YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Thirteenth Taibao Resurrection 2024 1080p WEB-DL CM.mp4

1.16 GB N/A video/mp4 358 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Detective Dee and The Burning Sky
4

ဒီတစ်ခါ CM ကနေမိတ်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ detective Dee ရှေးဟောင်းစုံထောက် movie လေးဖြစ်ပါတယ် အေဒီ ၆၉၆ခုနှစ် ဝူကျယ်ထျန်းအုပ်စိုးစဉ်ကာလမှာ လူရိုင်းတပ်သားတွေက ဝေ့ကျိုးမြို့ကိုတိုက်ခိုက်စဥ် အဲ့ဒီမြို့ဟာ စစ်ဘေးနှင့် ရောဂါကပ်ဘေးကိုကြုံတွေ့ရတယ်။ ဒီးရန်ကျယ်ဟာ မင်းအမိန့်ဖြင့် ဝေ့ကျိုးမြို့ကို အုပ်ချုပ်ရေးမှူးအဖြစ် ရောက်လာတုန်းအခိုက်မှာ လူသတ်သမားတိုက်ခိုက်ခံရတယ်။ ဝေ့ကျိုးမြို့ရဲ့အရင်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ တူကူစစ်ကျွမ်းဟာ အံ့ဩဖွယ် အဆိပ်သင့်ပြီးသေဆုံးနေပြီး ယင်းအမှုဟာ ဒီး‌ရန်ကျယ် ရောက်ရှိလာမှုနဲ့ ပတ်သက်နေမလား။ တပ်သား၅၀၀ သေဆုံးမှုနှင့် ငွေစ၅သိန်းပျောက်ဆုံးတဲ့ ထူးဆန်တဲ့ဖြစ်ရပ်ကို ဒီးရန်ကျယ်ကဘယ်လို ပြောင်မြောက်တဲ့နည်းလမ်းနဲ့ဖြေရှင်းမလဲ။ ဒီးရန်ကျယ်ဟာ ဤပဟေဠိဆန်တဲ့ဖြစ်ရပ်တွေကြား အမှန်တရားတွေဖော်ထုတ်နိုင်မလားဆိုတာ CMက‌နေ အားပေးစောင့်မျှော်ကြည့်ရှုကြပါရှင့် [ Reviewed By Mei Mei ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Mystery Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Adventure • Drama • Fantasy
4 2020 80 mins
Detective Dee and The Burning Sky
Gunday
5

မင်းသမီးချော ပရီရန်ကာချော်ပရာနဲ့ မင်းသားတွေကတော့ ရမ်ဘီဆင်းနဲ့အာဂျွန်းကပူးတို့ပါ...Irrfan Khan လဲပါပါသေးတယ်။ ငယ်ငယ်က ဘဝနာခဲ့ရတဲ့ သူငယ်ချင်း ၂ ယောက် လူမိုက်လူကြမ်းကြီးတွေအဖြစ် ကြီးပြင်းလာကြရာကနေ သူတို့ဘဝထဲကို အကအလှမယ်လေးတစ်ယောက် ဝင်လာတဲ့အခါမှာတော့... ၃ ပွင့်ဆိုင် အချစ်နဲ့ သူငယ်ချင်း ညီကို သံယောဇဉ်တွေကြား ဗျာများရပုံတွေနဲ့... သူတို့ရဲ့ ဒုစရိုက်မှုတွေကြောင့် ရဲတွေကလဲ အချီကြီးလိုက်ကြနေတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ...။ Fun ဖြစ်အောင် ရောင်စုံအလှ အက ရသစုံတင်ဆက်ထားတဲ့ အက်ရှင်ဒရမ်မာရုပ်ရှင်ကားပါ။ Budget ရူပီး 310 Million ကုန်ချခံရိုက်ကူးခဲ့ပြီး Box office ဝင်ငွေ ရူပီး 1200 Million ကျော်မြတ်စွန်းခဲ့ပါတယ်။ File size…(3.8 GB)/(1.4 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

5 2014 152 mins
Gunday
Mission Kashmir
6.3

ပထမဦးဆုံးအနေနဲ့ ပြောချင်တာက လောကမှာ ဘယ်လူမျိုး ဘယ်ဘာသာရယ်က အကြမ်းဖက်ဘာသာ အစွန်းရောက်လူမျိုးရယ်လို့မရှိပါဘူး..လူက နှစ်မျိုးပဲရှိပါတယ်..အဲ့ဒါကတော့ လူကောင်းနဲ့လူဆိုးပါ.. ဒီဇာတ်ကားလေးမှာ ဘာသာရေးအစွန်းရောက်အယူဝါဒတချို့ပါနေလို့ ဇာတ်ကားကြည့်ရင်း ဗဟုသုတယူရမယ့်အစား အစွန်းရောက်ဝါဒများ စိတ်ထဲမကိန်းအောင်စေဖို့ တိုက်တွန်းလိုက်ပါတယ်... အစွန်းရောက်ဝါဒီတွေရဲ့ ထုံးစံအတိုင်း ရင်ထဲမှာ အမုန်းတရားတွေစွဲကျန်နေတဲ့ တက်သစ်စလူငယ်လေးတွေကို သိမ်းသွင်း...ကိုယ်ကျိုးအတွက်ပဲ ကြည့်ပြီး ဘာသာရေးအမည်ခံ အမုန်းတရားတွေဖြန့်...လုပ်ဇာတ်တွေဖန်တီးပြီး ဆော်သြနေကြတဲ့ လူတွေလက်ထဲရောက်သွားခဲ့ရတဲ့ လူငယ်လေးတွေအကြောင်းကိုလည်း ဒီဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်... အဓိကဦးတည်ချင်တာကတော့ မပြီးဆုံးနိုင်တဲ့ အိန္ဒိယ-ပါကစ္စတန်အမွှေဇာတ်ထုပ်ပေါ့... ဒီကားမှာ ဘောလီးဝုဒ်မင်းသားချောလေး ရီသစ်ရိုရှန်းနဲ့ မင်းသားကြီး ဆန်ဂျေးဒသ်တို့ပါဝင်သရုပ်ဆောင်ထားတယ်... မစ်ရှင်ကက်ရှမီးဆိုတဲ့ ကားနာမည်အတိုင်းပဲ ဟင်ဒူ-မွတ်စလင် အမြဲအဓိကရုဏ်းဖြစ်နေတတ်တဲ့ ကက်ရှမီးဒေသကို ဖျက်ဆီးပြီး အမုန်းတရားတွေဖြန့်ကျက်ဖို့ စစ်သွေးကြွအုပ်စုက လျှို့ဝှက်ကြံစည်နေကြတယ် ဒါကိုမှ ရဲအရာရှိက စုံစမ်းဖေါ်ထုတ်မယ့်ဇာတ်လမ်း.... ဒါပေမဲ့ အဲ့ဒီစစ်သွေးကြွအုပ်စုထဲကို မတော်တဆရောက်သွားခဲ့ရတာက ရဲအရာရှိရဲ့မွေးစားသား... နောက်ခံအမုန်းတရားဇာတ်အိမ်နဲ့ သူတို့နှစ်ယောက်ကို ထိပ်တိုက်ပေးတွေ့တဲ့အခါ.... ဆက်ဖြစ်လာမယ့်ဇာတ်အရှိန်ကိုတော့ တစိမ့်စိမ့်ကြည့်ရှုပေးကြပါလို့ ညွှန်းဆိုလိုက်ပါတယ်။ File size…(4.2 GB)/(1.4 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….02:31:oo Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Action • Crime • Drama
6.3 2000 151 mins
Mission Kashmir
Suzhou River
7.4

