YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Spirealm E 9+10 1080p WEB-DL CM.mp4

321.67 MB 1080p video/mp4 130 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Raze
5.2

Saw နဲ့ခပ်ဆင်ဆင်ဖြစ်တဲ့ ဒီဇာတ်ကားမှာတော့ မိန်းကလေးတွေကိုပဲ မြေအောက်အချုပ်ခန်းထဲဖမ်းထားပြီး အချင်းချင်း လက်ဗလာနဲ့မသေမချင်း ချခိုင်းတယ်။ အကြောင်းကတော့ အဲ့လိုသတ်ပွဲမျိုးကိုမှကြိုက်တဲ့ လူချမ်းသာ တွေကြောင့် အဖွဲ့အစည်းထောင်ပြီး အဲ့လိုသတ်ပွဲတွေကိုစီစဉ်ပေးတာကြောင့်ပါ။ တစ်ယောက်နဲ့တစ်ယောက်တောင်မသိကြပဲ အပြန်အလှန်သတ်ကြတာကို သွေးသံရဲရဲပါတဲ့ အခန်းတွေနဲ့ကြည့်ရမှာမို့ action ကြိုက်တဲ့သူတွေအတွက်တော့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ (ဘာသာပြန်နဲ့အညွှန်းကတော့ Kasashi ဖြစ်ပါတယ် ) File size…1.31GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ..... Action , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasashi

Action • Crime • Thriller
5.2 2013 92 mins
Raze
Vesper
6.4

~ IMDb - 6.4/10, Rotten Tomatoes - 90% ~ အနာဂတ်မှာ ကမ္ဘာကြီးရဲ့ဂေဟစနစ်ပျက်စီးတော့မှာကို လူသားတွေသိရှိခဲ့ပြီးတော့ အပင်တွေမပျက်စီးဖို့ ကြိုတင်ပြင်ဆင်ခဲ့ကြပါတယ်။ ထိုင်နေတုန်းကအကောင်း ထသွားမှကျိုးမှန်းသိ ဆိုသလို သူတို့တွေစမ်းသပ်ပြင်ဆင်နေတဲ့ အပင်မျိုးစိတ်တွေက ဓါတ်ခွဲခန်းတွေထဲကနေ လွတ်ထွက်သွားပြီး ကမ္ဘာတစ်ခုလုံးဗြောင်းဆန်သွားတော့တာပါပဲ။ နဂိုရှိရင်းစွဲ အပင်နဲ့တိရိစ္ဆာန်မျိုးစိတ်တွေအကုန် မျိုးသုဉ်းသွားတဲ့အပြင် ကမ္ဘာပေါ်မှာလည်း လူသားအနည်းငယ်သာကျန်ပါတော့တယ်။ ကျန်နေခဲ့တဲ့လူသားတွေထဲမှာမှ အထက်တန်းလွှာတွေက Citadel လို့ခေါ်တဲ့ အလုံပိတ်မြို့တော်တွေမှာနေနေကြပြီး ကျန်တဲ့သူတွေကတော့ ခက်ခဲကြမ်းတမ်းတဲ့လောကကြီးမှာ အသက်ရှင်ကျန်ဖို့ ရုန်းကန်ကြရပါတော့တယ်။ ကျွန်တော်တို့ရဲ့ဇာတ်လိုက် ၁၃ နှစ်သမီး ဗက်စ်ပါဟာ ဉာဏ်ကောင်းတဲ့သူ၊ တော်တဲ့ ထက်မြက်တဲ့သူဖြစ်သော်ငြားလည်း အထက်တန်းလွှာမဟုတ်တဲ့အပြင် သူ့အဖေကလည်း အိပ်ရာပေါ်မှာ ပက်လက်ပါ။ မြို့တော်အတွက် စစ်မှုထမ်းရင်း မသန်စွမ်းဖြစ်ခဲ့ရတာကြောင့် ကရုဏာကြေးပေးထားတဲ့ ဒရုန်းလေးကနေတစ်ဆင့်ပဲ သားအဖနှစ်ယောက် စကားပြောဆက်သွယ်ကြရပါတယ်။ မြို့တော်တစ်မြို့နဲ့ကုန်သွယ်နေတဲ့ ဦးလေးတော်သူကလည်း တူမကို ကူညီဖို့နေနေသာသာ ခြေတော်တင်ဖို့အထိ စိတ်ကူးနေတဲ့သူဆိုတော့ ဗက်စ်ပါအတွက် အန္တရာယ်ပတ်လည်ဝိုင်းနေတဲ့ လောကကြီးပါပဲ။ ဒီလိုနဲ့ တစ်ရက်မှာ တောထဲ အစာလိုက်ရှာနေတုန်း အပင်တွေသွေးဝိုင်းစုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့ပြီးတော့ ကယ်တင်ခဲ့ပါတော့တယ်။ သူကယ်တင်ခဲ့တဲ့အမျိုးသမီးက မြို့တော်ကဖြစ်နေပြီးတော့ အဲဒီအမျိုးသမီးက တစ်ယောက်တည်းလာခဲ့တာမဟုတ်ပါဘူး။ အဲဒီကနေ...... ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ထွက်ရှိထားတာ မကြာသေးတဲ့ Sci-Fi ဇာတ်ကား Vasper မှာ ကြည့်ရှူလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.14GB, 1.11GB, 710MB Quality - 1080p, 720p, 480p IMDb Rating - 6.4/10 Format - mp4 Duration - 1H 54Min Genre - Adventure, Drama, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Comedy • Drama • Family
6.4 2022 112 mins
Vesper
The Kept Mistress Killer
5.5

