YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Secret.Path.1999.720p (CM).mp4

1.04 GB N/A video/mp4 30 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Name Is Vendetta
6.8

"သတ်မှာလား အသတ်ခံမှာလား ဒါဟာ ဥပဒေပဲ" ဆိုတဲ့ စကားစုလေးနဲ့ အစချီပြီး စတင်ထားတဲ့ "My Name is Vendetta" ဆိုတဲ့ ဇာတ်ကားလေးက အက်ရှင်ဇာတ်ကား ချစ်သူတွေအတွက် လက်မလွှတ်သင့်တဲ့ Netflix ဇာတ်ကားကောင်းလေး တစ်ကားပါ။ ဇာတ်လမ်းအကျဉ်း ... ဘဝမှာ သူများကို သတ်မှာလား ကိုယ် အသတ်ခံမှာလား ဆိုတဲ့စိတ်နဲ့ ဘဝတစ်လျှောက်နေလာခဲ့တဲ့ မာဖီးယား တစ်ဦးက ဖူးစာရှင်လေးနဲ့တွေ့ပြီး သူ့ဘဝကို ပြောင်းလဲလိုက်တယ်။ သမီးလေးတစ်ယောက် မွေး ဘဝကို ပျော်စရာတွေ မေတ္တာတွေနဲ့ ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနေစဉ်မှာ အတိတ်မှာ ဆိုးခဲ့တဲ့အမှားတွေနဲ့ မာဖီးယားဂိုဏ်းတစ်ခုက သူ့ကို ကလဲ့စားချေဖို့အတွက် သူ့မိသားစုကို ရက်ရက်စက်စက် သတ်ပစ်လိုက်တယ်။ ကံကောင်းချင်တော့ သမီးဖြစ်သူ ဆိုဖီယာက မသေဘဲ လွတ်မြောက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ သူ့မိသားစုကို သတ်ခဲ့တဲ့ သွေးကြွေးကို သမီးဖြစ်သူ ဆိုဖီယာနဲ့အတူ ကလဲ့စားချေဖို့ တာဆူတော့တာပေ့ါ။ သွေးသံတရဲရဲနဲ့ အက်ရှင်ခန်းတွေ အများကြီးပါပြီး လူမိုက်တစ်ဦးနဲ့ သူ့သမီးကြားက သံယောဇဉ်တွေကိုမြင်ရပြီး တန်ဖိုးထားရတဲ့ မိသားစုကို အလုယူခံလိုက်ရတဲ့အချိန် ဖြစ်ပေါ်လာတဲ့ နာကျည်းချက်တွေနဲ့ ဘယ်လို ကလဲ့စားချေမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်လိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Kit ပါ။) File Size          : 1.1GB, 470MB, 254MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 30mins Genre              : Action, Crime, Drama Translated by Kit Encoded by Kinnov

Horror • Thriller
6.8 2022 90 mins
My Name Is Vendetta
Fresh
7

IMDb Rating (6.7) / Rotten Tomatoes (81%) Horror/ Thriller ကားကောင်းတွေရှားလာတဲ့ခေတ်မှာ ဒီလို နိုင်ငံတကာ Rating မြင့်တဲ့ ကားမျိုးကို Horror/Thriller ပရိတ်သတ်တွေ လက်လွတ်မခံသင့်ပါ..ဒီထဲက မင်းသား Sebastian Stan ကိုတော့ Captain America ဇာတ်ကားထဲက Winter Soldier အဖြစ် လူသိများကြပါတယ်။ ဇာတ်ကားကစကြည့်တည်းက စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတဲ့ဇာတ်အိမ်မျိုးဖြစ်ပြီး တောက်လျှောက် သိချင်စိတ်အပြည့်နဲ့ ရင်တုန်ပြီးကြည့်ရမယ့်ကားမျိုးပါ။ ဒီဇာတ်ကားဟာ လူသတ်ကားဖြစ်တဲ့အပြင် Hannibal လိုမျိုး လူသားစားတဲ့ဓလေ့ Cannibalism လည်းပါတဲ့ကားပါ။ ရှယ်ကြည့်လို့ကောင်းတဲ့ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်... နိုရာဆိုတဲ့ကောင်မလေးဟာ တစ်ကိုယ်ရေ တစ်ကာယ တစ်ယောက်တည်းနေရတဲ့သူလေးပါ။ ဒီတော့ ဒိတ်တွေခဏခဏဒိတ်ပြီး လက်တွဲဖော်ကောင်းကောင်းလေးကို လိုက်ရှာနေပေမဲ့ သူနဲ့သဟဇာတဖြစ်တဲ့သူကို တစ်ခါမှမတွေ့ရသလို၊ ဒိတ်ရတာတွေကိုလည်း မုန်းနေတဲ့ကောင်မလေးပါ။ အချစ်ဆုံးသူငယ်ချင်း မော်လီနဲ့ သူဒိတ်ခဲ့ရတဲ့ ဒိတ်တွေအကြောင်း‌ ပြန်ပြောင်းပြောပြလေ့ရှိပြီး တစ်နေ့မှာတော့ စီစဉ်ပြီး ဒိတ်တဲ့ ဘလိုင်းဒိတ်ကနေမဟုတ်ဘဲ ကုန်တိုက်တစ်ခုကနေ စတိဗ်ဆိုတဲ့ကောင်‌ချောလေး‌ကိုတွေ့ပြီးအဆင်ပြေနေသွားခဲ့ပါတော့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကြား ဘယ်လိုကြမ္မာဆိုး ဝင်မွှေမလဲ၊ သူ့သူငယ်ချင်းမော်လီကရော ဘယ်လိုအခန်းကဏ္ဍကနေပါဝင်မလဲ၊ လူသတ်သမားကရော ဘယ်လောက်ဆိုးပဲ့ယုတ်မာနေမလဲဆိုတာကို Fresh ဆိုတဲ့ကားထဲမှာ ရှုစားရင်တုန်ပေးကြပါဦး။ File size…(1.6 GB)/(540 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:54:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung

Drama • Romance
7 2022 114 mins
Fresh
Suspiria
6.9

၂၀၁၈ ကထွက်ရှိခဲ့တဲ့ Horror/ thriller ရုပ်ရှင်ဖြစ်ပြီး ဇာတ်အိမ်တည်ထားတာက ၁၉၇၀ခု ဂျာမနီနိုင်ငံကို အခြေပြုရိုက်ထားတာဖြစ်ပါတယ်။ ၁၉၇၇ခုနှစ်က မူရင်းထွက်ရှိခဲ့တဲ့ Suspiria movieကို ပြန်လည် remakeရိုက်ကူးထားတာပဲဖြစ်ပါတယ်။ IMDb 6.8 , Rotten Tomatoes 65%နဲ့ Metacritic မှာ 64%ရထားပါတယ်။ မင်းသမီးကြီး Tilda Swintonက ထူးထူးခြားခြား သုံးကိုယ်ခွဲအထိ ပါဝင်သရုပ်ဆောင်ထားသလို Fifty Shades Trilogyမင်းသမီး Dakota Johnsonနဲ့ Carrie ရုပ်ရှင်ရဲ့မင်းသမီး Chloë Grace Moretzတို့ ပါဝင်ထား ပါတယ်။ Thriller/horror genreနဲ့လိုက်အောင်ပဲ ဒီဇာတ်ကားရဲ့Cinematography, Choreographyနဲ့ BGMတွေကခြောက်ခြား ဖွယ်ရသကို အပြည့်အဝပေးစွမ်းနေပါတယ်။ ဇာတ်လမ်းတင်ဆက်မှုက အင်မတန်ကြမ်းသလို သွေးသံရဲရဲပြကွက်တွေနဲ့ အရိုးလိမ်ချိုးခြင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းလိုပြကွက်တွေ၊ စုန်းကဝေနဲ့ ဘာသာရေးဆိုင်ရာ ပြကွက်ကြမ်းတွေ ပါဝင်လို့ အသည်းငယ်တတ်သူများနှင့် ရွံရှာတတ်သူများ ကြည့်ရှုဖို့ မသင့်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒါ့အပြင် 2018ထွက် ဇာတ်ကားဟောင်းဖြစ်ပေမယ့်စာဖိုင်အခက်အခဲကြောင့် ဂျာမန်စကားပြောဇာတ်ဝင်ခန်းများတွင် စာတန်းထိုးအခက်အခဲရှိသည်ကို ကြိုတင်၍ မေတ္တာရပ်ခံပါရစေ။ အမေရိကားပြည် အိုဟိုင်းယိုးကနေ ရောက်လာတဲ့ အကမယ်လေး ဆူဆန်နာ ဘန်နီယွန်ဟာ ၇၀ပြည့်နှစ် ဘာလင်မှာ အရှိန်အဝါကြီးတဲ့ ဟယ်လင်နာမားကို့စ် အကကုမ္ပဏီကို ဝင်ခဲ့ပါတယ်။ ကုမ္ပဏီကြီးဟာ သွေးရိုးတန်းရိုးနာမည်ကြီးနေတာမျိုးမဟုတ်ဘဲ Balletအကနဲ့ Comtemporaryအကရောထားတဲ့ အရိုင်းဆန်တဲ့ ကကွက်မျိုးနဲ့ ဖျော်ဖြေတင်ဆက်တဲ့ ကုမ္ပဏီကြီးပါ။ ဆူဆန်နာ(ဆူဇီ)ရောက်ပြီး သိပ်မကြာခင်မှာပဲ နဂိုရှိတဲ့အကမယ် ခေါင်းဆောင်ဟာ အကနည်းပြနဲ့ ကုမ္ပဏီအကြီးအကဲတွေကို စုန်းကဝေတွေအဖြစ် စွပ်စွဲပြီး နေ့ချင်းညချင်း ပျောက်ကွယ်သွားခဲ့ပါ တယ်။ သူ့ရှေ့မှာလည်း တခြားပျောက်သွားဖူးတဲ့ အကမယ်တွေရှိနေတဲ့အခါ ဆူဇီနဲ့ သူငယ်ချင်းဖြစ်သူ ဆာရာတို့ မားကို့စ်ကုမ္ပဏီကြီးရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ကြရင်း အော့နှလုံးနာဖွယ်၊ ရွံစရာကောင်းတဲ့ အဖြစ်မှန်ကြီးကို သိရှိလိုက်ရတဲ့အခါ.... ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(2.67GB) / (1.3GB) Quality__1080p, 720p IMDb Rating__6.8/10 Format__mp4 Duration__02:30:00 Type__Drama, Horror, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by JimX Encoded by Naing Aung Latt

Action • Drama
6.9 2018 152 mins
Suspiria
Someone You Loved
4

Someone You Loved (2023) လမ်းခွဲပြီးကြတဲ့နောက်မှာ အဲဒီလူကိုမေ့ပစ်ဖို့ အချိန်ဘယ်လောက်ကြာတတ်သလဲ။ သူနဲ့ပတ်သက်သမျှ အရာရာတိုင်းကို ဖုန်းထဲကနေ ဖျက်ပစ်လိုက်ရုံနဲ့ သူ့ကိုမေ့နိုင်သွားပါ့မလား။ ဒီဇာတ်ကားလေးထဲမှာဆိုရင်တော့ သူငယ်ချင်းတွေကနေ ချစ်သူတွေဖြစ်လာခဲ့ကြပြီး ချစ်သူတွေကနေ သူစိမ်းတွေပြန်ဖြစ်သွားကြတဲ့ ဂျွန်ဟိုနဲ့အာယောင်းတို့ရဲ့ Move On လုပ်ဖို့ကြိုးစားပုံကို ကြည့်ရှုခံစားကြရမှာပါ။ လက်ထပ်ဖို့အထိ ရည်ရွယ်ထားခဲ့‌ကြပေမဲ့ ဘယ်လိုမှ‌ညှိနှိုင်းလို့မရတော့တဲ့ အခြေအနေကြောင့် တစ်လမ်းစီလျှောက်ကြဖို့ဆုံးဖြတ်လိုက်ကြတဲ့အခါ .... ဂျွန်ဟိုနဲ့အာယောင်းတို့ရဲ့ အနာဂတ်ဟာ ပျော်ရွှင်နိုင်ပါ့မလား။ အဆင်မပြေတဲ့ချစ်သူနဲ့လမ်းခွဲပြီး အချစ်သစ်ကိုရော ရှာဖွေသွားနိုင်မှာလားဆိုတာ ငြိမ့်ငြိမ့်လေးနဲ့ ကြည့်ရှုခံစားရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Casts တွေအနေနဲ့လည်း Reply 1988 ထဲက Lee Ding-Hwi နဲ့ The King: Eternal Monarch ထဲက Jung Eun-Chae တို့က သရုပ်ဆောင်ထားတာမို့ ကြည့်လို့ကောင်းမှာပါပဲ။ အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Romance, Drama Quality…. 1080p | 720p | 480p File size… 1GB | 397MB | 200MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... Aaron

