YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Serpent Queen (2024) S01EP06 WEB-DL,1080p5.1CH(CM).mp4

1.21 GB N/A video/mp4 25 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Lethal Weapon 3
6.7

သေစေတတ်သော လက်နက် တတိယပိုင်းမှာတော့ အမြင်မတော်တာမှန်သမျှ ကိုယ့်ကိစ္စဟုတ်ဟုတ်မဟုတ်ဟုတ် ဝင်ပါတတ်တဲ့ ရစ်ဂ်စ်ဟာ ထုံးစံအတိုင်း ဘယ်သူ့စကားကိုမှနားမထောင်ဘဲ စွန့်စားခန်းတွေဖွင့်ရင်း ပြဿနာကြားထဲ ဝင်ရှုပ်မိနေဆဲပါပဲဗျ။ ပင်စင်ယူဖို့အတွက် ၈ ရက်ပဲကျန်တော့တဲ့ ဆာဂျင်မာတော့ဖ်ဟာလည်း ထုံးစံအတိုင်း သူ့ရဲ့တွဲဖက် ရစ်ဂ်စ်ကြောင့် ပဲလှော်ကြား ဆားညှပ်ကာ ပင်စင်ယူခါနီးမှ ပြေးရ၊ လွှားရ၊ ပစ်ရ၊ ခတ်ရ ဖြစ်နေဆဲပါပဲ။ သူတို့နှစ်ယောက်ဟာ ရဲဘက်သုံး အမာခံသံချပ်ကာကားတစ်စီး အခိုးခံရတာကို ဝင်တားမိရင်းကနေ လက်နက်မှောင်ခိုတွေလုပ်နေတဲ့ ဂိုဏ်းတစ်ခုနဲ့ ထိပ်တိုက်ပတ်သက်မိပြီး အရှုပ်အရှင်းတွေ ဖြစ်လာပါတော့တယ်ဗျ...။ File size…(2.24GB)  / (1.18GB) / (705.29MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:58:00 Genre... Action / Crime / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Yan Naingv

Horror • Thriller
6.7 1992 118 mins
Lethal Weapon 3
Species II
5.2

Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.org/?s=species မှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species 2 (1998) ဇာတ်လမ်းအကျဉ်း.... ကမ္ဘာမြေကနေ အင်္ဂါဂြိုလ်ပေါ်ကို ပထမဆုံးရောက်ရှိသွားတဲ့ အာကသယာဉ်မှူးတစ်ယောက်ဆီမှာ အင်္ဂါဂြိုလ်က ဂြိုလ်သား DNA ကူးစက်သွားတာကနေ စပါတယ်....ဒီအာကသယာဉ်မှူး ကမ္ဘာမြေကိုပြန်လည်ရောက်ရှိပြီး သူနဲ့အိပ်လိုက်မိတဲ့မိန်းခလေးဆီမှာ ဂြိုလ်သားကလေးမွေးရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာ.... အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(2.2 GB)/(1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:33:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Action • Comedy • Crime
5.2 1998 93 mins
Species II
Infinite
6.6

သိပ္ပံစိတ်ကူးယဉ် အက်ရှင် ကောင်းတာလေး ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။ မင်းသားမင်းသမီးတွေကလည်း သိပြီးသားလူတွေပါပဲ။ ဇာတ်လမ်းကတော့ လူဝင်စားအယူအဆတွေကို အခြေခံထားပါတယ်။ ကမ္ဘာကြီးထဲက လူအချို့မှာအတိတ်ဘဝတွေအကုန်လုံးကို မှတ်မိနိုင်တဲ့ အစွမ်းပါလာတဲ့ လူတွေရှိနေပါတယ်။ သူတို့ သင်ခဲ့သမျှ တတ်ခဲ့သမျှတွေကိုပါ မှတ်မိနေတာဖြစ်တဲ့အတွက်ဘဝတွေ ကြာရှည်လာလေလ ပိုပြီး တော်လာလေလေပါပဲ။ ဒီလို လူတွေထဲမှာမှ နှစ်မျိုးကွဲနေပါတယ်။ တစ်ဖွဲ့ကတော့ ဒီအစွမ်းနဲ့ အသိပညာတွေကို လူသားတွေကော်းဖို့ သုံးသင့်တယ်လို့ထင်တဲ့အဖွဲ့ပါ။ နောက်တစ်ဖွဲ့ကတော့ ဒီလိုတွေ ပြန်ဝင်စားနေရတာဟာ ဆင်းရဲဒုက္ခမို့ ဒီဘဝကနေ လွတ်မြောက်ဖို့ အတွက် ကြိုးစားမယ့်အဖွဲ့ပါ။ သူတို့ ကြိုးစားတာကတော့ ရိုးရှင်းပါတယ်။ ပြန်ဝင်စားစရာမရှိအောင် သက်ရှိတွေ တစ်ယောက်မကျန် သတ်လိုက်ရင် သံသရာအေးသွားမယ်ဆိုတာပါပဲ။ အဲဒီလို နှစ်ဖွဲ့ နှစ်ပေါင်းများစွာ အားပြိုင်လာရင်းနဲ့ တစ်နေ့မှာ သူ့ကိုယ်သူ လူဝင်စားမှန်းမသိဘဲ စိတ်ရောဂါရှိနေတယ်ထင်လို့ ပြဿနာတွေ တက်နေတဲ့ မင်းသားကိုတွေ့သွားတဲ့အခါ အဲဒီမင်းသားက သူတို့ နှစ်ဖွဲ့လုံးအတွက် အရေးအကြီးဆုံးလူဖြစ်နေတာကြောင့် အပြိုင်အဆိုင် လာလုကြပါတော့တယ်။ ကမ္ဘာကြီးရဲ့ ကံကြမ္မာကပါ သူ့အပေါ်မှာ မူတည်နေတာကို သိသွားတဲ့အခါ... File Size :(900 MB) Quality : Web-DL 720P Format…mp4 Duration…01:48:00 Genre : Sci-Fi, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Mr.Anderson Encoded by Phyo Pyae

