YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Spy Gone North (Gongjak) [2018] (MM Sub).mp4

1.03 GB N/A video/mp4 2270 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Karthikeya 2
7

ခုတစ်ခါထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်းတေလဂူကားလေးကတော့ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ကားလေးပါပဲ... မင်းသားချော နီခေလ်နဲ့ မင်းသမီးချောလေး အန်နူပမာတို့ ခေါင်းဆောင်မင်းသား မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ် ဒီဇာတ်ကားမှာ ကာသစ်က လက်တွေ့သိပ္ပံကလွဲရင် ကျန်တာတွေကို အယုံအကြည်မရှိဘူးဆိုပေမယ့် လက်တွေ့ဆန်တာ ယုတ္တိရှိတာတွေကိုတော့ ယုံလေ့ရှိသလို တစ်မူထူးခြားတဲ့လူတစ်ယောက်လည်း ဖြစ်တယ်... သူဟာ ဆရာဝန်တစ်ယောက်ဖြစ်သလို စူးစမ်းလေ့လာရေးသမားတစ်ယောက်လည်း ဖြစ်သေးတယ်... ဘုရားအဆင်တန်ဆာတွေကို လိုချင်တပ်မက်နေကြတဲ့ သိုက်တူးသမား အဖွဲ့အစည်းတစ်ခုရှိတယ်...လောဘသားကောင်တွေဆိုပါတော့ ကမ္ဘာမီးလောင်ရင် သားကောင်ချနင်းမယ့် လူစားမျိုးတွေ... အဲ့ဒီအဖွဲ့အစည်းထဲက ပရော်ဖက်ဆာတစ်ယောက်ဟာတော့ ဒီအဖြစ်ကို မလိုလားခဲ့ဘူး..ဒါကြောင့် အဆင်တန်ဆာတွေရဲ့ တည်နေရာကို ခဲရာခဲဆစ်နဲ့ တစ်ယောက်တည်း သဲလွန်စတွေ ရှာဖွေဖေါ်ထုတ်ခဲ့တယ်... နောက်ဆုံး ဒီသဲလွန်စတွေနဲ့ အဆင်တန်ဆာတွေကို ကာကွယ်ရမယ့်တာဝန်က ကာသစ်ဆီရောက်လာတော့.. ဗီဇအရ စူးစမ်းရှာဖွေလိုစိတ်အပြည့်ရှိတဲ့ ကာသစ်ဟာ ဒီသဲလွန်စတွေကို ဘယ်လိုရှာဖွေဖေါ်ထုတ်မလဲ...။ ဆန်းကြယ်မှုတွေပြည့်နှက်နေတဲ့ သူ့ခရီးကို ဘယ်လိုဖြတ်သန်းမလဲဆိုတာကတော့....။ File size…4.5GB / 2.21GB / 1GB Quality…4k HEVC WEB DL  / 1080p WEB DL / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Comedy
7 2022 145 mins
Karthikeya 2
Conspiracy Theory
6.6

ခုတစ်ခေါက် တင်ဆက်ပေးမယ့် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသမီး အလှပဂေး Julia Roberts နဲ့ ဒါရိုက်တာ-သရုပ်ဆောင် မင်းသားကြီး Mel Gibson တို့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေ ပါဝင်ပြီးတော့ ကြည့်ရှုသူတွေအနေနဲ့ အက်ရှင်၊ နိုင်ငံရေးလျှို့ဝှက်မှုခင်းတွေနဲ့ အချစ် အကြောင်းတို့ကို စုံလင်စွာ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ တက္ကဆီမောင်းသမား Jerry က နိုင်ငံမှာ ဖြစ်ပျက်နေတာတွေအကုန်လုံးကို လိုက်ကြည့်ပြီး ဒါကတော့လက်မဲကြီးတွေကလုပ်တာ၊ ဘယ်သူတွေကကြိုးကိုင်နေလို့ ဒီလိုဖြစ်တာဆိုပြီး ကိုယ်ပိုင်သီအိုရီတွေထုတ်တတ်လေ့ရှိပါတယ်။ တက္ကဆီမောင်းတဲ့သူလည်း ဖြစ်နေတော့ လူတွေအများကြီးနဲ့ ဆက်ဆံရပြီး တွေ့သမျှလူတိုင်းကိုလည်း သူ့အတွေးတွေအကုန်လုံးကို လိုက်ပြောလေ့ရှိပါတယ်။ သူပြောသမျှက ယုံချင်စရာမကောင်းလွန်းလို့ အရူးလို့ထင်ရပေမဲ့ သူပြောတဲ့အထဲက တစ်ခုခုကမှန်သွားပြီးတော့ သူ့ကိုလိုက်ဖမ်းတဲ့ အဖွဲ့အစည်းတစ်ခုပေါ်လာပါတယ်။ Jerry ကတော့ သူထုတ်ထားတဲ့ သီအိုရီတွေက များလွန်းလို့ ဘယ်ဟာကြောင့်ခုလို ဖြစ်ရတယ်ဆိုတာတောင် မသိတော့ပါဘူး။ Jerry မှာ သူ အရူးအမူးစွဲလမ်းနေတဲ့ Alice လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်လည်း ရှိပါတယ်။ Jerry ကို လိုက်ဖမ်းတဲ့ အဖွဲ့အစည်းက အဲဒီကောင်မလေးနဲ့ရော ဘယ်လိုဆက်စပ်မှုတွေရှိလဲ။ Jerry ရဲ့ စွဲလမ်းမှုကရော Alice အပေါ် အန္တရာယ်ဖြစ်စေနိုင်မလား ဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ကောင်းစွာ တင်ဆက်ပေးထားလို့ လက်လွှတ်မခံဘဲ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size…(2.63GB)  / (`1.36GB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:15:00 Genre... Action / Mystery /  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

