YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Sky Without The Sun (2023) (Ep11).mp4

392.77 MB 720p video/mp4 62 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
After the Storm
7.2

Even After the Worst Storms , The Sun Will Shine Again. Koreedaကားတွေထဲ အကြိုက်ဆုံး၂ကားကို ရွေးထုတ်ရမယ်ဆိုရင် Still Walking နဲ့ After the Storm ကို ရွေးထုတ်ရမှာပဲ။ ဒီ၂ကားထဲက တစ်ကားပြန်ရွေးဖို့ဆိုရင်ကျ နည်းနည်းတော့ပြဿနာရှိတယ်။ အတတ်ပညာပိုင်းအရဆိုရင်တော့ ပုဂ္ဂလိကအမြင်အရ After The Stormဟာ Still Walking ထက် နည်းနည်းလေးလျော့နေတယ်လို့ ပြောရမှာပဲ။ ဒါပေမဲ့ After The Storm ကတော့ ရင်ထဲပိုရောက်တယ်။ ပြောသာပြောရတာ ဒီ၂ကားက တစ်ဆက်တည်းပါပဲ။ တူလားဆိုရင်တော့ မတူဘူး။ ဒါပေမဲ့ တစ်ဆက်တည်းပဲ။ ၂ကားလုံးက Koreeda သူ့အမေအိမ်ကို သွားလည်ပြီးတဲ့နောက် အိုင်ဒီယာပေါ်လာတဲ့ကားတွေပဲ။ သူ့ဘဝသူ အခြေတည်ပြီး ရိုက်ထားတဲ့ကားတွေပဲ။ ၂ကားလုံး မင်းသားလည်းတူတယ်။ မင်းသားအမေလည်းတူတယ်။ အစ်မရှိတာလည်းတူတယ်။ မတူတာက Still Walking မှာ သူက အဓိကဇာတ်ကောင်ရဲ့ အဖေကို အေးဆေးပြီး အမြော်အမြင်ရှိတဲ့ ဆရာဝန်အိုကြီးအနေနဲ့ ပြထားတယ်။ အဆုံး Narrative မှာ သူ့အဖေဆုံးသွားတဲ့အကြောင်းလည်း ထည့်ပြောထားတယ်။ After The Storm မှာကျ သူ့အဖေက ဆုံးသွားပြီ။ သူ့အမေတစ်ကိုယ်တည်းနေရတဲ့ဘဝကို သေချာပြထားတယ်။ မတူတော့တာက အဓိကဇာတ်ကောင်ရဲ့အဖေက ပထမကားထဲကလို ဂုဏ်သရေရှိဆရာဝန်လည်းမဟုတ်တော့ဘူး။ အမြော်အမြင်ရှိတဲ့လူလည်း မဟုတ်တော့ဘူး။ မိန်းမကို အမြဲဒုက္ခပေးနေတဲ့ လောင်းကစားသမားအဖေဖြစ်သွားတယ်။ ဒါပေမဲ့ ဒီကာရိုက်တာက ဒီကားထဲ လုံးဝပါမလာဘူး။ အဖေနဲ့တူတဲ့ မင်းသားရဲ့အမူအကျင့်တွေကိုပြရင်းတစ်ဖုံ , မရှိတော့တဲ့လူတစ်ယောက်အကြောင်းပြောရင်းတစ်မျိုး လူတောင်မပါတဲ့ ဒီကာရိုက်တာကို ကောင်းကောင်းကြီးတော့ အသက်သွင်းသွားတယ်။ မိန်းကာရိုက်တာဖြစ်တဲ့ Hiroshi Abeနဲ့ သူ့အမေနေရာက သရုပ်ဆောင်တဲ့ Kirin Kikiရဲ့ Chemistryကလည်း ဒီကားကိုရော ပိုအသက်ဝင်စေတဲ့ အချက်ဆိုတာကို ဖယ်ထားလို့မရဘူး။ Still Walking မှာကျ ဇာတ်က တစ်ရက်တည်းပဲတည်ထားပြီး မိဘအိမ်ကို အလည်သွားကြတဲ့ သားသမီးတွေအကြောင်းနဲ့ နာမည်နဲ့လိုက်အောင် အငြိမ်ပဲ ရိုက်ပြသွားပေမဲ့ After The Storm မှာကျ နာမည်နဲ့လိုက်အောင်ပဲ ဘဝထဲဖြတ်တိုက်လာတဲ့ မုန်တိုင်းတွေအကြောင်းကို ရိုက်ပြသွားတယ်။ မိန်းကာရိုက်တာက ငယ်ငယ်ကတည်းက စာရေးကောင်းတယ်။ စာရေးဆရာအလုပ်နဲ့ပဲ အသက်မွေးချင်တဲ့လူ။ သူတို့မိသားစုကို အခြေခံပြီး တစ်အုပ်ရေးပြီး စာပေဆုတစ်ခုတောင် ရလိုက်သေးတယ်။ ပြဿနာက သူနောက်တစ်အုပ်ထပ်ရေးဖို့ ကြိုးစားတာ အတော်ကြာပေမဲ့ မရတော့တာပဲ။ ဒီတော့ ဝင်ငွေနည်းတယ်။ ဒီကြားထဲကမှ လောင်းကစားလည်း ဝါသနာပါသေးတယ်။ ဒါကိုမှ အချိုအချောင်ငွေရမယ့် စာလေးကျတော့လည်း မရေးချင်ဘဲ မာနကြီးပြန်တယ်။ ဒီတော့ အိမ်ထောင်ရေးမပြေလည်ဖြစ်ပြီး မိန်းမနဲ့ကွဲသွားပေမဲ့ လောင်းကစားဝါသနာပါလွန်းလို့ အချိန်ပိုင်းလုပ်တဲ့ စုံထောက်အလုပ်ကနေ ငွေတွေမြိုးမြိုးမြက်မြက်ရပေမဲ့ ကလေးစရိတ်မပေးနိုင်ပြန်ဘူး။ ဒါပေမဲ့ သူက သူ့သားနဲ့ မိန်းမကို ချစ်တယ်။ သူ့သားကို တစ်လတစ်ခါတွေ့ခွင့်ရဖို့ ကလေးစရိတ်ကို အကြောင်းမျိုးစုံပြပြီး တွေ့တယ်။ ကလေးစရိတ်မပေးနိုင်လို့ သူ့မိန်းမကတော့ သူ့ကိုသိပ်မကြည်ဖြူတော့ဘူး။‌ ပြောရရင် ဒီကာလက သူ့ဘဝရဲ့ မုန်တိုင်းထန်နေတဲ့ အချိန်ပေါ့။ တစ်ရက်ကျ သူ့ကလေးကိုခေါ်ထားရင်း ကလေးစရိတ်ပေးဖို့ သူ့အမေအိမ်က ပိုက်ဆံခိုးဖို့ သူ့ကလေးကို သူ့အမေအိမ်ခေါ်သွားတယ်။ သူ့မိန်းမက သူ့ကလေးကို လာကြိုတော့ မုန်တိုင်းတိုက်နေတဲ့အချိန်မို့ အိမ်မပြန်ဖြစ်ဘဲ သူ့အမေအိမ် သူတို့မိသားစု တစ်ညတာနေဖြစ်သွားတယ်။ အဲဒီညရဲ့ မုန်တိုင်းပြီးသွားတဲ့အခါ နေပြန်သာတတ်တယ်ဆိုပေမဲ့ သူ့ဘဝရဲ့မုန်တိုင်းက ပြီးသွားလား နေရောပြန်သာလား တငွေ့ငွေ့နဲ့ ပြသွားတဲ့ ရုပ်ရှင်ပေါ့။ Koreeda ကားပီပီသသပဲ ဇာတ်အိမ်ကတော့ ရိုးရိုးလေးပဲ။ Still Walking မှာ Koreedaဟာ ကျွန်တော်တို့ကို အိမ်ပြန်ရောက်သွားအောင် လုပ်နိုင်ခဲ့သလို After The Storm မှာလည်း Koreedaဟာ ကျွန်တော်တို့ဘဝက အဆုံးအရှုံးတွေဆီ ကျွန်တော်တို့ကို ပြန်ခေါ်သွားပြီး အဆုံးအရှုံးတွေဆီကနေ ပစ္စုပ္ပန်ကို ပြန်ခေါ်လာနိုင်ခဲ့တယ်။ ဘယ်လိုမှော်အစွမ်းနဲ့များ လုပ်လိုက်သလဲမသိပေမဲ့ ဟိုတစ်စ ဒီတစ်စ ဇာတ်ကွက်ကလေးတွေကို ဒီတိုင်းကြည့်နေရင်းနဲ့ကို ဇာတ်ကားအဆုံးသီချင်းအလာမှာ လူက ငိုချင်စိတ်ပေါက်လာတယ်။ ငိုလို့မရဘဲ ငိုချင်စိတ်ပေါက်နေတဲ့ တော်တော်ဆိုးဆိုးခံစားချက်ကြီးရလိုက်တယ်ပေါ့ဗျာ။ ခဏလေးပေါပြီး ပျောက်သွားတဲ့ ခံစားချက်မဟုတ်ဘဲ ၂နာရီဆက်တိုက်လောက်ကို အဲဒီလိုကြီးဖြစ်နေတုန်းပဲ။ အာရုံသာတခြားစီမပြောင်းပစ်ရင် ဒီထက်လည်းပိုကြာနိုင်တာပဲ။ မုန်တိုင်းက ပြီးသွားတယ်။ ရုပ်ရှင်လည်းပြီးသွားတယ်။ နေတော့ ပြန်သာပါလိမ့်မယ်။ အပျက်အစီးတွေကတော့ ကျန်နေတုန်းပဲ။ ပြန်တည်ဆောက်ရမှာပေါ့လို့ ဝိုင်းပြောကြလည်း တစ်ချို့အပျက်အစီးတွေက ဟေရာကလိုက်စ်တပ်ရဲ့ မြစ်ရေပဲ။ After The Stormဟာ နေသာမယ့်ရက်တစ်နေ့ဆီ ဆက်လျှောက်နေကြသူတွေရဲ့ အပျက်အစီးတွေ ပွေ့ပိုက်ရင်း ရှင်သန်ခြင်းအကြောင်းပေါ့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.6GB | 819MB | 414MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... Aaron

