YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The.Snow.Girl.S01E01.Episode.1.720p(CM).mp4

533.28 MB N/A video/mp4 122 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ghost Writer 2
7

(၂၀၁၉)ခုနှစ်က ထွက်ရှိခဲ့တဲ့ Ghost Writer ကားလေးရဲ့ နောက်ဆက်တွဲဇာတ်လမ်း ဖြစ်ပါတယ်။ ပထမကားနဲ့ ဆက်စပ်မှုရှိပေမယ့် သပ်သပ်စီကြည့်ရင်လည်း အင်မတန်ကြည့်ကောင်းပါတယ်။ ဇာတ်လမ်း ကတော့ ကိုယ်တွေ့သရဲအကြောင်းအရာကို ရေးသားလိုက်ရာမှာ စာရေးဆရာမ နာရာရဲ့စာအုပ်ဟာ တော်တော် လေးပေါက်သွားပြီး နှစ်အတော်ကြာ ရောင်းအားအကောင်းဆုံး (best seller) ဖြစ်သွားပါတယ်။ နာရာကိုယ်တိုင် ကတော့ လေးနက်တဲ့စာပေကိုရေးသားချင်ပေမယ့် ထုတ်ဝေသူကတော့ သရဲနဲ့ပက်သက်တဲ့အကြာင်းကိုသာ ရေး ခိုင်းနေတဲ့အတွက် နာရာအတွက် သရဲတစ္စေတွေကို စိတ်ကုန်နေချိန်ပါ။ အဲ့အချိန်မှာပဲ နာရာနဲ့ ပက်သက်သူ တစ်ယောက်ဟာ မမျှော်လင့်ဘဲ သေဆုံးသွားတဲ့အတွက် သရဲတွေကို စိတ်ပျက်နေတဲ့နာရာဟာ သရဲတွေနဲ့ မဖြစ် မနေ ဆက်ဆံဖို့ဖြစ်လာပါတယ်။ မဖြစ်မနေဆက်ဆံတာဖြစ်တဲ့အတွက် ဖြစ်ရပ်တွေဟာလည်း သူမဖြစ်ချင်တာတွေ ထပ်မံကြုံတွေ့လာတဲ့အချိန်မှာတော့ ... Ghost Writer(၂၀၁၉)လိုပဲ ခြောက်ခြားစရာတွေ၊ ဆွတ်ပျံ့ကြည်နူး စရာတွေ၊ သင်ခန်းစာယူစရာတွေ၊ ပျော်ရွှင်စရာတွေ၊ ဝမ်းနည်းဖွယ်ရာတွေ ပေါင်းစပ်ပြည့်နှက်နေတဲ့ အင်ဒိုနီးရှား သရဲ-ဒရာမာ ကားလေး ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Ko Myo (Kop) ပါ။) File Size          : 1.5GB, 630MB, 334MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 56mins Genre              : Drama, Comedy, Horror Translated by Ko Myo (Kop) Encoded by Kinnov

Drama • Horror • Thriller
7 2022 115 mins
Ghost Writer 2
The Vanished
6

ဇနီးမောင်နှံနှစ်ဦးဖြစ်ကြတဲ့ ပေါလ်နဲ့ ဝင်န်ဒီတို့ဟာ အားလပ်ရပ်မှာ သမီးလေးဖြစ်တဲ့ တေလာနဲ့ ခွေးလေး လပ်ကီးတို့နဲ့အတူ အပန်းဖြေဖို့အတွက် အာဗီကားလေးတစ်စီးနဲ့ ထွက်လာခဲ့ကြပါတယ်။ အပန်းဖြေစခန်းကို ရောက်တဲ့အချိန်မှာ ဝင်န်ဒီက လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်နေတုန်း ပေါလ်ကလည်း ဘေးကပ်ရပ်မှာ စခန်းချနေတဲ့ မရန်ဒါဆိုတဲ့ အမျိုးသမီးနဲ့ စကားလက်ဆုံကျနေခဲ့ပါတယ်။ အဲ့ဒီ အချိန် တစ်ဒင်္ဂလေးအတွင်းမှာပါ သူတို့ရဲ့သမီးလေးဖြစ်တဲ့ တေလာဟာ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တာပါ။ ပေါလ်တို့ ဇနီးမောင်နှံနှစ်ယောက် ဒါကိုသိလိုက်တဲ့အချိန်မှာ အထိတ်တလန့်ဖြစ်ပြီး ရဲကိုအကြောင်းကြားရပါတော့တယ်။ အဲ့ဒီနောက် ပေါ်လ်တို့သိရှိလိုက်ရတာကတော့ သူတို့စခန်းချနေတဲ့ အနီးက တောထဲမှာ ထောင်ပြေးတစ်ယောက် လွတ်မြောက်နေတယ်ဆိုတဲ့ သတင်းပါပဲ။ ဒီလိုနဲ့ ရဲတွေတားမြစ်ထားတဲ့ကြားက သားသမီးဇောကြောင့် သမီးဖြစ်သူကို ရှာဖွေဖို့ ကြိုးစားကြတဲ့အခါမှာတော့ ဘယ်လိုပြဿနာတွေကို ရင်ဆိုင်ရမလဲဆိုတာ ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။ မထင်မှတ်တဲ့ လှည့်ကွက်တွေတစ်ခုပြီးတစ်ခုတွေ့ရမယ့် psychological thrillerကားကောင်းတစ်ကားဖြစ်လို့ လျှို့ဝှက်သည်းဖို ကြိုက်တတ်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ပေါလ်အဖြစ် သရုပ်ဆောင်တဲ့ မင်းသား Thomas Janeကိုတော့ The Mist (2007) ကြည့်ဖူးသူတွေ ရင်းနှီးကြမယ် ထင်ပါတယ်ဗျ။

