YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Seer.E24.1080p.CM.mp4

606.7 MB N/A video/mp4 679 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Peter Pan & Wendy
5.7

ပီတာပန်က J.M.Barrie ဖန်တီးထားတဲ့ဇာတ်ကောင်လေးဖြစ်ပြီး ပြဇာတ်ကနေစပြီး ရုပ်ရှင်ပေါင်းများစွာရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ တစ်ခုမဟုတ်တစ်ခုမှာရင်းနှီးပြီးသားနေမှာပါ။ အခြေခံအားဖြင့်ဇာတ်ကားတွေမှာ ပီတာပန်က မကြီးပြင်းချင် အရွယ်မရောက်ချင်တဲ့ကောင်လေး၊ နဲဗားလန်းမှာသူ့လိုကလေးတစ်သိုက်နဲ့အတူနေတယ်။ သူ့ရန်သူကတော့ ပြောစရာမလိုပါဘူး ကပ္ပတိန်ဟုခ်ပေါ့။ သူကတစ်နေ့မှာဝင်ဒီ့ကို ကလေးငယ်တွေရဲ့မိခင်ဖြစ်ပေးဖို့လာခေါ်တယ်။ အဲ့လိုပေါ့။ J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။ တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတာမျိုးမဟုတ်ပဲ ကြီးပြင်းမှုနှေးတာပါ။ အဲ့တော့ ပီတာပန်က ကြီးပြင်းတဲ့ကလေးတွေကို ပြဿနာရှာတယ်။ တစ်ခါတလေ သူ ပျင်းရင် အချင်းချင်းပြန်သတ်ကြတယ်။ ပီတာပန်က ဂျစ်တစ်တစ်ငဆိုးလေးပေါ့။ နောက်ပိုင်းမှာမှကလေးတွေကြားမှာ ပင်လယ်ဓားပြတွေရေပန်းစားလာတာကြောင့် စာရေးဆရာက ကပ္ပတိန်ဟုခ်ကိုဗီလိန်အနေနဲ့ထည့်ခဲ့တာပါ။ ဒီ Peter Pan & Wendy ဇာတ်လမ်းမှာတော့ အပေါ်ကပြောခဲ့တဲ့ဇာတ်လမ်းသွားနှစ်ခုကြားမှာ မယုတ်မလွန်စည်းချထားတယ်ပြောရမယ်။ ပီတာပန့်ကို လူဆိုးဇာတ်မသွင်းသလို ဟီးရိုးအဖြစ်လဲပုံမဖော်ထားပါဘူး။ ပြီးတော့ ဝင်ဒီ။ တကယ်ဆိုပီတာပန်ဇာတ်လမ်းက အဓိကဝင်ဒီ့ရဲ့ဇာတ်လို့ပြောလို့ရတယ်။ လောကကြီးထဲကိုဝင်ရတော့မယ့် ကလေးတစ်ယောက်ရဲ့အကြောက်တရား မကြီးပြင်းချင်စိတ်တွေကနေ နဲဗားလန်းဆိုတဲ့အယူအဆကဖြစ်တည်လာတာပါပဲ။ ဒီဇာတ်လမ်းမှာ ဝင်ဒီ့ကိုလဲ တော်တော်အသားပေးထားသလို အရင်ကားတွေမှာမပါခဲ့တဲ့ ကွက်လပ်တွေကိုလဲဖြည့်ပေးထားပါသေးတယ်။ ရှေးရှေးကလက်ရာကောင်းများစွာလဲရှိတော့ အခုထွက်ရှိတဲ့ Peter Pan & Wendy ပေါ်ဝေဖန်သံ ချီးကျူးသံတွေလဲစုံနေပါတယ်။ ကိုယ်တိုင်သာကြည့်ရှုသုံးသပ်လို့ရအောင်တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Action, Adventure, Comedy Quality…. 1080p | 720p | 480p File size… 2GB | 920MB  460MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Romance • TV Movie
5.7 2023 106 mins
Peter Pan & Wendy
Deadpool
7.6

