YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.Seed.Of.The.Sacred.Fig.2024.1080p.WEBRip.x264.HEVC (CM).mkv

1.39 GB N/A video/x-matroska 153 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Samsara
7.4

ကားနာမည်ကိုက သံသရာဆိုတော့ သိတော့သိသာပါတယ်။ ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အတိအကျဆို တိဘက်ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အဓိကဇာတ်လိုက်က တိဘက်က ကိုယ်တော်တစ်ပါး။ ထူးတာက ဇာတ်ကတော့ ဒီကိုယ်တော်ကိုပဲ တည်ထားပေမဲ့ အဲဒီကိုယ်တော်ကို သိဒ္ဓတ္ထမင်းသားရဲ့ ပုံစံငယ်လိုလိုသဘောမျိုးနဲ့ပြသွားတယ်။ ပုံစံငယ်လို့ပြောရတာလည်း သိပ်တော့မဟုတ်သေးဘူး။ ပြောရရင် သိဒ္ဓတ္ထမင်းသားနဲ့ ခပ်ဆင်ဆင်အဖြစ်မျိုးတွေ ဒီကိုယ်တော်ဘဝထဲ သွတ်သွင်းပြီး ပြသွားတယ်ပေါ့။ ဒီတစ်ကားလုံးရဲ့ Main Plot ဟာလည်း ဒီကိုယ်တော်ရဲ့ သံသရာကလွတ်မြောက်ရာရှာခြင်းခေါ်မလား၊ ဉာဏ်အလင်းရှာခြင်းခေါ်မလား၊ အာသဝက္ခယဉာဏ်ကို ရှာတယ်ခေါ်မလား၊ အဲဒီအရာကို ရှာတဲ့ အကြောင်းအရာပဲ။ " ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ " ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ဟာ သူ့ခြေသည်းတွေကြား ကျောက်ခဲတစ်ခဲကို သုတ်ထားတယ်။ တစ်နေရာအရောက်မှာ ငှက်ဟာ လေပေါ် ခဏတန့်ရင်း ကျောက်ခဲကို ပစ်ချလိုက်တယ်။ အဲဒီကျောက်ခဲဟာ ဆိတ်ရဲ့ ခေါင်းပေါ်တည့်တည့်ကျပြီး ဆိတ်သေသွားတယ်။ ဒါ ဇာတ်လမ်းရဲ့အစပဲ။ ဒီနောက် ဘုန်းကြီးတစ်ဖွဲ့ဟာ ဂူပိတ် ကမ္မဋ္ဌာန်းထိုင်နေတဲ့ ကိုယ်တော်တစ်ပါးကို သွားပင့်ကြတယ်။ ကိုယ်တော်ဟာ အဲဒီဂူထဲ သုံးနှစ်တာလုံး ကမ္မဋ္ဌာန်းထိုင်ပြီးခဲ့ပြီ။ ကိုယ်တော်ကိုပင့်ပြီး လားမားကျောင်းတော်ကို ပြန်ခေါ်လာကြတယ်။ သိပ်မကြာလိုက်ပါဘူး။ ကိုယ်တော်ဟာ ရွာတစ်ရွာက ကောက်ရိတ်သိမ်းပွဲကိုသွားဖို့ အကြောင်းဖန်လာပြီ။ ရေစက်လို့ပဲဆိုဆို ဝဋ်ကျွေးလို့ပဲဆိုဆို ကိုယ်တော်ဟာ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံဖို့ အကြောင်းဖန်လာခဲ့ပြီ။ အဲဒီညမှာ ကိုယ်တော်ဟာ မိန်းမလှလေးရဲ့ အထိအတွေ့ကို အိပ်မက်မက်တယ်။ ဒီလိုနဲ့ ကျောင်းကို ပြန်လာခဲ့ပေမဲ့ ကိုယ်တော့်စိတ်ထဲ ဒီအိပ်မက်က တွယ်ငြိနေတုန်းပဲ။ ဒီလိုနဲ့ ကိုယ်တော်ဟာ သူ့ဆရာကို ဗုဒ္ဓဟာ သက်တော် ၂၉မှ တောထွက်ခဲ့တဲ့အကြောင်း၊ လောကီကို စွန့်လွှတ်ဖို့ လောကီမှာ အရင်ကျင်လည်ဖူးရမယ်ထင်ကြောင်း ပြောလာတယ်။ ဒီမှာ သူ့ဆရာက သူ့ကို လောကီဘောင်ထဲ သွားဖို့ ခွင့်ပြုလိုက်တယ်။ သူ့အိပ်မက်ဟာ အိပ်မက်မဟုတ်ကြောင်းလည်း ပြောပြလိုက်တယ်။ ဒီလိုနဲ့ ကိုယ်တော်ဟာ လူဝတ်လဲပြီး မိန်းမလှလေးရှိတဲ့ ရွာဆီ ထွက်ခွာလာခဲ့တယ်။ ဒီကနေမှ ဘုန်းကြီးလူထွက် လောကီဘောင်မှာ ကြုံရတဲ့ တဏှာတွေ၊ လောဘတွေ၊ ဒေါသတွေအကြောင်းကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ လိင်ဆက်ဆံခန်း ၃ ၄ခန်း သုံးထားသလို သုံးထားသမျှ အခန်းတွေကလည်း တော်တော်လေး ကွက်ကွက်ကွင်းကွင်းဖြစ်တယ်။ ထူးတာက သုဇာတာပဲ။ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာကို ဗုဒ္ဓဝင်ကို တီးမိခေါက်မိရှိရုံနဲ့တင် မသိသူမရှိပါဘူး။ ဒီမှာကျ သုဇာတာဆိုတဲ့ အမည်ကို သူရင်းငှားကုလားမလေးကို ပေးထားတယ်။ အဲဒီကုလားမလေးနဲ့ သူနဲ့ဖောက်ပြန်ခဲ့ခြင်းကလည်း သူ့ဉာဏ်အလင်းပွင့်မှုအတွက် အခရာကျတဲ့ တစ်ချက်လို့ပြောလို့ရတယ်။ သူ့ဆီကနေမှ မောဟ စဖြစ်လာတယ်ပြောလို့ ရလောက်တယ်။ တစ်ညမှာ သိဒ္ဓတ္ထမင်းသားက ယသောဓရာနဲ့ ရာဟုလာကို စကားတစ်ခွန်းမှမဆိုဘဲ ချန်ရစ်ခဲ့သလို သူလည်း ထိုနည်းလည်းကောင်းပဲ ထွက်ခွာလာခဲ့တယ်။ သံသရာကြီးတစ်ပတ်လည်ရင်း စမှတ်ကို ပြန်ရောက်သွားခဲ့တယ်။ သူဘုန်းကြီးပြန်ဖြစ်သွားပြီး တစ်နေ့ကျ သူ့မိန်းမရောက်လာတယ်။ သူစပြောတဲ့စကားက " ယသောဓရာ " တဲ့။ " ရှင် အဲဒီနာမည်ကို ကြားဖူးလား " တဲ့။ " သိဒ္ဓတ္ထမင်းသား ဂေါတမ သကျမုနိ ဗုဒ္ဓ လူတိုင်း အဲဒီအမည်နာမတွေကို သိကြတယ်။ ဒါပေမဲ့ ယသောဓရာကရော " ဆိုပြီး သူနဲ့အဖြစ်တူနေတဲ့ ယသောဓရာရဲ့ ခံစားချက် ဘယ်လိုနေမယ်ဆိုတာကို ဘုန်းကြီးကိုပြောပြတယ်။ ဒီအခန်းက ဒီရုပ်ရှင်ကို သာမန်ဗုဒ္ဓဘာသာအကြောင်း ရိုက်ပြထားတဲ့ ကားတွေနဲ့ အဓိကကွဲပြားစေတဲ့ အချက်ဖြစ်လိမ့်မယ်။ ဘယ်သူမှ တလေးတနက်မတွေးဖြစ်လောက်တဲ့ ယသောဓရာရဲ့ခံစားချက်ကို ကိုယ်တော့်ကို ပြောပြခဲ့တယ်။ ဒါပေမဲ့လည်း သူ့မိန်းမလည်း ယသောဓရာလိုပဲ သူ့တာဝန်သူကျေခဲ့တယ်။ ကိုယ်တော်ယူကြုံးမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ငိုကြွေးချင်းအဆုံးမှာ သူအဖြေကိုတွေ့သွားတယ်။ " ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ " " ပင်လယ်ထဲ ပစ်ချလိုက်ရမယ် " ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ကို ကိုယ်တော်မော့ကြည့်လိုက်တယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.23GB, 1.01GB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 2H 18Min Genre - Adventure, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
7.4 2002 138 mins
Samsara
The Signal
6

