YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Trial (2023) Telugu TRUE WEB-DL - 1080p - AVC - YK(CM).mp4

1.04 GB 1080p video/mp4 1116 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Thappad
7.1

IMDb (7.1/10) /Rotten Tomatoes 92% Q - ညီမယောက်ျားနဲ့ ဘာဖြစ်လို့ ကွာရှင်းပြတ်စဲချင်တာလဲ A - သူ ပါးတစ်ချက်ရိုက်လိုက်လို့ပါ Q - ပါးရိုက်တာ အကြောင်းပြချက်မဟုတ်ပါဘူး တခြားကိစ္စရှိဦးမှာပေါ့ ဘာလဲ သူ့မိသားစုကြောင့်လား A - ဟင့်အင်း Q - သူ ညီမအပေါ် ဖေါက်ပြန်နေလို့လား A - ဟင့်အင်း Q - ညီမက သူ့အပေါ်မှာ ဖေါက်ပြန်နေလို့လား A - ဟင့်အင်း Q - လိင်မှုကိစ္စကြောင့်လား A - ဟင့်အင်း Q - ဒါဆို ပါးတစ်ချက်ရိုက်လိုက်ရုံပဲပေါ့ အမျိုးသမီးတစ်ယောက်က သူ့ယောက်ျား သူ့ကို ပါးတစ်ချက်ရိုက်လိုက်တဲ့အပေါ် ကွာရှင်းပြတ်စဲချင်ပါတယ်တဲ့ ဒီစကားအတွက် အတွေးပေါင်းစုံ မေးခွန်းပေါင်းစုံထွက်ကျလာပေလိမ့်မယ် လင်နဲ့မယား လျှာနဲ့သွားပဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဟာကိုရှိပါသေးတယ် အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာတဲ့ ဘာတဲ့အတွေးအခေါ်ပေါင်းစုံ ဒီတော့ ဒီကားကို ယောက်ျားလေးမိန်းကလေး လူပျိုအပျို အိမ်ထောင်သည်အားလုံးကို ကြည့်စေချင်ပါတယ် တစ်ယောက်အမြင်တစ်မျိုးစီရလိမ့်မယ်လို့ မျှော်လင့်ပါတယ် ကျွန်တော် ဇာတ်လမ်းကို မညွှန်းပေးတော့ဘူး Bollywood ကားကြည့်ချင်ပေမယ့် အယောက် ၁၀၀ နဲ့ တစ်ယောက်တည်းဖိုက်လို့ စိတ်ပျက်နေတဲ့သူတွေ ... ဒီကားကိုကြည့်ပါ Bollywood ကားကြည့်ချင်ပေမယ့် ၁၀ မိနစ်တစ်ခါ သီချင်းဆိုပြီး က,ခုန်နေတာကို စိတ်ပျက်နေတယ်ဆိုတဲ့သူတွေ ... ဒီကားကိုကြည့်ပါ Bollywood ကား ကြည့်ချင်ပေမယ့် အိုဗာဒရာမာခင်းတာတွေကို စိတ်ပျက်နေတဲ့သူတွေ ... ဒီကားကိုကြည့်ပါ ဒီကားထဲမှာ မင်းသား ငယ်ငယ်ချောချောမပါ,ပါဘူး  မင်းသမီးလည်း အချောကြီးမဟုတ် (ကျွန်တော့်အတွက်တော့ အချစ်ဆုံး :P) ဘာဖိုက်တင်မှလည်းမပါဘူး ခင်ဗျား ဘာကြည့်ရမှာလဲ relationship နဲ့ပတ်သတ်တဲ့ ရပိုင်ခွင့်တွေ ခင်ဗျားသိရမယ် RS ဆိုတဲ့အထဲမှာ အိမ်ထောင်ရေး၊ သမီးရည်းစားရေး ဆက်ဆံရေးအားလုံးပါဝင်ပတ်သတ်နေပါတယ် ဒီလိုပြဿနာတွေကို ထိထိမိမိတင်ဆက်ပြနိုင်တဲ့ ဒါရိုက်တာကြီး Anubhav Sinha ကငါယောက်ျားပါကွလို့ လက်မထောင်နေတဲ့သူတွေကို ဒီဇာတ်ကားနဲ့ ပါးပိတ်ရိုက်လိုက်သလိုပါပဲ Mulk (2018), Article 15 (2019) တို့ကိုကြည့်ဖူးရင်ဒီဒါရိုက်တာရဲ့အရည်အချင်းကို သိကြမှာပါ ဇာတ်လမ်းကောင်း/မကောင်းကတော့ နိုင်ငံတကာ အရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေကိုကြည့်ပြီး ဆုံးဖြတ်လိုက်ကြပါတော့။ ပေးရတဲ့အချိန် အကျိုးရှိစေရမယ်ဆိုတာ ကျွန်တော် အာမခံပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။) File size…(4.5 GB)/(1.3 GB)/(1 GB)/(550 MB) Quality….WEB-DL 4K HEVC/ 1080p HEVC/ 720p / 480p Format…mkv/mp4 Duration….02:21:50 Subtitle….Myanmar Subtitle (Hardsub) Encoder….THZ, Nyeinsaeya Aung Translated by Zaw Htoo

