YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Snob.2019..2020.FHDRip.480p.pp.mp4

420.35 MB N/A video/mp4 69 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Thankam
6.6

2023 ခုနှစ်ထွက် မှုခင်းဒရမ်မာ ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေအဓိကပါဝင်ထားပြီး IMDb rating မှာ 7.2/10 အထိရရှိထားပါတယ်။ အိန္ဒိယရဲ့ ရွှေမြို့တော်လို့ တင်စားခံရတဲ့ ထရီဆူးမြို့က ရွှေကုန်သည်သူငယ်ချင်းသုံးယောက် မူတူး ၊ ကန်နန် နဲ့ ဘီဂျွိုင်း... ဇာတ်လမ်းကတော့ မွန်ဘိုင်းကို သုံးယောက်သားရွှေအရောင်းအ၀ယ်လုပ်ဖို့သွားရာကနေ ပြဿနာတစ်ခုခုပြီးတစ်ခုစဖြစ်ပါတော့တယ်။ အိတ်ဖောင်းရင်စိတ်ပြောင်းတတ်တဲ့ လူတွေရဲ့အချိုးဟာ ကြောက်ဖို့ကောင်းလှပါတယ်။ တစ်နေ့မှာတော့ ကန်နန်ဟာရွှေအိတ်တွေကိုယူပြီး ပျောက်ချင်းမလှပျောက်သွားတဲ့အခါ သူငယ်ချင်းတွေဟာ အချင်းချင်းသံသယ၀င်ကုန်ပါတော့တယ်။ ဒီလိုနဲ့အမှုက ကြီးထွားလာပြီး ရဲတွေနဲ့ပါပတ်သက်လာတဲ့အခါ... ကန်နန်က သူငယ်ချင်းတွေကိုတကယ်သစ္စာဖောက်သွားတာလား... အမှုမှန်ကိုဘယ်လိုဖော်ထုတ်ကြမလဲ.... နောက်ကွယ်ကအကြောင်းအရင်းကရော ဘာဖြစ်မလဲဆိုတာ စိတ်၀င်စားဖွယ် ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…1.9GB / 800MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Nyein Aye

Comedy • Drama • Romance
6.6 2023 145 mins
Thankam
Nitham Oru Vaanam
6.7

ဝတ္ထုဇာတ်လမ်းတွေဟာ ကျွန်တော်တို့နဲ့ဘယ်တော့မှသက်ဆိုင်မှာမဟုတ်တဲ့ ကမ္ဘာတွေကို ခေါ်သွားပေးနိုင်တဲ့စွမ်းအားရှိပါတယ်.. ငယ်ငယ်ကတည်းက စကားပြောရတာထက် စာအုပ်တွေဖတ်ပြီး စာအုပ်ထဲက ဇာတ်ကောင်အတိုင်း ကိုယ့်ကိုယ်ကိုမြင်ယောင်ခံစားတတ်တဲ့ Arjun ဆိုတဲ့လူငယ်လေးတစ်ယောက်အပေါ်အခြေတည်ပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်.. Introvert ဖြစ်တဲ့အပြင် OCD ပါရှိနေတဲ့ Arjun တစ်ယောက် တစ်ဘဝလုံးလူ့ဂွစာဖြစ်လာခဲ့ပြီးနောက်မှာ တစ်ယောက်သောသူနဲ့တွေ့ပြီး နှစ်လအကြာမှာ လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်.. ဘဝကြီးဟာစိုပြေလာပြီလို့ထင်ရပေမယ့် မထင်မှတ်ထားဘဲ လက်ထပ်ပွဲဖျက်သိမ်းခံလိုက်ရတဲ့အခါ စိတ်ဓာတ်ကျဖို့ဖြစ်လာရပါတော့တယ်.. အဲ့လိုနဲ့ အသိဒေါက်တာတစ်ယောက်ရေးထားတဲ့ ဝတ္ထု၂ပုဒ်ကိုဖတ်ကြည့်မိတဲ့အခါ ဇာတ်သိမ်းပိုင်းတွေကို မသိရသေးပါဘူးတဲ့.. perfectionist ဖြစ်လွန်းတဲ့စိတ်ကြောင့် ပြင်ပလောကမှာတကယ်ရှိနေတဲ့ ဒီဝတ္ထုထဲက ဇာတ်သိမ်းတွေကို ရှာဖို့ ခရီးထွက်လာတဲ့ Arjun တစ်ယောက် Shubathra နဲ့တွေ့ပြီး အတူခရီးထွက်ကြတဲ့အခါ ဘာတွေကြုံတွေ့ပြီး ဝတ္ထုလေးတွေကရော ဘယ်လိုအဆုံးသတ်မလဲ Arjun ရဲ့ဘဝကရော ဘာတွေပြောင်းလဲသွားမလဲ .. အတော်လေးကို စိတ်ဝင်စားဖို့ကောင်းပြီး အဆုံးထိကြည့်ချင်အောင်ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်းလေးပါ ဇာတ်ကားကောင်းလေးကို နုံချာတဲ့review လေးကြောင့် အရသာပေါ့သွားစေမှာစိုးလို့ ကိုယ်တိုင်ကိုယ်ကျ CM Website မှာ ဒေါင်းကြည့်လိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ် File size…2.17GB /  1.05GB  Quality…1080p True  WEB DL /720p Format…mp4 Duration…2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Go-O ~ Yunni ~ Sora

Drama
6.7 2022 146 mins
Nitham Oru Vaanam
How to Train Your Dragon
7.8

CM Fan တွေ အတွက် ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ How to Train Your Dragon ကို တင်ဆက်ပေးလိုက်ပါတယ် ဇတ်လမ်း ရဲ့ အစကတော့ ဗိုက်ကင်းတွေ နေတဲ့ ကျွန်းလေးတစ်ခုကနေ အစပြုတာပါပဲ ဗိုက်ကင်း သူရဲကောင်းတွေ ရဲ့ ရွာဟာ ပြသနာ တစ်ခုကို အမြဲ လိုလို ရင်ဆိုင်နေရပါတယ် အဲ့ဒါကတော့ နဂါးတွေပါပဲ တစ်ချို့ ညတွေမှာ နဂါးတွေဟာ ခိုးဝင်လာပြီး အစားအသောက်တွေကို ခိုးယူသွားတက်ကြသလို အိမ်တွေကိုလဲ မီးရှို့သွားတက်ကြပါသေးတယ် ဗိုက်ကင်း တွေရဲ့ အိမ်တွေဟာ အမြဲလိုလို အသစ်တွေ ဖြစ်နေတာ နဂါးတွေ ရဲ့ လက်ချက်ပါပဲ... ဒီဗိုက်ကင်း ရွာလေး မှာ ဟစ်ကပ် ဆိုတဲ့ ကောင်လေးရှိပြီး သူက ဗိုက်ကင်းတွေ ထဲမှာ အားအနည်းဆုံး မို့ ရွယ်တူတွေလို နဂါးတွေ ဖမ်းရမယ့် အစား လက်နက်တိုက်မှာ အကူလုပ်နေရတာပါ ဗိုက်ကင်းတွေ ရဲ့ သတ္တိရှိမှု ရဲစွမ်းရှိမှုကို ပြဖို့ဆိုရင် နဂါးတစ်ကောင်တော့ အနည်းဆုံး သတ်ပြ ဖမ်းပြရမှာပဲ ဖြစ်ပါတယ် လူကောင်သေးတဲ့ဟစ်ကပ်ကတော့ နဂါးတစ်ကောင်ဖမ်းဖို့ ကို တက်ကြွ နေပြီး သူ့ရဲ့ အစွမ်းကိုလဲ ပြချင်နေပါတယ် တစ်ရက်မှာတော့ သူထွင်ထားတဲ့ နဂါးဖမ်းတဲ့ လက်နက် နဲ့ နိုက်ဖျူရီ လို့ ခေါ်တဲ့ နဂါးတွေထဲမှာ အလျင်မြန်ဆုံး နဲ့ အဖမ်းရခက်ဆုံး အကောင်လေး တစ်ကောင်ကို မတော်တဆ ဖမ်းမိသွားတဲ့ အခါမှာတော့ File size…4.2GB / 1.8GB / 958MB Quality…4k HEVC BluRay / 1080p BluRay AAC5.1CH /  Format…mkv/ mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V

