YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The Sky Without The Sun (2023) (Ep2).mp4

486.63 MB 720p video/mp4 71 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Taste

~ Rotten Tomatoes - 86%, IMDb - 5.6/10 ~ Taste ဟာ ဇာတ်အိမ်က ဘာမှမရှိပါဘဲ နိမိတ်ပုံဆန်ဆန် သွယ်ဝိုက်ဖော်ပြတဲ့ အပြတွေများတဲ့ ရုပ်ရှင်ပါ။ နိမိတ်ပုံဟာ စကားလုံးထက်ပိုတဲ့ ခံစားမှုတစ်ခုကို ရစေဖို့ပါပဲ။ ဒီရုပ်ရှင်မှာ  စကားသိပ်မပြောပေမဲ့ ကြည့်ပျော်တဲ့ စီနီမာတိုဂရပ်ဖီနဲ့ သူ့အပြတွေဟာ စကားလုံးထက်ပိုမွန်းကျပ်‌ စေပါတယ်။ Taste ဆိုတဲ့စကားလုံးကို ဒါရိုက်တာ ဘယ်အဓိပ္ပာယ်နဲ့ရွေးထားလဲတော့ တပ်အပ်ပြောရခက်တယ်။ ရသာရုံလို့ဆိုရင်မမှားသလို အမြည်းလို့ဆိုရင်လည်း မမှားလောက်ပါဘူး။  ဒါရိုက်တာဟာ ဗီယက်နမ်က အောက်ဆုံးဘ၀ငရဲတွေအကြောင်း အမြည်းဆန်ဆန်ပြထားတာကိုး။ "စာအုပ်တွေဟာ မှန်လိုပဲ။ စာအုပ်တွေမှာ မင်းရဲ့အတွင်းထဲမှာ ရှိနှင့်နေပြီးသား အရာကိုပဲ မြင်ရတာ"လို့ Jean Luc Godard က ပြောဖူးတယ်။ ရုပ်ရှင်တွေကတော့ ပိုဆိုးတာပေါ့။ ရုပ်ရှင်တွေဟာ ယူသလိုပဲရတဲ့ အနုပညာတွေပါပဲ။ Taste ဟာ ကိုယ့်အတွင်းထဲက အမှောင်မိုက်ဆုံးကမ္ဘာကို ပြန်မြင်ရစေမယ့် ရုပ်ရှင်လို့တော့ ဆိုလို့ရတယ်။ ပသို့ပဲဆိုဆို Taste ဟာ စိတ်ပျော်စေမယ့် ရုပ်ရှင်ကားမဟုတ်ပါဘူး။ ကျွန်တော်ဆို ထမင်းစားရင်း ကြည့်မိတာ ဆက်တောင်မစားနိုင်တဲ့ အထိပါပဲ။ သူ့အပြတွေမှာ ကိုယ်လုံးတီးမိန်းမကြီးတွေ ၊ လိင်တံတွေကို စိတ်ညစ်စရာကောင်းအောင် ပြထားတာမို့ မိသားစုနဲ့မကြည့်သင့်ပါဘူး။ Tasteကို ဗီယက်နမ်ရဲ့ တက်သစ်စ လူငယ်ဒါရိုက်တာ BAO Leeက ရိုက်ထားပြီး streaming serviceတစ်ခုဖြစ်တဲ့ MUBI မှာ ပြသခဲ့ပြီး Feb 16 2022 မှာ အမေရိကက ရုံတွေမှာစပြမှာပါ။ IMDb Rating နိမ့်ပေမဲ့ Art Film တွေပဲ တင်တာများတဲ့ MUBI ရဲ့ Rating ကတော့ 6.9 ပါ။ Rotten Tomatoes က 86% ပါ။ ဘာလင်မှာလည်း Special Jury Award, Encounters ဆုကို ရထားပါတယ်။  ကြည့်ကောင်းတဲ့ Art Film တစ်ကားလို့ ဆိုလို့ရပါတယ်။ ရုပ်ရှင်ဟာ ကိုယ့်အတွင်းထဲက အရာကိုပဲ မြင်ရနိုင်တဲ့အရာဆိုတော့ လူတိုင်းတော့ ကြိုက်မှာမဟုတ်ပါဘူး။ သေချာတာကတော့ စိတ်ညစ်မွန်းကျပ်တဲ့ အရသာကိုမရချင်ရင် မကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ အရသာဆိုတာမျိုးက အာရုံနဲ့ဆိုင်ပြီး အခြေခံအချက်တွေကလွဲ အရသာကို တိတိကျကျ ဖော်ပြဖို့ခက်ပါတယ်။ ရေနွေးကြမ်းတစ်ခွက်ရဲ့ ခါးတာလားဖန်တာလား တခြားတစ်ခုခုပါနေသေးလား မသိတဲ့ အရသာကိုခံစားရသလိုပေါ့။ ကျွန်တော့်အတွက်တော့ Taste ဟာ အခန်းကျဉ်းလေးထဲမှာ ကုန်လွန်ခဲ့ရဖူးတဲ့ နေ့ရက်နေ့တို့ထဲ ပြန်ဆွဲသွင်းခံလိုက်ရတဲ့ ရုပ်ရှင်ပါပဲ။ တစ်ချို့အတွက်ကျ လောကကြီးက သိပ်ကိုကျဉ်းတယ်။ ဘ၀ဟာ ဝေဒနာတွေ ရစ်သိုင်းထားတဲ့ ခန္ဓာကျဉ်းကျဉ်းကလေးမှာ ရှင်သန်ရခြင်း တစ်မျိုးပေါ့။ ငါတို့ မီးပုံးပျံတွေ လုပ်ကြတယ်။ ဒါပေမဲ့ ငါတို့လုပ်ထားတဲ့ မီးပုံးပျံတွေ ကောင်းကင်ထဲ ပျံသန်သွားတာ ငါတို့တစ်ခါမှမြင်ခွင့်မရကြဘူး။ သူ့အရိပ်မှာ ဘယ်တော့မှ ထိုင်နိုင်ခွင့်မရှိမှန်းသိသိလျက် သစ်ပင်ကို စိုက်ပျိုးသူဟာ ဘ၀ရဲ့အဓိပ္ပာယ်ကို နားလည်စပြုလာသူလို့ တဂိုးကပြောဖူးတယ်။  ငါနားလည်တာလား ငါလက်ခံလိုက်ရတာလားတော့ ငါမရေရာ။  ကမ္ဘာကျဉ်းကျဉ်းလေးထဲနေပျော်ဖို့ ဒီလိုပဲ ကြံရင်းဖန်ရင်း ဆက်ပြီးရှင်ရင်းသန်ရင်း။ ဘယ်လိုပဲဖြစ်ဖြစ် လူဟာ သေခဲလှတယ်မလား။ မနေ့က ငါသီချင်းတစ်ပုဒ်နားထောင်ဖြစ်တယ်။ "အစိမ်းလိုက်ရင်ဆိုင်" တဲ့။ ဒီကမ္ဘာကြီးနဲ့ မကင်းသမျှ ဒီအောက်ဆုံးဘ၀ငရဲတွေမှာ လူဟာ အစိမ်းလိုက်ရင်ဆိုင်ရင်း ဆက်ရှင်သန်နေရမှာပဲလား။ တစ်နေ့နေ့တော့ မနက်ဖြန်ကိုရောက်မယ်လို့ ငါမျှော်လင့်မှားခဲ့မိပေါ့...... (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 700MB, 300MB Quality - Web-rip 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 37Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Drama • Thriller • War
0 2022 9 mins
Taste
Life Is Beautiful
8.5