Comedy • Drama
6.6 2021 106 mins
Infinite
A Million Miles Away
7.6

ဘဝမှာဖြစ်ချင်တဲ့ အိပ်မက်တွေပန်းတိုင်တွေဆိုတာကလူတိုင်းမှာရှိကြမှာပါ။ အဲ့ဒီအရာတွေကို အကောင်အထည်ဖော်ဖို့ကလည်း နည်းမှန်လမ်းမှန်နဲ့ မဆုတ်နစ်သော ဇွဲနဲ့ကြိုးစားမှဖြစ်နိုင်မှာပါ။ အဲ့ဒီအပြင်ကိုမှ ကိုယ်သာကြိုးစားရင် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိပါဘူးဆိုတာကို A Million Miles Away ဆိုတဲ့ဖြစ်ရပ်မှန် ဇာတ်ကားလေးနဲ့ဖော်ကျူးထားတာကို ကြည့်ရမှာပါ။ ဟိုဆေးဟာနန်ဒက်ဇ်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့ရဲ့မိသားစုနဲ့အတူ ပိုကောင်းတဲ့ ဘဝကိုပိုင်ဆိုင်ရဖို့အတွက် မက္ကဆီကိုကနေကယ်လီဖိုးနီးယားကို ပြောင်းရွှေ့ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာ သူတို့လိုတိုင်းတစ်ပါးကပြောင်းရွှေ့လာကြ သူတွေဖြစ်တဲ့ ယောက်ျားမိန်းမ လူကြီးလူငယ်ကလေး ဘယ်သူမဆို လယ်အလုပ်ကိုပဲ လုပ်ကိုင်ကြရပါတယ်။ဒါပေမယ့် ဟိုဆေးကအရမ်းဉာဏ်ကောင်းတဲ့ ကလေးဖြစ်တဲ့အတွက် ကျောင်းတစ်ဖက်နဲ့ လယ်အလုပ်တစ်ဖက်ဆိုရင် ပညာရေးကိုထိခိုက်စေမှာ ဖြစ်ကြောင်း ဆရာမကပြောတဲ့အခါ သူ့မိဘတွေကသူတို့ရဲ့ အိမ်ဆောက်ချင်တဲ့ အိပ်မက်လေးကို စတေးပြီး ဟိုဆေးရဲ့ပညာရေးကိုအပြည့်အဝထောက်ပံ့ပေးခဲ့ပါတယ်။ဟိုဆေးမှာ ငယ်ငယ်လေးကတည်းက ဖြစ်ချင်နေခဲ့တဲ့ အိပ်မက်တစ်ခုရှိပြီး အဲ့ဒါကတော့ အာကာသယာဉ်မှူး ဖြစ်ပြီး အာကာသထဲကိုသွားချင်တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဟိုဆေးအရွယ်ရောက်တဲ့အခါမှာ အင်ဂျင်နီယာတစ်ယောက်ဖြစ်လာပြီး အိမ်ထောင်တွေကျပြီးသားသမီးတွေနဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့အိပ်မက်ဖြစ်တဲ့အာကာသယာဉ်မှူးဖြစ်ဖို့ကလည်း အခုထက်ထိ မပျောက်ကွယ်သွားပဲနဲ့ နှစ်စဉ်လျှောက်လွှာတင်နေခဲ့ပါတယ်။ ဒါပေမယ့် NASA ဆိုတာ ဝင်ရောက်ဖို့ အရမ်းခက်ခဲတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် နှစ်စဉ်ပယ်ချခံနေခဲ့ရပြီး ဟိုဆေးတစ်ယောက် မိသားစုကိစ္စတွေ အခက်အခဲတွေကြားက ဘယ်လိုစတေးမှုတွေလုပ်ရင်း သူ့ရဲ့အိပ်မက်ပန်းတိုင်ကို ဘယ်လိုလျှောက်လှမ်းသွားမယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ File size…2.38 GB / 1.03 GB Quality…AMZN.WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….2h 1m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

7.6 2023 122 mins
A Million Miles Away
Underworld: Blood Wars
6.5

Underworld: Blood Wars(2016) ***************************** Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်း အမိုက်စားအက်ရှင်ခန်းတွေကြောင့် ဘက်ဂျက် ၂ဆနီးပါး ရုံတင်ဝင်ငွေပြန်လည် ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်….. လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့ စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်… ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲ အဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလို တစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်… underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်.. File size… 1.05GB& 429MB Quality… Blu-Ray1080p,720p Format…mp4 Duration….1hr 31min Genre ….. Action, Fantasy, Thriller Translated by AOI Encoded by Phyo Pyae

