YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Third.Marriage.2023.EP57.WEB-DL.1080P(CM).mp4

519.98 MB N/A video/mp4 55 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Captain Fantastic
7.9

ဘန်နဲ့ သူ့ရဲ့အမျိုးသမီး လက်စလီတို့ဟာ မြို့ပေါ်မှာမနေတော့ဘဲ တောထဲမှာသွားရောက်နေထိုင်ပြီး သဘာဝအတိုင်း ခေတ်မီပစ္စည်းတွေမသုံးဘဲနဲ့ ရှင်သန်နေထိုင်ဖို့ရွေးချယ်ခဲ့ပါတယ်။ သူတို့သားဦးလေးငယ်စဉ်ကတည်းက မြို့ကနေထွက်လာခဲ့ကြပြီးတော့ ကလေး ၆ ယောက်ရတဲ့အထိ အားလုံးကိုတောထဲမှာပဲ ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ ကလေးတွေကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်အောင်၊ တိုက်ခိုက်တတ်အောင် တောထဲမှာပုံမှန်လေ့ကျင့်ပေးပြီး စာပေပညာရပ်အားလုံးကိုလည်း သူတို့ကိုယ်တိုင်ပဲသင်ပေးခဲ့ကြပါတယ်။ ကလေးတွေက နည်းပညာ၊ ခေတ်မီပစ္စည်းအသုံးအဆောင်ဘာဆိုဘာမှ သုံးခွင့်၊ သိခွင့်မရကြပါဘူး။ တောထဲမှာပဲနေရင်း သဘာဝအလှအပတွေခံစားတတ်အောင်လေ့ကျင့်ပေးခံခဲ့ရပါတယ်။ တစ်နေ့မှာတော့ နဂိုကတည်းက စိတ်ရောဂါအခံရှိတဲ့သူတို့အမေ လက်စလီဟာ မြို့ပေါ်ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ လက်စလီရဲ့အဖေက သူ့ရဲ့သမီးနဲ့ဘန်တို့တောထဲမှာနေဖို့ဆုံးဖြတ်ခဲ့တာကို အလွန်စိတ်ဆိုးခဲ့တဲ့အတွက် ဘန့်ကို လက်စလီဈာပနပွဲကို တက်ခွင့်မပြုဘူးလို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီးမြို့ပေါ်သွားပြီးဆေးကုရင်းနဲ့ သေဆုံးသွားတဲ့မိခင်ကို ကလေးတွေကလွမ်းနေကြပြီးတော့ ဈာပနပွဲသွားလိုစိတ်ပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘန့်အနေနဲ့ သူတို့ကလေးတွေကို ပုံမှန်ကမ္ဘာကြီးထဲကို ပထမဆုံးခေါ်သွားရပါတော့တယ်။ တကယ့်ကမ္ဘာအစစ်ထဲကိုရောက်တဲ့အခါမှာ ကလေးတွေက သူတို့ကြီးပြင်းခဲ့ရတဲ့ပုံတွေကို စိတ်ကျေနပ်မှုရှိရဲ့လား၊ ဘန်နဲ့လက်စလီတို့ ကလေးတွေကိုလေ့ကျင့်သင်ပြပေးထားတာတွေက သူတို့လေးတွေ တကယ့်ကမ္ဘာမှာရှင်သန်ဖို့ တကယ်လက်တွေ့အသုံးဝင်ရဲ့လား၊ ဘန်ကိုယ်တိုင်ကရော ဖခင်တစ်ယောက်အနေနဲ့ သူ့ကိုယ်သူမှန်တယ်လို့ ဆက်ထင်သေးရဲ့လားဆိုတာတွေကို လွမ်းဆွေးဖွယ်ရိုက်ပြထားတဲ့ ဒရာမာကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(2.3 GB)/(1.1 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

Drama • Mystery • Science Fiction • Thriller
7.9 2016 118 mins
Captain Fantastic
John Carter
6.3

