YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Trades.S01E04.720p.AMZN.WEB-DL.DDP5.1[CM].mp4

284.65 MB 720p video/mp4 41 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Draft Day
6.7

ဒီနေ့ တင်ဆက်ပေးမှာကတော့ ဘောလုံးနဲ့ ပတ်သက်တဲ့ ရုပ်ရှင်လေးပါ။ NFL Draft ဆိုတာ အသင်း ၃၂ သင်းက လိုချင်တဲ့ ကစားသမားကို ရနိုင်ဖို့ ကစားသမား ၂၂၄ ယောက်ထဲက အကြိတ်အနယ်ရွေးချယ်ရမယ့် အခွင့်အရေးပါ။ Sonny Weaver Jr. ကတော့ Cleveland Browns ဘောလုံးအသင်းရဲ့ အထွေထွေမန်နေဂျာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က သူ့အဖေ နည်းပြ Sonny Weaver ဆုံးသွားပြီး လူတွေက အဖေနဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ကြတာတွေ၊ အသင်းအပေါ် ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကြီးတာတွေကြောင့် ဖိအားများနေပါတယ်။ ဇာတ်လမ်းစပုံကတော့ Sonny ဆီကို Seattle Seahawks အသင်းက Tom က ကမ်းလှမ်းမှုတစ်ခု လုပ်ရာကစပါတယ်။ ကမ်းလှမ်းချက်ကတော့ Seattle Seahawks က ထိပ်တန်း တိုက်စစ်မှူး ဘိုကယ်လာဟန်ကို လိုချင်ရင် Browns အတွက် ပထမအဆင့်မှာ ရွေးချယ်ထားတဲ့ သုံးနှစ်စာ ကစားသမားတွေနဲ့ အလဲအလှယ်လုပ်ရမှာပါ။ သူ့ရွေးချယ်မှုတစ်ခုက အသင်းရဲ့ အနာဂတ်ကို‌‌ ဆုံးဖြတ်မှာ ဖြစ်နေတော့ ဘိုကယ်လာဟန်က သင့်တော်တဲ့ ရွေးချယ်မှု ဟုတ်ရဲ့လားဆိုတာ Sonny နဲ့ Browns အဖွဲ့သားတွေ ဘယ်လို အဖြေရှာကြမလဲ။ လှည့်ကွက်တွေ အရွှေ့အပြောင်းတွေနဲ့ Sonny တစ်ယောက် လိုချင်တဲ့အသင်းကို ပုံဖော်နိုင်မလားဆိုတာကိုတော့…. File size…(1.7 GB)/(920 MB)/(530 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phu Myat Thwe

Drama
6.7 2014 110 mins
Draft Day
Any Given Sunday
6.8

“အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ စရိုက်ပျက်မှုတွေ၊သူတို့ရဲ့ အကျဘက်ကိုရောက်လာမှာကို ကြောက်တဲ့ကြောက်ရွံ့မှုတွေ၊အားကစားလောကထဲက ဓနရှင်တွေရဲ့ ခြယ်လှယ်မှုတွေ စသဖြင့် ဘောလုံးလောကကြီးထဲက လူတွေအကြောင်းကို ချပြထားတယ်။ ခပ်ပေါ့ပေါ့အားကစားဇာတ်ကားတွေလဲ နိုင်ခြင်း၊ရှုံးခြင်းကို အဓိကပြထားတာမဟုတ်ဘဲ လူတွေ၊ဘဝတွေကို အဓိကထားပြထားတာမျိုးပေါ့။ အကောင်းဆုံး(အမေရိကန်)ဘောလုံးဇာတ်ကားလို့ ညွှန်းကြတဲ့အပြင် IMDB လဲ 6.9 အထိ ရထားတာမို့ အချိန်ပေးကြည့်ရတာ တန်မယ့်ကားတစ်ကားလို့ပဲ ညွှန်းချင်ပါတယ်။ File size…(2.3 GB)/(2.0 GB)/(1 GB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:38:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Damien

