YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Unseen Sister (2024) 720p WEB-DL AAC2.0-CM.mkv

879.1 MB N/A video/x-matroska 119 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Das Boot
8.1

IMDB - 8.4/10 ဒုတိယကမ္ဘာစစ်ရဲ့ စစ်မျက်နှာပြင်မှာ ကုန်းကြောင်း၊ လေကြောင်းနဲ့ ရေကြောင်းရှိတဲ့အလျောက် ဒီလို ရေငုပ်သင်္ဘောအကြောင်း ရိုက်ထားတာ တော်တော်ကိုရှားတယ် ပြောရမယ်။ မှတ်မိသလောက်ဆို ၂၀၀၀ ခုနှစ်က U-571 ရယ် ထွက်ထားတာ သိပ်မကြာသေးတဲ့ Greyhound တို့ပဲ ရှိမယ်ထင်တယ်။ ပြီးတော့ ဂျာမန်စစ်ကားထုံးစံအတိုင်း ဝါဒဖြန့်မပါပဲ သဘာဝကျကျ ဖြတ်သန်းရတာမျိုးပဲ ကြည့်ရှုရမှာပါ။ ပြောလို့သာပြောတာ WW2 မှာ ဂျာမန်ရေငုပ်သင်္ဘောတွေက အမဲလိုက်မြေခွေးတွေဆိုတဲ့ နာမည်ပြောင်အတိုင်း ပင်လယ်ပြင်တွေမှာ မဟာမိတ်သင်္ဘောတွေကို တစ်စီးတည်းနဲ့ အုပ်လိုက်တွေကို အမဲလိုက်တာ အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ မင်းသားကြီး တွန်ဟမ့်သရုပ်ဆောင်ထားတဲ့ Grey Hound မှာ ဥပမာအနေနဲ့ မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီကားမှာကျ ဒီဂျာမန်ရေငုပ်သင်္ဘောသားတွေရဲ့ လက်တွေ့ဘဝ၊ အခက်အခဲ၊ သေရေးရှင်ရေး ကြိုးပမ်းရပုံတွေကို အမြင်တစ်မျိုးနဲ့ ပြန်ခံစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ စစ်သတင်းထောက် ဗိုလ်လေးတစ်ယောက်က ရေငုပ်သင်္ဘောတစ်စင်းပေါ်ကို စစ်ကြောင်းထွက်တဲ့အချိန် လိုက်လာပြီး မှတ်တမ်းတင် အစီရင်ခံစာ တင်ဖို့ပေါ့။ အဲဒီမှာ ကပ္ပတိန်ကြီးရဲ့ အုပ်ချုပ်ပုံ၊ တိုက်ပွဲဖြစ်တဲ့ခါ ညွန်ကြားပုံတွေ နောက်ပြီး ဒီသင်္ဘောကျင်းကျင်းလေးပေါ်က နေထိုင်စားသောက်ရတဲ့ ဘဝတွေ ကြုံရပုံ တစ်ဖက်က ထောက်ပို့ယာဉ်တန်းတွေ တွေ့ရင် ဘယ်လိုအမဲလိုက်ကြပုံ ပြန်ခံရရင်လည်း ဘယ်လိုတွေ ခွာစစ်ဆုတ်ရပုံတွေ ဟိုက်ဒရိုဖုန်းဆိုတာနဲ့ အရပ်လေးမျက်နှာက အသံတွေကို နားထောင်ပြီး သင်္ဘောတစ်စင်းလုံး အပ်ကျသံမကြားရလောက်အောင်ထိ တိတ်ဆိတ်သွားပြီး ရန်သူ့အခြေအနေ အကဲခတ်လှုပ်ရှားရပုံတွေ စသဖြင့် စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တွေနဲ့ တင်ဆက်ပြသထားတာပါ။ နောက်ပြီး သူတို့ဘဝတွေက သူများကိုအမဲလိုက်ပြီး ကြမ်းတမ်းကြတယ်ဆိုပေမယ့် တစ်ခုခုဆို သူတို့ဘဝကလည်း လေတပ်ကလူတွေလိုမျိုးပဲ သေဖို့ရာခိုင်နှုန်းများတဲ့ တပ်သားတွေပါပဲ။ ၁၉၈၁ ခုနှစ်ထွက်ရုပ်ရှင်ဆိုပေမဲ့ တော်တော်လေးအဆင်ပြေပြီး အတွေ့အကြုံအသစ်တွေ ပေးစွမ်းနိုင်မှာမို့ ပြေးသာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။ IMDB ကလည်း 8.4 ဆိုတော့ မကောင်းမှာတော့ ပူမနေပါနဲ့တော့။ File size…2.73GB / 1.25GB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….2h 25m Genre ..... Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama • TV Movie
8.1 1981 150 mins
Das Boot
Minority Report
7.3

