YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The Silence of the Monster E08 CM.mp4

250.17 MB N/A video/mp4 37 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Crater
6.7

တော်တော်ကြည့်ကောင်းတဲ့ ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းတွေ ချစ်ဖို့ကောင်းတဲ့စိတ်ကလေးတွေနဲ့ ကလေးကားလေးပါ။ ကလေးတွေကို ပြသင့်သလို ကလေးစိတ်မကုန်သေးတဲ့ ကျွန်တော်တို့လို လူတွေလည်း ကြည့်သင့်ပါတယ်။ ကားကိုက Coming-of-Age, Sci-Fi, Adventure အမျိုးအစားဆိုတော့ ဘယ်လောက်တောင် စိတ်ကူးယဉ်ဆန်မလဲတော့ တွေးကြည့်လို့ရပါတယ်။ ဒါပေမဲ့လည်း ပေါတောမသွားဘဲ မျှော်လင့်ချက်တွေ ချစ်ခြင်းတွေနဲ့ လှနေတဲ့ ရုပ်ရှင်လေးပါပဲ။ ပြောရရင် ဒီရုပ်ရှင်မှာ နေရာကြီး၃ခုရှိတယ်။ လကမ္ဘာပေါ်ရယ် ကမ္ဘာရယ် အိုမီဂါလို့ခေါ်တဲ့ နိဗ္ဗာန်လိုနေရာသစ်တစ်ခုရယ်ပေါ့။ အဓိကဇာတ်ကောင်တွေက လကမ္ဘာပေါ်နေကြတာ။ လကမ္ဘာပေါ်မှာက ဥက္ကာပျံမိုးတွေရွာရွာနေတတ်ပြီး အန္တရာယ်ကြီးလို့ အမိုးခုံးလို့ ခေါ်တဲ့ အကာအကွယ်နေရာကြီးအောက်မှာ နေကြတယ်ပေါ့။ လပေါ်က အခြေခံလူတန်းစား လူအများစုက မိုင်းတူးသမားတွေဖြစ်ပြီး အိုမီဂါကိုသွားမယ့် ယာဉ်အတွက် လောင်စာတူးပေးရတယ်။ အနှစ်၂၀တူးပြီးရင် သူတို့လည်း သွားခွင့်ရတယ်။ ဒါပေမဲ့ ညစ်တီးညစ်ပတ်လုပ်ထားတဲ့စနစ်ကြောင့် မျိုးဆက်တစ်ဆက်ကူးတဲ့အထိ မသွားရတဲ့လူတွေချည်းပဲ။ ဒီတော့ ကောင်လေးတစ်ယောက်ရဲ့အဖေက သူ့သားကိုသွားစေချင်တော့ သေဆုံးမှုနစ်နာကြေးအရ ပို့ပေးခံရအောင် လုပ်ငန်းခွင်မှာ သေကြောင်းကြံလိုက်တယ်။ ဒီလိုနဲ့ သူတို့သူငယ်ချင်းအုပ်ထဲက အဲဒီကောင်လေးက အိုမီဂါကို သွားဖို့အကြောင်းဖန်လာတယ်။ မသွားခင်မှာ သူတို့အချိန်၂ရက်ရသွားပြီး သူ့အဖေသွားစေချင်တဲ့ အမိုးခုံးအပြင်ဘက်က လကမ္ဘာချိုင့်ကြီးဆီ သူ့သူငယ်ချင်းတွေနဲ့ စွန့်စားခန်းဖွင့်ကြတယ်။ ဒီအကြောင်းကို သူငယ်ချင်းတွေရဲ့ ချစ်ခြင်းတွေ စွန့်လွှတ်မှုတွေနဲ့ ချစ်စဖွယ်ရော အသည်းငြိချင်စရာရောကောင်းအောင် ရိုက်ပြသွားတယ်။ ကလေးသရုပ်ဆောင်တွေက သူ့ဟာနဲ့သူကောင်းကြတဲ့အပြင် ခရစ်အီဗန်ရဲ့ Gifted ထဲက မျက်စိရှေ့တင်အရွယ်ရောက်လာတဲ့ ကလေးမလေးတဖြစ်လဲ Mckenna Grace ရဲ့ ချစ်စရာမျက်နှာလေးကို မြင်ကြရမှာပါ။ ဒီလိုကားတွေဟာ ရှားရှားပါးပါးထွက်လာတတ်တဲ့ကားတွေမို့ ကိုယ်တိုင်ရော ကလေးတွေကိုရော ကျိန်းသေကြည့်သင့်ပြသင့်တဲ့ရုပ်ရှင်ပါပဲ။ ဘာမှမရရင်တောင် စိတ်ကိုနွေးထွေးသွားစေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 660MB Quality - 1080p, 720p Format - mp4 Duration - 1H 45Min Genre - Adventure, Drama, Family Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy
6.7 2023 104 mins
Crater
Rhino
6.7