Suzhou River (2000) ———————– Directed by Lou Ye အဖြူစွတ်စွတ်တွေ… အလွမ်းပြာပြာတွေ… အမှီသဟဲတွေ… ဒိုက်သရိုက်တွေ… မုသားတွေ… ဝေးလွင့်ကင်းကွာခြင်းတွေ… ဒဏ္ဍာရီတွေ… မြစ်တစ်စင်းဟာ သိမ်ဆည်းထားတယ်။ အသစ်တွေ ဘယ်လိုပဲ ကမ်းကုန်အောင်ခြယ်သပါစေ လမ်းဆုံအောင်ဆယ်မရပါတဲ့ မြစ်တစ်စင်းရဲ့ ရပ်ဝန်းက အဟောင်းတွေ ။ မြစ်တစ်စင်းပေါ် စီးဆင်းနေတဲ့ အတိတ်အက်ကြောင်း နေ့ရက်ဟောင်းတွေကို ဘယ်လိုမှော်ဆေးနဲ့ ဖာထေးမလဲ။ ဒီအိပ်မက်တွေ လွမ်းသူပျိုု့မစပ်ချင်တော့လည်း ဒီမြစ်ကြီးကို မီးတင်ရှို့လို့မှမရနိုင်ခဲ့။ ဆူကျိုးတံတားထက် လက်ပိုက်ရင်းလျှောက်လာတဲ့ သူမရဲ့ ပုံရိပ်တွေ။ ရပ်တန့်ရင်းစောင့်လည်း အဖတ်ဆည်မရတော့ပါတဲ့ ဒဏ္ဍာရီအပျက်တွေ။ ပြောကြတယ် ဒီမြစ်ကြီးထဲမှာ ရေသူမတစ်ကောင်ရှိသတဲ့။ ကျွန်တော်မယုံခဲ့ပါဘူး။ လူတွေပြောနေကျ ယုံတမ်းစကားတွေဟာ ဖြေရှင်းမဆုံးနိုင်အောင် မကုန်မခန်းနိုင်တွေပဲမို့လား။ သူမနဲ့ပထမဆုံးတွေ့တော့ ဘာရယ်ဘာကြောင့်မသိ အဲဒီယုံတမ်းစကားကို ကျွန်တော်ယုံခဲ့ရတယ်။ သူမဟာ ရေသူမလေးတစ်ကောင်ပါပဲ။ သူမဟာ ရေသူမပါလို့ ဘာအတွက်ဘာကြောင့် ကျွန်တော်ယုံစားခဲ့မိလဲတော့ မသေချာပါဘူးပေါ့။ ချစ်ခြင်းဟာ ဒီလိုပဲမို့လား။ အကျိုးလည်းမသိ အကြောင်းလည်းမသိ အဆိုးလည်းမရှိ အပြောင်းလဲမရှိ။ သူ့မျက်ဝန်းတွေ ကောက်ကာငင်ကာကြီး ညှိုးကျသလို သူ့နှုတ်ခမ်းတွေ ကောက်ကာငင်ကာကြီး ပြုံးပြသလို ရေသူမလေးတစ်ကောင်ဟာ ကျွန်တော့်ဘဝထဲ ဗိန်းဗောင်းဆင့် ရောက်ချလာခဲ့တယ်။ ဒီလိုပါပဲ မနက်မိုးလင်းပေါက်လို့ လူပျင်းတစ်ကောင်ကျောခင်းလောက်ပြီဆို အဲဒီရေသူမကလေးဟာ ဆိုင်းမဆင့်ဗုံမဆင့် ထွက်သွားတတ်တယ်။ အဲဒီရဲ့နေ့တွေဆို မြစ်ခင်းတံတားလေးတစ်စင်းပေါ် သူလက်ပိုက်လို့လျှောက်မလာခင်အထိ ပြတင်းပေါက်နံပါးကနေ ရပ်စောင့်လို့ ကျွန်တော်မျှော်နေတတ်တယ်။ တစ်ခါတလေကျ အဲဒီရေသူမလေးက ကျွန်တော့်ကို အသစ်မဟုတ်တော့တဲ့ ဆူကျိုးမြစ်ရဲ့ ဒဏ္ဍာရီတစ်ပုဒ်ကို ပြောပြတတ်တယ်။ ဟိုးတမျှော်တခေါ် တံတားပေါ်က ခုန်ချသွားတဲ့ကောင်မလေးတစ်ယောက်ကို ရွာရိုးကိုးပေါက် အရှာမဆုံးခဲ့တဲ့ မာဒါလို့ခေါ်တဲ့ လူတစ်ယောက်အကြောင်းပေါ့။ သူပျောက်သွားခဲ့ရင် ကျွန်တော်လည်း သူ့လို ရှာပုံတော်ဖွင့်မလား မေးတော့ ကျွန်တော်လည်း ဘူမသိကိုးမသိ ခေါင်းညိတ်ခဲ့ရတယ်။ အဲဒီနေ့ကစ အိမ်ဝင်းတံခါးအပျက်ကနေ သူကျောခိုင်းလို့ထွက်သွားတိုင်း ဒီနေ့ဟာ သူမကိုမြင်ရတဲ့ နောက်ဆုံးနေ့များဖြစ်နေမလားဆိုတဲ့စိုးစိတ်နဲ့ တိုးတိတ်စိုးထိတ်ခဲ့ရတာပါပဲ။ သာမန်ညနေတစ်ခုရဲ့ သာမန်တိမ်တွေအောက်မှာ သာမန်မဟုတ်တော့တာကတော့ ပိုက်ထားတဲ့လက်ကလေးတွေရဲ့ လမ်းကူးဖို့အပြင်ကို ကျွန်တော် မဖူးမမြင်ရတော့တာပါပဲ။ သာမန်လိုပါပဲ။ ဆူကျိုးမြစ်ကနေ ပင်လယ်ပြင်အထိ ဘောလောမျောရင်း အရှေ့အရပ်ကနေ နေဝန်းထွက်လာလိမ့်မယ်။ မြစ်ရေက ကြည်လင်အေးမြလို့ ငါးတွေ တဖွေးဖွေးလှနေလိမ့်မယ်။ မာဒါက သူ့ကောင်မလေးကို ရှာပုံတော်ဖွင့်သလို သူပုန်းကွယ်ရာအရပ်ကို ကျွန်တော်ရှာမယ်။ ညနေဆို သူလက်ကလေးပိုက်လို့ မြစ်ခင်းတံတားလေးထက်ဆိုက်လာချိန်ကို ကျွန်တော်စောင့်မယ်။ ဒီလိုသာလုပ်ဖြစ်ခဲ့ရင် ကျွန်တော်တို့ရဲ့ အချစ်ဇာတ်လမ်းကလေးက ဆက်လျက်ဖူးပွင့်နေမှာပဲ။ ဒါပေမဲ့လည်း ကျွန်တော် အဲဒီရေသူမလေးကို မရှာဖြစ်ခဲ့ပါဘူး။ ထာဝစဉ်မြဲတဲ့တရားဆို ဒီကမ္ဘာမှာ ဘယ်ရှိလို့တုန်း။ အရက်နောက်တစ်ခွက်သောက်ရင်း မျက်လုံးတွေမှိတ်ရင်း နောက်ထပ် အချစ်တစ်ပွင့် ပွင့်လို့လာမှာကိုပဲ ကျွန်တော် စောင့်စားနေလိုက်တော့တယ်…. ဆူကျိုးမြစ်ရုပ်ရှင်ဟာ တရုတ်ပြည်မရုပ်ရှင်ရဲ့ ခြောက်ဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက နာမည်ကျော်တစ်ယောက်ဖြစ်တဲ့ လုရီရဲ့ နာမည်အကျော်ဆုံး ရုပ်ရှင်ပါပဲ။ သူဟာ ဆင်ဆာကြမ်းတဲ့ တရုတ်အစိုးရရဲ့ ဘန်းတာကို ပထမကားနဲ့တင်ခံခဲ့ရတဲ့သူဖြစ်ပြီး ဒီဒုတိယရုပ်ရှင်ကိုလည်း တရုတ်အစိုးရ ခွင့်ပြုချက် မရှိဘဲ ရုပ်ရှင်ပွဲတော်တစ်ခုမှာပြခဲ့လို့ ၂နှစ်အဘန်းခံခဲ့ရပါတယ်။ တန်ပါတယ် ဆုတော့ရခဲ့ပါတယ်။ သူ့တင်ပြပုံနဲ့ အပေါက်အလမ်းမတည့်တဲ့ တရုတ်အစိုးရ ဘန်းတာကို ခဏခဏခံခဲ့ရပေမဲ့ လုရီဟာ နိုင်ငံတကာအသိအမှတ်ပြုခံရတဲ့ ဒါရိုက်တာတစ်ယောက်တော့ဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကို မြစ်ကမ်းဘေးက ဂိုဒေါင်တွေ ဘာတွေလို အဟောင်းအနွမ်းနေရာတွေမှာပဲရိုက်ထားပြီး တိုးတက်နေတဲ့ အသစ်အသစ်သောပုံရိပ်တွေကို မသုံးထားခဲ့ပါဘူး။ သူဟာ ဟောင်ကောင်ဒါရိုက်တာ ဝေါင်ကာဝေးရဲ့ လွှမ်းမိုးမှုတစ်ပိုင်းတစ်စရှိနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်လို့ ဆိုကြသလို ဒီရုပ်ရှင်ကနေလည်း ခပ်ဆင်ဆင်အရသာလေးရပါတယ်။ ထူးတာကတော့ အဓိကဇာတ်ကောင်လို့လည်း ပြောလို့ရတဲ့ Narratorကို လူလည်းမပြထားသလို Creditလည်းမပေးထားဘဲ ကိုယ်က အဲဒီလူလို ဝင်ခံစားလို့ရအောင် သူမြင်ရတဲ့ပုံစံကနေ ပြသွားတာကလည်း ဒီရုပ်ရှင်ကို ကျွန်တော်တို့နဲ့ ပိုနီးစပ်သွားစေတဲ့ တစ်ချက်ပဲလို့ထင်ပါတယ်။ နောက်နီးစပ်စေတဲ့အချက်ကတော့ အချစ်နဲ့မြစ်ပေါ့။ မြစ်တစ်မြစ်မှာ ရေနှစ်ခါချိုးမရနိုင်ဘူးလို့ ဘယ်လိုပဲဆိုဆို ကျွန်တော်တို့စိတ်တွေကတော့ ဘယ်သောအခါမှ သစ်မလာနိုင်ဘူးမလား။ စိတ်သစ်လူသစ်ဆိုတာ ပုံပြင်ဟောင်းတွေပဲမို့လား။ ဆူကျိုးမြစ်ရုပ်ရှင်ဟာ လူအဟောင်း စိတ်အဟောင်းတွေကို မြစ်အဟောင်းထဲက ရပ်ဝန်းအဟောင်းကိုခေါ်သွားပြီး အဖြစ်ဟောင်းတွေနဲ့ ခင်ဗျားရဲ့မသိစိတ်ထဲက အဟောင်းတွေကို ပြန်တူးဖော်ပေးမယ့်ရုပ်ရှင်ပါပဲ။ အောက်ဖော်ပြပါကတော့ ခင်ဗျားစိတ်ပါရင် တွဲဖက်ခံစားလို့ရမယ့် သီချင်းဟောင်းလေးပေါ့။ ” တစ်ညမက နှစ်ညမက တစ်ညတစ်ည မင်းခွင့်ပြုသလောက်နဲ့ မင်းလင်းလက်သရွေ့ ငါငြိမ်သက်မြဲပါ ” – ခင်ဝမ်း ( မြစ် ) ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(3.5GB) / (1.22GB) Quality__BluRay_1080p, 720p IMDb Rating__7.4/10 Format__mp4 Duration__01:30:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama • Western
7.4 2000 83 mins
Suzhou River
Runaway God of Wealth 3
6

