YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Throne.2015.720p(CM).mp4

893.58 MB N/A video/mp4 1592 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Magic Flute
5.9

သီချင်းသံစဉ်တွေဟာ ကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကို ရသ အမျိုးမျိုးပေးနိုင်စွမ်းရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက် ချင်းမတူညီရင်တောင်မှ ခံစားချက်တွေတူညီနေခဲ့လို့ နှစ်လွှာပေါင်းမှ တစ်ရွက်တည်းဆိုတဲ့ဘဝတွေ ဖြစ်တည်လာခဲ့တာပါ။ ဘဝမှာ တစ်ခု ခုလိုအပ်နေတဲ့အခိုက်အတန့်ကို လူတိုင်းခံစားဖူးကြမှာပါ။ အချစ်လား ငွေကြေးလား ပျော်ရွှင်ခြင်းလား အရာရာကို ကြုံတွေ့ခံစားရပြီးမှ ကိုယ် ဖြစ်ချင်တဲ့အရာကို သိနိုင်ခွင့်ရလာမှာပါ။ ဒီဇာတ်လမ်းကို သီချင်းသံစဉ်နဲ့ ဖောင်ဖွဲ့ထားတာဖြစ်လို့ တခြားရုပ်ရှင်တွေနဲ့မတူတဲ့ ရသမျိုးကိုခံစားရမှာပါ။ Timဆိုတဲ့ကောင်လေးရဲ့အိပ်မက်က မိုဇတ်ဂီတကျောင်းတော်ကြီးကို တက်ခွင့်ရဖို့ပါ မိုဇတ်ကျောင်းသားဟောင်းဖြစ်တဲ့အဖေဖြစ်သူက မသေ ခင်မှာ စာအုပ်တစ်အုပ်ပေးခဲ့တယ်။ အဲဒီစာအုပ်ကို သူနဲ့သက်ဆိုင်တဲ့နေ ရာမှာ ထားပေးဖို့မှာခဲ့တယ်။ ကျောင်းတက်တဲ့နေ့ညမှာတော့ ‌ဝိဉာဉ်အလုံး‌ လေးသုံးလုံးထွက်ပေါ်လာပြီး Timကို ထူးဆန်းတဲ့ကမ္ဘာကြီးဆီပို့ဆောင် ပေးလိုက်ပါတယ်။ ဒီလိုနဲ့ အဆိုတော်ဖြစ်ချင်ခဲ့တဲ့ Tim တစ်ယောက် ကမ္ဘာနှစ်ခုကြား ဘယ်လိုတွေစီးချင်းထိုးမလဲဆိုတာ‌တော့ ဇာတ်လမ်းလေး ထဲမှာ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zwe Win Tun ဖြစ်ပါတယ်) File Size..........(1.7 GB) / (733 MB) / (408 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 55Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Fantasy, Musical Translator.......Zwe Win Tun Encoder..........SWM

Drama • Romance
5.9 2022 125 mins
The Magic Flute
Nanny Dearest
6.3

အသက်ငယ်ငယ်လေးနဲ့ သမီး‌လေးမွေးထားတဲ့ တေလာတစ်ယောက် ပိုက်ဆံရဖို့အတွက် မမျိုးဥလှူဒါန်းမှုလုပ်ခဲ့ပြီး အိမ်ပြန်လာတဲ့အချိန်မှာ သူ့ကောင်လေးရဲ့မတော်တဆလုပ်ရပ်ကြောင့် မွေးကင်းစသမီးသေဆုံးသွားတာကိုသိလိုက်ရပါတယ်။ ဒီလိုနဲ့တေလာလည်းစိတ်လွတ်သွားပြီး သူ့ကောင်လေးကို သ-တ်လိုက်မိတဲ့အတွက် ထောင်ဆယ်နှစ်ကျသွားပါတော့တယ်။ ဆယ်နှစ်အကြာ တေလာတစ်ယောက်ထောင်ကပြန်လွတ်လာတဲ့အချိန်မှာ သူ့သမီးလေးကိုပြန်ရှာမယ်ဆိုတဲ့စိတ်နဲ့ ထောင်ထဲမှာတုန်းကသိခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီကိုယူပြီး သူရဲ့မမျိုးဥကို လက်ခံခဲ့တဲ့ မိသားစုနောက်ကို ပြန်လိုက်ရှာခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့မမျိူးဥကိုလက်ခံခဲ့တဲ့မိသားစုကိုရှာတွေ့ပြီး အဲဒီမိသားစုထဲကို ဝင်လို့ရအောင်လုပ်ရင်း သူ့ရဲ့သမီးနားကိုကပ်ဖို့ကြိုးစားတဲ့အခါမှာ သူ့သမီးအနားမှာနေသွားနိုင်မလား၊ လက်ခံခဲ့တဲ့မိသားစုက‌ ရော သူဘယ်သူလဲဆိုတာကို သိသွားမလား၊ သူ့သမီးရဲ့ အမေဖြစ်ခွင့်ရမှာလား၊ ဘယ်လိုအရှုပ်ထုတ်တွေလုပ်မိမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှု့ရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါဗျ။ File size…(2.1 GB)/(875 GB)/(490 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT

Adventure • Drama • Mystery
6.3 2023 90 mins
Nanny Dearest
Where the Crawdads Sing
7.6

