YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.Walking.Dead.S11E01.Acheron.Part.I.1080p.(CM).mp4

1.06 GB 1080p video/mp4 315 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Lola 2
4

အောင်မြင်မှုဆိုတာ ရယူဖို့မလွယ်သလို ထိန်းသိမ်းထားဖို့ ပိုခက်ခဲတဲ့အရာပါ.. ကိုယ်လိုချင်တဲ့အရာတစ်ခုကို မဖြစ်မနေ အရယူနိုင်ခဲ့ပြီးမှ မထင်မှတ်ထားတဲ့ ကံကြမ္မာကြောင့် မလွှဲမရှောင်သာ လက်လွှတ်လိုက်ရမယ်ဆိုရင်.. အခွင့်အရေးရလာတာနဲ့ ပြန်အရယူဖို့ပဲကြိုးစားမလား.. comfort zone မှာ ရေလိုက်ငါးလိုက်ဆက်နေရင်း ဘဝကိုဖြတ်သန်းမလား.. အမျိုးသမီးလက်ဝှေ့ကားတွေ ကြိုက်နှစ်သက်သူတွေအတွက် ၂၀၂၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ Lola 1 ရဲ့ sequelဖြစ်တဲ့ Lola 2 (2022)ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အပျော်တမ်းလက်ဝှေ့ချန်ပီယံ လိုလာက ကြိုးကြိုးစားစားနဲ့ ချန်ပီယံဖြစ်လာပြီးနောက်မှာပဲ သူ့အတွက် အမြဲရှိနေခဲ့သူဒေးဗစ်နဲ့ ချစ်သူတွေအဖြစ် အဆင့်တက်ခဲ့ကြပါတယ်။ စိန်ခေါ်သူတွေကို တစ်ပွဲပြီးတစ်ပွဲအနိုင်ယူရင်း ထရီနာဆိုတဲ့ စိန်ခေါ်သူနဲ့ ထိုးတဲ့ပွဲမှာ သူ့ဘဝမှာမမျှော်လင့်ထားတဲ့အရာလေး ဖြစ်လာခဲ့ပါတော့တယ်။ အဲဒါကတော့ သူတို့ဘဝထဲကို ရင်သွေးလေးတစ်ယောက် ရောက်ရှိနေခဲ့တယ်ဆိုတာ သိလိုက်ရတာပါပဲ။ ရုတ်တရက်ဆန်လွန်းတဲ့ အဖြစ်အပျက်ကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဗျာများနေခဲ့ပေမယ့် ဒေးဗစ်ရဲ့အားပေးမှုတွေနဲ့ ချစ်ခြင်းတွေကြောင့် လိုလာက ကလေးလေးကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း သူ့ကို စိန်ခေါ်သူ ထရီနာက မခံမရပ်နိုင်တဲ့ စကားလုံးတွေနဲ့ ကြိုးဝိုင်းထဲပြန်လာဖို့ စိန်ခေါ်နေခဲ့တာကြောင့် လိုလာက စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မမွေးခင်ကလည်း မမွေးခင်မို့လို့ စိတ်ပူရပေမယ့် မွေးပြီးတော့လည်း ပြုစုဖို့ ပူပန်ရပြန်တာကြောင့် လက်ဝှေ့ကိုအသွေးအသားထဲကချစ်သူ လိုလာ့အတွက်တော့ သမီးလား၊ လက်ဝှေ့လားဆိုပြီး တကယ့်ကို ရွေးချယ်ရခက်တဲ့အခြေအနေမျိုး ဖြစ်နေခဲ့ရတာပေါ့။ မိခင်တစ်ယောက်ဖြစ်ရတာက မလွယ်ကူသလို ကလေးတစ်ယောက်အမေအဖြစ် လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ဝင်ရဖို့ကလည်း လိုလာ့အတွက်တော့ တကယ့်ကို ဖိအားတွေ၊ စိတ်ဖိစီးမှုတွေနဲ့မို့ သူ့ကိုနားမလည်ပေးနိုင်တဲ့ ခင်ပွန်းသည် ဒေးဗစ်ကိုလည်း ရင်မဖွင့်နိုင်၊ သမီးလေးကိုလည်း မစွန့်ပစ်နိုင်တဲ့ လိုလာတစ်ယောက် နောက်ဆုံးမှာတော့ ခေါင်းမာစွာနဲ့ပဲ ဆုံးဖြတ်ချက်ကြီး တစ်ခုကို ချခဲ့ပါတော့တယ်။ အဲဒါကတော့ သူ့ရဲ့ကြိုးဝိုင်းထဲကို ရဲရဲဝင့်ဝင့်နဲ့ ပြန်ဝင်လိုက်ဖို့ပါပဲ။ ကလေးတစ်ယောက်အမေ ဖြစ်သွားပြီဖြစ်တဲ့ ခန္ဓာကိုယ်နဲ့ လိုလာတစ်ယောက် ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို ခံနိုင်ရည်ရှိပါ့မလား.. ခင်ပွန်းသည်ဒေးဗစ်ကရော ကြည်ကြည်ဖြူဖြူခွင့်ပြုပေးနိုင်ပါ့မလား.. ပြောင်းလဲသွားတဲ့အခြေအနေတွေမှာ စိန်ခေါ်သူ ထရီနာ့ကိုရော ယှဉ်ပြိင်ထိုးသတ် အနိုင်ရနိုင်ပါ့မလား.. ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦးနော်။ File size…(1.4 GB)/(550 MB)/(320 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Drama • Romance
4 2022 93 mins
Lola 2
Mortal Kombat Legends: Snow Blind
7.9