Action • War
7.1 2020 144 mins
Thappad
Green Lantern: Beware My Power
6.9

Superman:Man Of Tomorrow ကနေ ပြန်စခဲ့တဲ့ DC animated universe ထဲက Green Lantern origin movie ဖြစ်ပါတယ်။ ဂျွန်စတူးဝပ် Green Lantern ဖြစ်လာပုံကို တွေ့ရမှာ ဖြစ်ပြီး Green Arrow တို့ Hawkgirl တို့လည်းပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်စတူးဝပ်တစ်ယောက်........ အာဖဂန်နစ္စတန်ကနေ စိတ်ဒဏ်ရာအပြည့်နဲ့ပြန်ရောက်လာချိန်မှာ ဘာမှန်းမသိတဲ့ ဂြိုလ်သားတစ်ကောင်နဲ့တွေ့ခဲ့ရပါတယ်။ အဲ့ဒီဂြိုလ်သားဟာ စကြာဝဠာတစ်ခုလုံးရဲ့ ပညာဉာဏ်အကြီးဆုံးဂါးဒီးယန်းဖြစ်နေခဲ့ပါတယ်။ ဘာလို့ သူ့ဆီကို ရောက်လာခဲ့တာလဲ။ စကြာဝဠာတစ်ခုလုံးကို စောင့်ရှောက်ရတဲ့ Green Lantern တပ်ဖွဲ့ဆိုကရော ဘာတွေလဲ ဆိုတာ ဒီရုပ်ရှင်ထဲမှာတွေ့ရမှာပါ။ DC fan တွေရော superhero ရုပ်ရှင် fan တွေပါ နှစ်သက်ကြမှာသေချာပါတယ်။ File size…1.5GB / 700MB Quality…1080p BluRay AAC5.1CH/720p Format…mp4 Duration….1h28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by SPK

Adventure • Comedy • War
6.9 2022 87 mins
Green Lantern: Beware My Power
Saloum
6.6

တောင်အာဖရိကက ဂီနီဘီဆူဆိုတဲ့နိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွါးပြီး မူးယစ်ရာဇာတွေက အာဏာရှင်တွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ ဘန်ဂီခွေးအများဆိုတဲ့ အဖွဲ့ကတော့ အရမ်းကျွမ်းကျင်တဲ့ ကြေးစားတွေဖြစ်ပြီး အပေးအယူနဲ့ မက္ကဆီကိုနိုင်ငံသား မူးယစ်ရာဇာတစ်ယောက်ကို ဒါကာနိုင်ငံကို ဘေးကင်းကင်းနဲ့ ရောက်အောင်ပို့ပေးရမယ့် မစ်ရှင်ကို လက်ခံလိုက်ပါတယ်။ အဲ့ဒီလိုပို့ပေးနေစဉ်အတွင်းမှာပဲ ဆီတိုင်ကီပေါက်ပြီး ဒါကာကိုမရောက်ခင် ဆင်းသက်လိုက်ရပြီး အင်မတန် ဝေးလံခေါင်သီတဲ့ ဆလုံးဆိုတဲ့ရွာစခန်းလေးတစ်ခုကို ရောက်ရှိသွားပါတော့တယ်။ ရွာသူကြီး အိုမာကလည်း တကယ့်ကို ဖော်ဖော်ရွေရွေပါပဲ။ အဲဒီမှာ တခြားဧည့်သည်တွေလည်းရှိနေပြီး အဲဒီထဲက ဆွံ့အနားမကြားကောင်မလေးက သူတို့သရုပ်မှန်ကိုသိနေတဲ့အပြင် ရဲအရာရှိတစ်ယောက်ပါ ရောက်လာချိန်မှာတော့ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size          : 2.1GB, 862MB, 398MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 24mins Genre              : Horror, Thriller Translated by May Myat Thu Encoded by Kinnov

Comedy • Horror
6.6 2021 84 mins
Saloum
G.O.R.A.
7.3

IMDb - 8 ဒီတစ်ခေါက်မှာတော့ CM ပရိသတ်တွေအတွက် ပါးစပ်မစိအောင်ရယ်ရမယ့် Gora ဆိုတဲ့ တူရကီရုပ်ရှင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 2004 ကထွက်ခဲ့တာဖြစ်ပြီး အဲ့နှစ်အတွက် ဝင်ငွေအကောင်းဆုံး တူရကီရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ အာရိ အမည်ရတဲ့ ကော်ဇောရောင်းတဲ့ လူလည်တစ်ယောက်ရဲ့ စွန့်စားခန်းအကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ အမြဲလူလည်ကျတတ်တဲ့ အာရိတစ်‌ယောက် တစ်နေ့မှာတော့ ဂိုရာဆိုတဲ့ ဂြိုဟ်က ဂြိုဟ်သားတွေရဲ့ပြန်ပေးဆွဲတာ ခံလိုက်ရပါတော့တယ်။ အဲ့ဒီနောက်မှာ မထင်မှတ်တဲ့အလှည့်အပြောင်းတွေ စတင်ကြုံရပါတော့တယ်။ ပါးစပ်မစိအောင် ခွီရမှာဖြစ်ပြီး pop culture reference တွေရော sci-fic ရုပ်ရှင်တွေ စာအုပ်တွေပါ ပြောင်ထားတာတွေ့ရမှာပါ။ File size…(2.44GB)/(1.38GB)/(858MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:07:00 Genre...Comedy /Aventure / Sci -Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SPK

Comedy • Drama • Romance
7.3 2004 127 mins
G.O.R.A.
Godless: The Eastfield Exorcism
8.8