Drama • History • Thriller • War
6.8 1999 162 mins
Any Given Sunday
6/45
6.7

IMDb - 7.5/10 ပိုစတာထွက်ကတည်းက တမျှော်မျှော်ဖြစ်ခဲ့ရတဲ့ကားလေး နောက်ဆုံးတော့ ထွက်လာပါပြီ တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားအချစ်ဇာတ်လမ်းတွေပဲကြည့်နေရတာ ရိုးနေတဲ့သူတွေအတွက် 6/45 ကတော့ တောင်မြောက်ကိုရီးယားနှစ်နိုင်ငံကြားက ဟာသကားလေးလို့ ပြောလို့ရပါတယ် ပေါက်ရင် ဆုကြေးငွေ သန်းပေါင်း ၅၇၀၀ ကျော်ကို ရရှိနိုင်မယ့် ထီလက်မှတ်လေးတစ်စောင်ဟာ ကံစီမံရာကိုလိုက်ပြီး လမ်းဘေးအရက်ဆိုင်ကနေ တောင်ကိုရီးယားစစ်တပ်ထဲက တပ်ကြပ်ကြီး ဘတ်ချွန်းဝူရဲ့ လက်ထဲအထိ ရောက်လာခဲ့ပါတယ် ဒီလိုနဲ့ ဘတ်ချွန်းဝူရဲ့လက်ထဲမှာ ဒီထီလက်မှတ်လေးဟာ သန်းပေါင်း ၅၇၀၀ အထိ ရရှိမယ့် ထီပထမဆုကြီးကို ဆွတ်ခူးလိုက်ပြီးတဲ့နောက် ကံစီမံရာအတိုင်း လေဟုန်စီးပြန်ပါလေရော တောင်မြောက်နယ်နိမိတ်စည်းမှာ ကင်းစောင့်နေတဲ့ တပ်ကြပ်ဘတ်ချွန်းဝူရဲ့လက်ထဲကနေ လွတ်ထွက်လာတဲ့ ဒီထီလက်မှတ်လေးကတော့ မြောက်ကိုရီးယားဘက်ကို ရောက်ရှိသွားခဲ့တဲ့နောက်... ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေတဲ့ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံရဲ့ စစ်တပ်နှစ်ခုကြားမှာ ပဋိပက္ခတွေပဲ ဖြစ်လာမလား၊ ဒါမှမဟုတ် ဒီထီလက်မှတ်အကြောင်းကို သိနေကြတဲ့ နှစ်နိုင်ငံကစစ်သားတွေ အချင်းချင်းပေါင်းစည်းသွားမလား သေချာတာကတော့ တောင်ရောက်လိုက်မြောက်ရောက်လိုက်ဖြစ်တဲ့ ထီလက်မှတ်လေးရဲ့ နောက်ဆုံးအခြေချရာနေရာကို ပါးစပ်မစေ့တမ်း ရယ်ရင်းမောရင်း စောင့်ကြည့်ရမှာဖြစ်ပါတယ် အားလုံးစောင့်မျှော်နေကြတဲ့ကားဖြစ်လို့ အခုပဲ လက်မလွှတ်တမ်း ကြည့်ရှုလိုက်ကြပါဦး မင်းသားတွေကလည်း ပရိသတ်အကြိုက် ဒိတ်ဒိတ်ကြဲ မင်းသားတွေပဲမို့ ကြည့်ရတာ အားရစရာပါ။ Love in Contract ထဲက Go Kyung Pyo ဂင်ချားနားလို့ ပရိသတ်ကြီး သိထားကြတဲ့ Lee Yi Kyung Gauz Electronics ထဲက Kwak Dong Yeon New Recruit ထဲက Kim Min Ho တို့ ပါဝင်ထားတာ ဖြစ်တဲ့အတွက် တသောသောနဲ့ ရယ်နေရဦးမှာပါ အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ *** ကိုရီးယားစကားကနေ တိုက်ရိုက်ပြန်ဆိုထားရတာ ဖြစ်တဲ့အတွက် မြောက်ကိုရီးယားလေသံနှင့် စစ်တပ်အသုံးအနှုန်းများ အနည်းငယ် လွဲချော်မှု ရှိပါက နားလည်ခွင့်လွှတ်ပေးကြပါရန် *** Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.65GB | 881MB | 486MB Format… mp4 Duration….1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... August

Thriller
6.7 2022 113 mins
6/45
Help Me, Eros
5.7

လွင့်နေတဲ့ဇာတ်လမ်းကြည့်ချင်ပါတယ်ဆို ဒီကားကိုသာ​ ပြေးကြည့်လိုက်တော့။ အလွင့်ကိုမှ အငြိမ်ဇယားလေးလွင့်တာ။ လောကမှာ အသက်ရှင်ချင်တဲ့သူတွေက စောစောစီးစီး ဘဝကထွက်သွားကြရပြီး ဆက်ရှင်သန်လိုစိတ်မရှိတဲ့သူတွေကို ဒုက္ခတွေ တစ်လှေကြီးနဲ့ အသက်ရှည်အောင် ပစ်ထားတာမျိုး။ အဲ့လိုလောကမှာ​ ခက်ခဲပင်ပန်းပြီးကုန်းကောက်စရာမရှိအောင်မွဲတေ​နေပေမယ့် လူဆိုတာအချစ်ကိုမျှော်လင့်တတ်ကြတုန်းပဲ။ ကျန်တာ မရှိချင်နေ "အချစ်" ဆိုသော ထိုအရာက လူတစ်ယောက် ရှင်သန်ဖို့လုံလောက်တဲ့အကြောင်းပြချက်ပဲ။ ကိုယ်ကချစ်နေပေမယ့် ကိုယ့်အချစ်ကို တန်ဖိုးမထားတော့တဲ့အခိုက်အတန့် ၊ သူထွက်သွားပြီးမှ သူ့အချစ်ကိုနားလည်တဲ့အခိုက်အတန့်၊ အချစ် ဆိုတာ မရှိတော့တဲ့အခိုက်အတန့်ဟာ နောက်ဆုံးကောက်ရိုးမျှင်ပါ နှစ်မြုပ်သွားသလိုပါပဲ။ မှတ်ချက်- အချစ်ဇာတ်လမ်းဆိုပေမယ့် 18+ တော့ ပါတာမို့ မိသားစုနဲ့ ကြည့်ဖို့ကတော့ မသင့်တော်ပါကြောင်း။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Adult, Drama Quality…. 720p | 480p File size… 1.1GB | 510MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Blank

