YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Terminal List Dark Wolf (2025) S01 E04 1080p WEB-DL [RMC].mp4

906.12 MB N/A video/mp4 35 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Princess Protection Program
6.6

Princess Protection Program (2009) Selena Gomez နဲ့ Demi Lovato တို့ရဲ့ ငယ်ရွယ်တက်ကြွတဲ့ ပုံစံကို ပြန်မြင်ရမယ့် ကားဟောင်းလေးပါ။ Selena ကတော့ ကာတာလို့ခေါ်တဲ့ ငါးစာရောင်းတဲ့ သာမန်အထက်တန်းကျောင်းသူလေးဖြစ်ပြီး Demi ကတော့ ရိုဆလင်ဒါလို့ခေါ်တဲ့ မင်းသမီးတစ်ပါးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ကာတာရဲ့အဖေက ခြိမ်းခြောက်ခံရတဲ့ နေရာအနှံ့က မင်းသမီး‌တွေကိုကယ်တင်တဲ့ နိုင်ငံတကာလျှို့ဝှက်အေဂျင်စီမှာ အလုပ်လုပ်တာပါ။ မင်းသမီးရိုဆလင်ဒါနေတဲ့ ကိုစတာလူနာဆိုတဲ့တိုင်းပြည်က ကျွန်းနိုင်ငံလေးဖြစ်ပြီး သူ့ဖခင်ဘုရင်ကြီးနတ်ရွာစံသွားတဲ့အတွက် မင်းသမီးက နောက်တစ်လနေရင် ဘုရင်မအဖြစ် နန်းတက်ရတော့မှာပါ။ နန်းတက်ပွဲအတွက်လေ့ကျင့်နေချိန်မှာ ဗိုလ်ချုပ်ကိန်းက မင်းသမီးငယ်သေးတာကို အကြောင်းပြပြီး အာဏာသိမ်းဖို့လုပ်ပါတော့တယ်။ ကံကောင်းစွာနဲ့ ရိုဆလင်ဒါအမေစီစဉ်ထားမှုကြောင့် ကာတာ့အဖေက ရိုဆလင်ဒါကို ခေါ်ထုတ်လာနိုင်ပါတယ်။ ရိုဆလင်ဒါကို အေဂျင်စီက လုံခြုံတဲ့အချိန်ရောက်တဲ့ထိ နေရာချပေးဖို့လုပ်ရာကနေ ကာတာတို့အိမ်ကို ၀မ်းကွဲညီအမ ရိုစီအဖြစ်ရောက်လာပါတော့တယ်။ ရိုစီကို သာမန်ဆယ်ကျော်သက်ကောင်မလေးလို နေတတ်အောင် ကာတာက သင်ပေးရင်း ကြုံတွေရတဲ့ အဖုအထစ်လေးတွေ ကျောင်းမှာကြုံရတဲ့အခက်အခဲတွေကို တွေ့ရဉီးမှာပါ။ ကျောင်းကပွဲတွေ ဘုရင်မရွေးတာတွေပါ ကြည့်ရမှာဖြစ်ပြီး နောက်ဆုံးမှာ ရိုစီ သူ့တိုင်းပြည်ကို ပြန်နိုင်အောင် ကြိုးစားပုံတွေကိုပါ အားပေးခံစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.75GB, 1.05GB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 30Min Genre - Comedy, Drama, Family Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Comedy • Romance
6.6 2009 89 mins
Princess Protection Program
The Purge
6.3

ထွက်ပြီးခဲ့တာ ဆယ်နှစ်တောင်ကြာပြီဖြစ်သလို ဒီကားနောက်ပိုင်း ဖြစ်လာခဲ့တဲ့ The Purge Franchise ကြီးရဲ့ အစဆိုတဲ့အတိုင်း အကောင်းဆုံးဖြစ်သလို ကြည့်ပြီးလည်း​ နောက်တစ်​ခေါက်ပြန်ပြန်ကြည့်ချင်​နေတဲ့ ဇာတ်ကား​တွေထဲကတစ်ကားဖြစ်တဲ့ ပထမဆုံး The Purge ကားအကြောင်းကို ထွေထွေထူးထူး ပြောစရာလိုမယ်မထင်ပါဘူး။ ~ ဇာတ်လမ်းအညွှန်း ~ အ​မေရိကန်နိုင်ငံ စီးပွား​ရေးကျဆင်းလာတာ​နဲ့အမျှ ဒုစရိုက်မှု​တွေ ဆင်းရဲမွဲ​တေမှု​တွေ မှိုလို​ပေါက်လာတာကို ဘယ်လို​ဖြေရှင်းရမလဲ ​ခေါင်းခဲ​နေကြတုန်း အဲဒီခေတ် အမေရိကန်ရဲ့ အာဏာပိုင်အစိုးရဖြစ်တဲ့ သူတို့ကိုယ်သူတို့ မျိုးဆက်သစ်တည်ထောင်သူဖခင်ကြီးများ လို့ခေါ်တဲ့ NFFA ပါတီက The Purge ဆိုတဲ့ သန့်စင်ပွဲနေ့လုပ်ဖို့ကိုစဥ်းစားမိသွားကြတယ်။ အဲဒီ​နေ့မှာ ဘယ်ဒုစရိုက်မှုလုပ်လုပ် ရဲအဖမ်းမခံရတဲ့​နေ့မျိုး​ပေါ့။ လူချမ်းသာ​တွေက​တော့ ​ငွေနဲ့အကာအကွယ်ယူလို့ရ​​ပေမယ့် ဆင်းရဲတဲ့သူ‌တွေ၊ အသက်ကြီးတဲ့သူ​တွေ၊ ပစ်ပယ်ထားခံရတဲ့သူ​တွေက​တော့ အဲဒီ​နေ့ရဲ့ ပစ်မှတ်​တွေ​ပေါ့။ အဲဒီလို နိုင်ငံနဲ့တဝန်း အကန့်အသတ်မရှိ လူသတ်နိုင်တဲ့ လူမဆန်တဲ့နေ့ကြီးကို လုပ်လိုက်​ပေမယ့် မထင်ထားရ​လောက်​အောင် ဆင်းရဲမှု​တွေ ဒုစရိုက်မှု​တွေနည်းသွားပြီး အလုပ်ဖြစ်သွားတာ​တွေ့ရ​တော့ ​အ​မေရိကန်မှာ ရိုးရာ​နေ့​လေးတစ်​နေ့လို ဖြစ်သွားတာပဲ။ ဒီဇာတ်ကားရဲ့ဇာတ်လိုက်က​တော့ ဂျိမ်းဆိုတဲ့သူ... သူက လုံခြုံ​ရေးစနစ်​တွေကို ​​ရောင်းရင်းချမ်းသာလာတဲ့သူ။ သန့်စင်ပွဲ​နေ့​ကြောင့် သူ့ထုတ်ကုန်​တွေ ​ရောင်းရတာဆို​တော့ သန့်စင်ပွဲ​နေ့ကိုလည်း လုပ်သင့်တဲ့သူလို့ ​ထောက်ခံတဲ့ဘက်​က​ပေါ့။ သူ့မှာ သား​လေးတစ်​ယောက်နဲ့ သမီး​လေးတစ်​​ယောက်ရှိတယ်။ သမီး​လေးက​တော့ ၁၈နှစ်ပြည့်​ပြီး ဘဲတစ်​ယောက်လည်းရှိတယ်။ သား​လေးက​တော့ ငယ်ငယ်​လေးရှိ​သေးတာမို့လို့ ဒီလိုသန့်စင်ပွဲမှာလူ​တွေ ​သေရ​တာမဖြစ်သင့်ဘူးဆိုပြီး အမြဲလိုလိုအကူအညီ​ပေးချင်​နေတဲ့သူ။ ဖြစ်ချင်​တော့ သားဖြစ်သူက သန့်စင်ပွဲ​နေ့ညမှာ အိမ်ရာမဲ့ ​ခြေနှစ်​ချောင်းသားကို ကယ်လိုက်မိပါ​လေ​ရော။ အဲဒီလို ကယ်တင်ပြီး​နောက်ပိုင်း ​ခြေနှစ်​ချောင်းသားကယ်​ကောင်းလား မကယ်​ကောင်းလားဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှူရပါလိမ့်မယ်။ ဒီကားပြီး နောက်ပိုင်းကားတွေက Horror ထက် Action ပိုဆန်လာကြတာမို့ Horror Vibe အပြည့်ပေးနိုင်ခဲ့တဲ့ ဒီကားဟာ The Purge Franchise ကြီးကို Ethan Hawke နဲ့ Lena Headey တို့လို မင်းသား မင်းသမီးအကောင်းတွေသုံးပြီး လမ်းသစ်ဖောက်ခဲ့တဲ့ကားဆို မှားမယ်မထင်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 870MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 25Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Horror
6.3 2013 86 mins
The Purge
Pirates of the Caribbean: Dead Man's Chest
7.3

