YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Scandal.Of.Chun.Hwa.2025.E10.720p.WEB-DL.[RMC].End.mp4

577.83 MB N/A video/mp4 7 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Red Sorghum
7.2

~ IMDb - 7.3/10, Rotten Tomatoes - 85% ~ ကျန်းရိမူရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ ဒီရုပ်ရှင်ဟာ တရုတ်စာရေးဆရာ Mo Yan ရဲ့ Red Sorghum ဝတ္တုထဲပါတဲ့ ဝတ္တုလတ်ငါးပုဒ်ထဲက ပထမ၂ပုဒ်ဖြစ်တဲ့ "Red Sorghum" နဲ့ "Sorghum Wine" ကို ပေါင်းပြီး ရိုက်ထားတယ်။ ဒီငါးပုဒ်လုံးက ဆက်တော့ဆက်နေပေမဲ့ တကယ်တမ်း စာရေးဆရာက မဂ္ဂဇင်းမှာ တစ်ပုဒ်ချင်းစီ ခွဲရေးခဲ့တဲ့ ဝတ္တုလတ်တွေဆိုတော့ ဝတ္တုလတ်၂ပုဒ်လို့ပြောရင်တော့ ပိုမှန်လိမ့်မယ်။ Red Sorghum ဟာ ကျန်းရိမူရဲ့ ပွဲဦးထွက်လက်ရာပေမဲ့ စီနီမာတိုဂရပ်ဖီကတော့ တော်တော်လေး ကြမ်းနေတာတော့ အံ့အားသင့်ဖို့ကောင်းတယ်‌ ပြောရမလိုလို မဆန်းသလိုလိုပါပဲ။ ဘာလို့ဆို ကျန်းရိမူဟာ ဒီကားမရိုက်ခင် စီနီမာတိုဂရပ်ဖာအနေနဲ့ ရုပ်ရှင်လောကမှာ အသက်မွေးဖူးတဲ့လူမို့ပါပဲ။ ဒါပေမဲ့ ဆန်းတာက ဒီကားဟာ ဒီကားရဲ့ စီနီမာတိုဂရပ်ဖာ Gu Changwei ရဲ့ ပထမဆုံး စီနီမာတိုဂရပ်ဖာလုပ်တဲ့ကားလည်း ဟုတ်နေတာပါပဲ။ ကျန်းရိမူရဲ့ Visionary ကြောင့်လားတော့မသိပါဘူး။ အရောင်အသွေး အလင်း အထားအသို အကုန်လှပနေတဲ့ ပုံရိပ်တွေနဲ့ ပြည့်နှက်နေတယ်။ စာအုပ်နဲ့ ယှဉ်ရင်တော့ အများကြီးဖြုတ်ချလိုက်သလိုတော့ ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ကျန်းရိမူဟာ ရုပ်ရှင်တစ်ကားအနေနဲ့ အလှပဆုံးအသက်သွင်းထားတာဆိုတာတော့ အာမခံလို့ရတယ်။ ဇာတ်ကတော့ မြေးတစ်ယောက်က သူ့ဇာတိအကြောင်း သူ့အဘိုးအဘွားတွေအကြောင်းကို ပြန်ပြောင်းပြောတဲ့ဇာတ်လမ်းကို ကျွန်တော်တို့ နားထောင်ရသလိုဇာတ်ပဲ။ အဖြစ်မှန်တွေရော ယုံတမ်းလား မသေချာတာတွေရော ပေါင်းစပ်ပြီး ပြန်ပြောပြတဲ့ စိတ်ဝင်စားစရာဇာတ်လမ်းတစ်ပုဒ်ပေါ့။ ဇာတ်လမ်းက သိပ်ရိုးရှင်းတယ်။ ဒါပေမဲ့ ဒီဇာတ်ရဲ့အလှကိုက ဒီရိုးရှင်းမှုဖြစ်နေပြန်တာပဲ။ အကြောင်းအရာ ပြန်အချိုးချကြည့်ရင် ဘာမှသိပ်ပါတာမဟုတ်ပေမဲ့ သူ့ပါတာလေးတွေနဲ့တင် အပိုအလိုမရှိ တည့်တည့်ဝင်ဆောင့်နိုင်တဲ့ အရှိန်အဟုန် အင်အားမျိုးရှိနေတယ်။ ကျန်းရိမူဟာ ပွဲဦးထွက်ကတည်းက တော်တော်အားကောင်းခဲ့တဲ့ ဒါရိုက်တာဖြစ်ကြောင်း သက်သေခံနေတဲ့ကားလို့ပြောရင်လည်း မမှားလောက်ဘူး။ ဒီကားဟာ ကျန်းရိမူရဲ့ ဂေါင်လီရဲ့ ပွဲဦးထွက်ကားလည်း ဟုတ်တယ်။ ဒီကားမှာ ဘာတွေမြင်ရမလဲမေးလာရင်တော့ ယုံတမ်းဆန်တဲ့လူ့ဘဝတွေ၊ ယုံတမ်းဆန်တဲ့ ရက်စက်မှုတွေအကြောင်းလို့ ဖြေရမှာပဲ။ ဒါပေမဲ့လည်း တစ်ခါတလေ ကျွန်တော်တို့ဘဝတွေရော ကျွန်တော်တို့တွေရောက ယုံရခက်လောက်အောင် ရက်စက်တတ်ကြတာပဲမို့လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.8GB, 1GB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 31Min Genre - Drama, History, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Drama • History • War
7.2 1988 91 mins
Red Sorghum
Luzifer
5.3