Drama • Romance
7.8 2010 98 mins
How to Train Your Dragon
Faraway
6.7

Faraway(2023) ************** Zeynep ဆိုတဲ့အမျိုးသမီးဟာ သူ့အမေ ဆုံးသွားလို့ စိတ်ထိခိုက်နေရတာပါ…. အဲ့ဒီလို အချိန်မှာတောင် သူ့ယောကျာ်းဖြစ်သူက သူ့ဘေးနာမှာမရှိနေပေးဘဲ ကောင်မလေးငယ်ငယ်နဲ့ ဖောက်လွှဲဖောက်ပြန် လုပ်ခဲ့ပါတယ်… ကံကောင်းတာ တစ်ခုက သူမ အမေက သူမအတွက် ကျွန်းတစ်ကျွန်းမှာ အိမ်တစ်လုံးဝယ်ထားပေးခဲ့ပါတယ် အမေဆုံးတာတစ်မျိုး ယောကျာ်း ဖောက်ပြန်တာက တစ်ကြောင်းနဲ့ သူဟာ အဲ့ဒီကျွန်းပေါ်ကို ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်… အဲ့ဒီကျွန်းက အိမ်မှာ လူတစ်ယောက်လည်းရှိနေပါတယ် အဲ့ဒီလူကရော ဘယ်လိုလဲ ကျွန်းပေါ်မှာ အဲ့ဒီလူနဲ့ရော ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာကတော့… File Size :(2.1GB)(935MB) and (221MB) Quality : NF.WEB-DL1080P,720p Format…mp4 Duration…01:49:00 Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

6.7 2023 109 mins
Faraway
Tori and Lokita
7

Tori and Lokita (2022) ~ IMDb – 7/10, RT – 89%, Meta – 75% ~ Dardenne brothers လို့လည်း လူသိများတဲ့ ဒီကားရဲ့ Writer/Director Jean-Pierre နဲ့ Luc တို့ ညီအစ်ကို၂ယောက်ဦးရဲ့ ၂၀၂၂ ထွက် လက်ရာပါ။ သူတို့ ညီနောင် ၂ဦးဟာဖြင့် အခု Tori and Lokita အပါအဝင်ဆိုရင် Cannes ရဲ့ အမြင့်ဆုံးဆု Palme d’Or ကို ၂ကြိမ်တောင် ရထားကြတဲ့သူတွေပါ။ ဇာတ်လမ်းအကြောင်းလေး စလိုက်ပါမယ်။ လိုကီတာဆိုတဲ့ မြှီးကောင်ပေါက်ဆယ်ကျော်သက်မလေးနဲ့ တိုရီဆိုတဲ့ ၁၁နှစ်သာသာ ကောင်လေးတစ်ယောက် ဘလ်ဂျီယံနိုင်ငံမှာ ခိုလှုံဖို့ရောက်ခဲ့ပါတယ်။ တိုရီလေးဟာတော့ ချက်ချင်းလက်ခံခဲ့ရပေမယ့် လိုကီတာကတော့ မေးမြန်းခံရခြင်းတွေအဆင့်ဆင့်ကို ရင်ဆိုင်ရင်း တရားဝင်နေထိုင်ခွင့်လက်မှတ် ထုတ်ပေးခြင်းမခံရရှာပါဘူး။ ၂ယောက်သားဟာ မောင်နှမတွေလို့ လိမ်လည်ပြီး ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ တရားခွင်နေထိုင်ခွင့်လက်မှတ်ရရင်ဖြင့် အိမ်အကူသင်တန်းလေး တက်ပြီး အိမ်အကူလုပ်ရင်း မူလနိုင်ငံမှာကျန်ခဲ့တဲ့ မောင်အရင်း ၅ယောက်ရဲ့ ကျောင်းစားရိတ်အတွက် ပြန်ထောက်ပံ့ဖို့ စိတ်ကူးထားတဲ့ လိုကီတာလေးဟာတော့ အိပ်မက်နဲ့ ဝေးတဲ့အပြင် ၂ယောက်သား မူးယစ်ဆေးလိုက်ပို့ပေးတဲ့အလုပ်ကို လုပ်နေရပါတယ်။ အမေ့ဆီ ပြန်ပို့နိုင်ဖို့သာသာ သူတို့ကို နိုင်ငံထဲ ခိုးသွင်းပေးတဲ့ ပွဲစားတွေဆီလည်း အကြွေးတင်နေပါသေးတယ်။ ဘလ်ဂျီယံလို ဥရောပနိုင်ငံမျိုးဆီ လွတ်လပ်မှုနဲ့ လုပ်ပိုင်ခွင့်တို့ကို မျှော်ကိုးအိပ်မက်ပြီးရောက်လာကြတာပါပဲ။ မတော်တရားမှုတွေ မျှော်လင့်ချက်ပျက်သုဉ်းမှုတွေထဲ ပိတ်မိရင်း ဥပဒေပြင်ပကနေ ရာဇဝတ်မှုတွေရဲ့ ခြေကျင်းခတ်ခံရတဲ့ အာဖရိကန်ရွှေ့ပြောင်းနေထိုင်သူလေး ၂ဦးကြားက သွေးမတော်သားမစပ်သည့်တိုင် အပြန်အလှန်ဖေးမရင်း တွယ်ခဲ့ကြတဲ့ သံယောဇဉ်လေးကို ရှုစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 680MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Thriller • Crime • Mystery
7 2022
Tori and Lokita
Magnetic Beats
6.4