ဒီတစ်ခါတော့ ကပ္ပတိန်ဂျက်စပဲရိုးတစ်ယောက် အကြွေးဆပ်ဖို့ အချိန်ကျပြီလို့ အသိပေးခံထားရပါပြီ.. ဘယ်သူ့ကို အကြွေးတင်နေတာလဲဆိုတော့ ငရဲက သင်္ဘောသားတွေနဲ့အတူ တစ္ဆေသင်္ဘောကို ရွက်လွှင့်နေတဲ့ ပင်လယ်သရဲကြီး ဒေဗီဂျုန်းဆီမှာပါ ဖျက်ထိုးဉာဏ်ကောင်းတဲ့ဂျက်တစ်ယောက် ပြေးလို့ မလွတ်တဲ့ အနေအထားရောက်နေတာပါ ဒီတော့ သူ့ကိုယ်သူ ကယ်တင်ဖို့ ဂျက်ကြံရဖန်ရပြန်ပါတယ်.. ဝေလ်တန်နာနဲ့ အဲလစ်ဇဘတ်သ်ဆွမ်းဆီကနေ မဖြစ်မနေအကူအညီ ယူမှရမှာပါ သူတို့ကရော ကြည်ကြည်ဖြူဖြူ ကူညီပါ့မလား ... ဒီကြားထဲ ဘယ်လိုအခက်အခဲတွေ ကြုံရလဲ ဂျက်ဘယ်လိုတွေ မဲဆွယ်လိုက်လဲဆိုတာတွေကတော့ ထုံးစံအတိုင်း ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် ဟာသကွက်လေးတွေ တိုက်ခန်းခိုက်ခန်းလေးတွေ ဝေဝေဆာဆာနဲ့ ကြည့်ရမှာပါ ... ဂျက်ရဲ့ အဓိက မစ်ရှင်ကတော့ ဒေဗီဂျုန်းရဲ့ ဖွက်ထားတဲ့ နှလုံးသားကို ရှာဖွေဖို့ပါ ဒေဗီဂျုန်းမှာလည်း နှလုံးသားရေးရာ လျှို့ဝှက်ချက်လေးတွေက ရှိနေပါသေးတယ်... ဒါ့အပြင် ဝေလ်တန်နာတစ်ယောက် ဂျက်နဲ့အတူ ထူးဆန်းပြီး ကြောက်စရာစွန့်စားခန်းကို လိုက်ပေးလိုက်ရတာကိုလည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ကြည့်ရှုရမှာပါ ဒေဗီဂျုန်းရဲ့ တစ္ဆေသင်္ဘောကြီးပေါ်မှာ ဘာတွေ ရှိနေတာလဲဆိုတာလည်း စိတ်ဝင်စားစရာမို့ ဇာတ်လမ်းလေးထဲမှာသာ ကြည့်လိုက်ပါတော့... ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် May Tharaphi Lwin  ကရေးသားပေးထားပါတယ်. File Size :(8.8GB) (2.97GB) and (1.5GB) Quality : Blu-Ray 4K HEVC,1080p 5.1CH,720P Format…mp4 Duration…02:31:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae

Science Fiction
7.3 2006 151 mins
Pirates of the Caribbean: Dead Man's Chest
Vanilla and Chocolate
6.1

Vanilla and Chocolate (2004) ====================== IMDb Rating – 6.1/10 ” ဘီယာဘူးတောင် ကိုယ့်ဘာသာမဖောက်တတ်တဲ့ရှင်….. ကျွန်မ မရှိဘဲဘယ်လိုနေမလဲ ကျွန်မမစဉ်းစားချင်တော့ဘူး “။ မိန်းမကျမ်း ကြေ မိန်းမပွေလွန်းတဲ့ယောက်ျားကို Penelope တစ်​ယောက် မသိ ကျိုးကျွန်ပြုထားရတာ ကြာခဲ့ပါပြီ။ သားသမီး ၃​ယောက်ကိုငဲ့ပြီး သည်းခံလာရသမျှတွေလည်း တစ်နေ့မှာတော့ ရေစီးကမ်းပြိုလိုက် သွားရပါတော့တယ်။ Penelope စိတ်ပျက်ပြီး ထွက်သွားတဲ့အခါမှာတော့ အိမ့်တာဝန် သားသမီးတာဝန်ဆိုလို့ လက်ကလေးတစ်ချောင်းမမဖူးတဲ့ Andrea တစ်ယောက် ရုံးနဲ့အိမ်ကြား တောင်ပြေးမြောက်လိုက်ဖြစ်နေရပါပြီ။ မိသားစုနဲ့ဝေးရာရောက်နေတဲ့ Penelope ဟာလည်း ခင်ပွန်းဖြစ် သူမှားသမျှကို တောင့်ခံလျစ်လျူရှုပေးနိုင်ခဲ့တဲ့ ဝှက်ဖဲလေးအကြောင်း နောက်ကြောင်းပြန်စဉ်းစားမိနေရင်း…… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.7 GB) / (555 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Hnin Wut Yi Encoder……….SWM