IMDb 6, RT 61%နဲ့ ၂၀၁၄က ထွက်ရှိခဲ့တဲ့ Sci-fic, thriller ဇာတ်ကားကို တင်ဆက်​ပေးချင်ပါတယ်။ DC's Titansမှာ ဒစ်ဂ​ရေဆင်အဖြစ် ပါ​ဝင်တဲ့ Brenton Thwaitesနဲ့ Ready Player One မင်းသမီး Olivia Cookeတို့ အဓိကပါဝင်ထားပါတယ်။ မထင်မှတ်ထားတဲ့plot twist​တွေနဲ့ ဇာတ်လမ်း ကလည်း အ​တော်​​လေး သွက်တာ​ကြောင့် ကြည့်​ပျော်တဲ့ စိတ်ကူးယဉ်သိပ္ပံ ဇာတ်ကားပါပဲ။ ​MIT​ကျောင်းသား၃​ယောက်ဖြစ်တဲ့ နစ်၊ ​ဟေ​လေနဲ့ ဂျိုနာတို့ဟာ ​ကျောင်းရဲ့ နက်​ဝေါ့ဆာဗာကို ဟက်ခ်သွားခဲ့တဲ့ ​​နော်မတ်ဆိုတဲ့ ဟက်ကာကို သူတို့နည်း သူတို့ဟန်နဲ့ လိုက်လံရှာ​ဖွေ​နေ​သူ​တွေပါ။ ဒီလိုနဲ့တစ်​​နေ့မှာ ​နော်မတ်ဆိုသူရဲ့ IP addressကိုရပြီး ထိုတည်​နေရာအတိုင်း နီဗားဒါးကသဲကန္တာရတစ်ခုထဲ ဟက်ကာဖမ်း ထွက်ခဲ့ပါတယ်။ IPလိပ်စာကို​ရောက်မှပဲ ထောင်​ချောက်ဆင် ခံရမှန်းသိသွားပြီး သူတို့မ​ထင်မှတ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်ကိစ္စ​တွေကို နဖူး​တွေ့ ဒူး​တွေ့ရင်ဆိုင်ရပါ​တော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Mystery, Sci-fi Quality…. 1080p | 720p | 480p File size…1.3GB | 640MB | 241MB Format… mp4 Duration….1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator .....JimX Encoder .....August

