YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The Silence of the Monster E04 CM.mp4

212.12 MB 720p video/mp4 43 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hibiscus Town
7.9

Hibiscus Town (1986) ================ IMDb Rating - 8.1/10 Hibiscus Town ဟာ ဟောင်ကောင် ထိုင်ဝမ် ပြည်မ သုံးခြမ်းပေါင်းက အကောင်းဆုံးရုပ်ရှင်တစ်ရာကို စာရင်းလုပ်ထားတဲ့ထဲက တစ်ကားအပါ အဝင်ဖြစ်တဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို ရိုက်ထားတဲ့ ဒါရိုက်တာက တရုတ် ပြည်မရဲ့ တတိယမျိုးဆက်ဒါရိုက်တာစာရင်းဝင် Xie Jin။ သူ့ကျန်တဲ့ကား တွေတော့ မကြည့်ဖူးပေမဲ့ ဒီကားအရတော့ အရောင်အသုံးတော့မတူပေ မဲ့ ဇာတ်တင်ဆက်ပုံတော့ ကျန်းရိမူနဲ့ တော်တော်လေး တူတယ်လို့တော့ ခံစားရတယ်။ တစ်ခုရှိတာက ကျန်းရိမူက မူရင်းဇာတ်ကို အမြဲချုံ့ပစ်တတ် ပေမဲ့ သူကတော့ အဲဒီလိုမဟုတ်လောက်ဘူး။ ကျန်းရိမူက ငါးဆက်မြောက် မျိုးဆက် သူက တတိယမျိုးဆက်ဆိုတော့ ကျန်းရိမူတို့ chen kaige တို့ ရိုက်ခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလ နောက်ခံရုပ်ရှင်မျိုးတွေကို သူရိုက်တာ ပိုစောတာတော့ သေချာတယ်။ ကျန်းရိမူကို ကြိုက်တဲ့လူတွေ ကြည့်သင့်တဲ့ကားမျိုးလို့တော့ ပြောလို့ရတယ်။ သူရိုက်တဲ့မူရင်းစာအုပ်က လည်း ဒီကားနဲ့ နာမည်အတူတူပဲ။ ဇာတ်က ဘာဇာတ်လဲဆိုရင်တော့ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ တရုတ်ပြည်က ရွာလေးတစ်ရွာကို နောက်ခံထားပြီး အဲဒီရွာလေးက ဘဝတွေ ဇာတ်တွေ ရိုက်ခတ်မှုတွေကို ပြထားတယ်။ မင်းသားကလည်း ကျန်းရိမူရဲ့ပထမဆုံးကားမှာ မင်းသားလုပ်ခဲ့တဲ့ In the Heat of the Sunတို့ The Sun Also Risesတို့ကို ဒါရိုက်တာအဖြစ်ရိုက်ဖူးတဲ့ တရုတ် ပြည်ရဲ့ ခြောက်ဆက်မြောက်ဒါရိုက်တာတွေထဲက Wen Jiang။ သို့ပေမဲ့ လည်း ဒီကားက ကျန်းရိမူကားတွေလိုပဲ မင်းသမီးအဓိကဇာတ်ပါပဲ။ ရှည် နေတာကလွဲ ကျန်းရိမူကားတွေနဲ့ ဇာတ်လမ်းတင်ဆက်ပုံတော်တော်တူ တယ်။ သူ့နောက်ခံထားတဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလကြောင့်လား တော့မသိဘူးပေါ့။ ဘာနေနေပါ တရုတ်ပြည်သုံးခြမ်းလုံးရဲ့ ကားပေါင်း ကုဋေချီထဲကမှ အကောင်းဆုံးတစ်ရာကို ပြန်ရွေးထုတ်တဲ့ထဲက တစ်ကား ဆိုတော့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(2.83 GB) / (816 MB) / (500 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........2Hr 44Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, History, Romance Translator.......WiRa Aung Encoder..........SWM

Adventure • History
7.9 1987 164 mins
Hibiscus Town
Just Go with It
6.7

Comedy ကားကောင်းတွေ ရှားပါးလာတဲ့အချိန်မှာ ၂၀၁၁ ခုနှစ်က ထွက်ရှိထားတဲ့ Comedy/Drama ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Grown ups, Big Daddy တို့ရဲ့မင်းသားကြီး Adam Sandler... Friends seriesက မင်းသမီး Jennifer Aniston... Battleship ဇာတ်ကားထဲက မင်းသမီးချောလေး Brooklyn Decker တို့နဲ့ဆိုတော့ တကယ့်ကိုကြည့်ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားလေးကတော့ လက်စွပ်လေးတစ်ကွင်းကြောင့် တစ်လောကလုံးဗြောင်းဆန်ကုန်တယ်လို့ပဲပြောရမှာပါ။ ပလက်စတစ်ဆာဂျရီပညာရှင် ‌ဒန်နီယယ်မက်ကာဘီးဟာ လက်ထပ်ခါနီးမှာ သူ့ဇနီးလောင်းကသူ့မကောင်းကြောင်းပြောနေတာကို ကြားခဲ့ရပြီး မင်္ဂလာပွဲပျက်ပြီး စိတ်ဒဏ်ရာရခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်သူဟာ လက်ထပ်လက်စွပ်ကို မစွန့်ပစ်လိုက်ပဲနဲ့ ကောင်မလေးတွေကိုလက်စွပ်ပြ၊ မိန်းမကနှိပ်စက်ကြောင်းပြော၊ မျက်ရည်ခြူတဲ့ စားဘဲကြီးလုပ်ပါတော့တယ်။ တစ်ရက်မှာတော့ သူတကယ်သဘောကျတဲ့ကောင်မလေးတွေ့ပေမယ့် သူ့လက်စွပ်အကြောင်းကိုအမှန်အတိုင်းမပြောချင်တဲ့အခါ လိမ်ပြောဖို့ ဉာဏ်နီဉာဏ်နက်တွေသုံးပါတော့တယ်။ သူ့ကိုကူပြီးလိမ်ပေးဖို့ သူ့လက်ထောက်လည်းမနေရ၊ သူ့လက်ထောက်ရဲ့သားသမီးတွေလည်းမနေရ၊ အဲဒီသားအမိတွေကလည်း အခွင့်အရေးရ‌တုန်း မွှေချလိုက်တော့ ဒန်နီတစ်ယောက် ပြဿနာတွေကြီးပါတော့တယ်။ ဒီလိုနဲ့ ဒန်နီက သူချစ်တဲ့‌ကောင်မလေးကိုရမလား၊ သူ့အလိမ်အညာ‌တွေပေါ်သွားမလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရယ်ရင်းမောရင်းကြည့်နေရမှာဖြစ်တဲ့အတွက် comedy ကားကြိုက်သူတွေ၊ စိတ်ညစ်နေတဲ့သူတွေကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…2.32GB / 1.03GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ..... Comedy , Raomance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Action
6.7 2011 117 mins
Just Go with It
Making Wolf's Path

