YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Secret Life of My Secretary.2019.EP10.WEB-DL.1080p.mp4

994.75 MB 1080p video/mp4 155 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The People Under the Stairs
6.6

The People Under The Stairs (1991) ~ IMDb - 6.4/10, Rotten Tomatoes - 70% ~ ဒီတစ်​ခေါက် မိတ်ဆက်​ပေးမှာက​​တော့ 1991 မှာ ထွက်ရှိထားတဲ့ ​ကြောက်လည်း​ကြောက်ရ ရယ်လည်းရယ်ရမယ့် သည်းထိတ်ရင်ဖို ဟာသကား​လေး The People Under the Stairs ပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ တား​​ရော့ရူး အမတစ်​ယောက်​ကြောင့် နာမည်ရင်းထက် နာမည်​ပြောင်သာလူသိများကြတဲ့ ဖူး(Fool)တစ်​ယောက် မ​တော်​လောဘမက်တဲ့ ​မြေပိုင်ရှင် ​လင်မယား နှစ်​ယောက်​ကြောင့် အိမ်​ပေါ်ကဆင်းရဖို့ အ​ကြောင်းဖန်လာတဲ့အခါ... အ​မေဖြစ်သူကလည်း ကင်ဆာ​ရောဂါ ခံစား​နေရပြီး ခွဲစိတ်ဖို့ ပိုက်ဆံမတတ်နိုင်​သေးတဲ့အချိန် ​မြေပိုင်ရှင်​လင်မယားအိမ်မှာ ​ရွှေပြားသွားခိုးဖို့ ထွက်လာတဲ့အခါ... အိမ်ကြီးရဲ့​နောက်ကွယ်က ဖြစ်ရပ်မှန်​တွေ အိမ်ကြီးထဲမှာ ဘာ​တွေ လျှို့ဝှက်ထားတာ​တွေရှိလဲ... အိမ်ကြီးထဲဝင်​ဖောက်မိတဲ့အခါ ဘာ​တွေ​တွေ့ကြုံရမလဲ... ဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရမယ့်အပြင် အလွဲ​လေး​တွေလည်းပါတာမို့ ရယ်လည်းရယ်ရမယ့် ကား​ကောင်း​လေးတစ်ကားလည်းဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.75GB, 780MB Quality - 1080p, 720p IMDb Rating - 6.4/10 Format - mp4 Duration - 1H 42Min Genre - Comedy, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Action & Adventure • Comedy • Sci-Fi & Fantasy
6.6 1991 102 mins
The People Under the Stairs
Cyber Heist
5.1

ဒီနေ့မှာတော့ ဟောင်ကောင် မင်းသား ၊ အဆိုတော် ၊ Dancer Aaron Kwok Fu-shing ရဲ့ ၂၀၂၃ ခုနှစ်ထွက် ဇာတ်ကားကောင်းလေးနဲ့ CMကပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေ ။ နည်းပညာတွေတိုးတတ်နေတဲ့ ယနေ့ခေတ်ကြီးမှာ Enter လေးတစ်ချက်ခေါက်လိုက်ယုံနဲ့ အရာအားလုံးကို ခိုင်းစေလို့ရနေတာ အမှန်ပါပဲ။ ဒီလိုခေတ်ကြီးအတွင်း ဟောင်ကောင်နယ်မြေမှ နိုင်ငံတကာ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ ထျန်းကျီဟာလဲ ကမ္ဘာကြီးနဲ့ရင်ဘောင်တန်းပြီး နည်းပညာတွေကို တီထွင်လျှက်ရှိနေပါတယ် ။ အဲဒီအထဲမှာမှ-သူ့ရဲ့လက်ထဲမှာ ကွန်ပျူတာတစ်လုံးရှိယုံနဲ့ ဘယ်အရာမဆိုလုပ်ကိုင်နိုင်သူ ၊ နှလုံးမကောင်းတဲ့ သမီးငယ်လေးကို ပိုးမွေးသလိုမွေးကာ စောင့်ရှောက်နေရသူ ၊ ထျန်းကျီ ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ တာဝန်ခံ နည်းပညာရှင် - ကျိုးကျားကျွင့် ကလဲ အပါအဝင်ပါပဲ ။ ဒီလိုနဲ့ ဟောင်ကောင်ဘဏ်တွေကို အွန်လိုင်းကနေ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ ဖြေရှင်းလာပေးခဲ့တာ နှစ်တိုင်းလိုဖြစ်နေခဲ့ပါတယ် ။ ဒီလိုကိစ္စတွေကို အမြဲတစေ ဖြေရှင်းလာခဲ့ရင်း မထင်မှတ်ထားတဲ့ကိစ္စတစ်ခုက ဖြစ်သွားလို့လာခဲ့ပါတယ်။ ဘဏ်တွေကိုဟက်ခ်တဲ့ ကြိုးကိုင်သူဟာ ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ အတွင်းလူဖြစ်နေခဲ့သောအခါမှာ ? ကိစ္စတွေတွေရှုပ်ထွေးနေစဥ်မှာပဲ ထျန်းကျီမှနည်းပညာရှင် ကျိုးကျားကျွင့်ဟာလဲ ကြိုးကိုင်သူရဲ့ ကြော့ကွင်းထဲကို ကျရောက်သွားပြီး ရောဂါသည်သမီးလေးရဲ့ အသက်အန္တရာယ်တွေအထိ ခြိမ်းခြောက်မှုတွေ ခံလာခဲ့ရတဲ့ အခါမှာ? ကျိုးကျားကျွင့်တစ်ယောက် သူတတ်တဲ့ နည်းပညာတွေနဲ့ ဘယ်လိုပြန်လည် တိုက်ခိုက်မှာလဲ ? အထင်လွဲမှားမှူတွေ လှည့်စားမှုတွေကြားကနေပြီး သမီးငယ်လေးကို ကယ်တင်ကာ နောက်ကွယ်က ကြိုးကိုင်သူကို ဘယ်လိုကိုင်တွယ် ဖြေရှင်းသွားမလဲ ? ဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ နည်းပညာတိုးတတ်နေတဲ့ခေတ်ကြီးမှာ AI နည်းပညာတွေကို သုံးပြီး ဘယ်လိုတွေ မိမိုက်စွာနဲ့ ပဟေဋိပုစ္ဆာတွေကို ဖြေရှင်းသွားမလဲဆိုတာ သိရဖို့ ဒီကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 4K , 1080p , 480p Format : mp4 Genres : Family , Drama Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy
5.1 2023 111 mins
Cyber Heist
Malikappuram
8

