YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The Spiderwick Chronicles (2024) S01EP7 WEB-DL,1080p(CM).mp4

445.13 MB N/A video/mp4 423 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Long Dark Trail
4.3

အခုဇာတ်ကားလေးကတော့ တကယ့်လက်တွေ့ဘဝမှာ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Braddy O'Donnell နဲ့ Carter O'Donnell တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ အဲဒါအပြင် ဝါရင့်သရုပ်မင်းသားကြီးတစ်ဦးဖြစ်တဲ့ Alex Huges ကပါ ပါဝင်အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဟင်နရီ နဲ့ ဂျေကော့ပ်လို့ခေါ်တဲ့ ဆင်းရဲနွမ်းပါးတဲ့ ညီအစ်ကို နှစ်ယောက်ဟာ သူတို့ကို ကိုယ်ထိလက်ရောက် နှိပ်စက်တတ်တဲ့ သူတို့အဖေဆီကနေ ထွက်ပြေးလာခဲ့ကြပါတယ်။ အဲဒီနောက်နှစ်ရှည်လများ အဆက်အသွယ်ပြတ်နေခဲ့တဲ့ သူတို့အမေအကြောင်းကို နားစွန်နားဖျားကြားလိုက်ရတဲ့အခါမှာ သူတို့အမေကိုလိုက်ရှာဖို့အတွက် ပန်ဆယ်ဗေးနီးယားမြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ တောအုပ်ကြီးဆီကို ခရီးထွက်ခဲ့ကြပါတော့တယ်။ တကယ်တမ်း သူတို့ရဲ့အမေက ဘယ်လိုနေထိုင်နေရပြီးတော့ ဘာတွေဖြစ်နေမလဲ၊ သူတို့ကို ဘာကြောင့် ငယ်ငယ်က စွန့်ပစ်သွားခဲ့ရတာလဲဆိုတာကိုတော့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်လို့ လာရောက်ကြည့်ရှုဖို့အတွက်ကို ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျ။ File size…(1 GB)/(600 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:18:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mark

Action • Crime
4.3 2021 78 mins
The Long Dark Trail
The Words
6.6

ဒီဇာတ်ကားလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရုန်းကန်ကြိုးစားနေရတဲ့ စာရေးဆရာတစ်ယောက်ဟာ ကိုယ်တိုင်မရေးခဲ့တဲ့စာမူနဲ့အကြီးအကျယ် အောင်မြင်မှုရသွားခဲ့ပြီးတဲ့နောက် ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ရွေးချယ် မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အကြောင်းကို ပြန်ပြောပြထားတာပဲဖြစ်ပါတယ်။ Bradley Cooper က သူ့ရဲ့ဇာတ်ရုပ်ကိုကောင်းကောင်းကြီးသယ်သွားပြီးတော့ အတွင်းပိုင်းမှာရုန်းကန်ကြိုးစားရတဲ့အခြေအနေကိုကောင်းကောင် းပုံဖော်ပြသွားနိုင်ပါတယ်။ တကယ့်ကိုပြင်းထန်ပြီးတော့စိတ်ပိုင်း ဆိုင်ရာအရညှင်းပန်းနှိပ်စက်ခံနေရတဲ့ပုံစံကို Bradley Cooper က ပုံဖော်သရုပ်ဆောင်ပြသွားနိုင်တာက ကြိုဆိုရမယ့်အပြောင်းအလဲ တစ်ခုပဲဖြစ်ပါတယ်။ ဖန်လုံအိမ်ထဲမှာ အရာရာကိုပြန်အဆင်ပြေအောင်ကြိုးစားနေတဲ့ သူ့ရဲ့သရုပ်ဆောင်ချက်တွေကရင်သပ်ရှုမောလောက်စရာပါပဲ။ ဒီ The Words ဆိုတဲ့ရုပ်ရှင်ကားမှာ ကြည့်ရှုဖို့ထိုက်တန်တဲ့သရုပ် ဆောင်ချက်တွေအများကြီးပါဝင်နေတာမို့ တစ်ခါလောက်မြည်းစမ်း ကြည့်ရှုဖို့တိုက်တွန်းချင်ပါတယ်။ File size…1.72GB / 744MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 42m Genre ..... Mystery , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Wai Wai Thin