Action
4 2023 103 mins
Someone You Loved
Inside Man
5.5

Inside Man (2023) ============== ဒီကားလေးကတော့ ကျွန်တော်တို့ငယ်ငယ်တုန်းက ကြည့်ပြီးခွီခဲ့ရတဲ့ ‘ The Girl Next Door ‘ ကားထဲက Matthew Kidman တစ်ဖြစ်လဲ Emile Hirsch ပါဝင် သရုပ်ဆောင်ထားတဲ့ Drama/Thriller ဇာတ်ကားကောင်းလေးဖြစ်ပြီး ဖြစ်ရပ် မှန်ဇာတ်ကြောင်းကို အခြေခံ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဘော်ဘီဆိုတဲ့ ရဲတစ်ယောက် အလုပ်မှာ တော်ပေမယ့် အိမ်ထောင်ရေးဘက် အာရုံမစိုက်နိုင်တော့ တစ်ရက်သား မိန်းမ ကိုပန်းလေးပေးရင်း ဇကောဝိုင်းလှည့်ဖို့ အိမ်ကိုစောစောပြန်လာတဲ့အခါမှာ မိန်းမဖြစ်သူက တခြားယောင်္ကျားတစ်ယောက်နဲ့ ဇကောဝိုင်းလှည့်ခါနီး အခြေ အနေနဲ့ သွားတိုးပါတော့တယ်။ စိတ်မထိန်းနိုင်ပဲ ခြံကျော်ကောင်လေးကို စုတ် ပြတ်သတ်သွားအောင် ဘော်ဘီ ထိုးလိုက်မိချိန်မှာတော့ ချစ်သူကမုန်းဖဲကရှုံး ဆိုသလိုမျိုး မိန်းမဖြစ်သူနဲ့လည်း ဝေး၊ အလုပ်ကနေလည်း ရာထူးချခံရဖြစ် သွားပါတော့တယ်။ ဘော်ဘီတစ်ယောက် စိတ်ညစ်ညစ်နဲ့ အသည်းကွဲလူမိုက်လေးလုပ်နေတုန်း လူဆိုးနှစ်ယောက်ကြားက ရန်ပွဲကိုမဆီမဆိုင် ဝင်ပါမိသွားပြီး၊ ဖြစ်ချင်တော့ သူဝင်ကယ်လိုက်တဲ့ လူဆိုးက ရဲတွေဘက်ကတောင် မနိုင်လို့လွှတ်ပေးထား ရတဲ့ အကောင်ကြီးကြီးဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ အားယားနေတဲ့ဘော်ဘီ တစ်ယောက် နောက်ကြောင်းကိုလိုက်ရင်းနဲ့ မိန်းမလေးရဲ့ အထင်ကြီးမှုလေး ပြန်ရပြီး အဆင်ပြေ၊ အလုပ်မှာလည်း နာမည်ကောင်းရဆိုပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်အောင် သူကယ်လိုက်တဲ့ လူဆိုးနဲ့ဝင်ရော သူလျှိုလုပ်ပြီး ထောင်ဖမ်းဖို့လုပ်ပါတော့တယ်။ လူဆိုးဂိုဏ်းထဲမှာ အသွင်ယူထားတဲ့ဘော်ဘီ တစ်ယောက် ဘာတွေဘယ်လိုကြုံတွေ့ရမလဲ၊ တကယ်ပဲ သူ့အကြံတွေက အလုပ်ဖြစ်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.29 GB) / (456 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Thriller Translator……Thetti Tun Encoder……….Zin Phyo Aung

