YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Sign.UNCUT.S01E04.1080p.CM.mp4

915.82 MB N/A video/mp4 52 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Samsara
7.4

ကားနာမည်ကိုက သံသရာဆိုတော့ သိတော့သိသာပါတယ်။ ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အတိအကျဆို တိဘက်ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အဓိကဇာတ်လိုက်က တိဘက်က ကိုယ်တော်တစ်ပါး။ ထူးတာက ဇာတ်ကတော့ ဒီကိုယ်တော်ကိုပဲ တည်ထားပေမဲ့ အဲဒီကိုယ်တော်ကို သိဒ္ဓတ္ထမင်းသားရဲ့ ပုံစံငယ်လိုလိုသဘောမျိုးနဲ့ပြသွားတယ်။ ပုံစံငယ်လို့ပြောရတာလည်း သိပ်တော့မဟုတ်သေးဘူး။ ပြောရရင် သိဒ္ဓတ္ထမင်းသားနဲ့ ခပ်ဆင်ဆင်အဖြစ်မျိုးတွေ ဒီကိုယ်တော်ဘဝထဲ သွတ်သွင်းပြီး ပြသွားတယ်ပေါ့။ ဒီတစ်ကားလုံးရဲ့ Main Plot ဟာလည်း ဒီကိုယ်တော်ရဲ့ သံသရာကလွတ်မြောက်ရာရှာခြင်းခေါ်မလား၊ ဉာဏ်အလင်းရှာခြင်းခေါ်မလား၊ အာသဝက္ခယဉာဏ်ကို ရှာတယ်ခေါ်မလား၊ အဲဒီအရာကို ရှာတဲ့ အကြောင်းအရာပဲ။ " ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ " ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ဟာ သူ့ခြေသည်းတွေကြား ကျောက်ခဲတစ်ခဲကို သုတ်ထားတယ်။ တစ်နေရာအရောက်မှာ ငှက်ဟာ လေပေါ် ခဏတန့်ရင်း ကျောက်ခဲကို ပစ်ချလိုက်တယ်။ အဲဒီကျောက်ခဲဟာ ဆိတ်ရဲ့ ခေါင်းပေါ်တည့်တည့်ကျပြီး ဆိတ်သေသွားတယ်။ ဒါ ဇာတ်လမ်းရဲ့အစပဲ။ ဒီနောက် ဘုန်းကြီးတစ်ဖွဲ့ဟာ ဂူပိတ် ကမ္မဋ္ဌာန်းထိုင်နေတဲ့ ကိုယ်တော်တစ်ပါးကို သွားပင့်ကြတယ်။ ကိုယ်တော်ဟာ အဲဒီဂူထဲ သုံးနှစ်တာလုံး ကမ္မဋ္ဌာန်းထိုင်ပြီးခဲ့ပြီ။ ကိုယ်တော်ကိုပင့်ပြီး လားမားကျောင်းတော်ကို ပြန်ခေါ်လာကြတယ်။ သိပ်မကြာလိုက်ပါဘူး။ ကိုယ်တော်ဟာ ရွာတစ်ရွာက ကောက်ရိတ်သိမ်းပွဲကိုသွားဖို့ အကြောင်းဖန်လာပြီ။ ရေစက်လို့ပဲဆိုဆို ဝဋ်ကျွေးလို့ပဲဆိုဆို ကိုယ်တော်ဟာ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံဖို့ အကြောင်းဖန်လာခဲ့ပြီ။ အဲဒီညမှာ ကိုယ်တော်ဟာ မိန်းမလှလေးရဲ့ အထိအတွေ့ကို အိပ်မက်မက်တယ်။ ဒီလိုနဲ့ ကျောင်းကို ပြန်လာခဲ့ပေမဲ့ ကိုယ်တော့်စိတ်ထဲ ဒီအိပ်မက်က တွယ်ငြိနေတုန်းပဲ။ ဒီလိုနဲ့ ကိုယ်တော်ဟာ သူ့ဆရာကို ဗုဒ္ဓဟာ သက်တော် ၂၉မှ တောထွက်ခဲ့တဲ့အကြောင်း၊ လောကီကို စွန့်လွှတ်ဖို့ လောကီမှာ အရင်ကျင်လည်ဖူးရမယ်ထင်ကြောင်း ပြောလာတယ်။ ဒီမှာ သူ့ဆရာက သူ့ကို လောကီဘောင်ထဲ သွားဖို့ ခွင့်ပြုလိုက်တယ်။ သူ့အိပ်မက်ဟာ အိပ်မက်မဟုတ်ကြောင်းလည်း ပြောပြလိုက်တယ်။ ဒီလိုနဲ့ ကိုယ်တော်ဟာ လူဝတ်လဲပြီး မိန်းမလှလေးရှိတဲ့ ရွာဆီ ထွက်ခွာလာခဲ့တယ်။ ဒီကနေမှ ဘုန်းကြီးလူထွက် လောကီဘောင်မှာ ကြုံရတဲ့ တဏှာတွေ၊ လောဘတွေ၊ ဒေါသတွေအကြောင်းကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ လိင်ဆက်ဆံခန်း ၃ ၄ခန်း သုံးထားသလို သုံးထားသမျှ အခန်းတွေကလည်း တော်တော်လေး ကွက်ကွက်ကွင်းကွင်းဖြစ်တယ်။ ထူးတာက သုဇာတာပဲ။ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာကို ဗုဒ္ဓဝင်ကို တီးမိခေါက်မိရှိရုံနဲ့တင် မသိသူမရှိပါဘူး။ ဒီမှာကျ သုဇာတာဆိုတဲ့ အမည်ကို သူရင်းငှားကုလားမလေးကို ပေးထားတယ်။ အဲဒီကုလားမလေးနဲ့ သူနဲ့ဖောက်ပြန်ခဲ့ခြင်းကလည်း သူ့ဉာဏ်အလင်းပွင့်မှုအတွက် အခရာကျတဲ့ တစ်ချက်လို့ပြောလို့ရတယ်။ သူ့ဆီကနေမှ မောဟ စဖြစ်လာတယ်ပြောလို့ ရလောက်တယ်။ တစ်ညမှာ သိဒ္ဓတ္ထမင်းသားက ယသောဓရာနဲ့ ရာဟုလာကို စကားတစ်ခွန်းမှမဆိုဘဲ ချန်ရစ်ခဲ့သလို သူလည်း ထိုနည်းလည်းကောင်းပဲ ထွက်ခွာလာခဲ့တယ်။ သံသရာကြီးတစ်ပတ်လည်ရင်း စမှတ်ကို ပြန်ရောက်သွားခဲ့တယ်။ သူဘုန်းကြီးပြန်ဖြစ်သွားပြီး တစ်နေ့ကျ သူ့မိန်းမရောက်လာတယ်။ သူစပြောတဲ့စကားက " ယသောဓရာ " တဲ့။ " ရှင် အဲဒီနာမည်ကို ကြားဖူးလား " တဲ့။ " သိဒ္ဓတ္ထမင်းသား ဂေါတမ သကျမုနိ ဗုဒ္ဓ လူတိုင်း အဲဒီအမည်နာမတွေကို သိကြတယ်။ ဒါပေမဲ့ ယသောဓရာကရော " ဆိုပြီး သူနဲ့အဖြစ်တူနေတဲ့ ယသောဓရာရဲ့ ခံစားချက် ဘယ်လိုနေမယ်ဆိုတာကို ဘုန်းကြီးကိုပြောပြတယ်။ ဒီအခန်းက ဒီရုပ်ရှင်ကို သာမန်ဗုဒ္ဓဘာသာအကြောင်း ရိုက်ပြထားတဲ့ ကားတွေနဲ့ အဓိကကွဲပြားစေတဲ့ အချက်ဖြစ်လိမ့်မယ်။ ဘယ်သူမှ တလေးတနက်မတွေးဖြစ်လောက်တဲ့ ယသောဓရာရဲ့ခံစားချက်ကို ကိုယ်တော့်ကို ပြောပြခဲ့တယ်။ ဒါပေမဲ့လည်း သူ့မိန်းမလည်း ယသောဓရာလိုပဲ သူ့တာဝန်သူကျေခဲ့တယ်။ ကိုယ်တော်ယူကြုံးမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ငိုကြွေးချင်းအဆုံးမှာ သူအဖြေကိုတွေ့သွားတယ်။ " ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ " " ပင်လယ်ထဲ ပစ်ချလိုက်ရမယ် " ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ကို ကိုယ်တော်မော့ကြည့်လိုက်တယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.23GB, 1.01GB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 2H 18Min Genre - Adventure, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
7.4 2002 138 mins
Samsara
Timeline
5.7