6.5 2016 91 mins
Underworld: Blood Wars
Quiz Lady
6.8

Quiz Lady ရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ်ထွက် ဟာသ ဇာတ်မြူးကားလေး တစ်ကားဖြစ်ပါတယ်. ဒီဇာတ်ကားမှာက တကယ့် လူသိများ မင်းသားမင်းသမီးတွေဖြစ်တဲ့ Grey Anatomy က Sandra Oh, Crazy Rich Asians ထဲက Awkwafina, သက်ကြီးပိုင်း ဆရာကြီးတွေဖြစ်တဲ့ Will Ferrel, Holland Taylor တို့ ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်.. ဇာတ်ကားလေးက ဟာသကားဆိုပေမဲ့ ကလိထိုးရယ်ခိုင်းတာမျိူး မဟုတ်ပဲ သူတိ့ကို ကြည့်ရင် တစိမ့်စိမ့်သဘောကျလာလို့ ရယ်မောပျော်ရွှင်နေရမဲ့ ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေး ပြောပြရမယ်ဆိုရင်တော့ မင်းသမီးအန်းဟာ ငယ်ငယ်လေးကတည်းက TV က လာတဲ့ Quiz အစီအစဥ်တစ်ခုကို နေ့စဥ့် မပြတ်ကြည့်ပြီး ကြီးပြင်းလာတဲ့ အသက် ၃၀ကျော်အရွယ် အူတူတူကောင်မလေး တစ်ယောက်ဖြစ်ပါတယ်။ သူ့အမေကတော့ သူမကို အကြွေးတွေနဲ့ထားခဲ့ပြီး သူနေထိုင်ရာ လူအိုရုံကနေပါ ပြေးသွားခဲ့ပါတယ်။ လုပ်သမျှ မဖြစ်ထွန်းတဲ့ သူအစ်မနဲ့ ပြန်ဆုံစည်းပြီး အမေဖြစ်သူရဲ့ အမွေဆိုးကို ရင်ဆိုင်ဖြေရှင်းရတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားလေးတစ်လျှောက်လုံးမှာ မြင်တွေ့ရမှာ ကတော့ မင်းသမီးရဲ့ Character development, သူ့အစ်မရဲ့ အစ်မတစ်ယောက်ရဲ့ ချစ်ချင်းမေတ္တာတွေ ရုပ်သံအစီအစဥ်တွေရဲ့ နောက်ကွယ်မှာ ဘယ်လိုတွေ ရှိမလဲ ဆိုတာတွေကို ဟာသဆန်ဆန် ပျော်ရွှင်ဖွယ်ကောင်းအောင် ရိုက်ပြထားပါတယ်. စိတ်ညစ်နေတဲ့ သူငယ်ချင်းတို့ ကြည့်လိုက်မယ်ဆိုရင် ဇာတ်ကားအဆုံးမှာ ပျော်ပြီး ကျန်နေစေရမယ်လို့ အာမခံလိုက်ပါတယ်….. File size…1.94GB / 797MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

6.8 2023
Quiz Lady
Endless Borders

IMDB 7/10 ရရှိထားပြီး ဆု ၃ ခုနဲ့ Nomination တစ်ဆု ဝင်ထားတဲ့ 2 023 ခုနှစ်ထွက် Thriller/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမှုတစ်ခုကြောင့် နယ်နှင်ဒဏ်ပေးခံထားရတဲ့ အီရန်နိုင်ငံသား ကျောင်းဆရာဖြစ်သူ အာမက်က နယ်စပ်ရွာလေးက အရွယ်စုံ လူမျိုးစုံ ကလေးတွေကို စာသင်ပြပေးသူဖြစ်ပါတယ်။ သူများကို ကူညီတတ်ပြီး စိတ်ရင်းကောင်းတာမို့ ဒုက္ခရောက်နေသူတွေ့ရင် လက်မနှေးတတ်တဲ့ အာမက်က ခါတိုင်းလိုပဲ တာလီဘန်တွေလက်က ထွက်ပြေးလာတဲ့ ဒုက္ခသည် အာဖဂန်နစ္စတန်မိသားစုကို ကူညီပေးခဲ့ပြန်ပါတယ်။ စိတ်ရင်းအမှန်နဲ့ ကူညီပေးခဲ့ပေမဲ့လည်း အာဖဂန်မိသားစုရဲ့ အရှုပ်အထွေးတွေနဲ့ သွားပတ်သက်မိတဲ့ သူ့တပည့်ဖြစ်သူ ဘာလာ့ဂျ်ကြောင့် တပည့်မကောင်း ဆရာ့ခေါင်းဆိုသလို ပြဿနာတောထဲ ဝင်ပါမိသွားရာက အမျိုးမျိုးသောအကြောင်းတရားတွေကြောင့် သူတို့နေထိုင်တဲ့ရွာလေးကနေ ထွက်ပြေးဖို့ဖြစ်လာတဲ့အခါမှာတော့.. (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.7 GB)/(789 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2023
Endless Borders
Come and See
8.4