ဒီရုပ်ရှင်လေးကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရုရှားစကားပြော ယူကရိန်း ဒရာမာ ၊ မှုခင်း ဇာတ်လမ်းလေးပါ။ဥရောပ ရုပ်ရှင်တို့ ထုံးစံအရ တီးလုံးတွေ လေးပြီး ဇာတ်အေး ဇာတ်နှေးတတ် ပေမယ့်လည်း ဒီဥရောပကားကတော့ ဇာတ်ရှိန်မြန်တာကြောင့် ကြည့်ရတာ သိပ်ပျင်းဖို့ မကောင်းပါဘူး။ ငယ်ငယ်က အနိုင်ကျင့်ခံရတာကို မုန်းတီးတဲ့ ရိုင်နိုဆိုတဲ့ လူငယ်လေးဟာ အရွယ်ေ ရာက်လာတာနဲ့ အမျှ လူမိုက်လောကထဲကို ရောက်မှန်းမသိရောက်သွားပါတော့တယ်။ ကြီးနို င်ငယ်ညှင်း ဒီလောကထဲမှာ ရိုင်နိုတစ်ယောက် အောင်မြင်အောင် ရှင်သန်ရုန်းကန်ရင်း ရ က်စက်တဲ့ အသည်းနှလုံး ပိုင်ရှင်လူသားတစ်ဦးဖြစ်လာရပါတော့တယ်။ ဘဝရဲ့ ကြမ်းတမ်း ရ က်စက်မှု ဒဏ်ကို အံတုရင်း အရေထူအောင် ကြီးပြင်းလာခဲ့ရတဲ့ ရိုင်နိုတစ်ယောက် သူ့ ရင်ထဲမှာ ဖြူစင်မှုရော ရှိသေးရဲ့လားဆိုတာကိုတော့ ဇာတ်လမ်းလေးဆုံးအောင်ကြည့်ပြီး အဖြေရှာစေချ င်ပါတယ်။ ဘဝရဲ့ ရိုက်ခတ်မှုတွေကြားထဲ လောကကြီးမှာ ရှင်သန်ဖို့ အရေထူအောင်ကျင့်ရင်း ကလေးတစ်ဦးရဲ့ အဆုံးသတ်ဟာ ကောင်းခြင်းနဲ့ဆုံးမလား ဆိုးခြင်းနဲ့ အဆုံးသတ်မလား ဆိုတာကတော့။ File size…1.6GB / 800MB Quality…1080p / 720p Format…mp4 Duration….1h 41m Subtitle….Myanmar Subtitle (hard sub) Encoder….Thit San Khant Translated by V

Horror • Mystery • Thriller
6.7 2021 100 mins
Rhino
Hush
6.7

မက်ဒီ ဟာ တောစပ်ကိုစာရေးဖို့ရောက်လာခဲ့ပါတယ် တောစပ်ဆိုပေမဲ့ အိမ်လေးတွေတော့ရှိပါတယ် အလှမ်းတော့ဝေးတာပေါ့ အိုကေ ဆက်ရအောင် အံဩစရာကောင်းတာက မက်ဒီဟာ ဆွံ့အနားမကြားသူ တစ်ယောက်ပါ သူစာရေးလို့ စာမူခရတာတွေကိုလည်း နားထိုင်းစောင့်ရှောက်ရေး ဝက်ဆိုဒ်အတွက် ကူညီပေးပါတယ်... "She is alone.... But She is not alone.... သူ့အတွက် ကံကြမ္မာဆိုးတွေစတင်ဝင်ရောက်လာပါပြီ သူ့ဆီကိုဖိတ်မခေါ်ပဲရောက်လာတဲ့လူတစ်ယောက်.... သူ့အသက်ကိုတစ်စစီခြွေမဲ့သူ...... အကူအညီအော်တောင်းလည်းမရနိုင် ...ပြေးလည်းမလွှတ်... မက်ဒီဟာ ထိုသူလက်ခုပ်ထဲကရေဖြစ်နေမလား.... ဒါမှမဟုတ်.... ဖိတ်မခေါ်ပဲရောက်လာတဲ့သူကိုမက်ဒီက ပြန်မလာနိုင်တဲ့လမ်းကိုပို့ပေးမလား..... လူတွေက သေခြင်းတရားနဲ့နီးကပ်လာရင် ဘယ်လိုတွေဖြစ်တက်ကြတာလဲ ပြင်းထန်တဲ့အခက်အခဲတွေကြုံလာတိုင်း အလျှော့မပေးပဲ အဖြေကိုရအောင်ရှာပါတဲ့..... ဒီကားကတော့ အင်းအားကြီးသူနဲ့ အားနည်းသူတို့ ယှဉ်ပြိုင်တိုက်ခိုက်တဲ့ပွဲပဲလို့ပြောရတော့မှာပဲ ကိုင်း ....အညွန်းကိုတော့ဒီမှာတင်တစ်ခန်းရပ် ကျွန်တော် John LaYaungဆိုတဲ့လူချောလေးနားပါရစေတော့လားခင်ဗျား File Size : (600 MB) and (230 MB) Quality : 720p WebRip  Running Time : 1hr 21minutes Format : Mp4 Genre : Horror, Thriller Translated By John La Yaung Encode By Thanhtike Zaw