Action • Comedy • Drama
7.2 2016 117 mins
After the Storm
Killing Romance
6.3

Musical Film အမျိုးအစားကို သဘောကျနှစ်ခြိုက်ကြတဲ့သူတွေအတွက် Killing Romance ဇာတ်ကားသစ်လေး ထွက်ရှိလာပါပြီ ဒီဇာတ်ကားထဲမှာသုံးထားတဲ့ Concept ကိုကြည့်လိုက်ရင် ရုပ်ပြဆန်ဆန် ပုံပြင်တစ်ပုဒ်ကိုကြည့်နေရသလို ခံစားချက်မျိုးဖြစ်နေမှာပါ ဇာတ်လမ်းအကျဉ်းကတော့ သရုပ်ဆောင်မင်းသမီးဘဝကနေ အနားယူလိုက်တဲ့ ဟွမ်ယောရယ်ဟာ တောင်ပစိဖိတ်မှာရှိတဲ့ Qualla ကျွန်းပေါ်ကို ရောက်ရှိသွားရာကနေ ဇာတ်လမ်းစပါတယ်။ အရင်က ကိုယ့်စိတ်ကိုယ့်ခန္ဓာကို ကိုယ်ပိုင်ခဲ့တဲ့ ဟွမ်ယောရယ်တစ်ယောက် Qualla ကျွန်းပေါ်က ဘီလူးခေါင်းနဲ့သူဌေးကို မင်းသားလေးလို့မှတ်ထင်ပြီး အိမ်ထောင်ပြုလိုက်မိတဲ့အခါမှာတော့ ရဲတိုက်လိုစံအိမ်ကြီးထဲမှာ အကျဉ်းကျနေရသလို ဖြစ်ခဲ့ရပါတော့တယ် ဒါပေမဲ့ သူတို့အိမ်ရဲ့ဘေးကပ်ရပ်မှာနေတဲ့ စာမေးပွဲ ၃ ခါကျ ကောင်လေးနဲ့ အမှတ်မထင် သိကျွမ်းသွားခဲ့တဲ့အခါမှာတော့ အကျဉ်းကျနေသလို ဘဝကြီးကနေ လွတ်မြောက်အောင် ယောရယ်တစ်ယောက် အဲဒီကောင်လေးနဲ့အတူ ဘယ်လိုကြိုးစားသွားမလဲ‌ဆိုတာ ကြည့်ရှုခံစားကြရမှာပါ Casts တွေအနေနဲ့ အားလုံးသိကြပြီးသား မင်းသမီးကြီး Lee Honey, မင်းသား Lee Sun Kyun နဲ့ Gong Myung တို့က အဓိကပါဝင်ထားကြပါတယ် အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Music, Romance Quality…. 1080p | 720p | 480p File size… Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz and Hmwe Encoder ..... Aaron

