YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Witcher.S03E07.720p.(CM).mp4

554.84 MB N/A video/mp4 3102 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rushmore
7.4

Rushmore (1998) ~ IMDb - 7.6/10, Rotten Tomatoes - 90% ~ ဒီဇာတ်ကားဟာ Moonrise Kingdom, The Grand Budapest Hotel, Fantastic Mr. Fox တို့နဲ့နာမည်ကြီးတဲ့ဒါရိုက်တာ Wes Anderson ရိုက်ကူးခဲ့တဲ့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ Wes Anderson ရဲ့ဇာတ်ကားတွေက ခေါက်ချိုးညီရိုက်ချက်တွေ၊ လှပတဲ့အရောင်တွေအလှတွေထည့်သွင်းအသုံးပြုတာတွေ၊ ဇာတ်လမ်းဇာတ်ညွှန်းထူးဆန်းမှုတွေနဲ့ နာမည်ကြီးပါတယ်။ ဒီဇာတ်ကားက ၁၉၉၀ ကျော်ကကားလို့မထင်ရအောင်ကိုခေတ်မှီပြီး ပုံစံကလုံးဝကို Unique ဖြစ်ပါတယ်။ ဟာသကားလို့ Genre တပ်ထားပေမဲ့လို့ လုံးလုံးဟာသကားမျိုးဖြစ်နေတာမဟုတ်ဘဲ Deep တဲ့သဘောသဘာဝတွေကိုနှစ်မြှုပ်ထားပါသေးတယ်။ ဒီဇာတ်ကားရဲ့​ကျောရိုးကို ဇာတ်ဆောင်သုံးဦးနဲ့ဖွဲ့စည်းထားပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့မက်စ်က အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားဖြစ်ပြီး ရက်ရှ်မိုးလို့ခေါ်တဲ့ ကိုယ်ပိုင်ကျောင်းမှာ စကောလားရှစ်နဲ့တက်ရောက်နေသူဖြစ်ပါတယ်။ စကောလားရှစ်ရထားတာဆိုပေမဲ့ အသင်းအဖွဲ့တွေ ဘာ Club ညာ Club ဖွဲ့တာတွေစတဲ့ Activity တွေမှာသာအားစိုက်ပြီး စာမှာညံ့ဖျင်းတဲ့ကျောင်းသားမျိုးဖြစ်နေပါတယ်။ အသင်းအဖွဲ့ပေါင်းများစွာဝင်ထားပြီး ပြဇာတ်ရေးတာကိုအားသန်သူပါ။ မက်စ်ဟာ ကျောင်းရဲ့ပင်တိုင်အလှူရှင် ဟာမန်ဘလူးမ်ကိုလေးစားအားကျနေသူဖြစ်ပြီး သွားစကားပြောရင်းကနေ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သွားကြပါတယ်။ မစ္စတာဘလူးမ်ဟာ အသက် ၅၀ အရွယ် ချမ်းသာတဲ့ ကိုယ်ထူကိုယ်ထ ပိုက်ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး ဇနီးမယားနဲ့အတူ အမြွှာသားနှစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ ရက်ရှ်မိုးကျောင်းကို ရို့မေရီခရော့စ်လို့ခေါ်တဲ့ ငယ်ငယ်ခပ်ချောချောဆရာမလေးရောက်လာပါတယ်။ မက်စ်ဟာ စာကြည့်တိုက်ကနေစာအုပ် ငှားဖတ်ရင်း မစ္စခရော့စ်ငှားဖက်ထားတဲ့ စာအုပ်ကိုဖတ်မိပြီး ဆရာမလေးကိုစိတ်ဝင်စားသွားပါတော့တယ်။ ဆရာမလေးနဲ့ ရည်းစားဖြစ်နိုင်ဖို့အတွက် မစ္စတာဘလူးမ်ဆီအကြံဉာဏ်တောင်းခံရင်း မစ္စတာဘလူးမ်ပါ ဆရာမလေးကိုကြိုက်သွားပါတယ်။ မက်စ်တစ်ယောက် သူရယ် မစ္စတာဘလူးမ်ရယ် မစ္စခရော့စ်ဆိုတဲ့ဆရာမလေးတို့ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ... ကျောင်းမှာအမှတ်တွေမကောင်းလို့ ကျောင်းထုတ်ခံရနီးပါးဖြစ်နေတာကကောဘယ်လိုဖြစ်သွားမလဲ... ပြင်ပ Activity တွေလုပ်တာနဲ့ ပြဇာတ်ရေးတာတွေကကောရပ်သွားမှာလား... စတာတွေကို Background Music ကောင်းကောင်းရယ် သူမတူတဲ့ရိုက်ချက်​တွေနဲ့ ရှုမြင်ခံစားရမှာပါ။ ဇာတ်ညွှန်းကို Wes Andersonနဲ့ Owen Wilson တို့ပေါင်းရေးထားတာဖြစ်လို့ သာမန်ဟာသကားတစ်ကားလိုမရိုးရှင်းဘဲ ရယ်ရမောရရင်း အနှစ်သာရတစ်ခုကိုသေချာပေါက်ရရှိခံစားရမှာလို့ပြောရင်း Rushmore ကိုကြည့်ဖြစ်အောင်ကြည့်​ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Dinesh မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 730MB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 33Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Dinesh Encoded by Y