ကဲ Mortal Kombat Legends ရဲ့ သုံးကားမြောက် ဖြစ်တဲ့ Mortal Kombat Legends : Snow Blind ထွက်ရှိလို့လာပါပြီ Scorpion ရဲ့ ဇာတ်လမ်းနဲ့ စဖွင့်ခဲ့တဲ့ Mortal Kombat animation ဇာတ်ကားတွေဟာ live action လို မဟုတ်ဘဲ တုံ့ပြန်မှုကောင်းတဲ့ အနေအထားမှာ ရှိပါတယ် လက်ရှိ သုံးကားမြောက်မှာတော့ MK ပရိသတ်တွေနဲ့ မစိမ်းလှတဲ့ Sub-zero နဲ့ မျက်ကန်းဓါးသမား Kenshi တို့ရဲ့ ဇာတ်ကြောင်းပဲ ဖြစ်ပါတယ် ဇာတ်အိမ်ကိုတော့ Mortal Kombat ပွဲတွေအလွန် အတော်ဝေးဝေးအနာဂါတ် တစ်နေရာမှာ တည်ဆောက်ထားပြီး ကမ္ဘာပေါ်က နေရာတိုင်းဟာ သေရွာပြန်တွေဖျက်ဆီးလို့ အကုန်ပျက်စီးပြီး စွန့်ပစ်မြေအဖြစ်ကိုရောက်ရှိသွားပါတယ် ပရိသတ်တွေရဲ့ ချဥ်ဖတ်အိုး ဇာတ်ကောင်ဖြစ်တဲ့ Kano ဟာ နဂါးနက်အဖွဲ့ရဲ့ ဘုရင်အဖြစ်နဲ့ စွန့်ပစ်မြေမှာ ထင်တိုင်းကြဲလျက်ရှိပြီး တစ်နေရာပြီးတစ်နေရာ သိမ်းပိုက်နေတာပါ... Sub-zero တစ်ဖြစ်လဲ Kuai Liang ကလည်း လူသူမသိ အဘိုးကြီးတစ်ယောက်အဖြစ် ဇာတ်မြှုပ်နေလျက်ရှိပါတယ် တစ်နေ့မှာတော့ ပြိုင်ဖက်ကင်းစစ်သည်တော်ဖြစ်ဖို့ ရည်မှန်းထားတဲ့ Kenshi ဟာ မြို့လေးတစ်မြို့ကို ရောက်ရှိလာပြီး Kano ရဲ့ လူတွေကို ပညာပေးလိုက်ကာ ပြဿနာကို မီးထွန်းရှာလိုက်ပါတော့တယ် Kano နဲ့ နဂါးနက်အဖွဲ့ကို ဖိတ်ခေါ်လိုက်မိတဲ့ Kenshi တစ်ယောက် ဘယ်လိုဖြစ်သွားမလဲ... Kuai Liang ကရော ဒီအရှုပ်ထုပ်ထဲမှာ ဘယ်နေရာကနေ ပါ၀င်လာမှာလဲ... ဘာလို့ ဇာတ်မြှုပ်နေခဲ့ရတာလဲ..? ဒီဇာတ်ကားမှာတော့ လက်ရှိ MK 11 ထဲက ဇာတ်ကြောင်းတချို့ကိုပါ ယူသုံးပြီး ဇာတ်အိမ်တည်ဆောက်သွားတာဖြစ်လို့ MK ပရိသတ်တွေအနေနဲ့ အရှေ့နှစ်ကားလိုပဲ ရသပြည့်ပြည့်၀၀ ခံစားရမှာဖြစ်ပါတယ် ဒီလိုဇတ်လမ်းဇာတ်အိမ်ကောင်းကောင်းလေးနဲ့ animation ဇာတ်ကားလေးကို အခုပဲ ကြည့်ရှုလိုက်ကြပါဦး *** သွေးသံရဲရဲ ပြကွက်တွေပါတဲ့အတွက် ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါ *** အညွှန်း နဲ့ ဘာသာပြန်ကတော့ Chuck ပဲ ဖြစ်ပါတယ်။ Genre..... Action, Animation, Adventure Quality…. 1080p | 720p | 480p File size… 1.69GB | 1GB | 569MB Format… mp4 Duration…. 1h 22min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Chuck Encoder ..... August

Thriller
7.9 2022 82 mins
Mortal Kombat Legends: Snow Blind
Mission: Impossible - Fallout
7.4

IMDb Rating 7.7/10 MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ မပါဘူး။ ဇာတ်လမ်းပိုင်းမှာလည်း twist တွေ revelation တွေထည့်ထားပေမဲ့ အရမ်းကြီးလည်း မရှုပ်သလို အရမ်းကြီးလည်း မပေါ့ဘူး။ Fallout ရဲ့ အကောင်းဆုံးကတော့ တင်ဆက်သွားပုံတွေပဲ။ Christopher McQuarrie ကြီးက တကယ်လန်ထွက်နေတယ်လို့ ပြောရမှာပါ။ ရုပ်ရှင်ရဲ့ 70% လောက်က ပြေးလွှား၊ ကားမောင်း၊ ပစ်ခတ်၊ ရဟတ်ယာဉ်မောင်း စတဲ့ action scene တွေ။ ဒါပေမဲ့ လုံးဝ ပျင်းသွားရတယ်ဆိုတာမျိုး မရှိဘူး။ John Wick 2 မှာတုန်းကဆို action scene အရမ်းများ၊ အချိန်တန်သူပဲနိုင်မှာ သိတော့ ပျင်းသွားတဲ့အခိုက်အတန့်ရှိသေးတယ်။ MI ကတော့ creative လည်းဖြစ်၊ ရိုက်ချက်တွေလည်း လှ၊ ကိုယ်တော်ချော Tom Cruise ကိုယ်တိုင် stunt တွေဆိုတော့ တစ်ကားလုံး မျက်လုံးကြီးပြူးပြီး ကြည့်နေရတယ်။ ရိုက်ချက်တွေလှတယ်ဆိုလို့ ထပ်ပြောရရင် ဒီကားမှာ visual တွေက လုံးဝ stunning ပါ။ Action ကားကြီးကို လှအောင်ရိုက်တယ်ဆိုတာ မလွယ်ဘူး။ Scene ကြီးကိုရှယ်ပြလို့ action ပေါ့သွားတာမျိုး၊ action ပိုပြလို့ ရုပ်ထွက်ပျက်သွားတာမျိုးလည်းမရှိဘူး။ ဒီအတိုင်း လေယာဉ်ဆီကို ကားနဲ့ ပုံမှန်လေးမောင်းဝင်လာတဲ့ အခန်းကအစ woah ဆိုပြီးဖြစ်လောက်အောင်ရိုက်ထားတယ်။ ကြမ်းတယ်ဟ ဆိုတာထက် oh sh** moment တွေလည်း များတယ်။ နောက် CGI, Green Screen, stuntman, stunt robot စတာတွေ ပြွတ်ထနေတဲ့ဒီနေ့ခတ်ကြီးထဲမှာ Fallout က တကယ့်အစစ်တွေ သုံးထားတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ၊ ရဟတ်ယာဉ်တွေကိုယ် Tom Cruise ကြီးကိုယ်တိုင်မောင်းတယ်။ ရဟတ်ယာဉ်ပေါ်က ရိုက်ချက်တွေ Green screen လေးခံလိုက်ရင် အလွယ်လေးဆိုပေမဲ့ တကယ်ကြီး မိုးပေါ်မှာရိုက်တယ်။ တချို့ တကယ်တမ်း vfx နဲ့ရိုက်မယ်ထင်ရတဲ့ ရှုခင်းလိုနေရာတွေကအစ တကယ်ကြီးခက်ခက်ခဲခဲသွားရိုက်တယ်။ အဲအတွက် ရုပ်ရှင်ဟာ CGI heavy ရုပ်ရှင်တွေထက် အများကြီး weight ရှိတယ်။ ကြည့်နေရတဲ့သူ ပိုပြီး အသည်းယားတယ်။ အကုန်လုံးနီးပါးက အစစ်တွေချည်းကိုး။ ဒီ effort က တကယ်ကိုချီးကျူးရမှာပါ။ Mission: Impossible – Fallout ဟာ တကယ် နောက်တစ်ဆင့်တက်သွားတဲ့ action film ပါပဲ။ Tom Cruise, Henry Cavil တို့ရဲ့ performance လည်းကောင်း၊ ဒါရိုက်တာ Christopher McQuarrie ရဲ့ လန်ထွက်နေတဲ့ vision အောက်မှာ ထပ်အောင်မြင်ဦးမှာ အသေအချာပဲ။ တော်သေးတယ်။ Cavill ရဲ့ မုတ်ဆိတ် မဖျက်လိုက်ရကျိုးနပ်တယ်။ ခါတိုင်း MI ကားတွေမကြိုက်တဲ့သူတွေတောင် action ကားကြိုက်တယ်ဆိုရင်၊ ကားကောင်းကောင်းကြိုက်တယ်ဆိုရင် လုံးဝ ကြည့်ရကျိုးနပ်တဲ့ကားပါ။ (ရုပ်ရှင်အညွှန်းကို Dat Shin မှ ကူးယူဖော်ပြပါသည်။) Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(11 GB)/(1.7 GB)/(1.2 GB) Quality….BluRay IMAX 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:27:24 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by CM Team

