YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Walking.Dead.S03E10.2012.Disney+.WEB-DL.1080p.(CM).mp4

1.89 GB 1080p video/mp4 920 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Possession
6

ခရစ်ယာန်သရဲကို ဗမာဘုန်းကြီး နိုင်ပါ့မလားဆိုပြီး ဟီးဟီးဟားဟားနဲ့ ဟာသ ပြောဖူးကြတယ်မို့လား။ ဒီကားထဲက သရဲက အဲ့လို သရဲ။ဘယ်ဘုရားပြေးကပ်ရမှန်း မသိအောင်ကို ကြမ်းတာ။သူတို့ အခေါ်အရတော့ ဂျင်(မကောင်းဆိုးဝါး)ပေါ့။ အဲ့တာကလည်း အကြောင်းရှိတယ်။ ဒီဇာတ်ကား ဇာတ်အိမ်တည်ရာ တူရကီက ဟိုးနှစ်ပေါင်းထောင်ချီ ကတည်းက Abrahamic Religions လို့ခေါ်တဲ့ ဂျူး၊ခရစ်ယာန် နဲ့ အစ္စလာမ်ဘာသာတွေ ထွန်းကားခဲ့တဲ့ နေရာ။ဆိုတော့ သရဲကလည်း ကြမ်းပြီပေါ့။ဘာသာ(၃)ခုလုံးက ဘုရားတွေကို ဆင်းကယ်ကြပါဆို သလိုမျိုးပဲ။အလာရှင်မြတ်ကို တိုင်တည်ပါ၏ ဖြစ်လိုက် ၊သခင်ယေရှု၏ နာမတော်တွင် ဖြစ်လိုက်ရယ်။ဆိုတော့ ဇာတ်ကားအကြောင်း ဆက်ကြရအောင်။ ဒီကားကတော့ Dabbe series တွေထဲမှာ (၄)ကား မြောက်ပေါ့။ ပြီးတော့ အကြမ်းဆုံး ကြောက်စရာအကောင်းဆုံး ကားလို့လည်း ညွှန်းကြတယ်။ ဇာတ်လမ်းအစမှာ ဖရော့အာကတ်လို့ခေါ်တဲ့ ဟောဂျာ(ပရောဂဆရာ) တစ်ယောက်က အက်ဘရူလို့ ခေါ်တဲ့ စိတ်ရောဂါကုဆရာဝန်မ တစ်ယောက်ကို ဖိတ်ပြီး ဂျင်အပူးခံထားရတဲ့ လူနာတစ်ယောက်ကို ပရောဂ နှင်ပြတယ်။စဉ်းစားကြည့်ဗျာ။ပရောဂဆရာက လူနာကို မှော်တို့ ဓာတ်တို့ နတ်တို့နဲ့ ကုတယ်။ဆရာဝန်မက ဆေးတို့ ဘာတို့နဲ့ သိပ္ပံနည်းကျ ကုတယ်။ပရောဂဆရာအမြင်မှာ သရဲပူးတယ်ဆိုပေမယ့် ဆရာဝန်မအမြင် မှာတော့ စိတ်ကစဉ့်ကလျားဖြစ်တယ်။လူတစ်ကိုယ် စိတ်အမျိုးမျိုးဖြစ် တယ်ပေါ့။အဲ့မှာ ပရောဂဆရာ သူ့ကို ဖိတ်ပြီး ကုပြတဲ့ လူနာက ပျောက်သွားရော။ဆရာဝန်မကတော့ လုပ်ဇာတ်ကြီး မယုံဘူးပေါ့။ပြီးတော့ ရှင်ဟာ လူလိမ်မဟုတ်ဘူးဆိုရင် သူခေါ်လာပေးမယ့် လူနာကို ကုပြပါဆိုပြီး စိမ်ခေါ်တယ်။ အဲ့လူနာက သူနဲ့ တူမလိုရင်းနှီးတဲ့ ကလေးမလေး။မင်္ဂလာဆောင်တဲ့နေ့မှာ အကောင်းကြီးကနေ ထဖောက်ပြီး လူရာချီရှေ့မှာ သတို့သားကို ဓားနဲ့ ထိုးသတ်ပလိုက်တာ။ အဲ့နောက်တော့ အရူးထောင်ရောက်သွားရော။အဲ့မှာလည်း ဘယ်ဆရာဝန်မှ ကုလို့မရတဲ့သူ။ ဒါနဲ့ ပယောဂဆရာကလည်း စိမ်လိုက်ပေါ့။နှစ်ယောက်သား ကင်မရာတွေ မှတ်တမ်းတင်ပစ္စည်းတွေနဲ့ အဲ့ကောင်မလေးဆီ ချီတက်ကြရရော။ အဲ့ဒီမှာပဲ ငါးပါးရော သံဃာစင်ရော မှောက်တာပဲ။ ဘာဖြစ်မလဲ သိချင်တော့ ကိုယ့်ဟာကိုယ် ဆက်ကြည့်ကြပါ :3 IMDB လည်း 6.8 ရထားပြီး ဘာသာပြန်တဲ့ ကျွန်တော်လည်း ညဘက်မပြန်ရဲလို့ နေ့ခင်းဘက် ပြန်ထားတဲ့ ကားဆိုတော့ သရဲကားကြိုက်တဲ့သူတွေ သေချာပေါက် အကြိုက်တွေ့ပါလိမ့်မယ်။ ( ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ် ) File size…1.26GB / 472MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 14m Genre ..... Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damein