6.1 2004
Vanilla and Chocolate
Daliland
6

Dalíland (2022) =========== IMDb Rating – 6.0/10 Salvador Dali..1990 ခုနှစ်တွေရဲ့ အကြီးကျယ်ဆုံးသော ပြင်သစ် ပန်းချီဆရာတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိထိ လည်း ပန်းချီလောကမှာ သူ့ရဲ့ အနုစိတ်တဲ့ စုတ်ချက်တွေ တမူထူးခြားထဲ့ လက်ရာတွေကြောင့် ပြောစမှတ်တွင်ဆဲ ဖြစ်ပြီး၊ Nobel Work 7ဆုထိတောင် ပိုင်ဆိုင်ခဲ့ပါတယ်။ 1904 ခုနှစ်မှာ မွေးခဲ့ပြီး 1989..အသက် 84 နှစ်မှာကွယ်လွန် ခဲ့ပါတယ်..ဒီကားလေးကတော့ Dali ရဲ့ အသက် 70 နောက် ပိုင်းကနေစပြီး သူမဆုံးခင်အထိ သူ့ဘဝရဲ့ နေဝင်ချိန်ကာလမှာ ကြုံတွေ့ရခဲ့တဲ့ အဖြစ်အပျက်တွေ အခက်အခဲတွေကို Docum- entary ဆန်ဆန်ပြန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သိပ်ကို ထူးချွန်လှတဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ စိတ်နေစိတ်ထားအပါ အဝင် အနုပညာသမားတွေဟာ သိပ်ကိုခံစားချက်နုနယ်လှတာ ကြောင့် Dali တစ်ယောက် သူ့ဘဝရဲ့ နေဝင်ချိန်မှာ ဘာတွေဘယ် လိုကြုံတွေခံစားခဲ့ရလဲဆိုတာကိုပါကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(2.2 GB) / (724 MB) / (423 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama Translator…….Thetti Tun Encoder……….SWM

Action • Fantasy • Thriller
6 2022 97 mins
Daliland
Mother, May I?
5.5

၅၂၈ မေတ္တာဆိုတာက ကမ္ဘာပေါ်မှာအကြီးမားဆုံးချစ်ခြင်းမေတ္တာ တရားပဲဖြစ်ပါတယ်။ ဘယ်လိုပဲကိုယ်ဆိုးဆိုး ကိုယ့်မိဘတွေကတော့ကိုယ့်ကို အချစ်စစ်နဲ့ မစွန့်ပစ်သွားပဲချစ်နေတုန်းပါ။ဒါပေမယ့်ဒီကားထဲက အမ်မက်ဆိုတဲ့ သူကတော့ အဲ့ဒီ ၅၂၈ မေတ္တာကိုအပြည့်အဝမခံစားခဲ့ရပါဘူး။သူငယ်စဉ်က သူ့အမေက သူ့ကိုစွန့်ပစ်သွားခဲ့ပြီးသေဆုံးတဲ့အချိန်အထိ သူ့ကိုအဆက်အသွယ် မလုပ်ခဲ့ပါဘူး။သေတမ်းစာထဲမှာသူ့အတွက်အိမ်တစ်လုံးပဲချန်ထားပေးခဲ့ပါတယ်။ ဒီလိုနဲ့ အမ်မက်လဲ သူ့ရဲ့ဇနီးလောင်းဖြစ်သူနဲ့အဲ့ဒီအိမ်ကိုသွားကြည့်ပြီး ရောင်းဖို့အတွက် စီစဉ်ရင်းနဲ့အဲ့ဒီအိမ်မှာခဏတာနေခဲ့ကြပါတယ်။အဲ့ဒီအိမ်မှာက သူ့အမေရဲ့အငွေ့အသက်တွေပြည့်နှက်နေပြီး ခြောက်ခြားစရာလဲကောင်းလှပါတယ်။ အဆိုးဆုံးကတော့ သူ့ဇနီးလောင်းအန်ညာက အိမ်ပြင်မှာမေ့လဲသွားပြီးနောက်ပိုင်း သူ့အမေလိုမျိုးစတင်ပြုမူလာတာပါပဲ။လုပ်ပုံကိုင်ပုံပြောပုံဆိုပုံတွေက အစသူ့အမေနဲ့ တစ်ထပ်တည်းတူနေပြီးတော့ ရေမကူးတတ်ရာကနေ ချက်ချင်းတွေရေကူး တတ်သွားလို့ အမ်မက်တစ်ယောက်လဲရူးချင်သလို ဖြစ်လာပါတော့တယ်။ အဲ့ထက်ပိုဆိုးတာကအဲ့လိုဖြစ်ပြီး သိပ်မကြာခင်မှာပဲချက်ချင်းကြီး အန်ညာ တစ်ယောက်အရင်ပုံစံပြန်ဖြစ်သွားတာပါပဲ။ဒီလိုနဲ့အမ်မက်နဲ့အန်ညာနှစ်ယောက် အဲ့ဒီအိမ်ကြီးထဲမှာဘာတွေဆက်ဖြစ်ကြမလဲ။အဲ့ဒီအိမ်ကြီးထဲမှာရောဘယ်လိုအရာ တွေရှိနေတာလဲဆိုတာကိုကြည့်ရမဲ့စိတ်ကူးယဉ်သည်းထိပ်ရင်ဖိုဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.09GB/ 460MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2023
Mother, May I?
Punit na Langit