7.4 2018 147 mins
Mission: Impossible - Fallout
Our Huff and Puff Journey
5.9

Our Huff and Puff Journey (2016) ======================== IMDb Rating – 5.9/10 ဒီတစ်ခါတော့ သီချင်းကိုအရမ်းရူးသွပ်တဲ့ အိမ်ပြေးအထက်တန်း ကျောင်းသူလေးယောက်အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကား လေးနဲ့ မိတ်ဆက်ပေးပါရစေ။ အီချီနို ၊ ချီအဲ ၊ ဆက်ဆွန် နဲ့ ဖူမီကိုဆိုတဲ့သူငယ်ချင်းလေးယောက်မှာ တကယ်တမ်းအိမ်ပြေးလာတာ ဖူမီကိုတစ်ယောက်တည်းပါ။ ဖူမီအို အကြိုက်ဆုံးအိုင်ဒေါဖြစ်တဲ့ ကာအိုစံပါဝင်တဲ့ ခရိဟိုက်တေးဂီတအဖွဲ့က တိုကျိုမှာဖျော်ဖြေပွဲလုပ်မှာမို့ အိမ်နဲ့ရန်ဖြစ်ပြီးထွက်လာတာပါ။ အချစ် ဆုံးသူငယ်ချင်းကို အဖော်လုပ်ပေးဖို့ အီချီနို၊ ချီအဲ နဲ့ဆက်ဆွန်တို့လည်း တိုကျိုကို အတူတူထွက်လာခဲ့ပါတယ်။ ဘာထူးခြားလဲဆိုတော့ တိုကျိုအထိ လေးရက်ခရီးလောက်ကို စက်ဘီး ကိုယ်စီနဲ့တက်လာခဲ့ကြတာပါ။ အထက်တန်းကျောင်းသူတွေမို့လို့ မုန့်ဖိုး လည်းအများကြီးမပါတဲ့အပြင် စက်ဘီးလည်း ဆက်မနင်းနိုင်တဲ့အခါ အံ့အားသင့်ရလောက်အောင်ကို လူကောင်းတွေနဲ့အများကြီးတွေ့ခဲ့ရ ပါတယ်။ တစ်မြို့ပြီးတစ်မြို့ အကူအညီတောင်းရင်းနဲ့ နောက်ဆုံးလက် ထဲမှာ ယန်း ၃၀၀ ပဲကျန်တဲ့အချိန် သူငယ်ချင်းလေးယောက်လည်း တစ် ဖြည်းဖြည်းချင်းသွေးကွဲလာပြီး အမြင်စောင်းလာကြတဲ့အခါ…. သူတို့လေးယောက် ဘယ်လိုမျိုးညှိနှိုင်းကြမလဲ ? သူတို့ကြိုက်တဲ့တေးဂီတ ဖျော်ဖြေပွဲဆီကိုရော ချောချောမောမော ရောက်သွားရဲ့လားဆိုတာတော့ ဆက်ကြည့်လိုက်တော့နော်…. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size……….(1.7 GB) / (650 MB) / (420 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 31Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Jo Jo Va Encoder……….SWM

Crime • Drama • Thriller
5.9 2016 91 mins
Our Huff and Puff Journey
Mount Chiak
5.9

Mount Chaik (2023) ကိုရီးယားရုပ်ရှင်လောကမှာ မြင်တွေ့နေကျမရှိတဲ့ Thriller အမျိုးအစား ဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ Mount Chiak (ချီအာ့တောင်) လို့ အမည်ရတဲ့ ဒီဇာတ်ကားလေးမှာဆိုရင် လူငယ်လေး ၅ ယောက်ဟာ စက်ဘီးစီးဖို့အတွက် ချီအာ့တောင်ကို ထွက်ခွာလာခဲ့ကြပါတယ်။ ချီအာ့တောင်ဟာဆိုရင်တော့ အရင်ကတည်းက တစ္ဆေအကြောင်း၊ အပိုင်းပိုင်းဖြတ်သတ်တဲ့လူသတ်မှုအကြောင်း၊ လူပျောက်မှုအကြောင်းတို့နဲ့ သတင်းကျော်ကြားတဲ့ တောင်တစ်ခုပါ။ ဒီလိုနဲ့ သူတို့ ၅ ယောက် တောင်ပေါ်ကို ရောက်ရှိသွားချိန်မှာတော့ ဘယ်တုန်းကမှ တွေးမထားဖူးတဲ့ ဖြစ်ရပ်တွေကို ခြောက်ခြားဖွယ် ကြုံတွေ့လာရပါတော့တယ်။ အရင်ကလည်း လူပျောက်ဆုံးမှုတွေ လူသေမှုတွေ ရှိဖူးထားတဲ့ ကြောက်မက်ဖွယ် ဒီတောင်ပေါ်ကနေ သူတို့ ၅ ယောက် လွတ်မြောက်နိုင်ပါ့မလား၊ ဘယ်လိုထိတ်လန့်စရာတွေနဲ့ ကြုံတွေ့သွားရဦးမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။ Casts တွေအနေနဲ့ဆိုရင်လည်း Yoon Kyun-Sang, Kim Ye-Won, Lee Tae Hwan နဲ့ Bae Geu-Rin တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာမို့ စိတ်ပျက်စေရမှာ မဟုတ်ပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe ပဲ ဖြစ်ပါတယ်။ Genre….. Horror, Mystery, Thriller Quality…. 1080p | 720p File size… 1.4GB | 470MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe Encoder ….. Aaron

