YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Watcher.In.The.Woods.1980.720p.(CM).mp4

1.04 GB N/A video/mp4 83 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Palm Trees and Power Lines
6.3

Rotten Tomatoes 90%, IMDb Rating 6.7 ရရှိထားတဲ့ ၂၀၂၂ ခုနှစ်ထွက် ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၈+ကားလိုမျိုးမဟုတ်ပေမယ့် မိသားစုနဲ့အတူ မကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်ကြောင်း ကြိုပြီး သတိပေးလိုက်ချင်ပါတယ်။ လီယာဟာ အိမ်ထောင်ကွဲနေတဲ့ အမေဖြစ်သူနဲ့ အတူနေထိုင်တဲ အထက်တန်းကျောင်းသူတစ်ယောက်ပါ။ အမေဖြစ်သူရဲ့ ရည်းစားများမှု ပြဿနာကြောင့် အိမ်မှာနေထိုင်ရတာလည်း အဆင်မပြေလှဘူးဖြစ်နေပါတယ်။ ဒီလိုနဲ့ နွေရာသီတစ်ခုမှာတော့ လီယာဟာ သူ့သူငယ်ချင်းတွေ၊ သူ့အမေနဲ့ ကင်းကွာသလိုဖြစ်ပြီးတော့ တွမ် ဆိုတဲ့ အသက် ၃၀ ကျော် လူတစ်ယောက်နဲ့ ဆုံစည်းဖြစ်ပါတယ်။ လီယာလည်း သူ့အဆင်မပြေမှုတွေရဲ့ ထွက်ပေါက်အဖြစ် တွမ် ကို အသုံးပြုပါတော့တယ်။ ဒါပေမယ့် နောက်ကြောင်းကိုလည်း ရှင်းရှင်းမသိရတဲ့ တွမ်ဟာ အသက် ၁၇ နှစ်အရွယ် လီယာကို ဘာကြောင့် ချဉ်းကပ်ရတာလဲ၊ သူ့မှာ ဘာရည်ရွယ်ချက်တွေ ရှိနေမလဲဆိုတာ အများကြီး မညွှန်းတော့ဘဲ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ခံစားလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.42GB | 523MB | 275MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... Aaron

Drama
6.3 2023 110 mins
Palm Trees and Power Lines
R.I.P.D. 2: Rise of the Damned
6.5

2013 တုန်းက RIPD ရုပ်ရှင်ကို ကြည့်ဖူးသူကြည့်ဖူးမှာပါ။ Deadpool မင်းသားနဲ့ ရိုက်ထားတဲ့ကားရှိပါတယ်။ မကြည့်ဖူးသေးရင်လည်း ချန်နယ်မြန်မာမှာ တင်ထားပါတယ်။ အခုကားကတော့ အဲဒီ ၂၀၁၃ ကားရဲ့ ခေတ်မတိုင်ခင် ၁၈ ရာစု ကောင်းဘွိုင်ခေတ်က ရွိုင်ရဲ့ မူလဇာတ်လမ်းပါ။ ဒီတော့ ဓာတ်ဘူးမင်းသား ရိုင်ရန်ရေးနိုးတော့ မပါတော့ပါဘူး။ ဒါပေမဲ့ RIPD 1 လိုပဲ အတော်လေး ကောင်းပါတယ်။ ကောင်းဘွိုင်ခေတ်အရသာတစ်မျိုးပေါ့။ ဇာတ်လမ်းအကျဉ်း ရွိုင်ဆိုတဲ့ ရဲမှူးတစ်ယောက်ဟာ ရထားတွဲကို လာတိုက်တဲ့ ဓားပြတွေကို ပြန်တိုက်ရင် သေသွားခဲ့ပါတယ်။ သူသေသွားပြီးတော့ ကောင်းကင်ဘုံနဲ့ငရဲကိုမရောက်ခင် RIPD ကိုရောက်သွားပါတော့တယ်။ RIPDကတော့ငရဲပြည်ကနေထွက်ပြေးလာပြီးလူ့ပြည်မှာ သောင်းကျန်းနေတဲ့ ဝိညာဉ်တွေကို ဖမ်းဆီးနှိမ်နင်းရတဲ့ တမလွန်ရဲဌာနတစ်ခုပါပဲ။ ဒီရုပ်ရှင်မှာလည်းငရဲကနေ လွတ်လာတဲ့ ငရဲပြေးတစ်သိုက်ဟာ ငရဲတံခါးကိုဖွင့်ပြီး ငရဲကျဝိညာဉ်တွေအကုန်လုံးကို ကမ္ဘာကြီးထဲကိုဆွဲခေါ်ပြီး ကမ္ဘာကိုအုပ်စိုးဖို့ ပြင်ဆင်နေကြတာကို RIPD ရဲ့ အေးဂျင့်နှစ်ယောက်က ဘယ်လိုတားဆီးမလဲဆိုတာ တွေ့ရမှာပါပဲ။ ခံစားကြည့်လိုက်ပါဦး File size… 2.03GB / (1.02GB)  Quality….  1080p /720p  Format…mp4 Duration….01:22:00 Genre...Action / Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Adventure • Fantasy
6.5 2022 102 mins
R.I.P.D. 2: Rise of the Damned
Deewangee
6.4

