YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Wave.2008.1080p(CM).BluRay.x264.AAC5.1.mp4

2.22 GB N/A video/mp4 128 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Drover’s Wife: The Legend of Molly Johnson
6.3

The Drover’s Wife: The Legend of Molly Johnson (2021) ၁၈၉၁ ခုနှစ် ဗြိတိသျှတွေ သြစတြေးလျကို ကိုလိုနီပြုထားချိန်။ မော်လီဂျွန်ဆန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူ ဂျိုး သိုးကျောင်းထွက်နေတဲ့အချိန်မှာ ကလေးတွေကို ပြုစုစောင့်ရှောက်ရင်း လူသူမနီးတဲ့ သူတို့ရဲ့အိမ်မှာ နေထိုင်လျက်ရှိပါတယ်။ တစ်နေ့တော့ သူတို့ရဲ့အိမ်ရှေ့ကို လှည်းလေးတစ်စီးပေါ်မှ လူနှစ်ယောက် ဆင်းလာပါတယ်။ အဲဒီလူနှစ်ယောက်ကတော့ ဆာဂျင် ကလင့်တော့ပ် ဆိုတဲ့ မြို့ကို တာဝန်ကျလို့ ပြောင်းလာရတဲ့ ရဲအရာရှိနဲ့ သူ့အမျိုးသမီးဖြစ်တဲ့ လူဝီဆာ တို့ပဲ ဖြစ်ပါတယ်။ မော်လီလည်း သူတို့နှစ်ယောက်နဲ့ ခင်မင်သွားပြီး ကိုယ်ဝန် မီးဖွားရက်လည်း နီးတာမို့လို့ ကလေးတွေကို စောင့်ရှောက်ပေးသူရှိတဲ့ မြို့ကို ထည့်ပေးလိုက်ပါတယ်။ တစ်ညမှာတော့ သြစတြေးလျဒေသခံတိုင်းရင်းသား ဝရမ်းပြေးတစ်ယောက်ဟာ သူ့အိမ်ကိုရောက် လာပါတော့တယ်….. လူဖြူလူမည်းခွဲခြားမှုတွေ၊ ဒေသခံတိုင်းရင်းသားများအပေါ် လူဖြူတွေရဲ့ လူမျိုးရေးခွဲခြားမှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားပြီး တကယ်ကို စိတ်ဝင်စားနဲ့ ကြည့်ရှု့နိုင်မယ့် သမိုင်းအခြေခံ ဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Rotten tomatoes 81% နဲ့ IMDb rating 6.4 ရရှိထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre…..Drama, History, Thirller Quality…. 1080p | 720p | 480p File size… 1.4GB | 757MB | 282MB Format… mp4 Duration….1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. August

Comedy • Drama • Romance
6.3 2021 109 mins
The Drover’s Wife: The Legend of Molly Johnson
[18+] Lawa
7.4

Lawa (2023) ~ IMDb rating – 7.4/10 ~ ပီတာဟာ လူငယ်ဗီဒီယိုရိုက်ကူးရေးသမားတစ်ယောက်ဖြစ်ပြီး အားလပ်ချိန်အတော်များများကို မြို့ပြင်က စုံတွဲတွေချိန်းတွေ့တတ်တဲ့ တောအုပ်မှာကုန်ဆုံးလေ့ရှိပါတယ်။ သူ့ဝါသနာကချောင်းကြည့်ခြင်းဖြစ်ပြီး သူ့ရဲ့ကြားပေါက်အလုပ်အကိုင်ကတော့ တောအုပ်ထဲမှာ လွတ်လွတ်လပ်လပ် အချစ်နယ်ကျွံတတ်တဲ့ အတွဲတွေကို ဗီဒီယိုရိုက်ပြီး ဝက်ဘ်ဆိုဒ်ပေါ်တင်ရောင်းစားတာပါပဲ။ တစ်နေ့မှာတော့ တစ်ယောက်တည်းလာထိုင်နေတဲ့ မိန်းမလှလေးတစ်ယောက်ကို စိတ်ဝင်စား ချဉ်းကပ်မိရာကနေ အဲ့ဒီမိန်းကလေးက သူ့ရည်းစားကိုသတ်နေတာကို အမှတ်မထင် ဗီဒီယိုရိုက်မိခဲ့ပါတယ်။ အဲဒီမှာတင် အထိတ်တလန့်နောက်ဆုတ်လိုက်ရမယ့်အစား သိချင်စိတ် စိတ်ဝင်စားစိတ်နဲ့ မိန်းကလေးရဲ့ဆွဲဆောင်မှုတွေက သူ့ကိုအနားပိုရောက်အောင် တွန်းပို့ခဲ့ပြီးတဲ့နောက်မှာတော့… ဇာတ်လမ်းဇာတ်ကွက်မိုက်သလို ရိုက်ကွင်းရိုက်ကွက်တွေလဲ မိုက်ပါတယ်။ အမိုက်ဆုံးကတော့ Vivamax မင်းသမီးလေးတွေ အများကြီးက ပီတာရဲ့ချောင်းရိုက်ခံစုံတွဲတွေအဖြစ် Cameo ပါဝင်ထားပေးတဲ့အချက်ပါပဲ။ အားလုံးလည်း သဘောကျကြမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 590MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 13Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