Delia Owens ရဲ့ ၂၀၁၉မှာထွက်ခဲ့ပြီး The New York Times Fiction Best Sellers ဖြစ်ခဲ့တဲ့ စာအုပ်ကို ပြန်ရိုက်ထားတာပါ။ စာအုပ်ကလည်း နာမည်ကြီးသလို ဇာတ်ကားကလည်း တော်တော်လေးကောင်းတဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကတော့ စီးရီးတွေနဲ့ နာမည်စရလာပြီး ဒီနှစ်ထဲ FRESH နဲ့ Where the Crawdads Sing လိုကားကောင်းတွေရိုက်ထားတဲ့၊ ဆုတွေတစ်သီတစ်သန်းကြီးရရနေတဲ့ Daisy Edgar-Jones ပါ။ ရုပ်လည်းလှသလို သရုပ်ဆောင်လည်းကောင်းပါတယ်။ နောက် ဒီကားထဲက သူ့ရှေ့နေနေရာမှာ‌တော့ လင်ကွန်းကားထဲ အမေရိကန်ပြည်ထောင်စုအထွေထွေအတွင်းရေးမှူးနေရာက သရုပ်ဆောင်ခဲ့တဲ့ David Strathairn ပါပါတယ်။ စိမ့်တောကြီးရှိတဲ့ မြို့လေးတစ်မြို့ရှိတယ်။ အဲဒီစိမ့်တောမှာ မိသားစုနည်းနည်းပါးပါးနေကြတယ်။ နောက်ကျ အဲဒီစိမ့်တောက မိသားစုတွေအကုန်ပြောင်းသွားကြပြီး ကောင်မလေးတစ်ယောက်နဲ့ သူ့အဖေပဲကျန်ခဲ့တယ်။ ကလေးမလေးက မြို့ပေါ်ကျောင်းသွားတက်ကြည့်တယ်။ ဒါပေမဲ့ မြို့ကကလေးတွေက သူ့ကို ဗွက်တောထဲနေတဲ့ဟာမဆိုပြီး နှိမ်ကြတော့ ကျောင်းကနေထွက်ပြေးလာခဲ့တယ်။ စာလည်းမရေးတတ် စာလည်းမဖတ်တတ်ခဲ့ဘူး။ နောက်ကျ သူ့အဖေပါ ထွက်သွားတယ်။ ကောင်မလေး တစ်ယောက်တည်း ယောက်သွားတွေတူး ရောင်းစားရင်း ရှင်သန်ခဲ့ရတယ်။ ဆင်းရဲလွန်းတဲ့သူဆိုတော့ တစ်မြို့လုံးကလည်း သူ့ကိုအကောင်းမမြင်ကြဘူး။ ဒီလိုနဲ့ ကောင်မလေးအရွယ်ရောက်လာတယ်။ စိမ့်တောတစ်နေရာက မျှော်စင်မှာ လူတစ်ယောက်သေနေတော့ ရဲတွေကစုံစမ်းကြတယ်။ တစ်မြို့လုံးက ကောင်မလေးကို မကောင်းမြင်ပြီး သူပဲလို့စွပ်စွဲကြတယ်။ သက်သေကလည်း သက်သေဖျောက်ဖျက်ထားတဲ့ သက်သေပဲရှိနေတာမို့ သေသွားတဲ့သူနဲ့ ကောင်မလေးကလည်း ပတ်သက်ဖူးသလို တခြားအချက်လေးတွေလည်းရှိတာမို့ ကောင်မလေးကိုဖမ်းလိုက်ကြတယ်။ တစ်မြို့လုံးမှာမှ သူ့အပေါ်ကောင်းတဲ့ လူလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့အဘိုးကြီးက သူ့အတွက်ရှေ့နေလိုက်ပေးတယ်။ ဒီဇာတ်လမ်းကျောရိုးကိုမှ သူက လက်ရှိအမှုစစ်နေတာနဲ့ ကောင်မလေးအတိတ်ကို တစ်ကျော့စီကျော့ပြီး ပြသွားတယ်။ မပျင်းအောင်ပြနိုင်တယ်ပြောရမှာပဲ။ စာအုပ်ကိုရိုက်တာဆိုတော့ စာအုပ်မှာ နိမိတ်ပုံတွေမနည်းဘူးလို့သိရသလို သူ့ narrative တွေကလည်း နိမိတ်ပုံဆန်တယ်။ ဒီ Narrative တွေကြောင့်လည်း ဒီဇာတ်လမ်းက နည်းနည်းပိုကဗျာဆန်သွားပြီး ပိုလည်းဆွဲဆောင်မှုရှိသွားတယ် ပြောရမယ်။ တစ်ချို့အဖြစ်တွေဆို ကျွန်တော်တို့ကို သူရဲ့နိမိတ်ပုံဆန်ဆန် သွယ်ဝိုက်ပြောထားတဲ့ narrative မှာပဲ အဖြေထည့်ပေးထားတယ်။ နောက် သူ့ဇာတ်က ခုနဇာတ်ကိုမှ စာအုပ်ကပဲဖြစ်နေတာလား။ ဒါရိုက်တာပဲ လက်စွမ်းပြလိုက်လားတော့မသိဘူး။ တရားရင်ဆိုင်တဲ့အခန်းဆို လုံးဝ 12 Angry Men vibe အစစ်ကြီး။ အဆုံး narrative တွေမှာ Atonement vibe က ကောက်ထည့်လိုက်သေး။ အဲဒီလိုထည့်လိုက်လို့လည်း သူ့ဇာတ်လမ်းက ပိုကြွသွားတယ်လို့တော့ပြောလို့ရပါတယ်။ ရုပ်ပေါက်အောင်ကြီးမဟုတ်ဘဲ လိုက်ဖက်ရုံလေးထည့်သွားတာပါ။ Emotional လည်းဖြစ်လို လူ့သဘာဝလည်းပေါ်တယ်ပြောရမှာပဲ။ သို့တိုင်အောင်ပဲ ဒါတွေကလိုတော့မလိုလှဘူး။ Thriller, Mystery အမျိုးအစားဆိုတော့ အဲဒီ၂ခုအရသာတော့ တော်တော်လေးရတဲ့အတွက် သူ့တာဝန်ကျေပြီမလား။ အခက်ခဲဆုံးဘဝတစ်ခုအကြောင်းပြသွားတဲ့အတွက် ဒရာမာလည်းတော်တော်ဆန်ပါတယ်။ ကောင်မလေးအဖေရဲ့ တစ်ချို့အခန်းတွေဆို အိမ်ကိုပါ ပြန်‌ပြေးမြင်မိသွားတဲ့အထိ အားနေပြဿနာပဲတက်နေတဲ့မိသားစုတွေကို ထင်ဟပ်မိစေပါတယ်။ ဒီဘဝကနေ သူ့ကားနာမည် ကျောက်ပုစွန်တွေ သီချင်းဆိုနေကြတဲ့နေရာ... ဆိုသလို ဒီအောက်ဆုံးဘဝငရဲက ကောင်မလေးအတွက် မဖြစ်နိုင်ခြင်းတွေ ဖြစ်နိုင်တဲ့နေရာ ရောက်မရောက်ကို ရင်တဖိုဖိုနဲ့ ကြည့်ရအောင်လုပ်နိုင်စွမ်းရှိတဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်က နာမည်ကျော်စာအုပ်ကို ရိုက်ထားတာတင်မဟုတ်ဘဲ နာမည်ကျော်အဆိုတော် တေလာဆွစ်ကပါ Carolina ဆိုတဲ့သီချင်းကို ဒီကားအတွက် သီးသန့်ရေးပေးထားတယ်။ အမေရိကန်က တောသူမလေးက တောသူမလေးအကြောင်း သီချင်းကို လိုလိုလားလားရေးပေး ဆိုပေးထားတာပါ။ စာအုပ်ဖတ်ပြီး သိပ်ကြိုက်လို့ ဇာတ်ကားရိုက်မယ်ကြားတော့ ရေးပေးလိုက်တာပါတဲ့။ ဇာတ်ကတော့ အပျင်းပြေကြည့်လည်း ပြေ၊ ထိုင်ဖီးလ်ချင်လည်း ပြေ၊ Mainstream ကားပေမဲ့ Art Film မကျတကျလေးလည်း ဖြစ်နေတော့ ဘယ်လိုပရိသတ်အတွက်မဆို အဆင်ပြေမယ့် ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.3GB, 745MB Quality - 1080p, 720p, 480p IMDb Rating - 7.1/10 Format - mp4 Duration - 2H 5Min Genre - Drama, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7.6 2022 125 mins
Where the Crawdads Sing
Uncle Boonmee Who Can Recall His Past Lives
6.7