6.6 1997 135 mins
Conspiracy Theory
Witch Hunt
4.5

စုန်းမတွေ တကယ်ရှိပြီး စုန်းအတတ်တွေကို တရားဥပဒေအရ တားမြစ်ထားတဲ့ မော်ဒန်အမေရိကခေတ်မှာ စုန်းမလေး ၂ ယောက်ကို ဝှက်ထားပေးတဲ့မိသားစု တစ်စုအကြောင်း ရိုက်ပြထားတာပါ။ ကလယ်ရာ့မှာ အမေဖြစ်သူ မာသာရယ်၊ အမြွှာမောင်လေး ၂ ယောက် ရယ် ရှိပါတယ်။ ကလယ်ရာတို့အိမ်က အမေရိကန် နယ်စပ်ကိုဖြတ်ပြီး မက္ကဆီကိုဘက်ကို သွားမယ့် စုန်းတွေကို တစ်ညတာ တည်းခိုခွင့်ပေးတဲ့ အိမ်ပါ။ တစ်ရက်တော့ သူတို့အိမ်ကို စုန်း ညီအစ်မနှစ်ယောက် ရောက် လာပါတယ်။ ဖြစ်ချင်တော့ စုန်းတွေကို မက္ကဆီကိုဘက် ပို့ပေးတဲ့သူကို စုံထောက်က ဖမ်းမိသွားပြီး စုန်းညီအစ်မနှစ်ယောက် ကလယ်ရာတို့အိမ်မှာ သောင်တင်ဖို့ ဖြစ်လာပါတော့တယ်။ စုန်းအတတ်ကို ရာဇဝတ်မှုလို ရှုမြင်ကြတဲ့အသိုင်းအဝိုင်းကြားထဲမှာ အဲဒီညီအစ်မကို ကလယ်ရာတို့ သေချာဝှက်ထားနိုင်ပါ့မလား။ ကလယ်ရာတို့ မိသားစုကရော စုန်းတွေနဲ့ ဘယ်လို ဆက်စပ်နေတာလဲ ဆိုတာကို ဒီကား လေးထဲမှာဆက်လက်ကြည့်ရှုပေးကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size..........(1.03 GB) / (438 MB) / (246 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 38mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Fantasy, Horror, Thriller Translator.......Roman Nox Encoder...........SWM

Crime • Drama • Mystery
4.5 2022 9 mins
Witch Hunt
Rangasthalam
7.1

IMDb Rating(8.2) / Rotten Tomatoes (100%) Rating အလန်းစားနဲ့ ဒီဇာတ်ကားက ဇာတ်လမ်းဇာတ်အိမ်ရော Plot Twist ရော ရိုက်ကူးမှုပိုင်းတွေရော အကုန်လုံး ပြည့်စုံကောင်းမွန်တဲ့ တောင်ပိုင်းရုပ်ရှင်ကားကြီးတစ်ကားပါပဲ။ သာမန်ကြည့်ဖူးနေကျ တောင်ပိုင်းကားတွေလို Overတွေ မပါဘဲ သဘာဝကျကျ အက်ရှင်အလန်းစားတွေ၊ သီချင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားပါတယ်။ မင်းသားကလဲ ဘိုင်ရာဘာမင်းသားလို့ လူသိများတဲ့ ရမ်ချရန်းဆိုတော့ သဘာဝကျတဲ့သရုပ်ဆောင်မှုတွေနဲ့ လိုက်ဖက်လွန်းနေပါတယ်... ဇာတ်လမ်းလေးကတော့... ၁၉၈ဝခုနှစ်တွေက ရန်ဂက်(စ်)တလန်ဆိုတဲ့ ကျေးရွာလေးတစ်ရွာက ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ရွာထဲမှာ လယ်တွေကိုရေသွင်းတဲ့အလုပ်ကိုလုပ်တဲ့ ချစ်တီးဘာဘူဟာ မွေးရာပါနားလေးတဲ့ ချို့ယွင်းချက်ရှိပြီး မဟုတ်မခံ လူစားမျိုးပါ၊ သူ့အရှေ့မှာ မတရားတာတွေ့ရင် ဝင်ချဖို့ နှစ်ခါမစဉ်းစားတတ်ပါဘူး.. ရွာထဲမှာ အဖွဲ့အစည်းဆိုတဲ့နာမည်နဲ့ ရွာသားတွေကို ချေးငွေတွေထုတ်ချေးထားပြီး အမြတ်ကြီးစား ခေါင်းပုံဖြတ်နေတဲ့ အဖွဲ့တဖွဲ့လည်းရှိပါတယ်် ဒီအဖွဲ့ကို အဓိကချုပ်ကိုင်ထားတာက နှစ်(၃၀)ဆက်တိုက် သူကြီးဖြစ်နေတဲ့ ရွာသူကြီးပါ လူတွေက သူ့ကို ကြောက်ရွံ့ကြသလို၊ ရင်မဆိုင်ရဲကြပါဘူး သူနဲ့ထိပ်တိုက်တွေ့တဲ့သူမှန်သမျှ မရှု့မလှသေပွဲဝင်ကြရစမြဲပါ။ ဒီလို ဂုတ်သွေးဆုပ်အမြတ်ထုတ်နေတဲ့ အဖွဲ့ကို ရင်ဆိုင်ပြီး သူကြီးနေရာက ဝင်ပြိုင်မယ်လို့ စိန်ခေါ်လိုက်တဲ့သူ တစ်ယောက်ရှိပါတယ်။ သူနာမည်က ကူမာရ် ဘာဘူပါ ကူမာရ်ဟာ ချစ်တီးဘာဘူရဲ့ အစ်ကိုဖြစ်ပြီး၊ ဒူဘိုင်းမှပြန်လာတဲ့ ပညာတတ် တစ်ယောက်လည်း ဖြစ်ပါတယ်။ မတရားမှုကို ရင်ဆိုင်ဖို့ သူကြီးအဖွဲ့နဲ့ထိပ်တိုက်တွေ့နေတဲ့ အစ်ကိုဖြစ်သူကို ချစ်တီးဘာဘူတစ်ယောက် ဘယ်လိုတွေ ကာကွယ်စောင့်ရှောက်သွားမလဲဆိုတာကတော့....။ File size…(3.9 GB) / (1.2 GB) Quality….BluRay 1080p HEVC /HDRip 720p Format…mkv/mp4 Duration….02:53:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Kyaw Ye Aung,Nyeinsaeya Aung Translated by Zaw Htoo

