YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.World.of.Kanako.2014.JAPANESE.720p.BluRay.(CM).mp4

871.43 MB N/A video/mp4 387 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kingdom II: Far and Away
6.7

Alice in Borderland ထဲက အာရိဆု ပါင်သရုပ်ဆောင်ထားတဲ့ Kingdom 2: Far and Away ဆိုတဲ့ ဂျပန်ဇာတ်ကားလေး ထွက်ရှိလာပါပြီခင်ဗျာ။ သူ့ရှေ့ကား Kingdom 2019 လည်း ရှိပါသေးတယ်။ ဇာတ်လမ်းအကျဉ်း ... တစ်မိုးအောက်စစ်သူကြီးဖြစ်ချင်တဲ့ ရှင်းတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ဒုတိယမြောက် ဇာတ်ကားလေးပါ။ ဒီတစ်ခေါက်မှာလည်း မပျင်းရအောင်ဖန်တီးထားပြီး ဇာတ်အိမ်ကတော့ ရှင်းပြည်ထောင်နဲ့ ဂီပြည်ထောင်ကြားက နယ်မြေလုစစ်ပွဲတစ်ခု ကို အခြေတည်ထားပါတယ်။ ဒီလိုနဲ့ပဲ ဘာမဆို ရှေ့တန်းကပါတတ်တဲ့ ရှင်းတစ်ယောက်လည်း စစ်ချီထွက်လို့လာခဲ့ပါတယ်။ လူကသာအာကျယ်ပေမယ့် ခန္ဓာကိုယ်က သေးသေးလေးမို့ အုပ်စုဖွဲ့ရာမှာအကျဉ်ခံရရင်း အားအနည်းဆုံးသော လူတွေနဲ့အတူတကွ စစ်ပွဲဆင်နွှဲဖို့ ဖြစ်လာပါတော့တယ်။ ရှင်းတစ်ယောက် ဘယ်လိုလူတွေနဲ့ ဘယ်လိုသံယောဇဉ်တွေဖန်တီးပြီး ရွတ်ရွတ်ချွန်ချွန် တိုက်ခိုက်သွားမလဲ? နယ်မြေလုစစ်ပွဲကြားက ပြည်ထောင်စစ်သူကြီးတွေရဲ့ ဗျူဟာနည်းစနစ်တွေကိုရော ရှင်းဘယ်လိုသင်ယူသွားမလဲ? ဆိုတာကို ဓားရေးလှံရေး အမိုက်စားတွေနဲ့ တစ်ဝကြီးကြည့်ရှုရဦးမယ့် ဇာတ်ကားတစ်ခုပါပဲ။ မင်းသမီးအလှလေးကလည်း ပါ၊ ဇာတ်လမ်းရိုက်ချက်တွေကလည်း ရင်သပ်ရှုမောလောက်စရာမို့ လက်မလွှတ်တမ်းကို ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Hae Areum ပါ။) File Size          : 2.6GB, 1.1GB, 581MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 14mins Genre              : Action, Adventure, History Translated by Hae Areum Encoded by Kinnov

Comedy
6.7 2022 134 mins
Kingdom II: Far and Away
Hit Man
4

2022 ခုနှစ်ထဲမှာပဲ ထွက်ရှိခဲ့တဲ့ Hitman ဆိုတဲ့ လူသတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ မီးလောင်သေဆုံးမှုကို စုံစမ်းပြီး ကျူးလွန်သူတွေကို လက်စားချေချင်တဲ့ ပတ်ဂျောင်းဂျာဟာ ... ဘာလို့ စုံစမ်းချင်တာလဲဆိုတော့ သေဆုံးသူတွေ သူ့သားရဲ့ မိသားစုဝင်တွေ ဖြစ်နေတာကြောင့်ပါ။ သားဖြစ်သူအတွက် တရားမျှတမှု ဖော်ဆောင်ပေးဖို့ ဒီလိုကိစ္စတွေမှာ ကြေးစားအဖြစ် လုပ်ကိုင်နေတဲ့ ကွပ်ကဲရေးမှုးရှင်းဆီ အမှုလာအပ်ပါတော့တယ်။ ကွပ်ကဲရေးမှူးရှင်းက လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ပညာရှင်ဆိုတဲ့ ကြေးစားလူသတ်သမားကို တာဝန်ပေးလိုက်တဲ့အခါ ... ပစ်မှတ်ကို သတ်မှတ်လိုက်ရင် နည်းလမ်းတွေရွေးမနေဘဲ သွေးအေးအေးနဲ့ လူသတ်ပေးတဲ့ ပညာရှင်တစ်ယောက် ... ဒီအမှုမှာ ပါဝင်ပတ်သက်နေတဲ့သူတွေကို ဘယ်လိုရှာဖွေပြီး လက်စားချေပေးမလဲဆိုတာ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Estel ပါ။) File Size          : 1.3GB, 467MB, 235MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 31mins Genre              : Crime, Thriller Translated by Estel Encoded by Kinnov