Come and See ( 1985 ) IMDb Rating (8.4) / Rotten Tomatoes (90%) Greatest War Films of all time စာရင်းမှာ ကူးဘရစ်ရဲ့ Paths of Glory (1957)နဲ့ Full Metal Jacket (1987)တို့ ကော်ပိုလာရဲ့ Apocalypse Now (1979)တို့ Jean Renoirရဲ့ Grand Illusion (1937)တို့နောက်မှာ ကပ်ပါလာတာကတော့ ဆိုဗီယက်ကား Come and See ( 1985 )ဆိုတဲ့ရုပ်ရှင်ကားပါပဲ။ တစ်ချက်ရှိတာက ဒီကားတွေကို အကောင်းဆုံးစစ်ကားတွေလို့ ပြောကြပေမဲ့ ဒီကားတွေအကုန်လုံးက Anti-war filmsစာရင်းမှာ ဝင်နေတာပါပဲ။ Anti-war filmsတွေဆိုတာကတော့ စစ်ဆိုတာ အဓိပ္ပာယ်မရှိတဲ့အရာ အနိဠာရုံများတဲ့အရာလို့ဖော်ပြထားတဲ့ စစ်ရဲ့မကောင်းခြင်းတွေကို မီးမောင်းထိုးပြနေတဲ့ ရုပ်ရှင်တွေပါပဲ။ The Thin Red Lineတို့ Platoonတို့လိုကားတွေ ဒီနောက်ပိုင်းထွက်တဲ့1917တို့ All Quiet on the Western Frontရဲ့ ဗားရှင်း၃ခုလုံးတို့အကောင်းဆုံးဆိုတဲ့စာရင်းဝင် စစ်ကားမှန်သမျှဟာ စစ်ကိုဆန့်ကျင်တဲ့ကားတွေ ဖြစ်နေတာတော့ သမိုင်းတစ်လျှောက် အနုပညာရဲ့ရပ်တည်ချက်ကို ပြနေသလိုလိုပါပဲ။ Come and See ဟာ ဆိုဗီယက်ရုရှား ရုပ်ရှင်ဒါရိုက်တာ Elem Klimovရဲ့ အအောင်မြင်ဆုံးကားဖြစ်သလို သူ့ရဲ့နောက်ဆုံးပိတ်ရုပ်ရှင်ဆိုလည်း ဟုတ်ပါတယ်။ Klimov ငယ်ဘဝက စစ်တွင်းအတွေ့အကြုံတွေကို နည်းနည်းထင်ဟပ်နေတယ်လို့လည်း ဆိုထားတယ်။ Klimov ဟာ Come and See နောက်ပိုင်းမှာတော့ ဘာရုပ်ရှင်မှ မရိုက်ခဲ့ပါဘူး။ သူလုပ်နိုင်သလောက် လုပ်ပြပြီးပြီလို့ ခံစားရလို့လို့လည်း ပြောခဲ့တယ်။ Greatest Films of all Time စာရင်းမှာ အဆင့်၄၁ချိတ်နေတဲ့ကားကို ရိုက်ပြီးပြီဆိုတော့ သူပြောသလိုဟုတ်ရင်လည်းဟုတ်ပါလိမ့်မယ်။ သူနဲ့ဇာတ်ညွှန်းတွဲဖက်ရေးတဲ့သူကလည်း ဒီစစ်ကို တကယ်တိုက်ခဲ့တဲ့သူဆိုတော့ ဒီဇာတ်လမ်းရဲ့ အများစုကတော့ သူတို့အတွေ့အကြုံတွေကပဲ လာတယ်လို့ ပြောရပါမယ်။ ပြတာတွေကလည်း အပေါ်ကစာရင်းထဲက စစ်ကားတွေအားလုံးမှာ အရက်စက်ဆုံးလို့ပြောရပါမယ်။ တစ်နည်းနဲ့ပြောရရင် သူကစစ်တိုက်တာထက် စစ်ရဲ့နစ်နာသူတွေကို အဓိက မီးမောင်းထိုးပြထားတဲ့ ကားလို့ပြောရမယ်။ ဇာတ်အိမ်ကိုတော့ ဒုတိယစစ်လယ်ကာလ ၁၉၄၃မှာ တည်ထားတယ်။ သူတို့ဆီက ယောက်ျားလေးအများစု တိုက်ပွဲဝင်နေရတဲ့ကာလပေါ့။ အဲဒီကာလမှာ ကလေးသာသာကောင်လေးတစ်ယောက်က စစ်တော်တော်ဝင်တိုက်ချင်ခဲ့တယ်။ မြေကြီးတွေပတ်တူးပြီး မြေကြီးထဲက လက်နက်ရှာနေခဲ့တယ်။ လက်နက်ရှိမှ လက်ခံမကိုး။ ဘယ်သူတွေဘာလို့မြုပ်ထားကြလဲတော့ မပြောတတ်ဘူး။ ဒီလိုနဲ့ကောင်လေးဟာ လက်နက်ကို တွေ့သွားတော့ စစ်ထဲလိုက်သွားခဲ့တယ်။ အဲဒီနောက် အနိဠာရုံအတိနဲ့ သူမမြင်ဖူးခဲ့တဲ့လောကကို သူမြင်ခဲ့ရတယ်။ Come and See ဆိုတဲ့ စကားလုံးက သမ္မာကျမ်းစာရဲ့ Revelation 6- Four Horsemen & Six Sealsထဲက Apocalypse ဖြစ်ဖို့ ဘုရားသခင်ရဲ့ Seals ၄ခုပွင့်ပြီးတဲ့နောက်မှာ four living beasts ထဲက တစ်ကောင်က ပြောခဲ့တဲ့စကားပါပဲ။ တစ်နည်းအားဖြင့် Come and See ဆိုတာကလည်း Apocalypse Now လို့ပြောတာပါပဲ။ ဒါပေမဲ့ Come and See ဟာ Apocalypse Now ထက် အများကြီး ပိုရက်စက်တဲ့ ရုပ်ရှင်, ပိုရက်စက်တဲ့ အနိဠာရုံတွေအကြောင်းပါပဲ။ ရုပ်ရှင်အစက ကောင်လေးဟာ စစ်ဟာ ဘယ်လောက်ရက်စက်လဲ မသိခဲ့ပါဘူး။ ဒီတော့ သူ့မှာဝင်တိုက်ချင်စိတ် အပြည့်ရှိခဲ့တယ်။ တကယ်တမ်းဝင်တိုက်တဲ့အခါမှာ စစ်ရဲ့အနိဠာရုံတွေကို မခံစားနိုင်ဘဲ ရူးသွားခဲ့တယ်။ ဆယ်ကျော်သက်ကောင်လေးအဖြစ်ကနေ နေ့တွင်းချင်းပဲ အိုမင်းရင့်ရော်သွားခဲ့တယ်။အနိဠာရုံတွေဟာ လူတွေကို ရူးသွားစေနိုင်တဲ့အကြောင်း ကျွန်တော်တို့ ခဏခဏမြင်ခဲ့ပြီးပါပြီ။ Come and See ကလည်း ဒါကိုပြထားတဲ့ မာစတာပိစ်ရုပ်ရှင်တစ်ကားပါပဲ။ တစ်ခုရှိတာက ဒီရုပ်ရှင်ရဲ့ အရက်စက်ဆုံးဆိုတဲ့အရာတွေမလာခင်မှာ လှပတဲ့အရာတစ်ချို့အရင်လာခဲ့တယ်။ ကောင်လေးဟာ အနိဠာရုံတွေနဲ့ ပက်ပင်းမတိုးခင်မှာ သူ့အချစ်ကို တွေ့ရှိသွားခဲ့တယ်။ မိုးစက်တွေ နူးညံ့ခြင်းတွေ အနွေးဓာတ်တွေ နေရောင်ခြည်တွေနဲ့ စိမ်းစိုနေအောင်လှနေတဲ့‌ တောအုပ်ကလေးကို သူတွေ့ရှိသွားခဲ့တယ်။ ချစ်ချင်တယ်ဆိုတဲ့ ကောင်မလေးကို သူတွေ့ရှိသွားခဲ့တယ်။ အနိဠာရုံတွေရဲ့အရှေ့မှာ ဒီလိုအရာကို အရင်ထည့်တာက ဒါရိုက်တာက နောက်လာတော့မယ့် ရက်စက်ခြင်းတွေအတွက် ကျွန်တော်တို့ကိုရော ဇာတ်ကောင်တွေကိုရော သက်ညှာတဲ့အနေနဲ့ ခဏလေးစိတ်အေးစေခဲ့တာလား။ ဒါမှမဟုတ် ပိုရက်စက်လိုက်တာလားတော့ မသိနိုင်ဘူး။ အခုတော့ ချစ်ချင်ခဲ့တဲ့ကောင်မလေးရဲ့ ခြေထောက်တွေဟာ သွေးစိမ်းရှင်ရှင်ယိုလို့။ သေချာတာတော့ အဲဒီမျက်ဝန်းတွေဟာ ဒီကမ္ဘာမှာ အချစ်ရှိပါတယ်လို့ ဘယ်တော့မှ မယုံတော့မယ့်မျက်ဝန်းတွေ ဖြစ်သွားခဲ့ပြီ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wira Aung မှ တင်ဆက်ထားပါတယ်။)