Comedy • Drama • Romance
7.1 2018 179 mins
Rangasthalam
The Devil Has a Name
5.3

ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ မှုခင်း ဒရာမာလေး တစ်ခုလောက် ကြည့်လိုက်ရအောင်။ စက်ရုံကြီးတွေရဲ့ လုပ်ရပ်ကြောင့် ပတ်ဝန်းကျင်မှာ ထိခိုက်မှုတွေဖြစ်တဲ့အကြောင်းကိုအခြေခံထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ရေတွေအဆိပ်သင့်စေတဲ့အတွက် ဧရာမကုမ္ပဏီကြီးကို တရားစွဲတဲ့ လယ်သမားကြီးတစ်ယောက်အကြောင်းပေါ့။ လယ်သမားကြီးကိုအမှုရှုံးဖို့နည်းမျိုးစုံဖိအားပေးပုံတွေ၊ လယ်သမားကြီးဘက်က မျိုးစုံ ရုန်းကန်ရပုံတွေကို စိတ်လှုပ်ရှားစရာ ပြသထားတာဖြစ်ပါတယ်။ ကြည့်လိုက်ပါဦး။ File size…(1.57GB)/(787Mb)/( Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre...Drama /  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TainHlwar

Action • Crime • Thriller
5.3 2019 97 mins
The Devil Has a Name
The Devil All the Time
7.2

ရောဘတ် ပတ်တီဆန် နဲ့ တွမ် ဟော်လန်တို့ရဲ့ နက်ဖလစ် ရုပ်ရှင်အသစ်ရပါပြီ။ လက်ရှိမှာတော့ IMDb 7.9 ရထားပါတယ်။ တကယ်ကို ထိုက်ထိုက်တန်တန်ရတာပါပဲ။ နောက်ခံစကားပြောလေးနဲ့ ဂန္ဓဝင်ရုပ်ရှင်ဟောင်းတွေရဲ့ အငွေ့အသက်လေးတွေနဲ့ ဖန်တီးထားတာပါပဲ။ မူရင်း ခေတ်ဟောင်း ဝတ္ထုကို မဖတ်ဖူးပေမယ့် ရုပ်ရှင်ကို ကြည့်လိုက်တာနဲ့တင်အတော်ကို ကောင်းမယ့် ဝတ္ထုဆိုတာ သိလိုက်ပါတယ်။ အရမ်းကောင်းပေမယ့် လူတိုင်းတော့ ကြည့်လို့အဆင်ပြေမယ်မထင်ပါဘူး။ ဘာသာရေးအစွန်းရောက်မှုတွေ၊ ဘာသာရေးအမြတ်ထုတ်တာတွေ၊ စိတ္တဇလူသတ်သမားတွေနဲ့ ချိတ်ဆက်ပြီး ဇာတ်ကို ဖွဲ့စည်းထားတဲ့အပြင် သွေးသံရဲရဲ သတ်ဖြတ်ခန်းတွေလည်း ပါတော့ ကြောက်စရာတွေ မကြိုက်တတ်တဲ့သူတွေတော့ အတွက်တော့ မကောင်းပါဘူး။ ကျွန်တော်ကတော့ အတော်ကိုကြိုက်ပါတယ်။ ကြည့်ပြီးပြီးချင်း ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါပြီ။ အကြိုက်တူတဲ့သူတွေ သဘောကျကြမှာပါ။ File Size : 1 Gb / 400 mb Quality : webrip 1080p/720p/480p Format…mp4 Duration…2hr 18min Genre :   Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Littleneo