Crime • Drama • Fantasy
6 2014 97 mins
The Signal
Kaapa
5.2

ပျိုမေတွေရဲ့အသည်းစွဲ မင်းသားကြီး Prithviraj Sukumaran ပါဝင်သရုပ်ဆောင်ထားတဲ့ Thriller/Crime အမျိုးအစားဇာတ်ကားကောင်းကိုတင်ဆက်ပေးချင်ပါတယ် အာနန်နဲ့ဘီနူဟာ ချစ်ကြည်နူး တစ်တီတူးလို့မဝသေးတဲ့ကြင်စဦးမောင်နှံလေးပါ သူတို့က ဘန်ဂလောကနေ သီရုဗနသာပူရန်လို့ခေါ်တဲ့မြို့လေးကို ပြောင်းလာခါစရှိပါသေးတယ် အဲ့အချိန်မှာပဲ အာနန်သိလိုက်ရတာက သူ့မဟေသီက မဟာ့မဟာလူဆိုးစာရင်း kaapa ဆိုတဲ့ စာရင်းထဲကို ပါနေတာပါ ပြီးတော့ အဲ့မြို့ကိုကြီးစိုးနေတဲ့ဂိုဏ်းက မာဒူဦးစီးတဲ့ ကိုလ်တာမာဒူဂိုဏ်းပါတဲ့ မာဒူနဲ့သူ့မိန်းမ ဘီနူရဲ့မျိုးနွယ်သီရိဗစ်ကရာမန်နဲ့က ကမ္ဘာမကြေတွေ့ရာသင်္ချိုင်း ဓားမဆိုင်းပြန်ဘူးဆိုတာလဲ သိလိုက်ရပါတယ် အာနန်တစ်ယောက် ဂိုဏ်းစတားကြီးကိုပဲ ပြေးတောင်းပန်ရမလား ရဲမှတ်တမ်းကပဲ သူ့မိန်းမနာမည်ဖျက်ပေးရမလား စသည်ဖြင့် ဇာတ်ရှုပ်ကြီးထဲဝင်ပါမိရာကနေ အပ်ချည်အစဖြေသလို နောက်ကွယ်ထိ ဘယ်လိုဝင်ပတ်သတ်ရမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး....... File size…2.01GB / 935MB Quality…1080p NF WEB DL /720p Format…mp4 Duration…2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein & OeliuJ & Yunni

5.2 2022 133 mins
Kaapa
American Made
6.9

Online Shopping တွေကနေ ပစ္စည်းမှာရင် Delivery လာပို့တဲ့သူတွေကို သိကြမှာပါ။ ကမ္ဘာပေါ်မှာ ပစ္စည်း Delivery ပို့တဲ့ အလုပ်လုပ်ပြီး ပိုက်ဆံတွေထားစရာနေရာမရှိအောင် ချမ်းသာသွားတဲ့သူအကြောင်း သိချင်ပါသလား။ ဒါဆိုရင်တော့ ဒီ American Made ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားက မကြည့်မဖြစ် ကြည့်ရှူ့သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ 1980 မတိုင်ခင်ကစပြီး အမေရိကန်နိုင်ငံတွင်းကို အမေရိကအလယ်ပိုင်းကနေတဆင့် တရားမဝင်မူးယစ်ဆေးတွေ မှောင်ခိုသွင်းလာကြပါတယ်။ အဲ့ထဲမှာ သမီးဖြစ်သူ ဆောင်းတွင်း အရမ်းချမ်းလို့ ဒေါ်လာ ၂ သန်းကို မီးရှို့ပြီး အနွေးဓာတ်ရအောင်လုပ်ပေးဖူးတယ်ဆိုတဲ့ နာမည်ကျော်မူးယစ်ရာဇာကြီး Pablo Escobar လဲ အပါအဝင်ပါပဲ။ ဒီဇာတ်ကားမှာတော့ ခေါင်းဆောင်မင်းသား Tom Cruise က Barry Seals လို့ခေါ်တဲ့ လေယာဉ်မှူးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အစပိုင်းမှာ TWA လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးကောင်းတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်နေရာကနေ သူ့ရဲ့ လေကြောင်းကျွမ်းကျင်မှုကို သတိထားမိလာကြတဲ့အခါ CIA က စတင်ပြီး တရားမဝင်အလုပ်တွေကို ခိုင်းစေလာခဲ့ပါတယ်။ နောက်ပိုင်းမှာ CIA အပြင် Pablo Escobar ရဲ့ မူးယစ်ဂိုဏ်း၊ သူ့မိတ်ဆွေ ရှိတ်ဖာဆီမှ ရုရှားလက်နက်မှောင်ခိုသွင်းလုပ်ငန်းတို့တွင်ပါ ပါဝင်လုပ်ကိုင်လာခဲ့ပြီး သူရဲ့ အဓိကတာဝန်ကတော့ ကိုကင်း၊ AK-47 သေနတ်၊ လူမှောင်ခိုတို့ကို နယ်စပ်စစ်ဆေးရေးနဲ့ လေတပ်က မမြင်အောင် တစ်နိုင်ငံကနေ တစ်နိုင်ငံကို လျှို့ဝှက်ပို့ဆောင်ပေးရတာပါ။ Barry Seals တစ်ယောက် သူဋ္ဌေးဖြစ်အောင် ဘယ်လိုလုပ်ရသလဲ၊ သူ့မှာ သေချာတဲ့အနာဂတ်ရော ရှိရဲ့လား၊ မိတ်ဆွေအပေါင်းအသင်းတွေကရော တကယ်ယုံကြည်ရသလား ဆိုတာတွေကိုတော့ ဇာတ်ကားကြည့်ပြီး ဆက်လက်ခံစားကြပါ။ လက်ရှိ Imdb rating 7.3 ရရှိထားပါပြီး ဝေဖန်မှုကောင်းတွေ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုအာကာဖြိုးပါ) File Size : (900 MB) Quality : Blu-Ray 720p Running Time : 1hr 55min Format : Mp4 Genre :Action, Biography, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Arkar Phyo Encoded by Thanhtike Zaw