အားလုံးအတွက် ဘဝအမောပြေဖို့ ဟာသကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်… တရုတ်လူမျိုးတွေရဲ့ ဥစ္စာနတ်မင်း ငွေနတ်မင်းကို ကြားဖူးကြမယ်ထင်ပါရဲ့… အခုကားလေးကတော့ ဥစ္စာနတ်မင်းနဲ့ ဆက်စပ်တဲ့ ဇာတ်ကားလေးပေါ့… ဥစ္စာနတ်မင်းကြီးတစ်ယောက် နတ်ဘုံနတ်နန်းမှာ မွေးနေ့ပွဲကြီးကျင်းပချိန်မှာ နိုင်ငံခြား ဥစ္စာနတ်မင်းတို့က လာနှောင့်ယှက်တဲ့အပြင် ဥစ္စာနတ်နန်းကို ကာကွယ်နေတဲ့ ရှန်ကူ (နတ်အရိုး) ပျောက်သွားပြီး လူ့ပြည်က ရေစက်ရှိသူတစ်ဦးဆီရောက်သွားခဲ့တယ်… တစ်ချိန်တည်းမှာပဲ အလုပ်မလုပ်ဘဲ တစ်နေ့တစ်နေ့ ချမ်းသာဖို့ ဥစ္စာနတ်မင်းကိုပဲ တောင်းဆိုနေတဲ့ ဝမ်ကျားချန်တစ်ယောက်လည်း ဥစ္စာနတ်မင်းကို တောင့်တနေခဲ့တာပေါ့လေ… အားလုံးခန့်မှန်းတဲ့အတိုင်းပဲ ဝမ်ကျားချန်ဟာ ရှန်ကူနဲ့ ရေစက်ရှိသူဖြစ်နေပြီး… ဝမ်ကျားချန်ကလည်း ဥစ္စာနတ်မင်းကို ငွေပေးမှ ရှန်ကူပေးမယ်.. ဥစ္စာနတ်မင်းကလည်း လူ့ပြည်ရောက်တော့ အစွမ်းကမသုံးနိုင်နဲ့… တိုင်းတစ်ပါးက ဥစ္စာနတ််မင်းတွေကလည်း တစ်ဖက်လှည့်နဲ့ ရှန်ကူကိုရဖို့ ကြိုးစားပြန်တော့… ကဲ ရှန်ကူကို ဘယ်သူပိုင်နိုင်မလဲ… ဘယ်လို ရယ်သံတွေကြားမှာ စိတ်ဝင်စားစရာ ဇာတ်ကွက်တွေနဲ့ တွေ့မြင်ရမယ်ဆိုတာတော့ ဇာတ်ကားလေးကြည့်ရင်းနဲ့ ရယ်မောရင်း ဘဝအမောဖြေလိုက်ကြပါတော့…