The Kept Mistress Killer (2023) The Kept Mistress Killer ကဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ဇာတ်ကားလား။ ပြောရရင်တော့မဟုတ်ပါဘူးခင်ဗျ။ ‘Next-Door Nightmare,’ ‘Escaping My Stalker,’စတဲ့ မှုခင်းဖြစ်ရပ်ဇာတ်ကားတွေကိုဇာတ်ညွှန်းရေးသားတဲ့ စတီဗင်ရာမန်ရဲ့နောက်ဆုံးထွက်လက်ရာလေးပါ။ ဇာတ်ညွန်းရေးတဲ့သူက တကယ်ဖြစ်ရပ်မှန်မှုခင်းနဲ့တူအောင်၊ မှုခင်းရဲ့သဘောသဘာဝ၊လူတွေရဲ့စိတ်ခံစားချက်ကို ကြည့်ရှုသူရဲ့စိတ်ထဲ ရသမြောက်အောင် ထည့်သွင်းပေးဖို့ ဆိုတာ မလွယ်လှပါဘူး။ ဒီဇာတ်လမ်းလေးမှာဆိုရင်လည်း ကတ်သရင်းဆိုတဲ့အမျိုးသမီးတစ်ယောက်က ကုမ္ပဏီတစ်ခုမှာအလုပ်လျှောက်တာ၊CEOကသဘောကျပြီးချက်ချင်းတန်းခန့်ပါလေရော။ လုပ်ကလုပ်မယ်တောင်မကြံသေးဘူး သူဌေးအရင်မိန်းမအသတ်ခံရလိုပြဿနာတွေတက်ပါလေရော။ လူတိုင်းကလူသတ်တရားခံဖြစ်နိုင်နေတော့ တရားခံဘယ်သူလဲဟေ့ဆိုပြီး ခေါင်းစားရတဲ့ဇာတ်လမ်းလေးပါပဲဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။

Drama
5.5 2023 90 mins
The Kept Mistress Killer
Triad Election
7.3

~ IMDb – 7.3/10, RT – 96%, Meta – 83% ~ Election 1 မှာတော့ တိုနီလျောင်ခဖိုင်နဲ့ ဆိုင်မွန်ယန်းတို့ရဲ့ ကာရိုက်တာနှစ်ယောက် ဂိုဏ်းခေါင်ဆောင် နေရာအတွက်ပြိုင်ကြတာကို အဓိက မီးမောင်းထိုးပြသွားပေမဲ့ Triad Election မှာတော့ ပထမရွေးကောက်ပွဲမှာ လော့ကို ကူညီခဲ့တဲ့သူ‌အများစုပါ ဂိုဏ်းခေါင်းဆောင်နေရာအတွက် ၀င်ပြိုင်ချင်နေကြပြီး လော့ကိုယ်တိုင်ကလည်း ဒုတိယသက်တမ်းကိုလိုချင်နေတဲ့အတွက် ပြိုင်ဆိုင်မှုပိုပြင်းထန်လာပါပြီ။ ပြည်မက ဂိုဏ်းတစ်ဂိုဏ်းကလည်း သူတို့အခြေအနေကို စောင့်ကြည့်နေပါတယ်ာ ဒီမှာတော့ Louis Koo ရဲ့ ကာရိုက်တာ ဂျင်မီကို အဓိက မီးမောင်းထိုးပြသွားပြီး ရက်စက်သင့်တဲ့နေရာမှာ ရက်စက်ပြီး သိက္ခာရှိတဲ့နေရာမှာရှိတဲ့ သူ့ကာရိုက်တာဟာ Godfather ဆန်ဆန်နဲ့ကို တော်တော်ငြိစရာကောင်းပါတယ်။ နောက် သဘောကျစရာကောင်းတာက Election 2 ဟာ Action ခန်းကိုလည်း ပါသင့်သလောက် ထည့်ထားသလို Godfather တစ်ယောက်ရှိသင့်တဲ့ အတွေးအခေါ်တို့ စိတ်အခံတို့ကိုလည်း သေချာပုံဖော်သွားပါတယ်။ ပြောရရင် Wong Kar Wai ရဲ့ The Grandmaster ဂန်းဗားရှင်းလို့တောင် ဆိုလို့ရပါတယ်။ Election နဲ့ Triad Election တို့ဟာ အာရှရဲ့ Godfather လို့ ချီးကျူးခံရတဲ့အထိ ကောင်းတဲ့ ဂန်းရုပ်ရှင်တွေဖြစ်ပြီး Godfather Part 3 အတွက် ကော်ပိုလာက 16နှစ်အချိန်ယူခဲ့သလို Johnnie Toလည်း Election 3 အတွက် အချိန်ယူလာခဲ့တာ ၂၀၀၆ ကတည်းကနေ ခုထိပါပဲ။ ခုတောင် 16နှစ် ရှိနေပါပြီ။ လက်ရှိ Actor တွေအပြင် Andy Lau ပါ ပါလာမယ်လို့ ဆိုကြပါတယ်။ မကြာခင်နှစ်တွေမှာ Johnnie To ရဲ့ ဇာတ်ညွန်းရှိပြီးသား Election 3 ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဟောင်ကောင်ရုပ်ရှင်တွေရဲ့ ကျဆင်းလာတဲ့ အရည်အသွေးအရ သိပ်တော့မမျှော်လင့်ရဲပေမဲ့ ဘာရိုက်ရိုက် မာစတာပိစ်ဖြစ်နေတဲ့ Johnnie To ကတော့ သူ့မာစတာပိစ်နှစ်ကားရဲ့ Trilogy အပိတ်အတွက် အကောင်းဆုံးမဟုတ်တောင် မညံ့တဲ့ရုပ်ရှင်ကို ဖန်တီးနိုင်မယ်လို့ မျှော်လင့်ရတာပါပဲ။ လက်ရှိနှစ်ကားကတော့ နိုင်ငံတကာ ဂန်းရုပ်ရှင်ပဲကြိုက်ကြိုက် အာရှကားပဲကြိုက်ကြိုက် ကြည့်ကိုကြည့်သင့်တဲ့ မာစတာပိစ်နှစ်ကားပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size – 1.3GB, 575MB Quality – 1080p, 720p Format – mp4 Duration – 1H 33Min IMDb rating – 7.3/10 Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Horror • Thriller
7.3 2006 92 mins
Triad Election
The House of the Devil
6.3