Action
6 2012 92 mins
The Possession
Heaven
5.9

Imdb-6.7/10 ဒီဇာတ်ကားမှာတော့ အခြားဘောလိဝုဒ် လူသတ်သမားရှာဖွေတဲ့ကားတွေနဲ့မတူညီဘဲ လူသတ်သမားလူဆိုးကိုကြိုတင်ပြထားတာတွေ အရိပ်အမြွက်ပြောထားတာတွေနည်းနည်းလေးမှ မရှိတဲ့ စုံစမ်းရေးရဲအရာရှိတစ်ယောက်ရဲ့ အမှုကိုနည်းစနစ်ကျကျလိုက်လံစုံစမ်းဖော်ထုတ်ပုံကို အသေးစိတ်စိတ်ဝင်စားဖွယ်ရိုက်ပြထားတာတွေ့ရမှာဖြစ်ပါတယ် စုံစမ်းစစ်ဆေးရေးရဲအရာရှိပီတာကူရီရှင်းကယ် ‌ တနေ့မှာတောအုပ်ထဲမှာပုပ်ပွသေဆုံးနေတဲ့အလောင်းတစ်လောင်းကို ရှာတွေ့ရာကနေ အဲ့ဒီအလောင်းကနေရနိုင်သမျှသဲလွန်စတွေကိုအသုံးချပြီး လူသတ်သမားကိုလိုက်ဖို့ကြံစည်ပါတော့တယ် ရဲအရာရှိပီတာက ဖြောင့်မတ်ပြီးအလုပ်ကြိုးစားတဲ့ရဲတစ်ယောက်ဖြစ်ကာ သူ့အမေနဲ့သူ့ရဲ့မိတဆိုးသားလေးပဲရှိတဲ့မိသားစုကိုတောင် ‌အချိန်မပေးနိုင်ဘဲ အေးတိအေးစက်‌ဆက်ဆံတတ်တဲ့အလုပ်ကြိုးစားသူတစ်ဦး ဖြစ်ပါတယ် ဒီကားမှာတော့ ဗီလိန်နဲ့ဇာတ်လိုက် battleဆိုင်တာတွေ Tempoအတက်အကျဖြစ်အောင် အဓိကမရိုက်ပြထားဘဲ ရဲအရာရှိတစ်ဦးရဲ့ဘဝကို ထင်ဟပ်စေမဲ့လူမှုရေးတာဝန်လစ်ဟင်းမှုတွေ ဖွင့်မပြောပေမဲ့ခံစားတတ်တဲ့ ဖခင်တစ်ဦးရဲ့မေတ္တာတွေ(စာရေးသူရဲ့ အဖေအတိုင်းပါပဲ)၊ကို ကွက်ကွက်ကွင်းကွင်း အသားပေးရိုက်ပြထားလို့ ကြည့်ရှုသင့်တဲ့ drama mystery ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…1.8GB / 861MB Quality…1080p HQ AVC AAC5.1CH / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Allena & Kham Mon & Kevin Ag & Yunni

Mystery • Thriller
5.9 2019 90 mins
Heaven
The Magic Lotus Lantern
5

“ထူးခြားဆန်းပြားလှတဲ့ စစ်နတ်ဘုရား သူရဲကောင်း လူငယ်လေးတစ်ယောက်အကြောင်းကို ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...!” နတ်ဘုရားနဲ့ နတ်ဆိုးတွေ အားပြိုင်နေစဥ် အချိန်ကာလ..., လောကကြီးကို စောင့်ရှောက်နေတဲ့ ကြာပန်းမီးအိမ်အခိုးခံလိုက်ရတဲ့အချိန်မှာတော့ ယန်ကျန်းဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ မီးအိမ်ကိုပြန်လည်ရှာဖွေဖို့အတွက် လူ့ဘုံလောကနယ်ပယ်ကို ရောက်ရှိလို့လာခဲ့ပါတော့တယ် မီးအိမ်ရှာဖွေရေးလမ်းစဥ်မှာ မိန်းမငယ်တစ်ဦးနဲ့တွေ့ဆုံပြီး ချစ်ကြွမ်းဝင်ခဲ့ကြပါတယ် အဲဒီနောက်မှာတော့ ဘုံခြောက်ဘုံကိုအုပ်စိုးစီးနင်းဖို့ကြံစည်နေတဲ့ နတ်ဆိုးအရှင်ကို နှိမ်နင်းဖို့ နှစ်ဦးသား အတူတူကြိုးစားခဲ့ကြတဲ့အခါမှာတော့ - ❐ ဘာတွေဆက်ပြီးဖြစ်ကြမှာလဲ? ဆိုတာ ဆက်ပြီးတော့ ကြည့်ရှုလိုက်ရအောင်လားရှင် ဒီဇာတ်ကားလေးဟာဆိုရင် ရှေးခေတ်တရုတ်ပြည်ရဲ့ ဒဏ္ဍာရီတော်တော်များများကို ထည့်သွင်းအသုံးပြုထားတဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် လူတွေရယ် ပြီးတော့ သမိုင်းဝင်ဖြစ်ရပ်တွေရယ်ဟာဆိုရင် အရှေ့တိုင်းစိတ်ကူးယဥ်အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ အရမ်းကိုမှကြီးမားလှတဲ့ မြင်ကွင်းကြီးတစ်ခုကိုဖန်တီးပေးထားသလိုပါပဲ ဒီဇာတ်လမ်းတစ်ခုလုံးမှာလဲ ကြာပန်းမီးအိမ်ရဲ့ သဲလွန်စနဲ့အခြေခံထားပြီးတော့ ချန်ရှန်းခေတ်ကို ပြန်လည်အသက်သွင်းထားတာဆိုရင်လဲဟုတ်ပါတယ် လူငယ်တစ်ယောက်ဖြစ်သူ ယန်ကျန်းရဲ့ ဘဝ အတတ်အကျတွေကို အခြေခံယူထားပြီးတော့ သူကြုံတွေ့ခဲ့ရတဲ့ တွေ့ကြုံမှုတွေ အနိမ့်ဆုံးကိုကျရောက်နေပေမဲ့လဲ မရပ်တမ်းရှေ့ဆက်သွားပုံတွေ အစရှိတာတွေကိုပါ မီးမောင်းထိုးပြထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ စိတ်အားထက်သန်လှတဲ့ သူရဲကောင်းတစ်ယောက်ဟာ ရှုပ်ထွေးလှတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဒွန့်တွဲနေတယ်ဆိုတာတွေကိုလဲ တွေ့မြင်ရပြီးတော့ ရသမျိုးစုံ ပေးစွမ်းထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ ကြည့်ရတာ တကယ်ကိုတန်နေစေမှာပါ အဲဒါကြောင့် အခုပဲကြည့်ရှုလိုက်ရအောင်ပါနော် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 12 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Fantasy • Science Fiction
5 2021 72 mins
The Magic Lotus Lantern
Light for the Youth
6.5

