YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Sadness (Uncut Version) (2021)_WebDL_1080p.mp4

1.97 GB 1080p video/mp4 3744 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(18+) Tahan (2022)
4.5

ဈေးကြီးတဲ့ အချောအလှ ဇိမ်မယ်အကိတ်လေး အယ်လိစ်ဟာ အင်မတန် ငယ်ရွယ်တဲ့ အသက်အရွယ်မှာတင် အရမ်းကို လွှမ်းမိုးခြယ်လှယ်တဲ့ မိခင်ဖြစ်သူရဲ့ ပြည့်တန်ဆာအဖြစ် အတင်းစေခိုင်းမှုနဲ့ အမြတ်ထုတ် အသုံးချမှုတွေကို ခံခဲ့ရသူပါ။ စပွန်ဆာ ဘဲတစ်ပွေ ရှိတဲ့အပြင် ဇိမ်မယ်အဖြစ် လုပ်ကိုင်ရင်း ရှာသမျှပိုက်ဆံတွေကို မိခင်ဖြစ်သူက လောင်းကစားလုပ်ရင်း သုံးဖြုန်းပစ်ပါ တယ်။ အယ်လိစ် ကိုယ်တိုင်ကလည်း ‌ပိုက်ဆံ ဖောဖောသီသီနဲ့ရတဲ့ ဇိမ်မယ်အလုပ်ကို လွယ်လွယ်နဲ့ မစွန့်လွှတ်နိုင် ဖြစ်နေပြီး ငယ်ငယ်ကတည်းက မိခင်ဖြစ်သူပေးတဲ့ စိတ်ဒဏ်ရာတွေကို အိပ်ရာထက်မှာ ယောက်ျားတွေနဲ့ ဖြေဖျောက်ရှာပါတယ်။ စပွန်ဆာက ပေးထားတဲ့အိမ်ကို ယောက်ျားတွေခေါ်ပြီး ပျော်ပါးနေတာကို စပွန်ဆာဘဲက သိသွားတဲ့အခါမှာတော့ အယ်လိစ်ရဲ့ ဘဝကို လှိုင်းထန်စေမဲ့ ဘယ်လိုအရာတွေ ဖြစ်လာမလဲ ဆိုတာကို‌ ရသစုံစုံနဲ့ တင်ဆက်ပေးထားတဲ့ ဇာတ်ကားလေးပါ။ ဖိလစ်ပိုင် 18+ ဇာတ်ကားဆိုပေမဲ့ 18+ တင်မဟုတ်ဘဲ Drama, Thriller ဆန်ဆန်ပါ ရိုက်ထားတာမို့ သာမန် adult ကားတွေထက် ဇာတ်လမ်းက ပိုမိုကောင်းမွန်တာကြောင့် ပိုကြည့်ကောင်းစေမှာပါ။ ဇိမ်မယ် အကိတ်လေးရဲ့ အိပ်ရာထက်က ဇာတ်ဝင်ခန်းတွေမှာ ညည်းသံလေးတွေက ASMR ဆန်ဆန်လေး ဖြစ်နေတာကြောင့် နားကြပ်တပ်ကြည့်ရင် ပိုပြီး ဖီးလ်ရှိစေမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ 333 ပါ။) File Size : 1.4GB, 553MB, 270MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 28mins Genre : Drama, Romance, Adult, Asia Translated by 333 Encoded by DevilDad

Drama
4.5 2022 88 mins
(18+) Tahan (2022)
Nine 1/2 Weeks
6.1