ဒီဇာတ်လမ်းရဲ့တည်နေရာကတော့ ပြင်သစ်နိုင်ငံက မြို့လေးတမြို့မှာပါ။ ဒီမြို့မှာက ဂျရုံးနဲ့ ဖီးလစ်ဆိုတဲ့ အရမ်းချစ်ကြတဲ့ညီအကိုနှစ်ယောက်ရှိကြတယ်။ ဖီးလစ်ကလည်း ဂျရုံးကိုစံပြပုဂ္ဂိုလ်တယောက်လိုမျိုးမြင်သလို ဂျရုံးကလည်း သူ့ကိုအမြဲဂရုစိုက်ပေးတဲ့သူ့ညီလေး ဖီးလစ်ကို အရမ်းချစ်တယ်။ သူတို့နှစ်ယောက် အတူတူဖန်တီးခဲ့ကြတာက ရေဒီယို ဝါးဆောဆိုတဲ့ ရေဒီယိုအစီအစဉ်လေးတခု။ ဒီရေဒီယိုက နေအကိုဖြစ်သူဂျရုံးက သူ့ရဲ့အာဘော်တွေ ကမ္ဘာကြီးရဲ့ဂီတ လက်ရာတွေကို ပြောပြလေ့ရှိသလိုသူ့ရဲ့ နောက်ကွယ်ကနေ ညီဖြစ်သူ ဖီးလစ်ကတော့ တိပ်ခွေတွေ စက်ခုံတွေကြားနစ်မြုပ်နေပြီး ကိုယ့်အသံကိုယ် မုန်းတီးနေခဲ့မိတယ်။ ဒီလိုနဲ့ပဲ သူတို့ညီအကိုကြားထဲ ကိုတနေ့မှာ ၀င်ရောက်လာခဲ့တာက မာရီယာနာဆိုတဲ့ ဂျရုံးရဲ့ ရည်းစားကောင်မလေး။ ဂျရုံးရဲ့ကလေးနဲ့အတူ ဆံပင်ညှပ်သင်ဖို့ ဒီမြို့လေးကိုရောက်လာခဲ့တယ်။ ဖီးလစ်တယောက် ကတော့ မြင်မြင်ချင်းမှာပဲ သူမကိုချစ်မိသွားပြီ။ ဒါပေမယ့် သူ့အကိုကိုအရမ်းချစ်တဲ့ ဖီးလစ်အတွက်ကတော့ ကျော်လို့ မဖြစ်တဲ့စည်းလေးတခုဖြစ်လာခဲ့တယ်။ ဖီးလစ် အသက် ၂၀မှာတော့ ပြင်သစ်စစ်တပ်ရဲ့ စစ်မှုမထမ်းမနေရဥပဒေကြောင့် တပ်ထဲ၀င်ရဖို့ အကြောင်းဖန်လာခဲ့တဲ့အချိန်မှာမာရီယာနာကလည်း တိတ်တိတ်လေး သူ့ကို၀န်ခံခဲ့တယ်။ ဒီလိုနဲ့ပဲ ဖီးလစ်တယောက် အကိုကို့ချစ်တဲ့စိတ်နဲ့ မာရီယာနာ့ကိုချစ်တဲ့စိတ်တွေအကြား လွန်ဆွဲရဖို့ဖြစ်လာပါတော့တယ်။ စစ်မှုထမ်းကာလအပြီး အဆုံးသတ်မှာ ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းလေး တပုဒ်က ဘယ်လိုမျိုးအဆုံးသတ်သွားမလဲ။ အဆုံးသတ်မှာ ဖီးလစ် တယောက် ဘာကိုရွေးချယ်သွားမှာလဲ။ မာရီယာနာကရော ဘာကို ရွေးချယ်သွားမလဲဆိုတာကို CM ပရိတ်သတ်ကြီးကMagnetic Beats ဆိုတဲ့ ပြင်သစ်ဇာတ်ကားလေးမှာ ကြည့်ရှုခံစားပေးကြပါဦး။ File size…1.26GB / 426MB Quality…WEB-Rip 1080p 5.1 CH / 720p Format…mp4 Duration….1h 38m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Crime • Drama • History • Thriller
6.4 2021
Magnetic Beats
Kidnap For Romance
7.1

Kidnap for Romance (2023) IMDb – 7.1/10 ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းဖြေစရာ အချစ်၊ ဟာသဖိလစ်ပိုင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဖရက်ဒ်ဆိုတာ ဖိလစ်ပိုင်ရဲ့အချမ်းသားဆုံးသူဌေးကြီးတွေထဲက တစ်ဦးရဲ့ မြေး။ သူသိတာပါတီပေးဖို့နဲ့ မိန်းမပွေဖို့။ တစ်ရက် အဘိုးဖြစ်သူက အိမ်ထောင်ပြုဖို့ပြောပြီး သူနောက်ဆုံးတွဲမဲ့မိန်းကလေးကို အတည်ယူဖို့နဲ့ မယူဘူးဆိုရင် သုံးစရာတစ်ပြားမှာ မပေးတဲ့အပြင် အဆောင်အယောင်တွေအကုန်ပြန်သိမ်းမယ်လို့ အမိန့်ထုတ်ပါတော့တယ်။ အယ်လီနာကကျ ဘ၀ကို ခက်ခက်ခဲခဲရုံးကန်နေရတဲ့ မိန်းမပျိုလေးတစ်ဦး။ မိခင်ဆေးစရိတ်အတွက် ကြုံတဲ့အလုပ်ကိုဝင်လုပ်ရင်း အဖေနဲ့မောင်ဖြစ်သူ ရှာတဲ့ဒုက္ခတွေကိုပါ လိုက်ဖြေရှင်းနေရသူ။ တစ်ရက်တော့ သူဌေးမြေးဖြစ်တဲ့ ဖရက်ဒ်ကို ပြန်ပေးဆွဲဖို့အစီအစဉ်ထဲမှာ ကြံရာပါဖြစ်လာပါတော့တယ်။ ဒီလိုကနေ သူတို့နှစ်ဦး ဘယ်လိုအလွဲလွဲ အကွဲကွဲတွေနဲ့ ဘယ်စခန်းဆက်ကြမလဲဆိုတာ ကြည့်ရှုခံစားကြပါဦးဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်) Genre….. Drama Quality…. 1080p | 720p File size… 1.2GB | 679MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