Punit na Langit (2023) ကလော်ဒီယာဟာ နယ်မြို့လေးတစ်ခုမှာ စကားမပြောတတ်တဲ့အစ်မဝမ်းကွဲနဲ့အတူ နေထိုင်ပါတယ်။ မနီလာမှာတက္ကသိုလ်ဝင်ခွင့်ရလိုက်တာဟာ သူတို့ဘဝတွေကို ဒီလိုဆင်းရဲတွင်းကလွတ်မြောက်ဖို့လမ်းစတစ်ခုပဲဆိုပြီးတော့ ညီအစ်မနှစ်ယောက်လုံးဝမ်းသာနေတဲ့အချိန်ပါပဲ။ အဲဒီအချိန်မှာ သူတို့မြို့ကို နယ်လှည့်ပွဲဈေးတစ်ခုရောက်လာခဲ့ပါတယ်။ ငွေသိပ်မရှိပေမဲ့ ပွဲဈေးမလည်ရတာကြာပြီဆိုတော့ သူတို့နှစ်ယောက်ထွက်လာခဲ့ရင်း ဒီယေးဂိုးဆိုတဲ့လူငယ်လေးနဲ့တွေ့ခဲ့ရပါတယ်။ ဒီယေးဂိုးက ပွဲဈေးမန်နေဂျာရဲ့အမျိုးဖြစ်ပြီး ငွေမတတ်နိုင်တဲ့သူတို့နှစ်ယောက်ကို ချားရဟတ်အလကားပေးစီးရာက သူ့အစ်မဖြစ်သူဒိုဆာနဲ့ ချစ်ကျွမ်းဝင်သွားခဲ့ပါတယ်။ နောက်ထပ်တွေ့ခဲ့ရတဲ့သူကတော့ ပွဲဈေးမန်နေဂျာဖြစ်တဲ့ ရာဖေးလ် ဆိုသူပါ။ အဲဒီလူက ကလော်ဒီယာကို ပွဲဈေးမှာအလုပ်လုပ်ဖို့ လက်ဆောင်တွေအသွယ်သွယ်နဲ့ ချဉ်းကပ်လာခဲ့ပြီး ကလော်ဒီယာယုံမှတ်လို့ပုံအပ်မိချိန်မှာ တကယ်တမ်း သူ့ဘဝကိုငရဲတွင်းထဲပို့မယ့်သူတစ်ယောက်ဆိုတာ အသိနောက်ကျသွားခဲ့တဲ့နောက်မှာတော့… ကလော်ဒီယာတို့ ဒီငရဲတွင်းကနေ လွတ်မြောက်နိုင်ပါ့မလား… ကူကယ်ရာမဲ့ သူတို့အတွက်ကယ်တင်ရှင်က ဘယ်သူဖြစ်လာမလဲ… Tiffany Grey နဲ့ Apple Dy တို့ကြမ်းကြမ်းရမ်းရမ်းခေါင်းဆောင်ပါဝင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.97GB, 890MB Quality – 1080p, 720p Format – mp4 Duration – 1H 47Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

0 2023
Punit na Langit
Earth Mama
7

Earth Mama (2023) ============== IMDb Rating – 7.0/10 အခုနောက်ပိုင်း ရုပ်ရှင်ကောင်းလက်ရာကောင်းတွေ ဖန်တီးလာတဲ့ A24 စတူဒီယိုရဲ့ နောက်ထပ်လက်ရာကောင်းတစ်ခုဖြစ်ပါတယ်။ လူမည်းအမျိုးသမီး single mom တစ်ယောက်အနေနဲ့ ကလေးစရိတ် မပေးနိုင်တာကြောင့် ကလေးနှစ်ယောက်ကို အစိုးရက အုပ်ထိန်းခွင့် လွှဲပြောင်းဖို့အရေး ကြိုးဆွဲနေရတဲ့ ဘဝတစ်ခုကို မြင်ရမှာဖြစ်ပါတယ်။ ဘဝရဲ့အခက်အခဲတွေ ပတ်ဝန်းကျင်ရဲ့ ဝေဖန်ရိုက်ခပ်မှုတွေကြားက ဘယ်လောက်ပဲ ဆိုးနေတဲ့မိခင်ဖြစ်ပါစေ ကလေးတွေအပေါ်ထားတဲ့ မေတ္တာနဲ့ ကြိုးစားမှုတွေကို အကောင်းဆုံးပုံဖော်ထားတဲ့ ကားကောင်း လေးပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(3.5 GB) / (696 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Thiha Yan Naing Encoder……….SWM

Drama • Horror • Crime
7 2023
Earth Mama
The Prequel of Gold Convoyers: An Urgent Letter
5.8

စုစုပေါင်း ဆယ်ကား တိတိရှိပြီး မင်ခေတ် ကျားကျင်လက်ထပ်မှာ ရှင်ဘုရင်က အရည်အချင်းမပြည့်ဝပဲ အာဏာရှိမူးမတ်တွေက တိုင်းပြည်ကိုပြန်ပြီးဒုက္ခပေးနေကြတယ်။ တိုင်းပြည်ဟာကမောက်ကမနဲ့ ခေတ်ပျက်တစ်ခုကိုရင်ဆိုင်နေရပါတယ်။ ကိုယ်ရံတော်တပ်က ရှေ့ပြေးစာပို့သမားလေးတစ်ယောက်ဟာ ဖေးယွီစစ်ခန်းဆိုတဲ့ လျှို့ဝှက်စစ်ဆင်ရေးတွေတာဝန်ယူရတဲ့တပ်ကိုဝင်ချင်ပေမယ့် သူ့ရဲ့သူတစ်ပါးကိုဂရုစိုက်တဲ့စိတ်ကြောင့် တာဝန်ကိုသာအဓိကထားရတဲ့ ဖေးယွီတပ်ထဲကိုဝင်ဖို့ခက်နေပါတယ်။ တစ်နေ့မှာတော့ သူဟာဓားပြတွေကိုနှိမ်နင်းဖို့အတွက်အရေးကြီးတဲ့မြေပုံတစ်ခုကို အမြန်ပို့ဆောင်ရတဲ့တာဝန်ကျလာပါတယ်။ လမ်းမှာဓားပြတွေနဲ့တွေ့ပြီး ချောက်ကမ်းပါးအောက်ကျသွားပြီး ဒဏ်ရာရတော့ ပို့ဆောင်ရေးအဖွဲ့တစ်ခုကယ်လိုက်ပြီး သူ့ကိုစောင့်ရှောက်ပေးလာခဲ့ပါတယ်။ ဒီလိုနဲ့သူကစီးပွားရေးသမားယောင်ဆောင်ရင်း တာဝန်ကိုပြီးဆုံးအောင်ထမ်းဆောင်ဖို့ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားကတော့ The.Prequel.of.Gold.Convoyersရဲ့ပထမဆုံးကားပဲဖြစ်ပါတယ်။

