YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Seer.E18.1080p.CM.mp4

515.97 MB N/A video/mp4 681 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
21 Grams
7.3

Directed by Alejandro G. Iñárritu IMDb Rating - 7.7/10 21 Gramsဟာ Death Trilogyရဲ့ ဒုတိယကားပါ။ Death Trilogy ကတော့ Alejandro ရိုက်ခဲ့တဲ့ ဇာတ်ကောင်တွေရဲ့ သေခြင်းကို အခြေတည်ရိုက်ပြထားတဲ့ ဇာတ်ကား၃ကားဖြစ်ပြီး ၃ကားလုံးရဲ့စာရေးဆရာကလည်း Guillermo Arriaga ပါ။ Death Trilogyမှာ Amores perros ( 2000 ) , 21 Grams (2003) , Babel (2006) တိုပါဝင်ပြီး ၃ကားလုံးကို ဆက်တိုက်ရိုက်ကူးခဲ့သလို ၃ကားလုံးလည်း ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုရခဲ့တဲ့ ရုပ်ရှင်တွေပါ။ Alejandro ဟာ Death Trilogyအပြင် Birdman , The Revenant , biutiful ၃ကားကိုရိုက်ကူးခဲ့ပြီး ၃ကားလုံး ရုပ်ရှင်ကောင်းတွေဖြစ်ပြီး Birdmanနဲ့ The Revenantကတော့ အော်စကာ ၄ဆုနဲ့ ၃ဆုစီ ရခဲ့ပြီး birdman ကတော့ best pictureပါ ရခဲ့ပါတယ်။ ၆ကားပဲ ရိုက်ပြီး ၆ကားလုံး မာစတာပိစ်ဖြစ်နေတဲ့ သူလို ပြောလည်း မမှားပါဘူး။ သရုပ်ဆောင်တွေကလည်း Sean Penn ,ချေဂွေဗားရားမင်းသား Benicio Del Toro , Mulholland Drive နဲ့ ကင်းကောင်မင်းသမီး Naomi Watts တိုလို နာမည်ကြီး သရုပ်ဆောင်တွေပါ။ Del Toroနဲ့ Naomiဟာ ဒီရုပ်ရှင်နဲ့ပဲ အော်စကာsupporting ဆန်ခါတင်တွေ ဝင်ခဲ့ကြပါတယ်။ Del Toroကြီးရဲ့ ပီပြင်ပုံကလည်း ရူးလောက်ပါတယ်။ ၁၉၀၇မှာ Duncan MacDougallဟာ The 21 grams experiment ဆိုတဲ့ စာတမ်းတစ်စောင်ကို ထုတ်ဝေခဲ့ပါတယ်။ သူ့သီဝရီကတော့ လူ့ဝိညာဉ်မှာ ဒြပ်ထုအလေးချိန်ရှိပြီး အဲဒီဒြပ်ထုအလေးချိန်က ၂၁ဂရမ်ပါတဲ့။ ဒါကြောင့် လူတွေသေသွားရင် သေသေပြီးချင်းမှာ အလေးချိန်၂၁ဂရမ် ဆုံးရှုးသွားတယ်တဲ့။ ဒီရုပ်ရှင်ကတော့ အဲဒီ၂၁ဂရမ်ဆိုတဲ့ ဆုံးရှုးမှုမှာ အဆုံးအရှုးတွေ ဘယ်လောက်ပါဝင်နေလဲ။ အဲဒီ၂၁ဂရမ်ကို ဘယ်အချိန်မှာ တကယ်တမ်း ဆုံးရှုးသွားလဲ။ သေသူဆီက ဆုံးရှုးသွားတဲ့ အဲဒီ၂၁ဂရမ်ဟာ ကျန်ရစ်သူတွေဆီ ဘယ်နှဂရမ် ဘယ်နှအသည်းကွဲစာ ရောက်သွားလဲ။ အဲဒီဆုံးရှုးသွားတဲ့ ၂၁ဂရမ်မှာ စိတ်ဝိညာဉ်ပါဝင်မှု ဘယ်လောက်များလဲဆိုတဲ့ အမေးကို မေးပြီး ရိုက်ပြထားတဲ့ရုပ်ရှင်ပါ။ ဒီထဲမှာ ဇာတ်ကောင်မိသားစု၃ခုပါဝင်ပါတယ်။ မတော်တဆဖြစ်သွားတဲ့မိသားစုရယ် ၊ မတော်တဆမှုတရားခံရယ် ၊ အဲဒီမတော်တဆမှုဖြစ်ပြီး ဆုံးပါးသွားတဲ့လူဆီက နှလုံးကိုရလိုက်တဲ့သူရယ်ပါ။ သေတော့မယ့်လူရယ် ၊ အပြစ်ရှိတဲ့သူရယ် ၊ ကျန်ရစ်သူရယ်ဆီကို သေပြီးတဲ့လူတစ်ယောက်ရဲ့ ၂၁ဂရမ်ရဲ့ လေးလံခြင်း သိပ်သည်းခြင်းတွေအကြောင်း အပြစ်ရှိစိတ်‌တွေအကြောင်း ရိုက်ထားတယ်လို ပြောလိုရပါတယ်။ ဇာတ်လမ်းရဲ့ conceptကိုက ထူးခြားနေတာကို Alejandroက Nonlinearနဲ့ပြထားပါတယ်။ စစချင်းမှာ ကြည့်တဲ့သူကို ဘယ်မိသားစုက ဘယ်သူ့မိသားစုလဲတောင် ရောအောင် ပြထားပြီး ကြာရင်တော့ ရှုပ်မနေဘဲ ဇာတ်ရည်လည်သွားပါတယ်။ ကြည့်တဲ့သူရဲ့ စိတ်ကို ဖမ်းစားနိုင်တဲ့ တော်တော်သေသပ်တဲ့ပြသမှုပါပဲ။ သရုပ်ဆောင်တွေ တော်တော်လေး သရုပ်ဆောင်ကောင်းနေတာကလည်း ဒီဇာတ်လမ်းရဲ့ ကြည့်သူကို ဖမ်းစားနိုင်တဲ့ အဓိကအချက်တစ်ချက်ပါပဲ။ ၅ဆင့်တန်အကြွေစေ့ငါးပြားရဲ့ အလေးချိန် ငှက်ပိတုန်းတစ်ကောင်ရဲ့အလေးချိန် ချောကလက်တစ်ချောင်းရဲ့ အလေးချိန် ၂၁ဂရမ်ဟာ ဘယ်လောက်များလေးလံလဲ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.2GB) / (1GB) Quality__Bluray_1080p, 720p IMDb Rating__7.7/10 Format__mp4 Duration__02:02:00 Type__Crime, Drama, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Action • Drama • Romance
7.3 2003 124 mins
21 Grams
cars on the road