WALL-E , Finding Dory ,Toy Story တို့လို Animation ကောင်းတွေရိုက်ကူးတတ်တဲ့ ဒါရိုက်တာ Andrew Stanton ရဲ့ Live Action ဇာတ်ကားဖြစ်ပါတယ်။ Walt Disney က ထုတ်လုပ်ထားတာဖြစ်ပြီး Action Scene တွေ မိုက်တာကြောင့်ရယ် မားစ်ဂြိုဟ်ပေါ်က ရှုခင်းတွေရယ် ထူးဆန်းတဲ့အကောင်ဗလောင်တွေရယ်ကြာင့် ဒီဇာတ်ကားက ကြည့်ဖူးသူတိုင်း အမှတ်ရမိတတ်တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... ဂျွန်ကာတာဆိုသူဟာ အမေရိကန်ပြည်တွင်းစစ်တုန်းက ပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ပေါ့...သူဟာ အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့် အခုချိန်မှာ အပူမရှာဘဲ အေးအေးဆေးဆေး နေချင်တဲ့ သူတစ်ယောက်ပေါ့။ ဒါပေမယ့် အေးဆေးမနေရဘဲ သူ့ကို စစ်မှုပြန်ထမ်းခိုင်းရာကနေစပြီး သူ့ဘဝကိုလုံးဝပြောင်းလဲသွားစေတဲ့ ဖြစ်ရပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ သူဟာ စစ်ပွဲထဲမှာ အင်ဒီးယန်းလူနီတွေရဲ့ လက်ကလွတ်မြောက်ဖို့ ပုန်းအောင်းရာကနေ ဂူတစ်ခုထဲမှာ ထူးဆန်းတဲ့ လူတစ်ယောက်နဲ့တွေ့ပါတယ် အဲ့လူ ရွတ်ဆိုတဲ့ ဂါထာကို သူပါ ရွတ်ဆိုလိုက်တဲ့အခါမှာ ရုတ်တရက်မေ့မျောသွားပါတော့တယ်။ သူပြန်သတိရတဲ့ အချိန်မှာတော့ သူဟာ ဂြိုဟ်လိုလို နေရာတစ်ခုကိုရောက်နေပြီး အလွန်ထူးဆန်း အံ့အားသင့်စရာတွေနဲ့အတူ ထူးဆန်းတဲ့သတ္တဝါတွေ မျိုးနွယ်စုတွေ နဲ့ အတူ သူဟာ ကမ္ဘာပေါ်မှာ မဟုတ်တော့ဘူးဆိုတာ သိလိုက်ရပါတော့တယ်....။ သူရောက်သွားတာက ကမ္ဘာနဲ့ဘာမှမဆိုင်တဲ့နေရာတစ်ခု..... သူရောက်နေတဲ့နေရာ မျိုးနွယ်စုတွေရဲ့ အရှုပ်အထွေးကြားထဲမှာ ညှပ်ပါရင်း သူတို့ ကြားထဲမှာ လူထူးဆန်းဖြစ်နေတဲ့ ကာတာ တစ်ယောက် ဂြိုဟ်ပေါ်က အရှုပ်အထွေးတွေကို ထိပ်တိုက်ရင်ဆိုင်ရပါတော့မယ်။ အိမ်ကိုချစ်တဲ့ ဂျွန်ကာတာ တစ်ယောက် ရွှေကို ချစ်တဲ့ ဂျွန်ကာတာ တစ်ယောက်အိမ်ရောက်အောင်ဘယ်လိုပြန်မလဲ .....ကမ္ဘာမြေကြီးဆီ ပြန်ရောပြန်ချင်သေးရဲ့လား ဆိုတာတွေကို စိတ်ဝင်စားဖွယ် ရှုခင်းရှုကွက်တွေအပြည့်နဲ့ ကြည့်ရှုခံစားရမှာပါ။ Color Regrade Version နဲ့ ပြန်လည်တင်ဆက်ထားတာမလို့ Action,Adventure ပရိတ်သတ်တွေ လုံးဝလက်လွတ်မခံသင့်ပါကြောင်း။ File size…(3.2 GB)/(1.5 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….02:12:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Adventure • Family • Science Fiction
6.3 2012 132 mins
John Carter
The House of Secrets
4

အန်တီဆာရာက နှစ်ပေါင်းများစွာ မတရားဖမ်းဆီး အကျဥ်းချခံထားရတာကို လွတ်မြောက်လာပြီးနောက် သူ့ကိုစောင့်ရှောက်ပေးနေတဲ့ မိသားစုဝင်တွေနဲ့ သူ့ရဲ့ဆရာဝန်ကပြောပြတဲ့ သူ့ရဲ့ အတိတ်အကြောင်းအရာတွေကိုလည်း မမှတ်မိနိုင်ဖြစ်နေပြီးတော့ ဆရာဝန်ပြောသမျှကိုလိုက်နာရင်း သူမကိုစောင့်ရှောက်ပေးနေတဲ့မိသားစုဝင်တွေနဲ့ အတူတူပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာပဲဖြစ်ပါတယ်။ လက်ရှိ ခြေထောက်ဒဏ်ရာကြောင့် ဝှီးချဲပေါ်မှာပဲ အချိန်ကုန်နေရတာကြောင့် အိမ်နီးချင်းစုံတွဲအကြောင်းကိုပဲ စောင့်ကြည့်ပြီး ဝတ္ထုရေးသားနေတဲ့ အန်တီဆာရာတစ်ယောက် သူ့မိသားစုဝင်တွေကရော သူ့ရဲ့အမှန်တကယ်မိသားစုဝင်တွေဟုတ်ရဲ့လား သူ့ရဲ့ဆရာဝန်ကရော သူ့အတွက်တရားမျှတမှုရအောင်လို့ သူ့အတိတ်အကြောင်းကိုသတိရအောင်ကူညီပေးနေတာလား ဒါမှမဟုတ်အခြားရည်ရွယ်ချက်နဲ့လား သူကိုယ်တိုင်မှတ်မိရမှာအရမ်းကြောက်နေတဲ့ သူ့ရဲ့အတိတ်အကြောင်းကကောဘာလဲ ဆိုတာကို လှည့်ကွက်တွေအများကြီးနဲ့ စိတ်ဝင်တစားကြည့်ရမှာပဲဖြစ်ပါတယ် လှည့်ကွက်တွေ တစ်ခုပြီးတစ်ခုနဲ့ ဇာတ်အိမ်တည်ထားတာမို့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်း မှုခင်းဇာတ်လမ်းတွေကို စိတ်ဝင်စားတဲ့သူတွေအတွက် ဇာတ်ကားကောင်းတစ်ခုပါ