မင်းသားကြီးအဂျေးနဲ့အရှေးခန်နာ...မင်းသမီး Urmila Matondkar တို့ပါဝင်ထားတဲ့ ဒီဇာတ်ကားက IMDb Rating(6.5) ရရှိထားတဲ့ Crime,Mystery အမျိုးအစား စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးပါ။ "အချစ်" ခေတ်အဆက်ဆက်က ဒီစကားလုံးလေးနှစ်လုံးကို ကဗျာတွေ စာတွေ ပေတွေနဲ့ ဖော်ကျူးခဲ့ကြတယ်... ခံစားချက်ထောင်ချီကနေ ပေါက်ဖွားလာတဲ့ ဒီစကားလုံးလေးက လူသားကို လုံးဝ ရူးသွပ်သွားအောင် လုပ်နိုင်ခဲ့တယ်.. ပြောကြတယ်မလား အချစ်အတွက်ဆို အသက်လည်းပေးနိုင်သလို သေလည်းသေရဲတယ်ပေါ့ ဒါဟာ တကယ်အချစ်ကိုရူးသွပ်ကြတဲ့ လူတွေမှာ ပေါက်ဖွားလာတဲ့ ခံစားချက်လေးပါ... ဒီလိုအချစ်မျိုးတွေ တကယ်ရှိခဲ့ကောင်း ရှိခဲ့ပါလိမ့်မယ် ရှိလည်း ရှိနိုင်ပါတယ်... ဒီလိုစွဲလန်းရူးသွပ်စိတ်ကို ဖေါ်ပြထားတဲ့ ဒီကားလေးမှာ ငယ်ငယ်လေးကတည်းက တိတ်တခိုးချစ်စိတ်တွေနဲ့ ဖုံးကွယ်ထားခဲ့ရတဲ့ ခံစားချက်တွေကို ရင်မှာမျိုသိပ်ရင်း ဆရ်ဂမ်ဆိုတဲ့ကောင်မလေးကို တရန်းဆိုတဲ့ကောင်လေးဟာ ရင်မှာကျိတ်ပိုးငြိတွယ်နေခဲ့တယ်... မိဘတွေက ရင်းနှီးသိကျွမ်းကြလို့ သူတို့နှစ်ယောက်ကို ငယ်ငယ်လေးကတည်းက သဘောတူထားခဲ့ကြတယ်.. လောကဓံကြောင့် တရန်းရဲ့မိဘတွေ ငယ်ငယ်လေးကတည်းက ဆုံးပါးသွားခဲ့ကြပြီး ချစ်ရသူနဲ့ငယ်ငယ်လေးကတည်းက ကွေကွင်းသွားခဲ့ရပါတယ်.. ပြန်ဆုံမိတဲ့အခိုက်အတန့် သိပ်မကြာခင်မှာပဲ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်...ရဲတွေဟာ တရန်းကို လက်ပူးလက်ကြပ်မိလို့ လူသတ်တရားခံလို့ မှတ်ယူထားခဲ့ကြတယ်... ဆရ်ဂမ်ဟာ တရန်းကလူသတ်သမားမဖြစ်နိုင်ဘူးဆိုတာကို ယုံကြည်တဲ့အတွက် နာမည်ကျော်ရှေ့နေလေး ရာဂျ်ကို အမှုလိုက်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်... တရန်းကလည်း သူ လူမသတ်ပါဘူးလို့ ငြင်းတယ်... ရှေ့နေရာဂျ်ကလည်း ဆရ်ဂမ်ကို သဘောကျနေတော့ ဒီအမှုကိုလိုက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်... ဒီလိုနဲ့ တရန်းဟာ တကယ်ပဲ လူသတ်သမားဖြစ်နေမလား... တကယ့်လူသတ်သမားက ဘယ်သူဖြစ်နေမလဲဆိုတာကို လှည့်ကွက်တွေများစွာနဲ့ ကြည့်ရှုအားပေးရမှာဖြစ်ပါတယ်... လောကမှာ အချစ်အတွက်ဆို ဘာမဆိုလုပ်ပေးနိုင်တဲ့ လူစားမျိုးကို ရလိုက်တာဟာ ကံကောင်းခြင်းလို့ မှတ်ယူနိုင်ပါတယ်... ဒါပေမဲ့ အချစ်ရဲ့စွဲလမ်းရူးသွပ်စိတ်မှာလည်း ဘေးထွက်ဆိုးကျိုးဆိုတာ ရှိတတ်တာကို ဒီဇာတ်ကားက အမိအရရိုက်ကူးထားပေးလို့ စိတ်လှုပ်ရှားစွာ ကြည့်ရှုနိုင်ကြပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်။ File size…(3 GB) / (1.3 GB) Quality….WEB-DL 1080p /720p Format…mp4 Duration….02:37:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Comedy • TV Movie
6.4 2002 156 mins
Deewangee
Aśoka
6.4

