YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Seasons S5- Zico's Artist (2024) E06 720P (CM).mp4

691.61 MB N/A video/mp4 31 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Trials of Cate McCall
6.4

Genre – Crime, Drama IMDB – 6.2/10 ဇာတ်ကားအကြောင်းမပြောခင် မမ ကိတ်ဘက်ကင်ဆေးရဲ့ အလှတော်လေး ချီးမွမ်းခန်းဖွင့်ချင်လို့ပါ။ သူဟာ အင်္ဂလိပ်မဆိုပေမဲ့ အဖေရဲ့အဖွားက မြန်မာမစစ်စစ် မနှင်းဖြစ်လို့ မြန်မာသွေးကို ၈ ပုံ ၁ ပုံလောက် ပါလာလို့လားမသိ အတော်ချောမောလှပတဲ့ မင်းသမီးဖြစ်ပါတယ် ဒီကားထဲမှာဆို ဖွာလန်ကျဲနေရာတွေပါတာတောင် သူ့အလှကို ခံစားကြရဦးမှာပါ အသက်ငယ်လို့ ငယ်ဂုဏ်မောက်တာမျိုးလည်း မဟုတ်ပါဘူး ကြီးတဲ့ထိ ကျက်သရေရှိရှိ လှနေတာမျိုးပါ။သူ့ရဲ့ နာမည်ကြီးကားတွေဆို Underworld ကားတွေတို့ Van Helsing တို့ ရှိကြပါတယ် ကြည့်ဖူးကြမှာပါ အားလုံးလည်း။ ကဲ ဒီတော့ ဇာတ်လမ်းအကြောင်း ဆက်လိုက်ရအောင် “အသက်တစ်ရာ မနေရ အမှုတစ်ရာပွေရ” ဆိုသလို ဇာတ်ကားနာမည်က ကိတ်မက်ကောရဲ့ တရားခွင်များတဲ့ ပြောရမယ်ဆို မမရဲ့ ရှုပ်ထွေးပွေလီ ပြဿနာများပေါ့။ ရှေ့နေဖြစ်တဲ့မမဟာ အရက်စွဲနေတဲ့ပြဿနာရှိပြီး ရှေ့နေရုံးကနေလည်း ဆိုင်းငံ့ခံထားရတယ် နောက်ပြီး ခံဝန်နဲ့ နေနေရတယ်။ မိသားစုရေးမှာလည်း သမီးဖြစ်သူကို ဂရုစိုက်မပေးနိုင်လို့ ဖခင်ဖြစ်သူက အုပ်ထိန်းခွင့်ရဖို့ အမှုစွဲထားတာမျိုး ကြုံနေရပါတယ် ဒါက သူ့ ကိုယ်ရေးကိုယ်တာအမှု တစ်ခုပေါ့လေ။ အဲဒီမှာ ရှေ့နေရုံးကနေ အပြစ်ကို ပြန်လည်ပေးဆပ်စေချင်လို့ အမှုတစ်ခုကို ပြန်လိုက်ခိုင်းပါတယ်။ ဒီအမှုကတော့ ချစ်သူဖြစ်သူက မုဒိမ်းကျင့်တာခံရ ရဲတွေမုဒိမ်းကျင့်တာခံရ ထောင်ကျတော့လည်း အစောင့်က မုဒိမ်းကျင့်တာခံရပြီး ချစ်သူနဲ့ရထားတဲ့ ကိုယ်ဝန်ရှိနေချိန် ချစ်သူကို အီစီကလီ လာလုပ်တဲ့ကောင်မလေးကို အဖော်တစ်ယောက်နဲ့ သွားဖြဲရာကနေ လူသတ်မှုဖြစ်ခဲ့ပါတော့တယ်။ အဲဒီမှာ သူသတ်တာသေချာ ပါတယ်ဆိုတဲ့အမှုကို မမတစ်ယောက် လိုက်ရာကနေ လွဲမှားနေတာတွေ စတွေ့လာတဲ့အခါ… အမှုကို ဘယ်လိုမျိုး လိုက်ပေးမလဲ၊ မိသားစုရေးရာမှ ာ သမီးလေးကို အုပ်ထိန်းခွင့်ပြန်ရပါ့မလား၊ နောက်ထပ် ဘာပြဿနာတွေ ကြုံရဦးမလဲ စသဖြင့် တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်တက်ပြီး ခေါ်သွားမယ့် တရားဥပဒေရုပ်ရှင်မျိုး ဖြစ်ပါတယ်။ လူတစ်ယောက်ဘဝတွေပျက် ခွေးဖြစ်လုနီးပါး ဖြစ်ခဲ့တာတောင် အဖော်ကောင်းတွေရှိပြီး သေသေချာချာလေး ကြိုးစားရင် ပြန်ထူထောင်နိုင်ပါတယ်ဆိုတဲ့ စိတ်ခွန်အားလည်း ပေးသွားတဲ့ ဇာတ်ကားကောင်းလေးပါ။ File size…1.41GB / 524.8MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 29m Genre ..... Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Thura Aung

Drama
6.4 2013 89 mins
The Trials of Cate McCall
The Last Thing Mary Saw
6.4

ဇာတ်လမ်းကို 1840 တုန်းက မေရီဆိုတဲ့ကောင်မလေးတစ်ယောက် အဖမ်းခံရပြီး သူ့ရဲ့နောက်ကြောင်းကိုပြန်ပြောင်းပြောပြတာကနေစတာပါ။ မေရီဟာ မိန်းကလေးချင်းပဲသဘောကျတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပြီးတော့ သူ့အိမ်မှာရှိတဲ့အိမ်ဖော်မလေးနဲ့ချစ်ကြိုက်နေတယ်။ ဒါပေမယ့် သူ့ရဲ့မိဘတွေက ဘာသာရေးအရမ်းကိုင်းရှိုင်းတာကြောင့် အဲ့တာကိုလက်မခံကြပဲ မေရီတို့နှစ်ယောက်ကို ခွဲဖို့ကြိုးစားကြတယ်။ သူတို့နှစ်ယောက် အဲ့လိုအတားအဆီးတွေကိုဘယ်လိုကျော်လွှားမလဲ ဆိုတာကို မထင်မှတ်ထားတဲ့ သရဲခြောက်တဲ့အခန်းတွေပါတာမို့ ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်... (အညွှန်းနဲ့ဘာသာပြန်ကတော့ Kasashi ဖြစ်ပါတယ်) File size…646MB / 251MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 29m Genre ..... Horror , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasashi

Drama • War
6.4 2021 88 mins
The Last Thing Mary Saw
Predator

Jim Thomas နဲ့ John Thomas တို့နှစ်ယောက်သား အသက်သွင်းခဲ့တဲ့ Predator (အမဲလိုက်သားရဲ) ရဲ့ ပထမဆုံးဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ သူတို့ရေးခဲ့တဲ့ ဝတ္ထုခေါင်းစဉ်က Hunter (မုဆိုး) ပါ။ Arnold Schwarzenegger ခေါင်းဆောင်ပါဝင်တဲ့ ဒီဇာတ်ကားက ဝေဖန်မှုတွေနဲ့ ချီးကျူးမှုတွေ တလှေကြီး ရခဲ့သလို ၁၉၈၀ ခုနှစ်တွေရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပြီး သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေရဲ့ ဂန္တဝင်စာရင်းဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အောင်မြင်မှုကြောင့် Predator ဇာတ်ကားတွေ အများကြီးဆက်ထွက်လာခဲ့တာမလို့ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားပါ။ Generation X နဲ့ Y တို့ကြားမှာ ရေပန်းစားခဲ့ပြီး မကြည့်ရသေးတဲ့သူက တောသားအဖြစ် သတ်မှတ်ခံခဲ့ရဖူးတာမျိုးပေါ့‌ဗျာ။ ၁၅ သန်း အသုံးပြုခဲ့ပြီး ၉၈ သန်းကျော် ပြန်ရခဲ့တဲ့ကားပေါ့။ သူ့နောက်မှာ Predator 2 (1990)၊ Predators (2010)၊ The Predator (2018) နဲ့ Prey (2022) တို့ အသီးသီး ထွက်ရှိခဲ့ပါတယ်။ မှီငြမ်းဇာတ်ကားအဆက်တွေအနေနဲ့ Alien vs. Predator နှစ်ကား ထွက်ခဲ့ပါသေးတယ်။ Alien vs. Predator (2004) နဲ့ Alien vs. Predator: Requiem (2007) တို့ပါ။ မျက်နှာဖုံးစွပ်ကြီးတပ်ပြီး ပုခုံးပေါ်မှာ အမြောက်ပါတဲ့ ကိုယ်ပျောက်လူသတ်သမား ဂြိုဟ်သားကြီးကို ပရိသတ်က နှစ်ထောင်းအားရ ကြိုက်နှစ်သက်ခဲ့ကြတာပေါ့လေ။ ဇာတ်လမ်းအကျဉ်းကတော့ ရုရှားဩဇာခံနိုင်ငံတစ်ခုက အမေရိကားကို ကျူးကျော်လာမယ့်ဘေးကို တားဆီးချင်တဲ့ စစ်သားဟောင်းကြီး CIA အေးဂျင့်က အာနိုးတို့ အထူးတပ်ဖွဲ့ကို လံကြုပ်ဇာတ်လမ်းဆင်ပြီး တောထဲအပါခေါ်ခဲ့ရာက စပါတယ်။ တောတွင်းချီတက်ပုံတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေအပြီးမှာ အာနိုးတို့အဖွဲ့ကို အမဲလိုက်သူကြီးက တစ်ယောက်ချင်း အမှည့်ချွေလာတဲ့အခါမှာတော့ အားမတန်တဲ့ ဂြိုဟ်သားကြီးကို အတောင်သုံးဆယ်ဝတ် မင်းယောက်ျားကြီးတွေ ပြန်လှန်ခုခံကြပုံတွေက အံ့မခန်း လတ်ဆတ်နုပျိုနေဆဲဖြစ်တာမလို့ ကိုယ့်ရဲ့ Device ထဲမှာ သိမ်းထားသင့်တဲ့ Old but Gold ဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။) Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။ File size…(11 GB)/(3.6 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:46:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Drama • History • War
null 1987 106 mins
Predator
Taichi’s Beast Mound
6.4

ဒီတစ်ခေါက်မှာ CM သိုင်းလောကသားတွေအတွက်ကို Tai Chi’s Beast Mound (2022)ဆိုတဲ့ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… သိုင်းလောကသားတိုင်း ထိုက်ကျိသိုင်းကို သိပြီးသားမို့ အထူးအထွေ မရှင်းပြတော့ဘူး… အခု အလှည့်ကျတဲ့ ဇာတ်လမ်းလေးရဲ့ ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုရင် ချန်မျိုးရိုးမို့ အထိုက်အလျောက် ဂိုဏ်းချုပ်နေရာကိုဆက်ခံခဲ့ပြီးနောက် ချန်ချန်ဖုန်းတစ်ယောက်ထိုက်ကျိဂိုဏ်းရဲ့ အနှစ်သာရကို သေချာနားမလည်တဲ့အပြင် ဦးလေးရဲ့ စကားအောက်မှာပဲ ဦးလေး အလိုကျ နေခဲ့တာပေါ့… ဒီလိုနဲ့ အနားက လူတချို့ နဲ့ အပြစ်မဲ့လူသားတွေ ဒုက္ခရောက်ကုန်တာမြင်လာရပြီးနောက် သူလက်စားချေဖို့ စတင်စဉ်းစားပါတော့တယ်… ဒီလက်စားချေမယ့် အစီစဉ်ကြောင့်လည်း ဘိုးဘေးလက်ထက်တည်းက တားမြစ်ထားတဲ့ နယ်မြေက ထိုက်ကျိကျောက်တုံးကို အရယူဖို့ ဆုံးဖြတ်ခဲ့တာပေါ့… ကဲ ဘာကြောင့် ဘိုးဘေးတွေက တားမြစ်ခဲ့တာလဲ… နောက်ပြီး ဒီတားမြစ်နယ်မြေကိုသွားတာ ချန်ချန်ဖုန်းကို ဘယ်လိုရလဒ်မျိုးသယ်ဆောင်လာမှာလဲ… နောက်ဆုံး ထိုက်ကျိဂိုဏ်းရဲ့ အဓိပ္ပာယ်ကို ချန်ချန်ဖုန်း နားလည်သွားမှာလား… ထုံးစံအတိုင်း ဇာတ်ကားလေးဒေါင်းပြီး ပုံဖော်ကြည့်လိုက်တော့နော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 32min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama
6.4 2022
Taichi’s Beast Mound
My Perfect Roommate
5