Comedy • Drama • Romance • TV Movie
5.7 2007 116 mins
Help Me, Eros
Jealousy
6.1

Jealousy (2013) =============== IMDb Rating - 6.4/10 လူးဝစ်ဆိုတဲ့ ကောင်လေးက သူ့ဇနီးနဲ့ သူ့သမီးလေးကို ထားခဲ့ပြီး အပြင်မှာ ကလော်ဒီယာဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွဲနေခဲ့ ပါတယ်။လူးဝစ်က ပြဇာတ်က သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကလော်ဒီယာကလည်း အရင်က ပြဇာတ်သရုပ်တစ်ယောက်ဖြစ်ပြီး လက်ရှိအလုပ်လက်မဲ့တစ်ယောက်ပါ။ ဒီဇာတ်လမ်းမှာ သူတို့နှစ်ယောက် ဘယ်လိုတွေ့ဖြစ်ကြလဲ......သူတို့ နှစ်ယောက်နဲ့ ဆက်ဆံရေးကရော ရေရှည်တည်မြဲမှာလားဆိုတာကို ကြည့်ရှုရမယ့်အပြင် .  လူးဝစ်နဲ့သမီးလေး ဆက်ဆံရေးကရော ရေရှည် ခိုင်မြဲမှာလား ဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး။ ဒီဇာတ်လမ်းက ပြင်သစ်အဖြူအမည်းရုပ်ရှင်ကားဟောင်းဖြစ်ပြီး ပြစ်သစ်လူနေမှုဘဝနဲ့ မိသားစုတစ်စုရဲ့ဇာတ်လမ်းကို ရိုက်ကူးထားတာ ဖြစ်လို့  Drama ကောင်းကောင်းလေးကြည့်ချင်တဲ့သူတွေအတွက် သင့်တော်တဲ့ကားလေးလို့ပြောချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.96 GB) / (675 MB) / (348 MB) Quality............Web-Rip 1080p / 720p / 360p Duration.........1Hr 17mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Parris Encoder..........SWM

Action • Crime • Drama
6.1 2013 77 mins
Jealousy
Harry Potter 20th Anniversary: Return to Hogwarts
7.3

IMDb Rating - 8.6/10 ၂၀၂၂ ရဲ့ အစ ဦးဦးဖျားဖျားလေး ထွက်ရှိလာတာကတော့ . . . ဟယ်ရီပေါ်တာ နှစ် နှစ်ဆယ်ပြည့်အထိမ်းအမှတ် တွေ့ဆုံပွဲလေးပါပဲ။ ဇာတ်ဆောင်တွေ အားလုံးရဲ့ အမှတ်တရတွေ အတွေ့အကြုံတွေနဲ့ behind the scene တွေကို ဝေဝေဆာဆာတွေ့ရမှာပါ။ ရုပ်ရှင်တစ်ကားချင်းစီ ဖြစ်လာပုံတွေ နောက်ခံတွေကို တွေ့ရမယ်။ ပရိသတ်တွေ နဲ့ သရုပ်ဆောင်တွေအပေါ် ဟယ်ရီပေါ်တာက ပေးခဲ့တဲ့ ခံစား ချက်တွေကို မြင်ရမှာပါ။ အမှောင်ဆုံးအချိန်မှာတောင် ပျော်ရွှင်မှုကိုတွေ့နိုင်မှာပါ အလင်း လေးကို ဖွင့်ဖို့ သတိရခဲ့ရင်ပေါ့ဆိုတဲ့ အမှတ်တရစကားတွေ၊ ဒီလောက်အချိန်ကြာပြီးတာ တောင်မှပဲလား - အမြဲတမ်းပဲ ဆိုတဲ့ စကားတွေနဲ့ တစ်ကမ္ဘာလုံးကို ဖမ်းစားခဲ့တဲ့ ရုပ်ရှင်တွေရဲ့ အမှတ်တရနဲ့ အတူကြီးပြင်းလာတဲ့ သရုပ်ဆောင်လေးတွေနဲ့ အတူ ဟယ်ရီပေါ်တာရုပ်ရှင်တွေကို ပြန်သတိရကြည်ဖို့ ဒါလေးကို ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ CM Team မှဖြစ်ပါတယ်။) File Size - (960 MB) Quality – WEBDL- (1080p)/(720p)/(480p) Duration - 1hr 40min Subtitle – Myanmar Hardsub Format – MP4 Genre : Documentary, Family Translator – CM Team Encoder – San Win Maung