အလယ်ခေတ်ကလူတစ်ယောက် တောအုပ်ထဲကနေပြေးထွက်လာပြီး ကားလမ်းအလယ်မှာ သေဆုံးသွားတာနဲ့စတင်ထားပါတယ်။ ပြီးတော့ အဲ့အလောင်းကို အိုင်တီစီက မတော်တဆမှုတစ်ခုအဖြစ်ဖန်တီးလိုက်ပါတယ်။ နောက်တော့ ပရောဖက်ဆာ ဂျွန်စတန် နဲ့ သူ့ရဲ့ ရှေးဟောင်းတူးဖော်မှုအဖွဲ့ရဲ့ အလယ်ခေတ် ပြင်သစ်နဲ့အင်္ဂလိပ်တို့ရဲ့ တိုက်ပွဲနေရာမှာ တူးဖော်မှုတွေပြုလုပ်နေခဲ့ပါတယ်။ တူးဖော်မှု‌တွေပြုလုပ်နေရင်း တစ်နေ့မှာတော့ ပရော်ဖက်ဆာရဲ့ မျက်မှန်၊ လက်ရေးမှုနဲ့အကူအညီတောင်းထားတဲ့ စာကို ကိတ် နဲ့ မရက် ကထူးဆန်းစွာရှာဖွေတွေ့ရှိသွားပါတယ်။ ပရော်ဖက်ဆာရဲ့ အဖွဲ့က ရှာတွေ့ထားတာတွေကို ကာဗွန်သက်တမ်းစစ်ကြည့်လိုက်တော့ နှစ်ပေါင်း ၆၀၀ လောက်သက်တမ်းရှိနေပြီဆိုတာကို သိလိုက်ရတယ်။ အဲ့ဒီအခါမှာ ပရော်ဖက်ဆာရဲ့သား ခရစ် နဲ့ သူ့အဖွဲ့က သူ့အဖေကိုလိုက်ရှာဖို့ အကြောင်းဖန်လာပါတော့တယ်။ အိုင်တီစီကို သွားပြီး သူ့အဖေကို ဘာလုပ်လိုက်လဲဆိုတာကို အဖြေရှာပါတော့တယ်။ ဇာတ်ကားရဲ့ နာမည် Timeline ဆိုတဲ့အတိုင်း ဒီနေ့ခေတ်နဲ့ အလယ်ခေတ် ကို အသွားအပြန်လုပ်ရင်း ခရစ်တစ်ယောက် သူ့အဖေကိုရော ပြန်ရှာပြီး ကယ်တင်နိုင်ပါမလား ဆိုတာတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ကြပါခင်ဗျာ ဒီဇာတ်လမ်းထဲမှာတော့ ပရော်ဖက်ဆာရဲ့သား ခရစ် အဖြစ်နဲ့ သရုပ်ဆောင်ထားတဲ့ ကျွန်တော်တို့ရဲ့ အချစ်တော် fast and furious မင်းသား Paul Walker ကိုအလွမ်းပြေတွေ့ရမှာပါ File Size :(3.2GB) (1.1GB) and (371MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:56:00 Genre : Action ,Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Proxy Encoded by Phyo Pyae