IMDB - 7.1/10, 2 Wins ဆယ်ကျော်သက်အရွယ်မှာတောင် လွတ်လွတ်လပ်လပ် မပျော်ရွှင်ခဲ့ရတဲ့အခါ အသက် ၂၀ ရောက်လာမှာကို ကြောက်ရွံ့နေခဲ့ဖူးလား ဘဝမှာ အပေါ့သွားဖို့အချိန်မရလောက်အောင်အထိ အလုပ်တွေလုပ်ခဲ့ရဖူးလား အစမ်းခန့်မဟုတ်တဲ့ တရားဝင်အလုပ်သမားဖြစ်ဖို့အတွက် ၃၂ ကြိမ်မြောက်အထိ အင်တာဗျူးတွေ ဖြေဆိုခဲ့ရဖူးသလား "အီဂျွန်း" ဟာ ငွေစုငွေချေးလုပ်ငန်းတစ်ခုရဲ့ ဖုန်းလက်ခံဖြေကြားဌာနမှာ အလုပ်လုပ်နေတဲ့ အသက် ၁၉ နှစ်အရွယ် အလုပ်သင်ကျောင်းသားတစ်ယောက်ဖြစ်ပါတယ် ။ သူ့ရဲ့ အလုပ်သင်ဘဝ အခက်အခဲတွေကို နားလည်ပေးခဲ့တဲ့ တစ်ဦးတည်းသောသူလို့ သူထင်မှတ်ခဲ့တဲ့ ကြီးကြပ်ရေးမှူး "အီဆယ်ယွန်း" ဟာ တကယ်ပဲ သူ့ဒုက္ခတွေကို စာနာနားလည်ပေးနိုင်မယ့်သူ ဟုတ်ပါရဲ့လား ။ လူတိုင်းမှာ အခက်အခဲကိုယ်စီရှိကြတယ်ဆိုတာကို လူတိုင်းနီးပါး နားလည်ကြပေမယ့် တကယ်တမ်းတော့ လူတွေဟာ ကိုယ့်ဒုက္ခကိုသာ ရှေ့တန်းတင်မြင်တတ်ကြပါတယ် ။ ကိုယ်ချင်းစာတရားဟာ လူအများစုမှာရှိတာ မှန်ပေမယ့်လည်း ကိုယ့်အခက်အခဲတွေကို ပြန်တွေးမိတဲ့အခါ ကိုယ်ချင်းစာတရားထက် ကိုယ့် အတ္တကိုသာ ရှေ့တန်းတင်မိတတ်ကြတဲ့ လူ့လောကကြီးရဲ့ သဘောထားတွေ မပြည့်စုံတဲ့ဆယ်ကျော်သက်လူငယ်တွေရဲ့ စိတ်ခံစားချက်တွေအပြင် "အီဂျွန်း" ကြုံတွေ့ခဲ့ရတဲ့ ဘဝအခက်အခဲတွေ ၊ အရွယ်နဲ့မလိုက်အောင် မြင်တွေ့ခံစားခဲ့ရတာတွေက နောက်ဆုံးမှာ "အီဂျွန်း" ကို ဘယ်လို အကျိုးသက်ရောက်သွားစေမလဲ ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ "အီဂျွန်း" အနေနဲ့ All of us are Dead (2022) မှာ ပါဝင်ခဲ့တဲ့ Yoon Chan Young က ပါဝင်သရုပ်ဆောင်ထားပြီး "အီဆယ်ယွန်း"အနေနဲ့ မင်းသမီး Kim Ho Jung က ပါဝင်ထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality….WEB-DL 1080p and 720p and 480p File size…1.63GB and 852MB and 293MB Format…mp4 Duration….1h 54min Subtitle….Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... LK

Action
6.5 2020 114 mins
Light for the Youth
Son of Satyamurthy
6.7

ဖခင်ဆိုတဲ့ ကြီးမားလှတဲ့အရိပ်ကို ခိုလှုံရင်း ဘဝကို ခပ်အေးအေးနေခဲ့တဲ့ လူငယ်တစ်ယောက်... အက်ဆီးဒင့်ကြောင့် ဖခင်ဖြစ်သူ သေဆုံးပြီးနောက်ပိုင်း ဖခင်အရိုက်အရာကိုလက်ခံကာ... ကြုံလာသမျှအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်သလဲဆိုတာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းတကယ်ကောင်းသလို ၊ ရိုက်ချက်တွေလည်းကောင်းတယ်။ Stylish Star အာလူအာဂျွန်းရဲ့ ထုံးစံအတိုင်း ခပ်မြူးမြူးလေးဆိုတော့ ကြည့်ဖူးသူလည်း မူရင်းတီလူဂူးအသံနဲ့ ထပ်ကြည့်လို့ရတာပေါ့ ခင်ဗျာ။ အိုဗာအက်ရှင်ပါတာလေးတွေတော့ သည်းခံကြည့်ရမယ်။ File size…4.64Gb / 2.4Gb / 1.2GB Quality…1080p Blu Ray AAC 5.1Ch / 1080p AAC 2.0 / 720p Format…mp4 Duration….2h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myint Thu