Action • Crime • Thriller
6.6 2012 96 mins
The Words
[18+] Blonde
6.1

ကဲ Biography ဒရာမာရုပ်ရှင်လေးကြည့်ရအောင်။ နာမည်ကျော် ရုပ်ရှင်မင်းသမီး မယ်ရီလင် မွန်ရိုးရဲ့အကြောင်းပါပဲ။ မွန်ရိုးဟာ သမိုင်း တလျှောက် နာမည်အကြီးဆုံး လွှမ်းမိုးမှုအရှိဆုံး ရုပ်ရှင်မင်းသမီးတွေ ထဲကတစ်ယောက်ပါပဲ။ ၁၉၅၀-၆၀ ကာလများရဲ့ လိင်ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ်လည်း သတ်မှတ်ကြပါတယ်။ မွန်ရိုးဟာ နာမည်ကျော်ကြားသလောက် ဘဝအစမလှပခဲ့သလို ဘဝ ဇာတ်သိမ်းလည်းမလှပခဲ့ပါဘူး။ မိဘမဲ့ဂေဟာကနေ အနုပညာလောက ထဲကိုဝင်လာပြီး ၁၆ နှစ်နဲ့အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်သုံးဆက်အထိ ရှိခဲ့ပြီး။ ကြားထဲမှာလည်း အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီနဲ့ အပါအဝင် မရေတွက်နိုင်တဲ့ ကောလဟာလတွေ အများကြီးရှိခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီတုန်းက မွန်ရိုးဟာ တစ်နိုင်ငံလုံးရဲ့ အိပ်မက်မင်းသမီးဖြစ်ခဲ့တာပါ။ သူ့ရဲ့ ဂါဝန်လေးလေလွင့်နေတဲ့ပုံဟာလည်း သမိုင်းဝင်လောက်အောင်ကို ကျော်ကြား ခဲ့တာပါ။ မွန်ရိုးဟာ အသက် ၃၆ နှစ်အရွယ်မှာ ဆေးလွန်သေဆုံးခဲ့ပြီး ဒါကို မတော်တဆမှုအဖြစ်ဖော်ပြခဲ့ပေမဲ့ လူပေါင်းများစွာက ကိုယ့်ကိုယ်ကိုယ်သတ် သေတယ်လို့ ယူဆခဲ့သလို လုပ်ကြံခံရတယ်ဆိုတဲ့ ထင်ကြေးတွေလည်းပေါ် ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ သူကို ဟောလိဝုဒ်ရွှေခေတ်ရဲ့ အကျော်ကြားဆုံး မင်းသမီးစာရင်းမှာ နံပါတ်-၆ နေရာမှာ သတ်မှတ်ထားခဲ့တုန်းပါပဲ။ နံပါတ်တစ် ကတော့ Little Women (1933) မင်းသမီး ကတ်သရင်းဟိဘန်းပါပဲ။ ဒီရုပ်ရှင်ကတော့ မွန်ရိုးရဲ့ အတ္ထုပ္ပတ္တိဆိုတာထက် ကောလဟာလတွေကိုရော တကယ့်အခိုင်အမာအဖြစ်အပျက်တွေကိုရော ရောမွှေပြီး စိတ်ကူးယဉ်ရေးသား ထားတဲ့ဇာတ်လမ်းနဲ့ပိုတူပါတယ်။ မွန်ရိုးနေရာမှာသရုပ်ဆောင်ထားတဲ့ မင်းသမီး အန်နာဒီအားရ်မက်စ်ကိုတော့ ပရိသတ်တွေ Knives Out, No time to die, blade runner, knock knock တို့လို ရုပ်ရှင်ကြီးတွေမှာ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဗင်းနစ် ရုပ်ရှင်ပွဲတော်မှာ ၁၄ မိနစ်ကျော် အားလုံးမတ်တပ်ရပ် လက်ခုပ်တီးပေးခဲ့တဲ့အထိ ပြောင်မြောက်တဲ့ ရုပ်ရှင်လို့လည်းပြောကြပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ပွဲတော်တွေကတော့ ဘာကားလာလာ မတ်တပ်ရပ်တီးနေကျဆို‌တော့ အဲဒီအတွက်တော့ အရမ်းမကိုး ကားတော့ပါဘူး။ ဒါပေမဲ့ ဘယ်လိုအနုပညာဆန်ဆန်ရိုက်ကူးပြီး ဘယ်လိုပီပြင်အောင် သရုပ်ဆောင်ထားလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုနိုင်ပါတယ်။ မင်းသားကြီး ခရစ်စ် အီဗန်ကတော့ အန်နာကို ဒီကားနဲ့ အော်စကာရရချည်သေးရဲ့လို့ ချီးကျူးသွားပါတယ်။ နောက်ဆုံးသတိပေးချင်တာကတော့ အန်နာရဲ့ အိပ်ရာခန်းတွေ တုံးလုံးခန်းတွေ တစ်ခန်း ထက်မနည်းပါဝင်နေတာမို့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်ဘူးဆိုတာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(2.11 GB) / (920 MB) Quality............WEB-DL 1080p / 720p Duration.........2Hrs 46mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Romance Translator.......Mr.Anderson Encoder..........SWM

Action • Drama • War
6.1 2022 167 mins
[18+] Blonde
The Leopard
7.7

၁၈၆၀ ခုနှစ်ဝန်းကျင် အီတလီ ဆီစီလီမှာ ဆာလီနာမင်းသားလို့ခေါ်တဲ့ ဒွန်ဖာဘရီဇီယို ကော်ဘယ်ရာ ရှိပါတယ်။ သူက ဘိုးဘွားဘီဘင်အဆက်ဆက် ချမ်းသာကြွယ်ဝခဲ့တာကို ခံစားနေတဲ့ သူကြွယ်တစ်ဦးပေါ့။ အဲဒီအချိန် အီတလီပေါင်းစည်းမှုလို့ခေါ်တဲ့ ဖြစ်ရပ်ကြီး ဖြစ်ပွားခဲ့ပါတယ်။ ဖရန်စစ် ၂ တို့ စစ်တပ်နဲ့ အနီရောင်အကျီဝတ် ဂါရီဘာဒီတို့ တော်လှန်ရေးတွေ စစ်ဖြစ်ကြတာပါ။ အဲဒီမှာ ဂါရီဘာဒီတွေ ဆီစီလီကို အနိုင်ရပြီး အလယ်လတ်တန်းစားတွေကလည်း ဆာလီနာမင်းသားတို့လို ပထမတန်းတွေနဲ့ ယှဉ်ပြိုင်လာတဲ့အခြေအနေမျိုး ဖြစ်လာပါတယ်။ သူ့ရဲ့တူတော်စပ်သူ တက်ခရန်ဒီဟာလည်း တော်လှန်ရေးတပ်ထဲက ဖြစ်ပြီး သူနဲ့ ပြိုင်ဖက်လိုဖြစ်တဲ့ ချမ်းသာပေမဲ့ အဆင့်အတန်းတစ်ဆင့်လောက်နိမ့်တဲ့ ဒွန်ကာလိုဂျီယိုရဲ့ သမီးချောကို ကြိုက်ခဲ့ပါတယ်။ အဲဒီမှာ ဆာလီနာမင်းသားတစ်ယောက် ဒီလိုမျိုး နိုင်ငံရေးအတက်အမြင့် အနိမ့်အကျတွေကြား အသားကျအောင် နေထိုင်ပြီး ဘယ်လိုတွေ လှုပ်ရှားသွားမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။

Drama • Mystery • Science Fiction
7.7 1963 186 mins
The Leopard
Project Power
6.5

IMDb Rating - 6.1/10 #Unicode August 14 ရက်နေ့က Netflix ကနေပြသသွားတဲ့ Action, Crime, Sci-Fi ကားကောင်းလေးကို တင်ပေးချင်ပါတယ်။ ဇာတ်လမ်း အကျဥ်းလေးကိုပြောပြရရင်တော့ . . . နယူးအော်လင်းမြို့ရဲ့ လမ်းတွေပေါ်မှာ ဆေး အသစ်အဆန်းတစ်မျိုးရဲ့ သတင်းက ပျံ့နှံနေပါတယ်။ ထိုဆေးက မူးယစ်စေတဲ့ ဆေးမဟုတ်ဘဲ သောက်လိုက်တဲ့လူကို ၅ မိနစ်ခန့် စူပါစွမ်းအားပေးတဲ့ဆေးပါ။ ကိုယ်က ဘာအစွမ်းရမယ်ဆိုတာကိုတော့ သောက်ပြီးမှပဲ သိရမှာပါ။ တစ်ချို့က ကိုယ်ပျောက်နိုင်တယ်။ တစ်ချို့က သေနတ်ပြီး တယ်။ အဲဒီလိုကွဲပြားတဲ့ အစွမ်းတွေပေးတဲ့ဆေးကို အသုံးချပြီး လူတွေက ပစ်မှုတွေ ကျူးလွန်လာတဲ့အခါမှာတော့ ရဲတွေအနေနဲ့ ဘယ်လိုဖြေရှင်းကြမလဲ။ ဒီဆေးတောင့်တွေ ဘယ်ကရောက် လာတာလဲ။ ဒီဆေးကိုဖန်တီးရတဲ့ ရည်ရွယ်ချက်ကဘာလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Htet Wai Lwin ပဲဖြစ်ပါတယ်။) Quality –  1080p, 720p WebRip Duration - 1hr 51 min Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Crime, Sci-Fi Source : 1080p.WebRip Translator – Htet Wai Lwin Encoder – SWM