ရုပ်ရှင်ဆုပေးပွဲတွေထဲ အော်စကာထက်တောင် ရုပ်ရှင်ပရိသတ်တွေ အလေးထားရတဲ့ ဆုပေးပွဲကြီးဖြစ်တဲ့ ကိန်းရုပ်ရှင် ဆုပေးပွဲရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆုကို ရထားတဲ့ ရှားရှားပါးပါး ထိုင်းရုပ်ရှင်ပါ။ သူ့အရင် ကိန်းမှာ Palme d'Orရထားတဲ့ အာရှကားဆိုလို့ ဂျပန်ကား၃ကားနဲ့ Farewell My Concubine ဆိုတဲ့ တရုတ်ကားပဲရှိခဲ့ပါတယ်။ သူ့နောက်မှာတော့ Parasite နဲ့ Shoplifters ပဲရှိပါတယ်။ ဒီလိုဆုမျိုးကို ထိုင်းရုပ်ရှင်တစ်ကားက ရတာ ဆန်းတော့ဆန်းပါတယ်။ တခြားကားမရှိလို့ ရတာလား ဆိုရအောင်လည်း Abbas Kiarostami လို ဆရာ့ဆရာကြီးရဲ့ Certified Copy, လီချန်းဒုံလို ဆရာ့ဆရာကြီးရဲ့ Poetry , Alejandro Iñárritu ရဲ့ Biutiful တို့လည်း ဆန်ခါတင်ဝင်ခဲ့သလို Blue Valentine လည်း အဲဒီပွဲကိုရောက်ခဲ့ပါတယ်။ ပြင်သစ်နယူးဝေ့ရဲ့ ပိုင်အိုးနီးယားတစ်ယောက်ဖြစ်တဲ့ Jean-Luc Godard ရဲ့ Socialism တောင်ပါပါသေးတယ်။ အဲဒီလိုကားတွေကို ကျော်ပြီး ရသွားခဲ့တဲ့ ထိုင်းရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Apichatpong Weerasethakul ဟာ Memoria, Tropical Malady နဲ့ Cemetery of Splendor တို့လို တန်းတစ်ခုရှိတဲ့ ရုပ်ရှင်တွေကိုလည်း ရိုက်ခဲ့တဲ့သူလည်း ဟုတ်ပါတယ်။ ဒီရုပ်ရှင်က နာမည်ကတော့ ဆန်းတယ်မလား။ ဒါကိုမှ ပိုစတာကို ထပ်ကြည့်လိုက်ရင်လည်း တစ်မျိုးကြီးပဲမလား။ သေချာတာကတော့ အထဲကရုပ်ရှင်ကတော့ ဒီထက်ပိုဆန်းကြယ်ပါတယ်။ ကျောက်ကပ်ပျက်စီးပြီး သေတော့မယ့် လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်တွေမှာ သေသွားတဲ့ သူ့မိန်းမနဲ့ ပျောက်သွားပြီး လူဝံဖြစ်သွားတဲ့ သူ့သား ပြန်ရောက်လာတာကနေ ဇာတ်လမ်းကို အစပျိုးထားပြီး နောက်ပိုင်းတွေက တော်တော်လည်းဆန်းသလို ဉာဏ်မမီနိုင်အောင်လဲ တော်တော်ဖြစ်ရတဲ့ ရုပ်ရှင်ပါပဲ။ သူ့ပြကွက်တွေက ဆန်းလည်းဆန်းပါတယ်။ ဥပမာဆို တစ်ခန်းမှာ ကောင်လေးတစ်ယောက်နဲ့ မိန်းမကြီးတစ်ယောက် တီဗီထိုင်ကြည့်နေကြတယ်။ ကောင်လေးက အပြင်ထွက်ပြီး တစ်ခုခုသွားစားမယ်ပြောတယ်။ ကောင်လေးနဲ့ မိန်းမကြီးက အပြင်ထွက်ပြီး မုန့်သွားစားကြတယ်။ သို့ပေမဲ့ ကောင်လေးနဲ့ အဲဒီမိန်းမကြီးက အဲဒီအခန်းထဲမှာပဲ တီဗီထိုင်ကြည့်နေကြတယ်။ ဘာကိုပြချင်တာလဲတော့ ဉာဏ်မီသလို ခံယူကြပေါ့။ ရုပ်ရှင်ဆိုတာ နားလည်ဖို့တော့ မလိုဘူးမလား။ ဒီလိုတင် ဆန်းတာလားဆိုတော့ မဟုတ်သေးဘူး။ ၁၈ပလပ်ဆန်ဆန် ဆန်းတာတွေလည်းပါသေးတယ်။ မိန်းမတစ်ယောက်က ရေထဲဆင်းတယ်။ ငါးခူတစ်ကောင်... သာမန်ငါးခူတော့ ဟုတ်ပုံမရပါဘူး။ အဲဒီငါးခူက မိန်းမပေါင်ကြားထဲ တိုးဝင်တယ်။ ခေါင်းပဲတိုးဝင်သလား အဝတင်ပဲ ပတ်တိုးနေသလားတော့ မမြင်ရဘူးပေါ့။ ဒီလို ခပ်ဆန်းဆန်းတွေ နားမလည်နိုင်လောက်အောင်ပြသွားတဲ့ ရုပ်ရှင်မှာ ကျွန်တော့်အကြိုက်ဆုံးအခန်းပြောရရင်တော့ နောက်ဆုံးအခန်းပါပဲ။ ဘာလို့လဲမသိ နောက်ဆုံးအခန်းရယ် တော်တော်နားစွဲတဲ့ အပိတ်သီချင်းသံရယ်ဟာ ကျွန်တော့်အတွက်တော့ အတော်ကြည့်လို့ကောင်းခဲ့တယ်။ ဘာဖြစ်ဖြစ် Palme d'Or ရထားတဲ့ ဘေးချင်းကပ်နိုင်ငံက ဉာဏ်မီရခက်တဲ့ ရုပ်ရှင်ကားကို ထိုင်ကြည့်ပြီး ဆွေးနွေးလိုက်ကြပါဦး။ ကျွန်တော်တော့ ဉာဏ်မမီတာမို့ ဒီလောက်ပဲ ညွှန်းချင်ပါတယ်။ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဘာမှနားမလည်လိုက်ပေမဲ့ တစ်ချို့အခန်းတွေကြောင့် ဒီတိုင်းကြည့်ရတာတင် တော်တော်တန်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 750MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 54Min Genre - Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
6.7 2010 114 mins
Uncle Boonmee Who Can Recall His Past Lives
Judge Bao: Intrigues at Academy