Comedy • Crime
4 2023 119 mins
The House of Secrets
Nobody But You
5.9

ချစ်သူကို လက်ထပ်ခွင့်တောင်းရာမှာ မအောင်မြင်တဲ့နောက် မိသားစုရှိရာဇာတိမြေ ချန်တူးမြို့ကို ပြန်လာတဲ့ ချင်ဟွားရှန်း သစ္စာဖောက်တဲ့ချစ်သူကို ရိုက်မှုနဲ့ ထောင်ဒဏ်တစ်နှစ် ကျခံရပြီးတဲ့နောက် ထောင်ကပြန်လွှတ်လာတဲ့ လင်ဝန့် မိသားစုစီးပွားဖြစ်တဲ့ ဟော့ပေါ့လုပ်ငန်းကို ဆက်ခံဖို့အတွက် အရင်အိမ်ထောင်ပြုရမယ်လို့ ပြောနေတဲ့ ဖခင်ဖြစ်သူကြောင့် ချစ်သူအဖြစ်ဟန်ဆောင်ပေးမယ့်မိန်းကလေးကို ရှာရင်း ချင်ဟွားရှန်းတစ်ယောက် လင်ဝန့်နဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ပြီး သူ့ချစ်သူအဖြစ် ၃ ရက်ကြာ ဟန်ဆောင်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ် ဒါပေမဲ့ ချင်ဟွားရှန်းရဲ့ မိသားစုဆီ ရောက်သွားတဲ့အခါမှာ တစ်ဆွေတစ်မျိုးလုံးကို လင်ဝန့်ကို ဝိုင်းချစ်ကြတဲ့အပြင် မထင်မှတ်ဘဲ လင်ဝန့်မှာ ကိုယ်ဝန်ရှိနေတယ်လို့ပါ အထင်လွဲသွားပါတော့တယ် ဒီလိုနဲ့ အားလုံးအဆင်ပြေနေတဲ့အချိန် ရည်းစားဟောင်းတွေက သူတို့ဘဝထဲကို ပြန်ရောက်လာကြတဲ့အခါ ချင်ဟွားရှန်းနဲ့ လင်ဝန့်တို့ နှစ်ဦးပေါင်းဖက်ရပါ့မလားဆိုတော့ ဒီဇာတ်ကားလေးမှာ ဆက်လက်ရှုစားကြပါဦး

5.9 2023
Nobody But You
Bad CGI Gator

ဒီတစ်ခါမှာတော့ကြည့်ရှုသူပရိသတ်ကြီးကို ဇာတ်ညွှန်းရေးဆရာZalman ရေးဖွဲ့ထားပြီး ဒါရိုက်တာ Danny Draven ကရိုက်ကူးပုံဖော်ထားတဲ့ Bad CGI Gator ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားက နွေရာသီအားလပ်ရက်အပန်းဖြေခရီးထွက်လာကြတဲ့ ကောလိပ်ကျောင်းသား ခြောက်ယောက်အပန်းဖြေခရီးထွက်လာကြပုံကို ဇာတ်အိမ်တည်ထားပြီး မင်းသားMichael Bonini နဲ့မင်းသမီး Maddle Lane တို့တစ်တွေ ပါဝင်အားဖြည့် သရုပ်ဖော်ထားပါတယ် ဇာတ်လမ်းအစမှာ ဆမ်တို့သူငယ်ချင်းတစ်တွေ ချက်ဒ်ရဲ့ဦးလေးအိမ်ကို နွေရာသီအားလပ်ရက်အပန်းဖြေခရီးထွက်လာကြပုံနဲ့ အစပျိုးထားပြီး ဇာတ်လမ်းက ပိုင်စ်လေ့ လို့ခေါ်တဲ့ တစ်တော့ဆယ်လီ ဖြစ်ချင်နေတဲ့ သူငယ်ချင်းမလေးတစ်ယောက်က ကျောင်းသုံးလက်တော့ပ်တွေကို အောင်မြင်ကျော်ကြား နာမည်ကြီးဖို့အတွက် ရေကန်ထဲကိုလွှင့်ပစ်လိုက်ရာကနေ မထင်မှတ်ဘဲ ဧရာမလူသားစားမိကျောင်းကြီးအဖြစ် ပြောင်းလဲသွားရာကနေ စပါတယ် အဲ့နောက် ဘာတွေဆက်ဖြစ်ကြမလဲ သူတို့တွေကရော ဒီမိကျောင်းကြီးကို ကိုင်တွယ်ဖြေရှင်း နိုင်ပါ့မလား ဒီမိကျောင်းကြီးလက်ကနေ အသက်ရှင်လျက်လွတ်မြောက်နိုင်ပါ့မလား ဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စီးမျောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက Comedy&Horror အမျိုးအစားကိုမှကြည့်ရှုရတာ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ကြည့်ချစ်ပရိသတ်တွေ အလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်…. File size…1.34GB / 706MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….58m Genre ….. Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