တွမ်ခရုစ် ပါဝင်ထားတဲ့ sci-fi, thriller ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခံ့မှု၊ ဇာတ်လမ်းဆန်းသစ်မှုအပိုင်းတွေမှာ ပြောစရာမလိုအောင်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သက္ကရာဇ် ၂၀၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ တင်ကြိုမှုခင်းတားဆီးရေးအဖွဲ့ကို နိုင်ငံတော်အဆင့်ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ Precrime ဆိုတာက မှုခင်းတွေ၊ အထူးသဖြင့် လူသတ်မှုတွေမဖြစ်အောင် တားဆီးကာကွယ်ရတဲ့ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လိုတားဆီးသလဲဆိုတော့ precogs လို့ခေါ်တဲ့ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေက အခင်းဖြစ်ပွားရာနေရာ၊ အချိန်နဲ့ လူပုဂ္ဂိုလ်တွေကို အတိအကျခန့်မှန်းဟောကိန်းထုတ်ပေးပြီးတော့ precops လို့ခေါ်တဲ့ အထူးရဲတွေက အဆိုပါနေရာကို အချိန်ကိုက်သွားရောက်ဝန်းရံပြီးတားဆီးရတာပါပဲ။ precops အဖွဲ့မှူးဖြစ်တဲ့ ဂျွန်အန်ဒါတန်(တွမ်ခရုစ်)ဟာ မကြာသေးမီက သားဖြစ်သူပျောက်ထားတဲ့ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ၊ စစ်ဆင်ရေးတွေမှာ တာဝန်ကျေပွန်ပေမယ့် သားပျောက်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေသူတစ်ဦးဖြစ်ပါတယ်။ Precrime ဌာနဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်ဆဲကာလမို့ နိုင်ငံတော်အဆင့်တရားဝင်ဖြစ်အောင် ဖယ်ဒရယ်ကအရာရှိတွေရဲ့ စစ်ဆေးမှုခံနေရတဲ့ အခြအနေပါ။ အဲ့လိုကာလအတွင်းမှာ အထူးတာဝန်နဲ့ရောက်လာတဲ့ ဖယ်ဒရယ်အေးဂျင့် ဒန်နီဝစ်တ်ဝါကလည်း အထက်ဌာနတို့ထုံးစံအတိုင်း မာန်တကြွကြွနဲ့ဖြစ်တာကြောင့် ရဲအဖွဲ့မှူး အန်ဒါတန်တို့နဲ့ ထိပ်တိုက်တွေ့ပါတော့တယ်။ တစ်နေ့မှာတော့ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း လူသတ်မှုတားဆီးဖို့ precogs တွေခန့်မှန်းပေးတဲ့ လူသတ်သမားနာမည်ပါတဲ့ ဘောလုံးအနီကို အန်ဒါတန်တစ်ယောက် ကြည့်မိချိန်မှာ လူသတ်သမားနာမည်ဟာ သူကိုယ်တိုင်ဖြစ်နေတာ တွေ့လိုက်ရပါတော့တယ်။ အန်ဒါတန်အနေနဲ့ ဒါဟာ Precrime စနစ်ရဲ့ဟာကွက်ကို ‌မျက်စိဒေါက်ထောက်ကြည့်နေပြီး သူ့ကိုလည်းမကြည်တဲ့ ဖယ်ဒရယ်အေးဂျင့် ဝစ်တ်ဝါရဲ့ ထောင်ချောက်ဆင်မှုဖြစ်ကြောင်း သံသယဖြစ်မိပြီး ထွက်ပြေးဖို့ကြံပါတော့တယ်။ အန်ဒါတန်အနေနဲ့ precogs တွေခန့်မှန်းသလို တကယ်ပဲ လူသတ်မိမှာလား၊ ပြီးပြည့်စုံတယ်လို့ထင်ရတဲ့ Precrime စနစ်ရဲ့အားနည်းချက်တွေက ဘာတွေဖြစ်မလဲဆိုတာနဲ့ အန်ဒါတန်ကို တကယ်ပဲ ဝစ်တ်ဝါကထောင်ချောက်ဆင်ခဲ့သလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ရှုစားကြည့်ကြပါ။ အခြား sci-fi တွေလို ဂြိုဟ်သားတွေ၊ လက်နက်ဆန်းတွေ၊ သတ္တဝါကြီးတွေ မပါပေမယ့် စိတ်ကူးစိတ်သန်းဆန်းသစ်စွာနဲ့ သာမန်မှုခင်းဇာတ်အိမ်မျိုးကို ပုံစံတစ်မျိုးနဲ့ရိုက်ကူးပြထားတာဖြစ်လို့ ဇာတ်လမ်းအဆုံးထိ ရင်တမမနဲ့ကြည့်သွားရမယ်လို့ ရဲရဲကြီးအာမခံပါတယ်။ ဇာတ်လမ်းမှာပါတဲ့ လှည့်ကွက်လေးတွေ၊ အချိတ်အဆက်တွေကလည်း ဇာတ်အီမသွားအောင် သေသေသပ်သပ်ထည့်ထားတာဖြစ်လို့ ဘောလိဝုဒ်၊ တောလိဝုဒ်ကားတွေလို expected twist မျိုးဖြစ်မသွားပါဘူး။ File size…(4.4 GB)/(1.5 GB) Quality…BluRay 1080p / 720p Format…mp4 Duration….02:25:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ninja