Crime • Drama
4 2022
Hit Man
Liar x Liar
7.8

ဒီကားလေးကတော့ Liar x Liarဆိုတဲ့ Mangaလေးကို Live action ပြန်ရိုက်ထားတဲ့ ကားလေးပါ။ "အစကတော့ အလိမ်ညာလေးတစ်ခုပါပဲ။ ဒီအလိမ်အညာလေးက ကျွန်မတို့ရဲ့ ကံကြမ္မာကိုပြောင်းလဲသွားစေမယ်လို့ မထင်ခဲ့မိဘူး" ဒီစကားလေးအတိုင်းပဲ သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းက အလိမ်အညာတစ်ခုကနေ စတင်ခဲ့တာပါ။ Minato ဆိုတဲ့ကောင်မလေးက တက်တက်ကြွကြွရှိတဲ့ ချစ်စဖွယ် ‌တက္ကသိုလ်ကျောင်းသူလေးပါ။ အလယ်တန်းကျောင်းကစလို့ တက္ကသိုလ်ရောက်တဲ့အချိန်ထိ အေးအေးချမ်းချမ်းနေရတဲ့ရက်ဆိုတာ မရှိခဲ့တဲ့ ကံဆိုးမလေးဆိုရင်လည်း မမှားပါဘူး။ ဒီကိစ္စတွေရဲ့ တရားခံကတော့ သွေးသားမတော်စပ်တဲ့ မောင်ဖြစ်သူ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး Toruပါပဲ။ ရုပ်ချောသလောက် ပွေရှုပ်လွန်းအားကြီးတဲ့ Toruကတော့ ခန့်မှန်းရခက်တဲ့ ကောင်လေးပါ။ သွေးသားမတော်စပ်တဲ့သူတို့နှစ်ယောက်ကြားထဲ အလိမ်ညာ‌တစ်ခုကြောင့် ထူးဆန်းတဲ့ခံစားချက်တွေဖြစ်တည်လာတာကို ကြည်နူးဖွယ်ပုံဖော်ထားတာပါ။ Mangaလေးကလည်း ဖတ်လို့ကောင်းသလို ရုပ်ရှင်အနေနဲ့ပြန်ကြည့်တော့လည်း ပါဝင်အားဖြည့်ထားတဲ့ သရုပ်ဆောင်တွေကြောင့် အရသာမပျက်သွားပါဘူး။ လိမ်ညာတယ်ဆိုတာ မကောင်းပေမယ့် ဒီဇာတ်လမ်းကတော့ ကောင်းပါတယ်။ ကားကောင်းလေးမို့လို့ တင်ဆက်ပေးလိုက်ပါတယ်နော်။ အညွှန်းကိုတော့ Milkeux က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lai Laii နဲ့ Milkeux ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance Quality….WEB-DL 1080p and 720p and 480p File size…1.65GB, 856MB and 304MB Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lai Laii and Milkeux Encoder ..... LK

Drama • Romance • War
7.8 2021 117 mins
Liar x Liar
Hotel Transylvania 3: Summer Vacation
6.9

IMDb - 6.3/10_____Rotten - 62% သွေးစုပ်ဖုတ်ကောင်ကြီး ဒရက်ကူလာခေါ် ဒရက်ဟာ မုဆိုးဖို ဖြစ်ပြီး နောက်ပိုင်းမှာ အထီးကျန်  ဝေဒနာ ခံစားနေရတာကြောင့် သူ့ သမီးမေးဗစ္စက သူ့အတွက် ချစ်သူအသစ် ရှာပေးရင်း ပင်လယ်ကူး အပျော်စီးသင်္ဘောကြီးနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ပေးပါတယ်။ ဒရက်၊မေးဗစ္စနဲ့ သူမခင်ပွန်းဂျော်နီတို့ ဦးဆောင်ပြီး ဒရက်မိသားစုပိုင် ဟိုတယ်မှာ လာတည်းတဲ့ ဧည့်သည်တွေအားလုံး ဂယ်လက်ဇီသင်္ဘောကြီးနဲ့ ခရီးထွက်ကြတော့  ချောမောလှပတဲ့ လူသားရေယာဉ်မှူး အဲရစ်ကာကို ဒရက်က မြင်မြင်ချင်း ချစ်မိသွားတယ်။ ဒရက်အလစ်မှာ  အဲရစ်ကာက သင်္ဘောအောက်ထပ်မှ ာ ပုန်းပြီး လိုက်ပါလာတဲ့ သူမအဘိုး ဗင်ဟဲလ်ဆင်းနဲ့ သွားတွေ့တယ်။ ဗင်ဟာ သွေးစုပ်ဖုတ်ကောင်နဲ့ တ ခြား ကြောက်စရာ သတ္တဝါကောင်တွေ အားလုံးကို မျိုးဖြုတ်သုတ် သင်ဖို့ အမြဲကြိုးစားနေသူ ဖြစ်တယ်။ သည်တစ်ခါတော့ ရှေးဟောင်းရေ အောက်မြို့တော် အက်လန်းတစ် မှာ ရှိတဲ့ အဖျက်လက်နက်ကို ရယူပြီးရင် သတ္တဝါကောင်အားလုံးသတ်ဖို့ အကြံဖြင့် အဲရစ်ကာကို အဲဒါသွားယူခိုင်းပါတယ်။ ဒရက်ကို အလျင်စလိုမ သတ်ဖြတ်ဖို့ ဗင်က မှာတာ အဲရစ်ကာက မလိုက်နာဘဲ ၎င်းကို နည်းမျိုးစုံနဲ့သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ မအောင်မြင်ဘူး။ ဒရက်က ကျွန်းလေးပေါ်မှာ နှစ်ယောက်အတူချိန်းတွေ့ဖို့ ပြောတော့ အဲရစ်ကာက ၎င်းကို သတ်ခွင့်ရမယ်ထင်ပြီး လက်ခံကာ ညစာစားကြတယ်။ သိပ်မကြာခင်မှာ အဲရစ်ကာကို မေးဗစ္စက သံသယဝင်စပြုလာတယ်။ အက်လန်းတစ်မြို့ဟောင်း ကြီးဆီမှာ ဂယ်လက်ဇီသင်္ဘောဆိုက်တော့ အဲဒါကြီးကို ကာဆီနိုအသွင်ပြောင်းထားပုံတွေ့ကြရပြီး အဲရစ်ကာက မြေအောက်အုတ်ဂူ ထဲက အဖျက်လက်နက်ကို ရှာဖွေရယူတယ်။ သူမနောက် လိုက်ချောင်းတဲ့ မေးဗစ္စကိုတော့ ဘိုးဘွားအမွေပစ္စည်းပါလို့ လိမ်ပြောတယ်။ အဲရစ်ကာက အဖျက်လက် နက်ကို အဘိုးဖြစ်သူ ဗင့်လက်ထဲ ပေးအပ်ပြီး ဗင်က သီချင်းဖွင့်တဲ့ ဒီဂျေကို ဖယ်ရှားကာ အဖျက်လက် နက်ကို ဖွင့်လိုက်တဲ့အခါ သတ္တဝါ အားလုံးကို တိုက်ခိုက်သတ်ဖြတ်မယ့် ရေအောက်သတ္တဝါကောင် ကြီး ခရာကင်လည်း နှစ်ပေါင်းများစွာအိပ်ပျော်နေရာက နိုးလာပြီး ရေ ပြင်အထက် ဘွားခနဲ ပေါ်လာတဲ့ အခါမှာတော့ ဂျင်နဒီတာတာကော့ဗ်စကီးနဲ့ မိုက်ကယ်မက်ကူးလားတို့ရဲ့ ဇာတ် ညွှန်းကို ဂျင်နဒီက စီစဉ်ရိုက်ကူးပြီး အာဒမ်ဆင်းဒလား၊ ဆဲလီးနားဂိုး မက်ဇ်၊ကက်သရင်းဟန်းနဲ့ အင်ဒီဆင်းဘာ့ဂ်တို့က အသံဖြင့် သရုပ် ဆောင်ပေးထားကြတဲ့ သည်ဇာတ်ကားဟာ ၂၀၁၁ ခုနှစ်က စတင်အောင်မြင်မှုရခဲ့တဲ့ သရီးဒီကာ တွန်းဇာတ်ကားတွေရဲ့ အဆက် တတိယမြောက် ဇာတ်ကားဖြစ်ပြီး IMdb အဆင့် ၆.၃/၁၀ ရရှိကာ ဝေဖန်ရေးဆရာတချို့သာ ချီးမွမ်းထားပေမဲ့ ကာတွန်းရုပ်ရှင်ချစ်သူ အားလုံး နှစ်သက်မယ့် ကာတွန်း ဇာတ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ kumudranews မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (750 MB) Quality : Blu-Ray 720p Running Time : 1hr 37min Format : Mp4 Genre : Adventure, Animation, Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-BLOW Translated by Zuel Khant Twin Encoded by Thanhtike Zaw