Crime • Drama • Mystery
7.4 1998 93 mins
Rushmore
The Whale
8

ဖြစ်စေချင်ဝာာကတော့ ဘာမှဆက်ဖတ်မနေပါနဲ့။ ဒီတိုင်းသာ ကောက်ကြည့်လိုက်ပါ။ ပေါင်၆၀၀လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။ "ဝေလငါး ( သို့ ) ဝမ်းနည်းခြင်းအက်ဆေး" ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်လို့ စကားဦးပျိုးလိုက်ရင် မှန်ပါ့မလား။ ဟင့်အင်း... မမှန်တာ သေချာတယ်။ ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်ထင်ရပေမဲ့ တကယ်တမ်းကျ လူဝကြီးက ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ လူဝကြီးအကြောင်းပြောပြရရင် လူဝကြီးက အလေးချိန် ပေါင်၆၀၀ရှိတယ်။ ဇနီးဟောင်းတစ်ယောက်၊ သမီးတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ရှိတယ်။ လူဝကြီးမှာ ကောင်လေးတစ်ယောက်ရှိခဲ့ပေမဲ့ အခုတော့ မရှိတော့ဘူး။ လူဝကြီးစကားအရတော့ အဲဒါကြောင့်ပဲ သူ့ကိုယ်အလေးချိန် တက်လာခဲ့တယ်တဲ့။ လူဝကြီးရဲ့ အ၀လွန်နေတဲ့ကိုယ်ပေါ်မှာ ဖက်ခွက်နာ၊ ပြည်တည်နာ၊ အဆီကျိတ်၊ အသားဆွေး အရေပြားရောဂါမျိုးစုံ ကျက်စားနေကြတယ်။ လူဝကြီးအကြောင်းဆက်မပြောခင် ကျွန်တော် လူဝကြီး အကြိုက်ဆုံး အက်ဆေးတစ်ပုဒ်ကို အရင်ပြချင်တယ်။ " မိုဗီဒစ်ဆိုတဲ့စာအုပ်မှာ စာရေးဆရာက ပင်လယ်ပြင်က သူ့အတွေ့အကြုံတွေကို ပြန်ပြောင်းပြောပြထားတယ်။ ဒီစာအုပ်ဟာ စာရေးဆရာနဲ့ သူ့သူငယ်ချင်းတို့ရဲ့ ကပ္ပတိန်အာဟတ်လို့ခေါ်တဲ့ ခြေထောက်တစ်ဖက်မရှိတဲ့ ပင်လယ်ဓားပြနဲ့အတူ ဝေလငါးဖမ်းထွက်တဲ့အကြောင်းပေါ့။ အာဟတ်ရဲ့ ဘဝပန်းတိုင်က ဝေလငါးကြီးကို သတ်ဖို့ပဲ။ ဒီအဖြစ်က ဝမ်းတော့ဝမ်းနည်းစရာပဲ။ အာဟတ်က သူ့ကို ဘယ်လောက်တောင် သတ်ချင်နေလဲ အဟိတ်တိရိစ္ဆာန် ဝေလငါးကြီးမှ မသိရှာပဲလေ။ သနားစရာသတ္တဝါကြီးပါပဲ။ တကယ်တမ်းဆို အာဟတ်လည်း သနားစရာကောင်းပြန်တာပါပဲ။ ဝေလငါးကြီးကို သတ်လိုက်နိုင်ရင် သူ့ဘဝကြီး အဓိပ္ပာယ်ရှိသွားမယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေခဲ့တာကိုး။ တကယ်တမ်းကျ ဘာတစ်ခုမှ ထူးခြားသွားမှာမဟုတ်ဘူး။ အင်မတန်ဝမ်းနည်းဖို့ကောင်းတဲ့စာအုပ်ပေါ့။ ဇာတ်ကောင်တွေဟာလည်း အင်မတန် သနားစရာကောင်းတယ်။ ဝမ်းနည်းစရာအကောင်းဆုံးဇာတ်ဝင်ခန်းကတော့ ဝေလငါးကြီး ဘယ်လိုဘယ်ပုံပါလို့ ပုံဖော်ထားတာကလွဲ ဘာမှမပါတဲ့ ပျင်းစရာဇာတ်ဝင်ခန်းတွေပေါ့။ စာရေးဆရာဟာ စာဖတ်သူ ရှေ့မှာကြုံလာရမယ့် သူပြောပြမယ့် ဝမ်းနည်းစရာဇာတ်လမ်းကနေ ခဏလောက်ဖြစ်ဖြစ် ဆိုင်းငံ့ပေးဖို့ ကြိုးစားနေတာကို သိနှင့်နေခဲ့တာကိုး " လူဝကြီးဟာ ဒီအက်ဆေးကို သိပ်ကြိုက်တယ်။ သေတော့မလိုလိုဖြစ်တဲ့ အချိန်တိုင်းမှာ လူဝကြီးနောက်ဆုံးတောင်းဆိုတာက ဒီအက်ဆေးကို ဖတ်ပြပေးဖို့ပဲ။ ဒီအက်ဆေးကို ခင်ဗျားသေချာဖတ်ကြည့်ပြီးပြီဆို လူဝကြီး ဒီအက်ဆေးကို ဘာလို့ကြိုက်လဲ ခင်ဗျားနားလည်လောက်ပြီ။ လူဝကြီးပြောခဲ့တဲ့ စကားတွေထဲ တော်တော်လှတဲ့ စကားတစ်ခွန်းရှိတယ်။ " လူတွေဟာ လူတွေကို ဂရုမစိုက်ဘဲ မနေနိင်ပါဘူး "တဲ့။ လူဝကြီးသိပ်ကြိုက်တဲ့ အက်ဆေးမှာ ရေးသူဟာ မိုဗီဒစ်အကြောင်းပြောပြတယ်။ ဒါပေမဲ့ သူ့ပြောပြပုံက စာရေးဆရာအပါအဝင် မိုဗီဒစ်ထဲက ဇာတ်ကောင်တိုင်းကို နားလည်ပေး ဂရုစိုက်ပေးနေတဲ့ ပြောပြပုံမျိုး။ ဒီအက်ဆေးကို ဘယ်သူရေးလဲဆိုတဲ့ အချက်ကို ဖယ်ထားလိုက်ရင်တောင် ဒီအက်ဆေးဟာ သိပ်ချစ်စရာကောင်းနေတယ်။ ဒီလိုနဲ့ပဲ ပေါင်၅၈၀လုံး ချစ်ခြင်းတွေနဲ့ ပြည့်နေတဲ့ လူဝကြီးဟာ ဒီအက်ဆေးကို သိပ်ချစ်ခဲ့တယ်။ လူဝကြီးဟာ အင်္ဂလိပ်စာဆရာဖြစ်တယ်။ လူဝကြီးဟာ အင်္ဂလိပ်စာကိုချစ်တယ်။ ဘာသာစကားတစ်ခုကိုချစ်ရင် အရေးအသားကိုလည်းချစ်ရမှာပေါ့။ ဒီတော့ လူဝကြီးဟာ အက်ဆေးတွေကို ချစ်တယ်။ လူဝကြီးဟာ စကားလုံးတွေကို ချစ်တယ်။ လူဝကြီးဟာ အက်ဆေးနဲ့ အသက်မွေးတယ်။ အက်ဆေးနဲ့ ပတ်သက်ပြီး လူဝကြီးရဲ့ ခံယူချက်ကရှင်းတယ်။ " ဒီအဆိုင်းမန့်လည်း အရေးမကြီးဘူး။ ဒီသင်ခန်းစာလည်း အရေးမကြီးဘူး။ အရေးကြီးတာက မင်းတို့ရေးတဲ့ စာတွေရိုးရိုးသားသားနဲ့လှနေဖို့ပဲ " တဲ့။ တော်တော်သဘောကျဖို့ကောင်းတဲ့ စကားပဲ။ ဘယ်စာမျိုးမှာမဆို စကားလုံးထက် ရိုးသားမှုက ပိုအရေးကြီးတယ်မလား။ ဒါပေမဲ့ ရိုးသားဖို့က အခက်ဆုံးပဲ။ လူဝကြီးကိုယ်တိုင်တောင် အမြဲမရိုးသားနိုင်ခဲ့ဘူး။ လူဝကြီးရဲ့ သမီးလေးကတော့ သိပ်ရိုးသားတယ်လို့ပြောရမလား သိပ်ရက်စက်တယ်လို့ပြောရမလား။ လူဝကြီးရဲ့ သမီးလေးဟာ လူဝကြီးပုံကိုရိုက်ပြီး " ငရဲမှာ သူ့ကိုမီးရှိ့တဲ့အချိန်ကျရင် ဝက်ဆီတွေထွက်လာလိမ့်မယ် "လို့ တင်လိုက်တယ်။ ဒီပို့စ်ကို လူဝကြီးက " ငါ့သမီးက စာအရေးအသားကောင်းချက် "လို့ တုံ့ပြန်တယ်။ လူဝကြီးဟာ သူမသေခင်မှန်တာတစ်ခုခုတော့ လုပ်သွားချင်ခဲ့တယ်။ သူ့သမီးကို " လူတွေက သူ့ကို ဂရုစိုက်ပြီး သူက လူတွေကို ဂရုစိုက်မယ့် "အရပ်မှာ နေစေချင်ခဲ့ခြင်းနဲ့ပေါ့။ ဒီလိုနဲ့ လူဝကြီးဟာ ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ ရှောင်လွှဲလို့မရနိုင်တဲ့အရာတွေထဲ မလိုချင်တဲ့ဇာတ်ဝင်ခန်းတွေ, ရက်စက်တဲ့ဇာတ်သိမ်းတွေ ပါကောင်းပါနေပါလိမ့်မယ်။ လူဝကြီးသိပ်ကြိုက်တဲ့ အက်ဆေးထဲကလို ပြန်ပြောင်းပြောပြသူဟာ လာမယ့်ရက်စက်ခြင်းတွေကနေ ကယ်တင်ပေးချင်လည်းပဲ တစ်ကွေ့ကွေ့မှာတော့ တည့်တည့်ကို လာမှန်တာပါပဲ။ The Whale ဟာ သိပ်ရက်စက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပေးပြီး သိပ်လှတဲ့ ဇာတ်ဝင်ခန်းတွေ ပေါင်းထည့်ပေးသွားတယ်။ ဒါပေမဲ့လည်း ဒီရုပ်ရှင်ဟာ ပေါင်၆၀၀ လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။ မှတ်မိသလောက်ဆို ဒီကားလောက် မျက်ရည်ကျအောင်လုပ်နိုင်တဲ့ ရုပ်ရှင် မရှိခဲ့ဖူးပါဘူး။ ဒီမျက်ရည်ဟာ ဝမ်းသာခြင်းလား ဝမ်းနည်းခြင်းလားတော့ အခုထက်ထိလည်း မသည်းကွဲသေးပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 930MB Quality - 1080p, 720p IMDb Rating - 7.9/10 Format - mp4 Duration - 1H 57Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Family
8 2022 116 mins
The Whale
Agent Game
4.9