Drama
6.9 2017 115 mins
American Made
In from the Side
6.8

မာ့ခ်ဟာ ရက်ဂ်ဘီအသင်းက ကစားသမား တစ်ယောက်ဖြစ်ပြီး အသင်းပွဲစဉ် ပြီးဆုံးလို့ ကလပ်တက်ကြတဲ့အခါအမှတ်မထင် ဝါရန်နဲ့ တွေ့ဆုံခဲ့ပါတယ် ထိုတွေ့ဆုံမှုကနေ အစပျိုးခဲ့တဲ့ သူတို့ဆက်ဆံရေးဟာ တကယ်တော့ ရပ်တန့်ပစ်ရမှာပဲဖြစ်ပါတယ်။ အကြောင်းကတော့ မာ့ခ်နဲ့ ဝါရန်မှာ ကိုယ်ဆီကိုယ်ငှဆိုင်သူရှိနေကြလို့ပါ။ သူတို့ရဲ့ ဇာတ်လမ်းလေးကို တိတ်တဆိတ်ပဲ ဆက်လှုပ်ရှားမှာလား… ပတ်ဝန်းကျင်က သတိထားမိသွားမလား… အသိ သတိကပ်ပြီး စိတ်ကို ချုပ်တည်းသွားနိုင်မလားဆိုတာကို ကြည့်ရှုရမှာပါ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2.4GB) / (1.2GB) Quality__WEB-DL_1080p, 720p IMDb Rating__6.8/10 Format__mp4 Duration__02:04:00 Type__Drama, Sport Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

6.8 2023 134 mins
In from the Side
A Rose for Her Grave: The Randy Roth Story
6.5

A Rose for Her Grave: The Randy Roth Story(2023) ********************************************* “လူယုံသတ်လို့သေ”၊ “ကျွန်ယုံတစ်ဖက်ကန်း သားသမီးယုံ စုံလုံကန်း”၊ “နောက်ကျောကို ဓါးနဲ့ထိုး” ဒီစကားတွေဟာ လူတစ်ယောက်အပေါ် ယုံကြည်မှုထားတာ လွဲမှားပုံ၊ ကိုယ်ယုံတဲ့သူက ကိုယ့်ကိုပြန်ဒုက္ခပေးပုံတွေကို ပြဆိုနေတာပါ။ ဒီနေ့ခေတ်တိုးတက်နေတဲ့ခေတ်ကြီးမှာ လည်း ကိုယ့်ကို ယုံကြည်အောင်ချဉ်းကပ်ပြီးမှ၊ ကိုယ်နဲ့အတူတူအကြာကြီးနေပြီးမှကိုယ့်ကို ပြန်အသုံးချရုံမက သူ့အကျိုးအတွက် ကိုယ့်ကို ဒုက္ခပေးသွားတဲ့လူစားတွေ ဒုနဲ့ဒေးဖြစ်ပါ တယ်။ အထူးသဖြင့် အယုံလွယ်တတ်တဲ့ မိန်းကလေးတွေအတွက် အပေါ်ယံနဲ့ ယုံကြည်ဖို့ မလွယ်ပါဘူး။ ဇာတ်လမ်းအကြောင်း ပြောရရင်တော့ စင်ဒီ (ခေါ်) စင်သီယာဟာ သူ့ရဲ့ အမျိုးသား ဆုံးသွားတဲ့အတွက် ချမ်းသာတဲ့မုဆိုးမလေးအဖြစ် သားတစ်ယောက်နဲ့ ကျန်ခဲ့ပါတယ်။ သူ ငယ်ချင်းဖြစ်သူ လော်ရီ ရောက်လာပြီး အတူလာနေပေးပါတယ်။ အစပိုင်းမှာ ပျော်ပျော် ရွှင်ရွှင်ဖြစ်နေပေမယ့် အမျိုးသားတစ်ယောက် သူတို့သုံးဦးသား ဘဝထဲကို ဝင်ရောက်လာ ချိန်မှာတော့ မထင်မှတ်ထားတဲ့ကိစ္စတွေဖြစ်ပေါ်လာပါတယ်။ ဘယ်သူက ယုံကြည်ရမလဲ၊ ဘယ်သူက မယုံကြည်ရတာလဲဆိုတာ ကွဲကွဲပြားပြားသိလာရပါတော့တယ်။ ဘယ်သူ့ကိုမှ အလွယ်တကူ ယုံကြည်မှုမရှိသင့်တာကို ပြသထားတဲ့ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။ File Size :(1.8GB) and (605MB) Quality : NF.WEB-DL1080P,720p Format…mp4 Duration…01:28:00 Genre : Thriller, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae

6.5 2023 88 mins
A Rose for Her Grave: The Randy Roth Story
Who Invited Charlie?

