YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Story of Xing Fu E30 CM.mp4

332.3 MB N/A video/mp4 112 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Wedding Wish

~ IMDb rating - 6.2/10 ~ ဒီတစ်ခါ မိတ်ဆက်​ပေးမယ့်ကား​လေးက​တော့ 2023 မှာထွက်ရှိထားတဲ့ အသက် 35 နှစ်အမီ မင်္ဂလာ​ဆောင်ချင်တဲ့ ဂျန်နီနယူးလပ်ရဲ့ ​ကောင်​လေးရှာပုံ​တော်ဖွင့်တာ​လေးကို ဟာသဆန်ဆန် ​ရိုက်ပြထားထားတဲ့ Comedy, Romance ကား The Wedding Wish ​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ အသက် ၃၅ နှစ်ပြည့်​မွေး​နေ့မှာ အပြီးပြည့်စုံဆုံး ​အမျိုးသားနဲ့ အ​ကောင်းဆုံး မင်္ဂလာပွဲကိုကျင်းပရမယ်လို့ ​ဗေဒင်ဆရာက ​​ဟောကိန်းထုတ်လိုက်တာ​ကြောင့် ဂျန်နီတစ်​ယောက် ၃၅ နှစ်ပြည့်ခါနီးထဲက စိတ်​တွေလှုပ်ရှားပြီး ခန်းမ​တွေ ဘိုကင်လုပ် မိတ်ကပ်​အဖွဲ့​တွေ ငှားထား​ပေမယ့် သူ့မှာ မရှိ​သေးတာက သူ့ကိုလက်ထပ်မယ့် သတို့သား​လောင်းပါ။ သတို့သားရှာပုံ​တော်ဖွင့်ရင်း ကြုံ​တွေ့ရမယ့် ဟာသ​တွေ၊ သူငယ်ချင်း​တွေရဲ့ ကူညီမှု​တွေနဲ့ ဂျန်နီ​တစ်​ယောက် သတို့သား​​လောင်းကို​တွေ့သွားလား... ဟောကိန်းကမှန်သွားလား... ဒါမှမဟုတ် ဂျန်နီ​တစ်​ယောက် ​​​ဟောကိန်းကမဖြစ်နိုင်ဘူးဆိုတာကို လက်ခံလိုက်ရလားဆိုတာ​တွေကို ဟာသဆန်ဆန် ရိုက်ပြထားတဲ့ကား​ကောင်း​လေးဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 790MB Quality - 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 25Min Genre - Comedy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Drama
0 2023 85 mins
The Wedding Wish
CSI Sanatan
4.5

IMDb-9.6/10 ဇာတ်လမ်းအညွှန်း ၁‌ ဒေါ်လာနဲ့ VCဆိုတဲ့ချေး‌ငွေ ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံရုံနဲ့ အိမ်မက်တွေပြည့်၀မယ် လူမှုဘ၀အဆင်ပြေတယ်ဆိုပြီး ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ ကာလပေါ့ အဲဒီချိန်မှာမှ VC ကုမ္ပဏီရဲ့ CEO ဗစ်ကရမ်အသတ်ခံလိုက်ရပါတယ် နိုင်ငံအတွင်းနာမည်ကြီးဟစ်ဖြစ်နေတဲ့လူအသတ်ခံရတာမို့ ရဲတပ်ဖွဲ့တင်မဟုတ်ဘဲ အထူးပညာရှင်တွေပါလိုအပ်လာချိန်မှာ ဆန်နသန်၀င်ပါလာရ‌ပါတော့တယ် ဆန်နသန်ရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းကတော့ ရဲဖြစ်ချင်တဲ့ဘ၀အိမ်မက်အတွက် စာမေးပွဲကျတဲ့အချိန်မှာ ရည်းစားကပစ် အစ်ကိုကသေနဲ့စိတ်ဓာတ်ကျနေရာက ပြစ်မှုဗေဒဝင်သင်ရင်း ပြစ်မှုစုံစမ်းစစ်ဆေးရေးတွေမှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်လာသူပါ နိုင်ငံအတွင်းလတ်တလောနာမည်ကြီးထိပ်ပြေးနေတဲ့သူ အသတ်ခံရတဲ့နောက်ကွယ်ကဘာများလဲ ဆန်နသန်ရဲ့ ကျွမ်းကျင်မှုပညာတွေနဲ့ ဘယ်လိုထုတ်ဖော်သွားမလဲဆိုတာတွေက မှုခင်းကားတွေကြိုက်တတ်တဲ့ ပရိသတ်ကိုစိတ်ပျက်စေမှာမဟုတ်ပါဘူး File size…1.96GB / 894MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 17mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~Khin~BpL