မင်းသားကြီး Mel Gibson ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားက မကြာခင်ကမှထွက်ရှိလာတဲ့ အက်ရှင်ဇာတ်ကားသစ်ပါ။ Catagory ကတော့ Agent Game ဆိုတဲ့နာမည်အတိုင်းပဲ ပရိသတ်ရင်းနှီးပြီးသားဖြစ်တဲ့ စပိုင်တွေ၊အေးဂျင့်တွေ နှစ်ကျပ်ကွက်ရိုက်တာတွေ စတဲ့တွေးစရာအပိုင်းတွေနဲ့အတူ ပစ်ခတ်ဖောက်ခွဲဝုန်းဒိုင်းကြဲတဲ့အက်ရှင်ခန်းတွေ ဝေဝေဆာဆာနဲ့ကြည့်ရှုရမှာပါ။ ရာထူးကြီးကြီးအမေရိကန်အစိုးရအဖွဲ့ဝင်တစ်ယောက်ကလျှို့ဝှက်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဟာ စစ်ပြန်တွေ၊လူမိုက်တွေ၊ ဂန်းစတားတွေထဲကအလားအလာရှိတဲ့လူမျိုးတွေကိုရှာဖွေစုဆောင်းပြီး နိုင်ငံအဆင့်ရှိတဲ့လျှို့ဝှက်မစ်ရှင်တွေကိုပေးလေ့ရှိပါတယ်။ တရားဝင်စစ်တပ်ကိုမသုံးပဲအဲလိုကြေးစားတွေကိုငှားရတဲ့အကြောင်းရင်းကတော့ သူတို့လိုလက်မရွံ့တဲ့လူမျိုးတွေ သေမထူးနေမထူးတွေကိုပဲ လက်မှာသွေးစွန်းခံစေပြီး အစိုးရနာမည်ကိုမသုံးချင်တာကြောင့်ဖြစ်ပါတယ်။ Runtime တစ်နာရီခွဲကြာမြင့်ပြီးတော့ အဆုံးသတ်သွားတဲ့ပုံစံအရ Sequel လာနိုင်တယ်လို့လည်းထင်ရသလို ဆက်မရိုက်လည်းရတဲ့ပုံစံမျိုးလေးပြသွားပါတယ်။ ပြီးပြည့်စုံတဲ့အက်ရှင်ကားမျိုးမဟုတ်ပေမယ့် ဇာတ်လမ်းမှာလိုအပ်ချက်လေးတွေရှိရင်တောင် သရုပ်ဆောင်နဲ့ဇာတ်ညွှန်းပိုင်း တော်တော်လေးအားစိုက်ထားတာသိသာပါတယ်။ ကြည့်ရှုအားပေးကြပါဦးဗျ။ File size…(1.1 GB)/(450 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:30:o9 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Min Khant Bo