My Perfect Roommate (2022) Drama တွေတိုင်းမှာ အားလုံးနဲ့ရင်းနှီးပြီးသား သရုပ်ဆောင်ရှယ်ကောင်းတဲ့ ဖွားဖွား Na Moon Hee ရဲ့ ရုပ်ရှင်အသစ်စက်စက်လေးလာပါပြီ။ ဒီဇာတ်လမ်းလေးကတော့ တောင်ကိုရီးယားမှာတကယ်ရှိတဲ့ room sharing ဆိုတဲ့အစီအစဉ်လေးကို အခြေတည်ရိုက်ကူးထားတာပါ။ ဆိုးလ်မြို့မှာနေစရာရှာနေတဲ့ကျောင်းသားလူငယ်တွေကို တစ်ယောက်တည်းနေတဲ့ သက်ကြီးရွယ်အိုဘိုးဘွားတွေရဲ့အိမ်တွေမှာ အခန်းငှါးပေးတဲ့အစီအစဉ်ပါ။ Room Sharing အစီအစဉ်ကြောင့်ပဲ ဇီဇာကြောင်လွန်းပြီး ကပ်သီးကပ်ဖဲ့နိုင်လွန်းတဲ့ အဖွားတစ်ယောက်ရဲ့အိမ်မှာမှ သွားငှါးနေမိလို့ အိမ်မှာတောင်အိမ်သာမတက်နိုင်တဲ့ ဘဝကိုရောက်နေရတဲ့ ကျောင်းသားလေးဟန်ဂျီအုံးနဲ့ တစ်လောကလုံးကိုဘုနဲ့ဘောက်လုပ်နေတဲ့ အိမ်ပိုင်ရှင်အဖွားတို့ရဲ့ မတည့်အတူကနေ ဖြူစင်တဲ့ ၅၂၈ သံယောစဉ်တွေ ရစ်ပတ်လာတဲ့ဇာတ်လမ်းလေးပါ။ ဝါရင့်မင်းသမီးကြီး Na Moon Hee ရဲ့ထိမိတဲ့အိုက်တင်တွေနဲ့ My Roommate Is A Gumiho, Melancholia အစရှိတဲ့ ဇာတ်လမ်းတွဲတွေမှာ တွေ့ဖူးနေတဲ့ မင်းသားသစ်လေး Choi Woo Sung ရဲ့မခေလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် ရယ်လိုက်၊ ငိုလိုက် ရသမျိုးစုံခံစားရမှာသေချာပါတယ်။ လူတိုင်းရဲ့ဘဝမှာ ဘယ်တော့မှမပြည့်နိုင်တဲ့ ကွက်လပ်တွေရှိစမြဲပါ။ ဒီဇာတ်လမ်းကတော့ သွေးမတော်သားမစပ်တဲ့ ဂျီအုံးနဲ့ အဖွားတို့ မတည့်အတူနေကြရင်း ဘဝရဲ့လစ်ဟာနေတဲ့ ကွက်လပ်တွေကို အပြန်အလှန်ဖြည့်ဆည်းကြပုံကို ကြည်နူးဖွယ်၊ မျက်ရည်ဝဲဖွယ် ဖန်တီးရိုက်ကူးထားတာပါ။ ရယ်မောစရာတွေနဲ့အတူ ကြည့်ပြီးရင် ရင်ထဲနွေးပြီးကျန်ခဲ့မယ့်ခံစားချက်ကိုပါပေးနိုင်မယ့်ရုပ်ရှင်ကားလေးမို့ ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။ Genre…..Drama Quality…. 1080p | 720p | 480p File size…1.27GB | 515MB | 237MB Format… mp4 Duration….1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator …..Lao Qui Encoder …..August

Crime • Mystery • Thriller
5 2022 91 mins
My Perfect Roommate
Sawah
5.5

Sawah (2019) ========== မိတ်​ဆွေတို့​ ကိုယ်လုပ်ချင်တဲ့အရာထက် လုပ်သင့်တဲ့အရာကို​ ရွေးချယ်ခဲ့ကြဖူးလား ဘယ်အရာကိုပဲဖြစ်ဖြစ် ကိုယ်လုပ်ချင် တာလုပ်ရမှ ​ကျေနပ်ကြတဲ့သူ​တွေရှိသလို အ​​ခြေအ​နေအချိန် အခါကိုလိုက်ပြီး အလိုက်တသိဖြစ်သင့်တာကို​ရွေးချယ်သွား ကြတဲ့သူ​တွေလည်း ဒုနဲ့​​ဒေးပါပဲ။ ဘယ်အရာကိုပဲလုပ်လုပ် တာ ဝန်ယူမှုတာဝန်ခံမှုဆိုတာ ရှိသင့်ပါတယ်။ ကိုယ်လိုချင်တဲ့အရာ ကို အရယူနိုင်ဖို့ မဆုတ်မနစ်ကြိုးစားကြရမှာပါ။ မလုပ်နိုင်ဘူး၊ မလုပ်ချင်ဘူးဆိုတာ ဆင်​ခြေတစ်ခုပါပဲ ဒါက ခင်ဗျား မလိုချင် တဲ့အရာဖြစ်​နေလို့ပါ။ ​ အောင်မြင်မှုကို ဆာ​လောင်တဲ့ စကာရတ်ဖ်က ပြည်တွင်း DJ ပြိုင်ပွဲမှာ အနိုင်ရပြီး ဘရပ်ဆဲလ်မှာလုပ်တဲ့ DJ World Champion မှာယှဥ်ပြိုင်ဖို့ အ​​ရွေးခံလိုက်ရပါတယ်။ ဖြစ်ချင်​တော့ သူတို့ တိုင်းပြည်မှာ ဆန္ဒပြုမှု၊သပိတ်​မှောက်မှုနဲ့ရုန်းရင်းဆန်ခတ်မှု​တွေ ဖြစ်​နေတဲ့ကာလပါ စကာရတ်ဖ်က တိုင်းပြည်ကအ​ခြေအ​​နေကို မငဲ့ဘဲ ပြည်ပထွက်ပြီး​အောင်မြင်မှုကို အရယူချင်​နေတာပါ။ ချစ်သူ ကလည်း ဒီလိုအ​ခြေအ​နေ​တွေမှာ အတူမသွားနိုင်တာ​ကြောင့် စကာရတ်ဖ်တစ်​ယောက် ဘယ်လ်ဂျီယံကို တစ်ကိုယ်​တော်ခရီး သွားထွက်လာခဲ့တယ်။ ကံဆိုးစွာနဲ့ ခရီးစဥ်မှာ ရဲဖမ်းခံလိုက်ရ တယ်။ သူ​အဖမ်းခံလိုက်ရတဲ့​နေရာကလည်း လူဇင်ဘတ်မှာ ဖြစ်​ နေတယ် သွားချင်တာ တစ်​နေရာ၊ ​​ရောက်သွားတာ တစ်​နေရာ ဖြစ်​နေ​တော့ စကာရတ်ဖ် ဘာ​တွေဆက်လုပ်မလဲဆိုတာ ကိုယ် တိုင်ပဲကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size……….(1.36 GB) / (605 MB) / (345 MB) Quality…………BLU-RAY 1080p / 720p / 480p Duration………1Hr 26Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Thriller Translator…….ZWT Encoder……….SWM