0 2023
Bad CGI Gator
Leave the World Behind
6.7

Leave the World Behind (2023) ~ IMDb – 6.7/10, RT – 74%, Meta – 68% ~ ကမ္ဘာပျက်နေချိန်မှာ အသက်ရှင်ဖို့ကြိုးစားရတဲ့ ရုပ်ရှင်အမျိုးအစား နောက်တစ်ကားပါပဲ။ ဒီကားကတော့ အက်ရှင်မဟုတ်ဘဲ ဆိုက်ကို သည်းထိပ်ရင်ဖိုအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအဆုံးမှာတောင် အဖြေကို ရှာတွေ့သလို မတွေ့သလိုနဲ့ ပဟေဠိဆန်ဆန်ရိုက်ထားတဲ့ကားမျိုးပါ။ Mr. Robot စီးရီးရဲ့ ဖန်တီးရှင် Sam Esmail က ရိုက်ကူးထားပြီး နာမည်ကြီး မင်းသားမင်းသမီးတွေဖြစ်တဲ့ Julia Roberts, Mahershala Ali, Ethan Hawke တို့လို ဆရာကြီးတွေ ပါဝင်ထားပါတယ်။ Kevin Bacon ကတောင် ဝင်ပြီးအားဖြည့်ပေးထားပါသေးတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ လင်မယားနှစ်ယောက် သားတစ်ယောက်နဲ့ သမီးတစ်ယောက်ဟာ ကျေးလက်အိမ်တစ်လုံးငှားပြီး အပန်းဖြေဖို့ထွက်လာကြပါတယ်။ အငယ်ဆုံးသမီးလေးက FRIENDS တီဗီစီးရီးကို အသည်းအသန်စွဲလမ်းနေတဲ့သူဖြစ်ပြီး ဇာတ်သိမ်းပိုင်းကို အားလပ်ရက်မှာ ကြည့်ဖို့ အားခဲ့ထားတာပါ။ ဒါပေမဲ့ အပန်းဖြေအိမ်ကိုရောက်ရောက်ချင်းမှာပဲ ဖုန်းလိုင်းတွေ အင်တာနက်တွေအကုန်ပြတ်တောက်သွားပြီး ညအချိန်မတော်ကြီးမှာ အိမ်ရှင်သားအဖကပါ မြို့ပေါ်ကနေ သူတို့အိမ်ကို ပြေးလာခဲ့ပါတယ်။ အိမ်ငှားတွေနဲ့ အိမ်ရှင်တွေ တစ်ယောက်ကိုတစ်ယောက် သံသယတွေနဲ့ မီးပျက်တာတွေ လိုင်းပျက်တာတွေကို အဖြေရှာဖို့ ကြိုးစားရင်း အသက်ရှင်ဖို့ ကြိုးစားကြရပါတော့တယ်။ အငယ်ဆုံး သမီးလေးကတော့ FRIENDS ဇာတ်သိမ်းပိုင်းကို ကြည့်ဖို့ပဲ တလျှောက်လုံး ကြိုးစားနေပါတော့တယ်။ ချန်နယ်မြန်မာမှာ ကြည့်လို့ ရတဲ့အကြောင်းတောင် ပြောချင်သွားပါတယ်။ ကျန်တာကတော့ ဇာတ်လမ်းအဆုံးမှာ အဖြေတွေပေါ်လာသလို ကိုယ့်အတွေးနဲ့ကိုယ်လည်း ဆက်ပြီးစဉ်းစားလို့ရတဲ့အကြောင်းပဲ ပြောချင်ပါတယ်။ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1.1GB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 2H 18Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

6.7 2023
Leave the World Behind
[18+] Rita
5

ရီတာနဲ့ အာရီယယ်တို့ဟာ ကြင်စဦး ဇနီးမောင်နှံပါ။ ရီတာက တစ်ချိန်တုန်းက ဘားမယ်တစ်ယောက်ဖြစ်ခဲ့ပြီး အလုပ်သဘောအရထက် ဝါသနာအရကိုထန်တဲ့သူမျိုးပါ။ အဲ့ဒီလိုနဲ့အာရီယယ်နိုင်ငံခြားကိုအလုပ်သွားလုပ်တဲ့အချိန်မှာဟာစလာဖြစ်ပြီး အာရီယယ့်ငယ်သူငယ်ချင်းနဲ့ဖောက်ပြန်ပါတယ်။ နိုင်ငံခြားသွားတဲ့ အာရီယယ်ကလည်းခေသူမဟုတ်ပါဘူး၊ ရောက်ရောက်ချင်းမှာ သူ့အလုပ်ရှင်အမျိုးသားက လိင်တူခြင်းအဓမ္မကျင့်တာကိုခံလိုက်ရလို့ မီးဆိုင်းနဲ့ထုသတ်ဖို့လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဲ့ဒီလိုကျင့်ကြံခံရတာကို သာယာစပြုလာပါတယ်။ ဒီလိုနဲ့အချိန်တန်လို့အာရီယယ်ပြန်ရောက်လာတဲ့အခါမှာ ရီတာ၊ အာရီယယ်နဲ့ သူ့သူငယ်ချင်းတို့ကြားက ဇာတ်လမ်း၊ ဒါ့အပြင် ရီတာရဲ့မောင်ဖြစ်သူကလည်း ဒီဇာတ်လမ်းထဲကိုဝင်ပါလာမှာဖြစ်တဲ့အတွက် သူတို့တွေကြားမှာ ဘယ်လိုဇာတ်လမ်းတွေရှုပ်ကြမလဲဆိုတာကိုရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကအရမ်းသဘာ၀ကျပြီးလက်တွေ့ဆန်ပါတယ်။လင်နဲ့မယားကြား၊မောင်နှမကြား၊ သူငယ်ချင်းအချင်းချင်းကြား ဘယ်သူကဘယ်သူ့ကိုမှအထာမထားပဲဖြစ်ချင်တိုင်းဖြစ်နေကြတဲ့အတွက် အားရစရာပါပဲ။ ( အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_( 2GB)/( 890MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:54:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5 2024 113 mins
[18+] Rita
Miami Bici
6.1

