YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Witness (2018) Blu-ray 720p (CM).mp4

770.75 MB 720p video/mp4 218 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Naan Mirugamaai Maara

အခုတစ်ခါမှာတော့ IMDb 5.8 အထိရရှိထားတဲ့ Action-Thriller တမီလ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ ဘွန်မီနာသန်ဆိုတဲ့လူဟာ သူ့ဘဝကို အေးအေးဆေးဆေးဖြတ်သန်းနေခဲ့ပြီး မိသားစုကိုသိတတ်တဲ့ လူတစ်ယောက်လည်း ဖြစ်ပါသေးတယ်။ သို့ပေမယ့် သူ့ညီလေးအသတ်ခံလိုက်ရတဲ့အချိန်မှာတော့ ဒါတွေအားလုံးဟာ သူ့အတွက် မှေးမှိန်သွားခဲ့ပါတယ်။ ဆုံးသွားတဲ့ညီဖြစ်သူ တရားမျှတမှုရရှိရေးအတွက် အပတ်တကုတ်ကြိုးစားခဲ့ပေမယ့် တရားဥပဒေရဲ့လျှော့ကြိုးတွေကို သူ အယုံအကြည်မရှိခဲ့ပါဘူး။ ဒီလိုနဲ့ သူကိုယ်တိုင်ပဲ ညီဖြစ်သူတရားမျှတမှုရရှိရေးအတွက် ကလဲ့စားချေဖို့ထွက်လာခဲ့တဲ့အခါ သူ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ...။ အောင်မြင်နိုင်ပါ့မလား..။ သူ့မိသားစုအပေါ် ဘယ်လိုအကျိုးသက်ရောက်လာမလဲဆိုတာကိုတော့ ဆက်လက်ရှုစားပေးကြပါဦးနော်...။ File size…1.83GB / 778MB Quality… 1080p WEB DL / 720p Format…mp4 Duration….2h 8min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Taylor ~ Yunni

Action • Thriller
0 2022 128 mins
Naan Mirugamaai Maara
Ditto
5.8

လက်ရှိကြောင့်ပဲ အတိတ်ကပြောင်းလဲသွားတာလား၊ အတိတ်ကြောင့်ပဲ လက်ရှိဖြစ်လာသလား" အချိန်တွေကို ကျော်လွန်ပြီး အချိန်ခရီးသွားတယ်ဆိုတာကို စိတ်ကူးယဉ်ဖူးတဲ့သူတွေအတွက်ကတော့ တကယ်ကို စိတ်ကူးယဉ်လို့ကောင်းမယ့် လွမ်းဆွတ်စရာဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ၂၀၀၀ ခုနှစ်က ထွက်ခဲ့တဲ့ Ditto ကို ပြန်ရိုက်ကူးထားတယ်ဆိုပေမဲ့ ဒါရိုက်တာတွေရဲ့ ပုံဖော်မှုမှာတော့ တစ်ခုနဲ့တစ်ခုမတူအောင် ပြသွားတာတွေကို ခံစားရမှာပါ စကားပြောစက်ကနေစခဲ့တဲ့ ဇာတ်လမ်းကတော့ ၁၉၉၉ ခုနှစ်က ဂင်ယုံး နဲ့ ၂၀၂၂ ခုနှစ်မှာရှိနေတဲ့ ကျောင်းသူမူနီးတို့က အချင်းချင်းဆက်သွယ်ကြရင်း ဆန်းကြယ်မှုတွေကို ကိုယ်တိုင်ကြုံတွေ့ရပါတော့တယ် စကားပြောစက်ကနေပဲ သူငယ်ချင်းဖြစ်လာတဲ့ သူတို့နှစ်ယောက်ဟာ အချစ်ရေးအချစ်ရာတွေ အိပ်မက်အကြောင်းတွေ တိုင်ပင်ကြရင်းနဲ့ အတိတ်ဆိုတာကို ပြောင်းလဲပစ်လို့မရဘူးဆိုတာကို သိလာတဲ့အခါမှာတော့ ဘဝတွေ တစ်ဆစ်ချိုးခဲ့ပါပြီ... Cast တွေအနေနဲ့ကတော့ ပြောစရာမလိုအောင် ကောင်းပြီးသား၊ အကုန်လုံးကလည်း မျှော်နေကြတဲ့ ဇာတ်လမ်းလေးဆိုတော့ ခံစားကြည့်လိုက်ကြပါဦးနော် အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Drama, Fantasy, Romance Quality…. 1080p | 720p | 480p File size… 1.7GB | 767MB | 382MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... August