Action • Adventure • War • Western
7.3 2022 103 mins
Harry Potter 20th Anniversary: Return to Hogwarts
Kelly’s Heroes
7.6

Kelly’s Heroes (1970) ~ IMDb – 7.6/10, Rotten Tomatoes – 78%~ စစ်ကားဗျ စစ်ကား… စိန်ပြောင်းနဲ့ပစ်တာပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာပါတယ်။ တင့်ကားချင်း ယှဉ်ချတာပါတယ်။ စက်သေနတ်ရော လက်ပစ်ဗုံးတွေရော။ ထူးထူးဆန်းဆန်း သေဆုံးသူ သင်္ဂြိုလ်ရေးတပ်ခွဲတောင် ရှိတယ်ဆိုပဲ။ ဒါပေမဲ့ စစ်ကားဆန်တဲ့ စစ်ကားတော့ မဟုတ်ဘူး။ မင်းသားက ကလင့်တ် အိစ်ဝုဒ်။ ဒုတိယကမ္ဘာစစ်။ မဟာမိတ်တပ်သားတွေ အိုမာဟာကမ်းခြေကနေ ကမ်းတက်လာပြီးတော့ ပြင်သစ်နယ်စပ်မှာ အထိုင်ချတဲ့အချိန်။ ဖက်ဆစ်နာဇီ ဂျာမန်တွေနဲ့ ရင်ဆိုင်စစ်ပြင်ထားကြတာပေါ့။ ဒါပေမဲ့ ဒီဇာတ်ကားက သမိုင်းကြောင်းကို မလှန်၊ နိုင်ငံသူရဲကောင်းကိုမဖော်ကျူး၊ လူထဲက လူတွေရဲ့လောဘနဲ့ ဖျံကျတတ်ကြတဲ့ လူသားပီသသူ လူသားများအကြောင်း ရိုက်ကူးထားလို့ သူ့အရသာက တမျိုးပါပဲနော်။ ကယ်လီ တို့ စစ်သားတစ်စုက နိုင်ငံအတွက် စစ်မတိုက်ခဲ့ကြပါဘူး။ စစ်ရည်ဝနေတဲ့၊ စစ်ကိုမုန်းတဲ့၊ စစ်ရဲ့အနှစ်သာရမရှိမှုကို သိကြတဲ့ အခြားအဆင့် (အရာရှိမဟုတ်) စစ်သားကြီးတွေပါ။ ဆာဂျင် (တပ်ကြပ်ကြီး) အုပ်ချုပ်တဲ့ တပ်စိတ်လေးပါပဲ။ ရန်သူ့ဘက်က ဗိုလ်မှူးကြီးတစ်ဦးကို ဖမ်းမိခဲ့ပြီးနောက်ပိုင်း ဒေါ်လာ ၁၆ သန်း တန်ဖိုးရှိတဲ့ ရွှေချောင်း သောင်းလေးထောင်ရဲ့အနံ့ကိုရသွားတဲ့ တပ်စိတ်လေးက ဗြိတိသျှ သံချပ်ကာတပ်ရင်းက ရှားမန်းတင့်ကားလေးသုံးစင်း အကူအညီနဲ့ ရန်သူစစ်မျက်နှာ အနောက်ဘက် မိုင် ၃၀ အကွာက မြို့ကလေးရဲ့ဘဏ်တစ်လုံးထဲက ရွှေချောင်းတွေ သွားလုကြတဲ့ ဇာတ်ကြောင်းလေးပါ။ နိုင်ငံအတွက်မဟုတ်၊ တရားဝင်စစ်ဆင်ရေးလည်း မဟုတ်ပါဘူးလေ။ ဆိုင်ရာပိုင်ရာတွေကို ဖမ်းဆီးရမိတဲ့ ရွှေချောင်းအနည်းငယ်ပြပြီး စည်းရုံးလို့ လက်နက်ကျည်ရိက္ခာတွေထုတ်၊ ရူးရူးမိုက်မိုက် ရန်သူ့နယ်မြေထဲ တိုးဝင်သွားကြလေရဲ့။ ဘာတွေဆက်ဖြစ်လဲ လူကြီးမင်းတို့ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.6GB, 1.4GB, 791MB Quality – 1080p, 720p, 480p IMDb Rating – 7.6/10 Format – mp4 Duration – 2H 24Min Genre – Adventure, Comedy, War Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Drama • Romance
7.6 1970 144 mins
Kelly’s Heroes
Jacked
4.8