5.8 2010
The Prequel of Gold Convoyers: An Urgent Letter
Robot Dreams
7.6

Robot Dreams (2023) ~ IMDb – 7.6/10, RT – 100%, Meta – 81% ~ Robot Dreams ကို A24 လိုမျိုး ထုတ်သမျှ သျှမ်းသျှမ်းတောက်အောင်မြင်နေတဲ့ Neon ကနေ ထုတ်ထားတယ်။ လက်ရှိအရတော့ A24 ထက် လက်စောင်းထက်နေတယ်ပြောရမယ်။ Animated Tragicomedy လို့ Genre တပ်ထားပေမဲ့ ဒီရုပ်ရှင်မှာ ကျွန်တော့်အနေနဲ့တော့ Comedy ဆိုတဲ့အပိုင်းကို ဘယ်မှာမှမတွေ့ခဲ့ဘဲ Tragic ဆိုတဲ့ တစ်ပိုင်းနဲ့ပဲ အသတ်ခံလိုက်ရတယ်။ Robot Dreams ဟာ အစကနေ အဆုံးထိ စကားတစ်ခွန်းမှကိုမပြောဘဲကို အပြသက်သက်နဲ့သတ်နိုင်တဲ့ ထူးထူးခြားခြား အန်နီမေးရှင်းကားလို့ဆိုရမယ်။ လက်ရှိအော်စကာမှာ အန်နီမေးရှင်းဆု ဆန်ခါတင် ဝင်ထားတာမို့ ကြည့်ကိုကြည့်မယ်ဆိုရင် ဒီတိုင်းသာ ဆက်ဖတ်မနေဘဲ ဒီတိုင်းသာ ကြည့်လိုက်ပါ။ တော်တော်ကောင်းပါတယ်။ ဘာမှမသိဘဲ ကြည့်ရတာတွေက အမြဲ ပိုအရသာရှိတာပဲမို့လား။ အဖော်စုံနေတဲ့လူတွေကိုကြည့်ရင်း ပိုအထီးကျန်လာတဲ့ ခွေးတစ်ကောင်ကနေ ဒီဇာတ်လမ်းစတယ်။ တိုက်တိုက်ဆိုင်ဆိုင် တီဗီကြော်ငြာမှာ ရိုဘော့အဖော်ဝယ်လို့ရတဲ့အကြောင်းတက်လာတယ်။ ရိုဘော့ မှာလိုက်ပြီး နောက်နေ့မှာပဲ ခွေးဆီ ရိုဘော့လာပို့တယ်။ ဒီလိုနဲ့ ခွေးက ဈေးသွားအတူတူ ရုပ်ရှင်ကြည့်အတူတူ မုန့်စားထွက်အတူတူ ပန်းခြံသွားအတူတူ စားအတူ လာအတူ သွားအတူ ရိုဘော့ အဖော်တစ်ကောင် ရသွားတယ်။ တစ်ခုသော အားလပ်ရက်မှာ ခွေးနဲ့ ရိုဘော့ ကမ်းခြေကို အပန်းဖြေခရီးထွက်လာကြတယ်။ ရေပေါ်ရေအောက် ပျော်လို့ပါးလို့ပေါ့။ ကံဆိုးချင်တော့ ရိုဘော့က သံနဲ့လုပ်ထားတဲ့အရာဆိုတော့လည်း ရေတွေအစိုများပြီး သံချေးကိုက်ပြီး လှုပ်မရတော့ဘဲ သဲသောင်မှာ လှဲနေလိုက်ရတယ်။ ခွေးကတော့ နောက်တစ်နေ့မနက်မှ လာပြန်ကယ်မယ်ဆိုပြီး ကမ်းခြေကနေ ထွက်သွားခဲ့တယ်။ နောက်နေ့မနက် သူလာတော့ ကမ်းခြေဟာ တစ်ရာသီစာ ပိတ်သွားခဲ့ပြီ။ သူလည်းတတ်နိုင်သလောက် ကြိုးစားဝင်ပေမဲ့ ဝင်မရသလို ရိုဘော့ကလည်း သဲသောင်ပေါ် လှုပ်မရရှိနေတုန်းပဲ။ သူတတ်နိုင်တာဆိုလို့ ရာသီကုန်လို့ ကမ်းခြေပြန်ဖွင့်တာကို စောင့်လိုက်ဖို့ပဲ ရှိတော့တယ်။ ဒီနောက်ပိုင်း ကျွန်တော်တို့ကို ရုပ်ရှင်ဟာ ရိုဘော့မရှိတော့တဲ့ ခွေးရဲ့လစ်ဟာခြင်းနဲ့ သဲသောင်ပေါ်မှာ နည်းနည်းမှ မလှုပ်နိုင်ဘဲ အန္တရာယ်ပေါင်းစုံကို ခါးစည်းခံနေရတဲ့ ရိုဘော့တစ်ယောက် အိမ်ကိုပြန်နိုင်ဖို့ ခွေးဆီပြန်နိုင်ဖို့ မက်ခဲ့တဲ့အိပ်မက်တွေကို ဆက်ပြတယ်။ လှုပ်မရနိုင်တဲ့သူ့ကို ဖျက်ဆီးသွားကြသူတွေလည်းရှိခဲ့တယ်။ မျှော်လင့်ချက်ပေးတဲ့အရာတွေလည်းရှိခဲ့တယ်။ နှင်းတွေကျလိုက် နေတွေသာလိုက် အရာရာ တရွေ့ရွေ့ပြောင်းသွားပေမဲ့ ရိုဘော့လုပ်နိုင်တဲ့တစ်ခုတည်းသောအရာက အိမ်အပြန်ကို အိပ်မက်မက်နေဖို့ပဲရှိခဲ့တယ်။ ရိုဘော့က ကမ်းခြေမှာ အိပ်မက်တွေ တစ်ခုပြီးတစ်ခုမက်နေတုန်း ခွေးရဲ့ဘဝမှာလည်း လစ်ဟာမှုတစ်ခုကို မေ့ပျောက်နေအောင် ရှင်သန်နေရင်း သူ့ဘဝထဲ တစ်ခုပြီးတစ်ခု ဝင်လာလိုက်ရင်း ထွက်သွားကြရင်းရှိနေခဲ့တယ်။ အင်္ဂါမစုံတော့တဲ့ ရိုဘော့တစ်ကောင်ကတော့ တစ်ခုသော သဲသောင်ပေါ်မှာပဲ နေ့ပေါင်းများစွာ ကြာရှည်အိပ်မက်နေလျက်ပေါ့။ ~~~ Spoiler Alert ~~~ နွေဦးပေါက်ကို ရောက်လာတဲ့အခါ ရိုဘော့ကို မျောက်တစ်ကောင်က သဲတွေကြားက တူးထုတ်ပြီး သံတိုသံစအဖြစ်နဲ့ အဟောင်းဆိုင်မှာ သွားရောင်းပစ်ခဲ့တယ်။ ခွေးရောက်လာတဲ့အချိန်မှာတော့ အခါနှောင်းသွားပြီး ရိုဘော့ရဲ့ ခြေထောက်တစ်ဘက်ကိုပဲ တွေ့ရတော့တယ်။ ခွေးဟာ ရိုဘော့အနံ့ကိုခံပြီး သဲသောင်ကို နက်သည်ထက်နက်အောင် တူးပြီး ရိုဘော့ကိုရှာပေမဲ့ ရိုဘော့ကို မတွေ့ရတော့ဘူး။ တစ်နေ့မှာ ကြောင်တစ်ကောင်က အဟောင်းဆိုင်ကနေ တစ်စစီဖြစ်နေတဲ့ ရိုဘော့ကို ဝယ်သွားပြီး အစအဆုံးပြန်ဆင်ခဲ့တယ်။ အဲဒီအချိန်မှာ ခွေးကလည်း နောက်ထပ်ရိုဘော့တစ်ကောင် ဝယ်ခဲ့လိုက်ပြီ။ ဒီလိုနဲ့ ကြောင်နဲ့ ရိုဘော့နဲ့ ပျော်ရွှင်စွာရှင်သန်နေတဲ့အချိန် ခွေးနဲ့ ရိုဘော့အသစ်ကလည်း ပျော်ရွှင်စွာ ရှင်သန်နေခဲ့တယ်။ ခွေးဟာ နောက်ထပ်ရိုဘော့ကို ကမ်းခြေကိုတောင် ခေါ်သွားလိုက်ပါသေးတယ်။ ဒီတစ်ခါတော့ ခွေးဟာ အရင်တစ်ခါအမှားမျိုး မလုပ်တော့ဘူး။ ရိုဘော့အသစ်ကို စက်ဆီတွေ အရင်ဖြန်းပေးခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ရိုဘော့ဟာ အိမ်ပြတင်းပေါက်ကနေ လှမ်းကြည့်ရင်း‌ ခွေးနဲ့ရိုဘော့အသစ်ကို မြင်လိုက်တယ်။ ခွေးနောက် သူပြေးလိုက်သွားပြီး သူတို့တွေ ပြန်လည်ပေါင်းစည်းသွားကြတယ်။ ဒါလည်း ရိုဘော့ရဲ့ နောက်ထပ်အိပ်မက်တစ်ခုပါပဲ။ တကယ့်အရှိတရားမှာတော့ ရိုဘော့ဟာ ခွေးကို တိုက်ပေါ်က လှမ်းကြည့်ရင်း သူတို့ကြိုက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖွင့်ခဲ့တယ်။ ရိုဘော့က တိုက်ပေါ်ကနေတဲ့အချိန် ခွေးက သီချင်းသံကို ကြားပြီးအောက်မှာ ကနေခဲ့တယ်။ သူတို့အတူတူမကခဲ့ပါဘူး။ ဒါပေမဲ့ အတူတူကခဲ့တယ်။ ခွေးဟာ ရိုဘော့ကို လှမ်းကြည့်လိုက်တဲ့အချိန်မှာပဲ ရိုဘော့ဟာ နံရံနောက်မှာ ပုန်းလိုက်တယ်။ ဘာလို့လဲတော့ ကျွန်တော်တို့သိနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘာလို့လဲ ကျွန်တော်တို့မသိနိုင်ဘူး။ ဒီလိုနဲ့ သူတို့နှစ်ယောက် ပြန်မဆုံခဲ့ကြပါဘူး။ ဒါပေမဲ့ ပြန်ဆုံခဲ့တယ်။ ရုပ်ရှင်အပြီးမှာ ကျွန်တော်သတိရမိတာက “တိမ်ဦးလေပြေ မောင့်ကိုစေ” သီချင်းက စာသားတစ်ကြောင်းပဲ။ အဆုံးသတ်ကို ကျွန်တော်တစ်ခေါက်ပြီး တစ်ခေါက်ပြန်ကြည့်မိခဲ့တယ်။ ကြည့်လိုက်တိုင်းလည်း ဒီစာသားကို ကျွန်တော်ပို သတိရလာမိတာပါပဲ။ ” တို့ကမ္ဘာလေး ကျဉ်းကျဉ်းလေးမို့ အချင်းချင်းတွေ့နိုင်ပါသေး မျှော်လင့်ချက်သံသရာမှာလေ… “ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 805MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 42Min Genre – Animation, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 2023
Robot Dreams
The Mask
6.9