~ Rotten Tomatoes - 100% ~ Horror ရုပ်ရှင်ပေမဲ့ ကနေဒါက ရုပ်ရှင်ပွဲတော်တွေမှာ Best Picture ရထားပါတယ်။ Horror ဆိုပေမဲ့ အကြမ်းပတမ်းတွေ မပြဘဲ သိမ်သိမ်မွေ့မွေ့နဲ့ စိတ်ညစ်အောင် ရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ ဂျာမန်စကားပြောရုပ်ရှင်ဖြစ်ပြီး Rotten Tomatoes 100% ရထားတဲ့ Art House ဆန်ဆန် ရုပ်ရှင်လို့ပြောလည်း မမှားပါဘူး။ ဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဘာသာရေးတွေ နတ်ဆိုးတွေနဲ့ ဆိုက်ကိုဆန်ဆန် ပုံဖော်ထားပါတယ်။ အသက်ကြီးလာပေမဲ့ ကလေးစိတ်ပဲရှိသေးတဲ့ သားကို ကာကွယ်ပေးချင်လို့ လူမနီးသူမနီးတောကြီးထဲ သွားနေတဲ့အမေနဲ့ သူ့သားကြားက စိတ္တဇဆန်ဆန်ဖြစ်ရပ်တွေကို စိတ်ညစ်စရာကောင်းအောင် ရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ Metaphor တွေ တပုံတပင်သုံးထားတဲ့ ဥရောပ Art Houseရုပ်ရှင်တွေကို မြည်းစမ်းကြည့်ချင်တဲ့သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်ပြီး Actor တွေရော Actress တွေရော ရုပ်ရှင်ပွဲတော်တွေမှာ ဆုရထားပါတယ်။ တလောကထွက်ခဲ့တဲ့ You Won't Be Aloneဆိုတဲ့ Art House ဆန်ဆန် စုန်းကားနဲ့ ပြသပုံတောင်နီးစပ်ပါတယ်။ အရသာတော့မတူဘူးပေါ့။ ဒီရုပ်ရှင်က ဘုရားသခင်ကို ယုံကြည်ပြီး နတ်ဆိုးဆိုတာ ဘာလဲအဖြေရှာတဲ့ ရုပ်ရှင်နဲ့ပိုတူပါတယ်။ ရှားရှားပါးပါး Horror ရုပ်ရှင်ကို RT 100% ရထားပြီး ဆုတွေအများကြီးရထားတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.31GB, 571MB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 43Min Genre - Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy
5.3 2022 103 mins
Luzifer
I Am Not an Easy Man
6.3

အကယ်၍များ ကျား၊မ ခွဲခြားမှုတွေသာ ပြောင်းပြန်ဖြစ်သွားရင် ဘယ်လိုဖြစ်သွား မလဲ။ ကမ္ဘာကြီးအပေါ်‌ ဘယ်လိုသက်ရောက်မှုတွေ ရှိသွားမလဲ။ ဒါတွေရဲ့ အဖြေ ကတော့ ဒီဇာတ်ကားထဲမှာ ရှိပါတယ်။ တစ်ရက်မှာ ဒေမီယန်ဆိုတဲ့ လူ့အခွင့်အရေးတွေအပြည့်အဝရထားပြီး မိန်းမပွေတဲ့ လူတစ်ယောက်က ဓာတ်တိုင်နဲ့ဝင်တိုက်၊ သတိမေ့ပြီး အခြားကမ္ဘာကိုရောက်သွား တယ်။ သူနိုးလာတဲ့အခါမှာကြည့်ကြည့်တော့လည်း ကမ္ဘာကြီးက ဒီအတိုင်းပဲ ဒါပေမဲ့ ယနေ့ကမ္ဘာကြီးနဲ့မတူတာက အဲမှာက အမျိုးသမီးတွေကြီးစိုးနေတာပါပဲ။ ဆိုတော့ ဒေမီယန့်လို လူမျိုးက အဲ့ကိုရောက်သွားတယ်ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်မလဲ။ ကျား၊မ ခွဲခြားမှုတွေက လူ့အသိုင်းအဝိုင်းအပေါ် ဘယ်လောက်အထိသက်ရောက်မှု ရှိလဲဆိုတာကို မီးမောင်းထိုးပြထားတဲ့ Netflix ရဲ့ ပြင်သစ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(1.61 GB) / (689 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy, Romance Translator......Khant Sett Naing Encoder..........SWM

Action • Drama
6.3 2018 98 mins
I Am Not an Easy Man
One Missed Call 3: Final
4.9

One Missed Call : Final (2006) ဒီ One Missed Call – Final ဆိုတဲ့ horror movie လေးဟာဆိုရင်တော့ အတန်းထဲမှာအနိုင်ကျင့်ခံရတဲ့ကျောင်းသူလေး Asuka ဆိုတဲ့တစ်ယောက်ကနေစတင်လိုက်တဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် ဒီကျောင်းသူလေးဟာဆိုရင်အနိုင်ကျင့်ခံရတဲ့ဘဝကနေလွတ်မြောက်အောင် ကိုယ့်ကိုကိုယ်ကြိုးဆွဲချခဲ့ပေမယ့်လည်း ကံကောင်းစွာနဲ့ အသက်မသေဘဲ ကိုမာအဖြစ်နေနေရတာပါ ဒါပေမယ့်ကျောင်းသားတွေကိုးရီးယားကိုအလည်အပတ်ခရီးစဥ်သွားဖို့သင်္ဘောပေါ်တက်တဲ့အချိန်မှာတော့ ကိုယ့်နာမည်နဲ့ကိုယ့်ဖုန်းထဲကိုဝင်လာပြီး တစ်ယောက်ပြီးတစ်ယောက်ထူးဆန်းစွာသေဆုံးကုန်ကြတယ် တစ်ခြားသူကိုပြန်ပို့ရင်တော့အသက်ရှင်မယ်ဆိုတော့သေရေးရှင်ရေးကြားမှာသံယောဇဥ်ဆိုတာမြဲပါ့မလား ဒီသေဆုံးမှုကရောအနိုင်ကျင့်ခံရတဲ့ကျောင်းသူလေးရဲ့ကျိန်စာဖြစ်နေမလား ဒီလိုကျိန်စာအီးမေးလ်တွေကနေရောအသက်ရှင်လျက်နဲ့လွတ်မြောက်နိုင်မလားဆိုတာကြည့်လိုက်ရအောင်ပါနော် ဒီကားမှာတော့ ကိုရီးယားမင်းသားချော Jang Geun Suk လည်း ပါဝင်ထားပါသေးတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Yong Hom ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p | 480p File size… 1.9GB | 904MB | 434MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Yong Hom Encoder ….. August