7.4 2023
[18+] Lawa
Sophie’s Choice
7.5

လှပတဲ့ဝတ္ထုတစ်ပုဒ်ကို စာရွက်တစ်ရွက်ချင်းလှန်ရင်း အေးအေးဆေးဆေး ထိုင်ဖတ်နေရသလို ဖီလင်မျိုးကို ပေးနိုင်မယ့် Classic War Drama ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ၁၉၇၉ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ စာရေးဆရာ William Styron ရဲ့ Sophie’s Choice စာအုပ်ကိုပဲ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာပါ။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အပြီး နှစ်နှစ်အကြာ ၁၉၄၇ ခုနှစ်မှာ အခြေပြုထားပြီး လူသုံးယောက်ကိုအဓိကထား ဇာတ်အိမ်တည်ထားတာပါ။ စာရေးဆရာတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ကျေးလက်တောရွာလေးတစ်ရွာကနေ ဘရွတ်ခ်ကလင်းမြို့ကိုတက်လာတဲ့ စာရေးဆရာပေါက်စလေး စတင်ဂို၊ စစ်အတွင်းမှာ နာဇီတွေရဲ့ဖမ်းဆီးမှုကိုခံရပြီး စစ်အကျဉ်းစခန်းမှာ အခက်အခဲပေါင်းမြောက်မြားစွာကိုဖြတ်ကျော်ကာ လွတ်မြောက်လာခဲ့တဲ့ ပိုလန်သူလေး ဆိုဖီနဲ့ သူမရဲ့ချစ်သူ ဂျူးလူမျိုး သိပ္ပံပညာရှင် နေသန်တို့ဟာ ဘရွတ်ခ်ကလင်းမြို့က အိမ်တစ်လုံးမှာ အတူတူငှားနေကြရင်း အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်။ ဇာတ်လမ်းကိုတော့ လက်ရှိအချိန်ကာလရယ် ဆိုဖီရဲ့စစ်အတွင်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို flashback အနေနဲ့ storytelling ပြန်ပြောထားတဲ့ပုံစံအတိုင်း ဖန်တီးထားတာပါ။ အကျဥ်းချုံး ရီဗျူးပေးရမယ်ဆိုရင်တော့ ဇာတ်လမ်းဟာ စိတ်နှစ်ခံစားသူတွေအဖို့ဆိုရင် တစ်ချိန်တည်းမှာပဲ ကြေကွဲစရာ ကောင်းလွန်းလှသလို အရမ်းလည်း လှပသေသပ်လွန်းပြီး Slow Burning လေးနဲ့ အငြိမ်ကြည့်ရှုရမှာပါ။ သမိုင်းကြောင်းနောက်ခံ ကမ္ဘာစစ်နောက်ခံ Drama ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူများအတွက်ကတော့ ဒီဇာ​တ်ကားက လုံးဝလက်မလွှတ်သင့်တဲ့ရွှေပါပဲ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:30:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader

7.5 1982 151 mins
Sophie’s Choice
Persepolis

Persepolis (2007) IMDb rating – 8/10 French-Iranian ဝတ္ထုရေးဆရာ “Marjane Satrapi” က ၂၀၀၀ခုနှစ်မှာ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်တဲ့ “Persepolis” ကို စာအုပ်ထုတ်ဝေခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ ၂၀၀၇ခုနှစ်မှာထွက်ရှိခဲ့တဲ့ film adaptation ဖြစ်ပါတယ်။ သူ့ဘဝခရီးအနိမ့်အမြင့်အတက်အကျအကြောင်းတွေ ကြည့်ရမယ်ဆိုတာထက် အဓိကထူးခြားနေတဲ့အချက်က သူဟာ အီရန်နိုင်ငံသူတစ်ဦးပါ။ သူတွေ့ကြုံခဲ့ရတဲ့ အီရန်နိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေနဲ့ယှဉ်ပြီး သူ့ဘဝ ဘယ်လိုကြုံတွေ့ခဲ့ရလဲဆိုတာကို ပုံဖော်ရိုက်ကူးထားပါတယ်။ အီရန်နိုင်ငံရဲ့စစ်ပွဲတွေနဲ့၊ အကျိုးဆက်အရ အီရန်ပြည်သူတွေ နှစ်ရှည်လများစွာ ဆင်းရဲဒုက္ခတွင်းကျရတာတွေကို မီးမောင်းထိုးပြထားပါတယ်။ အီရန်အစိုးရရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ပြည်သူတွေ ခေါင်းမထောင်နိုင်အောင် ပြားပြားဝပ်ခဲ့ရတာတွေ၊ နေ့ရက်တိုင်းမှာ ကြောက်လန့်စိတ်နဲ့နေရတာတွေကို ပုံဖော်ပြသထားပါတယ်။ အီရန်နိုင်ငံမှာ လူသားအရင်းအမြစ်တွေ၊ လူ့အခွင့်အရေးတွေဆုံးရှုံးရတဲ့အကြောင်းကို သူ့ကိုယ်တွေ့ဖြစ်ရပ်တွေနဲ့ပြသထားပါတယ်။ အထူးသဖြင့် အစ္စလာမ်မစ်ဘာသာရေးအစွန်းရောက်တွေက အမျိုးသမီးတွေအပေါ် ဘယ်လောက်ထိချုပ်ချယ်ဖိနှိပ်လဲဆိုတာတွေ ကမ္ဘာသိအောင်ချပြထားပါတယ်။ ဇာတ်လမ်းအကျဉ်း သူဟာ နိုင်ငံရေးစိတ်အားထက်သန်တဲ့မိသားစု၊မဟုတ်မမှန်တာကို ရပ်ထိုင်ကြည့်မနေနိုင်တဲ့ မိသားစု၊လူသားဆန်တဲ့ ပညာတတ်မိသားစုကနေ မွေးဖွားလာတဲ့သူပါ။ အီရန် နိုင်ငံ ရဲ့ ခေတ်ဆိုးစနစ်ဆိုးမှာ မွေးဖွားလာခဲ့တော့ ကျောင်းစတက်တဲ့အချိန်တည်းက မင်းစိုးမင်းညစ်ကိုသစ္စာရှိဖို့ မှိုင်းတိုက်ခံခဲ့ရတယ်။ အသက်ငယ်ငယ်လေးနဲ့ အစ္စလာမ်မစ်တော်လှန်ရေးနဲ့ တွေ့ကြုံခဲ့တယ်။ အစ္စလာမ်မစ် ဘာသာရေးအစွန်းရောက် အီရန် အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုမှာ မဟုတ်မမှန်တာကို ခေါင်းငုံ့မခံနိုင်၊ထုတ်ဖော်ပြောတတ်တဲ့ Marjane ကို သူ့မိဘတွေက ပညာကောင်းကောင်းသင်နိုင်ဖို့ ဩစတီးယား၊ ဗီယင်နာမြို့ကို ပို့လိုက်ကြရတယ်။ နိုင်ငံရပ်ခြားမှာ ယဉ်ကျေးမှုမတူတဲ့လူမျိုးတွေကြား အသက်ငယ်ငယ်နဲ့ အီရန်နိုင်ငံဖွားမိန်းကလေးတစ်ယောက်အနေနဲ့ ရပ်တည်နေနိုင်ဖို့ သူကြိုးစားခဲ့ရတယ်။ Animation အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ Oscar ဆုအတွက် ဇကာတင်ရွေးချယ်ခံခဲ့ရပြီး တခြားဆုတွေအများကြီးရရှိထားပါတယ်။ ဗဟုသုတတွေ အပြည့်ပေးစွမ်းမယ့်ဇာတ်လမ်းဖြစ်တာမို့ လက်မလွှတ်ဘဲ ကြည့်ရှုလိုက်ကြပါဦးနော်၊ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size… 1.3 GB / 650 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Animation/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

0 2007
Persepolis
Look to the Light
7.3

ဒရမ်မာကား ကြိုက်သူလား အဲဒါဆိုရင်တော့ အခု ဒီ Look To the Light ဇာတ်ကားက သင့်အတွက်ပါပဲ။ ဒရမ်မာမှ ဒရမ်ကား စစ်စစ်ပါ။ UK ဒရမ်မာကားတစ်ကားဖြစ်ပြီး မျက်နှာသစ် မင်သားနဲ့ မင်းသမီးကို သုံးထားတော့ သူတို့ရဲ့ နုပျိုလန်းဆန်းမှုတွေကို သူတို့ရဲ့ သရုပ်ဆောင်မှုတွေမှာ တွေ့ရလို့ ကြည့်ရတဲ့သူအဖို့ ခံစားချက်တွေ ဖြစ်ပေါ် စေမှာ သေချာပါတယ်။ ဇာတ်လမ်းပြောရရင်တော့ မင်းသားက influcener ဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက် မင်းသမီးက ရိုးရိုးအေးအေးလေး တစ်နေ့မှာ မင်းသားအတွက် ခိုင်မာတဲ့တက်လမ်းတစ်ခုက သူတို့ ၂ ယောက်ရဲ့ အချစ်ရေးကို ချနင်းပြီး တက်ဖို့ ဖြစ်လာပါတယ်။ မင်းသားအနေနဲ့ အချစ်ထက် ဘဝကို ဦးစားပေးလိုက်တဲ့ အခါ သူ့ရဲ့ရွေးချယ်မှုတွေက ဘယ်လိုဖြစ်သွားမှာလဲ။ မင်းသမီးကိုရော ဘာတွေ ထိခိုက်မှု ရှိသွားမလဲ။ အဆုံးသတ်မှာရော ဘယ်လို မထင်ထားတာတွေ ဖြစ်မှာလဲ စတာတွေကို တစ်ကားလုံး အက်တင် ကောင်းကောင်းအောက်မှာ စီးမျှောသွားရမဲ့ ဒရမ်မာကား ကောင်းလေးတစ်ကား ဖြစ်ပါတယ်။ IMDB မှာ 7.3 ရတဲ့ ဒရမ်မာကားဆိုတော့ ညံ့တဲ့ထဲ မပါတာတော့ အသေအချာပါပဲ…………. File size…1.50GB / 598MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Science Fiction • Action
7.3 2024
Look to the Light
Hummus Full Trailer