ပေါင်ချိန်fanတွေအတွက်လူငယ်ပေါင်ချိန်ရုပ်ရှင်ကားလေး CM ကနေတင်ဆက်ပေးလိုက်ပါတယ်။ ပေါင်ချိန်တစ်ယောက်တရားသူကြီးမဖြစ်ခင် အရာရှိငယ်လေးဘဝကို အခြေခံပြီးရိုက်ထားတာဖြစ်ပါတယ်။ ဒီ အမှုကိုဖြေရှင်းပြီးမှကျားခေါင်းဓားစက်ကို ပေါင်ချိန်ရရှိလာတာပါ။ နန်းတွင်းစာမေးပွဲကြီးကျင်းပခါနီးမှာ ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် ထူးထူးဆန်းဆန်းသေသွားကြတယ်။ ထူးဆန်းတဲ့သေပုံတွေကြောင့် ငရဲမင်းကအသက်နှုတ်ယူသွားတာပါဆိုပြီး ကောလဟာလတွေ ထွက်လာပါတယ်။ ပေါင်ချိန်ရဲ့ ဆရာပြီးတဲ့ ကျောင်းအုပ်ဆရာကြီးကလဲပျောက်နေတာကြောင့် စုံစမ်းဖို့ရာ စာသင်ကျောင်းကိုပေါင်ချိန်နဲ့ကျန်ကျောင်းတို့ ရောက်လာခဲ့ကြပါတယ်။ နှစ်ယောက်သားစုံစမ်းရင်းနဲ့ လူသတ်မှုက တဖြည်းဖြည်းအဖြစ်မှန်ပေါ်လာပြီး ပ ညာရှိစာမေးပွဲရဲ့နောက်ကွယ်မှာ ပိုလေးနက်တဲ့ နန်းတွင်းရေးရာတွေပါဝင်နေကြောင်းကိုသိလိုက်ရတဲ့အခါ…… Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK

Fantasy
0 2023 90 mins
Judge Bao: Intrigues at Academy
Escape the Field
5

Thriller/ Mystery သည်းထိတ်ရင်ဖိုကားလည်းဖြစ်၊ လျို့ဝှက်ဆန်းကြယ်အမျိုးအစားလည်းဖြစ်တဲ့ ဒီကားလေးဟာ ၂၀၂၂ ခုနှစ်မှာထွက်ရှိလာတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။ Escape Room လိုမျိုး thriller ကားကောင်းကြိုက်နှစ်သက်တဲ့သူတွေ ကြည့်သင့်တဲ့ကားလေးဖြစ်ပြီး ရင်ခုန်လှိုက်မောမှုနဲ့ နားမလည်နိုင်ခြင်းတို့ ဒွန်တွဲပြီးကြည့်ရမယ့် သည်းထိတ်ရင်ဖိုကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်ကွက်အနေနဲ့လည်း မ‌ဆိုးလှသလို ဇာတ်ကောင်တွေရဲ့သရုပ်ဆောင်တွေကလည်း အသည်းတယားယားဖြစ်ချင်စရာမျိုးဖြစ်အောင်ကို ကောင်းမွန်လှပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့ မိမိဘာသာယမန့်နေက တစ်နေရာရာမှာ အိပ်မောကျမိသွားတဲ့သူတွေ ဘယ်နေရာကမှန်းမသိတဲ့ ပြောင်းခင်းကျယ်ကြီးထဲ ရောက်သွားရာကနေ စတင်ပါတယ်။ ‌ အဆိုပါ ပြောင်းခင်းကြီးဟာ လူလုပ်ပြောင်းခင်အတုကြီးလား၊ တကယ့်ပြောင်းခင်းအစစ်လား။ ပြောင်းခင်လိုနေရာမျိုးမှာ Escape Room လိုမျိုး ဇာတ်ကွက်ကို ဘယ်လိုဖော်ဆောင်သွားမလဲ၊ ဘယ်လောက်တောင် ဇာတ်ရှိန်တက်ပြီး ကြည့်ကောင်းမလဲဆိုတာကိုတော့ Escape the Field 2022 ကားလေးထဲမှာ ခံစားရင်ခုန်ပေးလို့ရပါပြီခင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ San Thu Aung ပဲ ဖြစ်ပါတယ်။ Genre..... Horror, Thriller Quality….1080p | 720p| 480p File size… 1.3GB | 653MB | 288MB Format…mp4 Duration…. 1h 29 min Subtitle….Myanmar Subtitle (Hardsub) Translator ..... San Thu Aung Encoder ..... August