Drama • Family • Romance
5.9 2023 85 mins
Mount Chiak
Half Girlfriend
4.6

Half Girlfriend(2017)(သူငယ်ချင်းချစ်သူ) မချစ်ရဲတဲ့သူတစ်ယောက်နဲ့ သူ့ကိုမှ ချစ်ပါတယ်ဆိုတဲ့သူတစ်ယောက် ငေးကြည့်ရုံကလွဲရှေ့မတိုးတဲ့ဇာတ်လမ်းမှာ ဘာဆက်ဖြစ်ကြမလဲ…။ ဒီတစ်ခါတော့ မင်းသား အာရွန်းကပူးနဲ့ ရှက်ဒရာကပူးတို့ရဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ကံကြမ္မာဟာ ထူးဆန်းပါတယ်။ အရာရာမှာ ဘက်စုံတဲ့ ကောလိပ်ရဲ့နာမည်အကြီးဆုံးကောင်လေးနဲ့ ရွာကတက်လာပြီး ရိုးသားမှု၊ ကြိုးစားမှုနဲ့ ရွာကအမေရဲ့ ကျောင်းသေးသေးလေးကလွဲ ဘာမှမရှိတဲ့ ကောင်လေးကိုမှ ဆုံပေးခဲ့ပါတယ်။ ဘတ်စကတ်ဘောဆော့ဖော် သူငယ်ချင်းဘဝကနေ သံယောဇဉ်တွေ တစ်စတစ်စတိုးလာလည်း သူတို့ရဲ့ဆက်ဆံရေးကို ကောင်မလေးက သူငယ်ချင်းဆိုတာထက် အဆင့်တက်ခွင့် မပေးခဲ့ပါဘူး။ ဘာလို့များလဲ..။ ဒဏ်ရာရနေတဲ့နှလုံးသားဟာ ကိုင်တွယ်ရခက်တတ်ပါတယ်။ ဒါကို ဇာတ်လမ်းအဆုံးမှာ ကောင်လေးသေချာကိုင်တွယ်နိုင်ပြီး သူတို့ဆက်ဆံရေးလေး အဆင့်တက်သွားနိုင်မလား ဘာတွေဖြစ်သွားမလဲ..။ အချစ်ဆိုတာ ဘယ်လောက်နူးညံ့လဲဆိုတာကို သိမ်သိမ်မွေ့မွေ့လေးတင်ဆက်ထားတဲ့အပြင် လူငယ်ကျောင်းသားဒရာမာကားလေးမို့ ကြည့်ရတာမပျင်းပဲ ရင်ထဲရောက်သွားမှာ အသေချာပဲမို့ အားပေးကြည့်ရှုလိုက်ပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ရဲ့ Aditi~ Cherry~ KKKZ နဲ့ Thaik San တို့ပဲ ဖြစ်ပါတယ်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Comedy • Romance • Drama • Music
4.6 2017 135 mins
Half Girlfriend
Son of Sardaar
4.2

Son of Sardaar (2012) မင်းသားကြီး အဂျေးသရုပ်ဆောင်ထားတဲ့ ဟင်ဒီစကားပြောဒီရုံကားက 2010 ကထွက်ရှိထားတဲ့ တမီလ်စကားပြော “Maryada Ramanna” ကို remake ပြန်လည်ရိုက်ကူးထားတာပါ တိုက်ဂါး မင်းသားကြီး Salman Khan လည်း ပါဝင်သရုပ်ဆောင်ထားပါတယ် မွေးရပ်မြေ အိန္ဒိယကို မြေကွက်ရောင်းဖို့ပြန်လာတဲ့ အဂျေး ..ဒီမွေးရပ်မြေမှာကသူတို့မိသားစုနဲ့ ကမ္ဘာ့ရန်သူတွေဖြစ်တဲ့ စန်ဒူးမိသားစုရှိတယ်ပေါ့ဗျာ မျိုးဆက်သာတုန်းမယ် တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ တွေ့တာနဲ့အချင်းချင်းသတ်နေကြတဲ့ ဒီ၂ဖက်မိသားစု ဒီရန်ပွဲမှာ သူ့အဖေကနစ်နာသူအဖြစ်နဲ့ အသတ်ခံလိုက်ရတယ် ဒီ ရန်ငြိုးကို ဦးလေးဖြစ်သူက အဂျေးတို့ကိုပြန်ဆပ်ခိုင်းပြီး ရန်ကြွေးကိုမဆပ်ရသေးဘဲ မင်္ဂလာမဆောင်ရဘူးဆိုပြီး ရာဇသံပေးလို့ အဂျေးရဲ့မိခင်ဖြစ်သူက သားတွေခေါ်ပြီးထွက်ပြေးလာခဲ့ရာက အခုဒီမွေးရပ်မြေကို အဂျေးတစ်ယောက် မြေပြန်ရောင်းဖို့ဇာတ်လမ်းစလာခဲ့တာပေါ့ ဖူးစာလူးလာ ဒူးကာလို့မရဆိုသလိုပဲရွာမှာ စောင့်ဆိုင်းနေတဲ့ သူတို့ရဲ့ကမ္ဘာ့ရန်ဘက်ကြီးရဲ့သမီးကိုမှ မြင်မြင်ချင်းချစ်မိသွားတဲ့ အဂျေးတစ်ယောက် ဘယ်လိုဇာတ်လမ်းနဲ့နှစ်ပါးသွားကြမလဲ တစ်ဖက်ကကလဲ့စား တစ်ဖက်ကချစ်ခြင်းမေတ္တာနဲ့ ဘယ်လမ်းကိုရွေးမယ်ဆိုတာကိုတော့… (အညွှန်းကိုတော့ Yunniမှရေးသားပေးထားပြီး Khaing Swe Swe Theint မှ ဘာသာပြန်ဆိုပေးထားပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Horror • Drama • Thriller
4.2 2012 141 mins
Son of Sardaar
The Monster Is Coming
5.7