Jacked (2022) =========== ဒီတစ်ခါမှာတော့ LGBT ကောင်လေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ Jacked ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ အီသန်ဆိုတဲ့ LGBT ကောင်လေးဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ အမေ့လက်ထဲမှာကြီးပြင်းလာခဲ့ရပါတယ်။ သူ့အမေကတော့ သူ့သားဒီလိုဖြစ်နေတာကို လက်မခံနိုင်ဘဲ နင်ဂေးတာရပ်ရင်ရပ် မရပ်ရင် အိမ်ပေါ်ကဆင်းဆိုပြီး နှင်ချလိုက်တာ အီသန်ကလည်း စုထားတဲ့ငွေထုပ်လေးပိုက်ပြီး တကယ်ကြီးအိမ်ပေါ်ကဆင်းချ လာခဲ့ပါတော့တယ်။ သူ့အိမ်မက်က ဟောလိဝုဒ်မှာ ကြယ်ပွင့် တစ်ယောက်ဖြစ်ချင်တာပါ။ တစ်ခါတလေ ကံတရားကြီးဟာ ပိတ်ကန်ပစ်ချင်စရာကောင်းပုံ များကတော့ အီသန်ကြိုးစားပမ်းစားစုထားတဲ့ ဒေါ်လာ၄၀၀၀ဟာ ဘက်စ်ကားပေါ်မှာကျပျောက်ပြီး ဆီပုံး(ဆုံးပြီ)ဖြစ်သွားပါတော့တယ်။ သူ့ခမျာ အခန်းဖော်အယ်လ်ဆီမှာကပ်နေရင်း ကြားထဲကနေ မရှိမဲ့ ရှိမဲ့အလုပ်ကလေးပါ ပြုတ်သွားပါသေးတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အယုံလွယ်လို့ဒီ့ထက်ကံဆိုးတာတွေကြုံရဦးမှာပါ။ တစ်ဖက်မှာတော့ အီသန်တို့လို ဒုက္ခရောက်နေတဲ့ အိမ်ပြေးလေးတွေကို ပြန်လိုက်ကယ်ပေးတဲ့ ဘဲကြီးရေမွန်တို့အဖွဲ့ရှိပါတယ်။ အီသန်တစ်ယောက် ဘယ်လိုဒုက္ခတွေနဲ့ကြုံရမှာလဲ။ သူ့ကိုယ်သူပြန်အဖက်ဆယ်နိုင်ပါ့မလား။ ကျွန်တော်တို့အားလုံး ရည်မှန်းချက်တွေ၊အိပ်မက်တွေကို အကောင် အထည်ဖော်ဖို့ကြိုးစားနေကြတာချည်းပါပဲ။ အိပ်မက်သေရင်ဘဝသသ လိုပါပဲ။ အိပ်မက်တွေပြည့်ဝတဲ့သူလည်းရှိသလို မပြည့်ဝတဲ့သူလည်ရှိပါ လိမ့်မယ်။ အီသန်ဟာသူ့အိပ်မက်သေခဲ့ပေမယ့် သူ့ဘဝတော့မသေအောင် ရုန်းထနိုင်ခဲ့ပါတယ်။ ဖြစ်ရပ်မှန်အကြောင်းကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ၁နာရီကြာ ဒီဇာတ်ကားလေးဟာ သင်ခန်းစာယူစရာ၊ တွေးစရာတွေလည်း ပါတာမို့ တစ်နာရီဆိုတဲ့ ပေးရတဲ့အချိန်နဲ့တော့ တန်မယ်ထင်ကြောင်း ညွှန်း လိုက်ပါရစေဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.25 GB) / (450 MB) / (288 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 02mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM

Drama
4.8 2022
Jacked
The Two Faces of January
6.2

January ဆိုတဲ့စကားလုံးဟာ မျက်နှာနှစ်ဖက်ရှိတဲ့ ဂရိနတ်ဘုရား Janus ကိုအစွဲပြုပြီး ခေါ်ဝေါ်တယ်ဆိုတာ သိပါသလား။ ဒီရုပ်ရှင်ဟာ ဆန့်ကျင်ဖက်နှစ်ခု ဒွန်တွဲ တည်ရှိနေခြင်းကို ကိုယ်စားပြုတဲ့ နတ်ဘုရား Janus ကို ကျောရိုးယူပြီး ရိုက်ကူးထားတဲ့ ဇာတ်အိမ်ဖြစ်ပါတယ်။ ဂရိနိုင်ငံမှာ ဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်နေတဲ့ လူလိမ်ပေါက်စ ရိုင်ဒယ်လ်ဟာ တစ်နေ့မှာ လူကုံထံဇနီးမောင်နှံ နှစ်ဦးနဲ့ တွေ့ရှိခဲ့တယ်။ တိုင်းတစ်ပါးမှာ လာဆုံတဲ့ အမေရိကန်သားချင်းအနေနဲ့ သူတို့ ၃ ဦးဟာ အချိန်တိုအတွင်း ခင်မင်သွားကြတော့တယ်။ ဒါပေမဲ့ ခမ်းနားမှု မျက်နှာဖုံးကွာကျသွားတဲ့အချိန်ရိုင်ဒယ်လ်ဟာ လူကုံထံလင်မယားထဲက ခင်ပွန်းဖြစ်သူရဲ့ ရာဇဝတ်မှုကြီးကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့အခါ…. အထက်တန်းဆန်ဆန် ဇာတ်လမ်းနောက်ခံနဲ့ အံ့ဩမှင်သက်စေမဲ့ ရှုခင်းတွေ၊ အချစ်နဲ့ အန္တရာယ်ကြားက စွန့်စားမှုတွေကို ကြည့်ရှုနိုင်မဲ့ ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ File size…1.20GB / 596MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 36m Genre ….. Crime , Mystery , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