ဒီရုပ်ရှင်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးပေါင်း ၁ သန်းကျော် အသတ်ခံခဲ့ရတဲ့ ဂျာမန်တွေရဲ့ ငရဲခန်းလို့ တင်စားကြတဲ့ Auschwitz အကျဉ်းစခန်းထဲက လွတ်မြောက်လာခဲ့သူ အီတလီ ဂျူးလူမျိုး Rubino Romeo Salmoni ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းအပေါ် အခြေခံထားပါတယ်။ သူဟာ အသက် ၉၁ နှစ် ( ၂၀၁၁ ) မှာ ကွယ်လွန်သွားခဲ့ပါတယ်။ Romeo Salmoni ဟာ ၁၉၄၄ ခုနှစ်မှာ ဖမ်းဆီးခြင်းခံခဲ့ရပြီး အသက် ၂၄ နှစ်အရွယ်မှာ Auschwitz အကျဉ်းစခန်းကို ရောက်ခဲ့တယ်။ သူလွတ်မြောက်လာချိန်မှာ သူ့ညီ နှစ်ယောက်စလုံးက အသတ်ခံခဲ့ရတယ်ဆိုတာ သိခဲ့ရတယ်။ ဒါပေမယ့် သူ့မိဘတွေနဲ့တော့ ပြန်ဆုံခဲ့တယ်။ ဒီဇာတ်ကားကို ရိုက်တဲ့ဒါရိုက်တာ Roberto Benigni ရဲ့ အဖေဟာ မဟာမိတ်အီတလီစစ်တပ်မှာ တာဝန်ထမ်းဆောင်နေတုန်း နာဇီတွေရဲ့ စစ်သုံ့ပန်းအဖြစ် အဖမ်းခံရပြီး အလုပ်သမားအကျဉ်းစခန်းမှာ ၂ နှစ် နေခဲ့ရတယ်လို့ ဆိုတယ်။ ဒါကြောင့် ဒါရိုက်တာက သူ့အဖေရဲ့ ဘဝအတွေ့အကြုံပေါ်မှာလည်း အခြေခံပြီး ဇာတ်ညွန်းရေးခဲ့တယ်လို့ ဆိုတယ်။ ဒီဇာတ်ကားမှာ ဂွီဒိုအဖြစ် ပါဝင်ထားတဲ့ မင်းသား Roberto Benigni ဟာ ကိုယ်တိုင်ဒါရိုက်တာလုပ်၊ ဇာတ်ညွန်းရေးပြီး ရိုက်ခဲ့ပါတယ်။ ဒိုရာအဖြစ် ပါဝင်ထားတဲ့ မင်းသမီးဟာလည်း အပြင်မှာ Roberto Benigni ရဲ့ မိန်းမ ဖြစ်ပါတယ်။ ဒီဇာတ်ကားထွက်လာချိန်မှာ ဝေဖန်ချီးကျူမှုတွေ များစွာရခဲ့သလို အော်စကာဆုလည်း ၇ ဆုထိ Nomination ဝင်ခဲ့ပါတယ်။ အဲဒီထဲမှာ Oscar ဆု ၃ ဆုရခဲ့တဲ့အပြင် Best Foreign Languge နဲ့ Best Picture ၂ ခုစလုံး Nomination ဝင်ခဲ့ဖူးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ မင်းသား ဒါရိုက်တာ ဖြစ်တဲ့ Roberto Benigni လည်း Oscar, BAFTA အပြင် ကိန်းရုပ်ရှင်ပွဲတော်၊ အခြားနိုင်ငံတကာကချီးမြှင့်တဲ့ ဆုပေါင်းများစွာ ရခဲ့တယ်။ ငွေကြေးအရပြောရမယ်ဆိုရင်လည်း ဘတ်ဂျက် သန်း ၂၀ သုံးပြီးရိုက်ခဲ့ရာမှာ သန်း ၂၃၀ ကျော် ပြန်ရတဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့တယ်။ ---------------------------------- Giosué Orefice: "No Jews or Dogs Allowed." Why do all the shops say, "No Jews Allowed"? Guido: Oh, that. "Not Allowed" signs are the latest trend! The other day, I was in a shop with my friend the kangaroo, but their sign said, "No Kangaroos Allowed," and I said to my friend, "Well, what can I do? They don't allow kangaroos." Giosué Orefice: Why doesn't our shop have a "Not Allowed" sign? Guido: Well, tomorrow, we'll put one up. We won't let in anything we don't like. What don't you like? Giosué Orefice: Spiders. Guido: Good. I don't like Visigoths. Tomorrow, we'll get sign: "No Spiders or Visigoths Allowed." သူတို့ဆိုင်က "ဘာလို့ ဂျူးနဲ့ ခွေးတွေ ဝင်ခွင့်မပြု" လို့ ဘာလို့ ဆိုင်းဘုတ်တပ်ထားတာလဲ ဖေဖေ။ အဲဒါ အဲဒီလို ဆိုင်းဘုတ်တွေ ခေတ်စားနေတယ် သားရဲ့။ ဟိုတစ်နေ့က ဖေဖေ သူငယ်ချင်းတစ်ယောက်နဲ့ ဆိုင်တစ်ဆိုင်မှာ ရောက်နေတုန်း သားပိုက်ကောင် မဝင်ရလို့ ဆိုင်းဘုတ်တပ်ထားတာ တွေ့ခဲ့တယ်။ အဖေကလည်း သူငယ်ချင်းကိုပြောလိုက်တယ်လေ။ သူတို့ က သားပိုက်ကောင်တွေကို ဝင်ခွင့်မပြုတော့ ဖေဖေ ဘာတတ်နိုင်မှာလဲလို့။ ဒါဆို သားတို့ဆိုင်မှာ "ဝင်ခွင့်မပြု" ဆိုတဲ့ဆိုင်းဘုတ် ဘာလို့ မရှိရတာလဲ ဖေဖေ။ နက်ဖန် တပ်မှာပေါ့ သားရဲ့။ ဖေဖေတို့ မကြိုက်တဲ့အကောင် တစ်ကောင်ကောင်ကို ပေးမဝင်တော့ဘူးပေါ့။ သား ဘယ်အကောင်ကို မကြိုက်ဘူးလဲ။ သား ပင့်ကူ မကြိုက်ဘူးဖေဖေ။ ဖေဖေကတော့ Visigoths ဆိုတဲ့ကောင်တွေကို မကြိုက်ဘူး။ အဲဒီတော့ မနက်ဖန်ကျရင် ဖေဖေတို့ ဆိုင်မှာ ပင့်ကူနဲ့ Visigoths တွေ မဝင်ရလို့ ဆိုင်းဘုတ်တပ်ကြမယ်ကွာ။ ဤသည်မှာ သားဖြစ်သူ လူမျိုးခွဲခြားရေး သဘောတရားကို စတင်သတိထားမိချိန်မှာ ဖခင်က လူမျိုးမုန်းတီးရေး မပါဘဲ သားကို ကလေးသဘာ၀ နားလည်အောင် လှလှပပ ရှင်းပြသည့် ဇာတ်ဝင်ခန်းတစ်ခုထဲက ကောက်နှုတ်ဖော်ပြခြင်း ဖြစ်သည်။ IMDb 8.6 Rotten Tomatoes 90% Roger Ebert 3.5/4 - Cinemanto (ရုပ်ရှင်အညွှန်းကို Cinemanto Facebook Page မှ ကူးယူဖော်ပြပါသည်။) File size…(2.9 GB) / (1.1 GB) Quality….BluRay Remux 1080p HEVC /720p Format…mp4 Duration….01:56:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by HaDes