Action • Adventure • Drama • Thriller
7.2 2020 138 mins
The Devil All the Time
Trolls World Tour
7.4

Trolls ဆိုတဲ့ ကာတွန်းရုပ်ရှင်လေးကို မှတ်မိကြသေးလားမသိဘူး။ သီချင်းလေးတွေ လှလှပပလေးနဲ့ ဇာတ်လမ်းကောင်းကောင်းလေးလေ။ အခု အဲဒီ Trolls ရဲ့ အဆက်လာပါပြီ။ ဒီတစ်ခါတော့ မှင်စာလေးတွေရဲ့ ကမ္ဘာကြီးကို ချဲ့ပြလိုက်ပါပြီ။ ပေါ့ပီ နဲ့ ဘရန့်ချ်တို့ဟာ သူတို့နေထိုင်တဲ့ မှင်စာမျိုးနွယ်စုဟာ ကမ္ဘာကြီးတစ်ခုလိုထင်ထားပေမယ့် မဟုတ်ခဲ့ပါဘူး။ အခြားသောမှင်စာ မျိုးနွယ်လေးတွေ ရှိပါသေးတယ်။ အဲဒီမျိုးနွယ်တွေက တကယ်တော့ ဂီတအမျိုးအစားအပေါ် အကြိုက်မတူကြလို့ ရှေးရှေးတုန်းက လမ်းခွဲခဲ့ကြတဲ့ မျိုးနွယ်တွေပါပဲ။ ဟာ့ဒ်ရော့ခ်၊ ကလက်စစ်ကယ်၊ တက်ခ်နို၊ ကန်းထရီး၊ ဖန့်ခ်၊ ပေါ့ပ် ဆိုပြီး ၆ ခု ကွဲနေကြတာပါ။ ပေါ့ပီတို့ကတော့ ပေါ့ပ် မျိုးနွယ်စုပါပဲ။ ဟာ့ဒ်ရော့ခ် မျိုးနွယ်စုရဲ့ ဘုရင်မ ဘာ့ဘ်က မျိုးနွယ်အားလုံးကို အနိုင်ယူပြီး မှင်စာအားလုံးကို ရော့ခ် ဂီတတစ်ခုတည်းအောက်မှာ အုပ်ချုပ်ဖို့ ကြိုးစားလာတဲ့အခါ ပေါ့ပီ နဲ့ ဘရန့်ချ်တို့ စွန့်စားခန်းတွေ ထပ်ဖွင့်ပြီး ဘာ့ဘ်ကို တားဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းဖတ်မိတာနဲ့ ဒီတစ်ခါ ဂီတအစုံ နားထောင်ရတော့မယ်ဆိုတာကို ကြိုသိမှာပါ။ ဇတ်လမ်းကလည်း အတော်ကောင်းတာမို့ အားရပါးရ ကြည့်ပြီး အပန်းဖြေလို့ ရပါပြီ။ Little Neo က ဘာသာပြန်ပေးထားပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်။

Drama • Sci-Fi & Fantasy
7.4 2020 90 mins
Trolls World Tour
Shakespeare in Love
7.1

“Shakespeare in Love” ဆိုတဲ့နာမည်ကို ကြားလိုက်တာနဲ့တင် အထွေအထူးညွှန်းနေစရာမလိုတော့လောက်ဘူး ထင်ပါတယ်။ ဒီနာမည်ကို မရင်းနှီးကြတဲ့သူတွေအတွက်ကတော့ “ရိုမီရိုနဲ့ ဂျူးလိယက်” လို့ဆိုလိုက်ရင် မသိသူမရှိလောက်တော့ပါဘူး။ အော်စကာဆုပေါင်း ၇ ဆုတိတိ ဆွတ်ခူးထားခဲ့တဲ့ ဒီဇာတ်ကားဟာဆိုရင် “ရိုမီရိုနဲ့ ဂျူးလိယက်” ပြဇာတ် ဖြစ်တည်လာခဲ့တဲ့ ဇာတ်ကြောင်းရင်းခံပဲဖြစ်ပါတယ်။ William Shakespeare ဟာ သူရဲ့ ပြဇာတ်အသစ်ဖြစ်တဲ့ “ရိုမီရိုနဲ့ ပိုင်းရိတ်သမီးတော် အီသယ်” ကို ကြိုရောင်းထားနှင့်ပြီးသားပေမဲ့ Writer Block ဖြစ်နေတာကြောင့် စလုံးရေ မစနိုင်ဖြစ်နေခဲ့တယ်။ သူရဲ့စိတ်ကူးယဉ်ပုံစံအမျိုးသမီးလေး Viola De Lesseps နဲ့ မတွေ့ခင်အထိပေါ့ Lady Viola က လက်ထပ်ရမဲ့ သူရှိပြီးသားဖြစ်တဲ့ ဆွေကြီးမျိုးကြီးသခင်မလေးတစ်ယောက်ဖြစ်သလို ပြဇာတ်ကို အရူးအမူးသဘောကျတဲ့ သူတစ်ယောက်။ ဒါပေမဲ့ သူတို့ခေတ်တုန်းက အမျိုးသားတွေပဲ ပြဇာတ်ကခွင့်ရှိတာကြောင့် သူက ‌ယောက်ျားလေးလို ဟန်ဆောင်ပြီး ပြဇာတ်အတွက် Audition ဝင်ဖြေရာကနေ Romeo ဇာတ်ကောင်နေရာကို ရသွားခဲ့ပါတယ်။ အဲကနေတစ်ဆင့် သူတို့နှစ်ဦးကြား ချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာခဲ့ကြတယ်။ လက်ထပ်ရမဲ့သူရှိနှင့်ပြီးသား သခင်မလေးတစ်ယောက်နဲ့ သူဆင်းရဲ ကဗျာဆရာ၊ ပြဇာတ်ရေးဆရာတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ ရှိတ်စပီးယားရဲ့ ပြဇာတ်အသစ် “ရိုမီရိုနဲ့ ဂျူးလိယက်” ဖြစ်သွားခဲ့ပြီး အခုထက်တိုင် အချစ်နဲ့ ပတ်သတ်လာရင် လူတိုင်းဥပမာတွေပေးနေကြဆဲ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့ပါတော့တယ်။ File size…(2.4 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:03:00 Genre…Drama, Comedy, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Moshi