Horror
5.5 2019
Sawah
The Boogeyman
6.1

ဒီသရဲကားကတော့ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ဝတ္ထုတိုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။မူလအစီအစဉ်ကတော့ Hulu မှာ streaming ပြသဖို့ ဖြစ်ပေမဲ့အကြိုပွဲတွေမှာ လူတွေအရမ်းကြောက်ပြီးကြိုက်ကြတဲ့အတွက် ရုံတင်ဖြစ်သွားပါတယ်။အချို့အခန်းတွေမှာ ပရိသတ်တွေ အရမ်းအော်ပြီး အရေးကြီးတဲ့ဒိုင်ယာလော့တွေကို အသံဖုံးသွားလို့ ရုပ်ရှင်ကိုကြောက်စရာအခန်းနဲ့ ဒိုင်ယာလော့ကြား နည်းနည်းခြားအောင်ပြန်တည်းဖြတ်လိုက်ရပါသေးတယ်။ ဒီရုပ်ရှင်ရဲ့ အဓိက မိန်းကလေးသရုပ်ဆောင်နှစ်ယောက်ကတော့Star Wars Series ထဲက မင်းသမီးလေယာနဲ့ ဒရက်ရှ် နေရာက သရုပ်ဆောင်ခဲ့တဲ့နှစ်ယောက်ပါပဲ။ ဇာတ်လမ်းအကျဉ်း အဓိကမကောင်းဆိုးဝါး ဘူဂီမန်းဟာ စတီဖင်ကင်းရဲ့ နာမည်ကျော် IT နဲ့ အတော်ဆင်တူပါတယ်။ကလေးတွေကို အရမ်းကြောက်အောင်လုပ်ပြီး သတ်ပစ်တာပါ။ဒါပေမဲ့ IT လောက်တော့ စွမ်းအားမကြီးပါဘူး။သူဟာ အလင်းကိုကြောက်ပါတယ်။အမှောင်ထဲမှာပဲ လှုပ်ရှားနိုင်တယ်။စိတ်ဒဏ်ရာရှိနေတဲ့ကလေးတွေကို ပစ်မှတ်ထားတယ်။ဒီလိုမျိုးပါပဲ။စတီဖင်ကင်းရဲ့ ဝတ္ထုတိုပဲဖြစ်လို့ IT, Dark Tower လို့ပင်မဇာတ်ကြောင်းကြီးမှာတော့ ထပ်မပါသေးပါဘူး။ ဒီရုပ်ရှင်မှာတော့ စိတ်ကုထုံးဆရာဝန်ဒေါက်တာ ဟာပါမှာ ဆေဒီ နဲ့ ဆောယာဆိုတဲ့ သမီးနှစ်ယောက်ရှိပါတယ်။သူတို့ရဲ့အမေကတော့ မကြာသေးခင်‌လေးက ကားတိုက်မှုဖြစ်ပြီးဆုံးသွားတာမို့ သူတို့မိသားစုဝင်သုံးယောက်လုံးကိုယ်စီပူဆွေးနေတုန်းအချိန်မှာပဲရှိပါသေးတယ်။တစ်နေ့မှာတော့ လူတစ်ယောက် ရုတ်တရက်ဒေါက်တာဟာပါနဲ့ လာပြပါတယ်။သူ့ရဲ့ကလေးတွေကို မကောင်းဆိုးဝါးတစ်ကောင်ကသတ်သွားကြောင်း အခိုင်အမာပြောပါတယ်။ပြီးတော့ ဒေါက်တာဟာပါရဲ့အိမ်မှာပဲသတ်သေသွားပါတယ်။အဲဒီနောက်မှာ ကလေးမလေးနှစ်ယောက်ဟာထူးဆန်းတဲ့ကြောက်စရာတွေမြင်လာရတဲ့အခါ… File size… 2.8 GB / 1.1 GB / 445 MB Quality… WEB Rip 4K/ 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Mr Anderson