Horror • Mystery
4.5 2023 130 mins
CSI Sanatan
Mimic
6

ဆရာ့ ဆရာကြီး Guillermo del Toro ကိုယ်တိုင် ဇာတ်ညွန်းရေးသားရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ သူ့ရဲ့ ဒုတိယမြောက် Feature Film လည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီကားဟာ နောက်ခံသမိုင်းကြောင်း တစ်ခုရှိခဲ့သလို ဒီကားရဲ့ ရုံတင်ဗားရှင်းကလည်း del Toro ရဲ့ လက်ရာစစ်စစ် မဟုတ်ခဲ့ပါဘူး။ ဒီကားကို ရိုက်ကူးတဲ့အချိန်မှာ del Toro ဟာ နာမည်ကျော်ထုတ်လုပ်သူတွေဖြစ်တဲ့ Harvey Weinstein နဲ့ Bob Weinstein တို့နဲ့ ပြဿနာတက်ခဲ့ပါတယ်။ Director's vision ကို သူတို့ဟာ မလေးစားခဲ့ကြသလို သူ့ကို တခြားဒါရိုက်တာနဲ့ပါ အစားထိုးဖို့ ကြံစည်ခဲ့ကြပါတယ်။ တာရန်တီနိုနဲ့ သူ့ရည်းစားရဲ့ ထောက်ခံအားပေးမှုကြောင့်နဲ့ တာရန်တီနို့ရည်းစားက del Toro အမြင်ကို မလေးစားရင် ရုပ်ရှင်ကို ရပ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့လို့သာ မပြုတ်ခဲ့တာပါပဲ။ ဒီကားရဲ့ ရုံတင်ဗားရှင်းမှာလည်း သူ့လက်ထောက်ရိုက်ခဲ့တဲ့ အခန်းတွေထည့်ထားခဲ့တာကြောင့် သူတော်တော်ဒေါသဖြစ်ခဲ့ရပါတယ်။ ဒီကားနောက်ပိုင်းမှာလည်း သူတို့နဲ့ သူ ထပ်ကိုမလုပ်ဖြစ်တော့ပါဘူး။ နောက်ပိုင်းမှာတော့ သူ Director's Cut ပြန်ထုတ်ခဲ့ပါတယ်။ အခုကားကတော့ del Toro လက်ရာစစ်စစ်ကို ကြည့်ရမယ့် Director's Cut ဗားရှင်း ရုပ်ရှင်‌ပေါ့။ သိပ္ပံပညာရှင်တွေဟာ လူသားတွေကောင်းကျိုးအတွက် အမျိုးမျိုး တီထွင် ဆန်းသစ် ကြံဆလေ့ရှိပါတယ်။ သို့ပေသော်ငြား အဲဒီလို လက်သရမ်းမှုမျိုးတွေမှာ ကောင်းကျိုးတွေရှိသလို မထင်မှတ်တဲ့ ဆိုးကျိုးတွေရှိလာနိုင်တယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ပေးထားတာပါပဲ။ စတရစ်ကလာ ရောဂါဆိုးကြီး ပြန့်နှံ့ ကူးစက်လာတဲ့အချိန် ကလေးငယ်ပေါင်းများစွာ ဘဝပျက် သေကြေခဲ့ရတယ်။ အဲ့အချိန်မှာ ဆူဆန်ဆိုတဲ့ ပိုးမွှားဗေဒပညာရှင် အမျိုးသမီးဟာ ခြနဲ့ ဓားခုတ်ကောင်ရဲ့ မျိုးရိုးဗီဇကိုယူပြီး ရောဂါဆိုးကြီးကို တွန်းလှန်ဖို့ ဂျူးဒတ်စ်ဆိုတဲ့ ပိုးကောင်လေးကို ဖန်တီးခဲ့တယ်။ လပိုင်းလောက်သာ သက်တမ်းရှိအောင် ဖန်တီးခဲ့ပေမယ့် နောက်၃နှစ်အတွင်းမှာ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဂျူးဒတ်စ်တွေရဲ့ မျိုးပွားနိုင်နှုန်းဟာ သိပ်ကိုမြန်ဆန်သွားပြီး မျိုးရိုးဗီဇ တိုးတက်ပြောင်းလဲမှုကြီး ဖြစ်သွားခဲ့ပါတယ်။ လက်တစ်ဆုပ်လောက်သာရှိခဲ့တဲ့ ပိုးကောင်လေးတွေဟာ ဘယ်လိုပုံစံမျိုးအထိ ဖြစ်သွားမလဲ။ ဒါကို ဆူဆန်နဲ့ ပီတာတို့ ဘယ်လိုသိရှိသွားမလဲ၊ ဘယ်လိုထိန်းချုပ်မလဲ၊ နှိမ်နင်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး...။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.2GB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 45Min Genre - Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Action • Crime • Thriller
6 1997 105 mins
Mimic
Glasshouse

ဖန်လုံအိမ်အာနိသင် Glass house effectဆိုတာကို ၈တန်း ၉သန်းသိပ္ပံမှာထဲက ကြားဖူးကြမှာပါ ဒီသိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းမှာတော့ အနာဂတ်လွန်ကာလတစ်ခုမှာ ကမ္ဘာကြီးမှာကပ်ရောဂါတစ်ခုဆိုက်ကပ်ခဲ့ပါတယ် အဲ့ဒါကတော့ တခါမှစိတ်‌တောင်မကူးဖူးတဲ့ ကပ်ရောဂါတစ်ခုပါပဲ အဲ့ဒါကတော့ရှူရှိုက်လိုက်တာနဲမှတ်ဉာဏ်တွေကိုပျက်စီးပြန့်ကျဲသွားစေတဲ့ The Shredလို့‌ ခေါ်တဲ့အဆိပ်တမျိုးပါ အဆိပ်က လေထုတစ်ခုလုံးမှာ ပြန့်နှံ့နေတာကြောင့် ကမ္ဘာလူအဖွဲ့အစည်းတစ်ခုလုံး ပြိုလဲသွားပါတော့တယ် အဲ့ဒီလိုကပ်ဘေးဆိုက်နေချိန်မှာ အဆိပ်ကလက်ကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကျေးလက်နေမိသားစုလေးတစ်စုရှိပါတယ် ဒီမိသားစုက ကိုယ်ပိုင်စိုက်ပျိုးရေးလုပ်ကာ လေမဝင်အောင် သူတို့တည်ဆောက်ထားတဲ့ဖန်လုံအိမ်ကြီးမျိုးထဲမှာနေကြပါတယ်သူတို့ရဲ့စခန်းထဲကိုဘယ်သူ့ကိုမှလည်းအဝင်မခံပါဘူး ဒါပေမဲ့ငယ်ငယ်တုန်းက သူတို့အိမ်ကနေထွက်သွားတဲ့ လူကာဆိုတဲ့အကိုကြီးကို အမေကြီးနဲ့မောင်နှမတွေကမျှော်နေခဲ့ပါတယ် တနေ့မှာစခန်းနားမှာဒဏ်ရာရလူတစ်ယောက်ကို ဘီး‌‌ ကကယ်တင်ခဲ့ပါတယ် သူတို့‌မမှတ်မိနိုင်တော့တဲ့ သူတို့ထင်မိသလို သူတို့ရဲ့တစ်ချိန်ကထွက်သွားတဲ့အကိုကြီးက တကယ်ပဲအဲ့ဒီလူဖြစ်နေမလား အဲ့ဒီလူရဲ့သရုပ်မှန်ကရော ဘယ်သူလဲ မောင်နှမမေတ္တာ ၅၂၈ နဲ့ အချစ် ၁၅၀၀တို့ရောထွေးမိပုံကို ဖော်ပြထားတာကြောင့် ကြည့်ရှုသင့်တဲ့Dramaကားကောင်းပါ ဒါပေမဲ့ Incest 18+sceneတွေပါတာကြောင့် မိသားစုနဲ့တော့မကြည့်ရှုဖို့အကြံပေးပါရစေ File size…(1.24GB)/(661MB)/(331MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre..Drama / Sci-Fic / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by …Kevin