IMDb Rating (6.6) / Rotten Tomatoes (100%) သမိုင်းမှတ်တမ်းဝင်ဘုရင်တွေထဲမှာ အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့တဲ့ တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သလို ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သီရိဓမ္မာသောကမင်းတဖြစ်လဲ အာသောကမင်းကြီး အကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်လမ်းကြီးဖြစ်ပါတယ်။ မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီး ကာရီနာကပူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အချိန်က ခရစ်တော်မပေါ်မီ BC 260 ဝန်းကျင်ကာလတွေဖြစ်ပါတယ်။ အာသောကမင်းဟာ ဗိန္ဓုသာရမင်းနဲ့ ဓမ္မာမိဖုရားတို့ရဲ့သားတော်ဖြစ်ပြီး အိန္ဒိယနိုင်ငံသမိုင်းမှာ ပထမဆုံးသောအင်ပါယာ မောရိယနိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့တဲ့ စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်ပါတယ်။ဘိုးတော်ရဲ့အင်ပါယာမှာ မသိမ်းပိုက်နိုင်ဘဲ ကျန်ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့ကို သူ့လက်ထက်မှာ ဆက်လက်သိမ်းပိုက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်... တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့ပေမယ့် အိန္ဒိယအရှေ့ဖက်ကမ်းရှိ ကလိင်္ဂတိုင်း(ယခု အိုရစ်ဆာပြည်နယ်)ကိုဝင်ရောက်တိုက်ခိုက်ရာမှာ ကလိင်္ဂကတိုင်းသားတို့က ရဲရဲဝံ့ဝံ့ပြန်လည်ခုခံတာကြောင့် ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး လူပေါင်းများစွာ သေကြေပျက်ဆီးပြီးမှ အောင်နိုင်ခဲ့ပါတယ်။အရာအားလုံးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အာသောကမင်းကြီးအနေနဲ့ သူ့ရဲ့အောင်နိုင်မှုတွေဟာ လူသေအလောင်းတွေအပေါ်မှာသာရှိတယ်လို့ ကလိင်္ဂကတိုက်ပွဲမှာ ထိတ်လန့်တကြားမြင်တွေ့သွားတဲ့အခါမှာတော့....ချစ်ခြင်းမေတ္တာနဲ့ လူတွေကိုထွေးပွေ့ဖိုအတွက် စစ်ကိုစွန့်လွှတ်ခဲ့ပါတော့တယ်။ ဒီ့နောက်မှာတော့ သူဟာ ဗုဒ္ဓရဲ့ ဓမ္မဖက်မှာပဲ စိတ်ကိုမြုပ်နှံခဲ့ပြီး လူ့လောကကောင်းကျိုးတွေကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါတယ်.... လူမဆန်တဲ့ တင်းကျပ်လွန်းတဲ့ဥပဒေများကို ဖြေလျှော့ပေးခြင်း..တိရိစ္ဆာန်ဘေးမဲ့ဂေဟာများ ဆောက်လုပ်ပေးခြင်း...လမ်းများဖေါက်ပေးခြင်း.. ဆည်မြောင်းတာတမံများ ဆောက်လုပ်ပေးခြင်း စတဲ့ကောင်းမှုတွေကို တိုင်းသူပြည်သားတို့အတွက် ဆောင်ရွက်ပေးခဲ့ပါတယ်... အထူးခြားဆုံးကတော့ တခြားဘာသာများကိုလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံခြားသို့ ဗုဒ္ဓသာသနာပြုများ စေလွှတ်ခဲ့ပြီး သီဟိုဠ်ကျွန်းမှာဆိုရင် ဗုဒ္ဓသာသနာ အထူးပင် စည်ပင်ဖွံ့ဖြိုးခဲ့ပါတယ်။ ဒါကြောင့်လဲ အသောကမင်းကြီးကို ဗုဒ္ဓမှလွဲလျှင် ဗုဒ္ဓသာသနာကို ကမ္ဘာ့ဘာသာကြီးတစ်ခုဖြစ်အောင် အထိရောက်ဆုံးဆောင်ရွက်နိုင်ခဲ့သူလို့ဆိုကြတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားက အာသောကမင်းကြီးရဲ့ဘဝဇာတ်ကြောင်းကိုတင်ဆက်ထားတာမျိုးမဟုတ်ဘဲ သူ့ရဲ့လမ်း သူ့ရဲ့ဓမ္မကိုသာ နှောင်းလူတို့လျှောက်လှမ်းဖို့အတွက် ဖော်ပြတင်ဆက်ထားတာဖြစ်ပါတယ်။ အာသောကမင်းကြီးရဲ့ ဓမ္မဆိုတာကတော့ မန္တန်ရွတ်ဖတ်ပူဇော်ခြင်းနဲ့ ဘာသာရေးဓလေ့ထုံးတမ်းများကို လိုက်နာခြင်းမျိုးထက် လူ့လောက..လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းနဲ့လူ့လောကကောင်းကျိုးကိုသာ ဆောင်ရွက်ခြင်းမျိုးဖြစ်ပါတယ်...ဒီအယူအဆတွေကို နေရာအနှံ့နှံ့က သူ့ရဲ့ကျောက်စာတွေမှာ ဖော်ကျူးထားခဲ့တာဖြစ်ပါတယ်။ ကဲ..အာသောကမင်းကြီးရဲ့ဖြစ်တည်မှုကို ဒီရုပ်ရှင်လေးနဲ့ခံစားကြည့်ကြပါစို့။ File size…(3.9 GB)/(1.6 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:55:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Action • Drama • Thriller
6.4 2001 175 mins
Aśoka
Seven Nights in Japan
6