Crime • Drama
6.7 2015 162 mins
Son of Satyamurthy
Lunch Box
5.9

2004 Lunch Box အချစ်ကလွဲပြီး ဘာမှ မမြင်နိုင်တဲ့ မိန်းမသားတစ်ယောက်… သူမှသူပဲ ချစ်မိပြီးရင် အရာရာကို ပေးဆပ်တတ်တဲ့ မိန်းမသားတစ်ယောက်… ကိုယ်ချစ်တဲ့ ယောင်္ကျားတစ်ယောက်အတွက် မနက်တိုင်း ထမင်းဗူး ပြင်ပေးရင် ပျော်ရွှင်နေတတ်တဲ့ သူမ… တနေ့ သူမ ချစ်ရတဲ့ ယောက်ျားက လမ်းခွဲစကားပြောပြီးမကြာခင် လက်ထပ်‌တော့မယ့် အကြောင်းသိသွားသောအခါ… သာမာန်အတွဲတွေလို ဝုန်းဒိုင်းကြဲပြီး ပြသာနာရှာမလား❓ ဆက်ချစ်နေအုံးမှာလား❓ အဖြေကတော့ ပရိသတ်ကြီး မှန်းထားတာနဲ့ တော့ ကွာနေမှာ အသေအချာပါပဲ ဇာတ်လမ်းဆန်းတဲ့ကားလေးမို့ ကြည့်ဖြစ်အောင် ကြည့်သင့်ပါတယ် File Size__(550MB) Quality__DVDRip IMDb Rating__5/10 Format__mp4 Duration__01:05:00 Type__Adult Subtitle__Myanmar Subtitle (Hardsub) Translated by Dark Group Encoded by Dark Devil

Adventure • Animation • Comedy • Family
5.9 2004 65 mins
Lunch Box
The New Boy
6.5

The New Boy (2023) =============== IMDb Rating – 6.5/10 ဒါရိုက်တာ Warwick Thornton ရဲ့ လက်ရာဖြစ်ပြီး မင်းသမီးကြီး ကိတ် ဘလန်းချက်က သီလရှင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒုတိယ ကမ္ဘာစစ်ကာလကို အခြေခံထားပြီး ဩစတြေးလျတောင်ပိုင်းရဲ့ အလှအပ တွေနဲ့ ခရစ်ယာန်ဘာသာရေးနဲ့ မူရင်း ဒေသခံ အဘိုရီဂျီနယ်မျိုးနွယ်တွေရဲ့ ယုံကြည်မှု လွန်ဆဲပုံကို သရုပ်ဖော်ထားတာပါ။ ဒါရိုက်တာ Warwick Thornton ဟာ ဘာသာရေးဆက်နွယ်ပြီး တွေးစရာတွေပေးတဲ့ လေးနက်တဲ့ ကားမျိုး တွေကို ရိုက်တတ်တဲ့သူမို့ ဒီရုပ်ရှင်ဟာလည်း လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က တည်းက သူကိုယ်တိုင်ဇာတ်ညွှန်းရေးခဲ့တာဖြစ်ပြီး ကိတ်ဘလန်းချက်နဲ့ စကားပြောရင် သူရိုက်ချင်တယ်ဆိုလို့ ဖြစ်မြောက်လာခဲ့တာပါ။ ဩစတြေးလျ တောင်ပိုင်းက လူသူမနီးတဲ့ ခရစ်ယာန်ကျောင်းတစ်ကျောင်းမှာ မိဘမဲ့ ကောင်လေးတွေ အများကြီးကို စစ္စတာအိုင်လင်းဆိုတဲ့ သီလရှင်က စောင့်ရှောက်ထားပါတယ်။ အဲဒီဘုရားကျောင်းကို တကယ်ဦးစီးသူက ဒွန်ပီ တာ ဆိုတဲ့လူဖြစ်ပြီး သူသေသွားတာ တစ်နှစ်ကျော်တာတောင် စစ္စတာအိုင် လင်းတို့က ဖုံးကွယ်ထားပြီး သူရှိသေးသယောင်နဲ့ ဘုရားကျောင်းကို ဆက်ဦး စီးနေခဲ့တာပါ။ တစ်နေ့မှာတော့ အဲဒီကျောင်းကို ဒေသခံမျိုးနွယ် အဘိုရီဂျီနယ် အနွယ်ဝင်ကောင်လေးအသစ်တစ်ယောက်ရောက်လာပါတယ်။ ဒေသခံတွေ ဟာ ဘုရားသခင်ကို ယုံကြည်သူတွေမဟုတ်ဘဲ သဘာဝတရားနဲ့ ဘိုးဘေးဝိ ညာဉ်တွေကို ကိုးကွယ်တဲ့သူတွေပါ။ အဲဒီကောင်လေးကလည်း ထူးဆန်းတဲ့အစွမ်းတစ်ခုပါလာပြီး အဲဒီအစွမ်းဟာ မျိုးနွယ်ယုံကြည်မှုကလာသလား ဘုရားသခင်နဲ့ဆိုင်သလားဆိုတာကို ပဟေဠိ ဖြစ်အောင်ပြထားပါတယ်။ အဲဒီထူးဆန်းတဲ့အချက်နဲ့အတူ ကလေးငယ်တွေရဲ့ ရိုးသားမှုတွေ စူးစမ်းလိုစိတ်တွေကို ပြသထားပြီး ကြည့်ပြီးရင် ကိုယ့်ဘာသာ အဓိပ္ပါယ်ဖော်ကြည့်ရမဲ့ ရုပ်ရှင်အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(1.8 GB) / (550 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 56Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Fantasy, History Translator……Mr.Anderson Encoder……….SWM