Comedy
5.7 2003 116 mins
Timeline
Giant Fish 3: Fish Monster of Han River

"အယူသည်းမှုကနေ ဖြစ်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ရာ အကျိုးဆက်များ" မြို့နဲ့ ဝေးလံခေါင်သီလှတဲ့ ကျေးရွာနယ်မြေလေးတွေမှာ နတ်ဆရာမ ၊ စုန်း အစရှိတဲ့ အတတ်ပညာတွေ အယူသီးလေ့ရှိကြပါတယ် ။ ဟန့်ကျန်းဆိုတဲ့ ရွာငယ်လေးတစ်ရွာမှာ ကလေးမီးမဖွားနိုင်တဲ့ မိခင်တစ်ယောက်ကို မီးဖွားနိုင်စေဖို့အတွက် နတ်ဆရာမတစ်ဦးဟာ အောက်လမ်းနည်းပညာ အတတ်တစ်ခုနဲ့ ပြုစားလုပ်ပေးခဲ့ပါတယ် ။ အဲ့ဒီကိစ္စဖြစ်ပျက်ပြီး ရှစ်နှစ်ကြာပြီးတဲ့နောက်မှာ ရွာငယ်လေးဆီဝယ် ထူးဆန်းလှတဲ့ သေဆုံးမှုတွေ ထူးဆန်းလှတဲ့ အဖြစ်အပျက်တွေ အဆက်မပြတ်ဆိုသလို ပေါ်လာခဲ့ပါတော့တယ် ။ အဲဒီအထဲကမှ သော်ပေါင် ဆိုသူကလဲ ဇနီးသည်ကို ဆုံးရှုံးလိုက်ရပြီး သမီးငယ်လေးဖြစ်သူနဲ့ မြို့မှာသွားရောက်နေထိုင်ခဲ့ပါတယ် ။ တစ်နေ့မှာတော့ သော်ပေါင် တစ်ယောက် မြိူ့ကနေ ရွာငယ်လေးဆီကို တစ်ဖန်ပြန်လာခဲ့တဲ့အခါ...? ထူးဆန်းလှတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း သိရှိလိုက်ရပြီးတဲ့နောက် ကြောက်မက်ဖွယ်ကောင်းလှတဲ့ နောက်ကွယ်က အမှန်တရားကို ရှာဖွေဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။ အမည်မဖော်နိုင်တဲ့ ထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ ကိစ္စတွေထဲကမှ အမှန်တရားကိုရှာဖွေပြီး ကဒ်ဆိုးဆိုက်နေတဲ့ ရွာငယ်လေးကို ကယ်တင်နိုင်ပါ့မလားဆိုတာ ကြည့်ရှုလိုက်ရအောင်လားရှင် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Horror , Thriller Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Crime • Romance
0 2023 80 mins
Giant Fish 3: Fish Monster of Han River
Conan the Barbarian
5.3

ဒီနေ့မှာတော့ အားလုံးရဲ့အချစ်တော် Aquaman မင်းသားကြီး Jason Momoa ရဲ့ 2011 ကထွက်ရှိထားတဲ့ Conan the Barbarian ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားကို ဟိုက်ဘိုရီယန်ခေတ်မှာ အခြေတည်ထားပြီးတော့ ခန့်မှန်းအားဖြင့် BC 14000 ကနေ 9500 ကြားလောက်အချိန်အတွင်းဖြစ်ပါတယ်။ ဟိုက်ဘိုရီယန်ခေတ်မတိုင်ခင် အက်ရှရွန်ခေတ်မှာမှော်ဆရာတွေဟာ သေသူကိုပြန်ဆင့်ခေါ်နိုင်ဖို့ ဘုရင်တွေရဲ့အရိုးတွေကိုသုံးပြီး နတ်ဆိုးတွေစီး၀င်‌နေတဲ့ မျက်နှာဖုံးတစ်ခုကို ဖန်တီးလိုက်ကြပါတယ်။ မျက်နှာဖုံးဟာ စွမ်းအားကြီးလွန်းလို့ အက်ရှရွန်တွေဟာ တစ်ကမ္ဘာလုံးကို အုပ်စိုးသွားနိုင်ခဲ့ပေမယ့် သူတို့ကိုတော်လှန်နိုင်တဲ့ ဘာဘေရီယန်ဆိုတဲ့ မျိုးနွယ်စုတစ်စု ကျန်ရှိနေခဲ့ပါတယ်။ ဘာဘေရီယန်တွေဟာ မျက်နှာဖုံးကိုခွဲပစ်လိုက်နိုင်ပြီး မသမာသူတစ်ယောက်ယောက်က အစိတ်အပိုင်းတွေကိုပြန်မဆက်နိုင်အောင် တစ်ပိုင်းချင်းစီကို မျိုးနွယ်စုအသီးသီးဆီဖြန့်ကျက်ထားလိုက်ပါတယ်။ ဒါပေမယ့် တစ်နေ့တော့ အပိုင်းအစတွေကိုပြန်စုတဲ့လူတစ်ယောက်ပေါ်လာခဲ့တဲ့အခါ ဇာတ်လိုက်ကျော် Jason Momoa တစ်ယောက် ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရင်း တားဆီးဖို့ကြိုးစားသွားမလဲဆိုတာကို စိတ်၀င်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက မင်းသားကြီးအာနိုးရဲ့ Conan the Barbarian (1982) နဲ့နာမည်တူ ခေတ်ပုံစံတွေတူပေမယ့် ဇာတ်လမ်းဆက်စပ်မှုတော့ မရှိပါဘူး။ File size…(7.6 GB)/(2.1 GB)/(1.1 GB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:52:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Jaka