Nine Half Weeks ဆိုတဲ့ဇာတ်ကားလေးကတော့ မိသားစု‌ေတွနဲ့ အတူကြည့်ဖို့ မသင့်တဲ့ လူကြီးတွေကို လူကြီးပညာသင်တဲ့ ဇာတ်ကားကောင်း‌လေးပဲဖြစ်ပါတယ်။ 1986 ခုနှစ်လောက်က Cinematography နဲ့ ခန္ဓာကိုယ်ရဲ့ အနုပညာကောက်ကြောင်းတွေကို ဘယ်လိုရိုက်ပြထားလဲဆိုတာကို ကြည့်ရှုလေ့လာရင်း ပညာတွေအများကြီးတိုးပွားစေမယ့် ဇာတ်ကားလေးပါ။ လိင်ကိစ္စဆိုတာ ကြာလာတာနဲ့ တစ်ယောက်နဲ့တစ်ယောက်စိတ်လှုပ်ရှားမှု‌တွေ လျော့ကျသွားတတ်ပါတယ်.. ဒါပေမယ့် ဘယ်လိုနည်းမျိုးတွေနဲ့ စိတ်လှုပ်ရှားမှုတွေကို ပြန်ပြီးရှာဖွေပြီး သာယာမှုကိုပြန်ရှာဖွေမလဲ။ ကိုယ့်ရဲ့ ပါတနာကို လွှမ်းမိုးတဲ့နေရာမှာလဲ အတိုင်းအတာဆိုတာ ဘယ်လောက်ရှိလဲ။ သာယာမှုတွေ အလွန်မှာရော ဘယ်လိုဆိုးကျိုးတွေ စောင့်ကြိုနေလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကို ကိုယ်တိုင်ကြည့်ရှုခံစားကြည့်လိုက်ကြပါ။ File size…3.2GB / 1.2GB Quality…1080p BluRay AAC5.1Ch / 720p Format…mp4 Duration….1h 57mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thu Ra Hein

Action • Crime • Drama • Thriller
6.1 1986 117 mins
Nine 1/2 Weeks
The Shape of Water
7.2

Pan's Labyrinth ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Del Toro တစ်ဦးတည်းကပဲရိုက်ကူးခဲ့တဲ့ ဇာတ်ကားမို့ ဇာတ်လမ်း အပြင်အဆင် တွေ Effect အလန်းစားတွေအကြောင်းကိုတော့ သိပ်ပြီး စာဖွဲ့ပြနေစရာလိုမယ်မထင်ပါဘူး... ဒီဇာတ်ကားကို ၇၄ကြိမ်မြောက် ဗင်းနစ် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် မှာယှဉ်ပြိုင်ဖို့ရိုက်ကူးခဲ့တာဖြစ်ပြီး...အဲ့ဒီပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆု Golden Lion ဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်...ေ နာက်ထပ် ဝေဖန်မှုတွေ Best Director,Best Picture,Best Screenplay,Best Actress အပါအဝင် မရေမတွက်နိုင်တဲ့ဆုပေါင်းများစွာကို လက်ခံရရှိထားကာအလွန်နာမည်ကြီးနေတဲ့ ရုပ်ရှင်တစ်ကားလို့ ဆိုရမှာပဲ... ဒီလို ကားမျိုးမှ မကြည့် ဘာသွားကြည့်မလဲ ဘာညာပေါ့နော်... ဇာတ်လမ်းအကျဉ်းပြောရရင်...ထူးထူးဆန်းဆန်း လည်ပင်းမှာ အမာရွတ်နဲ့ မြစ်နားက ကောက်ယူမွေးစားခံရတဲ့ မိဘမဲ့ကလေး အလိုင်စာ ဟာ စကားမပြောတတ်သူပါ... ပြဇာတ်ရုံရဲ့ အပေါ်ထပ်အခန်းမှား ငှားနေရတယ်ပေါ့ သူ့မှာလည်း သူငယ်ချင်းနှစ်ဦးတည်းရှိတယ်(သူတို့ဟာလည်း Best supporting ဆုတွေ ရရှိခဲ့) ကိတ်ဖုတ်တဲ့ကောင်လေးကိုကြိုက်နေတဲ့ အလိုင်စာ့ ရှေ့ခန်းက ဂေး အဖိုးကြီးတစ်ယောက်ရယ်... Secret Government Labခန်းမှာ အတူတူသန့်ရှင်းရေး အလုပ်လုပ်တဲ့ အာဖရိကန်ကပြား အဒေါ်ကြီးရယ် ဟာ အလိုင်စာ့ သူငယ်ချင်းတွေပါ... .