6.5 2023 116 mins
The New Boy
Saw X
7.1

Saw X (2023) ဒါဟာ Saw ရုပ်ရှင်တွဲကြီးရဲ့ ၁၀ ကားမြောက် ရုပ်ရှင်ပါ။ ဆော ရုပ်ရှင်တွေဟာ ရုပ်ရှင်လောကမှ သူမတူတဲ့ ဇာတ်အိမ်တစ်ခုနဲ့ ထိုးဖောက်လာခဲ့တာ ဆယ်စုနှစ်ချီနေပါပြီ။ ဒီရုပ်ရှင်ရဲ့အချိန်ကတော့ Saw 2004 နဲ့ Saw II 2005 ကြားကာလကို ပြထားတာပါ။ နာမည်ကျော် ဂျစ်ဆောလူသတ်သမားကြီး ဂျွန်ခရာမာကို ဒီရုပ်ရှင်မှာ ပထမဆုံး ဇာတ်လိုက်အဖြစ် မြင်ကြရမှာပါ။ ဒါရိုက်တာကတော့ အရင် ဆောရုပ်ရှင်တွေရဲ့ တည်းဖြတ်သူ Kevin Greutert ပါပဲ။ ဒီရုပ်ရှင်ဟာ IMDb Rating (7.1)/ RT (79%) ရရှိထားပြီး ဆောရုပ်ရှင်အားလုံးထဲမှာ ရိတ်တင်အကောင်းဆုံးဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း… ဂျစ်ဆောလူသတ်သမားကြီး ဂျွန်ခရာမာဟာ ပန်ကရိယကင်ဆာ အဆင့်-၄ ကြောင့် ဆရာဝန်တွေပါလက်လျှော့လိုက်ရပါပြီ။ ဒါပေမဲ့ မက္ကဆီကိုမှာ ရှိနေတဲ့ ဆရာဝန်တစ်စုက နောက်ဆုံးပေါ်ကုထုံးနဲ့ ကုပေးမယ်လို့ လိမ်ခေါ်ပြီး သူ့ငွေတွေကို လိမ်သွားပါတယ်။ ဂျစ်ဆောကိုမှ ဖျံကျမိတဲ့ ဆရာဝန်လူလိမ်တစ်သိုက်လည်း ဂျစ်ဆောနဲ့သူ့လက်ထောက် အမန်ဒါတို့ ပညာပြန်ပေးတာကို ခံရပါတော့တယ်။ ဆောရုပ်ရှင်တွေကို စတင်ခဲ့တဲ့ ဒါရိုက်တာနှစ်ယောက်ကတော့ James Wan နဲ့ Leigh Whannell ဖြစ်ပြီး သူတို့ရဲ့ဇာတ်လမ်းကို လူအတော်များများကြားဖူးကြမှာပါ။ ရုပ်ရှင်ကျောင်းဆင်းခါစ ရှိမဲ့စုမဲ့ငွေလေးနဲ့ အိမ်လေးတစ်လုံးထဲမှာ ရိုက်ခဲ့တဲ့ Saw 2004 ဟာ သမိုင်းတလျှောက် အမြတ်အစွန်းအများဆုံးရုပ်ရှင်စာရင်းဝင်သွားခဲ့ပြီး (ဒေါ်လာ ၁.၂ သန်းရင်းပြီး သန်း ၁၀၀ ကျော် ပြန်ဝင်သွား) တစ်ကမ္ဘာလုံးကိုလွှမ်းမိုးခဲ့တာပါ။ အဲဒီအောင်မြင်မှုကတဆင့် Conjuring, Aquaman တို့လို နောက်ထပ်ကမ္ဘာကျော်ကားတွေကို တက်လှမ်းနိုင်ခဲ့တာပါ။ ဒီရုပ်ရှင်ရဲ့မင်းသား Tobin Bell ကလည်း Jigsaw အဖြစ် ဆောရုပ်ရှင်တိုင်းမှာပါခဲ့ပြီး သူမပါဖြစ်တဲ့ Saw Spiral မှာတောင် ပုံလေးတော့ ထည့်ခံရပါသေးတယ်။ ကြည့်ကြည့်လိုက်ကြပါဦး။ Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။

Drama
7.1 2023
Saw X
Control Zeta
5.1

အချိန်တွေကို နောက်ဆုတ်လို့ရရင်ကောင်းသားကွာ ဒါဆိုရင် မင်းငါ့နားမှာရှိဦးမှာဆိုတဲ့ သီချင်းစာသားအတိုင်း အချိန်တွေကို တကယ်နောက်ပြန်ဆုတ်လို့ရပြီး ကိုယ်ကယ်တင်ချင်တဲ့လူတွေကို ကယ်တင်လို့ရမယ် ကိုယ်လုပ်ချင်တာကိုလုပ်လို့ရတယ်ဆိုရင် တကယ်ကောင်းမှာပါပဲ။ဒါမှမဟုတ် အဲ့ဒါက တကယ်ရောကောင်းပါ့မလား။ အဲ့ဒီအဖြေကိုတော့ IMDb Rating 5.5 ရရှိထားတဲ့ဒီ Control Zeta ဆိုတဲ့ ဇာတ်ကားလေးထဲမှာတွေ့ရမှာပဲဖြစ်ပါတယ်။ အချိန်တွေကိုနောက်ပြန်ဆုတ်ပြီး အသတ်ခံရမဲ့လူတွေ သေတော့မဲ့လူတွေကို လိုက်လံကယ်တင်ပေးနေတဲ့ အချိန်တပ်ဖွဲ့တစ်ခုရှိပြီး ဂရေးဆိုတဲ့လူကတော့ အဲ့ဒီတပ်ဖွဲ့ထဲက အတော်ဆုံးအချိန်အေးဂျင့်တစ်ယောက်ပဲဖြစ်ပါတယ်။ အတော်ဆုံးဆိုပေမဲ့ သူ့အလုပ်သက်တမ်းမှာ သူမကယ်တင်နိုင်ခဲ့တဲ့ သူတစ်ယောက်တော့ ရှိပါတယ်။အဲ့ဒါကတခြားတော့မဟုတ်ပါဘူး သူ့မိန်းမဖြစ်သူပါပဲ။ဘာလို့အဲ့လို မကယ်တင်နိုင်ခဲ့လဲဆိုတာကတော့ သူတို့အချိန် နောက်ပြန်သွားပြီးကယ်လို့ရတဲ့ အချိန်ကာလက ငါးနာရီပဲအကန့်အသတ်ရှိလို့ပါပဲ။ အဲ့ဒီနောက်ပိုင်း သမီးဖြစ်သူနဲ့လဲ ကွဲကွာသွားခဲ့ပြီးအလုပ်ထဲမှာပဲစိတ်နှစ် နေခဲ့ပါတော့တယ်။ဒါပေမယ့် သူတို့ကယ်လို့မရအောင် လူတွေကိုသေဆုံးချိန် ငါးနာရီအတွင်း သူတို့မသိနိုင်အောင်လိုက်သတ်နေတဲ့ လူသတ်သမားတစ်ယောက် ပေါ်ပေါက်လာတဲ့အခါမှာတော့ ဂရေးနဲ့သူ့အဖွဲ့သားတွေ အဲ့ဒီလူသတ်သမားကို လိုက်ရှာပြီး ဘာလို့အဲ့လိုလိုက်သတ်နေတယ်ဆိုတာကို အဖြေရှာကြပုံကို တွေ့ရမှာပဲဖြစ်ပါတယ်။ File size…1.58 GB / 742MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 44m Genre ….. Action , Crime , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.1 2023 105 mins
Control Zeta
4:44 Last Day on Earth
4.6