6.1 2023
The Boogeyman
Grow Up, Tony Phillips
6.5

Grow Up, Tony Phillips (2013) ====================== IMDb Rating – 6.5/10 Grow Up Tony Phillips ဆိုတဲ့ Comedy, Drama ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့တော့ ဟောလို ဝင်းကို သဘောကျတဲ့ တိုနီက ၁၈ နှစ်သားအရွယ်ရောက်တာတောင် ဟောလိုဝင်း ဝတ်စုံဝတ် Trick or Treat ဆော့ပြီး ချိုချဉ်လိုက်တောင်း ချင်နေတုန်းပေါ့။ အရပ်စကားနဲ့ဆို နည်းနည်း ကလေးစိတ်မကုန်သေးတာ ပေါ့ဗျာ။ ကျွန်တော်တို့တောင် နည်းနည်းအသက်လေးရလာရင် သီတင်း ကျွတ်လို ရာသီမှာတောင် ရပ်ကွက်ထဲအိမ်စေ့ပတ်ပြီး လိုက်ကန်တော့ဖို့ ရှက်စပြုလာပြီမလား။ တိုနီကတော့ သူမြတ်နိုးရတဲ့ ပျော်ပွဲရွှင်ပွဲလေးကို အရွယ်ရောက်လာပေမဲ့ ဆက်ဆင်နွှဲဖို့ကြိူးစားနေတုန်းပါ။ ဒီတော့ အပေါင်းအသင်းတွေက ငကြောင် ကောင် ဘာညာနဲ့လှောင်တာခံရတာပေါ့။ တိုနီတစ်ယောက် သူမြတ်နိုးရတဲ့ ဟောလိုဝင်းကို စွန့်လွှတ်ပြီး တခြားသူတွေလို ကလပ်တက်ပါတီတက်ပဲ လုပ်မှာလား၊ ဆက်လက်ဆုပ်ကိုင်ထားပြီး သူ့ရဲ့ယုံကြည်မှုနဲ့ပဲ တခြားသူတွေရဲ့ အမြင်ကို ပြောင်းလဲပစ်လိုက်မလားဆိုတာရယ် တိုနီရဲ့ ဘဝလေးရယ်ကို ဆက် လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(2.13 GB) / (512 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Thetti Tun Encoder……….Zin Phyo Aung

6.5 2013
Grow Up, Tony Phillips
The Prequel of Gold Convoyers 8: A Beacon Fire in LiaoDong
5.7

ဒါကတော့ The Prequel of Gold Convoyers ရဲ့(၈)ကားမြောက်ကားပဲဖြစ်ပါတယ်။ စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် မင်ခေတ် ကျားကျင့်နှစ်အတွင်းမှာ ဂျပန်ဓားပြတွေက တဖြည်းဖြည်း တိုးများလာပြီး မြောက်ပိုင်းလျောင်တုန်းမှ တောင်ပိုင်း မင်ယွဲ့ကမ်းစပ်တစ်လျှောက် ဂျပန်ဓားပြတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကိုခံနေရပါတယ်။ ဂျပန်ဓားပြတွေ မင်တိုင်းပြည်နယ်မြေကို ကျူးကျော်နေတဲ့အချိန်မှပဲ ဂျပန်ပြည်တွင်းစစ်ကလည်း အလွန်ဆိုးရွားနေပါတယ်။ ဖျင်အန်းပို့ဆောင်ရေးမှ ဂူဖျင်အန်းတို့ဟာ လျောင်တုန်းကို ပို့ဆောင်ရေးအတွက် ရောက်လာပါတယ်။ ကိုယ်ရံတော်တပ်ဖွဲ့ဝင်ဖြစ်တဲ့ ဝမ်ကျောက်ရှင်းဟာ ဟန့်လင်ရွာအနီးကို တာဝန်​ထမ်းဆောင်ဖို့ ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်။ ဂျပန်ဓားပြတွေ လုံကျိုးဖက်က ဝင်ရောက်လာပြီးနောက်မှာတော့ မင်တိုင်းပြည်နဲ့ ဂျိုဆွန်နယ်စပ်ကို ကျူးကျော်နေခဲ့ပြီး မင်တိုင်းပြည်ရဲ့ တတိယအဆင့်ရှိ ပွဲတော်သဘင်ဝန် ကုန်းအန်းဖူဟာ ဂျိုဆွန်က အပြန်လမ်းမှာ ဂျပန်ဓားပြတွေနဲ့တွေ့ပြီး ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ ကိုယ်ရံတော်တပ်ခေါင်းဆောင်က ဝမ်ကျောက်ရှင်းကို ကုန်းအန်းဖူကို တွေ့အောင်ရှာပြီး လျောင်ယန်ကို ပို့ဆောင်ပေးဖို့ တာဝန်ပေးခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ ဒုက္ခသည်တွေက အကူအညီတောင်းတာကို ကုန်းအန်းဖူက မျက်ကွယ်ပြုခဲ့လို့ ဂူဖျင်အန်းက ဒုက္ခသည်တွေကို လျောင်ယန်ကို အခမဲ့ပို့ဆောင်ပေးဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမဲ့လဲ လမ်းတစ်လျှောက် ဂျပန်နင်ဂျာတွေရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ဂူဖျင်အန်းတို့တတွေ လျောင်ယန်ကို လုံခြုံစွာပြန်ရောက်ပါ့မလား…… လမ်းတစ်လျှောက်လိုက်လာတဲ့ နင်ဂျာတွေကရော ဘာကိုလိုချင်လို့ လိုက်နေကြသလဲ…… အတွေးအခေါ်ခြင်း မတူကြတဲ့အခါ အရာရှိကို ဦးစားပေးသင့်လား ပြည်သူတွေကို ဦးစားပေးသင့်သလား…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု ခံစားလိုက်ရအောင်နော်။

Drama
5.7 2010
The Prequel of Gold Convoyers 8: A Beacon Fire in LiaoDong
Without Air

ဟန်ဂေရီ Drama ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် အကောင်းဆုံး ရုပ်ရှင်ဆု၊ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ သရုပ်ဆောင်ဆုတွေအများကြီးရထားတဲ့ ပညာရေးလောကကို မေးခွန်းထုတ်ထားတဲ့ ဇာတ်ကားလေးတစ်ကားပါ အန်နာ ဆိုတဲ့ ကျောင်းဆရာမတစ်ယောက်ဟာ သူ့ရဲ့ သင်ကြားပြသမှုတွေဟာ နာမည်လည်းကြီးသလို ကျောင်းသားတွေရဲ့ ချစ်ခင်မှုကိုလည်း ရရှိထားတဲ့ စာပေနဲ့ ပြဇာတ် ဆရာမတစ်ယောက်ပေါ့ တစ်နေ့မှာ ကျောင်းသားတွေကို ကဗျာတစ်ပုဒ်အကြောင်းသင်နေတုန်းမှာ ပိုပြီးကိုးကားလို့ရအောင် ရုပ်ရှင်ဇာတ်ကားတစ်ခုကို ညွှန်းမိပြီး ကျောင်းသားမိဘတစ်ယောက်က မသင့်တော်လို့ဆိုပြီး တိုင်ကြားအမှုဖွင့်တာကနေ စတဲ့ အရှုပ်ထုပ်ပေါ့……. လူ့သဘောသဘာဝအတိုင်း အောင်မြင်နေတဲ့သူကို ဝိုင်းပြီးအသရေဖျက်ဖို့ ကြိုးစားကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့…. မကျေနပ်တဲ့ ကျောင်းသားမိဘတွေနဲ့….. မိဘကျန်းမာရေး၊ LDRS ချစ်သူနဲ့ အဆင်မပြေမှုတွေကြားထဲကနေ စုံစမ်းစစ်ဆေးရေးခုံရုံအထိ တက်ဖိုက်ရပြီး ခေတ်ပေါ်ပညာရေးကဏ္ဍမှာ သင်ရိုးညွှန်းတမ်းတွေဟာ ထင်သလောက် ဘောင်မဝင်ဘူးဆိုတဲ့အကြောင်းနဲ့…… ချွန်ထွက်ရင် “တိ” ခံရတယ်ဆိုတဲ့ သောက်တလွဲ logic တွေအကြောင်းကို မီးမောင်ထိုးရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ…….. ဇာတ်ကားရဲ့နာမည်အတိုင်း Elfogy a levego “လေကုန်ပါတယ်” ဗျာ…… ကြည့်ရှုခံစားကြည့်လိုက်ပါဦး…….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.2 GB)/(563 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