Seven Nights in Japan (1976) ဒီဇာတ်ကားနဲ့ပတ်သက်လို့ အချက်အလက်တွေရှာတာမှာ စိတ်ဝင်စားဖွယ်တစ်ခု တွေ့ရတာက ဒီဇာတ်ကားဟာ မြန်မာပြည် (အရင်တုန်းက Burmaလို့နာမည်ရှိစဉ်)မှာ ရုံတင်ခဲ့ချိန်တုန်းက အလွန်အောင်မြင်လူကြိုက်များခဲ့တဲ့အကြောင်းကို Wikipedia မှာ ညွှန်းထားတာပါပဲ။ ညွှန်းတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်တောင် ရုပ်ရှင်ရုံရှေ့က လက်မှတ်တန်းစီတိုးကြတဲ့ လူအုပ်ကြီးထဲ ညပ်ပါသွားခဲ့ရတယ်ဆိုလား။ ဥရောပတစ်နိုင်ငံက အိမ်ရှေ့စံမင်းသားလေးတစ်ပါးဟာ (ဘယ်နိုင်ငံရယ်လို့တော့ အတိအကျညွှန်းမထားပါဘူး။ ) ရေတပ်ဗိုလ်လေးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ရင်း ဂျပန်နိုင်ငံကိုအရောက်မှာ အားလပ်ရက်အနေနဲ့ ခွင့်တစ်ပတ်ယူပြီး ကုန်းပေါ်တက်သွားတာကနေ ဇာတ်လမ်းစတာပါပဲ။ သာမန်သင်္ဘောသားတစ်ယောက်လိုတော့ အားလပ်ရက်ရတုန်း ကဲချင်သလိုကဲခွင့် မရှိရှာပါဘူး။ သူ့ခမျာ မင်းမျိုးမင်းနွယ်ဖြစ်ရတဲ့သူတွေရဲ့ဒုက္ခကို ခံရပါတယ်။ သူရတဲ့ အားလပ်ရက်လေးအနည်းငယ်ကို မင်းသားတစ်ပါးရဲ့ သံတမန်ခရီးစဉ်လိုမျိုး စီစဉ်လိုက်ကြတော့ သူ့မှာ ဧည့်ခံပွဲတွေတက်ရ၊ မကုန်နိုင်တဲ့လူတွေနဲ့ လက်ဆွဲနှုတ်ဆက်ရ ၊ သတင်းထောက်တွေမေးတာဖြေလိုက်ရနဲ့ မခံနိုင်တဲ့အဆုံး တစ်ညမှာ သူအခန်းကနေခိုးထွက်ပြီးတော့ တိုကျိုမြို့တော်ရဲ့ night life ကို လျှောက်ခံစားကြည့်ပါတော့တယ်။ ပိုက်ဆံလည်းတစ်ပြားမှမပါဘဲနဲ့ နိုက်ကလပ်ထဲကို သူမို့ဝင်ရဲပါပေတယ်။ အဲဒီမှာ စားပွဲထိုးမလေးတွေပါးပါးလှီးသမျှ ခံရရင်း ပြန်တော့မယ်ဆိုလို့ ငွေရှင်းသွားဦးလေ ဆိုတော့ "ကျွန်တော်အပြင်ထွက်တဲ့အခါ ပိုက်ဆံကိုင်လေ့မရှိဘူးဗျ" တဲ့။ "အဲဒီပိုက်ဆံကို နက်ဖြန်ကျရင် အပို့ခိုင်းလိုက်ပါ့မယ်" တဲ့။ အဲဒီတော့ ဘာပြောကောင်းမလဲ နိုက်ကလပ်လုံခြုံရေးတွေက အတင်းလိုက်ဖမ်းတာကို လွတ်‌အောင် သေပြေးရှင်ပြေး ပြေးရရောဆိုပါတော့။ ပြေးရင်းပုန်းရင်းနဲ့ ဘတ်စ်ကားတစ်စင်းပေါ်ရောက်သွားပါတယ်။ အဲဒီကားက ကမ္ဘာလှည့်ခရီးသွားတွေကို တိုကျိုမြို့ရဲ့ညဘက်မြို့ပတ်ခရီးစဉ်လိုက်ပြတဲ့ကုမ္ပဏီတစ်ခုရဲ့ကားပါ။ အဲဒီကားပေါ်မှာပဲ ဧည့်လမ်းညွှန် ဂျပန်မချောချောလေးတစ်ယောက်နဲ့ ဆုံမိကြရောဆိုပါတော့။ မြင်မြင်ချင်းချစ်မိတဲ့အချစ်ရယ်၊ မွန်းကျပ်ဆို့သိပ်ဖွယ်ကောင်းလှတဲ့ တာဝန်ဝတ္တရားတွေကို ရှောင်ပြေးချင်စိတ်ရယ်၊ တစ်ခါမှမခံစားရဖူးတဲ့ လွတ်လပ်မှုနဲ့အလှတရားတွေရယ် ဒါတွေအားလုံးပေါင်းဆုံမိသွားတဲ့အခါမှာတော့ ကြည်နူးလွမ်းမောဖွယ်အချစ်ဇာတ်လမ်းလေးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ ရုပ်ရှင်ရုံတွေမှာရုံတင်ခဲ့တုန်းက ဆင်ဆာကတ်ကြေးကြောင့် ချစ်မက်၊နှစ်သက်၊မပစ်ရက်စရာကြည်နူးဖွယ် Romantica/ Erotica ပြကွက်လေးတွေကို ကြည့်ခွင့်မရခဲ့ကြမယ့် လက်ရှိ လူလတ်ပိုင်း၊လူကြီးပိုင်းပရိသတ်တွေအနေနဲ့လည်း အခု ပြည့်ပြည့်စုံစုံခံစားခွင့်ရကြပါလိမ့်မယ်ဆိုတဲ့အကြောင်း ညွှန်းလိုက်ရပါတယ်ခင်ဗျ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Tharman Myint မှ တက်ဆက်ထားပါတယ်။) File size…(650MB) Quality….DVDRip Format…mp4 Duration….01:40:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Tharman Myint

Drama • History • Romance
6 1976 100 mins
Seven Nights in Japan
Father & Sons
5.7

Father & Sons (2018) ================ မိသားစုအချင်းချင်းကြားမှာ ထားရှိတဲ့မေတ္တာဆိုတာ တစ်ခါတစ်လေမှာ မမြင်နိုင်ဘူးဖြစ်တတ်ပါတယ်။ နေ့တိုင်း ချစ်တယ်လို့ ပြောဖြစ်ချင်မှ ပြော ဖြစ်ကြပါလိမ့်မယ်။ ဒါပေမယ့် နေ့စဉ်လုပ်ကိုင်ပေးနေတဲ့ ကိစ္စတွေက အချစ်ကို အခြေတည်ပြီးတော့ ဖြစ်လာကြတာပါ။ တစ်ဦးနဲ့တစ်ဦး ရန်ဖြစ်ကြ စကားမပြောဘဲနေကြကောင်း နေနိုင်ပေမယ့် တကယ့်အတွင်းစိတ်ထဲက မေတ္တာက မပြောင်းလဲနိုင်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့်လည်း မိသားစုဟာ လူတိုင်းရဲ့ ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်နေတာပါ။ ချစ်ခြင်းမေတ္တာဟာ ဆန်းကြယ်လွန်းလှပါတယ်။ အဖေတစ်ယောက် သား နှစ်ယောက်တို့ကြားက ဆန်းကြယ်လှတဲ့ ချစ်ခြင်းမေတ္တာကို ခပ်ပါးပါးဖော် ပြထားပြီး လှလှပပ ပြသွားတာကို ယခုဇာတ်ကားထဲမှာ ကြည့်ရှု့ရမှာမို့ ဒရာမာချစ်သူ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ Leonard Lin, Roman Nox တို့ဖြစ်ပါတယ်) File Size……….(1.0 GB) / (435 MB) / (240 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 30mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Leonard Lin, Roman Nox Encoder……….SWM