ဒီ စီးရီးလေးကတော့ ကမ္ဘာကျော်ကာတွန်းတစ်ခုဖြစ်တဲ့ Cars ကိုပဲ ဇာတ်လမ်းတွဲအဖြစ် ပြန်လည်တင်ဆက်ထားတာပါ။ စုစုပေါင်း ၉ ပိုင်းပါပြီ တစ်ပိုင်းကို ၁၀ မိနစ်ပဲ ကြာပါတယ်။ ဒါကြောင့် ကိုယ့်လူတွေ ဒေါင်းရသက်သာအောင် ၉ ပိုင်းလုံးကို ဆက်ပြီး မိနစ် ၉၀ အဝကြည့်လို့ရအောင် ဖန်တီးပေးထားလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လိုက်တနင်းမကွင်းရဲ့ အခင်ဆုံးသူငယ်ချင်း မိတ်တာဟာ သူ့အစ်မရဲ့ မင်္ဂလာဆောင်ရှိလို့ ခရီးဝေးကြီးကို တစ်ယောက်တည်းမောင်းနှင်သွားဖို့ အစီအစဉ်ရှိလာပါတယ်။ အဲဒီမှာ မကွင်းကလည်း အားလပ်ရပ်ခရီးသဘောမျိုး အဖော်လိုက်လာတဲ့အခါ သူငယ်ချင်းနှစ်ကောင် တစ်လမ်းလုံး အလွဲမျိုးစုံရယ်စရာမျိုးစုံ တွေ့လာရပါတော့တယ်။ The Shinning ကို ကိုးကားထားတဲ့ သရဲခြောက်တဲ့ဟိုတယ်ကြီးတွေ၊ ဂျူရက်ဆစ်ဝါးဒ် တို့ ဘစ်ဂ်ဖု တို့ တွေကိုပါ ထည့်သွင်းဇာတ်လမ်းဆင်ထားတာမို့ အတော်လေး ကြည့်ကောင်းတဲ့ စီးရီးဖြစ်သွားပါတယ်။ ခံစားကြည့်လိုက်ကြပါဦး File size…(2.3 GB)/(800 Mb)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….90 Min Genre...Animation Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Fantasy
null 2022
cars on the road
Love at First Kiss
6.2

Love at First Kiss (2023) ဘဝမှာ supernatural ability တစ်ခုသာ ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင် အနာဂတ်ကိုကြိုမြင် ကြိုသိနေချင်ပါတယ်ဆိုတဲ့လူတွေ ရှိနေမှာပါ။ ဒါပေမဲ့ တကယ်တမ်းအားလုံးကိုကြိုသိနေရခြင်းက တကယ်ပဲကောင်းတာဟုတ်ရဲ့လား။ ဇာတ်သိမ်း Spoil မိသွားတဲ့ ရုပ်ရှင်တစ်ခုတောင် ကြည့်ရတာအရသာပျက်သွားပြီဆိုရင် ဇာတ်သိမ်းကိုကြိုမြင်နေရတဲ့ ဘဝတစ်ခုကရော..... မိန်းကလေးတစ်ယောက်နဲ့ ပထမဆုံးအနမ်းတစ်ပွင့်ခြွေဖူးရုံနဲ့တင် ဒီမိန်းကလေးနဲ့သူရဲ့ အချစ်ဇာတ်လမ်းကို မြင်နိုင်တဲ့ထူးခြားတဲ့အစွမ်းကို ပိုင်ဆိုင်ထားတဲ့ဟာဗီယာ၊ အနာဂတ်ရှေ့ရေးကို အမြဲကြိုမြင်နေတဲ့ဟာဗီတစ်ယောက် အဆင်မပြေနိုင်မှန်းသိနေတဲ့ RS တွေကို ဘာမပြောညာမပြောနဲ့ သစ်စိမ်းချိုးချိုးလေ့ရှိပါတယ်။ ဒီတော့ ဟာဗီကိုယ်တိုင်လည်း Commitment ဆိုတာကို ကြောက်လာသလို မိန်းကလေးတွေကြားမှာလည်း လူရှုပ်လူပွေအဖြစ် နာမည်ဆိုးထွက်သူတစ်ယောက် ဖြစ်လာတော့တာပေါ့။ ဘယ်မိန်းကလေးနဲ့နမ်းနမ်း သာယာတဲ့အနာဂတ်ကိုမမြင်ရလို့ စိတ်ပျက်နေတဲ့အပြင် အလုပ်ကပါအဆင်မပြေလို့ အရှုံးပေါ်နေပြန်လို့ အနုတ်ပြနေတဲ့ဟာဗီရဲ့ဘဝထဲကို အနမ်း ၂ ပွင့်နဲ့အတူ ဝင်ရောက်လာခဲ့တဲ့ မိန်းကလေး ၂ ယောက်၊ အဲဒီထဲကတစ်ယောက်တော့ ဟာဗီရဲ့အချစ်ဆုံးသူငယ်ချင်းရောဘတ်တိုရဲ့ချစ်သူဖြစ်တဲ့ လူစီယာနဲ့ နောက်တစ်ယောက်ကတော့ အမြဲတမ်းခံစားချက်တွေကို သိမ်းထားတတ်တဲ့ဟာဗီကို ရင်ဖွင့်လာအောင်လုပ်နိုင်ခဲ့တဲ့ လွတ်လပ်ပြီးပျော်ပျော်နေရတာကြိုက်တဲ့အေရီယာနာ။ ဘယ်တစ်ယောက်နဲ့ ဘယ်လိုအနာဂတ်တွေကို ဟာဗီမြင်လိုက်ပြီးတော့ သူရွေးမဲ့လူက ဘယ်သူဖြစ်မလဲဆိုတာ အားလုံးအ‌တူ ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.1GB | 578MB | 287MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... August