Action & Adventure • Drama • Mystery
6.5 2020 113 mins
Project Power
Happy Death Day
6.6

Thillerဇာတ်ကားကောင်းလေးကြည့်ချင်သူများအတွက်ကားအသစ်လေးပါ။ Before I Fallဆိုတဲ့ကားလေးနဲ့ပုံစံတူလေးပါပဲ။ ဒီကားလေးမှာကတော့ပိုပြီးစိတ်လှုပ်ရှားစရာကောင်းပြီးMysteryဆန်တဲ့ပုံစံကိုတွေ့ရမှာပါ။ လူ့ရုပ်သကန်ကိုသေချာပြဆိုနိုင်တဲ့ဇာတ်ကားမျိုးတွေပါ။ လူဆိုတာမျိုးကဘာမှမဖြစ်ခင်မှာတော့ဘာမှမဖြစ်သလိုပေါ့ပေါ့နဲ့ကိုယ့်ယူဆချက်နဲ့ကိုယ်နေထိုင်ကြပေမယ့် တကယ်တမ်းအကျဉ်းကျပ်ထဲရောက်ချိန်မှာတော့ပြောင်းလဲလာတတ်ကြတာပါပဲ။ ဇာတ်လမ်းလေးကိုအရင်ပြောချင်ပါတယ်။ ထရီဇာဆိုတဲ့ကောလိပ်ကျောင်းသူလေးတစ်ယောက်ဟာတနင်္လာနေ့တစ်မနက်မှာကာတာဆိုတဲ့ကျောင်းသားအဆောင်လေးထဲမှာနိုးထလာခဲ့ပါတယ်။ ညဖက်ပါတီမှာအသေသောင်းကျန်းပြီးယောကျာ်လေးတစ်ယောက်ရဲ့အခန်းမှာရောက်မနက်အိပ်ရာနိုးရတယ်ဆိုတာကိုကြည့်ခြင်းအားဖြင့်ထရီဇာရဲ့ဇာတ်ကောင်သဘာဝကိုသိနိုင်ပါတယ်။ ခေတ်ဆန်ဆန်ပိုက်ဆံရှိမိဘအသိုင်းအဝိုင်းကလာပြီးကိုယ်စိတ်ထင်သလိုလုပ်နေတဲ့ကျောင်းသူလေးတစ်ယောက်ပါပဲ။ ဒီနေရာမှာဇာတ်ကားကိုစိတ်ဝင်စားစေတာကတော့အဲဒီနေ့ဟာသူ့မွေးနေ့ဖြစ်နေပါတယ်။ မနက်နိုးလာကတည်းကညအထိပုံမှန်လိုပဲဖြတ်သန်းလာခဲ့ပေမယ့်ညနက်ပိုင်းပါတီကိုသွားတဲ့လမ်းရောက်တဲ့အချိန်မှာပဲသူ့ဘဝစကြမ်းပြီလို့ပြောရမှာပါပဲ။ ညဖက်ပါတီကိုသွားရင်လမ်းမှာလူတစ်ယောက်ရဲ့လက်ချက်နဲ့အသတ်ခံလိုက်ရတာပါ။ ဇာတ်လမ်းကအဲဒီမှစတာပါ။ သူအသတ်ခံလိုက်ရပြီးရုတ်တရတ်ပြန်နိုးလာပါတယ်။ နိုးလာတဲ့နေရာကလည်းမနက်ကသူနိုးလာတဲ့အခန်းသူနိုးလာတဲ့ပုံစံအတိုင်းသူ့မွေးနေ့မှာပဲသူပြန်နိုးလာခဲ့တာပါ။ အိပ်မက်လိုလိုဘာလိုလိုနဲ့ဦးနှောက်ခြောက်နေရင်းထရီဇာတစ်ယောက်အဲဒီညမှာလူသတ်သမားလက်ချက်နဲ့နောက်တစ်ခါအသတ်ခံလိုရပြီးတဲ့အခါမှာတော့ သူပြန်လည်နိုးထလာချိန်မှာHappy Birthday မဟုတ်ပဲ Happy Death Dayဖြစ်နေပြီး ရက်တစ်ရက်ထဲမှာပဲပိတ်မိနေတော့တာပါပဲ။ ထရီဇာတစ်ယောက် အဲဒီတစ်ရက်တည်းမှာပဲအဖန်တလဲလဲနိုးထလာလိုက်သေဆုံးလိုက်နဲ့သံသရာလည်နေရင်း လူတွေအကြောင်း၊သူ့အကြောင်းကိုသူပိုသိလာပါတော့တယ်။ သူ့ပတ်ဝန်းကျင်ကလူတွေအကြောင်းပိုသိလာတယ်။ ဟန်ဆောင်မှုတွေကြားကလူတွေရဲ့မျက်နှာဖုံးတွေကိုလည်းမြင်လာပါတယ်။ တဖြေးဖြေးနဲ့စိတ်ညစ်လာတဲ့ထရီဇာတစ်ယောက်၊ ဘဝမှာသူ့စိတ်တိုင်းကျလုပ်ချင်ရာလုပ်ခဲ့တဲ့ထရီဇာတစ်ယောက် အခုတော့သူလိုချင်တာမနက်ဖြန်ဆိုတဲ့ဆုတောင်းပဲရှိပါတော့တယ်။ ဒါဟာကျွန်တော်တို့သတိမပြုမိတာဒါရိုက်တာပြလိုက်တာပါပဲ။ မနက်ဖြန်ပေါင်းများစွာရှိတဲ့အချိန်တုန်းကတန်ဖိုးမထားပဲအီလေးဆွဲခဲ့ပေမယ့် အဲဒီမနက်ဖြန်ကိုလက်လွှတ်လိုက်ရချိန်တစ်နည်းအားဖြင့် နောက်ထပ်အခွင့်အရေးမရှိတော့ချိန်မှာတမ်းတကြတာသဘာဝပါပဲ။ ဒီကားလေးကတော့ စိတ်လှုပ်ရှားစရာ၊စဥ်းစားစရာလေးတွေနဲ့တင်ဆက်ထားတဲ့အတွက်တစ်မျိုးတစ်ဖုံခံစားမှုရစေမှာပါ။ လူသတ်သမားကရောဘယ်သူလဲ၊ ဘာကြောင့်သူ့ကိုသတ်ရတာလဲ၊ Happy Birthdayနေ Happy Death Day ဖြစ်သွားရှာတဲ့ထရီဇာတစ်ယောက်ရောအဲဒီသံသရာထဲကလွတ်မြောက်နိုင်မှာလားဆိုတာတော့ဆက်ကြည့်လိုက်ပါဦး။ ဇာတ်ကားအဆုံးသတ်ကယုတ္တိမတန်ဘဲအငြင်းပွားစရာရှိပေမယ့်စဉ်းစားစရာ၊စိတ်လှုပ်ရှားစရာခံစားမှုရသတွေကတော့အပြည့်အဝပေးမှာဖြစ်ပါတယ်။ (ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ) File Size : (752 MB) Quality : WEB-DL 720p Running Time : 1hr 36min Format : Mp4 Genre :Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encoded by Thanhtike Zaw