Miami Bici 2020 အညွှန်း ရိုမေးနီးယား Dumb and Dumber ပုံစံဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ 2020 ရိုမေးနီးယားရဲ့ အပေါက်ဆုံးဟာသကားဖြစ်ပြီး ၃ပတ်ဆက်တိုက် လူကြည့်အများဆုံးဖြစ်ခဲ့တာပါ။ Box office မှာလည်း ဒေါ်လာ ၂သန်းခွဲအထိ ပြန်ရခဲ့တာဖြစ်လို့ တော်တော်လေးမိုက်တယ်ပြောရမှာပါ။ ဘီလာနဲ့ ပီစီယူတို့ နှစ်ယောက်က ငယ်ငယ်လေးကတည်းက ဘော်ဒါအရင်း ညီအစ်ကိုအရင်းတွေနေခဲ့ကြတာပါ။ သူတို့အဖေ အမေတွေရဲ့ ရှုပ်ဇာတ်တွေနဲ့ နှစ်ယောက်သား တူတူနေခဲ့ကြပြီး မစို့မပို့ဝင်ငွေလေးနဲ့ ရုန်းကန်နေကြရပါတယ်။ တစ်ရက်ကျတော့ လူကြီးတစ်ယောက်အကူအညီနဲ့ ဟိုမှာ အလုပ်ရှိတယ်ဆိုပြီး သူတို့တွေ မိုင်ယာမီကို လေယာဉ်ပျံကြီးစီးပြီး ရောက်လာကြ‌ပါတော့တယ်။ တောသားမြို့ရောက်လိုမျိုး ရောက်လာကြပြီး ဘယ်လိုရွာလည်ကြမလဲ၊ အင်္ဂလိပ်စာမတောက်တခေါက်နဲ့ ဘယ်လိုတွေ တိုင်ပတ်မလဲ၊ သူတို့ကိုခေါ်တဲ့ ဘော့စ်ကရော လူကောင်းဖြစ်ပါ့မလား အမျိုးစုံကြိုးခုန်ပြီး ကြည့်ရှုလိုက်ရအောင်နော်။ (နှုတ်ကြမ်းသောစကားများ၊ အမြင်မတော်သောအပြုအမူများ အများအပြားပါဝင်သောကြောင့် မိသားစုနဲ့တူတူ မကြည့်ရှုသင့်ပါကြောင်း) အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Crime Quality…. 1080p | 720p File size… 1.9GB | 1.1GB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung Set Encoder ….. Aaron

Adventure • Action • Comedy • Western
6.1 2020
Miami Bici
Dancing Queens
6

အဘွားကလည်း အကမယ် အမေကလည်း အကမယ်ဖြစ်ခဲ့တဲ့ ဒီလန်ရဲ့သွေး‌ကြောထဲမှာ အကကို ချစ်တဲ့သွေးတွေ စီးဆင်းနေတာပေါ့။ ဒါပေမဲ့ အသွေးအသားထဲအထိ အကကိုချစ်တဲ့ဒီလန်တစ်ယောက် အကကို ဘဝထဲက ခေတ္တခဏ ထုတ်လိုက်တဲ့ဆီ ရောက်သွားပါတယ်။ အကြောင်းကတော့ သူ့ရဲ့အမေဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက် အမေနဲ့အမှတ်တရတွေများလွန်းတဲ့ ဒစ္စကိုအကဟာ ပျော်ရွှင်မှုကနေ ဝမ်းနည်းမှုဖြစ်သွားစေလို့ပါပဲ။ အချိန်တွေကြာပေမဲ့ အနာမကျက်နိုင်တဲ့ဒီလန်ကို အဘွားဖြစ်သူက လူရွေးပွဲဝင်ပြိုင်ဖို့ တိုက်တွန်းပေမဲ့ ရက်စွဲမှားကြည့်လို့ ထပ်ပြီးလွဲချော်ခဲ့ပြန်တဲ့ ဒီလန် တစ်ယောက်၊ Dancing Queens ဆိုတဲ့drag show clubမှာ တစ်ပတ် သန့်ရှင်းရေးလုပ်ရဖို့ ဖြစ်လာပါ တော့တယ်။ Dancing Queensကလည်း ရေရှည်ရပ်တည်ခဲ့တဲ့ ကလပ်တစ်ခုပီပီ ခေတ်ရေစီးကြောင်းနဲ့အမီလိုက်ဖို့ အခက်တွေ့နေတာကတစ်ကြောင်း တစ်ဖက်က အက အဖွဲ့ခေါင်းဆောင်ရဲ့ အချစ်ဆုံးသူငယ်ချင်းက ‌ဆုံးသွားတာက တစ်ကြောင်းနဲ့ နာလံမထူနိုင်ဖြစ်နေတာပါ။ ဒီလိုနဲ့ပဲ အကသွေးတွေ ပြန်ကြွလာပြီး drag showဝင်ကဖို့ ဒီလန်တစ်ယောက် ယောက်ျားလေးလိုဟန်ဆောင်ရင်း အဖွဲ့ထဲဝင်ဖို့ ကြိုးစားတဲ့အခါမှာတော့ ဘာတွေဆက် ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ File size…2.17GB / 1.01GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Drama • Thriller
6 2021 110 mins
Dancing Queens
Deception
6