Action & Adventure • Drama • Sci-Fi & Fantasy
6.2 2023 96 mins
Love at First Kiss
The Prom
6.2

ကျောင်းကပွဲဆိုတာ ကျောင်းပြီးဆုံးခါနီးကျောင်းသားတွေအတွက်တော့ ကိုယ့်ချစ်သူတွေ သဘောကျတဲ့သူတွေနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းရင်း ဘဝမှာမေ့ပျောက်လို့မရတဲ့ညတစ်ညအဖြစ်နဲ့ အမှတ်တရတွေ အများကြီး ချန်ထားခဲ့ရမယ့်ပွဲတစ်ပွဲပဲဖြစ်ပါတယ်။ အင်ဒီယားနားပြည်နယ် အက်ချ်ဝါးတားမြို့က အထက်တန်းကျောင်းသူလေးအမ်မာကတော့ လိင်တူချစ်သူတစ်ယောက်ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းကပွဲတက်ရောက်ခွင့် မရရှိပါဘူး.... မြို့နေလူထုဟာတစ်ဖက်သန်တစ်ယူသန်တွေများပြီး ကျောင်းသားမိဘတွေဟာလည်း လိင်တူစုံမက်ချစ်ခင်မှုကို မလိုလားတဲ့သူတွေဖြစ်ပါတယ်... လိင်တူချစ်ခင်သူတစ်ယောက်ဖြစ်တဲ့အကြောင်းပြချက်နဲ့တင် Parent Teacher Association (PTA)ကဆုံးဖြတ်ချက်နဲ့ ကျောင်းကပွဲတက်ရောက်ခွင့်မပြုပဲ လူ့အခွင့်အရေးကို ချိုးဖောက်ခံခဲ့ရပါတယ်... တစ်ဖက်မှာလဲ အရင်တုန်းကနာမည်ကြီးခဲ့ကြတဲ့ ပြဇာတ်သရုပ်ဆောင်တွေဟာ ပွဲတစ်ပွဲကရာမှ ဝေဖန်ပြစ်တင်မှုများစွာခံရပြီး နာမည်ကိုပြန်အဖတ်ဆယ်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ကောင်းတဲ့အရာတစ်ခုခုကိုလုပ်ပေးလိုက်ရင် လူတွေအမြင်ပြောင်းသွားမှာပဲဆိုတဲ့ ဆယ်လီဘရစ်တီတွေလုပ်နေကြ လှည့်ကွက်တွေနဲ့အတူ လူတွေအာရုံပြောင်းဖို့ အမ်မာရဲ့ဖက်ကနေ ကူညီပေးဖို့ကြိုးစားကြပါတော့တယ်.... အဆုံးသတ်မှာအမ်မာတစ်ယောက် သူချစ်ရတဲ့သူနဲ့အတူ ကျောင်းကပွဲကိုတက်ရောက်နိုင်ပါ့မလား... လူတွေရဲ့လိင်တူချစ်သူတွေကို မြင်တဲ့အမြင်ကရောဘယ်လိုရှိသလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ Musicalကားတစ်ကားဖြစ်တာနဲ့အညီ သီချင်းဒိုင်ယာလော့တွေ ဝေဝေဆာဆာပါဝင်ပါတယ်။ဆုကြီး (၂)ဆုရရှိထားတဲ့အပြင် မင်းသမီးကြီး Meryl Streep လည်းပါဝင်ထားလေတော့ အလန်းဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasပါ File Size :(2.3GB) and (1.02GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:10:00 Genre :  Comedy, Drama, Musical Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae

Drama • Mystery • Sci-Fi & Fantasy
6.2 2020 132 mins
The Prom
Where the Devil Can’t Go, He Sends a Woman 2
5.7

ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ IMDb 5.7/10 ရရှိထားတဲ့ ပိုလန်စကားပြော Comedy/Crime/Drama ကားလေးပါ။ ဇာတ်လမ်းကတော့ ၁၉၉၀-၂၀၀၀ခုနှစ် ဝန်းကျင်က ပိုလန်နိုင်ငံရဲ့ စီးပွားရေး အားပြိုင်မှုတွေကြားထဲက လူလိမ်တစ်ဖြစ်လည်း ကုန်သည်ဖြစ်သူ ခါဇုမီယက်ဇ်ဘွန်ချက်ဇ်ရဲ့ မျိုးစုံကြိုးခုန်တတ်တဲ့၊ စီးပွားရေးကွက်ကျော်ရိုက်၊ ကလိမ်စေ့ငြမ်းစင်ပုံတွေကို ပုံဖော်ထားတာဖြစ်ပါတယ်။ သူကိုယ်တိုင်ကျ ကွက်ကျော်ရိုက်တတ်ပေမယ့် ကားခိုးမှုတွေများနေတဲ့နိုင်ငံမှာ သူ့ကားအခိုးခံရမှာကြောက်လို့ ကားစတီယာရင်ကို ဘယ်သွားသွားချွတ်ယူသွားတတ်တဲ့ ခါဇုတစ်ယောက် နိုင်ငံပိုင်ကုမ္ပဏီတွေကို ပုဂ္ဂလိပိုင်ဖြစ်အောင် ဘယ်လိုလုပ်ပြီး သန်းပေါင်းများစွာကို ဘယ်လိုအိတ်ထဲထည့်ခဲ့သလဲ၊ သတင်းအချက်အလက်တွေရယူဖို့ ဘယ်လိုလမ်းကြောင်းကနေ ကြိုးစားခဲ့သလဲ၊ ရာဇဝတ်မှုတွေကို ဘယ်လိုကျူးလွန်ခဲ့သလဲဆိုတာကို ရှုစားရမှာပါ။ ဥပဒေကို လက်တစ်လုံးခြားလုပ်နေတဲ့သူ့ကို ဖမ်းဖို့ကြိုးစားခဲ့တဲ့ ရဲအရာရှိကိုရော ဘယ်လိုနှစ်ပေါက်တစ်ပေါက်ရိုက် လှည့်ထွက်ခဲ့သလဲ၊ အဲဒီ ရဲအရာရှိကရော သူ့ကို တကယ်ဖမ်းဆီးနိုင်ပါ့မလား၊ ဂျင်ပေါ်ကထုံးဖြစ်တဲ့ ခါဇုတစ်ယောက် ငွေနဲ့ပတ်သက်လာတဲ့အခါ ယုံကြည်ရတဲ့မိတ်ဆွေတွေကို အရင်အတိုင်း ဆက်ယုံကြည်နိုင်မှာလား၊ ခါဇုကိုရော သူ့ရဲ့မိတ်ဆွေတွေက နောက်ဆုံးအချိန်ထိ ယုံကြည်ပေးသွားမှာလား ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ (ထုံးစံအတိုင်း မိသားစုနဲ့ကြည့်ဖို့မသင့်တဲ့ တချို့ဇာတ်ဝင်ခန်းတွေကို တစ်ယောက်တည်းကြည့်ရင်း) ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွန်းနဲ့ဘာသာပြန်ကတော့ Emily ပဲဖြစ်ပါတယ်) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Crime, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