Drama
6 2020 115 mins
The Vanished
Trafficking

ရက်ကွင်ယန်ဆိုတဲ့အသက် ၅၀ ကျော်လူတစ်ယောက်က မကြာသေးခင်ကပဲသူ့မှာ ကုမရတဲ့ကင်ဆာရှိနေပြီး ခြောက်လ လောက်ပဲအသက်ရှင်ရတော့မယ်ဆိုတာကိုသိခဲ့ရပါတယ်။ သူက ၃၅ နှစ်တုန်းကလုပ်ခဲ့တဲ့ ပြစ်မှုတစ်ခုကြောင့်ထောင် ၁၅ နှစ် ကျခဲ့ပြီးလွတ်လာတာလဲ ငါးနှစ်လောက်သာရှိပါသေးတယ်။ အခုလွတ်လာတော့လဲ သူကကြေးစားအကြွေးလိုက်တောင်းပေးတဲ့ လူတစ်ယောက်အနေနဲ့လုပ်ကိုင်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ ဇနဲ့ဘဲကြီးတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ သူ့အကြွေးသွားတောင်းတဲ့လူတစ်ယောက်ရဲ့ အိမ်ကို ရောက်ပြီးနောက်မှာ အဲ့ဒီအိမ်က ကလေးမလေးတစ်ယောက် လူကုန်ကူးခံ ရတော့မယ်ဆိုတာကို သိခဲ့ရပါတယ်။ဒါပေမယ့် အဲ့ဒီလူကုန်ကူးတဲ့ လုပ်ငန်းကြီးရဲ့ပိုင်ရှင်က သူ့သူဌေးတောင်မထိရဲတဲ့ ဥရောပမူးယစ်မှောင်ခို ကုန်သည်ကြီးဖြစ်နေတဲ့ အတွက် သူ့သူဌေးကရော သူ့သူငယ်ချင်းကပါ အဲ့ဒီကိစ္စကိုသွားမရှုပ်ဖို့တားခဲ့ပါတယ် ။ ဒါပေမယ့် သေမထူးနေမထူးဖြစ် နေတဲ့လူတစ်ယောက်အနေနဲ့ သူ့သမီးအရွယ်လောက်သာရှိတဲ့ အဲ့ဒီ ကလေးမလေးကို သွားကယ်ခဲ့ပြီးနောက်မှာ ဘယ်လို နောက်ဆက်တွဲ ပြဿနာတွေဆက်ဖြစ်လာမလဲ။ သူ့ဘဝရဲ့ ကျန်ရှိနေတဲ့အချိန်လေးတွေကိုရော ဘယ်လိုအကျိုးရှိရှိ နေသွားမလဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…0.9GB / 416MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Romance
0 2023
Trafficking
The Promised Land
7.7

ဒိန်းမတ်ရဲ့ ၂၀၂၄ အော်စကာအတွက် တင်သွင်းထားတဲ့ရုပ်ရှင်အသစ်လာပါပြီ။ IMDb 7.7 ရရှိထားပြီး မင်းသားကြီး Mads Mikkelsen ပါဝင်ထားပါတယ်။ The Dark Tower ရဲ့ ဒါရိုက်တာ Nikolaj Arcel ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်း၊ ရိုက်ချက်၊ သရုပ်ဆောင်အားလုံးကောင်းတာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ ဇာတ်လမ်းကတော့ သမိုင်းဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားတာဖြစ်ပြီး ဒိန်းမတ်နိုင်ငံရဲ့ မြေပုံကိုပါ ပြောင်းလဲစေခဲ့တဲ့ လူတစ်ယောက်အကြောင်းပါပဲ။ ၁၇၀၀ ပြည့်နှစ်အကျော်တွေမှာ ဒိန်းမတ်ဘုရင်ဟာ မြေရိုင်းတွေဧကပေါင်းများစွာမှာ လူတွေအခြေချစေချင်ပြီး စိုက်ပျိုးစေချင်ပေမဲ့ နှစ် ၅၀ ကြာတဲ့တိုင်အောင် ဘယ်သူမှ မအောင်မြင်နိုင်ခဲ့ပါဘူး။ မြေတွေက အရမ်းကြမ်းတော့ စိုက်ပျိုုးလို့မရတဲ့အပြင် ခြေသလုံးအိမ်တိုင် ဂျစ်ပစီတွေက ခိုးဝှက်လုယက်နေတာလည်းရှိနေလို့ပါ။ အဲဒီအချိန်မှာပဲ စစ်ပြန်အငြိမ်းစားဗိုလ်ကြီး လက်ဗစ်ခေလန်က အဲဒီမြေရိုင်းတွေ ပေါ်မှာ စိုက်ပျိုးပြီး အခြေချခွင့်တောင်းလာပါတယ်။ ဘုရင့်ဘဏ္ဍာရေးအဖွဲ့က သူအောင်မြင်မယ်လို့ မယုံကြည်ပေမဲ့ ဟန်ပြလုပ်နေတဲ့သူရှိရင်ပြီးတာပဲဆိုပြီး ခွင့်ပြုလိုပါတယ်။ အထောက်အပံ့တော့ မပေးပါဘူး။ ခေလန်ဟာ သူ့ရဲ့ ပင်စင် လစာလေးနဲ့ ရှိမဲ့စုမဲ့ လူတွေငှား ပစ္စည်းတွေဝယ်ပြီး မြေရိုင်းဒေသကိုထွက်လာပေမဲ့ သူ့ဆီက ခိုးမဲ့လုမဲ့ ဂျစ်ပစီတွေနဲ့ မြေရိုင်းဒေသကို အပိုင်စီးချင်နေတဲ့ မြေရှင် သူဌေးကြီးတစ်ယောက်က မျိုးစုံတိုက်ခိုက်လာတဲ့အခါ နဂိုကမှ ခက်ခဲနေတဲ့အလုပ်ဟာ မဖြစ်နိုင်စရာဖြစ်လာပါတယ်။ ဒါတွေကို ဘယ်လိုအောင်မြင်အောင်လုပ်မလဲ၊ အောင်မြင်ဖို့အတွက် ဘာတွေပေးဆပ်လိုက်ရလဲဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်ကြည့်ရမှာပါ။ File size…1.61 GB / 706 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 7m Genre …..Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr. Anderson