1994 ခုနှစ် မိတ်ဆွေတို့ ကျွန်တော်တို့ ပေါက်စနဘဝလေးပဲရှိသေးတဲ့အချိန် အဲဒီအချိန်ခုနှစ်မှာပဲ အခု Deadpoolထွက်ပြီးတဲ့အချိန်ထိ ဒါမှမဟုတ် နောက်ရာစုနှစ်တွေအထိ အရယ်ရဆုံး ComicBook Movie တစ်ခုဖြစ်လာမယ့် The Mask ကို မွေးဖွားခဲ့ပါတယ် IMDB: 6.9/10 Metacritic : 56% Rotten Tomatoes : 77% Edge City ဆိုတာ အမေရိကန်နိုင်ငံက မထင်မရှားဆိပ်ကမ်းမြို့လေးတစ်မြို့ အဲဒီမြို့လေးက မြို့သား Stanley Ipkissကလည်း Edge City ဘဏ်မှာ အလုပ်လုပ်နေတဲ့ မထင်မရှားမြို့သားတစ်ယောက် သူရဲ့စိတ်ထားအင်မတန်ကောင်းလွန်းနေတာရယ် အလျှော့ပေးဆက်ဆံတတ်တဲ့ အကျင့်ကြောင့် လူချစ်လူခင်ပေါတဲ့လူတစ်ယောက် တစ်နေ့ ဘဏ်ကိုဓားပြတိုက်ဖို့ အကြံအစည်နဲ့ရောက်လာတဲ့ Tina Carlleyl ဆိုတဲ့ကောင်မလေးကို တန်းတန်းစွဲဖြစ်သွားပြီး လိုက်ပိုးရာက တလွဲတွေဖြစ် အိမ်အပြန်လမ်းမှာ ထူးထူးဆန်းဆန်း မျက်နှာဖုံးတစ်ခုကို ကောက်ရရာကနေ Stanleyရဲ့ဘ၀ ကပြောင်းကပြန် ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်… The Truman Show, Man on The Moon, Eternal Sunshine of the Spotless Mind ဇာတ်ကားတွေဟာ Jim Carrey ရဲ့ အရည်အချင်းကိုအကောင်းဆုံးမှတ်ကျောက်တင်ပေးခဲ့တယ်ဆိုရင် အခု The Mask ကားဟာ Jim Carrey ဆိုတဲ့ မင်းသားတစ်ယောက်ကို ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်တင်ပေးခဲ့တယ်လို့ ပြောနိုင်ပါတယ် ဒါတင်မကပဲ နောင်တစ်ချိန်မှာ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်လာမယ့် Cameron Diaz ကိုစင်တင်ပေးခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ခဲ့တယ်Visual Effect ကဏ္ဍအတွက် nomitationတွေလည်း အများကြီးပါခဲ့ရုံတင်မကပဲ Jim Carrey ကို Golden Globes မှာ Best Actor စာရင်းဝင်စေခဲ့တဲ့ ပထမဆုံးကားလည်း ဖြစ်ခဲ့တယ်။ Jim Carrey ရဲ့အကောင်းဆုံးအချိန်က အကောင်းဆုံးကားဖြစ်ခဲ့တဲ့ The Mask ဟာ မူရင်းကောမစ်က သွေးပျက်ခြောက်ခြားစရာကောင်းနေပေမယ့်လည်း ယခုအချိန်ထိ ဒါမှမဟုတ် နောင်နှစ်များထိတိုင်အောင် အကောင်းဆုံး အရီရဆုံး ComicBook Movie ပါလို့ပြောရင် ဘယ်သူကများ ငြင်းနိုင်ဦးမှာလဲ ” From Zero To Hero… ” File size…(2.1 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre… Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Ye Khant Min

