YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Seer 17 -24.rar

3.99 GB N/A application/rar 688 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hearts in the Game
6.5

Hearts in the Game (2023) ~ IMDb rating - 6.5/10 ~ ဒီတစ်​ခေါက် မိတ်ဆက်​ပေးမှာက​တော့ 2023 မှာထွက်ရှိထားတဲ့၊ ဇာတ်ညွှန်း​ကောင်း​ကောင်းနဲ့ ရိုက်ကူးထားတဲ့၊ ပျော်​စေတာ​ရော ဝမ်းနည်း​စေတာ​ရော ခံစား​စေရတဲ့ အချစ်ဟာသကား​လေး Hearts in the Game ပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ နယူး​ယော့ခ်မြို့မှာ သူ့ရဲ့လုပ်ငန်း​လေးကို အစပျိုးဖို့ကြိုးစား​နေတဲ့ ဆယ်လီနာမည်​ကျော်​တွေရဲ့ အရှုပ်​တွေ​ကောလဟလ​တွေကို အချစ်​တွေအဖြစ်ပြန်​ပြောင်းယူ​ပေးရတဲ့ ကိုယ်​ရေးကိုယ်တာတာဝန်ခံ ​ဟေဇယ်​မေလာတစ်​​ယောက် သူ့ရဲ့လုပ်ငန်းပိုမြဲ​ဖို့အခွင့်အ​ရေးတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီအခွင့်အ​​ရေးက​တော့ ​ဘေ့​စ်​ဘော​လောကမှာ နာမည်​ကျော် ဘောလုံးပစ်သမားတစ်​ယောက်အဖြစ် ​ကျော်ကြား​နေတဲ့ သူ့ရဲ့ငယ်ချစ်​ဟောင်း ဒီ​အေဂိုဗက်စ်ကက်ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ကမ္ဘာ့စီးရီးပွဲစဥ်​တုန်းက အ​ကြောင်းတစ်စုံတစ်​​ရာ​ကြောင့် ကွင်းထဲမှာ ဆက်မကစားဘဲ ရပ်​နေမိတဲ့အတွက် အသင်းရဲ့ ဖလားရမယ့်အခွင့်အ​​ရေးကိုလွဲ​စေခဲ့တဲ့ ဒီ​အေဂိုတစ်​ယောက် ​ဘေ့စ်​ဘော​လောကထဲပြန်ဝင်ဖို့ ပရိသတ်​တွေရဲ့ အ​ကောင်းမြင်မှုကိုလိုအပ်​နေပါတယ်။ အဲဒီလိုပြန်ဝင်ဖို့အတွက် ​ဟေဇယ်ကကမ်းလှမ်းခံရပြီး ဒီ​​အေဂိုအ​ကြောင်း ​ဆောင်းပါး​ရေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲ့ဒီအ​ကြောင်း​ရေးဖို့ သူတို့ရဲ့ဇာတိ​လေးဆီပြန်လာရင်း သူတို့နှစ်​ယောက် အတိတ်တုန်းက ဘာလို့လမ်းခွဲခဲ့ရတာလဲ... သူတို့နှစ်​ယောက်ကြားမှာ အချစ်​တွေပြန်လည်​ပေါက်ဖွားလာမလား... ဒီ​အေဂို ကွင်းလယ်ထဲရပ်ခဲ့မိတာက​ရော ဘာ​ကြောင့်လဲ.. ဆိုတာ​တွေကို ရိုမန်တစ်ဆန်ဆန် ကြည့်ရမယ့် ကား​ကောင်း​လေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 640MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 22Min Genre - Comedy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Comedy • Drama
6.5 2023 82 mins
Hearts in the Game
Railway Heroes
6.6

အခုတင်ဆက်ပေးမှာတော့ Railway Heroes ဆိုတဲ့ ရှန်းတုန်းမီးရထားလမ်းအဖွဲ့သားတွေကိုဂုဏ်ပြုတဲ့အနေတဲ့ရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်။ တရုတ်-ဂျပန် ဒုတိယစစ်ပွဲအတွင်းအချိန်ပိုင်းကိုရိုက်ကူထားတာဖြစ်ပါတယ်။ ကျင်းဖူးမီးရထားလမ်းကို ၁၉၀၈ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ဂျာမဏီနှင့်ဗြိတိန်ကုမ္ပဏီတို့ကပူးတွဲတင်ဒါယူဆောက်လုပ်ခဲ့ပါတယ်။ တရုတ်ပြည်တောင်မြောက်ဆက်သွယ်ထားတဲ့ကုန်သွယ်ရေးပင်မမီးရထားလမ်းဟာ ၁၉၃၈ခုနှစ်မှာ ဂျပန်တွေရဲ့ထိန်းချုပ်မှုအောင်ကိုရောက်သွားပါတယ်။ ဂျပန်တွေရဲ့လက်နက်ခဲယမ်းသည်ဆောင်ဖို့အသုံးချစရာဖြစ်သွားပါတယ်။ အဲဒီအချိန်မှာပဲ လင်ချန်မြို့ဘူတာလေးမှာ လောင်ဟုန်ဦးဆောင်တဲ့ မီးရထားလုပ်သားတစ်ဖွဲ့ဟာ သက်စွန့်စံဖျား လက်နက်တွေကိုဖြတ်ယူပြီဖို့ကြိုစားကြပါတယ်။ ဂျပန်တွေကလောင်ဟုန်တို့အဖွဲ့ကိုကြိုးစားဖမ်းပေမယ့် လောင်ဟုန်ဟာဒဏ်ရာနဲ့ထွက်ပြေးလွှတ်မြောက်သွားပါတယ်။ အဲဒီအချိန်မှာရှေ့တန်းအတွက်အရေးပါတဲ့လက်နက်ဟာ လင်ချန်ဘူတာလေးကိုဆိုက်ရောက်မှာဖြစ်တဲ့အတွက် လောင်ဟုန်တို့ကဘယ်လို့များထပ်ပြီးလက်နက်တွေကိုလုယူကြမလဲ။ သန်မာတဲ့ယောင်္ကျားပဲဖြစ်ဖြစ် အားနွဲ့တဲ့မိန်းကလေးဖြစ်ဖြစ် တိုင်းပြည်လွတ်မြောက်ဖို့အတွက် တတ်နိုင်တဲ့နေရာကနေပါဝင်ပြီး ပါဝင်စွန့်စားကြတာကို ကြည့်ရတာ စိတ်ထဲမှာတစ်ခုခုတော့ စွဲကျန်ခဲ့မှာသေချာပါတယ်။ ဒါရိုက်တာရန်ရဲ့ နှင်းတောထဲကရိုက်ချက်တွေကလဲ Zhang Yimou နဲ့အပြိုင်မလို့ Cinematography ကပြောစရာမရှိအောင်လှပါတယ်။ တော်လှန်ရေးကားကြိုက်တတ်တဲ့သူတွေအတွက်တော့ လုံးဝကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Nu Mon ပဲ ဖြစ်ပါတယ် Genre.....Drama, History, War Quality….WEB-DL 1080p and 720p and 360p File size…1.75GB, 909MB, 301MB Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hardsub) Translator ..... Nu Mon Encoder .....LK