7.1 2023
Kidnap For Romance
Perfect Days
7.9

Perfect Days (2023) ~ IMDb – 7.9/10, RT – 93%, Meta – 73% ~ ကျွန်တော့်အတွက်တော့ ၂၀၂၃ထဲ အမျှော်ခဲ့ရဆုံးကားက “PERFECT DAYS” ပဲ။ ဘာလို့ဆို Wim Wenders ရုပ်ရှင်ဖြစ်နေတာကတစ်ကြောင်း၊ Kōji Yakusho ကြောင့်တစ်ကြောင်းပေါ့။ နောက်ကျ ကိန်းမှာ ခိုဂျိက မင်းသားဆုရသွားသလို ဂျပန်ရဲ့ အော်စကာ Entry ကားဆိုတော့လည်း ပိုမျှော်ချင်စရာကောင်းသွားတယ်။ တစ်ခုရှိတာက ဒီနှစ် ထိတ်ထိတ်ကြဲ ဂျပန်ဒါရိုက်တာနှစ်ယောက်ရဲ့ နှစ်ကားလည်း ထွက်ထားသေးတယ်။ တစ်ကားက Evil Does Not Exist ပါ။ တနှစ်က အော်စကာရခဲ့တဲ့ Drive My Car ဒါရိုက်တာ ရူဆုခဲဟမဂုချိ ရိုက်တာ။ ဒါပေမဲ့ အဲဒီကားက သိသိသာသာကို ကျန်တဲ့၂ကားကို မမီနေဘူးပြောကြတော့ ထားလိုက်လို့ရတယ်။ နောက်တစ်ကားက Hirokazu Kore-eda ရဲ့ Monster ပေါ့။ Monster ကို အာရှရုပ်ရှင်ပရိသတ်တော်တော်များများကြည့်ပြီးကြသလို တော်တော်လည်းကြိုက်ကြတယ်။ Perfect Days ရဲ့ဇာတ်နဲ့ ပြသခြင်းဟာ အရမ်းရိုးရှင်းလွန်းတော့ Monster ကိုပဲ ဘာလို့ Entry မရွေးလိုက်လဲ ဝိုင်းပြောခဲ့ကြသေးတယ်။ Perfect Days ကို ကြည့်ပြီးတဲ့အချိန်မှာတော့ ကျွန်တော့်အတွက် ဒီသံသယက ရှင်းသွားတယ်။ Perfect Days ဟာ ရိုးရှင်းလွန်းတာမှန်ပေမဲ့ တစ်ခါတ‌လေကျ ဒီလိုအပိုမပါဘဲ ရိုးရှင်းတာကို ရိုးရှင်းတဲ့အတိုင်းရိုက်ပြနိုင်တာကိုက ပိုအနုပညာမြောက်သလို သတ္တိပိုလိုတယ်လို့ မြင်တာပဲ။ ဒီလိုပြနိုင်လို့ပဲ ပါဖက်ဒေးဟာ ပါဖက်ဖြစ်တဲ့ရုပ်ရှင်ဖြစ်ခဲ့တယ်။ ကျွန်တော့်အတွက်တော့ ဒီနှစ်ကြည့်ခဲ့သမျှထဲ ဂျပန်အနေနဲ့ရော အင်တာအနေနဲ့ရော အကြိုက်ဆုံးရုပ်ရှင်လို့ပြောရမယ်။ လက်ရှိမှာ အော်စကာ Shortlist ၁၅ကားထဲတော့ ဝင်ထားတယ်။ ကျန်တဲ့အပြိုင်ကားတွေကလည်း ကြမ်းသလို ဇာတ်တွေလည်း ဆန်းပြားကြတော့ ပါဖက်ဒေးဟာ ဆန်ခါတင်အနေနဲ့တောင် ဝင်ချင်မှတောင်ဝင်လိမ့်မယ်။ ဒါပေမဲ့ အရေးမကြီးပါဘူး။ ရုပ်ရှင်တွေနဲ့ပတ်သက်လာရင် အတတ်ပညာကိုပါ ထည့်သွင်းစဉ်းစားမယ့် ဆုပေးပွဲတွေဟာ ဘယ်တုန်းကမှ လူ‌တွေရဲ့ ခံစားချက်တွေနဲ့ မညီဖူးဘူးကိုး။ ဒါပေမဲ့ ပါဖက်ဒေးက ခင်ဗျားကို ခင်ဗျားလိုချင်တဲ့ အရသာကိုတော့ ကျိန်းသေပေးနိုင်လိမ့်မယ်။ Perfect Days ရဲ့ အစက Win Wenders ကို တိုကျိုအိမ်သာပရောဂျက်ကို လေ့လာဖို့ဖိတ်ကြားလိုက်ရာက စတယ်။ တိုကျိုအိမ်သာပရောဂျက်က ကမ္ဘာတစ်ဝန်း Creator ၁၆ယောက်ကို ဖိတ်ခေါ်ပြီး တိုကျိုက နေရာ၁၇နေရာမှာ ခေတ်မီဆန်းသစ်တဲ့ အိမ်သာတွေဆောက်ခဲ့တဲ့ ပရောဂျက်ပေါ့။ တကယ်လည်း အိမ်သာတွေက လန်းတယ်။ ဒီရုပ်ရှင်မှာ အဲဒီအိမ်သာတွေကို မြင်ရလိမ့်မယ်။ ပရိုဂျူဆာက စစချင်း Wenders အနေနဲ့ ရှော့ဖလင်လေးတွေလောက်ရိုက်လောက်မယ်ပဲထင်ခဲ့ပေမဲ့ Wenders က Feature Film အနေနဲ့ပဲ ပြောင်မြောက်စွာ အသက်သွင်းခဲ့တယ်။ ဇာတ်ကြောင်းကတော့ ဆိုခဲ့သလို ရိုးရိုးလေးပဲ။ အဲဒီတိုကျိုအိမ်သာတွေကို သန့်ရှင်းရေးလုပ်ရတဲ့ ဟိယာရာမဆိုတဲ့ အိမ်သာသန့်ရှင်းရေးသမားတစ်ယောက်ရဲ့ နေ့တွေအကြောင်းပဲ။ မနက်ဆို ဟိယာရာမက သူနေတဲ့အဆောင်ခန်းလို အခန်းလေးကနေထတယ်။ မျက်နှာသစ် အအေးတစ်ဘူးသောက် သူ့ကားပေါ်တက် အိမ်သာသွားဆေးတယ်။ ဆေးပြီးရင် ရေချိုးခန်းသွားရေချိုး။ ညနေကျ သူစားနေကျ မြေအောက်ဘူတာက ဆိုင်လေးမှာသွားစား။ ညဘက်ဆို စာအုပ်တစ်အုပ်ဖတ် အိပ်ရာဝင်တယ်။ သူ့တစ်နေ့တာက ဒါတွေပဲဖြစ်နေတာ။ တချို့နေ့တွေကျရင်တော့ သူထိုင်နေကျ အသေးစားဘားလေးကိုသွားတာတို့၊ သူ့ဖလင်ကင်မရာလေးနဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုသွားထုတ်တာတို့၊ စာအုပ်ဆိုင်သွားပြီး ဈေးပေါပေါစာအုပ်တွေကို ရွေးတာတို့ လုပ်တတ်တယ်။ ဒီလောက်ကိုမှ ကားရဲ့တစ်ဝက်လောက်ကိုက အိမ်သာဆေးရင်းပဲ အချိန်ကုန်သွားတယ်။ ဒါဆိုဘာလို့ကြည့်သင့်တာလဲလို့ မေးလာရင်တော့ သူ့ရှင်သန်မှုနဲ့ သူ့ရှင်သန်ပုံ သူ့ရှင်သန်နည်းကြောင့်ပဲ။ ပြောခဲ့တဲ့ဟာတွေက ဒီကားထဲက သူ့တစ်နေ့တာအရာတွေအကုန်ပဲ။ ဒါပေမဲ့ အဲဒီတစ်နေ့တာအရာတွေကို သူလုပ်တဲ့ပုံက အဓိပ္ပာယ်ရှိနေတယ်။ ရှင်သန်မှုရှိနေတယ်။ ကျေနပ်ခြင်းရှိနေတယ်။ သူအိမ်သာသွားဆေးတဲ့အချိန် အိမ်သာဝင်မယ့်သူတွေက တစ်ခါတစ်ခါ သူဆေးနေရင်းတန်းလန်ကြီး ဝင်ဝင်လာတတ်တယ်။ အဲဒီကျ သူက အပြင်ထွက်စောင့်ပေးရတယ်။ နေရာအနှံ့အပြားရှိနေတဲ့ အိမ်သာပေါင်းစုံကို လိုက်ပတ်ဆေးနေရတဲ့သူအတွက် ဒီလိုပြန်စောင့်နေရတာက တော်တော်တော့အချိန်ပုပ်လိမ့်မယ်။ ဒေါသထွက်ချင်စရာ စိတ်ရှုပ်စရာကောင်းနေလိမ့်မယ်။ ဒါပေမဲ့ ဟိယာရာမကတော့ အိမ်သာ အပြင်ထွက်လိုက်တဲ့အခါ လေယိမ်းတိုင်းလှနေတဲ့သစ်ပင်ကြီးကို၊ သစ်ပင်ရဲ့အရိပ်တွေ လူတွေရဲ့အရိပ်တွေ အိမ်သာနံရံပေါ်ထင်ပြီး ပန်းချီတစ်ချပ်လို လှပနေတာကို အရသာခံကြည့်ရင်း အမြဲဆိုသလို သူ့မျက်နှာမှာ ဒီမြင်ကွင်းကို သူမြင်လိုက်ရတဲ့အတွက် အားရကျေနပ်တဲ့အငွေ့အသက်တွေ… ဒီမြင်ကွင်းကို အရသာခံစားနေတဲ့အငွေ့အသက်တွေ ပေါ်နေတယ်။ ဒါတော့ ခိုဂျိရဲ့ သရုပ်ဆောင်နိုင်စွမ်းကို ချီးကျူးရလိမ့်မယ်။ အိမ်သာဆေးတဖြတ်နားလို့ နေ့ခင်းမုန့်စားတဲ့အခါလည်း ပန်းခြံထဲမုန့်စားနေရင်း သူ့ကိုမိုးထားတဲ့ သစ်ပင်ကြီးရဲ့အကိုင်းအရွက်တွေကို အမြဲအရသာခံကြည့်တတ်သလို သူမျက်စိထဲ လှတဲ့မြင်ကွင်းတွေအားလုံးကို သူ့ရဲ့ ခေတ်တော်တော်ဟောင်းနေတဲ့ ဖလင်ကင်မရာတစ်လုံးနဲ့ရိုက်ထားတတ်တယ်။ သူအားတဲ့နေ့တွေဆို အဲဒီဖလင်တွေကို ဓာတ်ပုံသွားကူးပြီး ပုံတွေကို ဘူးတွေ ဘူးတွေနဲ့ထည့်ပြီး တစ်လကိုတစ်ဘူးနှုန်းနဲ့ဘူးပေါင်းများစွာ သူ့ဗီရိုထဲသိမ်းထားတတ်တယ်။ ကင်မရာအပါအဝင် သူ့မှာ ဒစ်ဂျစ်တယ်ပစ္စည်းတစ်ခုမှမရှိဘူး။ အကုန်အန်နာလော့တွေချည်း။ သူအလုပ်သွားတိုင်း သူ့ကားအိုကြီးက ကက်ဆက်ထဲ တိတ်ခွေတွေထည့်ပြီး သီချင်းနားထောင်တတ်တယ်။ ညဘက်ဆိုစာအုပ်တွေဖတ်တယ်။ ဖုန်းတောင် ခလုတ်ဖုန်းပဲ။ ဒါလည်းသုံးလှတယ်မဟုတ်ဘူး။ သူ့အလုပ်ဖြစ်တဲ့ အိမ်သာဆေးတဲ့အလုပ်ကိုလည်း အရမ်းကြီးစေ့စပ်သေချာလွန်းလို့ ဘေးလူတွေကတောင် ပြောယူရတဲ့လူမျိုး။ ပြောရရင် သူက သူ့ဘဝမှာသူလုပ်နေသမျှအားလုံးကို အရသာခံပြီးလုပ်တယ်… အရသာလည်းခံတတ်တယ်။ ဆိုခဲ့သလို