Independent Film ဆန်ဆန် အမေရိကန်မှာထုတ်တဲ့ အီတလီစကားပြော ရုပ်ရှင်လေးပါ။ ရုပ်ရှင်ပွဲတော် တစ်ချို့မှာလည်း ဆုရထားပါတယ်။ အင်ဒီဖလင်လိုဖြစ်နေတယ်ဆိုတော့ ကြည့်ရတာတော့ ပဒေသာမဖြစ်ပေမဲ့ ဇာတ်လမ်းကတော့ တော်တော်လေး အချိုးအကွေ့တွေနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူ့နာမည်နဲ့ဆက်စပ်ပြီး ခေါင်းစွပ်နီမလေးနဲ့ မြေခွေးပုံပြင်ကို ထည့်သုံးသွားတာလေးလည်း မဆိုးပါဘူး။ စစချင်း သူက ကလေးတစ်ယောက် ပြန်ပေးဆွဲခံရတဲ့အမှုအတွက် မှားယွင်းစွပ်စွဲခံရတဲ့သူနဲ့ အဲဒီအမှုကိုကိုင်ခဲ့တဲ့ရဲအကြောင်း ဒိုကူမန်ထရီရိုက်ပြတဲ့ ရုပ်ရှင်သက်သက်လိုမျိုး ခံစားရအောင်ပြတယ်။ တဖြည်းဖြည်းနဲ့ ဇာတ်ကရုပ်လုံးပေါ်လာပြီးတဲ့နောက် ဒိုကူလိုလို တကယ့်အဖြစ်လိုလို အခန်းဖြတ်လေးတွေထည့်၊ ပြီးမှ ၂ခုကိုပေါင်းပြီး ဟာခနဲဖြစ်အောင်လုပ်သွားတဲ့ ဇာတ်ကြောင်းပြောပုံလေးနဲ့ ဇာတ်လမ်းလေးက တော်တော်တော့မဆိုးပါဘူး။ စုံထောက်ကားလိုလို အငွေ့အသက်လည်းရပါတယ်။ ကြည့်ပျော်တဲ့ အင်ဒီကားကောင်းလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 710MB Quality - 1080p, 720p Format - mp4 Duration - 1H 19Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Comedy • Drama
0 2022
Making Wolf's Path
Dear Zoe
6.2

9/11 (စက်တင်ဘာလ ၁၁ ရက်နေ့) US ရဲ့ မမေ့နိုင်တဲ့ ဝမ်းနည်းပူဆွေးစရာကောင်းသောနေ့ ... အဲ့နေ့မှာ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အမြွှာအဆောက်အဦးကို လေယာဉ်တစ်စင်း ဝင်တိုက်ခဲ့လို့ လူအများအပြား သေကြေပျက်စီးခဲ့ကြတယ်။ Dear Zoe ဆိုတဲ့ ဒီဇာတ်လမ်းလေးကတော့ အဲ့လို လူအများအပြား သေကြေပျက်စီးခဲ့တဲ့ 9/11 နေ့မှာ ဇိုဝီဆိုတဲ့ ကလေးမလေးတစ်ယောက် သေဆုံးခဲ့ရပြီး (9/11 ဖြစ်စဉ်ကြောင့်မဟုတ်) ကျန်ရစ်သူ မိသားစုဝင်တွေ အထူးသဖြင့် ကလေးမလေးရဲ့ အစ်မဖြစ်သူ တက်စ် (Sadie Sink) တစ်ယောက် ဘယ်လို စိတ်ဒဏ်ရာတွေနဲ့ ပူဆွေးခဲ့ရလဲဆိုတာကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ တက်စ် တစ်ယောက် သူ့ညီမလေး သေရတာ သူ့ကြောင့်ပါဆိုပြီး လိပ်ပြာမလုံ ဝမ်းနည်း ပူဆွေး စိတ်ဒဏ်ရာ ရတာတွေကို ဘယ်လိုများ ပြန်လည် ကုသနိုင်မလဲ? သူ့ညီမလေးကရော ဘယ်လိုပုံစံနဲ့ သေဆုံးသွားခဲ့တာလဲ? ဇာတ်လမ်းလေးကို အစအဆုံး ကြည့်ပြီး အဖြေရှာရင်း ခံစားကြည့်ရှုလိုက်ရအောင်ပါ။ Drama genre ကို နှစ်သက်သဘောကျတဲ့ ရုပ်ရှင်ချစ်သူတို့အတွက်တော့ ဒီဇာတ်ကားလေးဟာ မျက်ရည်ခြူမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ Stranger Things သရုပ်ဆောင် Sadie Sink ဟာ Taylor Swift ရဲ့ All Too Well Short Film မှာ အပီအပြင် သရုပ်ဆောင်ပြနိုင်ခဲ့သလို ဒီ Dear Zoe ဆိုတဲ့ ဇာတ်ကားလေးမှာလည်း ခံစားချက်အပြည့်နဲ့ ကြိုးစားထားတာကို တွေ့ရပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size          : 1.5GB, 654MB, 355MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 34mins Genre              : Drama Translated by Kit Encoded by Kinnov