နာမည်ကြီးမင်းသားတွေဖြစ်တဲ့ X-Men မင်းသား Hugh Jackman နဲ့ Ewan McGregor တို့အပြိုင်ပါဝင် သရုပ်ဆောင်ထားတဲ့ Deception ကတော့ Mystery Thriller နဲ့ Drama အမျိုးအစားဖြစ်ပါတယ်။ နယူးယောက်ရဲ့ကော်ပိုရေးရှင်းလုပ်ငန်းကြီးတွေမှာ စာရင်းစစ်အနေနဲ့လှည့်လည်လုပ်ကိုင်နေတဲ့ဂျိုနသန်ဟာ တစ်ရက်မှာ ရှေ့နေဝှိုက်ဆိုသူနဲ့သိကျွမ်းပြီး သူငယ်ချင်းတွေ ဖြစ်သွားခဲ့ပါတယ်။ ဝှိုက်ကတစ်ဆင့် တရားမဝင်လိင်အပန်းဖြေကလပ်တစ်ခုထဲ ရောက်သွားပြီး အက်စ်လို့သာသိရတဲ့ကောင်မလေးတစ်ယောက်ကို တကယ်ချစ်မိသွားခဲ့ပါတယ်။ တစ်ရက်မှာတော့ ဂျိုနသန်နဲ့အက်စ်တို့ရဲ့ဟိုတယ်ဒိတ်တစ်ခုမှာ အက်စ်ကိုပြန်ပေးဆွဲသွားတဲ့အခါမှ ဝှိုက်ဆိုသူဟာ လူလိမ်၊ လူသတ်သမားတစ်ဦးဖြစ်နေမှန်းသိလိုက်ရပါတယ်။ ကုမ္ပဏီကြီးတစ်ခုရဲ့တရားမဝင်ရန်ပုံငွေသန်း ၂၀ ကိုလွှဲပြောင်း မပေးဘူးဆိုရင် အက်စ်ကိုသတ်မယ်လို့ခြိမ်းခြောက်လာတဲ့ အခါမှာတော့ သူချစ်တဲ့အက်စ်ကိုပြန်ရဖို့ ကိန်းဂဏန်းတွေကို ကျွမ်းကျင်ပိုင်နိုင်တဲ့စာရင်းစစ်ဂျိုနသန်တစ်ယောက် လည်လွန်းတဲ့ လူလိမ်ဝှိုက်နဲ့ ဥာဏ်ရည်ပြိုင်ဆိုင်ရပါတော့တယ်။ File size…1.67GB / 756MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 47m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6 2008 107 mins
Deception
Wallace & Gromit: Vengeance Most Fowl
7.9

ဒီကာကွန်းကားလေးကတော့ ခရစ္စမတ်နေ့ကမှထွက်ရှိထားတဲ့ Comedy Adventure Animation ကားလေးဖြစ်ပါတယ်။ ဒီ Wallace and Gromit ဇာတ်ကားဟာ ၂၀၀၅ ခုနှစ်မှာတစ်ကား ၂၀၀၈ ခုနှစ်မှာ တစ်ကားထွက်ရှိခဲ့ပြီးတော့ အခုဒါနဲ့ဆိုရင် Trilogy ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။ သုံးကားလုံး Rating တွေလည်းကောင်းကြတာမို့ ကြည့်လို့ကောင်းမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဝေါလေ့စ်ဟာ တီထွင်သူတစ်ယောက်ဖြစ်တာနဲ့အညီ အိမ်အလုပ်တွေခိုင်းလို့ရမယ့် စက်ရုပ်တစ်ရုပ်ကိုတီထွင်လိုက်ပါတယ်။ သူ့ရဲ့စွမ်းဆောင်ချက်တွေကိုမြင်လိုက်ရတဲ့အိမ်နီးချင်းတွေဟာ စက်ရုပ်ကိုသဘောကျသွားပြီးတော့ သူတို့အိမ်တွေမှာပါလိုက်ပြီးအလုပ်လုပ်ပေးဖို့ ဝေါ့လေ့စ်ကိုတောင်းဆိုလာပါတယ်။ ဒီလိုနဲ့ ဝေါလေ့စ်ဟာ စက်ရုပ်အများအပြားတီထွင်ပြီး လုပ်ငန်းကိုချဲ့ထွင်လိုက်ပါတယ်။ ဒါပေမဲ့ နည်းပညာမှာကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်းပါလာတာကြောင့် ဒီစက်ရုပ်တွေနဲ့အကျိုးဆက်တွေကို ဝေါလေ့စ်နဲ့ဂရိုမစ်တို့နှစ်ဦးသား တွေ့ကြုံရပါတော့တယ်။ ဒီဇာတ်လမ်းကတော့ အားလပ်ရက်မှာ မိသားစုနဲ့အတူပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းမယ့် စွန့်စားခန်း ဟာသကာတွန်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… 1.2 GB / 550 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Adventure / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Htet Aung Lwin

7.9 2024 79 mins
Wallace & Gromit: Vengeance Most Fowl
On the Beach at Night Alone
6.8