Godless: The Eastfield Exorcism (2023) " အတော်ကြမ်းတဲ့ကားမို့ ကြည့်စေချင်လို့ မရမက ရှာတင်ပေးလိုက်ပါတယ်။ အကြည်ဖြစ်ပေမဲ့ 1xBet လိုဂိုတွေပါနေတုန်းပါပဲ။ လုံးဝအရှင်းဗားရှင်းထွက်လာတဲ့အချိန်ကျရင်လည်း ပြန် Update သွားပါမယ် " ~ IMDb - 6.3/10, Rotten Tomatoes - 100% ~ ၁၉၉၃ ခုနှစ်က ဩတြေးလျမှာဖြစ်ပျက်သွားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတဲ့ Horror ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Horror ရုပ်ရှင်တွေမှာ မကောင်းဆိုးဝါးနှင်တယ်ဆိုတာ အမြဲလိုလို ပါနေကျဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ အဲဒါကို တခြားရှုထောင့်တစ်ခုကနေ ချဉ်းကပ်ထားတဲ့သဘောမျိုးရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လာရာ ဟာ ‌ထင်ယောင်ထင်မှားစိတ်ဝေဒနာကို ခံစားနေရတဲ့လူနာတစ်ယောက်ပါ။ စိတ်ရောဂါကုဆရာဝန်နဲ့ ပုံမှန်ပြနေပေမဲ့ ဘာမှမထူးလာတာကြောင့် သူ့ယောက်ျားဖြစ်တဲ့ ရွန်က ဆေးသိပ္ပံပညာကို သံသယဝင်လာပါတော့တယ်။ သူ့မိန်းမက မိစ္ဆာပူးကပ်နေတာဖြစ်ကြောင်း သူ့သဘောနဲ့သူယူဆပြီး ဆရာဝန်နဲ့ပြတာရပ်လိုက်ပါတယ်။ လာရာကတော့ သူ့စိတ်ရောဂါကြောင့် စားမဝင်အိပ်‌မပျော်ဖြစ်ပြီး ရွန်စိတ်တိုင်းကျလုပ်ဖို့ ခွင့်ပြုလိုက်ရပါတယ်။ ဒီနေရာမှာ သူတို့နေတဲ့နေရာဟာ ဘာသာရေးကိုင်းရှိုင်း‌သူတွေများတဲ့ မြို့ငယ်လေးတစ်ခုပါ။ ဘာသာရေးနဲ့ပတ်သက်ရင် အဆုံးစွန်ယုံကြည်ကြတဲ့နေရာမျိုးပေါ့။ ရွန်ကလည်း သူ့မိန်းမ မိစ္ဆာပူးကပ်နေတာကို မြင်လာရင်း ကြံရာမရတဲ့အဆုံး ပယောဂထုတ်တဲ့နေရာမှာ ‌နာမည်ကြီးတဲ့ ဒန်နီ ဆိုတဲ့လူကို အားကိုးရာရှာလိုက်ပါတယ်။ ဒန်နီကို ဘုရားသခင်ရဲ့ တူရိယာလို့ လူတွေကနာမည်ပြောင်ပေးထားပြီး သူကိုယ်တိုင်ကလည်း ဘုရားသခင်နဲ့ တိုက်ရိုက်ဆက်သွယ်နေတယ်လို့ ယူဆထားတဲ့သူပါ။ ဒီလိုတွေဖြစ်လာတဲ့အချိန်မှာ လာရာကို သူတို့တွေ ပယောဂနှင်ပါတော့တယ်။ လာရာမှာပူးကပ်နေတဲ့ မိစ္ဆာတွေက တစ်ကောင်တည်းမဟုတ်ဘဲ အဖွဲ့လိုက်ဖြစ်နေတာပါ။ Legion ဆိုတာ သာမန်အားဖြင့် အစုအဖွဲ့လို့အဓိပ္ပာယ်ယူနိုင်ပေမယ့် ဓမ္မသတ်ကျမ်းသစ် မြန်မာပြန် Mark 5:9 မှာ လေဂေါင် လို့ ပြန်ဆိုထားတာကြောင့် လေဂေါင်အဖြစ်ပဲ ရေးထားပါတယ်။ ဒါကြောင့် လာရာကိုပူးကပ်နေတာက လေဂေါင်(မိစ္ဆာအဖွဲ့) ဖြစ်ပါတယ်။ ဒီလေဂေါင်တွေကို သူတို့တတွေ အစွမ်းကုန်နှင်ကြပါတော့တယ်။ ဒီရုပ်ရှင်ဟာ ဇာတ်သိမ်းကိုမှ ရင်ခုန်ရတာမဟုတ်ပါဘူး။ ဇာတ်လမ်းကြည့်နေရင်း တွေးစရာတွေ တပြုံကြီးပေးမယ့် ရုပ်ရှင်တစ်ခုပါ။ Jumpscare တွေသိပ်မပါဘဲ ပယောဂနှင်တာနဲ့ စိတ်ရောဂါကို‌အခြေတည်ရိုက်ကူးထားတာကြောင့် Psychological Horror ပိုဆန်ပါတယ်။ ဒါကကြောက်ရရင်ပြီးရော ကြည့်သင့်တဲ့ကားမျိုးမဟုတ်ပါဘူး။ ဇာတ်လမ်းစကတည်းက ဆုံးတဲ့အထိ ဘယ်သူမှန်လဲ၊ ဘယ်သူမှားလဲ။ လူတွေဟာ ယုံကြည်ရာနဲ့ပတ်သက်ရင် ဘယ်လောက်ထိအဆုံးစွန်သွားတတ်ကြသလဲ။ ဆေးသိပ္ပံပညာဟာ မှန်လား။ ဘာသာရေးဟာမှန်လား။ ကျွန်တော်တို့ဟာ ယုံကြည်ရာပိုက်ကွန်တွေထဲ ရုန်းထွက်မရသူချင်းတူတူ ဘယ်အရာမှန်သလဲ မှားသလဲ ယုံကြည်ရာအပေါ်မူတည်ပြီးဆုံးဖြတ်တတ်ကြပါတယ်။ ဘယ်အရာမဆို အစွန်းရောက်ရင် မကောင်းပါဘူး။ ဒီရုပ်ရှင်ကရော အဲဒါကို ဘယ်လိုပုံစံချပြထားသလဲဆိုတာကို Jumpscare နည်းနည်း တွေးစရာများများနဲ့ သည်းထိတ်ရင်ဖို ကြည့်ရှုရမှာဖြစ်ပါတယ်။ ကျွန်တော့်တစ်ကိုယ်ရည်အမြင်အရဆိုရင် Exorcism နဲ့ပတ်သက်တဲ့အကောင်းဆုံးရုပ်ရှင်တွေကို ပြတိုက်တစ်ခုမှာထားမယ်ဆို ဒီရုပ်ရှင်က နေရာလွတ်တစ်ခုဦးထားပြီးသားဖြစ်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 766MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 31Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
8.8 2023 92 mins
Godless: The Eastfield Exorcism
Three Summer Nights
6.7