Horror
6.6 2017 97 mins
Happy Death Day
The Lost King
6.6

The Lost King (2022) The Shape of Water မင်းသမီးကြီး Sally Hawkins ရဲ့ ဖြစ်ရပ်မှန် Historical Comedy ရုပ်ရှင်ကားသစ်ကို တင်ဆက်​ပေးလိုက်ပါတယ်။ IMDb 6.6/10, RT – 66% ရရှိထားတာဖြစ်ပြီး ၁၅ရာစုနှစ်တုန်းက ဗြိတိန်ဘုရင်ဖြစ်ခဲ့တဲ့ King Richard III အ​ကြောင်းကို ဖြစ်ရပ်မှန်ပေါ်အခြေတည် ဇာတ်လမ်းဆင် ရိုက်ကူးထားတာဖြစ်ပါတယ်။ အ​ပျော်တမ်းသမိုင်း​​လေ့လာသူ၊ အိမ်​ထောင်ရှင်၊ အလုပ်သမားဖြစ်တဲ့ Phillipa Langley ဟာ အထက်လူကြီးနဲ့ အဆင်မ​​ပြေမှု​တွေ​ကြောင့် အလုပ်မှာ ထိုက်သင့်တဲ့​နေရာကို မရသလို အိမ်​ထောင်​​ရေးကံလည်း မ​ကောင်းလို့ စိတ်​ထောင်းကိုယ်​ကြေ ဖြစ်​နေသူပါ။ တစ်ညမှာ​တော့ သားဖြစ်သူနဲ့ ရှိတ်စပီးယားပြဇာတ်သွားကြည့်ရင်း ပြဇာတ်မှာပါတဲ့ King Richard III အ​​ကြောင်း စိတ်ဝင်စားသွားခဲ့ပါတယ်။ King Richard III ဆိုတာ အင်္ဂလန်သမိုင်း​ကြောင်းမှာ နှယ်နှယ်ရရ မဟုတ်ဘဲ အစ်ကို​တော် Edward IV ရဲ့သား သူ့ရဲ့တူ​​တော်တွေကို လုပ်ကြံပြီး နန်းလုခဲ့သူ၊ ခါးမှာ ဘို့ကြီးနဲ့ ဆိုးရွားတဲ့ရုပ်အဆင်းရှိသူ ရက်စက်တဲ့ဘုရင်အဖြစ် သမိုင်းစာအုပ်​တွေထဲမှာ အာ​ဘော်တူတူပဲ ​ဖော်ညွှန်းထားတာပါ။ ရှိတ်စပီးယားပြဇာတ်ထဲမှာလည်း အလားတူ ပုံ​ဖော်​ရေးသားထားတာပါ။ Phillipa က အဆိုပါသမိုင်းကို​ရော ပြဇာတ်ကို​ရော အစစ်အမှန်လို့ မယုံကြည်ဘဲ Tudor မင်းဆက်ရဲ့ Richard III အ​ပေါ် ဂုဏ်သိက္ခာချတာလို့ တရား​သေစွဲမှတ်ရင်း သူနဲ့အမြင်တူတဲ့ သမိုင်း​လေ့လာသူ ဝါသနာရှင်‌တွေနဲ့ပေါင်းပြီး သမိုင်း​ကြောင်းအမှန်ကို သိ​​အောင်​လေ့လာရင်း Richard III ရဲ့ရုပ်အ​လောင်းနဲ့ပတ်သက်ပြီး တိတိကျကျသိထားတာမရှိခဲ့သလို မြုပ်နှံထားတဲ့​နေရာကိုပါ မသိလို့ Phillipa တစ်​ယောက် ရုပ်အ​လောင်းကိုရှာဖို့ စတင်ကြိုးစားပါ​တော့တယ်။ အလယ်ခေတ်နှောင်းပိုင်း၊ ရီနေးဆန့်ခေတ်အစဖြစ်ခဲ့တဲ့ ၁၅ ရာစုရဲ့ သမိုင်းဝင်ဘုရင်တစ်ပါးဖြစ်ခဲ့တဲ့ Richard III ကို ခုခေတ်ကြီးမှာ ပြန်ရှာဖွေ တူးဖော်ဖို့ဆိုတာ တကယ်ကို မလွယ်တဲ့ကိစ္စပါ။ အဲဒါကို Phillipa က တကယ်ကြီး လုပ်ပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ စွမ်း‌ဆောင်ခဲ့မှုအတွက်လည်း အင်္ဂလန်ဘုရင်မကြီးက သူ့ကို MBE ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။ အဲဒီလို အင်္ဂလန်ရဲ့ တကယ့်သမိုင်းဝင်အခိုက်အတံ့တစ်ခုကို ဖော်ထုတ်ခဲ့တဲ့အကြောင်းတွေကို ပြန်ရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို JimX နဲ့ Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1GB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 48Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by JimX & Htet Kyaw Myo Encoded by Y