Western
5 2022 89 mins
Escape the Field
Five Minutes of Heaven

1970 ကာလမှာ အိုင်ယာလန်မြောက်ပိုင်း ဘဲလ်ဖက်စ်မြို့မှာ အဲလစ်စတာလစ်‌တဲဆိုတဲ့လူငယ်တစ်ယောက်ဟာ ဂျိုးဂရစ်ဖင်လို့အမည်ရတဲ့ ကောင်လေးတစ်ယောက်ရဲ့အစ်ကိုကို အကြောင်းကိစ္စတစ်ခုကြောင့် ပစ်သတ်ခဲ့ပါတယ်။ နှစ်၃၀အကြာမှာတော့ ခေတ်တွေပြောင်းလဲသွားပြီး ဂျိုးဂရစ်ဖင်နဲ့ အဲလစ်စတာတို့ဟာ တီဗီအစီအစဉ်တစ်ခုက အဖွဲ့သားတွေရဲ့ချဉ်းကပ်မှုကြောင့် ဂျိုးဂရစ်ဖင်ဟာ သူ့အစ်ကိုကိုသတ်ခဲ့တဲ့လူသတ်သမားကို နှစ်၃၀အတွင်း ပထမဆုံးအကြိမ်ပြန်တွေ့ဆုံဖို့ရာအကြောင်းဖန်လာခဲ့ပါတယ်။ ‌တီဗီအစီအစဉ်ရဲ့အဓိကရည်ရွယ်ချက်က ဂျိုးဂရစ်ဖင်တို့နှစ်‌ယောက်ကို ပြန်လည်သင့်မြတ်စေဖို့ရည်ရွယ်တာဖြစ်ပေမဲ့ ဂျိုးဂရစ်ဖင်ကတော့ အစ်ကိုတစ်ယောက်လုံး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာတောင် မတ်တပ်ရပ်ကြည့်နေခဲ့တဲ့အတွက် အမေဖြစ်သူရဲ့ နှစ် ၃၀ လုံးလုံးအပြစ်တင်လာတာကို ခံခဲ့ရတာကြောင့် စိတ်ဒဏ်ရာတွေနဲ့ အရူးတစ်ပိုင်းဖြစ်ခဲ့ရပြီး တစ်ဘ၀လုံးစာစောင့်ဆိုင်းခဲ့ရတဲ့ လက်စားချေမှုကို အကောင်အထည်ဖော်ဖို့ရာကြံ‌စည်နေခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ဦး တကယ်တွေ့ဆုံကြတဲ့အချိန်မှာ ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲ၊ ဂရစ်ဖင်တစ်ယောက်ရော သူဖြစ်ချင်နေခဲ့တဲ့အတိုင်း နှစ်၃၀လုံးလုံး တေးလာခဲ့ရတဲ့ရန်ကြွေးကိုဆပ်လိုက်မလား၊ အဲလစ်စတာအနေနဲ့ရော အတိတ်က သူလုပ်ခဲ့မိတဲ့အပြစ်အတွက် ပေးဆပ်သွားမှာလားဆိုတာကိုတော့… File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2009
Five Minutes of Heaven
Love at First Like
6.1

လက်တလောကမှ မင်္ဂလာပွဲပျက်သွားတဲ့ အဆိုးမြင်ဝါဒီသမား ဂျာနယ်လစ်မလေး ကေစီ နဲ့ အွန်လိုင်းပေါ်က Date app တစ်ခုရဲ့ ဆယ်လီတစ်ဦးဖြစ်တဲ့ မာနကြီးကြီး ခပ်ချေချေ ပါဖြောင့်ဖြောင့် ရိုင်ယန် တို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ လိုင်းပေါ်မှာ မိန်းကလေးတွေအတွက် Date နဲ့ပတ်သတ်ပြီး အကြံဉာဏ်တွေပေးပြီးတော့ ပျိုတိုင်သည်းသည်းလှုပ်ဖြစ်နေတဲ့ ရိုင်ယန် က ယောကျ်ားလေးတွေအတွက် အကြံဉာဏ်တွေနဲ့ အကွက်တွေကို စာအုပ်ထုတ်ဖို့အတွက် ပရိုမိုးရှင်းလုပ်ဖို့ရှိလာတာကနေ မဂ္ဂဇင်းတိုက်တစ်ခုနဲ့ လက်တွဲဖို့ဖြစ်လာတော့ ဂျာနယ်လစ်မလေး ကေစီ နဲ့ ရေစက်ဆုံပြီး ဘယ်လိုမျိုး ကို့ယို့ကားယားနိုင်ပြီး တလွဲတွေနဲ့ ရိုဆန်ကြဦးမလဲဆိုတာကိုတော့…… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

6.1 2023
Love at First Like
Rob N Roll
5.9

ဟောင်ကောင်မင်းသားကြီး Aaron Kwokတစ်ယောက်သွားခေါကြီးနဲ့ အထာကျကျကြမ်းတဲ့ အက်ရှင်ဟာသကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ Gordon Lam နဲ့ Richie Jenတို့လို ဝါရင့်မင်းသားကြီးတွေလဲ အတူတွဲသရုပ်ဆောင်ထားပါသေးတယ်။ အဖြစ်မရှိတဲ့လူလတ်ပိုင်းတွေဖြစ်တဲ့အားဟွေးနဲ့အားစုံဟာ အရမ်းကြပ်တည်းနေတဲ့အချိန် အားဟွေးမျက်စိရှေ့မှာဖြစ်သွားတဲ့ ဓားပြမှုမှာ ဓားပြတွေပိုက်ဆံအများကြီးယူသွားတာကိုအားကျပြီး ဓားပြတိုက်ဖို့ကြံစည်ကြတယ်။ အဲဒီအချိန်မှာ အားဟွေးအားကျတဲ့ဓားပြမှုရဲ့ ဓားပြကြီးကတော့ ပြေးရင်းလွှားရင်း ငွေအိတ်ကြီးပျောက်သွားတဲ့အတွက် ခေါင်းမီးတောက်အောင် လိုက်ရှာရင်း သူတို့နှစ်ယောက်နဲ့သွားဆုံပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် (၃)ယောက်သားဓားပြအတူပြန်တိုက်ဖို့ဖြစ်သွားခဲ့ကြတယ်။ သူတို့ရဲ့နောက်မှာကတော့ အမှုအကြီးကြီးကိုအရမ်းလိုက်ချင်နေတဲ့ ရဲမေတစ်ယောက်ရှိနေပြီး ဒီဓားပြတွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ဖမ်းဆီးနိုင်ဖို့ကြိုးစားနေတယ်။ တိုက်တိုက်ဆိုင်ဆိုင် လွဲချော်နေကြတဲ့ သူတို့တွေဟာ ဘယ်လိုဖြစ်လာကြမလဲ……. ဒီဇာတ်ကားမှာ မင်းသားကြီးတွေဖြစ်နေပေမယ့် ဇာတ်လမ်းကအရမ်းကြီးလေးပင်မနေပဲ ပေါ့ပေါ့ပါးပါးခံစားလို့ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