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ပင်လယ်နယ်နိမိတ်အတွင်းမှာ နိုင်ငံတကာက ပူးပေါင်းထူထောင်ထားတဲ့ ခါအော်စီးကျွန်းဟာ ပတ်ဝန်းကျင်လှပပြီး သဘာဝအရင်းအမြစ်ပြည့်ဝတဲ့ ရှားပါတောရိုင်းတိရစ္ဆာန်တွေ ရှင်သန်ရာ နယ်မြေလေးတစ်ခု ဖြစ်ပါတယ်။ ကျွန်းပေါ်မှာ လက်ဝါးကြီးအုပ်ထားတဲ့ ဟော်ကျုံနည်းပညာကုမ္ပဏီရဲ့ အပေးအယူတစ်ခုမှာ ဗီဇပြောင်းတိရစ္ဆာန်ကြီး ၂ ကောင်က လွတ်မြောက်သွားခဲ့ပြီး လူသားတွေကို အန္တရာယ်ပြုနေခဲ့ပါတယ်။ ဇီဝဗေဒပညာရှင် စုန်နန်ဟာလည်း ဒီကိစ္စကို လိုက်လံစုံစမ်းချိန်မှာ သူ့သမီးလေးရှောင်ထင်ကို တိရစ္ဆာန်ကြီးက ဖမ်းခေါ်သွားခဲ့ပါတယ်။ စုန့်နန်အတွက် မထင်ထားရဆုံးအဖြစ်က ဒီတိရစ္ဆာန်ကြီး ၂ ကောင်ကို တီထွင်ဖန်တီးသူက သူ့ရဲ့ ဇနီးဟောင်းဖြစ်သူ ကျိုးချန့်ပဲ ဖြစ်နေပါတယ်။ ရှာဖွေစုံစမ်းမှုတွေနဲ့ တိရစ္ဆာန်ကြီးတွေကို ပြန်လည်ထိန်းသိမ်းဖို့ ရှောင်ထင်ကို ကယ်တင်ဖို့ တာဝန်ကြီးက စတင်ရပါတော့တယ်။ ဒီလို အန္တရာယ်တွေကို စုန့်နန်တစ်ယောက် ဘယ်လို ဖြေရှင်းမလဲ…… သူ့ကို ဘယ်လို အန္တရာယ်အသစ်တွေကရော စောင့်နေမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

5.7 2024
The Monster Is Coming
Gemencheh Boys
8.3

Gemencheh Boys 2024 (ဂမန်ချန်းက လူဆိုးလေးများ) IMDb- 8.3/10 ဒီတစ်ခါမှာတော့ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးတင်ဆက်ပေးထားတဲ့ ဆရာ့မေတ္တာဒရာမာဇာတ်လမ်းလေးတစ်ပုဒ်ကို CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဂမန်ချန်းရွာ မူလတန်းကျောင်းက နှလုံးသားလေးနွေးထွေးစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့၊ အဲဒီကျောင်းလေးမှာ သောက်ကလေး၆ကောင်လို့ နာမည်ကြီးတဲ့ လူဆိုးလေး၆ယောက်ရှိပါတယ်။ သူတို့တွေဟာ အရမ်းဆိုးလွန်းလို့ ဘယ်လောက်အပြစ်ပေးခံရခံရ လုံးဝကို မမှတ်တဲ့ ကောင်ဆိုးလေးတွေပါ။ တစ်နေ့တော့ ကျောင်းအုပ်ကြီးက စည်းကမ်းထိန်းသိမ်းရေးဆရာကို သူတို့ကျောင်းရဲ့ ယိုယွင်းစပြုနေပြီဖြစ်တဲ့ ခရစ်ကတ်အဖွဲ့ကို ဦးစီးခိုင်းတဲ့အချိန်မှာတော့ စည်းကမ်းထိန်းသိမ်းရေးဆရာဖြစ်တဲ့ ဆရာအာ့စ်မန်းဟာ လူဆိုးလေး၆ယောက်ကိုပါ ခရစ်ကတ်အဖွဲ့မှာ ထည့်သွင်းဆော့ခိုင်းပါတော့တယ်။ လူဆိုးလေး၆ယောက်ဟာလည်း ခရစ်ကတ်ကိုလုံးဝစိတ်မဝင်စားဘဲ ထရိန်နင်ကို ဘယ်လိုလစ်ရမလဲဆိုတာကိုပဲ ချောင်းနေပါတော့တယ်။ ဒီလိုနဲ့ သူတို့က လစ်လိုက် ဆရာဖြစ်သူက လိုက်ဖမ်းလိုက်နဲ့ နောက်ဆုံးမှာတော့ ချစ်ကြည်ရေးပြိုင်ပွဲတစ်ခုကစားရာမှာ အနိုင်ရခဲ့ရင် ခရစ်ကတ်အဖွဲ့ကနေ ထွက်ခွင့်ပေးမယ်ဆိုတဲ့ ကတိပေးလိုက်မှ ပြိုင်ပွဲကိုနိုင်ဖို့ ကြိုးစားကြပါတော့တယ်။ ဒါပေမဲ့လည်း စိတ်မကောင်းစွာနဲ့ ပြိုင်ပွဲမှာ ရှုံးလာတဲ့နောက်မှာတော့ ….. ရှုံးနိမ့်မှုကို မကြိုက်တဲ့သူတို့၆ယောက် အနိုင်ရဖို့ ဘယ်လိုတွေပြန်ကြိုးစားမလဲ ….. ဆရာဖြစ်သူနဲ့ တပည့်ဖြစ်သူလူဆိုးလေးတွေ ဘယ်လိုအပေးအယူတည့်သွားကြမလဲ ….. လူဆိုးလေးတွေကနေ ဘယ်လိုထူးချွန်ထက်မြက်တဲ့ကောင်လေးတွေ ဖြစ်လာမလဲ ဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းကိုတော့ ToMo ကရေးသားပြီး ဘာသာပြန်ကတော့ ToMo, Suri ပဲဖြစ်ပါတယ်)