Crime • Sci-Fi & Fantasy
6.9 2018 97 mins
Hotel Transylvania 3: Summer Vacation
White Boy Rick
6.3

White Boy ဆိုတဲ့အသံကြားလိုက်တာနဲ့ အမေရိကရဲ့လူဖြူလူမည်းပရိပက္ခတွေကို အနည်းငယ်တီးမိခေါက်မိရှိတဲ့သူတွေက ဇာတ်လိုက်ဖြစ်သူ Rick ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်အခြေအနေကိုခန့်မှန်းမိကြမှာပါ။ Rick ဆိုတာက Richard Wershe Jr. လို့ခေါ်တဲ့ ၁၄ နှစ်သားကောင်လေးတစ်ယောက်။ မိဘဖြစ်သူတွေက တရားဝင်ကွာရှင်းထားပြီးသားဖြစ်တဲ့အတွက် အဖေ့စောင့်ရှောက်မှုအောက်မှာ အစ်မဖြစ်သူနဲ့အတူနေထိုင်တယ်။ သူတို့နေထိုင်တဲ့နေရာက Detroit လို့ခေါ်တဲ့ နယ်စပ်မြို့၊ လူမည်းအများစုနေထိုင်ပြီး ဒုစရိုက်မှုတွေမှိုလိုပေါတဲ့မြို့တစ်မြို့ပေါ့ဗျာ။ Rick Jr. ရဲ့အဖေဖြစ်သူက လိုင်စင်ရသေနတ်ရောင်းဝယ်ရေးသမားဖြစ်တာနဲ့အညီ ဂိုဏ်းစတားတွေ၊ဒုစရိုက်သမားတွေနဲ့ အမြဲမပြတ်ဆက်ဆံနေရတဲ့သူပေမယ့် ဗီဒီယိုစတိုးလေးဖွင့်ပြီး မိသားစုနဲ့အတူအေးအေးဆေးဆေးဘဝကိုဖြတ်သန်းချင်တဲ့သူ။ တစ်ရက်မှာ Rick Jr. တစ်ယောက် သူ့အဖေသေနတ်ပြပွဲကနေ အောက်ကြေးနှိုက်လာတဲ့ AK47 နှစ်လက်ကို Johnny လို့ခေါ်တဲ့ လူမည်းတစ်ယောက်ဆီသွားရောင်းရာကနေ သူတို့အဖွဲ့နဲ့ဓာတ်ကျပြီး ဘော်ဒါတွေဖြစ်သွားကြတယ်။ Johnny တို့အဖွဲ့က အားလုံးလူမည်းတွေချည်းဖြစ်တဲ့အတွက် သူတစ်ဦးတည်းသာလူဖြူဖြစ်နေတဲ့ Rick Jr. တစ်ယောက် White Boy Rick ဆိုတဲ့ နာမည်ပြောင်ရပြီး အဖွဲ့ဝင်တစ်ယောက်လိုဖြစ်လာတယ်။ အဲဒီလိုရက်သတ္တပတ်တွေဖြတ်သန်းပြီးတဲ့အခါမှာတော့ Rick Jr. ရဲ့အဖေ လိုင်စင်မရှိပဲ Silencer ( သေနတ်နဲ့တွဲသုံးတဲ့ အသံတိတ်ပြောင်း ) ထုတ်လုပ်ရောင်းချပါတယ်ဆိုပြီး ပြဿနာတက်တယ်။ ဒါတင်မကသေးဘူး ပစ်ခတ်မှုတစ်ခုမှာသုံးတဲ့သေနတ်က သူသေနတ်အရောင်းပြပွဲတုန်းက ဝယ်သွားတဲ့သေနတ်ဖြစ်နေတယ်ဆိုတဲ့ ပြဿနာပါထက်တက်ရော။ ဒါပေမယ့် မူးယစ်ဆေးဝါးဖြန့်ချိမှုကြီးတွေကိုသာ နှိမ်နှင်းချင်တာကြောင့် သူတို့အတွက် Informant ( သတင်းပေး ) လုပ်ပေးမယ်ဆိုရင် အဖေဖြစ်သူရဲ့အမှုတွေကိုလျှော်ပေးမယ်ဆိုပြီး FBI အေးဂျင့်တွေက Rick Jr. ကိုညှိတယ်ပေါ့ဗျာ။ အဲဒီမှာပဲ ၁၄နှစ်သား Rick Jr. တစ်ယောက် ဒုစရိုက်ဂိုဏ်းဝင်အဖြစ်ကနေ ရဲဘက်သတင်းပေးဘဝကိုရောက်သွားပြီး အဖေဖြစ်သူကိုကယ်တင်ဖို့ကြိုးစားရတော့တယ်။ ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင် Rick Wershe Jr. အဖြစ် တက်သစ်စမင်းသား Richie Merritt အဖြစ်သရုပ်ဆောင်ထားပြီး အဖေဖြစ်သူရဲ့နေရာမှာ မင်းသားကြီး Matthew McConaughey ကပါဝင်သရုပ်ဆောင်ထားပါတယ်။ Sony ကဖြန့်ချိပြီး ဒါရိုက်တာ Yann Demange ရိုက်ကူးတဲ့ ဒီရုပ်ရှင်ဟာ 1980 ခုနှစ်တုန်းက ဖြစ်ပျက်ခဲ့တဲ့တကယ့်အဖြစ်အပျက်ကို ပြန်လည်ရိုက်ကူးထားတဲ့ Biological, Crime, Drama အမျိုးအစား ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်တာကြောင့် Crime Drama ရုပ်ရှင်တွေကိုကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့တော့ ကြည့်ရှုသင့်တဲ့ရုပ်ရှင်တစ်ကားလို့ ညွှန်းဆိုချင်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ Myo Thant Kyaw ပါ) File Size : (850 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 51min Format : Mp4 Genre : Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by Myo Thant Kyaw Encoded by Thanhtike Zaw