Thriller • Drama
0 2023
Without Air
Poker Night
6.2

Breaking Bad ထဲမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ Giancarlo Esposito တို့ ဇာတ်ကြမ်းမင်းသားကြီး Ron Perlman တို့ အပြင် တခြားသောဂန္တဝင်မင်းသားကြီးတွေပါဝင် သရုပ်ဆောင် ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Old But Gold ဇာတ်ကားဟောင်းလေးတစ်ကားကိုပြန်လည်တင်ဆက် ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Poker Night ဖြစ်ပြီး IMDb Rating 6.2 အထိရရှိခဲ့တဲ့ မှုခင်းသည်းထိပ်ရင်ဖို ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ လူရယ်လို့ ဖြစ်လာရင် ဉာဏ်ပညာနဲ့ လွန်မှရတဲ့ အသိဆိုတာ လူတိုင်းမှာရှိစမြဲပါပဲ။ဉာဏ်ပညာဆိုတဲ့အရာမှာ အတွေ့အကြုံကနေ ရလာတဲ့ ဉာဏ်ပညာတွေက ပြဿနာတစ်ခုခု ကြုံလာရရင် ကိုယ့်ကိုချက်ချင်း မကူညီပေးနိုင်ပဲနဲ့ နောက်တစ်ခါကျရင် အဲ့လို ထပ်မဖြစ်အောင် ကူညီပေးနိုင်လောက်တဲ့အထိပဲစွမ်းဆောင် ပေးနိုင်ပါတယ်။ထိုနည်းတူ လွန်မှရတဲ့ အသိဆိုတာကလည်း ကိုယ်တစ်ခုခု အမှားလုပ်မိလိုက်တော့မှ သိလာရတဲ့အသိမျိုးဖြစ်တဲ့ အတွက် ကိုယ့်အတွက်ကတော့ အရမ်းကြီးအရေးမပါလှပါဘူး။ ဒါပေမယ့်ရဲတွေ စုံထောက်တွေရဲ့လုပ်ငန်းခွင်မှာတော့ အဲ့ဒီဉာဏ် ပညာနဲ့ လွန်မှရတဲ့အသိဆိုတာမျိုးက ကိုယ့်နောက်ကရောက်လာတဲ့ နောင်လာနောက်သားလူသစ်တွေအတွက်ကတော့ အရမ်းအရေးကြီး လွန်းပါတယ်။အဲ့လို ကိုယ့်အတွေ့အကြုံတွေကို မျှဝေမှပဲလူသစ်တွေက ကိုယ်မှားခဲ့တဲ့ အမှားတွေထပ်မဖြစ်တော့ပဲနဲ့ မှုခင်းတွေကို အန္တရာယ် ကင်းကင်း ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။အဲ့ဒီလိုမျိုး ကိုယ်ဖြစ်ခဲ့ ဖူးတဲ့ ဇာတ်လမ်းတွေကိုပြန်လည်မျှဝေဖို့အတွက်ဇာတ်ကားနာမည် အတိုင်း ပိုကာကစားတဲ့ညတစ်ည သတ်မှတ်ထားကြပြီး အဲ့ဒီညမှာ အကြမ်းဆုံးရဲတွေစုစည်းပြီး ကိုယ်ကြုံတွေ့ခဲ့ရတဲ့ ဇာတ်လမ်းတွေကို လူသစ်လေးတွေကိုပြောပြကြပါတယ်။ ဒီတစ်ခါမှာတော့ လူသစ်လေးကစတန်လို့ ခေါ်တဲ့ထူးချွန်ရဲတစ်ယောက် ဖြစ်ပြီး ရဲသားရာထူးကနေစုံထောက်ရာထူးကို တက်လှမ်းတော့မှာ ဖြစ်တဲ့အတွက် သူသိသင့်သိထိုက်တဲ့ပညာတွေကို ပိုကာကစားရင်းနဲ့ ပြောပြနေကြပါတော့တယ်။ဖြစ်ချင်တော့အဲ့ဒီကနေအပြန်မှာပဲ လူဆိုးတစ်ယောက်ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး သူသင်ယူထားတဲ့ ပညာတွေကို ချက်ချင်းကြီ းပြန်အသုံးချဖို့လိုလာတဲ့အခါမှာတော့ သူ့ရဲ့စီနီယာကြီးတွေဆီက ရထားတဲ့ဉာဏ်ပညာနဲ့ လွန်မှရတဲ့အသိတွေကို ပေါင်းစပ်ပြီး လွတ်မြောက်အောင်လုပ်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားစရာ ကောင်းကောင်းနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ File size…1.89 GB / 813 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 44m Genre ….. Crime , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.2 2014
Poker Night
Kung Fu Monster
5.7