Three Summer Nights(2015) ************************ ၂၀၁၅ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် Three Summer Night ရုပ်ရှင်ဇာတ်ကားတွင် နာမည်ကြီးမင်းသားများဖြစ်တဲ့ ဂင်ဒုံဝူ(Kim Dong Wook)၊ ဆုန်းဟိုဂျွန်း (Son Ho Jun) တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ပို့သရုပ်ဆောင်ကြီး အင်ဝန်ဟီး (Im Won hee) နှင့် မင်းသမီးချော ရူယောင်းဂယွန်းက ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။ မြောင်ဆော့ ဟယ်ဂူ ဒါဆူဆိုတဲ့ သူငယ်ချင်းသုံးယောက်ရှိပါသည်။ မြောင်ဆော့သည် ရှေ့နေစာမေးပွဲဖြေရန် ကြိုးစားနေသူတစ်ဦးဖြစ်ပြီး ဟယ်ဂူကတော့ ဆေးဝါးကုမ္ပဏီတစ်ခုမှ ဝန်ထမ်းဖြစ်ပါတယ်။ ဒါဆူသည် အရင်က ကွန်ပျူတာ ဝန်ဆောင်မှုစင်တာတစ်ခုတွင် အလုပ်လုပ်ခဲ့ပြီး ပြဿနာများကြောင့် အလုပ်တစ်ခုပြီးတစ်ခု ပြုတ်နေသူ တစ်ဦးလည်း ဖြစ်ပါသည်။ တစ်နေ့တွင် သူတို့သည် စိတ်မွန်းကြပ်မှုများကို အပန်းဖြေရန် နွေရာသီတွင် ဘူဆန်မှာရှိသော ဟယ်အွန်းဒယ်ပင်လယ်ကမ်းခြေကို သွားခဲ့ပါသည်။ ထိုဟယ်အွန်းဒယ်ပင်လယ်ကမ်းခြေတွင် အပန်းဖြေရင်း မူးယစ်ဆေးဝါးအရောင်းအဝယ် မသင်္ကာသူများအဖြစ် သံသယဝင်ခံရပြီး ပြဿနာပေါင်းစုံကိုရင်ဆိုင်ရပါတော့တယ်…. File Size :2.1GB& 958MB Quality : WEB-DL1080p,720p Format…mp4 Duration…01:48:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌May Thet Htar Encoded by Phyo Pyae

Thriller • TV Movie
6.7 2015
Three Summer Nights
Jigarthanda
8.2

Jigarthanda (2014) “ဘိုင်စကုတ်ဂန်းစတား” IMDb-8.2/10 မင်းသားချော ဆစ်ဒါးအဓိကသရုပ်ဆောင်ထားပြီး ဆရာကြီးဗီဂျေးစည်သူပတီပါဝင်အားဖြည့်ထားတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ သတင်းရင်းမြစ်တွေအရတော့ တောင်ကိုရီးယားရုပ်ရှင်တစ်ကားကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ကားဟောင်းပေမဲ့ ရုံဝင်ငွေရူပီးကုဋေနဲ့ချီအမြတ်ရထားပြီး ဝေဖန်ရေးသမားတွေအကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ဒုတိယမြောက်ကား “Jigarthanda double X 2023” မလာခင်လေးမှာ ဒီကားကိုအရင်ကြည့်ရှုခံစားလိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်း ကာသစ်ဟာ တက်သစ်စ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ ပြိုင်ပွဲတွေတစ်ခုပြီးတစ်ခုပြိုင်ရင်း ထုတ်လုပ်သူတွေကို လိုက်ရှာနေတဲ့သူပေါ့။ တစ်နေ့မှာ ပြိုင်ပွဲကနေ ကံကောင်းထောက်မစွာနဲ့ သူ့ရုပ်ရှင်တွေကိုထုတ်ပေးမဲ့ ထုတ်လုပ်သူရှာ‌‌တွေ့သွားတယ်။ ဒါပေမဲ့ ထုတ်လုပ်သူဘက်က ဂန်းစတားရုပ်ရှင်တွေရိုက်မှ ထုတ်ပေးမယ်ပြောလာတဲ့အခါမှာ ကာသစ်ဟာ သူ့ပွဲဦးထွက်ရုပ်ရှင်ပီပြင်ဖို့ ဂန်းစတားတွေဘဝကို ထဲထဲဝင်ဝင်သိအောင် လေ့လာရပါတော့တယ်။ ဂိုဏ်းတွေအကြောင်းသတင်းထွက်ရင် သတင်းထောက်ပါသတ်ပစ်နေတဲ့ချိန်မှာ ကာသစ်တစ်ယောက်ဂန်းစတားအကြောင်း ရုပ်ရှင်ပါရိုက်မယ်လို့ အရဲစွန့်ရပါတော့တယ်။ ဂန်းစတားအကြောင်းသူစုံစမ်းနေတာကို ဂိုဏ်းတွေမသိအောင် သူဘယ်လိုချဉ်းကပ်မလဲ၊ သူ့ရုပ်ရှင်ပြီးမြောက်ဖို့ ဘယ်လိုအန္တရာယ်တွင်းထဲဆင်းမယ်ဆိုတာ လက်တွေ့ဆန်ဆန် ရုပ်ရှင်ဆန်ဆန်ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Moon~V~Saii~Yunni တို့ပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Comedy
8.2 2014
Jigarthanda
Miranda’s Victim
6.5