Comedy
6.3 2018 111 mins
White Boy Rick
Three Wishes for Cinderella
5.9

Three Wishes for Cinderella (2022) ========================= IMDb Rating – 5.9/10 စင်ဒရဲလားလို့ပြောလိုက်ရင် အများစုကသိရှိပြီးသားဇာတ်လမ်းလေးပဲ မဟုတ်လား၊ ဒါကတော့ အကုန်လုံးသိထားပြီးသား ပုံပြင်ဟောင်းလေး တစ်ပုဒ်နဲ့သိပ်မတူတဲ့ စင်ဒရဲလားပုံပြင် နော်ဝေးဗားရှင်းလေးလေးပါပဲ။ ဒီထဲမှာတော့ စင်ဒရဲလားလေးက နုဖတ်နေတာမဟုတ်ဘဲ မြင်းစီးမြားပစ် တလွှားလွှားနဲ့ပါပဲ။ နောက်ပြီး နတ်သမီးမေမေထက် နောက်ဆုံးမှာ ကိုယ့် ကိုယ့်ကိုယ်သာ အားကိုးရာဆိုတာမျိုးနဲ့ ပုံစံတစ်မျိုးပြသထားသလို၊ ကယ် တင်ရှင်မင်းသားလေးလည်း မလိုတဲ့ဗားရှင်းမို့ အရသာတမျိုးလေးနဲ့ ကြည့် လိုက်ကြရအောင်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)

Drama • History • War
5.9 2022 89 mins
Three Wishes for Cinderella
Every Day in Kaimukī
5.8