ကဲ . . . cmပရိတ်သက်တို့တွေမျှော်လင့်နေတဲ့ နွေရာသီရဲ့နေ့လေးတစ်နေ့ရောက်လာပါပြီ။ အခုတင်ပေးမယ့်ကားလေးကို ပရိတ်သတ်များအချိန်တော်တော်ကြာအောင်မျှော်လင့်တောင်းဆိုစောင့်စားခဲ့ကြသလို ကျွန်တော်တို့ CM Team တစ်ခုလုံးလည်းမျှော်လင့်စောင့်စားနေခဲ့ကြတာပါပဲ။ ဒီနေ့ကတော့ Deadpool Day of Channel Myanmar လို့ပဲ ပရိတ်သက်ကြီးသိထားပေးပါ။ Marvel ကားတွေထဲမှာမှ IMDb rating 8.0/10 ထိတောင်ရယူနိုင်ခဲ့ပါတယ်။ (မြန်မာနိုင်ငံရဲ့ရုံတွေမှာတင်ပြသွားတုန်းလို ဆင်ဆာလုံးဝမဖြတ်ထားပါဘူး။) Deadpool Review ************** မျက်နှာပြောင်လှတဲ့ Deadpool ရုပ်ရှင်က ဇာတ်လမ်းစ စာတန်းထိုးကတည်းကကို ပြောင်ပါတယ်။ ဇာတ်လမ်းပြီး စာတန်းထိုးပြီးတဲ့ထိပါပဲ။ ညစ်တီးညစ်ပတ် ဟာသတွေ၊ မျက်နှာပြောင်နေတာတွေက ကြည့်တဲ့လူကို ရုပ်ရှင်တစ်ကားလုံး မပျင်းရအောင် လုပ်ထားနိုင်တယ်။ ညစ်တီးညစ်ပတ်ဟာသ ဆိုတာ အပြောသာဆိုးတာ တကယ်ဆိုမြန်မာကားတွေထဲမှာ ဒီလိုဟာတွေက ကလေးတောင်သိတဲ့ ဟာသတွေပါ။ ဒါပေမဲ့ Deadpool ထဲက joke တွေတော်တော်များများက ကျွန်တော်တို့ နားမလည်ပါဘူး။ သူတို့ပြောတာနားမလည်တာရယ် တချို့ဟာတွေက သူတို့ နိုင်ငံမှာပဲ ရှိလောက်မဲ့အကြောင်းတွေဖြစ်နေလို့ပါ။ မင်းသား Ryan Reynolds ကတော့ Deadpool လုပ်ဖို့မွေးလာသလားအောက်မေ့ရတယ်။ တချို့ပြောသလိုပဲ RDJ က Iron Man လိုမျိုး Ryan Reynolds က Deadpool ပဲ။ သရုပ်ဆောင် တော်တော်မိုက်တယ်။ လိုက်တယ်လို့ပြောရမှာပေါ့။ ရိုက်ချက်တွေအကြောင်းပြောရရင် Deadpool ရဲ့ action ခန်းတွေက ကျွန်တော်ကြည့်ဖူးတဲ့ Superhero တွေထဲမှာ အကြမ်းဆုံးဖြစ်နေသလို တော်တော်များများ နာမည်ကြီး Action ကားတွေထက်လည်း ကြမ်းပါတယ်။ ဟိုလို Man of Steel ထဲကလိုမျိုး ဝုန်းဒိုင်းကြဲကြမ်းတာကိုပြောတာမဟုတ်ပါဘူး။ Wade Wilson ရဲ့ Skill ကို ပြသွားတာ တော်တော်မိုက်လို့။ ခုန်ပျံကျော်လွှားတဲ့ဟာတွေ ခုတ်တာဘာညာက တော်တော်ကြည့်ကောင်းတယ်။ Stunt တွေလည်းလှတယ်။4th Wall breaking ကတော့ ဘယ်ပြောကောင်းမလဲပေါ့။ ဖောက်ချက်က မြင်မကောင်းဘူး။ တခြားရုပ်ရှင်တွေ မင်းသားမင်းသမီးတွေ ရုပ်ရှင် studio တွေလည်းမနေရဘူး။ မင်းသားတစ်ယောက်ဆို တော်တော်သနားဖို့ကောင်းတယ် သူ့ပဲဖောက်နေလို့ ။ နောက်ခံတေး သို့မဟုတ် ပြောင်တေး ကလည်းမိုက်သဗျ။ သီချင်းတွေကောင်းတယ်။ နောက်ဆုံးပြောချင်တာက Deadpool ဟာ fan တွေစောင့်စားလာသမျှအတွက် တော်တော်အားရစေမဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အရမ်းကြီး perfect တော့မဖြစ်၊ သိပ်အားမရဘူးတော့ဖြစ်တဲ့လူဖြစ်လိမ့်မယ်။ ဇာတ်လမ်းက အခုမှ အစဖြစ်တာရယ် ပြသချိန်တိုတာရယ် အဲ BUDGET က $58 Million ထဲရယ်။ နောက်ကားတွေဆို ဒီထက်ပိုကောင်းလောက်မယ်ထင်ပ။ လုံးဝ 18+ joke တွေ အခန်းတွေမို့လို့ သိကြမဲ့အတိုင်း ကလေးတွေအတွက် တော်တော်ကြမ်းပါတယ်။ ဒါတောင် တချို့အခန်းတွေက ဒီကမိန်းကလေးတွေအတွက် သိပ်မသင့်တော်ဘူးလို့ပြောလို့ရပါတယ်။ (ဒါပေမဲ့ ဒီမှာတော့ ကလေးဘာညာမရွေး ကြည့်နေကြတာပဲလေနော့) ဒီလောက်ပါပဲ။ အဲလောက်ကြီးအဆိုးကြီးမဟုတ်ပါဘူး။ Comic fan မဟုတ် marvel fan မဟုတ်ဘူးဆိုရင်တောင် action/comedy ကားအနေနဲ့ ကြည့်လို့ကောင်းတယ်။ နောက်ဆုံး မှာချင်တာက ဇာတ်လမ်းကို ပြီးတဲ့ထိကြည့်ကြပါ။ စာတန်းထိုးပြီးတဲ့အထိ။ ကျွန်တော် Mingalar Sanpya မှာကြည့်တာ။ စာတန်းထိုးတဲ့အထိ မီးမဖွင့်သေးလို့ တခြား ဇွဲကောင်းတဲ့ တခြားပရိတ်သတ် (၂၀) လောက်နဲ့ စောင့်လိုက်တာ အားပါးပါး။ ပါတဲ့အခန်းက လုံးဝတန်တယ်။ မိနစ်ပိုင်းလေးပဲကို စောင့်ကြည့်လိုက်ပေါ့။ (ရုပ်ရှင်အညွှန်းကို http://www.datshin.com/ ကနေ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။) File size…(4.6 GB)/(1.5 GB)/(800 MB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 Duration….01:48:o6 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ye Kyaw Htet,Idiot MyoKo

Crime • Drama • Mystery • Thriller
7.6 2016 108 mins
Deadpool
Bad Blood

ဆရာသခင်ကိုယ်တော်ဘတ်ကြီးရဲ့ 2016 မှာ ထွက်ရှိခဲ့တဲ့ Animation နဲ့ နာမည်ချင်းတူပေမဲ့ ဇာတ်လမ်းကတော့ မတူပါဘူး။ ဇာတ်လမ်းအစမှာကတည်းက Horror Vibe အပြည့်နဲ့ စိတ္တဇဆန်ဆန် Emotional Damage တွေ အပြည့်ထည့်ပေးတာပါ။ ဇာတ်လမ်းကိုတော့ သွေးစုပ်ဖုတ်ကောင် လူငယ်လေး နေသန်ကို လူမှုဝန်ထမ်း အမျိုးသမီးဖြစ်တဲ့ မာဂျိုရီရဲ့ ဂရုစိုက်ပေးမှုအပေါ် အခြေခံထားပြီး ဇာတ်လမ်းတလျှောက်လည်း ဘာဖြစ်လာမလဲဆိုတဲ့ အတွေးတွေကို တောက်လျှောက်ရိုက်သွင်းပါတယ်။ Ending ကို သာမန်ဇာတ်လမ်းတွေလို ချပြမယ်လို့ထင်ရပေမဲ့ MCU ဇာတ်လမ်းတွေလိုမျိုး ဇာတ်သိမ်းကျမှ မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားရအောင် စပရိုက်တိုက်ခဲ့တာကတော့ အောချလောက်ပါတယ်။ Runtime အနေနဲ့ တိုပေမဲ့လည်း ကြည့်ရတာ Worthy ဖြစ်စေမဲ့ ဇာတ်လမ်းဖြစ်တာကြောင့် CM ပရိသတ်တို့ရဲ့ Playlist မှာ ထည့်သင့်ပါကြောင်း အကြံပြုလိုက်ပါတယ်။ File size…(840MB)/(422MB)/(191MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:15:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Northerner