Action • Comedy • Crime • Drama
4.9 2006
One Missed Call 3: Final
The Ritual Killer
4.1

The Ritual Killer (2023) ================= မင်းသားကြီး Morgan Freeman ပါဝင်ထားတဲ့ Thriller ကားသစ်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ် ကြောင်းကတော့ ရက်ရက်စက်စက် လူလိုက်သတ်တဲ့ ကွင်းဆက်လူသတ်သမားအကြောင်းပေါ့လေ။ ဒီထဲမှာတော့ Morgan Freeman ဟာ ပရော်ဖက်ဆာ တစ်ယောက်နေရာကနေ ပါဝင်ထားပါတယ်။ စုံထောက် ဘွိုက်ကတော့ သမီးလေးကို ဆုံးရှုံးထားရတဲ့ စိတ်ဒဏ် ရာနဲ့ဖခင်တစ်ယောက်ပါ။ တစ်နေ့ကျ ဟိုတစ်နေရာ ဒီနေရာကနေ ကျားမမရွေး အရွယ်စုံလူမျိုးစုံ လူသေအလောင်းတွေပေါ်လာပါတော့ တယ်။ ပုံစံအနေအထားအရ လူတစ်ယောက်တည်းက လုပ်မှန်းထင်ရှားနေပါပြီ။ ရိုးရာသက်ဝင်ယုံကြည်မှုတွေပါ ပါလာတာကြောင့် ပရော်ဖက်ဆာနဲ့ စုံထောက်ကြီးတို့ ပူးပေါင်းပြီး လူသတ်သမားကို ဖော်ထုတ်ကြတာပေါ့။ ဇာတ်ညွှန်းကို ဒီမှာတင်ပဲရပ်ပါရစေ အများကြီးရေးရင် ပေါ့သွားမှာစိုးလို့ ပရိတ်သတ်ကြီးတို့ ကိုယ်တိုင်ပဲ ကြည့် လိုက်ကြပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှ ရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size……….(1.45 GB) / (575 MB) / (335 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 32Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….CM Team Encoder……….SWM

Drama
4.1 2023
The Ritual Killer
The Book and the Sword
5.9

ဒီတစ်ခေါက်တော့ CM ရဲ့ ပရိသတ်တွေအတွက် သိုင်းကွက်လှလှလေးတွေနဲ့ ကွန်ဖူးသိုင်းကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ဟုန်ဟွားအဖွဲ့ရဲ့ဌာနချုပ်ဟာ ညတွင်းချင်းဖျက်ဆီးခံခဲ့ရပြီး ဂိုဏ်းချုပ် ၄ ဝိန်ထိုက်လိုင်ဟာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဓားသိုင်းပညာသင်ယူပြီး ပြန်လာတဲ့ ချန်ကျားလော့ဟာ ဟန်ကျိုးမှာ ကြေးစားလူသတ်သမားအများအပြားရဲ့ လုပ်ကြံခြင်းကို ခံရပြီး ပိုင်ဟွားကယ်မှအလှမယ် ယွိရူယိရဲ့ ကယ်တင်ခြင်းကို ခံခဲ့ရပါတယ်။ ယွိရူယိထံမှ ချန်ကျားလော့ဟာ ဟုန်ဟွားအဖွဲ့ရဲ့ ဂိုဏ်းချုပ်အသစ်ဖြစ်သွားပြီး အရင်ခေတ်ဖူဝမ်ရဲ့ရတနာလျှို့ဝှက်ချက်ကိုသိထားကြောင်း ကောလာဟလထွက်နေတဲ့အကြောင်းကို သိခဲ့ရပါတယ်။ ချန်ကျားလော့ဟာလည်း ထိုကောလာဟလကို အသုံးချပြီး ရတနာရဲ့လျှို့ဝှက်ချက်နဲ့ ရုပ်ပြောင်းရုပ်လွှဲကျွမ်းကျင်တဲ့ ယွိရူယိနဲ့ အပေးအယူလုပ်ခဲ့ပါတယ်။ သူတို့ဟာ စားရေးချန်ဆီမှ ဝိန်ထိုက်လိုင်ကို ဟန်ကျိုးရှိလျှို့ဝှက်ထောင်ထဲမှာ ဖမ်းထားကြောင်း သိခဲ့ရပါတယ်။ လျှို့ဝှက်ထောင်အပြင်မှာ ချန်ကျားလော့နဲ့ ယွိရူယိတို့ဟာ ဟုန်ဟွားအဖွဲ့မှ ကျောက်ပန့်ရှန်း၊ လော့ပင်း၊ လီဟန့်ဝိန်တို့နှင့် တွေ့ဆုံခဲ့ပါတယ်။ သူတို့ ၅ ယောက်ပူးပေါင်းပြီး ဝိန်ထိုက်လိုင်ကို ကယ်တင်ချိန်မှာ ပုန်းလျှိုးတိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။ ဂိုဏ်းချုပ်ကြီး သေဆုံးသွားပြီးနောက် ယိုယွင်းပျက်ဆီးနေတဲ့ ဟုန်ဟွားအဖွဲ့ကြီးကို ချန်ကျားလော့တစ်ယောက် ဘယ်လိုပြန်ပေါင်းစည်းမလဲ…… ဟုန်ဟွားအဖွဲ့ထဲက သစ္စာဖောက်သူတွေကရော ဘယ်သူတွေ ဖြစ်နေမလဲ…… ဖူဝမ်ရဲ့ရတနာကိုရော ချန်ကျားလော့တို့တတွေ ရှာတွေ့နိုင်ပါ့မလား…… ဆိုတာကို CM ရဲ့ဘာသာပြန်လေးနဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။