8.3 2023 107 mins
Gemencheh Boys
Where Is My Friend’s House?
8.1

ပါရှန်းစကားပြော အီရန်ခေတ်ဟောင်းရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးပါရစေဗျ။ ဇာတ်လမ်းနာမည်အတိုင်းပဲ သူငယ်ချင်းအိမ်ကိုလိုက်ရှာတဲ့ ကျောင်းသားလေးတစ်ယောက်အကြောင်းကို ပုံဖော်ထားပါတယ်။ နာမည်ကျော် ပါရှန်းကဗျာဆရာ ဆိုရော့ဘ်ဆယ်ဖယ်ဟာရီရဲ့ ကဗျာလေးကနေ ကောက်နှုတ်ပြီး တင်ဆက်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်လေးထဲမှာ သူ့ခေတ်သူ့အခါက ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေနဲ့ အဲဒီခေတ်ကလူတွေရဲ့ အတွေးအခေါ်တွေကို ရိုးရိုးလေးနဲ့ လှလှပပ ရိုက်ကူးတင်ဆက်သွားတာပါ။ ကျောင်းမှာ အိမ်စာလုပ်မလာတဲ့သူတွေကို နောက်ရက် ကျောင်းထုတ်ပစ်မယ်ဆိုတဲ့ ဆရာရဲ့ ကြိမ်းဝါးမှုနဲ့အတူ အတန်းဖော်ရဲ့ မှတ်စုစာအုပ်က အဟ်မဒ်လေးဆီ မှားပါလာပါရော။ သူငယ်ချင်းဖြစ်သူကလည်း သူတို့နေတဲ့ရပ်ကွက်နဲ့က အတော်လေးဝေးတဲ့ဆီမှာဖြစ်နေတော့ အမေဖြစ်သူ ဆူငေါက်နေတဲ့ကြားက သူငယ်ချင်းရဲ့အိမ်ကို ရှာပုံတော်ဖွင့်ပါတော့တယ်။ ဒီလိုဇာတ်လမ်းလေးထဲက ကလေးငယ်လေးတစ်ယောက် သူ့သူငယ်ချင်းအိမ်လိုက်ရှာတာက ဘယ်လောက်ထိ စိတ်ဝင်စားဖို့ကောင်းနေမလဲဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.7 GB)/(970 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:23:00 Genre…Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

Drama • Romance
8.1 1987
Where Is My Friend’s House?
Junction
5.2

ဒီရုပ်ရှင်ကတော့ လက်ရှိ ၂၁ ရာစုနှစ် အမေရိကန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အိုပီရိုက် (အကိုက်အခဲပျောက်ဆေး) ကပ်ဘေး ကို ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီရဲ့ စီအီးအိုတစ်ယောက်၊ ဆရာဝန်တစ်ယောက်နဲ့ လူနာတစ်ယောက်တို့ရဲ့ ရှုထောင့်ကနေပြီး ရိုက်ကူးထားတာပါ။ အိုပီရိုက်လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို နာတာရှည်နာကျင်မှုဝေဒနာ ခံစားနေရတဲ့ လူနာတွေအတွက် သုံးစွဲခဲ့ကြတာပါ။ ဒီထဲမှာ ကန်မက်ကုမ္ပဏီကထုတ်တဲ့ အောက်ဆီကိုဒုန်းဆေးလဲအပါအဝင်ပါပဲ။ သူတို့ထုတ်ကုန်ဆေးကို ရောင်းချရဖို့အတွက် ဆရာဝန်တွေကိုသုံးပြီး ကြော်ငြာခဲ့ကြပါသေးတယ်။ ဒါပေမဲ့လည်း အိုပီရိုက်ဆေးတွေဟာ အလွန်အမင်းစွဲလန်းသွားစေနိုင်ပြီး ကပ်ဘေးတစ်ခုအသွင်ပြောင်းသွားချိန်မှာတော့ အိုဟိုင်းယိုးပြည်နယ်အမတ်ကဦးဆောင်ပြီး ကန်မက်ကုမ္ပဏီကို တရားစွဲခဲ့ပါတော့တယ်။ ဒီတရားစွဲမှုကို ကန်မက်ဘက်က ဘယ်လိုချေပသွားမလဲ၊ အိုပီရိုက်ကပ်ဘေးရဲ့နောက်ကွယ်က အမြတ်ထုတ်မှုတွေနဲ့ မူးယစ်ဆေးဝါးစွဲလန်းမှုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းဖြစ်တာမလို့ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.6 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

5.2 2024 98 mins
Junction
On Deadly Ground

မင်းသားကြီး Steven Seagalရဲ့ အက်ရှင်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ခရစ်ရှန်ဘေးလ်ရဲ့ ဘတ်မန်းရုပ်ရှင်တွေထဲက အိမ်တော်ထိန်းကြီးမစ္စတာအဲလ်ဖရက်ကြီးတစ်ယောက် ဒီထဲမှာတော့ ဗီလိန်ကြီးအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် သယံဇာတပေါကြွယ်လှတဲ့ အလက်စကာပြည်နယ်မှာ အေးဂျက်စ်ရေနံကုမ္ပဏီကြီးတစ်ခုရှိတယ်။ ရေနံတူးစင်မှာ မကောင်းတဲ့စက်ကိရိယာတွေကို အသုံးပြုထားတဲ့အတွက် လူတွေသေ၊ သမုဒ္ဒရာထဲကို ဆီတွေယိုဖိတ်၊ သဘာ၀ပတ်ဝန်းကျင်ညစ်ညမ်းရပေမဲ့ အရေးယူခြင်းမခံရပါဘူး။ ဖောရက်စ်ကတော့ အေးဂျက်စ်ရေနံကုမ္ပဏီရဲ့ ပြဿနာတွေကို ရှာပြီးဖုံးဖိပေးရတဲ့သူ။ သူ့အလုပ်သူလုပ်ပြီး ဘ၀ကိုအေးဆေးစွာ ဖြတ်သန်းနေပေမဲ့ ကုမ္ပဏီရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို သိလာရတဲ့အခါ။ ကုမ္ပဏီကပါ သူ့ကိုအသက်အန္တရာယ်ပြုလာတဲ့အခါမှာတော့။ အရင်တုန်းက မင်းသားကြီး စတီဗင်ဆေးဂဲရဲ့ အသတ်အပုတ် အတိုက်အခိုက်တွေကို ပြန်လည်ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File size…(1.8 GB)/(970 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre… Action, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

0 1994 101 mins
On Deadly Ground
Captain Ron
5.8

ဟောင်းပေမဲ့ ရယ်မောနေရဆဲဖြစ်တဲ့ 1992 ခုနှစ်ထွက်ဟာသရုပ်ရှင်ကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အမွေရတဲ့ရွက်‌လှေကို ပြန်ရောင်းဖို့အတွက်သွားယူကြရင်း အပြန်လမ်းခရီးမှာ စွန့်စားခန်းမျိုးစုံကြုံတွေ့ခဲ့ရတဲ့ မိသားစုတစ်စုရဲ့အကြောင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆုံးသွားတဲ့ ဦးလေးဖြစ်သူဆီကနေ အပျော်စီးရွက်လှေတစ်စီးကို ချီကာဂိုကဟာဗေးမိသားစုအမွေရလိုက်ပါတယ်။ လှေကိုပြန်ရောင်းဖို့အတွက်ဆို လက်ရှိလှေရှိနေတဲ့ ကျွန်းကနေ မိုင်ယာမီကို ပြန်သယ်လာရမှာဖြစ်လို့ မိသားစုတစ်ခုလုံးလှေကိုသွားယူခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ရွက်လွှင့်ဖူးတဲ့အတွေ့အကြုံမရှိကြတာမလို့ မာလိန်မှူးတဖြစ်လဲ ရွက်လွှင့်နည်းတွေသင်ပေးလို့ရအောင် ကျွန်းပေါ်ကဒေသခံ ကပ္ပတိန် ရွန်ကိုငှားပြီး မိုင်ယာမီကိုပြန်ရွက်လွှင့်လာခဲ့ကြရင်း ပြောင်းမြောက်လှတဲ့ ကပ္ပတိန်ရွန်ရဲ့ ပဲ့ကိုင်စွမ်းရည်တွေတောင် ဘဝတစ်သက်စာမမေ့နိုင်မဲ့စွန့်စားခန်းတွေကိုဘယ်လိုဖြတ်ကျော်ကြရမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ File Size : 3.1 GB, 1.6 GB Quality : WEB-DL 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : TMMT Encode by : Thit San Khant