Action & Adventure • Animation
8.5 1997 116 mins
Life Is Beautiful
Executioners
6

မီရှယ်ယို...မက်ဂီချောင်...အန်နီတာမွိုင်တို့ပါဝင်တဲ့ အံ့ဖွယ်အမျိုးသမီးသုံးယောက်ပေါင်း လောင်းကျော် ဟောင်ကောင်ဂျက်မသုံးဖော်ရဲ့ ဒုတိယကားလေး လာပါပြီဗျာ။ ပထမကားကတော့ သုံးယောက်ဘယ်လိုမျိုးပေါင်းမိသွားလဲဆိုတာကို အသားပေးရိုက်ကူးထားပြီး အခုကားလေးမှာတော့ ပိုပြီးခိုင်မာလာတဲ့သူငယ်ချင်းသံယောဇဉ်နဲ့ တာဝန်ဝတ္တရားများအကြောင်းကို အလေးပေးရိုက်ကူးထားတာမို့ ခံစားမှုရသတစ်မျိုးပေးဦးမှာဖြစ်ပါတယ်။ နှစ်ကားစလုံးကို ကြည့်နိုင်ရင်ပိုအရသာရှိပြီး တစ်ကားစီခွဲကြည့်ရင်လည်း အဆင်ပြေပါတယ်။ ကမ္ဘာကြီးရဲ့ဆုတ်ကပ်သင်္ကေတအဖြစ် အနုမြူဗုံးပေါက်ကွဲသွားတဲ့အချိန်ပေါ့။ အရာအားလုံးပျက်စီးသွားပြီး ပြည်သူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ ရေအရင်းအမြစ်ပါ ညစ်ညမ်းသွားပါတယ်။ သန့်စင်တဲ့ရေကိုရအောင်ရှာပေးနိုင်တဲ့ အဖြူရောင်သူရိယအဖွဲ့ကို ပြည်သူတွေက တစ်ခနက်အားပေးထောက်ခံလာတဲ့အချိန် စစ်တပ်ကအရမ်းတုန်လှုပ်သွားပါတယ်။ အဲ့ဒါကြောင့် အဖြူရောင်သူရိယအဖွဲ့ခေါင်းဆောင်ကို လုပ်ကြံလိုက်တဲ့အပြင် စွမ်းဆောင်မှုမရှိဘူးဆိုပြီး သမ္မတကိုဖြုတ်ချကာ စစ်အာဏာသိမ်းဖို့ပြင်ဆင်ပါတော့တယ်။ ရေသန့်ကိစ္စနဲ့ အဓိကရုဏ်းဖြစ်လာကြပြီး အာဏာတစ်ခုအတွက်နဲ့အသေခံရတဲ့သူတွေများလာတဲ့အခါ.. ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်သုံးယောက်က ဘယ်လိုမျိုးလှလှပပ ဖြေရှင်းသွားမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်....။ ။ IMDb Rating(5.8) ထိပဲ ရရှိထားတယ်ဆိုပေမယ့် ဇာတ်လမ်းသဘောလန်းသလို ဇာတ်ကောင်တွေကိုလဲ မညှာမတာကိုင်တွယ်ထားတဲ့ ဒီဇာတ်ကားက ခေတ်မီမှုသိပ်မရှိသေးတဲ့ CGI သဘောတွေကို ဖယ်ကြည့်မယ်ဆိုရင် တော်တော်ကို မိုက်တဲ့ အက်ရှင်ဇာတ်ကားပါ။ File size…(2.5 GB) / (950 MB) Quality….HDRip Uncut Version 1080p /720p Format…mp4 Duration….01:41:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by JoJoVa