အားလုံးပဲ မင်္ဂလာပါ ဒီတစ်ခါမှာတော့ အရင်ကကားတွေနဲ့မတူတဲ့ရသပေးနိုင်တဲ့ကားသစ်လေးတစ်ကားတင်ဆက်သွားမှာပါ ဒီကားလေးကို ဒါရိုက်တာ Adam Kobrovskyနဲ့ Nimrod Reshef ဒါရိုက်တာနှစ်ယောက်က ရိုက်ကူးထားတာပဲ ဖြစ်ပြီး IMDb 7ရရှိထားတဲ့ ကားကောင်းလေးတစ်ကားပါ ဒီကားက ဇာတ်လမ်းအကျဉ်းလေးကတော့ အစ္စရေးကိုခိုးဝင်တဲ့ နောက်တွဲယာဉ်သုံးတွဲမှားသွားတဲ့ အခါမှာ ဖြစ်ပေါ်လာတဲ့ ကိစ္စတွေကို ဟာသနှောတင်ပြထားတာပဲဖြစ်ပါတယ် မင်္ဂလာဆောင်တော့မဲ့ မာဖီးယားဂျူးလူမျိုးရယ် ဂေးစုံတွဲရယ် ဒုစရိုက်လောကဆရာမကြီးရှင်းရစ်ရယ် သုံးဖွဲ့သား အလွှဲတွေနဲ့ ဘယ်လိုခရီးဆက်ကြမလဲ ဒီယာဉ်သုံးတွဲမှာ ဘာပစ္စည်းတွေပါလာမှာလဲ ဘယ်လိုလူတွေနဲ့ တွေ့ကြံုရမလဲဆိုတာကို ဇာတ်အလှည့်အပြောင်းများစွာနဲ့ စိတ်ဝင်တစား ကြည့်ရှုနိုင်မဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ဟာသအက်ရှင်ကားကြိုက်တဲ့ ပရိသတ်​ကြီးအတွက် ညွှန်းပေးလိုက်ပါတယ်နော် ဇာတ်လမ်းအကျဉ်းရေးသားသူ April Snow File size…(1 GB) Quality….Webrip 720p Format…mp4 Duration….01:32:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by April Snow

Horror • Comedy
0 2022
Hummus Full Trailer
In the Land of Women
6.4

In The Land Of Women (2007) စာရေးဆရာကောင်လေး Carter က စော်ပစ်ခံရပြီးနောက်ပိုင်း ဒီပျက်ရှင်ဝင်ရာကနေ သူ့ရဲ့နေမကောင်းတဲ့အဖွားကိုပြုစုရင်း တစ်ယောက်တည်းနေတော့မယ်ဆိုပြီး LA ကနေ Michigan မြိုလေးကို ပြောင်းလာခဲ့တယ်။ အဲဒီမှာ Sarah ဆိုတဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးနဲ့တွေ့ပြီး ရင်ဖွင့်ဖြစ်ရင်း ရင်းနှီးလာရာကနေ Sarah ရဲ့ သမီးနှစ်ယောက်နဲ့ ခင်မင်ပြီး သူ့ရဲ့ စာရေးဖို စိတ်အားထက်သန်မှုတွေပါ ပြန်လည်ပေါ်ပေါက်လာခဲ့တယ်။ ဒါပေမဲ့ Carter ရဲ့ Sarah အပေါ် ခံစားချက်တွေက အိမ်နီးချင်းမိတ်ဆွေအဆင့်ထက်ပိုလာရုံတင်မကဘဲ Sarah ရဲ့ သမီးကြီး Lucy ကပါ Carter အပေါ် စိတ်ယိုင်လာတော့ နဂိုကတည်းက ဖောက်ပြန်မှုရှိနေတဲ့ Sarah တိုမိသားစုကြား ဘယ်လိုရှုပ်ထွေးမှုတွေဖြစ်ကုန်မလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဟာသတွေနဲ့နှောပြီး စိတ်ဝင်စားဖွယ်ရာ ဆက်လက်ကြည့်ရှုလိုက်ပါဦးဗျာ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File size_(1.3GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:39:00 Genre_Drama , Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

Action • Drama • History
6.4 2007 97 mins
In the Land of Women
Our Lady of the Assassins
6.8