6 2022
Runaway God of Wealth 3
Baragaki: Unbroken Samurai
6.3

Baragaki: Unbroken Samurai (2021) ~ IMDb – 6.3/10, MyDramaList – 7.2/10 ~ ဂျပန်နိုင်ငံရဲ့ Edo era နဲ့ Meiji Restoration က သမိုင်းဖြစ်ရပ်တွေကိုပြောပါဆိုရင် Bakufu (ဘာကူဖူ)၊ Bakumatsu (ဘာကူမာဆု)၊ Shinsengumi (ရှင်းဆန်းဂူမိ) အစရှိတဲ့ နာမည်ကြီးခဲ့တဲ့ အဖွဲ့တွေ၊ တည်နေရာတွေ၊ တိုက်ပွဲတွေ၊ အချိန်ကာလတွေကို လုံးဝကျန်ထားလို့မရပါဘူး။ အဲဒါတွေကို စာပေအနေနဲ့ ခေတ်အဆက်ဆက် ရေးသားထုတ်ဝေမှုများရှိသလို ဖျော်ဖြေရေးအနေနဲ့လည်း ထုတ်လုပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ၊ Anime တွေမနည်းလှပါဘူး။ အဲဒီထဲကမှ တိုကုဂါဝါရှိုးဂန်းခေတ်ကုန်ကာလလို့ ပြောနိုင်တဲ့ ဘာကူမာဆု (၁၈၅၃ – ၁၈၆၇) အတွင်းမှာပေါ်ပေါက်ခဲ့တဲ့ ရှင်းဆန်းဂူမိ အကြောင်းကို Moeyo Ken (1964) နာမည်နဲ့ Ryotaro Shiba (1923-1996) ရေးသားခဲ့တဲ့စာအုပ်တစ်အုပ်ရှိပြီး အဲဒီစာအုပ်ကို အခြေခံရိုက်ကူးထားရာမှာ ရုပ်ရှင်နှစ်ကားနဲ့ စီးရီးသုံးခုရှိပါတယ်။ ဒီ Baragaki: Unbroken Samurai ကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဒုတိယမြောက်ရုပ်ရှင်ကားပါ။ Hell Dogs (2022) နဲ့ Sekigahara (2017) ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Masato Harada ရိုက်ကူးပြီး Jidaigeki (သမိုင်းဆိုင်ရာရုပ်ရှင်ဇာတ်လမ်းတွဲများ) မှာ သရုပ်ဆောင်လေ့ရှိတဲ့ Junichi Okada က ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Hijikata Toshizo (ဟီဂျိကာတာ တိုရှီဇိုး) အဖြစ် သရုပ်ဆောင်ထားပါတယ်။ Baragaki: Unbroken Samurai က ရှင်းဆန်းဂူမိအကြောင်းဆိုတာထက် ရှင်းဆန်းဂူမိရဲ့ ဒုခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဟီဂျိကာတာတိုရှီဇိုးကဘယ်လိုလူစားလဲ… သူကရှင်းဆန်းဂူမိကို ဘယ်လိုရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့သလဲ… ရှင်းဆန်းဂူမိကို သူ ဘယ်လောက်အထိ မျှော်လင့်ထားသလဲ… နောက်ဆုံးအချိန်အထိ ရှင်းဆန်းဂူမိအတွက် သူ ဘယ်လိုတိုက်ပွဲဝင်ခဲ့သလဲဆိုတာတွေကို အဓိကကြည့်ရှုခံစားရမှာဖြစ်သလို ရှင်းဆန်းဂူမိဘယ်လိုပေါ်ပေါက်လာသလဲ… ရှင်းဆန်းဂူမိဆိုတာဘာလဲ… ရှင်းဆန်းဂူမိရဲ့တစ်ခြားခေါင်းဆောင်တွေက ဘယ်လိုအကျင့်ရှိကြလဲ… ရှင်းဆန်းဂူမိရဲ့ နာမည်ကြီးတိုက်ပွဲတွေကဘာလဲ… ရှင်းဆန်းဂူမိဘယ်လိုအဆုံးသတ်သွားသလဲ ဆိုတာတွေကိုလည်း ဟီဂျိကာတာရဲ့အမြင်ကနေ သိရှိရမှာဖြစ်ပါတယ်။ ၂ နာရီခွဲနီးပါးကြာတဲ့ ဒီဇာတ်ကားကို ဖြစ်ရပ်မှန်သမိုင်းကားကြီးဆိုပြီး ပျင်းစရာကောင်းတယ်လို့ ယူဆကြမှာပါ။ ဒါပေမဲ့ ရှင်းဆန်းဂူမိကဒီလိုကြီးပါလား ဒီခေတ်မှာ ဒီလိုတွေ ဖြစ်သွားခဲ့ပါလားဆိုတာကို ခပ်သွက်သွက်ဇာတ်ညွှန်းကြောင့် မပျင်းရိဘဲ သိရှိရမှာဖြစ်ပြီး အိုဗာတင်းမဟုတ်တဲ့သရုပ်ဆောင်မှုတွေနဲ့အတူ ဟီဂျိကာတာတို့ရဲ့ဓားရေးယှဉ်ပြိုင်မှုတွေ၊ တိုက်ပွဲအချို့က ကြည့်နေရင်း ဒါမှမဟုတ် ကြည့်ပြီးတာနဲ့ Kenshin Live-Action ငါးကားစလုံးကို ပြန်ကြည့်ချင်စိတ်ဖြစ်ပေါ်စေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.1GB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 2H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