Drama
6.3 2023 107 mins
Killing Romance
[18+]Flirting in the Air
6

၂၀၁၄ ခုနှစ်ကနေ မင်မင်းဆက်ခေတ်ကို ခုန်ကူးသွားမယ့် ကမ္ဘာပတ်တဲ့ကပ္ပတိန်ကူး... လေယာဉ်ကိုအရမ်းရူးသွပ်တဲ့ ကပ္ပတိန်ကူး... မိန်းကလေးတွေဆို အရမ်းချစ်တဲ့ ကပ္ပတိန်ကူး... ၂၁ ရာစုမှာ ပွေရှုပ်တာအားမရလို့ ‌မင်မင်းဆက်အထိသွားရှုပ်မယ့် ကပ္ပတိန်ကူး... ကပ္ပတိန်ကူးရဲ့ဂေါ်ချက်ကတော့ သူဌေးရဲ့မိန်းမနဲ့မှ ဆတ်ဆတ်လူးနတ်ပူးမိပါတော့တယ် ။ သူဌေးက သိသွားပြီး အလုပ်ထွက်ခိုင်းခဲ့တာကြောင့် နောက်ဆုံးတစ်ခါလေယာဉ်မောင်းရင်း လေယာဉ်ပေါ်မှာလည်း လေယာဉ်မယ်တွေကို အလွတ်မပေးခဲ့ပါဘူး။ မိုးမမြင်လေမမြင်ကဲနေကြတုန်း လေယာဉ်ကြီးက သံလိုက်စက်ကွင်းထဲဝင်ရောက်သွားတဲ့အခါ... ‌ရှေးဘုရင် မင်မင်းဆက်ဆီ ဝုန်းခနဲရောက်သွားပါတော့တယ်။ ကပ္ပတိန်ကူးပဲလေ... ငြိမ်ငြိမ်ဘယ်နေပါ့မလဲ။ မင်မင်းဆက်မှာ နှာဘူးလိုက်ထရင်း မင်မင်းဆက်သမိုင်းရဲ့ အရေးပါဆုံးဖြစ်ရပ်ထဲမှာ သူဝင်ပါမိသွားတဲ့အခါ.... ပေါ့ပေါ့ပါးပါးလေးကြည့်ဖို့ အဆင်ပြေတဲ့ကားလေးဖြစ်ပေမယ့် မိသားစုနဲ့တော့အတူတူမကြည့်နဲ့နော်။ တော်ကြာနေ နရင်းအုပ်ခံနေရမှာစိုးလို့ပါ ။ ပါ၀င်ထားတဲ့သူတွေကလည်း ရှောင်လင်ဘောလုံးကားထဲက ဖက်တီးတို့ တကယ့် ဟာသနဲ့ ငဘူးအုပ်စုဖြစ်တဲ့သူတွေ အပြင် ဒါရိုက်တာကလည်း Sex and Zen ရိုက်တဲ့သူဆိုတော့ ရှယ်ပေ့ါ ။ File Size__(1.1GB) Quality__720p IMDb Rating__5/10 Format__mp4 Duration__01:33:00 Type__Adult, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt

Adventure • Animation • Family
6 2014 94 mins
[18+]Flirting in the Air
A Cappella
6.2

A cappella 2016 ၁၉၆၉ခုနှစ် ဂျပန်နိုင်ငံအခြေအနေတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအဝှမ်း တော်လှန်ရေးဆင်နွှဲနေပြီး စစ်ဆန့်ကျင်ရေးဆန္ဒပြမှုဆက်တိုက်ဖြစ်ပွားနေတဲ့အချိန်ဖြစ်ပါတယ်။ ကျိုကို ဆိုတဲ့အထက်တန်းကျောင်းသူလေးက ကျောင်းယူနီဖောင်းပုံစံပြောင်းလဲရေးအတွက် ဆန့်ကျင်ရေးကော်မတီဖွဲ့ပြီး လှုပ်ရှားနေတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေမှာပါဝင်ရင်း A cappellaဆိုတဲ့ ကဖီးဆိုင်လေးမှာ ဝါတရုဆိုတဲ့ ကောလိပ်ကျောင်းသားနဲ့တွေ့ဆုံခဲ့ပါတယ်။ ဝါတရုရဲ့သူငယ်ချင်း ယုနိုဆုကဲနဲ့ သူ့ရည်းစား အန်မာတို့လည်းရှိနေပြီး ဝါသနာတူရာတွေပြောကြရင်း ခင်မင်သွားခဲ့ကြပါတယ်။ အဲဒီနောက်တော့ ကျိုကိုနဲ့ ဝါတရုလည်း ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ ဖြစ်ရပ်စုံတဲ့ကာလအတွင်းမှာ ချစ်ခဲ့ကြတဲ့သူတို့က အစပိုင်းမှာ သာမန်အတွဲတွေလိုပဲ နေထိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့နှစ်ယောက်ကြားကဆက်ဆံရေးက တီးလုံးသံစဉ်မပါတဲ့ သီဆိုမှုတွေလိုဖြစ်နေခဲ့တဲ့အခါမှာတော့ သူချစ်တဲ့သူရဲ့အရှိတရားကိုလက်ခံမပေးနိုင်ဘဲ ဆွဲခေါ်ထားဖို့ကြိုးစားခဲ့တဲ့ကောင်မလေးတစ်ယောက်အကြောင်းကို ကြည့်ရှုရမဲ့ရုပ်ရှင်ပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2GB) / (800MB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__02:00:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Lattv