Horror • Mystery • Science Fiction
6.2 2022 94 mins
Dear Zoe
Kaliwaan
5.8

18+ ဆိုပြီး အားရပါးရပြေးမငမ်းခင် တစ်ခုသတိပေးချင်တာက ဒီဇာတ်ကားက သတ်ခန်းဖြတ်ခန်း သွေးထွက်သံယိုတွေနဲ့ Thriller အမျိုးအစားလဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... ဘူဂီက သာမန်လူလတ်တန်းစားမိသားစုက မွေးဖွားလာပြီးကျောင်းတက်အလုပ်လုပ်နေဆဲလူငယ်တစ်ယောက်ဖြစ်ပြီး၊ သူ့မိဘတွေကတော့မုန့်တိုက်တစ်ခုဖွင့်ထားပါတယ်။ သူ့ကောင်မလေး မော်နီကာ ကတော့ အနှိပ်ခန်းတစ်ခုမှာ အလုပ်လုပ်ပြီး မကြာခဏငွေတောင်းကြမ်းတဲ့ အဒေါ်လောင်းကစားသမားကြောင့် ဒီဘဝက ရုန်းထွက်လွတ်မြောက်ဖို့ ကြိုးစားရင်း သံသရာလည်နေရသူပါ။ တစ်နေ့တော့ မော်နီကာကိုတစ်ဖက်သတ်ကြိတ်ကြိုက်နေတဲ့ ရာဂျီဆိုတဲ့လူတစ်ယောက်က အလုပ်ရှာပေး ငွေတွေနဲ့မက်လုံးပေးရင်း မော်နီကာရဲ့ကာမကိုရယူချိန်မှာ ဘူဂီတွေ့မြင်သွားခဲ့ပြီး ရုတ်တရက် ဖြစ်ပေါ်လာတဲ့ သဝန်တိုပူလောင်မှုနဲ့ ရာဂျီခေါင်းကိုခဲနဲ့ထုသတ်ဖို့ကြိုးစားပါတယ်။ မော်နီကာအဆွဲမြန်လို့ သေတဲ့အထိဖြစ်မသွားပေမယ့် အဲ့ဒါကြောင့်ပဲ ပြဿနာပိုကြီးဖို့ဖြစ်လာပါတော့တယ်။ ရာဂျီရဲ့မိသားစုဟာ သြဇာကြီး၊ ငွေကိုရေလိုသုံးပြီးတော့ သူတို့သားအတွက် ကလဲ့စားကိုရအောင်ယူမှာဖြစ်သလို၊ ဘူဂီရဲ့မိခင်ကလဲ သူ့သားအန္တရာယ်မကျရောက်စေဖို့ ဘူဂီဦးလေးဖြစ်သူရဲအရာရှိကိုအကူအညီတောင်းမိသွားတဲ့အခါ..။ ဘူဂီနဲ့မော်နီကာတို့တင်မက သူတို့ရဲ့မိသားစုတွေပါ ဒီပြဿနာအရှုပ်ထုပ်ထဲ ဘယ်လိုနစ်ကျွံဝင်သွားမလဲ? သူတို့အတွက်အဖြေ ဒါမှမဟုတ် ထွက်ပေါက်တစ်ခုကိုအချိန်မှီရှာတွေ့ကြမလားဆိုတာ ဆက်လက်ရှုစားကြပါ။ Vivamas Princess လို့ခေါ်ကြတဲ့ညှို့မင်းသမီးပေါက်စလေး AJ Raval နဲ့အတူ Vince Rillon "Siklo" (2022) တို့ဦးဆောင်ပါဝင်ထားပြီး မင်းသမီးအသစ်လေးတစ်ချို့ကိုလဲ မိတ်ဆက်ပြထားပါသေးတယ်။ စိတ်ညစ်ညူးစရာကောင်းအောင် ကြမ်းတမ်းရက်စက်တဲ့ နှိပ်စက်သတ်ဖြတ်ခန်းတွေ၊သာမန်လိင်ဆက်ဆံခန်းတွေတင်မက၊ Incest တွေ သီရိစံတွေပါ ပါဝင်တဲ့အတွက်မိသားစုနဲ့လုံးဝကြည့်လို့မရတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File Size : (1.5 GB) & (600 MB) Quality : WEB-DL 1080p & 720p Running Time : 01:52:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Alias Encoded by RGB