Drama
7.3 2002 145 mins
Minority Report
Shaft
6.5

နက်ဖလစ်ကနေ ဆမ်မြူရယ် ဂျက်ဆန် ကားတစ်ကား အသစ်ထွက်လာပါတယ်။ Hitman bodyguard တုန်းက ရခဲ့တဲ့ ရသမျိုး ပြန်ရတာပါပဲ။ အခွီတွေရယ် အက်ရှင်ရယ် ပေါင်းထားတာပါ။ တကယ်ကို ကြည့်လို့ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း ရှက်ဖ်ထ်ဆိုတဲ့ ရဲဟောင်းကြီးဟာ ပေပေတေတေ လူ့ခွစာ အလွတ်စုံထောက်အဖြစ် အသက်မွေးပါတယ်။ သူ့ကို သည်းမခံနိုင်တော့လို့ စွန့်ပစ်သွားတဲ့ သူ့မိန်းမနဲ့အတူ သူ့သားလေး ပါသွားခဲ့တယ်။ ၂၅ နှစ်လောက် ကြာချိန်မှာတော့ သူ့ရဲ့ သားက အက်ဖ်ဘီအိုင်မှာ အလုပ်ရသွားပါတယ်။ တစ်နေ့မှာတော့ အက်ဖ်ဘီအိုင်ကရော ရဲတွေရော မလိုက်နိုင် အမှုကြီးတစ်ခုကို ရှက်ဖ်ထ်ရဲ့ သားက ကိုုယ်တိုင်လိုက်ဖို့ ရှက်ဖ်ထ်ကို အကူအညီလာတောင်းပါတော့တယ်။ သူတို့ သားအဖနှစ်ယောက် နယူးယောက် ဟာလမ်မှာ ဘယ်လိုတွေသောင်းကျန်းပြီး ဘယ်လိုတလွဲတွေ လုပ်ကြမလဲ ကြည့်ရမှာပါ။ (Littleneo ဘာသာပြန်ပေးထားပါတယ်)

Drama • Mystery
6.5 2019 111 mins
Shaft
Spectral
6.4

စစ်ကားရုပ်ရှင်တွေ ကြိုက်နှစ်သူတွေရော Horror Movie ကြိုက်သူများအတွက်ပါ အဆင်ပြေစေမယ့် ရုပ်ရှင်ကားကောင်း တစ်ခုပါ.... ကြည့်ရှုရင်း နဲ့ လိုက်ပါရင်ခုန်စေမိမယ့် ရုပ်ရှင်ကားကောင်း တစ်ကား ဆိုလဲ မမှားပါဘူး... ဇတ်လမ်းပုံစံကတော့ ဒေါက်တာ Clyne ဟာ စစ်ဖက်သုံး ကင်မရာတွေကို တီထွင်ပေးရတဲ့သူပါ... တစ်နေ့မှာတော့ စစ်ပွဲထဲတွင် စစ်သားတွေ အကြောင်းအရာမသိသော အရာဝတ္တု တစ်ခုရဲ့ သတ်ဖြတ်ချင်းကို ခံရပြီး သေဆုံးခဲ့ကြပြီး ထိုအရာကိုလဲ ဒေါက်တာ Clyne တီထွင်ပေးသော ကင်မရာဖြင့်သာ မြင်နိုင်ခဲ့တာကြောင့် ဒေါက်တာ Clyne ကို စစ်ဘက် အဖွဲ့အစည်းက ပြန်လည် ခေါ်ယူပြီး စစ်ဆေးခဲ့ပါတယ်... သူတို့ မြင်ခဲ့တာအရာသည် ဘယ်လိုအရာမျိုး ဖြစ်တယ်ဆိုတာ သေချာသိရဖို့ အတွက် ဒေါက်တာ Clyne နှင့် စစ်တပ် တပ်ဖွဲ့ တစ်ခု ဖွဲ့ကာ စစ်မြေပြင်ကို သွားရောက်လေ့လာခဲ့ပါတယ် ထိုလေ့လာတဲ့ ခရီးတွင်ပဲ ကံဆိုးစွာ ထပ်မံ သတ်ဖြတ်ခံရပြီး ထိုအရာများသည် လူသား ပုံစံ ရှိပြီး ဝိဉာဉ်များသဖွယ် နံရံများကို ဖြတ်သွားနိုင်ကာ ထိတွေ့မိသူတိုင်း အေးခဲအသက်ပျောက်သွားပါတယ် မည်သည့် လက်နက်ဖြင့်မှ တိုးမပေါက် သက်၍ မရနိုင်ပါ ထိုအရာများ မှာ မကောင်းဆိုးဝါး များလော စစ်ဘက်ဆိုင်ရာ လျို့ဝှတ်ချက်များလားဆိုတာ ဘာသာပြန် Bro Chan နှင့် Bro Kaung တို့၏ ဘာသာပြန် လက်ရာကောင်းများဖြင့် ပြန်ပေးထားသော Spectral ရုပ်ရှင်ကားကို Download ဆွဲပြီး ကြည့်ရှုခံစားလိုက်ကြပါ ခင်ဗျာ.... (သစ်ဆန်းခန့်)