အိမ်သာနံရံမှာထင်နေတဲ့အရိပ်တွေကိုတောင် ပန်းချီတစ်ချပ်လိုအရသာခံတတ်တဲ့လူမျိုး။ လမ်းမှာတွေ့တဲ့ အပင်ပေါက်စလေးတွေကိုတောင် ကောက်သိမ်းလာပြီး အိမ်မှာပြန်စိုက်ပြီး လှပစေတဲ့လူမျိုး။ ဒီလိုဆိုလို့ သူ့မှာဝမ်းနည်းခြင်းတွေ မရှိဘူးလားဆိုတော့ မရှိဘူးမဟုတ်ဘူး။ ရှိတယ်။ ဒီကားမှာ Wim Wenders အဖြူအမဲနဲ့ပြထားတဲ့အရာတွေရှိတယ်။ ဟိယာရာမရဲ့ အိပ်မက်လိုလို သူ့ညဘက်တွေရဲ့လွမ်းဆွေးခြင်း ဝမ်းနည်းခြင်းလိုလို သူ့ရဲ့တမ်းတခြင်းလို သူ့ရဲ့အတိတ်တွေလိုလို မရေရာတဲ့အရာတွေပေါ့။ ဒီအဖြူအမဲအခန်းတွေမှာ အပြက တော်တော်လေးလှသလို ဝမ်းနည်းစရာလွမ်းစရာလည်းကောင်းနေတယ်။ Wenders ဟာ ဟိယာရာမရဲ့ ညဘက်တွေကို အဲဒီလိုအရိပ်တွေနဲ့ပဲ ပုံဖော်ထားခဲ့တယ်။ ညခင်းတွေရဲ့ အထီးကျန်ခြင်းကို နားလည်တဲ့လူတွေအတွက်တော့ ဒီအခန်းတွေဟာ တော်တော်လှတဲ့ အခန်းတွေဖြစ်မှာဖြစ်သလို Wenders ရဲ့ပြသပုံကလည်း သူမတူအောင်ကောင်းတယ်လို့ ခံစားမိလိမ့်မယ်။ အခန်းတိုင်းရဲ့ စီနီမာတိုဂရပ်ဖီတွေလည်း လှလွန်းတယ်။ နောက် OST… Wenders အနေနဲ့ OST တွေကို သွင်းပုံက တော်တော်လေးမိုက်တယ်။ ဒီကားမှာ OST တွေကို နားထောင်ရတာက ဟိယာရာမနဲ့အတူတူပဲ နားထောင်ရမှာ။ နားထောင်ရမယ့်အချိန်ကလည်း များသောအားဖြင့်တော့ သူကားမောင်းတဲ့အချိန် ကားကက်ဆက်ထဲ တိတ်ခွေထည့်ပြီး ဖွင့်ထားတဲ့အချိန်တွေပဲ။ ဇာတ်ဝင်ခန်းတွေမှာ သီချင်းကိုလုံးဝမသုံးသွားဘူး။ တစ်ခါတော့သုံးသလိုလိုဖြစ်သွားပေမဲ့ အဲဒါကလည်း ရှေ့ကဖွင့်ထားတဲ့အချိန်နဲ့ တစ်ဆက်တည်းဖြစ်သွားတဲ့တစ်ခေါက်ပဲ။ ကျန်တာတွေကိုတော့ ဟိယာရာမနားထောင်တဲ့အချိန် သူနဲ့အတူတူ လိုက်နားထောင်ရမှာ။ သီချင်းတွေကတော့ ၁၉၆၀ – ၇၀က သီချင်းတွေချည်းပဲ။ အဓိကကတော့ ဒီကားရဲ့နာမည်တစ်ဖြစ်လဲ Lou Reed ရဲ့ “Perfect Day”ပေါ့။ နောက် Lou Reedရဲ့ “Pale Blue Eyes” တို့၊ Van Morrison ရဲ့ “Brown Eyed Girl”တို့၊ Nina Simone ရဲ့ “Feeling Good” တို့၊ Sachiko Kanenobu ရဲ့ “Aoi Sakana” တို့ပေါ့။ ဟိယာရာမရဲ့ တိတ်ခွေတွေကဖွင့်တဲ့သီချင်းတွေဆိုတော့ သူကြိုက်တဲ့ ၇၀ ၈၀က အင်္ဂလိပ်သီချင်းတွေများတယ်။ ဒီလိုခေတ်ဟောင်း အင်္ဂလိပ်သီချင်းတွေကို ကြိုက်တတ်တဲ့သူတွေအတွက်တော့ တော်တော်အရသာရှိတယ်။ Pale Blue Eyes ကတော့ ကျွန်တော့်အတွက် အကြိုက်ဆုံးသီချင်းပဲ။ ဟိယာရာမဟာ တော်တော်စကားနည်းတဲ့လူ။ ဒီကားရဲ့ပထမတစ်ခြမ်းကျော်ကျော်လောက်ကို သူတစ်လုံးမှ မပြောသွားဘူး။ သူများပြောလည်း သူခေါင်းညိတ်ခေါင်းခါလောက်နဲ့ပဲ တုံ့ပြန်တယ်။ ဒါပေမဲ့ ဒီလိုဆိုလို့ သူဟာအေးစက်တဲ့သူတော့မဟုတ်ဘူး။ သူရဲ့လူသားဆန်မှုကို ဒီကားရဲ့နေရာတော်တော်များများမှာ သိသိသာသာကြီးမဟုတ်ပေမဲ့ တော်တော်လေးပြသွားတယ်။ အထင်ရှားဆုံးကတော့ အိမ်သာထောင့်မှာ ဘယ်သူမှန်းမသိတဲ့လူနဲ့သူ့ရဲ့ အဝိုင်းနဲ့ကြက်ခြေခတ်ကစားပွဲပဲ။ အားလုံးသိတဲ့ကစားနည်းပါ။ ဇယားကွက်လို နေရာလွတ်ကိုးကွက်ရှိမယ်။ တစ်ဘက်က အဝိုင်းယူရင် တစ်ဘက်က ကြက်ခြေခတ်ယူရတယ်။ သုံးခုအရင်တန်းတဲ့လူကနိုင်မယ်။ အိမ်သာဆေးရင်း အဲဒီစာရွက်လေးကို အိမ်သာထောင့်မှာတွေ့တော့ သူက မလွှင့်ပစ်ဘူး။ ဘာမဟုတ်တဲ့ကိစ္စလေးပေမဲ့ သူက တစ်ကွက်ထပ်ဖြည့်ပြီး အိမ်သာထောင့်မှာ ပြန်ညှပ်ထားလိုက်တယ်။ တစ်ဘက်လူက ဒီနေ့အိမ်သာတက်ရင်း တစ်ကွက်ဖြည့်ခဲ့၊ သူက နောက်နေ့အိမ်သာဆေးရင်း နောက်တစ်ကွက်ထပ်ဖြည့်။ အဲဒီလိုနဲ့ အနိုင်အရှုံးတော့မရှိပေမဲ့ အကွက်ပြည့်သွားတယ်။ အကွက်ပြည့်သွားတဲ့အချန် တစ်ဘက်လူက “Thank You” ဆိုတဲ့စာလေးရေးရင်းထားခဲ့တယ်။ ဘာမဟုတ်တဲ့ကိစ္စလေးပါပဲ။ သိပ်လှတဲ့အဖြစ်အပျက်လေးဖြစ်သွားတယ်။ ဆိုခဲ့သလို ပထမတစ်ခြမ်းကျော်ကျော်အထိ စကားလုံးဝမပြောခဲ့တဲ့ ဟိယာရာမဟာ သူ့တူမလေး အိမ်က ထွက်ပြေးရင်း သူ့ဆီအလည်ရောက်လာမှပဲ စကားစပြောတယ်။ အဲဒီအချိန်မှာ သူ့အတိတ်ဘဝကို ဒဲ့ကြီးတော့ ပြောမပြပေမဲ့ ပါးပါးလေးလှစ်ပြသွားတယ်။ ဒါပေမဲ့ သူမပြောပြပေမဲ့ တော်တော်လည်းမြင်လိုက်ရသလိုပါပဲ။ Wenders ဟာ အိုဇုရုပ်ရှင်တွေကိုကြိုက်ဖူးတော့ အိုဇုဟန်နွယ်သွားတာလည်းဖြစ်နိုင်တယ်။ သူ့တူမလေးက သူ့ကို သူ့အမေက သူ့ကို သူ့ဦးလေးနဲ့သူ ကမ္ဘာမတူကြောင်းပြောတဲ့အကြောင်းပြောတော့ သူပြန်ပြောတာက “ဒီကမ္ဘာကြီးမှာ မတူညီတဲ့ကမ္ဘာတွေအများကြီးပဲ။ တချို့ကမ္ဘာတွေက ဆက်စပ်နေတယ် တချို့ကမ္ဘာတွေကတော့ မဆက်စပ်ဘူး”တဲ့။ သူ့အတိတ်က နုံချာတဲ့အတိတ်တော့မဟုတ်ခဲ့ဘူး။ ဘာလို့ ဒီလိုအလုပ်ရွေးလိုက်သလဲတော့မသိရပေမဲ့ သူ့ညီမက သူသိပ်ချစ်တဲ့တူမလေးကိုခေါ်ပြီး ထွက်သွားတဲ့အခါ ကျွန်တော်တို့မြင်ရမှာက မျက်ရည်တွေပဲ။ ဒီမျက်ရည်တွေက သူ့အတိတ်ပါပဲ။ နောက်တစ်နေ့ သူ့တူမလေးမပါတော့ပေမဲ့ မနက်ခင်းသူအိမ်သာသွားဆေး ညနေနိစ္စဓူဝလုပ်တဲ့ သူ့တစ်နေ့တာကို ဆက်ဖြတ်သန်းရတာပဲ။ အရင်လို အရသာအပြည့်နဲ့ပဲ။ Wim Wenders ရဲ့ “PERFECT DAYS” ဟာ ဟိယာရာမလို့ခေါ်တဲ့ အိမ်သာသန့်ရှင်းရေးအလုပ်သမားတစ်ယောက်ရဲ့ ကမ္ဘာအကြောင်းပဲ။ နောက် သူနဲ့ဆက်စပ်နေတဲ့ တခြားကမ္ဘာတွေအကြောင်း။ မဆက်စပ်တော့တဲ့ ကမ္ဘာဟောင်းတွေအကြောင်း။ ညညဆို မြင်နေရတတ်တဲ့ မဆက်စပ်တော့တဲ့ ကမ္ဘာတွေရဲ့အရိပ်တွေအကြောင်းပေါ့။ ကမ္ဘာထဲက ဆက်စပ်နေတဲ့ကမ္ဘာတွေ။ ကမ္ဘာထဲက မအပ်ဆက်တော့တဲ့ ကမ္ဘာတွေ။ ကမ္ဘာဟာ လည်နေမြဲပဲ။ ကမ္ဘာဟောင်းရဲ့ အရိပ်တွေ ထင်နေဆဲပဲ။ အရိပ်တွေနဲ့ပဲ ကျွန်တော်တို့ကမ္ဘာတွေလည်း လည်နေမြဲပဲ။ အပ်ဆက်နေတဲ့ကမ္ဘာတွေ မအပ်ဆက်တော့တဲ့ကမ္ဘာတွေလည်း လည်နေမြဲပဲ။ အရိပ်တွေလည်းရှိမယ်။ ရေခဲမြစ်တွေလည်းရှိမယ်။ တံခါးကိုဖွင့်ကြည့်တတ်ရင် နွေဦးတွေကိုလည်း မြင်မယ်။ ရေခဲမြစ်တွေလည်း အရည်ပျော်ဦးမယ်။ အရိပ်တွေနဲ့ အလှတရားတွေနဲ့ လည်နေတဲ့နေ့ရက်တွေ။ နွေဦးပေါက်နေ့ရက်တွေ။ မပြည့်စုံတဲ့ကမ္ဘာကြီးထဲ မပြည့်စုံခြင်းတွေနဲ့ ပြည့်စုံနေခဲ့တဲ့နေ့ရက်တွေ… ရှင်သန်နေတဲ့နေ့ရက်တွေ… နေ့ရက်တွေ… နေ့ရက်တွေ…။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.55GB, 1.2GB Quality – 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 2H 3Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.9 2023
Perfect Days
Fighter
7.9