Drama
5.5 2023
Inside Man
The Holdovers
8

The Holdovers (2023) ~ IMDb – 8/10, RT – 96%, Meta – 82% ~ တစ်နှစ်တာလုံးရဲ့ အနွေးထွေးဆုံးအချိန်တစ်ခုကို ရွေးရရင် ကျွန်တော်တော့ ကိုယ့်ယဉ်ကျေးမှုနဲ့ မဆီမဆိုင် ခရစ္စမတ်ကိုပဲ ရွေးမိလိမ့်မယ်။ ခရစ္စမတ်ဟာ ကာတွန်းတွေ ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာရတဲ့ ကျွန်တော်တို့အတွက် တိုက်ရိုက်မသက်ဆိုင်တောင် ချာလီနဲ့ချောကလက်စက်ရုံထဲက ချောကလက်တစ်ချောင်းကို လူ၇ယောက်ကိုဖဲ့ကျွေးခဲ့တဲ့ နွေးထွေးမှုလို၊ It’s a Wonderful Life ထဲက ကူညီရိုင်းပင်းခြင်းရဲ့ နွေးထွေးမှုလို၊ Home Alone ထဲကလို ဒစ္စနေးခရစ္စမတ်ကာတွန်းတွေထဲကလို၊ Klaus ထဲကလို၊ How the Grinch Stole Christmas ထဲကလို ခရစ္စမတ်မှာတော့ အရာအားလုံးအဆင်ပြေသွားမယ့် ယုံကြည်ခြင်းတွေလို… နွေးထွေးမှုတွေကူးစက်ခြင်းနဲ့ သက်ဆိုင်နေတဲ့ ကာလတစ်ခုပေါ့။ တစ်ဆင့်ခံစားမှုနဲ့တောင် ကျွန်တော်တို့အတွက် ခရစ္စမတ်က ဒီလောက်နွေးထွေးနေရင် သူတို့အတွက် ဒီကာလဟာ ဘယ်လောက်နွေးထွေးမလဲ ပြေးကြည့်စရာမလိုဘူးရယ်။ ဒါပေမဲ့လည်း ပိုနွေးထွေးတဲ့ကလာလတစ်ခုမှာ အထီးကျန်ရတဲ့အခါမှာလည်း ပိုဝမ်းနည်းစရာကောင်းတာလည်း ဖြစ်မြဲသဘောတရားတစ်ခုပဲ။ ဒီရုပ်ရှင်ကတော့ အနွေးထွေးဆုံးကာလမှာ အထီးအကျန်ဆုံးဖြစ်ရတဲ့ ဖော်ဝေးသူတွေအကြောင်းလို့ ပြောလည်း မမှားဘူး။ ဇာတ်အိမ်ကိုတော့ ၁၉၇၀ကာလရဲ့ နယူးအင်္ဂလန်တစ်နေရာက ဘော်ဒါကျောင်းတစ်ခုမှာတည်ထားတယ်။ စစချင်းတော့ ရုပ်ရှင်ဟာ ခင်ဗျားကို အဲဒီကျောင်းက လူအများစုနဲ့ မိတ်ဆက်ပေးသွားလိမ့်မယ်။ ခရစ္စမတ်ပိတ်ရက်တွေ မစခင်ကာလပေါ့။ အဲဒီမှာ စည်းကမ်းအရမ်းကြီးသလို အမြဲဘုကလန့်လုပ်တတ်လို့ ကျောင်းအုပ်အပါအဝင် အားလုံးမေတ္တာပို့တာ ခံရနေကျ ဆရာတစ်ယောက်ရှိတယ်။ ဒီဘဲက ဘယ်လောက်ဘုကလန့်လုပ်သလဲဆို မိဘတွေလည်း လာကြိုဖို့ရောက်နေသလို နောက်လေးဆယ့်ငါးမိနစ်မှာ ချာ့ချ်ကျောင်းထဲ ဒေသနာယူပြီး ပိတ်ရက်အိမ်ပြန်ရတော့မယ့် ကျောင်းသားတွေကို သင်ခန်းစာအသစ်ကောက်သင်တဲ့အထိကို ဘုကလန့်လုပ်တတ်တယ်။ ဒီနောက်တော့ ခရစ္စမတ်နဲ့ နယူးရီးယားပိတ်ရက်အတွက် အားလုံးအလျှိုလျှို အိမ်ပြန်သွားလိုက်ကြတာ နောက်ဆုံး ကျောင်းမှာပဲဆက်နေဖို့ အအပ်ခံထားရတဲ့ ကျောင်းသားငါးယောက်ရယ် ဆရာတစ်ယောက်ရယ် ထမင်းချက်မိန်းမကြီးတစ်ယောက်ရယ်ပဲ ကျန်တော့တယ်။ ဒီကျောင်းသားတွေက အစကတည်းက ခပ်ဆိုးဆိုးခပ်ပေပေကျောင်းသားတွေဆိုတော့၊ နဂိုကတည်းက စည်းကမ်းကြီးတဲ့ဆရာကလည်း ပိုကြပ်တော့ ကျောင်းသားတွေနဲ့ဆရာကြားက တောင်ငူကလည်း တောင်ငူ၊ မောင်းထောင်ကလည်း မောင်းထောင်ဆိုသလိုအဖြစ်တွေကို မြင်ရတော့တာပဲ။ ဒီနောက်တော့ နဂိုမူလ အအပ်ခံထားရတဲ့ ကျောင်းသားလေးယောက်စလုံးပြန်သွားကြပြီး ပြန်မလို့လုပ်ပြီးမှ ကျန်ခဲ့တဲ့ကျောင်းသားတစ်ယောက်ရယ် ဆရာရယ် ထမင်းချက်ရယ် ဘော်ဒါကျောင်းကြီးထဲ ကျန်ခဲ့ကြပြီ။ တရွေ့ရွေ့နဲ့ လူသူတွေပါးသွားလိုက်တာ… ဒီမှာမှ တကယ့်ဇာတ်စတယ်ပြောရမှာပဲ။ ဒီဇာတ်က အဓိကပုံဖော်သွားတာလည်း သူတို့၃ယောက်အကြောင်းပဲ။ သူတို့ သုံးယောက်ဟာ ဒီတိုင်းအထီးကျန်နေတဲ့လူတွေမဟုတ်ဘဲ ကိုယ့်ဒဏ်ရာနဲ့ ကိုယ်ရှိနေတဲ့ လူတွေချည်းပဲဖြစ်ကြောင်း ဒါရိုက်တာက ပါးပါး ပါးပါးချင်းနဲ့ ရုပ်လုံးပေါ်လာအောင် ရိုက်ပြတယ်။ မတည့်နေရာက သူတို့ချင်းအဖော်ပြုရင်း တစ်ယောက်ကိုတစ်ယောက် နားလည်လာရင်း တစ်ယောက်အတွက်တစ်ယောက် နွေးထွေးပေးချင်လာတဲ့ အခြေအနေတွေကို ရိုက်ပြတယ်။ အရာအားလုံးအဆင်ပြေလေသတည်းတော့မဟုတ်ဘူးပေါ့။ ဒုက္ခတွေ အပူတွေက တစ်ခုအပေါ် တစ်ခုဆင့်လျက်ပဲ။ ဒါပေမဲ့လည်း ဒုက္ခတွေပါ နွေးထွေးသွားစေမယ့် ဇာတ်ဝင်ခန်းတွေကို ဒါရိုက်တာက လှလှပပလေး တင်ပြသွားနိုင်ခဲ့တယ်။ Alexander Payne ရဲ့ ကာလအတန်ကြာပြီးမှ ပြန်စရိုက်တဲ့ ရုပ်ရှင်ဖြစ်သလို သူရိုက်ခဲ့တဲ့ The Descendants တို့၊ Sideways တို့လို ကွာလတီမျိုးကို သူပြန်အသက်သွင်းနိုင်ခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ ဒီရုပ်ရှင်က ခရစ္စမတ်ရုပ်ရှင်ဖြစ်နေတဲ့အပြင်ကို သူ့ရဲ့ တခြားဘက်ခြမ်းမှာလည်း Dead Poet Society ကို တခြားဗားရှင်းတစ်မျိုးနဲ့ ရိုက်ပြထားသလို ခံစားမှုမျိုးလည်းရနေတယ်။ ဆန့်ကျင်ဘက်ပေါ့။ မနာခံတဲ့ လူဘော်ကြော့ခပ်ဆိုးဆိုးကျောင်းသားတွေရယ် သူတို့လိုလူစားတွေကို မုန်းတီးစိတ်နည်းနည်းရှိနေတဲ့ စည်းကမ်းကြီးတဲ့ဆရာတစ်ယောက်ရယ်ကို ပြထားသကိုး။ ဒါလည်း အစမှာပါပဲ။ သူပြချင်တာကို ဆက်သွားဖို့ သူ့ကာရိုက်တာတွေကို ပုံဖော်နေဆဲကာလမှာပဲ ဒီလိုခံစားချက်မျိုးပေးထားတာပါ။ ဒီရုပ်ရှင်မှာ ကျောင်းဆရာအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Paul Giamatti ကြီးကို‌တော့ တော်တော်လေးချီးကျူးရပါမယ်။ လူ့ခွစာကန့်လန့်ဆရာတစ်ယောက်ကနေ သနားစရာကောင်းတဲ့ ဆရာအိုကြီးတစ်ယောက်အဖြစ် တငွေ့ချင်းပြောင်းသွားတဲ့အရွေ့ကို ပေါလ်ဟာ ကောင်းကောင်းပုံဖော်ပြနိုင်ခဲ့တယ်။ ပေါလ်ဟာ Cinderella Man နဲ့ ဇာတ်ပို့ဆု အော်စကာဆန်ခါတင်ဝင်ဖူးသလို အခုရုပ်ရှင်နဲ့လည်း ရွှေကမ္ဘာလုံးပွဲမှာ သရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ထားတယ်။ နောက်ဆုံးကျန်ခဲ့တဲ့ ကျောင်းသားနေရာက သရုပ်ဆောင်ခဲ့တဲ့ Dominic Sessa ဆိုလည်း ဒီကားကလွဲ တခြားဘာမှမရိုက်ဖူးပေမဲ့ ခုနဆရာကာရိုက်တာနဲ့ ထပ်တူညီစွာပဲ အမြင်ကတ်ဖို့ကောင်းနေရာကနေ သနားဖို့ကောင်းသွားတဲ့ ကျောင်းသားတစ်ယောက်ပုံစံကို လှလှပပ ကူးပြောင်းနိုင်ခဲ့တယ်။ အက်ကြောင်းထပ်နေပြီ ထင်ကောင်းထင်ရနိုင်ပေမဲ့ အက်ကြောင်းမထပ်တဲ့ဇာတ်နဲ့ အက်ကြောင်းမထပ်တဲ့ကာရိုက်တာတွေလို့ပဲ မှတ်ချက်ပေးရပါမယ်။ The Holdovers ဟာ မြင်နေကျ ခရစ္စမတ်ရုပ်ရှင်တွေနဲ့တော့ မတူပေမဲ့ ခရစ္စမတ်အတွက် အကောင်းဆုံးခရစ္စမတ်ရုပ်ရှင်တွေထဲက တစ်ကားတော့ ဖြစ်လာခဲ့တယ်။ ပွဲတော်ဟာ သူ့ဝိသေသအတိုင်း သူလှပပေမဲ့ ခင်ဗျားသာ တစ်ကိုယ်တည်း အထီးကျန်နေမယ်ဆို The Holdovers ဟာ ခင်ဗျား ကြည့်ကို ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 1GB Quality – 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 2H 13Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8 2023
The Holdovers
Craving

မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်ကြမဲ့ ကိစ္စက အမှားအယွင်းဖြစ်သွားလို့ ပစ်ခတ်မှုတွေဖြစ်သွားတာကြောင့် ဝယ်မဲ့သူလေးယောက်အဖွဲ့ဟာအနီးအနားမှာရှိတဲ့ ဘားတစ်ခုကိုဝင်စီးပြီး ဘားထဲမှာ ရှိနေကြတဲ့လူတွေကိုလည်း ဓားစာခံလုပ်ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့ရင်ဆိုင်နေရတဲ့ အပြင်ဘက်ကလူတွေက မူးယစ်ဂိုဏ်းမဟုတ်ဘဲ စိတ္တဇလူသတ်သမားတွေအဖွဲ့လိုမျိုး ဖြစ်နေတာပါ။ ‌ အပြင်ဘက်မှာရှိနေတဲ့လူတွေကလည်း ဘားကိုပိတ်ဆို့ထားလိုက်ကြပြီး သူတို့လေးယောက်ထဲကမှ လူအများကြီးကိုသတ်ခဲ့တဲ့ မကောင်းဆိုးဝါးလိုကောင်ကို အချိန်တစ်နာရီအတွင်းမှာ သူတို့လက်ထဲအပ်ဖို့ ပြောနေပါတယ်။ ဒီလိုနဲ့ အချိန်ပြည့်ခါနီးလာလေလေ ဓားစာခံတွေနဲ့ သူတို့ကြားကအခြေအနေတွေကပိုတင်းမာလာပြီး သူတို့အချင်းချင်းကြားက အခြေအနေကလည်းပိုဆိုးလာခဲ့ပါတယ်။ သူတို့အချင်းချင်းစကားများနေကြတုန်းမှာပဲ ဓားစာခံတစ်ယောက်က သေနတ်ကိုရသွားပြီး သူတို့ကို ဓားစာခံပြန်လုပ်ဖို့ ကြိုးစားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာပြီး ဘယ်သူတွေအသက်ရှင်ကျန်မလဲ၊ အပြင်ဘက်ကအဖွဲ့ကရော စိတ္တဇလူသတ်သမားတွေလား၊ သူတို့ပြောတဲ့ မကောင်းဆိုးဝါးဆိုတာကရော ဘာဖြစ်နေမလဲဆိုတာကို သည်းထိတ်ရင်ဖိုနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ သွေးထွက်သံယိုပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာကြောင့် အသက် (၁၈) အောက် ကလေးတွေတော့ မကြည့်ရှုသင့်ပါဘူး။ File size…(1.2 GB)/(592 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Crime, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2023
Craving
Inside the Mind of a Cat
6.9