IMDb 6.6 / Rotten Tomatoes 77% ဒီရုပ်ရှင်ဟာ ဆုပေါင်း၂၇ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးပုံဖော်ထားတဲ့ မှုခင်း ဒရာမာ ရုပ်ရှင်ကားကောင်းတခုဖြစ်ပါတယ်။ ခေတ်ကာလအနေနဲ့ကတော့ ၁၉၆၀ကျော်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ပက်ထရစ်ရှာဝီယာလို့ အမည်ရတဲ့ ၁၈နှစ်အရွယ် ကျောင်းသူလေးဟာ အာနက်စ်တိုမီရန်ဒါလို့ခေါ်တဲ့ လူငယ်တယောက်ရဲ့ ဖမ်း‌ဆီးခေါ်ဆောင် အဓမ္မပြုကျင့်တာကို ခံခဲ့ရပါတယ်။ ဒီလိုနဲ့ ပက်ထရစ်ရှာဟာ ကာရိုးကူလီလို့ အမည်ရတဲ့ စုံထောက်တယောက်ရဲ့အကူအညီနဲ့ မီရန်ဒါကိုဖမ်းဆီးပြီး တရားရင်ဆိုင်ကာ မီရန်ဒါကို ထောင်ထဲကို အရောက်ပို့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အကြာမှာတော့ အမေရိကန် တရားစီရင်‌ရေးစနစ်မှာ ပြောင်းလဲမှုတခုထပ်မံ ဖြစ်ပွားလာပြီး အာနက်စ်အတွက် အပြစ်ကင်းကြောင်း ထပ်မံချေပပေးမယ့် ရှေ့နေတယောက် ပေါ်ပေါက်လာခဲ့ပါတယ်။ ထိုတရားပြိုင်ရှေ့နေကတော့ တခြားသူမဟုတ်ဘဲ ထိုခေတ်အခါက အမေရိကန်ပြည်ထောင်စုမှာ လျှမ်းလျှမ်းတောက်နာမည်ကြီးတဲ့ ဂျွန်ဖလင်းဆိုတဲ့ရှေ့နေတဦး ဖြစ်နေတဲ့အခါမှာတော့ ပက်ထရစ်ရှာဟာ တရားခွင်ကို ထပ်မံတက်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပြီး သူမ မေ့ဖျောက်ဖို့ကြိုးစားခဲ့တဲ့ အတိတ်ကဒဏ်ရာကြီးကို ထပ်မံရင်ဆိုင်ရပါတော့တယ်။ ဒီရုပ်ရှင်ဟာ ပက်ထရစ်ရှာအကြောင်းကိုပဲ အဓိကထား ရိုက်ကူးထားတာမဟုတ်ဘဲ ရဲတွေ စုံထောက်တွေ မြေပြင်မှာ အမှုလိုက်ကြပုံတွေ ရုံးတော်က တရားသူကြီးရှေ့မှောက်မှာ တရားလိုရှေ့နေနဲ့ တရားပြိုင်ရှေ့နေ ကိုယ့်အမှုသည်အတွက် အားပြိုင်ကြပုံတွေ ၁၉၆၀ဆိုတဲ့ ကာလတုန်းက တည်ရှိခဲ့တဲ့ ရှေးရိုးစွဲအယူအဆတွေကိုရုပ်ရှင်ပြသချိန် ၂နာရီအတွင်း ထောင့်စေအောင်ရိုက်ကူးပြသထားတာဖြစ်လို့ အချိန်ပေးကြည့်ရှုဖို့ သင့်တော်တဲ့ ရုပ်ရှင်ကားကောင်းလေးတကားဖြစ်ကြောင်း ညွှန်းဆိုရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။ File size…(1.9 GB)/(952 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre…Drama, Biography, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Stven Khant

6.5 2023
Miranda’s Victim
[18+] Ang Kabit Ni Mrs. Montero
6

Ang Kabit Ni Mrs. Montero (1999) ကယ်လ်မွန်တယ်ရိုဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်သူ သူဌေးကြီးတစ်ဦးဟာ ဆိုင်ကယ်မတော်တဆမှုနဲ့ အောက်ပိုင်းသေသွားခဲ့ပြီး နယ်မှာရှိတဲ့ သူ့ရဲ့စံအိမ်ကြီးမှာ ကုသမှုခံယူရင်း အနားယူဖို့ပြန်သွားခဲ့ပါတယ်။ သူနဲ့အတူ သူ့ကိုပြစုကုသပေးမယ့် ကုထုံးပညာရှင် အန်နီနဲ့ သူ့ချစ်ဇနီးဂေလ် ဆိုတဲ့ မိန်းမလှနှစ်ဦးလည်းပါလာခဲ့ပါတယ်။ ကယ်လ်က ငွေကြေးချမ်းသာသလောက် မောက်မာရိုင်းစိုင်းပြီး ရက်စက်သူတစ်ဦးပါ။ လိင်ကိစ္စနဲ့ပတ်သက်ရင်လည်း ရမ္မက်ကြီးပြီး ပုံမှန်ထက်ထူးခြားတဲ့ကိစ္စမျိုးတွေကိုလည်း စိတ်ဝင်စားတဲ့အတွက် သူ့ဇနီးကိုတစ်ခြားသူတွေနဲ့လိင်ဆက်ဆံခိုင်းပြီး ထိုင်ကြည့်တာမျိုးကအစ လုပ်လေ့ရှိတဲ့သူမျိုးဖြစ်ပါတယ်။ တဖြည်းဖြည်းသူ့ရဲ့ရက်စက်မှုတွေ၊ မောက်မာမှုတွေကိုစိတ်ကုန်စပြုလာတဲ့ ချစ်ဇနီးဟာ ကယ်လ်ရဲ့ခြံကျယ်ကြီးထဲက အလုပ်သမားကောင်လေးတစ်ဦးဖြစ်တဲ့ ဆတော်ဆိုတဲ့လူငယ်လေးနဲ့ ချစ်ကြိုးသွယ်မိပါတော့တယ်။ နာမည်ကျော်ဂန္ထဝင် Erotic Literature တစ်ပုဒ်ဖြစ်တဲ့ Lady Chatterley’s Lover ကိုအလွတ်တမ်းအခြေခံပြီး ဖိလစ်ပိုင်မှုပြုထားတဲ့ကားပါ။ အဲဒီခေတ်အခါက ထိတ်ထိတ်ကြဲတွေဖြစ်တဲ့ Patricia Javier တို့၊ Sunshine Cruz တို့လိုမင်းသမီးကြီးတွေရဲ့ ငယ်နုစဉ်အလှကို တစ်၀ကြီးငေးမောခွင့်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.25GB, 1.7GB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 30Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

