YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The Secret Life of My Secretary.2019.EP13.WEB-DL.1080p.mp4

996.37 MB 1080p video/mp4 133 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ran
8.1

~ IMDb - 8.2/10, Rotten Tomatoes - 96% ~ ကူရိုဆာဝါရဲ့ Ran ဟာ ရှိတ်စပီးယားရဲ့ King Lear ပြဇာတ်ကို ပြန်ရိုက်တဲ့ထဲက အခမ်းနားဆုံးနဲ့ အအောင်မြင်ဆုံး ရုပ်ရှင်ပါပဲ။ ၁၉၈၆ အော်စကာမှာ ဂျပန်က လူတွေနဲ့ အဆင်မပြေခဲ့တာကြောင့် Best International Feature အတွက် နိုင်ငံကိုယ်စားပြု အရွေးမခံခဲ့ရပေမဲ့ Main Categories တွေထဲက Best Director, Best Cinematography, Best Art Direction-Set Decoration, Best Costume Design ဆုတွေ ဆန်ခါတင်ဝင်ခဲ့တယ်။ ကူရိုဆာဝါအတွက် ပထမဆုံး Best Director ဆန်ခါတင်ဝင်ခဲ့တဲ့ရုပ်ရှင်လည်းဟုတ်တယ်။ ကံဆိုးချင်တော့ Best Costume Design ဆုပဲရသွားခဲ့တယ်။ သိပ်တော့လည်း အရေးမကြီးလှပါဘူးလေ။ ဘာနေနေ Ran ဟာ တခြားဆုရခဲ့တဲ့ ရုပ်ရှင်တွေထက်ပိုပြီး ဒီနေ့ထက်ထိ ရှင်သန်နေတဲ့ ရုပ်ရှင်ဖြစ်ခဲ့တာပါပဲ။ The Greatest Films Ever Made တွေထဲက တစ်ကားလည်းဖြစ်ခဲ့တယ်။ Ran ဟာ ကူရိုဆာဝါရိုက်ခဲ့တဲ့ နောက်ဆုံး Epic Film ဖြစ်ခဲ့သလို သူ့အတွက် ငွေကုန်ကြေးကျအများဆုံးကားလည်း ဖြစ်ခဲ့တယ်။ အဲဒီကာလက ဂျပန်ရုပ်ရှင်သမိုင်းမှာ ကုန်ကျစရိတ်အများဆုံး ရုပ်ရှင်ဆိုလည်း မမှားဘူး။ Ran ဟာ ကူရိုဆာဝါရဲ့ ရှိတ်စပီးယားပြဇာတ်ကိုပြန်ရိုက်တဲ့ထဲက အခမ်းနားဆုံးကားပေမဲ့ ဒီကားကို ရိုက်ဖို့အကြံရတာကတော့ ရှိတ်စပီးယားဝတ္တုကနေတော့ မဟုတ်ခဲ့ဘူး။ ၁၉၇၅လောက်မှာ သူက စစ်နယ်ရှင်တွေ အပြိုင်အဆိုင်အားပြိုင်နေခဲ့တဲ့ စင်းဂိုခုခေတ်က မိုရိမိုတိုနာရိဆိုတဲ့ စစ်နယ်ရှင်တစ်ပါးအကြောင်း ဖတ်မိရာကနေ ဒီကားရိုက်ဖို့ သူအတွေးပေါက်သွားတာ။ ဘယ်လိုတုန်းဆို မိုတိုနာရိမှာ သား၃ယောက်ရှိတယ်။ အဲဒီသားသုံးယောက်စလုံးက လိမ္မာပြီး သစ္စာရှိပြီး တော်ကြလို့ မိုတိုနာရိဟာ သားလိမ္မာတွေရဲ့အဖေဆိုပြီး ကျော်ကြားခဲ့တယ်။ ဒီမှာ ကူရိုဆာဝါက အဲဒီသားတွေသာ သားဆိုးတွေဖြစ်နေခဲ့ရင် ဘယ်လိုတွေဖြစ်ကုန်မလဲဆိုပြီး စိတ်ကူးကြည့်ရာကနေ Ran ကို ရိုက်ဖို့ အကြံပေါ်လာတာပါပဲ။ စစချင်းကတော့ ကင်းလီယာဇာတ်သုံးဖို့ မရည်ရွယ်ထားပေမဲ့ သူ့စကားအရတော့ မိုတိုနာရိနဲ့ ကင်းလီယာတို့ရဲ့ ဇာတ်လမ်းဟာ ဘာလို့လဲ သူ လုံးစေ့ပတ်ပေ့ မပြောပြတတ်ပေမဲ့ တစ်နည်းနည်းနဲ့တော့ သူ့ဘာသာတစ်သားတည်းဖြစ်သွားတယ်လို့ ဆိုတယ်။ ၁၉၇၅မှာ ကူရိုဆာဝါဟာ Ran အတွက် ဇာတ်ညွှန်းရေးပြီး နောက်နှစ်တွေမှာလည်း သူ့ထုံးစံအတိုင်း သူရိုက်ချင်တဲ့ ဇာတ်ဝင်ခန်းပုံစံအတိအကျကို စတိုရီဘုတ်တွေ ဆွဲခဲ့တယ်။ အဲဒီ စတိုရီဘုတ်တွေကိုကလည်း ပန်းချီကားတွေလို့ ပြောလည်းမမှားပါဘူး။ Ran အတွက် ကူရိုဆာဝါဟာ တော်တော်လေး အားစိုက်ထုတ်ခဲ့တယ်။ ၁၉၈၀မှာ ထွက်ခဲ့တဲ့ သူ့ရဲ့ နာမည်ကျော်ရုပ်ရှင်တစ်ကားဖြစ်တဲ့ Kagemusha ကိုတောင် သူက Ran အတွက် ဇာတ်ဝတ်ဇာတ်စား ရီဟာဇယ်လုပ်တဲ့ ရုပ်ရှင်လို့တောင် ပြောဖူးတယ်။ ၁၉၈၃မှာမှ အခက်အခဲများစွာကြားကနေ Ran ကို သူစရိုက်နိုင်ခဲ့တယ်။ Ran ထဲက ကင်းလီယာတဖြစ်လဲ မိုတိုနာရိတဖြစ်လဲ ဇာတ်ကောင်ကတော့ ဟိဒဲတိုရပါပဲ။ ဟိဒဲတိုရမှာ သားသုံးယောက်ရှိတယ်။ တစ်နေ့ သူအိုပြီဆိုပြီး သားတွေကို အမွေခွဲပေးဖို့လုပ်တာမှာ သားအငယ်ဆုံး စဘုရိုက သူ့ကိုကလန်ကဆန်လုပ်လာတာကြောင့် အမွေဖြတ်စွန့်လွှတ်ပြီး ကျန်တဲ့သား၂ယောက်ကိုပဲ မြှောက်စားလိုက်တာပါပဲ။ သူ့ရဲ့သစ္စာရှိအမတ်ကိုပါ သူ့သားငယ်ဘက်က ဝင်ပါလို့ဆိုပြီး ပြည်နှင်ဒဏ်ပေးပစ်လိုက်တယ်။ ကင်းလီယာအတိုင်းပါပဲ။ မတူတာကတော့ ကင်းလီယာက ဇာတ်ကောင်တွေမှာ အတိတ်မရှိပါဘူး။ ဒီထဲက ဇာတ်ကောင်တွေက အတိတ်ရှိပြီး ပုဂ္ဂလိက အမြင်အရတော့ Ran ထဲက ဇာတ်ကောင်တွေရဲ့ လုပ်ရပ်တွေက ပိုပြီးကျိုးကြောင်းဆီလျော်ပါတယ်။ နောက်တစ်ချက်ကတော့ ကင်းလီယာထဲက လီယာမင်းကြီးဟာ သူခံစားခဲ့ရတဲ့ ဝေဒနာတွေနဲ့ မထိုက်တန်ဘူးလို့ ယေဘုယျသတ်မှတ်လို့ရပေမဲ့ ဟိဒဲတိုရရဲ့ အတိတ်ကို Ran မှာ ကျွန်တော်တို့ကို တဖြည်းဖြည်းပုံဖော်ပေးသွားတာအရတော့ ဟိဒဲတိုရက သူ့ကြမ္မာနဲ့ သူထိုက်တန်တယ်လို့ ပြောရမှာပါပဲ။ ဒါပေမဲ့လည်း ကူရိုဆာဝါဟာ ကင်းလီယာထဲကလို