Comedy • Drama • Romance
6.7 2016 82 mins
Hush
Spirit of Fear

ဒီဇာတ်ကားကထွက်ဖူးသမျှကားတွေထဲမှာ တော်တော်ထူးဆန်းတဲ့ Horror ကားပဲဖြစ်ပါတယ်။A Quiet Place တို့လိုအသံတိတ်တိတ်နေရပြီး စကားမပြောရတဲ့ဇာတ်ကားတွေတောင်မှ ဒီထက်ပိုပြောရပါသေးတယ်။ ဒီမှာကတော့စကားတွေပြောနေတာကို အာရုံစိုက်နေရတာထက် ဘယ်သူမှမရှိတဲ့ အိမ်တစ်အိမ်ထဲမှာ လက်မှာသွေးတွေစွန်းပြီး နိုးလာခဲ့တဲ့ လူတစ်ယောက်က ဘာလို့သူအဲ့လို သွေးတွေစွန်းပြီးနိုးလာရတာလဲ။ အိမ်ထဲမှာရော ဘာလို့ဘယ်သူမှ မရှိတာလဲ။အပြင်ရော ဘာလို့သွားလို့မရတာလဲ။ခြောက်ခြားစရာ အဖြစ်အပျက်တွေရော ဘာလို့ဖြစ်နေရတာလဲ။အဲ့ဒီအိမ်ထဲမှာ သော့နဲ့ပိတ်ထားတဲ့ မီးခံသေတ္တာတစ်လုံးကရော ဘာလို့ရှိနေရတာလဲဆိုတဲ့ မေးခွန်းပေါင်းများစွာကို သူတစ်ယောက်တည်း အိမ်ထဲမှာလျှောက်သွားပြီးတော့ အဖြေရှာနေပုံကိုတွေ့ရမှာပဲဖြစ်ပါတယ်။ File size…691 MB / 318MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 16m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2023
Spirit of Fear
The Remains of the Day
7.8

The Remains of the Day (1993) ~ IMDb – 7.8/10, Rotten Tomatoes – 96% ~ ဒီရုပ်ရှင်ဟာ အော်စကာ ဆန်ခါတင်စာရင်းမှာ ၈ ဆုတောင် တသီကြီးဝင်ခဲ့ပေမယ့် အဲဒီတုန်းက သူနဲ့ အပြိုင်က Schindler’s List ဖြစ်နေခဲ့တာကြောင့် ဘာဆုမှ ချိတ်မသွားရှာခဲ့တဲ့ တစ်ခါတုန်းက အကောင်းဆုံးရုပ်ရှင်တစ်ကားပါ။ ခုခေတ်ရဲ့ ဂန္ထဝင်တွေလို့ သမုတ်ခံနေကြရပြီ‌ဖြစ်တဲ့ Sir Anthony Hopkins, Hugh Grant, Christopher Reeve နဲ့ Emma Thompson တို့လို ပုဂ္ဂိုလ်တွေ ခေါင်းဆောင်ပါဝင်ထားပါတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့ ဗြိတိန်မှာ ဇာတ်အိမ်တည်ထားတဲ့ သစ္စာရှိ၊ တာဝန်သိ အိမ်တော်ထိန်းကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ Booker Prize ရထားတဲ့ နာမည်တူ စာအုပ်ကိုပဲ ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်ခင်က ကြီးကျယ်ခမ်းနားတဲ့ အင်္ဂလိပ်လူမျိုး အထက်တန်းလူတန်းစားတစ်ရပ်ကိုတွေ့မြင်ရမှာပါ။ စည်းစနစ်ကြီးပြီး အလုပ်မှာသာ အရာရာမြှုပ်နှံထားတဲ့ စတီဗင်ဆိုတဲ့ အိမ်တော်ထိန်းကြီးတစ်ယောက် သူအိမ်ကြီးရှင် သခင်ဒါလင်တန်အပေါ် မှာထားတဲ့အကြွင်းမဲ့ယုံကြည်မှုနဲ့ သစ္စာတရားအပေါ် သခင်ဒါလင်တန် ကွယ်လွန်ပြီးနှစ်အတော်ကြာမှ သူကိုယ်တိုင်ပြန်မေးခွန်းထုတ်လာမိပါတယ်။ သခင်ဒါလင်တန်ဟာ တကယ့်လူကြီးလူကောင်းစစ်စစ်တစ်ယောက် အရှိန်အဝါကြီးသူတစ်ယောက်ဖြစ်ခဲ့ပေမဲ့ သူ့ရဲ့ တလွဲစာနာမှုတစ်ခုအပေါ် အခြေခံမိတဲ့ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့် ဗြိတိန်နိုင်ငံသားတွေရဲ့ သစ္စာဖောက်လို့ အခေါ်ခံရမှုတွေအောက်မှာ နောက်ဆုံးနေ့တွေကို ဖြတ်သန်းခဲ့ရသူပါ။ ဂုဏ်ရှိန်ပြင်းချိန်ကစလို့ မီးငယ်မှိန်ချိန်အထိ အနားမှာ တောက်လျှောက်ခစားခဲ့တဲ့သူကတော့ အိမ်တော်ထိန်းကြီး စတီဗင်ပါ။ ဒါလင်တန်စံအိမ်ကြီးနဲ့ သခင်ဒါလင်တန်ဟာ စတီဗင်အတွက်တော့ ကမ္ဘာတစ်ခုလုံးပါပဲ။ သူ့ရဲ့ သခင်အသစ်က နားရက်ပေးပြီး ခရီးသွားခိုင်းချိန် “ကမ္ဘာကြီးကို နောက်ဆုံးမြင်ခဲ့တာ ဘယ်တုန်းကလဲ စတီဗင်” လို့မေးတာကို “အတိတ်တုန်းကတော့ ကမ္ဘာကြီးကသာ ဟောဒီအိမ်ကြီးဆီ အမြဲ အလည်လာနေကျပဲ” လို့ ပြန်ဖြေတတ်သူမျိုးပေါ့။ ဇာတ်လမ်းအစစ်ကဘယ်အချိန်မှာစလဲဆိုတော့ သခင်ဒါလင်တန် ကွယ်လွန်သွားပြီးနောက် စာနယ်ဇင်းတွေမှာ ပလူပျံနေတဲ့ မကောင်းသတင်းကို ကြားပြီး မခံမရပ်ဖြစ်တဲ့စိတ်နဲ့အတူ စတီဗင်ဆီ ရောက်ရှိလာခဲ့တဲ့ စာတစ်စောင်ကြောင့်ပါ။ စာကိုပို့လိုက်သူကတော့ တခြားမဟုတ်ဘဲ တစ်ချိန်က စတီဗင်နဲ့အတူ အိမ်တော်ကြီးမှာ အတူခစားခဲ့ကြတဲ့ မစ္စကန်တွန်ဆိုတဲ့ အမျိုးသမီးပါပဲ။ အိမ်တော်ထိန်းကြီးရဲ့ မျက်လုံးတွေကတဆင့် လွန်ခဲ့တဲ့ နှစ်၂၀က ဒါလင်တန်စံအိမ်မှာ ဖြစ်ပျက်ခဲ့သမျှတွေကို လက်ရှိအချိန်နဲ့ လူးလာကူးရင်းတွေ့ရမှာပါ။ ရုပ်ရှင်က ၂နာရီ ၁၄ မိနစ်စာဆိုပေမဲ့ ဘဝကြီးတစ်ခုလုံးစာကြာတယ်လို့ ခံစားရပါလိမ့်မယ်။ မကောင်းတဲ့သဘောနဲ့ပြောတာမဟုတ်ဘဲ အဲဒီလောက်ထိကို လူကိုကျေနပ်သွားစေတယ်လို့ ပြောချင်တာပါ။ မဆိုသစလောက်လေးတော့ လေးပေမယ့် ပေါ့ပေါ့ပါးပါးခံစားရစေမယ့် အပိုင်းလေးတွေလည်း ပါပါတယ်။ ဒီကားရဲ့ အိမ်တော်ထိန်းကြီး စတီဗင်နေရာမှာ သရုပ်ဆောင်ဖို့ကို Sir Anthony Hopkins က ဘတ်ကင်ဟမ်နန်းတော်မှာ အဲလိဇဘက်ဘုရင်မကြီးအတွက် အနှစ် ၅၀ အမှုထမ်းခဲ့တဲ့ Cyril Dickman လို့ခေါ်တဲ့ အိမ်တော်ထိန်းကြီးတစ်ယောက်ဆီကနေ လေ့လာသင်ယူအကြံတောင်းခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 900MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 14Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Crime • Thriller
7.8 1993 134 mins
The Remains of the Day
[18+] Pantasya ni Tami