The House of the Devil (2009) ~ IMDb – 6.3/10, RT – 85%, Shudder – 3.8/5 ~ ပြောရရင် ဒီရုပ်ရှင်ကို ကျွန်တော်စိတ်ဝင်စားသွားတာက A24 ဖန်ဂရုထဲက ပို့စ်တစ်ခုကြောင့်ပါပဲ။ အကျဉ်းဖျဉ်းပြောရရင် ခုလက်ရှိမှာ Ti West ရဲ့ Pearl ရုံတင်နေတယ်။ အဲဒီကားက တော်တော်လေး လူကြိုက်များ‌နေသလို မာတင်စကေးဆဲစီလို ဂန္ထဝင်ဒါရိုက်တာကြီး ကိုယ်တိုင် ချီးကျူးတာတောင် ခံရတယ်။ သူ့ရှေ့က အောင်မြင်ခဲ့တဲ့ X ရဲ့ ရှေ့ဆက်တွဲလည်း ဟုတ်နေတာကိုး။ ဒီတော့ ဘဲတစ်ပွေက Ti West က Roger Ebert တို့ Aris Aster တို့လို တန်းဝင်လာပြီ ဘာညာပြောတယ်။ အဲဒီမှာပြန်မန့်ကြတာက Ti West ရဲ့ The House of the Devil (2009) ကြောင့် ဒီကားတွေ လမ်းစပွင့်ခဲ့တာ ဘာညာပေါ့။ ဒီလိုနဲ့ ကြည့်ဖြစ်သွားတယ်။ ဟုတ်လည်း ဟုတ်လောက်ပါတယ်။ သူတို့၂ယောက်စလုံးမှာ ဒီလိုယုံကြည်ကိုးကွယ်မှုတစ်ခုကို အခြေတည်ထားတဲ့ ကားတွေရှိပါတယ်။ The House of the Devil ဟာ Horror ကားပေမဲ့ ရုပ်ရှင်ပွဲတော်တစ်ချို့က ဆုတွေရထားပြီး ငြိမ်ငြိမ်‌လေးနဲ့ကို မထင်ရင်မထင်သလို လန့်စရာကောင်းပါတယ်။ ၈၀ပြည့်နှစ်တွေမှာ နာမည်ကြီးခဲ့တဲ့ 16mm ဖလင်ကို သုံးပြီး retro စတိုင်ရိုက်ကူးထားတာမို့ ၂၀၀၉ကားပေမဲ့ သူ့ထက်ရှေးကျတဲ့ ကလပ်စစ် Horror ကားတွေလို ခံစားရမှာပါ။ ရိုက်ကူးတဲ့အချိန်က ၁၉ရက်တည်းပေမဲ့ ဆရာရိုက်တဲ့ကားဆိုတော့လည်း ဆရာအထာထွက်လာတာပါပဲ။ Horror ပရိသတ်တွေ ကြည့်ကိုကြည့်သင့်တဲ့ Ti West ရဲ့ Horror ကားကောင်းလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.82GB, 920MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 35Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Adventure • Fantasy
6.3 2009
The House of the Devil
Universal Soldier: Regeneration
5.3