ဒီဇာတ်ကားလေးကတော့ အသက်၈နှစ်အရွယ် ကလေးမလေးတစ်ဦးက တောင်စွယ်၁၈ခုအား အပိုင်စားရထားတဲ့ အရှင်အယာပန်ရဲ့ဆာဗရိမာလဘုရားကျောင်းကို လွန်စွာဘုရားဖူးသွားချင်နေတဲ့ ဆန္ဒလေးကို အခြေပြုပြီး ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ မိဘက ဆင်းရဲလွန်းတော့ ဘဏ်မှာလည်း အကြွေးတွေပိနေပြီး အိုးအိမ်ပါအပေါင်ခံထားရတဲ့ ဖခင်ဖြစ်သူအတွက် သမီးဖြစ်သူရဲ့ဆန္ဒဟာ လွန်စွာ အဖိုးအခကြီးနေခဲ့ပါတယ်။ အဲ့ဒီဘုရားကျောင်းဟာလည်း အမျိုးသမီးများ သန္ဓေတည်နိုင်တဲ့အရွယ်ဖြစ်တဲ့ အသက်၁၀နှစ်မှ ၅၀နှစ်အထိ အမျိုးသမီးများကို ဝင်ခွင့်မပေးကြပါဘူး။ ဘုရားသခင်ဟာ သူ့ဆီခြေ၁လှမ်းသာရှေ့တိုးလာခဲ့ ကျန်တဲ့၉၉လှမ်းကို သူလှမ်းပါ့မယ်ဆိုတဲ့ကတိအတိုင်း ဒီကလေးမလေးရဲ့ဘုရားဖူးခရီးစဉ်မှာ ဆန်းကြယ်မှုတွေ များမြောင်စွာဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါတွေကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားလိုက်ပါတော့နော်။ File size…2.6GB / 1.2GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 1mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & BpL & Yunni

Drama • War
8 2022 121 mins
Malikappuram
Valley of the Dead
6.3

(1080p ရပါပြီ) ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ရှေ့လကမှ Netflix မှာ ပြသသွားတဲ့ စပိန် ဇွန်ဘီဇာတ်ကားသစ်လေးပါ။ စပိန်ပြည်တွင်းစစ်ပွဲအတွင်းက အကြောင်းအရာကို နောက်ခံထားပြီး ဇာတ်အိမ်တည်ပြီး ရိုက်ကူးပုံဖော်ထားတာပါ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... ကပ္ပတိန်ဟန်လိုဇာနိုဟာ နိုင်ငံရေးအကြောင်းအရာတွေမှာ ၀င်စွက်ဖက်ခဲ့တဲ့အတွက်ကြောင့် အထက်လူကြီးတွေရဲ့ အမုန်း ခံရပြီး အန္တရာယ်များတဲ့ တာ၀န်တစ်ခုကို ထမ်းဆောင်ဖို့ စေလွှတ်ခြင်းခံရပါတယ်။ တာဝန်ထမ်းဆောင်ဖို့ သွားနေတဲ့ လမ်းခရီးမှာ ကပ္ပတိန်ဟန်လိုဇာနိုနဲ့ သူရဲ့တပည့်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်း ခံရပြီး ထူးဆန်းတာတွေ ဆက်တိုက် ကြုံတွေ့ခဲ့ရပါတော့တယ်။ ဒီထူးဆန်းတဲ့ဖြစ်ရပ်တွေက ဘယ်လိုဖြစ်လာလဲ? ကပ္ပတိန်တို့အဖွဲ့ ဘာတွေနဲ့ ကြုံတွေ့လာရမလဲ? ဆိုတာ ဆက်လက်ရှုလိုက်ကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ YKH ပါ။) File Size          : 1.6GB, 668MB, 339MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 41mins Genre              : Action, Adventure, Fantasy Translated by YKH Encoded by Kinnov

Crime • Drama
6.3 2022 101 mins
Valley of the Dead
Take the Night
6.4

အရမ်းချမ်းသာတဲ့ ချန်းမိသားစုမှာ ဖခင်ဖြစ်သူက သူမရှိတော့တဲ့နောက် မိသားစုလုပ်ငန်းတွေကို ဦးစီးဖို့ သားအငယ်ဖြစ်သူ ရောဘတ်ချန်းကို အားလုံးလက်လွှဲပေးခဲ့ပါတယ်။ ဒီလိုနဲ့ အစ်ကိုဖြစ်သူ ဝီလီယံနဲ့ ညီဖြစ်သူ ရောဘတ်ကြားမှာ အဖုအထစ်လေးတွေ ရှိလာခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင် ညီဖြစ်သူ‌ရောဘတ်ရဲ့ (၂၅)နှစ်ပြည့် မွေးနေ့က ဆိုက်ရောက်လို့လာပါတယ်။ ညီဖြစ်သူကို စိတ်ခုနေတဲ့ ဝီလီယံက မွေးနေ့မှာ ဟန်ဆောင်ပြန်ပေးဆွဲခိုင်းပြီး စပရိုက်စ်မွေးနေ့ပါတီ လုပ်ပေးဖို့ အကြံရသွားပါတယ်။ ရွှေဉာဏ်တော် ကွန့်မြူးလွန်းတဲ့ ဝီလီယံတစ်ယောက် အစီအစဉ်တိုင်း သူ့ညီအတွက် Prank အောင်မြင်ပါ့မလား...။ ဟန်ဆောင်ပြန်ပေးဆွဲဖို့ သူငှားလိုက်တဲ့ လူတွေက နားလှည့်ပါးရိုက်လုပ်သွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ...။ အဖေဖြစ်သူချန်ခဲ့တဲ့ စာကိုရော ရောဘတ်တစ်ယောက်ဖတ်ခွင့် ရပါ့မလား...။ ဒါတွေအားလုံးကို တစ်နာရီခွဲစာ ဒီကားလေးအတွင်းမှာ အဖြေရှာနိုင်ပါတယ်။ IMDB 4.7 နဲ့ Rotten Tomatoes 67% ရရှိထားသလို Father Issues အသီးသီးရှိသူတွေကြားက ဖြစ်ရပ်တွေကို ပုံဖော်ထားတာ ဖြစ်လို့ ကြည့်ကောင်းမဲ့ ကားလေးဖြစ်ပါတယ်။ ။ ရုပ်ရှင်ဆု ၂ ဆု နဲ့ တစ်ကြိုစာရင်း ၅ ကြိမ် ဝင်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Leo ပဲ ဖြစ်ပါတယ် Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size…990MB | 513MB | 186MB Format… mp4 Duration…. 1h 22min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leo Encoder ..... August