Drama • Fantasy
5.7 2018 90 mins
Father & Sons
They Wait in the Dark

ဇာတ်လမ်းအစပိုင်းမှာ အေမီဟာ သူ့သားကိုခေါ်ပြီး မွေးရပ်မြေက သူ့မိဘတွေအမွေထားခဲ့တဲ့ အိမ်ကိုပြန်လာနေတယ်။ အိမ်ပြန်လမ်းတစ်လျှောက်မှာ ရှိစုမဲ့စုပိုက်ဆံကိုချွေတာသုံးရင်းနဲ့ သူနေထိုင်ခဲ့ရတာမြို့လေးဆီကိုရောက်လာခဲ့တယ်။ မြို့ကိုရောက်တော့ သားအမိနှစ်ယောက်က ကောက်ဖီဆိုင်တစ်ဆိုင်မှာဗိုက်ဖြည့်ဝင်လိုက်ကြတယ်။ ကော်ဖီဆိုင်မှာနှစ်ပေါင်းများစွာ အဆက်အသွယပြတ်ခဲ့တဲ့ ငယ်သူငယ်ချင်း ဂျန်နီနဲ့တွေ့တယ်။ နောက်တော့ ကော်ဖီဆိုင်မှာ အလုပ်လုပ်နေတဲ့ ဂျန်နီက အေမီတို့သားအမိကို အိမ်ပြန်လိုက်ပို့လိုက်ပြီးတော့ မကြာခဏလာကြည့်မယ်ဆိုတဲ့ အကြောင်းပြောခဲ့တယ်။ အေမီတို့အမွေရထားတဲ့အိမ်ဟာ လူသူမနေတာကြာပြီ ဖြစ်တဲ့အတွက် ဆယ်ကျော်အရွယ်တွေပေါက်ကရလုပ်တဲ့ နေရာကောင်းတစ်ခု ဖြစ်နေတော့ ရှုပ်ပွနေတဲ့အိမ်ကို အစအဆုံးသန့်ရှင်းစလုပ်ကြတယ်။ ဒီလိုနဲ့ အိမ်‌ကိုရောက်ပြီးသိပ်ကြာခင်မှာ ထူးထူးဆန်းဆန်းတွေစဖြစ်တဲ့အခါမှာတော့……… File size…873MB / 402MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 25m Genre ….. Dama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

0 2022 85 mins
They Wait in the Dark
Paper Lives
6.6

တူရကီရုပ်ရှင်တွေထဲက Netflixမှာ လူကြည့်အများဆုံးနဲ့ နိုင်ငံတကာရုပ်ရှင်ဝေဖန်ရေးသမားတွေကအစ ချီးကျူးထားတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ iMDbကိုယ်တိုင်ကိုက အော်စကာနဲ့ထိုက်တန်တဲ့ရုပ်ရှင်ကားလို့ ညွှန်းထားပြန်ပါတယ်။ လူတွေဟာ ကိုယ်မရခဲ့တဲ့အရာဆို သူများအတွက်ဖြည့်ပေးချင်ကြတာချည်းပါပဲ။ Mehmetဟာ အစ္စတန်ဘူးဆင်းရဲသားရပ်ကွက်မှာ ဘူးခွံပလုံးခွံတွေ ကတ်ထူစက္ကူတွေကို အမှိုက်ပုံးထဲကလိုက်ကောက်ရင်း ပိုက်ဆံစုကာ ကျောက်ကပ်အစားထိုးဖို့ အလှူရှင်ကိုစောင့်ဆိုင်းနေသူပေါ့။ တွယ်တာစရာ သိပ်မရှိလှပေမဲ့ ဘဝတူဆင်းရဲသားတွေနဲ့ ညီအစ်ကိုလိုနေရင်း ပတ်ဝန်းကျင်ကို ကူညီတတ်သူဖြစ်ပြီး အသက်ရှင်နေဖို့ သိပ်စိတ်ပါလှတယ်တော့မဟုတ်ပါဘူး။ တစ်နေ့တော့ ဆာလာအိတ်ထဲမှာ ၈နှစ်အရွယ်ကောင်လေးတစ်ယောက်ပါ လာပါတယ်။ ကောင်လေးကို ဘယ်ကလာလဲ မင်းအိမ်ဘယ်မှာလဲမေးပေမဲ့ ခေါင်းတွင်တွင်ခါရင်း ကျွန်တော်ပိုက်ဆံရှာချင်တယ် အမေ့ကိုကယ်မယ်ပဲ ပြောနေပါတယ်။ Mehmetလည်း ကောင်လေးကို ခဏခေါ်ထားပြီး နောက်မှ သူ့အမေဆီပြန်ပို့မယ်ဆိုတဲ့အကြံနဲ့ ခဏတာလက်ခံထားပြီးနောက်မှာ သူ့ဘဝဟာ ပြောင်းလဲသွားပါတော့တယ်။ Spoilerမမိစေချင်တာကြောင့် ဒီအထိပဲပြောပြပါရစေ။ ငယ်ဘဝစိတ်ဒဏ်ရာတွေ၊ ဆေးသုံးစွဲမှုတွေ၊ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ စိတ်အခြေအနေတွေ၊ ဆင်းရဲနွမ်းပါးမှုတွေနဲ့ပုံဖော်လို့ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စွမ်းရည်တင်မက ရုပ်ရှင်ဓာတ်ပုံပိုင်းကပါ ဒီဇာတ်ကားကို အပြည့်ဖြည့်ပေးထားပါတယ်။ ပြောစရာတစ်ခုရှိတာကတော့ သီချင်းတစ်ပုဒ်ကို စောစီးစွာအသုံးပြုထားခြင်းပါပဲ။ ဒါပေမဲ့ ဒီဇာတ်လမ်းကို ဆုံးအောင်ကြည့်မယ်ဆိုရင် ဒီသီချင်းကို ဘာလို့သုံးခဲ့လဲဆိုတာကို နားလည် ပေးနိုင်မယ်ထင်ပါရဲ့။ ရုပ်ရှင်အဆုံးဟာ လုံးဝကိုခမ်းနားပြီး အစပိုင်းမှာ နားမလည်နိုင်ခဲ့တဲ့သရုပ်ဆောင်မှုတွေကို ဒါကဒီလိုပါလာဆိုပြီး စေ့စေ့တွေး ရေးရေးပေါ်စေပါလိမ့်မယ်။ ဒီ ၁ နာရီနဲ့ ၃၇ မိနစ်ဟာ လုံးဝနောင်တမရစေမယ့်အချိန်လို့ အာမခံပါတယ်ခင်ဗျာ။ File size…1.47GB / 737MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Drama • Romance • Comedy
6.6 2022 96 mins
Paper Lives
Everything Is Unknown
5.9