On the Beach at Night Alone (2017) ~ IMDb – 6.8/10, RT – 92%, Meta – 80% ~ On the Beach at Night Alone ကို ဟုန်းဆန်းဆူရဲ့ မာစတာပိစ်ကားလို့ ဆိုကြတယ်။ Right Now, Wrong Then ထဲက မင်းသားနဲ့မင်းသမီးဖြစ်ခဲ့တဲ့ Jung Jae-young နဲ့ Kim Min-hee ကိုပဲ သုံးထားတယ်။ သူ့ရဲ့လက်စွဲတော်လည်းဖြစ်ခဲ့ သူ့မိန်းမလည်းဖြစ်တဲ့ Kim Min-hee ကတော့ ဒီတစ်ကားလုံးရဲ့ အခရာပါပဲ။ ပြောရရင် ဒီကားက Right Now, Wrong Then အပြီး သူနဲ့ကင်မင်ဟီးဖောက်ပြန်နေတာကို လူသိသွားပြီးတဲ့နောက် ရိုက်ခဲ့တဲ့ကား။ အဲဒီအခြေအနေကလည်း ဒီကားမှာ ထင်ဟပ်နေတယ်။ ဆိုတော့ အဲဒီအခြေအနေကို သိထားရင်တော့ ဒီကားရော သူ့နောက်ပိုင်းကားတွေရောက အရသာနည်းနည်းပိုရလိမ့်မယ်။ ဒီကားရဲ့မိတ်ဆက်ပွဲမှာပဲ ဟုန်းဆန်းဆူနဲ့ ကင်မင်ဟီးက သူတို့အခြေအနေကို အတည်ပြုပေးခဲ့တယ်။ ဇာတ်လမ်းကလည်း အိမ်ထောင်ရှိတဲ့ဒါရိုက်တာနဲ့ ဖောက်ပြန်ပြီး နာမည်ကျသွားတဲ့မင်းသမီးတစ်ယောက်ရဲ့ စိတ်အခြေအနေနဲ့ ဖြတ်သန်းမှုတချို့အကြောင်းသက်သက်ပဲ။ ဟုန်းဆန်းဆူဟာ ကိုရီးယားဒါရိုက်တာတွေထဲတော့ ရိုးရှင်းမှုနဲ့ အလှတရားကို‌ပေါင်းစပ်တတ်တဲ့ထဲ အကြမ်းဆုံးလို့ပြောရမယ်။ သူ့ကားမှန်သမျှက အင်မတန်ရိုးရှင်းလွန်းလို့ ပုံမှန်ကိုရီးယားပရိသတ်ဆို ပျင်းဖို့ကောင်းလွန်းလို့ စိတ်ပျက်သွားနိုင်တယ်။ ဒါပေမဲ့ ဟုန်းဆန်းဆူဟာ ငြိမ်နေတဲ့လူတွေနဲ့ ငြိမ်နေတဲ့စကားပြောခန်းတွေသက်သက်မှာပဲ အမြဲ စိတ်ရဲ့တစ်လွှာလွှာကို ခွာချပြတတ်တယ်။ ဒါကို ကင်မင်ဟီးရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ပေါင်းစပ်ထားပြီး သူတို့ဆက်ဆံရေးရဲ့ အခရာအကျဆုံးကာလ စိတ်ခံစားချက်အများဆုံးကာလမှာ ရိုက်ခဲ့တာဆိုတော့ မာစတာပိစ်ဖြစ်နေတာလည်း ဆန်းတော့မဆန်းဘူး။ ဒီရုပ်ရှင်မှာ ပြိုလဲနေတဲ့လူတစ်ယောက်ရှိတယ်။ အဲဒီလူနဲ့ သူ့ဘေးကလူတွေရဲ့ သာမန်ညောင်ညစကားပြောခန်းတွေရှိတယ်။ ဒီဘာမှမဟုတ်တဲ့ စကားဝိုင်းတွေနဲ့ ဘာမှဖြစ်မလာတဲ့ဇာတ်ကနေပဲ ဒီရုပ်ရှင်က ခင်ဗျားမှာရှိပြီးသား လောကအမြင်ကိုပိုခိုင်မာစေတာဖြစ်ဖြစ် လောကအမြင်အသစ်တစ်ခုခုရစေတာဖြစ်ဖြစ် ဖြစ်စေနိုင်တယ်။ အဲဒါကိုက ဟုန်းဆန်းဆူရဲ့ အရသာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 870MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 41Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Documentary
6.8 2017 101 mins
On the Beach at Night Alone
Forbidden Fairytale
7.7

Forbidden Fairytale (2025) ************************** IMDb….7.7 ‌(ဒီဇာတ်လမ်းလေးဟာ 19+ အပြောအဆိုတွေ ဇာတ်လမ်းဇာတ်ကွက်တွေကို ကွက်ကွက်ကွင်းကွင်း ထည့်သွင်းပြသထားတာမို့ ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါနော်။) Forbidden Fairytail ဇာတ်လမ်းလေးဟာ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲတဲ့ Romantic comedy ရုပ်ရှင်အမျိုးအစားဖြစ်ပြီးတော့ Choi Si-won. Park Ji-hyun နဲ့ Sung Dong-il တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ နေ့ခင်းဘက်မှာ ဒန်ဘီက ကလေးငယ်များ ကာကွယ်ရေးအဖွဲ့ မှာ မရေမတွက်နိုင်တဲ့ Adult Content တွေကို ဆက်တိုက် ကြည့်ရှုသုံးသပ်ပေးရတဲ့ အလုပ်ကို လုပ်ပြီး ညဘက်မှာတော့ ပုံပြင်ပြိုင်ပွဲအတွက် သူ့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကို သုံးကာ ပုံပြင်တွေကို ရေးပါတယ်။ တစ်နေ့မှာ ကံဆိုးစွာနဲ့ အပြာဝတ္ထုတွေကို ထုတ်ဝေတဲ့ ကုမ္ပဏီက ကိုယ်စားလှယ်ရဲ့ ရှေးဟောင်းကား နောက်ကြည့်မှန်ကို ထိခိုက်အောင် လုပ်လိုက်မိပြီး လျှော်ကြေးအနေနဲ့ Adult Romanceတွေကို ရေးပေးဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒါက သူ့ဘဝအတွက် ကြီးမားတဲ့ အလှည့်အပြောင်းကြီး ဖြစ်လာလိမ့်မယ်လို့ ဒန်ဘီတစ်ယောက် မထင်မှတ်ထားခဲ့ပေ… အဖေ့ကို ကတိ ပေးထားခဲ့တဲ့အတိုင်း အောင်မြင်တဲ့ ပုံပြင်ရေးဆရာမတစ်ယောက် ဖြစ်ချင်ခဲ့တဲ့ ဒန်ဘီတစ်ယောက် ကတိအတိုင်း ဖြစ်လာနိုင်မလား..။ အပြာဝတ္ထုတွေရေးတဲ့ စာရေးဆရာမအဖြစ် ပြောင်းလဲသွားမလားဆိုတာကိုတော့ ဇာတ်လမ်လေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦး..။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Miri ပဲဖြစ်ပါတယ်…) File Size : 2.12GB/ 790MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:49:00 Genre : Action, Thriller, Mystery, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Miri & Hnin Wai Oo Encoded by Tiff