4:44 Last Day on Earth (2011) ======================= IMDb Rating – 4.6/10 ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Abel Ferrara ရိုက်ကူး ထားတဲ့ Drama, Fantasy အမျိုးအစား ဇာတ်ကားကောင်းလေး ပဲဖြစ်ပါတယ်ခင်ဗျာ။ ဇာတ်လမ်းလေးကိုတော့ ကမ္ဘာမပျက်ခင် တစ်ရက်အလိုကာလ မှာ ဇာတ်အိမ်တည်ထားပါတယ်။ နောက်နေ့မနက် ၄ နာရီ ၄၄ မိနစ် မှာကမ္ဘာကြီးရဲ့ အဆုံးအသတ်ကိုရောက်မှာဖြစ်လို့ လူတွေကလည်း ပစ္စည်းတွေအလကားပေးသူကပေး၊ ဆုတောင်းတဲ့သူကဆုတောင်း၊ သတ်သေတဲ့သူက သတ်သေနဲ့ ရှုပ်ယှက်ခတ်နေကြပါတယ်။ ဒီလိုကမ္ဘာကြီးအဆုံးမသတ်ခင်နေ့ကို အဓိကဇာတ်လိုက်တွေဖြစ်ကြတဲ့ ဆစ်စကို နဲ့ စကိုင် တို့ဘယ်လိုဖြတ်သန်းကြလဲဆိုတာ စိတ်၀င်စားဖွယ် ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ Review ဖတ်တာထက် ကိုယ်တိုင်ကြည့် ရှုခံစားတာကမှ ကမ္ဘာကြီးရဲ့အဆုံးအသတ်ကို သေချာခံစားစီးမြောနိုင် မှာဖြစ်လို့ ကိုယ်တိုင်သာကြည့်လိုက်ကြပါတော့ခင်ဗျာ။ Sex scene တွေ nudity အခန်းတွေပါတဲ့အတွက် မိသားစု‌နဲ့ကြည့်ဖို့သင့်တော်တဲ့ ဇာတ် ကားမျိုးတော့မဟုတ်ပါဘူး။ ဒီဇာတ်လမ်းရဲ့အဓိကသရုပ်ဆောင်တွေကတော့ အားလုံးသိကြတဲ့ Willem Dafoe နဲ့ Shanyn Leigh တို့ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်) File Size……….(1.22 GB) / (540 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 22Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Fantasy, Sci-Fi Translator…….Theo Katt Encoder……….SWM

Drama • Horror • Thriller
4.6 2011
4:44 Last Day on Earth
Wild Seas

ဒီဇာတ်လမ်းလေးကတော့ Wild Seas ဆိုတဲ့အတိုင်း Sailors တွေ ကြမ်းတမ်းတဲ့ ပင်လယ်ပြင်မှာ ဘယ်လိုခက်ခက်ခဲခဲကြိုးစားရင်ဆိုင်ကြလဲဆိုတာကို လှပတဲ့ရှူခင်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးတွေရောနှောပြီးကြည့်ရှူရမယ့်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့…….. အမျိုးသမီးတစ်ယောက်နဲ့ သူ့ရဲ့ငါးဖမ်းသမားယောက်ျားနဲ့အတူ ပင်လယ်ပြင်တစ်ခွင်မှာကျင်လည်ကျက်စားရင်း ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပါတယ်။ တစ်နေ့မှာတော့သူတို့အဖွဲ့အတွက်လူလိုလို့ဆိုပြီး အဖွဲ့ဝင်အသစ်တစ်ယောက်ကိုရှာရာကနေ မက်ဆန့်စ်ဆိုတဲ့ခပ်ငယ်ငယ်ခပ်ချောချောကောင်လေးတစ်ယောက်က သူတို့ဘဝထဲကိုဝင်လာခဲ့ပါတယ်။ အမျိုးသမီးဖြစ်သူကတော့ ကောင်လေးကို ကလေးတစ်ယောက်လိုပဲဆက်ဆံခဲ့ပေမဲ့ အဲဒီကောင်လေးဘက်က အမျိုးသမီးအပေါ်ကိုထားတဲ့ လေးစားမှုတွေကချစ်ခြင်းတရားအဖြစ်ပြောင်းလဲသွားတဲ့အခါမှာတော့…. သူတို့လင်မယားနှစ်ယောက်ကြားထဲမှာ ဘယ်လိုပြဿနာတွေ သယ်ဆောင်လာမလဲဆိုတာကို ဇာတ်ရှိန်အနိမ့်အမြင့်နဲ့ ကြည့်ရှူရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size…(1.5 GB)/(875 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