7.7 2023 127 mins
The Promised Land
Pusher II

Pusher 1 အပြီး ၈ နှစ်အကြာမှ ဆက်ထုတ်ခဲ့တဲ့ Pusher 2 လာပါပြီ။ IMDb မှာလည်း Pusher 1 နည်းတူ 7.3 ရရှိထားပါတယ်။ ဒီကားက ပထမကားထက်ပိုကောင်းလာပါတယ်။ Pusher 1 မှာ အရံဇာတ်ကောင်အနေနဲ့ပဲပါ၀င်ခဲ့ရတဲ့ Mads Mikkelsen ရဲ့ တိုနီဇာတ်ကောင်ဟာ Pusher 2 မှာတော့ အဓိကဇာတ်ကောင်ဖြစ်လာခဲ့ပါပြီ။ တိုနီတစ်ယောက် ထောင်ကပြန်လွတ်လာခဲ့ပြီ ဒါပေမဲ့ သူပြန်လာခဲ့တဲ့ကမ္ဘာကြီးကတော့ သူ့အပေါ် ခက်ထန်ကြမ်းတမ်းနေဆဲပဲ။ မိသားစု၀င်၊ အသိမိတ်‌ဆွေ နဲ့ ရည်းစားတို့ဟာလည်း အရင်အတိုင်းပဲ ထူးမခြားနား။ ယုံကြည်လို့မရဘူး။ ဇာတ်လမ်းအစမှာ တိုနီဟာ ထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာပြီး သူ့ဘ၀ကိုအစကနေပြန်စဖို့ရာမျှော်လင့်ချက်နဲ့ အဖေဖြစ်‌သူဆီရောက်ချလာပါတယ်။ အဖေ နဲ့ ဦးလေးဖြစ်သူတို့ကလည်း ကားလုပ်ငန်းကိုဗန်းပြပြီး မှောင်ခိုလုပ်ငန်းလုပ်ကိုင်တဲ့ ရာဇ၀တ်သားအကြီးစားတွေပဲ။ အဖေဆီအလုပ်၀င်ရင်း အဖေ့ဆီကအလေးပေးမှုကို ငတ်မွတ်တောင်းတနေတဲ့တိုနီရဲ့ ဘ၀ထဲကို ကိုကင်းစွဲနေတဲ့ ရှားလက်လို့အမည်ရတဲ့ တစ်ချိန်ကပတ်သက်ခဲ့ဖူးတဲ့ ပြည့်တန်ဆာမတစ်ဦးပါ ထပ်မံရောက်ချလာပြန်ပါတယ်။ ရှားလက်က လင်ကောင်မပေါ်ဘဲမွေးထားတဲ့ သူ့ရဲ့ကလေးကို ‌တိုနီနဲ့သူနဲ့ရထားတဲ့ ကလေးပါလို့စွပ်စွဲပြီး နဂိုကတည်းကတောင် ဒစ်လည်နေတဲ့ ဆေးသမားတိုနီရဲ့ဘ၀ကြီးကို ချောက်ထဲပြန်ကျအောင်ထပ်ပြီးဆွဲချပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာ တိုနီနဲ့ပတ်သက်တဲ့ ဇာတ်ကောင်အသစ်တွေအများပါ၀င်လာပြီး ပထမရုပ်ရှင်မှာပါ၀င်ခဲ့တဲ့ ဖရန့်ခ်ကတော့ ပြန်လည်ပါ၀င်ခြင်းမရှိတော့သလို စားသောက်ဆိုင်ပိုင်ရှင် မူးယစ်ရာဇာ မီလိုလည်း မိနစ်အနည်းငယ်ပဲပြန်လည်ပါ၀င်လာခဲ့ပါတယ်။ Pusher 2 ရဲ့ Genre က Action, Crime, Drama ဖြစ်သွားပြီး Pusher 1 မှာအရန်အနေနဲ့ပဲထည့်သွင်းခဲ့တဲ့ တိုနီကာရိုက်တာရဲ့အကြောင်းကို ဒီရုပ်ရှင်မှာ ဒရာမာပါရောပြီး အကျယ်တ၀င့်ရိုက်ပြထားပါတယ်။ အထူးသဖြင့် တိုနီကို သူရဲဘောကြောင်တဲ့ငကြောက်လို့မြင်ခဲ့ကြပေမဲ့ တကယ်တမ်းကျ တိုနီရဲ့စရိုက်သဘာ၀ဟာ ဒီထက်နက်နဲနေတာကို မထင်မှတ်ထားတဲ့အရာတွေနဲ့အတူ ဒီရုပ်ရှင်မှာမြင်တွေ့လာရမှာပါ။ Pusher 1 ထက်အများကြီးပိုကောင်းလာတာမို့ ပထမကားကိုကြိုက်ခဲ့ရင် ဒီကားကိုလည်းအကြိုက်တွေ့မှာအသေချာပါပဲ။ ယုတ်မာရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေအပြင် ဟိုအခန်းဒီအခန်းတွေပါ ပါ၀င်တာကိုတော့ သတိချပ်စေလိုပါတယ်။ File size…(2.9 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2004
Pusher II
13 Bombs
6.7