Action • Adventure • Science Fiction
6.6 2021 124 mins
Railway Heroes
The Boogeyman
6.1

ဒီသရဲကားကတော့ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ဝတ္ထုတိုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။မူလအစီအစဉ်ကတော့ Hulu မှာ streaming ပြသဖို့ ဖြစ်ပေမဲ့အကြိုပွဲတွေမှာ လူတွေအရမ်းကြောက်ပြီးကြိုက်ကြတဲ့အတွက် ရုံတင်ဖြစ်သွားပါတယ်။အချို့အခန်းတွေမှာ ပရိသတ်တွေ အရမ်းအော်ပြီး အရေးကြီးတဲ့ဒိုင်ယာလော့တွေကို အသံဖုံးသွားလို့ ရုပ်ရှင်ကိုကြောက်စရာအခန်းနဲ့ ဒိုင်ယာလော့ကြား နည်းနည်းခြားအောင်ပြန်တည်းဖြတ်လိုက်ရပါသေးတယ်။ ဒီရုပ်ရှင်ရဲ့ အဓိက မိန်းကလေးသရုပ်ဆောင်နှစ်ယောက်ကတော့Star Wars Series ထဲက မင်းသမီးလေယာနဲ့ ဒရက်ရှ် နေရာက သရုပ်ဆောင်ခဲ့တဲ့နှစ်ယောက်ပါပဲ။ ဇာတ်လမ်းအကျဉ်း အဓိကမကောင်းဆိုးဝါး ဘူဂီမန်းဟာ စတီဖင်ကင်းရဲ့ နာမည်ကျော် IT နဲ့ အတော်ဆင်တူပါတယ်။ကလေးတွေကို အရမ်းကြောက်အောင်လုပ်ပြီး သတ်ပစ်တာပါ။ဒါပေမဲ့ IT လောက်တော့ စွမ်းအားမကြီးပါဘူး။သူဟာ အလင်းကိုကြောက်ပါတယ်။အမှောင်ထဲမှာပဲ လှုပ်ရှားနိုင်တယ်။စိတ်ဒဏ်ရာရှိနေတဲ့ကလေးတွေကို ပစ်မှတ်ထားတယ်။ဒီလိုမျိုးပါပဲ။စတီဖင်ကင်းရဲ့ ဝတ္ထုတိုပဲဖြစ်လို့ IT, Dark Tower လို့ပင်မဇာတ်ကြောင်းကြီးမှာတော့ ထပ်မပါသေးပါဘူး။ ဒီရုပ်ရှင်မှာတော့ စိတ်ကုထုံးဆရာဝန်ဒေါက်တာ ဟာပါမှာ ဆေဒီ နဲ့ ဆောယာဆိုတဲ့ သမီးနှစ်ယောက်ရှိပါတယ်။သူတို့ရဲ့အမေကတော့ မကြာသေးခင်‌လေးက ကားတိုက်မှုဖြစ်ပြီးဆုံးသွားတာမို့ သူတို့မိသားစုဝင်သုံးယောက်လုံးကိုယ်စီပူဆွေးနေတုန်းအချိန်မှာပဲရှိပါသေးတယ်။တစ်နေ့မှာတော့ လူတစ်ယောက် ရုတ်တရက်ဒေါက်တာဟာပါနဲ့ လာပြပါတယ်။သူ့ရဲ့ကလေးတွေကို မကောင်းဆိုးဝါးတစ်ကောင်ကသတ်သွားကြောင်း အခိုင်အမာပြောပါတယ်။ပြီးတော့ ဒေါက်တာဟာပါရဲ့အိမ်မှာပဲသတ်သေသွားပါတယ်။အဲဒီနောက်မှာ ကလေးမလေးနှစ်ယောက်ဟာထူးဆန်းတဲ့ကြောက်စရာတွေမြင်လာရတဲ့အခါ… File size… 2.8 GB / 1.1 GB / 445 MB Quality… WEB Rip 4K/ 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Mr Anderson