မထိုက်တန်တဲ့ ဝေဒနာတွေကိုလည်း ဇာတ်ကောင်အသစ်တွေဖန်တီးပြီး ထည့်သွင်းပေးထားပါသေးတယ်။ ကူရိုဆာဝါဟာ ရှိတ်စပီးယားဇာတ် ကျောရိုးယူထားပေမဲ့လည်း ဒီရုပ်ရှင်ရဲ့ဇာတ်ကောင် ဟိဒဲတိုရက သူကိုယ်တိုင်ပဲလို့ သူပြောဖူးတယ်။ ဝေဖန်ရေးသမားတစ်ချို့ကလည်း ကူရိုဆာဝါရဲ့ ရန်ဟာ ကင်းလီယာကို မှီးထားပေမဲ့ သူ့ဘဝအကြောင်းလည်း ဖြစ်နိုင်တယ်လို့ ဆိုဖူးတယ်။ သူသေပြီးနှောင်းခေတ်တွေမှာ သူဟာ အကျော်ကြားဆုံး ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပေမဲ့ သူမသေခင်မှာ သူ့တိုင်းပြည်အတွက်တော့ သူက ဂုဏ်ယူစရာမဖြစ်ခဲ့ဘူး။ သူ့ကားတွေအတွက်လည်း ငွေထုတ်ပေးမယ့်လူ မရှိသလောက်ရှားခဲ့တယ်။ သူ့ဒါရိုက်တာသက်တမ်းရှည်ကြီးရဲ့ ၁၅နှစ်တာကာလမှာပဲ သူလုပ်ချင်တာ သူကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ၁၉၅၀ ရဲ့ "Rashomon" ကနေ ၁၉၆၅ ရဲ့ "Red Beard" အထိအတွင်းပါပဲ။ ဒီကာလတွေအတွင်းမှာ "The Seven Samurai", "The Throne of Blood", "Ikiru", "The Hidden Fortress", "High and Low" တို့လို မာစတာပိစ်ကားတွေ သူထုတ်နိုင်ခဲ့ပါတယ်။ အဲဒီကနေမှ သူနောက်ဆုံးရိုက်ခဲ့တဲ့ ၁၉၉၃အထိ ၂၈နှစ်အတွင်းမှာတော့ ၆ကားလောက်ပဲ ထွက်နိုင်တော့တယ်။ အဲဒီကာလဟာ သူ့အတွက် အဖြူအမဲနဲ့ ရောင်စုံရုပ်ရှင်အကူးအပြောင်း ကာလလည်း ဟုတ်တယ်။ ၁၉၆၅နောက်ပိုင်းမှာတော့ ကူရိုဆာဝါရဲ့ ဒါရိုက်တာဘဝဟာ အဆင်မပြေလှတော့ပါဘူး။ သူရိုက်ချင်တဲ့ကားတွေအတွက် ဘတ်ဂျက်ရှာကြည့်ပေမဲ့ ဂျပန်ကလူတွေက သူ့ကိုမပေးကြသလို နိုင်ငံခြားဘတ်ဂျက်ရှာပြီး ရိုက်တဲ့အခါမှာလည်း ပြည်တွင်းက မကျေနပ်ချက်တွေကို ခံခဲ့ရပြန်တာပါပဲ။ ၁၉၇၅မှာ သူ ကင်းလီယာကို ဆာမူရိုင်းကားအနေနဲ့ ပြန်ရိုက်ချင်တယ်လို့ ‌ကြေညာခဲ့ပေမဲ့ ရန်ပုံငွေမရခဲ့ပါဘူး။ ၁၉၈၃ ကျမှ ပြင်သစ်ပရိုဂျူဆာက ငွေထုတ်ပေးလို့ ရိုက်နိုင်ခဲ့တယ်။ ဒီအချိန်မှာ သူ့အသက်၇၅ရှိနေပြီဖြစ်သလို သူ့မျက်လုံးကလည်း မကောင်းတော့ပါဘူး သတ်သေဖို့တောင် ကြိုးစားပါသေးတယ်။ Ran ကို သူ့နောက်ဆုံးရုပ်ရှင်အဖြစ်လည်း ကြေညာခဲ့သေးပါတယ်။ သူ့မိန်းမဟာလည်း ရုပ်ရှင်ရိုက်နေတုန်း သေသွားသလို သူ့နဲ့တွဲလုပ်နေကျ အသံဖမ်းအင်ဂျင်နီယာကလည်း ရုပ်ရှင်ပြီးလုဆဲဆဲမှာ သေသွားပါတယ်။ ဒါကြောင့်မို့ပဲ Ran မှာ ကူရိုဆာဝါရဲ့ အကြောင်းကိုပါ တွေ့နိုင်တယ်လို့ တချို့က ဆိုကြပါတယ်။ Ran ဟာ လောကကြီးရဲ့ ရက်စက်မှုတွေကို ခါးစည်းခံနေရတဲ့ လောကကြီးထဲ ပြန်မလာချင်လောက်တော့တဲ့ လူအိုကြီးတစ်ယောက်အကြောင်းဆိုလည်း မမှားပါဘူး။ အဲဒီလူအိုကြီးဟာ ကင်းလီယာဖြစ်သလို ဟိဒဲတိုရဖြစ်သလို အဲဒီလူအိုကြီးဟာာ ကူရိုဆာဝါလည်း ဟုတ်ပါတယ်။ ကူရိုဆာဝါဟာ ဒီရုပ်ရှင်အတွက် ဆယ်စုနှစ်နဲ့ချီပြီး အားစိုက်ထုတ်ခဲ့ရတာနဲ့အညီပဲ Ran ဟာ တော်တော်လေးခမ်းနားခဲ့သလို မာစတာပိစ်ရုပ်ရှင်တစ်ကားလည်းဖြစ်လာခဲ့တယ်။ ဒီရုပ်ရှင်မတိုင်ခင်မှာ ကူရိုဆာဝါကို သူ့ရုပ်ရှင်တွေထဲ သူ့အကြိုက်ဆုံးရုပ်ရှင်က ဘာကားလဲမေးတိုင်း ကူရိုဆာဝါက နောက်ရိုက်မယ့်ကားပေါ့လို့ ဖြေတတ်ပေမဲ့ Ran ကို ရိုက်ပြီးတဲ့နောက် ကူရိုဆာဝါဟာ သေတဲ့အထိ ဒီမေးခွန်းမေးတိုင်း Ran လို့ပဲ ဖြေတော့တဲ့အထိ သူ့ကိုယ်သူလည်း အားရခဲ့ပုံပါပဲ။ ခေတ်အဆက်ဆက်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေရဲ့ စာရင်းထဲလည်းဝင်ခဲ့ပါတယ်။ ကူရိုဆာဝါဟာ ရှိတ်စပီးယားဇာတ်တွေကို သုံးကားယူသုံးခဲ့ရာမှာ အဲဒီသုံးကားလုံးနီးပါး အဲဒီဇာတ်တွေကိုရိုက်တဲ့ထဲ အကောင်းဆုံးကားတွေဖြစ်ခဲ့ကြပါတယ်။ Ran ကတော့ ဒီထဲကမှ အကောင်းဆုံးကားလို့ ပြောရင်လည်းရပါတယ်။ ဒီကားကိုမကြည့်ခင် မင်းသုဝဏ် ဘာသာပြန်ထားတဲ့ ကင်းလီယာစာအုပ်ကို ကျွန်တော်ဖတ်ကြည့်ရသလောက်တော့ Ran က အကျိုးအကြောင်းပိုပြည့်စုံတယ်လို့လည်း ခံစားရပါတယ်။ ကူရိုဆာဝါဟာ ရုပ်ရှင်လောကရဲ့ ဗင်းဆင့်ဗန်ဂိုးလိုပါပဲ။ ကူရိုဆာဝါဟာ သူ့ဘက်မရှိခဲ့တဲ့ လောကကြီးအတွက် အခမ်းအနားဆုံး အနုပညာတွေချန်သွားပေးခဲ့တဲ့ သူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.8GB, 1.3GB Quality - 1080p, 720p IMDb Rating - 8.2/10 Format - mp4 Duration - 2H 42Min Genre - Action, Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Western
8.1 1985 160 mins
Ran
Beetlejuice
7.4