Action • Comedy • Horror
6.4 2022 82 mins
Take the Night
[18+] Raped by an Angel 3: Sexual Fantasy of the Chief Executive
Minamata
6.9

IMDb Rating - 7.9/10 ၁၉၇၁ ခုနှစ်က ဂျပန်နိုင်ငံ၊ မီနာမာတာမြို့လေးမှာ ဖြစ်ပွားခဲ့တဲ့ မာကျူရီအဆိပ်သင့်မှုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မီနာမာတာမြို့လေးဆိုတာ သိပ်ကိုလှပတဲ့ ကမ်းရိုးတန်းမြို့လေး၊ ဒေသခံ‌တွေမှာလည်း တံငါလုပ်ငန်းနဲ့အသက် မွေးဝမ်းကျောင်းပြုနေသူတွေအများကြီးရှိပြီး ပင်လယ်ငါးတွေကို အဓိကစားသုံးကြတဲ့မြို့လေးပေါ့၊ ဒါပေမယ့် ချီဆိုဆိုတဲ့ဓာတုစက်ရုံကြီး မီနာမာတာမြို့လေးကိုရောက်လာတဲ့အခါမှာ စက်ရုံကနေပင်လယ်ထဲကိုစွန့်ထုတ်တဲ့ ဓာတုပစ္စည်းတွေကြောင့် ငါးတွေအဆိပ်သင့်၊ အဲဒီကတစ်ဆင့် လူတွေအဆိပ်သင့်ပြီး ကလေးလူကြီးမကျန် ဦးနှောက်တစ် သျှူးတွေထိခိုက်ပြီး ခြေလက်တွေအကြောဆိုင်း၊ မျက်စိကွယ်၊ စကားမပြောနိုင် စတဲ့ ရောဂါလက္ခဏာတွေခံစားရရှာပါတယ်။ ဒီလိုနဲ့ ဆယ်စုနှစ်တစ်စုကျော်အကြာ ၁၉၇၁ခုနှစ်မှာ နယူးယောက်မြို့ လိုက်ဖ်မဂ္ဂဇင်းက ဓာတ်ပုံဆရာကြီး ယူဂျင်းစမစ်ဟာ ဘာသာပြန်ဂျပန်မလေး အိုင်လင်းရဲ့တောင်းဆိုမှုကြောင့် မီနာမာတာကို ကင်မရာတစ်လုံးနဲ့ရောက်လာပြီး ဒေသခံတွေနဲ့အတူ တရားမျှတမှုအတွက် ဆန့်ကျင်လှုပ်ရှားကြပါတော့တယ်။ ဒီဖြစ်ရပ်မှန် ဇာတ်ကားထဲမှာ လောကကြီးကိုစိတ်ကုန်နေတဲ့ ထေ့ငေါ့ငေါ့ဓာတ်ပုံဆရာကြီးယူဂျင်းစမစ်အဖြစ် မင်းသားကြီး Johnny Depp က  အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ အားလုံးပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ MTA ပဲ ဖြစ်ပါတယ်။) Quality – 1080p, 720p, 360p BluRay Duration - 1h 55min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Source : 1080p.BluRay Translator – MTA Encoder – SWM

Comedy • Drama • Sci-Fi & Fantasy
6.9 2020 115 mins
Minamata
Womb
7

Womb(2011) အညွှန်း ***************** ရေဗက်ကာဟာ သူ့အဖိုးရှိရာကမ်းခြေကနေအိမ်လေးမှာအလည်ခဏလာနေရင်းနဲ့ တွမ်မီဆိုတဲ့ကောင်လေးနဲ့ရင်းနှီးသွားပါတယ်။ ကလေးတွေဖြစ်ကြပေမယ့်တစ်ယောက်ကိုတစ်ယောက်သံယောဇဉ်ဖြစ်ကြပါတယ်။ တစ်နေ့မှာရေဗက်ကာဟာ သူ့အမေအလုပ်ရှိရာဂျပန်ကိုလိုက်သွားရပါတော့တယ်။ အချိန် ၁၂ နှစ်လောက်ကြာပြီးတဲ့အခါမှာတော့တွမ်မီရှိရာ ကမ်းခြေကိုပြန်လာခဲ့တယ်။ ငယ်ငယ်တုန်းသံယောဇဉ်တွေကြောင့်တစ်ယောက်နဲ့တစ်ယောက်ချစ်သူတွေဖြစ်သွားကြတယ်။ ဒီလိုနဲ့တစ်ရက်မှာ တွမ်မီဟာကားတိုက်ပြီးသေဆုံးသွားတယ်။ ခေတ်နည်းပညာတိုးတက်မှုအရလူသားတွေကိုပုံတူပွားလို့ရတာကြောင့် တွမ်မီရဲ့အမေနဲ့အဖေကိုတိုင်ပင်တယ်။သူကိုယ်တိုင်တွမ်မီရဲ့ DNA ကိုယူပြီးကိုယ်ဝန်ဆောင်မယ်ပေါ့။ အဲ့ဒီနောက်မှာတော့ File Size : (1.2GB) and (469 MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:50:00 Genre : Drama , Romance, Sci-fi Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

