြီး စစ်ပွဲကာလအတွင်းမှာ ဂျာမန်တွေအတွက်အလုပ်လုပ်ပေးနေခဲ့ရတာပါ၊ ဒါကပဲသူနဲ့သူ့မိသားစုအတွက် အသက်ရှူချောင်နေရတာပါ၊ တိုက်ပွဲတွေပိုမိုပြင်းထန်လာခဲ့တော့ သူလည်းမိသားစုကိုစိတ်မချတာနဲ့ သူ့ဇာတိမြေကိုပြန်ခိုင်းလိုက်ပါတယ်၊ အန္တရာယ်ကင်းစေဖို့ သွားခိုင်းလိုက်ပေမယ့် သူ့မိန်းမနဲ့သမီးလေးဟာ ဂျာမန်တွေရဲ့သတ်တာကိုခံလိုက်ရပါတယ်၊ ဒါကို Julien တယောက်သိသွားချိန်မှာတော့ဆောက်တည်ရာမရဖြစ်ခဲ့ရပြီး သူကိုယ်တိုင်ပဲ ဂျာမန်တွေကိုလက်စားချေပါတော့တယ်၊ ဒီဇာတ်ကားလေးက ဒုတိယကမ္ဘာစစ်ပွဲကာလအတွင်းက ချစ်ခြင်း‌တွေ၊နာကျင်ခံစားရတာတွေ၊လက်စားချေခြင်းတွေ၊ပြောင်းလဲသွားတဲ့ဘဝအကြောင်းတွေအကြောင်းကိုရိုက်ကူးထားတာပါ၊ ဒီလိုခံစားချက်တွေကိုလည်း ပေါ်လွင်အောင်ရုပ်ကူးထားနိုင်တာကြောင့် 1976 César Award မှာအကောင်းဆုံးရုပ်ရှင်ဆုကိုရခဲ့တာမို့ လက်မလွတ်သင့်တဲ့ဇာတ်ကားကောင်းလေးပါ၊ File size…(2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:43:00 Genre… Drama, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Myat Kyaw

Comedy
7.5 1975 103 mins
The Old Gun
Aloft
5.5

လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က မိမိကို စွန့်ပစ်သွားတဲ့ မိခင်ကို နာကျည်းရင်း ရှင်သန်နေထိုင်နေတဲ့ သိမ်းငှက်ဆရာ အိုင်ဗန်။ အိုင်ဗန်ကို စွန့်ပစ်သွားပြီး နာမည်ကြီး ယုံတမ်းသမားတော် တစ်ဦးဖြစ်လာခဲ့တဲ့ မိခင်ဖြစ်သူ နာနာ။ သတင်းမှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့အတွက် နာနာကို ရှာဖွေနေတဲ့ သတင်းထောက်ပေါက်စလေး ဂျာနီယာရက်စ်မော။ Peaky Blinders မင်းသားဖြစ်တဲ့ Cillian Murphy နဲ့ ဟော်လီးဝုဒ် ဝါရင့်မင်းသမီးကြီး Jennifer Connelly အပြင် ပြင်သစ်မင်းသမီး Mélanie Laurent တို့ပါဝင်သရုပ်ဆောင်ထားတဲ့ “Aloft” ရုပ်ရှင်ဟာ လူ့ဘဝရဲ့ မရေရာမှုတွေ၊ အဖြေရှာမရတဲ့ မေးခွန်းတွေ၊ ငယ်ဘဝ စိတ်ဒဏ်ရာတွေကို ကျွမ်းကျင် သရုပ်ဆောင်ချက်တွေနဲ့ လေးနက်စွာ ဆွဲထုတ်ပြသထားတဲ့ ဇာတ်ကားကောင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ File size…1.39GB/ 666MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 52m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

5.5 2014 112 mins
Aloft