Animation
6.2 2016 132 mins
A Cappella
Tiger’s Tail
4.3

Tiger’s Tail (2022) ============== အမ်မရာလို့ ခေါ်တဲ့ US ရောက် နိုင်ဂျီးရီးယားသူလေးဟာ မိခင်နိုင်ငံက ကလေးတွေကိုလည်းကူညီပေးဖို့ နိုင်ဂျီးရီးယား ကို ပြန်လာပါတော့တယ်။ ခရီးရောက်မဆိုက် ချစ်သူက လက်ထပ်ခွင့်ပါတောင်းလိုက်တော့ ဘုရားလည်းဖူးရင်း လိပ် ဥလည်းတူးရင်း ဖြစ်သွားတာပေါ့။ ဒီလိုနဲ့ သူ့ရဲ့အိမ်မက်ဖြစ်တဲ့ နိုင်ဂျီးရီးယားက ဆင်ခြေဖုံးရပ် ကွက်တွေမှာရှိတဲ့ ကလေးတွေကို စာသင်ဖို့လုပ်ပါတော့တယ်။ ဒါပေမဲ့ ဆင်ခြေဖုံးရပ်ကွက်ဆိုတဲ့အတိုင်း ခိုးဆိုးလုနှိုက် ဆေး ဝယ်ဆေးရောင်းကောင်တွေကလည်းရှိနေတော့ သူတို့ရဲ့ဘိ ပျောက်မှာ စိုးရိမ်လာတဲ့အခါ အမ်မရာကိုမကြည်ကြတော့ပါ ဘူး။ တစ်ဖက်မှာလည်း LDRS ဖြစ်နေတုန်းက ကျင်းအစုံတူး ထားတဲ့ ရည်းစားရဲ့ အပုပ်နံ့ကိုလည်း သိသွားရပါတော့တယ်။ အမ်မရာတစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံတွေ့ရပြီး ဘယ်လိုကျော်ဖြတ်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှု လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.5 GB) / (553 MB) / (373 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 52Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Thetti Tun Encoder……….SWM

4.3 2022
Tiger’s Tail
[18+] Litsoneras
6.3

Litsoneras (2023) Azi Acosta လိုပဲအချိန်တိုအတွင်းအောင်မြင်လာပြီး ရှေ့တန်းရောက်လာပြီး Lovely Ladies Dormitory နဲ့ ပွဲဦးထွက်ခဲ့တဲ့ Yen Durano လေးရဲ့ ဇာတ်ကားသစ်ဖြစ်ပါတယ်။ အယ်လ်ရီယာ (Yen Durano) ကအထက်တန်းကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး ဝက်ကင်ဆိုင် ဖွင့်ထားတဲ့ဖခင်နဲ့အတူနေပါတယ်။ သူငယ်စဉ်ကတည်းက ဖခင်ဖြစ်သူရဲ့ဖောက်ပြန်မှုကြောင့် မိဘနှစ်ပါးကွဲခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ မိခင်ဖြစ်သူ ပြန်ရောက်လာပါတယ်။ အမေဖြစ်သူနဲ့အတူ ရှေ့ဆင့်နောက်ဆင့် သူ့ဘဝထဲကိုရောက်လာသူကတော့ သူတို့ဆိုင်ကဝန်ထမ်းအသစ်ဖြစ်တဲ့ Jonas ဆိုတဲ့သက်တူရွယ်တူနီးပါး ကောင်လေးတစ်ယောက်ပါ။ အချစ်ကိုစူးစမ်းတတ်စ အပျိုဖြန်းလေး အယ်လ်ရီယာက ဂျိုးနာ့စ်ကိုစိတ်ဝင်စားသလို ဂျိုးနာစ့်ကတော့ အသက်ကြီးပြီး မပျက်စီးသေးတဲ့ သူ့မိခင်ဖြစ်သူကိုသာ တွင်းဟောင်းဆယ်လိုဟန်ရှိပါတယ်။ ဒီလိုဆိုရင် သူ့အမေဘက်ကရော…? အခုနောက်ပိုင်းထွက်တဲ့ Vivamax ကားတွေထဲ အတော်မိုက်တဲ့အထဲမှာပါပါတယ်။ မင်းသမီးတွေရဲ့ အလှအပတွေတင်မကဘဲ ဇာတ်လမ်းဖွဲ့စည်းပုံနဲ့ လှည့်ကွက်တွေပါ မိုက်တဲ့ကားဖြစ်တဲ့အတွက် လက်မလွတ်သင့်ပါကြောင်း။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 825MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 45Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