~ IMDb - 7.5/10, Rotten Tomatoes - 85% ~ Beetlejuice ဟာ Gothic ဟန်နဲ့ နာမည်ကြီးတဲ့ Tim Burton ကြီးရဲ့ ကနဦးကားတွေထဲက တစ်ကားဖြစ်ပြီး Johhny Depp နဲ့ Winona Ryder တို့ Edward Scissorhands မှာ မတွေ့ကြခင် Winona နဲ့ ဘာတန်တွဲရိုက်ခဲ့တဲ့ကားဖြစ်သလို Beetlejuice 2 သာ ထွက်ဖို့သေချာရင် မူလ Actor, Actress တွေဖြစ်တဲ့ Michael Keaton တို့ Winona တို့အပြင် Johnny Depp လည်း ပါလာမယ်ဆိုပါတယ်။ Beetlejuice ဟာ Rating တွေမြင့်သလို Classic စာရင်း၀င်တဲ့ ဘာတန်ဆန်ဆန်၊ Gothic ဆန်ဆန် Comedy ကားလည်းဟုတ်ပါတယ်။ ဘာတန်ဟာ Beetlejuice ကို Hero တစ်ဖြစ်လည်း မြင်ရမယ်လို့ပြောကြတဲ့ Beetlejuice Goes Hawaiian ကို 1990 ကတည်းက ရိုက်ဖို့လုပ်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးနဲ့ပျက်ခဲ့ပါတယ်။ သို့ပေမဲ့ Winona ကတော့ ဘာတန်နဲ့ Keaton သာ ပါရင် သူလည်း ပါမယ်ပြောခဲ့သလို Keaton ကလည်း Burton ရိုက်မှ သူရိုက်မယ်ပြောခဲ့တဲ့ အချင်းချင်းသစ္စာရှိကြတဲ့လူတွေချည်းပါပဲ။ ဒီလိုနဲ့ ၂၇နှစ်ကျော်မှာ ရိုက်ဖို့အကြောင်းတစ်ခါဖန်လာခဲ့သလို အခု ၃၄နှစ်ကျော်မှာတော့ ဘာတန်နဲ့ သိပ်လိုက်တဲ့ Johnny Depp ပါ cast စာရင်းထဲ ပါလာတယ်လို့ ကောလဟာလတွေ ဆိုလာကြပါတယ်။ ဇာတ်လမ်းကတော့ မတော်တဆမှုနဲ့ တစ္ဆေဖြစ်သွားတဲ့ လင်မယားဟာ သူတို့အိမ်ကို ပြောင်းလာတဲ့ လူတွေကို ကိုယ်တိုင်ခြောက်ထုတ်မရတာကြောင့် လူအပနှင်ဖို့ဆိုပြီး လူအပနှင်ကျွမ်းကျင် တစ္ဆေကြီး Beetlejuice ကို အကူအညီတောင်းခဲ့ပါတယ်။ သို့ပေမဲ့ အဲဒီမိသားစုထဲက သူတို့နဲ့ ရင်းနှီးသွားတဲ့ ကောင်မလေးကိုပါ Beetlejuice က ထိပါးလာတဲ့နောက် Beetlejuice ကို တားဖို့လုပ်ရတဲ့ သရဲဟာသ ဇာတ်လမ်း ခပ်ကြောင်ကြောင်ပါပဲ။ တမလွန်ကို ခပ်ကြောင်ကြောင်ဗားရှင်းနဲ့ပြထားသလို Supernatural ထဲက ခရောင်လီကြီးရဲ့ ငရဲစနစ်သစ်ဆိုပြီး တန်းစီပြီး အကြာကြီးစောင့်ရတဲ့စနစ်ထက် Beetlejuice ကားက တမလွန်ရဲ့တန်းစီစနစ်က ပိုဆိုးပါတယ်။ Beetlejuice ဟာ Makeup Oscar ဆုရခဲ့သလို တခြားဆုပေးပွဲတွေမှာ Best Horror Film ဆုကိုပါ ရထားပါတယ်။ ဘာတန်ကြီးရဲ့ သရဲဟာသကားကို ဘာတန်ဖန်တွေအတွက် Winona လေးရဲ့ တော်တော်ငယ်သေးတဲ့ ချစ်စရာမျက်နှာလေးနဲ့ တွဲဖက်ခံစားလို့ရစေမယ့် ရှားပါးရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 830MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 32Min Genre - Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Horror • Thriller
7.4 1988 92 mins
Beetlejuice
France
5.3