အထီးကျန်မှုဆိုတာ လူတွေကို ရက်စက်စွာ နှိပ်စက်တတ်ပါတယ်။ လူတွေဟာ အထီးကျန်မှုခံစားရတိုင်း အိမ်ဆိုတဲ့အရာကို တောင့်တကြတယ်လေ။ ဇာတိမြိုမှ ကိုယ့်ရဲ့အိမ်လို မဆိုလိုပါဘူး။ ကိုယ်သိပ်ချစ်တဲ့မြိုလေးဟာ ဘယ်သူတွေက ပျက်စီးနေပြီလို ပြောနေပါစေ… ကိုယ်မြတ်နိုးရင်တော့ ကိုယ့်ရဲ့အထီးကျန်မှုတွေကို ဖြေဖျောက်ရာဘုံလေးပဲ မဟုတ်ပါလား…? ဒီဇာတ်ကားလေးကတော့ နာ့ဇ်ဆိုတဲ့‌ ကောင်လေးတစ်ယောက်ဟာ ဟာဝိုင်အီမြိုမှာ ကြီးပြင်းခဲ့ပြီး ဘော်ဒါဘော်ဂျက်တွေနဲ့အတူ ဝါသနာပါရာတွေ လျှောက်လုပ်နေခဲ့ပါတယ်။ လူငယ်ပီပီ စကိတ်စီးကြတယ်။ ညဘက်မှာဆိုလည်း နောက်ထပ်ဝါသနာတစ်ခုဖြစ်တဲ့ ရေဒီယို ရုပ်သံလိုင်းတစ်ခုကို ထုတ်လွှင့်ပါတယ်။ အဲဒီရေဒီယိုရုပ်သံလိုင်းမှာ အပြင်မှာလည်း တကယ်ရှိပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ကိုဗစ်ကာလအတွင်းမှာ အဖော်မဲ့နေတဲ့လူတိုင်းအတွက် ရည်ရွယ်ပြီး အခုလိုထုတ်လွှင့်ဖြစ်တာပေါ့။ တစ်ခါတလေ လူငယ်လေးတွေကို ဖိတ်ပြီး အတူတကွ ထုတ်လွှင့်ဖြစ်နေရင်းပေါ့။ အဖော်မဲ့တယ်ဆိုပေမယ့် ကောင်မလေးတော့ ရှိပါတယ်။ သူ့ကောင်မလေးက နယူးယော့ခ်မြိုတော်ကြီးမှာ အလုပ်အသစ်ရတဲ့အတွက် သွားဖိုပြင်ဆင်နေပါတယ်။ သူကလည်း ကိုယ့်ရဲ့မွေးရပ်မြေ ဟာဝါအီကို စွန့်ခွာပြီး “ဆံထုံးနောက် သျှောင်ပါ” ဖို လုပ်ရင်း စိတ်ကူးတွေယဉ်ခဲ့တာပေါ့။ စိတ်တွေလည်း အရမ်းလှုပ်ရှားနေပြီး လိုအပ်တဲ့ ပစ္စည်းတွေလှမ်းပို၊ မလိုတာတွေကို တခြားသူတွေကို ပေးပစ် စတာတွေအကုန်ပြင်ဆင်နေပါတယ်။ သူသိပ်ချစ်ရတဲ့ ကြောင်လေးကိုတောင် လေယာဉ်နဲ့သယ်ဖိုအထိ ပြင်ဆင်နေတာပေါ့။ ဘော်ဒါတွေကိုလည်း ထုံးစံအတိုင်း ပတ်ကြွားတယ်။ ကောင်မလေးနဲ့ တွေ့ရတော့မယ် ဘာညာနဲ့ ခဏခဏ တဖွဖွ ပြောရင်းကနေ ရုတ်တရက်… သူ့ကောင်မလေးက မသွားဖြစ်တော့ဘူးပေါ့ဗျာ။ မိန်းမတွေရဲ့ထုံးစံအတိုင်း ခုတစ်မျိုး တော်ကြာတစ်မျိုးပေါ့။ အဲဒီလိုနဲ့ ကွိင်တက်ရာကနေ သူဆုံးဖြတ်ပြီးသားဖြစ်တာကြောင့် သွားဖိုကိုပဲ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ နာ့ဇ်တစ်ယောက် ဇာတိချက်ကြွေ မွေးရပ်မြေ သိပ်လှတဲ့ ဟာဝါအီကို စွန့်ခွာပြီး ထွက်သွားနိုင်ပါ့မလား…? ဝါသနာပါရာဖြစ်တဲ့ ရေဒီယိုစခန်းလေးကိုရော ပစ်ထားနိုင်ပါ့မလား…? စကိတ်တူတူစီးနေကြ သူငယ်ချင်းတွေကိုရော ထားခဲ့နိုင်ပါ့မလား…? ကောင်မလေးနဲ့ ဘာတွေဆက်ဖြစ်မလဲ…? သူ့ရဲ့အထီးကျန်ခြင်းတွေကို ဇာတိမြေဖြစ်တဲ့ ဟာဝါအီမှာပဲ ဖြေဖျောက်နိုင်မလား…? မီးရောင်တထိန်ထိန်နဲ့ စည်ကားတဲ့ နယူးယော့ခ်ကပဲ ကုစားပေးမနိုင်မလား…? စတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…(2.73GB) / (1.03GB) /483MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:21:00 Genre…Drama / Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kham Mon