13 Bombs or 13 Bom Di Jakarta [2023] (IMDb 6.8/10) ဇာတ်လမ်းအစမှာ အင်ဒိုနီးရှားအစိုးရရဲ့ ငွေသယ်ကား တိုက်ခိုက်ခံရပါတယ်.. ဒါပေမယ့် အစောင့်တွေသာ သေသွားတယ် ငွေတွေကို ယူမသွားခဲ့ပါဘူး… ပိုက်ဆံတွေကို အနီးအနားက ပြည်သူတွေကသာ ယူသွားကြပါတယ်… ဒီအမှုဟာ အကြမ်းဖက်တိုက်ဖျက်ရေးဗျူရိုရဲ့ ခေါင်းပေါ်ကို ကျရောက်လာပါတော့တယ်… အစကတည်းက စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရချိန်မှာ အခုလိုဖြစ်ရပ်မျိုး ပေါ်ပေါက်လာတာဟာ အစိုးရအတွက် ခေါင်းခဲစရာဖြစ်လာပါတယ်… ဒီနောက်မှာတော့ ဗျူရိုရဲ့ ဆာဗာထဲထိ ဖောက်ထွင်းဝင်ရောက်လာပြီးတော့ အကြမ်းဖက်သမားတွေက သတိပေးဗီဒီယိုထုတ်လွှင့်ခဲ့ပါတယ် … အဲ့ဒါကတော့ ဂျာကာတာမြို့တခွင် ဗုံး၁၂လုံးထောင်ထားပြီးတော့ ၈နာရီခြားတစ်ခါ ဗုံးခွဲမှာဖြစ်ကြောင်းနဲ့ Indodax ဆိုတဲ့ ငွေလွှဲအပ်ပလီကေးရှင်းကနေတဆင့် Bitcoin ၁၀၀ကို ပို့ပေးခဲ့ရင် ဗုံးခွဲမှုကို ရပ်တန့်ထားမယ်လို့ ပြောကြားခဲ့ပါတယ်… ဒီလိုနဲ့ Indodax ရဲ့ ပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ ဝီလ်နဲ့ အော့စ်ကို ထောက်လှမ်းရေးက ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတော့တယ်… အကြောင်းပြချက်ကတော့ အကြမ်းဖက်မှုမှာ ပါဝင်ပက်နေလို့ဆိုတာပါပဲ… ဒီလိုနဲ့ သူတို့ကိုဖမ်းဆီးလိုက်သည့်တိုင် အကြမ်းဖက်အဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးမရဖြစ်နေပါတယ်… ဒီလိုနဲ့ ခြေရာခံကြည့်ရင်းက အကြမ်းဖက်အဖွဲ့ဟာ ထင်ထားတာထက် အများကြီးအဆင့်မြင့်ပြီး စနစ်တကျလှုပ်ရှားလို့ နေပါတယ်… ဒီလိုအခြေအနေဆိုးကြီးမျိုးကို ဗျူရိုက ဘယ်လိုတိုက်ဖျက်သွားမလဲ… တိုက်ရောတိုက်ဖျက်နိုင်မှာလား အကြမ်းဖက်အဖွဲ့ကပဲ သူတို့လိုချင်တဲ့ ပြည်သူအားလုံးတန်းတူညီမျှရေးကိုပဲ ဖော်ဆောင်သွားနိုင်မလား… ကြားထဲက ကောင်းရောင်းကောင်းဝယ်လုပ်နေတဲ့ အော့စ်နဲ့ ဝီလ်တို့ရော ဘာဆက်ဖြစ်သွားကြမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Thriller Quality…. 1080p | 720p File size… 1.7Gb | 924MB Format… mp4 Duration…. 2h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

6.7 2023
13 Bombs
Wishmaster: The Prophecy Fulfilled
4

Genre – Fantasy, Horror ဆုတောင်းသခင်ကြီး နတ်ဆိုးဂျင်ရဲ့ ၄ ကားမြောက်နဲ့ နောက်ဆုံးကား ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အရင် ၃ ကားလုံးမှာ မဖြစ်ဖူးတဲ့ တတိယမြောက်ဆုတောင်း ပြည့်တဲ့ထိ ပါဝင်တာကို မြင်ရမှာပါ။ ဒါပေမဲ့လည်း အခက်အခဲလေးတော့ ရှိနေပါတယ် ဒါကတော့ ဂျင်ဘဲကြီးဟာ ဒီကားထဲမှာ လူသားဆန်လာပြီး ကောင်မလေးကို ချစ်ကြိုက်သွားမိခဲ့တာပဲ ဖြစ်ပါတယ်။ ထားပါ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆို လီဆာနဲ့ ဆမ်ဆိုတာ သိပ်ချစ်ကြတဲ့ စုံတွဲလေးပါ ဒါပေမဲ့ ဆမ်တစ်ယောက် ဆိုင်ကယ်မတော်မဆဖြစ်ပြီး အောက်ပိုင်းသေရာကနေ ဒီအတွဲလေးက အရင်တုန်းကလို ချစ်ဇောဟုန်တွေ မပြင်းထန်တော့ပဲ ဆမ်လည်း အရက်သမားဖြစ်ပြီး လီဆာတစ်ယောက်ပဲ အမှုနိုင်ဖို့ မိတ်ဆွေရှေ့နေ ဗာဒယ်နဲ့အတူ ပူးပေါင်း ကြိုးစားနေပါတယ်။ ပြဿနာတွေမှာ ဒီရှေ့နေလည်း ပါပါတယ် သူကလည်း လီဆာလေးကို အခွင့်ရရင် ရသလို စားချင်နေတဲ့ ကြောင်ဖားကြီးပါ တစ်ရက်ကျ ကြောင်ဖာကြီးလုပ်ဖို့ လက်ဆောင်ဝယ်ပေးရာကနေ ထုံးစံအတိုင်း ဂျင်ကို နိုးထစေခဲ့ပါတယ်။ ဒီလိုနဲ့ ခါတိုင်းလိုပဲ လူတွေကို ဆန္ဒတွေထုတ်ဖော် ပြဿနာတွေပေးပြီး သူ့မျိုးနွယ်ဂျင်တွေကို ကမ္ဘာပေါ်ခေါ်နိုင်မလား ချစ်မိသွားတဲ့ လူသားမလေးနဲ့ အဆင်ပြေအောင်နေမလားဆိုပြီး ဂျင်ဇိုးကြီးတစ်ယောက် ဗြာတွေများပြီး ပြဿနာတက်ရတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ကိုယ်လုံးတီးတွေ အိပ်ရာပေါ်အခန်းတွေ ဇာတ်လမ်းစကတည်းက ပါဝင်နေတာကြောင့် ကြည့်ရှုတွေ သတိပြုစေလိုပါတယ်ဗျ။ ဆုတောင်းသခင်ကြီး ၄ ကားလုံးကို အကုန်တင်ဆက်ပေးလိုက်ပြီ ဖြစ်လို့ ကြည့်ရှုရင်း အပန်းပြေစေဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ File size… 4.2 GB / 1.4 GB Quality… WEB DL 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Fantasy/ Horror / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