Fantasy • Horror • Mystery • Science Fiction
6 1993 101 mins
Executioners
Marry Me
6.8

မင်းသား အိုဝင်ဝယ်ဆန် နဲ့ ဂျနီဖာလိုပက်ဇ်တို့ရဲ့ အချစ်ဟာသ ရုပ်ရှင်အသစ်လေး ရပါပြီ။ ပေါ့ပေါ့ပါးပါးနဲ့ အတော်ပျော်စရာကောင်းပြီး ကြည့်ကောင်းပါတယ်။ သီချင်းတွေလည်းကောင်းတယ်။ ဇာတ်လမ်းအကျဉ်းကတော့..... ကတ်ဗဲဒက်ဆိုတဲ့ နာမည်ကျော် ပေါ့ပ် အဆိုတော်ဟာ သူ့ရဲ့ စတိတ်ရှိုးမှာ သူ့ချစ်သူ အဆိုတော် ဘက်စတီရန် နဲ့ လက်ထပ်ဖို့အတွက် "ငါ့ကိုလက်ထပ်ပါ" ဆိုတဲ့ သီချင်းကို ရေးပြီးဆိုဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမဲ့ပွဲမစခင်မှာပဲ ဘက်စတီရန် ဖောက်ပြန်ခဲ့တာကို သိလိုက်ရပြီးစိတ်ပျက်သွားခဲ့ပါတယ်။ စင်ပေါ်မှာ အရွဲ့တိုက်ပြီး အဲဒီရှိုးကို ဘုမသိဘမသိနဲ့ ပါလာတဲ့ သင်္ချာဆရာ လူလွတ်ကလေးအဖေ ချာလီကို လက်ညှိးထိုးပြီး လက်ထပ်ချလိုက်တဲ့အခါ တစ်ကမ္ဘာလုံး အံ့ဩသွားတာပေါ့။ အဲဒီနောက်မှာတော့ ပေါ့ပ်စတား အဆိုတော်ကြီးနဲ့ အူကြောင်ကြောင် သင်္ချာဆရာတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာ..... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Music, Romance Quality….WEB-DL 1080p and 720p File size…1.6GB and 826MB and 264MB Format…mp4 Duration….1h 52min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Animation
6.8 2022 112 mins
Marry Me
One Night in Miami...
7.1

IMDb...7.3 One Night in Miami ဆိုတဲ့ဇာတ်ကားလေးကတော့ လူမည်းလေးယောက်ရဲ့ ရင်တွင်းခံစားချက်တွေဖွင့်ဟထားတဲ့ စကားဝိုင်းကနေ သူတို့ဖြတ်သန်းနေရတဲ့ လူမှုပတ်ဝန်းကျင်ကို မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ လူမည်းလေးယောက်လုံးကလည်း နယ်နယ်ရရတွေတော့မဟုတ်ပါဘူး။ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဖြစ်တဲ့ Cassicus Clay National League အထိတတ်လှမ်းနိုင်တဲ့ ဘောလုံးသမား Jim Brown နာမည်ကြီးအဆိုတော် Sam Cooke နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အစ္စလာမ်ဘာသာဝင် ဝန်ကြီး Malcolm X တို့ပဲဖြစ်ပါတယ်။ ဒီကားလေးထဲမှာတော့ လူမည်းအသိုင်းအဝိုင်းမှာ အောင်မြင်မှုကိုယ်စီရရှိထားပြီး ကိုယ့်ဒေသရဲ့ဂုဏ်ကိုဆောင်နိုင်ကြပေမယ့် လူဖြူတွေရဲ့ မသိမသာခွဲခြားဆက်ဆံမှုကိုခံရတဲ့ လူမည်းတွေရဲ့ဘဝ ၁၉၆၀ ခုနှစ်ဝန်းကျင်က လူမည်းအမျိုးသားတွေရဲ့ ခံယူချက်နဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေ ကိုယ်ယုံကြည်တဲ့ဘာသာတရားနဲ့ နိုင်ငံရေးရောယှက်လာတဲ့အခါ ကြုံတွေ့ရတဲ့ သောကတွေကို မပျင်းရလေအောင် စိတ်ဝင်စားဖွယ်ရိုက်ကူးပြထားတာမို့ ဗဟုသုတလည်းရတဲ့ကားမို့ ခံစားကြည့်ကြပါဉီး..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်.... File Size : (2.19GB) and (1.09GB) Quality :HEVC 1080p 5.1, 720p Format…mp4 Duration…01:54:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung Encoded by Phyo Pyae

Action & Adventure • Animation • Sci-Fi & Fantasy
7.1 2020 114 mins
One Night in Miami...
Black Mirror: Bandersnatch
6.8