Action • Thriller
0 2022 94 mins
Glasshouse
The Swimmers
7.5

The Swimmers (2022) ================= IMDb Rating – 7.5/10 ဒီတစ်ခေါက်တော့ကိုယ်တွေ့ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ Netflix ကအသစ်ထွက်ရှိလိုက်တဲ့ The Swimmers ဇာတ်ကားက Rio De Jeneiro မှာ ကျင်းပတဲ့ 2016 Olympics Champion တစ်ဦး ဖြစ်ခဲ့တဲ့ ဆီးရီးယားလူမျိုး ရေကူးချန်ပီယံ Yusra Mardini ရဲ့ ဂရိ ပင်လယ်ထဲကနေ ကုန်းမြေအထိလက်ပစ်ကူးပြီး လူတွေကိုကယ်တင် ပေးခဲ့တဲ့ခက်ခဲကြမ်းတမ်းလှတဲ့ဘဝဇာတ်ကြောင်းကိုပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ရူစရာတို့ညီအစ်မတွေတစ်ဘက်မှာပျော်ရွှင်နေကြပေမဲ့ နိုင်ငံတွင်းမှာဗုံးကြဲခံနေရတာကိုမြင်တွေ့ရမှာပါ။ သူတို့သူငယ်ချင်းတွေ ဗုံးဒဏ်ကြောင့်သေဆုံးခဲ့ရပြီး သူတို့ ရေကူးလေ့ကျင့်တဲ့ကန်အထိပါ ဗုံးကြဲ ခံရပီးနောက် သူ့ကို အိုလံပစ်ချန်ပီယံအမြဲဖြစ်စေချင်ခဲ့တဲ့ နည်းပြဖြစ်သူ အဖေကိုယ်တိုင်က သမီး၂ယောက်ကို ဂျာမနီကိုပို့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ စိတ်ကူးအတိုင်းမဟုတ်ပဲခက်ခဲလှတဲ့လက်တွေ့ဘဝရဲ့ဒုက္ခအခက်အခဲပေါင်းစုံကို လမ်းခရီးမှာ စတင်တွေ့ကြုံရပါတော့တယ်။ ပိုက်ဆံအမြောက်အမြားတောင်းပြီး တာဝန်ယူမှုမရှိတဲ့ လူကုန်ကူးသူတွေက လှေအစုတ်တစ်စီးနဲ့လူအများကြီးကို ပင်လယ်ထဲဖြတ်သန်းခိုင်းရာကနေ စလိုက်တဲ့ ဒုက္ခဆင်းရဲပေါင်းများစွာကို ကြံ့ကြံ့ခံဖြတ်ကျော်ရင်း ဖခင်အရမ်းဖြစ်စေချင်တဲ့ အိုလံပစ်ချန်ပီယံဆုကို ဘယ်လို ဆွတ်ခူးနိုင်သွားလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမဲ့အပြင် နိုင်ငံရေးမငြိမ် သက်မှုတွေကြောင့် ဒုက္ခရောက်ရတဲ့ ပြည်သူတွေရဲ့ဘဝကိုကိုယ်ချင်းစာကရုဏာ သက်စေနိုင်မဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Nyein Lai မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ Nyein Lai, Khant Sett Naing တို့ဖြစ်ပါတယ်) File Size……….(2.62 GB) / (1.2 GB) / (681 MB) Quality…………WEBrip 1080p / 720p / 480p Duration………2Hr 14mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama, Sport Translator…….Nyein Lai, Khant Sett Naing Encoder……….Zin Phyo Aung

Action • Crime • Thriller
7.5 2022
The Swimmers
Afflicted
6.2

ဒဲရစ်ခ် နဲ့ ကလစ်ဖ် တို့က ကမ္ဘာတစ်ပတ်ခရီးထွက်လာကြသူတွေပါ။ ခရီးထွက်လာရင်းနဲ့ ပဲရစ်ရောက်လာပြီးတဲ့အချိန် ညတစ်ညမှာ ဒဲရစ်ခ် က ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီးတဲ့နောက် သူကိုယ်တိုင်တောင်မမှတ်မိတဲ့ ထိခိုက်ဒဏ်ရာတွေရလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒဲရစ်ခ်မှာ ထူးဆန်းတဲ့ဝေဒနာတွေခံစားလာရသလို ထူးခြားတဲ့သဘာဝလွန်အစွမ်းတွေပါရလာခဲ့ပါတယ်။ ဒဲရစ်ခ်ရဲ့သဘာဝလွန်အစွမ်းတွေက လူတွေရဲ့အသက်အန္တရာယ်ကိုပါထိခိုက်လာတဲ့အခါမှာ ဒဲရစ်ခ်တို့တွေဘယ်လိုအဖြေရှာကြမလဲဆိုတာကို ဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုခံစားနိုင်ပါတယ်။ File size… 1.62 GB / 800 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Horror, Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. XCode Translated by Citrus

6.2 2013
Afflicted
Adventure Of Tin Tin
7.4

ဒီ 3D အန်နီမေးရှင်း ဇာတ်ကားလေးဟာ တကယ့်ဒိတ်ဒိတ်ကျဲ ရုပ်ရှင်ဇာတ်ကားပေါင်းမြောက်များစွာကို ရိုက်ကူးခဲ့တဲ့ နာမည်ကျော် ဒါရိုက်တာကြီး Steven Spielberg ရဲ့ ပြောင်မြောက်လှတဲ့ လက်ရာများထဲမှ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ Action & Adventure အမျိုးအစားဇာတ်ကားဖြစ်ပြီး PG အဆင့်သတ်မှတ်ထားကာ မိသားစုနဲ့အတူ ကြည့်ရှုနိုင်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ IMDB rating 7.4 အထိရရှိထားပြီး အလားတူပဲ Rotten Tomatoes မှာလည်း rating 7.5 အထိ ရရှိထားတဲ့လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်း အညွှန်းပြောရရင် ရဲရင့်တက်ကြွဖျတ်လတ်ပြီး စူးစမ်းလိုစိတ်ရှိတဲ့ လူငယ်သတင်းထောက်ကလေး တင်တင် ဟာ မမျှော်လင့်ပဲ နှစ်ပေါင်းများစွာခန့်က တကယ်ရှိခဲ့တဲ့ ယူနီကွန်း ဆိုတဲ့ တိုက်ပွဲဝင် စစ်သင်္ဘောပုံစံတူငယ်ကို အမှတ်မထင်ဝယ်လိုက်မိရာကနေ သူ့ဆီကို အန္တရာယ်တွေ တစ်ခုပြီးတစ်ခု ကျရောက်လာပါတော့တယ်။ ဒါပေမယ့် တင်တင် တစ်ယောက် ကြောက်ရွံ့နောက်တွန့်သွားခြင်းမရှိပဲ ယူနီကွန်း နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်အဖြေများကို ရှာဖွေရင်း ဘယ်လိုဘယ်ပုံဆက်လက် စခန်းသွားမလဲဆိုတာကို ရုပ်ရှင်ကိုပဲဆက်လက်ကြည့်ရှုလိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဇာတ်ကား အညွှန်းဟာ တိုပြီး စိတ်ဝင်စားစရာမကောင်းတာကြောင့် ရုပ်ရှင်ကိုလည်း စိတ်ဝင်စားစရာမကောင်းလောက်ဘူးလို့ မထင်လိုက်ပါနဲ့ ဇာတ်ဝင်ခန်းတိုင်းဟာ ဒါရိုက်တာကြီး Steven Spielberg ရဲ့ လက်ရာအတိုင်း အသည်းတယားယား ရင်တထိတ်ထိတ် နဲ့ စိတ်လှုပ်ရှားစွာ နဲ့ ကြည့်ရမှာကိုတော့ လုံးဝရာနှုန်းပြည့်အာမခံ ပါတယ် File size… 2.42 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ….. Action , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