Everything is unknown ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဘဝကြီးကို ပြီးဆုံးပြီလို့ ထင်ထားတဲ့ လက်ဝှေ့သမားဟောင်း ဖန်ယိမင် ဟာ ကြိုးဝိုင်းထဲက မတော်တဆတစ်ခုကြောင့် ချစ်ရတဲ့သူနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ရတယ်… ဒီမတော်တဆနောက်ပိုင်းမှာ ဖန်ယိမင်ဟာ သူ့ဘဝကို သူ့နည်းသူ့ဟန်နဲ့ အဆုံးသတ်နေရာကနေ တစ်နေ့မှာ သူ့အဖေ သေဆုံးပြီဆိုတဲ့ သတင်းနဲ့အတူ ဘယ်လောက်မှန်းမသိတဲ့ အမွေလွှဲပေးဖို့ စာရွက်စာတမ်းတွေနဲ့ ရှေ့နေတစ်ယောက် ရောက်လာခဲ့တယ်… ဒီလိုနဲ့ ဈာပနပွဲမှာ တစ်ချိန်က လက်လွှတ်ခဲ့ရတဲ့ ရည်းစားဟောင်း လင်းယွဲ့နဲ့အတူ ၇ နှစ် ၈ နှစ်အရွယ် သမီးလေးကို မြင်တွေ့လိုက်ရပြီးနောက် ဖန်ယိမင် အသေအချာကို ယုံကြည်ခဲ့တယ်… လင်းယွဲ့လက်ကို ကိုင်ထားတဲ့ မုဇီ ဟာ သူ့သမီးလေးလို့ပေါ့… ကံကောင်းစွာနဲ့ ကလေးကလည်း သူ့အပေါ် တွယ်တာတာ မြင်ရတာမို့ ခဏလေးနဲ့ ရင်းနှီးခဲ့တယ်… ဒါပေမယ့် ကလေးက ရောဂါသည်လေးမို့ ခွဲစိတ်ဖို့ သိန်း ၂၀ လိုတယ်ဆိုပြီး လင်းယွဲ့က ပြောပြတာမို့ ဖန်ယိမင်တစ်ယောက် လို နေတဲ့ ပိုက်ဆံကို အမွေထဲက ပေးဖို့ ဆုံးဖြတ်ထားတယ်… ဒီလို ဆုံးဖြတ်တဲ့ထဲမှာ လင်းယွဲ့တို့ လင်မယား မသင့်မြတ်ကြဘူးဆိုတဲ့ သတင်းကြောင့်လည်း ပါကောင်းပါမှာပေါ့… ကဲ ဇာတ်လမ်းလေးက ဒီလောက်ရိုးရှင်းတာလား… ဘာလို့ တိုက်တိုက်ဆိုင်ဆိုင် ရည်းစားဟောင်းက ပေါ်လာပြီး သိန်း ၂၀ လိုချင်ရတာလဲ… ကလေးလေးကရော ဘာရောဂါဖြစ်နေတာလဲ… ဘာက အမှန် ဘာက အမှားလဲဆိုတာ ဇာတ်လမ်းလေးကြည့်ပြီး ကိုယ်တိုင်ဆုံးဖြတ်လိုက်ကြပါတော့….

5.9 2023
Everything Is Unknown
The Portrait

The portrait ဆိုတဲ့ဇာတ်ကားကတော့ 2023 ခုနှစ်ကထွက်ရှိခဲ့ပြီး Mystery, Horror အမျိုးအစားဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ သူမခင်ပွန်းဖြစ်သူရဲ့ကံမကောင်းအကြောင်းမလှတဲ့ မတော်တဆဖြစ်ရပ်အပြီးမှာ အတိတ်မေ့သွားတဲ့ ခင်ပွန်းဖြစ်သူကို မှတ်ဉာဏ်ပြန်ရလိုရငြား ခင်ပွန်းဖြစ်သူ ငယ်ဘဝကကြီးပြင်းခဲ့တဲ့ မိသားစုပိုင်အမွေဆိုင်အိမ်ကြီးကိုခေါ်လာခဲ့ပါတယ်။အဲဒီအိမ်မှာ သူမခင်ပွန်းဖြစ်သူ နုပျိုစဥ်ကနဲ့တစ်ပုံစံထဲတူတဲ့ ပုံတူပန်းချီကားတစ်ချပ်ကိုတွေ့ရှိခဲ့ပါတယ်။သူမကို တစ်ခုခုက ခြောက်လှန့်လာပြီး စိတ်တွေစိတ်ခြောက်ခြားလာတာနဲ့အမျှ အဲ့ဒီပုံတူပန်းချီကားက တစ်ကယ်တစ်ခုခုပူးကပ်နေတာလားဆိုတာကို သိရဖို့ သူမစုံစမ်းပါတော့တယ်။ File size…(1.2 GB)/(586 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Horror, Thrillr, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris

Family • Drama • Romance
0 2023
The Portrait
Lights Out
5.2

Lights Out (2024) Boyka မင်းသား Scott Adkins နဲ့ MCU မှာ Crossbone အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Frank Grillo တို့လိုမျိုး ဝါရင့် အက်ရှင်မင်းသား ၂ ယောက် ပါဝင်ထားတဲ့ ၂၀၂၄ ခုနှစ် အသစ်ထွက်ရှိလာတဲ့ အက်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ကြိုတင်ပြီး ပြောချင်တာက ဒီဇာတ်ကားဟာ B အဆင့်ပဲ ရှိတဲ့ low budget အက်ရှင်ကားမျိုးပါ။ Budget အများကြီးသုံးထားတဲ့ A အဆင့် ရုပ်ရှင်လိုမျိုးတော့ မျှော်လင့်ပြီးမကြည့်ပါနဲ့ စိတ်ပျက်သွားပါမယ်။ ဒါပေမယ့် နာမည်ကြီးမင်းသားမင်းသမီးတွေသုံးပြီး ပေါတောနေတဲ့ ရုပ်ရှင်တွေထက်တော့ အပုံကြီးသာပါတယ်။ တချို့ အားမရစရာအပိုင်းတွေ ရှိပေမယ့် ဇာတ်လမ်းပိုင်းကတော့ မဆိုးပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဒက်ဖ်ဟာ တာဝန်ကနေ အနားယူထားတဲ့ စစ်သားဟောင်းတစ်ယောက်ပါ။ သူဟာ လျှောက်ပြီးလေလွှင့်နေရင်း ကြုံတဲ့ဘားတွေမှာ လောင်းကစားလိုက်လုပ်ပြီး ခရီးစရိတ်ရှာနေခဲ့ပါတယ်။ သူ့မှာ မပြီးဆုံးသေးတဲ့ ကိစ္စလေး တစ်ခုအတွက် အယ်လ်အေမြို့ကို ပြန်လာခဲ့တာပါ။ ဘားတစ်ခုမှာ ဖဲရိုက်ရင်း ဝိုင်းထဲက လူတွေနဲ့ ရန်ဖြစ်ကြလို့ ဒက်ဖ်က အကုန်လုံးကို အမှောက်သိပ်လိုက်ပါတယ်။ အဲဒါကို မက်စ်က အစအဆုံးမြင်လိုက်ပါတယ်။ မက်စ်က တရားမဝင်မြေအောက် ထိုးသတ်ပွဲတွေအတွက် လူလိုက်ရှာနေတာမို့ ဒက်ဖ်က ဝင်ထိုးဖို့ စည်းရုံးပါတယ်။ ဒီလိုနဲ့ ဒက်ဖ်တစ်ယောက် မြေအောက်လောကထဲဝင်ပြီး အကျင့်ပျက်ရဲတွေ၊ ရာဇဝတ်ဂိုဏ်းတွေနဲ့ ရင်ဆိုင်ဖို့ ဖြစ်လာတဲ့အချိန်မှာတော့….. အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Action, Thriller Quality…. 1080p | 720p File size… 1.55GB | 740MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Action • Comedy • Animation
5.2 2024
Lights Out
[18+] Daddysitter
5

မာယာနဲ့အီသန်တို့က မိဘမဲ့မောင်နှမဖြစ်ပြီး မာယာကပဲ အချိန်ပိုင်းသူနာပြုအလုပ်နဲ့ကျောင်းတက်နေဆဲ အီသန်ကိုရော စားဝတ်နေရေးအတွက်ပါ ငွေရှာနေရတာပါ။ဒီဘ၀ကနေရုန်းထွက်ဖို့အတွက် ကျောင်းပြီးအောင် ပညာဆက်သင်ပြီးနိုင်ငံခြားမှာအခြေချဖို့စိတ်ကူးတွေအတွက် သူ့မှာငွေလိုနေပါတယ်။ သူ့အခက်အခဲကိုသိတဲ့ သူငယ်ချင်းဖြစ်သူရဲ့လမ်းကြောင်းပေးမှုနဲ့ မာယာတစ်ယောက် ပုံမှန်မဟုတ်တဲ့အလုပ်တစ်ခုကိုလက်ခံလိုက်မိပါတယ်။ အဲ့ဒါကတော့ ဒက်ဒီအထိန်းတော်-ဆိုတဲ့အလုပ်ပါပဲ။ဖခင်အရွယ်ငွေလျှံပြီး ကျန်းမာရေးချို့တဲ့တဲ့ သူဌေးကြီးတွေကို အနီးကပ်ပြုစုစောင့်ရှောက်ရင်းလိုအပ်ရင် ခန္ဓာကိုယ်ပါ ပေးရတဲ့အလုပ်ပါ။ သူပထမဆုံးလက်ခံမိတဲ့ မာရီယန်နိုဆိုတဲ့ သူဌေးကြီးဟာ သူ့ကိုမြင်မြင်ချင်းစွဲလန်းမိသွားချိန်မှာတော့ မာယာတစ်ယောက် ရှေ့ဆက်ဆုံးဖြတ်ဖို့အခက်တွေ့လာပါတော့တယ်။ Pantaxa Laiya ပြိုင်ပွဲဝင်ဟောင်း Apple Dy နဲ့ တက်သစ်စမင်းသမီးလေး Mia Cruz တို့ခေါင်းဆောင်ထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(950MB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:00:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5 2024
[18+] Daddysitter
Forget Me Not