Pantasya ni Tami (2024) တာမီဆိုတဲ့ကောင်မလေးဟာ Anime ပရိသတ်တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင် Fanfic တွေရေး၊ ကာရိုက်တာတွေနေရာမှာ စိတ်ကူးယဉ်ဝင်ခံစားပြီး ဖီးတက်လေ့ရှိတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူနဲ့စကားဆက်မိရာက Anime Con တစ်ခုကို Cosplay သမားအဖြစ် ပွဲသွားတက်ရာကနေ ဝါသနာတူ အသွင်တူမိတ်ဆွေတွေအများကြီးရခဲ့တဲ့နောက်မှာတော့ Cosplay လောကထဲဝင်ဖို့စိတ်အားထက်သန်လာခဲ့ပါတယ်။ အဲဒီပွဲမှာတွေ့ခဲ့တဲ့ ဓာတ်ပုံဆရာတစ်ယောက်က သူ့ကို Gravure Model လို့ခေါ်တဲ့ ယောက်ျားသားတွေစိတ်ဝင်စားရာ မပေါ့်တပေါ်ဝတ်စုံလေးတွေနဲ့ ဓာတ်ပုံမော်ဒယ်လုပ်ရင် ဝင်ငွေလမ်းဖြောင့်နိုင်တယ်ဆိုတာ အလင်းဖွင့်ပြခဲ့တဲ့နောက် ဒီလောကထဲ ထဲထဲဝင်ဝင်ရောက်သွားချိန်မှာတော့… တာမီအဖြစ် ပရိသတ်အသည်းကျော် Azi Acosta လေးက Costume တွေတစ်စုံပြီးတစ်စုံ ချွတ်လိုက်ဝတ်လိုက်နဲ့ အထူးသရုပ်ဆောင်ပြထားတာဖြစ်တဲ့အတွက် တာမီလေးနဲ့အတူစိတ်ကူးယဉ်ကြည့်လိုက်ကြရအောင်ပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.9GB, 1.55GB, 795MB Quality – 4K HEVC, 1080p, 720p Format – mp4 Duration – 1H 54Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