Action • Adventure • Animation • Family • Fantasy
6.4 2016 109 mins
Spectral
Lilo & Stitch
7.3

Lilo & Stitch (2002) =============== IMDb Rating – 7.3/10 စတစ်ချ်လို့ပြောလိုက်တာ နဲ့ ပြာတာတာ နဲ့ နားရွက်ကြီးကြီး ပြူးကြောင်ကြောင် ကောင်လေးကို အားလုံးမျက်စိထဲ ပြေးမြင်မိကြမှာပါ။ ဒီလောက် နှစ်ပေါင်းများစွာ ကြာခဲ့တာတောင် စတစ်ချ်အရုပ်လေးတွေ စတစ်ချ်အင်္ကျီလေးတွေက လူတွေကြားမှာ ရေပန်းစားနေဆဲပါပဲ။ ခုCMပရိတ်သတ်ကြီးအတွက် ဒီ စတစ်ချ်ကားလေးကို ပြန် လည် ခံစားလို့ရအောင် တစ်ဖန် ပြန်တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်း ကို အနည်းငယ် ပြန်မိတ်ဆက်ပေးရရင် လီလို ဆိုတာ ဟာဝေယံ ခလေး မလေးတစ်ဦးပါ ချစ်စရာ ဂျစ်ကန်ကန် လူဆိုးမလေးပေါ့ဗျာ။ တစ်ရက်တော့ သူက ခွေးတစ်ကောင်မွေးဖို့အတွက် သူ့အစ်မနဲ့ ညီအစ်မနှစ်ယောက်သား ခွေးထိန်းသိန်း ရေးစခန်းကို သွားပါတယ်။အဲ့မှာလီလို တစ်ယောက် ပြာတာတာ နဲ့ ရယ်စရာခွေးလေး ကို သဘောကျ ပြီး မွေးခဲ့ပါတယ်။ ခွေးလေးနာမည် ကိုတော့ စတစ်ချ်လို့ ပေးလိုက် တာပေါ့။အဲ့မှာပဲ ပြသနာတွေစတော့တာပါ။ တစ်ကယ်တော့စတစ်ချ်က တစ်ခြား ဝေးလံတဲ့ ဂြိုလ်တစ်ခုက သိပ္ပံပညာရှင်တစ်ယောက် ရဲ့တီထွင်မှုပါပဲ။ အဲ့ဂြိုလ်ရဲ့ အာဏာပိုင်တွေက သဘာဝကိုဖောက်ပြန်တဲ့ ဒီတီထွင်မှုကို လက်မခံနိုင်ပဲ တီထွင် တဲ့ ပညာရှင်ကိုအကျဉ်းချ စတစ်ချ်လေးကို အပြစ်ပေးဖို့ ခေါ်လာရာမှ အဖျက်စွမ်း အားပြင်း လက်နက် ဖြစ်တဲ့မောင်စတစ်ချ်က ထွက်ပြေးပြီး ကမ္ဘာပေါ်ရောက်လာ တာပါ။ ဒီဂြိုလ်က အကြီးအကဲတွေကလည်း စတစ်ချ် ကို ပြန်ခေါ်ဖို့ သူ့ကို တီထွင်တဲ့ ပညာ ရှင်ရယ် တစ်ခြားပညာရှင်တစ်ယောက်ရယ်ကိုလွှတ်ပြီး ပြန်ခေါ်ခိုင်းတာပေါ့။ စတစ်ချ် လေးကို သံယောဇဉ်တွယ်နေတဲ့ လီလို တစ်ယောက် ဘယ်လိုပြသနာတွေ ကြုံရမလဲ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ဆက်လက် ရှု့စားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို A_Zမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.36 GB) / (550 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Comedy Translator…….Hnin Wut Yi Encoder……….Zin Phyo Aung

Drama
7.3 2002
Lilo & Stitch
438 Days
6.7

နိုင်ငံတကာသတင်းထောက်ဆိုတဲ့အလုပ်ကိုကြားရတာ ခရီးလေးသွားလိုက် ဓာတ်ပုံလေးရိုက်လိုက် အင်တာဗျူးလေး လုပ်လိုက်နဲ့ လွယ်ကူမယ်လို့ထင်ရပေမဲ့ တကယ်တမ်းလက်တွေ့ ဘ၀မှာတော့ အရမ်းခက်ခဲပြီးတော့ စွန့်စားရပါတယ်။ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ဒီအလုပ်အပေါ်မှာ နှစ်မြှုပ်ထားမှလုပ်နိုင်မဲ့ အရမ်း ခက်ခဲတဲ့အန္တရာယ်များတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာလည်း နိုင်ငံတကာသတင်းထောက်တွေ အဖမ်းခံရတာ အသတ်ခံရတာ ပျောက်ဆုံးသွားတာတွေအပြင် တခြားသမိုင်းတွေ အများကြီးကိုမျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ရပြီးပါပြီ။ အခုတင်ဆက်ပေးမှာကတော့ ဒီလိုခက်ခဲကြမ်းတမ်းတဲ့အလုပ်ကို လုပ်ရင်းနဲ့ အီသီယိုးပီးယားနိုင်ငံမှာ ၄၃၈ ရက်အဖမ်းခံခဲ့ရတဲ့ဆွီဒင်နိုင်ငံက သတင်းထောက်နှစ်ယောက်အကြောင်းကိုရိုက်ကူးထားတဲ့ 438 Days ဆိုတဲ့ 2019 ခုနှစ်က ထွက်ရှိခဲ့တဲ့ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။မာတင်နဲ့ဂျိုဟန်ဆိုတဲ့ ဆွီဒင်သတင်းထောက် နှစ်ယောက်က အီသီယိုးပီးယားနိုင်ငံမှာ လွန်ဒင်ဆိုတဲ့ရေနံကုမ္ပဏီ အကြောင်းကို စုံစမ်းဖို့အတွက် ၂၀၁၁ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ ဆိုမားလီးယားကနေ အီသီယိုးပီးယားကိုတရားမဝင်နယ်စပ် ဖြတ်ကူး ခဲ့ကြပါတော့တယ်။သူတို့ချည်းပဲ ဒီအတိုင်းသွားဖို့ဆိုတာမဖြစ်နိုင်တဲ့ အတွက် ONLF ဆိုတဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ အကူအညီနဲ့ ဖြတ်ကူးခဲ့ကြပါတယ်။ဒါပေမယ့်ကံမကောင်းစွာနဲ့ပဲ အီသီယိုးပီးယား စစ်တပ်က သူတို့ကိုဖမ်းမိသွားပြီး နယ်စပ်ကိုတရားမဝင်ဖြတ်ကူးမှုနဲ့ အကြမ်းဖက်အဖွဲ့အစည်းမှာ ပါဝင်တယ်ဆိုပြီး နာမည်တပ်ကာ ထောင်ထဲကို ပို့လိုက်ပါတော့တယ်။ဒီလိုနဲ့ထောင်ကျသွားခဲ့ပြီးနောက်မှာ သူတို့ကိုလွတ်မြောက်အောင် ကူညီပေးဖို့ဆွီဒင်အစိုးရက ကြိုးစားပုံ တွေနဲ့ ထောင်ထဲမှာနေရတဲ့ငရဲလိုမျိုး ၄၃၈ ရက်တာကိုကြည့်ရှုရမဲ့ IMDb Rating 6.7 ရရှိထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားပဲဖြစ်ပါတယ်။ File size…2.07GB / 925MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 4m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2019
438 Days
Hijack (2024)