6.1 2023
The Boogeyman
Maanagaram
8.1

Maanagaram (2017) “မြို့ပြရဲ့ သားကောင်များ” IMDb 8.1 ရထားတဲ့ ဒါရိုက်တာ Lokesh Kanagaraj ရဲ့ တမီးလ် action/thriller ကား(UNCUT version) ဖြစ်ပါတယ် ဒါရိုက်တာ Lokesh ကို ဘာလို့ ထည့်ပြောရသလဲဆိုရင် လတ်တလောလေးက ထွက်ထားတဲ့ ဗီဂျေးရဲ့ သောက်ကြမ်းကား Leo(2023) ရဲ့ ပဲ့ကိုင်ရှင်ဖြစ်နေလို့ပါ ဒါရိုက်တာ Lokesh ဟာ action/thriller ကားတွေနဲ့ တမီးလ်ရုပ်ရှင်လောကမှာ နောက်ပိုင်း ထင်ပေါ်လာသူတစ်ယောက်ဖြစ်ပါတယ် Kaithi, Vikram နဲ့ Leo ဆိုပြီး သုံးကားတွဲ (Lokesh Cinematic Universe – LCU)ဆိုပြီး ကင်ပွန်းတပ်ရတဲ့အထိ အောင်မြင်ခဲ့ပြီး ဒီ Maanagaram ကတော့ သူ့ရဲ့ ပွဲဦးထွက် ကိုယ်တိုင် ဇာတ်ညွှန်းရေး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် တက်သစ်စ ဒါရိုက်တာတစ်ယောက်ရဲ့ ပွဲဦးထွက်ဆိုပေမယ့် ဘတ်ဂျက် သန်း ၄၀ နဲ့ ရိုက်ကူးခဲ့ရာမှာ ရုံတင်ဝင်ငွေ သန်း ၁၁၀ အထိ အမြတ်အစွန်းပြန်ရခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ ထောပနာပြုမှုကိုပါ ခံခဲ့ရပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ချန်နိုင်းစီးပွားရေးမြို့ကြီးကို တက်လာတဲ့ အင်ဂျင်နီယာကျောင်းသား Sri ဟာ အလုပ်အင်တာဗျူးအောင်လို့ ဘော်ဒါတွေကိုတစ်ဝိုင်းတိုက်နေရင်း နောက်တော့ ဘားမှာပဲ Sundeep Kishan ဆိုတဲ့လူက ကျောင်းတုန်းက ပြန်မကြိုက်ခဲ့တဲ့ crush လေးအကြောင်း ပြောနေပြန်ပါတယ် အတိတ်က ဖြစ်ရပ်တစ်ခုမှာ လူမိုက်တစ်ယောက်က ကောင်မလေး Regina ကို Sundeep နဲ့ကြိုက်ရင် သတ်ပစ်မယ်ဆိုပြီး အက်စစ်နဲ့မျက်နှာကို ပက်ပစ်မယ် ဆိုပြီး ချိန်းခြောက်တာကြောင့် Sundeep က ဒေါသထွက်ပြီး လူမိုက်ကို ပြန်ရိုက်ရာမှာ လူမိုက်က အခုပစ္စုပ္ပန်မှာ Sundeep ကို ဘားမှာပြန်တွေ့ပြီး ချောင်းရိုက်ဖို့ လူငှားပါတယ် ဖြစ်ချင်တော့ လူမှားပြီး ရိုက်မိလိုက်သူက Sri ဖြစ်နေပါတယ် တစ်ဖက်မှာလည်း သားဖြစ်သူရဲ့ ဆေးဖိုးလိုလို့ PKP ဆိုတဲ့ လက်မရွံ့ ဂန်းစတားရဲ့ ကားကို အငှားမောင်းတဲ့ Charle ဆိုသူက သူ့ရဲ့တက္ကစီပေါ်မှာ Sri ရဲ့ စာရွက်စာတမ်းတွေနဲ့ အိတ်ကို သွားတွေ့ပြီး ရဲတိုင်ပါတော့တယ်… ဒီလို အဆက်အစပ်မရှိတဲ့သူတွေ ဘယ်လို ပတ်သက်မိကြမလဲဆိုတာ ဒီထက် ဆက်ပြောပြရင် ဇာတ်လမ်းသိပြီး အရသာပျက်သွားမှာစိုးလို့ ကိုယ်တိုင်ပဲ ဆက်ကြည့်လိုက်ဖို့ အကြံပေးပါတယ် အတိုချုပ်ကတော့ မတူညီတဲ့ လူလေးယောက် ချန်နိုင်းမြို့ကြီးက ရှုပ်ထွေးလှတဲ့ အမှုတစ်ခုမှာ ဘယ်လို ပတ်သက်ဆက်နွယ်မိသွားလဲဆိုတာပါပဲ ဇာတ်လမ်းဇာတ်အိမ် ရှုပ်ထွေးတာမျိုးကြိုက်တဲ့ သူတွေအဖို့တော့ ထိုင်ခုံအစွန်းနဲ့ မြဲနေအောင် ကြည့်ရမယ့် ကားကောင်းတစ်ကားပါပဲ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