5.7 2023
Where the Devil Can’t Go, He Sends a Woman 2
Bora

Bora (2023) ဒီကားလေးက 2023 ခုနှစ်ထွက် Thriller ကားသစ်လေးဖြစ်ပါတယ်။ အီလွန်ဆိုတဲ့ကောင်မလေးက မက်ဆီကန်ရိုးရာ လူသေများရဲ့နေ့မှာ စည်းကမ်းတင်းကြပ်တဲ့ မိဘနဲ့ အကာအကွယ်လွန်နေတဲ့ရည်းစားရဲ့လက်က‌နေ ကိုယ့်ကိုယ်ကိုယ်ရှာဖွေဖို့ခရီးထွက်လာပါတယ်။ လမ်းမှာ ဘိုရာဆိုတဲ့ကောင်မလေးတစ်ယောက်ကို ကားနဲ့မတော်မဆတိုက်မိပြီး အဲဒီကောင်မလေးကို လမ်းကြုံခေါ်တင်လာပါတယ်။ အဲဒီကနေမှ သူတို့ရင်းနှီးလာပြီး အီလွန်ကို ဘိုရာက အယ်လ်အေတစ်ဝိုက် လိုက်ပြမယ်လို့ပြောပြီး အီလွန် တစ်ခါမှမလုပ်ဖူးတာတွေကို လုပ်ဖို့ဆွဲဆောင်ပါတော့တယ်။ ဘိုရာနဲ့တွေ့ပြီး အီလွန်မကြုံဖူးတာတွေကိုပါ ကြုံလာရရင်း ဘိုရာကဘယ်လိုလူစားမျိုးလဲ… ဘိုရာနဲ့အတူရှိရတာ အီလွန်အတွက် အန္တရာယ်ရောကင်းရဲ့လား…ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 730MB Quality – 1080p, 720p Format – mp4 Duration – 1H 30Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

0 2023 90 mins
Bora
Lucky Man
7.1

Lucky Man (2023) IMDB rating 7.2 ရထားတဲ့ တမီးလ် စကားပြော ဟာသ/ဒရာမာ ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဗီရာနဲ့ အတူ ခါတိုင်းရွှတ်နောက်နောက်နဲ့ အမြဲနောက်ပြောင်တတ်တဲ့ ဟာသမင်းသားကြီးယိုဂီဘာဘူကို ဒီတစ်ခါတော့ အတည်ပေါက်ဇာတ်ရုပ်နဲ့မြင်တွေ့ရမှာဖြစ်ပါတယ် အဓိက ဇာတ်ကောင် မူရူဂန်ဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်က ငယ်ငယ်တည်းက ကံမကောင်းခဲ့တဲ့လူ.. ဘယ်လောက်တောင်လဲဆိုရင် ရေဒီယိုအစီအစဥ်က မေးခွန်းကို ခက်ခက်ခဲခဲ မှန်အောင် ဖြေပြီးတာတောင် ဆုငွေလှည့်တော့ ဗလာပဲ ကျတဲ့အထိ သူ့အနေနဲ့လည်း ဒရာမာခင်းမျက်ရည်ချူနေဖို့ထက် အတည်ပေါက်ကြီးတွေပဲ ထေ့လုံးပြောရတာကို အရသာတွေ့တဲ့လူပါ မြေအကျိုးဆောင်လုပ်ငန်း လုပ်ကာမှ မြေကွက်မကြည့်ရသေးခင် ဖောက်သည်ရဲ့ အဘွားဆုံးပြီး လှည့်ပြန်ရတဲ့ အဖြစ် အလုပ်အတွက် ဆိုင်ကယ်ကောင်းကောင်း အသစ်လိုနေတာကို လှည့်ပတ်ချေးဖို့ ကြိုးစားနေရတဲ့အချိန်…. စုကြေးကုမ္ပဏီကနေ ကားဆုကြီးထပေါက်ပါတော့တယ်.. တစ်သက်လုံးကံဆိုးလာတဲ့မူရူဂန်တစ်ယောက် ကံကောင်းခြင်းတွေအစပျိုးလာတာဟုတ်ရဲ့လား သူ့ရဲ့ကံဆိုးမှု အလွဲအချော်တွေက ဘယ်လောက်ထိဆက်ဖြစ်နေဦးမလဲ……. ဒီကားက ဟာသမင်းသားကြီး ယိုဂီဘာဘူရဲ့ အတည်ပေါက်နဲ့ ထေ့ပြောပြောတာတွေက အဓိကဆွဲဆောင်မှုပါ comedy ဆိုတာထက် ဒါမျိုး genre ကို dark-comedy သို့မဟုတ် Dra-Medy(drama+comedy)လို့လဲ ခေါ်ပါသေးတယ် ပုံမှန်ဟာသကားနဲ့တော့ ကွဲထွက်နေမှာပါ ရှုစားလိုက်ကြပါဦး အညွှန်းရေးသူက KKKZ ဖြစ်ပြီး CM Bollywood Team က ဘာသာပြန်ပေးထားပါတယ်