ဒီ​ရုပ်ရှင်​ကတော့ Universal Soldier franchise ရဲ့ ငါးကားမြောက်ရုပ်ရှင်ဖြစ်ပြီး Action/ Sci-fi​ အမျိုးအစား​ဖြစ်ပါတယ်။ အရင်​ဇာတ်ကား​တွေကလို ဗန်ဒိန်းကပဲ Luv အဖြစ် ပါဝင်​ထားပြီး​ သူ့ရဲ့ရန်သူတော် Andrew နေရာမှာ​ ၁၉၉၂ ရုပ်ရှင်​မှာပါဝင်ခဲ့တဲ့ မင်းသားကြီး Lundgren ကပဲထပ်မံပါဝင်ထားပါတယ်။ ဒီဇာတ်ကားက​ ၁၉၉၂ ရုပ်ရှင်​ရဲ့ နောက်​ဆက်​တွဲဇာတ်လမ်းဖြစ်ပြီး ၁၉၉၉ က Universal Soldier​ : The​ Return လိုပဲ​ ၁၉၉၂ ရုပ်ရှင်​ရဲ့နောက်ဆက်တွဲ sequel ဇာတ်​ကားဖြစ်ပါတယ်။ ဒါပေမဲ့​ ၁၉၉၉ ရုပ်ရှင်​နဲ့ မတူညီတဲ့ Alternative​ story ဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဉ်းကတော့​ ပါဆာလန်လွတ်မြောက်ရေးတပ်ဦးဆိုတဲ့ အကြမ်းဖက်​အဖွဲ့က ယူကရိန်းနိုင်ငံဝန်ကြီးချုပ်ရဲ့ သားနဲ့သမီးကို ပြန်​ပေးဆွဲပြီး ချာနိုဘိုင်း​မြို့​ပျက်​ကြီး​က နျူကလီးယား​စက်ရုံ​ဟောင်းမှာ ထိန်းသိမ်း​ထားပါတယ်။ယူကရိန်းဝန်ကြီးချုပ်က သူတို့​တောင်းဆို​တာမလိုက်လျောရင် အဏုမြူ​ဓာတ်​ပေါင်းဖို​ကို ဖောက်​ခွဲပစ်မယ်လို့ ခြိမ့်းခြောက်ပါတယ်။ သူတို့​ဘက်မှာ NGU လို့​ခေါ်​တဲ့ မျိုးဆက်​သစ် Universal Soldier​ တစ်ဦးလည်းရှိနေပါတယ်။ ဇာတ်​လိုက်​ဖြစ်​တဲ့ Luc (ဗန်ဒိန်း)​ကတော့ ဆွစ်ဇာလန်မှာ ဒေါက်တာ ​Flemming ဆိုသူ​ရဲ့ အကူအညီနဲ့ စိတ်​ပိုင်း​ဆိုင်ရာ​နာလန်ပြန်ထဖို့ ရုန်း​ကန်နေရပါတယ်။ စက်ရုံ​ကိုသိမ်းပိုက်ပြီး နျူကလီးယား​ဓာတ်​ပေါင်းဖို​ပေါက်ကွဲမဲ့ အရေးကို အစိုးရ​တပ်တွေက ကာကွယ်​ဖို့ကြိုးစားပေမဲ့ နောက်ဆုံး​ပေါ်​ Universal​ Soldier​ ဖြစ်​တဲ့ NGU ကြောင့် ရှုံး​နိမ့်​ခဲ့ရာမှာ မူလ​လက်ဟောင်း​ Universal​ Soldier​ ဖြစ်​တဲ့ Luc ရဲ့အကူအညီကိုရယူဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်း​က pace မြန်​ပြီး အက်​ရှင် scene များသလို ဗန်ဒိန်းကို သူ့ရဲ့​နာမည်​ကျော်​ Luc Devereaux​ ဇာတ်​ကောင်​အဖြစ်​ ပြန်​မြင်​ရမှာ​ဖြစ်​လို့ Universal Soldier​ ရုပ်ရှင်​ကားများ​ကို ကြိုက်​နှစ်သက်​သူများ၊ အက်​ရှင်​ဇာတ်​လမ်း​ပရိသတ်​များ မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(935 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Action, Science Fiction, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein

5.3 2009
Universal Soldier: Regeneration
Jurassic World
6.9

GOTG ထဲက Starlord သရုပ်ဆောင် Chris Pratt နဲ့ Spiderman ထဲက ဂွမ်သရုပ်ဆောင် Bryce Dallas Howard တို့ ပါဝင်ထားတဲ့ အမိုက်စား ဒိုင်နိုဆောကားကို ပြန်လည်တင်ဆက်လိုက်ပါတယ်။ ဒါရိုက်တာ Colin Trevorrow က ရိုက်ကူးထားပြီး Universal Pitcure ကနေ ထုတ်လုပ်ထားပါတယ်။ IMDb 6.9 နဲ့ RT 71% ရရှိထားတဲ့ သိပ္ပံအက်ရှင်ကား ဖြစ်ပါတယ်။ ဒိုင်နိုဆောတွေရဲ့ ဒီအန်အေတွေကနေတစ်ဆင့် မျိုးဗီဇအင်ဂျင်နီယာ ပညာရပ်နဲ့ သက်ရှိ ဒိုင်နိုဆောတွေကို ဖန်တီးပြီး ဂျူရက်ဆစ်ကမ္ဘာဆိုတဲ့ အပန်းဖြေဥယျာဉ်ကို တည်ဆောက်ထားပါတယ်။ လာရောက်အပန်းဖြေသူတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ချက်နဲ့ အသစ်အသစ်သော ဒိုင်နိုဆောတွေကို မျိုးဗီဇပေါင်းစပ်ပြီး ဖန်တီးလိုက်တဲ့အခါ ဂြိုဟ်ဆိုးစဝင်ပါတော့။ တစ်ဖက်မှာလည်း အိုဝမ်တို့က ရက်ပ်တာ ဒိုင်နိုဆောတွေရဲ့ ဉာဏ်ရည်ကို စမ်းသပ်ဖို့ ရက်ပ်တာသုံးကောင်ကို မွေးမြူလေ့ကျင့်ပေးနေကြတယ်။ ဒီကောင်တွေကို စစ်ရေးစစ်ရာမှာ အသုံးပြုဖို့အတွက် ကွင်းဆင်းစမ်းသပ်ချင်နေတဲ့သူက ရှိနေပြန်ပါတယ်။ အသစ်ဖန်တီးလိုက်တဲ့ ဒိုင်နိုဆော လွတ်ထွက်သွားတဲ့အခါမှာ သူ့အတွက် ဂွင်တွေ့သွားပြီး ပြဿနာတွေက ပိုရှုပ်လာပါတော့တယ်။ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှ ကြိုက်တယ်ဆိုသူများအတွက် ဇ ာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်မှာပါပဲ။ ကြည့်ရှုလိုက်ကြပါဦး… File size… 4.7 GB / 1.5 GB / 890 MB Quality… BluRay 4K HDR / 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Action/Sci-fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by EL MoH

Comedy • Family • Fantasy
6.9 2015
Jurassic World
SAS: Red Notice
5.5

SAS အဖွဲ့ဝင်ဟောင်း Andy McNab ရဲ့ရောင်းအားအကောင်းဆုံး ဝတ္တုကိုအခြေခံပြီး ဒါရိုက်တာ Magnus Martens က ရိုက်ကူးပေးထားပါတယ်။ ဗြိတိန်အက်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ SAS: Red Notice မှာ Sam Heughan ၊ Ruby Rose နဲ့ Hannah John-Kamen တို့ပါဝင်သရုပ်ဆောင်ထားပြီး အရေးပေါ်စစ်ဆင်ရေးတစ်ခုကို လက်တွေ့ဆန်ဆန်ပုံဖော် ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ဗြိတိန် SAS အထူးအဖွဲ့ဝင်တွမ်ဘက်ကင်ဟမ်ဟာ ဒေါက်တာမလေးဆိုဖီဟာ့တ်ကို လက်ထပ်ခွင့်တောင်းဖို့ လန်ဒန်ကနေ ပါရီကိုရထားနဲ့အသွား ဂရေ့စ်လူးဝစ္စ ခေါင်းဆောင်တဲ့ စစ်ရာဇဝတ်သားတွေဖြစ်တဲ့ငန်းမည်းအဖွဲ့က ချန်နယ်တန်နယ်ဥမင်တစ်နေရာအရောက်မှာ ရထားကို ပြန်ပေးဆွဲလိုက်ပါတယ်။ ဂရေ့စ်က သူတောင်းဆိုတဲ့ ပြန်ရွေးငွေကိုသာမပေးရင် ဗြိတိန်အစိုးရရဲ့ညစ်ညမ်းတဲ့ လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြီး ဥမင်ကိုပါဖောက်ခွဲပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒီအချိန်မှာ ရထားပေါ်မှာလိုက်ပါ လာတဲ့တွမ်က လက်နက်နဲ့လူအင်အားမပါဘဲ ချစ်သူဆိုဖီနဲ့ ခရီးသည်တွေကိုကယ်တင်နိုင်အောင် ကြိုးပမ်းရပါတော့တယ်။ File size…2.07GB / 995MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 24m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama
5.5 2021
SAS: Red Notice
In Good Company