Adventure • Comedy • Family
5.8 2022 114 mins
Ditto
The Iceman
6.5

လူပေါင်း (၁၀၀) လောက်ကို သတ်ခဲ့တဲ့သူဆိုတာ လူဆိုးကြီးတစ်ယောက်ဖြစ်မယ်ဆိုတာ လူတိုင်း အလွယ် တကူ သိနိုင်ပါတယ်။ ဒီလို လူအကြောင်းကို ဇာတ်လမ်းရိုက်ပြတော့ သတ်တာဖြတ်တာ၊ မကောင်းတာတွေပဲ ဆို ရင်တော့ မှားသွားနိုင်ပါတယ်။ ဘာကိုမှ မကြောက်မရွံ့ သွေးအေးအေးနဲ့ လူသတ်တတ်လို့ ရေခဲလူသား (Iceman) လို့ အမည်ပေးခံထားရ တဲ့ ကူကလင်စကီးဟာ ပြင်ပလောကမှာ တကယ်ရှိခဲ့တဲ့ ကြေးစားလူသတ်သမား ဖြစ်ပါ တယ်။ မာဖီးယားဂိုဏ်းတွေအတွက် အခကြေးငွေနဲ့ ရက်ရက်စက်စက်သတ်တဲ့လူဆိုးကြီးဟာ တစ်ဖက်မှာတော့ ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်၊ မိသားစုကို တန်ဖိုးထားအလေးပေးသူ၊ ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် ကလေး တွေနဲ့ မိန်းကလေးတွေကို လုံးဝမသတ်သူ စတဲ့ဂုဏ်ပုဒ်တွေနဲ့ ပိုင်ဆိုင်ထားပါသေးတယ်။ လောကဓံနဲ့ အကြင်နာမဲ့ တဲ့ လူကြီးတချို့ကြောင့် ဒီလိုကြေးစားလူသတ်သမားဘဝကို ကူကလင်စကီး ရောက်သွားရပုံ၊ သူ့ဘဝ အနိမ့်အမြင့် ဖြစ်ပျက်ပုံတွေ၊ ဇာတ်သိမ်းပုံတွေကို ကြမ်းကြမ်းရမ်းရမ်းရော၊ နုနုရွရွရော ပေါင်းစပ်ထားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Michael Shannon နဲ့ Chris Evans တို့ ဦးဆောင်ပါဝင်တဲ့ဇာတ်ကား ဖြစ်လို့ မကောင်းမှာတော့ မပူပါနဲ့ဗျာ။ File Size :(1.8GB)(621MB) and (224MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:54:00 Genre : Crime , Drama , Biography Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo (Kop) Encoded by Phyo Pyae

Drama • Thriller
6.5 2012 105 mins
The Iceman
The Perfect Storm
6.4

2012တို့ The Finest Hoursတို့လို disaster moviesကြိုက်တတ်သူတွေအတွက် ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ The Perfect Storm ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်… Best Special Visual Effectsဆုရထားတာမလို့ ကားဟောင်းကြီးဆိုပြီး CGI ဂွမ်းမှာလည်း မပူရပါဘူး သရုပ်ဆောင်တွေကတော့ Oceanမင်းသားကြီး George Clooneyနဲ့ The Italian Jobမင်းသား Mark Wahlbergတို့ဖြစ်ပြီး directorကတော့ Air Force One, Poseidenတို့ကိုရိုက်ကူးခဲ့သူ Wolfgang Petersonပဲ ဖြစ်ပါတယ်… ဇာတ်လမ်းအကျဥ်း ကပ္ပတိန်ဘီလီတိုင်နဲ့ တံငါသည်၅ယောက်တို့ဟာ အန်ဒရီရာဂေးလ်ဆိုတဲ့ ငါးဖမ်းလှေနဲ့ ပင်လယ်ထဲကိုငါးဖမ်းထွက်လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင်တော့ နှစ်၁၀၀မှာ ၁ခါဖြစ်ခဲလှတဲ့ မုန်တိုင်းကြီးတစ်ခုနဲ့ ပက်ပင်းတိုးပါတော့တယ်.. ရိုးရိုးမုန်တိုင်းမဟုတ်ဘဲ The Perfect Storm လို့ခေါ်ရလောက်အောင် ဘာတွေကများထူးခြားနေလို့လဲ… ဒီမုန်တိုင်းကြီးထဲကနေ သူတို့တွေလွတ်မြောက်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦး File size…(2.83GBGB)  / (`1.54GB)  Quality…. Web 1080P / 720p  Format…mp4 Duration….02:10:00 Genre...  Drama /Action / Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ei Thwal