‘Our Lady Of The Assassins’ ဆိုတဲ့ ဇာတ်ကားလေးက အသက်(၅၀)ဝန်းကျင်အရွယ်ရှိပြီဖြစ်တဲ့စာရေးဆရာ ဖာနန်ဒိုတစ်ယောက် သူ့မွေးရပ်ဇာတိဖြစ်တဲ့ မယ်ဒဲလ်ရင်မြို့ကို ပြန်ရောက်လာရာကနေဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ လိင်တူချစ်သူဖြစ်တဲ့ ဖာနန်ဒိုဟာ သူ့သူငယ်ချင်းရဲ့ အမျိုးသားဆောင်ကြာမြိုင်မှာ ဆယ်ကျော်သက်အရွယ် အဲလက်စ်ဆိုတဲ့ ကောင်လေးနဲ့ တွေ့ဆုံခဲ့ရာကနေ သူ့ငယ်ဘဝမြို့ရဲ့ ပြောင်းလဲမှုတွေကို ကြုံတွေ့ရပါတော့တယ်။ ရာသီဥတုသာယာပြီးတော့ အလည်အပတ်သွားလို့ကောင်းတယ်ဆိုပြီး နာမည်ကြီးတဲ့မယ်ဒဲလ်ရင်မြို့ကလေးရဲ့ အမှောင်ဖက်ခြမ်းလို့ဆိုရမယ့် ခိုးဆိုးလုယက်မှုတွေနဲ့ လူတွေရဲ့ အမှောင်ဖက်ခြမ်းကိုပါ ဇာတ်ကောင်တွေကနေတဆင့်ပြောပြသွားတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖာနန်ဒိုဟာ အဲလက်စ်ကို မြို့တလျှောက်အလည်အပတ်သွားဖို့ အဖော်အဖြစ်ခေါ်ခဲ့တာ ဖြစ်ပေမယ့်လည်းနှစ်ယောက်ကြားက သံယောဇဉ်တွေဟာ မယ်ဒဲလ်ရင်မြို့ရဲ့ ပြောင်းလဲမှုလိုမျိုးပဲ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတော့တယ်။ ဒီဇာတ်ကားထဲမှာ အသက်အရွယ်ကွာခြားလွန်းတဲ့ ဖာနန်ဒိုနဲ့ အဲလက်စ်တို့နှစ်ဦးကြားက တွယ်တာမှု သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေကိုပါ ခံစားမိပြီးတော့ထူးဆန်းတဲ့ လူ့သဘောသဘာဝကိုလည်း အေးအေးလူလူ ကြည့်ရှုနိုင်ခံစားနိုင်မယ်။ ဒီဇာတ်ကားဟာမှုခင်းရေးရာနဲ့ ချစ်ခြင်းမေတ္တာတို့ကို အဓိကဖော်ပြထားတဲ့ (၂၀၀၀)ခုနစ်ထွက် စပိန်ဘာသာစကားပြော ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ကိုလံဘီယာစာရေးဆရာ Fernando Vallejo ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိငယ် ဝတ္ထုတစ်ပုဒ်ကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဖာနန်ဒိုနဲ့ အဲလက်စ်တို့ရဲ့ ချစ်ခြင်းမေတ္တာကကော သူတို့နှစ်ဦးတွေးထားသလိုမျိုး လွယ်ကူခရီးပေါက်နေမလားဆိုတာကိုတော့ ဇာတ်လမ်းလေးကိုကြည့်ပြီး ခံစားသုံးသပ်ကြည့်ကြရမှာပဲဖြစ်ပါတယ်။ File size… 2.2 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Crime/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Doros

History • Drama • War
6.8 2000
Our Lady of the Assassins
Beautiful Sunday
5.6

Beautiful Sunday (2007) ************************ မင်းသားကြီး Namkoong Min နဲ့ ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ ဒီကားဟာ တစ်ကားလုံး ဇာတ်ရှိန်မကျသွားဘဲ ခြောက်ခြားစရာကောင်းတဲ့ ရိုက်ချက်နဲ့ ဇာတ်လမ်းကြောင့် နောက်ဆုံးစာတန်းထိုးပြီးတာတောင် စိတ်ထဲမှာ စွဲကျန်ရစ်နေမဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ် .. ဒီကားဟာ ဝမ်းနည်းမှု၊ ပူဆွေးမှုတွေ အရင်းခံဆက်ယှက်နေတဲ့ အမျိုးသားနှစ်ဦးရဲ့ ဇာတ်ကြောင်းဖြစ်ပြီး စိတ္တဇမှုခင်းအမျိုးအစားကို ကြိုက်နှစ်သက်တဲ့ ပရိသတ်များ အရသာတွေ့မှာ သေချာပါတယ်။ ဇာတ်လမ်းအညွှန်း ************* ဆေးရုံမှာ သတိမေ့နေတဲ့ ဇနီးဖြစ်သူရဲ့ ဆေးဖိုးဝါးခအကြွေးတွေကြောင့် ငွေအသည်းအသန်လိုနေတဲ့ စုံထောက်ဂန်။ သူ့ဘဝရဲ့ အမှောင်ဆုံးအချိန်မှာ ဇနီးဖြစ်သူ အသက်ဆက်နိုင်ဖို့အတွက် ဆေးမှောင်ခိုသမားတွေဆီက လာဘ်ထိုးတာကို လက်ခံပြီး သူတို့ရဲ့ပြစ်မှုတွေကို မျက်နှာလွှဲခဲပစ် နေပေးခဲ့ရတယ်။ တစ်နေ့မှာ အကျင့်ပျက်စုံထောက်ဂန်ဆီကို မင်ဝူးဆိုတဲ့လူတစ်ယောက် ရောက်လာပြီး သူဟာ သူ့မိန်းမကို သတ်မိပါတယ်လို့ အပြစ်ဝန်ခံတော့တယ်။ အဲဒီအချိန်မှာပဲ စုံထောက်ဂန်ဟာ ဒီလူသတ်မှုနဲ့ သူ့မိန်းမရဲ့ မတော်တဆမှုအကြား ဆက်သွယ်ချက်တစ်ခုခုရှိနေကြောင်း ရိပ်မိသွားတဲ့အခါ…. (ဇာတ်လမ်းအညွှန်းကို Esther Oo မှရေးသားထားပါတယ်) File size…3.32GB / 1.03GB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 57 min. Genre ….. Thriller, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Esther Oo Encoded by AHtet