Comedy • Drama
7 2011 111 mins
Womb
Office Race
5.2

ပက်ကယ်စတီကတော့ ကိုယ့်ကိုကိုယ် ဘာစိတ်ဝင်စားလို့စားမှန်းမသိ ဘာဝါသနာပါလို့ပါမှန်းမသိ အလုပ်မှာရော အိမ်မှာပါ ရေလိုက်ငါးလိုက် သက်သာသလိုနေရင်း ဘဝတက်လမ်းမမြင်တဲ့လူတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့ဘော့စ်ဖြစ်သူက သူ့ကို ကျော်ပြီး သူ့လက်အောက်က ဝန်ထမ်းဖြစ်တဲ့ စပင်ဆာကို ရာထူးတိုးပေးလိုက်ပါတော့တယ်။ ဒီအချိန်မှာ ပက်နဲ့ စပင်ဆာနဲ့ အဆင်မပြေဖြစ်ပြီး ကုမ္မဏီတစ်ခုနဲ့ စာချုပ်မချုပ်နိုင်ရင် အလုပ်ပြုတ်မယ့်ကိန်းမြင်နေရတဲ့ပက်က အဲကုမ္မဏီရဲ့ ကိုယ်စားလှယ်ကို အပီချုပ်ဖို့ကြိုးစားရပါတော့တယ်၊ အဲဒီကိုယ်စားလှယ်က မာရသွန်ပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်မှာ ဖြစ်တဲ့အတွက် သူလည်း စာချုပ်ချုပ်နိုင်လို့ချုပ်နိုင်ငြား မာရသွန်ပြိုင်ပွဲမှာ စာရင်းပေးသွင်းထားကြောင်း ဖောရှောရိုက်ပါတော့တယ်။ အဲကနေ စကားကျွံပြီး စပင်ဆာနဲ့လည်း အဆင်မပြေဖြစ်ပြီး ပြိုင်ပွဲမှာ ဘယ်သူနိုင်အောင်ပြေးမလဲဆိုတာကို စပင်ဆာနဲ့ ဒေါ်လာတစ်သိန်းကြေး အလောင်းအစားလုပ်ပါတော့တယ်။ ပက်အနေနဲ့ရော စာချုပ်ချုပ်နိုင်ပါ့မလား၊ သူလုပ်ထားတဲ့အလောင်းအစားမှာရော နိုင်ပါ့မလား၊ သူ့ရဲ့ရေလိုက်ငါးလိုက် စိတ်ဝင်စားစရာမရှိတဲ့ဘဝကြီးကိုရော အပြောင်းအလဲရှိလာပါ့မလားဆိုတာကို စိတ်ဝင်တစား တပျော်တပါး ရယ်မောပြီး ကြည့်ရှုရမှာပါ။ File size…(1.7 GB)/(962 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