Drama
0 2022
Wild Seas
Horror Story
6.1

အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ Horror Story ဖြစ်ပြီး လက်ရှိ IMDb Rating 6.2 ရရှိ ထားပါတယ်။ ဇာတ်ကားနာမည်ကိုကြည့်ပြီးတော့သရဲကား လူသတ်ကား ဆိုပြီးတော့ ထင်လိုက်ရင်တော့မှားသွားပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ဒီဇာတ်ကားထဲမှာသရဲတို့ လူသတ်သမားတို့ထက်အများကြီး ပိုကြောက်ဖို့ကောင်းတဲ့ လက်တွေ့ ဘ၀ထဲကအမှန်တရားတစ်ခုကို ဖော်ပြထားတာ မလို့ပဲ ဖြစ်ပါတယ်။အဲ့ဒီ ကြောက်စရာကောင်းလွန်းတဲ့ အရာကြီးက ဘာများလဲလို့ မေးရင်တော့ အလုပ်အကိုင် မရှိမှုလို့ ဒီဇာတ်ကားထဲမှာအဖြေပေးထားပါတယ်။ ဒီအတိုင်း ကြားလိုက်ရရင်တော့ အလုပ်အကိုင်မရှိမှုက ဘာမှ အရေးမကြီးသလို ဟာသတစ်ခုလိုဖြစ်နေလောက်ပေမဲ့ သေချာ ပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာ ကိုယ့်ဘ၀ ကိုယ်ကျောင်းပြီး ရုန်းကန်နေရသူတွေအတွက်တော့ ဒါကြီးက သည်းထိပ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်လိုဖြစ်နေပါတယ်။အဲ့ဒီ အကြောင်းအရာတွေကို ကွက်ကွက်ကွင်းကွင်းမျက်စိထဲ မြင်ယောင်လာအောင် ဒီဇာတ်ကားကတိုမက်ဆိုတဲ့ လူတစ်ယောက်ကို အခြေခံပြီးရှင်းရှင်းလင်းလင်းရိုက်ကူး ပြသထားပါတယ်။ တိုမက်ဆိုတဲ့ လူကတော့ သိပ်မကြာခင်ကမှ ကောလိပ် ကျောင်းပြီးလို့ ဘွဲ့ရထားပြီး မိဘရင်ခွင်ကနေထွက်ခွာလာတဲ့ လူတစ်ယောက်ပဲဖြစ်ပါတယ်။စျေးသက်သာတဲ့ နေရာလေး တစ်ခုမှာ ငှားနေဖို့စီစဉ်ခဲ့ပြီး ပိုင်ရှင်ကောင်မလေးရဲ့ ဆွဲဆောင်မှု တွေကလည်း ကောင်းတဲ့အတွက် အဲ့ဒီတိုက်ခန်းမှာပဲ နေဖြစ် ခဲ့ပါတော့တယ်။အဲ့ဒီမှာစနေတဲ့ နေ့ကတည်းကစပြီး သူရထားတဲ့ မာစတာဘွဲ့ကြီးနဲ့ အလုပ်ရဖို့အတွက် စတင်ကြိုးစားပါတော့တယ်။ ဒါပေမယ့် ဘွဲ့လက်မှတ်တွေဆိုတာက သိတဲ့အတိုင်းပဲ တကယ့်တကယ်အပြင်လောကကြီးနဲ့ ထိတွေ့ပြီး လုပ်ငန်းခွင် ဝင်ရောက်ဖို့ ကြိုးစားတဲ့အခါမှာ ဘာမှတန်ဖိုးမရှိတဲ့ စာရွက်လေး သာသာဖြစ်နေတဲ့အတွက် တိုမက်ခမျာအလုပ်ရဖို့တော်တော် အခက်အခဲတွေ့နေပါတော့တယ်။အဲ့ဒီအပြင်ကိုမှ သူအရမ်း ချစ်ရတဲ့ ပိုက်ဆံတွေရှိလာရင် ပြန်ပိုင်ဆိုင်အောင်ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတဲ့ ရည်းစားဟောင်းလေးကလည်း အလုပ်ရှိအကိုင်ရှိ စီးပွားရေးသမားနဲ့ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ကြားလာရတဲ့အခါမှာတော့ တိုမက်ရဲ့ဘ၀မှာ အလုပ်မရှိအကိုင်မရှိ ပိုက်ဆံမရှိမှုက လက်တွေ့လောကရဲ့သည်းထိပ်ရင်ဖို ဇာတ်လမ်း စစ်စစ်ဖြစ်နေကြောင်းကို အတွေးတစ်မျိုးနဲ့ရိုက်ကူးတင်ဆက် ထားတာကိုကြည့်ရမဲ့ စိတ်ဝင်စားစရာဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size…1.77GB/ 681MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Adventure • Comedy • Fantasy • Drama
6.1 2023 105 mins
Horror Story
Fight Against Evil Ⅱ
5.9

2021 ခုနှစ်က ထွက်ခဲ့တဲ့ Fight Against Evil ဇာတ်လမ်းရဲ့ အဆက်လေးပဲဖြစ်ပါတယ် ပထမကားကို ကြည့်ချင်တယ်ဆိုရင် ဒီလင့်လေးကိုနိပ့်ပီး ကြည့်နိုင်ပါတယ် ဇာတ်လမ်းအညွန်းလေးကတော့ ရဲဝန်ထမ်းလုပ်နေတဲ့ လီဟုန်ချီးတစ်‌ယောက်ဟာ KTV တစ်ခုမှာအလုပ်လုပ်နေတဲ့ကောင်မလေးတွေအပေါ် လိင်အမြတ်ထုတ်တာတွေ တရားမဝင် မူးယစ်ဆေးဝါးရောင်းတာတွေလုပ်ပြီး ငွေမည်းတွေနဲ့ကြီးပွားနေတဲ့ လူမိုက်တွေကို ခြေရာခံမိခဲ့ပါတယ် လူမိုက်တွေရဲ့ အနိုင်ကျင့်မှုကြောင့် တစ်ချို့မိန်းကလေးတွေ sucideလုပ်တဲ့အထိဖြစ်လာခဲ့ပါတယ် လူမိုက်တွေထဲမှာ သူချစ်ရတဲ့ညီလေးတစ်ယောက်လည်းပါနေတာကြောင့် ညီလေးကို ကယ်တင်နိုင်ဖို့ သူဘယ်လိုတွေစုံစမ်းပြီးထုတ်ဖော်မလဲ စုံစမ်းရင်းနဲ့ ဘယ်လိုမထင်မှတ်ထားတာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုလို့ရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyawt ပဲ ဖြစ်ပါတယ်။