5.8 2022
Every Day in Kaimukī
Martyrs
7

သေဆုံးခြင်းနောက်ကွယ်က တမလွန်ဘဝဟာ ဘယ်လိုရှိမယ်ဆိုတာ မိတ်ဆွေတို့ တွေးကြည့်ဖူးကြလားခင်ဗျ။ ဘာသာတိုင်းမှာ သေလွန်ပြီးရင် ရောက်ရှိမယ့် နိဗ္ဗာန်၊ ကောင်းကင်ဘုံ၊ ငရဲ၊ နတ်ပြည်၊ ဗြမ္မာပြည် အစရှိသဖြင့် ဘုံအမျိုးမျိုးရှိကြပါတယ်။ ဒါပေမဲ့ တစ်ကယ်တမ်းတွေးကြည့်ရင် သေခါနီးအသက်ငင်နေချိန်မျိုးမှာ လူတွေဘာမြင်ရမလဲ သေဆုံးခြင်းက အဆုံးသတ်လား၊ ဒါမှမဟုတ် စတင်ခြင်းလား ဆိုတဲ့မေးခွန်းတွေပေါ်လာပါတယ်။ ဒီဇာတ်ကားအစမှာတော့ လူစီဆိုတဲ့ကလေးမလေးဟာ ဒဏ်ရာဒဏ်ချက်ဗရပွနဲ့ ဆောက်လုပ်ရေးဆိုဒ်တစ်ခုကနေ ထွက်ပြေးလာပြီး လူတွေက တွေ့ရှိရာကနေ စတင်ထားပါတယ်။ သူမကို မုဒိန်းကျင့်ထားတာမျိုးတော့မရှိပေမယ့် ခန္ဓာကိုယ်တစ်ခုလုံးကို စုတ်ပြတ်သပ်နေအောင် နှိပ်စက်ထားပါတယ်။ ဒီလိုနှိပ်စက်မှုမျိုးကြောင့် စိတ်ဒဏ်ရာရရှိသွားတဲ့ လူစီဟာ တစ်ကယ်မရှိတဲ့သရဲလိုလိုအကောင်ကို မြင်နေရပြီးတော့ သူ့ကိုယ်သူ ဒဏ်ရာရအောင်လုပ်တာမျိုးတွေ ရှိလာပါတယ်။ ဒီလိုနဲ့ သူမကို တွေ့ရှိပြီးတဲ့နောက်မှာ မိဘမဲ့ဂေဟာတစ်ခုကို ပို့လိုက်တဲ့အခါမှာ အန်နာဆိုတဲ့ကောင်မလေးနဲ့ ခင်မင်သွားပါတော့မယ်။ ဆယ့်ငါးနှစ်အကြာမှာတော့ လူစီဟာ သူမကိုနှိပ်စက်ခဲ့တဲ့လူကို ခြေရာခံနိုင်ခဲ့ပြီး တစ်မိသားစုကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ပြီးတာနဲ့ သူဟာ အန်နာကို ဖုန်းခေါ်တဲ့အချိန်မှာ သူငယ်ချင်းကောင်းဖြစ်တဲ့ အန်နာက လိုက်လာခဲ့ပြီး အပြစ်မဲ့တဲ့မိသားစုကို သတ်ပစ်လိုက်တဲ့အတွက် မခံစားနိုင် သူ့သူငယ်ချင်းထောင်ကျမှာကိုလည်း မကြည့်ရက်ဘဲ အလောင်းတွေကို လက်စဖျောက်ပစ်ဖို့လုပ်ပါတော့တယ်။ ဒီလိုလက်စဖျောက်နေရင်းနဲ့ အဲဒီအိမ်မှာ စနစ်တကျတည်ဆောက်ထားတဲ့ လျှို့ဝှက်မြေအောက်ခန်းကို တွေ့လိုက်ရပြီး ဆင်းသွားတဲ့အခါမှာ အမှောင်ခန်းထဲမှာ အလုံပိတ်ပြီး နှိပ်စက်ခံထားရတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ပြီး ဒီမိသားစုဟာ သူထင်သလို အပြစ်မကင်းဘဲ လူစီပြောတာ မှန်နေခဲ့ကြောင်းသိလိုက်ရပြီး ထိုကောင်မလေးကို ကယ်ထုတ်လာပါတော့တယ်။ အန်နာတစ်ယောက် ဒီပြဿနာ ဒီမိသားစုနဲ့ ပြီးပြီထင်ခဲ့ပေမယ့် နောက်ထပ်လူတွေထပ်ရောက်လာပါတော့တယ်။ ဒီအချိန်မှာ ဒီကိစ္စဟာ မိသားစုတစ်စုဆိုက်ကိုဖောက်ပြီး လူတွေဖမ်းဆီးနှိပ်စက်နေတာမဟုတ်ဘဲ နောက်ကွယ်မှာ (နည်းစနစ်တကျ ညှင်းပန်းနှိပ်စက်ခြင်းအားဖြင့် နာကျင်မှုခံနိုင်ရည်ကိုကျော်လွန်ပြီး သေလွန်ပြီးကာလအပိုင်းအခြားကို ရှုမြင်နိုင်သူ) မာတာဆိုတဲ့ဖြစ်တည်မှုကို မွေးဖွားလာစေပြီး သေလွန်ပြီးရင် ဘာဆက်ဖြစ်မယ်ဆိုတာကို သိချင်ကြတဲ့ ယုံကြည်မှုတစ်ခုကို စွဲကိုင်ထားကြတဲ့ လူကုံထံအသိုင်းအဝိုင်းက ကြေးရတတ်တွေပါဝင်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခုလုံး ရှိနေမှန်း သိလိုက်ရပါတော့တယ်။ ဒီလိုနဲ့ အန်နာဟာ သူလူစီ့ကိုကယ်ချင်ခဲ့တဲ့ငရဲတွင်းထဲကို သူပါ ကျရောက်သွားပါတော့တယ်။ ဒီတော့ သူမဟာ ဘယ်လိုမွန်းကြပ်စရာကောင်းအောင် နှိပ်စက်ခံရမလဲ၊ ဒီငရဲတွင်းထဲကနေ လွှတ်မြောက်နိုင်မလား၊ ဒီမာတာဆိုတဲ့ဖြစ်တည်မှုကရော တစ်ကယ်တည်ရှိတာလားဆိုတာကို စိတ်ကျဉ်းကြပ် ဖိစီးဖွယ် အသက်ရှုမဝကြည့်ရမယ့် Horror ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ IMDb မှာ Rating 7/10 ရရှိထားပြီး စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်နဲ့ တည်ဆောက်ထားပြီး နိုင်ငံတကာက အကြီးအကျယ်အားပေး ဆွေးနွေးကြတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် မြန်မြန်သာ ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7 2008
Martyrs
Suffragette
6.9

ဒီတစ်ခါမှာတော့ အမျိုးသမီးတွေမဲပေးခွင့်ရရေးအတွက် လှုပ်ရှားမှုတွေအကြောင်းရိုက်ကူးထားတဲ့ Suffragette ဆိုတဲ့ကားလေးကိုတင်ဆက်ပေးချင်ပါတယ် အရင်ဆုံးအနေနဲ့ ဒီဇာတ်ကားလေးထဲမှာ ပါဝင်တဲ့သရုပ်ဆောင်တွေက Alice in Wonderland live action ကားတွေနဲ့ Harry Potter ထဲမှာ သရုပ်ဆောင်ထားတဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး Helena Bohman Carter နဲ့ The Great Gatsby ထဲက မင်းသမီး Carey Mulligan တို့လို ဒိတ်ဒိတ်ကြဲသရုပ်တွေပါဝင်ထားပါတယ် နောက်ပြီး The Iron lady ရဲ့စာရေးသူ Abi Morgan ရေးသားတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဥ်းကတော့ ဗြိတိန်မှာ 1912 ကာလတွေတုန်းက အမျိုးသမီးတွေကို မဲပေးခွင့်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုနေကြတဲ့အချိန်ပါ မော့ဒ်ဝက်ထ်စ်ဆိုတဲ့ သာမန်ခဝါသည်အမျိုးသမီးလေးဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဗွိုင်းအိုလက်ဆိုတဲ့အမျိုးသမီးနဲ့ စကားဆုံမိကြရာကနေ အမှတ်မထင်ပဲ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရရှိရေးတက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင်မိပါတော့တယ် အဲဒီလိုပါဝင်မိရင်း အဖမ်းခံ အကျဥ်းချခံရတဲ့အခါ ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်ကဲ့ရဲ့ခံရတဲ့အပြင် ယောက်ျားကိုယ်တိုင်ကပါ အိမ်ကနှင်ထုတ်ပြီး သားလေးနဲ့တွေ့ခွင့်မပေးတော့ပါ အဲ့ခေတ်က ဥပဒေအရ သားသမီးကို ဖခင်ကပဲ ပိုင်ဆိုင်ပါတယ် အဲ့ဒါကြောင့် ​မော့ဒ်တစ်ယောက် ထိုဥပဒေကို ပြင်ရမယ် အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့တန်းတူအခွင့်အရေးရှိရမယ်ဆိုပြီး တက်ကြွလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင်ပါဝင်ပါတော့တယ် သူမနဲ့အတူ ဗွိုင်းအိုလက် မစ္စစ်အယ်လင် အမ်မလီ မစ္စစ်ပန်ဟာ့စ် စတဲ့အမျိုးသမီးတွေနဲ့အတူ စစ်ဆင်ရေးတွေကိုဆောင်ရွက်ပါတော့တယ် ဒီဇာတ်ကားလေးဟာ မော့ဒ်ကိုအဓိကဇာတ်ကောင်အနေနဲ့ရိုက်ကူးထားတယ်ဆိုပေမဲ့ ဒီဇာတ်ကားထဲမှာပါတဲ့ အမ်မလီ ဆိုတဲ့ အမျိုးသမီးဟာ အပြင်မှာတကယ်ရှိခဲ့တဲ့ ”Emily Wilding Davison” ဆိုတဲ့ တက်ကြွလှုပ်ရှားသူအမျိုးသမီးကို အခြေခံထားတာပါ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama, Histroy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