Animation • Comedy • Family • Fantasy
4.9 2022 90 mins
Agent Game
Talaash: The Hunt Begins
5.5

အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ အက်ရှေးကူမားရဲ့အက်ရှင်ကားလေးပဲဖြစ်ပါတယ်... မင်းသမီးအနေနဲ့ ကရီနားကပူးက ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းကတော့... အရ်ဂျွန်ရဲ့ဖခင်ဟာ မှောင်ခိုဂိုဏ်းတစ်ဂိုဏ်းနဲ့ပတ်သတ်မိရာကနေ အသတ်အဖြတ်ခံရပြီး သမီးဖြစ်သူကပါ ရောင်းစားခံရဖို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတယ်... ခင်ပွန်းအသတ်ခံရတဲ့အပြင် သမီးပါဖမ်းခေါ်သွားခံခဲ့ရတဲ့အဖြစ်ကို မျက်စိရှေ့မှာတင် မြင်လိုက်ရတော့ ယူကြုံးမရဖြစ်ပြီး အရ်ဂျွန်ရဲ့အမေဟာ အရူးတစ်ပိုင်းဖြစ်လို့သွားပါတော့တယ်.... အဖေသေ အမေကအရူးဖြစ် ညီမကိုပါ ဖမ်းခေါ်သွားကြတော့ ငယ်ငယ်ပဲ ရှိသေးတဲ့ အရ်ဂျွန်ခမျာ အခြေအနေတွေကို မထိန်းနိုင်ခဲ့ဘူး.... သို့ပေမယ့်လည်း မလျှော့သော ဇွဲနဲ့ ရဲထဲဝင်ပြီး ဒုစရိုက်ဂိုဏ်းမှန်သမျှကို ဖြိုခွင်းရင်း ညီမဖြစ်သူကို လိုက်ရှာပါတော့တယ်.... ဒီလိုနဲ့....အရ်ဂျွန်ရဲ့ ရှာပုံတော်ဇာတ်လမ်းမှာ ဘယ်လိုစိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေမလဲဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးကြပါဦးရှင့်.... File size…2.8GB / 1.4GB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by Taylor

5.5 2003 153 mins
Talaash: The Hunt Begins
The Princess Diaries
6.3

မင်းသမီးချော Anne Hathaway ရဲ့ ငယ်ရွယ်စဉ်က အလှတွေကို တစ်ဝကြီးမြင်ရမယ့် တောင်းဆိုမှုများတဲ့ ကားဟောင်းကောင်းလေးတစ်ကား လာပါပြီ။ ၂၀၀၁ ခုနှစ်က ထွက်ရှိထားပြီး ငယ်ငယ်က Hollywood မူဗီတွေရဲ့ vibe ကို အပြည့်အဝပေးစွမ်းတဲ့ ကားလေးပါ။ မီယာဟာ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဆစ္စကိုက လူမသိသူမသိနေရာလေး တစ်ခုမှာ အမေတစ်ခု သမီးတစ်ခု နေထိုင်ရင်း ဘဝကို အသက်ဆက်နေသူပါ။ ရှာမှရှားတဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးနဲ့အတူ ကျောင်းသွားရင်း ကျောင်းရဲ့ ဘူလီခံ စတိုင်လ်မကျု ရုပ်ဆိုးမလေးပေါ့၊ ဒါပေမဲ့ တစ်နေ့ သူဟာ ဂျနိုဗီယန် နိုင်ငံရဲ့ နန်းတက်မင်းသမီးတစ်ပါးပါဆိုပြီး အဘွားဖြစ်သူ ဘုရင်မကြီး ရောက်လာတဲ့ သတင်းနဲ့အတူ သူ့ဘဝကြီးဟာ ဇောက်ထိုးမိုးမျှော်တွေဖြစ်ကုန်ပါတော့တယ်။ ဒီတော့ သာမန်ဘဝနဲ့ပဲ ဖြတ်သန်းချင်တဲ့ မီယာနဲ့ မြေးဖြစ်သူကို တော်ဝင်မျိုးနွယ်စုထဲ ဇွတ်တွေ သွပ်သွင်းချင်တဲ့ ဘွားဘွားတို့ ဘယ်လို အတိုက်အခံတွေဖြစ်ကြမလဲ ကြည့်ရှုလိုက်ကြပါဦး File size…(2.03GB/(1.03MB)/(686MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:55:00 Genre…Comedy / Family / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yoon Sandi Aung