ဒီဇာတ်လမ်းပုံစံဟာလုံးဝအသစ်ပါ Netflixကတော့အဓိကဇာတ်သိမ်းငါးခုရှိတယ်လို့ပြောထားပါတယ် တကယ်တော့အဲ့ထက်များပါတယ် ကျွန်တော်တို့ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့ ကိုယ့်ဇာတ်လမ်းကိုယ်ရွေးရတဲ့ဝတ္ထုကို ရုပ်ရှင်အဖြစ်အသက်သွင်းပေးထားတဲ့Netflixရဲ့ပထမဆုံးကားပါ ဇာတ်ကောင်ကရွေးချယ်မှုတစ်ခုလုပ်တာနဲ့အဲ့တာကပါကြည့်ရှု့သူအပေါ်သက်ရောက်အောင်စွမ်းဆောင်နိုင်ပါတယ် Basic storylineက1984ခုနှစ်ကလူငယ်ပရိုဂရမ်မာတစ်ယောက်ကိုအခြေခံထားတာဖြစ်ပြီး Bamdersnatchလို့ခေါ်တဲ့ရွေးချယ်မှုတွေနဲ့ဖတ်ရတဲ့စာအုပ်ပုံစံမျိုးကို ဂိမ်းအဖြစ်လုပ်ချင်တဲ့အိပ်မက်လေးတစ်ခုပဲသူ့တစ်ဘဝလုံးမှာရှိပါတယ် ဒါပေမယ့်အဲ့လောက်မရိုးစင်းခဲ့ပါဘူး ကျွန်တော်တို့ကိုယ်တိုင်ခံစားပြီးဇာတ်လမ်းကိုရွေးပေးရမှာပါ Spoilerမပါမှအရသာအပြည့်ကိုခံစားနိုင်မှာမို့ဒီလောက်ပဲပြောပြပါရစေ တစ်ခေါက်ထဲကြည့်ပြီးရိုးသွားမယ့်ကားမဟုတ်တဲ့အပြင် တစ်ခေါက်နဲ့တစ်ခေါက်ရတဲ့ခံစားချက်ကလည်းမတူစေရပါဘူး Bird boxလိုပုံမှန်sci-fiကားကြည့်ပြီးအချိန်ကုန်တာထက်တော့ဒီကားကအများကြီးပေးစွမ်းနိုင်ပါလိမ့်မယ် ဘာသာပြန်ပေးထားတာတော့ Aye Chansu ဖြစ်ပြီး Encodeပေးတာကတော့ကျွန်တော် sithu ပဲဖြစ်ပါတယ်

Action & Adventure • Animation • Comedy
6.8 2018 90 mins
Black Mirror: Bandersnatch
Raaz
6.6

Raaz (2002) Horror/Drama IMDb 6.6/10 (3.6K) ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ သရဲကားကောင်းတစ်ကားကို ရှာနေတယ်ဆိုရင်တော့ မင်းသမီး ဗီပါရှားဘာဆူးရဲ့ ဒီဇာတ်ကားလေးကို ညွှန်းပါရစေ… ဒီဇာတ်ကားလေးမှာ အချစ် အလွမ်း အဆွေး ရသမျိုးစုံပါနေတဲ့အပြင် သီချင်းလေးတွေလည်း ကောင်းလို့ ဘောလီဝုဒ်သီချင်းကြိုက်တဲ့သူတွေ နှစ်သက်စေမှာ အမှန်ပါပဲ… အာဒစ်သယားနဲ့ ဆန်ဂျနားဟာ ပြတ်တော့မယ့်ဆဲဆဲ သူတို့ရဲ့အိမ်ထောင်ရေးလေးတည်မြဲဖို့ နောက်ဆုံးအခွင့်အရေးတစ်ခုပေးချင်တဲ့အနေနဲ့ သူတို့ရဲ့အချစ်တွေစတင်ပေါက်ဖွားရာ အူတီမြို့လေးကို ထွက်လာခဲ့ပါတယ်.. အဲ့ဒီမှာပဲ ညညဆို ဆန်ဂျနားဟာ မိန်းကလေးတစ်ယောက် နာနာကျင်ကျင် အော်ဟစ်သံနဲ့ သေနတ်သံတွေကို ညတိုင်းလိုလိုကြားနေခဲ့ရပါတယ်… အဲ့ဒီအသံတွေကလည်း သူမတစ်ယောက်တည်းကလွဲရင် ကျန်တဲ့သူတွေ ဘယ်သူမှ မကြားရပါဘူး… တစ်စတစ်စနဲ့ တဖြည်းဖြည်း အသံတွေဟာ နီးကပ်လာတဲ့အခါမှာတော့…..

Drama • Romance
6.6 2002
Raaz
Prancer: A Christmas Tale

ကဲ ဒီဇင်ဘာလည်း ရောက်ခါနီးပြီဆိုတော့ UNIVERSAL ကနေ လောလောလတ်လတ်ထွက်ရှိထားတဲ့ Christmas ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးကတော့ ခရစ္စမတ်မှာ မြေးအဘိုး၂ယောက် ထူးဆန်းတဲ့ဒရယ်တစ်ကောင်နဲ့ တွေ့ပြီး တိုင်ပတ်ကြတဲ့အကြောင်းကို ပေါ့ပေါ့ပါးပါးလေး ရိုက်ကူးထားတာပါ ဒါရိုက်တာကတော့ Star Wars: Originsရဲ့ စာရေးဆရာနဲ့ ဒါရိုက်တာဖြစ်သူ Phil Hawkins ဖြစ်ပြီး To Oliviaထဲက Olivia အဖြစ်သရုပ်ဆောင်ထားတဲ့ Darcey Ewartက မြေးမလေးအဖြစ် ပါဝင်ထားပါတယ် ဒီဇာတ်ကားကို ရိုမေးနီးယားနိုင်ငံမှာ သွားရောက်ရိုက်ကူးထားပြီး ဖွေးဆွတ်နေတဲ့ နှင်းတောကြီးတွေ ထင်းရှူးတောအုပ်ကြီးတွေနဲ့ Christmas Vibe ကို အပြည့်အဝခံစားရမှာဖြစ်လို့ အချိန်ပေးရကျိုးနပ်စေမှာပါ ဇာတ်လမ်းအကျဥ်း ၁၀နှစ်အရွယ် မြေးမလေး ဂလိုရီယာနဲ့ မုဆိုးဖိုဖြစ်ထားတာမကြာသေးတဲ့ ဘတ်ထ်တို့ မြေးအဘိုး၂ယောက် ခရစ္စမတ်မှာဆုံကြရင်း ထူးဆန်းတဲ့ ဒရယ်တစ်ကောင်နဲ့ တွေ့ခဲ့ကြတယ် အဘိုးဖြစ်သူ ဘတ်ထ်က ဒရယ်ကို မှော်ဝင်ဒရယ်လို့ ယုံနေပြီး ဂလိုရီယာကတော့ Santaကိုလည်း မယုံ မှော်ဝင်ဒရယ်လည်း မယုံဘူးပေါ့ တစ်ဖက်မှာလည်း ဘတ်ထ်ကို အငြိမ်းစားအိမ်ပို့ဖို့ ကြံနေတဲ့ သားဖြစ်သူရှိသေးတယ် ဘတ်ထ်သာ မှော်ဝင်ဒရယ်အကြောင်းထုတ်ပြောမိရင် အငြိမ်းစားအိမ်ကို တန်းပို့ခံရမှာမလို့ မြေးအဘိုး၂ယောက်ဟာ ဒရယ်အကြောင်းကို လျှို့ဝှက်ထားခဲ့ကြတယ် သူတို့ ဘယ်အချိန်ထိ လျှို့ဝှက်ထားနိုင်မလဲ ဒရယ်ကရော ဘာလို့ သူတို့ဆီရောက်လာတာလဲ တကယ် မှော်ဝင်တာရော ဟုတ်ရဲ့လား မိသားစုဝင်တွေကြားက ချစ်ခြင်းမေတ္တာကို ဖော်ကြူးထားပြီး စိတ်ဝင်စားစရာကောင်းတာမလို့ ပရိသတ်တွေလည်း မိသားစုနဲ့အတူတူ ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးဖြစ်ပါတယ် File size…(1.65GB) / (971MB) / (495MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre… Drama / Family / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ei Thwal