6.9 2015 106 mins
Suffragette
Supercop 2

ဒီကားလေးကတော့ ပထမကား Super Cop 1 ရဲ့ အဆက် ဂျက်ကီချန်း နဲ့ မီရှယ်ယို တို့ရဲ့ကားလေးပါပဲ…….. ဒီကားလေးထဲမှာတော့ မီရှယ်ယို က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့ ချစ်သူဟောင်း ရဲအရာရှိက ဘက်ပြောင်းပြီး ရာဇဝတ်သားဖြစ်သွားလို့ အချစ်နဲ့ တာဝန်ကြား ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ ရင်ဆိုင်ဖြေရှင်းရတဲ့ ကားကောင်းလေးတစ်ကားပါပဲ……. အတိုက်အခိုက်တွေ ဟာသတွေ နဲ့ တင်ဆက်နေကျ ဂျက်ကီချန်းကားလေးတွေထဲမှာ ဒီကားလေးကတော့ ဝမ်နည်းလွမ်းဆွတ်စရာလေးတွေပါ ရောယှက်ထားလို့ ကြည့်ကောင်းနေမှာတော့ အသေအချာပါပဲ……. File size…( 890 Mb) Quality….DVDrip 480p Format…mp4 Duration….01:44:00 Genre…Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

0 1993
Supercop 2
Walden
5.7

ဝေါလ်ဒန်ဆိုသူကတော့ တရားရုံးမှာ ကြားနာသမျှအမှုတွေကို လက်ရေးတိုစက်လေးနဲ့ မှတ်တမ်းတင်ရေးမှတ်ရတဲ့ လက်ရေးတိုသမားလေးပေါ့…။ ဒီအလုပ်ကို ၁၄နှစ်လုံးလုံးလုပ်လာခဲ့ပြီး တရားခွင်မှာ ဘယ်လိုပြစ်ဒဏ်တွေပဲ ချမှတ်ချမှတ်၊ တရားခံကပဲလွတ်သွားသွား၊ သူ့တာဝန်က ရေးမှတ်နေဖို့ပါပဲ…။ တကယ်တမ်း အပြစ်ရှိတဲ့သူတွေ ပြစ်ဒဏ်ကျခံရတာလည်းမြင်ရသလို ရက်စက်ပါပေ့ဆိုတဲ့ ရာဇဝတ်သားတွေ ကွင်းလုံးကျွတ်လွတ်သွားတာလည်း မြင်တွေ့ဖူးသူပါ ဒီလိုသာမန်ဘဝကို ဖြတ်သန်းရင်းနဲ့ ဝေါလ်ဒန်ဟာ ဦးနှောက် အကျိတ်ဝေဒနာကိုခံစားရပြီး သေဆုံးရမယ့်ရက်ကိုနီးလာခဲ့ပါတယ်…။ ဘဝမှာ လက်ရေးတိုရေးတာကိုသာ စွဲစွဲမြဲမြဲလုပ်ခဲ့ပြီး အခြားဘာတစ်ခုမှ ထူးထူးခြားခြားမလုပ်ဖူးခဲ့တဲ့ ဝေါလ်ဒန်တစ်ယောက် သေခါနီးပြီဆိုတာ သိလိုက်တော့ အသစ်အဆန်းတစ်ခုကို လက်တည့်စမ်းမိသွားပါတယ်…။ အဲ့ဒါကတော့ ရာဇဝတ်သားတွေကို သူတို့ပြစ်မှုအတိုင်းခံစားရအောင် တိတ်တဆိတ်လက်တုန့်ပြန်တာပါပဲ…။ သေခါနီးလူတစ်ယောက်မို့ ဘာမှကြောက်စရာမရှိတဲ့ ဝေါလ်ဒန်ဟာ တရားခွင်ကလွတ်သွားတဲ့ရာဇဝတ်သားတွေကို ဘယ်လိုပြစ်ဒဏ်တွေ လိုက်ပေးမလဲဆိုတာကိုမြင်တွေ့ရမယ့် Thrillerကားလေးတစ်ကားဖြစ်ပါတယ် File size…1.31 GB / 613 MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.7 2023
Walden
The Prequel of Gold Convoyers 3: Confidence of Banking Stockroom
It Could Happen to You
6.4