Comedy • Crime • Drama
6.3 2001
The Princess Diaries
Sisters on the Run
5.7

Sisters on the Run (2023) ================== ဇာတ်လမ်းစစချင်းမှာပဲ Selma က abusiveဖြစ်တဲ့ သူ့ယောကျ်ား ရဲကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးခဲ့ပါတယ်။ သူ့ယောကျ်ားရဲ့ နောက် လိုက်နှစ်ယောက် သူ့နောက်မလိုက်ခင် ထွက်ပြေးပြီး သူ့အစ်မ Maddy အိမ်မှာ တည်းခွင့်သွားတောင်းပါတယ်။ ဖြစ်ချင်တော့ Selmaနဲ့ Maddy က သူတို့အမေဆုံးကတည်းက ကွဲသွားပြီး စကားမပြောဖြစ်ကြတော့ ဘူး။ အကျင့်စရိုက်ချင်းကလည်း ဆန့်ကျင်ဘက်မို့ မတည့်ကြပါဘူး။ Selmaက ပါတီတက်၊ ပစ္စည်းတွေ လိုက်ခိုးနဲ့ အပေအတေကောင်မလေး ဖြစ်ခဲ့တာ။ သူ့အစ်မ Maddyကတော့ စည်းကမ်းရှိပြီး ဂုဏ်သရေရှိတဲ့ လူကြီးလူကောင်းပုံစံ နေတာပေါ့။ ညီအစ်မနှစ်ယောက်က ယောကျ်ားရကံချင်းလည်း ကွာတယ်။ အစ်မ Maddyက အဆင်ပြေတဲ့ ယောကျ်ားကောင်းရပြီး အေးဆေးနေနိုင်ပေမဲ့ Selmaကတော့ ရဲနဲ့ယူပြီး အဲ့ရဲက မှူးယစ်ဆေးမှောင်ခိုဂိုဏ်းရဲ့ ခေါင်း ဆောင်ဖြစ်နေ​တဲ့အပြင် Psychoဆန်ဆန် သူ့ကိုနှိပ်စက်တတ်လို့ အမြဲ တမ်း ဒုက္ခခံခဲ့ရတာပါ။ Selma သူ့ယောကျ်ားကို ပစ်ပြီး ထွက်ပြေးတော့ Maddy အစက လက်မခံခဲ့ဘူး။ ဒါပေမဲ့ သွေးက စကားပြောတယ်လေ။ Selma သူ့ယောကျ်ားကိုသတ်ပြီး ထွက်ပြေးခဲ့မှန်းအဖြစ်မှန်ကို မသိသေး တာတောင် သူ့ညီမ အကူအညီလိုနေမယ်မှန်းသိလို့ နောက်ပိုင်းမှာ Maddy က Selmaကို သူ့အိမ်မှာ ခဏနေခွင့်ပေးလိုက်တယ်။ အဲအချိန်မှာပဲ Selma နောက် လိုက်နေတဲ့ ရဲဆိုးတွေ အိမ်ကိုဖောက်ပြီး လာသောင်းကျန်းတော့ Selmaရော ဘာမှမသိတဲ့ Maddyပါ အတူထွက် ပြေးခဲ့ရတယ်။ အဲလိုနဲ့ Selmaနဲ့ Maddyကို ဝရန်းထုတ်ခံရပြီး သတင်းတွေမှာ သူတို့မျက်နှာတွေအကုန် ပြန့်သွားတာပေါ့။ ဒီတော့ သူတို့ညီအစ်မ ဒုက္ခ အကြီးအကျယ် ဘယ်လိုတွေရောက်လဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်ကြည့် လိုက်ပါဦးနော်…။ Selmaနဲ့ Maddyရဲ့ ဘဝအခက်အခဲတွေ၊ အဓိကကတော့ ညီအစ်မနှစ်ယောက်က အချင်းချင်းမတည့်ပေမဲ့ အကူအညီလိုတဲ့အခါမှာတော့ တစ်ယောက်ဘေးတစ်ယောက်ရှိပေးကြတဲ့ ညီအစ်မချစ်ခြင်းတွေကို ပုံပေါ် အောင် ရိုက်ကူးထားတဲ့ Crime, Thriller ဇာတ်လမ်းကောင်းပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.4 GB) / (469 MB) / (294 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 28Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Thriller Translator…….Thwal Htoo Zin Encoder……….SWM

Animation • Family • Science Fiction • Comedy • TV Movie
5.7 2023
Sisters on the Run
The Communion Girl
5.3

The Communion Girl (2022) ===================== Horror ဇာတ်လမ်းဆိုရင် Annabelle ကို ပြေးမြင်ရတဲ့အထိ အရုပ်လေး တစ်ရုပ်ရဲ့ ဖြစ်တည်မှုက လူတွေကို Trauma ရတဲ့အထိ သွေးပျက်စေခဲ့ဖူး တယ်မဟုတ်လား။ ဒီဇာတ်လမ်းကလည်း အရုပ်လေးတစ်ရုပ်ကနေ စတင် လာခဲ့တဲ့ ကြောက်မက်ဖွယ် ကျိန်စာသင့်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ဆာရာ ဆိုတဲ့ ကောင်မလေးတို့ မိသားစုက မြို့လေးတစ်မြို့ဆီကို ပြောင်း ရွှေ့လာကြတဲ့ လူသစ်တွေပါ။ နေရာအသစ် ကျောင်းအသစ်မှာ ဆာရာ့ အတွက် တစ်ဦးတည်းသောအဖော်က ရေဘက်ကာဆိုတဲ့ ခပ်ဆိုးဆိုး ကောင်မလေးတစ်ယောက်ပါပဲ။ တစ်ရက်မှာတော့ ဆာရာတို့ သူငယ်ချင်း နှစ်ယောက် တခြားမြို့က ကလပ်တစ်ခုဆီ သွားပျော်ခဲ့ကြတယ်။ အပြန်လမ်း မှာတော့ ကလပ်မှာတွေ့ခဲ့တဲ့ ကောင်လေးနှစ်ယောက်ရဲ့ကားကို လိုက်စီး ကြရင်း တောလမ်းတစ်နေရာစီ အရောက်မှာတော့ ဝတ်စုံဖြူဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်ကို ကားနဲ့ တိုက်မိမလို ဖြစ်သွားခဲ့တယ်။ သူတို့တွေ ကားပေါ်ကနေ ဆင်းပြီး ရှာကြတဲ့အချိန်မှာတော့ ကောင်မလေး အစား အရုပ်လေးတစ်ရုပ်ကိုပဲ တွေ့ခဲ့ကြရတယ်။ မြို့ခံကောင်လေးတွေက တော့ ဒီအရုပ်ရဲ့ ရာဇဝင်ကို သိထားကြပေမဲ့ ဆာရာကတော့ မသိခဲ့ပါဘူး။ ဒီလိုနဲ့ ဆာရာတစ်ယောက် အဲဒီအရုပ်လေးကို အိမ်ကိုသယ်လာခဲ့ပြီး နောက် ပိုင်းမှာတော့…….။ အရုပ်ဆိုရင် မြင်တောင်မမြင်ချင်တဲ့အထိ ဖြစ်စေဦးမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May The Khine Soe ဖြစ်ပါတယ်) File Size……….(1.25 GB) / (503 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator……May The Khine Soe Encoder……….Zin Phyo Aung