5.9 2023
The Book and the Sword
An Instant Dad
5.7

Ricky က ဘဝကို ပျော်ပျော်နဲ့ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ လူပျိုကြီးတစ်ယောက်ပါ။ သူငယ်ချင်းအုပ်စုနဲ့အတူ သောက်စားလိုက် ကောင်မလေးတွေ မျိုးစုံတွဲလိုက်နဲ့ ဘဝကို အတည်တကျမရှိပဲ ဖြတ်သန်းနေပါတယ်။ တစ်နေ့တော့ သူ့အိမ်ပေါက်ဝကို ၁၀နှစ်အရွယ် Amyဆိုတဲ့ကလေးမလေးတစ်ယောက် ရောက်လာပြီး သူ့သမီးဖြစ်ကြောင်းပြောပါတယ်။ ကလေးရဲ့ မိခင်ကလည်း ဆုံးပါးသွားပြီး အဖွားဖြစ်သူကလည်း ဂေဟာမှာနေရတာကြောင့် အုပ်ထိန်းမယ့်သူမရှိတဲ့ Amy ကို Ricky ကပဲ ကြည့်ပေးထားရပါတယ်။ အပျော်အပါးကြိုက်တဲ့ Rickyက ကလေးကို စစချင်းလိုချင်စိတ်မရှိခဲ့ပါဘူး။ Amyက တစ်ချိန်က Rickyရဲ့ ငယ်ချစ်ဦးရဲ့ သမီးလေးလည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ သားအဖကြား ဘယ်လို သံယောဇဥ်တွေ တိုးလာပြီး Amyလေးကို Ricky တစ်ယောက် ပျိုးထောင်နိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.3 GB)/(677 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

5.7 2023
An Instant Dad
All Tied Up
4.5

Genre – Comedy, Crime ၉၀ ဝန်းကျင်က အချောအမောတွေကို အမြင်တစ်မျိုးနဲ့ ပြန်ပြီးကြည့်ရှုရမယ့် ဟာသရိုမန့်စ်ကားလေး ဖြစ်ပါတယ်။ ဘရိုင်ယန်ဆိုတဲ့ဘဲက အယ်အေကသတင်းစာတိုက်တစ်ခုက စာရေးဆရာ ဆော်ကြည်ဘဲတစ်ယောက်ပေါ့ဗျာ ဘားကနေ ဆော်ပေါင်းစုံကို သမပြီး ပတ်စားခဲ့လို့ မှတ်စုစာအုပ်နဲ့ပါ မှတ်ထားရတဲ့အထိရှိတယ်။ ဒါပေမဲ့လည်း ဒီဘဲမှာ လင်ဒါဆိုတဲ့ချစ်သူလေးတစ်ယောက်ရှိတယ် သူ့ကိုတော့ Playboy ဘဝကို စိတ်ကုန်ပြီး အတည်တကျ လက်ထပ်ယူဖို့ ဆန္ဒရှိတော့ စေ့စပ်လက်စွပ်လေး ဝယ်ထားပြီး ခရီးက ပြန်လာရင် ခွင့်ပန်မယ်ဆိုပြီး ကြံထားတာပေါ့လေ။ ဒီလိုနဲ့ တစ်ညကျ သူ့ဘော်ဒါ ဂေါ်မစွံဘဲကြီးကို ဆော်လေးတစ်ပွေနဲ့ ချိတ်ပေးလိုက်ရာက ဒီဆော်လေးက သူ့ဘော်ဒါနဲ့တင် အားမရပဲ သူ့ဆီကိုပါ အိမ်ကူးလာပါတယ်။ ဒါပေမဲ့ လိမ်မာသွားတဲ့ ဘရိုင်ယန်တစ်ယောက်ကတော့ စားဘဲကြီးမလုပ်ခဲ့ပဲ လိမ်လိမ်မာမာနဲ့ ကောင်မလေးကို ဒီတိုင်း ပြန်အိပ်ခိုင်းလိုက်ပါတယ်။ မနက်ကျတော့ ညအချိန်မှ ခရီးကပြန်လာရမယ့် ချစ်သူလင်ဒါက မနက်စောစော စပရိုက်စ်တိုက်ဖို့ ရောက်ချလာပြီး ဘရိုင်ယန့်ကို ဆော်တစ်ပွေနဲ့ တွေ့လိုက်တဲ့အခါမှာတော့ စိတ်ကောက်ပြီး သူ့ဘော်ဒါ ၂ ယောက်ဆီ ပြန်သွားတဲ့အခါ ဘရိုင်ယန်တစ်ယောက် လိုက်ချော့တော့ မယ်မင်းကြီးမ ၃ ယောက်သား ပူးပေါင်းပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ဘရိုင်ယန့်ကို ဖမ်းဆီးကြိုးတုပ် အိမ်မှာ ဖမ်းထားလိုက်တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size… 1.6 GB / 767 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Comedy/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