5.9 2024
Rob N Roll
Between Calmness and Passion
6.6

Reisei to jônetsu no aida (2001) Between Calmness and Passion ~ IMDb – 6.6/10, MyDramaList – 7.3/10 ~ ဟောင်ကောင်ရုပ်ရှင် Lost and Found ထဲက ညှို့ဓာတ်အပြည့်နဲ့ မင်းသမီး Kelly Chan ပါလို့ကတစ်ကြောင်း၊ စကားလုံးမပါတဲ့ နောက်ခံတေးဂီတသံသက်သက်နဲ့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ဆောင်နှစ်ယောက် လူအုပ်ကြားထဲ တွေ့ကြတာကို ရိုက်ပြထားတဲ့ ဇာတ်၀င်ခန်းကိုကြည့်မိပြီး တော်တော်သဘောကျသွားက တစ်‌ကြောင်း၊ ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့တယ်။ ဟောင်‌‌ကောင်မင်းသမီး ကယ်လီချန်းပါထားပေမဲ့ တကယ်က ဒီရုပ်ရှင်က ဂျပန်ကား။ ဂျပန်မှာ ဘတ်ဆဲလ်လားဖြစ်ခဲ့တဲ့ စာအုပ်ကို ပြန်ရိုက်ထားတာ။ ဒါပေမဲ့ ဇာတ်အိမ်ကတော့ အဓိကအားဖြင့် အီတလီက ဖလောရန့်မှာ တည်ထားတယ်။ အီတလီအငွေ့အသက် အီတလီမြင်ကွင်းတွေကို နောက်ခံထားထားတဲ့ ရုပ်ရှင်လို့ ပြောရမယ်။ နောက် မင်းသားရဲ့ အလုပ် Art Restoration ခေါ် ပျက်စီးသွားတဲ့အနုပညာလက်ရာတွေကို ပြန်အဖတ်ဆည်မွမ်းမံပေးရတဲ့အလုပ်။ ဖလောရန့်က အဲဒီပညာရဲ့ အချက်အချာမြို့လို့ ရုပ်ရှင်ထဲပြောထားတယ်။ တစ်မြို့လုံး အဲဒီအလုပ်ပဲလုပ်ကြတယ်ပေါ့။ ဒီလိုအလုပ်ကို စိတ်နှစ်လုပ်နေတဲ့ မင်းသားကို ကြည့်ရတာလည်း တော်တော်ကြည့်ကောင်းနေတယ်။ မင်းသားနဲ့ ကယ်လီချန်းက ကောလိပ်မှာကတည်းက ချစ်ခဲ့ကြတဲ့လူတွေ။ အကြောင်းကြောင်းနဲ့ဝေးသွားခဲ့ပြီး အီတလီမှာ သူတို့ပြန်တွေ့ကြတဲ့အခါမှာလည်း ဆိုင်သူကိုယ်စီရှိနှင့်ပြီးနေပြီ။ ပြီးတော့ သူတို့ကြားက အဖုအထစ်တွေကလည်း မပျက်ပြယ်သေးဘူး။ ဒီတော့ သံယောဇဉ်လက်ကျန်နဲ့ တွေ့ချင်ကြလို့ ပြန်တွေ့ဖြစ်ကြပေမဲ့ အလိုက်မသိခဲ့တဲ့ အခြေအနေတွေကို မကျော်လွှားနိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ အစကတည်းက ဝေးပြီးသားဘ၀‌တွေ အဝေးကြီးကို ထပ်ဝေးလွင့်ခဲ့ကြတယ်။ ဇာတ်က အဲဒီအခြေအနေကမှ ရိုးရှင်းလှပတဲ့စကားလုံးတွေပါတဲ့ နှုတ်ဆက်စာလို့ ပြောရမယ့် စာလေးတစ်စောင်နဲ့ သူတို့အတိတ်ကို ပြန်လှစ်ဟပြသွားတယ်။ ကြင်နာတာတွေကို ပြန်ပြောင်းအောက်မေ့မိတဲ့အခါ နာကျင်တာတွေရဲ့ ပိုထင်ရှားလာခြင်းတွေအကြောင်းပေါ့။ ဒီဇာတ်ဟာ လှပတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်သက်သက်ပါပဲ။ ဂီတတွေ အနုပညာတွေနဲ့ အနုပညာမြို့ကြီးတစ်မြို့မှာ အခြေတည်ထားတဲ့ ဒီအချစ်ဇာတ်လမ်းဟာ တည်ဆောက်ပုံလှပသလို ဟောင်ကောင် ကလပ်စစ်အရသာလည်း ပေးနိုင်တယ်။ ဂျပန်ကားပေမဲ့ ဇာတ်ရဲ့အရသာကတော့ ဂျပန်ကားဆိုတာထက် ဝေါင်ကာဝေးကားကလိုလို အရသာလေးတော့ သန်းနေတယ်။ ဇာတ်ကြောင်းပြန်ပြောင်းပြောပြခြင်းတွေကလည်း ဒီအရသာပိုသန်းစေခဲ့တယ်။ ဒီရုပ်ရှင်ဟာ ဟောင်ကောင်ရိုမန့်တွေ ကြိုက်တဲ့လူတွေအတွက်တော့ အရသာသိပ်တွေ့မယ့် လွမ်းတတ်ရင် မျက်ရည်ဝေစေမယ့် ရုပ်ရှင်တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 920MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 2H 5Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.6 2001 125 mins
Between Calmness and Passion
A Hipster in Rural Spain