6.3 2021 148 mins
Baragaki: Unbroken Samurai
Kunlun Kingdom
5.9

စူးစမ်းလေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာ တောင်ပေါ်မှာရှာဖွေလေ့လာရင်း မိစ္ဆာနဂါးကျောက်ဖြစ်ရုပ်ကြွင်းအသက်ဝင်လာတာနဲ့ကြုံခဲ့ရပြီး လေ့လာရေးတစ်ဖွဲ့လုံးဒုက္ခရောက်ခဲ့ကြပါတယ် အဖွဲ့ထဲမှာ လီရှန်းရဲ့မိဘနှစ်ပါးလုံးပါဝင်ခဲ့တာဖြစ်ပြီး နှစ်အတော်ကြာအောင်ထိ လီရှန်းဟာ မိဘတွေရဲ့ဘာသတင်းအစနမှပြန်မကြားခဲ့ရပါဘူး တခြားအဖွဲ့ဝင်များရဲ့ မိသားစုတွေကလည်း လီရှန်းရဲ့မိဘနှစ်ပါးကို လူသတ်တရားခံဆိုပြီးစွပ်စွဲခဲ့ကြပါတယ် မတရားစွပ်စွဲခံရတာကို သက်သေပြနိုင်ဖို့ လီရှန်းတစ်ယောက် ဘယ်လိုစူးစမ်းရှာဖွေမှုတွေလုပ်ရင်း ဘာတွေသိလာရမလဲ ငယ်ငယ်ကတည်းက‌အတူတူကြီးပြင်းခဲ့တဲ့ လုယောင်နဲ့ လောင်ယွီကရော သူငယ်ချင်းအတွက်ဘယ်လို အသက်စွန့်ပြီးကာကွယ်ကြမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရမယ့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

Action • Drama • Thriller • Crime
5.9 2023
Kunlun Kingdom
What Keeps You Alive

မင်္ဂလာနှစ်ပတ်လည် တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ တောအုပ်အစပ်က ရေကန်ကြီးဘေးမှာရှိနေတဲ့ ဘိုးဘွားပိုင်အိမ်လေးဆီကို ဂျူးနဲ့ ဂျက်ကီတို့ စုံတွဲ အလည်အပတ်လာခဲ့ကြပါတယ်။ ရောက်ရောက်ချင်းမှာပဲ ဂျက်ကီရဲ့ အပြုအမူတွေကအရင်လို မဟုတ်တော့ဘဲပြောင်းလဲသွားခဲ့တဲ့အပြင် ဂျူးတစ်ယောက်လည်း ဒီအိမ်လေးမှာပဲဖြစ်ခဲ့တဲ့ အတိတ်ဖြစ်ရပ်ဆိုးတွေကို ပြန်သိလာခဲ့ရပြီး ကြည်နူးဖွယ်စုံတွဲလေးရဲ့ နှစ်ပတ်လည်းအထိမ်းအမှတ် အပန်းဖြေခရီးဟာ ဘယ်လိုပျက်စီးသွားရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ R-rated ဖြစ်ပြီး သွေးထွက်သံယိုပြကွက်တွေအပြင် ကြမ်းတမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် 18 နှစ်အောက် ကလေးတွေမကြည့်သင့်ပါဘူး။ File size…(1.4 GB)/(739 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2018
What Keeps You Alive
Close-Up
8.2