Drama • Comedy
7.1 1998 123 mins
Shakespeare in Love
Heretic
7.2

Heretic (2024) IMDb Rating (7.2) / Rotten Tomatoes (91%) ဒီဇာတ်ကားလေးကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလထဲမှ ပူပူနွေးနွေး ထွက်ရှိထားတာဖြစ်ပြီး အိမ်တစ်အိမ်တည်းမှာ ဇာတ်အိမ်တည်ထားတာကို ကြည့်ရင်းတဖြည်းဖြည်း စိတ်ကျဉ်းကျပ်လာကာ ဘာသာရေးဆိုင်ရာ ဆွေးနွေးမှုတွေကို ရှုထောင့်တစ်မျိုးကနေ ပျင်းစရာမကောင်းပဲ ရင်ဖိုစိတ်လှုပ်ရှားစွာကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း စစ္စတာ ဘန်းစ်နဲ့ စစ္စတာ ပက်စတန်ဟာ ဆယ်ကျော်သက်အရွယ် သီလရှင်နှစ်ယောက်ဖြစ်ပြီး သူတို့ဟာ ခရစ်ယာန်ဘုရားကျောင်းမှာပဲ မွေးပြီး အဲမှာပဲ ပြုစုပျိုးထောင်ခံရကာ ကြီးပြင်းလာခဲ့ကြတာပါ။ သူတို့နှစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း စက်ဘီးကိုယ်စီနဲ့ မြို့ထဲပတ်သွားပြီး လူတွေကို သူတို့ရဲ့ မော်မွန်ဘာသာ (၁၈၃၀ ပြည့်နှစ်တွင် ပေါ်ပေါက်လာသော ခရစ်ယာန်ဘာသာဂိုဏ်းခွဲ)ကို ဝင်ရောက်ကြဖို့ တရားလိုက်ဟောရင်း သာသနာပြုကြပါတယ်။ တစ်နေ့မှာတော့ သူတို့ဟာ မြို့စွန်မှာနေတဲ့ ဘာသာမျိုးစုံကို လေ့လာလိုက်စားပြီးတော့ မေးခွန်းထုတ်တတ်တဲ့ မစ္စတာရိဒ်ဆိုတဲ့ ဘာသာရေးပညာရှင်ရဲ့ အိမ်ကို သူတို့ရဲ့ ဘာသာက စစ်မှန်ကြောင်း သာသနာပြုရှင်းပြဖို့ သွားရောက်ခဲ့ပါတယ်။ မစ္စတာရိဒ်က သူတို့နှစ်ယောက်ကို အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ တစ်ခုရှိတာက သူ့ရဲ့ အိမ်နံရံ၊ မျက်နှာကြက်နှင့် ပြတင်းပေါက်တွေဟာ သံတိုင်တွေအပြည့်နဲ့ ထွက်ပေါက်မရှိပါဘူး။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ မစ္စတာရိဒ်နဲ့ ဘာသာရေးအကြောင်းဆွေးနွေးရင်း သူတို့ရဲ့စကားဝိုင်းက ထူးဆန်းလာပြီး နေရခက်လာခဲ့ပါတယ်။ ဒီတော့ မစ္စတာရိဒ်မှာ ဘာအကြံရှိနေတာလဲ၊ သူတို့နှစ်ယောက်ကရော ဒီအိမ်ထဲက ဖြောင့်ဖြောင့်တန်းတန်း ထွက်လာနိုင်ပါ့မလားဆိုတဲ့အတွေးတွေနဲ့ ဘာသာရေးဆွေးနွေးမှုကို ရင်ဖိုစိတ်လှုပ်ရှားစွာ စိတ်တထင့်ထင့်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။) File size…(3 GB) / (1.2 GB) / (730 MB) Quality….WEB-Rip 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Thriller Duration….01:51:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant, Benjamin Translated by Matteo