ဒီနှစ်​မှ​အသစ်ထွက်​ရှိလာတဲ့ စပိန်​စကားပြော​ရုပ်ရှင်​လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်း​အမျိုး​အစား​က Romance​/Comedy​ အမျိုး​အစား​ဖြစ်ပြီး ပေါပေါ့ပါးပါး ကြည်ရှုလို့ရမဲ့ ဟာသ​ဇာတ်ကား​လေးဖြစ်ပါတယ်။ ဇာတ်ကား​နာမည်​ရဲ့အဓိပ္ပာယ်က စပိန် ကျေးလက်​ဒေသ​ရောက်​ Hipster​ တစ်ယောက်လို့ အဓိပ္ပာယ်​ရပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ လီနာနဲ့ ကီကေးက အတူနေချစ်သူတွေဖြစ်ပြီး Progressive နိုင်ငံ​ရေး​ပါတီ​တစ်ခုမှာ ပါဝင်​လှုပ်ရှား​နေကြတဲ့ Activist တွေဖြစ်ပါတယ်။ တစ်နေ့မှာ​ ကီကေးက စပိန်​ကျေးလက်​ဒေသ​ပြုပြင်​ပြောင်းလဲ​ရေးအစီအစဥ်အရ ဝေးလံခေါင်​သီတဲ့ လာကညာဒါ​လို့ခေါ်တဲ့တောမြို့လေးကိုစေလွှတ်ခံရပါတယ်။ တကယ်​တော့​ လီနာ​နဲ့သူ့အထက်လူကြီး ဂတ်စပါတို့နှစ်ယောက်တိုင်​ပင်ပြီး ကီကေး​ကိုကန်ထုတ်လိုက်တဲ့သဘောပါ။ မြို့​လေးကို​ရောက်​သွား​ချိန်​မှာတော့ လိင်​တူ​အခွင့်အရေး​​ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျား​မတန်းတူရေး​နဲ့ တိရစ္ဆာန်​အခွင့်အရေး​တွေကို ပါးစပ်​ကမချတဲ့ မက်ဒရစ်မြို့သားကီကေး​နဲ့ ရှေး​အစဥ်အလာ​တွေကို ထိန်း​သိမ်းဖက်တွယ်ထားတဲ့ လာကညာဒါ​မြို့​သူမြို့သားတို့အကြား ပဋိပက္ခ​တွေဖြစ်ပေါ်လာပါတော့တယ်။ ရှေးရိုးစွဲ​မြို့​လေးကို ပြုပြင်​ပြောင်းလဲ​မယ်​ဆိုပြီး​ ကီကေး​တစ်ယောက်​ မြို့​တော်​ဝန်​ ဝင်အရွေးခံဖို့ကြိုးစားရာကနေ ဘာ​တွေ​ဆက်​ဖြစ်​မလဲ​ကြည့်​ရှုရမှာပါ။ ဇာတ်​အိမ်​က​ရိုး​ရှင်းပေမဲ့ ပေါ့​ပေါ့ပါး​ပါး​နဲ့ ကြည်နူး​စရာဇာတ်လမ်းလေးဖြစ်ပြီး စပိန်​နိုင်​ငံကျေးလက်မြို့လေးတစ်ခုမှာ တည်​ထားတာဖြစ်လို့ ဥရောပ​ကျေး​လက်​ရဲ့အငွေ့အသက်တွေကို တဝကြီးတွေ့မြင်ရမှာပါ။ ဥရောပ​ရုပ်ရှင်​နှစ်သက်​သူများ​ ကြည့်​ရှု​သင့်တဲ့​ဇာတ်ကား​လေး​ဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein

Animation • Action • Adventure
0 2024
A Hipster in Rural Spain
Hanky Panky

Hanky Panky ဆိုတဲ့ဇာတ်ကားဟာ 2023 ခုနှစ်မှာထွက်ရှိခဲ့တဲ့ American comedy horror ရုပ်ရှင်ဖြစ်ပါတယ်။ ဆမ်ဆိုတဲ့သူဟာ နှင်းတောင်ကြားမှာရှိတဲ့ သစ်လုံးအိမ်လေးဆီကိုအားလပ်ရက်မှာအပန်းဖြေခရီးလာဖို့ စာပို့အဖိတ်ခံရလို့သွားဖြစ်ခဲ့ပါတယ်။မသိတဲ့လူတွေနဲ့အားလပ်ရက်မှာအတူနေရင်း ကမ္ဘာကြီးကိုသိမ်းပိုက်ဖို့ကြိုးစားနေတဲ့မကောင်းဆိုးဝါးနဲ့ကြုံလာရတော့ ဆမ်နဲ့သူ့ရဲ့စကားပြောတဲ့လက်ကိုင်ပဝါလေးအပါအဝင် တခြားသူတွေဟာသစ်လုံးအိမ်ကနေအသတ်မခံရဖို့ထွက်ပြေးရင်း မကောင်းဆိုးဝါးကောင်ကိုဘယ်လိုနှိမ်နင်းကြမလဲဆိုတာကို ကြည့်ရှုရမှာပါ။ File size…(1.8 GB)/(950 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre… Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris

0 2023 86 mins
Hanky Panky
Strictly Confidential

Strictly Confidential ဇာတ်ကားဟာ 2024 ခုနှစ်မှာထွက်ရှိထားတဲ့ လျှို့ဝှက်ဆန်းကျယ်ပြီး သည်းထိတ်ရင်ဖိုဖြစ်စေတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် ဒါရိုက်တာ Damian Hurley ၊Lee Beasley ၊ Gabbi Edmunds ၊ Caroline Murray တို့က ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် မီယာ ဆိုတဲ့ကောင်မလေးက သူ့အချစ်ဆုံးသူငယ်ချင်း ရေဘက်ကာရဲ့နှစ်ပတ်လည်နေ့မှာ နှစ်တိုင်းရေဘက်ကာနဲ့ဆုံနေကျဖြစ်တဲ့ ရေဘက်ကာရဲ့မိသားစုနေထိုင်ရာအိမ်ကို သူငယ်ချင်းတွေနဲ့အတူသွားလည်ခဲ့ပါတယ် သူငယ်ချင်းရဲ့သေဆုံးမှုကို သံသယဝင်ပြီး ပူဆွေးဝမ်းနည်းနေတဲ့မီယာတစ်ယောက် လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့စီစဥ်‌နေချိန် ဘယ်လိုအပြောင်းအလဲတွေ၊ ဘယ်လိုလျှို့ဝှက်ချက်တွေ၊ ဘယ်လိုသစ္စာဖောက်မှုတွေကိုကြုံတွေ့ရမလဲဆိုတာ စိတ်လှုပ်ရှားရင်းကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် File size…(1.5 GB)/(864 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Thriller. Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su