Drama
0 2022 105 mins
Prancer: A Christmas Tale
Never Say Never
6

CM ကနေဇာတ်ကားတွေထဲမှာတင်ဆက်ပေးချင်တာကတော့ Never say neverဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ လက်ဝှေ့ချန်ပီယံဆုရှင်ရှန့်ထိန်ဟွေးက သူများရဲ့ မတရားအကောက်ကြံမှုကြောင့် ထောင်ကျခဲ့ပြီးထောင်ကလွတ်လာတဲ့အချိန် သဲလုပ်ငန်းလုပ်တဲ့ သူဌေးဖြစ်လာခဲ့တယ်။ သူဌေးဆိုပေမဲ့လည်းအကြွေးတွေ နစ်နေတာကြောင့် သူ့သူငယ်ချင်းကနေလက်ဝှေ့သရုပ်ပြပွဲလုပ်ဖို့အတွက် မိဘမဲ့ကလေးတွေကို စုဆောင်းဖို့အကြံပေးခဲ့တယ်။ ဒီလိုနဲ့ရှာတွေ့လာတဲ့ ကလေးတွေက ချို့တဲ့လှတဲ့မြက်ရိုင်းပင်လေးတွေဖြစ်တာကြောင့် မကြာခဏ ပြဿနာတွေဖြစ်လာတာပေါ့။ ဒီလိုနဲ့ရှန့်ထိန်ဟွေးကလက်ဝှေ့သရုပ်ပြဖို့လေ့ကျင့်ပေးရင်း သူ့သူငယ်ချင်းက ဒီကလေးတွေကိုမြေတောင်မြှောက်ပေးဖို့တိုက်တွန်းလာခဲ့အချိန် ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဒီကလေးတွေကတော့ဘယ်လိုတွေကြိုးစားရုန်းကန်ကြမလဲ စတာတွေကို ဒီဇာတ်ကားလေးကနေပြသပေးသွားမှာဖြစ်ပါတယ်။

Drama
6 2023
Never Say Never
Bad Education
6.1

အထက်တန်းကျောင်းသားအရွယ်မှာ ရူးရူးမိုက်မိုက်လုပ်ချင်တဲ့သူတွေများပါတယ်။ အထက်တန်းကျောင်းသားလေး(၃)ယောက်ဟာ သူတို့ရဲ့ အထက်တန်းကျောင်းဘွဲ့ရတဲ့ညကို ရူးရူးမိုက်မိုက်ဖြတ်သန်းခဲ့တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ယုံကြည်ရတဲ့ညီကိုတွေဖြစ်ဖို့ လျှို့ဝှက်ချက်တွေဖလှယ်ကြမယ်ဆိုပြီး ကိုယ်လုပ်ဖူးခဲ့တဲ့အဆိုးဆုံးမကောင်းမှုတွေကိုတစ်ယောက်နဲ့တစ်ယောက် ပြောပြကြဖို့ဆုံးဖြတ်လိုက်ကြတယ်။ တစ်ယောက်ပြီးတစ်ယောက်လူမဆန်တဲ့ လျှို့ဝှက်ချက်တွေကိုထုတ်ပြောကြတယ်။ နောက်ဆုံးကျောင်းသားလေးအလှည့်ရောက်တော့ သူလိမ်ပြောနေတာကိုသိသွားပြီး လူမိုက်တစ်ယောက်ကိုအိမ်သုတ်ဆေးတွေနဲ့ သွားပက်ခိုင်းကြတယ်။ အဲဒီလိုနဲ့ (၃)ယောက်သား တစ်ညလုံး လူမိုက်တွေလိုက်တာခံကြရပါတော့တယ်။ ဒီကားလေးမှာ လူကောင်းလူဆိုးဆိုတာတွေဟာ ခွဲခြားမရနိုင်မကြောင်း မကောင်းတဲ့သူနဲ့နေပါများရင် မကောင်းတဲ့လုပ်ရပ်တွေကို လုပ်နိုင်သွားကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ်။ တစ်ချို့အခန်းတွေမှာဆင်ဆာမဖြတ်ထားတာမို့ သွေးစိမ်းရှင်ရှင်ထွက်တာတွေကို ကြောက်တဲ့သူတွေအနေနဲ့ ကြည့်ဖို့မသင့်တော်တာလေးကိုတော့ သတိပေးချင်ပါတယ်။