Action • Horror • Mystery • Thriller
6.4 2000 130 mins
The Perfect Storm
DOA: Dead or Alive
5.2

၂၀၀၆ခုနှစ် အင်တာနက်တွေ သိပ်ခေတ်မထခင်တည်းက ကျွန်တော်တို့ စီဒီတွေ ဒီဗီဒီခွေတွေနဲ့ ကြည့်ခဲ့တဲ့ရတဲ့ ဖိုက်တာဇာတ်လမ်းလေးပါပဲ. အတော်များများလဲ မှတ်မိကြမယ်ထင်ပါတယ်.. မင်းသမီးဖိုက်တာဆိုတာ ဒါမျိုးလို့ဆိုရလောက်အောင် အသေဖိုက် အသေလန်းခဲ့တာပေါ့ဗျာ... ဒီကားထဲမှာ မင်းသမီးကို ရဲတွေဝင်ဖမ်းတော့ ပင်တီဝတ်ပြရင်း လျှပ်တပြက်ဖိုက်ပြလိုက်တာ နောက်ဆုံး သေနတ်နဲ့ပေါင်ကြားချိန်ပြီး ဘော်လီဇစ်တပ်ခိုင်းလိုက်တဲ့ အက်ရှင်ခန်းဆို မျက်လုံးထဲက မထွက်တော့တာမျိုးပေါ့။ ဇာတ်လမ်းအကျဉ်းကတော့.. တကမ္ဘာလုံးက အတော်ဆုံးကိုယ်ခံပညာရှင်တွေကို DOAလို့အမည်ရတဲ့ သိုင်းပြိုင်ပွဲတခုကနေ ဖိတ်ခေါ်ခဲ့ပါတယ်. တကမ္ဘာလုံးကို ကိုယ်ခံပညာရှင်ပေါင်းစုံကလဲ ဒီပြိုင်ပွဲကို စိတ်ဝင်စားကြတယ်. အဲ့ဒီတော့ လာရောက် ယှဉ်ပြိုင်ကြတာပေါ့. ဒါပေမယ့် အဲ့ဒီပြိုင်ပွဲရဲ့ မူမမှန်မှုတွေကိုတော့ လာရောက်ယှဉ်ပြိုင်တဲ့ထဲက အချောအလှဖိုက်တာမလေး လေးယောက်က သတိထားမိပြီး ဖော်ထုတ်လိုက်တဲ့အခါမှာတော့...........။ File size…(2.1 GB)/(950 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:27:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Blake

Comedy • Drama • Romance
5.2 2006 87 mins
DOA: Dead or Alive
Mortal Kombat Legends: Battle of the Realms
7.7