တစ်နေ့မှာ Labခန်းထဲကို ပင်လယ်ထဲကဖမ်းလာတဲ့ ရေသတ္တဝါကြီးတစ်ကောင်ကို စပ်စပ်စုစု သွားချောင်းကြည့်မိတဲ့ အလိုင်စာတစ်ယောက် ရေသတ္တဝါကြီးအပေါ်သနားစိတ် ချစ်စိတ်ဝင်လာပါတယ်... ရေသတ္တဝါကြီးကိုလည်း အစိုးရက ခွဲစိတ်လေ့လာပစ်တော့မှာ ဖြစ်တဲ့အတွက် အလိုင်စာတစ်ယောက်ကယ်တင်မှ ဖြစ်ပါတော့မယ်... အလိုင်စာ ရဲ့ကယ်ဆယ်ရေး အလုပ်မှာ သူ့ မိတ်ဆွေတွေ ဘယ်လိုအားဖြည့် ကူညီကြမလဲ... ရေသတ္တဝါကြီး ကိုကယ်ပြီးတော့ရော ဘယ်လို ဆက်ပြီး စခန်းသွားကြတယ် ဆိုတာတွေကို ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်... သာမန်ဇာတ်အိမ်မျိုးက ခွဲထွက်ပြီး သရုပ်ဖော်တတ်တဲ့ ဒါရိုက်တာ Del Toro ရဲ့ ရိုက်ချက်အလန်းစားတွေနဲ့ "The Shape of water"ကို ပရိသတ်ကြီးတို့ပဲ ရှုစားပြီး အကဲဖြတ်ပေးကြပါဦး... (ဘာသာပြန်သူကတော့ မေသဇင်မြင့်ပါ) File Size : (987 MB) Quality : Blu-Ray 720p Running Time : 2h 3min  Format : Mp4 Genre : Adventure, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source :720p.BluRay.x264-SPARKS Translated by May Thazin Myint Encoded by Thanhtike Zaw

Crime • Drama
7.2 2017 123 mins
The Shape of Water
Diabolik – Ginko Attacks
5.5

Diabolik – Ginko Attacks (2022) ၂၀၂၁ ခုနှစ်မှာထွက်ခဲ့တဲ့ Diabolik ရုပ်ရှင်ရဲ့ အဆက်ပါ။ ဇာတ်လမ်းကတော့ ဖောက်ထွင်းဝိဇ္ဇာ Diabolik ဟာ အာမန်သရဖူကိုခိုးပြီး အာမန်‌ကျောက်မျက်အားလုံးကို ခိုးဖို့ ကြံစည်တာကနေ စတင်ထားပါတယ်။ ဒါပေမဲ့လည်း ရတနာတွေဟာ စုံထောက်ဂျင်ကိုရဲ့ ငါးစာတွေဖြစ်နေတဲ့အခါ Diabolik တစ်ယောက် ဒုက္ခရောက်ပါတော့တယ်။ ဒုက္ခရောက်ရတဲ့အထဲ ချစ်ရသူဖြစ်တဲ့ အေဗာကပါ ကျောခိုင်းသွားပြီး Diabolik ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ရဲတပ်ဖွဲ့က သိမ်းယူသွားခဲ့ပါတယ်။ Diabolik ဟာ ပြေးပေါက်ပိတ်နေပါပြီ။ ဒီလိုခက်ခဲတဲ့အခြေ‌အနေတွေကြားထဲမှာ စုံထောက်ကြီးဂျင်ကိုကပဲ အနိုင်ရပြီး Diabolik ကိုဖမ်းမိသွားမလား။ Diabolik ကပဲ လက်မတင်လေး လွတ်သွားဦးမလားဆိုတာကို စုံထောက်ကားပီပီ လှည့်ကွက်တွေနဲ့ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားမှာတော့ ပုရိသတွေအားလုံးရဲ့ အသည်းစွဲ ဂန္ထဝင်မမကြီး Monica Bellucci ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 930MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 56Min Genre – Action, Crime Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Adventure • Comedy • War
5.5 2022
Diabolik – Ginko Attacks
Maboroshi
6.4

Maboroshi (2023) ~ IMDb – 6.4/10, RT – 62%, MyDramaList – 7.3/10 ~ အဲဒီမြို့ကလေးမှာ လူတွေဟာ ဘယ်တော့မှ ရုပ်ရော နာမ်ရောပြောင်းလဲမလာကြဘူး။ ဒီအဖြစ်တွေဟာ မြို့ကလေးရဲ့ကောင်းကင်မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး ဒီမြို့ကလေးရဲ့ အချက်အချာ စတီးစက်ရုံကြီးကို နတ်ဘုရားတွေ ဝင်စီးရာက စတယ်။ ဒီစတီးစက်ရုံကြီးက တစ်မြို့လုံးက လူတွေအားလုံးကို အလုပ်ပေးထားတဲ့နေရာတစ်ခု။ ကောင်းကင်မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး တစ်ခုသောမနက်မှာ စတီးစက်ရုံကြီးဟာ ဘယ်သူမှ ဝင်လည်ပတ်ပေးစရာမလိုဘဲ သူ့ဘာသာ လည်ပတ်နေတော့တယ်။ စက်ရုံက အဓိကထုတ်ပေးတာက ဝံပုလွေလို သဏ္ဍာန်ရှိတဲ့ မီးခိုးတွေပေါ့။ အဲဒီမီးခိုးတွေက အလုပ်၂ခုလုပ်တယ်။ တစ်ခုက ကောင်းကင်က အက်ကွဲကြောင်းကိုဖာတာ၊ တစ်ခုက လူတွေကို ပျောက်ကွယ်အောင်လုပ်တာ။ ဘယ်လိုလူတွေကိုပျောက်ကွယ်အောင် လုပ်သလဲဆိုရင်တော့ ခံစားချက်ရှိတဲ့လူတွေကို…။ အဲဒီမြို့ကလေးက လူတွေဟာ ခံစားချက်ရှိနေလို့မရဘူး။ ခံစားချက်မရှိအောင်လည်းနေရတယ်။ ခံစားချက်တစ်ခုရှိလာပြီဆိုတာနဲ့ မီးခိုးဝံပုလွေတွေဟာ အဲဒီလူကို ဝါးမြိုသွားတတ်တယ်။ ခံစားချက်ရှိလာလေ လူတွေရဲ့ နှလုံးသားမှာ အက်ကွဲကြောင်းတွေပေါ်လာလေ မြို့ကလေးရဲ့ ကောင်းကင်က အက်ကွဲကြောင်းတွေကလည်း ပိုအက်ကွဲလာပြီး မြို့ဟာ ပိုပျက်လာတတ်တယ်။ မြို့က လူကြီးတွေက အဲဒီမြို့ကလေးကလူတွေကို အပြောင်းအလဲမရှိအောင်ရော ခံစားချက်မရှိအောင်ရော ထိန်းချုပ်ထားတယ်။ သူတို့ခံစားချက်တွေ မပြောင်းလဲကြသလိုပဲ အဖြစ်တွေ ရာသီတွေကလည်း မပြောင်းလဲဘူး။ အမြဲတမ်း ဆောင်းကျနေတဲ့ မြို့ကလေးမှာ သူတို့အသက်တွေကလည်း ကြီးမလာကြသလို မြို့ကလေးကလူတွေမှာ ဘယ်လိုဒဏ်ရာမျိုးပဲရရ နာကျင်မှုဆိုတာလည်း မရှိဘူး။ ရုပ်ရဲ့အထိအခိုက်နဲ့ နာကျင်မှုကို သူတို့တွေရှာကြည့်ကြပေမဲ့လည်း နာကျင်မှုက သူတို့ဆီ ရောက်မလာခဲ့ဘူး။ သူတို့ကိုနာကျင်စေနိုင်တဲ့ တစ်ခုတည်းသောအရာက ချစ်မိခြင်းပဲရှိခဲ့တယ်။ ချစ်မိသူတွေများလာရင်လည်း မြို့ကလေးရဲ့ကောင်းကင်မှာ အက်ကွဲကြောင်း‌တွေ တိုးသည်ထက်တိုးလာရင်း မြို့ကလေးရဲ့ပျက်ကပ်ဟာ ဆိုက်ရောက်လာလိမ့်မယ်။ တချို့ကတော့ ဒီမြို့ကလေးဟာ နတ်ဘုရားတွေရဲ့ အမျက်တော်ရှခံနေရတာလို့ ဆိုကြတယ်။ တစ်ချို့ကတော့ ဒီမြို့ကလေးဟာ နတ်ဘုရားတွေရဲ့ ကရုဏာလို့ဆိုကြတယ်။ မြို့ကလေးကလူတွေကို ရှိခဲ့ဖူးတဲ့ အလှပဆုံးအချိန်တစ်ခုမှာ သိမ်းဆည်းထားပေးချင်တာလို့ ဆိုကြတယ်။ အလှပဆုံးအချိန်တွေမှာ ခံစားချက်မဲ့စွာရှင်သန်မလား… ခံစားချက်တစ်ခုရဲ့ အရွေ့မှာ မြို့ကလေးရဲ့ ကောင်းကင်အက်ကွဲကြောင်းတစ်ခုတိုးစေမလား… ကတော့ မြို့ကလေးက လူတွေရဲ့ ရွေးချယ်မှုပေါ့။ Maboroshi မှာ အဲဒီရွေးချယ်မှုတွေ ဘယ်လောက်ခက်ခဲပြီး အဲဒီရွေးချယ်မှုတွေ ဘယ်လောက်လှပလဲ မြင်ရလိမ့်မယ်။ အခုပြောနေတဲ့ဇာတ်ကြောင်းဟာ စတိသဘောပါပဲ။ Maboroshi ရဲ့ ဇာတ်ကြောင်းဟာ ဒီထက်အများကြီးပိုရှုပ်ထွေးတယ်။ Maboroshiဟာ ဘယ်လိုကားမျိုးလဲပြောရရင် ကျွန်တော့်အတွက်တော့ Fragmentation တစ်ကြောင်းကို ပြန်အမှတ်ရစေခဲ့တယ်။ “ပြောင်းလဲမရနိုင်တဲ့ရင်နာစရာတွေအတွက် ချစ်စရာ အနုပညာထွက်ပေါက်ဟာ အိမ်နီးချင်းတိုတိုရိုကလေးမှာ ရှိနေတယ်” ဆိုတဲ့ စာသားတစ်ကြောင်းပေါ့။ တိုတိုရိုနဲ့ မတူတာက ဒီရုပ်ရှင်ကတော့ အရှိတရားကို လက်ခံပြီး ဒီထွက်ပေါက်တွေကနေ ကျွန်တော်တို့ရွေ့ပြီး ပိုလှတဲ့နေ့တွေအတွက် ရှေ့ဆက်မလား။ ဒီထွက်ပေါက်ကလေးကိုပဲ မက်မောပြီးနေလိုက်မလားဆိုတာကို ပြသွားခဲ့တယ်။ Maboroshi ဟာ အန်နမဲကြည့်နေကျမဟုတ်တဲ့လူတွေအတွက်တော့ အဆင်ပြေဖို့မသေချာပေမဲ့ အန်နမဲဖန်တွေအတွက်တော့ ကားကောင်းတစ်ကားဖြစ်နေလိမ့်မယ်။ Perfect Blue, Paprika, The Prestige, Inception, Shutter Island နဲ့ Predestionation တို့လို ရုပ်ရှင်တွေကြိုက်တဲ့လူတွေလည်း ကြိုက်ကောင်းကြိုက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 720MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 51Min Genre – Animation, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.4 2023
Maboroshi
Exiled