8.1 2017 137 mins
Maanagaram
Dumb Money
6.9

Dumb Money (2023) =============== IMDb Rating – 6.9/10 Covid-19 ကပ်ရောဂါ ကာလအတွင်းကနေစပြီး ခေတ်စားလာတဲ့ အလုပ် ကတော့ စတော့ခ်ရှယ်ယာတွေ ကစားကြတဲ့ အလုပ်လို့ ဆိုရမယ်။ အိမ်မှာ တင်နေရင်း စီးပွားဖြစ်လုပ်ကြရင်းကနေ အမြတ်တွေရပြီး ဘောစိဖြစ်သွား ကြသလို၊ ရှိတာလေးတွေပါ ပါသွားကြရတာလည်း မနည်းမနောဆိုပါတော့။ ဒီဇာတ်ကားကတော့ စတော့ခ်ရှယ်ယာကစားကြတဲ့ အသေးစားလုပ်ငန်းရှင် လေးတွေနဲ့ ကုမ္ပဏီကို လက်ဝါးကြီးအုပ် ခြယ်လှယ်နေကြတဲ့ ဘီလျံနာတွေ ကြားက ဖြစ်ရပ်မှန်တွေကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းကောင်းတစ် ပုဒ်ပါပဲ။ ကိတ်သ်ဂေးလ်က ဂိမ်းစတော့ဆိုတဲ့ ကမ္ဘာ့နာမည်အကြီးဆုံး ဂိမ်းကုမ္ပဏီတစ် ခုမှာ ရှယ်ယာဝင်ထားတဲ့ သာမညလေးတစ်ယောက်ပါ။ ရှိစုမဲ့စုလေးတွေနဲ့ All in လုပ်ထားရတယ် ဆိုပါတော့ဗျာ။ သူက သူရှယ်ယာ ဘယ်လောက်ဝယ် တယ် ဘယ်လောက်ရှုံးတယ် ဘယ်လောက်မြတ်တယ် ဆိုတာတွေကို Live လွှင့်ရင်းလည်း ပြောနေတတ်တဲ့သူပါ။ သူ့ရဲ့ ဖန်တွေကလည်း သူလုပ်တာတွေ ကြည့်ပြီး ဂိမ်းစတော့မှာ လိုက်ရင်းနှီးမြှုပ်နှံလာကြတာပေါ့။ ဒီလိုနဲ့ သူတို့ရဲ့ စတော့ခ်ရှယ်ယာဈေးကွက်ကြီး မျက်စိတစ်မှိတ်အတွင်းမှာတင် ထိပ်ဆုံးကို ရောက်သွားခဲ့ပါတယ်။ ဒါဟာ ရှယ်ယာဈေးကွက်အတွက်တော့ ပထမဆုံး ကြုံတွေ့ရတဲ့ အံ့ဖွယ်ဖြစ်ရပ် တစ်ခုပါ။ တစ်ဖက်မှာလည်း ဂုတ်‌သွေးစုပ်ကုမ္ပဏီပိုင်ရှင်တွေက ရှယ်ယာဈေး တွေပြန်ကျအောင် အကြိတ်အနယ်တွေ ကြိုးစားနေကြပါပြီ။ ပြိုင်ပွဲတွေရဲ့ ထုံးစံ အတိုင်း အနိုင်ရသူကတော့ တစ်ယောက်တည်းပဲ ရှိရမှာပါ။ ဒါဆို ဒီရှယ်ယာက စားတဲ့ ပြိုင်ပွဲရဲ့ အဆုံးသတ် အနိုင်ရရှိသူက ဘယ်သူတွေဖြစ်မလဲ။ ခေါင်တွေကျန် ခဲ့မလား တက်စားခံလိုက်ရမလား ဆိုတာကတော့ အဆုံးထိကြည့်မှပဲ သိရပါလိမ့်မယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.09 GB) / (471 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 45Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Comedy, Drama Translator…….May Thet Khine Soe Encoder……….SWM

6.9 2023 105 mins
Dumb Money
It Only Takes A Night
6.6

It Only Takes A Night (2023) ဒီကားလေးကတော့ ပေါ့ပေါပါးပါးအချစ်ကားလေးတွေကိုကြိုက်တတ်တဲ့ ပရိသတ်အတွက် Rom-Com ဇာတ်ကားလေးပါ။ CW ရဲ့နာမည်ကြီးစီးရီး “The 100” ကို ကြည့်ဖူးတဲ့သူဆိုရင် ဒီကားထဲက အဓိကဇာတ်ဆောင်မင်းသမီး ရူဘီကို ရင်းနှီးကြမှာပါ။ လတ်တလောမှ သုံးနှစ်ကြာသက်တမ်းကြာ ဘဲနဲ့ပြတ်ထားတဲ့ ရူဘီတစ်ယောက် မုမအွန်နိုင်သေးလို့သူငယ်ချင်းသုံးယောက်နဲ့ Nightout ထွက်ပြီး ပျော်ဖို့လုပ်ပါတယ်။ ဒါပေမဲ့ စားသောက်ဆိုင်မှာ အဆက်ဟောင်းရယ် သူ့ကောင်မလေးအသစ်ရယ်ကိုတွေ့တော့ ပြဿနာရှာမိပြီး တလွဲတွေလုပ်မိပါတော့တယ်။ ဒါပေမဲ့ သုံးနှစ်လောက်တွဲပြီး Soulmate မတွေ့ခဲ့တဲ့ ရူဘီတစ်ယောက် အဲဒီညမှာပဲ ‌ကလပ်ပိုင်ရှင်ဩစတေးလျသားလေးတစ်ယောက်နဲ့ချိတ်မိပြီး အဆက်ဟောင်းဆီပဲပြန်စိတ်လည်မလား… အသစ်လေးနဲ့ပဲညားမလား… ဆိုတာ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပါ။ အလုပ်ပြန် စိတ်အပန်းဖြေဖို့ ရွေးချယ်သင့်တဲ့ကားလေးမလို့ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 780MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 34Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.6 2023 94 mins
It Only Takes A Night
Forest of Death
4.8

Forest of Death (2023) =============== ဇာတ်လမ်းအကျဉ်း – Deanနဲ့Samရဲဲ့Supernaturalကြည့်ဖူးသူဆိုရင် ၀င်ဒီဂိုဆိုတဲ့မကောင်းဆိုးဝါးနဲ့ စိမ်းမယ်မထင်ပါဘူး။ အသွင်ပြောင်းနိုင်ကောင်တွေဖြစ်ပြီး လူတွေရဲ့အသံကိုတုပပြီး ရုပ်ကိုလည်းပုံစံတူအောင်လုပ်နိုင်ကြတဲ့ကောင်တွေပါ။ ဒီကားထဲမှာဆိုရင် သူငယ်ချင်းလေးယောက် တောအုပ်ဘေးက သစ်သားအိမ်လေးကို ပိတ်ရက်အပန်းဖြေဖို့လာရင်း ၀င်ဒီဂိုရဲ့ သားကောင်ဖြစ်သွားကြပုံတွေကို စိတ်လှုပ်ရှားစွာကြည့်ရှုရမှာပါ။ ဒီကားလေးက horror/thrillerဖန်တွေအကြား ခရမ်းချဉ်သီးပုပ် ၁၀၀အပြည့်ရထားတဲ့အတွက် ကြိုက်သူ မကြိုက်သူတွေ ဝေဖန်မှုအများဆုံးကားတွေထဲကတစ်ကားပါ။ ဇာတ်ကားပေါ်မှာ တစ်ယောက်ချင်းစီရဲ့ခံစားမှုအရသာကလည်း မတူညီနိုင်တဲ့အတွက် ကောင်းလား မကောင်းဘူးလားဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုဆုံးဖြတ်ပေးကြပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Soe Thiri Swe ပါ ) File size_(500MB) Quality_Blu-Ray 720p Format_mp4 Duration_01:05:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Soe Thiri Swe