Close-Up (1990) ~ IMDb – 8.2/10, Rotten Tomatoes – 89% ~ အီရန်နယူးဝေ့ဟာ ၁၉၆၄မှာ Hajir Darioush ရဲ့ Serpent’s Skin နဲ့ စခဲ့တယ်။ ၆၅မှာပဲ သူက Social Documentaries နှစ်ကား ထပ်ရိုက်ခဲ့ပြီး Face 75 ကို ရိုက်ခဲ့တယ်။ ဒီရုပ်ရှင်တွေက အီရန်နယူးဝေ့ရဲ့ အုတ်မြစ်တွေလို့ အားလုံးလက်ခံထားကြတယ်။ နောက် Davoud Mollapour ရဲ့ Shohare Ahoo Khanoom ထွက်ပြီး ၁၉၆၉မှာ Dariush Mehrju က The Cow ကို ရိုက်ခဲ့တယ်။ အဲဒီမှာ အီရန်နယူးဝေ့က ခိုင်မာလာခဲ့တယ်။ ၁၉၇၀မှာတော့ Abbas Kiarostami က သူ့ရဲ့ပထမဆုံး ရုပ်ရှင်တို The Bread and Alley ကို ရိုက်ခဲ့တယ်။ အဲဒီနောက်ပိုင်း The Experience (1973), The Traveler (1974) အပါအဝင် တခြားရုပ်ရှင်ပေါင်းစုံ ဆက်တိုက်ဆိုသလို ဆက်ရိုက်ခဲ့တယ်။ ဒါပေမဲ့ Where is the Friend’s Home? (1987) ထွက်ပြီးနောက်ပိုင်းမှပဲ သူ့ကို နိုင်ငံတကာ ပရိသတ်က စလက်ခံခဲ့ကြတယ်။ အဲဒါနဲ့ခပ်ဆင်ဆင် Homework (1989) ဆိုတဲ့ ဒိုကူမန်ထရီတစ်ကားကိုရိုက်ခဲ့တယ်။ Close-Up (1990) ကလည်း ဒိုကူမန်ထရီလိုဖြစ်နေတော့ ဒီကာလမှာ သူ ဒိုကူမန်ထရီ ၂ကားဆက်တိုက်ရိုက်ခဲ့တယ်လို့ပြောရမယ်။ နောက် And Life Goes On (1992) နဲ့ Through the Olive Trees (1994) ကို ဆက်ရိုက်ခဲ့တယ်။ ဒီ၂ကားနဲ့ Where Is the Friend’s Home? (1987) က သူ့ရဲ့နာမည်ကျော် Koker Trilogy ဖြစ်လာခဲ့တယ်။ ဒီ Trilogy က ပြင်သစ်နဲ့ ဥရောပနိုင်ငံတွေမှာ အောင်မြင်ခဲ့တယ်။ နောက်ပိုင်း Taste of Cherry နဲ့ The Wind Will Carry Us တို့လို သူ့မာစတာပိစ်တွေကို ဆက်ရိုက်ခဲ့တယ်။ နောက် Ten (2002) နဲ့ Shirin (2008)… Certified Copy (2010) နဲ့ Like Someone in Love (2012) ကိုတော့ အီရန်ပြင်ပမှာ ရိုက်ခဲ့တယ်။ ၂၀၁၆မှာတော့ ဆုံးပါးသွားခဲ့ပြီး ၂၀၁၇မှာ သူ့ရဲ့နောက်ဆုံးရုပ်ရှင် 24 Frames ထွက်လာခဲ့တယ်။ ဒါက အီရန်နယူးဝေ့အစကနေ စရိုက်ခဲ့သလို အီရန်စီနီမာရဲ့ အခရာတစ်ယောက်ဖြစ်တဲ့ Abbas Kiarostami ရဲ့ ဒစ္စကိုဂရပ်ဖီပါပဲ။ Close-Up (1990) က တကယ့်အဖြစ်အပျက်ကို အဲဒီတကယ့်အဖြစ်အပျက်ထဲက လူတွေနဲ့ ဒိုကူမန်ထရီရိုက်ထားသလိုဖြစ်နေတဲ့ ဒိုကူမန်ထရီမကျ ဖစ်ရှင်မကျ ဒိုကူဖစ်ရှင် ရုပ်ရှင်အမျိုးအစားပဲ။ နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာအယောင်ဆောင်ပြီး မိသားစုတစ်ခုကို လိမ်လည်ခဲ့တဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်ကို ခြေရာကောက်တဲ့အကြောင်း ရိုက်ပြထားတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ရပ်ကို Abbas က စိတ်ဝင်စားစရာကောင်းအောင် Rashomon Effect သုံးပြီး တင်ပြသလို တင်ပြမှုမျိုးနဲ့ တင်ပြသွားခဲ့တယ်။ Abbas အတွက် ဒီကိစ္စက သိပ်တော့မဆန်းလှဘူး။ ကျွန်တော့်အမြင်အရတော့ သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေဟာ ဒိုကူမန်ထရီတွေသာ မဖြစ်နေမယ်။ ရုပ်ရှင်တစ်ခုကိုတင်ပြပုံထက် တကယ့်ဘဝကို တင်ပြပုံနဲ့ အမြဲတူနေလို့ပါပဲ။ တခြားအီရန်ဒါရိုက်တာတွေနဲ့ သူကွဲထွက်နေတဲ့ အဓိကအချက်ကလည်း ဒီအချက်လို့ပဲ မြင်တယ်။ ဒုက္ခကို ဇာတ်နာအောင် တင်ပြမှုများတတ်တဲ့ အီရန်ရုပ်ရှင်တွေထဲ Abbas ကတော့ ဒုက္ခကို တင်ပြပေမဲ့ ဇာတ်ကြောင်းပြောသူတစ်ယောက်အနေနဲ့မဟုတ်ဘဲ ဒီအဖြစ်ကို လိုက်ကြည့်နေတဲ့သူတစ်ယောက်အနေနဲ့ပဲ တင်ပြနေကျပဲ။ ပြောရရင် Abbas ဟာ လောကဓံတွေကို တင်ပြပေမဲ့ ဘယ်တော့မှ အဆိုးသက်သက်နဲ့ အဆုံးမသတ်သွားဘူး။ဒါကိုကလည်း ကမ္ဘာကြီးဆန်နေတာပါပဲ။ 24 Frames လို ရုပ်ရှင်ဟာ သူ့ရဲ့နောက်ဆုံးအဆင့်ဆိုရင် Abbas ဟာ ဒီတစ်လျှောက်လုံးမှာလည်း ရုပ်ရှင်ဟာ သေသပ်လှပစွာတည်ဆောက်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ သူမမြင်သွားဘူးထင်ပါတယ်။ Close-Up (1990)ကလည်း လိမ်လည်မှုတစ်ခု တရားခွင်တစ်ခုကို တင်ဆက်ထားပေမဲ့ အဆိုးအကောင်းတွေအတွက် ဇာတ်ကြောင်းပြောသူဘက်က အကဲဖြတ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ထားတဲ့ ဇာတ်လမ်းမဟုတ်တဲ့ ဇာတ်လမ်း ရုပ်ရှင်မဟုတ်တဲ့ ရုပ်ရှင်လို့ ပြောလို့ရတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 875MB Quality – BluRay 1080p, 720p IMDb Rating – 8.2/10 Format – mp4 Duration – 1H 38Min Genre – Docudrama, Biography, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.2 1990 98 mins
Close-Up
Love , Dream , Game
5.7

အချစ်က ဂိမ်းပွဲတစ်ခုဆိုရင်… ဘယ်သူနဲ့အတူကစားချင်လဲ… စိတ်ကူးပုံဖော်ထားတဲ့ ပြီးပြည့်စုံတဲ့ ချစ်သူရဖို့အတွက် ဆိုးတူကောင်းဖက် လက်တွဲခဲ့တဲ့ ချစ်သူကို လက်လျှော့ရမယ်ဆို လက်ခံနိုင်လား…. လက်ခံနိုင်တယ် ဆိုတဲ့သူတွေ ဒီကားဆက်ကြည့်နိုင်ပါပြီ…. လက်မခံနိုင်ဘူး… ဘယ်သူက ဒီလိုမျိုး ဆိုးတူကောင်းဖက် ချစ်ခဲ့သူကို လက်လွှတ်မှာလဲ ဆိုသူတွေလည်း ဆက်ကြည့်ပြီး အဖြေရှာနိုင်ပါပြီ…. ဒီကားလေးမှာတော့ အနားမှာရှိတဲ့ ချစ်သူကို ငြိုငြင်မှုတစ်သိန်းနဲ့… မျက်နှာပြင်ပေါ်က လိုက်ဖ်လွှင့်သူကိုမှ ရည်းစားတော်ချင်နေတဲ့ ကောင်လေးနဲ့… တီဗီဖန်သားပြင်ပေါ်က မင်းသားကိုမှ ယောက်ျားအဖြစ်ယူချင်နေတဲ့ ကောင်မလေးနှစ်ယောက်ဟာ… သဘောထားကွဲလွဲမှုတွေကနေ လမ်းခွဲဖို့အထိ ဖြစ်လာခဲ့တာပေါ့… တိုက်တိုက်ဆိုင်ဆိုင် အချစ်အိပ်မက်ဂိမ်းကို အတူကစားဖြစ်ခဲ့တယ်… သူတို့ရဲ့ ဆန္ဒမပြည့်ဝသရွေ့ မူလဘဝကို ပြန်မသွားနိုင်ဘူးတဲ့… အချိန်ကလည်း သတ်မှတ်ထားသေးတယ် ၄၈ နာရီတဲ့… နှစ်ယောက်က ပြိုင်ဖက်တွေအဖြစ် သူ့ထက်ငါဦးအောင် မစ်ရှင်ဆောင်ရွက်နိုင်မှလည်း ဆုကြေးကို ပိုင်ဆိုင်ဦးမှာပါတဲ့… ကဲ အချစ်အိပ်မက်ကစားပွဲမှာ… သူတို့စိတ်ကူးထဲက သူတွေနဲ့ပဲ ဖူးစာပါမလား… လက်တွဲဖော်နဲ့ပဲ ရွှေလက်တွဲသွားနိုင်မှာလား…