4.5 1993 92 mins
All Tied Up
The Bravest Escort Group
8

မန်ချူးခေတ်ဦးပိုင်းကာလမှာ စစ်မက်တွေဟာအဆက်မပြတ်ဖြစ်နေပြီးတော့ ပြည်သူတွေဒုက္ခရောက်ရတဲ့အချိန်ပဲဖြစ်တယ်။ အဲဒီရှုပ်ထွေးတဲ့ခေတ်ပျက်အချိန်ကာလမှာ ကတိသစ္စာတည်တဲ့ ချင်းဖျင်ဆိုတဲ့ ပို့ဆောင်ရေးလုပ်ငန်းတစ်ခုရှိပါတယ်။ ကျိုးဘုရင် ဝူစန်းကွေ့နတ်ရွာစံသွားပြီးနောက်မှာ သူ့ရဲ့မျိုးဆက်နဲ့ရတနာတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ချုံအန်းကိုဘေးဘေးကင်းပို့ပေးနိုင်ဖို့ လိုအပ်လာတဲ့အချိန်မှာ ချင်းဖျင်ပို့ဆောင်ရေးလုပ်ငန်းကိုရွေးချယ်လိုက်တဲ့အတွက် ပို့ဆောင်ရေးခရီးစတင်လိုက်ပါတယ်။ သိုင်းလောကမှာ သူတို့ဆီမှာရတနာသိုက်မြေပုံရှိတယ်လို့ သတင်းပြန့်နေတဲ့အတွက် လမ်းမှာအန္တရာယ်တွေတစ်လှိုင်းပြီး တစ်လှိုင်းရောက်လာတဲ့အခါ သူတို့ဟာ ဒီခရီးကိုပြီးဆုံးတဲ့အထိပို့ဆောင်နိုင်ပါ့မလား…… အဖွဲ့သားတွေရဲ့အသက်အန္တရာယ်ကြောင့် ဒီအလုပ်ကိုစွန့်လွှတ်လိုက်ဖို့အတွက်ကလဲ ဒါကစစ်မက်တွေအဆုံးသတ်သွားဖို့အတွက် အရေးကြီးနေတော့ ဘယ်လိုရွေးချယ်ရပါ့မလဲ……

8 2018
The Bravest Escort Group
The Last Journey aka Den Sista Resan
8.2

The Last Journey (2024) Den Sista Resan လို့ခေါ်တဲ့ ဒီကားလေးဟာ ၂၀၂၄ခုနှစ်ထွက် ဆွီဒင် Documentary Film တစ်ခုဖြစ်ပါတယ်။ Filip Hammar နဲ့ Fredrik Wikingsson တို့ ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဒီ film မှာတော့ အငြိမ်းစားယူသွားပြီဖြစ်တဲ့ Filip Hammar ရဲ့ အဖေဖြစ်သူ ပြင်သစ်ဆရာ Lars Hammar ကို သူ့ဘဝရဲ့ နောက်ထပ်အလင်းရောင်ကိုမြင်နိုင်စေဖို့အတွက် Filip Hammar က သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း Fredrik Wikingsson နဲ့အတူတူ အဖေဖြစ်သူချစ်တဲ့ ပြင်သစ်နိုင်ငံဆီ အလည်ခေါ်သွားရင်းနဲ့ သူတို့ရဲ့ငယ်ဘဝ အမှတ်တရတွေကို ပြန်လည်ဖော်ထုတ်တဲ့ ခရီးစဉ်အကြောင်းကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။ IMDb 8.2/10 ရထားတဲ့ ဒီကားဟာ ဆွီဒင် documentary film သမိုင်းမှာ highest-grossing ဖြစ်လာတဲ့ film တစ်ခုလည်းဖြစ်ပါတယ်။

Drama • Comedy • Romance
8.2 2024 90 mins
The Last Journey aka Den Sista Resan
The Ghost Who Walks
5.5

The Ghost Who Walks(2019) IMDb….5.5 CM ပရိသတ်ကြီးကို Action ,Crime ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် … ဇာတ်လမ်းအကျဉ်းကတော့ ခရစ္စမတ်ရာသီမှာ လူတွေတော်တော်များများပျော်ကြပါတယ် … ဒါပေမဲ့ နိုလန်ဆိုတဲ့တစ်ယောက်ကတော့ ဒုက္ခတွေနဲ့ဆီးကြိုခံလိုက်ရပါတော့တယ်… အကြောင်းကတော့သူဟာ သစ္စာဖောက်လို့ဆိုပြီး သူ့သူဌေးဒွန်နီကြောင့်ထောင်ကျနေခဲ့တာပါ.. ဒါပေမဲ့ ခရစ္စမတ်နေ့မှာသူဟာရက်ပြည့်ပြီးထောင်ကနေ လွတ်လာပါတယ် .. သူလွတ်လာတာကို ဒွန်နီက စိတ်မချဘူးဖြစ်နေတယ် ဘာလို့လဲဆိုတော့ ဒွန်နီက နိုလန်ရဲ့ကောင်မလေးလန်နီကိုအပိုင်သိမ်းထားတာအတွက်ကြောင့်ပါပဲ… အဲဒါအပြင် လန်နီဆီမှာလည်း နိုလန်နဲ့ရတဲ့ကလေးကလည်းရှိနေပါသေးတယ်.. ထောင်ကနေထွက်လာတဲ့ နိုလန်ကို ဒွန်နီက အရင်ကသစ္စာဖောက်ထားတဲ့ကိစ္စရော အခု လန်နီကိစ္စရော နှစ်ခုလုံးရယ်ကြောင့်အပြတ်ရှင်းချင်နေတယ်… အဲဒါကြောင့်သူထောင်ကထွက်ကတည်းက ဒွန်နီဟာသူ့တပည့်တွေကို နိုလန်ကိုလိုက်သတ်ခိုင်းဖို့ကြိုးစားပါတော့တယ်….နိုလန်တစ်ယောက် လွတ်မြောက်နိုင်ပါ့မလား… တခြားဘယ်လိုအန္တရယ်မျိုးတွေရောတွေ့ကြုံရမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်…. File Size : 1.45GB / 590MB Quality : WEB-DL 1080p / WEB-DL 720p Format…mp4 Duration…01:47:00 Genre : Action, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Tiff