5.2 2023
Office Race
Scott Pilgrim vs. the World
7.5

Scott Pilgrim vs. the World (2010) ~ IMDb – 7.5/10, Rotten Tomatoes – 82% ~ ခင်ဗျားတို့အတွက် စီနီမာ (ရုပ်ရှင်) ဆိုတာ ဘာများလဲ။ မက်ဆေ့တစ်သီတစ်သန်းနဲ့ကားတွေလား။ ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေ သိပ်ကောင်းတဲ့ စီဂျီအိုင်တွေ တပြုံတမကြီးသုံးထားတဲ့ ခမ်းကြီးနားကြီးကားတွေလား။ ကျွန်တော့်အတွက်တော့ စီနီမာဟာ အရသာရှိနေခြင်းပဲ။ ခမ်းနားချင်မှလည်း ခမ်းနားမယ်၊ ဘာတစ်ခုမှမပါဘဲ ပြကွက်တစ်ကွက်တည်းကိုပဲ အကြာကြီးပြချင်လည်းပြမယ်၊ သောက်တလွဲတွေချည်း ပြောချင်လည်းပြောမယ်၊ ဂလည်အူကြောင်ပြကွက်တွေ ပြချင်လည်းပြမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်လို့ အရသာတော်တော်ကြီးရှိနေပြီဆိုရင် အဲဒီရုပ်ရှင်ဟာ ရုပ်ရှင်စစ်တယ်။ စီနီမာဖြစ်တယ်လို့ပဲ ပုဂ္ဂလိကအရ သတ်မှတ်လိုက်တာပဲ။ Scott Pilgrim vs. the World ဟာ အဲဒီစီနီမာအရသာ အပြည့်ရှိနေတဲ့ကားပေါ့။ မသိတဲ့လူဆို ဘာမှမဟုတ်ဘူးထင်ရင်း ကြည့်နေရင်း ကြည့်နေရင်း အရသာက တဖြည်းဖြည်းတက်လာမယ့် ရုပ်ရှင်မျိုးပဲ။ နောက်တစ်ချက်အားဖြင့်တော့ ဒီဘက်ခေတ်မှာ ကျွန်တော်တို့ ပြန်မရနိုင်တော့တဲ့ ကျွန်တော်တို့ငယ်ငယ်က ရုပ်ရှင်တွေမှာရှိနေခဲ့တဲ့ အငွေ့အသက်မျိုးပေးနိုင်တဲ့ကားလို့ ပြောလို့ရပါတယ်။ အဲဒီအငွေ့အသက်ကို ခင်ဗျား ဇာတ်လမ်းကတင်မဟုတ်ဘဲ သရုပ်ဆောင်တွေဆီကပါ ရလိမ့်မယ်။ Chris Evans, Brie Larson, Mary Elizabeth Winstead, Aubrey Plaza, Brandon Routh, Ellen Wong, Alison Pill နဲ့ Anna Kendrick တို့ကို ခင်ဗျား ဘယ်တော့မှ ထပ်မမြင်ရတော့မယ့်ပုံစံတွေနဲ့ မြင်ရလိမ့်မယ်။ မြင်ရရင်တောင် ဒီလိုမဟုတ်ဘဲ ကြောင်တောင်တောင်ဖြစ်နေမှာပဲ။ စကော့အဖြစ်သရုပ်ဆောင်တဲ့ Michael Cera ကိုလည်း ခင်ဗျား ဒီလိုပုံစံနဲ့ထပ်မြင်ရတော့မှာမဟုတ်ဘူး။ ပိုထူးတာက Jason Schwartzman ပဲ။ ဝက်စ်အန်ဒါဆန်ကားတွေတိုင်းပါခဲ့ဖူးတဲ့ သူ့ကို ဒီမှာမြင်ရတဲ့အဖြစ်မျိုးက ကြောင်တောင်တောင်တော့နိုင်ပေမဲ့ မိုက်လည်းမိုက်နေတယ်။ ပါတဲ့ပုံစံကလည်း စားတာကိုး။ မဆန်းပါဘူး ဂရပ်ဖစ်နိုဗယ်ကို ပြန်ရိုက်ထားပြီး စာအုပ်ကို အပြည့်အဝသစ္စာရှိထားတော့ ကြောင်တောင်တောင်ကြီးလုပ်ပြမနေမှကို ဆန်းနေမှာ။ ဇာတ်လမ်းအကျဉ်းကတော့ ရှင်းရှင်းလေးပဲ။ Scott Pilgrim ဆိုတဲ့ကောင်လေးက ကောင်မလေးတစ်ယောက်ကိုချစ်မိတယ်။ သူ့အချစ်ကိုရဖို့ အဲဒီကောင်မလေးရဲ့ ဆိုးရွားလှတဲ့ ရည်းစားဟောင်းခုနှစ်ယောက်ကို အနိုင်ပိုင်းရတယ်။ ဒါတွေကို ဂီတာဟီးရိုးလိုလို စထွိဖိုက်တာလိုလို မြင်ရုံနဲ့ Nostalgia ဖြစ်မယ့် အကွက်ဆန်းကြီးတွေနဲ့ချည်းပြသွားတာ။ တစ်ခါတလေ နိုင်ပုံနိုင်နည်းတွေကလည်း တော်တော်ဂလည်အူကြောင်နိုင်တယ်။ ဒါပေမဲ့ သူ့ Inner Logic ထဲဆို‌တော့ “လခွမ်းဟ” ဆိုပြီး ဖြစ်သွားရုံကလွဲ ကြည့်ကောင်းနေတာပါပဲ။ ဆက်တင်တွေကလည်း တော်တော် Nostalgia ဖြစ်တယ်။ ဒါကြောင့်လည်း တချို့က Scott Pilgrim vs. the World ကို စီနီမာရဲ့ တစ်ထောင့်တစ်နေရာက စီနီမာစစ်စစ် အရသာပေးနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလို့ဆိုကြတယ်။ ဂရပ်ဖစ်နိုဗယ်ကို ရိုက်ပြီး ဒီလိုခပ်ကြမ်းကြမ်း လှလှပပ ရုပ်ရှင်ထွက်လာတာလည်း ကြက်ကန်းဆန်အိုးတိုးတာတော့မဟုတ်ဘူး။ Edgar Wright ကိုယ်တိုင် ရိုက်ကူး ဇာတ်ညွှန်းဝင်ရေး ပရိုဂျူဆာပါလုပ်ထားသကိုး။ ဒီဘဲက Satirical ဖလင်တွေမှာ ဂျွတ်လေတော့ ဒီကားကလည်း သူနဲ့အပြည့်အဝလည်း ကီးကိုက်သွားတယ်။ ဒီဘဲရိုက်တဲ့ကားတွေအကုန်ကလည်း ကြည့်လို့တော်တော်ကောင်းတဲ့ ကားတွေချည်း။ Shaun of the Dead, Hot Fuzz နဲ့ The World’s End ဆိုတဲ့ နာမည်ကျော် Cornetto Trilogy နဲ့ Baby Driver တို့လို ကားတွေကို ရိုက်ခဲ့တဲ့အပြင် သူရိုက်ခဲ့တဲ့ပုံစံတွေကနေ ကွဲထွက်ပြီးရိုက်ခဲ့တဲ့ Last Night in Soho ကလည်း တော်တော်လေး ကောင်းခဲ့တယ်။ ဒီလိုဘဲက အသက်သွင်းထားတဲ့ ကားဆိုတော့လည်း ဒီလိုထွက်လာတာပါပဲ။ Scott Pilgrim vs. the World ဟာ Edgar Wright ရဲ့ မာစတာပိစ်အဖြစ်ဆုံးရုပ်ရှင်ဖြစ်သလို စီနီမာရဲ့ စီနီမာစစ်မှန်တဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ ဒီကားရဲ့အရသာမျိုးက ဒီကားမှာပဲရနိုင်တာမို့ Comic Book Movies တွေကြိုက်ရဲ့နဲ့ ဒီကား မကြည့်ဘူးဆိုတာက ဘယ်လိုမှမဖြစ်သင့်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 7.75GB(HDR), 8.77GB(SDR), 2.75GB, 1.25GB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 52Min Genre – Action, Comedy, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y, Ka Naung