Jan 3 (2018) ရက်နေ့ကမှ ရုံတင်ပြသသွားတဲ့ Kung Fu Monster ဆိုတဲ့ဇာတ်ကားကောင်း..ဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအညွှန်းလေးကတော့ မင်မင်းဆက်ခေတ်နှောင်းပိုင်းမှာ နန်းတွင်းမှာအာဏာကြီးနေတဲ့ မိန်းမစိုး စွေးယွိဟော့ဟာ အမွှေးမဲတွေဖုံးလွှမ်းနေတဲ့ မကောင်းဆိုးဝါး တစ်ကောင်ကို လူသတ်လက်နက်အဖြစ်လေ့ကျင့်ပေးဖို့ သူ့ရဲ့ကိုယ်ရံတော်ခေါင်းဆောင် ဖုံးစေ့ဟိုင်ကို တာဝန်ပေးလိုက်ပါတယ် ဒီမကောင်းဆိုးဝါးလေးရဲ့ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ဟန်ပန်လေးကို တွေ့ပြီးမလေ့ကျင့်ပေးရက်တော့ပဲ လွှတ်ပေးလိုက်မိတယ် ဒီလိုနဲ့ ဖုံးစေ့ဟိုင်နဲ့ မကောင်းဆိုးဝါးကောင်လေးကို ဆုတွေအများအပြား ထုတ်ပြီး လိုက်လံဖမ်းဆီးခြင်းကိုခံရတာပေါ့ ဖုံးစေ့ဟိုင်အဖမ်းခံရတဲ့အခါမှာ သူ့ချစ်သူက သူ့ကိုကယ်တင်ဖို့ အဖွဲ့တစ်ဖွဲ့စုပြီး တော့ မကောင်းဆိုးဝါးကောင်လေးနဲ့ပါ ပူးပေါင်းလိုက်ပါတယ်..ဒီလိုပုံစံမတူနဲ့အဖွဲ့နဲ့ မကောင်းဆိုးဝါလေးတို့ ပူးပေါင်းပြီး စွင်းယိဟော့ကိုဘယ်လိုရင်ဆိုင်ရကြမလဲ.. စိတ်ဝင်တစားစောင့်ကြည့်ရမယ့်ဇာတ်ကားလေးဖြစ်သလို Monster နဲ့ပတ်သတ်တဲ့တရုတ်ကားတွေထဲမှာတော့ ဒီကားလေးကိုအတော်လေးသဘောကျမိပါတယ် ဘာသာပြန်နဲ့အညွှန်း Phyo Zaw ဖြစ်ပါတယ်

5.7 2019
Kung Fu Monster
Scent of a Woman
8

Scent of a Woman (1992) IMDb (8.0) / Rotten Tomatoes (88 %) Won 1 Oscar. Another 5 wins & 14 nominations ဒီတစ်ခါ Old But Goldတွေထဲကပဲ ကျွန်တော်တို့သရုပ်ဆောင်အကောင်းဆုံး မင်းသားလို့သိကြတဲ့ Godfatherကြီး Alpacinoရဲ့ Leding Roleကနေအော်စကာရခဲ့တဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားထဲက Alpacinoနဲ့ အတူသရုပ်ဆောင်ရမဲ့နေရာအတွက် Matt Damon, Braden Fraser, Ben Affleck တို့ Audience ဝင်ခဲ့ကြပေမဲ့ Chris O’Donnell က ရသွားခဲ့ပါတယ်။ ဒီ ရုပ်ရှင်ရဲ့ နာမည်ကိုကအတော်လေး ဆွဲဆောင်မှု ရှိပါတယ်… “Scent Of A Woman မိန်းမတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့” ဇာတ်ကြောင်းအကျဉ်းကတော့အထက်တန်းကျောင်းမှာ ပညာသင်ဆုနဲ့ ကျောင်းတက်နေရတဲ့ ကောင်လေးတစ်ယောက်ဟာခရစ္စမတ်ပိတ်ရက်အိမ်ပြန်စရိတ်ရှာဖို့ ခရစ္စမတ်မတိုင်ခင် ကျေးဇူးတော်နေ့ပိတ်ရက်မှာ အချိန်ပိုအလုပ်တစ်ခု လက်ခံခဲ့ပါတယ်။ သူ လုပ်ရမဲ့အလုပ်ကတော့ မျက်စိကွယ်နေတဲ့အငြိမ်းစားဒုဗိုလ်မှူးကြီးတစ်ဦးကို စောင့်ရှောက်ရမှာပါ။ သူစောင့်ရှောက်ရမဲ့လူကလည်း တော်ပြီး အရည်အချင်းရှိသလောက် ဒေါသကြီးပြီး အရာရာကို စိတ်တိုင်းမကျဖြစ်နေတက်တဲ့ လူ့ဂွစာပါ။ ဒီ ဇာတ်ရုပ်ကိုလည်း ကျွန်တော်တို့်ရဲ့Godfaherကြီး Alpacinoက ခပ်ကြမ်းကြမ်းဟောက်ချက်တွေOver မဖြစ်တဲ့ တိုက်ခိုက်မှုတွေနဲ့ ဖော်ပြခဲ့သလို Oscar ဆုရခဲ့တဲ့အထိအပီပြင်ဆုံး သရုပ်ဆောင်ခဲ့ပါတယ်။ Godfather ထွက်ပြီး ၂နှစ်အကြာထွက်ခဲ့တဲ့ကားဆိုတော့ကာ သူတို့၂ယောက်စတွေ့တဲ့အခန်းမှာGodfatherဟန်မပျောက်သေးဘူး မှတ်ရလောက်အောင် ဂေါ်တဲ့စတိုင်ကို မြင်ရဦးမှာပါ။ လူ့ဂွစာတွေ စရိုက်အတိုင်း သူတို့၂ယောက်ဟာသဟဇာတမဖြစ်တာတွေကြုံရပေမဲ့ တစ်ယောက်သဘော တစ်ယောက်နားလည်လာတဲ့အခါ လူသားပီပီသသ တစ်ယောက်နဲ့တစ်ယောက်ဘယ်ရွေ့ ဘယ်မျှအထိ နှလုံးသားချင်း နီးစပ်သွားကြမလဲဆိုတာကို…ကျွန်တော်တို့ တငွေ့ငွေ့ ခံစားရမှာပါ။ ဒီဇာတ်လမ်းနဲ့”Scent Of A Woman မိန်းမတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့”ဆိုတဲ့ခေါင်းစဉ် ဘယ်လို ပက်သက်သွားလဲဆိုတဲ့ အမေးတော့ ရှိမှာပါ။ “ကိုယ်သင်းနံ့ဟာ ဆွဲဆောင်မှုဆိုတာရဲ့ အပြင်းဆုံး လက်နက်တစ်မျိုးပဲ ဒီလက်နက်ကို ကောင်းကောင်းအသုံးချတက်တဲ့မိန်းမတစ်ယောက်ဟာ တခြားသော လက်နက်တွေကို မလိုတော့ဘူး “ဆိုတဲ့စကားလေးနဲ့ ချိတ်သွားသလို ဒီကားရဲ့ အဓိကဇာတ်ဆောင်ဟာ မျက်မမြင် တစ်ယောက်ပါ။ မထိမကိုင်ရပဲမျက်မမြင်တစ်ယောက် ခံစားနိုင်မဲ့ အမြင့်ဆုံးလိင်အာရုံ အရသာက ကိုယ်သင်းရနံ့ပါပဲ.။ Oscar သုံးနေရာအတွက် ရာထားခံရပြီး Oscar တစ်ခုရခဲ့တဲ့ ဒီရုပ်ရှင်ဟာ နာမည်ပေးအရမ်းလှသလို ရသလည်းမနုံနဲ့ခဲ့ပါဘူး…ရုပ်ရှင်တစ်ကားကြည့်ပြီး တစ်စုံတစ်ရာသော ခံစားချက်ရယူချင်တယ်ဆိုပါစို့… ဒီကားဟာ ခင်ဗျား ခံစားကြည့်သင့်တဲ့ကားတစ်ကားပါပဲ။ (ရုပ်ရှင်အညွှန်းကို Wira Aung မှရေးသားပေးပြီး ဘာသာပြန်သူကတော့ ညီမငယ် Tinnilar Lwin ပဲဖြစ်ပါတယ်…)