Action
5.5 2019 106 mins
The Ghost Who Walks
New York Stories
6.4

New York Stories (1989) ~ IMDb – 6.4/10, Rotten Tomatoes – 76% ~ New York Stories ကို အမေရိကရဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာတွေဖြစ်တဲ့ Martin Scorsese, Francis Ford Coppola နဲ့ Woody Allen တို့ သုံးယောက်တွဲ ရိုက်ထားတယ်။ ဒီ Anthology Film မှာ Life Lessons, Life Without Zoë, Oedipus Wrecks ဆိုတဲ့ ဇာတ်လမ်း၃ခုပါတယ်။ ဒီသုံးခုလုံးမှာ တူညီတာဆိုလို့ နယူးယောက်မှာ ဇာတ်အိမ်တည်ထားတဲ့အချက်ပဲရှိတယ်။ ထိတ်ထိတ်ကြဲဒါရိုက်တာကြီးတွေချည်း ရိုက်တာပေမဲ့ အများကြီးတော့ မမျှော်လင့်ထားစေချင်ဘူး။ ပထမဆုံးဇာတ်လမ်းဖြစ်တဲ့ Life Lessons ကိုတော့ Martin Scorsese က ရိုက်ထားတယ်။ ဇာတ်လမ်းကိုတော့ ဒီမတိုင်ခင် သူ့ကို The Color of Money (1986) မှာ ဇာတ်ညွှန်းရေးပေးခဲ့တဲ့ Richard Price က ရေးပေးထားတယ်။ သူတို့၂ယောက်က The Color of Money မှာ အတွဲညီသလို ဒီမှာလည်းညီတယ်ပြောရမယ်။ တကယ်လို့သာဆို ဒီဇာတ်နဲ့ ဒီဇာတ်ကောင်တွေက စကောဆေးစိထက် ကော်ပိုလာ့ဟန်နဲ့ သွားတူမယ်။ ဇာတ်အကြောင်းအရာကတော့ ဂျက်ဆန်ပေါလော့လို Abstract Expressionism ပန်းချီဆရာတစ်ယောက်ရဲ့ နယူးယောက်က ဘဝနဲ့ သူ့ရူးသွပ်မှုအကြောင်း ရိုက်ပြထားရုံပဲ။ မင်းသားကိုတော့ Nick Nolte ကို သုံးထားတယ်။ ဒီကားပြီးတဲ့နောက်ထွက်တဲ့ Cape Fear မှာလည်း သူ့ကို ထပ်ထည့်ရိုက်ခဲ့သေးတယ်။ နယူး‌ယောက်စတိုရီဆိုတာနဲ့ အလိုက်ဖက်ဆုံးဇာတ်လမ်းလည်းဟုတ်တယ်။ Life Without Zoë ကတော့‌ ကော်ပိုလာနဲ့ သူ့သမီးဆိုဖီယာကော်ပိုလာက ဇာတ်ညွှန်းရေးထားပြီး ကော်ပိုလာက ရိုက်ထားတယ်။ ဇာတ်တော့ စိတ်ဝင်စားစရာကောင်းမလိုလေးနဲ့ နည်းနည်းဆန်းပြားမလိုလေးနဲ့ အားရစရာမကောင်းဆုံး ဇာတ်ဖြစ်သွားတယ်။ သူတို့သားအဖ၂ယောက်တွဲလုပ်ရင် အကျိုးမပေးတာတော့ အမှန်ပဲ။ ၁၂နှစ်သမီးလေးရယ် သူ့အဖေနဲ့အ‌မေရဲ့ အရှုပ်တော်ပုံတွေရယ် ‌အကြောင်းပေါ့။ ကော်ပိုလာရိုက်တယ်လို့ မထင်အောင် စုတ်ပြတ်တယ်လို့ ပြောချင်ပေမဲ့လည်း ကော်ပိုလာက မထော်မနန်း လုပ်ချင်တာလုပ်တဲ့ဘဲဖြစ်သလို သူ့သမီးဇာတ်ကိုပဲရိုက်ချင်လို့ ပိုမထော်မနန်းလုပ်ချလိုက်လားတော့ မသိဘူး။ စုတ်ပြတ်ပေမဲ့လည်း မထော်မနန်းလုပ်တတ်တဲ့ ကော်ပိုလာရဲ့စရိုက်နဲ့ချိန်ကြည့်ရင် ဖြစ်တတ်ပါတယ်လို့ တွေးရမယ့်ဇာတ်ပဲ။ ဒီထဲက အညံ့ဆုံးဇာတ်လည်းဟုတ်တယ်။ Adrien Brody အတွက်‌တော့ ဒီဇာတ်လမ်းက သူ့အတွက် ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ဖြစ်ခဲ့တယ်။ Oedipus Wrecks ကိုတော့ ဝူဒီအယ်လန်ကိုယ်တိုင် ရေးပြီး ရိုက်ပြီး သရုပ်ဆောင်ထားတယ်။ ဒီဇာတ်အတွက်စကားကတော့ ဝူဒီအယ်လန်ကတော့ ဝူဒီအယ်လန်ပဲ။ ဒီဇာတ်နဲ့ ခုနောက်ပိုင်းထိ သူရိုက်နေတဲ့ဇာတ်တွေနဲ့ သူ့ဟန်က သူ့ဟန်အဖြစ်မြင်သာထင်နေတုန်းပဲ။ အယ်လန်ဟာ ပိုစတာမြင်ရင်တောင် သူ့ကားလို့ အလိုလိုသိစေမယ့်ဘဲပီသစွာပဲ ဒီနယူးယောက်စတိုရီရဲ့ ပိုစတာကလည်း သူ့ဟန်လို့ မြင်သာတယ်။ ဇာတ်က‌တော့ တကျီကျီနားပူ လူကြားသူကြားထိပါနားပူ လိုက်အရှက်ခွဲ‌နေတဲ့ အမေကြောင့် တိုင်ပတ်နေတဲ့ အသက်၆၀အရွယ် လူကြီးတစ်‌ယောက်ရဲ့ အဖြစ်ပေါ့။ အသက်သာ ၆၀ဖြစ်လာတယ် သူ့ကိုကလေးလို့ထင်နေသေးတဲ့ သူ့အမကြောင့် သူတိုင်ပတ်ရပုံတွေကိုပြထားတယ်။ ဝူဒီအယ်လန်ရဲ့ဇာတ်လို့ မြင်သာထင်သာရှိတဲ့ဇာတ်ပါပဲ။ ပုဂ္ဂလိက အမြင်အရဆိုရင်တော့ ဒီဇာတ်က ဒီထဲ ကျွန်တော့်အကြိုက်ဆုံးဇာတ်ပဲ။ ဝူဒီအယ်လန် ပရိသတ်ဖြစ်နေတာကြောင့်လည်းပါပါလိမ့်မယ်။ နယူးယောက်စတိုရီဆိုတဲ့ နာမည်နဲ့လိုက်ဖက်တဲ့အရသာတော့ ပေးနိုင်တယ်မမြင်ဘူး။ အဲဒီအရသာကို သူတို့ထဲ စကောဆေးစိတစ်ယောက်ပဲ ပေးနိုင်ခဲ့တာပါပဲ။ ဝူဒီ့ဇာတ်မှာ သရုပ်ဆောင်တွေအဖြစ် သူကိုယ်တိုင်ပါထားသလို သူ့အချစ်တော် Mia Farrow နဲ့ Julie Kavner တို့လည်းပါဝင်ထားတယ်။ Kirsten Dunst ရဲ့ ပွဲဦးထွက်ဇာတ်လမ်းလည်းဟုတ်တယ်။ New York Stories ကို ဒါရိုက်တာကြီး၃ယောက်ရဲ့ လက်ရာတွေကို တစ်ကားတည်းကြည့်ရမယ့် မျှော်လင့်ချက်ကြီးနဲ့တော့ ကြည့်လို့မဖြစ်ပါဘူး။ ပုဂ္ဂလိက အမြင်အရတော့ ဒီထဲ ကိုယ့်ဟန်ကိုယ်ထိန်းထားနိုင်တာ ဝူဒီအယ်လန်ပဲရှိတယ်။ သူတို့၃ယောက်ကို ချစ်လို့ပဲ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဒီလို ထိတ်ထိတ်ကြဲ၃ယောက်တွဲရိုက်ထားတဲ့ ရုပ်ရှင်က မရှိသလောက်ရှားတယ်မဟုတ်လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 955MB Quality – BluRay 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 2H 4Min Genre – Satire, Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.4 1989 124 mins
New York Stories
The Yin-Yang Master Zero Onmyoji Zero
5.7