6.3 2023 105 mins
[18+] Litsoneras
Ruined
4

Ruined (2023) =========== ရစ်ချတ်နဲ့ အိုလီဗီယာ တို့နှစ်ယောက်သားဟာတစ်ယောက်ကိုတစ်ယောက် သိပ်ကိုချစ်ကြတဲ့ စုံတွဲလေးပေါ့။ ဒီလိုနဲ့ လက်ထပ်လိုက်ကြပြီး အလုပ်အကိုင် ကလည်း ရစ်ချတ်ကလည်း သွားဖွားမီးယပ်အထူးကု၊ အိုလီဗီယာကလည်း ဗိသုကာဒီဇိုင်နာဆိုတော့ အိုကေစိုပြေနေခဲ့ကြတာပေါ့။ အဘက်ဘက်ကနေ ပြည့်စုံနေတဲ့ မိသားစုလေးထဲကို ဝင်နှောင့်တဲ့ ပြသနာက ကြီးပါတယ်။ အိမ် ထောင်သက် ၁၀ နှစ်ကြာတဲ့အထိ ရစ်ချတ်တို့ ကလေးမရနိုင်သေးပါဘူး။ ကြာလာတော့လည်း အိမ်ထောင်ရေး အဖုအထစ်တွေဖြစ်ပြီး တစ်ပူပေါ် နှစ်ပူ ဆင့်တော့တာပေါ့။ ဒီလိုနဲ့ မိန်းမဖြစ်သူ အိုလီဗီယာတစ်ယောက် အိမ်ထောင်ရေးကုထုံး ဆွေးနွှေးဖို့ ဖြစ်လာတဲ့အခါမှာတော့ တာဝန်ခံ ဆရာဝန်မလေးဟာ တချိန်က ယောင်္ကျား ဖြစ်သူရဲ့ အဆက်ဟောင်း ဖြစ်နေတဲ့အခါမှာတော့ ယောင်္ကျားဖြစ်သူနဲ့ အဆက် ဟောင်းတို့ အတိတ်မှာဘာတွေဖြစ်ခဲ့ကြမလဲ။ အဆက်ဟောင်းကရော နှစ်တွေ အကြာကြီးကြာပြီးမှ ဘာဖြစ်လို့ ပြန်ပေါ်လာရသလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thettti Tun ဖြစ်ပါတယ်) File Size……….(1.3 GB) / (473 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator……Thettti Tun Encoder……….SWM

History • Drama • Action
4 2023
Ruined
Cemara’s Family 2
6

Cemara’s Family 2 (2022) =================== IMDb Rating – 6.0/10 အာရာရဲ့ မိသားစုဟာ တစ်ချိန်က ဖြစ်ခဲ့တဲ့ အခက်အခဲကြောင့် ကြိုးစား ရုန်းကန်နေရတယ်။ အာရာရဲ့အဖေဟာ နောက်ဆုံးမှာတော့ ကြက်ခြံမှာ အလုပ်အသစ်တစ်ခုရသွားတယ်။ အလုပ်ရသွားတဲ့အ‌တွက်ကြောင့် အာရာ ကို ကိုယ့်ဘာသာကိုယ်‌ ကျောင်းက‌နေ အိမ်ပြန်တတ်အောင်ကြိုးစားရမယ် လို့မှာထားပါတယ်။ အထက်တန်းကျောင်းသူဖြစ်လာတဲ့ အာရာရဲ့အစ်မဖြစ် သူ အီးစ်ဟာ လူငယ်သဘာဝ စိတ်ကစားတတ်တဲ့အရွယ်ရောက်လာပြီဖြစ် တဲ့အတွက် အာရာနဲ့ တစ်ခန်းတည်းအတူတူသုံးစွဲရတာ သူ့အတွက်စိတ်မ လွတ်လပ်ဘူးဖြစ်နေတယ်။ တစ်နေ့ထမင်းစားဝိုင်းမှာ အီးစ်က အာရာကို ကျောင်းအလုပ်တွေလည်းရှိတဲ့အတွက် အမြဲတမ်းကျောင်းလာမကြိုနိုင် ကြောင်း ပြီးတော့ သီးသန့်အခန်းလိုချင်ကြောင်းပြောတယ်။ ကလေးအရွယ် အာရာက သူ့ကိုကတိပေးထားတာတွေကိုဖျက်တဲ့အတွက် စိတ်မကောင်းဖြစ်နေတာပေါ့။ မိဘတွေလည်းအခန်းခွဲပေးလိုက်ပြီး အာရာရဲ့ အခန်းကို စနေနေ့မှာပြင်ပေးမယ်လို့ပြောထားတယ်။ ကျောင်းကအပြန်ကောက် ရလာတဲ့ကြက်ပေါက်လေးကပဲ စိတ်အားငယ်နေတဲ့အာရာအတွက်တော့ စိတ်ဖြေစရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် စိတ်မကောင်းဖြစ်နေတဲ့ အချိန်မှာ အဖေဖြစ်သူကပါ ကတိပျက်တဲ့အတွက် ပိုဆိုးသွား‌ေတာ့တယ်။ ဝမ်းနည်း နေတဲ့အာရာဟာ ကြက်ကလေးကို သူ့လိုမဖြစ်အောင် မိသားစုနဲ့ပြန်တွေ့အောင် ရှာပေးမယ်လို့ကတိပေးလိုက်ပါတယ်။ အခြားသူတွေလိုကတိမပျက်ချင်တာ ကြောင့် အာရာဟာကြက်လေးရဲ့မိသားစုကိုရှာဖွေပေးဖို့ကြိုးစားလာတဲ့အခါမှာတော့ . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size……….(1.82 GB) / (802 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 54Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Family Translator……Tin Myo Lwin Encoder……….SWM