7.2

Exiled (2006) ~ IMDb – 7.2/10, RT – 80%, Meta – 73% ~ Directed by “Johnnie To” ဂျွန်နီတိုရဲ့ ဒါရိုက်တာဘဝအစောပိုင်းမှာ ခုလို Crime Action ရုပ်ရှင်တွေကို စရိုက်ခဲ့တာတော့မဟုတ်ဘူး။ ကနဦးသူ့ရုပ်ရှင်တွေမှာ ဟာသနဲ့အက်ရှင်အရောကားတွေ ချောင်ကားတွေအထိ ရိုက်ခဲ့တယ်။ နောက်ကျ မှုခင်းအက်ရှင်ဘက် ပိုကူးလာတာတွေ့ရတယ်။ ဒါပေမဲ့ နှောင်းပိုင်းမှာတော့ Crime Action ကားတွေပဲ အရိုက်များလာခဲ့သလို အဲဒီကားတွေကလည်း သူ့မာစတာပိစ်ဖြစ်လာခဲ့တယ်။ ကနဦးအားဖြင့်တော့ သူက စတားတွေအသုံးများခဲ့တယ်။ ဒါပေမဲ့ သူ့တကယ့်မာစတာပိစ်ဆိုတာတွေကတော့ စတားတွေ မသုံးထားတာတွေပဲ။ သို့ပေမဲ့ သရုပ်ဆောင်ကောင်းတဲ့ သူသုံးနေကျလူတွေပါပဲ။ The Misson နောက်ပိုင်းကတည်းက ဒီလိုပုံစံမျိုးမှာ ဒီလူတွေကို သူခဏခဏသုံးလာခဲ့တယ်။ သူ့ကားတွေများပေမဲ့ ဒီလူတွေပါရင်ကို သူ့မာစတာပိစ်ကားလို့သတ်မှတ်လိုက်လို့ရတယ်။ Exiled (2006) ကလည်း ဂျွန်နီတို့ တစ်ချို့ရုပ်ရှင်တွေလိုမျိုး ရဲတွေဝင်မပါရဲတာကို ကောင်းကောင်းအသုံးချပြထားတဲ့ ဂျွန်နီတိုရုပ်ရှင်ပဲ။ ဒီဇာတ်အဖြစ်အပျက်တစ်ခုလုံးရဲ့ကြာချိန်ကို ဂိုဏ်းတွေပစ်ခတ်တဲ့ ကြားရောက်ရောက်လာတတ်တဲ့ ပင်စင်ယူတော့မယ့်ရဲအဘိုးကြီးကို သုံးပြီးပြသွားတယ်။ ဘယ်လိုပြလဲဆို‌တော့ သူတို့ပြဿနာစဖြစ်တဲ့အချိန်မှာ ရဲအဘိုးကြီးက သူပင်စင်ယူဖို့ ၃ရက်ပဲလိုတော့တယ် သူ့ဘာသာလေးနေပါရစေလို့ပြောတာကနေ စတယ်။ ဒီကနေ သူက ဂိုဏ်းတွေချပြီဆိုပေါ်လာတတ်တယ်။ သူပင်စင်ယူဖို့ ဘယ်နှနာရီပဲလိုတော့တယ် ထထအော်ပြီး လစ်လစ်သွားတယ်။ သူပင်စင်ယူမယ့်ညမှာ ဒီဇာတ်က ဆုံးသွားတယ်။ ဆိုတော့ အဖြစ်အပျက်တွေများပေမဲ့ ဒီဇာတ်က တကယ်တမ်း ၃ရက်ပဲ။ Exiled မှာ Anthony Wong, Francis Ng, Lam Suet, Nick Cheung, Richie Jen, Simon Yam တို့ပါထားတယ်။ ဒီလူတွေနဲ့ ဒီလိုကားတွေ လိုက်တယ်ဆိုတာ ထပ်ပြောဖို့မလိုလောက်တော့ဘူး။ Nick Cheung ရဲ့ ဇာတ်ကောင်က သူတို့ဘော့စ် Simon Yam ကို သတ်ဖို့ကြိုးစားခဲ့တယ်။ ဒီတော့ သူတို့ဘော့စ်က နစ်ရဲ့ဇာတ်ကောင်ကို သူ့လူတွေကို သတ်ခိုင်းတယ်။ သူ့လူတွေဆိုတာလည်း နစ်ရဲ့ ဘော်ဒါတွေချည်းပဲ။ ဒီတော့ သူတို့တွေ သတ်ဖို့သွားပေမဲ့ တကယ်တမ်းမသတ်ရက်ဘဲ အတူတူထွက်ပြေးကြဖို့ အကြောင်းဖန်လာတယ်။ ဒီမှာတစ်ခုရှိတာက ဒီအဖြစ်က