Who invited Charlie? (2023) တွေ့ဆုံမှုတိုင်းက တိုက်ဆိုင်မှုကြောင့်လား။ နှစ်ပေါင်းများစွာရှာနေတဲ့လူတစ်ယောက်ကို ပြန်တွေ့တဲ့အချိန်ဟာ ကိုယ်ရှာနေလို့မဟုတ်ဘဲ ကံတရားဆိုတဲ့ဇာတ်ဆရာအလိုကျ တွေ့တာလား။ ဖစ်လ်ဟာ အကျပိုင်းကိုရောက်နေတဲ့ Fund manager တစ်ယောက်ပေါ့။ မိန်းမဖြစ်သူနဲ့လည်း ဆက်ဆံရေးအဖုအထစ်လေးတွေဖြစ်နေပြီး သားဖြစ်သူကလည်း Separation Anxietyဖြစ်နေတော့ ဖလန်းဖလန်းထတဲ့ ၁၆ နှစ်သားအရွယ်လို့ မထင်ရလောက်အောင် အခန်းအောင်း Introvertလေးတစ်ယောက်ပါ။ အိမ်တွင်းရေးရှုပ်ထွေးတတ်တဲ့ ဘီးကြဲတွေရဲ့ထုံးစံအတိုင်း ဖစ်လ်တစ်ယောက်အပြင်မှာ စကီလေးတစ်ယောက်နဲ့ထားထားပေမဲ့ စကီလေးနဲ့ပါ ပြဿနာဖြစ်နေချိန်မှာ ကံဆိုးမသွားရာ မိုးလိုက်ရွာပါတော့တယ်။ အဲဒါကတော့ သူတစ်ချိန်က အဆက်အသွယ်ဖြတ်ခဲ့တဲ့ချာလီနဲ့မှ တည့်တည့်တိုးခြင်းပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလိုပဲ ဖစ်လ်တစ်ယောက် ချာလီကိုမြင်တာနဲ့ အကြီးအကျယ်ဖြတ်ချပြီးပြေးဖို့ကြံတာပေါ့။ ကိုဗစ် outbreakနဲ့ဘာနဲ့ Hamptonsမှာ စတေးရှောင်ဖို့ဖြစ်လာတော့ ဖစ်လ်တစ်ယောက် ချာလီကိုမေ့မေ့ပျောက်ပျောက်ပါပဲ။ ဒါပေမဲ့ ချာလီက Hamptonsက သူ့ရဲ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာချိန်မှာတော့…. ဖစ်လ်တစ်‌ယောက် ချာလီကိုဘာလို့သရဲမြင်သလို ကြောက်လန့်နေရတာလဲ။ ချာလီကရော ဖစ်လ်ကိုဘာလို့အသည်းအသန်လိုက်ရှာနေခဲ့ရတာလဲ။ ပြဿနာအားလုံးရဲ့အရင်းခံဖြစ်တဲ့ တချိန်ကဇာတ်လမ်းလေးတွေရှိခဲ့တဲ့ချာလီက နဂိုထဲက အိမ်တွင်းပြဿနာတွေများနေတဲ့ ဖစ်လ်မိသားစုအပေါ် ဘယ်လိုသက်ရောက်မှုဖြစ်လာစေမလဲဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p | 480p File size… 1.4GB | 822MB | 377MB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