4.8 2023
Forest of Death
Trinket Box
5

သရဲကား ကြိုက်နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ Trinket Box ဆိုတဲ့ သရဲကားလေးကို တင်ဆက်ပေးလိုက် ပါတယ်။သရဲကား အမျိုးအစားတွေထဲကမှ ပြောရမယ်ဆိုရင် ဒီကားက ဖြဲခြောက်တာမျိုးမဟုတ်ဘဲနဲ့ စိတ္တဇဆန်ဆန် ခြောက်ခြားစရာကောင်းအောင် ရိုက်ကူးထားတဲ့ကားမျိုးပဲ ဖြစ်ပါတယ်။ပြီးတော့ သရဲခြောက်ရတဲ့ အကြောင်းအရင်းက အမေရိကန်မှာ ဘိုးဘေးဘီဘင်‌ ခေတ်အဆက်ဆက် ကတည်းဖြစ်တည်လာခဲ့တဲ့ လူဖြူလူမည်းလူမျိုးရေးခွဲခြားမှုကို အခြေခံပြီး ဖြစ်လာရတာပဲဖြစ်ပါတယ်။ လူဖြူကောင်မလေးနဲ့ လူမည်းကောင်လေးတို့က ကောင်မလေးရဲ့ အိမ်ထဲမှာ တိုးတိုးတိတ်တိတ် မိဘတွေမသိအောင်ချိန်းတွေ့ ကြည်နူး သာယာတစ်တီတူးနေတုန်း ကောင်မလေးရဲ့ အဖေဖြစ်သူ အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ဖြစ်ချင်တော့ ကောင်မလေးရဲ့ အဖေကလူမည်းတွေကို အရမ်းမုန်းတီးနေသူဖြစ်တဲ့အတွက် ကောင်လေးကို မရမကလိုက်ဖမ်းပြီး အပီအပြင်တွယ်ပါ တော့တယ်။ခွေးတောင်မှ ချောင်ပိတ်ခံရရင် ပြန်ကိုက်သလို သူလည်းကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပါတဲ့ ဓားနဲ့ယမ်းလိုက်တာ ကောင်မလေးအဖေ သေသွားပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်း သူတို့နေတဲ့ အိမ်ထဲမှာခြောက်ခြားစရာတွေဖြစ်လာပြီး အခုခေတ် အချိန်ကာလကို ရောက်လာပါတော့တယ်။အခုလည်း အဲ့ဒီအိမ်မှာ လူဖြူကောင်မလေးနဲ့ လူမည်းကောင်မလေးလင်မယား နှစ်ယောက်ပြောင်းရွှေ့နေထိုင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘ၀လေးက ပျော်ရွင်စရာလေးဆိုပေမဲ့ မစ္စဒေးဗစ်လို့ခေါ်တဲ့ လူမျိုးရေးခွဲခြားတဲ့ အဖွားကြီးတစ်ယောက်က အတင်းတွေအိမ်ကို လာမိတ်ဆက်ပြီး လည်ဆွဲလေးတစ်ခုကို လက်ဆောင်ပေးခဲ့ပြီးနောက်မှာ သူတို့လင်မယားဘ၀မှာ ထူးဆန်းမှုတွေ ပြည့်နှက်လာပြီး အဲ့ဒီလည်ဆွဲကရော ဘာတွေထူးခြားနေလဲဆိုတာကိုကြည့်ရမဲ့ Horror/Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1GB/ 427MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Documentary
5 2023 104 mins
Trinket Box
Chompy & the Girls
5.5

ဒီတစ်ခါ cm ပရိသတ်ကြီး အပျင်းပြေ ကြည့်ရှုလို့ရမယ့် Dark Humour & Horror ဟာသဇာတ်ကားလေး တစ်ကားဖြစ်တဲ့ Chompy and The Girls ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဂျက်ဆင်ဆိုတဲ့ ကောင်မလေးဟာ ဆေးစွဲနေပြီး စိတ်ဓာတ်ကျ၊ အထီးကျန်နေတဲ့သူ တစ်ယောက်ပါ။ အမေဖြစ်သူနဲ့လည်း ဆက်ဆံရေး အဆင်မပြေသလို အဖေကလည်း သူ့မှာ သမီးရှိတယ် ဆိုတာတောင် မသိထားပါဘူး။ တစ်နေ့တော့ ဂျက်ဆင်ဟာ စိတ်ကူးပေါက်ပေါက်နဲ့ ဖခင်ရင်းဖြစ်တဲ့ ဆမ်ကို မက်ဆေ့ကနေတစ်ဆင့် အသိပေးရင်း အပြင်မှာ ပထမဆုံး ဆုံဖြစ်ကြဖို့ ချိန်းလိုက်ပါတယ်။ သားအဖနှစ်ယောက် ပန်းခြံမှာ ထိုင်ပြီး မိတ်ဆက် စကားပြောနေရင်း… ပန်းခြံထဲမှာ လူကြီးတစ်ယောက်က ကလေးမလေးတစ်ယောက်ကို အရှင်လတ်လတ် မြိုချလိုက်တာကို တွေ့လိုက်ရတဲ့အခါမှာတော့…..။ သူတို့တွေ ဒီလူကြီးလက်ကနေ လွတ်အောင် ပြေးကြရင်း ကသိကအောက် အနေခက်နေတဲ့ ဖအေနဲ့သမီး ဆက်ဆံရေးကနေ ဘယ်လိုအလှည့် အပြောင်းတွေ ကြုံကြမလဲဆိုတာ ဟာသလေးတွေ နှောပြီး ရိုက်ကူး တင်ဆက်ထားပါတယ်။ File size…1.1GB / 491MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 29m Genre ….. Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2021
Chompy & the Girls
Toilet – Ek Prem Katha
7.6