Forget me not 2024 မေ့မရတဲ့ချစ်ဒုက္ခ အချစ်ဟာလိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဆိုတာတော့မသိပေမဲ့ နှလုံးသားနဲ့ဦးနှောက်ရဲ့ အားပြိုင်မှုအောက်မှာ မကြာခဏဆိုသလို လမ်းပျောက်ရတတ်တာကတော့ ဒီအချစ်ဆိုတဲ့အရာပါပဲ။ အော်သီရဲ့နှလုံးသားကို အချစ်ဆိုတဲ့အရာနဲ့ မိတ်ဆက်ပေးခဲ့တဲ့ဖာဟင်းတစ်ယောက် သူ့ရဲ့နှလုံးသားမှာ ဒီအချစ်မျိုးစေ့လေး အမြစ်တွယ်ခါမှ ရုတ်တရက်ကြီး ခြေရာဖျောက်သွားပါတော့တယ်။ အော်သီလည်း ဒွိဟသံသယတွေနဲ့ ဒေါသတွေ ရောပြွန်းကျန်ရစ်ဖြစ်ပြီး မိုတူဇာဆီကနေ လက်ထပ်ခွင့်တောင်းခံရပြီးမှ ပျောက်နေတဲ့ဖာဟင်းက ဘယ်ကမှန်းမသိ ပြန်ပေါ်လာပါတော့တယ်။ အချစ်ဦးဆိုတာ အနှစ် ၁၀၀ မမေ့နိုင်သူဆိုတော့ အော်သီတစ်ယောက် လက်ထပ်ခွင့်တောင်းတာကို လက်ခံပြီးမှ စိတ်ခံစားချက်တို့ လွန်ဆွဲနေချိန် ဖာဟင်းက ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားချိန်မှာတော့ …. ဖာဟင်းတစ်ယောက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတာဘာကြောင့်လဲ။ ချစ်ခဲ့ပြီးမှ ဘာလို့ရုတ်တရက် ခြေရာဖျောက်ဂို့စ်သွားတာလဲ။ အော်သီကရော ဒါတွေကိုစုံစမ်းရင်းနဲ့ သူ့နှလုံးသားထဲကမေးခွန်းရဲ့အဖြေကို ရှာတွေ့နိုင်မလားဆိုတာကတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Yunni တို့ပဲဖြစ်ပါတယ်)

0 2024 90 mins
Forget Me Not
Dead Money
5.9

Dead Money (2024) IMDb Rating (5.9) / Rotten Tomatoes (25%) ဒီ သဲထိပ်ရင်ဖိုဇာတ်ကားတော့ လောင်းကစားကိုနောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အန်ဒီလို့ခေါ်တဲ့ ပရော်ဖက်ရှင်ပိုကာကစားသမားတစ်ယောက်ဟာ တစ်ညမှာ သူ့ရဲ့ ခွင်တွေ့ထားတဲ့ကစားဝိုင်းကို သွားကစားခဲ့ပါတယ်။ ဖြစ်ချင်တော့ အန်ဒီအကုန်ရှုံးပြီးကာမှ အချီကြီးပြန်နိုင်သွားပါတယ်။ အချီကြီးနိုင်သွားပြီးတဲ့နောက် သူ့ရဲ့ကောင်မလေး ကလိုဝီနဲ့ မြို့ပြောင်းပြီးနေဖို့ စိတ်ကူးထားတာပါ။ ဒါပေမဲ့ဖြစ်ချင်တော့ ဝိုင်းသိမ်းခါနီးမှာပဲ ဓားပြနှစ်ယောက်ဟာ အန်ဒီတို့ ကစားနေတဲ့ဝိုင်းကို ဓားပြတိုက်သွားပြီး တစ်ဝိုင်းလုံးအလုခံလိုက်ရပါတယ်။ ဓားပြတိုက်ခံရလို့ ဝိုင်းပျက်သွားပြီးတဲ့နောက်မှာ အန်ဒီဟာ စိတ်ပျက်ပျက်နဲ့ သူ့ကောင်မလေးနဲ့အတူ​ အိမ်ကိုကားနဲ့ပြန်လာခဲ့ပါတယ်။ ပြန်နေရင်းလမ်းမှာပဲကောင်မလေးက လပ်တော့ပ်ကျန်ခဲ့လို့ဆိုပြီး ဝိုင်းထောင်တဲ့အိမ်ကိုပြန်သွားလိုက်ပါတယ်။ ဒီလိုနဲ့ အန်ဒီတစ်​ယောက် ပစ္စည်းသွားပြန်ယူတဲ့အချိန်မှာငွေထုပ်ကြီးတစ်ထုပ် အိမ်ရဲ့ လှေကားရင်းမှာရှိနေတာကိုတွေ့လိုက်ရပါတယ်။ ဒီငွေထုပ်ကြီးကိုယူပြီးနောက်မှတော့ အန်ဒီရဲ့ဘဝဟာ တဖန်ပြန်သာယာမလိုဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ငွေထုပ်ကြီးရဲ့ သမိုင်းကို အန်ဒီသိသွားတဲ့အခါမှာတော့.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.1 GB) / (600 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:40:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Crime • Comedy
5.9 2024 100 mins
Dead Money
On Swift Horses
6.1

On Swift Horses ကတော့ romance/dram , LGBTQ ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့ အချိန်အတွင်းမှာဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ ဂျူးလိယက်လို့ခေါ်တဲ့ကောင်လေးတယောက်ဟာ ပူပူနွေးနွေးအိမ်ထောင်ပြုပြီးမိသားစုတစ်ခုတည်ထောင်တော့မယ့်အစ်ကိုဆီပြန်လာရင်း နားလည်ရခက်တဲ့သူ့ရဲ့နေထိုင်ပုံကြောင့် ပျော်စရာကောင်းတဲ့မိသားစုဘဝလေးတည်ထောင်ချင်တဲ့ အစ်ကိုဖြစ်သူရဲ့စိတ်ကူးအိပ်မက်တွေအပေါ်မှာ ဘယ်လိုရိုက်ခတ်မှုတွေရှိလာမလဲဆိုတာကို ဒရာမာဆန်ဆန် အချိုးအကွေ့တွေများစွာနဲ့ လွမ်းမောစရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size… (1.18 GB) / ( 759 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 59m Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Senju

Drama • History • War
6.1 2025 119 mins
On Swift Horses