IMDb Rating - 5.9/10 သူ့နာမည်က ဖရန့်စ်၊ နာမည်ကြီးရုပ်သံတင်ဆက်သူတစ်ယောက်။ ပြင်သစ်တစ်နိုင်ငံလုံး သူ့ကိုချစ်ကြတယ်၊ သူ့အစီအစဉ်ဆိုမလွှတ်တမ်းကြည့်တဲ့သူတွေတောင်ရှိတယ်၊ နာမည် ကြီးလေ သူများမလုပ်တဲ့ အစီအစဉ်တွေကိုသူလုပ်ချင်လေပဲ၊အခြားဂျာနယ်လစ်တွေ မရိုက်တဲ့အစီအစဉ်မျိုးတွေဆို သူကရိုက်လေ့ရှိတယ်၊ အဲ့တော့နာမည်ကြီးတယ်ဝင်ငွေ ကောင်းတယ်၊ ပိုက်ဆံရှိတယ်။ ပိုက်ဆံရှိတယ်ဆိုပေမယ့် အိမ်ထောင်ရေးကအေးတိအေးစက်၊ မွေးထားတဲ့သားတစ်ယောက်ကို ကောင်းကောင်းမွန်မွန်မစောင့်ရှောက်နိုင်လောက်တဲ့ အထိကိုအလုပ်များတယ်၊ တစ်နေ့သူ့သားလေးကို ကျောင်းပို့ရင်း ဘတ်စတစ်ဆိုတဲ့ ကောင်လေး ကို ကားတိုက်မိတယ်၊ ဘတ်စတစ်တို့မိသားစုက ဆင်းရဲတာကြောင့်ရယ်၊ သူ့ပရိသတ်ဖြစ်နေတာ ကြောင့်ရယ် လျော်ကြေးပေးလိုက်ပေမယ့်၊ သူနဲ့ပြိုင်ဖက် ဂျာနယ်လစ်နယ်ပယ်မှာတော့ သတင်းထူး ဖြစ်ပြီး မျက်နှာဖုံးတွေမှာပါသတင်းခေါင်းစဉ်ကြီးနဲ့ဖော်ပြတယ်။ LIVE Show တွေမှာပါ အရှက် ရလောက်တဲ့အထိဖြစ်ခဲ့တယ်။ နာမည်ကြီးစတားတစ်ယောက်က တစ်ခါမှမဖြစ်ဘူးမကြုံဘူးတဲ့ ဒီဖြစ်ရပ်ကြောင့်သူဘဝ ပြောင်းလဲသွားပုံစိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ပေးထားတာကြောင့် ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size - (1.16 GB) / (576 MB) / (394 MB) Quality – BluRay 1080p / 720p/480p Duration - 2h 09mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Mystery, Thriller Translator – Tin Myo Lwin Encoder – SWM

Action • Thriller
5.3 2021 133 mins
France
Deleted
6

လူသားတွေဟာ တကယ်တမ်းတော့ ရောင်းဝယ်ဖောက်ကားဖို့ လုပ်ချင်တိုင်းလုပ်လို့ရတဲ့ ရောင်းကုန်ပစ္စည်းတွေမဟုတ်ချေပါဘူး ။ လူကုန်ကူးမှုတွေဟာ ယနေ့ထက်တိုင်အထိလဲ ရှိနေကြတုန်းပါပဲ ။ ရွှေ့ပြောင်းနိုင်ငံတွေမှာ အများအပြားကြုံတွေ့ရတတ်ပြီးတော့ လူကုန်ကူးခံရတဲ့ လူဦးရေး သုံးပုံ နှစ်ပုံဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးတွေပါ ။ ကလေးငယ်တွေရဲ့ ကျောက်ကပ်တွေ ကိုယ်တွင်း အင်္ဂါတွေကို ရောင်းချကြတဲ့ ဒုစရိုက်သမားတွေကလဲ အများကြီးပါပဲ ။ လူကုန်ကူးမှုကို တွင်တွင်ကျယ်ကျယ်တိုက်ဖျက်ပေးဖို့အတွက် ဇူလိုင်လ ၃၀ ရက်နေ့ကို တစ်ကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှု တိုက်ဖျက်ရေး နေ့အဖြစ်သတ်မှတ်ထားခဲ့ကြပါတယ် ။ ဒီတော့ ဒီကနေ့ တင်ဆက်ပေးသွားမဲ့ ဇာတ်ကားလေးကတော့ လူကုန်ကူးမှု ပညာပေးရေး ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် ။ နိုင်ငံရပ်ခြားမှ ရွှေ့ပြောင်း တရုတ်မိသားစုတစ်စုက သမီးငယ်လေးတစ်ဦးဟာ ထူးဆန်းစွာနဲ့ ပျောက်ဆုံးလို့သွားခဲ့ပါတယ် ။ အဲဒီအချိန်အတွင်းမှာလဲ နိုင်ငံအတွင်းမှာလူကုန်ကူးမှုတွေနဲ့ အတူ ကလေးငယ်အများအပြား သေဆုံးမှူကလဲ ဖြစ်ပေါ်လို့နေပါတယ် ။ ❏ ဒီတော့ အခြေအနေတွေ အကြပ်ရိုက်နေတဲ့ အချိန်မှာ သမီးငယ်လေးကိုကယ်တင်နိုင်ပါ့မလား ? ❏ လူကုန်ကူးခံရတဲ့ သမီးငယ်လေးအပြင် တစ်ခြားကလေးတွေကိုပါ ကယ်တင်ပြီး တရားခံကို လက်ရဖမ်းဆီးနိုင်မလား ? ❏ ဘယ်လို ဆုံးရှုံး စတေးမှုတွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာ စိတ်လှူပ်ရှားစွာကြည့်ရှုရမဲ့အပြင် လူကုန်ကူးမှုပညာပေးရေးကိုပါ မြင်တွေ့ရစေမှာပါ ။ ကဲ…အခုပဲ ကြည့်ရှုလိုက်ပါနော် ။