Hijack 1971 (2024) ******************* ဒီတစ်ခေါက် CM ကနေ တင်ဆက်ပေးသွားမှာကတော့ 1971 ခုနှစ်တုန်းက တောင်ကိုးရီးယားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ​လေယာဥ်ပြန်ပေးဆွဲခံရမှုအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုံတင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ကိုးရီးယားလေတပ် တိုက်လေယာဥ်မှူးဖြစ်ခဲ့ဖူးတဲ့ ဂျွန်ထယ်အင်းဟာ ကိစ္စတစ်ခုကြောင့် တပ်ထဲကနေထွက်ခဲ့ရပြီး ပုဂ္ဂလိကလေကြောင်းလိုင်းမှာ တွဲဖက်လေယာဥ်မှူးအဖြစ် စတင်ပြီးအလုပ်လုပ်ကိုင်ဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့ 1971 ခုနှစ်ရဲ့ နေ့တစ်နေ့မှာ ခရီးသည်တွေတင်ဆောင်ပြီး ပျံသန်းနေရင်း ဂင်ယုံးဒယ်လို့ခေါ်တဲ့ ထောင်ထွက်လူမိုက်တစ်ယောက်ရဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုကို ခံရပြီး မြောက်ကိုးရီးယားသို့ ပျံသန်းရန် ဖိအားပေးခံခဲ့ရပါတော့တယ်။ အာခံသူမှန်သမျှ အကြမ်းဖက်ခံရရင်း လေယာဥ်မှူး ဂင်ဂယူရှစ် ထိခိုက်သွားမှုကြောင့် တွဲဖက်လေယာဥ်မှူးဖြစ်တဲ့ ဂျွန်ထယ်အင်းတစ်ယောက်တည်း လေယာဥ်ဆက်မောင်းဖို့ ဖြစ်လာတဲ့အခါမှာတော့…. တကယ်တော့ တခြားနိုင်ငံရဲ့နယ်နိမိတ်ကို ဖြတ်ကျော်ဖို့ရာ တစ်ဖက်နိုင်ငံအစိုးရရဲ့ ခွင့်ပြုချက်မရရှိဘဲ ဖြတ်ကျော်လို့မရပါဘူး.. အထူးသဖြင့် စစ်ရေးတင်းမာမှုရှိပြီး အချိန်မရွေးစစ်ဖြစ်ဖို့ အသင့်ပြင်နေတဲ့ တောင်မြောက် နှစ် နိုင်ငံအတွက်ဒီလိုအခြေအနေဟာ ပိုပြီးလက်မခံနိုင်စရာပါ.. မြောက်လေပိုင်နက်ကို တစ်လမလောက်ကျူးကျော်လိုက်တာနဲ့ မြောက်ကိုရီးယား တိုက်လေယာဉ်တွေက တစ်စစီဖြစ်အောင် ပစ်ချသွားနိုင်ပါတယ်.. ဒီလိုအခြေအနေတွေအားလုံးကို ဂျွန်ထယ်ရင်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့.. သရုပ်ဆောင်တွေအနေနဲ့ အဓိကဗီလိန် ပြန်ပေးသမားအဖြစ် အားလုံးသိပြီးသားဖြစ်တဲ့ မင်းသား Yeo Jin-goo၊ တွဲဖက်လေယာဥ်မှူး ဂျွန်ထယ်အင်းအဖြစ် မင်းသားကြီး Ha Jung-woo၊ လေယာဥ်မယ်အဖြစ် အလှလေး Chae Soo-bin နဲ့ လေယာဥ်မှူးအဖြစ် မင်းသားကြီး Sung Dong-il တို့က ပါဝင်အားဖြည့်ထားပါတယ်။ File size…1.76GB / 760MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Action, Adventure, Thriller, Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Stary, Hnin Wai & Hsu Pyae

0 1971 100 mins
Hijack (2024)
The Crow: Wicked Prayer

ဒီကားကတော့ 2005 မှာထွက်ခဲ့တဲ့ The crow ရဲ့ လေးကားမြောက်ဖြစ်ပြီး Edward Furlong က The crow အဖြစ်ပါ၀င်သရုပ်ဆောင်ထားပါတယ်။ The crow sequel တွေထဲမှာ အစုတ်ပြတ်ဆုံးဖြစ်ပြီးတော့ imdb 3 out of 10 တောင် ရထားပါတယ်။ Dialogue တွေဟာကောင်းလွန်းလို့ Cringe ဖြစ်ပြီး သေသွားနိုင်ပါတယ်။ အဲ့လောက်ကောင်းတဲ့ကားကြည့်ချင်တဲ့လူတွေအတွက်တော့ ဒီကားဟာ ကြည့်ရအဆင်ပြေမှာပါ။ ဒီတစ်ကားမှာတော့ The crow ဖြစ်လာမယ့် Luc Crash ရဲ့ ကောင်မလေး ထုံးစံအတိုင်း အသတ်ခံလိုက်ရတာကနေ ဘယ်လိုလက်စားချေမလဲကို တဝါးဝါးသန်းပြီး ကြည့်ရှုရမှာပါ (အဖော်အချွတ်နဲ့ ကြမ်းတမ်းတဲ့စကားတွေပါပါတယ်) File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Action, Fantasy, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wai Hlyan Phyo Pai