6.2 2014 96 mins
The Two Faces of January
Peter Five Eight

Peter Five Eight (2024) ‧ American Beauty (1999)ရုပ်ရှင်မှာ အကောင်းဆုံးသရုပ်ဆောင်ဆုရခဲ့တဲ့ မင်းသားကြီး Kevin Spaceyရဲ့ဇာတ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဆမ်က အောင်မြင်တဲ့ အိမ်ခြံမြေပွဲစားတစ်ယောက်။ အလုပ်ကိုလက်ကြောတင်းအောင်မလုပ်တတ်တဲ့ ခင်ပွန်းသည်ဖြစ်သူနဲ့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နေနေကြတဲ့ သာမာန်စုံတွဲတစ်တွဲပေါ့။ လင်မယားနှစ်ယောက်လုံးက အရက်သမားတွေ။ အလုပ်မှာထူးချွန်ပေမဲ့ အရက်သမားလုံးလုံးဖြစ်နေတဲ့ ဆမ်ကို လုပ်ဖော်ကိုင်ဖက်ဖြစ်သူတွေက သိပ်မကြည်ကြ။ ဆမ်ရဲ့နောက်ကြောင်းကို တိတ်တဆိတ်လိုက်စုံစမ်းထောက်လှမ်းနေသူကတော့ ပီတာအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး ကီဗင်။ ပီတာက ဆမ့်မှာ မှောင်မိုက်ပြီးလူသိမခံဝံ့တဲ့အတိတ်တစ်ခုရှိတာကို ဖော်ထုတ်ဖို့ကြိုးစားနေရင်း နှစ်ယောက်သား ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်) Genre….. Comedy, Drama, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 1.2GB | 596MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

0 2024
Peter Five Eight
Angry Scalper
6

ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ကားလေးကတော့… ‘2018’ က ဆုန်းဂျီဟိုနဲ့ မင်းသားကြီး လီဒုန် ပါဝင်သရုပ်ဆောင်ထားတဲ့ “unstoppable” ဆိုတဲ့ကားကို ပြန်လည်ရိုက်ကူးထားတာပါ ဒီဇာတ်လမ်းလေးမှာတော့… ပါးထူဟာ ရိုးသားပြီး ကြိုးစားတဲ့လူတစ်ယောက်ပါ သူ့မှာ ထာနာလို့ခေါ်တဲ့ ချစ်ဇနီးတစ်ယောက်လည်းရှိပါတယ် တစ်နေ့ပါးထူတို့ လင်မယားနှစ်ယောက် လမ်းပေါ်မှာ ကားမတော်တဆမှုဖြစ်ကြရင်း တစ်ဖက်ကားရှင် ဂန်းစတားတစ်ယောက်က ထာနာကို မျက်စိကျသွားကာ ညတွင်းချင်း ပါးထူမရှိခိုက် ထာနာကို ပြန်ပေးဆွဲသွားပါတယ် ပါးထူပြန်ရောက်ချိန်မှာတော့ သူ့ရဲ့ ဇနီးကပျောက်ဆုံးနေပြီး နောက်နေ့မှာပဲ ပိုက်ဆံပေးပြီး သူ့မိန်းမကို ဝယ်လိုက်ပြီလို့ ဖုန်းကောလ်တစ်ခု လက်ခံရခဲ့ပါတယ် အဲ့ဒီအချိန်မှာ ပါးထူတစ်ယောက် သူ့ရဲ့ သူငယ်ချင်းလောင်ကျောင်း အလွတ်တန်းစုံထောက် စုန့်ချိုက်တို့နဲ့အတူ သူ့မိန်းမကို ဘယ်လိုအခက်အခဲတွေကြားထဲမှာ ကယ်ကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုကြရမှာပါ

Animation • Family
6 2021
Angry Scalper
Tulang Belulang Tulang
7.1

Tulang Belulang Tulang (2024) IMDb Rating (7.1) “Tulang Belulang Tulang” က ဒါရိုက်တာ Sammaria Simanjuntak ရိုက်ကူးခဲ့တဲ့ အင်ဒိုနီးရှားဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Batak ယဥ်ကျေးမှုရိုးရာကို ဒရမ်မာ၊ ဟာသ၊ စွန့်စားခန်းတွေနဲ့ ပေါင်းထားပြီး Batak ဒေသရဲ့ တန်ဖိုးထားရာဖြစ်တဲ့ Toba ကန်နဲ့ ရှုခင်းတွေရဲ့ အလှအပတွေကိုပါ ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ Plot summary: Mangokal Holi ပွဲလိုခေါ်တဲ့ Batak လူမျိုးတွေရဲ့ ရိုးရာကတော့ သေသွားပြီးတဲ့ ဘိုးဘေးတွေရဲ့အရိုးကို Toba ကန်ဆီကို ပြန်သယ်ဆောင်ကြတဲ့ စျာပနပွဲဖြစ်ပါတယ်။ Batak မိသားစုတစ်စုက သူတို့ဆုံးသွားတဲ့ အဘေးရဲ့ အရိုးတွေကိုသယ်ပြီး Mangokal Holi ပွဲအတွက် Toba ကန်ဆီကို မိသားစုတစ်စုလုံး ခရီးထွက်ခဲ့ကြတယ်။ ဒါပေမဲ့ လေယာဥ်ကအဆင်း အိတ်မှားပြီး သူတို့အဘေးရဲ့ အရိုးတွေထည့်ထားတဲ့အိတ်က တစ်ယောက်ယောက်ဆီကို ပါသွားလေရဲ့။ မိသားစုတစ်စုလုံးလည်း သူတိုအဘေးရဲ့အရိုးတွေကို စျာပနအမီသယ်သွားဖို့ အိတ်ပျောက်ရှာတဲ့ခရီးထွက်ရာက ဘယ်လိုအန္တရာယ်တွေ တလွဲတချော်တွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီပရမ်းပတာဟာသအပြည့်နဲ့ ဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.6 GB) / (700 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure,Comedy,Drama Duration….01:36:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

7.1 2024 96 mins
Tulang Belulang Tulang
Get a Job
5.3

Get a Job (2016) IMDb ~~~ 5.3 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~~~~ ဒီဇာတ်ကားလေးကတော့ ၂၀၁၆ တုန်းကထွက်ရှိခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဒါရိုက်တာ Dylan Kidd က ရိုက်ကူးထားပါတယ်။ Breaking Bad Series ထဲက မင်းသားကြီး Bryan Cranston အပြင် တခြားနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Miles Teller, Anna Kendrick, Brandon T. Jackson တို့က ပါဝင်ပေးထားပါတယ်။ ကောလိပ်ကနေကျောင်းပြီးလို့ ပြင်ပလောကထဲရောက်လာတဲ့ သူငယ်ချင်းအုပ်စုတစ်စုဟာ သူတို့ရဲ့အိပ်မက်အလုပ်တွေကို လိုက်ရှာရင်း ကြုံတွေ့ရတဲ့အခက်အခဲတွေကို ဟာသဆန်ဆန်ရိုက်ကူးထားတာပါ။ ထူးဆန်းတဲ့အင်တာဗျူးတွေ အပေါက်ဆိုးတဲ့အထက်လူကြီးတွေ မမျှော်လင့်ထားတဲ့အပြောင်းအလဲတွေကို ကျော်ဖြတ်ရင်း သူတို့ရဲ့ပန်းတိုင်ဆီရောက်အောင် ဘယ်လိုကြိုးစားကြမလဲဆိုတာကို ရယ်ရွှင်ဖွယ် ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး ဟာသဇာတ်ကားကောင်းလေးတွေကို ကြည့်ချင်တဲ့ပရိတ်သတ်တွေအတွက် ဒီဇာတ်ကားလေးက သင့်တော်ပြီးတော့ ဘဝက ဘယ်လောက်ပဲခန့်မှန်းရခက်ပါစေ ရှေ့ဆက်သွားဖို့အတွက် စိတ်ခွန်အားတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ File Size ~~~ (1.91 GB)/ (635 MB) Quality ~~~ BluRay (1080P)/ (720P) Duration ~~~ 1:24:43 Genre~~~ Comedy, Drama Subtitle~~~ Myanmar Subtitle Translated by Austin Encoded by Treasure Htet

Romance • Drama • Comedy
5.3 2016
Get a Job
One in a Hundred Thousand
7.3

One in a Hundred Thousand (2020) ******************************** ဆာကူရာဂီရီနိုဆိုတဲ့ အထက်တန်းကျောင်းသူလေးက သူငယ်ချင်းဖြစ်သူ ခီရီတာနီရန်ကို အလယ်တန်းကတည်းက တိတ်တခိုးချစ်ခဲ့ရသူပါ။ တစ်နေ့မှာတော့ မထင်မှတ်ထားဘဲ ဆာကူရာဂီကို ခီရီတာနီက ဖွင့်ပြောလိုက်ပါတယ်။ ဆာကူရာဂီလည်း တစ်ဖက်သတ်ကြိတ်ကြွေနေရတဲ့ သူငယ်ချင်းက ဖွင့်ပြောတဲ့အတွက် ခီရီတာနီနဲ့ တွဲလိုက်ပါတော့တယ်။ အဲဒီအချိန်မှာ ဆာကူရာဂီက မထင်မှတ်ထားတဲ့ရောဂါနဲ့ ကြုံတွေ့ခဲ့ရပါတယ် .. ဆာကူရာဂီ ခံစားနေရတဲ့ရောဂါက ဘယ်လိုမျိုးလဲ .. ရောဂါရှိနေတာတောင် ခီရီတာနီက ဆက်ချစ်နေဦးမလား အနားမှာရှိနေဦးမလားဆိုတာကို ကျောင်းသားအချစ်ဇာတ်လမ်းရယ် ဒရမ်မာရယ်ရောပြီး ရိုရိုချိုချိုလေး ကြည့်ရမှာဖြစ်ပါတယ်။ (အညွှန်းကို Jiyeon မှ ရေးသားထားပါတယ်) File size…1.44GB / 678MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 52m Genre ….. Romance, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Jiyeon Encoded by AHtet