Mortal Kombat Fan​တွေ ​စောင့်​မျှော်​နေတဲ့ Animation​ကားလေးထွက်ရှိလာပါပြီ၊ ဒီဇာတ်ကားက ယမန်နှစ်ကထွက်ထားတဲ့ Mortal Kombat Legends: Scorpion's Revengeရဲ့ အဆက်ဇာတ်လမ်းဖြစ်ပါတယ်။ မရင်းနှီး​သေးတဲ့သူ​တွေအတွက် Mortal Kombatပြိုင်ပွဲအ​ကြောင်း အကျဥ်းချုပ်​ပြောရရင် Realms​ခြောက်ခုထဲက ကြီးနိုင်ငယ် ညှင်းသိမ်းပိုက်မှု​တွေကို ကာကွယ်ဖို့ Universeရဲ့ Elder Gods​တွေက​နေ စီစဥ်​ပေးတဲ့ပြိုင်ပွဲဖြစ်ပါတယ်၊ ပြိုင်ပွဲကို တစ်နှစ်တစ်ကြိမ်ကျင်းပပြီး ၁၀နှစ်ဆက်တိုက်အနိုင်ရရှိတဲ့ Realmက တခြားကမ္ဘာတစ်ခုကို အပြီးတိုင်သိမ်းပိုက်ခွင့်ရမှာပါ၊ Scorpion' Revengeမှာ​တော့ ၉ကြိမ်အထိ Outworld realm က အနိုင်ရပြီးမှ လူခန်းတို့အုပ်စု​ကြောင့် Earth Realmဘက်က ပြန်အနိုင်ရပြီး ကံ​ကောင်းခဲ့တာပါ၊ Scorpion's Revengeအပြီးမှာ Outworld Realmကို အနိုင်ရခဲ့တဲ့ လူခန်း၊ ​ရေဒင်၊ ဂျွန်နီ​​​ကေ့ဂျ်နဲ့ ဆွန်ညာဘလိတ်တို့က ​နောက်တစ်နှစ် ပြည့်သွားပြီဖြစ်တာ​​ကြောင့် Outworldစစ်တပ်​တွေ Earth​ပေါ် ကျူး​​ကျော်လာတာကို ထပ်မံရင်ဆိုင်ရပြန်ပါပြီ၊ ဒီတစ်ခါမှာ​တော့ Outworldရဲ့သခင်​ရှောင်ခမ်းက Earth realmနဲ့ လူခန်းတို့အုပ်စုကို ​နောက်ဆုံးပြိုင်ပွဲ (Final Mortal Kombat) အဖြစ်ယှဥ်ပြိုင်ပြီး ဘယ်သူပိုင်ဆိုင်သင့်လဲဆိုတာကို ဆုံးဖြတ်ကြမယ်လို့ ကမ်းလှမ်းလာပါတယ်၊ ဒီကမ်းလှမ်းချက်ကို လူခန်းနဲ့​ရေဒင်တို့ တ​တွေ လက်ခံလိုက်မလား၊ တစ်ဖက်မှာလည်း Nether Realmရဲ့သခင် Shinnokဆီမှာ အသက်ဝိဉာဉ်​ပေးထားရတဲ့ Scorpionတစ်​ယောက် Shinnokရဲ့ ​စေခိုင်းချက်​တွေကို လိုက်​ပေးဦးမှာလား၊ ငရဲသခင် Shinnokရဲ့ ​နောက်ကွယ်က တကယ့်အကြံအစည်က ဘာဖြစ်မလဲ၊ Earth Realmတစ်ခုတည်းအပြင် တခြား Realm​တွေ​​ရော အ​န္တရာယ်ကင်းပါ့မလား စသဖြင့် ​မေးခွန်း​ပေါင်းများစွာနဲ့အတူ ကြည့်ရှုရမှာပါ Mortal Kombat ဇာတ်ကားတို့ရဲ့ထုံးစံအတိုင်း တိုက်ခိုက်ခန်း၊ သတ်ဖြတ်ခန်း​တွေကို ​သွေးသံရဲရဲနဲ့ အပီအပြင်ပြထားသလို ဒီဇာတ်ကားမှာဆိုရင် Game​တွေထဲက Bone broken effect​တွေပါ ပါလာလို့ ပိုပြီးသ​ဘောကျမိပါတယ်၊ Animationဆို​ပေမယ့် R-ratedဖြစ်​ကြောင်း ​ပြောပါရ​စေ၊ Mortal Kombat Hardcore​တွေအတွက်​တော့ ဒီ Animationကကြည့်ရတာတန်တဲ့ ဇာတ်ကားဖြစ်မှာ အ​သေအချာပါပဲ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကိုရေးသားပေးသူကတော့ JimX ပဲဖြစ်ပြီ၊ ဘာသာပြန်ရေးသားပေးသူများကတော့ JimX, Chit Tee တို့ပဲ ဖြစ်ပါတယ်။) Quality – 1080p, 720p, 360p Web-DL Duration - 1h 30min Subtitle – Myanmar Hardsub Format – Mp4 Genre : Animation, Action, Adventure Source : 1080p.Web-DL Translator – JimX, Chit Tee Encoder – SWM