Drama • Romance
5.8 2022 111 mins
Kaliwaan
The Surprise Visit
5.2

ဒီတစ်ခေါက်မှာတော့ ငွေမရှိလို့ ကြံရာမရတဲ့အဆုံး သူငှေးအိမ်မှာ ဓားပြသွားတိုက်တဲ့ ကေစီ နဲ့ အန်နာဘဲလ်တို့အတွဲ အကြောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ကိုဗစ်ကာလအတွင်း လူတိုင်းဘေးကြပ်နံကြပ်ဖြစ်ပြီး အလုပ်အကိုင် တွေမရှိတော့တဲ့ထဲမှာ ကေစီနဲ့ အန်နာဘဲလ်တို့ကလည်း အပါအဝင်ပေါ့ သူတို့နှစ်ယောက်ကလည်း မူးယစ်ဆေးတွေသုံး ဘဝတွေပျက်ပြီး အန်နာဘဲလ်မှာ ကိုယ်ဝန်က‌လည်းရှိနေတော့ သူတို့ရဲ့ကလေးအနာဂတ် အတွက် ခေါင်းခြောက်နေကြရှာတယ်။ ကေစီကလည်း သူ့အဖေရဲ့ အလုပ် ရှင်ဆီမှာ အလုပ်လုပ်ဖို့ပြောတော့လည်း သူ့အဖေက သားဖြစ်သူရဲ့ အသုံး မကျမှုတွေကြောင့် မောင်းထုတ်ပလိုက်ရော။ အဲလိုနဲ့ ကေစီက လုံးဝမရတဲ့အဆုံး သူ့အဖေရဲ့အလုပ်ရှင် သူဌေးမအိမ်မှာ သွားခိုးမယ်ဆိုပြီး မိန်းမဖြစ်သူကို ဖြောင်းဖျတယ်။ သူ့မိန်းမက မလုပ်ချင်ဘူး အတင်းပြောပေမယ့်လည်း နောက်ဆုံးမှာတော့ သူတို့ရဲ့အနာဂတ်အတွက်ပဲ ရွေးချယ်လိုက်တော့တဲ့အခါ . . . ဇာတ်လမ်းက ရင်တမမနဲ့ ကြည့်ရမယ့် ပုံစံဖြစ်လို့ Thriller ကြိုက်တဲ့ CM ပရိတ်သတ်တွေအတွက်အကြိုက်‌တွေ့‌စေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(1.54 GB) / (760 MB) Quality............WebRip 1080p / 720p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Khant Sett Naing Encoder..........SWM

Horror • Thriller
5.2 2022 86 mins
The Surprise Visit
Fist Fight
6.1

၁၉၈၇ တုန်းကထွက်ရှိခဲ့တဲ့ Three O’Clock High ဆိုတဲ့ လူငယ်ဟာသဇာတ်ကားကို မှီ ငြမ်းပြီး ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အန်ဒီကန့်ဘဲလ်ဟာ အနေ အေးတဲ့ အထက်တန်းကျောင်း အင်္ဂလိပ်ဆရာတစ်ယောက်ဖြစ် ပြီး စီနီယာလုပ်ဖော်ကိုင်ဖက်တွေ ရဲ့ နောက်ပြောင်ကျီစယ်မှုတွေ၊ ဒုက္ခပေးမှုတွေကြားမှာ လိုက် လျောညီထွေဖြစ်အောင် ကြိုးစား နေထိုင်သူ တစ်ယောက်ဖြစ်ပါ တယ်။ အန်ဒီ အဲဒီလိုနေနေတဲ့ ကြားက တစ်ရက်မှာတော့ အခြေ အနေတွေက အဆိုးဘက်ကို ရောက်သွား ခဲ့ပါတယ်။ ဘာ ကြောင့်လဲဆိုရင် အန်ဒီကြောက် ရတဲ့ခပ်ဆိုးဆိုးဆရာတစ်ယောက် ကို အလုပ်ပြုတ်အောင် လုပ်မိသ လိုဖြစ်ခဲ့လို့ပဲဖြစ်ပါတယ်။ အဲဒီ ခပ်ဆိုးဆိုးပုဂ္ဂိုလ် ရွန်စထရစ်လန်း ဟာ ရှေးရိုးဆန်တဲ့ အလေ့အထ တွေကိုစွန့်လွှတ်ဖို့အတွက် အန်ဒီ ကိုကျောင်းပြီးချိန်မှာ မကျေပွဲဆင် နွှဲဖို့ စိန်ခေါ်ခဲ့ပါတယ်။ ဆရာနှစ်ယောက်ရဲ့ တိုက်ပွဲ ဟာ ကျောင်းသားတွေကြားမှာ ရော အွန်လိုင်းမှာပါ ပျံ့နှံ့သွားခဲ့ ပြီး လူစိတ်ဝင်စားစရာအကြောင်း အရာတစ်ခုဖြစ်ခဲ့ပါတော့တယ်။ နဂိုကတည်းက ကြောက်လည်း ကြောက်တတ်၊ အေးလည်းအေး တဲ့ အန်ဒီအဖို့ ဒီလိုစိန်ခေါ်မှုကြီး က အရမ်းထိတ်လန့်စရာတစ်ခု လည်းဖြစ်ပါတယ်။ အဲဒါနဲ့ အန်ဒီ ဟာ ဘယ်လိုတုံ့ပြန်တိုက်ခိုက်ရ မယ်ဆိုတာကို အခြားဆရာ၊ဆရာ မတွေဆီက အကြံတောင်းပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ပါတော့ တယ်။ ဒီကြားထဲမှာလည်း ရွန်စထ ရစ်လန်းရဲ့ ပြဿနာရှာမှုတွေ ကြောင့် အန်ဒီဒုက္ခရောက်ခဲ့ပြီး နောက်ဆုံးစိန်ခေါ်တဲ့နေ့မှာ ထိပ် တိုက်ရင်ဆိုင်မှာလား။ ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာတော့ ရယ်ရင်းမောရင်း ကိုယ်တိုင်သာ ဆက်ကြည့်လိုက်တော့နော်။ ရုပ် ရှင်ဝေဖန်သူတွေကတော့ စကား လုံးကြမ်းကြမ်းတွေသုံးထားလို့၊ ဆရာတွေက ဆယ်ကျော်သက် တွေလို ပြုမူလို့စသဖြင့် ဝေဖန် ထားမှုတွေတော့ ရှိထားပါတယ်။ ဒီဇာတ်ကားမှာ အန်ဒီကန့် ဘဲလ်အဖြစ် ချာလီဒေး၊ ရွန်စထ ရစ်လန်းအဖြစ် အိုက်စ်ကျူဘ်၊ မစ္စမိုနက်အဖြစ် ခရစ္စတီးနား ဟန် ဒရစ်စတဲ့ သရုပ်ဆောင်တွေပါဝင် ထားကြပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ (http://www.7daydaily.com) မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ Khin Pyae Sone Kyaw ပဲဖြစ်ပါတယ်) File Size : (680 MB) and (350 MB) Quality : Bluray 720p Running Time : 1hr 31minutes Format : Mp4 Genre : Comedy  Translated By Khin Pyae Sone Kyaw Encode By Thanhtike Zaw