7.4 2011
Adventure Of Tin Tin
Battle of Snakes
5.7

CM ရဲ့ တရုတ်ကားချစ်သူတို့အတွက် ဒီတစ်ခေါက်မှာတော့ အဏ္ဏဝါမိစ္ဆာမြွေကြီး ဇာတ်လမ်းကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းလေး အစမှာ လူသူဝေးတဲ့နေရာကို ကူးစက်စေတဲ့ ဓာတုအညစ်အကြေးအရည်တွေကို စွန့်ပစ်ဖို့ ကြိုးစားတဲ့ မသမာလူတစ်စုကြောင့် ပင်လယ်ထဲ ပြောင်းလဲမှုကြီးတစ်ခုဖြစ်ခဲ့တယ်… တစ်ဖက်မှာလည်း ပူတင်းဆိုတဲ့ သမီးလေးနဲ့ သားအဖသံယောဇဉ် ရင်ကြားစေ့ဖို့ ကြိုးစားနေတဲ့ လင်ဟောက်တုန်းတို့ သားအဖကလည်း… သူငယ်ချင်း မာဖန်း ကျေးဇူးနဲ့ ပင်လယ်ခရီးစဉ်စတင်ဖို့ဖြစ်ခဲ့တယ်… လင်ဟောက်တုန်းနဲ့ မာဖန်းတို့က ကိုယ်ပိုင်တိရစ္ဆာန်ဥယျာဉ် အသေးလေး ဖွင့်ထားတာဖြစ်ပြီး ဟောက်တုန်းမှာ ရှောင်ဟေးဆိုတဲ့ လိမ်မာလွန်းတဲ့ မျောက်ဝံတစ်ကောင်ရှိတယ်… ဒီမျောက်ဝံကို အချိန်ပေးလွန်းတာကြောင့်လည်း ကွာရှင်းဖို့ဖြစ်လာပြီး သူ့သမီးလေး ပူတင်းနဲ့လည်း သူစိမ်းဆန်သွားခဲ့တာပေါ့… ဒီလိုနဲ့ ဖင်အန်းသင်္ဘောကြီးရဲ့ အပျော်ခရီးစဉ်စခဲ့တာပေါ့… ဒီခရီးစဉ်က ဘာကို အကြောင်းပြုတာလဲ… ဘာကြောင့် တိရစ္ဆာန်တွေကို ဖိတ်ကြားခဲ့ရတာလဲ… နောက်ပြီး အပျော်ခရီးစဉ်ကြီး ဘယ်လို အဆုံးသတ်သွားမှာလဲ… စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာမို့ ကြည့်ရတာ အရှုံးမရှိစေမယ့် ကားကောင်းတစ်ခုပါ… Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded by LK

5.7 2023
Battle of Snakes
Sometimes They Come Back
5.7

Sometimes They Come Back (1991) ========================== အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ နာမည်ကျော်လျှို့ဝှက်သည်းဖို ဆရာကြီး Stephen King. ရဲ့ဝတ္ထုတိုကိုပွားထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ မူရင်းအနေနဲ့ Stephen King’s Cat’s Eye ထဲမှာဇာတ်ကားတိုအဖြစ်ပါရှိခဲ့ ပြီး အခုကတော့ သီးသန့်ဇာတ်ကားရှည်အဖြစ်ဖန်တီးထားတာပါ။ ဂျင်မ်နော်မန်ဟာ ငယ်ဘဝစိတ်ဒဏ်ရာတွေခြောက်လှန့်ဆဲဖြစ်တဲ့ တမင်တ ကာစွန့်ပစ်ထားခဲ့တဲ့ မွေးရပ်မြေနယ်မြို့လေးကိုမဖြစ်မနေ အကြောင်းကိစ္စ တစ်ခုကြောင့် ပြန်လာခဲ့ရပါတယ်။ ဂျင်မီအသက်ကိုးနှစ်တုန်းကသူတို့ညီအစ် ကိုနှစ်ယောက်ကို အနိုင်ကျင့်တတ်တဲ့လူငယ်လူရမ်းကားတစ်စုက မီးရထား လှိုဏ်ခေါင်းထဲမှာ လုယက်အနိုင်ကျင့်ရာကနေ သူ့အစ်ကို ဝိန်းသေဆုံးသွား ခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ထဲမှာပဲ ကားနဲ့အတူထွက်ပြေးဖို့ကြိုးစားတဲ့လူရမ်းကားတစ်စု လည်းရထားတိုက်သေဆုံးသွားခဲ့ပါသေးတယ်။ ဒီတစ်ခေါက်မြို့ကိုပြန်အ ရောက်မှာတော့ ဂျင်မီမှာ သူ့အစ်ကိုအသတ်ခံရမှုအကြောင်းအိမ်မက်ဆိုး တွေပြန်မက်စပြုလာပါတယ်။ မကြာခင်မှာပဲ သူ့အတန်းထဲကကျောင်းသား တွေတစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးလာခဲ့သလို တစ်ယောက်ပျောက် သွားတိုင်း သူ့အစ်ကိုကိုသတ်ခဲ့တဲ့ အုပ်စုထဲကကျောင်းသားတစ်ယောက် အဲ့ဒီနေရာကိုပြန်ရောက်လာတဲ့အခါမှာတော့..၊ ပြန်ရောက်လာတဲ့လူတွေက သူ့အစ်ကိုကိုသတ်ခဲ့စဉ်က အသက်အရွယ်အတိုင်း ဖြစ်နေပြီး ဂျင်မီကိုလည်းကောင်းကောင်းမှတ်မိနေကြပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင်တွေက ကျောင်းသားတွေပျောက်ဆုံးမှုတွေအတွက် သူ့အပေါ်ကို သံသယဝင်စပြုလာပြီး ပြန်ရောက်လာတဲ့ အတိတ်တစ္ဆေတွေကလည်းပိုပြီး ကြမ်းကြမ်းတမ်းတမ်းသောင်းကျန်းလာတဲ့နောက် ဂျင်မီတစ်ယောက် လွန်ခဲ့တဲ့ နှစ် ၃၀ နီးပါးကဇာတ်လမ်းကို အဆုံးသတ်ဖို့ကြိုးစားရပါတော့တယ်။ ’90s Cult Classics တွေထဲကတစ်ကားဖြစ်ပြီး အခုချိန်ထိဇာတ်လမ်းဇာတ်အိမ်တင်ဆက် ပုံတွေဆွဲဆောင်မှုရှိဆဲဖြစ်သလို၊ jump scare တွေမပါပဲနဲ့ကျောထဲကစိမ့်လာ စေတဲ့ချောက်ချားမှုမျိုးပေးနိုင်တဲ့ Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.7 GB) / (640 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Horror, Thriller Translator…….Alias Encoder……….SWM