Action & Adventure • Drama
7.7 2021 80 mins
Mortal Kombat Legends: Battle of the Realms
Yahoo+

ဒီတစ်ခါမှာတော့ Thriller movie လေးတစ်ခုဖြစ်တဲ့ Yahoo+ ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ဆင်းရဲတဲ့နိုင်ငံကနေ ရုန်းထွက်‌နိုင်အောင်ကြိုးစားကြတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် Yahoo ဆိုတာ internet scam လုပ်တာဖြစ်ပြီးတော့ Yahoo+ ဆိုတာကတော့ ပိုဆိုးတဲ့ ပုံစံပေါ့ ဒီဇာတ်ကားလေးမှာတော့ ဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်နိုင်ဖြစ်နေတဲ့ အဘာချာနဲ့ အိုစီဆိုတဲ့ ကောင်လေးနှစ်ယောက်ဟာ ဟောင်ကောင်က အသိနဲ့ Yahoo+ ဆိုတာကြီးကို ဘာမှ မသိဘဲ စလုပ်ကြပါတော့တယ် သူတို့တာဝန်ကတော့ ပြည့်တန်ဆာနှစ်ယောက်ခေါ်ပြီး အိပ်ဆေးခတ်ဖို့ပဲဖြစ်ပါတယ် ဒါပေမဲ့ သူတို့ခေါ်လိုက်တဲ့ ပြည့်တန်ဆာနှစ်ယောက်ထဲမှာ တစ်ယောက်က အဘာချာရဲ့ ကောင်မလေးဖြစ်နေပါတော့တယ် ဒီလိုနဲ့ အဘာချာ တစ်‌ယောက် နောက်ပြန်လှည့်လို့မရတဲ့အခြေအနေမှာ ဆက်လည်းမလုပ်ချင်ဖြစ်နေပါတော့တယ် သူတို့လုပ်မယ့် Yahoo+ ဆိုတာကရော တကယ်က ဘာများဖြစ်မလဲ အဘာချာ တစ်ယောက်ရော ဘယ်လိုတွေ ဆက်လုပ်သွားမှာလဲဆိုတာကိုတော့ ကြည့်ရှူလိုက်ကြပါဦးခင်ဗျာ File size…(897 Mb)/(405 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

Adventure • Fantasy • Romance
0 2022 84 mins
Yahoo+
Nunchucks
5.6

ဒီတစ်ခေါက်မှာတော့ CM က အတိုက်အခိုက်ကြိုက်တဲ့ ဖန်တွေအတွက် နမ်ချပ်ကူ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းက ဇာတ်ညွှန်းရေးရင်း ကိုယ်ပိုင်ဘဝပျောက်သွားတဲ့ လူတစ်ယောက်အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပေါ့… တုန်းဖန်ကျယ်ဆိုတဲ့လူဟာ ငယ်စဉ်တည်းက လီရှောင်လုံကို သဘောကျခဲ့ပြီးတော့ အနုပညာလောကထဲ ကျင်လည်နေခဲ့သူတစ်ယောက်ပေါ့… ဒါကြောင့်လည်း သူ့သားကိုတောင် လုံရှင်းလို့ နာမည်ပေးခဲ့တာ… ဒီလိုနဲ့ သူက လီရှောင်လုံရဲ့ ဘဝနဲ့ စိတ်ဓာတ်ကို လက်ဆင့်ကမ်းပေးဖို့ ကြိုးစားရင်းနဲ့ နမ်ချပ်ကူ ဇာတ်ညွှန်းကို ရေးရင်း ဇာတ်ညွှန်းရေးရအဆင်မပြေခဲ့တဲ့အတွက် တောထဲထွက်သွားခဲ့တယ်… နောက်ဆုံးမှာ မိန်းမလည်းထွက်ပြေး ကလေးလည်း တောထဲ ပျောက်သွားခဲ့ရတယ်… ဒီလိုနဲ့ ကလေးပျောက်လိုက်ရှာရင်းနဲ့ တောလည်ခဲ့ရတယ်… ကဲ ကလေးကို ပြန်ရှာတွေ့မှာလား… နောက်ပြီး သူ့ဇာတ်ညွှန်းကရော ဘာဖြစ်လာမှာလဲ… ထုံးစံအတိုင်း ဇာတ်လမ်းလေးကတစ်ဆင့် အဖြေရှာကြည့်တာပေါ့…