Horror • Thriller
5.3 2011 113 mins
Conan the Barbarian
Shin Kamen Rider
7.1

Shin Kamen Rider (2023) ~ IMDb - 6.6/10, Rotten Tomatoes - 82% ~ မှတ်မှတ်ရရဆို Kamen Rider ခေါ် နှံကောင်ရိန်းဂျားကားတွေကို စကြည့်ကြတော့ ပါဝါရိန်းဂျားတွေထက်တောင် စောဦးမယ်။ ဇာတ်ကိုမမှတ်မိရင်တောင် ကလေးဘဝကကြည့်ခဲ့တဲ့သူတွေ တော်ရုံတော့မေ့မှာမဟုတ်ဘူး။ ဟီးရိုးကားပေမဲ့ ရုပ်ထွက်တွေက ဒိဒတ်ပြီး ကြမ်းသကိုး။ ဗီလိန်တွေဆိုလည်း တော်တော်ရွံစရာကောင်းနေတယ်။ ဒီနှစ်မှာတော့ ဒီ Kamen Riderရဲ့ အနှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်အနေနဲ့ Shin Kamen Riderဆိုပြီး ထွက်လာတယ်။ ၂၀၂၁မှာပြည့်ဝာာပေမဲ့ ကိုဗစ်ကြောင့် နောက်ကျသွားတာ‌ပေါ့။ ဇာတ်ကလည်း ကျွန်တော်တို့ငယ်ငယ်က ဇာတ်ကိုမှ ဒါရိုက်တာကလည်း Hideaki Anno ဆိုတော့ အတိုင်းအထက်အလွန်ပါပဲ။ Evangelion တွေရဲ့ ပဲ့ကိုင်ရှင် Hideaki Anno ကိုတော့ ဂျပန်အန်နမဲဖန်တွေထဲ မသိတဲ့လူမရှိလောက်ဘူး။ သူ့အနေနဲ့ Shin Japan Heroes Universe ဆိုပြီး Shinji Higuchi နဲ့တွဲ ရိုက်ထားတဲ့ လေးကားထဲမှာ ဒီကားက နောက်ဆုံးပိတ်ကားပါပဲ။ ကျန်တဲ့သုံးကားကတော့ Shin Godzilla (2016), Evangelion: 3.0+1.0 Thrice Upon a Time (2021) နဲ့ Shin Ultraman (2022) တို့တွေပါ။ ဒီဘဲကို တစ်ပေါက်လေးစားသွားတာက ဒီယူနီဗာ့စ်ကြီးကို သူတို့ထောင်ထားပေမဲ့ ဒီအကောင်တွေအချင်းချင်းပေါင်းရိုက်ပြီး ငွေရှာဖို့ အစီအစဉ်တော့မရှိဘူး။ ပြောရရင် ဒီဟာတွေကို ရုပ်ရှင်အနေနဲ့ တွဲရိုက်ပြဖို့အစီအစဉ်မရှိဘူး။ သူတို့လုပ်ချင်တာက ပစ္စည်းစုရောင်းတာ အရုပ်ရောင်းတာတို့ တီရှပ်ရှောင်းတာတို့ပေါ့။ ဒါပဲ။ ရုပ်ရှင်ကို သွားမထိခိုက်ဘူး။ ဒါနောက်ဆုံးလို့ ပြောထားတော့ နောက်လည်းထိခိုက်လာဖို့ ရှိမယ်မထင်ပါဘူး။ သူ့ယူနီဗာ့စ်ကြီးကို ဒီမှာတင်ပဲ လှလှပပအပြီးသတ်သွားတယ်။ Cast တွေကတော့ Pale Moon တို့၊ Death Note: Light Up the New World တို့၊ Last Samurai တို့ထဲပါဖူးတဲ့ Sosuke Ikematsu, Let Me Eat Your Pancreas LA ထဲက Minami Hamabe, We Couldn't Become Adultsနဲ့ One Million Yen Girl မင်းသား Mirai Moriyama အပြင် အထူးခြားဆုံးကတော့ ကျွန်တော်တို့ရဲ့ အလှနတ်ဘုရားမ Masami Nagasawa ကလည်း ဧည့်သည်သရုပ်ဆောင်လိုလို ဝင်သရုပ်ဆောင်ထားပါသေးတယ်။ Shin Ultraman မှာလည်း အဓိကဇာတ်ကောင်နေရာက သူပါခဲ့ဖူးပါတယ်။ Cast တွေရော ဇာတ်ရော အပြရော အသံရော ရှယ်ကြမ်းတယ်ဆိုပေမဲ့ သဘောအကျဆုံးက သူ့ဇာတ်ပါပဲ။ ဒါတော့ပုဂ္ဂလိက အမြင်နဲ့ဆိုင်လောက်မယ်။ စူပါဟီးရိုးကားတကာထဲ ကျွန်တော့်အကြိုက်ဆုံး မာစတာပိစ်အဖြစ်ဆုံးလို့ ထင်တဲ့ စူပါဟီးရိုးကားက ဇက်စနိုက်ဒါရဲ့ Watchmen ဆိုတော့ ဒီကားထဲက မိန်းဗီလိန်က Ozymandias အငွေ့အသက် ပြေးပြေးရနေသလို ဒီဗီလိန်တွေဖြစ်ပေါ်လာပုံနဲ့ သူတို့ခံယူချက်တွေကို ကာရိုက်တာသွင်းထားတာရော ဇာတ်လမ်းရောက တော်တော်လေး အထာကျတယ်။ ဆရာ့ဆရာရိုက်တာဆိုတော့လည်း သိပ်တော့လည်းမဆန်းပါဘူး။ ဆန်းတာကတော့ ဒီဘဲ Shin Japan Heroes Universe ဆိုပြီးထောင်လိုက်သလို လေးကားလုံးအောင်မြင်ပေမဲ့လည်း ဒါကိုဆက်မလုပ်တော့တာပါပဲ။ အရုပ်ရောင်းဖို့ယူနီဗာ့စ်ထောင်တယ်ဆိုပေမဲ့လည်း ဒီလိုရပ်နိုင်တာကိုက ဘယ်ယူနီဗာ့စ်နဲ့မှ မတူတဲ့ ယူနီဗာ့စ်ဖြစ်သွားစေတာပါပဲ။ အန်နိုရဲ့တွဲဖက် Shinji Higuchi ကတော့ Marvel Cinematic Universe ရဲ့ဖော်မြူလာအတိုင်းမလိုက်ဘဲ ရုပ်ရှင်တွေကို တစ်ကားချင်းစီသီးခြားပဲ ရိုက်ထားတယ်လို့ ပြောခဲ့ရှာပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 805MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 2H 1Min Genre - Action, Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Sci-Fi & Fantasy
7.1 2023 121 mins
Shin Kamen Rider
Sexy Beast
7.3