Inside the Mind of a Cat (2022) IMDb – 6.9 “ကြောင်တစ်ကောင်ရဲ့ စိတ်ထဲမှာဘာတွေဖြစ်နေမလဲ” ဒီမေးခွန်းက‌တော့ ကြောင်ချစ်သူတွေနဲ့ ကြောင်တွေကိုလေ့လာတဲ့ သုတေသနပညာရှင်တွေ ယနေ့အချိန်အထိဖော်ထုတ်ဖို့ ကြိုးစားနေကြတဲ့ မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်ကတည်းက ကျွန်တော်တို့နဲ့အတူရှိနေခဲ့ကြတဲ့ ကြောင်လေးတွေရဲ့ စိတ်ကို အခုထိအပြည့်အဝနားမလည်နိုင်ကြသေးသလို ကြောင်တွေနဲ့ပတ်သတ်တဲ့ သုတေသနတွေကလည်း ခွေးတွေနဲ့ပတ်သတ်တဲ့ သုတေသနထက်စာရင် (၁၅) နှစ်လောက်ကို နောက်ကျနေပါတယ်။ ယနေ့ခေတ်မှာတော့ ကြောင်တွေကို အထူးပြုတဲ့ သိပ္ပံပညာရှင်တွေအများကြီးပေါ်ထွန်းလာရုံသာမက ကြောင်တွေနဲ့ပတ်သတ်တဲ့ စမ်းသပ်ချက်တွေ၊ သုတေသနတွေလည်း အများကြီးလုပ်လာနိုင်ခဲ့ပါပြီ။ ဒီလိုမျိုး ပဟေဠိဆန်လှတဲ့ အဖော်ကြောင်လေးတွေရဲ့ စိတ်အတွင်းမှာဖြစ်နေတာတွေ၊ အပြုအမူတွေ၊ ပင်ကိုစရိုက်တွေနဲ့ အမူအကျင့်တွေကွာခြားပုံကို ကမ္ဘာအနှံ့က ကြောင်ကျွမ်းကျင်ပညာရှင်တွေရဲ့ ပညာရှင်ဆန်ဆန် ရှင်းပြချက်နဲ့အတူ လိုက်ပါစီးမြောပြီး ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 2022 မှာထွက်ရှိပြီး Netflix ကထုတ်လွှင့်ခဲ့တဲ့ Documentary တစ်ပုဒ်ဖြစ်တဲ့အပြင် ကြောင်လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ဦးစားရေးရိုက်ကူးထားတာဖြစ်လို့ ကြောင်ချစ်သူတွေအတွက် ကြည့်လို့ကောင်းမဲ့ Documentary တစ်ပုဒ်ဖြစ်မှာ အမှန်ပါပဲ။ File size… 1.2 GB / 588 MB Quality… Web-DL NF 1080p / 720p Format… mp4 Duration…. 1h 7m Genre ….. Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT

Drama
6.9 2022 67 mins
Inside the Mind of a Cat
City on Fire
7

City on Fire (1987) ~ IMDb – 7/10, Rotten Tomatoes – 85% ~ Directed by “Ringo Lam” John Woo ဟာ ၁၉၈၆မှာ A Better Tomorrow နဲ့ Heroic Bloodshed Genre ကို ရုပ်လုံးပေါ်စေခဲ့ပြီးနောက် ချောင်ယွန်ဖတ်လည်း နာမည်ပြန်တက်လာခဲ့တယ်။ ဒီတက်လာတဲ့ သူ့နာမည်ကို ဆက်ထိန်းနိုင်ခဲ့တဲ့ကားတွေလည်း သူဆက်တိုက်ဆက်ရိုက်ခဲ့တယ်။ City on Fire (1987) ဟာ A Better Tomorrow ပြီးတဲ့နောက် အာရှတစ်ခွင်ရော မြောက်အမေရိကမှာပါ လူသိများလာတဲ့ ချောင်ယွန်ဖတ်ကို ဆထက်တိုးလူသိများအောင် လုပ်ပေးခဲ့တယ်။ ရင်ဂိုလန်းကတော့ City on fire နဲ့ စအောင်မြင်လာခဲ့သလို City on Fire နဲ့ပဲ ဟောင်ကောင်အကယ်ဒမီမှာ ဒါရိုက်တာဆုခဲ့ရတယ်။ နောက် Prison on Fire ကို ဆက်ရိုက်ခဲ့တယ်။ ဒီ Prison on Fire ကို ကိုးရက်အတွင်းဇာတ်ညွှန်းရေးခဲ့ပြီး ရက်နှစ်ဆယ်အတွင်းရိုက်ခဲ့ပေမဲ့ ဝေဖန်ရေးသမားတွေ ပါးစပ်ဖျားမှာ သူ့ရဲ့ အအောင်မြင်ဆုံးကားလည်းဖြစ်နေတယ်။ နောက် School on Fire ဆက်ရိုက်ခဲ့တယ်။ နောက် အမေရိကန်ကိုတက်ပြီး ဗန်ဒိန်းနဲ့ သုံးလေးကားရိုက်ခဲ့သေးတယ်။ သိပ်တော့ မအောင်မြင်လိုက်ဘူး။ အဲဒီကားတွေထဲမှာ သူ့အအောင်မြင်ဆုံးကတော့ City on Fire လို့ပြောရမှာပဲ။ အဲဒါကလည်း တာရန်တီနိုကြောင့်လို့ပဲပြောရမလိုလို။ တာရန်တီနိုရဲ့ Reservoir Dog က City on Fire ကို Homage ပေး Inspiration ယူထားတယ်လို့ တာရန်တီနိုကိုယ်တိုင်လည်းပြောဖူးတယ်။ It influenced me a lot လို့ပြောဖူးတယ်။ ဒါပေမဲ့လည်း ပရိသတ်တွေကြားတော့ Reservoir Dog ဟာ Reservoir Dog ကို ကူးထားတာသက်သက်ပဲလို့ ဝေဖန်ကြတာလည်းရှိဖူးတယ်။ ပုဂ္ဂလိကအမြင်အရတော့လည်း Inspiration ယူတာထက်တော့ပိုနေတယ်။ ဒါပေမဲ့လည်း အရသာတော့မတူပါဘူး။ Reservoir Dog ကို တာရန်တီနိုဟာ သူ့နည်းသူ့ဟန် သူ့အငွေ့အသက်နဲ့ သူရိုက်ခဲ့သလို City on Fire ရဲ့ ဟောင်ကောင်အငွေ့အသက်တွေကို သူမယူခဲ့ပါဘူး။ ယူလို့လည်းမရပါဘူး။ ယူချင်လည်းမရပါဘူး။ သူ့နည်းသူ့ဟန်နဲ့တော့ Reservoir Dog ကလည်း ရုပ်ရှင်ကောင်းတစ်ခုပဲ။ ရင်ဂိုလန်းကိုယ်တိုင်လည်း The French Connection ဆီက Inspiration ယူခဲ့ရတာပါပဲ။ ဒါပေမဲ့ Heroic Bloodshed Genre ဟာ ဟောလိဝုဒ်ကိုရော ဟောင်ကောင်ကိုရော ထိုးဖောက်ခဲ့သလို City on Fire ကလည်း အသွင်ယူရဲကားတွေရဲ့ နမူနာယူစရာအသစ်တစ်ခုလိုဖြစ်လာခဲ့တယ်။ ဇာတ်ကတော့ ချောင်ယွန်ဖတ်က အသွင်ယူရဲ။ အသွင်ယူတာက ပိုးစိုးပက်စက်ကြီးအသွင်ယူတာ။ သူ့အထက်လူကြီးကလွဲ သူ့ကိုဘယ်သူမှမသိဘဲ လူဆိုးသူခိုးထင်ပြီး တခြားရဲကပါ ပြန်ဖမ်းဖို့အလုပ်ခံရတဲ့အထိ အသွင်ယူတာ။ Infernal Affairs ပုံစံမျိုးပေါ့။ ဒါပေမဲ့ သူသတင်းပေးလိုက်တဲ့ လူဆိုးတစ်ယောက်က သူ့မိတ်ဆွေလည်းဖြစ်ခဲ့ဖူးတော့ အဲဒီလူသေသွားတဲ့နောက် သူ့မိတ်ဆွေကို သူသစ္စာဖောက်လိုက်မိတဲ့စိတ်က သူ့ကိုခြောက်လှန့်နေခဲ့တယ်။ ဒီတော့ သူက ဒီဘဝက ထွက်ချင်နေပြီ။ ဒါပေမဲ့ သူ့အထက်လူကြီးက သူ့ကိုနောက်ဆုံးတစ်မှုတော့လုပ်ပေးပါဆိုပြီးပြောလို့ အဲဒီအမှုအတွက် လူဆိုးတွေကြားဝင်ရင်း ဆက်ဖြစ်လာတဲ့ ဇာတ်ကိုပြထားတဲ့ ဟောင်ကောင်ရွှေခေတ် ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 875MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 41Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7 1987
City on Fire
Murdaritaville