The Yin-Yang Master Zero (2024) IMDb Rating (5.7) ဒီဇာတ်လမ်းက ဂမ္ဘီရတွေနာမည်ကျော်ကြားတဲ့ ရှေးဂျပန် Heian ခေတ်တုန်းက အင်ပါယာကိုအခြေခံထားတဲ့ Fantasy ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ​Heian ခေတ်မှာ Onmyoji ဆိုတဲ့ ဂမ္ဘီရပညာရှင်တွေ ကျော်ကြားကြပြီး Onmyoji ဖြစ်ဖို့ ကြိုးစားကြတဲ့ ကျောင်းသားတွေလည်း အများကြီးရှိကြတယ်။ မြေခွေးသားတော်လို့ လူတွေပြောကြတဲ့ Abe no Seimei က အရည်အချင်းအရမ်းရှိပေမဲ့ Onmyoji ဖြစ်ဖို့ ဆန္ဒမရှိဘဲ သဘာဝလွန်ဖြစ်ရပ်တွေကို အယုံအကြည်မရှိတဲ့ လူတွေနဲ့ ခပ်ခွာခွာနေတတ်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့တစ်ခုတည်းသောရည်မှန်းချက်က သူများတွေလို Onmyoji တစ်ယောက်ဖြစ်ဖိုမဟုတ်ဘဲ သူ့မိဘတွေကို သတ်ခဲ့တဲ့တရားခံကို ရှာပြီး အပြစ်ပေးဖို့ပဲ စိတ်ဆုံးဖြတ်ထားတဲ့သူဖြစ်တယ်။ တစ်နေ့မှာ Onmyoji ဌာနက ထူးချွန်ကျောင်းသားတစ်ယောက် အသတ်ခံလိုက်ရပြီး တရားခံကိုရှာဖွေဖို့က ကျောင်းသားတွေအကုန်လုံးရဲ့ စာမေးပွဲဖြစ်လာခဲ့တယ်။ Seimei လည်း သူ့သူငယ်ချင်းဖြစ်တဲ့ တက်တက်ကြွကြွ အထက်တန်းလွှာဂီတပညာရှင် အရှင် Hiromasa နဲ့ လူသတ်မှုကို စုံစမ်းစစ်ဆေးရေး စခဲ့တယ်။ အဲဒီမှာပဲ Seimei ရဲ့ အရည်အချင်းနဲ့ ယုံကြည်မှုတွေကို စိန်ခေါ်မဲ့ အန္တရာယ်များတဲ့ လှည့်ကွက်တွေ ပေါ်ပေါက်လာပြီး အာဏာနဲ့ရာထူးကို ဆာလောင်မက်မောတဲ့ လောဘကြီးသူတွေကြောင့် လူတွေဘယ်လို ထိခိုက်ရလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုရမဲ့ သဘာဝလွန်ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.9 GB) / (950 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Fantasy,History,Mystery Duration….01:53:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Action
5.7 2024 112 mins
The Yin-Yang Master Zero Onmyoji Zero
Remember
7.5