အင်္ဂလန်နိုင်ငံရဲ့ ဂန်းစတာလောကကနေ အနားယူပြီးတော့ စပိန်နိုင်ငံတောင်ပိုင်း ကမ်းခြေမြို့လေးမှာ မိန်းမနဲ့အခြေချပြီး လာနှပ်နေတဲ့ဂယ်လ်… အတိတ်ကအရိပ်မည်းတွေကနေ ရှောင်လွှဲလို့မရနိုင်ခဲ့တော့ တစ်ရက်မှာ အလုပ်ရှင်ဟောင်း ဒေါန်က သူ့ဆီကိုရောက်ပြီး ဘဏ်ဖောက်ဖို့အလုပ်တစ်ခုကို ကမ်းလှမ်းပါတော့တယ်။ မိန်းမဖြစ်သူကလည်း မလုပ်စေချင်၊ ကိုယ်တိုင်ကလည်းမလုပ်ချင်၊ အလုပ်ရှင်ဖြစ်သူကလည်း လူတစ်ကိုယ်စိတ်နှစ်မျိုး၊ သဘောကောင်းလိုက်၊ထဖောက်လိုက်လူမျိုးဆိုတော့ အလုပ်ကိုယတိပြတ်ငြင်းဖို့ ခက်ခဲနေပါတယ်။ ဒီတော့ ဒေါန်ရဲ့ကမ်းလှမ်းချက်ကိုလက်ခံရမလား၊ စွန့်စားပြီးပဲငြင်းလိုက်မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ တကယ်ပဲစိတ်၀င်စားဖို့ကောင်းပါတယ်။ မင်းသားဂယ်လ်နဲ့ ဒေါန်တို့သရုပ်ဆောင်တာ ပီပြင်လွန်းတာကြောင့် တချက်တချက် ကိုယ်တိုင်ပါ ဂယ်လ်နေရာကနေ လိုက်စိတ်ပူသောကရောက်‌ရတဲ့ ခံစားချက်‌မျိုးတွေပါရတာကြောင့် တကယ်ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…1.48GB / 428.1 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

7.3 2000
Sexy Beast
Who Invited Charlie?

Who invited Charlie? (2023) တွေ့ဆုံမှုတိုင်းက တိုက်ဆိုင်မှုကြောင့်လား။ နှစ်ပေါင်းများစွာရှာနေတဲ့လူတစ်ယောက်ကို ပြန်တွေ့တဲ့အချိန်ဟာ ကိုယ်ရှာနေလို့မဟုတ်ဘဲ ကံတရားဆိုတဲ့ဇာတ်ဆရာအလိုကျ တွေ့တာလား။ ဖစ်လ်ဟာ အကျပိုင်းကိုရောက်နေတဲ့ Fund manager တစ်ယောက်ပေါ့။ မိန်းမဖြစ်သူနဲ့လည်း ဆက်ဆံရေးအဖုအထစ်လေးတွေဖြစ်နေပြီး သားဖြစ်သူကလည်း Separation Anxietyဖြစ်နေတော့ ဖလန်းဖလန်းထတဲ့ ၁၆ နှစ်သားအရွယ်လို့ မထင်ရလောက်အောင် အခန်းအောင်း Introvertလေးတစ်ယောက်ပါ။ အိမ်တွင်းရေးရှုပ်ထွေးတတ်တဲ့ ဘီးကြဲတွေရဲ့ထုံးစံအတိုင်း ဖစ်လ်တစ်ယောက်အပြင်မှာ စကီလေးတစ်ယောက်နဲ့ထားထားပေမဲ့ စကီလေးနဲ့ပါ ပြဿနာဖြစ်နေချိန်မှာ ကံဆိုးမသွားရာ မိုးလိုက်ရွာပါတော့တယ်။ အဲဒါကတော့ သူတစ်ချိန်က အဆက်အသွယ်ဖြတ်ခဲ့တဲ့ချာလီနဲ့မှ တည့်တည့်တိုးခြင်းပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလိုပဲ ဖစ်လ်တစ်ယောက် ချာလီကိုမြင်တာနဲ့ အကြီးအကျယ်ဖြတ်ချပြီးပြေးဖို့ကြံတာပေါ့။ ကိုဗစ် outbreakနဲ့ဘာနဲ့ Hamptonsမှာ စတေးရှောင်ဖို့ဖြစ်လာတော့ ဖစ်လ်တစ်ယောက် ချာလီကိုမေ့မေ့ပျောက်ပျောက်ပါပဲ။ ဒါပေမဲ့ ချာလီက Hamptonsက သူ့ရဲ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာချိန်မှာတော့…. ဖစ်လ်တစ်‌ယောက် ချာလီကိုဘာလို့သရဲမြင်သလို ကြောက်လန့်နေရတာလဲ။ ချာလီကရော ဖစ်လ်ကိုဘာလို့အသည်းအသန်လိုက်ရှာနေခဲ့ရတာလဲ။ ပြဿနာအားလုံးရဲ့အရင်းခံဖြစ်တဲ့ တချိန်ကဇာတ်လမ်းလေးတွေရှိခဲ့တဲ့ချာလီက နဂိုထဲက အိမ်တွင်းပြဿနာတွေများနေတဲ့ ဖစ်လ်မိသားစုအပေါ် ဘယ်လိုသက်ရောက်မှုဖြစ်လာစေမလဲဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p | 480p File size… 1.4GB | 822MB | 377MB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