Crime • Drama
6.6 2022
The Lost King
The Wedding Veil Expectations
6.7

The Wedding Veil: Expectation ဆိုတဲ့ ဇာတ်ကားလေးကတော့ The Wedding Veil trilogy ရဲ့နောက်ဆုံးကားလေးပါ ဒီဇာတ်ကားလေးထဲမှာတော့ အေဗရီနဲ့ပီတာတို့နှစ်ယောက်ဟာ ရဲတိုက်လိုမျိုးခမ်းနားတဲ့ အိမ်အိုကြီးကိုဝယ်လိုက်ပါတယ် ဒါပေမဲ့ အိမ်ကိုပြန်လည်ပြုပြင်ဖို့ ဆမ်ဆိုတဲ့ကန်ထရိုက်တာကို ငှားပြီး ပြန်ပြင်ဖို့လိုတဲ့နေရာတွေကို စစ်ဆေးခိုင်းတဲ့အခါမှာ ဒီအိမ်ကြီးဟာ ကောင်းတာထက် ပြန်ပြုပြင်ရမယ့် လိုအပ်ချက်တွေအများကြီးရှိနေပါတယ် အေဗရီရဲ့အလုပ်ဖြစ်တဲ့ ပြတိုက်မှာလည်း ဇီဇာကြောင်ပြီး အတ္တကြီးတဲ့ မေဆင်ဆိုတဲ့ ဒါရိုက်တာချုပ်ပြောင်းလာပြီး အေဗရီတို့ သူငယ်ချင်းသုံယောက်ရဲ့ မင်္ဂလာခေါင်းပုံပါတဲ့ အာမီချီပန်းချီကားကို တခြားပန်းချီတွေနဲ့လဲပစ်ဖို့လုပ်ပါတော့တယ် ပီတာရဲ့အလုပ်မှာလည်း သူနှစ်သက်တဲ့ အနုပညာပရိုဂရမ်အတည်ပြုပေးဖို့အတွက် ကျောင်းကဘုတ်အဖွဲ့နဲ့ ရင်ဆိုင်နေရပါတယ် တစ်ချိန်တည်းမှာပဲ အေဗရီမှာ ကိုယ်ဝန်ရှိနေတာကိုသိလိုက်ရပြီး ပီတာကို ရိုမန်းတစ်အဆန်ဆုံးနည်းလမ်းနဲ့ဖွင့်ပြောဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အေဗရီကိုယ်တိုင်ကလည်း အလုပ်မှာ ကိစ္စတွေရှုပ်နေ ပီတာကလည်း အလုပ်ကိစ္စနဲ့ခေါင်းရှုပ်နေပြီး အိမ်​ပြင်ဖို့ကိစ္စကလည်းရှိနေပြန်ဆိုတော့ အေဗရီက သူ့ကိုယ်ဝန်အကြောင်းကို ပီတာကိုဘယ်လိုမျိုးဖွင့်ပြောမလဲ သူနှစ်သက်ရတဲ့ အာမီချီပန်းချီကားကြီးကို ပြတိုက်မှာပဲဆက်ရှိနေဖို့ သူဘယ်လိုကြိုးစားမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ်…… File size…(1.5 GB)/(780 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

Action • Crime • Drama • Thriller
6.7 2023 84 mins
The Wedding Veil Expectations
Jack Reacher 2: Never Go Back
6.3

Jack Reacher 2: Never Go Back (2016) IMDb Rating (6.1) ဂျက် ရီချာ ပြန်လာပါပြီ။ ဒီကားမှာတော့ မေဂျာဘဝကနေ အနားယူသွားတဲ့ ဂျက်ဟာ ဒီစီကို ပြန်လာရင်း သူ့မိတ်ဆွေ ဗိုလ်မှုးမလေး တန်နာ မတရားစွပ်စွဲခံရပြီး ဖမ်းထားခံထားရတာကို လိုက်ရင်း အစိုးရကန်ထရိုက်တာကြီးတစ်ခုရဲ့ မသမာမှုတွေကို ဖော်ထုတ်ပေးရပါတော့တယ်။ ကုမ္မဏီဘက်က ကြေးစားတွေက သူ့ရဲ့ သမီးလို့ထင်ရတဲ့ ဆမ် ဆိုတဲ့ မိန်းကလေးနောက်ကိုပါ လိုက်လာတဲ့အတွက် ဂျက်ဟာ တန်နာ ဆမ်တို့ကို ကာကွယ်ရင်း စွန့်စားခန်းထပ်ဖွင့်ဖို့လိုလာတဲ့အခါ…..။ Tom Cruise, Cobie Smulders, Danika Yarosh သရုပ်ဆောင် ၃ ယောက်လုံးဟာ အတွဲညီနေတော့ ဒီကားကတော့ အတော်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်လာတာပါပဲ။

Horror • Mystery • Adventure • Fantasy
6.3 2016
Jack Reacher 2: Never Go Back
The Shift
6

The Shift (2023) Arrow စီးရီးထဲမှာ ဒေမီယန်ဒါ့ခ်အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Neil McDonough နဲ့ LoTR သုံးကားမှာ ဆမ်ဝှိုက်ဂမ်ဂီးလုပ်ခဲ့သူ Sean Astin တို့ ပါဝင်ထားတဲ့ ဒီကားမှာတော့ God နဲ့ Devil ဘယ်သူ့ကိုးကွယ်မလဲဆိုတဲ့ ဘာသာရေးနဲ့ဆိုင်တဲ့ မက်ဆေ့ကို Sci-Fi ရုပ်ရှင်ထဲမှာ ပုံဖော်ထားပါတယ်။ အဓိကဇာတ်လိုက်ဖြစ်တဲ့ ကယ်ဗင်ဟာ သူ့ဘဝခက်ခဲနေချိန်မှာ မော်လီဆိုတဲ့မိန်းကလေးနဲ့တွေ့ပြီး ချစ်ကြိုက်ခဲ့ပါတယ်။ သူတို့မှာ သားလေးပါရလာပြီး ပျော်ရွှင်နေခဲ့ရာကနေ တစ်နေ့မှာ သူတို့သားလေးပျောက်သွားပြီး တစ်စတစ်စနဲ့ သူတို့နှစ်ယောက်လည်း အဆင်မပြေတော့ပါဘူး။ တစ်ရက်မှာတော့ ကယ်ဗင် ကားထဲမှာ မော်လီနဲ့ ဖုန်းပြောနေတုန်းကားတိုက်ခံရပြီး ထူးဆန်းတဲ့နေရာကို ရောက်သွားပါတယ်။ တကယ်တော့ အဲဒီကမ္ဘာကို Benefactor ဆိုတဲ့လူက ကယ်ဗင်ကို ပြန်ပေးဆွဲလာတာဖြစ်ပြီး ကယ်ဗင်ကို သူ့အလုပ်အတွက် ကမ်းလှမ်းချင်တာပါ။ သူက လူသားတွေကို ကိုယ်ပွား ကလုန်းတွေအများကြီးဖန်တီးပြီး Reality တစ်ခုကနေတစ်ခု လဲပေးနိုင်စွမ်းရှိပါတယ်။ အဲဒီလိုလုပ်ပေးဖို့ သူခိုင်းတဲ့ Shifter ဆိုတဲ့သူတွေခန့်ထားပြီး ကယ်ဗင်ကိုလည်း ခေါ်ချင်တာပါ။ သူ့ကို နတ်ဆိုးလို့ တင်စားလို့ရပါတယ်။ God ကို အမြဲ အပုပ်ချ မကောင်းပြောပြီး ကယ်‌ဗင်ကို သိမ်းသွင်းတာပါ။ ကယ်ဗင်က God ကိုယုံကြည်ပြီး သူ့ကမ်းလှမ်းချက်ကို ငြင်းလိုက်တဲ့အခါ… တခြားကမ္ဘာတစ်ခုဆီ ရောက်သွားပါတော့တယ်။ Benefactor အုပ်စိုးတဲ့ ဒီရက်စက်ကြမ်းကြုတ်တဲ့ ကမ္ဘာကနေ ကယ်ဗင်တစ်ယောက် God အပေါ်ယုံကြည်မှုမပျက်ဘဲ သူ့ချစ်သူမော်လီနဲ့သားလေးဆီ ပြန်သွားနိုင်ဖို့ မျှော်လင့်ချက်နဲ့ ရုန်းထွက်နိုင်အောင် ကြိုးပမ်းတာကို ဆက်လက်ရှုစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 995MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 55Min Genre – Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6 2023
The Shift
Scoop
6.6