မာဗင်တို့ သူငယ်ချင်းတွေက သူတို့လေးစားအားကျရတဲ့အဆိုတော်ရဲ့ ပရိသတ်တွေ စုစည်းကျင်းပတဲ့ ပုံစံတူ တုပဖျော်ဖြေပွဲကို သွားကြည့်မလို့ ကြံရွယ်ရင်း ဖျော်ဖြေပွဲမတိုင်ခင် တောထဲက အိမ်ကြီးထဲကို အပန်းဖြေခရီး ထွက်ခဲ့ကြပါတယ်။ အဲဒီအိမ်ကြီးကို စောင့်ရှောက်ဖို့ခိုင်းထားတဲ့ အမြဲမူးနေတဲ့ အရက်သမားကြီး ဂျိရယ်၊ ဘေးအိမ်က ဘာတွေပြောလို့ပြောနေမှန်းမသိတဲ့ ထူးဆန်းတဲ့လူကြီး ဂယ်ရတ်ရယ်နဲ့အတူ တောအုပ်ထဲက အိမ်ကြီးက သူတို့အတွက်တော့ အတွေ့အကြုံအသစ်တွေကို ပေးစွမ်းခဲ့ပါတယ်။ လူငယ်သဘာဝ ပျော်ပါး သောက်စားရင်း ဂိမ်းတွေဆော့ရင်းနဲ့ မာဗင်က အရက်သမားကြီး ဂျိရဲ့ အရက်တွေကို အလစ်သုတ်ဖို့ကြံရာက သူတို့သူငယ်ချင်းတစ်စုက ထူးခြားဆန်းပြားမှုတွေကို ဘယ်လိုကြုံတွေ့ရမလဲဆိုတာကိုတော့.. File size…(1.4 GB)/(943 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:02:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

0 2024 62 mins
Murdaritaville
Singappenney

Singappenney (2024)”အာဂအမျိုးသမီးလေးများ” နိုင်ငံတကာအမျိုးသမီးများနေ့မှာ ရုံတင်ပြသခဲ့ပြီး အားပေးချီးကျူးမှုတွေရခဲ့တဲ့ တမီလ်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြတယ်။ ကလေးလေးတွေကို သူတို့ရည်မှန်းချက်တွေ မေးကြည့်ကြရင် ဆရာဝန်ကြီးဖြစ်ချင်တယ် အင်ဂျင်နီယာကြီးဖြစ်ချင်တယ် စသဖြင့် လူ့အသိုင်းအဝိုင်းက ဂုဏ်မြင့်ပါတယ်လို့ လက်ခံကြတဲ့အရာတွေကို စိတ်ကူးအိပ်မက်တတ်ကြတယ်။ မိန်းကလေးတစ်ယောက် သူ့ရည်မှန်းချက်ကိုအောင်မြင်ဖို့ဆိုရင်တော့ မိသားစုနဲ့ လူ့အဖွဲ့အစည်းတွေဆီက အခက်အခဲပေါင်း သောင်းခြောက်ထောင်ကို ကျော်ရဖို့ပိုများကြတယ်။ ဒီလိုအခက်အခဲတွေကို ကျော်လွန်ပြီး ရည်မှန်းချက်ထိရောက်တဲ့ အမျိုးသမီးတွေကို “ဆင်ဂါပန်”လို့ခေါ်တယ်။ ဒီရုပ်ရှင်ထဲမှာလည်း အားကစားကိုချစ်မြတ်နိုးတဲ့ အမျိုးသမီးလေးတွေ မိသားစုနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ ဝေဖန်ပြစ်တင်မှု တားဆီးမှုတွေကြားက မိမိတို့အိပ်မက်ဆီကိုတက်လှမ်းဖို့ ကြိုးစားကြတာကို အားတက်ဖွယ် ကြည့်ရှုခံစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