Comedy • Romance
0 2022 75 mins
Bad Blood
The Last Duel
7.5

ဒါရိုက်တာ ရစ်ဒလေ စကော့ ရိုက်ကူးထားပြီး စာရေးဆရာ အဲရစ်ဂျက်ကာရဲ့ ၂၀၀၄ ခုနှစ်ထွက် novel The Last Duel: A True Story of Trial by Combat in Medieval France (နောက်ဆုံးစီးချင်း - မီဒီအီဗယ်ခေတ် ပြင်သစ်ရဲ့ ဖြစ်ရပ်မှန် စီးချင်းထိုး တရားစီရင်မှု) ကို Nicole Holofcener, Ben Affleck နဲ့ Matt Damon တို့က ဇာတ်ညွှန်းပြန်လည်ရေးသားထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ မတ်ဒေမွန်၊ အဒမ် ဒရိုင်ဗာ၊ ဂျိုဒီကိုမာ၊ ဘန် အက်ဖလက်တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ ဇာတ်လမ်းကို အခန်း ၁ ၂ ၃ ဆိုပြီး သုံးပိုင်းပြသထားလို့ တစ်ယောက်ချင်းစီရဲ့ ရှုထောင့်အရ ဇာတ်ကွက်လေးတွေ ထပ်နေတဲ့ပုံတော့ ပါပါတယ်။ ပြင်သစ်နဲ့အိုင်ယာလန်နေရာတွေမှာ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး။ အတော်ကြည့်လို့ကောင်းတာပဲ ပြောပြထားပါတော့မယ်။ ဒီရုပ်ရှင်ထဲက ခေတ်ရဲ့ အံ့သြစရာ ယုံကြည်မှုတွေကိုတော့ ဖော်ပြထားလိုက်ပါ့မယ်။ ၁ - ဇနီးသည်ဟာ အတူနေစဉ် အထွဍ်အထိပ်ကို မရောက်ရင် ကိုယ်ဝန်မရနိုင်ပါဘူးတဲ့။ ၂ - မုဒိန်းကျင့်ခံရသူဟာ သာယာမှုမရှိတဲ့အတွက် ကိုယ်ဝန်မရနိုင်ဘူး၊ ကိုယ်ဝန်ရရင် မုဒိန်းကျင့်တာ မဟုတ်ဘူးတဲ့။ ၃ - ဇနီးမယားတစ်ယောက်ဟာ မုဒိန်းမှုကိုတိုင်ကြားဖို့ ခင်ပွန်းသည်ထောက်ခံပေးဖို့လိုပါတယ်တဲ့။ ၄ - နှစ်ဖက်လုံးက ကျိန်ဆိုပြီး ငြင်းဆိုကြတဲ့အခါမှာ မသေမချင်းစီးချင်းထိုးပြီး အမှန်အမှားကို ဆုံးဖြတ်ခွင့်ရှိပါတယ်။ မသေတဲ့ဘက်က ဘုရားသခင်ရှိတာမို့ အမှန်တရားပဲ ဖြစ်ပါတယ်တဲ့။ ဇာတ်လမ်းကိုတော့ ဒေါင်းပြီးသာ ခံစားကြည့်လိုက်ကြပါ။ ကောင်းပါတယ်။ အိပ်ရာခန်းတွေနဲ့ ကြမ်းတမ်းတာတွေ ပါဝင်တာမို့ ၁၈+ R rated ဖြစ်ကြောင်း သတိပေးချင်ပါတယ်။ (Reviewed by Mr. Anderson) File size…(2.8 GB) / (1.4 Gb) Quality….Webrip 1080p / 720p  Format…mp4 Duration….02:32:00 Genre...Action, Drama, History  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson,  Phyo Pyae Translated by Mr. Anderson, Thaung Htike Zaw, Paing