Crime • Drama
7.2 2024 111 mins
Heretic
S.T.A.L.K.E.R. Shadow of the Zone
5.8

လူသားတွေရဲ့ ကမ္ဘာမှာ Noosphere (နိုစဖီးယား) ဆိုတဲ့ လူသားတွေရဲ့ အတွေးအခေါ် တွေကျင်လည်တဲ့ ကမ္ဘာနဲ့ Biosphere (ဘိုင်အိုစဖီးယား) ဆိုတဲ့ လူသားတွေရဲ့ ဇီဝရုပ်ခန္ဓာတွေကျင်လည်တဲ့ ကမ္ဘာဆိုပြီး နှစ်ခုပိုင်းခြားထားတယ်။ ဒီ (Zone) ဇုန်လို့ ခေါ်တဲ့ နေရာကြီးကတော့ အထက်ပါ လူသားကမ္ဘာနှစ်ခု ပွတ်တိုက်ပြီးမညီမျှမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်လို့ လူသားတွေက ယုံကြည်ကြတယ်။ အဆိုပါ ဇုန် နဲ့ အတူပဲ မိုနိုလစ် ဆိုတဲ့ မျိုးဗီဇကွဲသက်ရှိ အသစ်တွေပါ ပေါ်ပေါက်လာခဲ့တယ်။ ဇာတ်လမ်းလေးရဲ့အစကိုတော့ Zone လို့ခေါ်တဲ့ ကန့်သတ် ဧရိယာတစ်ခုထဲကနေ ထွက်လာတဲ့ လှိုင်းတစ်ခုကို အကြောင်းပြုပြီး စတင်ထားပါတယ်။ အဆိုပါ လှိုင်းဟာ လူသားတွေရဲ့ အမူအကျင့်တွေအပေါ်လွှမ်းမိုးပြီး အန္တရာယ်ပြုနေတာကြောင့် အဲဒီလှိုင်း ကို စုံစမ်းထောက်လှမ်းဖို့နဲ့ ဖျက်ဆီးပစ်ဖို့ အထူးတပ်ဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ခဲ့ပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ Sci-fi Action အမျိုးအစားဖြစ်တာနဲ့အညီ အက်ရှင်ခန်းတွေကိုလည်း စုံစုံလင်လင်ရှုစားကြရမှာဖြစ်ပြီးတော့ ဒီ Zone လို့ခေါ်တဲ့ ပဟေဠိဆန်တဲ့အရာကြီးက ဘာလဲ၊ ထုတ်လွှင့်နေတဲ့လှိုင်းကရော ဘာအတွက်လဲ၊ အထူးတပ်ဖွဲ့အနေနဲ့ အဆိုပါ ပဟေဠိတွေကို စုံစမ်းဖော်ထုတ် သွားနိုင်မလားဆိုတာကို ကြည့်ရှုကြရမှာပါ။ File size… (769MB) / (408MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 12m Genre ….. Action , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Drama
5.8 2024 72 mins
S.T.A.L.K.E.R. Shadow of the Zone
Cinta Dari Timor
4.9

Cinta Dari Timor (2024) IMDb Rating (4.9) “ငါတို့နာမည်တွေကလိုက်ဖက်တယ်” “ဘာလို့လိုက်ဖက်တာလဲ” “ကြယ်တွေရှိတဲ့နေရာမှာ ကောင်းကင်ရှိတယ်လေ” “ကြယ်” လို့အဓိပ္ပာယ်ရတဲ့ဘင်တန်ဆိုတဲ့ကောင်မလေးနဲ့ “ကောင်းကင်” လို့အဓိပ္ပာယ်ရတဲ့လန်ဂစ်ဆိုတဲ့ကောင်လေးဟာ ၁၉၉၉ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံရဲ့အကောင်းဆုံးတက္ကသိုလ်တစ်ခုမှာ ချစ်ကြိုးသွယ်မိခဲ့ကြပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားကနေ အရှေ့တီမောခွဲထွက်တဲ့လူထုဆန္ဒခံယူပွဲကြောင့် ဘင်တန်တို့မိသားစုက အရှေ့တီမောကိုပြန်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ အင်ဒိုနီးရှားမှာပဲ လန်ဂစ်နဲ့အတူနေခဲ့ချင်တဲ့ဘင်တန်ဟာ အိမ်ကထွက်ပြေးပြီး လန်ဂစ်လာအခေါ်ကိုစောင့်ဆိုင်းနေခဲ့ပေမယ့် ရောက်မလာခဲ့တဲ့လန်ဂစ်ကြောင့် စိတ်အနာကြီးနာခဲ့ရပါတယ်။ ရှစ်နှစ်ကြာအောင် လန်ဂစ်ကြောင့်ခံစားနေရဆဲဖြစ်တဲ့ဘင်တန်တစ်ယောက် တစ်ရက်မှာတော့ မမျှော်လင့်ဘဲ လန်ဂစ်ကိုပြန်တွေ့လိုက်ရပြီး သူသိခဲ့တဲ့လန်ဂစ်မဟုတ်တော့ဘဲ အပြောင်းလဲကြီးပြောင်းလဲနေခဲ့ပါပြီ။ လန်ဂစ်တစ်ယောက် သူသိပ်ချစ်ခဲ့တဲ့ချစ်သူဘင်တန်ဆီ ဘာလို့ရောက်မလာခဲ့တာလဲ။ ရှစ်နှစ်အကြာမှာ လန်ဂစ်က ဘာလို့ပြောင်းလဲနေခဲ့တာလဲဆိုတာ ရုပ်ရှင်မှာဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အင်ဒိုနီးရှားအချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပြီး အင်ဒိုနီးရှားရဲ့နိုင်ငံရေးသမိုင်းကြောင်းနောက်ခံတွေကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Aye Yu Naing ဖြစ်ပါတယ်။) File size…(1.4 GB) / (640 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:22:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Aye Yu Naing