Drama • Romance
0 2023
Who Invited Charlie?
The Lesson

ဒီတစ်ခေါက်မှတော့ IMDB 6.5/10, Rt 76% ရရှိထားတဲ့ အသစ်ထွက် Thriller ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား Daryl McCormack (Good Luck to You, Leo Grande), မင်းသမီးကြီး Julie Delpy (Before Midnight) နဲ့ မင်းသားကြီး Richard E. Grant (Jack and Sarah) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒါရိုက်တာကလည်း Merlin, Doctor Who တို့ကို ရိုက်ကူးခဲ့သူ Alice Troughton ဖြစ်တာမို့ ဝေဖန်သူတွေဆီကလည်း ကောင်းမွန်တဲ့မှတ်ချက်တွေရရှိထားတဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ လီယမ်က တက်သစ်စစာရေးဆရာလေးဖြစ်ပြီး သူ့မှာ စာသားတွေကို တစ်ခါမြင်ရုံနဲ့ အလွတ်မှတ်မိနိုင်တဲ့ စွမ်းရည်တစ်ခုပိုင်ဆိုင်ထားပါတယ်။ သူက ကျူတာလုပ်ရင်း ဘဝကိုတိုးတက်ဖို့ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပြီး တစ်နေ့မှာတော့ သူရဲ့စံပြပုဂ္ဂိုလ်ဖြစ်တဲ့ အားလုံးကလေးစားရသူ နာမည်ကြီးစာရေးဆရာကြီး စင်ကလဲရ်ရဲ့အိမ်မှာ သူ့ရဲ့သားငယ်လေးဘာတီ့ကို အောက်စဖို့ဒ်ကျောင်းဝင်ခွင့်ရအောင် ကျူတာလုပ်ပေးဖို့ ကမ်းလှမ်းချက်ကို ရရှိခဲ့ပါတယ်။ သူ့ရဲ့စံပြပုဂ္ဂိုလ်ဖြစ်သူရဲ့သားကို ကျူတာလုပ်ပေးရမှာမို့ စိတ်လှုပ်ရှားပျော်ရွှင်စွာနဲ့ ဘာတီတို့ရဲ့စံအိမ်ကြီးကို ရောက်ရှိခဲ့ချိန်မှာတော့ သူ့ကို ထင်မထားခဲ့တာတွေက ဆီးကြိုနေခဲ့ပါတော့တယ်။ တင်းကြပ်တဲ့ဖခင်ရဲ့ စည်းကမ်းတွေအောက်မှာ တော်လှန်တတ်တဲ့ သားငယ်လေးဖြစ်သူဘာတီ့ကို ကျူတာလုပ်ပေးရတာက လီယမ့်အတွက်တော့ စစချင်း ဆောက်နဲ့ထွင်းဆိုသလိုပါပဲ။ စကားကို ခပ်ပြတ်ပြတ်ပြောတတ်ပြီး မာနကြီးသူ မစ္စတာစင်ကလဲရ်နဲ့ ရင်းနှီးချင်တာကြောင့် သူ့ရဲ့မိန်းမဖြစ်သူ ဟယ်လင်နဲ့ စကားစမြည်ပြောဆို ရင်းနှီးဖို့ကြိုးစားရင်း အဲဒီအိမ်ကြီးရဲ့ လျှို့ဝှက်ချက်တွေကို တစ်စတစ်စနဲ့ ရှာဖွေတွေ့ရှိခဲ့ချိန်မှာတော့… လီယမ်က မူရင်းရည်ရွယ်ချက်အတိုင်း ဘာတီ့ကို ဝင်ခွင့်အောင်အောင် လုပ်ပေးလိုက်နိုင်မှာလား.. သူလေးစားရတဲ့ပုဂ္ဂိုလ်မိသားစုရဲ့ လျှို့ဝှက်ချက်ကရော ဘာများဖြစ်မလဲ… လူအရောက်အပေါက်ဝေးတဲ့နေရာက စံအိမ်ကြီးထဲမှာ လျှို့ဝှက်ချက်တွေကို သိရှိထားတဲ့ လီယမ်တစ်ယောက်ရော ဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်ပါ့မလား.. သူ့ရဲ့အထူးစွမ်းရည်ကိုရော ဘယ်လိုတွေ အသုံးချမလဲ.. ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ လှည့်ကွက်တွေနဲ့ ပဟေဠိဆန်ဆန် စိတ်ဝင်စားဖွယ် ရှုစားလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.4 GB)/(776 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2023
The Lesson
The Christmas Pledge
4.9

The Christmas Pledge (2023) ===================== ခရစ်စမတ်ရာသီရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ နှင်းတွေနဲ့ အတူ လွင့်ပါလာခဲ့ပါပြီ။ ဂျွန်ကတော့ ငယ်စဉ်ကတည်းက မိဘနှစ်ပါး ကွာရှင်းခဲ့ကြပြီး ဓနရှင်ဖခင်ဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်မှာပဲ နေလာ ခဲ့ရတဲ့ကောင်မလေးပါ။ လေယာဉ်တည်ဆောက်မှုပညာရပ်ကို အရမ်း စိတ်ဝင်စားပြီး ထဲထဲဝင်ဝင်လေ့လာသင်ယူထားတဲ့သူလေးပေါ့။ တစ် ရက်မှာတော့ သူကျောင်းကိုအသွား ပြုတ်ကျလာတဲ့ လေယာဉ်ပုံစံငယ် လေးနဲ့ ဆုံ‌တွေ့ခဲ့တယ်။ အဲဒီလေယာဉ်လေးကို ပစ်လိုက်တဲ့သူကတော့ ဒက်ကလန်ဆိုတဲ့ ကောင်လေးတစ်ယောက်တဲ့။ စာမေးပွဲမှာ အဆင့်ကောင်းဖို့လောက်ပဲတွေးပြီး လေယာဉ်ကို အဖြစ်သာ တည်ဆောက်ထားတဲ့သူပေါ့။ ဒီလိုနဲ့ပဲ လေယာဉ်တည်ဆောက်ရေးပညာ ဆရာမလေးဂျွန်ဆီကနေ တွေ့တွေ့ချင်း လက်ချာတွေ ပေးခံရတယ်ဆိုပါ တော့။ ဘုနဲ့ဘောက်ဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်က ကံကြမ္မာက ဖန်တီး လာလေတော့ ဘွဲ့ယူတာတောင် ဘေးချင်းကပ်ထိုင်ခဲ့ကြရပြီး ရေစက်လေး က အလုပ်ခွင်ထဲထိ ပါလာခဲ့ပြန်ပါတယ်။ ‘ချစ်ခြင်းအစ မုန်းခြင်းက’ဆိုတဲ့ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းထဲမှာ လိပ်ပြာလေးတွေ ဘယ်လိုပျံလာကြ မလဲဆိုတာကိုတော့ စောင်လေးခြုံရင်း ကြည့်လိုက်ကြရအောင်ပါပေါ့။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာ ပြန်ရေးသားပေးသူများကတော့ May Thet Kine Soe, June တို့ ဖြစ်ပါတယ်) File Size……….(1.49 GB) / (569 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….May Thet Kine Soe, June Encoder……….SWM

Action • Adventure • Thriller
4.9 2023 95 mins
The Christmas Pledge
80’s Buildup
4.4