6.9 1994
The Mask
Inshallah a Boy
7.2

Inshallah a Boy (2023) ~ IMDb – 7.2/10, Rotten Tomatoes – 100% ~ ဇာတ်ကားနာမည်လေးကတော့ ဘုရားပေးတဲ့သား ပါတဲ့။ အာရဗီ စကားပြောဇာတ်ကားဖြစ်ပြီး အစ္စလာမ်ဘာသာအဓိကကိုးကွယ်တဲ့ ဂျော်ဒန်နိုင်ငံမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဘာဆုညာဆုတွေ အများကြီးရထားပြီး ခရမ်းချဉ်သီးပုပ်အမှတ် ၁၀၀ အပြည့်ရထားတယ်ဆိုပေမဲ့ ကြည့်လိုက်မှ ဘယ်လောက် ကောင်းတယ်ဆိုတာ အတိအကျသိသွားပါလိမ့်မယ်။ ဇာတ်ကားတစ်ကားလုံး အသက်ကိုမရှုနိုင်လောက်အောင် မွန်းကြပ်နေသလိုခံစားရအောင် လုပ်နိုင်တဲ့ ဇာတ်ကားလေးပါပဲ။ ဇာတ်ကားစဖွင့်ဖွင့်ချင်းမှာပဲ ပရိသတ်ကို ဘဝသမားတွေဆိုတာ ဒါမျိုးကွဆိုပြီး ဗိုက်ကို လက်သီးနဲ့ထိုးလိုက်သလို အီဆောင့်သွားအောင်လုပ်လိုက်တာမျိုးနဲ့ စပါတယ်။ နောက်တော့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ ဘဝပေးတဲ့ ဒူး၊ တံတောင်၊ ဖနောင့်တွဲလုံးတွေကို အတွဲလိုက်ပြသွားပါတယ်။ တော်တော်လေးကို Heavy ဖြစ်တဲ့ ဇာတ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ အလုပ်လုပ်နေတဲ့ အိမ်ရှင်မတစ်ယောက် ယောက်ျားက ကောက်ခါငင်ခါ ဆုံးပါးသွားပါတယ်။ နှစ်ယောက်အလုပ်လုပ်နေတာတောင် မလောက်ငနိုင်တဲ့ အိမ်ထောင်ကို တစ်ယောက်တည်း ထောက်ပံ့နိုင်ဖို့အားမတင်းနိုင်ခင်မှာပဲ ကွယ်လွန်သူအမျိုးသားရဲ့ အကြွေးတွေကပေါ်လာပါတယ်။ ကားကို အရစ်ကျနဲ့ ဝယ်ထားပြီး လေးလစာ အကြွေးပေးဖို့ကျန်နေတာပါ။ ကွယ်လွန်သူကြီးဆီက ရစရာအမွေဆိုလို့ ကားတစ်စီး အိမ်တစ်လုံးနဲ့ ကားဖိုးငွေကျန်တဲ့ အကြွေးတွေပဲရှိပါတယ်။ အိမ်တန်ဖိုးကလည်း ပိုက်ဆံအပြည့်မသွင်းရသေးပါဘူး။ အဲဒါနဲ့တင် မပြီးသေးပါဘူး အကြွေးရှင် ကွယ်လွန်သူရဲ့ အစ်ကိုအရင်းက ရှရီယာဥပဒေအရ ဇနီးဖြစ်သူက သားယောက်ျားလေးမမွေးထားရင် ကွယ်လွန်သူချန်ခဲ့တဲ့ အမွေတွေကို မောင်နှမတွေနဲ့ ကျန်ရစ်သူမိသားစု တစ်ပုံစီ အညီအမျှခွဲဝေယူရတဲ့အတွက် အမွေမှုကိုတရားရုံးတင်လိုက်ပါတယ်။ မသိတဲ့အကြွေးကထပ်တင်သွားတဲ့အပြင် အပျိုဘဝကရထားတဲ့ အမွေတွေ၊ တင်တောင်းငွေ (ဥပဒေကြောင်းအရ ဇနီးသည်က တင်တောင်းငွေကို ပိုင်ပါတယ်) တွေပါ ထည့်ပြီး ဝယ်ထားတဲ့ အိမ်၊ လစာထဲကနေ တစ်လတစ်ခါအရစ်ကျငွေသွင်းနေရတဲ့ အိမ်ကိုရောင်းပြီး ယောက်ျားရဲ့အမျိုးတွေဆီ ခွဲပေးရမယ့်အဖြစ်နဲ့ကြုံလာပါတယ်။ ယောက်ျားရဲ့ အလုပ်ကိစ္စအကြောင်းကလည်း ဘာမှမသိ၊ သူ့မှာ ရစရာငွေ ဘယ်မှာရှိလဲမသိ၊ ဒီကြားထဲ ဖောက်ပြန်နေတာကိုလည်း သိလိုက်ရသေးတယ်။ အကြွေးရှင် ခဲအိုက ကားရောင်းပြီး အကြွေးကိစ္စ အတင်းရှင်းဖို့လုပ်ပေမဲ့ ခင်ပွန်းသည်ရဲ့အမှတ်တရအနေနဲ့ ချန်ခဲ့တဲ့ကားလေးကို မရောင်းရက်သလို ရောင်းရရင်လည်း ယောက်ျားမောင်နှမတွေနဲ့ တစ်ပုံစီခွဲပြီးမှရမှာဆိုတော့ ပြေလည်နိုင်စရာမရှိတော့ တင်းခံနေရတာလည်း ပြဿနာတစ်ခုပါပဲ။ ကြံရမရာတဲ့အဆုံး ပြဿနာတွေ ဖြေရှင်းဖို့ အချိန်နည်းနည်းရသွားအောင် လမ်းဘေးမရောက်အောင် ကိုယ်ဝန်ရှိနေတယ်လို့ ဟန်ဆောင်လိုက်တာပါပဲ။ လင်ကလည်းသေ၊ အကြွေးကလည်းပူ၊ အလုပ်ကလည်းအဆင်မပြေ၊ ကိုယ်ပိုင်တာကိုတောင် ခွဲပေးနေရမယ့် အဖြစ်မျိုးကို ကြုံနေရလို့ ကိုယ်ဝန်ရှိနေတယ်လို့ ဟန်ဆောင်ရတဲ့ မိန်းမတစ်ယောက်ရဲ့ ဒုက္ခရောက်တဲ့ အကြောင်းပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 920MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 53Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