Drama • Romance
0 2023
Who Invited Charlie?
Re:Born
6

Re:Born (2016) ~ IMDb – 6/10, Rotten Tomatoes – 65% ~ မြို့ငယ်လေးတစ်မြို့မှာ စတိုးဆိုင်ငယ်လေး တစ်ခု ဖွင့်ထားတဲ့ တိုရှီရို ဆိုတဲ့သူ တစ်ဦးရှိပြီး ဆာချီ ဆိုတဲ့ ကလေးမလေးနဲ့ အတူ နေထိုင်လျက် ရှိပါတယ်။ သွေးမတော် သားမစပ်ကြပေမဲ့ ဆာချီကို တိုရှီရိုက သမီးလေးတစ်ယောက်လို စောင့်ရှောက်ထားတာပါ။ ဘယ်သူမှ မသိကြတာကတော့ တိုရှီရိုဟာ ဇာတ်မြှုပ် နေ‌တဲ့ စစ်သားဟောင်းတစ်ဦးဆိုတာပါ။ နယ်နယ်ရရ စစ်သားမဟုတ်ဘဲ တိုက်ပွဲတိုင်းမှာ ရန်သူကို သွေးအေးအေးနဲ့ သတ်ဖြတ်တတ်တဲ့ ဒဏ္ဍာရီလာ ဂို့စ်တ် ဆိုတဲ့ စစ်သားပါပဲ။ ဇာတ်မြှုပ်နေနေတဲ့ တိုရှီရိုကို သူ့ရဲ့ တပ်ဖွဲ့ဟောင်းက ပြန်ခြေရာခံမိတဲ့အခါမှာတော့ တိုရှီရိုတစ်ယောက် သူ့ကို သတ်မဲ့ ကြေးစားတွေနဲ့ လိုက်တမ်းပြေးတမ်း ကစားရပါတော့တယ်။ သွေးသံရဲရဲ သတ်ဖြတ်ချက်တွေ၊ အက်ရှင်ကောင်းကောင်းတွေနဲ့ အများနဲ့တစ်ယောက် စိန်ပြေးလိုက်တမ်းတွေနဲ့ ဂျွန်၀စ်ဆန်ဆန် ရိုက်ချက်တွေကို ကြည့်ရအုံးမှာမို့ အက်ရှင်‌ကားကောင်း မျှော်လင့်နေတဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 805MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 46Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

Thriller • Action • Drama
6 2016
Re:Born
Frozen River
7.1

Frozen River ဆိုတဲ့ဇာတ်ကားက 2008 ခုနှစ်မှာထွက်ရှိထားပြီး rating 7.1 ရထားတဲ့ Crime နဲ့ Mystery အမျိုးအစားဖြစ်ပါတယ်။ ယောကျာ်းဖြစ်သူက စုထားတဲ့ငွေတွေအကုန်ယူပြီးတော့ ထွက်ပြေးသွားတဲ့အတွက် အရွယ်မရောက်သေးတဲ့ ကလေးနှစ်ယောက်နဲ့အမေဖြစ်သူဟာ ကလေးတွေကို သေချာတောင်မကျွေးမွေးနိုင်တော့လို့ဒုက္ခရောက်ရပါတော့တယ်။ အရေးတကြီးပိုက်ဆံလိုနေတဲ့ အမေဖြစ်သူဟာ ပိုက်ဆံကိုရတဲ့နည်းနဲ့ရှာမှရမဲ့ အခြေအနေဖြစ်နေတာမလို့လူမျိုးခြားကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး နိုင်ငံခြားသားလူမျိုးခြားတွေကို နိုင်ငံထဲလူမှောင်ခိုခေါ်သွင်းဖို့ဖြစ်လာရပါတော့တယ်။ အဲဒီနောက်ပိုင်း ဘာတွေ့ကြုံလာရမလဲ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး………. File size…(1.8 GB)/(890 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris

7.1 2008
Frozen River
Closed School
5.6

Closed School (2019) ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ ကျောင်းတွင်းအနိုင်ကျင့်မှုကိုအခြေခံပြီးရိုက်ကူးထားတဲ့ Horror Movie ပဲဖြစ်ပါတယ် မီအုတ်နဲ့ယူရာဟာအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပြီး တစ်နေ့မှာတော့မီအုတ်ကိုလူတစ်စုက ကျောင်းတွင်းအနိုင်ကျင့်မှုတွေဆိုးဆိုးရွားရွားလုပ်ခံရတဲ့အခါ ဘာဆက်ဖြစ်မလဲ “မြန်မာစကားပုံ တွေထဲကအတိုင်း လူယုံသတ်လို့သေတယ်” ဆိုတဲ့စကားအတိုင်း ကိုယ်ကကြူးကိုယ်ဒူးတောင်မယုံသင့်ဘူးဆိုတာဒီဇာတ်ကားလေးကသက်သေပြသွားတာပါပဲ ဒါပေမယ့်အမှားဆိုတာလုပ်ထားရင်ပြန်ပေးဆပ်ရမှာ လောကရဲ့နိယာမပဲမို့ မီအုတ်ကိုအနိုင်ကျင့်တဲ့သူတွေရောသူတို့လုပ်ရပ်တွေအတိုင်းဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာကြည့်လိုက်ကြရအောင်နော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 674MB | 296MB Format… mp4 Duration…. 1h 21min Subtitle…. Myanmar Subtitle (Hardsub) Translator …..Thae Thae Encoder ….. Aaron

5.6 2019
Closed School
[18+] Dayo
5.2

============= အယ်လ်ဆာကမိဘမဲ့ ကလပ်မယ်လေးတစ်ယောက်ဖြစ်ပြီး အဒေါ်မိသားစုနဲ့အတူနေထိုင်ပါတယ်။ ငယ်ဘ၀က ကျေးဇူးတွေကြောင့် သူကခန္ဓာကိုယ်ကိုရင်းပြီးလုပ်ကျွေးနေပေမယ့် သူ့ကိုထိကပါးရိကပါးလုပ်လွန်းတတ်တဲ့အဒေါ် ယောက်ျား၊ ယောက်ျားဘက်ကပဲ ပါတတ်တဲ့အဒေါ်တို့ကိုစိတ်ပျက်လာပြီး ဘ၀သစ်ထူထောင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လက်ရှိဘ၀ကိုစွန့်လွှတ်ပြီး အချစ်ဆုံးသူငယ်ချင်းရဲ့ခေါ်ဆောင်ရာ ကမ်းခြေမြို့လေးတစ်မြို့ကိုထွက်လာခဲ့ပါတယ်။ အဲ့ဒီမြို့လေးမှာ တွေ့ကြုံရမယ့် သူ့ဘ၀သစ်ထဲကိုရောက်ရှိလာမယ့် လူအသစ်တွေ၊အဖြစ်အပျက်အသစ်တွေနဲ့ သူ့ရည်မှန်းချက်အတိုင်းရှာဖွေနေတဲ့ဘ၀အဓိပ္ပါယ်တွေကို တွေ့ရှိနိုင်မလား? ဘယ်လိုသင်ခန်းစာအသစ်တွေ ရလာမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ နောက်ပေါက်မင်းသမီးတွေထဲက အချိန်တိုအတွင်းရှေ့ရောက်လာတဲ့ Rica Gonzales နဲ့ PantaXa: Laiya ပြိုင်ပွဲဝင်ဟောင်း Audrey Avila တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.9GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:58:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Romance • Comedy • Drama
5.2 2024 112 mins
[18+] Dayo
Mallari
6.7