4 2002
Wishmaster: The Prophecy Fulfilled
Mallari
6.7

၂၀၂၃ ခုနှစ်ကထွက်ရှိထားတဲ့ Mallari ရုပ်ရှင်ဟာ Horror အမျိုးအစားဖြစ်ပါတယ်။ အောက်လမ်းအတတ်၊ ရက်ရက်စက်စက်လူသတ်ခန်းတွေနဲ့အတူ သရဲတွေကိုပါ အချိန်ခရီးသွားနိုင်တဲ့ဇာတ်ကောင်တွေနဲ့အတူ ပေါင်းစပ် ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာ၊ အထူးပြုလုပ်ချက်တွေ၊ ရုပ်ရှင်ရိုက်ကူးမှု၊ တည်းဖြတ်မှုနဲ့ သရုပ်ဆောင်ပိုင်းတွေအတွက် ဆုပေးပွဲတွေမှာ အမည်တင်သွင်းခံခဲ့ရသလို ဆုတွေလည်းအများကြီးရထားတဲ့ သရဲကားဖြစ်လို့ Horror ဖန်တွေအကြိုက်ဖြစ်စေမှာကတော့ သေချာပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ပထမဆုံးမှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ဆက်တိုက် လူသတ်သမား Severino Mallari အကြောင်း ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားပြီး ရုပ်ရှင်ထဲမှာ ၁၈၁၂၊ ၁၉၄၈ နဲ့ ၂၀၂၃ ဆိုတဲ့အချိန်ကာလသုံးခုပါဝင်တဲ့အနက် ၁၉၄၀ နဲ့ ၂၀၂၃ အချိန် ကာလကအဖြစ်အပျက်တွေကတော့ စိတ်ကူးယဉ်ဖန်တီးမှု သာဖြစ်ပါတယ်။ ဖိလစ်ပိုင်ကို စပိန်တွေအုပ်စိုးချိန် ၁၉ ရာစုက နာမကျန်းဖြစ်နေတဲ့မိခင်အတွက် လူ ၅၇ ယောက်သတ်ဖြတ်ခဲ့တဲ့ ဖာသာ Severino Mallari ဟာ ကြိုးမိန့်ပေးခံခဲ့ရပါတယ်။ Mallari မိသားစုက မတူညီတဲ့အချိန်ကာလသုံးခုမှာရှိနေတဲ့ Juan Severino၊ Johnrey နဲ့ Jonathan ဆိုတဲ့မျိုးဆက်သုံးခု အကြောင်း ရိုက်ကူးပြသထားပါတယ်။ ၁၈၁၂ က Severino က အစေခံတွေရဲ့ပြုစားတာခံလိုက်ရတဲ့ မိခင်အသက်ကိုကယ်ဖို့ မကောင်းတဲ့လူတွေကိုအပြစ်ပေးတာ ဆိုတဲ့အကြောင်းပြချက်နဲ့ လူ ၅၇ ယောက်ကိုသတ်ပြီး မိခင်ကိုစားစေခဲ့ပါတယ်။ ၁၉၄၈ က Mallari မျိုးဆက်တစ်ဦးဖြစ်တဲ့ Johnrey က မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူဖြစ်ပြီး သူတို့မိသားစုထဲကလူတချို့မှာ အချိန်ခရီးသွားနိုင်စွမ်းရှိတာကို ရှာဖွေတွေ့ရှိခဲ့သူပါ။ Severino မရှိတော့ပေမယ့် လူသတ်မှုတွေကမရပ်သေးလို့ စုံစမ်းရာကနေ Severino ရှိရာ ၁၈၁၂ ကို မှတ်တမ်းရုပ်ရှင် သွားရိုက်နိုင်ခဲ့သလို အနာဂတ်က Jonathan ကိုလည်း အန္တရာယ်ကိုသတိပေးခဲ့သူဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်က Jonathan ကတော့ ဆရာဝန်တစ်ဦးဖြစ်ပြီး အထပ်ထပ်အခါခါမက်နေတဲ့အိပ်မက်ဆိုးတွေကြောင့် မိသားစုအတိတ်ကိုပြန်လည်တူးဆွဖို့ Mallari နေအိမ်ကြီးကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ တကယ်တမ်းမှာ Jonathan က အိပ်မက်မက်နေတာမဟုတ်ဘဲ အချိန်ခရီးသွားနေခဲ့တာသာ ဖြစ်ကြောင်းသိရှိလိုက်ရပြီး အနာဂတ်ကချစ်သူ Agnes ရဲ့ အသက်ကိုကယ်ဖို့အစွမ်းကုန်ကြိုးပမ်းရာကနေ မတူးဖော် သင့်တာတွေကိုပြန်လည်တူးဆွမိခဲ့ပါတော့တယ်။ File size…1.45GB / 628MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 9m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Thriller • Horror
6.7 2023
Mallari
The Book of Life