6 2022
Deleted
About Him & Her
5.7

About Him and Her (2023) About him and her(2023) ဇာတ်လမ်းကိုဒါရိုက်တာ Ice Mrozek ကဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတာပါ။ ၁၉၈၉ ခုနှစ်မှာ ဖုန်းလိုင်းပူးရာကနေဖြစ်တဲ့အချစ်ဇာတ်လမ်းလေးပါ။ကောင်လေးက ချီကာဂိုတွင်နေထိုင်ပြီး ကောင်မလေး မီရှီဂန်တွင်နေထိုင်တာပါ။ တစ်ယောက်နဲ့တစ်ယောက်ဆုံတွေ့ဖို့အခွင့်အရေးဆိုတာနည်းပါးလှပြီး ချစ်ကြိုက်သွားဖို့ဆိုတာအတော်လေးကိုမှခဲယဉ်းပါတယ်။ အထူးသဖြင့်အသံပဲကြားရပြီးရုပ်မမြင်ရတဲ့၁၉ရာစု‌နှစ်တွေမှာပေါ့။ လူတွေအနေနဲ့ ဖုန်းစိမ်းတစ်လုံးဝင်လာတယ် “ဖုန်းမှားသွားတာ”ဆိုတဲ့ အသံကြားတာနဲ့ချလိုက်ပါပြီ။ ဇာတ်လမ်းက အစ၊အဆုံးပဲ။ ဒီဇာတ်လမ်းလေးရဲ့ ပေးချင်တဲ့မက်ဆေ့က “အချစ်ဆိုတာ ရုပ်ရည်သွင်ပြင်ပေါ်မှာ ဖွဲ့စည်းထားတာမဟုတ်ဘူး၊ တစ်ယောက်ကိုတစ်ယောက်ဂ ရုစိုက်မှု၊ နွေးထွေးမှု၊ နားလည်ပေးနိုင်မှုတို့နဲ့ တည်ဆောက်ထားတယ်”ဆိုတဲ့အကြောင်းပါပဲ။ သူဘယ်လိုလေးတင်စားထားသလဲ၊ ဘယ်လိုလေးအချစ်ကိုဖော်ကျူးပြထားလဲ ကြည့်ရှူအားပေးကြပါဦးခင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။ Genre….. Romance Quality…. 1080p | 720p File size… 1.2GB | 416MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Pyae Phyo Min Encoder ….. Aaron

5.7 2023
About Him & Her
Group Sex
5

Group Sex (2010) ============= ခေါင်းစဉ်ကိုကြည့်ပြီး အထင်မလွဲကြပါနဲ့၊ ပျော်စရာကောင်းတဲ့ romantic/comedy ကားလေးပါ။ ဒါပေမယ့်ခေါင်းစဉ်နဲ့လိုက် အောင်ပါဝင်တဲ့ အောက်လုံးတွေ တစ်ချို့ပြကွက်တွေကြောင့် တော့ မိသားစုနဲ့ကြည့်ဖို့သင့်တော်မှာမဟုတ်ပါဘူး။ ဇာတ်လမ်းအကျဉ်းအနေနဲ့ အန်ဒီက အချစ်ကိုကိုးကွယ်တဲ့လူရိုး လေးတစ်ယောက်ပါ။ အချစ်ကိုကိုးကွယ်လွန်းလို့လည်း သူ့ရဲ့ ငါးနှစ်တာချစ်သူက လက်ထပ်ပွဲမတိုင်ခင်ကာလလေးမှာ တစ်ခြား တစ်ယောက်နဲ့အိပ်ပြီး သူ့ကိုပစ်သွားတဲ့စိတ်ဒဏ်ရာကိုအခုချိန်ထိ ခံစားနေရဆဲဖြစ်သလို အလုပ်တူတူလုပ်တဲ့သူငယ်ချင်း ဂျယ်ရီ အိမ်မှာကပ်နေရပါတယ်။ သူ့သူငယ်ချင်း ဂျယ်ရီကတော့ မိန်းမ တွေကိုဖျော်ဖြေရေးလောက်ပဲသဘောထား ပွေလွန်းရှုပ်လွန်းတဲ့ သူဖြစ်ပါတယ်။ တစ်နေ့တော့ စိတ်ညစ်ညစ်နဲ့လမ်းလျှောက်ထွက်လာတဲ့အချိန် တွေ့မိတဲ့ ကောင်မလေးတစ်ယောက်ကိုမြင်မြင်ချင်းစွဲလန်းရာ ကနေနောက်ကတစ်ကောက်ကောက်လိုက်ရင်း anonymous meetings(ဆေး၊အရက်စသည်ဖြင့်စွဲလန်းသူများအချင်းချင်း အားပေးနှစ်သိမ့်အဖြေရှာရာတွေ့ဆုံပွဲ) တစ်ခုကိုရောက်သွား ပါတယ်။ သူရောက်သွားတဲ့နေရာကတော့ လိင်ကိစ္စကိုမူးယစ် ဆေးလိုစွဲလန်းနေနသူတွေ အချင်းချင်းအားပေးနှစ်သိမ့်အဲ့ဒီ စိတ်ကိုဖျောက်ဖျက်ဖို့ကြိုးစားကြတဲ့နေရာတစ်ခုပါ။ အဲ့ဒီအပြင် သူချစ်မိတဲ့ကောင်မလေးကပါ ဒီအဖွဲ့ဝင်တစ်ယောက်ဖြစ်နေတာ ကိုသိလိုက်ရတဲ့အခါ..။ အဲ့ဒီအဖွဲ့ဝင်တွေစိတ်ဝင်စားတဲ့ စွဲလန်းနေတဲ့လိင်ကိစ္စတွေဟာ လည်း တကယ့်ကိုကပ်သီးကပ်သပ်ပေါက်ပေါက်ရှာရှာထူးထူး ဆန်းဆန်းတွေဖြစ်နေလေတော့ ဒီအဖွဲ့ဝင်တစ်သိုက်နဲ့ အူကြောင် ကြောင် အန်ဒီတို့ ဘယ်လိုတလွဲတချော်တွေဖြစ်ကြမလဲ? သူရည် ရွယ်တဲ့ ကောင်မလေးနဲ့ရောအဆင်ပြေနိုင်ပါ့မလားဆိုတာ ဆက် လက်ရှုစားလိုက်ကြပါ။ (supernatural ထဲမှာ Chuck အဖြစ်ပါဝင်ခဲ့တဲ့ Rob Benedict ကလည်း ပါဝင်အားဖြည့်ထားပါတယ်) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.8 GB) / (830 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Alias Encoder……….SWM