0 2024
[18+] Pantasya ni Tami
My House

Thriller/Horror အမျိုးအစားဖြစ်ပြီး အိမ်ကြီးတစ်လုံးထဲမှာပဲ ရိုက်ထားတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းဖြစ်ပါတယ် မိတဆိုးမလေး “ကာလာ” နဲဲ့ သူ့အဖေဖြစ်သူတို့နှစ်ယောက်တည်း အတူနေကြတယ် အဖေဖြစ်သူကလည်း လျှို့ဝှက်တတ်လွန်းပြီး အိမ်ကို တံခါးဂျက် အထပ်ထပ် လုံခြုံရေးအထပ်ထပ်နဲ့ထားပြီး ကာလာ့ကိုလည်း ဘယ်တော့မှ အပြင်ပေးမထွက်ပါဘူး သူ့အဖေစကားအရ သူ့အဖေက တချိန်က လူတစ်ယောက် ဓားထိုးခံရမှုကို မျက်မြင်သက်သေထွက်ဆိုခဲ့တယ် ဒါ့ကြောင့် ရာဇဝတ်သားတွေ သူတို့မိသားစုကို ရန်ပြုလာမှာစိုးရိမ်ပြီး အိမ်ပြောင်းနေခဲ့တယ် သမီးလေး ကာလာတစ်ယောက် ဗီဒီယိုကင်မရာတစ်လုံးနဲ့ပဲ တစ်အိမ်လုံးလျှောက်ရိုက်ပြီး အချိန်ကုန်လေ့ရှိပြီး… တစ်နေ့ သူ့အဖေ အပြင်သွားနေတုန်း သူတို့အိမ်ဝကို သူစိမ်းတစ်ယောက်ရောက်လာပြီးနောက်ပိုင်း ကာလာတစ်ယောက် သူသိထားသမျှတွေကို သံသယစပြီး ဝင်လာခဲ့တယ် အပြစ်ကင်းစင်တဲ့ကောင်မလေး ကာလာရဲ့ ဘဝကလည်း အိပ်မက်ဆိုးတစ်ခုလိုဖြစ်လာခဲ့ပြီး သူဘယ်လိုဆက်အဖြေရှာမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ File size…(1.6 GB)/(765 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Horror, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2023
My House
Chompy & the Girls
5.5

ဒီတစ်ခါ cm ပရိသတ်ကြီး အပျင်းပြေ ကြည့်ရှုလို့ရမယ့် Dark Humour & Horror ဟာသဇာတ်ကားလေး တစ်ကားဖြစ်တဲ့ Chompy and The Girls ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဂျက်ဆင်ဆိုတဲ့ ကောင်မလေးဟာ ဆေးစွဲနေပြီး စိတ်ဓာတ်ကျ၊ အထီးကျန်နေတဲ့သူ တစ်ယောက်ပါ။ အမေဖြစ်သူနဲ့လည်း ဆက်ဆံရေး အဆင်မပြေသလို အဖေကလည်း သူ့မှာ သမီးရှိတယ် ဆိုတာတောင် မသိထားပါဘူး။ တစ်နေ့တော့ ဂျက်ဆင်ဟာ စိတ်ကူးပေါက်ပေါက်နဲ့ ဖခင်ရင်းဖြစ်တဲ့ ဆမ်ကို မက်ဆေ့ကနေတစ်ဆင့် အသိပေးရင်း အပြင်မှာ ပထမဆုံး ဆုံဖြစ်ကြဖို့ ချိန်းလိုက်ပါတယ်။ သားအဖနှစ်ယောက် ပန်းခြံမှာ ထိုင်ပြီး မိတ်ဆက် စကားပြောနေရင်း… ပန်းခြံထဲမှာ လူကြီးတစ်ယောက်က ကလေးမလေးတစ်ယောက်ကို အရှင်လတ်လတ် မြိုချလိုက်တာကို တွေ့လိုက်ရတဲ့အခါမှာတော့…..။ သူတို့တွေ ဒီလူကြီးလက်ကနေ လွတ်အောင် ပြေးကြရင်း ကသိကအောက် အနေခက်နေတဲ့ ဖအေနဲ့သမီး ဆက်ဆံရေးကနေ ဘယ်လိုအလှည့် အပြောင်းတွေ ကြုံကြမလဲဆိုတာ ဟာသလေးတွေ နှောပြီး ရိုက်ကူး တင်ဆက်ထားပါတယ်။ File size…1.1GB / 491MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 29m Genre ….. Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2021
Chompy & the Girls
Journey of Love
8.9