တော်တော်ကြည့်ကောင်းတဲ့ ကာတွန်းကားဖြစ်သလို ပေးချင်တဲ့ မက်ဆေ့တွေကလဲ တကယ်ကို ကောင်းမွန်လှပါတယ် မကြည့်ရသေးသူများ ကြည့်လိုက်ကြပါဦး ဇာတ်လမ်းအညွန်းကတော့… ဇာတ်ကားဟာ မိသားစုရဲ့ မျှော်လင့်ချက်တွေပြည့်မှီအောင်လုပ်ဖို့နဲ့ သူ့စိတ်ဆန္ဒအတိုင်း နေထိုင်ဖို့ ဆိုတဲ့အရာနှစ်ခုအကြား ရွေးချယ်ရခက်နေတဲ့ လူငယ်လေး Manolo (Diego Luna) ရဲ့ ခရီးလမ်းကိုတင်ဆက်တာဖြစ်ပါတယ်။ ချောမောလှပတဲ့ Maria (Zoe Saldana) ကိုချစ်မိသွားပြီး ဆွဲဆောင်မှုရှိတဲ့ ပြိုင်ဘက် Joaquin (Channing Tatum) နဲ့ အချစ်ရေးယှဉ်ပြိုင်ရာမှာဖြစ်တဲ့အတွက် ဝိဉာဉ်တွေဖြစ်တဲ့ La Muerte (Kate del Castillo) နဲ့ Xibalba (Ron Perlman) တို့က Maria ကိုဘယ်သူရမလဲ အလောင်းအစားလုပ်ကြပါတယ်။ Maria က Manolo ဘက်ကိုယိမ်းသွားတဲ့အခါ အလောင်းအစားကိုရူံးနိမ့်မှာစိုးရိမ်တဲ့အတွက် Joaquin ကို Maria ရဲ့ချစ်သူဖြစ်စေနိုင်ဖို့မျှော်လင့်ပြီး Xibalba က Manolo ကိုသတ်ဖို့ မြွေတစ်ကောင်ကိုလွှတ်လိုက်ပါတယ်။ Maria ရှိရာ လူသားတွေနေတဲ့ ကမ္ဘာကိုပြန်လာဖို့အတွက် Manolo တစ်ယောက် အကြီးမားဆုံးအကြောက်တရားနဲ့ ရင်ဆိုင်ရမယ့် စိတ်ကူးယဉ်ကမ္ဘာသုံးခုပါဝင်တဲ့ မယုံနိုင်ဖွယ် ခရီးစဉ်တစ်ခုကိုစတင်ရတာဖြစ်ပါတယ်။ အမေရိကန် 3D computer-animated အချစ်၊ စွန့်စားခန်း၊ ဟာသဇာတ်ကား The Book of Life ကို ဒါရိုက်တာ Jorge Gutierrez က ရိုက်ကူးပေးထားပြီး Channing Tatum, Zoe Saldana, Diego Luna နဲ့ Christina Applegate တို့ကအသံနဲ့သရုပ်ဆောင်ထားပါတယ်။ IMDb Rating (7.4/10) Rotten Tomatoes (82%) ရရှိထားလို့ ကြည့်ဖို့တိုက်တွန်းပါတယ်။ File size… 7 GB / 1.7 GB / 1.2 GB Quality… WEB-DL 4K HEVC / 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Animation / Adventure / Comedy / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Nyi Than Lwin

0 2014
The Book of Life
Escape Plan
6.7

Escape Plan (2013) IMDb Rating – 6.7/10 ဒီရုပ်ရှင်ကတော့ နာမည်ကျော်မင်းသားကြီး Stallone နဲ့ Arnold တို့ ပါဝင်ထားတဲ့ Action-thriller ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ Escape Plan သုံးကားထဲက ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပါတယ်။ Escape Plan ၃ ကားလုံးကို 4K Quality နဲ့ ဒီမှာ https://www.channelmyanmar.to/?s=escape+plan+stallone ဒေါင်းလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ‘ရေး ဘရက်စလင်’က အကျဉ်းထောင်တွေကို အဆင့်မြင့်လုံခြုံရေးစနစ်ရှိ-မရှိ လိုက်လံစစ်ဆေးတဲ့အနေနဲ့ နိုင်ငံတဝှမ်းမှာရှိတဲ့ အကျဉ်းထောင်ပေါင်း တစ်ဒါဇင်ကျော်လောက်ကို ဝင်လိုက် -ထောင်ဖောက်ကြည့်လိုက်နဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတစ်ခုနဲ့ လက်တွဲကာအလုပ်လုပ်နေတဲ့ လုံခြုံရေး အဆောက်အဦဆိုင်ရာ လေ့လာသူတစ်ဦးဖြစ်ပါတယ်။ တစ်ရက်မှာတော့ စီအိုင်အေက လူတစ်ယောက်က သူ့ကို ဒေါ်လာသန်းနဲ့ချီပေးကာ အကျဉ်းထောင်တစ်ခုကို ဖောက်ခိုင်းပါတော့တယ်။ ထောင်ထဲကို ရောက်ပြီးမှ သိလိုက်ရတာက အဲ့ဒီထောင်ရဲ့ လုံခြုံရေးစနစ်က မြင့်မားလွန်းတဲ့အပြင် သူ့ကို အလုပ်လာအပ်တဲ့ သူကလည်း လိမ်လည်သွားခဲ့တာပါပဲ။ အပြင်က သူ့ကိုကူညီပေးနေတဲ့ သူ့အဖွဲ့သားတွေနဲ့လည်း အဆက်အသွယ်ပြတ်သွားတဲ့ ရေး တစ်ယောက် ဘယ်လိုတွေ ဆက်လုပ်မလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw မှတင်ဆက်ထားပါတယ်။)