6 1999
[18+] Ang Kabit Ni Mrs. Montero
Arnold & Sly: Rivals, Friends, Icons
7.3

Arnold & Sly: Rivals, Friends, Icons (2024) ================================ IMDb Rating – 7.3/10 အာနိုးနဲ့ စတားလုံးဆိုရင် မြန်မာနိုင်ငံမှာ မသိတဲ့သူ မရှိလောက်တဲ့အထိ နာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားကြီး နှစ်လက်ပါ။ ကျွန်တော်တို့ငယ် ဘဝကို သူတို့ရဲ့ အက်ရှင်ကားတွေကလွှမ်းမိုးခဲ့တာပေါ့။ စတားလုံးဆို ရင်လည်း Rocky, Rambo အစရှိသဖြင့် နာမည်ကြီးကားတွေ၊ အာနိုး ဆိုရင်လည်း The Terminator, The Predator အစရှိတဲ့ ရုပ်ရှင်တွေ နဲ့ နာမည်ကြီးပါတယ်။ ယခုတီဗွီရှိုးဟာဆိုရင် အာနိုးနဲ့ စတားလုံးတို့ကြား ပြိုင်ဆိုင်မှုတွေ၊ ခင်မင် မှုတွေ၊ နာမည်ကြီးဖြစ်လာပုံတွေ သူတို့နှစ်ယောက်ကို စတူဒီယိုမှာ အင် တာခေါ်ဗျူးရင်း စကားပြောထားကြတာပါ။ သူတို့နှစ်ယောက်ဟာ ခေတ် ပြိုင်မှာ ပေါ်ပေါက်ခဲ့တဲ့ အက်ရှင်မင်းသားကြီးတွေ ဖြစ်တာနဲ့အညီ သူတို့ ကြားမှာ ပြိုင်ဆိုင်မှု၊ ချောက်တွန်းမှုတွေ၊ အကောက်ကြံမှုတွေ ဖြစ်ခဲ့ကြ ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူတို့နှစ်ယောက်က အရမ်းကို ညီအစ် ကိုလိုရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတာပါ။ သူတို့တွေ တစ်ယောက် နဲ့ တစ်ယောက် ပြိုင်ဆိုင်တာဟာဆိုရင် တအားကိုမှ လက်ပေါက်ကပ်တဲ့ အထိပြိုင်တာပါ။ ရုပ်ရှင်ထဲမှာ မင်း လူ ၂၈ ယောက်သတ်ရင် ငါက ၃၂ ယောက်သတ်မယ်ဆိုတာမျိုး၊ မင်းထက်ပိုကြီးတဲ့ သေနတ်ကိုင်ပြမယ်ဆို တာမျိုးတွေအထိ ပြိုင်ကြတာပါ။ အခု စကားဝိုင်းမှာဆိုရင် သူတို့တွေ ဘယ် လိုတွေပြိုင်ခဲ့ကြလဲ၊ တစ်ယောက်နဲ့ တစ်ယောက် ဖြုတ်ဖို့ ဘယ်လိုတွေလုပ် ခဲ့သလဲ၊ အချင်းချင်း ဘယ်လိုတွေ အပြန်အလှန်သင်ယူခဲ့လဲဆိုတာကို ကြည့် ရှုရင်း ကျွန်တော်တို့ငယ်ဘဝက အက်ရှင်သူရဲကောင်းကြီးတွေရဲ့ဘဝကို တစ်စိတ်တစ်ပိုင်း လေ့လာခွင့်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.19 GB) / (460 MB) Quality…………WEB-DL 1080p / 720p Duration………43Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary Translator…….Leonard Lin Encoder……….SWM

7.3 2024 43 mins
Arnold & Sly: Rivals, Friends, Icons
Fatum

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် စပိန်စကားပြော crime,drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်….ဒီရုပ်ရှင်ကဆုတစ်ဆုရရှိထားပြီး ဇကာတင်ဆုငါးခုရရှိထားပါတယ်… ဇာတ်လမ်းကတော့ မိသားစုနှစ်ခုအပေါ်အခြေခံပြီးရိုက်ကူးထားပါတယ်….ပထမမိသားစုကတော့ လောင်းကစားသမား ဆာဂီယိုနဲ့လစ်ဒီယာတို့ပါ…ဆာဂီယိုကလောင်းကစားမပြတ်နိုင်တဲ့အတွက်လစ်ဒီယာကကွဲချင်နေတာပါ…တစ်ရက်ကျဆာဂီယိုကသားနဲ့သမီးကိုလိုက်ပို့ရင်း နောက်ဆုံးအနေနဲ့ဘောလုံးပွဲလောင်းဖို့သွားခဲ့ပါတယ်…ဒါကိုလစ်ဒီယာသိသွားပြီးသူမလည်းလောင်းကစားရုံကိုရောက်ရှိလာပါတယ်….သူတို့လင်မယားချင်းပြဿနာတက်ပြီး ဆိုင်ထဲကပြန်ထွက်ဖို့အလုပ်မှာပဲ လောင်းကစားဆိုင်ထဲကိုဓားပြတွေဝင်လာပြီး ဓားပြတိုက်ပါတော့တယ်…. နောက်မိသားစုတစ်စုကတော့ ရဲအရာရှိပါဘလိုတို့မိသားစုပါ…ပါဘလိုရဲ့သားလေးဟာနှလုံးအစားထိုးကုသဖို့လိုအပ်နေသူပါ….အဲ့တော့ခုနကဓားပြတိုက်တဲ့နေရာကဓားစာခံတွေကိုကယ်ထုတ်ဖို့ပါဘလို‌လည်းရောက်ရှိလာခဲ့ပါတယ်… ရုပ်ရှင်ရဲ့နာမည်ကတော့ fate ကံကြမ္မာလို့အမည်ရပါတယ်…ဘယ်လိုကံကြမ္မာအလှည့်အပြောင်းတွေဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှူကြပါခင်ဗျာ….. File size…(1.4 GB)/(725 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Crime, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