5.7 1991 98 mins
Sometimes They Come Back
Inside the Yellow Cocoon Shell
6.7

ဒီဇာတ်ကားက ဗီယက်နမ်​စကား​ပြောရုပ်ရှင်ဖြစ်ပြီး ဗီယက်​နမ်​ဒါရိုက်တာ​ Phạm Thiên Ân ရဲ့ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပါတယ်။ သဘာဝတရား၊ ယုံကြည်ခြင်းနဲ့ စိတ်​ဝိညာဉ်​ကိုပြန်လည်ရှာဖွေခြင်း အငွေ့အသက်​တွေထုံလွှမ်းထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Cannes ရုပ်​ရှင်​ပွဲတော်မှာ Camera d’or ဆုကိုဆွတ်ခူးခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ ဆိုင်းဂုံမြို့ (ဟိုချီမင်းမြို့)​မှာနေတဲ့ Thiên ဆိုတဲ့လူငယ်တစ်ယောက်ဟာ မရီး​ဖြစ်သူ အက်ဆီးဒင့်တစ်ခုမှာသေဆုံးပြီးနောက် ရုပ်အလောင်းကိုမွေးရပ်မြေတောင်တန်းဒေသကို ပြန်ပို့ပေးဖို့အကြောင်းဖန်လာပါတယ်။ Thiên​ ကလေးဘဝမှာနေထိုင်ခဲ့တဲ့တောင်ပေါ်ကျေးလက်ဒေသကို မရီးရဲ့ကျန်ရစ်သူ သားဖြစ်တဲ့ ငါးနှစ်သားကလေးငယ်နဲ့အတူ ပြန်​သွားပြီးခေတ္တနေထိုင်ဖြစ်ခဲ့ပါတယ်။ ဒီအတောအတွင်းမှာ ဒေသခံ​တွေရဲ့ဘာသာရေးယုံကြည်မှုတွေနဲ့သဟဇာတဖြစ်ဖို့ ရုန်းကန်​နေရတဲ့ Thiên​ ရဲ့ အဇ္ဈတ္တ​လွန်​ဆွဲမှုနဲ့အတူ ကွယ်​လွန်သူမရီးရဲ့ ခင်ပွန်းဖြစ်တဲ့ Thiên​ ရဲ့ပျောက်ဆုံးနေတဲ့အစ်ကိုကို စုံစမ်း​ရပုံတို့ကို ရိုး​ရှင်း​စွာတင်ဆက်ထားတာဖြစ်ပါတယ်။ ကြားထဲမှာ အဆက်အစပ်သိပ်မရှိလှတဲ့ အဖြစ်အပျက်တွေနဲ့အတူ အတိတ်​ကိုတူးဆွခြင်း ယုံကြည်​မှုကိုပြန်လည်ရှာဖွေခြင်းသဘောတရားတွေကို ထည့်သွင်း​ပုံဖော်ထားပါတယ်။ ဇာတ်လမ်း​က ရိုးရှင်းပေမဲ့ Cinematography ကတော့ဆန်းပြားလှပပြီး ရုပ်ရှင်​ဝေဖန်​သူတွေ ချီးမွမ်း​ခံရတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Cannes အပြင်​ တခြား​သောရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရရှိခဲ့ပါတယ်။ ဇာတ်လမ်း​အမျိုး​အစားက Drama/Narrative ဖြစ်ပါတယ်။ ဒိုင်​ယာလော့ဂ်နည်းပြီး visual ပိုင်းကိုအသားပေးထားတာဖြစ်သလို ရှည်လျား​တဲ့ရိုက်ချက်တွေနဲ့ သမာရိုးကျမဟုတ်တဲ့တင်ပြပုံကြောင့်လည်း ဒီဇာတ်ကားကို ရုပ်ရှင်​ဝေဖန်​သူတွေအကြိုက်တွေ့ခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ်​တောင်ပေါ်​ကျေးလက်ဒေသရဲ့ လှပတဲ့ရှုခင်းတွေကိုလည်းမြင်တွေ့​ရမှာပါ။ ဇာတ်​လမ်းက တချို့​ပရိသတ်​တွေအတွက် ပျင်း​ရိ​စရာ​ကောင်းနိုင်ပေမဲ့ Cinematography​ နဲ့တင်ကြည့်ရတန်နေပြီလို့ဆိုနိုင်ပါတယ်။ Art​ House ရုပ်ရှင်​တွေကို​နှစ်သက်​သလို အချိန်​လည်းပေးပြီး စိတ်​အေးလက်အေးကြည့်ရှုခံစားနိုင်တဲ့ပရိသတ်တွေ ကြည့်ရှူသင့်တဲ့ဇာတ်ကားပါ။ File size…(3 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:59:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader

6.7 2023 179 mins
Inside the Yellow Cocoon Shell
Minacious

ဖုန်းမှတစ်ဆင့် လုပ်ဆောင်ရတဲ့ အများဝန်ဆောင်မှု လုပ်ငန်းတွေဟာ ပင်ပန်းတဲ့ အလုပ်အမျိုးအစား တစ်မျိုးပါ။ တစ်ခါတစ်ရံ ဖုန်းခေါ်သူနဲ့ ဝန်ထမ်းကြားမှာ စကားအချေအတင်များပြီး အကြမ်းဖက်မှုအထိ ဖြစ်နိုင်တယ်ဆိုရင်ရော ယုံကြည်နိုင်ပါ့မလား။ အစ်ဇဘယ်လာ ရောဘတ်ဆန်ဟာ Regal Union Bank ရဲ့ အများဝန်ဆောင်မှုဌာနမှာ လုပ်ဆောင်နေသူတစ်ဦးပါ။ တနေ့မှာတော့ သူမဟာ ဦးလေးဖြစ်သူတစ်ယောက်အိမ်မှာ တစ်ပတ်တာ အိမ်စောင့်ပေးရမှာ ဖြစ်လို့ အိမ်တည်ရှိရာ လူသူအလှမ်းဝေးတဲ့ နေရာတစ်ခုကို သွားရောက်ခဲ့ပါတယ်။ သူမက အိမ်မှတစ်ဆင့် အလုပ်လုပ်နေသူဖြစ်ကာ ညဆိုင်းဖြစ်တဲ့အတွက် သူမအတွက်တော့ အဆင်ပြေနေပါတယ်။ ဒါပေမဲ့ တညမှာတော့ သူမဟာလည်း ဖုန်းခေါ်သူဆိုဖောက်သည် တစ်ယောက်နဲ့ အချေအတင် စကားများကာ ​အသက်အန္တရယ်အထိပါ ခြိမ်းခြောက်ခံရပါတော့တယ်။ ထိုသူဟာ ခြိမ်းခြောက်ရုံသက်သက်ပဲလား အမှန်တကယ်လား ဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…(1.1 GB)/(544 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio La

Drama
0 2022
Minacious
Avenues
6

Avenues (2017) ============= IMDb Rating – 6.0/10 ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Michael Angarano ကိုယ်တိုင်ရေး ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်း လေးပဲဖြစ်ပါတယ်။ New York မြို့ရဲ့ အငွေ့အသက်အပြည့်နဲ့ ဒီဇာတ်ကားလေးကိုတော့ Comedy/ Drama အမျိုးအစားဇာတ် ကားနှစ်သက်သူတိုင်း သဘောကျကြမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မက်စ် နဲ့ ပီတာတို့ဟာသူငယ်ချင်း ကောင်းတွေဖြစ်ပါတယ်။ မက်စ် ရဲ့အကိုဟာ လွန်ခဲ့တဲ့လပိုင်းကမှ ကိုယ့်ကိုကိုယ်သတ်သေသွားဝာာပါ။ ပီတာ ဟာအကိုတစ်ယောက်ကို ဆုံးရှုံးထားတဲ့ မက်စ် ကိုအားပေးရင်း မက်စ် ရဲ့မွေးနေ့အတွက် New York မြို့ကိုရောက်လာပါတော့တယ်။ ဆောင်းတွင်းအချိန် New York မြို့ကြီးမှာသူတို့နှစ်ယောက် ဘာ‌တွေဘယ်လိုကြုံတွေ့ပြီး ပျော်ရွှင်မှုကို ဘယ်လိုရှာဖွေသွားကြမလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်) File Size……….(1.29 GB) / (529 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 16Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Theo Katt Encoder……….SWM