8.4 1985
Come and See
When I Met You in Tokyo
5.1

When I Met You In Tokyo (2023) ============================== Romance/Drama IMDb rating – 4.7/10 ဒီဇာတ်လမ်းလေးကတော့ ဂျပန်လိုတခြားပြည်ပနိုင်ငံမှာ နှစ်ပေါင်းများစွာအလုပ်လုပ်ရင်း မိသားစုကိုထောက်ပံ့ရင်း အလုပ်လုပ်နေကြတဲ့သူနှစ်ယောက်ရဲ့ ရင်ခုန်ဖွယ်အချစ်ဇာတ်လမ်းလေးပါ။ အဲဒီအပြင် အချစ်ဆိုတာ ဘယ်အသက်အရွယ်ပဲရောက်ရောက်နုပျိုအသက်ဝင်နေဆဲဖြစ်တယ်ဆိုတာကို ဒီဇာတ်ကားမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းကတော့… လူ့ဘဝဆိုတာမွေးဖွားလာကတည်းက လက်တွဲဖော်ကိုယ်စီနဲ့မွေးဖွားလာကြတယ်။ ငါ့ရဲ့ဖူးစာရှင်ကတော့‌ တော်တော်လေးနောက်ကျနေတယ်နဲ့တူပါတယ်လို့အတွေးဝင်နေတဲ့ အက်ဇွန်တစ်ယောက် မိန်းမကသစ္စာဖောက်သွားတဲ့ စိတ်ဒဏ်ရာကြောင့်လောကကြီးကိုစိတ်နာနေတဲ့ဂျိုဝီနဲ့စတွေ့ကတည်းကဘုနဲ့ဘောက်ဖြစ်ပြီး ငြင်းရင်းခုန်ရင်းကနေ အချင်းချင်းအပြန်အလှန်နားလည်ပေးနိုင်တဲ့ အချစ်အိမ်လေးတစ်ခုကိုတည်ဆောက်သွားကြမယ့်ပုံကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှူရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Swe Yee ပါ ) File size_(1.8GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Swe Yee