Family • Comedy
6.1 2023
Bad Education
Orion and the Dark
6.7

Orion and the Dark (2024) ~ IMDb – 6.7/10, RT – 87%, Meta – 74% ~ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။ ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။ အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။ နေ့အလင်းဟာ တချို့ အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချို့အရောင်တွေကို ပိုတောက်ပစေတယ်။ အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြို့ပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။ တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။ လူတိုင်းမှာ အကြောက်တရားရှိကြတယ်။ ကိုယ်မသိတဲ့အရာတွေကို မသိလို့ ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ အကြောက်တရားမျိုးလည်းရှိတယ်။ ဒီကာတွန်းကတော့ အရာရာကို ကြောက်နေတဲ့ အိုရီယွမ်ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ အိုရီယွမ်က ခြင်ကိုက်တာကအစ အိမ်သာဆို့ပြီး တစ်ကျောင်းလုံးရေမြုပ်မှာအဆုံး အရာအားလုံးကို ကြံဖန်ကြောက်နေတဲ့ကောင်လေးပေါ့။ ယုတ်စွအဆုံး သူချစ်တဲ့ကောင်မလေးကို စကားသွားပြောဖို့ပါ ကြောက်နေတဲ့ကောင်။ သူအကြောက်ဆုံးအရာကတော့ သူ ညတိုင်း ကြုံနေရတဲ့အရာ… အမှောင်ထု။ အမှောင်ကို သူကြောက်တာကတော့ အမှောင်ကို သူနားမလည်လို့ ကြောက်တယ်ပြောရမယ်။ အမှောင်ထုက သူထင်သလောက်ဆိုးနေတဲ့ကောင်တော့ မဟုတ်ဘူး။ ဆိုးဖို့ဝေးစွ ခင်တတ်မင်တတ်တဲ့ တော်တော်ကောင်းတဲ့လူလို့ပြောရမယ်။ အမှောင်ထုက အိုရီယွမ်ကို သူ့ကို မကြောက်ဖို့ပြောပြီး ကမ္ဘာကြီးအတွက် သူဘယ်လိုတာဝန်တွေ ထမ်းဆောင်နေလဲပြဖို့ ညကမ္ဘာကြီးကိုလိုက်ပြတယ်။ ဒါပေမဲ့ သိပ်ကြောက်တတ်တဲ့ အိုရီယွမ်ကတော့ ကြောက်နေမြဲပဲ။ ဒီတော့ အမှောင်ထုက အိီုရယွမ်ကို ညကမ္ဘာကြီးထဲက တခြားညဖြစ်တည်မှုတွေဆီ ခေါ်သွားတယ်။ အဲဒီအရာတွေကတော့… အိပ်မက်ကောင်း, အိပ်စက်ခြင်း, အိပ်မပျော်ခြင်း, တိတ်ဆိတ်ခြင်း, အမျိုးအမည်မသိဆူညံသံများ တို့တတွေပေါ့။ တစ်နည်းပြောရရင် ညဘက်မှာပဲ ရှိနေတတ်တဲ့ အရာတွေပါပဲ။ အမှောင်ထုဟာ အိုရီယွမ်တစ်ယောက် သူတို့အုပ်စုတွေ ညဘက်မှာ ကမ္ဘာကြီးအတွက် ဘယ်လိုတာဝန်တွေ ဘယ်လိုပုံနဲ့ ထမ်းဆောင်နေလဲကြည့်ရင်း သူတို့ကို အကောင်းမြင်လာပြီး သူ့အကြောက်တရားကို သူကျော်လွှားပြီး ပျော်ပျော်ကြီးရှင်သန်သွားနိုင်စေဖို့ ရည်ရွယ်ခဲ့တာပေါ့။ ဒီလောက်ပဲ ဖတ်ရင်ကို ဒီကား ဘာဆက်ဖြစ်မလဲ ခင်ဗျားတို့မှန်းမိနေလောက်ပြီ။ ကလေးကြည့် ကာတွန်းကားပဲလေ။ ထုံးစံအတိုင်း အိုရီယွမ်လေးတစ်ယောက် အမှောင်ကို မကြောက်တော့ဘဲ အကြောက်တရားကို ကျော်လွှားနိုင်သွားပြီး ဇာတ်ကောင်တွေအတူတူပျော်ပျော်ပါးပါးနဲ့ ပြီးပါပြီ စာတန်းထိုးသွားမှာပေါ့။ ဒီလိုထင်ရင် ခင်ဗျား အမှားကြီးမှားပါလိမ့်မယ်။ မှားဆို ဇာတ်ညွှန်းဆရာက Charlie Kaufman ကိုး။ Eternal Sunshine of the Spotless Mind ကို ရေးခဲ့တဲ့သူ… Being John Malkovich နဲ့ Adaptation တို့ကိုရေးခဲ့တဲ့သူ… I’m Thinking of Ending Things ကို ရေးခဲ့ရိုက်ခဲ့တဲ့သူပါပဲ။ သူ့အကြောင်းသိတဲ့လူတွေကတော့ Charlie Kaufman ရေးတာဆိုတာနဲ့တင် ဒီကာတွန်းကားကို ပြေးကြည့်ကြမှာပဲ။ ဒီဇာတ်လမ်းဟာ ကျွန်တော်ထင်သလို မြင်နေကျ ကာတွန်းဇာတ်လမ်းမျိုး မဟုတ်ခဲ့သလို ကာတွန်းကားတွေရဲ့စံကိုလည်း အများကြီး ကျော်မသွားဘူး။ လတ်တလောထွက်ထားတဲ့ထဲ ကောင်းတာလည်း မရှိသေးတော့ လတ်တလောထဲတော့ အကောင်းဆုံးအမေရိကန်ကာတွန်းကားလို့ပြောရမှာပဲ။ Wish တို့ ဘာတို့ထက်လည်း အများကြီးသာတယ်။ ဘာတွေဆက်ဖြစ်မလဲတော့ မသိတာပိုကောင်းလိမ့်မယ်။ Charlie Kaufman ဟာ ကလေးကာတွန်းကိုမှ ဖြစ်တည်မှုဒဿနလို ဖလော်စာသားတွေကိုတော့ အဆစ်ထည့်သွားသေးတော့ ကာတွန်းကားသက်သက်ဆိုပြီး သိပ်တော့ အထင်သေးမရဘူး။ တစ်ခု ကျွန်တော်သေချာတာက Charlie Kaufman ဟာ ဒီဘက်ခေတ်ကလေးတွေကို ကောင်းကောင်းနားလည်တယ်ဆိုတာပဲ။ ဘာလို့လဲတော့ ကားကြည့်ရင်သိလိမ့်မယ်။ အိုရီယွမ်ကို သူ့အဖေနဲ့အမေပြောခဲ့တဲ့စကားလိုပေါ့… လူတိုင်း ကြောက်တတ်ကြတာပဲ ကြောက်တတ်တာက ဘာမှမဖြစ်ဘူး ရတယ် ကြောက်နေလို့ ဘာမှမလုပ်မှဘဲ မှားသွားမှာတဲ့။ ဒီဇာတ်လမ်းဟာ “လူတိုင်းကြောက်တတ်ကြတဲ့အကြောင်း” ပါပဲ။ Orion and the Dark ဟာ ကျွန်တော်တို့ကို ညခင်းရဲ့ အလှတရားတွေအကြောင်း ပြောပြပေးမယ့် ဇာတ်လမ်းတစ်ပုဒ်လို့ဆိုလည်းမမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 715MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 30Min Genre – Adventure, Animation, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.7 2024 90 mins
Orion and the Dark
Kurangu Pedal
6