5.9 2023
Fight Against Evil Ⅱ
Freedom Hair
5.7

ဒီဇာတ်ကားလေးကတော့ မယ်လန်နီအမ်းစထရောင်းဆိုတဲ့ အမျိုးသမီးရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အဃြေံရိုက်ကူးထားတာပဲ​ဖြစ်ပါတယ် မယ်လန်နီဟာ ငယ်ကယ်လေးကတည်းက ဆံပင်တွေကိုချစ်တတ်တဲ့ ဆံပင်တွေကို လွတ်လွတ်လပ်လပ်ပဲရှိစေချင်တဲ့ကောင်မလေးတစ်ယောက်ပေါ့ သူမအရွယ်ရောက်လာတဲ့အခါ ကယ်ဗင်ဆိုသူနဲ့လက်ထပ်လိုက်ပြီး ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးပိုင်ဆိုင်ထားပါတယ် ဒါပေမဲ့ငွေရေးကြေးရေးအတွက် အလုပ်လုပ်မယ်ဆိုပြီး အရင်ဆုံးယောင်းမဖြစ်သူ”ဒီး”ရဲ့ဆံပင်ပြင်ဆိုင်မှာ ခေါင်းဝင်လျှော်ပေးပါတယ် အဲ့မှာစလုပ်ကတည်းက သူမရဲ့လက်တွေဟာ ဆံပင်နဲ့ပက်သက်ပြီးပါရမီပါလာတယ်ဆိုတာသိလိုက်ရပါတယ် နောက်ပိုင်းမှာ အာဖရိကန်စဆိုင်ဆံပင်ကျစ်နည်းသင်တန်းတွေတက်ပြီး ကိုယ်ပိုင်ဆိုင်ဖွင့်ဖို့ကြိုးစားပါတော့တယ် သူမမှာပါရမီပါတဲ့အတွက် ထိုပညာရပ်ကိုလည်းကျွမ်းကျင်စွာတတ်မြောက်သွားခဲ့ပါတယ် ဘာမဆိုအမြဲထောက်ပံ့အားပေးတတ်တဲ့ခင်ပွန်းကလည်း သူ့ဇနီးရဲ့ဆန္ဒအတိုင်း ဆိုင်တစ်ဆိုင်ဖွင့်ပေးခဲ့ပါတယ် ဒါပေမဲ့ အဲ့ဒီမှာပဲပြဿနာတွေအခက်ခဲတွေပေါ်လာပါတော့တယ် အဲ့ဒါကတော့ လိုင်စင်လုပ်ဖို့လိုအပ်တာပါ အဲ့လိုင်စင်တန်ဖိုးကလည်း မတန်တဆကြီးနေပြီး မစ္စစ်စပီပြည်နယ်ရဲ့ဥပဒေက သူမတို့လိုအာဖရိကန်စတိုင်ဆံပင်ကျစ်သူတွေအတွက်ဖိနှိပ်ထားတယ်လို့ခံစားမိတာ​ကြောင့် အာဏာရှိတဲ့ပြည်နယ်ဘုတ်အဖွဲ့နဲ့တရားရင်ဆိုင်ပါတော့တယ်…… ဒီဇာတ်ကားလေးမှာ မယ်လန်နီတစ်ယောက် ဘယ်လိုအခက်အခဲအတားအဆီးပဲရှိရှိ လက်မလျှော့ပဲအကောင်းဆုံးကျော်ဖြတ်ခဲ့တာတွေကိုတွေ့ရမှာပါ တရားရင်ဆိုင်ရင်ရော သူမအနိုင်ရရှိပါ့မလား…… File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:39:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane

5.7 2024
Freedom Hair
When I’m Ready
5.8

ဒီတစ်ခါ ပရိသတ်တွေအတွက် ၂၀၂၅ ခုနှစ်တုန်းက ထွက်ရှိထားတဲ့ အချစ်ဇာတ်ကားလေးတစ်ကားကို ယူဆောင်လာပါပြီ။ ဒါရိုက်တာ Andrew Johnson က ရိုက်ကူးထားပြီးတော့ Andrew Ortenberg နဲ့ June Schreiner တို့က အဓိကဇာတ်ဆောင်နှစ်ယောက်နေရာ ကနေ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ဥက္ကာခဲတစ်ခုက ကမ္ဘာကြီးကို လာတိုက်ပြီးတော့ ကမ္ဘာပေါ်မှာရှိတဲ့သူတွေ အားလုံး သေကြရတော့မယ့်အခြေအနေမှာ Michael နဲ့ Rose တို့ချစ်သူနှစ်ယောက် သူတို့ရဲ့နောက်ဆုံးနေ့ရက်တွေကို ဘယ်လိုအတူတူကုန်ဆုံးကြမလဲဆိုတာကို ကြည့်ရှုကြရမှာပါ။ ကမ္ဘာပျက်တော့မယ့်အချိန်မှာ ချစ်သူနှစ်ယောက်အနေနဲ့ သူတို့ရဲ့အတိတ်ကနောင်တတွေကို ပြန်ပြင်ဆင်ရင်း ကျန်ရှိ နေတဲ့အချိန်တွေကို အကောင်းဆုံးဖြတ်သန်းကြပါတယ်။ ကိုယ်ရော သူတို့လိုအခြေအနေမျိုးနဲ့ ကြုံတွေ့လာရတဲ့အခါ ကိုယ့်လက်ကျန်အချိန်တွေကို ဘယ်လိုကုန်ဆုံးချင်ကြပါသလဲ။ IMDb မှာ rating ကောင်းကောင်းရထားပြီးတော့ ဇာတ်လမ်း အသွားလေးက ထူးခြားပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ ကြည်နူးစရာ Romace ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File size… (1.51 GB) / (845 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 47m Genre …..Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5.8 2025 108 mins
When I’m Ready