5.1 2023
When I Met You in Tokyo
Iron Man 3
7.1

Marvel Cinematic Universe: Phase Two ကတော့ Phase One ရဲ့ အောင်မြင်မှုကြောင့် ပရိတ်သတ်အများအပြားရဲ့ယုံကြည်မှုနဲ့ အားပေးမှုကို အရံသင့်ရရှိခဲ့ပြီး ခန့်ညားထည်ဝယ်စွာဆက်လက်တင်ဆက်နိုင်ခဲ့ပါတယ်။Phase 2 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်အကြောင်းတွေ ပိုမိုပါဝင်လာခဲ့ပါပြီ။ Phase 1 တုန်းက Solo မိတ်ဆက်ခဲ့တဲ့ လူစွမ်းကောင်းတွေကို Phase 2 မှာ ပိုမိုစုစည်းမြင်တွေ့လာရပြီး MCU ရဲ့ ကြီးမားကျယ်ပြန့်တဲ့ Universe ကို ထပ်မံချပြနိုင်ခဲ့ပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 2 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။ Iron Man 3 (2013) Thor: The Dark World (2013) Captain America: The Winter Soldier (2014) Guardians of the Galaxy (2014) Avengers: Age of Ultron (2015) Ant-Man (2015) Marvel Cinematic Universe ဇာတ်ကားအားလုံးကို CM App>>>https://www.cmapp.tv/?share=15957066C1681DF နဲ့ https://www.channelmyanmar.to/category/special-package/mcu/ ဒီလင့်တွေမှာ ကြည့်လို့ရပါတယ်။ ++++++++++++++ Iron Man 3 (2013) IMDb Rating (7.1) / Rotten Tomatoes (79 %) Iron Man 3 ကတော့ Marvel Cinematic Universe (MCU) Phase 2 ကို စတင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး Tony Stark (Iron Man) ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ဗဟိုပြုပြီး Iron Man ဇာတ်ကောင်ကို ပိုမိုနက်ရှိုင်းစွာတွေ့မြင်စေခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ The Avengers (2012) ဇာတ်ကားမှာဖြစ်ပွားခဲ့တဲ့ New York တိုက်ပွဲကြောင့် Tony ဟာ PTSD (Post-Traumatic Stress Disorder) ကို ခံစားနေရပြီး၊ သူ့ရဲ့ စိတ်ငြိမ်းချမ်းမှုကို ပြန်လည်ရှာဖွေနေစဉ်မှာပဲ မထင်မှတ်တဲ့အန္တရာယ်တွေကျရောက်လာတဲ့အခါမှာတော့….။ Budget $200 million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $1.266 billion ထိပြန်လည်ရရှိခဲ့ပါတယ်။

Family • Comedy • Adventure • Animation
7.1 2013 130 mins
Iron Man 3
Vikramadithyan
7.1

Vikramadithyan 2014 (ရဲမေလေးကိုမှချစ်မိခဲ့တဲ့ သူခိုးလေး) IMDb – 7.1/10 Lucky Baskar ဇာတ်ကားထဲက မင်းသား Dulquer Salmaan ရဲ့ 2014ခုနှစ်တုန်းက ထွက်ရှိထားတဲ့ ဇာတ်ကားဟာင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကွန်ဂျွန်နီမီနွန်ဆိုတဲ့ သူခိုးတစ်ယောက်ဟာ လက်ရှ်မီးဆိုတဲ့ ရဲမေလေးကို မြင်မြင်ချင်း သဘောကျသွားပါတယ်။ ဖြစ်ချင်တော့ လက်ရှ်မီးတို့အိမ်ကလည်း သူ့အတွက် အိမ်ထောင်ဖက်ရှာနေချိန်ဖြစ်နေပြီး လက်ရှ်မီးကလည်း သူကိုယ်တိုင် ရဲမေဖြစ်တဲ့အပြင် အိမ်ထောင်ဖက်ကိုလည်း ရဲပဲဖြစ်စေချင်နေပါတယ်။ ဒီလိုနဲ့ သူခိုးကြီး ကွန်ဂျွန်နီမီနွန်တစ်ယောက် ရဲယောင်ဆောင်ရင်းလက်ရှ်မီးအနားကို ချဉ်းကပ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ချစ်သူတွေဖြစ်ခဲ့ကြပြီး လက်ထပ်ဖို့အထိ ဖြစ်လာပါတော့တယ်။ လက်ထပ်ပြီးတဲ့အချိန်မှ လက်ရှ်မီးတစ်ယောက် သူ့ခင်ပွန်းဟာ ရဲမဟုတ်ဘဲ သူခိုးတစ်ယောက်ဆိုတာကို သိလာတဲ့အခါမှာတော့ ………. ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ရှုစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။