5.8 1992
Captain Ron
Kingdom 4: Return of the Great General
7.6

Kingdom Daishogun no Kikan (2024) ~ IMDb – 7.6/10, MyDramaList – 8.0/10 ~ Kingdom 3: Flame of Destiny (2023) ရဲ့ဇာတ်သိမ်းကြောင့် ဘာတွေဆက် ဖြစ်မလဲဆိုတာ သိချင်နေကြတဲ့ ပရိသတ်တွေအတွက် Kingdom live-action movies တွေရဲ့ စတုတ္ထမြောက်ဇာတ်ကားဖြစ်တဲ့ Kingdom 4: Return of the Great General ထွက်ရှိလို့လာပါပြီ။ Kingdom Live Action အနေနဲ့ ၄ ကားထိထွက်ထားပြီး ဒီလင့်မှာ https://www.channelmyanmar.to/?s=kingdom+live+action အကုန်လုံးကိုကြည့်လို့ရပါတယ်။ အခုဆိုရင် Kingdom live-action movies က လေးကားတောင်ရှိပြီဆိုတော့ ထွက်ရှိပြီး Kingdom (2019), Kingdom 2: Far and Away (2022) နဲ့ Kingdom 3: Flame of Destiny (2023) တို့ရဲ့ဇာတ်ကြောင်းကို ပရိသတ်တွေထဲမှာ မမှတ်မိကြတဲ့သူတွေလည်း ရှိနိုင်တာမို့လို့ ပြန်နွှေးလိုက်ရအောင်..။ ပထမကားကတော့ တရုတ်ပြည် ချင်ပြည်ထောင် (Qin State) က မိဘမဲ့ လည်းဖြစ်၊ ကျွန်လည်းဖြစ်ပေမဲ့ တစ်မိုးအောက်စစ်သူကြီးဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ ရှင်း (Shin) နဲ့ တရုတ်ပြည်ကြီးကို တစ်စုတစ်စည်း ဖြစ်အောင်လုပ်ပြီး ပထမဆုံးဧကရာဇ်ဖြစ်စေချင်တဲ့ ချင်ပြည်ထောင်ဘုရင် အဲ့ဆေး(King Ei Sei of Qin State) တို့ မမျှော်လင့်ထားတဲ့အဖြစ်အပျက် တွေကြောင့် ဆုံစည်းခဲ့ကြပါတယ်။ ဒုတိယကားမှာတော့ ဘုရင်အဲ့ဆေးကို လုပ်ကြံတဲ့ဇာတ်ဝင်ခန်းနဲ့စထားပြီး ချင်ပြည်ထောင်ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဝေပြည်ထောင် (Wei State) က လာရောက်ကျူးကျော်လို့ ဝေပြည်ထောင်နဲ့ချင်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဒါကန်လွင်ပြင် (Daken Plains) ဆီကနေ ရှင်းတစ်ယောက် နှစ်ဖက်သော စစ်သူကြီးတို့ရဲ့စစ်ဗျူဟာများ၊ စစ်ပရိယာယ်များ၊ အနိဋ္ဌာရုံများကို ပထမဆုံး အကြိမ် မျက်ဝါးထင်ထင်တွေ့လိုက်ရပြီး သူကိုယ်တိုင်လည်း စွမ်းဆောင် ပြနိုင်ခဲ့လို့ တပ်သား ၁၀၀ တပ်မှူးဖြစ်သွားပါတော့တယ်။ တတိယကားကျတော့ ကျောက်ပြည်ထောင်(Zhao State) က ချင်ပြည်ထောင်ကို လာရောက်ကျူးကျော်တာနဲ့စထားထားတာပါ။ ချင်ပြည်ထောင်ကို ချောဟဲ လူသတ်ပွဲ (Chohei Massacre) ကြောင့် ရန်ငြိုးအကြီးအကျယ်ရှိလို့ လာ‌ရောက် ကျူးကျော်တာပါ။ ထုံးစံအတိုင်း တပ်သား ၁၀၀ တပ်မှူးဖြစ်သွားတဲ့ ရှင်းက ချင်ပြည်ထောင်နဲ့ကျောက်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဘာရို(Bayo) ဆီသွားပါတော့တယ်။ အဲဒီဘာရိုစစ်မြေပြင်မှာ စတင်စစ်ခင်းကြတဲ့ ပထမနေ့မှာ တပ်သား ၁၀၀ တပ်မှူး ရှင်း တစ်ယောက် စစ်သူကြီးအိုးကီပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခဲ့နိုင်တဲ့အပြင် သူဉီးဆောင်တဲ့တပ်ဖွဲ့လည်း ဟီရှင်းတပ်ဖွဲ့အဖြစ် နာမည်ပေးခြင်းခံခဲ့ရပါတယ်။ စစ်သူကြီးအိုးကီတို့အနိုင်ရခဲ့ပြီး တပ်ဆုတ် ထွက်ပြေးသွားကြတဲ့ ကျောက်ပြည်ထောင် ချောဆိုးတပ်ဖွဲ့နောက် နောက်တစ်နေ့ မနက်မှာဆက်လိုက်ဖို့ တစ်ညတာ အနားယူကြတဲ့အချိန်မှာ သူတို့ဆီကို ဘူရှင်း (စစ်နတ်ဘုရား) လို့ သူ့ကိုယ်သူပြောတဲ့ ဟိုကန် ဆိုသူ ကျောက်ပြည်ထောင် ဘက်ကစစ်သူကြီးတစ်ယောက်ရောက်ချလာတာနဲ့အဆုံးသတ်သွားပါတယ်။ အဲဒီတော့ လေးကားမြောက်က စစ်သူကြီးအိုးကီနဲ့စစ်သူကြီးဟိုကန်တို့ရဲ့တိုက်ပွဲ တစ်နည်း လွန်ခဲ့တဲ့ကိုးနှစ်ကအကြွေးကို ပြန်ဆပ်မယ့်ပွဲကို ခပ်မိုက်မိုက်မြင်ရမှာ ဖြစ်သလို ဘာရိုစစ်ပွဲကဘယ်လိုရလဒ်နဲ့အဆုံးသတ်သွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ Kingdom live-action လေးကားစလုံးကို Alice in Borderland ရဲ့ဒါရိုက်တာ Sato Shinsuke ကပဲ ရိုက်ကူးထားတာဖြစ်ပြီး Yasuhisa Hara ရေးတဲ့ “Kingdom” manga ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ၂၀၀၆ ခုနှစ်မှာ ရေးထားခဲ့တဲ့ Kingdom က အခုထိဇာတ်မသိမ်းသေးပါဘူး။ လက်ရှိအချိန်အထိ စုစုပေါင်း 74 volumes နဲ့ 823 chapters အထိ ထွက်ရှိ ထားပါတယ်။ Anime အနေနဲ့လည်း Studio Pierrot နဲ့ Studio Signpost ကနေ Season 1-5 (142 episodes) အထိ ထွက်ရှိထားပါတယ် live-action အနေနဲ့ လည်း ၂၀၁၉ ခုနှစ်ကတည်းက ရိုက်ကူးလာခဲ့ရာ အခုဇာတ်ကားနဲ့ဆို လေးကား ရှိသွားပါပြီ။ နောက်ထပ် သုံးကား ဆက်လက်ရိုက်ကူးမယ်လို့ ကောလာဟလအဖြစ် ကြားထားပါတယ်။ Kingdom 4 ရဲ့ ဇာတ်ဝင်သီချင်းဖြစ်တဲ့ “Delusion All” ကို ONE OK ROCK က ဆိုပေးထားပါတယ်။ အားလုံးစောင့်မျှော်နေကြတဲ့ တောင်တန်းဘုရင်မ ရိုတန်ဝါ (Youtanwa) ကို တော့ ဆယ်မိနစ်လောက်ပဲတွေ့ရမှာပါ။ ဇာတ်ကောင်အသစ်ဖြစ်တဲ့ Kyo (ကရို) နေရာမှာသရုပ်ဆောင်တဲ့ Araki Yuko က ချစ်စရာကောင်းလှပါတယ်။ Kingdom manga မှာ လတ်တလော arc ပေါင်း ၂၇ ခုရှိပြီး anime အနေနဲ့ arc ၁၇ ခု နဲ့ chapter ၄၈၉ အထိ adapt လုပ်ခဲ့ပြီးပါပြီ။ Live-action လေးကားအနေနဲ့ adapt လုပ်ထားတာ အစပိုင်း arc ၆ ခုလောက်ပဲ ရှိပါသေးတယ်။ (ဒီဇာတ်ကားရဲ့အညွှန်းကို AK မှ ရေးသားထားပါတယ်) File size… (2.19GB) / (1.22GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 25m Genre ….. Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Comedy • Drama • Mystery
7.6 2024 146 mins
Kingdom 4: Return of the Great General
Kaadhal Enbadhu Podhu Udamai
6.3