Drama • History
5.6 2007
Beautiful Sunday
Once Upon a Time in Hong Kong
6.1

ဒီကားလေးက ဟောင်ကောင်မှာတစ်ချိန်က အစိုးရအပြောင်းအလဲ စနစ်တွေကြားမှာ ပြည်သူတွေလုံးပါးပါးခံစားခဲ့ရတဲ့ကာလက ဘဝတချို့ကိုဇာတ်ကားအဖြစ်ရိုက်ထားတာပါ… ဒီကားလေးက ကိုလိုနီလက်အောက်ခံကာလမှာ ဟောင်ကောင်ဟာ စီးပွားရေးလုပ်ငန်းတစ်ဟုန်ထိုး တိုးတက်နေခဲ့ချိန်ပေါ့… ဒါပေမယ့် ဟောင်ကောင်ရဲ့ စီးပွားရေးက လောင်းကစားနဲ့ ဘိန်းလုပ်ငန်းဖြစ်နေတာပဲ…. နောက်ပြီးကလပ်လုပ်ငန်းနဲ့ မိန်းမကိစ္စပါ ပါလာတာပေါ့… လက်သည်ပျောက်တဲ့အလောင်းတွေ၊ လက်သည်မရှိတဲ့ အမှုတွေ၊ အမှုတောင် မဖွင့်လိုက်ရတဲ့ အမှုတွေ၊ အဖက်ဖက်က ဒုက္ခတွေနဲ့ ဆီးကြိုနေတဲ့ဘဝကြီးမှာ ကိုယ့်ဘာသာ အဆုံးစီရင်တာက နောက်ဆုံးထွက်ပေါက်ဖြစ်လာခဲ့တဲ့ ကာလကို တကယ့်ဖြစ်ရပ်ထက်နည်းနည်းလေးလျှော့ပီးရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ် ငွေသာလျှင်အမိငွေသာလျှင်အဖဖြစ်လာပြီး ငွေမျက်နှာနဲ့ လူသားချင်းစာနာမှုတွေပျက်ပြားပြီး လုပ်ချင်ရာလုပ် ဖြစ်ချင်ရာဖြစ်နေခဲ့ပါတယ်… ဒါကို မကြည့်နိုင်သူတစ်ဦးက အမှန်တရားကို ဖော်ထုတ်ဖို့မပြောနဲ့ မေးမြန်းတာမျိုးဖြစ်ဖြစ် စုံစမ်းတာမျိုးဖြစ်ဖြစ် လုပ်မိရင်တောင် တစ်ခါတည်းဆုံးမခံရတဲ့ကာလ၊ ဘိန်းလို မှောင်ခိုပစ္စည်း အရောင်းအဝယ်လုပ်ရင်တော့ ငွေမျက်နှာကြောင့် ၉ ပုံ ၁ ပုံသာဖမ်းပြီး စခန်းကနေ ဝယ်လက်အထိ ခိုးပို့ပေးတဲ့ ကာလ၊ အမှန်တရားအတွက် သက်သေလိုက်ပေးမယ်ဆိုရင်တောင် နောက်နေ့ အလောင်းပေါ်သူကပေါ် မိုးလင်း တံခါးလာခေါက်ပြီး ခြေဖြတ်ခံလက်ဖြတ်ခံရတဲ့ကာလမျိုးကို ဘယ်လိုပုံဖေါ်ထားလဲဆိုတာကိုဆက်လက်ခံစားကြည့်လိုက်ကြရအောင်

6.1 2021 106 mins
Once Upon a Time in Hong Kong
The Sixth Sense
8.2

The Sixth Sense (1999) IMDb Rating (8.2) / Rotten Tomatoes (86%) မင်းသားကြီး ဘရုစ်ဝီလီ ရဲ့ ၁၉၉၉ က ဇာတ်ကားဟောင်းလေးပါ။ အော်စကာ ဆန်ကာတင် ခြောက်ခုအထိဝင်ခဲ့တဲ့ Psycho-Thriller ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကလေးသူငယ်စိတ်ဓါတ်မြှင့်တင်ရေးအလုပ်တွေမှာစိတ်ရောကိုယ်ပါနှစ်ထားတဲ့ ဒေါက်တာမယ်လ်ကွန်ဟာ ကလေးတယောက်ကိုကူညီဖို့ပျက်ကွက်ခဲ့တယ်။ ဒီအလုပ်နဲ့ပါတ်သက်ပြီး စိတ်ရောကိုယ်ပါနှစ်ထားတဲ့သူ့အတွက်တော့ ဒီပျက်ကွက်မှုဟာ သူ့ကိုယ်သူခြောက်လှန့်နေခဲ့တယ်.. တစ်နေ့မှာ သူ့ရဲ့ အောင်မြင်မှုတွေအတွက် မြို့တော်ဝန်က ဂုဏ်ပြုလွှာ ချီးမြှင့်တာကိုခံရပါတယ်။ သူ့ရဲ့ဇနီးနဲ့အတူ အောင်ပွဲခံနေစဉ်မှာပဲ ကလေးဘဝက သူ့ရဲ့လူနာဖြစ်ခဲ့ဖူးတဲ့ ဗင်းဆင့်ဆိုသူ အိမ်ထဲဖောက်ထွင်းဝင်ရောက်လာပါတယ်.. သူ့ကိုမကူညီပေးနိုင်ခဲ့တဲ့ ဒေါက်တာခရိုးကို ဒေါသတကြီး လာရှာခဲ့တာပါ.. သူ့စိတ်က ဒီကလေးပေါ်မှာ စွဲလန်းနေခဲ့သလို ကိုးလ် ဆိုတဲ့ ၉ နှစ်အရွယ်ကလေးတယောက်မှာ ဒီလိုစရိုက်လက္ခဏာတွေတွေ့လာရတဲ့အခါမှာသူဟာ ဇနီးကိုပါ တာဝန်မကျေသလိုဖြစ်ခဲ့ရတယ်.. ကိုးလ်ဆိုတဲ့ကလေးကလဲ မွေးရာပါ တမလွန်ကလူတွေကိုမြင်ရတဲ့စရိုက်တခုပါလာခဲ့တယ် သူဟာဝိဉာဉ်တိုင်းကို မြင်နိုင်ခဲ့ပြီး ဒီအစွမ်းကပဲ ဒီဇာတ်လမ်းရဲ့အဓိက မြှုပ်ကွက်ဖြစ်လာခဲ့တယ်.. ကိစ္စတွေဘယ်လိုရှုပ်ထွေးသွားဦးမလဲ ဒေါက်တာခရိုးတစ်ယောက် အတိတ်ကနေ ရုန်းထွက်နိုင်ပါ့မလား.. ဇာတ်လမ်းဇာတ်ကွက်အကူးအပြောင်းများနဲ့ ရင်ခုန်စရာ ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ ကြည့်ရင်းတွေးရတဲ့ဇာတ်ကားမျိုးဖြစ်တာကြောင့် အညွှန်းအများကြီးမဆက်တော့ပါဘူး ကြည့်ဖြစ်အောင်ကြည့်လို့သာ လက်တို့ပါရစေ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Thway ဖြစ်ပါတယ်။) File size… (9.8 GB) / (2.9 GB) / (1.1 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Thriller Duration….01:47:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Min Thway