Crime • Drama • Mystery
6.1 2017 91 mins
Fist Fight
Crossing Hennessy
6.3

Crossing Hennessy (2010) Lust Caution, Decision to Leave, Long Day’s Journey into Night နဲ့ The Golden Era တို့လို ကားကောင်းတွေမှာရော တခြားရုပ်ရှင်တွေမှာပါ ပါခဲ့ပြီး သရုပ်ဆောင်လည်း တော်တော်ပြောင်မြောက်သလို ပီယဓာတ်လည်း အပြည့်အဝရှိတဲ့ ထျန်းဝေနဲ့ Days of Being Wild ထဲက ဇာတ်ကောင်နဲ့ တရုတ်ရဲ့အကောင်းဆုံး ပါဖောမင့်န်ဆယ်ခုထဲက တစ်ခုမှာစာရင်းဝင်ထားတဲ့၊ ဝေါင်ကာဝေးတို့ ဂျွန်ဝူးတို့လို ဆရာကြီးတွေနဲ့ ဇာတ်ကားတွေရိုက်ဖူးတဲ့၊ Four Heavenly Kings of Hong Kong pop music လို့ခေါ်တဲ့ ဟောင်ကောင်ပေါ့ဂီတနတ်မင်းကြီးလေးပါးထဲက တစ်ယောက်ဖြစ်တဲ့ ဂျက်ကီချောင်တို့ တွဲဖက်ပါဝင်ထားတဲ့ ရိုမန့်ကားလေးပါ။ ဒါရိုက်တာကတော့ ဟောင်ကောင်မာစတာပိစ်ကားတစ်ကားဖြစ်တဲ့ Comrades: Almost a Love Story ရဲ့ ဇာတ်လမ်း ဇာတ်ညွန်းရေးသားခဲ့တဲ့ Ivy Ho ဆိုတဲ့စာရေးဆရာမတဖြစ်လဲ ဒါရိုက်တာပါ။ ဒီကားမှာတော့ သူရေးလည်းရေး ရိုက်လည်း ရိုက်ထားပါတယ်။ ဇာတ်လမ်းကတော့ ဟောင်ကောင် ရိုမန့်ဟာသကားပီပီသသပဲ။ ခွီရတာတွေလည်းရှိသလို အေးအေးလေးနဲ့ကို ကြည့်ကောင်းပါတယ်။ ဂျက်ကီချောင်က အသက်လေးဆယ်သုံးအထိ မိန်းမမရသေးတဲ့၊ မနက်ဆိုလည်း အဒေါ်သေအောင်နှိုးမှ နိုးတဲ့၊ ဘာအလုပ်မှမလုပ်တဲ့ သူဌေးသားစောက်ပျင်းကောင်။ ထျန်းဝေကတော့ အဖေနဲ့အမေသေသွားလို့ ဦးလေးဆိုင်မှာ အလုပ်ကူလုပ်ရင်းနေနေတဲ့ ကလေးမလေး။ သူတို့၂ယောက်ကို နှစ်ဖက်မိဘတွေက ကြင်ဖက်တွေ့ပေးပြီး ပေးစားဖို့ကြံပေမဲ့ ထျန်းဝေမှာလည်း ရည်းစားရှိနေ၊ ဂျက်ကီချောင်မှာကလည်း ဘဝထဲပြန်ဝင်လာတဲ့ ရည်းစားဟောင်းရှိနေတယ်။ ဒီလိုကနေ နဖူးစာရွာလည်ရင်း ဘာတွေဆက်ဖြစ်မလဲကြည့်ကြရမှာပါ။ ထူးတာက ထျန်းဝေက ဒီကားထဲမှာ တော်တော်လေးချစ်ဖို့ကောင်းပါတယ်။ သူနဲ့တင် ဒီဇာတ်လမ်းက တန်ကိုတန်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 960MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 45Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama • History
6.3 2010 105 mins
Crossing Hennessy
The Great Escaper
7.2

ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတဲ့ The Great Escaper ရုပ်ရှင်မှာ မင်းသားကြီး Michael Caine က ဒုတိယကမ္ဘာစစ် D-Day မှာပါဝင်တိုက်ခိုက်ခဲ့တဲ့ ရေတပ်သားကြီး Bernard Jordan နေရာကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ အဓိကဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ Michael Caine နဲ့ မင်းသမီးကြီး Glenda Jackson တို့ရဲ့ နောက်ဆုံးရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။ မင်းသမီးကြီး Glenda Jackson ဟာ သူမရဲ့ဇာတ်ဝင်ခန်းများရိုက်ကူးပြီး ကိုးလအကြာမှာ ကွယ်လွန်သွားခဲ့ပြီး မင်းသားကြီး Michael Caine ကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာမှာ ရိုက်ကူးရေးကနေအနားယူလိုက်ပြီဖြစ်ပါတယ်။ ဇာတ်လမ်းအနှစ်ချုပ် ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတော်ဝင်ရေတပ်မှာ အမှုထမ်းခဲ့တဲ့ အသက် ၈၉ နှစ်အရွယ် စစ်ပြန်ကြီး Bernard Jordan ဟာ ပြင်သစ်နိုင်ငံမှာပြုလုပ်တဲ့ နော်မန်ဒီကမ်းတက်တိုက်ပွဲ နှစ် (၇၀) ပြည့်အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်လိုတဲ့အတွက် သူနေထိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာကနေ ခိုးထွက်လာခဲ့ပါတယ်။ အဘိုးအိုကြီးတစ်ယောက်တည်း အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီး ပြင်သစ်နိုင်ငံကိုထွက်လာခဲ့တဲ့သတင်းဟာ လူမှုကွန်ယက်နဲ့သတင်းဌာနတွေမှာ နေ့ချင်းညချင်းနာမည်ကျော်သွားပေမယ့် သူဘယ်ရောက်နေတယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး။ အောက်မေ့ဘွယ်အခမ်းအနားတက်ရောက်ဖို့လာတာဆိုပေမယ့် စစ်မှုထမ်းဟောင်းကြီးမှာ တခြားလုပ်စရာကိစ္စလေးတွေလည်းရှိနေသလို ကမ္ဘာစစ်ကြီးပြီးကတည်းက စိတ်အာရုံမှာ မကြာခဏခြောက်လှန့်နေတဲ့ ကိစ္စတစ်ခုကို ဖြေရှင်းတဲ့ဆန္ဒလည်းရှိပါ သေးတယ်။ ဒီလိုစွန့်စားခန်းဖွင့်နေချိန်မှာပဲ ဂေဟာမှာကျန်ခဲ့တဲ့ ဇနီးသည်ကျန်းမာရေး ချွတ်ယွင်းလာတာကို မသိသေးတဲ့ စစ်မှုထမ်းဟောင်းကြီးဟာ သူလုပ်စရာရှိတာကိုသာ သဲကြီးမဲကြီးအာရုံစိုက်နေရာက ဘဝတူစစ်ပြန်ကြီး Arthur ရဲ့အကူအညီကြောင့် မမျှော်လင့်ထားတဲ့နေရာကို ရောက်ခဲ့ပါတော့တယ်။ ခရီးသွားဟန်လွဲဆုံရတဲ့ Arthur ရဲ့ နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိမလဲ၊ Bernard သူရည်မှန်းထားတာတွေ အားလုံးလုပ်နိုင်ပါ့မလား။ သူတွေ့ချင်တဲ့အရာတွေနဲ့တွေ့နိုင်ပါ့မလား၊ ကျန်ရစ်ခဲ့တဲ့ ဇနီးသည်ရဲ့ ကျန်းမာရေးအခြေအနေဟာ ပြန်ရောက်တဲ့အထိ အသက်ရှည်ပါ့မလားဆိုတာ IMDB 7.2, Rotten Tomato 79% ရထားတဲ့ The Great Escaper ရုပ်ရှင်ဇာတ်ကားနဲ့ အတူစီးမျောရင်းခံစားသက်ဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ File size…1.28GB / 499MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by miyamoto

7.2 2023
The Great Escaper
Suka
3.2

ဘိုးဘေးဘီဘင်လက်ထပ်ကတည်းက ရန်ငြိုးကြီးလာတဲ့ဂိုဏ်းနှစ်ခုအကြားက ရိုမီယို ဂျုလိယက်လို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ တရုတ်အက်ရှင်ကားဖြစ်ပါတယ်။ အိုးလ်ရေးဗားလို့အမည်ရတဲ့ လမ်းတလျှောက်မှာ ဒါဝုဂိုဏ်းနဲ့ ယန်းဂိုဏ်းတို့ဟာ ဈေးဆိုင်တွေကို ဆက်ကြေးတောင်း ပိုင်နက်လုတဲ့နေရာမှာ အားပြိုင်နေကြပါတယ်။ ဒီဂိုဏ်းတိုက်ပွဲဟာ ဒါဝုဂိုဏ်းရဲ့ခေါင်းဆောင်အသတ်ခံလိုက်ရအပြီးမှာတော့ တင်းမာမှု ပိုမိုမြင့်တက်လာခဲ့ပါတယ်။ ဒါဝုဂိုဏ်းက ဝါစီယာဟာ သမီး‌ဖြစ်သူရဲ့လုံခြုံရေးအတွက် အဝေးတစ်နေရာမှာ ပညာသွားသင်ဖို့လွှတ်လိုက်ပါတယ်။ ဒီလိုနဲ့ ဝါစီယာရဲ့သမီးဖြစ်သူ ဟွေ ဟာ အရွယ်ရောက်လာတဲ့တစ်နေ့မှာ အမေဖြစ်သူကိုတွေ့ဖို့ မွေးဖွားရာဇာတိမြို့က အိုးလ်ရေးဗားလမ်းကိုပြန်လာခဲ့တဲ့နောက်မှာ မထင်မှတ်ထားတဲ့ အချစ်ဇာတ်လမ်းကိုကြုံလိုက်ရပြီး ဒီအချစ်ဇာတ်လမ်းရဲ့ အကျိုးဆက်ကတော့ သွေးချောင်းစီးဖို့အကြောင်းဖန်လာတဲ့အခါမှာ…… File size…(1 GB)/(582 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:42 Genre…Action, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