Action
6 2017
Avenues
Spy
7

Spy(2015) IMDb Rating (7/10) / Rotten Tomatoes (95%) ရုပ်ရှင်လောကမှာ ဟာသ နဲ့ အက်ရှင် ဆိုတာက အရောမတတ်ရင် တိုင်ပတ်သွားနိုင်တဲ့အမျိုးအစားတစ်ခုထဲပါတယ်။ အက်ရှင်နယ်ပယ်မှာလည်းပုံမလာ၊ ဟာသထဲကျတော့လည်းပေါနေပြန် ဆိုတာတွေနဲ့ Action- Comedy ကားတွေက တော်ရုံဆိုရင် ပေါက်ဖို့ကော Rating ကောင်းဖို့ပါခက်တယ်။ ဒီရုပ်ရှင်ကတော့ အဲဒီအချက်တွေနဲ့မငြိစွန်းဘဲ တော်တော်ကိုပေါက်ခဲ့တယ်။ “ပေါက်မှာပေါ့။ ပါတဲ့သရုပ်ဆောင်တွေကိုလည်းကြည့်ဦးလေ” လို့ပြောလို့ရပေမဲ့ နာမည်ကြီးတွေပြုံထည့်ပြီး ယမ်းရှူသွားရတဲ့ရုပ်ရှင်တွေလည်း ကျနော်တို့မြင်ခဲ့ဖူးပြီးသားပါ။ ဒီရုပ်ရှင်ဘာကြောင့်ပေါက်သလဲဆိုတာ ကြည့်မှပဲသိပါလိမ့်မယ်။ စီအိုင်အေမှာ မြေပြင်ကိုသွားရတဲ့စပိုင်တွေနဲ့ မြေအောက်ခန်းကနေ သတင်းအချက်အလက်ထောက်ပံ့ရတဲ့အဖွဲ့ဆိုပြီး ၂ ဖွဲ့ရှိတယ်။ မြေပြင်ကစပိုင်တွေကတော့ စပိုင်ကားတွေထဲကလို ဂျလန်းကြီးတွေလုပ်ရပေမဲ့ မြေအောက်ခန်းကကွန်ပြူတာသမားတွေကတော့ လင်းနို့ဝင်လိုက် ကြွက်ဝင်လိုက်ဖြစ်နေတဲ့အခန်းထဲ ထိုင်အလုပ်လုပ်ကြရတာပေါ့။ ပထမဆုံးဇာတ်ကောင် ၂ ယောက်အနေနဲ့ ဆူဆန်ကူးပါး(Melissa McCarthy) နဲ့ ဘရက်ဒလေဖိုင်း (Jude Law) တို့ပါတယ်။ ဆူဆန်ကတော့ နားကြပ်ကတဆင့် မြေပြင်က ဖိုင်းကို ညွှန်ကြားရတာပေါ့။ အဲဒီအပြင် ဖိုင်းကိုပါကြိတ်ကြွေနေသေးတာ။ တစ်နေ့တော့ အဏုမြူဗုံးတစ်လုံးကို ပြန်ယူရမယ့်မစ်ရှင်ဖြစ်လာတယ်။ အဲဒီမှာ ဖိုင်းတစ်ယောက်လုပ်ကြံခံလိုက်ရတဲ့အပြင် လက်သည်ကလည်း စီအိုင်အေက စပိုင်တွေအကုန်လုံးရဲ့နာမည်ကိုသိထားပြီးသားဖြစ်နေပြီဆိုတော့ မြေပြင်ထွက်တဲ့စပိုင်တွေတိုင်ပတ်တော့တာပေါ့။ သူတို့အနေနဲ့ သူလျှိုဝင်လုပ်ဖို့ကမဖြစ်နိုင်တော့ဘူး။ အဲဒီလိုနဲ့ ဒီမစ်ရှင်က မြေအောက်ခန်းမှာကွန်ပြူတာကိုင်တဲ့ ဆူဆန်ကူးပါး ရဲ့တာဝန်ဖြစ်လာတယ်။ သူ့ပုံကလည်း ရုပ်ရှင်ထဲက စပိုင်‌တွေလိုခပ်လန်းလန်းမဟုတ်တဲ့အပြင် သူ့အကြောင်းလည်းဘယ်သူမှအဖတ်မလုပ်ဘူးဆိုတော့ သူပဲလုပ်ပေးပါမယ်ပေါ့။ သူကသင်တန်းဆင်းအေးဂျင့်ဆိုပေမဲ့ တခြားသူမပြောနဲ့ သူ့ကိုယ်သူတောင်ယုံကြည်ချက်မရှိဘဲ အထင်မကြီးဘူးဖြစ်နေတယ်။ ဒါပေမဲ့ မြေပြင်ပေါ်ရောက်လာတဲ့အချိန် စိတ်ရှိလက်ရှိကြမ်းရမ်းရင်း သူကိုယ်တိုင်တောင်မသိတဲ့ သူ့ရဲ့လုပ်နိုင်စွမ်းတွေကိုပါမြင်လာရတယ်။ အဲဒီလိုနဲ့ သူလျှိုဝင်လုပ်တဲ့အချိန်မှာ ဒီအဏုမြူဗုံးအရောင်းအဝယ်ကိစ္စက နှစ်ဖက်ချွန်သူလျှိုတွေဘာတွေနဲ့ သပွတ်အူလိုရှုပ်ရှုပ်လာတော့ စပိုင်ကားတွေအတိုင်း အက်ရှင် ဇာတ်အိမ်ကောင်းကောင်းနဲ့ အမှုကိုဖြည်ကြတာပေါ့။ ဒီရုပ်ရှင်မှာ အခိုက်ဆုံးနေရာဆိုရင် ဆူဆန့်ရဲ့ ဇာတ်ရုပ်အပြောင်းအလဲဖြစ်တဲ့နေရာဖြစ်လိမ့်မယ်။ တအားချိုသာတဲ့လူအဖြစ်ကနေ သူ့ဇာတ်‌သူမနိုင်နိုင်အောင်က,ရင်းကနေ ငါဒီလိုတောင် သောက်ကြမ်းကြီးလုပ်နိုင်ပါလားဆိုတဲ့အထိ ဇိုးကြီးဖြစ်သွားတာက ရယ်ရသလောက် အားရဖို့လည်းကောင်းတယ်။ ဇာတ်လမ်းကတော့ စပိုင် အက်ရှင် ဟာသကို ကျကျနနရောထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါပဲ။ ဒါရိုက်တာ Paul Feig က သူ့အနေနဲ့ စပိုင်ကားကိုမှ ဖန်တရာတေ ဟာသတွေမသုံးဘဲ အတတ်နိုင်ဆုံးရယ်ရတဲ့ အက်ရှင်ကားမျိုးဖြစ်အောင်ရိုက်ချင်တယ်ဆိုတဲ့စိတ်ကူးကနေအရင်းခံပြီး ဇာတ်ညွှန်းကိုသူကိုယ်တိုင်ရေးခဲ့တယ်။ ဟာသတွေကလည်း အခုထိသစ်တုန်းပဲ။ လင်းနို့တွေရုံးထဲရောက်နေတဲ့အခန်းဆိုရင် သူရိုက်ခဲ့တဲ့ The Office အပိုင်းတစ်ခုကို reference ယူထားတယ်လို့ဆိုတယ်။ Jason Statham ဇာတ်ကောင်ကိုလည်းအစကတော့ တည်တည်တံ့တံ့အနေနဲ့ရေးခဲ့ပေမဲ့ နောက်မှစိတ်ပြောင်းပြီး အူကြောင်ကြောင်ဟာသဇာတ်ကောင်အနေနဲ့ထည့်သုံးလိုက်တယ်။ အဲဒီဘဲကလည်း ဟာသအပိုင်းမှာပါ တော်တော်ကိုပိုင်တယ်လို့ပြောရလောက်အောင် အတည်ပေါက်ကြီးတွေဖောက်တယ်။ ဟာသမင်းသားအနေနဲ့ပါ ဆုတစ်ခု ဆန်ကာတင်ဝင်သွားသေး။ ဒါရိုက်တာ Paul Feig နဲ့ Melissa McCarthy ကိုဇာတ်ကြောင်းပြန်ကောက်မယ်ဆိုရင် သူတို့ကရှေ့မှာ Bridesmaid တို့ The Heat တို့ကိုရိုက်ခဲ့ပြီးပြီ။ Melissa McCarthy ဆိုတာ ဒီကားမတိုင်ခင်ကတော့ ဇာတ်ပို့ဟာသမင်းသမီးလောက်ပေါ့။ ဒါပေမဲ့ Bridesmaid မှာ ဇာတ်ပို့အော်စကာဆုဆန်ကာတင်ဝင်သွားတဲ့အထိ သရုပ်ဆောင်ကောင်းနေတော့ Spy မှာ အဓိကဇာတ်ကောင်အနေနဲ့တည်ရိုက်ခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ Feig က တာဝန်ကြီးကြောင်းလည်းဝန်ခံခဲ့တယ်။ သူ့အဆိုအရ ဒီရုပ်ရှင်ကိုသာ ပေါကားဖြစ်အောင်သူရိုက်မိရင် အမျိုးသမီးတွေရဲ့ဟာသရုပ်ရှင်နယ်ပယ်က တော်တော်အထိနာသွားမယ်တဲ့။ ဒီလိုတာဝန်များတဲ့ကိစ္စမှာ Melissa McCarthy ကို ထည့်ရိုက်တယ်ဆိုတာ တော်ရုံယုံကြည်မှုနဲ့တော့မဟုတ်ဘူး။ Melissa ကလည်း စတန့်တွေကိုပါ ကိုယ်တိုင်ဝင်လုပ်တဲ့အပြင် အက်ရှင်ခန်းအတွက်သိုင်းပါသင်တဲ့အထိ တော်တော်ကြိုးစားခဲ့တယ်။ ယုံကြည်မှုကို အလဟဿမဖြစ်စေဘူးပေါ့လေ။ သူ့ရဲ့သရုပ်ဆောင်ချက်တွေကလည်း ဒီရုပ်ရှင်ကို အဓိကချီးကျူးကြတဲ့ထဲမှာပါတယ်။ ချုပ်ပြောရရင် သရုပ်ဆောင်တွေကော ဇာတ်လမ်းပါ ပျင်းဖို့မကောင်းတဲ့ရုပ်ရှင်ပါပဲ။ “ငါသာ အတွေ့အကြုံမရှိဘဲ စပိုင်အနေနဲ့ထွက်လုပ်ရမယ်ဆိုရင် ဘယ်လိုနေမလဲတွေးကြည့်ပါ”။ ပြီးရင် ဒီရုပ်ရှင်ကိုကြည့်လိုက်ပါ။ မိုးမွှန်နေအောင်ရိုင်းထားတာကြောင့် ဒီရုပ်ရှင်နဲ့အင်္ဂလိပ်စာသင်မယ်ဆိုရင်တော့ ကောင်းကောင်းဆဲတတ်သွားမှာတော့သေချာပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) 4K ကိုတော့ CM App မှာ Streaming လဲ ကြည့်လို့ရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ CM App ကို www.cmapp.tv မှာ ရယူပါ။