၂၀၂၃ ခုနှစ်ကထွက်ရှိထားတဲ့ Mallari ရုပ်ရှင်ဟာ Horror အမျိုးအစားဖြစ်ပါတယ်။ အောက်လမ်းအတတ်၊ ရက်ရက်စက်စက်လူသတ်ခန်းတွေနဲ့အတူ သရဲတွေကိုပါ အချိန်ခရီးသွားနိုင်တဲ့ဇာတ်ကောင်တွေနဲ့အတူ ပေါင်းစပ် ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာ၊ အထူးပြုလုပ်ချက်တွေ၊ ရုပ်ရှင်ရိုက်ကူးမှု၊ တည်းဖြတ်မှုနဲ့ သရုပ်ဆောင်ပိုင်းတွေအတွက် ဆုပေးပွဲတွေမှာ အမည်တင်သွင်းခံခဲ့ရသလို ဆုတွေလည်းအများကြီးရထားတဲ့ သရဲကားဖြစ်လို့ Horror ဖန်တွေအကြိုက်ဖြစ်စေမှာကတော့ သေချာပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ပထမဆုံးမှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ဆက်တိုက် လူသတ်သမား Severino Mallari အကြောင်း ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားပြီး ရုပ်ရှင်ထဲမှာ ၁၈၁၂၊ ၁၉၄၈ နဲ့ ၂၀၂၃ ဆိုတဲ့အချိန်ကာလသုံးခုပါဝင်တဲ့အနက် ၁၉၄၀ နဲ့ ၂၀၂၃ အချိန် ကာလကအဖြစ်အပျက်တွေကတော့ စိတ်ကူးယဉ်ဖန်တီးမှု သာဖြစ်ပါတယ်။ ဖိလစ်ပိုင်ကို စပိန်တွေအုပ်စိုးချိန် ၁၉ ရာစုက နာမကျန်းဖြစ်နေတဲ့မိခင်အတွက် လူ ၅၇ ယောက်သတ်ဖြတ်ခဲ့တဲ့ ဖာသာ Severino Mallari ဟာ ကြိုးမိန့်ပေးခံခဲ့ရပါတယ်။ Mallari မိသားစုက မတူညီတဲ့အချိန်ကာလသုံးခုမှာရှိနေတဲ့ Juan Severino၊ Johnrey နဲ့ Jonathan ဆိုတဲ့မျိုးဆက်သုံးခု အကြောင်း ရိုက်ကူးပြသထားပါတယ်။ ၁၈၁၂ က Severino က အစေခံတွေရဲ့ပြုစားတာခံလိုက်ရတဲ့ မိခင်အသက်ကိုကယ်ဖို့ မကောင်းတဲ့လူတွေကိုအပြစ်ပေးတာ ဆိုတဲ့အကြောင်းပြချက်နဲ့ လူ ၅၇ ယောက်ကိုသတ်ပြီး မိခင်ကိုစားစေခဲ့ပါတယ်။ ၁၉၄၈ က Mallari မျိုးဆက်တစ်ဦးဖြစ်တဲ့ Johnrey က မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူဖြစ်ပြီး သူတို့မိသားစုထဲကလူတချို့မှာ အချိန်ခရီးသွားနိုင်စွမ်းရှိတာကို ရှာဖွေတွေ့ရှိခဲ့သူပါ။ Severino မရှိတော့ပေမယ့် လူသတ်မှုတွေကမရပ်သေးလို့ စုံစမ်းရာကနေ Severino ရှိရာ ၁၈၁၂ ကို မှတ်တမ်းရုပ်ရှင် သွားရိုက်နိုင်ခဲ့သလို အနာဂတ်က Jonathan ကိုလည်း အန္တရာယ်ကိုသတိပေးခဲ့သူဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်က Jonathan ကတော့ ဆရာဝန်တစ်ဦးဖြစ်ပြီး အထပ်ထပ်အခါခါမက်နေတဲ့အိပ်မက်ဆိုးတွေကြောင့် မိသားစုအတိတ်ကိုပြန်လည်တူးဆွဖို့ Mallari နေအိမ်ကြီးကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ တကယ်တမ်းမှာ Jonathan က အိပ်မက်မက်နေတာမဟုတ်ဘဲ အချိန်ခရီးသွားနေခဲ့တာသာ ဖြစ်ကြောင်းသိရှိလိုက်ရပြီး အနာဂတ်ကချစ်သူ Agnes ရဲ့ အသက်ကိုကယ်ဖို့အစွမ်းကုန်ကြိုးပမ်းရာကနေ မတူးဖော် သင့်တာတွေကိုပြန်လည်တူးဆွမိခဲ့ပါတော့တယ်။ File size…1.45GB / 628MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 9m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Thriller • Horror
6.7 2023
Mallari
Green Border
6.4