3.2 2023
Suka
Hummus Full Trailer

အားလုံးပဲ မင်္ဂလာပါ ဒီတစ်ခါမှာတော့ အရင်ကကားတွေနဲ့မတူတဲ့ရသပေးနိုင်တဲ့ကားသစ်လေးတစ်ကားတင်ဆက်သွားမှာပါ ဒီကားလေးကို ဒါရိုက်တာ Adam Kobrovskyနဲ့ Nimrod Reshef ဒါရိုက်တာနှစ်ယောက်က ရိုက်ကူးထားတာပဲ ဖြစ်ပြီး IMDb 7ရရှိထားတဲ့ ကားကောင်းလေးတစ်ကားပါ ဒီကားက ဇာတ်လမ်းအကျဉ်းလေးကတော့ အစ္စရေးကိုခိုးဝင်တဲ့ နောက်တွဲယာဉ်သုံးတွဲမှားသွားတဲ့ အခါမှာ ဖြစ်ပေါ်လာတဲ့ ကိစ္စတွေကို ဟာသနှောတင်ပြထားတာပဲဖြစ်ပါတယ် မင်္ဂလာဆောင်တော့မဲ့ မာဖီးယားဂျူးလူမျိုးရယ် ဂေးစုံတွဲရယ် ဒုစရိုက်လောကဆရာမကြီးရှင်းရစ်ရယ် သုံးဖွဲ့သား အလွှဲတွေနဲ့ ဘယ်လိုခရီးဆက်ကြမလဲ ဒီယာဉ်သုံးတွဲမှာ ဘာပစ္စည်းတွေပါလာမှာလဲ ဘယ်လိုလူတွေနဲ့ တွေ့ကြံုရမလဲဆိုတာကို ဇာတ်အလှည့်အပြောင်းများစွာနဲ့ စိတ်ဝင်တစား ကြည့်ရှုနိုင်မဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ဟာသအက်ရှင်ကားကြိုက်တဲ့ ပရိသတ်​ကြီးအတွက် ညွှန်းပေးလိုက်ပါတယ်နော် ဇာတ်လမ်းအကျဉ်းရေးသားသူ April Snow File size…(1 GB) Quality….Webrip 720p Format…mp4 Duration….01:32:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by April Snow

Horror • Comedy
0 2022
Hummus Full Trailer
Invisible Alien
6

ဒီတစ်ခါတော့ CMကနေ သိပ္ပံဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါ ဇာတ်ကြောင်းလေးကတော့… လူသားတွေဟာ Messenger လို့အမည်ရှိတဲ့ ဂြိုလ်တုကနေ အချက်ပြချက်ရရှိခဲ့ပြီး အဲ့ဒီဂြိုလ်တုမှာ ဉာဏ်ရည်မြင့်သက်ရှိတွေ ရှိနေနိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ် ဒါကြောင့် အနက်ရှိုင်းဆုံးအာကာသယာဉ်ဟာ Messenger ဆီသို့ သုသေသနလုပ်ဖို့ ရွက်လွင့်သွားခဲ့ပါတော့တယ် အနက်ရှိုင်းဆုံးအာကာသယာဉ်က Messenger ဂြိုလ်တုအတွက် ၇၁နှစ်ကြာရွက်လွင့်ပြီး ကမ္ဘာမြေသို့ ပြန်ရောက်ချိန်မှာတော့ ဝန်ထမ်းပေါင်း ၉၃ယောက်ထဲမှ ယင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ပဲ ပြန်ပါလာခဲ့ပါတယ် အဲ့ဒီအချိန်မှာ…ယင်က လူသားတွေကို သူတို့ယာဉ်ပေါ်မှာ ဘာတွေဖြစ်ခဲ့ပြီး ဘယ်လိုသက်ရှိမျိုးတွေနဲ့ ကြုံခဲ့ရတဲ့တာကြောင့် သူတစ်ယောက်တည်း ကမ္ဘာမြေကို ပြန်ရောက်လာတာလည်းဆိုတာ တဆင့်ချင်းစီ ပြန်လည်ရှင်းပြပေးသွားမှာမို့လို့ ဇာတ်လမ်းလေးကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ

6 2021 63 mins
Invisible Alien
Vijay LL.B: The Advocate

Vijay LLB the Advocate (2024) တရားမျှတမှုအတွက် မဆုတ်မနစ်သော တိုက်ပွဲ မျက်စိတစ်မှိတ်အတွင်းမှာ ကျူတာကနေလူသတ်တရားခံအဖြစ်ရောက်သွားတဲ့ ကံဆိုးသူဗန်ဒန် ကောလိပ်ဆရာတစ်ယောက်လုပ်နေပြီး ကျောင်းသားကို သတ်လိုသေဒဏ်ကျခံခါနီးလူတစ်ယောက် သူ့ကို စွပ်စွဲထားတဲ့ သက်သေတွေကတော့ လွတ်မြောက်ဖို လမ်းမမြင်တဲ့အထိ ခိုင်မာလွန်းနေပါတယ် အဖြစ်အပျက်တွေက မြန်ဆန်လွန်းပြီး နားလည်နိုင်ဖိုခဲယဉ်းတာကြောင့် ရေရေရာရာတောင်မပြောနိုင်တော့တဲ့ သနားဖွယ်လူတစ်ယောက် သူ့ဘေးမှာတော့ သူ့လိုပဲ တရားဥပဒေကို မြတ်နိုးတဲ့ ငယ်သူငယ်ချင်းရှေ့နေဗီဂျေးရှိပါတယ် ငယ်သူငယ်ချင်းရဲ့အပြစ်မဲ့ကြောင်းကိုသက်သေပြဖို ဗီဂျေးက မတရားမှုတွေနဲ့ ဖုံးလွှမ်းနေတဲ့ လျှိဝှက်ကမ္ဘာထဲကို နက်နက်ရှိင်းရှိင်း တိုးဝင်ရဖိုအနေအထားဖြစ်လာတယ်ပေါ့ အာဏာရဲ့ အရိပ်မည်းတွေ၊ ငွေကြေးရဲ့ လှည့်ကွက်တွေနဲ့ လိမ်လည်မှုတွေရဲ့ ပိုက်ကွန်ကြားမှာ ဗီဂျေးတစ်ယောက် ဘယ်လိုရုန်းကန်မလဲ တရားမျှတမှုကို ဖော်ထုတ်ဖို သူ့ရဲ့ခရီးလမ်းဟာ ဘယ်လောက်အထိခက်ခဲပြီး အန္တရာယ်များမလဲ သူ့ရဲ့ဆုံးဖြတ်ချက်တစ်ခုချင်းစီဟာ သူ့အသက်ကိုပါ ရန်ရှာလာနိုင်တဲ့အခါ… “Vijay LLB the Advocate” ဆိုတဲ့ရုပ်ရှင်က ကြည့်ရှုသူတွေကို ထိုင်ခုံမှာ ကပ်ထားစေမယ့် ရာဇဝတ်မှု ဇာတ်ကားကောင်းတစ်ကားပါ ရှေ့နေဗီဂျေးရဲ့ မဆုတ်မနစ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ တရားရုံးရဲ့ တင်းမာလှတဲ့ အခြေအနေတွေနဲ့ မမျှော်လင့်ထားတဲ့ လှည့်ကွက်တွေက အဆုံးအထိ စိတ်လှုပ်ရှားစေမှာ အသေအချာပါပဲ တရားမျှတမှုအတွက် အားလုံးကို စွန့်လွှတ်ပြီး တိုက်ပွဲဝင်မယ့် ရှေ့နေဗီဂျေးနဲ့အတူ ဒီခရီးလမ်းကို လိုက်ပါဖို အဆင်သင့်ဖြစ်ကြရင်တော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် ( အညွှန်းကိုတော့ Yunni ကရေးသားထားပြီး ဘာသာပြန်တွေကတော့ Yunni ~ Cym ~ ToMo ~ Zwe ~ KKKZ တိုပဲဖြစ်ပါတယ် )

History • Drama
0 2024
Vijay LL.B: The Advocate
We Were Soldiers
7.2

We Were Soldiers (2002) IMDb Rating (7.2)/ Ritten Tomatoes (63%) အကောင်းဆုံး စစ်ပွဲ‌နောက်ခံ ဇာတ်ကားတွေအကြောင်း ပြောကြတဲ့အခါ မင်းသားကြီး Mel Gibsonရဲ့ We were Soldiers ကလည်း မပါမဖြစ်တဲ့ ဇာတ်ကားတစ်ခုပါပဲ။ ဗီယက်နမ်နဲ့ အမေရိကန်တို့ စစ်မက်ဖြစ်ပွားခဲ့တဲ့ ၁၉၆၅ ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအကြောင်းကို ပြောရရင် စစ်ဗျူဟာတွေ၊ အနိဋ္ဌာရုံတွေဦးစားပေးထားတာမျိုး မဟုတ်ဘဲ အမေရိကန်စစ်သားတွေရဲ့ ဘဝနဲ့ခံစားချက်၊ ခေါင်းဆောင်တစ်ဦးရဲ့တာဝန်နဲ့ ဝတ္တရား‌တွေ၊ အမိမြေမှာကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ ပူဆွေးသောကနဲ့ဂုဏ်ယူစိတ်တွေစတဲ့ စိတ်ခံစားချက်တွေကို အသားပေးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးစစ်ကားတွေဆိုတာ စစ်ပွဲအကြောင်းထက် စစ်ဆိုတာကို ကြောက်တတ်လာအောင် ဖန်တီးပေးစမြဲဆိုတဲ့ စကားအတိုင်းပဲ ဒီရုပ်ရှင်ကလည်း စစ်ရဲ့ဆိုးရွားပုံတွေကို ထင်ထင်ရှားရှား ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်-ဗီယက်နမ်စစ်ပွဲအတွင်း အမှတ်၇ လေသူရဲတပ်ကို ဦးဆောင်ရတဲ့ ဗိုလ်မှူးဟယ်မိုးနဲ့တပ်ဖွဲ့ဟာ မထင်မှတ်ထားဘဲ ဗီယက်နမ်နိုင်ငံရဲ့စစ်တပ်ကြီးတစ်ခုလုံး အခြေစိုက်ထားတဲ့ နယ်မြေထဲကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပါတယ်။ အဲဒီနေရာကတော့ လွန်ခဲ့တဲ့၁၁နှစ်က ပြင်သစ်စစ်သားတွေ အစုပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ လာဒရောင်ဒေသ ဖြစ်နေတာပါ.. အင်အားချင်းမမျှသလို အဘက်ဘက်က ပိတ်ဆို့ခံရပြီး ညှပ်တိုက်ခံနေရတဲ့ ဗိုလ်မှူးကြီးဟယ်မိုးနဲ့ တပ်ဖွဲ့အနေနဲ့ ဒီလိုအကျပ်အတည်းကနေ ဘယ်လိုလွတ်မြောက်အောင်ရုန်းကန်ကြိုးစားသွားမလဲ၊ အဲဒီတိုက်ပွဲက ဘယ်လောက်ပြင်းထန်ခဲ့လဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို JimX မှ တင်ဆက်ထားပါတယ်။)

Action • Adventure • Thriller
7.2 2002 138 mins
We Were Soldiers