ဗြိတိန်အင်ပါယာရဲ့ဘုရင်မကြီး”အဲလစ်ဇဘတ်”ရဲ့တတိယမြောက်သားဖြစ်သူ မင်းသား”အန်ဒရူး” ဟာ အသက်မပြည့်သေးသောကောင်မလေးတစ်ဦးကိုဖိအားပေးပြီးလိင်ပိုင်းဆိုင်ရာစောက်ကားခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ဂယက်ရိုက်ခဲ့ပါတယ် အဲ့ကိစ္စနဲ့ပက်သက်ပြီး 2019 ခုနှစ်မှာ BBCရဲ့ Newsnight ဆိုတဲ့ သတင်းအစီအစဥ်မှာ အင်တာဗျူးလုပ်ခဲ့ပါတယ် ဒါပေမဲ့ အဲ့လိုလုပ်လိုက်တာက အကြီးအကျယ်ပိုဆိုးသွားပြီး နောက်ဆုံးမှာ မင်းသား”အန်ဒရူး”ဟာ သူ့ရဲ့တော်ဝင်အရိုက်အရာရာထူးအာဏာတွေကိုစွန့်လွှတ်လိုက်ရတဲ့အထိဖြစ်သွားပါတယ် ဒီဇာတ်ကားကတော့ မင်းသား”အန်ဒရူး”ကိုအင်တာဗျူးဖို့အတွက် BBCမှသတင်းထောက်တွေဘယ်လိုမျိုးကြိုးစားခဲ့ရသလဲ ဘယ်လိုစီစဥ်ခဲ့ရသလဲဆိုတော့ သတင်းမီဒီယာသမားတွေရဲ့အကြောင်းကိုအတွင်းကျကျရိုက်ကူးပြထားတာဖြစ်ပါတယ် ဒါကဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ “Biography Film”လေးပါ File size…(1.15 GB)/(590 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre…Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

6.6 2024
Scoop
Soundproof

ဒီနေ့မှာတော့ Malpractice ထဲက Dr မလေး Georgina Rich ရဲ့ crime drama ကားလေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်။ အရင်ကားလိုမဟုတ်ပဲ တစ်မူထူးခြားတဲ့ single mother ဘဝနဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ single mom ဖြစ်တဲ့ ဂျိုးမှာ ဒီလန် လိုခေါ်တဲ့ သားတစ်ယောက်နဲ့ အစ်ဇီလိုခေါ်တဲ့သမီးတစ်ယောက်ရှိတယ်။ အထီးကျန်တဲ့ခံစားချက်တွေကြောင့် ကယ်ဗင်ဆိုတဲ့ သူထက်ငယ်ပြီး ဆိုးသွမ်းတဲ့ ကောင်လေးတစ်ယောက်နဲ့ တွဲနေလေရဲ့။ သူတိုနှစ်ယောက်ကြားကဆက်ဆံရေးက အတော့်ကိုဆိုးဆိုးရွားရွားပါပဲ။ တစ်နေ့မှာတော့ ဂျိုးနဲ့ကယ်ဗင်တို အိမ်အပြန်လမ်းမှာ ကယ်ဗင်က အဆင်မပြေမှုတွေနဲ့ပြဿနာဖြစ်လာတာကို ဂျိုတစ်ယောက်စိတ်ဆိုးနေလေရဲ့။ ဒါကို ကယ်ဗင်တစ်ယောက် ဂျိုးနဲ့ အတင်းတစ်တီတူးချစ်ကြည်နူးဖို ကြိုးစားရင်း ရုန်းရင်းဆန်ခက်ဖြစ်နေတာကို အစ်ဇီတစ်ယောက်မြင်သွားပြီး နောက်ကနေ မီးအိမ်နဲ့ ကယ်ဗင်ကိုရိုက်သတ်မိလိုက်တဲ့အခါမှာတော့… ဂျိုးတစ်ယောက်သူ့ရဲ့ကလေးတွေကို ရာဇဝတ်ဘေးကနေ single mom ဘဝနဲ့ ဘယ်လိုရှောင်တိမ်းသွားကြမလဲ ဘယ်လိုဒုက္ခပေါင်းသောင်းခြောက်ထောင်နဲ့ရင်ဆိုင်ရပြီး ဘာတွေဆက်ဖြစ်သွားမလဲ ဆိုတာတော့ တွေးကြည့်မနေကြတော့ဘဲ ပြေးသာကြည့်လိုက်ကြဖို့ ညွှန်းပေးလိုက်ရပါတယ်။ File size…(1.4 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Darcy

0 2023
Soundproof
Treasure Hunting : The Palace of the North Hell
5.9

ဒဏ္ဍာရီမှာ ခွင်းငှက်တစ်ကောင်က သေဆုံးခဲ့ပြီး အရိုးကျန်နေခဲ့တယ်တဲ့။ ထန်လူမျိုးတွေက အဲဒီသေသွားတဲ့နေရာကို နေရာကောင်းအဖြစ် သတ်မှတ်ခဲ့ပြီး နဂါးကြောအဖြစ် သင်္ချိုင်းတစ်ခု ဆောက်ခဲ့ပြီး ပေမင်ခွင်းနန်းဆောင်လို့ ခေါ်ခဲ့ပါတယ်။ အဲဒီနန်းဆောင်ထဲမှာ ရတနာအများအပြားရှိနေပြီး လူတိုင်းက ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လိုချင်နေကြတာပေါ့။ ဂျပန်လူမျိုးတွေရဲ့ လက်ထဲကနေ ရတနာတွေကို ကာကွယ်ဖို့အတွက် ကျင်းစုတပ်က ခေါင်းဆောင်လုဟွမ်ရှန်း၊ ဖားချိုးဂိုဏ်းက ဂိုဏ်းချုပ်ကုရှန်းနဲ့ ဗိုလ်လေး ဝူစီးဝိန်တို့က ခွင်းနန်းဆောင်ကို ရှာဖွေဖို့ ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ သူတို့ခရီးစဉ်တစ်လျှောက်မှာ ဘယ်လို အခက်အခဲ အန္တရာယ်တွေနဲ့ ကြုံတွေ့ရမလဲ…… ဂျပန်တွေကရော ဘယ်လိုနှောင့်ယှက်မလဲ…… ပေမင်ခွင်းနန်းဆောင်ထဲမှာရော ဘယ်လို ထူးဆန်းတဲ့ အစောင့်အရှောက်တွေက သူတို့ကို စောင့်နေမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Action • Thriller
5.9 2024
Treasure Hunting : The Palace of the North Hell
The Prosecutor
6.5