6 2022 114 mins
Cemara’s Family 2
Song Lang
7.7

Song Lang (2018) 80 ခုနှစ်လောက်က အပြင်အဆင်တွေကို သဘောကျသူတွေအတွက် 2018ကထွက်ရှိထားတဲ့ Song Langဆိုတဲ့ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်လေးဟာ 80ခုနှစ် operaပြဇာတ်ကိုအခြေခဲရိုက်ကူးထားတဲ့ လူငယ်နှစ်ယောက်ကြားက Bromanceလည်းမဟုတ် brotherhoodကိုလည်း နည်းနည်းအရောင်ဆိုးချင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ မိုးကြိုးသွားဒုန်းဟေ့ဆိုတာနဲ့ တစ်မြို့လုံးက ရွံကြောက်ရတဲ့ အကြွေးသိမ်းတဲ့လူတစ်ယောက်၊ အကြွေးလာသိမ်းပြီဆိုရင် ရက်ရက်စက်စက်နည်းလမ်းမျိုးစုံနဲ့ မသိမ်းနိုင်တဲ့အကြွေးမရှိလို့ နာမည်ကြီးတဲ့အထိ ရက်စက်တတ်သူတစ်ယောက်ပေါ့။ ဒါပေမဲ့ ရက်စက်ခက်ထန်တဲ့မျက်နှာဖုံးအောက်မှာ ဒဏ်ရာအပြည့်နဲ့ နူးညံ့တဲ့နှလုံးသားရှိတာကိုတော့ လူတွေကမသိကြပါဘူး။ ဒီလိုနဲ့တစ်နေ့ ပြဇာတ်အဖွဲ့မှာ အကြွေးသိမ်းဖို့သွားရင်းနဲ့ လင်ဖုန်ဆိုတဲ့လူငယ်လေးနဲ့ဆုံဖို့ ဖြစ်လာပါတော့တယ်။ လင်ဖုန်က ငယ်ငယ်ထဲက operaပြဇာတ်ကိုရူးသွပ်ခဲ့သူတစ်ယောက်၊ စင်မြင့်ထက်မှာ ပရိသတ်ရဲ့အာရုံကိုဖမ်းစားနိုင်သူဖြစ်ပေမဲ့လည်း လက်တွေ့မှာ စကားနည်းပြီး တစ်ကိုယ်တည်းနေတတ်တဲ့ အထီးကျန်နေသူတစ်ယောက်ပါ။ အချစ်ဆိုတဲ့အရာနဲ့ မထိတွေ့ရသေးတဲ့ ရေခဲနှလုံးသားပိုင်ရှင်လေးဆိုရင်လည်း မမှားပါဘူး။ ဒီလို မတူညီတဲ့ကမ္ဘာကလူနှစ်ယောက် အကြွေးကိုအရင်းတည်လို့ ဆုံစည်းဖို့ ဖြစ်လာတဲ့အခါ… အပေါ်ယံမှာ မျက်နှာဖုံးတပ်ထားပေမဲ့ အတွင်းကစိတ်ဒဏ်ရာကိုယ်စီနဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုနှောင်ကြိုးတွေဖြစ်ပေါ်လာမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. BL, Drama, Romance Quality…. 1080p | 720p File size… 1.9GB | 683MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

Drama
7.7 2018 101 mins
Song Lang
The Cake Dynasty

ကိုယ်ကျရှုံးနေချိန် ၊ အနီးဆုံးလူတွေနဲ့ တဖြည်းဖြည်းဝေးကွာလာတယ်လို့ခံစားရချိန်၊ မသွားသင့်တဲ့ထွက်ပေါက်တစ်ခုဆီသွားဖို့ကြံနေချိန် အနားရောက်လာပြီးကယ်တင်ဖေးမပေးသူနဲ့ကြုံတဲ့အခိုက်အတန့်…. ဒိန်းမတ်နိုင်ငံထုတ် ဒီဇာတ်ကားလေးမှာ အရှုံးပေါ်ခါနီးစက်ရုံပိုင်ရှင်ဖြစ်တဲ့ နီရယ်လ်ရဲ့ဘဝအဆုံးသတ်ခါနီးမှာပေါ်လာတဲ့ကယ်တင်ရှင်မွတ်စလင်အမျိုးသမီးဇိုင်နတ်….. အမျိုးသားဖြစ်သူစိတ်ဓာတ်ကျနေတာမကြည့်ရက်လို့ အဲလ်စ် ကအဝေးရောက်စီးပွါးရေးကျောင်းဆင်း သမီးလေးဂျွန့်ကိုပြန်လာခိုင်းပြီးလုပ်ငန်းကိုဝင်စီမံစေပါတယ်။ တနေ့ထက်တနေ့ပိုနီးစပ်လာတဲ့ နီရယ်လ်နဲ့ ဇိုင်နတ်တို့နှစ်ဦး တားမြစ်ထားတဲ့ဘောင်ကျော်လွန်လာချိန်မှာတော့ သူတို့နှစ်ဦးနဲ့ အဲလ်စ်တို့ဘယ်လိုကျော်ဖြတ်ကြမလဲ၊ ဒီဇာတ်ကားက သာမာန်အချစ်ဇာတ်လမ်းထက်ပိုပါတယ်။ အဝလွန်ရောဂါအကြောင်း၊ စိတ်ဓာတ်ကျမှု၊ဘာသာရေးလူမျိူးရေးခွဲခြားပုံတွေ၊ ဘာသာပြောင်းလဲခံယူမှု သက်ဝင်ယုံကြည်ပုံတွေ၊နိုင်ငံခြားဒုက္ခသည်တို့ရဲ့ဘဝမျိုးစုံတို့ကို တဖဲ့စီ တဖဲ့စီပေါင်းထည့်ပေးထားတာမို့ သုတရသစုံနေမှာပါ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

0 2022
The Cake Dynasty
Mukidi

Mukidi (2024) ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ အင်ဒိုနီးရှားဇာတ်ကားလေးပါ။ ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်မူကီဒီကအရမ်းရိုးသားတဲ့ဖိုးသခွားလေးပါ။ တစ်နေ့သူဟာ သတင်းစာအဟောင်းကြီးဖတ်ပြီး အလုပ်ရှာဖို့မြို့တက်လာခဲ့ပါတယ်။ အူတူတူမူကီဒီဟာ ဂျာကာတာမှာအောင်မြင်ရမယ်လို့ ကြုံးဝါးပြီးကာမှ အလုပ်လျှောက်တဲ့နေရာက ပိတ်ထားတာကြာတဲ့နေရာကြီးဖြစ်နေပါတယ်။ အားမလျော့တဲ့မူကီဒီဟာ ဂျာကာတာထဲ လျှောက်ပတ်သွားရင်းကြိုးစားလိုက်တာ အသုပ်သည်မာကို့နာနဲ့ မြင်မြင်ချင်းချစ်မိပြီး အိမ်ထောင်ကျသွားပါတယ်။ ဒီလိုနဲ့ ရှုပ်ထွေးတဲ့ဂျာကာတာမှာ ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ကလေးနှစ်ယောက်အဖေမူကီဒီဟာ ကပ်ဘေးကြောင့်အလုပ်ပြုတ်ရာကနေ အလုပ်သစ်ထပ်ရှာရဖို့ဖြစ်လာခဲ့ပါတယ်။ ဘဏ်တစ်ခုကနေ သူ့ကိုအကြွေးဝယ်ကတ်စစ်ဆေးရေးအနေနဲ့ မှားပြီး အလုပ်ခန့်လိုက်မိတဲ့အခါ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲ ပညာသိပ်မတတ်တဲ့အောက်ခြေမိသားစုတွေရဲ့ ရုန်းကန်လှုပ်ရှားရမှုတွေကို Mukidiမှာ ဟာသနှောပြီးကြည့်ရမှာဖြစ်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်