ကိုရီးယားက ရိုက်တဲ့ Jang Dong-gun ပါတဲ့ Friend (2001) လို အဖြစ်မျိုးပဲ။ အဲဒီမှာတော့ ဘော်ဒါကိုသတ်လိုက်ပေမဲ့ ဒီမှာတော့ တော်တော်အားရစရာကောင်းတယ်။ နှစ်ခုယှဉ်ကြည့်လိုက်ရင် ဒီဇာတ်က တော်တော်အားရစရာကောင်းလိမ့်မယ်။ ဆိုခဲ့သလို သူတို့တွေ ပြေးဖို့ကြံရင်း ငွေရအောင် နောက်ဆုံးအလုပ်ကိုလုပ်ကြတယ်။ အဲဒီအလုပ်အဆင်မပြေသွားရာကနေ ဒီသုံးရက်အတွင်း ဘယ်လို ဂြိုဟ်တွေ ဝင်စီးလဲ ပြတယ်။ ဒါပဲ။ သူ့ထုံးစံအတိုင်း ဇာတ်အချိန်ကျဉ်းတယ်။ ကကျိုးကကြောင်အဖြစ်တွေလည်းပါတယ်။ ဂျွန်နီတိုအရသာအပြည့်ရတယ်။ ဒါမဲ့ တချို့အချက်တွေကြောင့် ဒီကားကို ဂျွန်နီတိုရဲ့အကောင်းဆုံးကားလို့ သတ်မှတ်ချင်မိတာမျိုးတော့ ရှိတယ်။ ဥပမာဆို နောက်ဆုံးပစ်ခန်း ပစ်ကြခတ်ကြတာတွေကို ကျွန်တော်တို့ကိုပြရင် အနည်းဆုံး ၅မိနစ်ဝန်းကျင်လောက်တော့ ကြည့်ရတယ်။ လူအုပ်လိုက်ကြီးပစ်ခတ်နေကြတာဆိုတော့ ထောင့်ပေါင်းစုံက ပတ်ပြနေတာကိုး။ ဒါပေမဲ့ ပစ်ခတ်ကြတဲ့အချိန်ဟာ ခဏလေးဆိုတာကို ကြည့်တဲ့သူ မြင်သာ‌အောင် ဂျွန်နီတိုက လှလှလေးပြသွားတယ်။ ဆိုင်မွန်ယန်းရဲ့ ဇာတ်ကောင် ဘော့စ်က ကျွဲရိုင်းဘူးကို ဝရန်တာက ပစ်ချပြီး သူ့လူတွေကို ပစ်ဖို့အချက်ပြတယ်။ ဘူးမကျခင် တစ်ကောင်က ဘူးကိုကန်ချလိုက်တယ်။ ပြီးတော့နောက်တစ်ကောင်ကကန်တယ်။ နောက်ဆုံးအန်သိုနီဝေါင်ထပ်ကန်လိုက်လို့ ဘူးလေထဲပြန်မြောက်သွားတဲ့အချိန်မှာ စပစ်ကြတယ်။ ပစ်တာခတ်တာကတော့ အကြာကြီးလိုလိုပဲ။ ဟိုကောင်ကပစ်တာပြလိုက် ဒီကောင်ကပစ်တာပြလိုက်နဲ့ပဲ။ အကုန်လည်းသေပြီးရော ဘူးက ကြမ်းပေါ်ပြုတ်ကျတာကိုပြတယ်။ တကယ်တမ်း သူတို့ပစ်နေကြတဲ့အချိန်က စက္ကန့်ပိုင်းပဲရှိခဲ့တာကို ဂျွန်နီတိုက ဇာတ်ထဲရှိနေပြီးသား အရာကိုပဲသုံးပြီး လှလှပပကို ပြသွားခဲ့တယ်။ Exiled (2006) ဟာ ကြည့်လို့တော်တော်အရသာရှိတဲ့ ဂျွန်နီတိုရုပ်ရှင်တွေထဲမှာတောင် ကြည့်လို့တော်တော်အရသာရှိနေတဲ့ ရုပ်ရှင်ပဲ။ ခုကြည့်ပြီး ခုနောက်တစ်ခေါက်ပြန်ကြည့်ချင်လောက်အောင်ကို ကြည့်ရ အရသာရှိလွန်းခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 910MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 50Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2006 108 mins
Exiled
Mischievous Kiss the Movie Part 2: Campus
7.1