7.5 2021 153 mins
The Last Duel
Her Affair to Die For
5

ဒီလောကထဲမှာ ယောက်ျားတွေအများကြီးရှိနေတာတောင် သူများယောက်ျား သူများရည်းစားကိုမှလိုချင်နေတဲ့ မိန်းကလေးတွေ အများကြီးရှိပါတယ်။အဲ့ဒီလိုနဲ့ ပျက်စီးသွားခဲ့ရတဲ့အိမ်ထောင်ရေးတွေ သမီးရည်းစားဆက်ဆံရေးတွေမှမနည်းပါဘူး။ ဒီကားမှာလဲအဲ့လိုအဖြစ်အပျက်တွေကိုပေါ်လွင်အောင်ရိုက်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ခရစ္စတီးနားဆိုတဲ့ကောလိပ်ကျောင်းသူလေး ကလစ်ဇ်နဲ့ နိုအာတို့ရဲ့ သမီးဖြစ်သူဖြစ်ပြီးတော့ အခုအချိန်မှာ ကောလိပ်တက်ဖို့ တိုက်ခန်းအတူငှားဖို့အတွက်အခန်းဖော်လိုက်ရှာနေတာဖြစ်ပါတယ်။ အဖေဖြစ်သူနဲ့အမေဖြစ်သူကလဲသူ့အလုပ်နဲ့သူများနေကြတဲ့ လူတွေဖြစ်ပြီး သိပ်နွေးနွေးထွေးထွေးမရှိလှပေမဲ့ မိသားစုလေးကပျော်စရာတော့ကောင်းပါတယ်။ ဒီလိုနဲ့ခရစ္စတီးနား တစ်ယောက်အခန်းဖော်လိုက်ရှာရင်းနဲ့ အလစ်ဆာဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့အဆင်ပြေသွားပြီး တိုက်ခန်းအတူတူငှားနေဖြစ်ခဲ့ပါ တော့တယ်။ဒါပေမယ့် အဲ့ဒီအလစ်ဆာက သူတို့မိသားစုကိုဖြိုခွဲမဲ့ သူတစ်ယောက် ဖြစ်နေတာကိုခရစ္စတီးနားမသိလိုက်ပါဘူး။ဒီလိုနဲ့ အလစ်ဆာကသူ့အဖေဖြစ် သူနိုအာကို တဖြည်းဖြည်းနဲ့ပစ်မှတ်ထားပြီးသူနဲ့ အတူတူအိပ်အောင်ဆွဲဆောင်ပြီး သွားတဲ့နောက်မှာ သူတို့မိသားစုမှာဘယ်လိုပြဿနာတွေဖြစ်လာမလဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.57GB / 589MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 22m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Action & Adventure • Drama • Sci-Fi & Fantasy
5 2023 90 mins
Her Affair to Die For
Attachment
5.8

Attachment (2022) =============== IMDb Rating – 5.8/10 လီယာနဲ့မာယာဆိုတဲ့ ကောင်မလေးနှစ်ယောက်ဟာ အမှတ်မထင် တွေ့ရာကစလို့ စိတ်ချင်းထပ်တူကျပြီး ချစ်သူအဆင့်ထိရောက်သွား ကြပါလေရော။ လီယာ့အိမ်ကို မာယာလိုက်သွားရင်း ယောက္ခမဖြစ် သူနဲ့ ဆုံလိုက်ရတာပေါ့။ လီယာ့အမေဟာ ဘာသာရေးစွဲမိသားစုက မွေးဖွားလာတာမဟုတ်ပေမယ့် ဘာသာရေးစွဲခင်ပွန်းနဲ့ အကြောင်း ပါပြီးနောက်မှာတော့ သူပါအကျင့်ကူးသွားခဲ့သူတစ်ယောက်ပါ။ နောက်ပြီး သူ့ခင်ပွန်းက ရုတ်တရက်ဆိုသလို သူတို့သားအမိကို အကြောင်းပြချက်မရှိပစ်သွားပါတယ်။ ဒါကတော့ လီယာ့သိထားတဲ့ သူ့မိဘတွေရဲ့ဇာတ်လမ်းပေါ့။ လီယာ့အမေက တစ်ဦးတည်းသောသမီးကို မျက်စိအောက်ကအပျောက် မခံ ရင်အုပ်မကွာစောင့်ရှောက်တတ်တဲ့ မိခင်တစ်ယောက်ပါ။ မာယာက တော့ သူ့ယောက္ခမကြီးရဲ့ ထူးထူးဆန်းဆန်းအပြုအမူတွေကြောင့် ယဉ် ယဉ်လေးရူးနေတယ်လို့ ထင်နေပါပြီ။ ဒါကြောင့် ဘာသာရေးရူး ရူးပြီး ကိုယ့်သမီးကိုယ်အန္တရာယ်ပြန်ပေးမယ့် ယောက္ခမဖြစ်သူလက်ကနေ သူ့ချစ်သူလီယာ့ကို ကယ်ထုတ်ဖို့ကြိုးစားပေမယ့် နောက်ဆုံးမှာ သူသိ လိုက်ရတဲ့အမှန်တရားဟာ………။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.85 GB) / (553 MB) / (357 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 37Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Horror, Romance Translator…….Ngwe Zin Encoder……….SWM

5.8 2022 105 mins
Attachment
Face off: 48H
6.7

Face off: 48H (2021) ဇာတ်လမ်းနာမည်လေးကြည့်ပြီး ရင်တွေခုန်မနေပါနဲ့ဗျာ။ နီကိုလပ်ကေ့ခ်ျရဲ့ Face off မဟုတ်ပါဘူး ဒါပေမဲ့ သူ့နည်းသူ့ဟန်နဲ့ကောင်းတဲ့ အာရှအက်ရှင်ကားတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်းပါပဲ ဒုစရိုက်ဂိုဏ်းတွေနဲ့သွားပတ်သတ်မိလို့ ကိုယ်တင်မက ကိုယ့်မိသားစု မိတ်ဆွေ သူငယ်ချင်းနဲ့ ဘေးကလူတွေပါမကျန် အကုန်နားကားကုန်တဲ့အကြောင်းပါ ဇာတ်လမ်းကရိုးရှင်းပေမဲ့ အက်ရှင်ခန်း ရိုက်ကွက်နေရာတွေစုံလင်ပြီးတော့ ဇာတ်ရှိန်လုံးဝမကျအောင် အဆုံးထိ ဝေဝေဆာဆာနဲ့ကြည့်ရမှာပါ မင်းသားကလည်း သိုင်းဆရာဆိုပေမဲ့ သဘာဝကျကျပဲ တိုင်ပတ်နေတာကိုတွေ့ရမှာပါ သူ့မိသားစုကို ကာကွယ်နိုင်မလား လူဆိုးတွေလိုချင်နေတာရောဘာလဲ ဘာလို့သူ့နောက်ကို တကောက်ကောက်လိုက်နေတာလဲ စသဖြင့် ‌အဖြေရှာကြည့်ဖို့အတွက် ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Drama Quality…. 1080p | 720p | 480p File size… 2GB | 1GB | 511MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