7.1 2023 134 mins
Lucky Man
Knuckle Girl
5.2

Knuckle Girl (2023) Alice in Borderland မှာ Ann အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ayaka Miyoshi ရဲ့ကားအသစ်ပါ။ ကိုရီးယားဒါရိုက်တာ ကိုရီးယားဇာတ်ညွှန်းရေးဆရာတွေက ရိုက်ကူးရေးသားထားပြီး ဂျပန်သရုပ်ဆောင်တွေ သုံးထားပါတယ်။ Korea Webtoon ကနေ ကိုရီးယားဇာတ်ညွှန်းရေးဆရာက ဇာတ်ညွှန်းပြန်ရေးထားတာမို့ ကိုရီးယားအငွေ့အသက်တော့ ရနေဦးမှာပါပဲ။ ဒီကားရဲ့ ဇာတ်ညွှန်းရေးဆရာကတော့ The Villainess တို့ Carter (2022) တို့လို ကိုရီးယားကားကိုမှ Non-stop Action ဆန်ဆန်ကားတွေကို ဇာတ်ညွှန်းရေးခဲ့တဲ့သူဆိုတော့ ဒီကားမှာလည်း မင်းသမီး ဘယ်လောက်တောင် မနားတမ်းကြုံးရမလဲ မေးနေစရာတောင်မလိုလှဘူး။ ဇာတ်လမ်းကတော့ ဒီလို။ အဖေရော အမေရောမရှိတော့ဘဲ အစ်မနဲ့ညီမပဲ အတူတူရုန်းကန်နေတဲ့ မိသားစုတစ်ခုရှိတယ်။ အမက ဒုစရိုက်နဲ့မကင်းတာတွေလုပ်ပြီး အန္တရာယ်ကြုံနေရတဲ့အချိန် ညီမက သူ့အစ်မကို ဒါတွေမလုပ်ဘဲ ဘောက်ဆင်သမားဖြစ်လာစေချင်ခဲ့တယ်။ သူ့ညီမ ဆန္ဒအတိုင်း သူ့အစ်မက သူ့ညီမကို ဦးလေးနဲ့အဒေါ်အိမ်ထားခဲ့ပြီး ဘောက်ဆင်လောကထဲ ခြေစုံပစ်ဝင်သွားတယ်။ အဲဒီနောက် သူ့ညီမ ကားထဲ မီးလောင်ပြီးသေသွားတဲ့ သတင်းကြားတော့ သူ့ညီမအလောင်းကိုလာကြည့်တယ်။ ရဲတွေက သူ့ညီမပါလို့ အခိုင်အမာပြောနေပေမဲ့ သူကတော့ သူ့ညီမ မဟုတ်တာ သေချာနေခဲ့တယ်။ဒီလိုနဲ့ သူ့ညီမ ဘယ်ရောက်သွားလဲရှာရင်း အကြမ်းစားလူဆိုးဂိုဏ်းတွေနဲ့ ရင်ဆိုင်ရဖို့အကြောင်းဖန်လာတယ်။ ဇာတ်ကလည်း မဆိုးသလို အက်ရှင်ခန်းတွေလည်းများတာမို့ အက်ရှင်ပရိသတ်တွေ ကြိုက်ကြမှာပါ။ ဒီစာရေးဆရာရဲ့ကားတွေနဲ့ပဲ ပြန်ယှဉ်ရရင်‌တော့ Carter ထက်တော့ကောင်းပါတယ်။ The Villainess ရဲ့အရသာကိုတော့ မမီပါဘူး။ ဘာလို့ဆို မသကာ The Villainess ရဲ့ဇာတ်က Carter ထက် စုတ်ခဲ့တယ်ဆိုရင်တောင် Kim Ok-bin နဲ့ Shin Ha-kyun တို့က ကောင်းကောင်းကြီး ကယ်နိုင်မှာမို့ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 910MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 47Min Genre – Action, Crime Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