“Toilet”လို့ပြောလိုက်တာနဲ့ပရိသတ်ကြီးပိုပြီး စိတ်ဝင်စားလာသလိုနည်းနည်းလည်းကြောင်သွားမယ်ထင်တယ်ဗျ မြန်မာလိုအဓိပ္ပာယ်ပြန်ရရင်တော့သန့်စင်ခန်း (သို့) ရေအိမ်ပေါ့ဗျာအရပ်အခေါ်တော့”အိမ်သာ”ပေါ့ ဇာတ်ကားနာမည်ထက်ပိုအံ့သြဖို့ကောင်းတာက အိန္ဒိယနိုင်ငံမှာ သန့်စင်ခန်းတစ်ခုကြောင့်အစိုးရအထိဂယက်ရိုက်ခဲ့ရတယ်ဆိုတာပါပဲ ဇာတ်လမ်းအကျဉ်းကတော့ မန်ဂါဝန်ဆိုတဲ့ရွာတစ်ရှာမှာ ဓလေ့တစ်ခုရှိပါတယ် အဲ့ဒါကဘာလဲဆိုတော့ မနက်အစောအာရုဏ်မတက်ခင် အမျိုးသမီးတွေစုပြီးလိုတာပါတီလို့ခေါ်တဲ့ရွာနဲ့ခပ်လှမ်းလှမ်းကိုရေအိမ်စုဝေးသွားကြတဲ့ဓလေ့ပါ အမျိုးသားတွေကတော့ကြုံရာကျပန်းပေါ့ဗျာ သူတို့ရဲ့အယူသည်းတဲ့ယဉ်ကျေးမှုရအိမ်တိုင်းမှာသန့်စင်ခန်းဆိုတာမရှိကြပါဘူး သန့်စင်ခန်းတွေကိုအိမ်ထဲမှာဆောက်ရင် နိမိတ်မကောင်းဘူး ညစ်ပတ်တယ် ရွံစရာကောင်းတယ်စသဖြင့် အယူအစွဲတွေနဲ့သမုတ်ထားကြတာပါ ရွာထဲက Akshay Kumar (Kesav)ကတော့စက်ဘီးရောင်းတဲ့သူပါ တစ်နေ့စက်ဘီးမှာတာသွားပို့ရင်း Jaya လို့ခေါ်တဲ့BCAကျောင်းသူ (ကွန်ပြူတာကောလိပ်ကျောင်းသူ)လေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ် ဒီမိန်းကလေးနဲ့တွေ့မှသူ့ရဲ့နှလုံးသားဟာပြန်အသက်ဝင်လာခဲ့ပါတယ် သူဘာလို့ အသက်၃၆နှစ်ထိမိန်းမမရတာလဲဆိုတာတော့စိတ်ဝင်စားစရာတစ်ပိုင်းပေါ့ဗျာ ဒီလိုနဲ့အသက်ကြီးပေမယ့်မပျက်စီးသေးတဲ့သူ့ရဲ့အချစ်တွေကနှလုံးသားကနေတစ်ဆင့် ပါးစပ်ဖျားကတော်ကီတွေအဖြစ်ရောက်လာလို့နောက်ဆုံးကောင်မလေးနဲ့ညားသွားပါတယ် မင်္ဂလာဦးညမှာတင်အခက်တွေ့တာတစ်ခုက အစောကကျွန်တော်ပြောခဲ့သလိုတာပါတီပဲကောင်မလေးက ကီရှက်ဖ်နဲ့အိမ်မှာ သန့်စင်ခန်းမရှိတာမသိဘူးဗျ လူကလည်းပညာတတ်/ အယူမသည်းတဲ့သူ /ဒီလိုအပြင်ထွက်ပြီး ကိစ္စဝိစ္စရှင်းရတော့မယ်ဆိုတော့သူလည်း ပျားတုတ်တော့တာပဲ ဒီလိုနဲ့အချစ်တွေပြည့်ဝနေတဲ့သူတို့ရဲ့အိမ်ထောင်ရေးက သန့်စင်ခန်းဆိုတဲ့ဗီလိန်ကြောင့်အချိန်ကြာလာတော့လည်းမကျေနပ်စရာတွေဖြစ်လာတာပေါ့ အရေးပေါ်အစီအစဉ်တွေနဲ့ ဖြေရှင်းခဲ့ပေမယ့်လည်းအဆင်မပြေခဲ့ပါဘူး နောက်ပိုင်း သူတို့လင်မယားကွဲရမယ့်အခြေအနေအထိဖြစ်သွားခဲ့ပါတယ် ဒီသန့်စင်ခန်းမရှိတာနဲ့ပတ်သတ်ပြီး လင်မယားကွဲရတယ်လို့ပြောရင်ဘယ်သူယုံမှာလဲဗျာ သန့်စင်ခန်းမရှိတာများဆောက်လိုက်ပေါ့လို့ဖြေကြမှာပါ ဒီဇာတ်ကားလေးကြည့်လိုက်ရင်တော့ယုံသွားမှာအသေအချာပါပဲ ဒါပေမယ့်အဲ့ဒီသန့်စင်ခန်းလေးတစ်ခုဆောက်ရဖို့အရေးတစ်ဖက်ကလည်း မိန်းမ တဖက်ကလည်းရှေးရိုးစွဲနေတဲ့ရွာခံတွေနဲ့ကီရှက်ဖ်ရဲ့အဖေ ဒီကိစ္စတွေကြားမှာတိုင်ပတ်သွားတာက ကီရှက်ဖ်နဲ့ဂျာရာပေါ့ သူတို့၂ယောက်ပေါင်းပြီးဒီလိုမှားယွင်းနဲ့အယူအဆ ရှေးရိုးအစဉ်အလာတွေကိုဘယ်လိုအတူရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကတော့………………., ပညာပေးဇာတ်ကားဖြစ်သလို ဟာသ/ အချစ်/ အလွမ်းတွေပြည့်နှက်နေတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ (ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ)

TV Movie • Comedy • Romance
7.6 2017 155 mins
Toilet – Ek Prem Katha
Detective Di Renjie: The Deadly Monk
5.8