0 2024
Strictly Confidential
Black Dog
7.2

ဒီ Black Dogs ဇာတ်ကားလေးကတော့ နာမည်ကြီးဒါရိုက်တာကြီး Guan Huက ရိုက်ကူးထားပြီး ရုပ်ရှင်လောကမှာ နာမည်ကြီးဂုဏ်ယူစရာကောင်းတဲ့ ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Cannes Film festival မှာ Un Certain Regard ဆုကြီးနဲ့ Palm Dog Award-Grand Jury Prize ဆိုတဲ့ ဆုကြီးနှစ်ဆုတောင်ရထားတာပဲဖြစ်ပါတယ် ။ အဓိကသရုပ်ဆောင်အနေနဲ့ ထိုင်ဝမ်မင်းသားကြီး Eddie Peng က ပါဝင်သရုပ်ဆောင်ထားပြီး Tong Liya , Jia Zhangke , Zhang Yi အစရှိသဖြင့် နာမည်ကြီးဝါရင့်သရုပ်ဆောင်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ – ဂိုဘီသဲဂန္တာရတစ်နေရာမှာ ချစ်ရှားမြို့ကိုလာတဲ့ ခရီးသည်ယာဉ်တစ်စီးဟာ ဘယ်ကလာမှန်းမသိတဲ့ ခွေးအုပ်ကိုရှောင်ရင်း တိမ်းမှောက်သွားပါတော့တယ် ။ ဒီကားထဲမှာပါလာတဲ့သူတစ်ယောက်က နဂိုက မြို့ရဲ့နာမည်ကြီးတေးဂီတအဖွဲ့က အဖွဲ့ဝင်တစ်ဦးလည်းဖြစ် ၊ မော်တော်ဆိုင်ကယ်အဖွဲ့မှာလည်း အတော်ဆုံးဆိုင်ကယ်မောင်းသမားတစ်ဦးဖြစ်ခဲ့တဲ့ လန်ရုံဟွေးဖြစ်ပါတယ် ။ သူကလူသတ်မှုနဲ့ထောင်ကျပြီး ဆယ်နှစ်ကြာမှ မြို့ကိုပြန်ရောက်လာတဲ့အချိန်မှာ မြို့က တော်တော်များများပြောင်းလဲသွားခဲ့ပါတယ် ။ အဲဒီထဲမှာမှ မြို့သစ်စီမံကိန်းကြောင့် မြို့ကပိုင်ရှင်နဲ့ခွေးတွေကို မြို့ပြင်ကိုမောင်းထုတ်နေတဲ့အစီစဉ်လည်းပါပါတယ် ။ အဲဒီအချိန်မှာပဲအစိုးရက ခွေးနက်တစ်ကောင်မှာ ခွေးရူးပြန်ရှိနေတယ်လို့ သံသယရှိပြီး အဲဒီခွေးကိုဖမ်းနိူင်ရင် ဆု‌ကြေးငွေကြီးကြီးပေးမယ်လို့ထုတ်ပြန်ထားခဲ့ပါတယ် ။ ထောင်ကထွက်လာခါစလန်ရုံဟွေးတစ်ယောက် ဘာအလုပ်မှမရှိတော့ အဲဒီခွေးနက်ကိုလိုက်ဖမ်းဖို့ကြံစည်ပါတော့တယ် ။ ဇာတ်လမ်းလေးထဲမှာတော့ ဆုကြေးငွေလိုချင်လို့ လိုက်ဖမ်းမဲ့ခွေးလေးနဲ့ သူဘယ်လိုသံယောဇဉ်တွယ်သွားမလဲ ? ဘယ်လိုအတားအစီးအခက်အခဲတွေနဲ့ ဒီလေလွင့်ခွေးလေးတွေကို ကယ်တင်သွားမလဲဆိုတာကို emotional ဖြစ်သည်အထိ ခံစားကြည့်ရှုရမှာဖြစ်လို့ တိချစ်တတ်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ အကြောင်းပြောရင်း ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ။

Drama
7.2 2024
Black Dog
Vedaa
6.6

Vedaa (2024) “ဗေဒါပျံ အံကိုခဲ…” Genre – Action, Drama, Thriller IMDB – 6.6/10 မင်းသားကြီး John Abraham ရဲ့ ၂၀၂၄ အသစ်ထွက်ဇာတ်ကား ထွက်ရှိလို့ လာပါပြီ။ Maharaj နဲ့ Munjya တို့မှာလည်း ပါဝင်ထားတဲ့ မင်းသမီးချောလေး Sharvari နဲ့အတူ အတွဲညီညီ သရုပ်ဆောင်ထားကြတဲ့ အက်ရှင်ကားကောင်းလေးပါ။ ဗေဒါဆိုတဲ့ ကောင်မလေးဟာ ဇာတ်နိမ့်တဲ့မျိုးရိုး ဖြစ်တဲ့အတွက် အမြဲတမ်း ဖိနှိပ်ခံနေရတဲ့ဘဝကို မကျေမချမ်းဖြစ်ကာ ပြန်တွန်းလှန်ချင်သူလေးတစ်ယောက်။ အဲဒီအချိန်မှာပဲ သူတက်နေတဲ့ ကောလိပ်မှာ ဘောက်ဆင်အတန်းတစ်ခု စဖွင့်ဖို့ ကြေငြာလိုက်တော့ ကျားရဲဖြစ်မှ မြိုင်တောအလယ် ရှင်သန်နိုင်မှာကို တွေးမိပြီး ဝင်လျှောက်လိုက်တော့တယ်။ တစ်ဖက်မှာ မေဂျာအာဘီမန်ယူဆိုတာက အင်မတန်တော်ပြီး အရည်အချင်းရှိတဲ့ စစ်သားတစ်ယောက်။ ဒါပေမဲ့ စစ်ဆင်ရေးတစ်ခုမှာ ကိုယ်ရေးကိုယ်တာ အာဃာတကြောင့် စစ်သားဘဝကို အပြီးတိုင် စွန့်လွှတ်ခဲ့ရသူ။ ဒီလိုမျိုး အချိန်မတန်ခင် မာန်လျှော့လိုက်ရတဲ့ ကျားရဲတစ်ကောင်နဲ့ အမြင့်ကို ပျံသန်းချင်နေတဲ့ ဗေဒါငှက်မလေးတို့ဟာ ရေစက်ပါလို့ လာဆုံတွေ့ခဲ့ပြီး ဘယ်လိုစွန့်စားခန်းတွေ ထွက်ကြရဦးမလဲဆိုတာကို အက်ရှင်ခပ်မိုက်မိုက်တွေနဲ့ ကြည့်ရှုရယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်လို့ အားပေးလိုက်ကြပါဦးခင်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

6.6 2024 151 mins
Vedaa