5.2 2023
Knuckle Girl
How to Rob a Bank
6

“ဘဏ်ဘယ်လိုဖောက်ရမလဲ” ၂၀၀၇ တုန်းကထွက်ရှိခဲ့တဲ့ Thriller/Comedy ရုပ်ရှင်ပါ။ ခရမ်းချဉ်သီးပုပ်မှာ မျက်နှာပန်းမလှရှာပေမဲ့ IMDbမှာတော့ 6 အထိရရှိထားပါတယ်။ ကျွန်တော့်အတွက်ကတော့ ၂၀၀၇ လို ခုနှစ်တုန်းက ထွက်ရှိထားတဲ့ ရုပ်ရှင်တစ်ကားအနေနဲ့ စိတ်၀င်စားစရာကောင်းပြီး လက်ခံပေးလို့ရတဲ့ အဆင့်မှာရှိတယ်လို့ မြင်ပါတယ်။ ဒီရုပ်ရှင်က ရိုက်ကွင်း နှစ်ခုသုံးခုလောက်နဲ့ ပတ်ရိုက်ထားတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါ။ ဇာတ်လမ်းအစမှာ ဂျေဆန်တေလာဆိုတဲ့ဘဲက ဘဏ်တစ်ခု အနုကြမ်းစီးခံနေရချိန်မှာ ငွေတိုက်ထဲမှာ ဂျက်စီကာလို့‌ခေါ်တဲ့ စော်လေးတစ်ပွေနဲ့ပိတ်မိနေတယ်။ တကယ်တော့ ဒီဘဲက အနုကြမ်းစီးတဲ့အဖွဲ့နဲ့ လားလားမှမဆိုင်ဘူး။ သူ့ အေတီအမ်ကဒ်ကနေ ငွေထုတ်ရင်း အပိုကြေးထပ်ဖြတ်ခံလိုက်ရလို့ ဘဏ်မှာမကျေမနပ်နဲ့ ကွန်ပလိန်းလာတက်ရင်းကနေ အနုကြမ်းစီးတဲ့အချိန်နဲ့ တည့်တည့်တိုးပြီး ထီပေါက်သွားတာ။ ဂျေဆန်နဲ့ ဂျက်စီကာတို့ပိတ်မိနေတဲ့ ငွေတိုက်ခန်းထဲမှာ ကွန်ပြူတာတစ်လုံးရှိတယ်။ ဒီကွန်ပြူတာကို ဆယ်တန်လောက်လေးတဲ့ သံတံခါးကြီးနဲ့ပိတ်ထားတဲ့ ငွေတိုက်ထဲမှာ ထည့်ထားရခြင်း အကြောင်းရင်းတစ်ခုရှိပါတယ်။ ဒီလိုနဲ့ ဂျေဆန်တို့ဆီကို အပြင်မှာ အနုကြမ်းစီးနေတဲ့ လက်နက်ကိုင်အဖွဲ့ရယ်၊ ဓားစာခံကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ ရဲတပ်ဖွဲ့ရယ်ဆီကနေ ဖုန်းတွေ တဂွမ်ဂွမ်လာပါတော့တယ်။ ဂျေဆန်တို့နှစ်ယောက် လိုင်းပြတ်တောင်း‌ပြတ်တောင်းဖြစ်‌တဲ့နေရာမှာ နိုကီရာဖုန်းလေးကိုသုံးပြီး ငွေတိုက်အပြင်ကနေလူတွေနဲ့ ဘယ်လိုတွေညှိနှိုင်းဆွေးနွေးပြီး အပြင်ပြန်ထွက်နိုင်ဖို့အရေး ဘယ်လိုကြံဖန်ကြိုးစားကြမလဲ၊ ဂျက်စီကာကရော ဘယ်သူလဲ ဘာကိစ္စ ဂျေဆန်နဲ့အတူ ငွေတိုက်ထဲရောက်နေဝာလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.4 GB)/(705 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre…Comedy, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Crime • Thriller
6 2007
How to Rob a Bank
Will
7.1

Will (2024) ~ IMDb – 7.1/10, Rotten Tomatoes – 60% ~ ဒီကားလေးကတော့ ခုလပိုင်းအတွင်းကမှထွက်ရှိထားတဲ့ စစ်ပွဲကာလနောက်ခံ ဘယ်လ်ဂျီယမ်ကားလေးပါ။ ဇာတ်လမ်းကို WW2 ကာလအတွင်း အရေးပါတဲ့ Antwerp ဆိပ်ကမ်းမြို့မှာ ဇာတ်အိမ်တည်ထားပြီး ဂျူးတွေအများ‌အပြား‌ နေထိုင်ခဲ့ကြတဲ့မြို့လည်းဖြစ်ပါတယ်။ သင်တန်းဆင်းခါစရဲတပ်သား “ဝေလ်” နဲ့ရဲဘော်တစ်ယောက်က ဂျာမန်စစ်တပ်ရဲတစ်ယောက် ဂျူးရပ်ကွက်ကို လူသွားဖမ်းထားတာကို အစောင့်အရှောက်အဖြစ်လိုက်သွားရင်း မတော်တဆ စစ်တပ်ရဲကိုသတ်မိလိုက်ပါတယ်။ အဲဒီကနေမှ ဂျုးတွေကိုမုန်းတဲ့ပန်းချီဆရာတစ်ယောက်နဲ့ ပတ်သက်မိပါတယ်။ အဲဒါအပြင် ဝေလ်တစ်ယောက် သူငယ်ချင်းနဲ့ရည်းစားပါရာ ဂျူးအဖွဲ့အစည်းထဲပါ၀င်မိရာမှ အဲဒီအဖွဲ့အတွက်သူလျှိုလုပ်ပေးရင်း နဂိုစစ်တပ်ရဲကိုသတ်မှုကပါ နောက်မှာမီးခိုးကြွက်လျှောက်လိုက်လာတဲ့အခါမှာတော့… စစ်ပွဲတွေက လူ‌တွေရဲ့ကိုယ်ကျင့်တရားနဲ့ စာရိတ္တတွေကိုပါ တိုက်စားသွားနိုင်တဲ့အရာမျိုးပါပဲ။ ဝေလ်တစ်ယောက် ကြံ့ကြံ့ခံနိုင်ပါ့မလား… အများနည်းတူမိုးခါးရေသောက်မလား… ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ ဝေဖန်ရေးသမားတွေဆီကနေ Review ကောင်းတွေ ရထားတဲ့ကားမလို့ ပေးရတဲ့အချိန်နဲ့တန်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.05GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 50Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