7.2 2023
Inshallah a Boy
Hana-Dama
6.5

Hana-Dama (2014) ****************** မီဇူကီဆိုတဲ့ ကောင်မလေးဟာ ကျောင်းမှာ ပြဿနာတက်ပြီးတော့ တခြားကျောင်းတစ်ခုဆီ ပြောင်းခဲ့ပါတယ် .. ဒါပေမဲ့ အဲဒီကျောင်းမှာ အနိုင်ကျင့်တဲ့သူတွေပဲ ကြီးစိုးနေတာကြောင့် အဆင်မပြေခဲ့ပါဘူး .. ကျောင်းမှာရှိတဲ့ ဆရာတွေကလည်း ကျောင်းသားအချင်းချင်း အနိုင်ကျင့်နေတာကို သိနေပေမဲ့ မသိချင်ယောင်ဆောင်ထားတဲ့အပြင် သူတို့ကိုယ်တိုင်ကပါ ကျောင်းသူကျောင်းသားတွေကို အနိုင်ကျင့်ပြီး လိင်အမြတ်ထုတ်နေကြပါတယ် .. အရင်က ကျောင်းမှာလည်း ပြဿနာတွေတက်ခဲ့ရလို့ ကျောင်းအသစ်ပြောင်းလာတဲ့ မီဇူကီတစ်ယောက် ကျောင်းအသစ်မှာ ကျောင်းသားချင်း အနိုင်ကျင့်တာတွေအပြင် ဆရာတွေကပါ အမြတ်ထုတ် စော်ကား‌တာကို ကြုံလိုက်ရတဲ့အခါမှာ ဘယ်လိုမျိုး‌တုန့်ပြန်သွားမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် .. သွေးထွက်သံယိုနှင့် 18+ ဇာတ်ဝင်ခန်း တချို့ပါတာကြောင့် မိသားစုနဲ့အတူ ကြည့်ဖို့ မသင့်တော်ပါဘူးခင်ဗျာ .. (အညွှန်းကို Okka မှ ရေးသားထားပါတယ်) File size…1.64GB / 776MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 48m Genre ….. Horror, Psychological, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Okka Encoded by AHtet

Romance
6.5 2014 106 mins
Hana-Dama
Holy Smoke

Holy Smoke ဆိုတာ Jane Campion ရိုက်ကူးတဲ့ စိတ်ဝင်စားစရာ၊ ထူးထူးဆန်းဆန်းရုပ်ရှင်တစ်ခုပါ။ စိတ်ကူးယဉ်သဘောထား၊ စိတ်ထိခိုက်မှုနဲ့ အချစ်ဆိုင်ရာကိစ္စတွေကို တွေ့ရပါတယ်။ အဓိကဇာတ်ကောင် Ruth (Kate Winslet သရုပ်ဆောင်) က အိန္ဒိယကိုသွားပြီး ဘာသာရေးအဖွဲ့တစ်ခုနဲ့ ပါဝင်လာပါတယ်။ မိသားစုကတော့ သူ့ရဲ့ပြောင်းလဲမှုကိုစိုးရိမ်ပြီး PJ (Harvey Keitel) ဆိုတဲ့ “အထောက်အထားပြန်သက်သေဖော်သူ” ကိုငှားတယ်။ သူတို့နှစ်ဦးကြား စိတ်ပိုင်းဆိုင်ရာတော်လှန်မှုက အနုပညာဆန်တဲ့ စိတ်ကူးယဉ်ဆန်မှုကို ဖြစ်လာပါတယ်။ ဇာတ်လမ်းက ထူးဆန်းပါတယ်။ သာမန်အဖြစ်အပျက်တွေနဲ့မတူဘူး။ စိတ်ဝင်စားဖို့ကောင်းပေမယ့်၊ တချို့အခန်းတွေက တင်းမာတယ်။ Kate Winslet ရဲ့ သရုပ်ဆောင်မှုကမိုက်ပါတယ်ကောင်းပါတယ်(အဖော်အချွတ်အခန်းများပါသည်)။ ရုပ်ရှင်ဟာ အိန္ဒိယနဲ့ ဩစတြေးလျရဲ့ လှပတဲ့ ရှုခင်းတွေထဲမှာ ရိုက်ကူးထားပါတယ်။ အနုပညာဆန်တဲ့ ဇာတ်လမ်းတွေ၊ စိတ်နဲ့ဝိညာဉ်အကြောင်းတွေးခေါ်ဖို့နှစ်သက်တဲ့သူတွေအတွက်တော့ ကြည့်သင့်ပါတယ်။ ဒါပေမယ့် ရိုးရိုးရိုင်းရိုင်းဇာတ်ကားတွေကိုသာကြိုက်တဲ့သူတွေကတော့ နားလည်ရခက်ခဲနိုင်ပါတယ်။ File size… (2.4 GB) / (1.3 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 1999
Holy Smoke