Ip Man မင်းသားကြီး Donnie Yen ရဲ့ ရှေ့နေကားသစ်ကြီးရပါပြီ။ Donnie Yen ကအစိုးရရှေ့နေလုပ်နေပြီဆိုပြီးတော့ အက်ရှင်တွေမပါဘူးလို့တော့မထင်လိုက်ပါနဲ့ (၆၁)နှစ်အရွယ်မင်းသားကြီးရဲ့လက်ရည်တွေကိုမြင်ရဦးမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိဟော့ဟာ တရားခံနဲ့ရှေ့နေတွေပူးပေါင်းပြီး တရားဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီးတော့ ပြစ်မှုကနေကွင်းလုံးကျွတ်လွတ်သွားတာကို ကြုံခဲ့ရပြီးနောက်ပိုင်းမှာ ရာထူးမှနှုတ်ထွက်ခဲ့ရတယ်။ အဲဒီနောက်မှာ သူကဥပဒေပညာကိုကြိုးစားသင်ယူပြီးတော့ အစိုးရရှေ့နေတစ်ယောက်ဖြစ်လာခဲ့တယ်။ တရားဥပဒေဌာနကိုရောက်တဲ့အခါမှာလဲ ဥပဒေကိုလက်တစ်လုံးခြားလုပ်တဲ့ မတရားမှုနဲ့ကြုံလာတဲ့အခါ သူ့ရဲ့တရားဥပဒေအပေါ်ခေါင်းမာတဲ့စိတ်နဲ့မတရားမှုကို တော်လှန်နိုင်ဖို့ကြိုးစားတဲ့အခါ အောင်မြင်လာနိုင်မလားဆိုတာကို အက်ရှင်တွေနဲ့စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။

Animation • Comedy • Adventure • Family
6.5 2025
The Prosecutor
Chungking Express
8.1