6.7 2021
Face off: 48H
Marshall
7.3

Marshall (2017) ~ IMDb – 7.3/10, Rotten Tomatoes – 80% ~ အမေရိကန်ရဲ့ အထက်တရားရုံးမှာ လျှောက်လဲခွင့်ရတဲ့ ပထမဆုံးသော အမေရိကန် အာဖရိကန် လူမျိုး သားဂွတ်မာရှယ်ရဲ့အကြောင်းကို ပြန်လည်ရိုက်ပြထားတဲ့ အတ္ထုပ္ပတ္တိပုံစံ ဒရာမာကားတစ်ကားပါ။ ကြွေလွင့်သွားခဲ့ပြီဖြစ်တဲ့ Chadwick Boseman ရဲ့ ကားကောင်းတစ်ကားပါပဲ။ ~ ဇာတ်လမ်းအညွှန်း ~ အမေရိကန်မှာ လူဖြူဝါဒကြီးစိုးပြီး လူမည်းတွေဖိနှိပ်ခံရတဲ့အချိန် ဂရင်းဝစ်မြို့မှာ လူဖြူအမျိုးသမီးတစ်ဦး လူမည်းရဲ့ မုဒိန်းကျင့်ခံရတယ်လို့ စွပ်စွဲလိုက်တာကြောင့် တနိုင်ငံလုံးကလူမည်းအများစူတွေ အလုပ်ဖြုတ်ခံရတာကို ဖြေရှင်းဖို့ သားဂွတ်တစ်ယောက် လူမည်းဘက်က ထုပဖို့ သူငယ်ချင်းဆမ်နဲ့အတူ ကြိုးစားခဲ့ပါတယ်။ သူကိုယ်တိုင်တာဝန်ယူဖို့ ကြိုးစားထားပေမဲ့ တကယ်တမ်း တရားရုံးက သူငယ်ချင်းဆမ်ကို အမှုစစ်ခိုင်းတဲ့အခါ ဘယ်လို အခက်အခဲတွေရှိခဲ့လဲ… ဘယ်လိုကြိုးစားခဲ့ရလဲ… ဆိုတာတွေကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန်ကားကောင်းတစ်ကားပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.45GB, 680MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 50Min Genre – Biography, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

7.3 2017
Marshall
Waiting…
6.7

Waiting (2005) နေ့စဉ်ဘဝရဲ့ ပုံမှန်ဆန်တဲ့တစ်နေ့တာကို ငြီးငွေ့နေတဲ့သူတွေရှိရင် ဒီကားလေးကအံကိုက်ဖြစ်မှာပါ။ ၂၀၀၅ ခုနှစ်က ထွက်ရှိထားပြီး Deadpool မင်းသား Ryan Reynolds ရဲ့ masterpiece တွေထဲက တစ်ခုလို့လည်း ပြောလို့ရတဲ့ကားလေးပဲ ဖြစ်ပါတယ်။ IMDb 6.7/10 ရရှိထားတဲ့ ဟာသကားလေးလည်း ဖြစ်ပါတယ်။ Diner တစ်ခုက စားပွဲထိုးကောင်လေးနှစ်ယောက်ကို အသားပေးရိုက်ကူးထားတာဖြစ်ပြီး။ သူတို့ရဲ့ ငြီးငွေ့စရာတစ်နေ့တာကို ပျော်စရာကောင်းအောင် ထွက်ပေါက်ရှာကြတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမှာပါ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM မှ Aditi ပဲဖြစ်ပါတယ်။ File size… 1.8 GB / 900 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Aditi

6.7 2005
Waiting…
Stand By Me
5.8

သွေးမတော်သားမတော်ဘဲ ကိုယ်တိုင်ကလည်း ပြည့်စုံနေတာ မဟုတ်ဘဲ လူတစ်ယောက်ကို မေတ္တာထားနိုင်မလား။ ဒီရုပ်ရှင်လေးက ဖြစ်ရပ်မှန်အဖြစ်အပျက်ကို ပြန်ရိုက်ကူးထားတဲ့ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထဲမှာ ဒီလိုကလေးတွေ ရှိနေပါတယ်။ အဖေရော အမေရော သက်ရှိထင်ရှား ရှိနေပေမဲ့ အုပ်ထိန်းသူမရှိတဲ့ လမ်းဘေးရောက်ကလေးတွေပေါ။ မာလျန်ကလည်း အဲလိုကလေးအဖြစ်နဲ့ ကြီးပြင်းလာသူ ဖြစ်ပါတယ်။ အရည်အချင်း တစ်စုံတစ်ရာမရှိတဲ့သူ့အတွက် တစ်ခုတည်းသော သက်မွေးဝမ်းကြောင်းနည်းက ပစ္စည်းတွေ ခိုးပြီး ပြန်ရောင်းရတာပေါ့။ တစ်နေ့မှာ အဘိုးအဘွားကမချစ် မိဘက ပစ်ထားပြီး ရပ်ကွက်ထဲမှာ အနိုင်ကျင့်ခံနေရသူ ရွှမ်းရွှမ်းနဲ့တွေ့ခဲ့ပြီး သူက ပစ္စည်းခိုး ကလေးကို ပစ္စည်းပြန်ရောင်းခိုင်းနဲ့ အပေးအယူတည့်သွားပါတယ်။ ဘဝတူတဲ့ သူတို့နှစ်ယောက်က သွေးမတော်ပေမဲ့ မိသားစုလို အချင်းချင်း မှီခိုနေထိုင်ပြီး သံယောဇဉ် ရှိသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကို ဒုစရိုက်အဖွဲ့အစည်း တစ်ခုက သတိထားမိသွားတဲ့အခါမှာတော့ သူတို့ရဲ့ သာယာမှုမရှိတဲ့ဘဝမှာ ကံဆိုးမိုးတွေ ရွာသွန်းလာခဲ့တာပေါ့။ TFboys အဖွဲ့ဝင် Karry Wang က အဓိကဇာတ်ဆောင်အနေနဲ့ သရုပ်ဆောင်ထားပြီး ဇာတ်ပို့တွေကလည်း အားလုံးရင်းနှီးပြီးသား သရုပ်ဆောင်ကောင်းတွေပဲ ဖြစ်လို့ ဒီရုပ်ရှင်ကိုတော့ ကြည့်သင့်တဲ့ရုပ်ရှင်ကားအဖြစ် ညွှန်းလိုက်ပါတယ်။