black and white ခေတ်ကမင်းသားကြီးChristopher Plummerပါဝင်သရုပ်ဆောင်ထားတဲ့ 2015မှာထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ ဒုတိယကမ္ဘာစစ်တုန်းက ဟစ်တလာခေါင်းဆောင်တဲ့နာဇီတွေက ‘ခရစ်စတယ်ည’နာမည်တွင်ခဲ့တဲ့ ၁၉၃၈ ခုနှစ် နိုဝင်ဘာ ၉-၁၀ ရက်နေ့တွေမှာ ဂျူးတွေနဲ့ဂျူးတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေဆိုင်ခန်းတွေကို အကြမ်းဖက်ဖျက်ဆီးခဲ့ကြပါတယ် ဒီဖြစ်စဉ်မှာ ဂျူးလူမျိုး၃သောင်းခန့် အဖမ်းခံရကာစစ်အကျဉ်းစခန်းကို ပို့ခံခဲ့ရပြီး ဂျူး၁၀၀ထက်မနည်းသေဆုံးခဲ့ပါတယ် ဒီဖြစ်ရပ်ဟာ Holocaust Genocide ကိုဦးတည်စေခဲ့ပါတယ် Holocaust မှာ ဂျူးများအပြင်LGBTတွေ, လူမည်းတွေ, ဂျစ်ပစီတွေ, မသန်စွမ်းတွေပါ နာဇီတွေရဲ့သားကောင်ဖြစ်ခဲ့ရပါတယ် Auschwitzလိုစစ်အကျဉ်းစခန်းတွေမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု, အဆိပ်ဓာတ်ငွေ့ပေးနှိပ်စက်မှုတွေပါပြုလုပ်ခဲ့ကြပါတယ် ဒီဖြစ်ရပ်တွေကိုအခြေတည်ထားတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် သမိုင်းကြောင်းစိတ်ဝင်စားသူတွေအကြိုက်တွေ့စေမှာပါ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ပြန်ရောဂါရှိနေတဲ့ဇက်ဖ်က သူ့မိန်းမဆုံးသွားပြီးနောက်ပိုင်းမှ ာ နာဇီလက်ထက်က သူ့ရဲ့မိသားစုကိုသတ်ခဲ့တဲ့ တရားခံဖြစ်တဲ့ စစ်အကျဉ်းစခန်းက ခေါင်းဆောင်ပိုင်းတစ်ယောက်ကိုလိုက်ရှာဖို့အကြောင်းဖန်လာပါတယ် ဘိုးဘွားရိပ်သာက သူ့သူငယ်ချင်းမက်စ်ရဲ့အကူအညီနဲ့ ဘယ်လိုစိတ်ဝင်စားစရာ ရှာပုံတော်ဖွင့်မလဲ ဘယ်လို ဇာတ်လမ်းလှည့်ကွက်တွေ ကြုံရဦးမလဲဆိုတာ နာဇီနဲ့ဂျူးတွေကြားကပဋိပက္ခ သမိုင်းကြောင်းတွေကို ပြန်လည်ခံစားရင်း ရှုစားကြပါဦး File size… 1.6 GB / 794 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Na Ei

Romance • Comedy • Drama
7.5 2015 94 mins
Remember
Kinda Pregnant
5.5

စိတ်အပန်းဖြေဖို့ ပေါ့ပေါ့ပါးပါး ကြည့်လို့ရမဲ့ ဟာသကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ လင်နီက ငယ်ငယ်လေးကတည်းက သူ့အမေဆုံးသွားတာရော မိသားစုမရှိတာရောကြောင့် ကိုယ်ပိုင် မိသားစုလေး တည်ထောင်ပြီး မိခင်တစ်ဦးဖြစ်ချင်တဲ့ အိပ်မက်ရှိခဲ့ တာပါ။ ဒီလိုနဲ့ လင်နီအရွယ်ရောက်လာပြီး အိမ်ထောင်ပြုရမဲ့ အရွယ်ရောက်လာတော့ သူ့ရဲ့ ၄နှစ်ကြာတွဲခဲ့တဲ့ ချစ်သူနဲ့ မိသားစုလေး တည်ထောင်ဖို့ မျှော်လင့်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း အလွဲလွဲအချော်ချော်တွေဖြစ်ပြီး ရည်းစားနဲ့လည်းပြတ် မိသားစုထူထောင်ချင်တဲ့အိပ်မက်လေးလည်း ပျက်စီးသွားချိန်မှာ လင်နီရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကိတ်ကတော့ သားဦးလေးကို ကိုယ်ဝန်စလွယ်ထားရပါတယ်။ လင်နီ လိုချင်၊ဖြစ်‌ချင်ခဲ့တဲ့ မိသားစုအိပ်မက်ကို အခင်ဆုံးသူငယ်ချင်း ကိတ်ကပိုင်ဆိုင်နေရတာမြင်တော့ ဝမ်းနည်း၊ဝမ်းသာ၊ မနာလိုတွေ ဖြစ်ပြီး သူလိုချင်ခဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင်ဘဝကို ခဏတာ ဟန်ဆောင်‌နေကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဗိုက်အတုတပ်ပြီး ကိုယ်ဝန်ဆောင်ယောဂသင်တန်းသွားတက်ရာကနေ အလိမ်အညာ ထဲကရုန်းထွက်လို့မရတဲ့အခြေအနေကိုရောက်သွားတာကို ဟာသလေးနှောပြီး ကြည့်ရှုရမဲ့ ဇာတ်ကားတစ်ခုပါ။ R-rated ကားဖြစ်တာမလို့ ခပ်ရိုင်းရိုင်းစကားလုံးတွေနဲ့ ခုတင်ပေါ်က ဇာတ်ဝင်ခန်းတချို့ပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါဘူး။ ဒီတိုင်းဘာမှမတွေးချင်ဘဲ ရိုးရိုးရှင်းရှင်း ဟာသ ကားလေးကြည့်ဖို့ရှာနေသူများကတော့ ဒီဇာတ်ကားလေးကို ကြည့်သင့်ပါတယ်။ ဗိုက်အတုနဲ့ ကိုယ်ဝန်သည်ဟန်ဆောင်တဲ့ လင်နီတစ်ယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို‌ ဇာတ်လမ်းထဲမှာပဲဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ File size… (1.70 GB) / (752 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Romance • Drama
5.5 2025 97 mins
Kinda Pregnant