Science Fiction • Mystery • Drama • Thriller
0 2023
Fatum
Pusher 3

Pusher 3 2005 ဒါရိုက်တာ Nicolas Winding Refn က သူ့ရဲ့လက်ရာမြောက်လှတဲ့ Pusher trilogy ကို သေမင်းတမန်လို့အမည်ပေးထားတဲ့ ‌တတိယမြောက်ဇာတ်ကားနဲ့ လှလှပပပိတ်သိမ်းခဲ့ပါတယ်။ ဒီကားလည်း IMDb 7.3 ပါပဲ။ Pusher 3 ထဲမှာပြန်အလှည့်ကျလာတဲ့ဇာတ်ကောင်ကတော့ ဘိန်းဖြူရောင်းရင်းရတဲ့ငွေမည်းတွေကို ငွေဖြူပြောင်းဖို့ ဟင်းမချက်တတ်ဘဲ စားသောက်ဆိုင်ဗန်းပြဖွင့်ထားတဲ့ မူးယစ်ဆေးဒိုင်ကြီး မီလို ပါပဲ။ ဒီတတိယမြောက်ရုပ်ရှင်မှာက ရှေ့နှစ်ကားထဲကလို အောက်ခြေကအချာပင်လေးတွေအကြောင်းမဟုတ်ဘဲ သူတို့အထက်က သူတို့ထက်ပိုပြီးဆရာကျတဲ့ခေါင်ကြီးတွေအကြောင်းကိုမြင်ရမှာပါ။ ဇာတ်လမ်းအစမှာတော့ စားသောက်ဆိုင်ပိုင်ရှင် မီလိုကြီးက သူ့သမီးရဲ့ ၂၅ နှစ်ပြည့်မွေးနေ့အတွက် ပါတီကြီးတစ်ခုကျင်းပပေးဖို့ရာစီစဉ်နေပါတယ်။ သမီးကိုတုန်နေအောင်ချစ်တဲ့ မီလိုကြီးက ပါတီပွဲကို တဆွေလုံးတမျိုးလုံးကိုဖိတ်ထားပြီး ဧည့်ခံကျွေးမွေးမယ့်အစားအသောက်တွေကိုလည်း ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးဖို့ရာ တာ၀န်ယူထားပါတယ်။ ဖြစ်ချင်တော့ အဲဒီနေ့မှာပဲ မူးယစ်ဆေးအရောင်းအ၀ယ်တစ်ခုကိုလုပ်ဖို့ရာ တပည့်တစ်‌ယောက်ကိုခိုင်းလိုက်မိပြီး တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်။ သမီးရဲ့‌မွေးနေ့ပါတီပွဲကိုလည်းမပျက်သွားစေချင်တဲ့ မီလိုကြီးတစ်ယောက် ဧည့်ခံကျွေးမွေးတဲ့ကိစ္စကတစ်ဖက် ချွတ်ချော်သွားတဲ့အရောင်းအ၀ယ်ကိစ္စကို စုံစမ်းဖြေရှင်းဖို့ကတစ်ဖက်နဲ့ အလုပ်တွေများကုန်ပြီး မူးယစ်ရာဇာ ဒုစရိုက်သမားတို့ထုံးစံအတိုင်း အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ဖြေရှင်းဖို့လုပ်ရပါတော့တယ်။ ရှေ့နှစ်ကားတုန်းက မန်းရှင်းဖို့မေ့သွားတဲ့ pusher trilogy ရဲ့ထူးခြားချက်တွေကတော့ ဒီရုပ်ရှင်တွေထဲကဇာတ်ကောင်အများစုက အပြင်လောကမှာလည်း ရာဇ၀တ်သားအစစ်တွေပါ။ ဒီကားထဲက မူးယစ်ဆေးစွဲ‌နေသူ ပြန်လည်ထူထောင်ရေး အစည်းအဝေးတွေကိုတက်ခဲ့ကြတဲ့သူတွေကလည်း တကယ်ဆေးစွဲနေတဲ့သူတွေပါ။ မူဟာမက်ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တဲ့ Ilyas Agac ဟာဆိုရင် ဒီရုပ်ရှင်အပြီးမှာ ထောင်ထဲကိုပြန်၀င်ခဲ့ရတာမလို့ ဒါရိုက်တာ Nicolas က ‌ရုပ်ရှင်ကိုအပြီးသတ်ရိုက်ကူးပြီးတဲ့အချိန်မှာ Ilyas Agac အတွက် ထောင်ထဲအထိလိုက်လံပြသ‌ပေးခဲ့ရပါတယ်တဲ့။ ဆိုတော့ကာ Pusher သုံးကားထဲမှာ ဒီကားကအကောင်းဆုံးလို့ပြောရပါမယ်။ ဆေးဖြန့်တဲ့ တရားမ၀င်လုပ်ငန်းကို ပရော်ဖက်ရှင်နယ်ဆန်ဆန်ကိုင်တွယ်နေတဲ့ အလယ်အလတ်တန်းစား သူဌေးတစ်ယောက်အနေနဲ့ အောက်ခြေကငချွတ်လေးတွေနဲ့မတူဘဲ သက်ဆိုးရှည်နေတဲ့အချက်ကတော့ ပြဿနာတွေ ကွိုင်တွေတက်လာရင်လည်း ပရော်ဖက်ရှင်နယ်ဆန်ဆန်ဖြေရှင်းတာလို့ပြောရပါမယ်။ ဖြေရှင်းဖို့အတွက်လည်း လူအင်အားကော ငွေကြေးပါပြည့်စုံတာကိုး။ ဒီကားထဲမှာတော့ ရှေ့ကားတွေထက်ပိုကြမ်းတဲ့ အလောင်းဖျောက်တာ ဘာညာတွေကို သေချာ စ လယ် ဆုံး ရိုက်ကူးပြထားတာမလို့ သွေးသံရဲရဲဇာတ်၀င်ခန်းတချို့ကိုလည်းမြင်ရမှာပါ။ မီလိုကြီးတစ်ယောက် မိသားစုကိစ္စနဲ့ စီးပွားရေးကိစ္စကို တညတည်းမှာဘယ်လိုကိုင်တွယ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ရှုစားလိုက်ပါဦး။ File size…(2.8 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Horror
0 2005
Pusher 3
Unaad
7