Comedy • Drama
8.2 1999 107 mins
The Sixth Sense
Exposed
5.8

၂၀၁၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ မသိသူမရှိ John Wick မင်းသားကြီး Keanu Reeves နဲ့ ကျူးဘားသူမင်းသမီး ချောလေး Ana de Armas တို့ရဲ့ ဇာတ်ကားဟောင်းလေး ဖြစ်တဲ့ Exposed ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက် ပေးလိုက်ပါတယ်။ဇာတ်ကားအမျိုးအစားကိုပြောရ ရင်တော့ မှုခင်းလျှို့ဝှက်ဆန်းကြယ်အမျိုးအစားဖြစ်ပြီး သရုပ်ဆောင်တော်တော်များများကလည်း နာမည်ကြီးတဲ့ အပြင် ဇာတ်ညွှန်းလေးကလည်း စိတ်ဝင်စားစရာကောင်းတဲ့ အတွက် အတိတ်ကိုပြန်လည်လွမ်းဆွတ်ရင်း ဇာတ်လမ်း ကောင်းလေးတွေပြန်ကြည့်ချင်တဲ့သူတွေအတွက်တော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းဘယ်ကစလဲဆိုရင်တော့ စကော့ဆိုတဲ့စုံထောက်ရဲ့ တွဲဖက်စုံထောက်တစ်ယောက် ရထားဘူတာမှာ ဓားထိုး အသတ်ခံရာကနေစတာပါပဲ။ဘယ်သူတွေလုပ်သွားသလဲ ဆိုတာ အရိပ်အယောင် အစအနတောင်မသိရဘဲ အဲ့ဒီ စုံထောက်ကိုယ်ပေါ်က ကင်မရာတစ်လုံးကိုသာ သဲလွန်စ အနေနဲ့တွေ့ခဲ့ရပါတော့တယ်။အဲ့ဒါကြောင့် စကော့က သူ့တွဲဖက်ကိုသတ်သွားတဲ့လူကိုသိရဖို့အတွက် အဲ့ဒီကင်မရာ ထဲမှာတွေ့တဲ့ ဓာတ်ပုံတွေထဲကအတိုင်း လိုက်စုံစမ်းပါ တော့တယ်။ဒါပေမယ့် ဖြစ်ချင်တော့ သူ့တွဲဖက်ကိုယ်တိုင် ကလည်း စံပြရဲမဟုတ်ဘဲ မူးယစ်ဆေးရောင်းတဲ့လူတွေ ဆီကနေ ငွေညှစ်တာတို့ ရဲတစ်ယောက်နဲ့မကိုက်ညီတဲ့ အပြုအမူတွေလုပ်ခဲ့တဲ့လူဖြစ်တဲ့အတွက် သူ့ကိုကြုံးချင် တဲ့လူတွေကလည်း ခပ်များများဖြစ်နေတော့ စုံစမ်းစစ်ဆေး ရတာတိုင်ပတ်နေခဲ့ပါတော့တယ်။ ဒီလိုနဲ့ စုံထောက်ကြီးစကော့ လိုက်လံစုံစမ်းရင်း သူ့တွဲဖက် အတွက် အမှန်တရားကိုဖော်ထုတ်ပေးသွားနိုင်မလား အမှန်တရားဆိုတာဖော်ထုတ်တိုင်းရော ကောင်းပါ့မလား ဆိုတာကို ရှုစားရမဲ့ Old But Gold ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ File size… (1 GB) / (539 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre …..Crime , Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2016 102 mins
Exposed
Monkeybone