7 2015 120 mins
Spy
Iron Lady Sniper
5.7

ဇာတ်ကားလေးကိုတော့ တရုတ်ပြည်မှာ ဂျပန်တွေကြီးစိုးနေတဲ့ခေတ် 1950နှောင်းပိုင်းကိုအခြေခံပြီးရိုက်ကူးထားပါတယ် ။ ဇာတ်ကားလေးက Action ဆန်ဆန် ဇာတ်လမ်းတွေ ကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက်တော့ ဇာတ်ကားကောင်းလေးဖြစ်မယ်ဆိုတာ ပြောရဲပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ စက်တင်ဘာ 18 ဆူပူမှုကြီးအပြီးမှာ တရုတ်ပြည်ရဲ့ အင်အားအကြီးဆုံးစစ်တပ်ဖြစ်တဲ့ တုန်းပေစစ်တပ်ဟာ ဂျပန်တွေကို မတိုက်ခိုက်တော့ဘဲ ခုခံဖို့မူဝါဒကိုချမှတ်လိုက်ပါတယ် ။ ဒါကိုမကျေနပ်ကြတဲ့ တုန်းပေစစ်တပ်က စစ်သားတွေဗိုလ်ကြီးတွေ တော်တော်များများက တုန်းပေစစ်တပ်ကထွက်ခွာပြီး ပြည်သူ့တော်လှန်ရေးတပ်ထဲဝင်ကြပါတော့တယ် ။ ဂျပန်တွေကလည်း မန်ချူးတွေရဲ့အကူအညီနဲ့ရဲတင်းပြီး တရုတ်ပြည်က တော်လှန်သူမှန်သမျှကို ရက်ရက်စက်စက်လိုက်လံသုတ်သင်နေတဲ့အချိန်လည်းဖြစ်ပါတယ် ။ အဲဒီတော်လှန်သူတွေထဲမှာ မင်းသမီးရဲ့မိဘတွေကလည်းအပါအဝင်ဖြစ်ပြီး သူတို့ရဲ ရဲဘော်ရဲဘက်တစ်ယောက်ကို ဖွက်ထားပေးမိလို့ အသေနှိပ်စက်ခံခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ် ။ ဒါကိုမျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရတဲ့ လန်ရွှယ် ( မင်းသမီး ) လေးဟာ တစ်ဘဝလုံး ဂျပန်တွေကိုမုန်းတဲ့စိတ်နဲ့ကြီးပြင်းလာခဲ့ပြီးတော့ အဲဒီကယ်လိုက်တဲ့ရဲဘော်ရဲဘက်ဗိုလ်ကြီးဆီမှာ သေနတ်ပစ်နည်းကို ကျွမ်းကျင်သည်အထိသင်ခွင့်ရခဲ့ပါ‌တယ် ။ သူပညာရည်ပြည့်စုံပြီး ထိပ်တန်းစနိုက်ပါတစ်ယောက်ဖြစ်လာခဲ့ချိန်မှာတော့ မိဘတွေအတွက်ဘယ်လိုလက်စားချေသွားမလဲ ? ဂျပန်တွေကိုရော ဘယ်လိုတော်လှန်သွားမလဲဆိုတာကို စိတ်ဝင်စားစွာ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှူပေးကြပါအုံးနော် ။

5.7 2024
Iron Lady Sniper
Second Life
6

တရုတ်အက်ရှင်ကားကြိုက်တဲ့သူတွေအတွက် ကားကောင်းလေးလာပါပြီ။ ဇာတ်လမ်းရဲ့အစကတော့ ရဲအရာရှိဖြစ်တဲ့ယောင်္ကျားဖြစ်သူကို ဂိုဏ်းစတားခေါင်းဆောင်ကြီးကလုပ်ကြံလိုက်တဲ့အတွက် တရုတ်တိုင်းရင်းဆေးဆရာမကြီးကတစ်ချက်ထဲ ကန်သတ်ပစ်လိုက်တဲ့အခန်းနဲ့ ခပ်ကြမ်းကြမ်းစခဲ့တယ်။ လူဆိုးကိုသတ်တာဆိုပေမယ့်လဲ လူသတ်မှုဖြစ်တဲ့အတွက်ထောင်ကျခဲ့ပါတယ်။ ဖြစ်ချင်တော့ သူ့မှာကိုယ်ဝန်ရှိနေတဲ့အတွက် ကလေးကို ထောင်ထဲမှာပဲမွေးခဲ့ရပြီးတော့ ၁နှစ်ပြည့်တဲ့အချိန်မှာ မိဘမဲ့ဂေဟာကိုပို့လိုက်ရပါတယ်။ သက်တမ်းစေ့လို့ထောင်ကထွက်လာတဲ့အခါ သားလေးကိုပြန်ရှာဖို့ကြိုးစားပါတယ်။ အဲ့ဒီအချိန်မှာ တစ်ဖက်ဂိုဏ်းကလဲ အဖေကိုကန်သတ်သွားတဲ့တရားခံကို လက်စားချေဖို့ဆိုပြီး ကလေကချေတစ်ယောက်ကိုလွှတ်လိုက်တဲ့အခါ အဖွားကြီးနားမှာ သူ့သားအယောင်ဆောင်ပြီး အယုံသွင်းလုပ်ကြံဖို့ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ အဖွားကြီးနဲ့လူမိုက်လေးကြားမှာဘယ်လိုတွေဖြစ်လာမလဲ…… အဖွားကြီးရဲ့သားအရင်းကရော ဘယ်သူဖြစ်နေမလဲ……

6 2024
Second Life