မိသားစုနဲ့ အတူကြည့်ပြီး အပန်းဖြေလို့ရမယ့် ရုပ်ရှင်ကားလေးပါ။ ဒီရုပ်ရှင်က ၂၀၀၀ခုနှစ် အစောပိုင်းတုန်းက ထွက်ထားတာဖြစ်ပြီး Rom/Com အမျိုးအစားဖြစ်ပါတယ်။ Rotten Tomatoes လည်း 82% ရထားပြီး မင်းသားကြီး Dennis Quaid, Topher Grace နဲ့ မင်းသမီး Scarlett Johansson တို့ ဦးဆောင်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Dan က Sports America ဆိုတဲ့ အားကစားမဂ္ဂဇင်းက ကြော်ငြာစာမျက်နှာတွေရဲ့ အရောင်းပိုင်းကို ဦးစီးနေတဲ့ မန်နေဂျာ တစ်ယောက်ပါ။ သူ့မှာ သမီးလေး၂ယောက်နဲ့အတူ ချစ်ဖို့ကောင်းတဲ့ မိသားစုလေးရှိပါတယ်။ မိန်းမကိုလည်း အရမ်း ချစ်သလို သမီးနှစ်ယောက်ကိုလည်း အစိုးရိမ်ကြီးပြီး နေရာတကာ လိုက်စောင့်ရှောက်ချင်သူပါ။ တစ်နေ့တော့ သူမမျှော် လင့်ထားတာ ဖြစ်လာပါတယ်။ သူတို့ ကုမ္ပဏီကို Globecom ဆိုတဲ့ ကုမ္ပဏီကြီးတစ်ခုက ဝယ်ယူသွားပြီး အလုပ်သမား အမြောက်အများကို လျှော့ပေါ့လိုက်တာပါ။ သူ့ကိုလည်း ရာထူးလျှော့လိုက်ပြီး ဌာနဦးစီးမှူးနေရာကို Globecom က ငယ်ငယ်ရွယ်ရွယ်နဲ့ တက်ကြွတဲ့ Carter ဆိုတဲ့ ကောင်လေးကို ပေးလိုက်ပါတယ်။ Carter က ကြော်ငြာအရောင်းပိုင်းမှာ အတွေ့အကြုံမရှိသေးတဲ့ အပြင် သူ့ရာထူးကိုပါ လုသွားတော့ Dan တစ်ယောက်အခဲမကြေဖြစ်နေရပါတယ်။ ဒီလိုနဲ့ တစ်ရက် Dan တို့အိမ်ကို Carterက ညစာ ဝင်စားရင်းနဲ့ Dan ရဲ့ သမီးအကြီးမလေး Alex နဲ့ ခင်သွားပါတယ်။ ဆက်တွေ့ဖြစ်ကြရင်း ချစ်ကြိုးသွယ်တဲ့ အဆင့်ရောက်သွားတဲ့အခါ သမီးတွေကို ဘယ်သူနဲ့ အရောမဝင်စေချင်တဲ့ Dan တစ်ယောက် သူ့ဘော့စ်ဖြစ်တဲ့ Carter နဲ့ရော သဘောတူပါ့မလား။ ဘာဆက်ဖြစ်မှာလဲဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုပေးပါ။ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2004
In Good Company
With a Friend Like Harry…