7.5 2010
Scott Pilgrim vs. the World
Big Sleep
7

Big Sleep (2023) ******************* CM ပရိသတ်ကြီးတွေအတွက် ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားလေးကတော့ Busan International Film Festival မှာ (၃) ထပ်ကွမ်းဆုရရှိထားခဲ့တဲ့ ကိုရီးယားနိုင်ငံက အိမ်ပြေးလူငယ်တွေရဲ့ အနာဂတ်ပျောက်တဲ့ပုံစံကို ဦးစားပေး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အိမ်ပြေးလူငယ်တစ်ယောက်နဲ့ သူ့ကိုဂရုစိုက်တဲ့ လူကြီးတစ်ယောက် ကြုံတွေ့ကြပြီး နှစ်ယောက်သား ဘယ်လိုတွေ ဘဝကိုရှင်သန်ဖြတ်သန်းကြမလဲဆိုတာကို ဇာတ်ကြောင်းအေးအေးလေးနဲ့ ကြည့်ရှုရမှာပါ။ -ဇာတ်လမ်းအကျဉ်း- ဂီဟိုဆိုတဲ့ ကောင်လေးကတော့ အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် အိမ်ကနေထွက်ပြေးလာတဲ့ အိမ်ပြေးလူငယ်တစ်ယောက်ပါ။ တစ်နေ့မှာ ဂင်ဂီယောင်းက မနက်ခင်းအလုပ်သွားဖို့ လုပ်ရင်း သူ့အိမ်ရှေ့ကကွပ်ပျစ်မှာ အိပ်နေတဲ့ဂီဟိုကို တွေ့သွားပြီး အပြောကြမ်းပေမဲ့ စိတ်ထားကောင်းတဲ့ ဂီယောင်းဟာ ဂီဟိုကိုကြည့်ပြီး သူ့ငယ်ဘဝကို ပြန်လည်အမှတ်ရမိသွားတဲ့အတွက် ဂီဟိုကို သူ့အိမ်မှာ နေခွင့်ပြုခဲ့ပါတော့တယ်။ ကိုယ်တိုင်က အရှုံးသမားတစ်ယောက်လို နေနေတဲ့ ဂီယောင်းတစ်ယောက် သူ့ထက်ပိုအားနည်းတဲ့ ဂီဟိုကို ဘယ်လိုတွေ နှစ်သိမ့် ဂရုစိုက်ပေးမလဲဆိုတာကို ရင်ထဲထိထိ ကြည့်လိုက်ရ‌အောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားပေးထားပါတယ်။) File size…1.54GB / 570MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 54m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Vanessa

7 2023
Big Sleep
Frailty
7.2

Frailty (2001) Genre- Horror/Mystery IMDb – 7.2/10 —————————- ၂၀၀၁ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီ ‘Frailty’ ရုပ်ရှင်ကတော့ မင်းသားကြီး Bill Paxton ရဲ့ဒါရိုက်တာအဖြစ် ပွဲဦးထွက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီးတော့ ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ မင်းသားကြီးအပြင် Interstellar, Dallas Buyers Club နဲ့ The Wolf of Wall Street တို့မှာပါဝင်သရုပ်ထားတဲ့ နာမည်ကြီးမင်းသား Matthew McConaughey ကလည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ IMDb မှာလည်း 7.2 ရရှိထားတဲ့အပြင် Rotten Tomatoes မှာလည်း 75% ရထားတဲ့အတွက် တော်တော်လေးအဆင်ပြေတဲ့ Rating တွေလို့ပြောရမှာပါ။ ဖန်တန်ဆိုတဲ့ထူးဆန်းတဲ့လူတယောက်က အက်ဖ်ဘီအိုင်အေးဂျင့်စီကိုလာပြီး သူတို့ရှာနေတဲ့ကွင်းဆက်လူသတ်သမားက သူ့အကိုဖြစ်ကြောင်းပြောပြခဲ့တယ် သူတို့ညီအကိုငယ်စဥ်ထဲကသူ့အဖေကနေဘုရားသခင်က သူတို့မိသားစုကိုနတ်ဆိုးတွေကို နှိမ်နင်းဖို့အထူးလျှို့ဝှက်တာဝန်ပေးထားတာဆိုပြီး လူတွေတယောက်ပြီးတယောက်ကိုသတ်ခဲ့တယ် တကယ်ပဲနတ်ဆိုးတွေကိုနှိမ်နင်းတာလား အမှုရဲ့တရားခံအစစ်ကရောဘယ်သူလဲဆိုတာမျိုးကို ဇာတ်လမ်းတခုလုံးအဖြေရှာသွားရမယ့် Mysteryအမျိုးအစားပီသတဲ့ရုပ်ရှင်ကားကောင်းတကားဖြစ်ပါတယ်