5.6 2012
Nunchucks
Love at first bite (aka) Dragoste Pe Muchie De Cutit
5.2

ပိုလန်တာဟင်းဆိုတာက ​ပြောင်းဂျုံကို ထောပတ် ချိစ်စတာတွေနဲ့ရောချက်ရပြီး ကြက်ဥနှစ်လိုအရောင် ပြောင်းဖူးလိုအရသာမျိုးရှိတဲ့ အီတလီအစားအစာတစ်မျိုးပါ။ ဒီရိုမေးနီယားဇာတ်ကားထဲမှာတော့ ပိုလန်တာကို ဝက်ဝံရုပ်မိုနဲ့ ပုံဖော်ပြီးတည်ခင်းတာမို့လို့ ဝက်ဝံပိုလန်တာအချိုပွဲလို့ခေါ်ပါတယ် ။ တစ်ကားလုံးက ဒီပိုလန်တာအစားအစာကိုဇာတ်အိမ်တည်ထားတာပါ ။ တစ်မြို့လုံးရဲ့အထင်ကရ အတော်ဆုံးစားဖိုမှူးဖြစ်တဲ့ အဖွားအိုမာသာမာရာမှာ ဒူကူဆိုတဲ့မြေးတစ်ယောက်ရှိတယ်။ ဒူကူက ငယ်ဘဝမှာ မိသားစုရဲ့ပြိုင်ဘက်စားဖိုမှူးကက်ပါကိုမိသားစုကမြေးမလေးမာရီနာကို ချစ်ကျွမ်းဝင်ခဲ့တယ်။ ဒါပေမဲ့ မိသားစုရန်ငြှိုးကြောင့် ဒူကူက မာရီနာကိုလက်လွှတ်ခဲ့ရပါတယ် ။ ဒါပေမဲ့ မာသာမာရာက ​မြေးဒူကူရဲ့ခံစားချက်ကိုဂရုမစိုက်ခဲ့ပါဘူး ။ ဒါကြောင့်ပဲဒူကူက ပိုပြီးနာကျည်းလာရင်း မာသာမာရာနဲ့ဆန့်ကျင်ဘက်တွေလုပ်ခဲ့တယ် ။ ဆယ်စုနှစ် နှစ်ခုစာကြာခဲ့ပြီး ဒူကူကအချစ်ဦးမာရီနာနဲ့အမှတ်မထင် ပြန်ဆုံတွေ့လာတဲ့အခါမှာတော့… File size…(1.4 GB)/(760 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

Horror
5.2 2023
Love at first bite (aka) Dragoste Pe Muchie De Cutit
Martínez
6.1