Mystery • Drama • TV Movie
4.9 2024 80 mins
Cinta Dari Timor
Frenzy
7.4

Frenzy (1972) ========================= IMDb: 7.4/10 Rotten Tomatoes : 97% Genre : Thriller/Crime လွန်ခဲ့တဲ့ နှစ်၅၀ ဝန်းကျင်လောက်က နာမည်ကြီးဝတ္ထုတစ်ပုဒ်ကို အခြေခံပြီး ပြန်လည်မွမ်းမံရိုက်ကူးထားတဲ့ ဗြိတိသျှနိုင်ငံ လန်ဒန်မြို့ကို အခြေစိုက် ရိုက်ကူးထားတဲ့ စုံထောက်ဇာတ်လမ်းဖြစ်ပါတယ်။ Jack the Ripper တို့လို ကွင်းဆက်လူသတ်သမားတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လန်ဒန်က နက်ခ်တိုင်နဲ့ လည်ပင်းညှစ်သတ်တဲ့ မုဒိမ်းလူသတ်ကောင်တစ်ယောက်ကို ဖမ်းဆီးရှာဖွေကြမယ့် ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်း ရစ်ချက်ဘလိန်နီဟာ လေတပ်အရာရှိဟောင်း အိမ်ထောင်ကွဲတစ်ယောက်ဖြစ်ပြီး ဘဝကိုပေတေစုတ်ပြတ်စွာ ဖြတ်သန်းရင်း ဘုံဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်နေရာက သူနဲ့အမြင်မကြည်တဲ့ ဆိုင်မန်နေဂျာက အားတိုင်း ရှက်ကီခိုးထု ပစ္စည်းတွေခိုးပါတယ်ဆိုပြီး သောက်မြင်ကပ်ပုဒ်မနဲ့ ကွိုင်ရှာလို့ မန်နေဂျာနဲ့ စကားများပြီး အလုပ်ကထွက်လာခဲ့ပါတယ်။ သွားစရာ စားစရာလည်းမရှိလို့ သူငယ်ချင်းတစ်ယောက် အကြံပေးတဲ့အတိုင်း ကွာရှင်းထားတဲ့ မိန်းမဆီကို အပူကပ်ခဲ့ရပါတယ်။ မိန်းမဖြစ်သူကတော့ ကြင်ဖက်ရှာဖွေရေး အေဂျင်စီထောင်ထားပြီး အတော်လေးအောင်မြင်နေတဲ့ အမျိုးသမီးဖြစ်နေပါတယ်။ ငမူး ရစ်ချက် ဘလိန်နီကတော့ မူမူးရူးရူးနဲ့ အပြောမဆိုတတ် အော်ကြီးဟစ်ကျယ် မိန်းမဖြစ်သူကို ပြောလို့ဆိုလို့ပေါ့။ သူတို့ လန်ဒန်မြို့မှာပဲ နက်ခ်တိုင်လူသတ်သမားဆိုတဲ့လူကို သဲလွန်စတောင် မရှာနိုင်သေးလို့ ရဲတွေခေါင်းကြိမ်းနေရဆဲပါ။ မိန်းမဖြစ်သူ ညစာလိုက်ကျွေးပြီးအပြန် အများသုံးပေါချောင်မကောင်း အဆောင်တစ်ခုမှာ တည်းခဲ့ရပါသေးတယ်။ နောက်နေ့ မိန်းမဖြစ်သူဆီ ပြန်သွားတဲ့အချိန်မှာ ရုံးတံခါးမဖွင့်ပေးတာကြောင့် ပြန်လာခဲ့လိုက်ပါတယ်။ မိန်းမဖြစ်သူကတော့ နက်ခ်တိုင်လူသတ်သမားလက်ချက်နဲ့ ဘဝကူးသွားပြီဖြစ်ပါတယ်။ အဲဒီလို အခင်းဖြစ်ရာကနေ ထွက်သွားတာကို တွေ့လိုက်တဲ့အတွက် အချောင်နေရင်း ဘလိန်နီဟာ သံသယရှိတရားခံဖြစ်လာရာက ဇာတ်ရှိန်စမြင့်လာတာဖြစ်ပါတယ်။ တချို့ လူသတ်ကားတွေမှာ ဘယ်သူက လူသတ်သမားဆိုတာ ပဟေဠိဆန်ဆန် ရှာဖွေတာကိုကြည့်ရတာဖြစ်ပေမဲ့ ဒီလိုဇာတ်လမ်းမျိုးမှာတော့ လူသတ်သမားကို ချပြပြီးဆိုပေမဲ့ ဇာတ်လိုက် မင်းသားကို လူသတ်သမားအဖြစ်စွဲချက်ကနေ ဘယ်လိုဖော်ထုတ် သက်သေပြရမလဲဆိုတာ ကြည့်ရမှာပါ။ ထွက်တာ အတော်ကြာခဲ့တဲ့ကားဖြစ်တယ်ဆိုပေမဲ့ သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်အပေါ် ပီပြင်စွာ သရုပ်ဆောင်နိုင်မှုတို့နဲ့ ဇာတ်လမ်းတွေဟာ ကြည့်လေ ပိုကောင်းလေ ဖြစ်လာပါတယ်။ Thriller မှာ ဆရာဆိုတဲ့ ဒါရိုက်တာ Alfred Hitchcock ရဲ့ လက်ရာဖြစ်တာကြောင့် ကြည့်ကိုကြည့်လိုက်ပါလို့ အကြံပေးချင်ပါတယ်။ File size… 2.3 GB / 900 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 56m Genre ….. Mystery/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Ko Wunna