IMDb-6.4 ~ Rt-71% ဒီရုပ်ရှင်ကားကတော့ 1984 ခုနှစ်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ကျောရိုးယူထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ မင်းသားကြီး Nicolas Cage နဲ့ မင်းသမီး Bridget Fonda တို့ ပါဝင်သရုပ်ဆောင်ထားပြီး old but gold ရုပ်ရှင်ကားကောင်းလေးတစ်ကားလို့ပြောရမှာပါ။ ဇာတ်လမ်းအကျဉ်း‌ကတော့ ရဲအရာရှိ ချာလီ လန်း (Nicolas Cage) ဟာ မျူရီရယ် လန်း (Rosie Perez) ကိုလက်ထပ်ပြီး အိမ်ထောင်ဦးစီးကောင်းတစ်ယောက်အနေနဲ့ရော တာပွန်ကျေပွန်တဲ့ ‌ရဲအရာရှိတစ်ယောက်အနေနဲ့ပါ နယူးယော့ခ်မြို့ ကွင်းစ်မှာနေထိုင်နေပါတယ်။ မိန်းမဖြစ်သူ မျူရီရယ် ကတော့ သာမာန်ဘဝကိုတင် မကျေနပ်နိုင်ပဲ ပိုကောင်းတဲ့နေရာမှာနေချင်သူတစ်ယောက်ပါ။ ဒါကြောင့်လည်း ချာလီဘာပဲလုပ်လုပ် အမြဲမကျေနပ်နိုင်ဘဲ လင်မယားနှစ်ယောက်ကြား အမြဲတကျက်ကျက်ဖြစ်နေရပါတယ်။ အီဗွန်း ဘီရာဆီ (Bridget Fonda) ကတော့ သာမာန်စာပွဲထိုးမလေးဖြစ်ပြီး ‌ယောင်္ကျားဖြစ်သူ အက်ဒီက သူ့ဘဏ်ကတ်ထဲက ပိုက်ဆံတွေကို အကုန်ထုတ်သုံးလိုက်လို့ အကြွေးများစွာတင်ပြီး ဒေဝါလီခံထားရသူပါ။ တစ်နေ့မှာ အိပ်မက်တစ်ခုကြောင့် မျူရီရယ်က ချာလီကို ထီလက်မှတ်ဝယ်ခိုင်းခဲ့ပြီးအပြန်မှာ ချာလီတစ်ယောက် အီဗွန်းအလုပ်လုပ်နေတဲ့ စားသောက်ဆိုင်မှာကော်ဖီဝင်သောက်ခဲ့ပါတယ်။ အီဗွန်းရဲ့ အခြေအနေကိုရိပ်စားမိသွားတာကြောင့် တာဝန်သိရဲတစ်ယောက်အနေနဲ့ ဘောက်ဆူးပေးဖို့လုပ်ရင်းကနေ ပိုက်ဆံအပိုမပါတော့လို့ ထီပေါက်ခဲ့ရင် ပေါက်တဲ့ငွေကို တစ်ဝက်ခွဲပေးမယ်ဆိုတဲ့ ကတိပေးပြီး ပြန်လာခဲ့လိုက်ပါတော့တယ်။ နောက်ရက်မှာတော့ ချာလီဝယ်လာခဲ့တဲ့ ထီစာရွက်ကနေ ဒေါ်လာ (၄)သန်းတန် ထီဆုကြီးပေါက်သွားခဲ့ပြီး သူပေးခဲ့တဲ့ ကတိကိုတည်ဖို့ လုပ်တဲ့အခါမှာ ချာလီ၊ မျူရီရယ်နဲ့ အီဗွန်းတို့ရဲ့ ဘဝတွေ ဘယ်လိုပြောင်းလဲသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… 1.1 GB / 694 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 41m Genre ….. Comedy/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT

Drama • Science Fiction • Adventure • Action
6.4 1994
It Could Happen to You
Chicago

IMDb – 7.2 Rt – 86% အော်စကာဆု (၆) ဆု၊ ရွှေကမ္ဘာလုံးဆု၊ BAFTA ဆုတွေအပြင် တခြားဆု ပေါင်း(၅၉) ဆုအထိရရှိထားပြီး nomination များစွာလည်း ဝင်ထားတဲ့ musical comedy ရုပ်ရှင်ကားကောင်း တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 1975 ခုနှစ်ထွက် ဘရော့ဝေးပြဇာတ် Chicago ကို ရိုက်ကူးထားတာဖြစ်ပြီး 1920 ခုနှစ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ညီမဖြစ်သူ ဗရော်နီကာနဲ့ ယောင်္ကျားဖြစ်သူတို့နှစ်ယောက်ကို အိပ်ရာပေါ်မှာအတူတွေ့ရလို့ နှစ်လောင်းပြိုင် လက်စသတ်ပေးလိုက်တဲ့ ရှိုးသမလေး ‌ဗယ်မာ ကယ်လီ။ ငယ်စဉ်ကတည်းက အိပ်မက်မက်ခဲ့ရတဲ့ စတိတ်စင်ပေါ်မှာဖျော်ဖြေရဖို့ဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်ရင်း လူလိမ်ကောင် ဖရက်ရဲ့အမြတ်ထုတ်တာကို ခံလိုက်ရတဲ့ အိမ်ထောင်သည်မလေး ရော့စီ ဟတ်။ သူတို့နှစ်ယောက်လုံး ကွတ်ခ်ကောင်တီထောင်ရဲ့ လူသတ်သမားအဆောင်မှာတွေ့ခဲ့ကြပြီး ထောင်မှူး မားမား မော်တွန်ရဲ့ချိတ်ဆက်ပေးမှုကြောင့် တခါမှအရှုံးမရှိသေးတဲ့ ရှေ့နေ ဘီလီ ဖလင်းနဲ့ ‌သိခဲ့ကြပါတယ်။ ဒေါ်လာ ၅၀၀၀ ပေးရင် ယေရှု ကိုတောင်လွတ်အောင်လုပ်ပေးနိုင်တယ်လို့ပြောတဲ့ ရှေ့နေ ဖလင်းတစ်ယောက် သူ့အပြောတွေအတိုင်း တကယ်ဖြစ်လာမှာလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(2.8 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Comedy, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2002
Chicago