Martinez (2023) Genre – Drama, Comedy IMDb – 6.1/10 ——————————————— ချီလီလူမျိုး Marinezက အနှစ်၄၀လုံးကိုMexicoမှာပဲ နေထိုင်ခဲ့ပြီးသူ့ရဲ့ဘဝကိုအလုပ်အပေါ်မှာပဲမြှုပ်နှံထားခဲ့ပါတယ်။ ဒီလိုနဲ့အသက်၆၀ဖြစ်လာတဲ့အခါမှာတော့ အလုပ်ကနေအနားယူဖို့အတွက် တွန်းအားပေးခံလာရပါတယ်။ တနေ့မှာတော့ သူ့ရဲ့အိမ်နီးချင်းကရုတ်တရပ်သေဆုံးသွားခဲ့ပါတယ်။ သူအလုပ်လုပ်တဲ့ရုံးမှာလည်း သူ့နေရာမှာအစားထိုးလုပ်မယ့် ဝန်ထမ်းတယောက်ရောက်လာပါတော့တယ်။ ဒီဖြစ်ရပ်၂ခုကနေ သူ့ဘဝဘယ်လိုစတင်ပြောင်းလဲလာမှာလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အသက်(၆၀)အရွယ်တယောက်ထဲနေတဲ့ဂွကျကျလူတယောက်ရဲ့ဘဝကို ပီပြင်စွာသရုပ်ဆောင်ထားတဲ့အတွက် Dramaအမျိုးအစားဆိုတဲ့အတိုင်း ကြည့်ရှုသူကစိတ်ခံစားချက်တမျိုးတဖုံခံစားရစေနိုင်တဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်

Science Fiction • Horror • Thriller
6.1 2023 83 mins
Martínez
They Wait
5.4

They Wait (2007) IMDb Rating (5.4) / Rotten Tomatoes (40%) တစ္ဆေများလဆိုရင် အာရှသားတွေတင်သာမက အနောက်တိုင်းသားတွေပါ ရင်းနှီးကြတဲ့ ရိုးရာပွဲတော်တစ်ခုပါ။ သူနဲ့ပတ်သက်တဲ့ ရာဇဝင်တွေ၊ ပါးစပ်ပြောဇာတ်လမ်းတွေ ကိုယ်တွေ့ခြောက်ခြားစရာအဖြစ်အပျက်တွေလည်းအများကြီးရှိနေခဲ့ပြီး ကိုယ်တိုင်ကြုံဖူးတဲ့သူတွေလည်းရှိကြပါလိမ့်မယ်။ဒီဇာတ်ကားကတော့ အဲ့ဒီနာမည်ကျော်တစ္ဆေများလကိုပဲ အခြေခံထားတာပါ။ ဆာရာနဲ့ဂျေဆင်တို့ဟာ ရှန်ဟိုင်းမှာနေထိုင်ကြတဲ့ ဇနီးမောင်နှံနှစ်ဦးဖြစ်ပြီး ဂျေဆင် ဦးလေးဖြစ်သူရဲ့ဈာပနအတွက်ဗန်ကူးဗားကို ခဏပြန်လာကြပါတယ်။ သူတို့ဦးလေးရဲ့ နေအိမ်ဟာ တစ်ချိန်က အလုပ်ရုံဟောင်းကြီးတစ်ခုဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ ပိတ်သိမ်းထားခဲ့တာကြာပါပြီ။ သူတို့ရောက်ရှိချိန်ဟာ တစ္ဆေများလနဲ့တိုက်ဆိုင်နေပြီး သူတို့ရဲ့သားဖြစ်သူ ဆမ်မီကလည်း ဗန်ကူးဗားကိုစရောက်ကတည်းက တစ္ဆေတွေကိုဟိုတစ်စဒီတစ်စမြင်နေခဲ့ရပါတယ်။ အဲ့ဒီအိမ်ကိုကြီးကိုစရောက်ကတည်းက စိတ်မလုံခြုံသလို ကျောချမ်းသလိုခံစား ချက်တွေအပြင် သွေးပျက်ချောက်ချားစရာအာရုံတွေကိုပါ ခံစားလာမိတဲ့ ဆာရာဟာ သူတို့သားဖြစ်သူ ဆမ်မီလေး ဘာအကြောင်းမှမရှိပဲ သတိလစ်မေ့မျောပြီးဆေးရုံ တင်လိုက်ရချိန်မှာတော့ အဲ့ဒီဖြစ်ရပ်တွေရဲ့အဖြေကိုမဖြစ်မနေရှာဖွေရပါတော့တယ်။ သူတို့ကိုအခြေအနေကို အနီးကပ်စောင့်ကြည့်နေခဲ့တဲ့ တရုတ်လူမျိုးအဘိုးကြီးရဲ့ အဆိုအရတော့ ဆမ်မီလေးကို အဲ့ဒီအိမ်ကြီးထဲမှာရှိတဲ့ အငြိုးအတေးတွေနဲ့ ဝိဉာဉ်တစ်ခုက ဖမ်းစားထားတာဖြစ်ပြီး ကလေးကိုကယ်တင်ဖို့ တစ္ဆေပွဲတော်မပြီးခင် အာရုံတက်အထိပဲ အချိန်ရတော့တယ်ဆိုတာပါပဲ။ အာရှသားတွေရဲ့အယူအဆအပေါ်မှာ အခြေတည်ထားရုံတင်မက အာရှဟော်ရာကားအတော်များများရဲ့ချဉ်းကပ်ပုံနဲ့ပဲသွားထားတဲ့ အနောက်တိုင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်နဲ့တင်ဆက်ပုံစိတ်ဝင်စားစရာကောင်းသလိုမြုပ်ကွက်တွေ Jumpscare တွေကိုအံဝင်ခွင်ကျသုံးထားတာတွေလည်းမိုက်ပါတယ်။ Horror ပရိသတ်တွေအတွက် Old but gold တစ်ကားဖြစ်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.8 GB) / (730 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Mystery,Thriller Duration….01:26:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