5.3 2022 103 mins
The Communion Girl
King of Killers
6

ဂယ်ရန်လို့ခေါ်တဲ့ လူတစ်ယောက်ကကြေးစား လူသတ်သမားတစ်ယောက်ဖြစ်ပြီး သူ့ကိုသတ်ဖို့ တာဝန်ပေးတဲ့လူတွေကို လိုက်သတ်ပေးရတဲ့လူဖြစ်ပါတယ်။ ပြီးတော့သူက အဲ့လိုလုပ်ကြံတဲ့နေရာမှာလဲ အရမ်းကိုထူးချွန်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့ သူအလုပ်လုပ်ဖို့သွားနေတုန်း သူ့မိန်းမက အဲ့ဒီကို လိုက်လာခဲ့ပါတယ်။ ဒီလိုနဲ့သူ့မိန်းမ သေနတ်မှန်သွားပြီးတော့ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီကနေစပြီး ဘဝကလဲပျောက်ဆုံးသွားပြီးတော့ ကျန်ရစ်သူဖြစ်တဲ့ သူ့သမီး ကိုတောင်ဂရုမစိုက်ဖြစ်ခဲ့ပါဘူး။ဒါပေမဲ့ နောက်ပိုင်းမှာ သမီးဖြစ်သူက နှလုံးရောဂါ ဖြစ်ပြီးတော့ နှလုံးခွဲစိတ်အစားထိုးဖို့ဖြစ်လာပါတော့တယ်။ ဒါပေမယ့် သူ့မှာရှိတဲ့ ပိုက်ဆံနဲ့ မလောက်မငှဖြစ်နေတဲ့အချိန်မှာ သူ့ကိုကမ်းလှမ်းထားတဲ့ ဒေါ်လာဆယ်သန်းတန် ပစ်မှတ်တစ်ခုကို လက်ခံလိုက်ရပါတော့တယ်။အဲ့ဒီပစ်မှတ်ကတော့ တခြားသူမဟုတ်ပါဘူး သူတို့ရဲ့ လုပ်ကြံရေးသမားလောကထဲမှာ အတော်ဆုံးဆိုတဲ့ လူသတ်သမားတွေရဲ့ ဘုရင် ဒရေကိုဆိုတဲ့ လူကိုသတ်ဖို့ပါပဲ။ဒါပေမယ့် သူ့ကိုသတ်ဖို့က ပုံမှန်အလုပ်တွေလို ရိုးရှင်းမနေပဲနဲ့ တခြားလူတွေနဲ့ပြိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ အဲ့ထက် ပိုထူးဆန်းတာက ဒရေကိုကိုသတ်ဖို့ သူတို့ကို ဒရေကိုကိုယ်တိုင်ကငှားထားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဂယ်ရန်နဲ့ တခြားလူသတ်သမားတွေ ဒရေကိုကို သတ်ဖို့ကြိုးစားပြီးတော့ နောက်ဆုံးမှာ လူသတ်သမားတွေရဲ့ ဘုရင်ဆိုတဲ့ဂုဏ်ပုဒ်ကို သူတို့ထဲက တခြားလူတွေက ပိုင်ဆိုင် သွားမလား ဒရေကိုကပဲ ဆက်ထိန်းသိမ်းထားနိုင်မလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.24GB / 491MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6 2023 91 mins
King of Killers
The Scent of Green Papaya
7.3

၁၉၅၀ ခုနှစ်ဝန်းကျင် Saigon မြို့က မိသားစုကြီးတခုမှာ မူးအိ ဆိုတဲ့ ၁၀နှစ်အရွယ် ကလေးမလေးတယောက်ဟာ အိမ်ကနေထွက်လာပြီး အလုပ်လာလုပ်ပါတယ် သူ အလုပ်လုပ်ရတဲ့ မိသားစုကြီးရဲ့ ပြဿနာအရှုပ်အထွေးတွေကြား သူ့တာဝန်ဖြစ်တဲ့ အစေခံအလုပ်ကို တစိုက်မတ်မတ်လုပ်ရင်း အရွယ်ရောက်ကြီးပျင်းလာတဲ့အချိန် တနေ့မှာတော့ သူ ငယ်ငယ်ကတည်းက ကြိတ်သဘောကျခဲ့ရတဲ့သူရဲ့အိမ်မှာ အစေခံအဖြစ် အလုပ်သွားလုပ်ရပါတော့တယ် ဇာတ်လမ်းလေးက ရှုပ်ရှုပ်ထွေးထွေးဇာတ်ကွက်ရယ်လို့ တခုမှ မပါဘဲနဲ့ မူးအိရဲ့ ကလေးဘဝအတွေးအခေါ်ကနေ ကြီးပျင်း ရင့်ကျက်လာတဲ့အချိန် ပြောင်းလဲလာတဲ့စိတ်ထားကို ပုံဖော်ထားရုံတင်ပါပဲ အဲဒီခေတ်က ဗီယက်နမ်မိန်းကလေးတယောက်ရဲ့ ဘဝပုံစံပေါ့ ၁နာရီနဲ့ မိနစ်၄၀ လောက်ကြာတဲ့ ဇာတ်ကားဖြစ်ပေမဲ့လို့ ဒိုင်ယာလော့ဂ်များများစားစားမပါဘဲ ရိုက်ကွက်တွေရယ် တီးလုံးနောက်ခံလေးရယ်နဲ့ ဇာတ်လမ်းကိုသွားထားတာပါ ဒီရုပ်ရှင်ကို Vietnam Film ဆိုပြီး အထင်မသေးလိုက်ပါနဲ့ Cinematography ကောင်းတဲ့အပြင် Musical theme ရော သရုပ်ဆောင်ပိုင်းရောကောင်းပါတယ် IMBD 7.3, rotten tomatoes 100% ထိရထားတဲ့ ဗီယက်နမ်ရုပ်ရှင်ပါ ဒါရိုက်တာက Haruki Murakami ရဲ့ Norwegian Wood ကို ရိုက်ကူးခဲ့တဲ့ Tran Anh Hung ပါပဲ သူ့ရဲ့ ၉၀ခုနှစ်တွေတုန်းက အတော်ပေါက်ခဲ့တဲ့ အနုပညာလက်ရာပေါ့ သူဟာ ဒီရုပ်ရှင်နဲ့ ဆုတွေအများကြီးရခဲ့သလို ဒီရုပ်ရှင်ကိုယ်တိုင်လည်း ကိန်းရုပ်ရှင်ပွဲတော်မှာ Golden Camera, Award of the Youth, Cèsar Awards မှာ Best First Work ဆုတွေ ရခဲ့သလို Academy Awards ကပေးတဲ့ Best Foreign Film ဆုမှာ nominee ဝင်ခဲ့တဲ့ ပထမဆုံးဗီယက်နမ်ရုပ်ရှင်ပါ ဒါကြောင့်မို့ ဒီရုပ်ရှင်ကို မြည်းစမ်းကြည့်ကြဖို့ အကြံပြုချင်ပါတယ်ဗျာ File size… 1.5 GB / 658 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Fio