0 2005
The Crow: Wicked Prayer
Spy Girl
5.9

Spy Girl (2004) **************** ဒီဇာတ်ကားလေးကတော့ Train to Busan ထဲကမင်းသား Gong Yoo နဲ့ မင်းသမီး Kim Jung Hwa တို့ ပါဝင်ထားတဲ့ .. မြောက်ကိုရီးယားသူလျှိုကောင်မလေးနဲ့ တောင်ကိုရီးယားကောင်လေးကြားက Romance, Comedy အမျိုးအစား ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** သင်တန်းကျောင်းတစ်ခုက ကျောင်းသားတွေက ဝက်ဘ်ဆိုက်တစ်ခုထောင်ပြီး မိန်းကလေးပုံတွေအပျော်တင်ပြီးတော့ အလှဆုံးမိန်းကလေးကို အိန်ဂျယ်လို့ သတ်မှတ်ကြပါတယ်။ တစ်နေ့မှာတော့ သင်တန်းကျောင်းနားက ဘာဂါဆိုင်မှာ အသစ်ဝင်လာတဲ့ မိန်းကလေးတစ်ယောက်က အိန်ဂျယ်အသစ်အနေနဲ့ ရုတ်တရက် နာမည်ကြီးလာပါတယ်။ တကယ်တမ်း အဲဒီမိန်းကလေးက မြောက်ကိုရီးယားကရောက်လာတဲ့ သူလျှိုဖြစ်နေတဲ့အခါမှာတော့… သူလျှိုမိန်းကလေးက ဘာအကြောင်းနဲ့ တောင်ပိုင်းကို ရောက်လာရတာလဲ… သင်တန်းကျောင်းက ကျောင်းသားဖြစ်တဲ့ ဂိုဘုံး (Gong Yoo) နဲ့ ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်သွားမလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကို Zoronoa မှရေးသားထားပါတယ်) File size…2.18GB / 942MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 40 min. Genre ….. Comedy, Romance, Crime Subtitle….Myanmar Subtitle (Hard Sub) Translated by Zoronoa Encoded by AHtet

5.9 2004 102 mins
Spy Girl
Ghost Dog: The Way of the Samurai

IMDb Rating 7.5/10 ကြေးစားလူသတ်သမား Ghost Dog လူဝီဆိုတဲ့လူတစ်ယောက်ရဲ့ ကယ်တင်ခြင်းကို ခံခဲ့ရဖူးတဲ့ ကြေးစားလူသတ်သမား Ghost Dog ဟာ သူ့ကိုယ်သူ လူဝီရဲ့ အစေအပါးတစ်ယောက်အနေနဲ့ မှတ်ယူထားပါတယ်….. လူဝီဆိုတာက မာဖီးယားဂိုဏ်းက အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Ghost Dog ကို ဂိုဏ်းစတားတစ်ယောက်ကို သတ်ဖို့ ခိုင်းစေလိုက်ချိန်မှာ…………….. လူဝီသတ်ခိုင်းခဲ့တဲ့ လူကို Ghost Dog ရှင်းပစ်ချိန်မှာ အဲ့အခန်းထဲမှာ မာဖီးယားဘော့စ် ဗာဂိုရဲ့ သမီးရှိနေခဲ့တာကို သိလိုက်ရတယ်…. အခြေအနေကိစ္စရပ်တွေ ရှုပ်ထွေးသွားခဲ့ပြီး မာဖီးယားဘော့စ်က သူ့အဖွဲ့သားတွေကို Ghost Dog ကို သတ်ဖို့ စေခိုင်းလိုက်ပါတယ်……… သူ့ဆီကို ခိုကနေ တဆင့်သာ ဆက်သွယ်လေ့ရှိတဲ့ လူထူးဆန်း Ghost Dog ကို လူဝီတစ်ယောက် ရှာတွေ့နိုင်ပါ့လား???? သူ့ဘော့စ်က ပေးအပ်ထားတဲ့ Ghost Dog ကို သတ်ပစ်ရမယ့် မစ်ရှင်ကိုရော သူ အောင်မြင်ပါ့မလား???? ဒါမှမဟုတ် ဆာမူရိုင်းမူကို ကျင့်သုံးတဲ့ Ghost Dog ဟာ သူ့သခင်လို့မှတ်ယူထားတဲ့ လူဝီကို ရှင်းပစ်မှာလား??? မာဖီးယားဂိုဏ်းတွေရဲ့ ရှုပ်ထွေးမှုတွေ၊ ကြေးစားလူသတ်သမားတစ်ယောက်ရဲ့ ဘဝ၊ မိတ်ဆွေစစ်တို့ကြားက သံယောဇဉ် စတဲ့ အမျိုးမျိုးသောခံစားချက်တွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon

Comedy • History
0 1999
Ghost Dog: The Way of the Samurai
The Bacchus Lady
7.2

The Bacchus Lady (2016) ************************ IMDb… 7.2 အခုတစ်ခါမှာတော့ ပရိသတ်ကြီးတို့အတွက် အားလုံးနဲ့ရင်းနှီးပြီးသား မင်းသမီးကြီး Young Yuh Jung အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဆုများစွာ ဆွတ်ခူးနိုင်ခဲ့တဲ့ life , drama အမျိုးအစား “The Bacchus Lady” ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ သက် ၆၅ နှစ်အရွယ် ယွန်းဆိုယောင်းက ဝမ်းရေးအတွက် လမ်းပေါ်မှာ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရင်း တစ်ဆင့်စကား တစ်ဆင့်နားနဲ့ သက်ကြီးရွယ်အိုလူကြီးတွေကြားမှာ နာမည်ကြီးနေခဲ့တာပေါ့။ စားဝတ်နေရေးအတွက် တစ်ယောက်တည်း ရုန်းကန်နေရပေမဲ့လည်း သူမဟာ အိမ်ပိုင်ရှင် transgender တစ်ဦးဖြစ်တဲ့ တီနာ၊ နွမ်းပါးတဲ့ ပန်းပုပညာရှင် ဒိုဟွန်း၊ ဆေးခန်းမှာတွေ့ပြီးတော့ မထင်မှတ်ဘဲ အိမ်ကိုခေါ်လာမိခဲ့တဲ့ ကိုရီးယား-ဖိလစ်ပိုင် ကပြားကလေးငယ်လေး မင်ဟိုနဲ့အတူ အေးချမ်းစွာနဲ့ နေထိုင်နေခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ အရင်တုန်းက ပုံမှန်ဖောက်သည်တစ်ဦးဖြစ်ခဲ့တဲ့ ဆယ်ဗီလီရိုဆုန်းက နာမကျန်းဖြစ်နေတာကြောင့် လူ့လောကထဲကနေ ထွက်သွားဖို့အတွက် ဆိုယောင်းကို ကူညီပေးဖို့ တောင်းဆိုခဲ့ရာမှ သနားစိတ်၊ အပြစ်ရှိစိတ်တွေကြောင့်နဲ့ ဆိုယောင်းလည်း ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ အကြောင်းအမျိုးမျိုးကြောင့် လူ့လောကကနေ ထွက်သွားချင်ကြတဲ့ တခြားသူတွေကလည်း ဆိုယောင်းကို ကူညီပေးဖို့ တောင်းဆိုလာခဲ့ရာမှာတော့ ….။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ May Thet ပဲ ဖြစ်ပါတယ်။) File Size : 2.29GB/ 910MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:51:21 Genre : Life, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Thet Encoded by Tiff

Action • Crime • Thriller
7.2 2016 110 mins
The Bacchus Lady
Fox Hunt
6

ဘီလီယံပေါင်းများစွာလိမ်လည်ခဲ့တဲ့ ငွေကြေးလိမ်လည်မှုဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီးတော့ ရိုက်ထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ရှန်ဟိုင်းမှာစတော့ရှယ်ယာပေါင်းများစွာလိမ်လည်ပြီးထွက်ပြေးသွားတဲ့ လူလိမ်ကြီး ( Tony Leung )တစ်ယောက်ဟာ ၈နှစ်ကြာအောင် ထွက်ပြေးနေပြီးတော့ ပြင်သစ်မှာပြန်ပေါ်လာခဲ့တယ်။ ဒါကိုတရုတ်ရဲတပ်ဖွဲ့ကအရာရှိယဲ့ကျွင်းကသိသွားပြီးတော့ သူ့ရဲ့မြေခွေးတပ်ဖွဲ့လေးနဲ့ နိုင်ငံကူးပြီးတော့ လိုက်ဖမ်းဖို့ကြိုးစားကြပါတယ်။ ဉာဏ်များတဲ့လူလိမ်ကြီးကတော့ ဝီလျံဂျိမ်းစ်ဆိုတဲ့နာမည်သစ်တစ်ခုနဲ့ ပြင်သစ်လူကုံထံတွေနဲ့အတူပူးပေါင်းအလုပ်တွဲလုပ်ပြီး ဘဝကိုစံစားနေပါတယ်။ ပိုက်ဆံအတွက်ဘာမဆိုလုပ်နိုင်တဲ့ဝီလျံဂျိမ်းစ် သူ့ရဲ့ငွေကြေးအကျိုးအမြတ်တွေကို ထိပါးလာတဲ့အခါ ရက်စက်ပြီးအောက်တန်းကျတဲ့နည်းလမ်းတွေသုံးခဲ့ပါတယ်။ နောက်ဆုံးမရတော့တဲ့အဆုံးမှာ ပြင်သစ်ကနေထွက်ပြေးဖို့ကြိုးစားတာကို ပြင်သစ်ရဲနဲ့တရုတ်ရဲတွေပူးပေါင်းပြီး ဖမ်းဆီးဖို့ကြိုးစားပါတော့တယ်

Comedy • Thriller
6 2025
Fox Hunt