80s Buildup 2023 ဇာတ်လမ်းအကျဉ်း ဇမီးမိသားစုအိမ်တော်ဟာ မျိုးရိုးစဉ်ဆက်ချမ်းသာလာကြပြီး ရှေးဟောင်းရတနာတွေအိမ်မှာမြှုပ်ထားတယ်လို့ ဓားပြတွေတချောင်းချောင်းဖြစ်နေတဲ့အိမ်။ ထိုအိမ်မှာ ကာသီရ်နဲ့ မန်ဂျာကီလီတို့မောင်နှမနှစ်ယောက်ရှိပါတယ်။ စကားတစ်ခွန်းအပြန်အလှန်ပြောကြတာနဲ့တင် အချင်းချင်းထသတ်ကြတဲ့ မတည့်အတူနေတွေပါ။ သို့ပေမယ့်သူတို့နှစ်ယောက်မှာ ဝါသနာတူအကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ အလောင်းအစားလုပ်ပြီးစိန်ခေါ်မှုလုပ်တာပါပဲ။ နှစ်ယောက်သား စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မယ့်သူတွေပါ။ တစ်နေ့မှာ လူလိမ်အဖွဲ့တစ်ဖွဲ့ရတနာပစ္စည်းရှာဖို့အိမ်ကိုရောက်လာပြီး မတော်တဆမှုတစ်ခုကြောင့် အဖိုးဖြစ်သူရုတ်တရက်ဆုံးသွားရှာပါတယ်။ ဒီလိုနဲ့အသုဘမှာ ရတနာရှာမယ့်သူခိုးကတစ်ဖွဲ့ အလောင်းအစားလုပ်ပြီး စိန်ခေါ်နေတဲ့မောင်နှမကတစ်ဖွဲ့ အမွေခွဲပေးဖို့ကိုသာ မျက်စိကျနေတဲ့တစ်ဖွဲ့ အဲလိုနဲ့ပဲ အဖိုးဖြစ်သူအသုဘဟာ ပြဿနာအရှုပ်ထုပ်တွေကြား ‌အေးအေးချမ်းချမ်းနဲ့ ပြီးသွားနိုင်မလားဆိုတာကို အသုဘထဲရယ်ရမလိုလို ငိုရခက်စေမယ့် တမီးလ်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Horror
4.4 2023 122 mins
80’s Buildup
Dayı: Bir Adamın Hikâyesi
6.1

Dayi: Bir Adamin Hikayesi (2021) (ယောကျ်ားတစ်ယောက်ရဲ့ ဇာတ်လမ်း) IMDb – 6.1/10 ဆုပေါင်းများစွာရရှိဖူးတဲ့ မင်းသားကြီးတွေပါဝင်ထားတဲ့ တူရကီ ဂန်းစတားရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ပုံဖော်ထားတဲ့ရုပ်ရှင်။ ဒီရုပ်ရှင်ထွက်တဲ့အချိန်တုန်းက ဝေဖန်ရေးဆရာတွေနဲ့ ပရိသတ်တွေဆီကနေ အကောင်းဆုံးတူရကီရုပ်ရှင်တွေထဲကတစ်ကားလို့ ချီးကျူးခံခဲ့ရပါတယ်။ ချေဗာဟိရှ်က ထင်ရာစိုင်းတတ်ပြီး မှားနေတာကိုမြင်ရင် အမှန်ပြင်ပေးလိုက်ဖို့ဝန်မလေးတဲ့ ခပ်ဂျစ်ကန်ကန် ကောင်လေးတစ်ယောက်။ အရွယ်ရောက်လာတဲ့ထိ တဇွတ်ထိုးနိုင်လွန်းလို့ အဖေဖြစ်သူက ဘာမှ လက်ကြောတင်းအောင် မလုပ်နိုင်တဲ့ကောင်ဆိုပြီး အမြင်မကြည်တာမို့ မိခင်ဖြစ်သူက အစ္စတန်ဘူလ်မှာကြီးပွားနေတဲ့ ရပ်ဆွေရပ်မျိုးလုပ်ငန်းရှင်တစ်ယောက်ဆီကို ပို့လိုက်ပါတယ်။ ဒီမှာပဲ ချေဗာဟိရှ်ရဲ့ဘ၀ တစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။ အစ္စတန်ဘူလ်က အစ်ကိုကြီးလိုခင်ရတဲ့ လုပ်ငန်းရှင်သူဌေးက ဒုစရိုက်လုပ်ငန်းတွေ လုပ်နေတဲ့အခါမှာ ချေဗာဟိရှ်ရဲ့ ထင်ရာစိုင်းတဲ့စိတ်နဲ့ ဒီလုပ်ငန်းတွေထဲမှာ ပါဝင်ပတ်သက်မိတဲ့အခါမှာတော့…။ (aungmo3han ဘာသာပြန်ပေးထားပါတယ်) Genre….. Action, Adventure, Drama Quality…. 1080p | 720p File size… 1.5GB | 675MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