0 2024
Mukidi
Her Body
5.7

Her Body (2023) ချက်ဇ်နိုင်ငံက ရိုက်ကူးထုတ်လုပ်ထားတဲ့ Drama ဇာတ်ကားကောင်းလေးပါ။ အပြင်မှာ တကယ်ရှိခဲ့တဲ့ ချက်ဇ်နိုင်ငံက ဒိုင်ဗင်သမားတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ (၁၈+ warning ဝတ်စလစ်အခန်းတွေ၊ လိင်ဆက်ဆံခန်းတွေ ပါဝင်တာမို့ မိသားစုနဲ့အတူ ကြည့်ဖို့ မသင့်တော်ပါဘူး) ဇာတ်လမ်းအကျဉ်းကတော့ အန်ဒရေယာ ဟာ ချက်ဇ်နိုင်ငံက နာမည်ကြီး ဒိုင်ဗင်သမား တစ်ယောက်ပါ။ သူဟာ ချက်ဇ်သမ္မတနိုင်ငံရဲ့ ချန်ပီယံဖြစ်ပြီးတော့ အတ္တလန်တာမှာ အိုလံပစ်အားကစား ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ အဲမတိုင်ခင် မက်ဒရစ်မြို့က ပြိုင်ပွဲ တစ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း ကျောရိုးဒဏ်ရာရရှိသွားပြီး အားကစားလောက ကနေ အနားယူလိုက်ရပါတယ်။ ဒီလိုနဲ့ ဘဝမှာ ရည်မှန်းချက် ပျောက်သွားတဲ့ အန်ဒရေယာ ဟာ အဒမ်ရဲ့ အကူအညီနဲ့ အပြာကားလောကထဲကို ရောက်သွားပြီး နာမည်ကြီး အပြာမင်းသမီး ဖြစ်သွားပါတော့တယ်။ အပြာလောကထဲရောက်သွားတဲ့ အန်ဒရေယာ့ ဘဝမှာ ဘာတွေ ရုန်းကန်ရမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.6GB | 828MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

5.7 2023
Her Body
Stress Positions
5.5

ဒီတစ်ခေါက်မှာတော့ရယ်လည်းရယ်ရ ခေါင်းလည်းစားရ အဓိပ္ပာယ်အနှစ်သာရလေးတွေလည်းပါတဲ့ LGBT တွေရဲ့ ဘ၀ကိုပုံစံတစ်မျိုးတစ်ဖုံထူးထူးခြားခြားလေးရိုက်ကူး တင်ဆက်ထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Stress Positions ဖြစ်ပြီး LGBT ဒရာမာ ဟာသအမျိုးအစားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ တယ်ရီနဲ့ခါလာဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က အဓိကအနေနဲ့ပါဝင်ထားပြီး တယ်ရီကသာမန် Gay ခါလာကတော့ လိင်ပြောင်းထားတဲ့ Transgender ပဲဖြစ်ပါတယ်။တယ်ရီက မကြာသေးခင်ကမှ ယောက်ျားဖြစ်သူနဲ့ကွာရှင်းထားတာဖြစ်ပြီး လက်ရှိမှာတော့ပိုက်ဆံအပြင်အလုပ်အကိုင်ပါမယ်မယ်ရရမရှိတဲ့ အတွက် ယောက်ျားဖြစ်သူရဲ့ ဂေးပါတီတွေလုပ်တဲ့ ပါတီအိမ်လို့ ခေါ်တဲ့အိမ်ကြီးထဲမှာ နေနေရတာပဲဖြစ်ပါတယ်။အဲ့ဒါအပြင် မတော်တဆမှုတစ်ခုဖြစ်ပြီး ခြေထောက်ကျိုးထားတဲ့ သူ့ရဲ့ တူဖြစ်သူမော်ဒယ်လေးကိုပါ အိမ်ပေါ်ခေါ်တင်ပြီး ပြုစုပေးနေရတဲ့ အတွက် တယ်ရီ့ဘ၀ကတော့ လွယ်ကူတယ်လို့တော့မဟုတ်ပါဘူး။ သူက ကိုဗစ်ကိုအရမ်းစိတ်ပူတတ်တဲ့သူဖြစ်ပြီး သူငယ်ချင်း အကြောင်းကိုသိနေလို့ သူ့တူအဆင်လေးနဲ့တောင်တစ်ခါမှ တောင်ပေးမတွေ့ပါဘူး။ဒါပေမယ့်လည်း နောက်ပိုင်းမှာ တွေ့ဖြစ်အောင်တွေ့သွားကြပြီး သူတို့သူငယ်ချင်းတွေ ကြားထဲက စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ LGBT တွေရဲ့ဘ၀တွေကခက်ခဲပုံတွေအကြောင်း ပွင့်ချိန်တန်ရင်တော့ ပွင့်သင့်ကြောင်းတွေကို ဟာသလေးတွေနဲ့နှောပြီး တင်ဆက်သွားမဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…2.06GB / 806MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024 95 mins
Stress Positions
Vanvaas
5.7