Action • Thriller • Crime
6.7 2013 115 mins
Escape Plan
The Room
6.6

The Room(2019)အညွှန်း *********************** IMDb …… 6.6 ဒီကားလေးကတော့ လျှို့ဝှက်ဆန်းကျယ်ဆန်ဆန်ကြိုက်တတ်တဲ့ပရိသတ်တွေသဘောကျနှစ်သက်ကြမယ့်ကားပါ… မတ်တ်နဲ့ကိတ်တို့ဟာကိုယ့်ဝါသနာပါရာကိုလုပ်ပြီးရုန်းကန်ကြိုးစားနေကြတဲ့စုံတွဲနှစ်ယောက်ပါ တစ်နေ့မှာတော့လူမနီးသူမနီးတဲ့မြို့ပြင်နားလေးကအိမ်တစ်လုံးကိုဝယ်လိုက်ကြပါတယ် အဲဒီအိမ်ကပုံမှန်မဟုတ်တဲ့အရာတွေဖြစ်တတ်တဲ့အိမ်ဆိုတာကိုဝယ်ပြီးမှသိလိုက်ကြတယ် အိမ်ကတော်တ်ောလေးပြင်ဆင်ဖို့လိုနေတဲ့အိမ်ဖြစ်နေတော့ ပြင်ဖို့ရှင်းလင်းရင်းနဲ့ထူးထူးဆန်းဆန်းအခန်းတစ်ခုကိုသွားတွေ့ပါတယ်… လိုချင်တဲ့ပစ္စည်းတွေပြောလိုက်တာနဲ့မျက်စိတစ်မှိတ်အတွင်းအခန်းထဲမှာပေါ်လာပါတယ် ပြောလိုက်ရုံနဲ့ သူတို့ဆန္ဒတွေပြည့်မြောက်တယ်လို့ဆိုရပါ့မယ်… မတ်တ်နဲ့ကိတ်တို့နှစ်ယောက်လိုတရအခန်းကြီးရှိနေတဲ့နောက် ဘယ်လိုနှစ်ပါးသွားကြမလဲ လူတွေရဲ့လိုအင်ဆန္ဒလောဘတွေဟာရှိသင့်တာထက်ကျော်လာတဲ့အခါ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ကြပါ…. ချစ်ခြင်းမေတ္တာအကြောင်းတွေကိုလဲသွယ်ဝိုက်နဲ့နည်းနဲ့ဖော်ပြထားတာကိုတွေ့ရပါတယ် CMပရိသတ်ကြီးကြည့်မိလို့စိတ်ပျက်သွားမယ့်ကားမဟုတ်ဘူးဆိုတာအာမခံပါကြောင်း.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MarTizas ပဲဖြစ်ပါတယ်… File Size : 1.25GB / 520MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:40:00 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Tiff

6.6 2019
The Room
Monkey King : The One & Only
6

CMကနေ စွန်းဝူခုန်း နောက်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဒီတစ်ခါဇာတ်ကားလေးကတော့ ဟာသပုံစံမျိုးရိုက်ကူးထားတာပါနော် မူရင်းဝူခုန်းကိုတော့ မမှီပေမဲ့ ဒီကားလေးလည်း တဖန်အသစ်ဆန်းထားတဲ့ ပုံလေးနဲ့ ရိုက်ကူးထားတာကြောင့်မို့လို့ ကြည့်လို့ကောင်းပါတယ် ဒီဇာတ်ကားလေးဟာ အရာရာကို အကြမ်းဖက်ဖြေရှင်းတတ်တဲ့ ဝူခုန်းနဲ့ အမြဲမေတ္တာတရားကို ရှေ့ထားပြီး ဖြေရှင်းချင်တဲ့ ဆရာတော် နှစ်ဦးသားကြားက ပြဿနာကနေ အစချီပြီးတော့ရိုက်ကူးထားတာပါ တစ်နေ့ ဝူခုန်းနဲ့ဆရာတော် သဘောထားကွဲလွဲမှုကြောင့် ဆရာတော်က အရမ်းဒေါသထွက်ပြီး ဝူခုန်းကို အပြင်းအထန်ပြောဆိုကာ မောင်းထုတ်လိုက်ပါတယ် ဝူခုန်းကလည်း ဆရာတော်စကားတွေကို စိတ်နာက ဆရာတော်အပါးကနေ အပြီးတိုင်ထွက်သွားပါတော့တယ် ဝူခုန်းထွက်သွားပြီးမကြာခင်မှာပဲ ဆရာတော်နဲ့ ဝူကျင်း ရှန့်ကျန်းမိစ္ဆာဆီမှာ အဖမ်းခံလိုက်ရပါတယ် အဲ့ဒီအချိန်မှာ ဝူခုန်းတစ်ယောက်မနေသာတော့ဘဲ ပါးကျဲနဲ့အတူ စွမ်းအားကြီး မိစ္ဆာရှန့်ကျန်းကို ဘယ်လို နည်းလမ်းမျိုးတွေသုံးကာ ဘယ်လိုကယ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပါ ဒီကားလေးဟာဆိုရင် ခေတ်သစ်ဟာသတွေနဲ့ ပေါင်းစပ်ဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့် တစ်ကားလုံးပျင်းမနေရဘဲ ရီနေရတဲ့ အချိန်ကုန်မြန်စေမဲ့ကားလေးမို့လို႕ ခုပဲ ဒေါင်းကြည့်လိုက်ပါတော့နော်

Drama • Romance
6 2021
Monkey King : The One & Only
Madanolsavam
6.9

Madanolsavam (2023) “အသုံးချခံ” အခုတစ်ခါမှာတော့ မလေယာလမ် ကျေးလက်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် မာဒါနန်ဟာ အဒေါ်နဲ့အတူတူနေထိုင်ပြီး ကြက်တွေမွေး၊ အလှဆင်ကာ ရောင်းချတဲ့အလုပ်ကို လုပ်ကိုင်ပါတယ် ပူစရာဆိုလို့ အိမ်ထောင်ပြုဖို့ မသေချာရုံကလွဲလို့ ဘဝရည်မှန်းချက် ရေရေရာရာမရှိဘဲ အနှောင့်အယှက်ကင်းကင်းနဲ့ အေးအေးချမ်းချမ်းနေရုံပါပဲ တစ်နေ့မှာတော့ ဦးလေးဆိုသူက သူ့ကို ပါတီတစ်ခုက ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခိုင်းမယ်လို့ ပြောတာကြောင့် ဘုမသိဘမသိ လိုက်သွားပြီး ပြိုင်ဘက်ပါတီ နှစ်ခုကြားက ပြဿနာအရှုပ်အရှင်းများထဲ ဘယ်လိုရောက်သွားမလဲ ဆိုတာ ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Action • Crime • Drama
6.9 2023 127 mins
Madanolsavam
Wet Monday Lany poniedzialek
5.8