6.1 2021
Dayı: Bir Adamın Hikâyesi
The Last Stop in Yuma County
7.1

The Last Stop in Yuma County ဇာတ်ကားဟာ ၂၀၂၃ ခုနှစ်ထွက် Crime Thriller ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်…. ဒီကားက ဖတ်ကြည့်လိုက်ရင် ရိုးရိုးရှင်းရှင်းလေး ဆိုပေမဲ့ ဘာတွေ ဘယ်လိုဖြစ်မလဲဆိုတာ လုံးဝကြိုမသိနိုင်ပဲ ရင်တထိတ်ထိတ် ကြည့်ရှုရမဲ့ Thriller ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။ အမြည်းပြောပြရမယ်ဆိုရင် အမေရိကန် အယ်ရီဇိုးနားက နယ်ဘက်လေးတစ်ခုက ဓာတ်ဆီဆိုင်နဲ့စားသောက်ဆိုင် အတွဲအစပ်လေး နေရာမှာပဲ ဇာတ်လမ်းရဲ့ 95% က ဖြစ်ခဲ့ တာပါ။ ဆီဆိုင်မှာ ဆီကားရောက်မလို့ ဆီကုန်နေတဲ့အချိန်မှာ လမ်းခရီးမှာ ဆီပြတ်ပြီးရောက်လာတဲ့ ခရီသည်တွေ စားသောက်ဆိုင်လေးမှာ သောင်တင်နေကြပါတယ်။ တစ်ချိန်ထဲမှာပဲ သူတို့ဆီကို မနက်ကမှ ဘဏ်ဓားပြတိုက်ပြီး ပြေးလာတဲ့ လူ ၂ ယောက်လည်း လာသောင်တင်ပါတော့တယ်။ ဒီစားသောက်ဆိုင်လေးထဲမှာ လူတွေ ဘယ်လိုဇာတ်လမ်းတွေ ဖြစ်ပြီး ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ရုပ်ရှင်တစ်ကားလုံး ရင်တဖိုဖို ကြည့်ရှုနေရမှာ ဖြစ်ပါတယ်။ ကိုယ်အားပေးတဲ့ဇာတ်ကောင်က သေမလား ရှင်မလား ဘာဖြစ်မလဲဆိုတာ ရုပ်ရှင်ကို ဆုံးအောင်သာကြည့်လိုက်ဖို့ ပြောပြချင်ပါတယ်…. File size…1.63GB/ 551MB Quality… WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

7.1 2023 91 mins
The Last Stop in Yuma County
The Ward John Carpenter’s The Ward
5.6

The Ward (2010) John Carpenter’s The Ward မင်းသမီး Amber Heard အဓိကပါဝင်ထားပြီး Sydney Sweeney နဲ့ အခြားမင်းသမီးတွေ အရံအဖြစ်ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Psychological Horror အမျိုးအစားဇာတ်ကားပါ။ ဇာတ်လမ်းကတော့…. Kristen ဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ဟာ ယာအိမ်တစ်လုံးကို မီးရှို့ပစ်ခဲ့ပါတယ်… ဒီမီးရှို့မှုနဲ့ သူဟာ ဖမ်းဆီးခံခဲ့ရပြီး စိတ်ကျန်းမာရေးဆေးရုံတစ်ခုမှာ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်… Kristen ဟာ ဆေးရုံမှာ နေထိုင်ချိန်အတွင်း Dr. Geral Stringer, Emily, Sarah, Zoey, Iris ဆိုတဲ့ မိန်းကလေးတွေနဲ့ ရင်းနှီးခဲ့ပါတယ်… ဆေးရုံတိုင်းလိုလို နာနာဘဝ မကောင်းဆိုးဝါးဆိုတာ ရှိစမြဲပါ… ဒီလိုပဲ Kristen တစ်ယောက်လဲ ရေချိုးရင်း သရဲမ တစ်ကောင်နဲ့ ပတ်ပင်းတိုးခဲ့ပါတယ်… Kristen သရဲမကို မြင်ပြီးနောက်မှာတော့ သူ့သူငယ်ချင်း Iris ဟာလဲ သရဲမကို တွေ့ခဲ့ပြီး အသက်နှုတ်ယူခံခဲ့ရပါတယ်… Iris ပျောက်ဆုံးသတင်းကို ကြားပြီးနောက်မှာတော့ မိန်းကလေးတွေဟာ Iris ကို ရှာဖွေခဲ့ကြပါတယ်… ကံဆိုးချင်တော့ Sarah, Emily တစ်ယောက်ပြီး တစ်ယောက် သေဆုံးခဲ့ကြပါတယ်…. Kristen ကတော့ ကံကောင်းထောက်မပြီး လွတ်မြောက်ခဲ့ပါတယ်… သူဟာ ကျန်ရှိနေတဲ့ သူငယ်ချင်း Zoey ကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်… သို့ပေမဲ့ Zoey ဟာလဲ သရဲမ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်… Kristen တစ်ယောက်ကြံရာမရဖြစ်ပြီး သူ့အသိ Dr.Geral Stringer ဆီကို အပြေးအလွှားသွားခဲ့ပါတယ်… Dr. ဆီရောက်တဲ့အချိန်မှာတော့ သူ သရဲမ အကြောင်းကို သိခဲ့ပါတယ်… သရဲမ နာမည်က Alice ဖြစ်ပြီး Kristen သူ့အကြောင်းကို အလုံးစုံသိလိုက်ရချိန်မှာတော့…. Kristen တစ်ယောက် Zoey ကိုကယ်ပြီး လွတ်မြောက်နိုင်မလား… သရဲမ Alice က ဘာလို့ လိုက်သတ်နေတာလဲ…စတဲ့အကြောင်းအရာတွေကို စိတ္တဇဆန်ဆန် ရိုက်ကူးထားပါတယ်… သဲထိတ်ရင်ဖိုဇာတ်လမ်း ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ Horror တစ်ကားပါပဲ။

5.6 2010
The Ward John Carpenter’s The Ward