IMDb 7.1/10 Rotten Tomato 96% ဒီဇာတ်ကားကတော့ ပြင်သစ်ဇာတ်ကား ဖြစ်ပါတယ် ။လျို့ဝှက်သည်းဖိုဇတ်လမ်း တွေကြိုက်တယ်ဆိုရင်တော့ အတော်ပါပဲ ပြင်သစ်ရုပ်ရှင်တွေကလည်းလျှော့တွက် မရတဲ့ အထဲပါပါတယ်။ တစ်ချို့ဇာတ်ကား တွေဆို ကမ္ဘာကျော်တဲ့အပြင် အတွဲလိုက် လက်မလည်အောင်ရိုက်နေရတဲ့ကားတွေ လည်းတွေ့ဖူးပါတယ်။ ဒီဇတ်ကားထဲမှာ ပြင်သစ်ပြည်က တောင် တန်းတွေနဲ့ ကျေးလက်အပန်းဖြေအိမ် လေးကသဘောကျစရာပါပဲ။ကလောမြို့ ကိုတောင်အမှတ်ရမိပါသေးတယ်။ ပြင်သစ်ခေတ်ဟောင်း တေးဂီတနဲ့သီချင်း ကိုလည်း ဇာတ်နဲ့လိုက်ဖက်အောင်သုံး ပေးထားပါတယ်။ ဒါရိုက်တာက Dominik Moll ပါ။ ဇတ်လမ်းအကျဥ်း မီရှယ်ပတ်ဖ်က ဇနီးသည်ကလယ်ရာ သမီးသုံးယောက်တို့နဲ့အတူ သူတို့ဝယ် ထားတဲ့ပြင်သစ်ပြည်တောင်ပေါ်ကျေး လက်က အပန်းဖြေအိမ်မှာ အားလပ် ရက်အပန်းဖြေဖို့တက်လာကြပါတယ်။ ကားကအဲယားကွန်းမပါပူတော့ကလေး အကြီးကဂျီကျတဲ့အပြင်အငယ်ဆုံးက လည်း တစ်ကျီကျီငိုလာပါတယ်။ လမ်းမှာခဏနားတဲ့အချိန် သန့်စင်ခန်း ထဲမှာမီရှယ်ကကျောင်းတုန်းကအတန်း ဖော် ဟာရီနဲ့ဆုံပါတယ်။ ဟာရီကမှတ်မိပေမဲ့ မီရှယ်ကမမှတ်မိ ပါဘူး။ ခရီးဆက်ထွက်မယ်လုပ်တော့ စကားစပ်မိကြပြီး ဟာရီနဲ့သူ့ရည်းစား ပလမ်းတို့ ဆွစ်စလန်သွားမယ့် ခရီးစဥ် ကိုခဏဆိုင်းငံ့ပြီး မီရှယ်တို့အိမ်ကိုလိုက် လည်မယ် ဖြစ်သွားပါတယ်။ အိမ်မှာညစာစားတော့ ဟာရီက ကျောင်း မဂ္ဂဇင်းမှာ မီရှယ်ရေးခဲ့တဲ့ကဗျာကိုအလွတ် ရွတ်ပြပါတယ်။အဖွင့်အခန်းလောက်ပဲ ရေးရသေးတဲ့ ဝတ္ထုကိုလည်းဆက်ရေးဖို့ တိုက်တွန်းပါတယ်။ ဟာရီက မီရှယ် စာဆက်မရေးတာကိုနှမြောနေပါတယ်။ မီရှယ်မှာ ကလေးသုံးယောက် ဝေယျာဝစ္စ အိမ်ပတ်လည် နဲ့အိမ်ကိုလိုအပ်တွေလုပ် ရ အဖေနဲ့အမေကိုဖုန်းဆက်ရနဲ့မအား ဖြစ်နေပါတယ်။ကလယ်ရာစျေးဝယ်သွား ရင်း ကားပျက်ပါတယ်။ဟာရီနဲ့မီရှယ် ရောက်လာပြီးကလယ်ရာနဲ့မီရှယ်စကား များကြပြန်ပါတယ်။ ကလယ်ရာစျေးဝယ် ပြီးတဲ့အခါ ဟာရီကလာကြိုပေးပါတယ်။ လမ်းမှာကလယ်ရာတို့မိသားစုဘဝကို မေးမြန်းအကြံပေးရင်းဟာရီကစိတ်ကူး ပေါက်ပြီးစျေးကြီးတဲ့ ဖိုးဝှီးကားတစ်စီးကို မီရှယ်တို့အတွက်ဝင်ဝယ်ပေးလိုက်ပါတယ်။မီရှယ်တို့ကလက်မခံချင်ပါဘူး။ဒါပေမဲ့ မီရှယ့်မိဘတွေကိုဟာရီဝယ်ပေးတဲ့ကားနဲ့သွားခေါ်ရဖို့ဖြစ်လာပါတယ်။ မီရှယ့်အဖေက ဟာရီ့ကိုမှတ်မိပါတယ်။ ဖိုးဝှီးကားအကြောင်းကို မီရှယ့်အဖေက တုတ်ထိုးအိုးပေါက်ပြောလို့ ဟာရီမျက် နှာပျက်ပြီးချက်ချင်းထသွားပါတယ်။ မီရှယ့်မိဘတွေကလည်း မီရှယ့်အိမ်မှာ မအိပ်ပဲဟိုတယ်မှာအိပ်သလို ဟာရီတို့ အတွဲကလည်းဟိုတယ်မှာသွားအိပ်ပါ တယ်။ အဲဒီညမှာပဲ မီရှယ်တို့အတွက်ထိတ်လန့် တုန်လှုပ်စရာကိစ္စတွေဖြစ်လာပါတော့ တယ်။ထိတ်လန့်တုန်လှုပ်စရာတွေရဲ့ နောက်ခံအကြောင်းရင်းက ဘာတွေဖြစ် မလဲ။သူတို့တွေဘာတွေဆက်ကြုံရမလဲ ဆိုတာတော့ ဖန်သားပြင်ပေါ်မှာဆက် ကြည့်နိုင်ပါတယ်။ ဇတ်ကားရဲ့ရသအချို့ မိသားစုတွေမှာအခက်အခဲတွေရှိတယ် ကိုယ့်ရဲ့တိုးတက်မှုတွေကိုပိတ်ပင်နေ တယ်ထင်ရတောင် ပန်းကလေးတွေ ပွင့်လန်းလာတာကိုကြည်ကြည်နူးနူး ထိုင်ကြည့်ရသလိုပဲဆိုတာ ဒီဇတ်ကား မှာပြထားပါတယ်။ မိဘနဲ့သားသမီးကြားကသံယောဇဥ်နဲ့ စေတနာတွေ ချွေးမနဲ့ယောက္ခထီး ယောက္ခမကြားကဆက်ဆံရေးတွေတွေ့ ရပါမယ်။ သားသမီးတစ်ချို့ရဲ့ မိဘတွေအပေါ် သဘောထားကလည်း ကြောက်စရာပါ လားတွေးမိပါလိမ့်မယ်။ သည်းထိပ်ရင်ဖိုကားတစ်ခုထက်ပိုတဲ့ ဇာတ်ကားတစ်ကားလို့ညွှန်းပါရစေ။ File size…(2 GB)/(938 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin

Horror • Thriller
0 2000
With a Friend Like Harry…
Gump – We Are Duo Gump – Jsme dvojka
6.2