8 1992 156 mins
Scent of a Woman
Outbreak
5.5

ဒီတစ်‌ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ Psychological Thriller အမျိုးအစားဇာတ်ကားလေးဖြစ်ပြီး ဒီကားလေးမှာဆိုရင်တော့ သားဖြစ်သူသေဆုံးမှုကြောင့် စိတ်နှလုံးကွဲ‌ကြေနေတဲ့ Neil Morris နဲ့ Abby Morris တို့ ဇနီး‌မောင်နှံနှစ်ယောက် Zombie ဆန်ဆန်‌ ရောဂါပိုးကူးစက်မှုကနေ ထွက်ပြေးကြပုံကို အသည်းအေးစရာအနေနဲ့ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်… Psychological Thriller တစ်ကားဖြစ်တာနဲ့အညီ အဓိကဇာတ်ကောင် Neil Morris ရဲ့ အတွင်းစိတ်တိုက်ပွဲကို အသားပေးတင်ဆက်ထားပြီး အတိုက်အခိုက် အသတ်အပုတ် ဇာတ်ဝင်ခန်းတွေကို ပါလေကာမျှသာ ထည့်သွင်းရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ အကြောက်တရားနဲ့ ရှုပ်‌ထွေးတဲ့ခံစားချက်တွေ ရောပြွန်းထားတဲ့ ဇာတ်ကောင်အခြေပြု Thriller ကား နှစ်သက်သူတွေ အတွက် မြည်းစမ်းကြည့်ထိုက်တဲ့ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်… မိသားစုတွင်းဆက်ဆံရေးပြဿနာကို အခြေပြုပြီး ဇာတ်အိမ် တည်ထားတဲ့ ဒီ Thriller ဇာတ်ကားလေးဟာ Jump scare တွေမပါဘဲ ဇာတ်လမ်းတည်ဆောက်မှု ဖြေးဖြေးနှေးနှေးဖြစ်တာကြောင့် Drama ချစ်သူတွေလည်း မတူထူးခြားတဲ့အရသာတွေ့နိုင်မယ့် ကားလေးဖြစ်လို့ မြည်းစမ်းခံစားကြည့်ဖို့ ညွှန်းဆိုလိုက်ရပါတယ်… File size… (1.30GB) / (744MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

5.5 2024
Outbreak
Foremost by Night

ဒီဇာတ်လမ်းလေးကတော့ Crime/ Drama အမျိုးအစားဖြစ်ပြီး စပိန်နိုင်ငံအတွင်း Francisco Franco အာဏာရစဥ်ကာလမှာ ဖြစ်ပွားခဲ့တဲ့ ကလေးသူငယ်မှောင်ခိုမှုတွေကိုအခြေခံထားပြီး အဲဒီကာလမှာသားကောင်ဖြစ်ခဲ့ရတဲ့သူတွေဖြစ်တဲ့ Vera, Egoz နဲ့ Cora ဆိုတဲ့ လူသုံးယောက်အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ခိုးယူခံလိုက်ရတဲ့မိမိရဲ့ရင်သွေးကိုရှာဖို့အတွက် နည်းမျိုးစုံကြံစည်ရင်း ရှာဖွေနေတဲ့ Vera ဟာ ခိုးယူမှောင်ခိုကူးခံလိုက်ရတဲ့သားတစ်ဖြစ်လည်း ကလေးမရနိုင်တော့လို့ ကလေးမွေးစားဖြစ်ခဲ့တဲ့ Cora ဆိုသူအမျိုးသမီးရဲ့ မွေးစားသားအဖြစ် Egoz တို့ဟာ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ တွေ့ဆုံကြရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အခုလိုတွေ့ဆုံဖြစ်ကြရင်း Vera က သူရဲ့နောက်ထပ်ဆန္ဒတစ်ခုဖြစ်တဲ့ မှောင်ခိုသမားတွေကို လက်စားချေဖို့ကြိုးစားရမှာပါ။ ဒီလိုနဲ့ Vera ရဲ့အကြံအစည်တွေဟာ အောင်မြင်သွားမလား သူတို့သုံးယောက်ကရော ဘယ်လိုတွေဆက်ဖြစ်သွားကြမလဲဆိုတာကြည့်ရှုရင်း စပိန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ကလေးသူငယ်မှောင်ခိုမှုရဲ့ နောက်ကွယ်က ဆိုးရွားတဲ့အကြောင်းအရာတချို့ကို တစေ့တစောင်းသိရှိနိုင်မယ့် စပိန်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Mystery, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Vivien Cho

0 2024
Foremost by Night