ဒီတစ်ခေါက်မှာတော့ စုံထောက်ကြီးဒီးက ဘုရင့်အမိန့်အရကျန်းနန်နယ်တစ်ဝိုက်ကို လှည့်လည်စစ်ဆေးရပါတယ်။ လင်အန်းမြို့ကိုရောက်တဲ့အခါမှာ မိန်းကလေးတွေထူးထူးဆန်းဆန်းပျောက်နေတာကိုတွေ့ရတယ်။ လင်အန်းတာဝန်ကျတရားသူကြီးကျိုးကလဲ အပျင်းကြီးပြီး အပျော်အပါးမက်တဲ့ ခပ်ညံ့ညံ့အရာရှိတစ်ယောက်ဖြစ်နေတော့ လင်အန်းကဒီအမှုကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ မသင်္ကာစရာတွေနောက်လိုက်စုံစမ်းရင်း နတ်ကိုအယောင်ပြပြီး ရိုးသားတဲ့ပြည်သူတွေကိုလှည့်စားပြီးတော့ ဥစ္စာပစ္စည်းတွေလိမ်ယူနေတဲ့ လူအုပ်စုရှိနေတာကိုသိလိုက်ရပါတယ်။ အသက်အန္တရာယ်အကြိမ်ကြိမ်ကြုံရပေမယ့် စုံထောက်ကြီးဒီးက ဇွဲမလျှော့ပဲ ပြည်သူတွေအတွက် အမှန်တရားကိုဖော်ထုတ်သွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။

Crime • Thriller • Western
5.8 2024
Detective Di Renjie: The Deadly Monk
Woman in the Dunes
8.5

Woman in the Dunes (1964) ~ IMDb – 8.5/10, Rotten Tomatoes – 100% ~ One of the Best Japanese Films of All Time လို့ သတ်မှတ်ခံခဲ့ရတဲ့ Woman in the Dunes ဟာ Kōbō Abe ရဲ့ နာမည်ကျော်ဝတ္တုကို ပြန်ရိုက်ထားတဲ့ Japanese New Wave ရုပ်ရှင်ပါပဲ။ ဒါရိုက်တာ Hiroshi Teshigahara ရဲ့ နာမည်အကျော်ဆုံးရုပ်ရှင်လည်းဟုတ်တယ်။‌ နောက်ထပ်နာမည်ကျော်အနေနဲ့တော့ The Face of Another (1966) ကိုလည်း သူရိုက်ခဲ့ဖူးတယ်။ ဒီ၂ကားဟာ ဂျပန်ရုပ်ရှင်လောကရဲ့ အကောင်းဆုံးတွေထဲ မပါမဖြစ်တွေလို့တောင် ပြောလို့ရတယ်။ ဇာတ်ကတော့ ဘာမှမပါသလောက်တော်တော်ရိုးရှင်းတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဇာတ်အိမ်တည်ထားရာနေရာနဲ့ ဇာတ်လမ်းဇာတ်အိမ်က မတွေးစဖူးလောက်အောင် ထူးခြားတယ်။ အင်းဆက်တွေကို ဝါသနာအရ လေ့လာစုဆောင်းတဲ့ ကျောင်းဆရာတစ်ယောက်ရှိတယ်။ အဲဒီကျောင်းဆရာက သဲပြင်အတိနဲ့ နေရာတစ်နေရာကို ရောက်လာပြီး အဲဒီနေရာက အင်းဆက်တွေကို လာလေ့လာတယ်။ ဒီလိုနဲ့အိမ်ပြန်ရမယ့်အချိန်မှာ ဘတ်စ်ကားချိန်မမီတော့လို့ သဲသောင်ရွာလေးမှာပဲ တစ်ညအိပ်လိုက်ရတယ်။ ဆန်းတာက အဲဒီရွာက သူတည်းတဲ့အိမ်က သဲပေါ်မှာဆောက်ထားတာမဟုတ်ဘဲ သဲကျင်းကြီးထဲ ဆောက်ထားတာ။ ကြိုးလှေကားနဲ့ သဲကျင်းကြီးထဲဆင်းပြီး အိမ်ထဲဝင်ရသလို အိမ်ထဲမှာလည်း တအိအိပြုတ်ကျနေတဲ့ သဲတွေရဲ့ ရိုက်ခတ်မှုကိုခံရတယ်။ ဒီလိုနဲ့ သဲကျင်းကြီးထဲ အဲဒီလူရယ် အိမ်ရှင်မိန်းမရယ် နှစ်ယောက်သား တစ်ညအိပ်ခဲ့ကြတယ်။ ညဘက်မှာ အိမ်ရှင်မိန်းမက သဲတွေကို ဂေါ်ပြားနဲ့ကျုံးပြီး ခြင်းထဲထည့်တယ်။ ကျင်းပေါ်က ရွာခံတွေက ကြိုးနဲ့ပုံးကိုဆွဲတင်ပြီး သဲတွေခပ်ထုတ်ပေးတယ်။ သဲတွေထပ်များလာပြီး သဲကျင်းထဲ အိမ်မမြုပ်သွားအောင် သူတို့တွေနိစ္စဓူဝလုပ်နေရတဲ့လုပ်ရင်တစ်ခုပေါ့။ တောင်ကုန်းကြီးပေါ်ကနေ ကျောက်တုံးကြီးကိုတွန်းချလိုက် ပြန်တွန်းတင်လိုက်လုပ်နေရတဲ့ စစ္စီဖစ်ရဲ့ဒဏ္ဍာရီလိုပေါ့။ မနက်မိုးလင်းတော့ အိမ်ရှင်မိန်းမက ဘာအဝတ်မှမပါဘဲ အိပ်နေတယ်။ ဒီမိန်းမကိုကြည့်နေရတဲ့ သူလည်း အမျိုးအမည်မသိတဲ့ဝေဒနာကိုသိမ်းပြီး အိမ်ပြန်ခရီးစဖို့ပြင်တယ်။ ဒါပေမဲ့ သဲကျင်းထဲ သူဆင်းလာခဲ့တဲ့ ကြိုးလှေကားက မရှိတော့ဘူး။ သဲကျင်းပေါ်တက်ဖို့ကြိုးစားပေမဲ့ သဲတွေဆိုတော့ တက်ဖို့လုပ်လိုက် ပြုတ်ကျလိုက်နဲ့ သူဘယ်လိုမှတက်မရဘူး။ ဒီလိုနဲ့ သူနဲ့အဲဒီမိန်းမ အဲဒီသဲကျင်းကြီးထဲ ဘယ်လောက်ကြာအောင် ဘယ်လိုပိတ်မိနေမလဲ။ သူကရော လွတ်မြောက်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကိုပြထားတယ်။ ဇာတ်ကတော့ ဒါပဲပေမဲ့ ဒီသဲကျင်းနဲ့ ဒီသဲကျင်းနဲ့လူရဲ့ အဖြစ်သနစ်တွေဟာ ကျွန်တော်တို့နေထိုင်နေတဲ့ ရုပ်ဝတ္တုလောကကြီးနဲ့ ကျွန်တော်တို့ရဲ့အဖြစ်ကို နိမိတ်ပုံယူထားတယ်လည်း ဆိုကြတယ်။ ဒါလည်းပမာတစ်ခုပေါ့။ အဓိပ္ပာယ်ကတော့ ကောက်ချင်သလိုကောက်ရမှာပါပဲ။ ဘာအဓိပ္ပာယ်မှမကောက်လည်းပဲ အလိုလိုတစ်ခုခုတော့ရောက်လာမှာပါပဲ။ Woman in the Dunes ဟာ သူ့ခေတ်သူအခါအနေနဲ့ရော အခုရောက်နေတဲ့ ခေတ်အဆက်ဆက်အထိရော ဂျပန်ရုပ်ရှင်အနေနဲ့ရော ကမ္ဘာ့ရုပ်ရှင်အနေနဲ့ရော ထူးခြားတဲ့ရုပ်ရှင်ဖြစ်နေတုန်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.65GB, 1.2GB Quality – BluRay 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 2H 4Min Genre – Satire, Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.5 1964 147 mins
Woman in the Dunes
Maldoror
6.7