Fighter 2023 (သွေးမာဖီယားဂိုဏ်းနှင့် ဖိုက်တာ) IMDb- 7.9/10 ယခုတစ်ခါတင်ဆက်ပေးမှာကတော့ မှောင်ခိုလုပ်ငန်းတွေအများကြီးရှိတဲ့အထဲကနေ ပြည်သူတွေက စေတနာနဲ့လှူထားတဲ့ သွေးတွေကို မှောင်ခိုလုပ်တဲ့ သွေးမာဖီးယားဂိုဏ်းကို ဖြိုခွင်းမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ ပြည်သူတွေက စေတနာနဲ့လှူထားတဲ့ သွေးတွေကို ပုဂ္ဂလိကဆေးရုံနှင့်ဆေးခန်းတော်တော်များများ ပါဝင်ထားပြီး သွေးမှောင်ခိုလုပ်တဲ့ မာဖီးယားဂိုဏ်းတစ်ခုအကြောင်းကို ဖိုက်တာဆိုတဲ့ဘလော့ခ်တစ်ခုကနေ မြင်ပြီးတော့ အမှုလိုက်ရာကနေ ဒီကိစ္စဟာ လူသိများလာပါတော့တယ်။ ဒီလို တရားမဝင်အမှုတွေရဲ့အကြောင်းကို ရေးသားတင်ပြနေတဲ့သူကတော့ မိုဟွတ်ခ်ဆိုတဲ့ကောင်လေးတစ်ယောက်ပေါ့။ သူ့ရဲ့ထုံးစံအတိုင်း ဒီသွေးမှောင်ခိုကိစ္စကိုလည်း သူဟာ ရေးသားတင်ပြလိုက်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့အမေဟာ ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်……. သူ့အမေကို ပြန်ပေးဆွဲသွားတဲ့သူတွေနောက်ကို ဘယ်လိုခြေရာခံလိုက်မလဲ ….. သူ့အမေ ပြန်ပေးဆွဲခံရတဲ့နောက်ကွယ်မှာ သွေးမှောင်ခိုဂိုဏ်းက ပါဝင်ပတ်သတ်နေမလား …… တရားမဝင်သွေးမှောင်ခိုဂိုဏ်းကိုရော ဘယ်လိုတွေ နှိမ်နင်းသွားဦးမလဲ ……. ဆိုတာတွေကို ကြည့်ရှုရမယ့် ရှယ်ဖြဲရှယ်ကြမ်းမယ့် အက်ရှင်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.9 2023
Fighter
Radhaamadhavam
7