5.8 2024
Stand By Me
The Count of Monte-Cristo Le Comte de Monte-Cristo
7.7

The Count of Monte-Cristo (2024) IMDb Rating (7.7) / Rotten Tomatoes (100%) ကမ္ဘာကျော်ပြင်သစ်စာရေးဆရာကြီး အဲလက်ဇ်ဇန်ဒရာဒူးမတ်စ်ရဲ့ နာမည်ကျော်၀တ္ထုကို ပြင်သစ်တွေ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀ လောက်က၀တ္ထုဆိုပေမယ့်လည်း ကမ္ဘာတစ်ဝှမ်းမှာ ဘာသာစကားပေါင်းများစွာနဲ့ ဘာသာပြန်ဆိုခံခဲ့ရပြီး adaptation များစွာရှိတဲ့ အလွန်အောင်မြင််ခဲ့တဲ့၀တ္ထုပါ။ TV series တွေ Movie တွေ Musical တွေ များစွာရှိတဲ့အပြင် ဂျပန်မှာအရမ်းလူကြိုက်များတာကြောင့် Manga နဲ့ Anime တွေပါထွက်ရှိထားပါတယ်။ ဒီ၀တ္ထုကတော့ ပြင်သစ်စစ်ဘုရင်ကြီးနပိုလီယမ် အယ်လာဗ်ကျွန်းကို ပထမအကြိမ်ပြည်နှင်ဒဏ်ပေးခံရချိန် ၁၈၁၅ ၀န်းကျင်မှာဇာတ်အိမ်တည်ထားပါတယ်။ နပိုလိုယမ် ကျွန်းကထွက်ပြေးလာချိန်မှာ အပ်ဒ်မွန်ဒန်းတစ်စ်ဆိုတဲ့ လူငယ်လေးက ဆုံးခါနီးသူ့ကပ္ပတိန်ရဲ့စေခိုင်းမှုအရ နပိုလီယမ်နဲ့အတူပြည်နှင်ခံရတဲ့ ဗိုလ်ချုပ်ကြီးဘာထရန်ဆီ အထုပ်တစ်ခုပို့ဆောင်ပေးလိုက်ပါတယ်။ ဒီဗားရှင်းမှာတော့ ဒန်တစ်စ်က ရေနစ်‌နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကပ္ပတိန်အမိန့်ကိုဆန့်ကျင်ပြီး ကယ်တင်လိုက်ရာက စပါတယ်။ ဖြစ်ချင်တော့ အဲ့အမျိုးသမီးဆီမှာ နပိုလီယမ်ရဲ့စာတစ်စောင်ရှိနေပြီး သင်္ဘောကပ္ပတိန်ဒန်ဂလာစ်က အဲ့တာကိုသိသွားပါတယ်။ သူတို့မာဆေးကိုပြန်ရောက်တော့ ဒန်ဂလာစ်က သင်္ဘောပိုင်ရှင်ကို ဒန်တစ်စ်ရဲ့ အမိန့်မနာခံမှုအကြောင်း ပြောတော့ ပိုင်ရှင်က အမျိုးသမီးငယ်ကိုကယ်ခဲ့တဲ့ ဒန်တစ်စ်ကို ချီးကျူးပြီး ကပ္ပတိန် ခန့်အပ်လိုက်ပါတယ်။ သူ့ရဲ့ချစ်သူမာဆီဒတ်နဲ့ လက်ထပ်ချင်တဲ့အိမ်မက်လည်း ပြည့်သွားပြီမို့ ချစ်သူနှစ်ယောက် အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမယ့် သူတို့လက်ထပ်ပွဲနေ့မှာ မနာလိုဖြစ်နေတဲ့ ဒန်ဂလာစ်ရဲ့ တိုင်တန်းမှုကြောင့် ဥပဒေအရာရှိဒယ်ဗီဖော့တ်ရဲ့ လက်မှတ်နဲ့ နပိုလီယန်ထောက်ခံသူလို့ယူဆရတဲ့ အပ်ဒ်မွန်ဒန်တစ်စ်ကို ဖမ်း၀ရမ်းနဲ့အတူ အဖမ်းခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ အရာရှိက ဒန်တစ်စ်ကယ်ခဲ့တဲ့အမျိုးသမီးရဲ့ အစ်ကိုဖြစ်နေပြီး သူ့ဂုဏ်သတင်းထိခိုက်မှာစိုးတာကြောင့်သူ့အသိဖြစ်တဲ့အပြင် ဒန်တစ်စ်ရဲ့ သူငယ်ချင်းဖာနန်ဒယ်မောဆဲကို ဒန်တစ်စ်အပြစ်ရှိကြောင်းထွက်ဆိုပေးဖို့တစ်ဖက်လှည့်နဲ့တိုက်တွန်းပါတယ်။ ဖာနန်ကလည်း ဒန်တစ်စ်ရဲ့ဇနီးလောင်းမာဆီဒတ်ကို တစ်ဖက်သတ်ချစ်နေသူဖြစ်တာကြောင့် အချစ်အတွက်သူငယ်ချင်းကိုသစ္စာဖောက်ကာ ဗီဖော့တ်နဲ့ပေါင်းကြံပါတော့တယ်။ ကိုယ့်ကိုယ်ကျိုးအတွက် ဂုဏ်သတင်းအတွက် အချစ်အတွက် အခြားတစ်ယောက်ကို ထိုးချလိုက်ကြတဲ့ လူသုံးယောက်ကြောင့် အပ်ဒ်မွန်က ဘ၀ပျက်ပြီး ၂၂ နှစ်အရွယ်မှာတင် ချတိုဒိစ်ကျွန်းမှာ အကျဉ်းချခံလိုက်ရပါတော့တယ်။ လေးနှစ်အကြာမှာ ထောင်ဖောက်ဖို့ကြိုးစားရင်း သူ့အခန်းကို မှားရောက်လာတဲ့ ဖာသာဖာရီယာနဲ့တွေ့ခဲ့ပါတယ်။ ဖာရီယာက ပထမခရူးဆိတ်စစ်ပွဲတုန်းက သူရဲကောင်းတွေရဲ့ နောက်ဆုံးကျန်ရစ်သူကာဒီနယ်စပါတာရဲ့ တပည့်ဖြစ်ပြီး ဒန်တစ်စ်ကို သူတို့လွတ်ဖို့ကြိုးစားနေတဲ့နှစ်တွေအတွင်း သိသမျှသင်ပေးခဲ့ပါတယ်။ ဒန်တစ်စ်လွတ်လာတော့ သူ့ချစ်သူမာဆီဒတ်က ဖာနန်နဲ့လက်ထပ်ပြီး အခြားကိုပြောင်းသွားပြီဆိုတာသိလိုက်ရတဲ့အပြင် ဖခင်ဆုံးသွားတာပါသိတော့ စိတ်အနာနာကြီးနာသွားပြီး ဖာရီယာပြောခဲ့တဲ့ ကမ္ဘာပေါ်မှာမရှိဖူးသေးတဲ့ အကြီးမြတ်ဆုံးရတနာတစ်ပါးကိုသွားရှာပါတော့တယ်။ အဲ့ဒီမှာ ‌ကမ္ဘာကြီးကို လက်ဖဝါးပေါ်တင်ပြီး ကစားနိုင်သွားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ပုံပြင်စပါတယ်။ မွန်တီခရစ်စတိုမြို့စားကြီးအနေနဲ့ ပြန်လာခဲ့ပြီး သူ့အပေါ်မှားယွင်းစွာချောက်ချခဲ့တဲ့ လူသုံးယောက်ကို လက်စားချေမယ့် အစီအစဉ်ကိုစတင်အကောင်အထည်ဖော်ပါတော့တယ်။ Rating ကလည်း IMdb 7.7/10 နဲ့ Rotten tomotoes 100% ရရှိထားပြီး Budget EUR 42.9 million နဲ့ 2024 အတွက်ပြင်သစ်ရဲ့ အကုန်အကျအများဆုံးရုပ်ရှင်ဖြစ်တာမို့ ကြည့်မိလို့နောင်တမရပါဘူးနော်။ သစ္စာဖောက်မှု၊ ကလဲ့စားနဲ့ ချစ်ခြင်း‌တွေကို အလှပဆုံးပုံဖော်ထားတဲ့ Adaptation ကောင်းတစ်ပုဒ်ဖြစ်တဲ့အပြင် ဘာသာပြန်ကိုလည်း အတတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးထားတာမို့ ရှုစားကြည့်လိုက်ကြပါဦးရှင့်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(9 GB) / (2.8 GB) / (1.6 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Drama, History, Romance, Thriller Duration….02:58:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant, Benjamin Translated by Phu Thet Khin