Kurangu Pedal(2024) IMDb-7.9/10 နွေရာသီ ပျော်စရာလေးများ နွေရာသီပိတ်ရက်မှာ ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီးတွေးပျော်ကြတာ ကျောင်းသားဘဝမှာလူတိုင်းစိတ်ကူးခဲ့ကြတာဖူးပါပဲ ရွာတစ်ရွာရဲ့ ပူလောင်လောင်နွေရာသီတစ်ခုမှာ ကျောင်းပိတ်ရက်ရှည်ရလို့ ပျော်နေကြတဲ့ကလေးတစ်သိုက်မှာ နွေရာသီအစီအစဉ်တွေအပြည့်နဲ့ပေါ့ လူကြီးတွေကလည်း ကလေးတွေပိတ်ရက်မှာ ဘာလေးတွေကူခိုင်းမယ် ဘယ်အမျိုးတွေဆီပို့မယ်ဆိုတဲ့အစီအစဉ်နဲ့ပေါ့ ဒီနှစ်နွေရာသီမှာတော့ ကလေးတွေကနွေရာသီအစီအစဉ်အပြည့်နဲ့ လူကြီးတွေရဲ့အစီအစဉ်တွေကို ကန့်ကွက်ကြတော့တာပဲဒီနွေရာသီမှာကလေးတွေရဲ့ ထူးခြားတဲ့အစီအစဉ်လေးကတော့ စက်ဘီးစီးသင်ကြဖို့ပါပဲ စက်ဘီးစီးသင်ဖို့ စက်ဘီးငှားခဆိုတာလိုအပ်လာကြတဲ့အချိန် မိဘတွေဆီကတောင်းဖို့ခက်ခဲနဲ့ ကြံကြဖန်ကြတာပေါ့ ကလေးအတွေး ကလေးအကြံလေးတွေနဲ့ နွေရာသီပိတ်ရက်ဖြတ်သန်းကြပုံလေးတွေက ခဏတာပေါ့ပါးအပျင်းပြေရှုစရာတော့ဖြစ်မှာမို့ ရှုစားကြည့်ပါဦး အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်

6 2024
Kurangu Pedal
The Quiet Man
7.7

IMDb Rating – 7.7/10, RT -91% Awards – 2wins and 11Nominations ဒီကားလေးကတော့ အော်စကာဆုနှစ်ဆုရခဲ့တဲ့ Old but Goldတန်း၀င် ရိုမန့်စ်ဟာသဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း – ရှောင်သွန်တန်က ဘောင်ဆင်လောကကနေ အနားယူပြီး မွေးရပ်မြေ အိုင်ယာလန်ကိုပြန်လာတဲ့သူပါ။ ရောက်ရောက်ချင်းမှာပဲ အရင်နေခဲ့တဲ့အိမ်လေးကို မုဆိုးမတီလန်ဆီမှာသွား၀ယ်ရင်း လူဂွစာမြေရှင်‌ဝေလ်ဒန်နာဟာနဲ့ထိပ်တိုက်တွေ့ခဲ့ပါတယ်။ နောက်တော့ မြို့ကိုပြန်ရောက်ရောက်ချင်း ချစ်ကြိုက်မိတဲ့သူက မြေရှင်ရဲ့ညီမဖြစ်နေတဲ့အခါ ရှောင်ရဲ့အချစ်ရေးကအဆင်ပြေပါ့မလား သူ့အစ်ကိုကလက်ခံပါ့မလား နောက်ပိုင်းအချစ်ရေး ဘယ်လိုဆက်ဖြစ်မလဲ ကြည့်ရှုရမှာပါ။ အားလုံးပဲကြည့်ရှုခံစားကြပါဦး။ File size…(2.4 GB)/(2.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:09:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe

7.7 1952
The Quiet Man
The Mercenary
5.2

The Mercenary(2019) IMDb….5.6 The mercenaryဆိုတဲ့အဓိပ္ပာယ်က ကြေးစားစစ်သား… မက်စ်တို့အဖွဲ့က Central Africa တို့ Columbia တို့မှာ သူတို့ကိုခိုင်းတဲ့ လူသတ်မှုတွေကို ကြေးကြီးကြီးယူပြီးလုပ်ကြတယ်…. South Americaမှာ သူတို့ mission လုပ်နေရင်း မက်စ်တစ်ယောက်ကို အကြောင်းတစ်ခုကြောင့်သေပြီဆိုပြီး ထားခဲ့ကြတယ်….. အနီးနားက ဘုရားကျောင်းက ဖာသာက သူ့ကိုကယ်တင်စောင့်ရှောက်ထားခဲ့တယ်.. သူ့ကျန်းမာရေးပြန်ကောင်းလာပြီးနောက် ဘုရားကျောင်းမှာပဲ သူ့ရဲ့ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေရင်းနဲ့မှ ဘာတွေ ဖြစ်လာမလဲဆိုတာ ကိုယ်တိုင်သာ ခံစားကြည့်ကြပါတော့….. ဒီကားက အက်ရှင်ဆိုတဲ့အတိုင်း အစမှ အဆုံးထိ နင်းကန်ဗျင်းပါတယ်… နင်းကန်ဗျင်းတာကြိုက်တဲ့သူတွေအတွက်တော့ ဒေါင်းကြည့်ကြပါလို့ လက်တို့လိုက်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Cynthia ပဲဖြစ်ပါတယ်… File Size : 2.45GB / 950MB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…01:32:00 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Translated by Cynthia Encoded by Phyo Pyae

Action • Drama • Thriller
5.2 2019
The Mercenary