Gump – We Are Duo (2024) IMDb Rating (6.2) ဒီဇာတ်လမ်း လေး ကတော့ 2021 ကထွက်ရှိခဲ့တဲ့ Gump – Una Lección de Vida ဆိုတဲ့ ဇာတ်လမ်းလးရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ဂမ့်ဆိုတဲ့ ခွေးလေး တစ်ကောင်နဲ့ ဖရက်ဒီဆိုတဲ့ သူ့ရဲ့ သခင်ကြားက မေတ္တာ တရားကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းလးဖြစ်ပါတယ်။ တနေ့မှာ သူ့ရဲ့သခင်ဖြစ်တဲ့ ဖရက်ဒီ သေဆုံးသွားပြီးတဲ့နောက်မှာ နက်ဒ်ဆိုတဲ့ လူလတ်ပိုင်း လူ‌‌တစ်ယောက် စီမှာ သူ့သခင်က သူ့ကို အပ်နှံ ထားခဲ့ပါတယ်။ ဒီလိုနဲ့ သူရဲ့ သခင် အသစ်နဲ့ ဘယ်လို နေထိုင်သွားမလဲ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာနဲ့ သူ့ရဲ့ သခင်ဟောင်းဖြစ်တဲ့ ဖရက်ဒီနဲ့ ကော ပြန်လည် ဆုံတွေ့နိုင်ပါ့မလား ဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှု့ ခံစားလိုက်ပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Dee ဖြစ်ပါတယ်။) File size…(2.1 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure,Family Duration….01:27:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Ko Dee

6.2 2024
Gump – We Are Duo Gump – Jsme dvojka
My Tutor Friend 2
6.5

My Tutor Friend 2 (2007) ***************************** ဒီတစ်ခါမှာတော့ အချစ်ဟာသဇာတ်လမ်းလေးတွေကို ပေါ့ပေါ့ပါးပါး ကြည့်ရတာ သဘောကျတဲ့ ပရိသတ်ကြီးအတွက်် My Tutor Friend 2 ဆိုတဲ့ ရုပ်ရှင်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၃ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ My Tutor Friend ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအနေနဲ့ ကြော်ငြာခဲ့ပေမဲ့ ဇာတ်ကောင်နဲ့ ဇာတ်လမ်းအကြောင်းအရာအားလုံးဟာ ကွဲပြားနေပြီး ကျောရိုးဇာတ်လမ်းသာ တူညီတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း **************** ဂျွန်ကို ဆိုတဲ့ကောင်မလေးဟာ ဂျပန်ကနေ ကိုရီးယားကို ဘာသာစကားလေ့လာဖို့ exchange ကျောင်းသူအနေနဲ့ ရောက်လာခဲ့ပါတယ်။ ကိုရီးယားရောက်ရောက်ချင်း ရင်းနှီးဖော်ရွေပြီး ဟင်းချက်ကောင်းလွန်းတဲ့ တည်းခိုရိပ်သာပိုင်ရှင်က သေချာပြင်ဆင်ထားတဲ့ အခန်းတစ်ခန်းပေးပြီး နေခွင့်ပေးထားပါတယ်။ ဒါပေမဲ့ ဒီအခန်းပိုင်ရှင်က သူနဲ့လုံးဝ အဆင်မပြေ မနှစ်မြို့စရာကောင်းတဲ့ ဂျုံးမန်ရဲ့ အခန်းမှန်း သိသွားတဲ့အခါမှာ နေရာပြောင်းဖို့ စီစဉ်ပါတော့တယ်။ တည်းခိုရိပ်သာပိုင်ရှင်က ဂျွန်ကိုကို မပြောင်းသွားဖို့ တောင်းဆိုရင်း သူ့သားဖြစ်တဲ့ ဂျုံးမန်ကိုပါ ဂျွန်ကိုအတွက် ကိုရီးယားစာသင်ပေးဖို့ စေခိုင်းလိုက်ပါတော့တယ်။ ဒီလိုနဲ့ မျက်နှာမြင်လိုက်တာနဲ့ မတည့်ကြတဲ့ ဂျွန်ကိုနဲ့ ဂျုံးမန်တို့ နှစ်ယောက်ကြား ဘယ်လို ပြဿနာတွေ ဖြစ်ကြပြီး ဘယ်လိုအလွဲတွေ ကြုံရမလဲဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုခံစားသွားရမှာပဲဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ VIP , Celebrity စတဲ့ ဇာတ်ကားတွေကနေ လူသိများခဲ့တဲ့ မင်းသမီး Lee Chung Ah နဲ့ My Man is Cupid, Bridal Mask စတဲ့ဇာတ်လမ်းတွဲတွေမှာ ပါခဲ့တဲ့ မင်းသား Park Ki Woong က အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ (အညွှန်းကို Nyein Sandi မှ ရေးသားထားပါတယ်) File size…1.86 GB/ 899 MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2h 7m Genre ….. Comedy, Drama, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by Nyein Sandi Encoded by AHtet

6.5 2007 125 mins
My Tutor Friend 2