Documentary
7.3 1993
The Scent of Green Papaya
Alien: Romulus
7.3

နာမည်ကျော် Alien ရုပ်ရှင်တွဲတွေထဲက နောက်ဆုံးထွက် ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အချိန်ကာလအရတော့ Alien (1979) နဲ့ Aliens (1986) ကြားကာလပါပဲ။ Alien ရုပ်ရှင်အပြီး နှစ် ၂၀၊ Aliens ရုပ်ရှင်မလာခင် ၃၇ နှစ် အလိုပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်တွေကို အချိန်ကာလအတိုင်း ကြည့်ချင်ရင်တော့ Prometheus (2012) 2093 ခုနှစ် Alien: Covenant (2017) 2104 ခုနှစ် Alien (1979) 2122ခုနှစ် Alien: Romulus (2024) 2142 ခုနှစ် Aliens (1986) 2179 ခုနှစ် Alien³ (1992) 2179 ခုနှစ် Alien Resurrection (1997) 2381 ခုနှစ် ဆိုပြီး ဖြစ်ပျက်ခဲ့တဲ့အတိုင်း ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** ဝေးလန်း-ယူတာနီ ကုမ္ပဏီလက်အောက်မှာ စာချုပ်ကြောင့် ကျွန်တွေလို အလုပ်လုပ်ပေးနေရပြီး ဘယ်ကိုမှ သွားခွင့်မရှိတဲ့ အလုပ်သမားလူငယ်အုပ်စုလေးဟာ ယူဗာဂါဂြိုလ်ကို အရမ်း ထွက်သွားချင်နေကြပါတယ်။ တစ်နေ့မှာတော့ လူမရှိတော့တဲ့ ယာဉ်တစ်စီး မျောနေတာကိုတွေ့ပြီး အဲဒီယာဉ်ကို ခိုးပြီးတော့ ကိုလိုနီကနေ ထွက်ပြေးဖို့ စုပေါင်းကြိုုးစားချပါတယ်။ အဲဒီအထဲမှာ စက်လူသား အန်ဒီလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ သူတို့ယာဉ်ကနေ အေးခဲလောင်စာမလောက်လို့ နောက်ထပ် စခန်းပျက်တစ်ခုကို ကပ်ပြီး ဝင်ရှာမိလိုက်ချိန်မှာတော့ စခန်းထဲမှာ လူတွေသေပြီး ကျန်နေတဲ့ ကပ်ပါးကောင် ဂြိုလ်သားမျိုးစိတ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ အာကာသ သိပ္ပံ ဟော်ရာတွေရဲ့ ထုံးစံအတိုင်း လွတ်မြောက်ဖို့ ကြိုးစားရင်းနဲ့ ဘယ်သူတွေ သေကျန်ခဲ့မလဲ ဘယ်သူတွေ ရှင်ကျန်ခဲ့မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။ File size…4.49GB /1.83GB / 978MB Quality…WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….1h 59m Genre ….. Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Thit San Khant Translated by Mr.Anderson

7.3 2024 119 mins
Alien: Romulus
Arrest Yang Qiangqiang
5.8

ဒီတခါတင်ဆက်ပေးမှာကတော့ မူခင်းရုပ်ရှင်ဇာတ်ကားလေးပါပဲ သည်းထိတ်ရင်ဖိုကြိုက်သူတွေ မူခင်းစုံထောက်ကားကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့မဲ့ဇာတ်ကားတစ်ကားလို့ထင်မြင်မိပါတယ် ဇာတ်လမ်းအညွန်းကတော့ ရှင်းပြလို့မရနိုင်တဲ့ မီးလောင်မှုတစ်ခု၊ ဘယ်သူမှန်းမသိရတဲ့ အမျိုးသမီး အလောင်းတစ်လောင်း နဲ့ ဘယ်ကလာမှန်းမသိတဲ့ ငွေညှစ်စာတစ်စောင်တို့က အပြစ်ကင်းတဲ့ ဟိုတယ်ပိုင်ရှင် တုန်းဟုန်လျှန်ရဲ့ ငြိမ်းချမ်းတဲ့ ဘဝကို အဆုံးမရှိတဲ့ အနက်ရှိုင်းဆုံး တွင်းထဲကိုဆွဲချသလိုဖြစ်သွားခဲ့တယ် ဒီအမှုကို ရဲအရာရှိ ရဲဝမ်ထောင်ရဲ့ ပါဝင်ပတ်သက်မှုကတဆင့်ပြီးတော့ သဲလွန်စတွေက အခုထိကို မဖြေရှင်းရသေးတဲ့ အမှုဟောင်းတခုဆီကိုပါ ဆက်လက်ဦးတည်သွားခဲ့ပါတော့တယ် ဒီလိုအရှုပ်အထွေးတွေရဲ့ နောက်ကွယ်က အမှန်တရားကဘာများဖြစ်နေမလဲ သတ်ဖြတ်မှုတွေကရော အဆုံးသတ်နိုင်ပါ့မလား ???