7.7 2024 178 mins
The Count of Monte-Cristo Le Comte de Monte-Cristo
The Trainers Gli addestratori
5.6

The Trainers (2024) IMDb Rating (5.6) Gli Addestratori” ရုပ်ရှင်က Rating 5.6 ရရှိထားတဲ့ ဟာသနှင့် ချစ်စရာဆန်မှုများဖြင့် ပရိတ်သတ်များကို စိတ်ကျေနပ်စေသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဇာတ်လမ်းတွင် Lillo Petrolo နေရာမှာသရုပ်ဆောင်သော Pasquale Marolla က ကုန်းကားကျတဲ့ အသက်မွေးမှုတစ်ခုကို ပြန်လည်တည်ဆောက်ရင်း သူ့ရဲ့ ခွေးအချစ် တော် Cecchino ကို ပြန်ရယူဖို့ ကြိုးစားရပုံကို ဖော်ပြထားပါတယ်။ Geppi Cucciari သရုပ်ဆောင်သော သူ့ရဲ့ ဇနီးဟောင်း Marta ရဲ့ဇာတ်လမ်းကို မျှော်လင့်ထင်ဟပ်မှုများဖြင့် စွန့်စားမှုများဖြစ်စေပြီး, Francesca Agostini ရဲ့Caterina အနေဖြင့် ပါဝင်ထားပါတယ်။ အဓိကသရုပ်ဆောင်များ၏ ဟာသပြည့်ဝသော သရုပ်ဆောင်မှုက ပရိတ်သတ်ကို ရီမောရမောပါတယ်နော်။ ဇာတ်ညွှန်းက အနည်းငယ် ရိုးရှင်းသော်လည်း ဇာတ်လမ်းအဆုံးမှာ မျှော်လင့်ချက်နှင့် ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်လေးကို မိသားစုနဲ့အတူပျော်ရွှင်စွာ ကြည့်ရှုနိုင်တဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mary ဖြစ်ပါတယ်။) File size…(1.3 GB) / (670 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:30:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mary

War • Drama • History
5.6 2024 90 mins
The Trainers Gli addestratori
Entrapment

Entrapment ကတော့ မင်းသားကြီး Sean Connery ရဲ့ ၁၉၉၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ thriller, crime အမျိုးအစား ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အာမခံကုမ္ပဏီအေးဂျန့် ဗာဂျီးနီးယား ဘာကာဆိုတဲ့အမျိုးသမီးငယ်လေးဟာ အခိုးခံလိုက်ရတဲ့နာမည်ကျော် တန်ဖိုးကြီးပန်းချီကားအမှုကိုစုံစမ်းနေရင်း သံသယဖြစ်စရာတရားခံကဟာ ဂန္တဝင်သူခိုးကြီးတစ်ဦးဖြစ်ကြောင်း သိလိုက်ရပြီးနောက် သူမအနေနဲ့ ဒီပန်းချီကားကိုပြန်ရဖို့ ဘယ်လိုတွေအကွက်ချစီစဉ်ပြီး သူခိုးကြီးအနားကိုရောက်သွားမလဲဆိုတာကို ဇာတ်အိမ်တည်ထားတာပါ… ဒါပေမယ့် ဒီကောင်မလေးကတစ်ကယ်ပဲအမှုစုံစမ်းနေတာလား တစ်ခြားဘာရည်ရွယ်ချက်တွေရှိနေသေးလဲ … ဂန္တဝင်သူခိုးကြီးကရော ကောင်မလေးရဲ့လှည့်ကွက်ကိုကြိုမမြင်နိုင်ဘူးလား … ဘယ်သူကဘယ်သူ့ကိုလှည့်စားအသုံးချနေတာလဲဆိုတာကို စိတ်ဝင်စားဖွယ် အကွက်ကျကျဖန်တီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် … မင်းသားကြီး Sean Connery နဲ့ မင်းသမီးချော Catherine Zeta-Jones တို့ရဲ့တွဲဖက်ညီညီ chemistry မိမိသရုပ်ဆောင်ချက်တွေကို mind game ဆန်ဆန် action လန်းလန်း mission ကြမ်းကြမ်းတွေအပြင် romance လေးပါရောထားတော့ ရသစုံစုံနဲ့ Old but gold ဆိုတဲ့ဇာတ်ကားလေးတစ်ကားမို့ ကြည့်ရှူခံစားကြည့်လိုက်ကြပါဦး… File size…(1.5 GB)/(832 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Romance drama , Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakr Khin