Radha Madhavam 2024 အတ္တကြားကစတေးခံနှလုံးသား IMDb – 8.7/10 Bollywood အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ကို မျှော်လင့်နေတဲ့ချစ်ပရိသတ်တို့အတွက် သာမန်ချစ်ကြိုက်ညား romanceနဲ့မတူဘဲ မေတ္တာနဲ့သစ္စာကို အလေးပေးရိုက်ကူးထားတဲ့ တေလဂူဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ကျေးရွာဇနပုဒ်လေးတစ်ခုက MCCဆိုတဲ့ ပြန်လည်ထူထောင်ရေးစင်တာတည်ထောင်သူ ရာဒါဆိုတဲ့မိန်းကလေးရဲ့ အချစ်ဇာတ်လမ်းလေးပေါ့။ ပရဟိတသမားတစ်ယောက်ရဲ့ နှလုံးသားကိုနားလည်ချင်ရင် တစ်စုံတစ်ယောက်ကို ကိုယ့်ဘဝထက်ပိုပြီး ချစ်ကြည့်လိုက်စမ်းပါတဲ့။ ဒါဆို မိသားစုရဲ့ အိမ်ထောင်ဦးစီးနေရာကို လျစ်လျူရှုလို့ လမ်းဘေးမှာမူးရူးနေတဲ့ ယမကာလုလင်တစ်စုကို လိုလေသေးမရှိကူညီနေတဲ့MCCစင်တာ၊ ယောက်ျားဖြစ်သူ သားဖြစ်သူတွေ အသိတရားပြန်ဝင်သွားလို့ အဆင်ပြေအောင် ကူညီပေးခဲ့တဲ့ ရာဒါတစ်‌ယောက် ဒီMCCစင်တာကို စထောင်ဖြစ်ခဲ့တဲ့အကြောင်းရင်း တစ်နည်း ရာဒါနဲ့မာဒါဗာတို့ရဲ့အချစ်ဇာတ်လမ်းက ဘယ်လိုစခဲ့လဲဆိုတာကို ဒီဇာတ်ကားလေးမှာ ရှုစားရမှာပါ။ ရာဒါနဲ့မာဒါဗာဟာ ငယ်စဉ်ကျောင်းသားအရွယ်ကတည်းက ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းနှစ်ယောက်၊ ရာဒါကတော့ ခင်မင်ရုံပဲဆိုပေမဲ့ အဲဒီအချိန်ကတည်းကတော့ မာဒါဗာကတော့ တိတ်တခိုးချစ်နေခဲ့ရသူပါ။ ဒါပေမဲ့ ရာဒါရဲ့အဖေဖြစ်သူရဲ့ အမျိုးဇာတ်ကွာခြားမှု မူဝါဒတွေ ရိုက်သွင်းခံရပြီးမှာတော့ ရာဒါတစ်ယောက် ပြောင်းလဲပြီး မာဒါဗာနဲ့လည်း ဝေးကွာသွားခဲ့ရတာပေါ့။ ဖူးစာပါရင် ဘယ်သူခွဲခွဲ တစ်ချိန်ချိန်တော့ ပြန်ဆုံရသလိုပဲ ရာဒါနဲ့မာဒါဗာတို့ ပြန်ဆုံချိန်မှာတော့ မာဒါဗာရဲ့အချစ်တွေ မပြောင်းလဲခဲ့သလို ရာဒါလည်း သူတောင်မသိလိုက်ဘဲ အချစ်တွေ စတင်ပေါက်ဖွားလာခဲ့ပေမဲ့ အဆင့်အတန်းဆိုတဲ့ အတ္တမာနကြားက သူတို့ရဲ့အချစ်က ဘယ်လိုတွေဆက်ဖြစ်မှာလဲ။ ဘယ်လိုကြောင့်များ ထက်မြက်တဲ့ရာဒါကနေ ပရဟိတသမားရာဒါအဖြစ် ပြောင်းလဲဖို့ဖြစ်လာရတာလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာပဲ ဆက်လက်ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ V ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်။)

History • War • Drama
7 2024
Radhaamadhavam
Juanpis González: The People’s President
6.1