Drama • Music
7.4 1972 116 mins
Frenzy
Gaslight
7.8

အဒေါ်ဖြစ်သူ နာမည်ကျော်အော်ပရာအဆိုတော် သေဆုံးပြီးနောက်မှာ ပေါလ်လာတစ်ယောက် သူမအဒေါ်လို အော်ပရာအဆိုရှင်ဖြစ်ရန် အီတလီသို့ ပညာသင်စေလွှတ်ခံခဲ့ရတဲ့အချိန််မှာပေါ့။ ဒီချိန်မှာ သူဟာ ဂက်ဂရီအန်တွန်ဆိုတဲ့ အမျိုးသားတစ်ယောက်နှင့် ချစ်ကြိုက်််မိပြီး အိမ်ထောင်ပြုခဲ့တယ်။ ဒီလိုနဲ့ လင်မယားနှစ်ယောက်သား လန်ဒန်သို့အခြေချရန် ပြန်လာခဲ့ကြတဲ့အချိန်မှာ အိမ်မှာ ပန်းချီကားတွေပျောက်သွားတာ ညဘက်မှာအသံတွေကြားလာတာ မီးအိမ်များမှိန်သွားတာ စတဲ့ ထူးခြားတဲ့အဖြစ်အပျက်တွေ ပေါ်ပေါက်လာတယ်။ သူမရဲ့စိတ်အခြေအနေကို တည်ငြိမ်အောင်ကြိုးစားနေချိန် ခင်ပွန်းဖြစ်သူ ဂက်ဂရီရဲ့ လုပ်ရပ်တွေဟာလည်း သံသယဝင်ဖွယ်ကောင်းလာတယ်။ ဒီတော့ ပေါလ်လာက သူမြင်တဲ့အရာတွေကပဲ တကယ်ဖြစ်နေတာပဲလား ဒါမှမဟုတ် သူစိတ်ကူးနဲ့ပဲ ဖန်တီးထားတာလားဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့် ဂန္တဝင်ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ File size… 2.4 GB / 1.5 GB Quality… Web_DL 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Mystery/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Vader ft Riley

Drama
7.8 1944 114 mins
Gaslight
Wife peke Husband Theke

Wife peke Husband Theke (2025) “လင်နဲ့မယား လျှာနဲ့သွား” ဒီတစ်ခါမှာတော့ CM ဘောလိဝုဒ်ပရိသတ်ကြီးအတွက် ရယ်ရယ်မောမောကြည့်ရမဲ့ ပန်ချာပီဟာသဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟာသဆိုပေမဲ့ အဓိကကအိမ်ထောင်းရေးနဲ့ ဘ၀မှာဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်အခဲတွေကိုပါ ဟာသနှောတင်ဆက်ထားတာပါ။ ဟာဂျိဟာ အာမခံကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အိမ်ထောင်ရှင်အမျိုးသားတစ်ယောက်ပါ။ အိမ်မှာလည်း မိန်းမနဲ့တကျက်ကျက်၊ ရုံးမှာလည်း အထက်လူကြီး အထုအထောင်းခံနေရသူပေါ့။ တစ်ဖက်မှာတော့ ရာမန်ဆိုတဲ့ကောင်မလေးဟာ ပညာကိုအရမ်းကြိုးစားတဲ့ ကောလိပ်ကျောင်းသူလေးပါ။ သူ့အဘွားဖြစ်သူကတော့ မိန်းကလေးတစ်ယောက်အတွက် ပညာတတ်ဖို့မလို၊ ယောက်ျားကောင်းရဖို့သာ အဓိကဆိုတဲ့ ရှေးရိုးစွဲဝါဒကို လက်ကိုင်ထားသူမို့ အိမ်ထောင်ပြုဖို့ အမြဲဖိအားပေးတတ်ပါတယ်။ အဲဒီလိုနဲ့ မိန်းမတွေကို ပညာဘယ်လောက်တတ်တတ် အချိန်တန်ရင် ကလေးဒိုင်ပါလဲရမှာဆိုတဲ့ အတွေးအခေါ်တွေနဲ့ ကျား/မ ခွဲခြားလွန်းတဲ့ သူတို့အသိုင်းအဝိုင်းရဲ့အိမ်ထောင်ရေးကိစ္စတွေမှာ ဘာတွေဘယ်ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ရယ်ရယ်မောမောဆက်လက်ကြည့်ရှုကြရမှာပါ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

Animation • Comedy • Family
0 2025
Wife peke Husband Theke