Action • Fantasy • Adventure
7.3 2020 112 mins
One in a Hundred Thousand
Runway Cop
6.5

Runway Cop (2012) *********************** Runway Cop (2012) ရုပ်ရှင်ဇာတ်ကားဟာ ဒါရိုက်တာ Shin Tae-ra ရိုက်ကူးထားတဲ့ တောင်ကိုရီးယား အက်ရှင်ဟာသကားတစ်ကား ဖြစ်ပါတယ်။ ဒီကားမှာတော့ Kang Ji-hwan နဲ့ Sung Yu-ri တို့က အဓိကပါဝင် သရုပ်ဆောင်ထားပြီး Lee Soo Hyuk နဲ့ Park Bo Gum တို့ကလည်း Supporting Casts များ အဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ******************** ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်က Cha Cheol-soo (Kang Ji-hwan) လို့ ခေါ်တဲ့ ရဲအရာရှိ တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူဟာ အတော်လေးကို ဝပြီးတော့ တစ်ကိုယ်ရည် သန့်ရှင်းရေးကိုလည်း ဂရုမစိုက်တဲ့အတွက် အနံ့အသက် အလွန်ဆိုးဝါးပြီး အမြဲ ညစ်ပတ်နံ‌စော်နေတတ်တဲ့ ရဲတစ်ယောက်ဖြစ်ပေမဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်တဲ့ နေရာမှာတော့ အစွမ်းကုန် ကြိုးစားတတ်တဲ့သူပါ။ တစ်နေ့မှာတော့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတစ်ခုကို ဖော်ထုတ်ဖို့အတွက် ဖက်ရှင်လောကထဲကို လျှို့ဝှက်စုံစမ်းထောက်လှမ်းဖို့ တာဝန်ပေးခံခဲ့ရတယ်။ အဲဒီအတွက် သူဟာ မော်ဒယ်တစ်ယောက်အဖြစ် ဟန်ဆောင်ရမှာပဲဖြစ်ပါတယ်။ ပြဿနာကတော့ မော်ဒယ်ဖြစ်ဖို့အတွက် အချိန်တိုအတွင်း ၂၀ ကီလိုဂရမ် လောက် ကိုယ်အလေးချိန်ချပြီး ခန္ဓာကိုယ်ကိုပါ ပြောင်းလဲရမှာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ Cha Cheol-soo တစ်ယောက် သူ့ရဲ့ ရဲတာဝန်ကို ထမ်းဆောင်ရင်း ဖက်ရှင်လောကထဲမှာ မော်ဒယ်တစ်ယောက်အနေနဲ့ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမလဲ၊ ဒီဇိုင်နာ Young-jae နဲ့ရော ဘယ်လိုဆက်ဆံရေးတွေဖြစ်လာမလဲ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတဲ့ ဂိုဏ်းကိုရော ဖော်ထုတ်နိုင်မလားဆိုတာကို ဟာသနှောပြီး တင်ဆက်ထားတာဖြစ်လို့ အက်ရှင်ဟာသ ဇာတ်လမ်းအမျိုးအစားကို ကြိုက်နှစ်သက်သူများ ကြည့်ရှုအားပေးကြပါဦးလို့ ပြောချင်ပါတယ် ခြုံပြီးပြောရရင် “Runway Cop” ဇာတ်ကားဟာ စိတ်ကို ပေါ့ပါးစေပြီး တဝါးဝါး တဟားဟားနဲ့ ရယ်မောပျော်ရွှင်စေမဲ့ ကိုရီးယား ဟာသကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်ကားအရှေ့ပိုင်းမှာတော့ ရွံစရာကောင်းတဲ့ အခန်းလေးတွေ ပါတဲ့အတွက်ကြောင့် ထမင်းစားရင်းနဲ့တော့ မကြည့်ကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Miriက ရေးသားထားပါတယ်) File Size – 1.92 GB/ 794 MB Quality – WEB-DL 1080p/ 720p Duration – 1h 50m Format – mp4 Genre – Action, Comedy, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Miri Encoded by – Treasure Htet

Horror • Mystery
6.5 2012 110 mins
Runway Cop