7.2 2001
Frailty
Memento
8.4

Memento (2000) IMDb Rating (8.4) / Rotten Tomatoes (94 %) သူ………ည တစ်ရေးနိုးလာခဲ့သည်။ အိပ်ရာပေါ်က သူ့ဘေးမှာ သူ့ဇနီးရှိမနေ။ အပေါ့သွားတာဖြစ်ရမည်။ အင်း……….မဟုတ်သေးဘူး။ သူ့စိတ်ထဲမှာ သူ့ရဲ့ဇနီး အိပ် ရာပေါ် ဘယ်တော့မှပြန်မလာတော့မှာကို တစ်နည်းတစ်ဖုံ သိနေသည်။ ရေချိုးခန်းထဲက ရုန်းရင်းဆန်ခတ်အသံတွေ………………….ရိုင်းစိုင်းမှုတွေ……………အသနားခံမှုတွေ………။ သေချာသွားပြီ………သူ့ဘဝထဲမှာ သူ့ဇနီးရှိမနေတော့ဘူး။ အဲဒါကလွဲပြီး ကျန်တာသူမသိ။ မနေ့ညက သူဘာလုပ်ခဲ့လဲ၊ မနက်လင်းရင်သူဘာလုပ်ရမှာလဲ သူမသိ။ သူ့ကိုယ်ပေါ်က tattoo တွေ ဘယ်လိုပေါ်လာလဲသူမသိ။ သူ မှန်ရှေ့မှာရပ်ကြည့်လိုက်ရင်တော့ သူ့ရင်ဘတ်ပေါ်မှာ မှန်စာလိုရေးထားတဲ့ အထင်ရှားဆုံး tattoo ကိုတွေ့လိမ့်မယ်။ “John G. raped and murdered my wife.” Christopher Nolan ဟာ Following ဆိုတဲ့ ဒေါ်လာ 6000 လောက်သာကုန်ကျတဲ့ ဇာတ်ကားကိုရိုက်ကူးပြီး ဒါရိုက်တာအဖြစ် ခြေလှမ်းစခဲ့တယ်။ အဲဒီကားနဲ့ သူ့ကိုစတင်အာရုံစိုက်စေခဲ့ပြီး သူ့ရဲ့ ဒုတိယကားမှာတော့ ဒေါ်လာငါးသန်းလောက် budget ရခဲ့ပါတယ်။ အဲ့ဒီကားက Memento ပါပဲ။ Memento ဇာတ်ကားမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ Leonard Shelby ဟာ Anterograde amnesia လို့ဆိုတဲ့ ရောဂါကိုခံစားနေရပါတယ်။ သူဟာ မှတ်ဉာဏ်အသစ်တွေကို ဖန်တီးနိင်စွမ်းမရှိပါဘူး။ သူဟာ စားသောက်ဆိုင်တစ်ခုကို ဝင်ရောက်စားသောက်ပြီး ခဏနေရင် သူဒီဆိုင်ကိုဘယ်လိုရောက်လာလဲ သိတော့မှာမဟုတ်ဘူး။ တစ်ခါတစ်လေ ညတစ်ရေးနိုးလာရင် အချိန်၊ နေရာ တွေကိုတစ်ခဏမေ့ပျောက်သွားပြီး စဉ်းစားလို့မရနိုင်တာမျိုး တော်တော်များများဖြစ်ဖူးလိမ့်မယ်။ ငါဘယ်လိုလုပ် ဒီအိပ်ရာပေါ်ရောက်လာသလဲပေါ့။ Leonard အတွက်တော့ အချိန်အပိုင်းအခြားတိုင်းက အဲသလိုပဲ ဖြစ်နေတယ်။ အဲ့ဒါကြောင့် သူဟာ ကင်မရာတစ်လုံး၊ ဘောပင်၊ စာရွက်အလွတ်တွေကိုအမြဲဆောင်ထားရတယ်။ သူ့ရဲ့ မော်တော်ကား၊ သူတည်းတဲ့နေရာ၊ သူ့မိတ်ဆွေသစ်တွေကို ဓာတ်ပုံရိုက်ပြီး အမြဲမှတ်ထားရတယ်။ အရမ်းအရေးကြီးတဲ့ ကိစ္စတွေကိုတော့ သူ့ကိုယ်ပေါ်မှာ tattoo ရေးထိုးထားလိုက်တော့တယ်။ Christopher Nolan နဲ့ ညီဖြစ်သူ Jonathan Nolan တို့ကားတစ်စီးနဲ့ခရီးအတူထွက်ဖြစ်ခဲ့ရာမှာ Jonathan ကသူစိတ်ကူးထားတဲ့ ဒီဇာတ်လမ်းကို Christopher ကိုပြောပြခဲ့တယ်။ Christopher ကအရမ်းစိတ်ဝင်စားသွားပြီး ညီဖြစ်သူကို ဝတ္ထုအဖြစ် အပြီးသတ်ရေးဖို့တိုက်တွန်းခဲ့ပါတယ်။ ဒီလိုနဲ့ Jonathan က ဝတ္ထုတိုအဖြစ်ကြိုးစားရေးသားခဲ့ပြီး ရေးပြီးသမျှကိုလည်း အစ်ကိုဖြစ်သူဆီ မပြတ်ပို့ပေးနေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ Christopher ကသူ့ညီပို့ပေးသမျှကို ဇာတ်ညွှန်းအဖြစ်ပြောင်းလဲနေခဲ့တယ်။ Jonathan က Memento mori ဆိုတဲ့ဝတ္ထုတိုကိုအဆုံးသတ်ပြီးချိန်မှာ Christopher ကလည်း Memento ဇာတ်ကားအတွက် ဇာတ်ညွှန်းကိုအပြီးသတ်နိုင်ခဲ့ပါတယ်။ Leonard အဖြစ် Guy Pearce သရုပ်ဆောင်ပြီး The matrix မှာအတူတွဲသရုပ်ဆောင်ဖူးခဲ့ကြတဲ့ Carrie-anne Moss နဲ့ Joe Pantoliano တို့လည်းပါဝင်ပါတယ်။ အစက lead actor အဖြစ် Brad Pitt, Aaron Eckhart တို့ကိုစဉ်းစားခဲ့သေးပေမယ့် ဒီဇာတ်လမ်းအတွက်စိတ်အားထက်သန်လွန်းနေခဲ့တဲ့ Guy Pearce ကို Christopher Nolan ကရွေးလိုက်တာပါ။ ဝတ္ထုနဲ့ဇာတ်ညွှန်း ကွာခြားမှုလေးတွေတော့ရှိပါတယ်။ ဒီ Memento ဇာတ်ကားက မိတ်ဆွေတို့ကြည့်ဖူးသမျှဇာတ်ကားတွေနဲ့ ကွဲနေပါလိမ့်မယ်။ ဒီကားမှာ ပထမဆုံးအခန်းဟာ ဇာတ်သိမ်းခန်းဖြစ်ပါတယ်။ နောက်ဆုံးခန်းကတော့ ပထမဆုံးအခန်းဖြစ်ပါတယ်။ ဒီလို Reverse timeline နဲ့တင်ဆက်တာက Christopher ရဲ့ Idea ဖြစ်ပါတယ်။ Timeline ကိုမဖော်ပြဘဲ ဟိုတစ်ခန်း ဒီတစ်ခန်းပြတဲ့ ဇာတ်ကားတွေကြည့်ဖူးပါတယ်။ ဒါပေမယ့် ဒီလို နောက်ကနေရှေ့ကိုပြန်သွားတဲ့ ကားတော့ ဒီတစ်ကားသာကြည့်ဖူးတယ်။ နောက်ပြန်ကြည့်ရတာ ကျွန်တော်တို့ကို ဦးနှောက်ခြောက်စေဖို့မလုံလောက်သေးဘူးလို့ Christopher ကယူဆသလားမသိ။ နောက်ထပ် Time sequence မဖော်ပြထားတဲ့ အခန်းစဉ်တစ်ခုကို တစ်ခန်းနဲ့တစ်ခန်း အကူးအပြောင်းမှာ Black & white colour နဲ့ ကြားဖြတ်ပြထားပါသေးတယ်။ Black & white အခန်းတွေကျတော့ chronological order အတိုင်းပြန်ဖြစ်သွားပါတယ်။ ကျွန်တော်တော့ ပထမတစ်ခေါက်ကြည့်တုန်းက တော်တော်လေးကို မူးနောက်သွားတယ်။ ဒုတိယတစ်ခေါက်ကြည့်တော့မှ နားလည်သွားတော့တယ်။ ဒါကြောင့် ဒီဇာတ်ကားကို non-linear presentation လို့ပြောရင်မလုံလောက်သေးဘူး။ Extreme non-linear လို့ပြောရလိမ့်မယ်။ ဒီလိုဆန်းသစ်လှပတဲ့ စိတ်ကူးစိတ်သန်းကြောင့် ဇာတ်ညွှန်းနဲ့ editing တို့က အော်စကာဆန်ခါတင်မှာ ထိုက်ထိုက်တန်တန်ပါခဲ့ပါတယ်။ Christopher Nolan ဆိုတဲ့နာမည်လည်း ထင်ရှားလာခဲ့ပြီး Imsomnia, The prestige, The dark knight trilogy, Inception စတဲ့ budget ကြီးတဲ့ blockerbusters/crowdpleasers ဇာတ်ကားတွေကို ဆက်တိုက်ရိုက်ကူးခွင့်ရစေခဲ့ပြီး ဒီနေ့ဒီအချိန်မှာတော့ Hollywood ရဲ့လက်ရှိအထွန်းတောက်ဆုံးဒါရိုက်တာတွေထဲကတစ်ယောက်အဖြစ်ကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ Hollywood မှာ entertainment ကိုဦးစားပေးပြီး ပရိသတ်တွေကို ကောင်းကောင်းဆွဲဆောင်ပြရတဲ့ဇာတ်ကားတွေရှိသလို၊ ဖန်တီးသူရဲ့ ရင်တွင်းဖြစ်အနုပညာကို ကိုယ်ကြိုက်သလိုချပြပြီး ပရိသတ်အကြိုက်ကိုဦးစားမပေးတဲ့ Indie/arthouse ဇာတ်ကားတွေလည်းရှိပါတယ်။ Christopher Nolan ကတော့ နှစ်မျိုးလုံးကို ရောစပ်ပြနိုင်တဲ့ဒါရိုက်တာလို့ ဆိုချင်ပါတယ်။ Christopher က သူ့ရဲ့အနုပညာ၊ သူ့ပြောချင်တာတွေကိုလည်း ထိထိမိမိပြောနိုင်တယ်။ တစ်ဆက်တည်းမှာ entertainment အပိုင်းကိုလည်း အားကောင်းအောင် ဖန်တီးနိုင်တယ်။ သူ့ရဲ့ကားတွေမှာ arthouse ရုပ်ရှင်တွေလို အသိရခက်ခဲတဲ့ အကြောင်းအရာတွေကိုလည်း ထည့်သွင်းပြတတ်တယ်။ နှစ်မျိုးလုံးကိုရောစပ်ပြီး နှစ်မျိုးလုံးကိုလည်း အားကောင်းစေတဲ့ ဒါရိုက်တာတစ်ယောက်ပါ။ The prestige, The dark knight trilogy, Inception တို့က အကောင်းဆုံးဥပမာတွေပါပဲ။ နောက်လထဲမှာ Christopher ရိုက်ကူးထားတဲ့ Interstellar ရုံတင်တော့မယ်ဆိုတာ သိကြမှာပါ။ အဲ့ဒီကားကိုလည်း Christopher ကသူ့ရဲ့ထုံးစံအတိုင်း အသေအချာကိုရိုက်ကူးထားတယ်လို့ကြားသိရပါတယ်။ Blackholes တွေ၊ Space တွေအကြောင်းကို အခြေခံတဲ့ ဒီကားရိုက်ကူးဖို့ Christopher က သူကိုယ်တိုင် သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို NASA အထိတောင် သွားရောက်လေ့လာခဲ့ပါတယ်။ ထွက်ရှိပြီးသမျှ sci-fi တွေထဲမှာ လက်တွေ့သီအိုရီတွေနဲ့ အနီးစပ်ဆုံးဇာတ်ကားဖြစ်လာလိမ့်မယ်လို့ သုံးသပ်ထားမှုတွေလည်းရှိနေပါတယ်။ အဲဒီကားကို စောင့်မျှော်ရင်း Christopher ရဲ့ Memento ကို review ရေးလိုက်ရခြင်းပါ။ အဆုံးသတ်ပြောရရင်တော့ Memento ဟာ ကြည့်ဖူးသမျှဇာတ်ကားတွေထဲမှာ idea အဆန်းဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ဇာတ်ကားတွေထဲကတစ်ကားဖြစ်တယ်လို့ ဆိုချင်ပါတယ်။ Christopher Nolan ရဲ့ဇာတ်ကားတွေထဲမှာလည်း The dark knight, Inception တို့နဲ့အတူ အကြိုက်မိဆုံးဇာတ်ကားတစ်ကားပါ။ သူပြေးနေသည်။ သူနှင့်မလှမ်းမကမ်းမှာ လူကြီးတစ်ယောက်ပြေးနေသည်။ “ငါဘာလုပ်နေတာလဲ………….သြော် ငါသူ့နောက်ကိုလိုက်နေတာပဲ” ထိုလူကြီးက သူ့ကိုသေနတ်နှင့်ပစ်လိုက်သည်။ “မဟုတ်ဘူး……..သူက ငါ့ကိုလိုက်နေတာ” ~Miller~ (ရုပ်ရှင်အညွှန်းကို Movies-we watch,we feel. Facebook Page မှ ကူးယူဖော်ပြပါသည်။)

8.4 2000 113 mins
Memento