Monkeybone (2001) ———————————– ကျွန်တော့်အတွက် ငယ်ဘဝ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ရုပ်ရှင်တွေက အတော်လွှမ်းမိုးမှု ရှိခဲ့တယ်ပြောရမယ်။ The Mummy ထွက်လာတော့ အရမ်းကြိုက်ခဲ့တာ ရတနာသိုက်ရှာသလို စွန့်စားခန်းလည်းပါ ကြောက်စရာတွေလည်းပါ ထူးဆန်းတာတွေရောဆိုတော့ ဘာပြောကောင်းမလဲပေါ့ဗျာ။ ဒီတော့ Brendan Fraser ကြီးကို မံမီမင်းသားဆိုပြီး မှတ်မိသွားတော့တာပဲ။ သူ့ရဲ့ တာဇံဟာသကား George of the Jungle တို့ နတ်ဆိုးဆီက ဆုတွေတောင်းတဲ့ Bedazzled တို့ဆို အရမ်းကိုရယ်ခဲ့ရတာ။ ဒီတော့ အဲဒီငယ်ဘဝတုန်းက ဒီ Monkeybone ဆိုတဲ့ကားလေးကိုလည်း သူ့အစွဲကြောင့် ကြည့်ခဲ့မိရော။ ရှေ့ကကားတွေကို မမှီဘူးဆိုပေမဲ့လည်း 2000 ကာလ Brendan ကြီးရဲ့ သရုပ်ဆောင်မှု ဇာတ်လမ်းဇာတ်အိမ် ထူးဆန်းပြီး ရယ်ရတာတွေကြောင့် တော်တော်လေး Fun ဖြစ်ပြီး Nostalgia ဖြစ်စေမှာ သေချာတယ်။ ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ Monkeybone ဆိုတဲ့ ပရမ်းပတာ ဟာသကာတွန်းလေး ဖန်တီးပြီး အောင်မြင်နေတဲ့ စတူးဆိုတာက လူတွေရှုပ်ရှုပ်ရှက်ရှက်နဲ့ အောင်မြင်လာတာတောင်မှ သူ့ဘာသာသူ ချစ်သူဖြစ်သူ ဒေါက်တာဂျူလီနဲ့ အေးအေးဆေးဆေးနေချင်တဲ့ ကာတွန်းအနုပညာရှင်။ တစ်ညကျ ကားမတော်မဆမှုဖြစ်ပြီး စတူးတစ်ကောင် ကိုမာဝင်ပြီး တမလွန်လို အိပ်မက်ဆိုးကမ္ဘာရောက်သွားရော။ အဲဒီမှာ သူဖန်တီးထားတဲ့ မန်းကီးဘုန်းဆိုတဲ့ အရိုင်းအစိုင်းမျောက်နဲ့လည်း သွားတွေ့နေသေးတယ်။ ဒီမှာ ပြဿနာက လူ့ကမ္ဘာဖက်က စတူးအစ်မက မောင်နှမချင်းပေးထားတဲ့ ကတိစကားကြောင့် ကိုမာဝင်နေတာကို အသက်မဆက်ပေးတော့ပဲ ၃ လနေရင် ပလပ်ဆွဲဖြုတ်ပြီး ပေးသေလိုက်တော့မယ်ဆိုတာကို စတူးတစ်ကောင် အောက်ကနေ သိလိုက်ရတော့ အိပ်မက်ဆိုး နတ်ဘုရားအကူအညီယူပြီး သူ့ဘော်ဒါ မျောက်ရိုင်းလေးနဲ့ လူ့ပြည် ဘယ်လိုပြန်တက်ကြမလဲဆိုတာကို စိတ်ကူးယဉ်ဆန်ဆန် ရယ်မောစရာလေးတွေနဲ့ ကြည့်ရမှာပါ။ ဒီဇာတ်ကားက ရယ်စရာလည်းကောင်းသလို အဲဒီခေတ်တုန်းက ကြည့်ခဲ့ရတာ Creepy လည်း ဖြစ်ပါတယ်။ အကောင်တွေ ဖန်တီးထားတာ စိတ်ကူးယဉ်တာ ပုံရိပ်တွေက ကျောချမ်းစရာလည်းကောင်းခဲ့တယ်။ အခုမှ သေချာပြန်ကြည့်မိတော့ ဒီကား ဒါရိုက်တာ Henry Selick ဆိုတာက အဲဒီလို Creepy ဆန်ဆန် Animation ရုပ်ရှင်တွေဖြစ်တဲ့ Coraline တို့ The Nightmare Before Christmas တို့ James and the Giant Peach တို့ကို ဖန်တီးထားတဲ့ ဆရာကြီးဖြစ်နေရောဗျာ။ တစ်ခုတော့ပြောချင်ပါတယ် ဒီကားကို ကြည့်မယ်ဆို Rating ကို တစ်ချက်လောက် ခေါက်ပစ်ထားလိုက်ပါ။ 2000 ကာလတုန်းက လက်ရာတစ်ခုကို ပြန်စီးမျောတဲ့အနေနဲ့ပဲ အေးဆေးသာယာစွာ ခံစားကြည့်ရှုလိုက်ပါဦးလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size… 1.8 GB / 880 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Comedy, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

0 2001 93 mins
Monkeybone