Drama • Romance
7.1 2014 143 mins
Vikramadithyan
A Knight’s War
5.5

ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Matthew Ninaber ရိုက်ကူးထားတဲ့ Fantasy Horror ဇာတ်ကားအမျိုးအစား ဖြစ်ပြီးတော့ ၂၀၂၅ ခုနှစ်တုန်းက ထွက်ရှိထားတာပါ။ Dark Souls ဗီဒီယိုဂိမ်းတွေနဲ့ Dungeons & Dragons ဂိမ်းရဲ့ ဇာတ်လမ်းနောက်ခံကို inspire ယူထားတာဖြစ်ပြီးတော့ အဓိကဇာတ်ဆောင်တွေအဖြစ် Jeremy Ninaber, Kristen Kaster, Shane Nicely စတဲ့သရုပ်ဆောင်တွေက ပါဝင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ကမ္ဘာလောကကြီးကို ကယ်တင်လိမ့်မယ်ဆိုပြီးတော့ ရှေးဖြစ်နိမိတ်ရှိထားတဲ့ Avalon ဆိုတဲ့မိန်းကလေးကို Bhodie ဆိုတဲ့ မြင်းစီး သူရဲကောင်းက ငရဲပြည်ကနေ ကယ်တင်ပုံကို ကြည့်ရှု ကြရမှာပါ။ ငရဲပြည်ကနေလွတ်ဖို့အတွက်ဆိုရင် ကျောက်တုံး သုံးတုံးကို စုဆောင်းရမှာဖြစ်ပြီးတော့ အဲဒီကျောက်တုံး တွေကို ငရဲပြည်ရဲ့အရှင်သခင်သုံးပါးက သိမ်းထားပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် လူ့လောကကိုပြန်ဖို့အတွက် ကျောက်တုံးတွေကို ဘယ်လိုရအောင်ယူကြမလဲ…. လှည့်စားမှုတွေ သစ္စာဖောက်မှုတွေကြားကနေ ဘယ်လို ရုန်းကန်ကြမလဲ စတဲ့မေးခွန်းတွေရဲ့အဖြေကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုလိုက်ပါ။ ဥရောပအလယ်ခေတ်ကာလကို နောက်ခံယူထားတာဖြစ်ပြီးတော့ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပြီး ဇာတ်အလှည့်အပြောင်း တွေနဲ့အတူ ကြည့်လို့ကောင်းတဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… (1.02GB) / (700MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 43m Genre …..Action , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Thriller • Mystery • Drama • Fantasy
5.5 2025 103 mins
A Knight’s War
Madagascar
6.9

ဒီတစ်ခါတော့ 2005 ခုနှစ်က ထွက်ခဲ့တဲ့ Madagascar ဆိုတဲ့ အမေရိကန် ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် Adventure comedy အမျိုးအစား ကာတွန်းကားလေးပါ မာတီဆိုတဲ့ မြင်းကျားလေးရယ်အဲလက်စ်ဆိုတဲ့ ခြင်္သေ့ရယ် မယ်လ်မန်းဆိုတဲ့ သစ်ကုလားအုတ်ရယ် ဂလော်ရီရာဆိုတဲ့ ရေမြင်းမလေးရယ် သူတို့ ၄ ကောင်က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ် သူတို့ လေးကောင်ဟာ နယူးယော့ခ်တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေပါ တိရစ္ဆာန်ရုံထဲမှာပဲ သူတို့ ဘဝကို နှစ်မြှုပ်ထားရင်း သာယာပျော်ရွှင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၄ ယောက်ပေါ့ တစ်နေ့မှာ တိရစ္ဆာန်ရုံက ပင်ဂွင်း ၄ ကောင်က အန္တာတိကတိုက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာကို မြင်းကျားလေးမာတီ တွေ့လိုက်ရာကငါတို့လည်း အရိုင်းတောထဲမှာ တောရိုင်းသတ္တဝါတွေနဲ့ သွားနေရင် ပျော်စရာကောင်းမယ်လို့ သူအတွေးရသွားပါတော့တယ် သူ့မွေးနေ့မှာ ကျန်တဲ့ သူငယ်ချင်း ၃ ယောက်က မွေးနေ့လုပ်ပေးပြီး လက်ဆောင်တွေ ပေးကြပေမဲ့ သူမပျော်တော့ပါဘူး အကျိုးအကြောင်းမေးမှ သူရှင်းပြလိုက်တော့ အကုန် အံ့သြပြီး မဖြစ်နိုင်တဲ့အကြောင်း ပြောကြပါတယ် မာတီကတော့ စိတ်ဓာတ်ကျပြီး သူတို့ အိပ်သွားတဲ့အချိန်မှာ တစ်ယောက်တည်း ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ် သူထွက်သွားတာကိုတရေးနိုး အပေါ့သွားတဲ့ မယ်လ်မန်းက သိသွားပြီး အဲလက်စ်နဲ့ ဂလော်ရီရာကို ပြောပြလိုက်ပါတယ် ဒီလိုနဲ့ သူတို့တွေ မာတီ့နောက်ကို လိုက်ရင်းလူတွေ မိသွားတဲ့အခါ တိရစ္ဆာန်ရုံပြောင်းခံရပါတော့တယ် အဲမှာ သူတို့အချင်းချင်း သူ့ကြောင့် ငါ့ကြောင့် စကားများရန်ဖြစ်ရင်း လမ်းမှာ သင်္ဘောပေါ်က ပြုတ်ကျပြီး လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းကို ရောက်သွားပါတော့တယ် အဲကျွန်းမှာ သူတို့ ဘာတွေနဲ့ ရင်ဆိုင်ရမှာလဲ သူတို့သူငယ်ချင်း ၄ ယောက်ရော အရင်လို ချစ်ချစ်ခင်ခင်နဲ့ ရှိပါတော့မလား ကြုံလာတဲ့အခက်အခဲတွေကိုရောရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား သူတို့အိမ်ဖြစ်တဲ့ နယူးယော့ခ်ကိုရော ပြန်နိုင်ပါ့မလားဆိုတာတော့ ဇာတ်လမ်းလေးကို ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါ IMDB rating 6.9 ထိရထားတဲ့ ကာတွန်းလေးမို့ ကာတွန်းချစ်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ဇာတ်ကားကောင်းလေးပါ ပျော်ပျော်ရွှင်ရွှင်ဇာတ်ဝင်ခန်းလေးတွေနဲ့ အတူ ရယ်စရာဟာသလေးတွေရော နှောထားလို့ ကြည့်နေရင်း မပျင်းရမယ့် ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ

Comedy
6.9 2005 86 mins
Madagascar
N.E.S.T.