Romance • Drama
0 1999
Entrapment
Children Who Chase Lost Voices
7.1

Children Who Chase Lost Voices (2011) ————————————————– IMDb – 7.1/10, MyAnimeList – 7.5/10 Anime လောကမှာ ဆြာတစ်ပါးဖြစ်တဲ့ Makoto Shinkai ကို နာမည်မကြားဘူးရင်တောင် Your Name တို့ Weathering With You တို့ကို သိကြလိမ့်မယ် ထင်ပါတယ်။ အခုရုပ်ရှင်လေးက ဒီဆရာသမားရဲ့ 2011 ထွက် ရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဒီတော့ ဇာတ်လမ်း ဇာတ်ညွန်း ရိုက်ချက် နောက်ခံတေးဂီတတွေ ပြောစရာမလိုအောင်ကောင်းမယ်ဆိုတာ သိပြီးသားဖြစ်မှာပါနော်။ ဇာတ်လမ်းအကျဉ်းလေးကတော့ Asuna ဆိုတဲ့ကျောင်းသူ‌လေးကစာတော်တဲ့ စာဂျပိုး‌ ကလေးမလေးပါ။ အဖေဖြစ်သူကဆုံးပါးသွားပြီး အမေဖြစ်သူက သူနာပြုအလုပ်တစ်ဖက်နဲ့ Asuna ကိုအချိန်မပေးနိုင်ပါဘူး။ ဒီတော့ Asuna ဟာ ညနေဆိုရင် Mimi ဆိုတဲ့ ကြောင်လေးတစ်ကောင်နဲ့ တောင်ကုန်းတစ်ခုပေါ်တက်ပြီး အဖေလက်ဆောင်ပေးခဲ့တဲ့ အသံလှိုင်းဖမ်းရေဒီယိုလေးနားထောင်လေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူမတစ်ခါမှမကြားဖူး‌ပေမဲ့ ရင်ထဲမှာစွဲကျန်နေခဲ့တဲ့ သံစဉ်တစ်ခုကိုကြားလိုက်ရပြီး အဲဒီအကြောင်းပဲ တွေးနေမိတယ်။ နောက်ရက်မှာတော့ Asuna တို့မြို့ထဲမှာ ဝက်ဝံလိုအကောင်ကြီးလွတ်နေတယ်ဆိုပြီး သတင်းတွေပျံ့နေပါတော့တယ်။ ဒါကြောင့် ညနေကျောင်းဆင်းချိန်မှာပဲ Asuna နဲ့ အဲဒီအကောင်ကြီး ထိပ်တိုက်တွေ့တဲ့အချိန် Shun လို့ခေါ်တဲ့ကောင်လေးက ကယ်တင်ပေးလိုက်ပြီး နှစ်ဦးသား ရင်းနှီးသွားကြပါတယ်။ နောက်တစ်ရက်မှာတော့ ချိန်းထားပေမဲ့ကောင်လေးကပေါ်မလာပါဘူး။ Asuna ကျောင်းဆင်းချိန်ရောက်တော့ Shun သေသွားပြီဆိုတဲ့သတင်းကြားလိုက်ရပါတယ်။ Asuna ရဲ့ကျောင်းမှာလဲအစားထိုးဆရာတစ်ယောက်ရောက်လာပြီး မြေအောက်ကမ္ဘာအကြောင်းကို သင်ခန်းစာထဲထည့်သင်သွားတဲ့အချိန် Asuna မှာ နားလည်ရခက်တဲ့ ပုစ္ဆာတွေကို သိချင်တာတွေရှိလာတော့တယ်။ အဲဒီနောက်မှာ Asunaဟာ မြေအောက်လောက (မရဏလောက) ကိုခရီးသွားဖို့ အကြောင်းဖန်လာပါတော့တယ်။ Shun က တကယ်ပဲသေသွားပြီလား အစားထိုးဆရာကရော တကယ်ပဲဆရာတစ်ယောက်လား။ Asuna တစ်ယောက်ဘယ်လိုစွန့်စားခန်းတွေကြုံရမလဲဆိုတာကို Emotional Scenes ကောင်းကောင်းလေးတွေနဲ့ တွေ့မြင်ရမှာပါ။ လူတိုင်းဟာတစ်ရက်မှာထွက်ခွာသွားရမှာလောကနိယာမပါပဲ။ အမြဲအတူရှိနေမယ် ထင်ထားတဲ့သူတွေကတောင် ထွက်ခွာသွားရမဲ့အချိန်တန်ရင် အနားကနေစွန့်ခွာသွားတာကို လက်မခံနိုင်လဲ လက်ခံရမှာပါ။ ဒီသဘောတရားကို ကောင်းကောင်းကြီးပုံဖော်ထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်လို့ ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Angelia ဖြစ်ပါတယ်) File size… 1.5 GB / 760 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 56m Genre ….. Animation, Adventure, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Angelia

Comedy • Drama
7.1 2011 116 mins
Children Who Chase Lost Voices