A Journey of Love (2024) အစ္စလာမ်ကျမ်းစာနှင့်အလ္လာရှင်မြတ်ကို ကိုးကွယ်ယုံကြည်သူ အစ္စလာမ်ကျောင်းက အသက် ၂၀ အရွယ် ဆရာမလေး တီရာ(ဖာတီရာ)က သူ့ကိုသဘောကျနေတဲ့ သာမန်လူပေါ်ကြော့လေး ရေးဟန် အပေါ် တိတ်တခိုးမေတ္တာသက်ဝင်နေခဲ့ပါတယ်။ ဒါပေမယ့် ဘာသာတရားရဲ့ထိန်းကျောင်းပဲ့ပြင်မှုနဲ့ သူမရဲ့အနာဂတ်မှာ ပညာဆက်လက်သင်ကြားလိုခြင်းတို့ကြောင့် အချစ်ရေးကို ရှေ့တန်းမတင်နိုင်ဘဲ ရှိနေခဲ့ပါတယ်။ ဖာတီရာနဲ့နီးစပ်ဖို့အတွက် ရေးဟန်က ကျမ်းစာသင်ဖို့ သူမကျောင်းကို ရောက်လာခဲ့ပါတယ်။ ဖာတီရာရဲ့ဖခင်ဟာ သားဖြစ်သူရဲ့ကျန်းမာရေးကြောင့် သူငယ်ချင်းသူဌေးဖြစ်သူ ဆက်ရာထံမှာ အကြွေးတွေတင်နေခဲ့ပြီး ကိုယ်ပိုင်ကျောင်းတစ်ကျောင်း ဖွင့်ချင်နေသူလည်းဖြစ်ပါတယ်။ မိသားစုရဲ့ အခက်အခဲအကြပ်အတည်း၊ ဘာသာတရားကိုင်းရှိုင်းလွန်းတဲ့ ဖာတီရာတစ်ယောက် သူချစ်ရတဲ့ ရေးဟန်နဲ့ ပေါင်းဖက်နိုင်ဖို့ သူယုံကြည်အားကိုးထားတဲ့ အလ္လာရှင်မြတ်က ကူညီပေးနိုင်ပါ့မလား… ချစ်ကြသူနှစ်ဦးရဲ့ချစ်ခရီးလမ်းက ချောမွေ့နိုင်ပါ့မလား… ဒီဇာတ်ကားလေးက ၂၀၂၄ခုနှစ်မှာ အသစ်ထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်ကို အခြေခံကာရိုက်ကူးထားတဲ့ အင်ဒိုနီးရှားဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် (အညွှန်း နဲ့ ဘာသာပြန်ကတော့ Dao Phyo ပဲ ဖြစ်ပါတယ်) Genre….. Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.17GB | 653MB Format… mp4 Duration…. 2h 9min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

Comedy
8.9 2024
Journey of Love
Five Gold Rings
6.3

Five Gold Rings (2024) IMDb Rating (6.3) ဒီကားလေးကတော့ ခရစ်စမတ်အမီ ခရစ်စမတ် Theme ကားလေးပါ။ အော်ဒရေ ဆိုတဲ့ ပန်းချီဆရာမ မင်းသမီးလေးရဲ့ အဖွားဟာ ခရစ်စမတ်တိုင်းမှာ လူတွေရဲ့ ပျောက်နေတဲ့ ပစ္စည်းတွေကို ရှာပြီး ပြန်ပေးလေ့ရှိပါတယ်။ ခရစ်စမတ်တစ်နှစ်မှာတော့ သူ့ရဲ့ အဖွားဖြစ်သူက ဆုံးပါးသွားပြီ အော်ဒရေကို ပိုင်ရှင်ပြန်ပေးဖို့ ကွင်းငါးကွင်းနဲ့ သေတမ်းသာ ချန်ခဲ့ပါတယ်။ သူရဲ့ သူငယ်ချင်းဖြစ်တဲ့ အလွတ်စုံထောင် ဖင်န် နဲ့ အော်ဒရေတို့ ကွင်းငါးကွင်း ပိုင်ရှင်ကို ရှာပုံတော်ဖွင့်ရင်း ပိုင်ရှင်အပြင်တခြား ဘာတွေရောရှာတွေ့သွားမလဲဆိုတာကို ဒီခရစ်စမတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nikobaby ဖြစ်ပါတယ်။) File size…(1.3 GB) / (740 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Crime, Romance Duration….01:24:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nikobaby

6.3 2024 84 mins
Five Gold Rings
Birds of Passage
7.3

Birds of Passage (2018) *********************** ဒီဇာတ်ကားလေးဟာ ၁၉၆၀ နဲ့ ၁၉၈၀ ကြားလောက်က ကိုလံဘီယာမြောက်ပိုင်းမှာဖြစ်ပျက်ခဲ့တဲ့ ဝါရူးလူမျိုး မိသားစုတစ်စုရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်… ငယ်ငယ်ကတည်းက တစ်ကောင်ကြွက်အဖြစ်ကြီးပြင်းခဲ့ရတဲ့ ရာပါရက်ဟာ သူအမြဲတမ်းလိုချင်ခဲ့တဲ့ ကိုယ်ပိုင်မိသားစုတစ်စုလေးတည်ထောင်ချင်ခဲ့သူပေါ့… ဝါရူးလူမျိုးတွေဟာ မိသားစုသည်သာအရေးအကြီးဆုံးဖြစ်ပြီး ဘာအကြောင်းကိစ္စတွေပဲဖြစ်နေပါစေ မိသားစုအရေးသည်သာ ပထမဆိုတဲ့လူမျိုးစုဖြစ်ပါတယ်… ပြီးတော့သူတို့ဟာ သူတို့ရဲ့သေဆုံးသွားတဲ့အမျိုးတွေနဲ့ အိမ်မက်ထဲမှာ စကားပြောလို့ရနိုင်တယ်လို့ ယုံကြည်ကြတဲ့လူမျိုးတွေဖြစ်ပါတယ်…သူတို့ကို သေသူတွေ ဝိညာဉ်တွေကစောင့်ရှောက်တယ်ဆိုတဲ့ အယူအဆကိုလက်ကိုင်ထားတဲ့ အယူသည်းသူတဲ့လူမျိုးစုလည်း ဖြစ်တယ်… ဝါရူးလူမျိုးမဟုတ်ရင် ကျန်တဲ့သူတွေကို အပြင်လူလို့သတ်မှတ်ပြီး အယုံအကြည်ကင်းမဲ့တဲ့လူမျိုးတွေလည်း ဖြစ်တယ်… ရာပါရက်ဟာ ပါရှနာမိသားစုက ဇိုင်ဒါဆိုတဲ့ ကောင်မလေးကိုကြိုက်ပြီးတောင်းရမ်းခဲ့တယ်… သို့ပေမယ့် မိန်းကလေးရှင်တို့က တင်တောင်းဖို့ပြောတဲ့ပစ္စည်းတန်ဘိုးဟာ မြင့်မားလွန်းလှတယ်… သို့ပေမယ့် ရက်ပါရက်ဟာ ရရာနည်းလမ်းသုံးပြီး ရှာခဲ့ပါတယ်… ရက်ပါရက်တစ်ယောက်အောင်မြင်မလား…. ဒီလိုနဲ့ဆက်သွားပြီး ဘာတွေဖြစ်မလဲခံစားကြည့်လိုက်ပါဦး…. ဒီကားက မူးယစ်ကားလို့ပြောလို့ရသလို ဂိုဏ်းစတားဟန်တွေအများကြီးပါတယ်… အစပိုင်းမှာ အနည်းငယ်အေးသလိုဖြစ်လို့ နာရီဝက်လောက်ထိသည်းခံပြီး ကြည့်စေချင်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah Wah Theint ဖြစ်ပါတယ်… File Size : 2.13GB / 930MB Quality : BluRay 1080p / 720p Duration : 02:05:00 Genre : Crime, Thriller, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Heather Oo