Wet Monday (2024) IMDb Rating (5.4) ဒီ ရုပ်ရှင်ကားက ပိုလန်ရုပ်ရှင်ကား တစ်ကား ဖြစ်ပြီး သူ့ title က Wet Monday လို့ အဓိပ္ပာယ်ရပါတယ်။ Wet Monday ဆိုတာ ပိုလန်နိုင်ငံရဲ့ အီစတာ ပွဲတော်မှာ ကျင်းပတဲ့ရေကစားကြတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ မြန်မာမှာ သင်္ကြန်ကျင်းပသလို သူတို့ဆီမှာလည်း အရောင်စုံတဲ့ ဝတ်စုံတွေ မျက်နှာဖုံးတွေ ဝတ်ဆင်ပြီး လူပျို အပျို ကလေးတွေက တစ်ယောက်ကို တစ်ယောက် ရေဘောလုံးတွေနဲ့ ပစ်ကြ ရေပက်ကြတဲ့ ရိုးရာပွဲတော်တစ်ခုပါ။ ဒီဇာတ်လမ်းကို Klara နဲ့ Marta တို့ ညီအစ်မ နှစ်ယောက်ရဲ့ ရေချိုးခန်းထဲက scene နဲ့ စထားပါတယ်။ အပြင်မထွက်ခင် အစ်မကြီး ဖြစ်တဲ့ Martaက ညီမ Klara ကို အလှပြင်ပေးနေတာပါ။ သူတို့ ညီအစ်မ နှစ်ယောက်က သူငယ်ချင်းအဖွဲ့နဲ့အတူ လျှောက်သွား လျှောက်ပျော်ပါးပြီး အိမ်ပြန်လာကြပါတယ်။ နောက်တစ်နေ့ မနက်မှာ ဘုရားကျောင်း တူတူသွားကြပြီး ဘုန်းတော်ကြီးရဲ့ ရေဖျန်းပြီး ကောင်းချီးပေးခံရတဲ့ အခါ Klara က ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ အကြောင်းအရင်းကတော့ Klara ကရေနဲ့ ထိမရအောင် ကြောက်လန့်နေခဲ့တာပါ။ ရေနဲ့ ထိတာနဲ့ သူ့အရေပြားတွေက ယားလာပြီး နောက်ဆုံး မေ့လဲသွားတာပါ။ ဒါက သူကြုံခဲ့ရတဲ့ မနှစ်က Wet Monday ပွဲတော်မှာစတင်ခဲ့တဲ့ စိတ်ထိခိုက်စရာ ဖြစ်ရပ်ဆိုးတစ်ခုကြောင့်ပါပဲ။ သူ့ စိတ်ဒဏ်ရာကို ကုသဖို့ စွမ်းအင်တွေ ကံကြမ္မာ အကြောင်း နားလည်တဲ့ သူငယ်ချင်း ဖြစ်သူ Diana က အကူအညီပေးခဲ့ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size…(2.5 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:24:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Leonie

Action • Romance • Drama
5.8 2024 84 mins
Wet Monday Lany poniedzialek
Crush and Blush
6.5

Crush and Blush (2008) *********************** Channel Myanmar ပရိသတ်ကြီးတို့အတွက် When The Camellia Blooms ကားထဲက Daesang ဆုရှင် မင်းသမီး Kong Hyo-Jin ရဲ့ ဆုပေါင်းများစွာ သိမ်းပိုက်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ် ။ (လိင်မှုရေးရာနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းအချို့ပါတာကြောင့် မိသားစုနဲ့ ကြည့်ရှုဖို့မသင့်တော်ပါ) ဇာတ်လမ်းအညွှန်း ****************** အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ယန်းမီဆု (Kong Hyo-Jin) ဟာ ကျောင်းရဲ့ အပယ်ခံ ဆရာမတစ်ယောက်ဖြစ်ပြီး မျက်နှာနီမြန်းတဲ့ရောဂါရှိသူဖြစ်ပါတယ်။ ယခင်က အထက်တန်း ရုရှားဘာသာဆရာမ ဖြစ်ခဲ့တဲ့သူမဟာ ရုပ်ချောတဲ့ ရုရှားဆရာမအီယူရီ (Hwang Woo Seul Hye)ကြောင့် အလယ်တန်းအင်္ဂလိပ်စာဆရာမ ဖြစ်သွားပါတော့တယ်။ ဒါကြောင့်ပဲ ယန်းမီဆုဟာ ရုပ်ရည်မလှပတဲ့သူမထက် တစ်ပန်းသာနေတဲ့ အီယူရီကို ကြည့်မရဖြစ်ရာကနေ အီယူရီက သူမတစ်ဖက်သတ်ချစ်နေရတဲ့ အိမ်ထောင်သည် ကျောင်းဆရာ ဆောဂျုံချော (Lee Jong-Hyuk) နဲ့ပါ ဖောက်ပြန်နေမှန်း သိလိုက်ရတဲ့အခါမှာတော့ ချောဂျုံချောရဲ့သမီး ဆောဂျုံဟီး (Seo Woo)နဲ့ ပူးပေါင်းပြီး ဖောက်ပြန်တာကို ဘယ်လို တားကြမလဲဆိုတာကို ဟာသဆန်ဆန်ရိုက်ပြထားပြီး ရုပ်ရည်ကြောင့်အပယ်ခံဖြစ်နေရတဲ့ ယန်းမီဆုကိသနားရင်း ရယ်ရင်းနဲ့ ကြည့်ရှုရမဲ့ black-comedy genre ဇာတ်ကားကောင်းလေးဖြစ်လို့ တင်ဆက်ပေးလိုက်ရပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Su Sandiက ရေးသားထားပါတယ်) File Size – 1.86 GB/ 655 MB Quality – WEB-DL 1080p/ 720p Duration – 1h 41m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Su Sandi Encoded by – Treasure Htet

6.5 2008 101 mins
Crush and Blush