5.7 2024
Love , Dream , Game
Once Upon a Time in China
5.8

1920-1930 ခုနှစ်ဝန်းကျင်လောက်က ရှန်ဟိုင်းမြို့ကြီးမှာ ဖြစ်ပါတယ်။ မြစ်ကမ်းစပ်မှာ သေတ္တာတစ်လုံးတွေ့ပြီး အထဲမှာ အမျိုးသမီးအလောင်းတစ်လောင်း တွေ့တဲ့အတွက် ရှာဖေးလမ်းရဲစခန်းက တိုင်ကြားမှုကို လက်ခံရရှိခဲ့ပါတယ်။ အင်္ဂလန်က ပညာသင်ပြီး ပြန်လာတဲ့ အမျိုးသမီးစုံထောက်အသစ်စီးမာနန်က ဒီအမှုပို ဦးဆောင်စစ်ဆေးဖို့ တာဝန်ယူခဲ့ပါတယ်။ အထက်က ၅ ရက်အတွင်း အမှုဖော်နိုင်ရမယ်ဆိုတဲ့ ဖိအားကြောင့် စီးမာနန်၊ လော်ချုံးနဲ့ ချန်ခယ်တို့ဟာ အမှုကို ဖြေရှင်းဖို့ သဲလွန်စတွေကို လိုက်ရှာပါတော့တယ်။ အလောင်းကို စစ်လိုက်တော့ သတ်ဖြတ်ပုံသတ်ဖြတ်နည်းက ထူးခြားနေတာကို တွေ့ရှိရပါတယ်။ သေသူရဲ့ ရင်ဘတ်ကို ခွဲစိတ်ဓားနဲ့ သပ်သပ်ရပ်ရပ်ခွဲပြီး နှလုံးကို ထုတ်ထားတာဖြစ်ပါတယ်။ ဒီလို ရက်စက်တဲ့ လူသတ်နည်းမျိုးကို လုပ်နိုင်တဲ့လူက ရှန်ဟိုင်းမှာသိပ်မရှိလှပါဘူး။ မြစ်ဘေးမှာ သေတ္တာထဲက အမျိုးသမီးအလောင်းတွေ ဆက်တိုက်တွေ့ရတဲ့အခါမှာတော့…… စီးမာနန်တို့တစ်တွေ တရားခံအစစ်ကို ရှာတွေ့နိုင်မလား…… တရားခံအစစ်က ဘယ်သူဖြစ်လိမ့်မလဲ…… တရားခံက ဘယ်လိုအကြောင်းကြောင့် အမျိုးသမီးတွေကိုပဲ သတ်ဖြတ်ရတာလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။

5.8 2024
Once Upon a Time in China
Crazy, Stupid, Love.
7.4

Crazy, Stupid, Love. (2011) IMDb Rating (7.4) / Rotten Tomatoes (79 %) Ryan Gosling , Emma Stone တို့အပြင် ဂျာကြီး မိုက်ကယ်စကော့ Steve Carell , Julianne Moore , Aunt May ဖြစ်သူ Marisa Tomei , Lio Tipton , Kevin Bacon စတဲ့သရုပ်ဆောင်ပေါင်းများစွာနဲ့ ဒီဇာတ်ကားက အချစ်ဟာသ ဒရမ်မာရုပ်ရှင်ကားကြီးပါ။ Rating ကောင်းသလို ရုံတင်ဝင်ငွေလဲကောင်းခဲ့ပါတယ်။ ဘတ်ဂျက် သန်း ၅၀ သာ ကုန်ကျခဲ့ပေမယ့် Box office မှာ ၁၄၅ သန်း ပြန်လည်ရရှိတဲ့ထိ အောင်မြင်ခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့ယောက်ျားဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်တော်တော်များများမှာ အိပ်မက်တစ်ခုရှိတယ် ပြီးပြည့်စုံတဲ့ family life တစ်ခုဖန်တီးဖို့ပဲ… ဒါကြောင့်အချစ်စစ်တစ်ခုရှာဖွေတယ် အိမ်ထောင်ပြုတယ်ဒါမှမဟုတ်သင့်တော်တဲ့သူလို့ထင်တဲ့သူနဲ့အိမ်ထောင်ပြုကြတယ်.. ပြီးတော့.. မျိုးဆက်လေးတွေမွေးဖွားရင်း သိပ်တော်တဲ့ကလေးတွေအဖြစ်ပြုစုပျိုးထောင်ဖို့ ကြိုးစားအားထုတ်ကြတယ်… အလုပ်တစ်ဖက် သားသမီးတစ်ဘက်နဲ့ဆိုတော့ လင်မယားအကြားဆက်ဆံရေးကိုမေ့လျော့နေမိတတ်တယ်…. အနုပညာမြောက်လှပါတယ်ဆိုတဲ့ဆိုတဲ့သီချင်းတစ်ပုဒ်တောင်ဖွင့်ဖန်များ ကြားရဖန်များလာရင် ညည်းငွေ့တတ်တဲ့သဘောရှိတယ် ကျွန်တော်တို့ရဲ့နှစ်သက်ခြင်းကို နှစ်သက်ခြင်းကပဲဖျက်ဆီးသွားတတ်တယ်…..အိမ်ထောင်ရေးမှာလည်း ဒီလိုပဲထင်ပါ့ တစ်ယောက်ရဲ့အပြုအမူတွေဟာ နှစ်သက်ခြင်းကြိမ်ဖန်များစွာဆောင်ခဲ့ပေမဲ့ကြာလာတော့ ညည်းငွေ့တတ်တဲ့အဆင့်ရောက်သွားတယ် နှလုံးသားဟာ အဟာရမဲ့လေတော့ ကလေးတွေရဲ့သံယောဇဉ် နှောင်ဖွဲ့ခြင်းအသိအမှတ်ပြုလက်ထပ်စာချုပ်တွေဟာ အဓိပါယ်မဲ့သွားတတ်တယ်…. ကျွန်တော်ပြောတာတွေက ယေဘူယျအမှန်တရားဖြစ်နိုင်သလို ချွင်းချက်အမှန်တရားလည်းဖြစ်နိုင်ပါတယ်…. ဒီကားလေးက ကလေး ၃ယောက်ရှိတဲ့မိခင်နဲ့မိခင်ကြားအဆင်မပြေပုံတွေနဲ့ မြှာပွေတတ်တဲ့ကောင်လေးတစ်ယောက်အချစ်ကြောင့်ပြောင်းလဲသွားတတ်ပုံလေးကိုရိုက်ပြထားတာပါ….. ဂျာကြီးမိုက်ကယ်စကော့ဖြစ်တဲ့ Steve Carell ကြောင့် ရယ်နေရသလို Ryan Gosling , Emma Stone တို့ရဲ့ ရိုမန့်လေးနဲ့လဲ ချစ်ကြည်နူးစရာလေးတွေပါတာမလို့ ရသစုံလက်လွတ်မခံသင့်တဲ့ကားပါ။