Action • Comedy • Science Fiction
5 2010
Group Sex
United States of Love
6.1

၆၆ ကြိမ်မြောက် ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြသဖို့ ရွေးချယ်ခံရတဲ့ ပိုလန်ဒရမ်မာရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပုံမှန်ကြည့်နေကြရုပ်ရှင်ကားတစ်ကားနဲ့တော့ မတူတာအမှန်ပါပဲ။ သေချာကြည့်လေလေ တွေးစရာအတွေးပေါ်လာလေလေဆိုတာ ဒီရုပ်ရှင်ကားမျိုးကိုပြောချင်တာဖြစ်ပါလိမ့်မယ်။ မတူညီတဲ့အသက်အရွယ်မှာရှိနေကြတဲ့ အမျိုးသမီးလေးယောက်ရဲ့ မတူညီတဲ့ စိတ်ခံစားချက်၊ အိမ်ထောင်ရေးပြသာနာ၊ နေ့စဉ်ဘဝတွေကို အချိတ်အဆက်မိမိရိုက်ပြပေးထားတာမို့ တွေးခေါ်ရတာကြိုက်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ရုပ်ရှင်ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်းလေးမိတ်ဆက်ပေးရရင်… အိမ်ထောင်သက်တမ်းကြာနေပြီဖြစ်ပေမယ့် စိတ်ခံစားချက်တစ်မျိုးပြောင်းလဲနေတဲ့ အမျိုးသမီးအာဂါတာ.. ခင်ပွန်းဖြစ်သူကို တစ်ဖြည်းဖြည်းချင်း သဘောမတွေ့၊ လင်မယားကြား သွေးအေးတိုက်ပွဲတွေ ခဏခဏဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းက ဘာများဖြစ်မလဲ ? စည်းကမ်းကြီးတဲ့ကျောင်းအုပ်ဆရာမကြီး အီဇာကတော့ အိမ်ထောင်သည်ဆရာဝန်တစ်ယောက်နဲ့ ခြောက်နှစ်ကြာအောင် ချစ်ကြိုက်နေတာတောင် ဘယ်သူမှမသိကြပါဘူး။ တရားဝင်ဇနီးသေဆုံးသွားတဲ့အချိန် အီဇာက သူ့ချစ်သူဆရာဝန်ဆီလိုက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ? အီဇာရဲ့ကျောင်းမှာဆရာမလုပ်နေတဲ့ ရီနာတာကတော့ အသက်အရွယ်အရ ပင်စင်ယူဖို့တိုက်တွန်းခံနေရပါတယ်။ ကျောင်းဆရာမအလုပ်သာမရှိတော့ရင် ဘာဆက်လုပ်ရတော့မလဲဆိုပြီး အတွေးတွေနဲ့စိတ်ဓါတ်ကျနေတုန်း အီဇာရဲ့ညီမဖြစ်သူ မာဇီနာ နဲ့ ရင်းနှီးခွင့်ရခဲ့ပါတယ်။ ရီနာတာကတော့ မာဇီနာနဲ့ အများကြီးပိုရင်းနှီးခွင့်ရချင်နေပါတယ်။ ငယ်ရွယ်နုပျိုတဲ့ မာဇီနာကတော့ ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်ဖို့အိပ်မက်ရှိပေမယ့်… အိပ်မက်နောက်ကိုလိုက်နေရင်းနဲ့ သူ့ဘဝကြီးတစ်ခုခုလိုအပ်နေသလို ခံစားနေရတဲ့အခါ ဘာတွေများမိုက်ရူးရဲဆန်ခဲ့ကြမလဲ… သူတို့လေးယောက်ရဲ့ နက်ရှိုင်းရှုပ်ထွေးတဲ့စိတ်ခံစားချက်ကို ဒါရိုက်တာက မီးခိုးမှိုင်းလေးတိုက်ပြီးရိုက်ပြထားလို့ ပိုပြီးပေါ်လွင်သွားစေပါတယ်။ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းဆိုတဲ့ ဘဝအပိုင်းအခြားတစ်ခုကို ရှုပ်ထွေးမှုပေါင်းများစွာနဲ့ ဖြတ်သန်းသင့်ပါသလား? သင်ဆိုရင်ရော နေ့စဉ်ဘဝကို ဘယ်လိုမျိုးစိတ်ခံစားချက်နဲ့ ဖြတ်သန်းချင်မိလဲ… ကျွန်တော်ကတော့ ပျော်ရွှင်မှုနဲ့ပဲနိုးထပြီး ပျော်ရွှင်မှုနဲ့ပဲ အိပ်စက်ချင်ပါတယ်….. ဒီဇာတ်ကားလေးနဲ့ အတွေးတစ်စရရှိပြီး ဆေးရောင်စုံနေ့ရက်တွေပိုင်ဆိုင်နိုင်ပါစေဗျာ… File size… 1.6 GB / 746 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 46m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoa Va

6.1 2016
United States of Love
Cake
6.4

IMDb 6.4 ရရှိထားပြီး ဆု ၅ ခုပိုင်ဆိုင်ခဲ့တဲ့ Friends series ထဲက Rachel Green ကာရိုက်တာကို သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Jennifer Aniston ရဲ့ ၂၀၁၄ ခုနှစ်ထွက် ဒရာမာရုပ်ရှင်ကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဒရာမာလေးက စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအစမှာတော့ ကလယ်ရာဘန်းနက်က သူမရဲ့ နာတာရှည်အရိုးနာကျင်မှုကို ကုသဖို့အတွက် ကူညီရေးအဖွဲ့တစ်ခုဆီကိုသွားနေပါတယ်။ ဒီအဖွဲ့ထဲမှာ သူမရဲ့အသိမိတ်ဆွေဖြစ်တဲ့ နီနာဆိုတဲ့အမျိုးသမီးဟာ ရုတ်တရက်မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ နီနာဟာ ရှင်းပြလို့မရတဲ့နည်းလမ်းတစ်ခုနဲ့ ကလယ်ရာရဲ့စိတ်ထဲကိုရောက်ရှိလာခဲ့ပြီး ကလယ်ရာဟာ မိတ်ဆွေဖြစ်တဲ့နီနာကို ခဏခဏမြင်တွေ့ စကားပြောဆက်ဆံရပါများလာ‌တဲ့နောက်မှာတော့ နီနာရဲ့နောက်ကြောင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ သရုပ်ဆောင်ပိုင်းကတော့ မင်းသမီးနာမည်ကြားရုံနဲ့တင် ပြောစရာလိုမယ်မထင်ပါဘူး။ Jennifer Aniston ရဲ့အက်တင်ပိုင်းက တော်တော်လေးကိုကောင်းတယ်ဆိုရပါမယ်။ ဇာတ်အိမ်ကလည်း ဒရာမာတွေထုံးစံအတိုင်း အရမ်းအကောင်းကြီးမဟုတ်‌တောင် ညံ့တဲ့အထဲ‌တော့ လုံး၀မပါပါဘူး။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာတစုံတရာရှိနေသူတို့ရဲ့ ပြုမူပြောဆိုပုံတွေ၊ သူတို့ကို ပတ်၀န်းကျင်က ဘယ်လိုဆက်ဆံပြီး ဖေးမကူညီပေးသင့်တယ်ဆိုတာလေးတွေကိုလည်း ကြည့်ရှုရမှာဖြစ်ပြီး healing ဖြစ်စေမယ့်ဒရာမာကားကောင်းလေးဖြစ်တာမလို့ သေချာပေါက်ကြည့်ရှုခံစားလိုက်ကြဖို့ အကြံပေးလိုက်ပါတယ်။ File size…(1.6 GB)/(690 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