Maldoror (2025) ၁၉၉၅ နဲ့ ၁၉၉၆ခုနှစ်တို့များအကြား ဘယ်လ်ဂျီယံနိုင်ငံမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ကွင်းဆက်မုဒိမ်းကောင်/ကွင်းဆက်လူသတ်သမား/ အထူးသဖြင့် ကလေးသူငယ်များကိုပစ်မှတ်ထား ဗလက္ကာရလုပ်သူ ဒုစရိုက်သမား “ Marc Paul Alain Dutroux “ ရဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ “ Marcel Dedieu “ ( အမည်ပြောင်း ) ကိုသုံးကာ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ အမှန်တရားကိုချစ်မြတ်နိုးသူ ရဲဌာနက “ Paul Chartier “ ဖြစ်သူနဲ့အပြိုင် ဖြစ်ရပ်မှန်ကိုအနည်းငယ်ကွန့်ပြီးဖော်ပြရိုက်ကူးထားပါတယ်။ ဘယ်လ်ဂျီယမ်နိုင်ငံ “ Charleroi “မြို့လေးမှာ မိန်းကလေးငယ်လေးတွေ ထူးဆန်းစွာပျောက်ဆုံးနေခဲ့ပါတယ်။ မိဘတွေကလည်း ရဲတွေကိုပျောက်ဆုံးကြောင်းတိုင်ကြားသော်လည်း ဒီအတိုင်းအိမ်ကနေထွက်ပြေးတာနေမှာဆိုပြီး ရဲများကလည်း ပေါ့တန်စွာကောက်ချက်ချထားကြပါတယ်။ ထိုခေတ်က ရဲဌာနအချင်းချင်းလည်း အပြိုင်အဆိုင်တွေနဲ့မတည့်ကြတော့ “ Paul Chartier “ ရဲ့အရည်အချင်းကိုသိထားသူ အရာရှိကြီး “ Hinkel “ ကပျောက်ဆုံးသွားတဲ့ကလေးတွေကိုရှာဖွေနိုင်ဖို့အတွက် “ Maldoror “ ဆိုတဲ့ လျှို့ဝှက်စစ်ဆင်ရေးကို စတင်ပါတော့တယ်။ ရဲဌာနတစ်ခုနဲ့တစ်ခုအပြိုင်အဆိုင်တွေနဲ့မတည့်ကြတော့ ဒီစစ်ဆင်ရေးကြီးအောင်မြင်သွားရင် “ Hinkel “ တို့ရဲ့ရဲဌာနကြီးမျက်နှာပွင့်လန်းနိုင်ပြီး ဂုဏ်ဆာနိုင်အောင်လို့ဆိုပြီး စတင်ခဲ့ကြပါတယ်။ အစပိုင်းမှာတော့ ရိုးရိုးသာမန်အမှုလို့ထင်ရနိုင်ပေမယ့်လည်း အနယ်နယ်အရပ်ရပ်က အကောင်ကြီးတွေပါ ပါဝင်ပတ်သက်နေသလို ဒုစရိုက်သမား “ Marcel Dedieu “ ဟာ သူ့ကို ကာကွယ်ပေးတဲ့အကောင်ကြီးတွေရှိနေတဲ့အတွက်ကြောင့် ပြောင်ပြောင်တင်းတင်းကျူးလွန်လာနိုင်ပြီး အမှုကိုလိုက်ဖို့ရာခက်ခဲနေခဲ့သလို မသေသင့်တဲ့အသက်ပေါင်းများစွာလည်းကြွေလွင့်ခဲ့ရပါတယ်။ ဉပဒေရဲ့ဘောင်အတွင်းကနေ ဒုစရိုက်သမားကိုအပြစ်ပေးလို့မရနိုင်တာကို သိလာခဲ့တဲ့ “ Chartier “ဟာ ဘောင်ကိုကျော်လွန်၍ ဘယ်လိုလက်စသတ်ပေးမလဲဆိုတာကို crime thrillerငတ်နေသူများအဖို့ ကြေကွဲဖွယ်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size… (3.7 GB) / (2.1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime, Drama, Thriller Duration…. 02:34:13 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Myat Noe Yamone

Thriller
6.7 2025 155 mins
Maldoror