Unaad (2023) “နုနယ်ချိန်” ဒီတစ်ခါမှာ CM ပရိသတ်ကြီးအတွက် ရိုးရှင်းပြီး ကြည့်ပျော်မယ့် coming-of-age ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် တံငါရွာလေးတစ်ရွာမှာ အခြေတည်ထားပြီး ဘန်ယာ၊ ဆူဘမ်၊ ဂျမ်မီးလ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ် သူငယ်ချင်းသုံးယောက်နဲ့အတူ ပူပင်ကြောင့်ကြမဲ့ လူငယ်ဘဝကို လိုက်ပါခံစားရမှာပါ လှပတဲ့ ရှုခင်းတွေကြား သူငယ်ချင်းသုံးယောက်သား အလုပ်မရှိ ကစားခုန်စား အချိန်ကုန်ရင်း အရွယ်ရောက်ခြင်းနဲ့အတူ ကပ်ပါလာတဲ့ တာဝန်ဝတ္တရားတို့ကို ငြင်းဆန်တတ်တဲ့ ဆယ်ကျော်သက်လူငယ်ဘဝ … ရင်ခုန်သံတို့ အစပျိုးတဲ့အရွယ်မှာ စတင်ခံစားမိတဲ့ အချစ်နှင့် အချစ်နောက်ကို လိုက်ခြင်း၊ သူငယ်ချင်း အချင်းချင်း အခန့်မသင့်လို့ သဘောထားကွဲလွဲကြပုံတွေနဲ့အတူ … ရင့်ကျက်တည်ငြိမ်ခြင်းဆိုတဲ့ ကာလမတိုင်ခင် ဆယ်ကျော်သက်ပြဿနာတို့ကို ဘယ်သို့ဘယ်ပုံ ကျော်ဖြတ်ကြမှာလဲဆိုတာကတော့ … အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

7 2023
Unaad
Ucha Dar Babe Nanak Da
7.4

Ucha Dar Babe Nanak Da (2024) “ငြိမ်းအေးရာ” ပန်ချာပီ မိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ ပျော်ရွှင်မှု၊ ငြိမ်းအေးချမ်းသာမှုဆိုတာက လူတိုင်းလိုချင်ကြတဲ့အရာ၊ တောင့်တကြတဲ့အရာပါပဲ။ ဒီရုပ်ရှင်မှာတော့ နိုင်ငံရပ်ခြားမှာ လုပ်ကိုင်စားသောက်ရင်း မိသားစုပြဿနာ၊ အလုပ်ပြဿနာတွေနဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ရင်ဆိုင်နေရတဲ့ မိသားစုတစ်စုအကြောင်း။ ပျော်ရွှင်ငြိမ်းအေးမှုကိုရဖို့ ဂူဘာနီလို့ခေါ်တဲ့ တရားတော်ကို လိုက်နာကျင့်သုံးရင်း ပြဿနာတွေ၊ ပူလောင်မှုတွေနဲ့ ကင်းဝေးလာပုံကို ရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး၊ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။

7.4 2024
Ucha Dar Babe Nanak Da
The Monster
5.4

The Monster (2016) က သားအမိနှစ်ယောက် ခရီးသွားရင်း လမ်းမှာကားပျက်ပြီး တောထဲ အကောင်တစ်ကောင်တိုက်ခိုက်တာခံရတဲ့ကားလေးဖြစ်ပါတယ်။ သူက monster horror film တခုဆိုတာထက်ပိုပြီး အမေနဲ့သမီးကြားဆက်နွယ်မှုတို့ ချစ်ခြင်းမေတ္တာတရားကို ပိုနားလည်စေပါတယ်… အရက်စွဲပြီးမူးရူးနေတတ်တဲ့ အမေအဖြစ်ကနေ သမီးတယောက်အသက်ရှင်ဖို့ကြိူးစားနေတဲ့မိခင်တယောက်ဖြစ်သွားတာတွေက အတော်လေးရသမြောက်စေတာပါ ပုံမှန်လေးဖြစ်ရာကနေ ကျောချမ်းစရာ၊ အဲကနေမှ ငိုချင်စရာဖြစ်စေတဲ့ထိ ရသကတော့အစုံပါ။ ဒါမယ့် psychological horror မျိုးလည်းဖြစ်တာ‌ကြောင့် တချို့နေရာတွေက နားလည်ရခက်စေပါတယ်… Overall အနေနဲ့ကတော့ horror နဲ့ drama နှစ်မျိုးအရောပါ။ ထိတ်လန့်စရာပါသလို ငိုစရာလည်းကောင်းပါတယ်။ ကြည့်ရတာတော့တန်ပါတယ်။ Rating ပေးရမယ်ဆိုရင်တော့ 6.8/10 ပါရှင် File size… 1 GB / 444 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 14m Genre ….. Drama, Fantasy, Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Cat

Drama • Action • Crime
5.4 2016 91 mins
The Monster