Action • Crime • Thriller • Mystery
7.3 2018 125 mins
Birds of Passage
Then Chennai
7.9

Then Chennai (2024) ကိုယ်တိုင်ထုဆစ်ပုံဖော်မှု ကိုယ်မွေးဖွားလာရတဲ့ဘဝကို ရွေးချယ်ခွင့်မရှိပေမဲ့ ကိုယ်ကြီးပြင်းရမယ့်ဘဝကို ကိုယ်တိုင်ပုံစံချရမှာပါတဲ့။ ကိုယ့်ဘဝကို တိုးတက်အောင် ကြိုးစားရင်း၊ ကိုယ်ချစ်ခင်တဲ့သူတွေကို ပျော်ရွှင်စေ‌ရင်းနဲ့ပေါ့။ ဒေဗာရာဂျန်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့၊တစ်ကောင်ကြွက်၊ အိမ်ခြေရာမဲ့ဘဝမို့ လူရမ်းကားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူချစ်တဲ့မိန်းကလေးကို ရှာဖွေတွေ့‌ရှိချိန်ကစလို့ လူကောင်းတစ်ယောက်အဖြစ် ပြောင်းလဲသွားပါတော့တယ်။ ငွေကြေးပြီးပြည့်စုံမှုမရှိတာကလွဲ သားတစ်ယောက် သမီးတစ်ယောက်နဲ့ ပျော်ရွှင်နေတဲ့သူ့ဘဝကို အတိတ်ရဲ့အရိပ်မည်းက အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ အဲဒါကတော့ သူအရင်ရန်ညှိုးရှိဖူးသူက သူ့ဇနီးအသက်ကိုယူသွားခြင်းပါ။ သူဟာ ကလဲ့စားချေရမယ့်အစား သူ့မိန်းမရဲ့နောက်ဆုံးစကားအတိုင်း ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် တစ်နယ်တစ်ကျေးပြောင်းလို့ ဘဝသစ်မှာကြိုးစားပြီး ရှင်သန်သွားပါတယ်။ သူပြောင်းသွားတဲ့နေရာလေးဟာ ကမ်းရိုးတန်းငါးဖမ်းရွာလေးမို့ ငါးလုပ်ငန်းနဲ့အသက်မွေးကြတာပေါ့။ သူကတော့ စားသောက်ဆိုင်လေးဖွင့်ပြီး ကလေးနှစ်ယောက်နဲ့ အေးချမ်းစွာနေထိုင်နေပါတယ်။ သူ့သားနာမည် တိုနီကိုအစွဲပြုထားတဲ့ သူတို့ရဲ့စားသောက်ဆိုင်လေးဟာလည်း နာမည်ကျော်ကြား လူသိများလာပါပြီ။ ဒါဟာတိုနီစားသောက်ဆိုင်လေးရဲ့နောက်ကြောင်းရာဇဝင်ပါ။ မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်ပြောင်းလို့ ရွာကနေမြို့တွေတိုးချဲ့လာကြချိန်ကာလမှာ ‌ ဂျေဆန်ဟာ အင်အားကြီးအဖွဲ့အစည်းတစ်ခုမှာ ဘာအကြောင်းကြောင့်မှန်းမသိ ရောက်ရှိနေခဲ့ပါတယ်။ အဖွဲ့အစည်းရဲ့ ခိုးမှု၊ လူသတ်မှု၊ ဓားပြမှုတွေကို အမိန့်အတိုင်းလုပ်ဆောင်ရင်း တစ်နေ့မှာတော့ လမ်းမကြီးပေါ်မှာရှိတဲ့တိုနီဆိုတဲ့ စားသောက်ဆိုင်လေးကို ဓားပြတိုက်ဖို့ဖြစ်လာပါတော့တယ်။ သူဟာဒီလိုအမှုတွေမှာပါဝင်လာရတာကို မနှစ်သက်တော့ဘဲ အေးချမ်းစွာပဲ ဘဝကိုဖြတ်သန်းချင်တာပါ။ ဂျေဆန်ကဘာလို့ ဒီအဖွဲ့အစည်းထဲရောက်နေရတာလဲ၊ အဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်ကရောဘာလဲ၊ သူချစ်တဲ့သူတွေကို ဘေးကင်းအောင်ကာကွယ်ရင်း အေးချမ်းစွာနေထိုင်‌သွားနိုင်မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစား အဖြေထုတ်ကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Mystery • Fantasy • Comedy • Adventure
7.9 2024 122 mins
Then Chennai
Alice: Boy from Wonderland
7.7