”နိုင်ငံရေးဆိုတာ ​ပြဿနာရှာခြင်းအနုပညာဖြစ်တယ်” ”နေရာတိုင်းမှာ ပြဿနာရှာမယ် ရောဂါအမည်မှားတပ်ပြီး… တလွဲဆေးကုပေးသလိုပဲ ..တလွဲတွေဖြေရှင်းကြမယ်” ပြီးပြည့်စုံချမ်းသာတဲ့အသိုင်းအဝိုင်းမှာမွေး ဒုက္ခဆိုတာဘာလဲ နားတောင်မလည် သုံးဖြုန်းရမ်းကားပျက်စီးလာတဲ့ ဘဝင်ရူးဂျွန်ပစ်ဂွန်ဇားလက်တစ်ယောက်…. ဘာနေနေကိုယ့်အတွက်အကျိူးရှိရင်ပြီးရော လက်ဖျားငွေသီးရင်ပြီးရောဆိုပြီး အာဏာရူးစိတ်ဓာတ်နဲ့ ​မဲကိုငွေနဲ့ဝယ်ပြီးတော့ ကိုလံဘီယာနိုင်ငံရဲ့သမ္မတဖြစ်လာ… တကယ်တမ်းကျ နိုင်ငံရေးဆိုတာသူထင်သလောက်မလွယ် ”နိုင်ငံရေးမှာကိုယ်ကျင့်သိက္ခာဆိုတာမရှိဘူး” ခေါင်းကြီးပိုင်းလူတစ်စုကတင် အကွက်ရွှေ့ပြီးကစားနေတဲ့ပွဲ အတိုက်အခံတွေ လူထုမကျေနပ်ချက်တွေ အတို့အထောင်အထိုးအနှက်တွေနဲ့ တိုက်ဆိုင်မှုဆိုတာမရှိတဲ့နိုင်ငံရေး… အာဏာရဖို့အတွက်ဆို မိသားစုဝင်အချင်းချင်းတောင်ညှာတာမှုမရှိတဲ့နိုင်ငံရေး ဒါတွေနဲ့ရင်ဆိုင်ရတဲ့အခါ ဘဝင်ရူးဂျွန်ပက်ဘလိုတစ်ယောက်ဘယ်လိုတွေရင်ဆိုင်မလဲဆိုတာ….. ဒီဇာတ်ကားကလေ ခြစားနေတဲ့နိုင်ငံမှာ ငွေရှိချမ်းသာတဲ့အုပ်စုကအာဏာလုကြ,ဘယ်အပေါက်ကနေစားရမလဲ သူတို့အတွက် အကျိုးရှိမယ်ဆိုတစ်တိုင်းပြည်လုံးကို အားရပါးရချနင်းတတ်တဲ့စရိုက်တွေ မဲရအောင်ယူတုန်းက ပေးလိုက်တဲ့ရွှေရောင်ကတိတွေ ရွှေရောင်လွှမ်းလိုက်တဲ့နိုင်ငံ လက်တွေ့ကျကိုယ့်ဘက်ပဲကိုယ်ယက် ပြည်သူတွေရဲ့ဒုက္ခတွေဘာတစ်ခုမှမဖြေရှင်းတတ်တဲ့အသုံးမကျတဲ့အစိုးရနဲ့ တကိုယ်ကောင်းအာဏာရူးတွေလုပ်စားနေတဲ့ နိုင်ငံရေးကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြပြီး ကောင်းကောင်းသရော်ထားတဲ့ဇာတ်ကားဖြစ်လို့ ခံစားကြည့်ရှုလိုက်ကြပါအုံးလို့…….. File size…(1.4 GB)/(730 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:31:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C ‌an dy

6.1 2024 91 mins
Juanpis González: The People’s President
Trader

IMDb 5.7/10 Rotten Tomatoes 80% ************************************************* ♦ ဒီဇာတ်ကားကတော့ Low budget ကား​ဖြစ်ပြီး အချစ်အလွမ်းဟာသ ဒရာမာတွေဘာတစ်ခုမှမပါပါဘူး တကယ့်ကမ္ဘာ့စတော့ရှယ်ယာစျေးကွက်မှာ Trading လုပ်ကြတဲ့ စျေးကွက်ကိုကြိုးကိုင်ခြယ်လှယ်ကစားကြ အပြိုင်ကြဲကြတဲ့ Trader ​ခေါ် Stock Market Player တွေအကြောင်း တစေ့တစောင်းရိုက်ပြထားတဲ့ကားကောင်းတစ်ကားပါ နည်းပညာသမားတွေ ရင်းနှီးမြှုပ်နှံသူတွေအတွက်တော့အနည်းနဲ့အများပညာရမဲ့ဇာတ်ကားမျိုးပါ Tradingအကြောင်းဘာမှမသိတဲ့လူတောင်မှ ဒီကားကြည့်ပြီးရင် စတော့စျေးကွက်အရောင်းအဝယ်အကြောင်း ရင်းနှီးသွားလိမ့်မယ်လို့ထင်ပါတယ် ♦ဒီဇာတ်ကားမှာထူးခြားချက်က ကာရိုက်တာတစ်ခုထဲ Locationတစ်ခုထဲမှာပဲ လှည့်ရိုက်ထားတာဖြစ်ပါတယ် မင်းသမီး Kimberly Sue Murrayရဲ့ Actingကလဲ တစ်ကားလုံးရှယ်ပဲ ဆိုက်ကိုပါ့သ်ဆေးစွဲနေတဲ့ Trader အသစ်စက်စက်အဖြစ်သရုပ်ဆောင်ထားပြီး တစ်ကားလုံးကိုသူ့ Actingနဲ့ထိန်းချသွားတာလန်းတယ် နောက်ဆုံးအထိ အရှ်ိန်ကျမသွားဘူး Low-budgetပေမဲ့ကြည့်ရတာတန်တယ် ♦အများကြီးမညွန်းတော့ပါဘူး Trader lifeကိုစိတ်ဝင်စားတဲ့လူတွေအတွက်တော့ ဒီဇာတ်ကားဟာ ကြည့်ရမဲ့ Listထဲပါပါတယ် ​ကြည့်ရှုခံစားကြည့်ကြပါအုံး…. File size…(1 GB)/(553 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shwe Eain Si

0 2022
Trader
Warfare
7.8

A24 က ထုတ်တဲ့ စစ်ကားအသစ်ပါ.. အရမ်းကြမ်းတယ် အလွတ်မခံပါနဲ့။ ဒီရုပ်ရှင်ထဲက ဇာတ်ကွက်တွေကို တကယ့် စစ်ဆင်ရေး အချိန်အတိုင်း ရိုက်ပြထားတာပါ။ ဒါရိုက်တာက Ex Machina၊ Annihilation၊ Civil War တွေကို ရိုက်ခဲ့တဲ့ Alex Garland ပါ။ သူနဲ့အတူ တွဲရိုက်တဲ့ ဒါရိုက်တာ Ray Mendoza က နေဗီဆီးလ်ဟောင်းဖြစ်ပြီး သူကြုံခဲ့တဲ့တိုက်ပွဲကို အခြေခံထားတဲ့ ရာမဒီ၊ အီရတ်မှာ ရန်သူတွေ အများကြီး ဝိုင်းတိုက်ခံရတဲ့ နေဗီဆီးလ် တပ်စိတ် တစ်စိတ်အကြောင်းကို ရိုက်ထားတာပါ။ တကယ်ပါဝင်ခဲ့သူတွေကိုပါ အင်တာဗြူးပြီး ဇာတ်လမ်းတည်ဆောက်ခဲ့တာပါဖြစ်ပါတယ်။ စတိုက်ခံရတဲ့အချိန်ကနေ နောက်ဆုံးဖောက်ထွက် ချိန်အထိဆက်တိုက်ကျုံးနေတာကို တစ်နာရီကျော် အချိန်အစစ်အတိုင်း ရိုက်ပြထားတာပါ။ နာမည်အများစုကတော့ နာမည်လွှဲတွေပဲ ဖြစ်ပါတယ်။ Ray Mendoza နဲ့ Elliott Miller ဆိုတဲ့နာမည်ပဲ နာမည်ရင်း ပါခဲ့တာပါ။ ကျန်တာအများကြီးတော့ ပြောစရာမရှိပါဘူး။ စစ်ကားကောင်းရှားနေတဲ့အချိန်မှာ ရွှေထွက် လာတာပါပဲ။ ကြည့်လိုက်ကြပါ……….. File size… (5.82GB ) /(1.72 GB) / (789 MB) Quality… WEB-DL 4K HEVC / 1080p / 720p Format…mkv / mp4 Duration….1h 35m Genre …..Action , Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Benjamin Translated by Mr.Anderson

War • Action • Adventure
7.8 2025 95 mins
Warfare