7.1 2024
Will
Tainted Soul

Tainted Soul (2023) ============== Genre – Horror ခုနောက်ပိုင်း ထိုင်းခေတ်ပြီးတဲ့နောက် သရဲကားတွေကို တွင်တွင်ကျယ်ကျယ် ဖန်တီးရိုက်ကူးနိုင်လာကြတဲ့ အင်ဒိုနီးရှား သရဲကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူက သရဲကားဆိုပေမဲ့လည်း အချစ်ဆန်ဆန် ဒရမ်မာလေးလည်း ပါသေးတာမို့ ရသတစ်မျိုးပဲ ပေးစွမ်းနိုင်တာ မဟုတ်ပါဘူး။ ဇာတ်လမ်းလေးကို ပြောပြပေးရမယ်ဆို ရာကာဆိုတဲ့ အထက်တန်းကျောင်းသားလေးက မျိုးရိုးစဉ်ဆက် အကြားအမြင်ပညာသည်ဖြစ်နေတော့ ငယ်စဉ်ကတည်းက သရဲပေါင်းစုံကို မြင်တွေ့နေရပြီး လိုအပ်တဲ့အခါတိုင်း အလျဉ်းသင့်သလို ကူညီပေးနေရတဲ့ လူငယ်လေးပါ။ ဒါပေမဲ့ ဆိုးကျိုးအနေနဲ့ ကျောင်းတွေမှာ အပေါင်းအသင်းမရှိပဲ အမြဲတမ်း အထီးကျန် အနိုင်ကျင့်ခံလေး ဖြစ်ပါတယ်။ ဒါကြောင့် ရာကာတစ်ယောက် ဦးလေးရှိရာ ငယ်ဘဝကနယ်မြို့လေးကို ပြန်လာပြီး ကျောင်းပြောင်းတက်ပါတယ်။ ဒီလိုနဲ့ ပြန်လာတဲ့အခါမှာတော့ ရာကာတစ်ယောက် အထက်တန်းကျောင်းသူ သရဲမချောချောလေးနဲ့ သူငယ်ချင်းဖြစ်ပြီး အထီးကျန်နေတဲ့ ဘဝလေးကို ကြည်နူးစွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ရာကာတက်နေတဲ့ကျောင်းမှာ သူများတွေကို အနိုင်ကျင့်နေကြဖြစ်တဲ့ ကျောင်းသားတစ်သိုက်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ မျက်နှာဖုံးသရဲတစ်ကောင်က သေတဲ့ထိ တစ်ယောက်ပြီးတစ်ယောက် လိုက်လံ သတ်ဖြတ်နေတဲ့အချိန်မှာတော့ ရာကာတစ်ယောက် ဘယ်လိုမျိုး သရဲမလေးနဲ့အတူ ဖြေရှင်းမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သူကတော့ သရဲကားဆန်ဆန် အငွေ့အသက်တွေလည်း ပါသလို လူသတ်ကား အရသာမျိုးတွေလည်း တွေ့ရမှာဖြစ်ပြီး ဖူးသစ်စ ကျောင်းသားကျောင်းသူလေးတွေရဲ့ နုနုနယ်နယ် အချစ်ဇာတ်လမ်းဆန်ဆန်လေးလည်း ပါဝင်သေးတာကြောင့် စုံစီနဖာ ခံစားရမှာ ဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်ထားကြတာကတော့ အင်ဒိုဇာဏ်ခီနဲ့ အင်ဒို ချစ်သူဝေတို့ပဲ ဖြစ်ပါတယ်ဗျ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thura Aung ပါ ) File size_(1.3GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:46:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thura Aung

0 2023
Tainted Soul
Ipar Adalah Maut
7.3

Ipar Adalah Maut (2024) IMDb Rating (7.3) အင်ဒိုနီးရှားနိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ Eliza Sifa ရဲ့ ဇာတ်လမ်းကို အများသူငှာ သင်ခန်းစာယူနိုင်အောင် ရိုက်ကူးထားတဲ့ အိမ်ထောင်ရေး ပညာပေးကားလေး ဖြစ်ပါတယ်။ အာရစ်စ်နဲ့ နီဆာဆိုတာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်စုံမက်လို့ ပေါင်းဖက်ခဲ့ကြတဲ့ ဆရာနဲ့ ကျောင်းသူ လင်မယားတစ်တွဲပေါ့။ သမီးလေးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားပြီး အာရစ်စ်ကတော့ ကျောင်းမှာ စာဆက်သင်တယ် နီဆာကျတော့ ကိတ်မုန့်တိုက်လေး ဖွင့်ထားပြီး အောင်မြင်နေတာပေါ့။ ဒီလိုမျိုး သာယာငြိမ်သက်နေတဲ့ဘဝထဲကို မုန်တိုင်းတစ်ခုက သတိမပေးပဲ ဝင်ရောက်တိုက်ခတ်လာပါတော့တယ်။ အဲဒါကတော့ နီဆာရဲ့ ညီမအရင်းဖြစ်သူ ရာနီဟာ အရွယ်ရောက်လာပြီး မြို့မှာ တက္ကသိုလ်တက်ရမှာဖြစ်တဲ့အတွက် အမေဖြစ်သူက “သွား အစ်မအိမ်သွားနေလိုက်” ဆိုရာကနေ ဒီဇာတ်လမ်းတစ်ပုဒ် ဖြစ်လာတာပါပဲ။ အိမ်ထောင်ဦးစီးတစ်ယောက်နဲ့ ဆင်ခြင်သုံးသပ် ပညာယူစရာလေးတွေ၊ မိန်းမပျိုလေးတွေအတွက်လည်း မဖြစ်သင့်တာ မဖြစ်ရအောင် ပညာယူစရာလေးတွေ စသဖြင့် ဖော်ကျူးထားတဲ့ အင်ဒိုနီးရှား ဒရမ်မာကားလေးပဲ ဖြစ်ပါတယ်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်။) File size…(2.0 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….02:11:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thura Aung

7.3 2024
Ipar Adalah Maut
Clear Cut
4.8

Clear Cut(2024) ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ကထွက်ရှိထားတဲ့ Action , thriller ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ မင်းသား Clive Standen , Alec Baldwin , Stephan Dorff တို့အဓိက ပါဝင်သရုပ်ဆောင်ထားပြီးတော့ဒါရိုက်တာကတော့ Brian Skiba ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း သစ်ထုတ်လုပ်သမား နှစ်ယောက် တောထဲကို သစ်ပင်ခုတ်ဖို့လာရင်းနဲ့ တောအုပ်အလယ်မှာ မူးယစ်ဆေးချက်တဲ့ နေရာတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ မူးယစ်ဆေးအရောင်းအဝယ်သမားများရဲ့ လျှို့ဝှက်ချက်ကို သိရှိသွားတဲ့အလျောက် သူတို့ဟာ မူးရစ်ဆေးသမားတွေရဲ့ ရန်ကနေလွတ်မြောက်အောင် လုပ်ဖို့ဖြစ်လာပါတယ်။ Thriller ဆန်ဆန်ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပြီးတော့ မြှုပ်ကွက်တွေလဲ ပါတာမလို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size…(1.9 GB) / (1.1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Thriller Duration….01:28:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nay