7.4 2011 118 mins
Crazy, Stupid, Love.
The Yellow Duck El Batta El Safra
5

The Yellow Duck (2023) IMDb Rating (5.0) ဒါရိုက်တာ Essam Nassar စီစဥ်ရိုက်ကူးပြီးတော့ IMDb rating 5 ရရှိထားတဲ့ ဒီဇာတ်ကားကတော့ Romantic Comedy ရုပ်ရှင်အမျိုးအစားပါ။ ငွေကြေးလိုအပ်မှုကြောင့် အတူမနေရတဲ့ စုံတွဲဟာ သူတို့ကြားထဲမှာ တဖြည်းဖြည်းနဲ့ အနေအေးလာကြပါတယ်။ သဘောထားတွေ မတိုက်ဆိုင်ကြတော့ဘဲ တနေ့တော့ အမျိုးသမီးဘက်က ခဏ ခွဲနေဖို့ပြောလာရတဲ့အထိပါပဲ။ အဲဒီကနေမှ တဖြည်းဖြည်းနဲ့ အမျိုးသမီးဘက်က သူ့ကို အကိုကြီးလိုပဲ သဘောထားလာတဲ့အခါမှာတော့ တစ်ဖက်မှာ ဝါဖစ်ခ်က စွန့်စားရမှာတွေ ရှိလာပါတယ်။ ဒီစွန့်စားစရာတွေကပဲ သူ့ကို ပြန်ပြီးတော့ ရှင်သန်လာစေပါတော့တယ်။ သူ့ကို စိတ်လှုပ်ရှားတတ်တဲ့သူ ပြန်ဖြစ်လာစေပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(2.3 GB) / (830 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:36:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thy Santa

Family • Drama
5 2023
The Yellow Duck El Batta El Safra
#Single
6.6

SINGLE (2025) စင်ဂဲလ် (၂၀၂၅) ဒီကားလေးကတော့ IMDb 6.8 ရထားတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ရည်းစားအပြိုင်ရှာကြတဲ့ အချစ်ဟာသကားလေးပဲဖြစ်ပါတယ်.. ဇာတ်လမ်းအစမှာတော့ အာရာဗင်နဲ့ဗီဂျေးသူငယ်ချင်းနှစ်ယောက် ဘုရားကျောင်းသွားပြီး အာရာဗင်က ချစ်သူရရှိရေးအတွက်ဆုတောင်းနေခဲ့ပါတယ် .. ဘုရားကျောင်းကအပြန်မှာတော့ မထင်မှတ်ထားတဲ့အဖြစ်အပျက်နဲ့ကြုံခဲ့ရပါတယ်.. ဘဝတစ်လျောက်လုံး ရည်းစားမရကြတဲ့သူငယ်ချင်းနှစ်ယောက် .. အခုအချိန်မှာ ဗီဂျေးက ဂါယာထရီလိုခေါ်တဲ့ကောင်မလေးနဲ့ အာရာဗင်ကိုမိတ်ဆက်ပေးဖို ရထားဘူတာကိုခေါ်သွားခဲ့တယ််.. ဗီဂျေးကောင်မလေးရသွားတော့ အာရာဗင်တစ်ယောက်ဘယ်လိုခံစားရမလဲ.. အာရာဗင်တစ်ယောက် ဂါယာထရီနဲ့တွေ့ရင် ဘာအလွဲတွေဖြစ်ဦးမလဲ … အာရာဗင်ကရော တောင်းထားတဲ့ဆုနဲ့ပြည့်ပြီး ချစ်သူလေးရသွားမှာလား.. ဗီဂျေးကရော ဂါယာထရီနဲ့ လက်တွဲတွေမြဲကြမှာလား .. ဒီကားလေးမှာအာရာဗင်နဲ့ ဗီဂျေးသူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဟာသလေးနှောကာ ခံစားရမှာဖြစ်ပါတယ် လူငယ်တွေကြားမှာ ဖြစ်လေ့ရှိတဲ့ ကောင်လေးနဲ့ကောင်မလေးကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းဟာသလေးတွေ .. သူငယ်ချင်းအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဘယ်လိုရည်းစားရအောင်ကူညီပေးရင်း တလွဲတွေဖြစ်သွားမလဲ… ဇာတ်လမ်းထဲမှာပါတဲ့ သူငယ်ချင်းနှစ်ယောက် နောက်ဆုံးမှာ လူလွတ်ဘဝကကျွတ်ပြီး အချစ်စစ်ကိုရှာတွေ့သွားမလား ကျန်ရစ်တွေပဲဖြစ်သွားမလား ဒီအချစ်ဟာသဇာတ်ကားလေးမှာ ကြည့်ရှူပေးကြပါဦး အညွှန်းတဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်

Horror • Comedy
6.6 2025 127 mins
#Single
The Butterfly House aka Pernikahan Arwah
6.7

The Butterfly House (2025) IMDb – 7/10 အင်ဒိုသရဲကား ကြိုက်နှစ်သက်သူတို့အတွက် Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ အသစ်ထွက်အင်ဒိုဟော်ရာရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ တာစ်ယာနဲ့ ဆာလင်မ်တို့က မင်္ဂလာဆောင်ဖို့ပြင်ဆင်နေကြတဲ့ ချစ်သူစုံတွဲ။ စေ့စပ်ပွဲအပြီး ဟောင်ကောင်မှာမင်္ဂလာဦးအကြိုဓာတ်ပုံရိုက်ဖို့စီစဉ်ထားပေမဲ့ ဆာလင်မ်ရဲ့တစ်ဦးတည်းသောဆွေမျိုးဖြစ်တဲ့ အဒေါ်ဖြစ်သူဆုံးပါးသွားခဲ့တယ်။ ဒီမှာပဲ ဟောင်ကောင်သွားဖို့ အစီအစဉ်ကိုဖျက်ပြီး နယ်မြို့လေးက အဒေါ့်အိမ်ဟောင်းကြီးမှာပဲရိုက်ကြဖို့ဆုံးဖြတ်လိုက်ကြတာပေါ့။ ဒါပေမဲ့ နယ်မြို့လေးက အဒေါ့်အိမ်ကိုရောက်တဲ့အချိန်မှာတော့ အိမ်ကြီးက တာစ်ယာ့အိပ်မက်ဆိုးထဲမှာ မြင်တွေ့ဖူးနေတဲ့ အိမ်ကြီးဖြစ်နေတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ KKKZ ~ Zwe ~ Cherryတို့ဖြစ်ပါတယ်)

Drama
6.7 2025 101 mins
The Butterfly House aka Pernikahan Arwah