5.4 2007 89 mins
They Wait
Scooby-Doo! Pirates Ahoy!
Moana 2
7

Moana 2 (2024) IMDb Rating (7.0) / Rotten Tomatoes (61%) မိုအာနာ ဒုတိယရုပ်ရှင်ကို ကြည်တောက်ရှင်း 4K နဲ့ပါ တင်ထားပေးပါတယ်။ 4K ကိုတော့ CM App မှာ ကြည့်ပါ။ Auli’i Cravalho က မိုအာနာအဖြစ် နဲ့ Dwayne “The Rock” Johnson ကပဲ မာဝီအဖြစ် ပြန်ပါဝင်ထားပါတယ်။ မိုအာနာအရင်ကားရဲ့ ထူးခြားချက်အတိုင်းပဲ သီချင်းလှလှတွေ စွန့်စားခန်းကောင်းကောင်းတွေနဲ့ ခံစားရမှာပါပဲ။ ဇာတ်လမ်းအကျဉ်း မိုအာနာတစ်ယောက် ကြီးပြင်းလာချိန်မှာ ဘိုးဘေးတွေရဲ့ ဆင့်ခေါ်မှုကြောင့် ပင်လယ်ပြင်ကြီးထဲကို စွန့်စားခန်းထွက်ဖို့ ဖြစ်လာပါတယ်။ ဒါကတော့ ကျွန်းအားလုံးအတွက် အန္တရာယ်ဖြစ်လာစေနိုင်တဲ့ နတ်ဘုရားတစ်ပါးရဲ့ ကျိန်စာကို မရောက်ဖူးတဲ့ ပင်လယ်ပြင်အဆုံးစွန်ထိသွားပြီး ချေဖျက်ရမှာဖြစ်ပါတယ်။ ဒီတစ်ခါစွန့်စားခန်းကတော့ အရင်ထက် ပိုခက်ခဲနေသလို အနည်းငယ် ရင့်ကျက်လာတဲ့ ခေါင်းဆောင်ဖြစ်လာတဲ့ မိုအာနာတစ်ယောက်လည်း ချိန်ဆစရာတွေ များလာပါတယ်။ ဒါပေမဲ့ အရင်ခရီးစဉ်လိုမဟုတ်ဘဲ လှေထိုးသား တစ်သိုက်နဲ့ ကြက်ကလေး ဝက်ကလေးတွေအပါ စွန့်စားခန်းဖွင့်လာရပြီး မာဝီနဲ့ အတူ ဘယ်လိုတွေ ခရီးဆက်ကြမလဲဆိုတာ ကြည့်ရမှာပါ။ (အညွှန်းရေးသားသူကတော့ Mr. Anderson ဖြစ်ပါတယ်။) File size…(6.2 GB) / (2.5 GB) / (1.5 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Animation, Comedy, Family, Fantasy, Musical Duration….01:40:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant, Benjamin Translated by Matteo, Act Molemy

Comedy
7 2024 100 mins
Moana 2