5.8 2024
Arrest Yang Qiangqiang
Through the Door
3.7

Through the Door (2024) ဒီဇာတ်ကားလေးမှာတော့ နောင်တတွေတစ်သီကြီးပိုက်ထားကြတဲ့လူ၄ယောက်က အချိန်‌နောက်ပြန်လှည့်ခရီးသွားပြီးတော့ ဘဝကိုအစကပြန်စဖို ကြိုးစားကြတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ။ ဇာတ်လမ်းအစမှာတော့ Zoe ဆိုတဲ့ကောင်မလေးတစ်ယောက်က အချိန်နောက်ပြန်ဆုတ်ခွင့်ရမယ်လိုကြေညာထားတဲ့ Website တစ်ခုကိုဆက်သွယ်ပြီး သူမသိတဲ့နေရာတစ်ခုနဲ့ သူစိမ်းတွေကြားထဲရောက်သွားတဲ့အခါ..ကိစ္စတွေကတကယ်တမ်းသူထင်ထားသလိုမလွယ်ကူနေပဲ.. ပဟေဠိဆန်ဆန် ထိတ်လန့်ဖွယ်ရာတွေကြုံတွေ့လာတဲ့အခါ အချိန်နောက်ပြန်ဆုတ်တယ်ဆိုတာအစစ်အမှန် ဟုတ်လား မဟုတ်လားဆိုတဲ့မေးခွန်းတွေနဲ့.. သူနဲ့အတူရှိနေတဲ့သူစိမ်းတွေကရောဘသူတွေလဲ? သူတိုတွေအချိန်နောက်ပြန်လှည့်ချင်တဲ့အကြောင်းအရင်ကဘာလဲ? Zoe ကရောအချိန်နောက်ပြန်လှည့်ဖိုကြိုးစားမှာလား တကယ်အလုပ်ဖြစ်သွားမလားဆိုတဲ့‌မေးခွန်း‌တွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Satt ဖြစ်ပါတယ်။) File size… (970 MB) / (460 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Sci-Fi, Thriller Duration…. 01:12:07 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Satt

Action • Thriller
3.7 2024 71 mins
Through the Door
Gaslight
7.8

အဒေါ်ဖြစ်သူ နာမည်ကျော်အော်ပရာအဆိုတော် သေဆုံးပြီးနောက်မှာ ပေါလ်လာတစ်ယောက် သူမအဒေါ်လို အော်ပရာအဆိုရှင်ဖြစ်ရန် အီတလီသို့ ပညာသင်စေလွှတ်ခံခဲ့ရတဲ့အချိန််မှာပေါ့။ ဒီချိန်မှာ သူဟာ ဂက်ဂရီအန်တွန်ဆိုတဲ့ အမျိုးသားတစ်ယောက်နှင့် ချစ်ကြိုက်််မိပြီး အိမ်ထောင်ပြုခဲ့တယ်။ ဒီလိုနဲ့ လင်မယားနှစ်ယောက်သား လန်ဒန်သို့အခြေချရန် ပြန်လာခဲ့ကြတဲ့အချိန်မှာ အိမ်မှာ ပန်းချီကားတွေပျောက်သွားတာ ညဘက်မှာအသံတွေကြားလာတာ မီးအိမ်များမှိန်သွားတာ စတဲ့ ထူးခြားတဲ့အဖြစ်အပျက်တွေ ပေါ်ပေါက်လာတယ်။ သူမရဲ့စိတ်အခြေအနေကို တည်ငြိမ်အောင်ကြိုးစားနေချိန် ခင်ပွန်းဖြစ်သူ ဂက်ဂရီရဲ့ လုပ်ရပ်တွေဟာလည်း သံသယဝင်ဖွယ်ကောင်းလာတယ်။ ဒီတော့ ပေါလ်လာက သူမြင်တဲ့အရာတွေကပဲ တကယ်ဖြစ်နေတာပဲလား ဒါမှမဟုတ် သူစိတ်ကူးနဲ့ပဲ ဖန်တီးထားတာလားဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့် ဂန္တဝင်ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ File size… 2.4 GB / 1.5 GB Quality… Web_DL 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Mystery/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Vader ft Riley

Drama
7.8 1944 114 mins
Gaslight
The Engagement Dress

The Engagement Dress” (2023) ဟာ အချစ်ဟာသ ရိုမန်တစ်ဆန်တဲ့ အမျိုးအစား ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Claudia (Angel Prater) ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့သူငယ်ချင်းတွေ အားလုံးကို အိမ်ထောင်ပြုနိုင်ဖို့ ကူညီပေးတဲ့ “ကံကောင်းစေတဲ့ စေ့စပ်ဝတ်စုံ” ကို ဝတ်ဆင်ခွင့်ရရှိချိန်မှာ သူမရဲ့အချစ်ရေးခရီးလမ်းကို ပြန်လည်သုံးသပ်မိပါတယ်။ ဒီဝတ်စုံဟာ သူ့အတွက် အချစ်စစ်ကို ရှာဖွေပေးနိုင်မလား၊ ဒါမှမဟုတ် သူမဟာ အချစ်ကို မမျှော်လင့်ထားတဲ့နေရာမှာ တွေ့ရှိသွားမလားဆိုတာကို ဒီဇာတ်ကားက ဆွဲဆောင်မှုရှိရှိ ဖော်ပြထားပါတယ်။ ဒီရုပ်ရှင်က ရင်ခုန်စရာ အခိုက်အတန့်တွေ၊ ရယ်စရာအချိန်တွေနဲ့ နှလုံးသားနဲ့ ထိတွေ့စေမယ့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်မှာပါ။ ဒီဇာတ်ကားမှာ Claudia အဖြစ် သရုပ်ဆောင်ထားတဲ့ Angel Prater ဟာ သူမရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်မှုနဲ့ ပရိသတ်ကို ဆွဲဆောင်ထားပါတယ်။ သူမနဲ့အတူ Mike Manning (The Bay, The Way Home နဲ့ Out of Death တို့မှ လူသိများတဲ့ မင်းသား)၊ Kathi Marcus နဲ့ Vidushi Srivastava တို့ကလည်း ရုပ်ရှင်ကားကို ပိုအသက်ဝင်စေပါတယ်။ ဒီရုပ်ရှင်ကားဟာ အချစ်ရဲ့ မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိမှုတွေကို ပေါ့ပေါ့ပါးပါး နွေးထွေးတဲ့ ပုံစံမျိုးနဲ့ တင်ဆက်ထားပါတယ်။ ဟာသနှင့် ရိုမန်တစ်ကားတွေကို နှစ်သက်သူတွေအတွက် ဒီဇာတ်ကားဟာ ပြီးပြည့်စုံတဲ့ ရွေးချယ်မှုတစ်ခုဖြစ်မှာပါ။ File size…(1.7 GB)/(891 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Tv Movie, Romance, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Peter Tulot

Comedy
0 2023
The Engagement Dress