6.4 2014 102 mins
Cake
Bhimaa
6.4

Bhimaa (2024) ဒီတစ်ခါ CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် တီလဂူလ်အက်ရှင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ် တောင်ပိုင်းကားတွေထုံးစံ အိုဗာလေးတော့ပါပေမယ့် အက်ရှင်ခန်းတွေကတော့ အားရစရာတွေမို့ ပရိသတ်ကြီးတို့ အကြိုက်တွေ့ကြမှာပါပဲ မဟာသျှီဝကိုးကွယ်တဲ့သူတွေမှာ ယုံကြည်ချက်တစ်ခုရှိပါတယ်တဲ့ သူ့ကျောင်းတော်မှာ သေဆုံးသူတစ်ယောက်အတွက် လာဆုတောင်းတဲ့အခါ အဲ့လူရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့အတွက် သူ့ဆွေမျိုးထဲက လူတစ်ယောက်ကို ဝင်ပူးခွင့်ပေးပါတယ်တဲ့ ဒီဇာတ်ကားထဲမှာလည်း နယ်မြို့မှာ ရာဇဝတ်မှုတွေကြီးစိုးနေတဲ့ ဂိုဏ်းကြီးတစ်ခုလုံးကို ရဲအရာရှိလေးတစ်ယောက်က သွားပြီး လူကုန်ကူးမှုကို တားဆီးတဲ့အခါမှာ ဂိုဏ်းခေါင်းဆောင်က အဲ့ရဲအရာရှိကို သတ်ပြီးတော့ လက်စဖျောက်လိုက်ရာကစပါတယ် သူ့ရဲ့မပြီးပြတ်သေးတဲ့တာဝန်တွေကို လူဝင်စားပူးကပ်သလို သူ့ညီက ဆက်လက်ဆောင်ရွက်ပြီး ဂိုဏ်းခေါင်းဆောင်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်လာတဲ့အခါမှာတော့….. အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်

6.4 2024
Bhimaa
Pee Nak 4
4.9

Pee Nak 4(2024) သိပ်လည်း မကြောက်ရဘဲ ပေါ့ပေါ့ပါးပါး ကြည့်နိုင်ဖို့အတွက် Pee Nak ရောက်လာပြန်ပါပြီ။ Pee Nak 4 မှာတော့ အရင်ဇာတ်လမ်းလိုပဲ ဘယ်သူက Pee Nak ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းတုန်းပါပဲ။ ဇတ်လမ်းကိုေတာ့ နာမည်ကျော်မင်းသား မင်ဂျွန်ရဲ့ အာလပ်ရက်ခရီးနဲ့ အစပြုထားပါတယ်။ မင်ဂျွန်တစ်ယောက် မနမန်နေဂျာတွေနဲ့အတူ ကျေးလက်ဘက်က အိမ်ဟောင်းဆီမှာ အပန်းဖြေလာရင်း အမေပေးလိုက်တဲ့ “ဝတ်ပြုဆောင်ကို ပြန်ပြင်ရန်” ဆိုတဲ့ တာဝန်ကိုပါ ယူလာပါသေးတယ်။ ဒီလိုနဲ့ ဝတ်ပြုဆောင်ကို ပြင်ဖို့လုပ်ရင်းက ထူးဆန်းမှူတွေနဲ့ ပုံရိပ်ယောင်တွေ မြင်လာရချိန်မှာတော့… အိမ်ဟောင်းမှာ မက်နေတဲ့ အိပ်မက်တွေရဲ့ အဖြေ… ဝတ်ပြုဆောင်ရဲ့ နောက်ကြောင်းနဲ့… Pee Nak က ဘယ်သူဖြစ်မလဲဆိုတာ ကြည့်ရမှာပါပဲ။ Pee Nak ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း လျှိ့ဝှက်တဲ့ဇာတ်ကြောင်းတွေနဲ့ ကြောက်စရာပြကွက်တွေကြားက အခွီအသော ဇာတ်ကြောင်းလေးတွေကိုပါ မြင်တွေ့ရဦးမှာပါ။ အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou, Dao Phyo တို့ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Horror Quality…. 1080p | 720p File size… 1.88GB |858MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat, Mary, Char Ou, Dao Phyo Encoder ….. Aaron

4.9 2024
Pee Nak 4
Impulse

ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ ဆိုဖီယာဟာ လူစိတ်ဝင်စားမှုများနေတဲ့ လူသတ်မှုသတင်းတွေကို လိုက်ရင်းနဲ့ ဒွိဟဖြစ်စေတဲ့ သီအိုရီတွေရဲ့ ဆွဲဆောင်ခြင်းကို ခံလိုက်ရပါတယ်။ လူစိတ်ဝင်စားမှုမြင့်တက်စေတဲ့ လူသိများကျော်ကြားသူတွေ သက်သေအစအနမရှိဘဲနဲ့ အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေကို လိုက်ရင်းနဲ့ ဆိုဖီယာဟာ မထင်မှတ်ထားဘဲ ဇိန်းဆိုသူ အုပ်ချုပ်တဲ့ ဂိုဏ်းဆန်ဆန်နယ်ပယ်ကို သတိထားမိသွားပါတော့တယ်။ လူသတ်မှုတွေဟာ အချိတ်အဆက်ရှိတယ်လို့ တွေးမိသွားတဲ့နောက် ဂျာနယ်လစ်တစ်ယောက်အနေနဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကို ထုတ်ဖော်ဖို့ ကြိုးစားနေတဲ့ ဆိုဖီယာဟာ သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲ ကြောက်စရာကောင်းလွန်းတဲ့ ဇိန်းအဖွဲ့အစည်းနဲ့ ပတ်သက်နေမိသူလည်း ဖြစ်ပါတယ်။ ဇိန်းအုပ်ချုပ်တယ်ဆိုတဲ့ အဖွဲ့အစည်းဟာ ကမ္ဘာပေါ်က အရေးပါအရာရောက်သူတွေဖြစ်ကြတဲ့ သတင်းမီဒီယာအကြီးပိုင်းတွေ၊ နိုင်ငံရေးပိုင်းက အကောင်ကြီးကြီးအမြီးရှည်ရှည်တွေ၊ ဟောလိဝုဒ်နာမည်ကျော်တွေအထိပါ ပါဝင်ပတ်သက်နေရတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ အရာရာကို ခြယ်လှယ်ချုပ်ကိုင်နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ကမ္ဘာကိုတောင် လွှမ်းမိုးခြယ်လှယ်နေတယ်လို့ သိထားရတဲ့ သူတို့အဖွဲ့အစည်းကို အရိပ်အစိုးရလို့ ခေါ်ကြတယ်။ အရိပ်အစိုးရလို့ ခေါ်တဲ့ ကမ္ဘာပေါ်က ကဏ္ဠတော်တော်များများကို ချုပ်ကိုင်ခြယ်လှယ်နေတဲ့ ဇိန်းတို့အဖွဲ့အစည်းအကြောင်းကို သတိထားမိသွားချိန်မှာတော့ သူတို့ အဖွဲ့အစည်းရဲ့ ရက်စက်ယုတ်မာမှုတွေ၊ ကြိုးကိုင်ခြယ်လှယ်မှုတွေကို ဆိုဖီယာတစ်ယောက် ကမ္ဘာကသိသွားအောင် ဆိုဖီယာတစ်ယောက် ဖော်ထုတ်ပြသွားနိုင်မလားဆိုတာကို လှည့်ကွက်တချို့နဲ့အတူ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဆိုဖီယာကကော ဇိန်းတို့ ပြုသမျှနုကြရတဲ့ သားကောင်တွေထဲက တစ်ယောက်ပဲ ဖြစ်သွားမလား။ ဒါမှမဟုတ် အဲ့သလို ဖြစ်မသွားဘဲနဲ့ ဆိုဖီယာရဲ့ အမှန်တရားကို ထုတ်ဖော်မယ့် အကြံအစည်တွေကပဲ အောင်မြင်သွားမလားဆိုတာကို ရင်ဖိုစွာနဲ့ ကြည့်နိုင်မယ့် Thriller ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ****ပွင့်လင်းရှင်းလင်းတဲ့ အခန်းအချို့ ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ရှုဖို့တော့ မသင့်တော်ပါဘူး**** File size…(1 GB)/(460 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 00:581:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Doros