အရှေ့အလယ်ပိုင်းနဲ့အာဖရိကကဒုက္ခသည်တွေဟာ ဥရောပသမဂ္ဂမှာ ခိုလှုံခွင့်ရရှိဖို့ ပိုလန်နဲ့ဘယ်လာရု့စ်ကြားက Green Border လို့ခေါ်တဲ့ ကြမ်းတမ်းပြီးညွန်ပေါတဲ့တောအုပ်တွေကို ခက်ခဲရာခဲဆစ်ဖြတ်သန်း ကြရပါတယ်။ ဒီနေရာမှာ သက်သောင့်သက်သာနေရတဲ့ဘဝကို စွန့်လွှတ်ပြီး ဒုက္ခသည်တွေရဲ့အသက်ကိုကယ်တင်နေတဲ့ဂျူလီအာ၊ ပိုလန်နယ်စပ်အစောင့်တပ်ဖွဲ့ဝင်ဂျန်နဲ့ ဆီးရီးယားမိသားစုတစ်ခုတို့ ပတ်သက်ဆက်နွယ်မိကြပုံကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ Drama အမျိုးအစားဖြစ်ပေမယ့် အလွန်အမင်းစိတ်ဆင်းရဲစရာ ကောင်းတဲ့အနိဌာရုံဖြစ်ရပ်တွေပါဝင်နေပြီး အဖြူအမည်းရုပ်ရှင် ဖြစ်နေတာက ဇာတ်ကိုပိုကြွအောင်ဖော်ကျူးနိုင်တာမြင်တွေ့ ရပါတယ်။ Green Border ဟာ ဖြစ်ရပ်မှန်ပါလို့မပြောထားပေမယ့် ဒါရိုက်တာ Agnieszka Holland နဲ့ ဇာတ်ညွှန်းရေးဆရာနှစ်ယောက်ဟာ ဒုက္ခသည်တွေ၊ နယ်စပ်ကဒေသခံတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ အမည်မဖော်လိုတဲ့ပိုလန်နယ်စပ်အစောင့် တပ်ဖွဲ့ကအရာရှိတွေနဲ့ ကိုယ်တိုင်သွားရောက်တွေ့ဆုံမေးမြန်းပြီး မှတ်တမ်းတွေရယူပြီးမှ ရုပ်ရှင်ကိုရိုက်ကူးခဲ့ကြတာဖြစ်လို့ Agnieszka Holland ကတော့ ဒီရုပ်ရှင်ထဲမှာ လုပ်ကြံဖန်တီးပြီး ထည့်ထားတဲ့ဖြစ်ရပ်တစ်ခုမှမရှိဘူးလို့ ဆိုပါတယ်။ ရုပ်ရှင်ထွက်လာချိန်မှာ ပိုလန်အစိုးရအဖွဲ့ဝင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပေမယ့် ပိုလန်မှာပထမဆုံးရုံတင်တဲ့အားလပ်ရက်မှာပဲ အမိမြေမှာပြသတဲ့ပိုလန်ရုပ်ရှင်တစ်ကားအတွက် ကြည့်ရှုသူအများဆုံး စံချိန်တင်သွားခဲ့ပါတယ်။ ဒီရုပ်ရှင်ကိုဆန့်ကျင်ချီတက်ဆန္ဒပြတဲ့ အစိုးရထောက်ခံသူတွေရှိခဲ့သလို ရုပ်ရှင်ပါအကြောင်းအရာတွေကိုထောက်ခံသူတွေကလည်း တန်ပြန် ဆန္ဒပြချီတက်ပွဲတွေလုပ်ဆောင်ကြတဲ့အထိဖြစ်ခဲ့ရပါတယ်။ ခရမ်းချဉ်သီးပုပ်ရဲ့ပျမ်းမျှ Rating က 8.3/10 ဖြစ်ပြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာရရှိထားပါတယ်။ Green Border မှာ ပိုလန်အစိုးရဟာ ယူကရိန်းအရေးနဲ့မတူဘဲ အရှေ့အလယ်ပိုင်းနဲ့အာဖရိကကဒုက္ခသည်တွေကို လူသားချင်းစာနာ ထောက်ထားမှုကင်းမဲ့စွာနဲ့ ရက်ရက်စက်စက်ဆက်ဆံခဲ့ပုံတွေကို မီးမောင်းထိုးပြသွားခဲ့တာဖြစ်ပါတယ်။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ JULY ဖြစ်ပါတယ် ) File size… (2.17GB) Quality… WEB-DL 1080p Format… mp4 Duration….2h 32m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.4 2023 152 mins
Green Border
Hot Milk
5.6

Hot Milk ရုပ်ရှင်ကတော့ Deborah Levy ရဲ့ နာမည်ကျော်ဝတ္ထုကို Rebecca Lenkiewicz က ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။ ထူးဆန်းတဲ့ရောဂါဝေဒနာတစ်မျိုးကိုခံစားနေရတဲ့မိခင်တစ်ဦးဖြစ်တဲ့ Rose နဲ့ သူ့သမီး Sofia တို့ဟာ စပိန်ကမ်းခြေတစ်ခုသို့ ဆေးကုသမှုခံယူဖို့ ခရီးထွက်လာကြပြီး ခရီးတစ်လျှောက်မှာ Sofia က ထိန်းချုပ်လွန်းတဲ့မိခင်နဲ့ဝေးကွာတဲ့တခြားကမ္ဘာတစ်ဖက်ကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ မိခင်၏ကျန်းမာရေးအတွက် ပညာရေးနှင့် ဘဝကို ယာယီရပ်နားထားရသော လူငယ်မိန်းကလေး Sofia နဲ့ လှုပ်ရှားမရဖြစ်နေတဲ့ မိခင်တစ်ယောက်အနေနဲ့ သူ့ရောဂါက ရုပ်ပိုင်းဆိုင်ရာလား စိတ်ပိုင်းဆိုင်ရာလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိတဲ့ Rose တို့နှစ်ဉီးရဲ့ဇာတ်လမ်းကိုကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ မိသားစုဆက်ဆံရေး လိင်စိတ်ဆန္ဒနဲ့ ကိုယ်ပိုင်လွတ်လပ်မှုအတွက် မိန်းမငယ်လေးတစ်ယောက်ရဲ့စူးစမ်းမှုတွေပါဝင်ပြီး ရုပ်ရှင်ရဲ့ အလှပဆုံးအချက်က မြေထဲပင်လယ်ရဲ့နေရောင်ခြည်နဲ့ ပင်လယ်ပြင်ကို ရိုက်ကူးထားတဲ့ အလွန်လှပသော ရုပ်ပုံတွေပါဝင်တာဖြစ်ပါတယ်။ Hot Milk ရုပ်ရှင်ဟာ မိသားစုဆက်ဆံရေးရဲ့ ရှုပ်ထွေးမှုတွေနဲ့ လူတစ်ဦး၏ ကိုယ်ပိုင်လွတ်လပ်မှုအတွက် ရှာဖွေမှုတွေကို စူးစမ်းထားတဲ့ အနုပညာဆန်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File Size… (1.84 GB) / (769 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 33m Genre ….Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.6 2025 93 mins
Hot Milk