N.E.S.T (2025) “အသိုက်အမြုံ” မှုခင်း စုံထောက် ပရိသတ်တို့အတွက် ဆန်းကြယ်တဲ့ဇာတ်မြှုပ်ကွက်တွေနဲ့ စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ဗစ်ရှဝပ်က အဖြစ်မှန်မပေါ်‌ သေးတဲ့ အမှုတစ်ခုကို လိုက်ဖို့ကြုံလာပါတယ် ဒီအမှုရဲ့သဲလွန်စတွေက မသေချာမရေရာသလို သဘာဝလွန်ဆန်သလိုနဲ့ ဖြစ်ခဲ့စဉ်အချိန်ကလည်း ကောက်ချက်မချနိုင်ခဲ့ကြပါဘူး ဖြစ်စဉ်ကို နစ်နာသူဆတ်တယာရဲ့ ဇနီးဖြစ်သူ ဆာဗီက ပြောပြထားပါတယ်အဖြစ်ကဒီလိုပါ တစ်ည သူ့‌ခင်ပွန်းဖြစ်သူဆတ်တယာက အိမ်ပြန်နောက်ကျပါတယ် သူဖုန်းခေါ်တော့လည်း မကိုင်ပြန်ပါဘူးပြန်ရောက်လာချိန်မှ သူ့ကိုပြောတာက သူ့ကား လမ်းမှာပျက်လို့ အနီးနားက အိမ်တစ်အိမ်မှာ အကူအညီတောင်းရင်း ပြင်ဆင်ရင်း စကားစမြည်ပြောဆိုရင်း နောက်ကျသွားတာပါတဲ့ ဒီနေ့ခေတ်မှာ လူကောင်းတွေဟာ ရှားပါးလာ‌ပေမဲ့သဘောမနောကောင်းသူ သက်လတ်ပိုင်းအရွယ် လိုကီဆိုတဲ့သူက သူ့ကိုကူညီခဲ့ကြောင်း ဆတ်တယာက တစ်ညလုံးတစ်ဖွဖွပြောနေပါတယ် သူ့မိန်းမကတော့ သူကဆေးစွဲဖူးသူတစ်ဦးမို့ တစ်နေရာမှာ မူးယစ်ဆေးသုံးနေတယ်ပဲထင်တာပါတဲ့ သူ့ကိုမယုံရင် မနက်ဖြန် သူတို့ပျိူးခင်းက အပင်လေးတစ်ပင်ကိုသွားပေးရင်း လိုကီနဲ့မိတ်ဆက်ပေးပါမယ်ဆိုပြီး နောက်နေ့မနက်ကျ နှစ်ယောက်သား ထွက်လာပါတော့တယ် ရောက်မှသိလိုက်ရတာက အဲဒီနေရာမှာ ဘာအိမ်မှရှိမနေတာပါ အနီးနားကသူတွေကလည်း သူတို့တစ်သက်လုံး ဒီနေရာမှာ ဘာအိမ်မှမရှိခဲ့ပါလို့ပဲ ပြောနေကြပါတယ် သူတို့တွေ့ခဲ့တာဆိုလို့ အဲဒီညက အိမ်ထဲမှာ ဆတ်တယာတွေ့ခဲ့တဲ့ လိပ်ပြာပုံရှိတဲ့ ရင်ထိုးအရွယ် ပစ္စည်းလေးတစ်ခုပါပဲ အဲဒီညမှာ ဆာဗီက အသံတစ်သံကိုကြားလိုက်ပါတယ် အဲဒီညကစလို့ ဆတ်တယာအိမ်ပြန်မရောက်လာတာ သုံးရက်ရှိပါပြီ သူ့ဘာသာထွက်သွားတာလား တစ်ယောက်ယောက် သူ့ကိုပြန်ပေးဆွဲသွားတာလားဆိုတာလည်း ဆာဗီကမသိပါဘူး အဲဒီလိုနဲ့ စုံထောက်ဗစ်ရှဝပ်နဲ့သူ့ပါတနာစုံထောက်ဆီ ရောက်ရှိလာတာပါ အဲဒီတော့ ဆတ်တယာကပဲထင်ယောင်ထင်မှားဖြစ်တာလား သူတို့အိမ်ထောင်ရေးကပဲမပြေလည်မှုရှိနေခဲ့တာလား လိုကီဆိုတဲ့သူနဲ့ သူ့အိမ်ကရောဘယ်လိုလဲ……..…………………………………… စတဲ့မေးခွန်းတွေရဲ့အဖြေကိုသိရဖို့ ဒီဇာတ်လမ်းလေးထဲမှာ အဖြေထုတ်ကြည့်ကြရအောင်ပါ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Cym~Alexia~KKKZ~STAR တို့ပဲဖြစ်ပါတယ် )

0 2025
N.E.S.T.