7.7 2025 110 mins
Forbidden Fairytale
ED: Extra Decent
6.2

ED: Extra Decent 2024 (မိသားစုရဲ့ အမှောင်ထု) ဒီဇာတ်ကားလေးကတော့ မလေယာလမ်ဘာသာစကားနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး dark comedy thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ဘီနူဟာ သူ့အစ်ကိုကြီးကို အရမ်းချစ်သူတစ်ယောက်ဖြစ်ပါတယ်။ ငယ်စဉ်အခါတုန်းက ဘီနူတို့ညီအစ်ကို အတူတူ ဆော့ကစားကြရင်း ဘီနူက ဗိုက်ဆာတယ်ပြောလို့ ရှီဘီတစ်ယောက် တစ်ခုခုချက်ကျွေးဖို့လုပ်ရင်း မီးမတော်တဆမှုဖြစ်ကာ မီးလောင်ဒဏ်ရာများနှင့်ပင် ရှီဘီတစ်ယောက်ဆုံးပါးသွားခဲ့ရပါတယ်။ ဒီကိစ္စတွေဖြစ်ပြီးတဲ့အခါမှာ ဘီနူတစ်ယောက် စိတ်ဒဏ်ရာများစွာနဲ့ စိတ်ကျရောဂါကို ခံစားရင်း နေလာခဲ့ရတာပေါ့။ ဖခင်ဖြစ်သူဟာလည်း ဘီနူကို ဘာမှပေးမလုပ်ဘဲ ဟိုဟာဖြင့် မလုပ်တတ် ဒီဟာဖြင့် မလုပ်တတ်ဆိုပြီး အမြဲ ဆူပူကျိန်းမောင်းလျက်ရှိပါတယ်။ ဘီနူတစ်ယောက် အသက်အရွယ်ရလာတဲ့အချိန်ရောက်တော့လည်း အစိုးရစာမေးပွဲကို‌ ဖြေလိုက်တိုင်းကျတာ သတ်မှတ်ထားတဲ့အသက်ကန့်သတ်ချက်ကိုကျော်သွားတဲ့အထိပါပဲ။ ဒီလိုမျိုးနဲ့ပဲ ဘီနူတစ်ယောက်ဟာ ဘဝကို အလုပ်အကိုင်မရှိဘဲ ဖခင်ဖြစ်သူရဲ့ ပြောဆိုနှိမ်ချမှုတွေကိုခံရင်း ဘဝကို အဆင်ပြေသလိုလေး နေလာခဲ့ပါတော့တယ်။ ဘဝကို အဆင်ပြေသလိုလေးနေလာခဲ့ရင်းကနေ ဘီနူတစ်ယောက် သည်းခံမှုတွေ ကုန်ဆုံးသွားတဲ့အချိန်မှာတော့ ………… အစ်ကိုဖြစ်သူရဲ့ သေဆုံးမှုအတွက်နဲ့ ဘယ်လိုတွေ လက်စားချေသွားမလဲ ……. အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နေတတ်တဲ့ ဘီနူတစ်ယောက် ဘယ်လိုပုံစံကိုပြောင်းလဲသွားမလဲ ……. ဆိုတာကို ကြည့်ရှုရမဲ့အပြင် ဟာသနဲ့ ဒရာမာရောနှောပြီး တင်ဆက်ပေးထားတာဖြစ်လို့ ဘောလိဝုဒ်ပရိသတ်ကြီးတို့အတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဆိုလည်း မမှားပါဘူး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Alex ~ Yunni ~ KKKZ ပဲဖြစ်ပါတယ်) File size…1.7 GB / 800 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 2min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ToMo~ Alex ~ Yunni ~ KKKZ

Action • Crime • Drama • Thriller
6.2 2024 122 mins
ED: Extra Decent
The Brave Little Toaster
7.2

ဒီဇာတ်လမ်းက ၁၉၈၇နှစ်ကထွက်ရှိခဲ့တဲ့ Animationကားဖြစ်ပြီး ဇာတ်လမ်းပုံစံထူးခြားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ် ဒီဇာတ်လမ်းက ပေါင်မုန့်မီးကင်စက်၊ရေဒီယို၊ဖုန်စုပ်စက်၊ မီးအိမ်နဲ့ စောင်ကလေးတစ်ထည်တို့ကို အခြေခံထားတာဖြစ်ပါတယ်။ သခင်ဖြစ်သူ ငယ်ငယ်ကတည်းက အတူတူရှိလာတဲ့ အဲဒီအိမ်သုံးပစ္စည်းတွေဟာ သခင်မရှိတော့တဲ့အချိန် တစ်နေ့ သခင်ပြန်လာနိုးနဲ့ အိမ်ဟောင်းလေးမှာပဲစောင့်မျှော်နေခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီအိမ်ဟောင်းလေးအရောင်းစာရင်းတင်ခံလိုက်ရပြီး သခင်ပြန်မလာနိုင်တာသေချာသွားတဲ့နောက် သူတို့ကိုယ်တိုင် သခင်နောက်ကိုလိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အဲဒီလိုနဲ့ပဲအသက်ဝင်နေတဲ့ အိမ်သုံးပစ္စည်းကလေးတွေရဲ့ နယ်အိမ်ကလေးကနေ မြို့ပြကြီးဆီသွားတဲ့ ခရီးကြမ်းမှာ ဘယ်လိုအခက်အခဲမျိုးတွေ စွန့်စားမှု‌တွေနဲ့ ကြုံတွေ့ရမလဲဆိုတာကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size… 2.65 GB / 1.36 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Animation / Adventure / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thaung Htike Zaw

7.2 1987 90 mins
The Brave Little Toaster