Kaadhal Enbadhu Podhu Udamai (2025) အများနှင့်သက်ဆိုင်သော အချစ်ရဲ့ အရိပ် IMDb 7.4/10 ကမ္ဘာပေါ်မှာ ချစ်ခြင်းမေတ္တာတွေက ပုံစံမျိုးစုံနဲ့ တည်ရှိနေကြပါတယ်။ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူတွေကြားကအချစ် စသည်ဖြင့်ပေါ့လေ။ ဒီဒရမ်မာလေးထဲမှာလည်း ချစ်ခြင်းမေတ္တာ ပုံစံမျိုးစုံ သရုပ်ဖော်ထားတာကို တွေ့မြင်ရမှာပါ။ လက်ရှ်မီးက motivational speaker တစ်ဦးဖြစ်တဲ့အပြင် documentary လေးတွေကိုလည်း ရိုက်ကူးသူတစ်ဦးပါ။ သူ့မှာ ဆမ်ဆိုတဲ့ သမီးလေးရှိပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်ရှိပြီး အချင်းချင်း ပံ့ပိုးကူညီရင်း ကောင်းမွန်တဲ့ သားအမိဆက်ဆံရေးလေးကို ပိုင်ဆိုင်ထားရပါတယ်။ တစ်နေ့တော့ဆမ်က သူ့မှာချစ်သူရှိနေပြီ ဖြစ်တဲ့အကြောင်း သူ့မိခင်လက်ရှ်မီးကို ဖွင့်ဟပြောကြားလာပါတယ်။ လက်ရှ်မီးကလည်း ဘာမှမေးမြန်းခြင်းမရှိဘဲ တက်ကြွပျော်ရွှင်စွာနဲ့ အိမ်ကိုနေ့လယ်စာစားဖို့ ဖိတ်ကြားစေပါတယ်။ သူ့သမီးကို သူက ရိုးရာဝတ်စုံလေး ဝတ်စေချင်တာတောင် ဆမ်က မဝတ်ချင်ပါဘူးဆိုရင် ဖိအားမပေးသူ၊ ဟင်းချက်‌စေချင်ပေမဲ့ သူ့သမီး မချက်ချင်ရင် အတင်းမ စေခိုင်းသူ၊ သူ့သမီးဘာပြောပြော သဘောတူနားလည် လက်ခံပေးခဲ့သူက ဆမ်ရဲ့ချစ်သူက ယောက်ျားလေးမဟုတ်ဘဲ မိန်းက‌လေးတစ်ယောက်ပါဆိုတာ သိရှိသွားတဲ့အခါမှာတော့……………….. ဘယ်လိုပဲ ခေတ်မီတိုးတက်လာပါပြီပြောပြော တကယ်တမ်းကြုံတွေ့လာတဲ့အခါ ရင်ဆိုင် ဖြေရှင်းရခက်ခဲနေဆဲဖြစ်တာကို သူတို့ ကိုင်တွယ်ဖြေရှင်းပုံ၊ အိန္ဒိယရိုးရာထုံးတမ်းရဲ့ စိန်ခေါ်မှုတစ်ရပ်ပါဆိုတာကို ရင်ဆိုင်ပုံ၊ သားအမိချစ်ခြင်းမေတ္တာ၊ ကာယကံရှင်နှစ်ဦးရဲ့ အချစ် စတာတွေကို ရင်သပ်ရှုမော ကြည့်ရှုခံစား ကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V~Cym~Julien~STAR တို့ပဲဖြစ်ပါတယ်။

Fantasy • Thriller
6.3 2025 108 mins
Kaadhal Enbadhu Podhu Udamai