Alice: Boy from Wonderland (2015) ********************************** ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးတို့ကို Love Next Door, Alchemy of Souls ထဲက မင်းသမီး Jung So-min, What comes after love ထဲမှ Hong Jong-Hyun တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၅ ခုနှစ်ထွက် Romance , Mystery , Horror ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ************* Hye-Joong(Jung So-min) ဟာ အသက် ၄နှစ်မတိုင်ခင်က အဖြစ်အပျက်တွေကို မေ့ပျောက်နေတဲ့သူ တစ်ဦးပါ။ ညတိုင်း အိပ်မက်ဆိုးတွေ မက်ပြီးတော့ ဆိုးဝါးလှတဲ့ အိပ်မက်ဆိုးတွေက လက်တွေ့ဘဝကိုပါ ထိခိုက်လာပြီးတော့ နတ်ဆရာမနဲ့ပါ တိုင်ပင်ပြီး အကြံဉာဏ်တောင်းရတဲ့ထိ ဖြစ်လာခဲ့ပါတယ်။ နတ်ဆရာမရဲ့ “ပျောက်ဆုံးနေတဲ့အရာတွေကို ရှာဖွေရမယ်” ဆိုတဲ့ ဟောကြားချက်အရ လွန်ခဲ့တဲ့ ၂၄နှစ်တုန်းက နေထိုင်ခဲ့တဲ့ Wonderland ဆိုတဲ့ဗီလာလေးကို ပြန်လာခဲ့ရပါတယ်။ Wonderland မှာ သူမကို စောင့်မျှော်ကြိုဆိုနေတဲ့သူကတော့ Hwan(Hong Jong-Hyun)နဲ့ ယုန်ဖြူလေးတစ်ကောင်ပဲဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ၁၅ရက်အတွင်း ကံကြမ္မာဆိုးကို ရှောင်ရှားဖို့အတွက် သူမနဲ့ Wonderland က ကောင်လေးတို့ ဘယ်လိုတွေ အဖြေရှာသွားမလဲ… ဘယ်လိုထိတ်လန့်စရာအကြောင်းတွေက နောက်ကွယ်မှာရှိနေတာလဲ… သူမ မမှတ်မိခဲ့တဲ့ အသက် ၄နှစ်မတိုင်ခင်က ဖြစ်ရပ်တွေကရော ဘာတွေလဲ…ဆိုတာကို ရင်ဖိုဖိုနဲ့ စိတ်ဝင်တစား နစ်မြောကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…1.5GB / 630MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 54m Genre ….. Mystery, Horror, Romance, Supernatural Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet

Comedy • Crime
7.7 2015 118 mins
Alice: Boy from Wonderland
All the President’s Men

၁၉၇၄ ခုန‌စ်မှာ ၃၇ ယောက်အမေရိကန်သမ္မတ Richard Nixon ကို ရာထူးမှနှုတ်ထွက်စေခဲ့ရတဲ့ scandal တစ်ခုက ၁၉၇၂ ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဝါရှင်တန်မြိုက ဝါးတားဂိတ်ဟိုတယ်မှာရှိတဲ့ ဒီမိုကရက်တစ်ဌာနချုပ်ကို လူ ၅ ယောက်ကဖောက်ထွင်းခဲ့တဲ့ Watergate Scandal ပါ။ ဖောက်ထွင်းမှုနဲ့စွဲချက်တင်ခံထားရလို့ ဖုန်းဆက်ခွင့်တောင်မရတဲ့ ဖောက်ထွင်းသူတွေမှာ ကိုယ်ပိုင်ရှေ့နေခေါ်ထားပြီးဖြစ်နေတာကနေစပြီး မသင်္ကာစရာ‌တွေကို ဝါရှင်တန်ပိုစ်သတင်းစာတိုက်က သတင်းထောက်နှစ်ဦးဖြစ်တဲ့ Carl Bernstein နဲ့ Bob Woodward တို့က ဆက်လက်စုံစမ်းရာကနေ ဘယ်သူမှမထိရဲတဲ့ကိစ္စတစ်ခုကို ရေမြေအဆုံးထိလိုက်ဖို့ ဖြစ်သွားတယ်။ ဇာတ်ကြောင်းက နိုင်ငံအရေးအတိဆိုပေမဲ့ Thriller, Mystery ပုံစံမျိုးနဲ့တင်ဆက်ထားတာပါ။ File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:18:00 Genre… Drama, History, Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Comedy • Action
0 1976 138 mins
All the President’s Men