0 2023
Impulse
#AMFAD: All My Friends Are Dead

အမေရိကန်ပြည်ထောင်စုမှာ KarmaPaloozaဆိုတဲ့ ပွဲတော်ကျင်းပလေ့ရှိတယ် အဲဒီပွဲတော်နဲ့ပတ်သတ်ပြီး အတိတ်ဆိုးကြီးတစ်ရပ်လည်းရှိခဲ့တယ် အဲဒီပွဲတော်နေ့မှာပဲ လူအစုလိုက်အပြုံလိုက်သတ်ခြင်းဖြစ်ပွားခဲ့တယ် ဒါပေမဲ့ တရားခံကိုလည်းလုံးဝရှာမတွေ့ခဲ့ပါဘူး ခုတော့အဲဒီတရားခံလွတ်နေတာနှစ်နှစ်ဆယ်ကြာခဲ့ပြီးဖြစ်ပြီး KarmaPalooza ပွဲတော်ရက်ကြီးကိုလည်း ပြန်လည်ရောက်ရှိလာခဲ့ပါတယ် လူတွေအားလုံးရဲ့စိတ်ထဲမှာတော့ နှစ်နှစ်ဆယ်ပြည့် KarmaPaloozaပွဲတော်ကြီးမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က တရားခံပြန်လည်ပေါ်ပေါက်လာမလား တရားခံကရောဘယ်သူလဲ သူတို့ဘယ်လိုဟာမျိုးတွေလုပ်ခဲ့တာလဲဆိုတာ စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ပေးကြပါဦး File size…(1.6 GB)/(830 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:31:00 Genre… Slasher Horror, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe

0 2024 91 mins
#AMFAD: All My Friends Are Dead
Perayaan Mati Rasa
7.1

Perayaan Mati Rasa (2025) IMDb Rating (7.1) ဘဝရဲ့အချိူးအကွေ့တခုမှာ မိသားစုတခုရဲ့ အကြီးဆုံးသားဖြစ်သူက မိသားစုကိစ္စတွေကို ဖြေရှင်းသွားတာကို ပြထားတဲ့ကားလေးပါ။ သူရဲ့ခံစားချက်တွေကို ပင်လယ်အနက် level တွေနဲ့ နှိုင်းပြထားပြီး သူ့အဖေအမှတ်မထင်ဆုံးပါးသွားတဲ့အခါ အကြီးတယောက်အနေနဲ့ အီရန်ဟာရော့ခ်စတားဖြစ်ချင်တာကတဖက် အငယ်ကိုရော အမေကိုရော ဂရုစိုက်ရတာက တဖက်ဖြစ်သွားပါတယ်။ အင်ဒိုနီးရှားမိသားစုကားလေးလည်းဖြစ်ပြီး emotional လည်းအရမ်းဖြစ်ရတဲ့ကားပါ။ Honestly, This is such a beautiful movieပါ။ Plotရော actingပိုင်းရော ပြောစရာမလိုတဲ့ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။) File size…(2 GB) / (980 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Family,Music Duration….02:05:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phyu Thwe Zaw

Romance • Comedy
7.1 2025 125 mins
Perayaan Mati Rasa
Detective Dee: The Celestial Mystery
5.9

စုံထောက်ကြီးဒီးရန်ကျယ်ရဲ့ အမှုသစ်ဇာတ်ကားသစ်လာပါပြီ။ ယန်ကျိုးမြို့မှာ လူသတ်မှုတွေဆက်တိုက်ဖြစ်နေတဲ့အတွက် စုံထောက်ကြီးဒီးကို စုံစမ်းပေးဖို့ခေါ်လိုက်ကြပါတယ်။ အလောင်း(၇)လောင်းဟာ ယဇ်ပူဇော်တဲ့ အခမ်းအနားဆန်ဆန်ရက်ရက်စက်စက် သတ်ဖြတ်ပြင်ဆင်ခံထားရတာဖြစ်ပြီးတော့ သဲလွန်စတွေဟာရှုပ်ထွေးနေတဲ့အတွက် ကန့်သတ်အချိန်အတွင်း အမှုကိုဖော်နိုင်ဖို့ ဒီးရန်ကျယ်ဟာအကြပ်ရိုက်နေပါတယ်။ သဲလွန်စတွေက အလောင်းတစ်ခုချင်းဆီရဲ့ဖော်ဆောင်တဲ့ အဓိပ္ပါယ်တွေကြားမှာရှိနေတဲ့အတွက် သဲလွန်စတွေနောက်ကိုလိုက်ရင်း လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က အမှုဟောင်းတစ်ခုဆီကိုဦးတည်နေပါတယ်။ လျှို့ဝှက်ချက်တွေကို တစ်ခုချင်းစိတ်ဝင်စားစရာကောင်းအောင်ဖော်ထုတ်သွားပြီးတော့ လှည့်ကွက်တွေအပြည့်နဲ့ စုံထောက်ကြီးဒီးရဲ့အမှုလိုက်စွမ်းရည်တွေကိုရှုစားလိုက်ပါဦးနော်…… 4K & 1080p Quality >> Only On CM App ( www.cmapp.tv )

Action • Crime • Drama
5.9 2025
Detective Dee: The Celestial Mystery