0 2024
Singappenney
Ocean’s Thirteen
6.9

Ocean’s Thirteen (2007) IMDb Rating (6.9) / Rotten Tomatoes (70 %) Al Pacino၊ George Clooney ၊ Brad Pitt ၊ Matt Damon ၊Don Cheadle ၊ Bernie Mac တို့လို နာမည်ကြီး မင်းသားမင်းသမီးတွေအပြင် တခြား နာမည်ကျော် သရုပ်ဆောင်များစွာလဲ ပါဝင်ထားလို့ ဒိတ်ဒိတ်ကြဲတွေကို တစ်ချိန်တည်းမြင်တွေ့ရမယ့် ဇာတ်ကားပါ၊ Ocean ဟာ Trilogy Film Series ဖြစ်တဲ့အတွက် ၃ ပိုင်းတိတိ ထွက်ရှိထားပါတယ်။ Series အလိုက် Ocean 13 ဆိုတဲ့ အမည်နဲ့ပဲ 2007 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာ၊ ထုတ်လုပ်သူနဲ့ သရုပ်ဆောင်များကိုတော့ အထူးမိတ်ဆက်ပေးစရာ မလိုတော့ဘူးလို့ ထင်ပါတယ်။ Rating တွေ ပြန်တက်လာတာကို တွေ့ရမှာပါ။ ဆုတံဆိပ်အနေနဲ့ဆိုရင် People’s Choice Awards, USA 2008 ကို ရရှိခဲ့ပြီး စံကာတင် ၅ ဆု ရှိခဲ့ပါတယ်။ ကျွန်တော်တို့ နောက်ဆုံးတွေ့ခဲ့ရတာက Danny Ocean (George Clooney) နဲ့ သူ့အဖွဲ့က ကာစီနိုင်ပိုင်ရှင် လူညစ်ကြီး Terry Benedict ကို သူတို့ခိုးသွားတဲ့ ငွေတွေ ပြန်ပေးလိုက်တာပြီး အေးဆေးဖြစ်သွားတာကိုပါ။ ဒါပေမယ့်လည်း ဒါက သူတို့အဖွဲ့ ပြန်မပေါင်းမိခင်ခဏပါ။ သူတို့အဖွဲ့ထဲက Danny ရဲ့ သူငယ်ချင်းလည်းဖြစ်၊ အကြံပေးလည်းဖြစ်တဲ့ Reuben Tishkoff က တစ်ခြား ကာစီနို ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Willy Bank (Al Pacino) နဲ့ ပေါင်းပြီး ဟိုတယ်လ်တစ်ခု ထောင်လိုက်ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ လူညစ်ပတ် Bank နဲ့ လက်တွဲဖြုတ်ချင်လာပါတော့တယ်။ Bank ရဲ့ သဘောက Tishkoff ဒုက္ခရောက်လေ သူပျော်လေပါပဲ။ Tishkoff နှလုံးရောဂါနဲ့ ဆေးရုံရောက်တော့ ပိုဆိုးတော့တာပေါ့ဗျာ။ Danny နဲ့ သူ့အဖွဲ့သားတွေဟာ Bank ကွက်ကျော်ရိုက်သွားတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေပါဘူး။ Bank နဲ့ ရန်ညှိုးရန်စရှိခဲ့ဘူးတဲ့ သူတို့ရဲ့ ရန်သူတော်ဟောင်းကြီး Benedict နဲ့ ပေါင်းပြီး မဟာစီမံကိန်းကြီးတစ်ခု ထွင်ပါလေရောခင်ဗျ။ Bank ရဲ့ ကျော်ဇောမှုတွေကို ဖျက်စီးပြီး သူ့ရဲ့ မာနကို ရိုက်ချိုးပစ်လိုက်ဖို့ပါ။ ဒီတစ်ခါမှာတော့ သူတို့ဟာ ငွေအတွက်မဟုတ်ပါဘူး…. လက်စားချေဖို့ လုပ်ကြမှာပါ…။ (ရုပ်ရှင်အညွှန်းကို KAT & BROS Facebook Page မှကူးယူဖော်ပြပါသည်။) Ocean’s ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=ocean%27s နဲ့ CM App https://www.cmapp.tv/?share=EE6FEB606C26455 မှာဒေါင်းလို့ရပါတယ်။

6.9 2007 122 mins
Ocean’s Thirteen
Common Wealth

ဒီရုပ်ရှင်ကတော့ လူတွေရဲ့လောဘအကြောင်းကို ပုံဖော်ထားတဲ့ ရယ်လည်းရယ်ရတဲ့ စပိန်ကားလေးတစ်ကားပါ အူနှိပ်ရယ်ရတဲ့ကားမျိုးတော့ မဟုတ်ဘူးနော် လူ့အဖွဲ့အစည်းကို လှောင်ထားတဲ့ထေ့လုံးတွေ ဇာတ်ကောင်တွေကြောင့် ပြုံးရတဲ့ အက်ရှင်ကားမျိုးပေါ့ ဂျူလီယာဆိုတဲ့ အိမ်ခြံမြေအကျိုးဆောင်က အခန်းတစ်ခန်းကို သွားပြရင်း မထင်မှတ်ပဲ သေသွားတဲ့ အဖိုးကြီးတစ်ယောက်ရဲ့ ငွေထုပ်ကြီးကို ရသွားတဲ့အခါမှ သူ သူဌေးမကြီးဖြစ်ပြီဆိုပြီး လောဘတွေ တက်လာတယ် ဖြစ်ချင်တော့ အဲဒီအဖိုးကြီးမှာ ပိုက်ဆံတွေရှိနေတာကို အဲဒီတိုက်မှာရှိတဲ့ သူတွေ အကုန်လုံးက သိနေကြပြီး သူသေသွားရင် အတူတူခွဲဝေယူကြမယ်ဆိုပြီး အစီအစဉ်ဆွဲထားကြတာပေါ့ လောဘနောက်လိုက်ကြရင်း တစ်ယောက်အသက်ကို တစ်ယောက် ရန်ရှာမိကြတဲ့အထိပေါ့ နောက်ဆုံးမှာ ပိုက်ဆံတွေကို ရသွားတဲ့သူက ဘယ်သူများဖြစ်မလဲ ဂျူလီယာတစ်ယောက် အသက်ရှင်ရက်နဲ့ အဲဒီတိုက်ထဲကနေ ထွက်လာနိုင်မှာလား ကဲ ကြည့်ကြည့်လိုက်နော် File size…(2.3 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Thiller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Bunny

Comedy
0 2000
Common Wealth