Vanvaas (2024) အတိတ်နှင့်ပစ္စုပ္ပန် IMDb 6.7/10 မိသားစုဒရမ်မာ ကြိုက်နှစ်သက်သူတိုအတွက် ဟင်ဒီဒရမ်မာလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ကလေးသုံးယောက်နဲ့ မြေးတွေနဲ့ ဘဝကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းရမယ့် အရွယ် ရောက်ရှိလို‌ နေပြီဖြစ်ဝာဲ့သူက စိတ်မကောင်းဖြစ်စရာတစ်ခုကတော့ မှတ်ဉာဏ်တွေရောထွေးလိုက် မေ့ပျောက်လိုက် ဖြစ်နေခြင်းရယ်ပါ။ သူ့ဇနီးသည်နဲ့သူ အခုမှ ချစ်စကြင်နာစအရွယ်ရောက်လိုက်၊ ကလေးတွေ ဆယ်နှစ်တောင်မပြည့်သေးတဲ့အရွယ်ရောက်သွားလိုက်၊ ပစ္စုပ္ပန်ကာလကိုရောက်ရှိလာလိုက်နဲ့ သူ့မှတ်ဥာဏ်‌တွေဟာ ရော‌ထွေးနေပါတယ်။ သူဘာလုပ်နေတယ်၊ မနေ့ကဘာလုပ်ခဲ့တယ်၊ အခုလေးတင် ဘယ်ပစ္စည်းကို ဘယ်မှာထားခဲ့တယ်‌ဆိုတာကို မေ့ပျောက်လိုက်နဲ့ မှတ်ဉာဏ်ပျောက်ဆုံးခြင်းကိုလည်းရင်ဆိုင်နေရပါတော့တယ်။ တစ်နေ့ သူတိုတစ်မိသားစုလုံး ဂင်္ဂါမြစ်ဘေးက ဘုရားပွဲတစ်ခုကို ခရီးတိုလေးထွက်ဖို စီစဉ်ကြပါတယ်။ တစ်နိုင်ငံလုံးက ခရီးသွားတွေအပြင် ကမ္ဘာလှည့်ခရီးသွားတွေနဲ့ပါ စည်ကားနေတဲ့နေရာမို သွားလာ လည်ပတ်ရင်း သူနဲ့ကလေးတွေနဲ့ လူစုကွဲသွားပါတော့တယ်။ ဖြစ်ချင်တော့ သူ့ကလေးတွေ ငယ်ရွယ်စဉ်ကလည်း ပွဲဈေးတစ်ခုမှာ လူစုကွဲ ပျောက်သွားလို သူတိုလင်မယားနှစ်ယောက် ခေါင်းမီးတောက် ရှာဖွေခဲ့ရဖူးတာပါ။ သူ့အနေနဲ့ဒီမှတ်ဉာဏ်နှစ်ခုရောထွေးလို သူ့ကလေးငယ်လေးတွေကို ရှာဖွေနေသေးတယ်အမှတ်နဲ့ လိုက်လံမေးမြန်းနေပါတော့တယ်။ သူ့ကလေးတွေကို သူပြန်ရှာတွေ့ပါ့မလား၊ သူ့မှတ်ဉာဏ်ပြဿနာနဲ့ ဘယ်လိုရှေ့ဆက်သွားမလဲ ဆိုတာကို အိန္ဒိယရိုးရာဓလေ့လေးတွေနဲ့အတူ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ နွေးထွေးမှုကိုပါ ကြည်နူးစွာ ကြည့်ရှုခံစားကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ။

5.7 2024 160 mins
Vanvaas
All the Best Pandya
6.2

All The Best Pandya (2025) “ဘုဘောက်ကျတဲ့ ပန်ဒယာသားအဖ” မိသားစုဆက်ဆံရေးမှာ သားအဖချင်းမတည့်ကြတဲ့ကိစ္စက ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတစ်ခုလို့ ဆိုရမယ်ထင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲအပေါ်ယံကမတည့်ကြပါစေ၊ တကယ်အရေးကြုံလာတဲ့အခါ ကိုယ့်သွေးသားအတွက် ရပ်တည်ပေးကြတာကတော့ ထုံးစံပါပဲ။ ဒီဒရာမာဇာတ်လမ်းထဲမှာ အက်ရှေးနဲ့သူ့အဖေကလည်း အမြဲဘုဘောက်ကျနေတဲ့သားအဖပေါ့။ စကားပြောရင်လည်း ဘယ်တော့မှအပေါက်အလမ်းမတည့်ပါဘူး။ ဖခင်ကအစိုးရ၀န်ထမ်းတစ်ယောက်ဖြစ်ပြီး လာဘ်မစားတတ်တဲ့ တကယ့်လူဖြောင့်ကြီးပါ။ သားဖြစ်တဲ့အက်ရှေးကတော့ တစ်နေကုန်လက်ဖက်ရည်ဆိုင်ထိုင်၊ ရပ်ကွက်ရန်ပွဲဆို ထိပ်ဆုံးကပါတတ်သူ ဖြစ်ပါတယ်။ တစ်နေ့တော့ မဟုတ်မမှန်တဲ့ကိစ္စတစ်ခုနဲ့ ဖခင်ဖြစ်သူစွပ်စွဲခံရပြီး အက်ရှေး‌တို့မိသားစုအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲဒီအခါမှာတော့ ဖခင်ကိုအရွဲ့တိုက်ပြီး ဝေလေလေနေနေခဲ့တဲ့ အက်ရှေးက သူ့ဖခင်အတွက် ဘယ်လိုရပ်တည်ပြီး ခုခံကာကွယ်ပေးသွားမလဲဆိုတာကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ မိသားစု-ဒရာမာဇာတ်လမ်းမှာမှ ရယ်စရာနဲ့ လူငယ်အချစ်ကိစ္စလေးတွေပါ ရောနှောတင်ဆက်ထားတာကြောင့် ရသစုံလင်ပြီး ကြည့်ချင်စရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် ညွှန်းပေးလိုက်ပါရစေ။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

Drama
6.2 2025 140 mins
All the Best Pandya