Chungking Express (1994) IMDb Rating (7.9) / Rotten Tomatoes (89%) ဝမ်ကာဝေက သူရိုက်ခဲ့ဖူးသမျှရုပ်ရှင်တွေထဲမှာ အချိန်အပေးရဆုံးနဲ့ အခက်ခဲဆုံးဖြစ်တဲ့ Ashes of Time (1994) ရဲ့ နောက်ဆုံးအဆင့် Post Production တွေလုပ်ကိုင်နေဆဲမှာ သူ့ Production အတွက်၊ သူ စိတ်ပြေလက်ပျောက်ဖြစ်ဖို့အတွက်ဆိုပြီး Chungking Express ရုပ်ရှင်ကားကို ၃ လအတွင်းအပြီးသတ်ရိုက်ကူးပြသခဲ့တယ်။ “ကျွန်တော် Ashes of Time ရဲ့ Post Production တွေကနေ ခဏအနားယူချင်ခဲ့တယ်၊ အဲ့ဒါနဲ့ ဒီ Chungking Express ကိုရိုက်ဖြစ်သွားတာပဲ။ ဒီရုပ်ရှင်မှာ ဇာတ်ညွန်းလည်းအတည်တကျမရှိပါဘူးဗျာ….ရိုက်ကွင်းမစခင်ည ဒါမှမဟုတ် ရိုက်မယ့်မနက်မှ လက်တန်းချရေးပြီး ရိုက်လိုက်တာပဲဗျ။” – ဝမ်ကာဝေ ဒီရုပ်ရှင်ရဲ့ Theme က ပြောရခက်တယ်။ နီယွန်မီးရောင်တွေနဲ့ အတုအယောင်တွေပြည့်နှက်နေတဲ့ ဟောင်ကောင်မြို့ပြညအချိန်တွေကို အခြေခံတဲ့ ပထမဇာတ်လမ်းနဲ့ Chungking Mansion ရဲ့ နေ့ဖက်အချိန် နိစ္စဒူဝအလုပ်လုပ်ကြတဲ့အခိုက်အတန့်တွေကို အခြေခံထားတဲ့ ဒုတိယဇာတ်လမ်းကြားမှာ ဒီရုပ်ရှင်ဟာ လွန်ဆွဲနေတာပါပဲ။ ကိုယ်ချစ်တဲ့သူပြန်လာမယ်ဆိုတဲ့မျှော်လင့်ချက်သင်္ကေတတစ်ခုအဖြစ် မေလ ၁ ရက်နေ့ သက်တမ်းကုန်မယ့် နာနတ်သီးစည်သွပ်ဘူးတွေကို တစ်နေ့တစ်ဘူးဝယ်ရင်း မေလ ၁ ရက်နေ့ရောက်လာမှာကို စောင့်မျှော်နေတဲ့ ရဲနံပါတ် ၂၂၃ နဲ့ ချစ်သူပြန်လာတိုင်း အသုပ်စုံဝယ်ဝယေ်ပးတတ်ပြီး ဆိုင်ရှင်မြှောက်ပေးရာကနေ အစားအသောက်ရွေးချယ်စရာတွေကနေ လူရွေးချယ်ခွင့်ပါ ပေးမိသွားခဲ့တဲ့ ရဲနံပါတ် ၆၆၃ တို့ရဲ့ ဘဝထဲကို လူသစ်တစ်ယောက်စီက နည်းတစ်မျိုးစီနဲ့ ရောက်လာကြတဲ့အခါ သူတို့ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။ သူတို့ရဲ့အတိတ်ကို ဘယ်လိုမေ့ဖျောက်ကြသလဲ။ အထီးကျန်တဲ့အချိန်တွေကို ဘယ်လိုဖြတ်ကျော်ကြသလဲ။ ဒီရုပ်ရှင်ကိုကြည့်ပြီး လူဆိုတာ အသိုင်းအဝိုင်းနဲ့နေထိုင်တဲ့၊ ပေါင်းဆင်းဆက်ဆံရေးလုပ်တဲ့သက်ရှိလို့ဆိုကြပေမယ့် တကယ်တမ်းတော့ လူတွေက လူ့အသိုင်းအဝိုင်းကနေ တစ်နည်းမဟုတ်တစ်နည်းနဲ့ ရှောင်ထွက်ကြပြီး အထီးကျန်မှုကို ရွေးချယ်နေကြတယ်ဆိုတာ သိလာတယ်။ လူတစ်ယောက် ပျော်တယ်၊ မပျော်ဘူး၊ အထီးကျန်တယ်၊ မကျန်ဘူးဆိုတာလည်း အဲ့ဒီလူတစ်ယောက်အပေါ်မှာပဲ မူတည်နေတယ်ဆိုတာသိလာတယ်။ အချစ်ဆိုတာ ချစ်နေရုံနဲ့လည်းမပြီးသွားပြန်ဘူး၊ ချစ်တာကို ပြတတ်ဖို့လည်းလိုအပ်တယ်ဆိုတာကို Hong Kong ရဲ့ မက်ဒေါနားလေး Faye Wong ကလည်း ပြသွားပြန်တယ်။ သူ့ရဲ့ပထမဆုံးရုပ်ရှင်မှာတင် Faye Wong က စီနီယာကြီးတွေကြားမှာ ထင်ပေါ်သွားခဲ့တယ်။ Hollywood ရဲ့ အကောင်းဆုံးဒါရိုက်တာတစ်ယောက်၊ Pulp Fiction, Inglourious Basterds ရုပ်ရှင်တွေရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့ Quentin Taratino ကတောင် ဒီရုပ်ရှင်ကို ကြည့်ဖို့ ကိုယ်တိုင်ကိုယ်ကျ တိုက်တွန်းခဲ့ဖူးတယ်။ “California Dreaming ကို ကျွန်တော် နောက်တစ်ကြိမ်နားမထောင်ဖြစ်လောက်တော့ဘူးထင်ပါရဲ့…..နားထောင်ဖြစ်ရင်လည်း Faye Wong ရဲ့ မြူးကြွတဲ့ ကကွက်လေးတွေကိုပဲ အမြဲမြင်ယောင်မိနေလိမ့်မယ်ဗျာ” ဟုတ်ပါတယ်၊ ဒီရုပ်ရှင်ရဲ့အလှတရားတွေထဲမှာ Faye Wong ကတော့ ထိပ်ဆုံးကပါ။ California Dreaming သီချင်း အပြင် သူကိုယ်တိုင် cover ပြန်သီဆိုထားတဲ့ The Cranberries အဖွဲ့ရဲ့ Dream သီချင်းလေးက ဒီရုပ်ရှင်ကို ပိုပြီးမြူးကြွချိုမြိန်စေခဲ့ပါတယ်။ ရဲနံပါတ် ၆၆၃ ရဲ့ တိုက်ခန်းထဲမှာ ပျော်မြူးနေတဲ့ Faye Wong ရဲ့ပုံရိပ်တွေက Chungking Express ကြည့်ရှုသူတိုင်းကို ဖမ်းစားနိုင်ခဲ့တာအမှန်ပါပဲ။ ပြီးတော့ ဝမ်ကာဝေရဲ့ ထုံးစံအတိုင်း မတင်မကျဇာတ်သိမ်းလေးက Romance ရုပ်ရှင်မျိုးဆိုတာ ဒီလိုလေးလည်း ကြည့်ကောင်းပါလားလို့တောင် တွေးမိစေခဲ့တယ်။ အချိန်တိုအတွင်းမှာရိုက်ကူးပြီးစီးခဲ့ပေမယ့် ဒီရုပ်ရှင်မှာ ဒါရိုက်တာဝမ်ကာဝေရဲ့ အတွေးအပိုင်းအစတွေအများကြီးပါဝင်ခဲ့ပြီး ချစ်သူရည်းစားတွေ ပြတ်စဲပြီးနောက်မှာ ဘာတွေဆက်ဖြစ်ကြသလဲဆိုတာလေးကို အလှပဆုံးပုံဖော်သွားတဲ့ အဖိုးတန် Romance ကားတစ်ကားပါ။ ဝမ်ကာဝေဟာ ဘာမှမဟုတ်ဘူးထင်ရတဲ့ လူ့ဘဝအခိုက်အတန့်လေးတွေကို ရုပ်ရှင်အဖြစ်ပြောင်းလဲဖန်တီးတဲ့နေရာမှာတော့ ဆရာတစ်ပါးပဲဆိုတာ သေချာပါတယ်။ သူ့ရဲ့လက်ရာအများစုကလည်း လူတွေနဲ့အနီးစပ်ဆုံးကိစ္စတွေဖြစ်လို့ ရင်ထဲရောက်အောင် ဆွဲဆောင်နိုင်တာပါ။ Hong Kong new wave 1st generation ကစလို့ ဟောင်ကောင်ရုပ်ရှင်တွေဟာ သာမန်ဖျော်ဖြေရေးရုပ်ရှင်တွေထက် အိမ်တွင်းရေး၊ လူမှုရေးနဲ့ ပြည်သူတွေ သတိမပြုမိတဲ့အခိုက်အတန့်လေးတွေကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးတဲ့ new wave ရုပ်ရှင်တွေပေါ်ထွက်လာခဲ့တယ်။ ဝမ်ကာဝေတို့ ဂျွန်ဝူးတို့ ခေတ်အရောက်မှာတော့ ဟောင်ကောင်ရုပ်ရှင်တွေဟာ အဆင့်အတန်းတစ်ခုကိုရောက်လာခဲ့ပြီး အာရှရုပ်ရှင်လောကမှာ သူတို့ရဲ့ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ဇာတ်လမ်းသွားပုံစံတွေနဲ့ နေရာတစ်နေရာ အခိုင်အမာရရှိခဲ့ပါတယ်။ Chungking Express ကလည်း ဟောင်ကောင်ရုပ်ရှင်လောကမှာ စံထားရတဲ့ရုပ်ရှင်ကားတွေထဲက တစ်ကားအပါအဝင်ပါ။ ရုပ်ရှင်ရဲ့ Color တွေ၊ အဝတ်အစားရွေးချယ်ပုံတွေနဲ့ ဟောင်ကောင်က Chungking Mansion ကြီးထဲက လူမျိုးပေါင်းစုံ၊ သာမန်လူတန်းစားအသိုင်းအဝိုင်းကို ထောက်တိုင်ပြုထားတဲ့ ဇာတ်အိမ်နှစ်ခုအပြင် ဒီရုပ်ရှင်ရဲ့ အထင်ရှားဆုံး၊ ချီးကျူးအခံရဆုံးအချက်ဖြစ်တဲ့ Slow Motion, Blur Motion Shot တွေကြောင့် Chungking Express ဟာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့ပြောကြတဲ့ In the Mood for Love ထက်မသာရင်တောင် မလျော့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ Romance Genre မှာ Chungking Express က ချစ်စရာအကောင်းဆုံးနဲ့ သဘာဝအကျဆုံးကားတစ်ကားဖြစ်သွားခဲ့ပါပြီ။ “ဘယ်အချိန်ကစပြီး အရာအားလုံးမှာ သက်တမ်းကုန်ဆုံးရက်တွေ ရှိသွားတာလဲ” “ငါးသေတ္တာဘူးတွေ သက်တမ်းကုန်တယ်၊ ဆော့စ်တွေ သက်တမ်းကုန်တယ်၊ ပလက်စတစ်အိတ်တွေတောင် သက်တမ်းကုန်တယ်။” “ကျွန်တော်တွေးမိတယ်…..ကမ္ဘာပေါ်မှာ သက်တမ်းမကုန်တဲ့အရာရှိသေးရဲ့လား” (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Arkar Phyo မှ တင်ဆက်ထားပါတယ်။)

8.1 1994 103 mins
Chungking Express