Drama
4.8 2024 88 mins
Clear Cut
Bob Trevino Likes It
7.8

မိဘဆိုတာ ကိုယ်မွေးလာကတည်းက လက်ရှိအရွယ် ရောက်သည်အထိ ပြုစုပျိုးထောင်ကျွေးမွေးလာခဲ့ပေမဲ့ လေးစားချစ်ခင်ရတဲ့ မိဘတွေဆိုတာရှိသလို ငရဲပေးတဲ့ မိဘတွေလည်းရှိပါတယ်။ကိုယ့်ဖက်က ဘယ်လောက်ပဲ ကောင်းအောင်နေပြီး ချစ်ခင်နေပေမဲ့ ကိုယ့်အပေါ်မှာ ဆိုးသွမ်းတဲ့ အနိုင်ကျင့်တဲ့ မိဘတွေလည်းရှိနေတယ် ဆိုတာကတော့ ကြုံတွေ့ဖူးသူတွေမှသိနိုင်မဲ့ ငြင်းလို့ မရတဲ့ခါးသီးတဲ့အမှန်တရားပါပဲ။အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကလည်း အဲ့လိုမျိုးမိဘဆိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ သမီးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဘ၀အပေါ်မှာ အခြေခံပြီး ဒရာမာဆန်ဆန်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကား လေးပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Bob Trevino Likes It ဖြစ်ပြီး လက်ရှိ IMDb Rating 7.9 အထိရရှိထားတဲ့အတွက် တကယ်ကောင်းတဲ့ဇာတ်ကားလေးဆိုတာကတော့ ငြင်းမရပါဘူး။အဓိကဇာတ်ဆောင်တွေအနေနဲ့လည်း Nope တို့ Euphoria တို့လိုနာမည်ကြီး ရုပ်ရှင် ဇာတ်လမ်း တွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ Barbie Ferreira နဲ့ မျက်နှာချိုချိုနဲ့မင်းသားကြီး John Leguizamo တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့ လီလီဆိုတဲ့ ကောင်မလေးဖြစ်ပြီး သူ့အမေက ငယ်စဉ်ကတည်းက ထွက်ပြေးသွားခဲ့တဲ့အတွက် အဖေဖြစ်သူနဲ့သာ ကျန်ခဲ့ ရသူဖြစ်ပါတယ်။သူ့အဖေကလည်း အသက်ကြီးကာမှ သူငယ်ပြန်ပြီး အားနေဆော်ကြောင်နေတဲ့အတွက် သူ့ကို စိတ်ထဲတောင်မရှိဘူးလို့ထင်ရပါတယ်။ ဒီလိုနဲ့ ဆော်ကိစ္စမှာပဲ လီလီနဲ့ပြဿနာထတက်ခဲ့ပြီး ကလေး တစ်ယောက်လိုစိတ်ကောက်ကာ လီလီ့ကိုအဆက်အသွယ် ဖြတ်လိုက်ပါတော့တယ်။ငယ်စဉ်ကတည်းက မိဘမေတ္တာ အပြည့်အ၀မရခဲ့တဲ့ လီလီလည်း အဖေဖြစ်သူမခေါ်မပြော နိုင်ဖြစ်နေတာကို စိတ်ညစ်ပြီး Facebook မှာ လျှောက်မွှေ နှောက်နေခဲ့ရင်းနဲ့မှ သူ့အဖေနဲ့နာမည်ချွတ်စွပ်တူနေတဲ့ ဇာတ်ကားနာမည်ထဲကအတိုင်း ဘော့ဘ်ထရက်ဗီနိုဆိုတဲ့ လူတစ်ယောက်ကိုသွားတွေ့ခဲ့ပါတော့တယ်။အဲ့ဒါကြောင့်ပဲ သူနဲ့အမျိုးတော်နေမလားလို့ သွားမေးကြည့်ရင်းနဲ့မှ ရင်းနှီး သွားခဲ့ပြီး မိဘမေတ္တာဆာငတ်နေတဲ့လီလီအတွက် တစ်မူ ထူးခြားတဲ့ခင်မင်မှုတစ်ခုအစပျိုးခဲ့ပုံကို စိတ်ဝင်စားစရာ ဒရာမာဆန်ဆန်ရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size… (1.52 GB) / (816 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Animation • Family • Adventure • Romance
7.8 2024 102 mins
Bob Trevino Likes It
Let Me Be with You
6.5

ဒီနှစ် အစောပိုင်းကမှ ထွက်ရှိထားတဲ့ rating 6.6 ရရှိထားတဲ့ ဒီဇာတ်လမ်းမှာဆိုရင် လူစီယာ(Andrea Sutton) ဟာ ကုသလို့မရနိုင်တဲ့ရောဂါတစ်မျိုးကို ခံစားနေရသူဖြစ်ပြီး ပစ္စည်းခိုးမှုကြောင့် မက္ကစီကိုကိုပြန်လွှတ်ခံရပြီး call center မှာ အလုပ်ဝင်လုပ်ရတဲ့ကောင်လေး ဘရူနို (Aksel Gomez) နဲ့ ဖုန်းပြောမိကြပြီး ရင်းနီးခဲ့ကြပါတယ်။ နေစရာမရှိ ပတ်ဝတ်ဝန်းကျင်အသစ်မှာလမ်းပျောက်နေခဲ့တဲ့ ဘရူနိုကို လူစီယာက မျှော်လင့်ချက်ပေးသလိုမျိုး လူ့ဘဝကို အရှုံးပေးချင်နေတဲ့ လူစီယာကိုလည်း ဘရူနိုက အားပေးနိုင်ခဲ့ ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ မက္ကစီကိုရဲ့ မြို့ပြပုံရိပ်တွေနဲ့တူ လူငယ်လေးနှစ်ယောက်အကြောင်းကို စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပါပဲ။ File size… (992 MB) / (499 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 20m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Alice

Drama
6.5 2025 80 mins
Let Me Be with You