Mischievous Kiss: Campus Arc (2017) My Drama List – 7.4 IMDb – 7.1 2016 ခုနှစ်ကထွက်ရှိခဲ့တဲ့ Highschool arc ရဲ့အဆက်ဖြစ်ပြီးတော့ campus arc မှာတော့ ခိုတိုခိုရော အီရိအဲရော တိုးနန်တက္ကသိုလ်ကို ရောက်သွားကြပေမယ့် မေဂျာတော့ မတူပါဘူး။ အီရိအဲက သိပ္ပံအင်ဂျင်နီယာမေဂျာကိုယူပြီး အဲဒီမှာ မာဆုမိုတိုဆိုတဲ့ကောင်မလေးနဲ့ ရင်းနှီးလာခဲ့ပါတယ်။ တစ်နေ့မှာတော့ အီရိအဲရဲ့ အထက်တန်းကျောင်းတုန်းက စီနီယာဖြစ်တဲ့ ဆုဒိုက အီရိအဲကို သူတို့ကလပ်ထဲဝင်ဖို့ စည်းရုံးလာပါတယ်၊ ဒါကို အီရိအဲနဲ့ ကလပ်အဖွဲ့ အတူတူဝင်ချင်တဲ့ ခိုတိုခိုတစ်ယောက်ကြားသွားပြီးတော့ ဘာကလပ်မှန်းမသိဘဲ အနောက်ကလိုက်ကြည့်ပါတော့တယ်။ အီရိအဲဝင်မယ့်ကလပ်က တန်းနစ်ကလပ်ဖြစ်နေပြီး မာဆုမိုတိုကလည်း အဲဒီကလပ်မှာရှိ‌‌နေပါတယ်။ ခိုတိုခိုတစ်ယောက် တန်းနစ်အဖွဲ့ထဲဝင်ပြီး အီရိအဲရဲ့အာရုံစိုက်မှုကို ဘယ်လိုအရယူမလဲ၊ အီရိအဲကိုကြိုက်တဲ့ ပြိုင်ဘက်ကရော ဘယ်နှယောက်ပေါ်လာမလဲ၊ အဲဒီပြိုင်ဘက်တွေကိုရော ခိုတိုခိုတစ်ယောက် အနိုင်ယူနိုင်မလား၊ အီရိအဲနဲ့ခိုတိုခိုတို့ကြားထဲက ဆက်ဆံရေး ဘယ်လိုမျိုးပြောင်းလဲသွားမလဲ အစရှိတာတွေကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် File size… 2.6 GB / 1.1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Comedy/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

7.1 2017 104 mins
Mischievous Kiss the Movie Part 2: Campus
Klip Anker Baai

Klip Anker Baai (2023) ဇာတ်လမ်းအညွှန်း အဲလက်စ်ဒွန်နေးက သူမရဲ့ ဖခင်နဲ့ အဆင်မပြေဖြစ်ပြီး မွေးရပ်မြေကို စွန့်ခွာကာ မြို့ကြီးပြကြီးမှာ အသက်မွေးဝမ်းကျောင်းပြုအောင်မြင်နေသူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့ သူမရဲ့ ဖခင် ပင်လယ်ထဲထွက်ရင်း သေဆုံးသွားတဲ့ အကြောင်း သူမရဲ့ အစ်ကိုနဲ့ အဒေါ်တို့က လှမ်းအကြောင်းကြားလိုက်တဲ့အခါ သူမဖခင်ရဲ့ နာရေးကိစ္စအတွက် မွေးရပ်မြေကို ပြန်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ နာရေးအခမ်းအနားကိုရောက်လိုက်မှ သူမဖခင်ရဲ့ သေဆုံးမှုက သွေးရိုးသားရိုးမဟုတ်မှန်း သိလိုက်ရပါတော့တယ်။ သူမဖခင်ရဲ့ သေဆုံးမှုနောက်ကွယ်က တကယ့်အဖြစ်မှန်ကဘာလဲဆိုတာကို သူမဖော်ထုတ်နိုင်မှာလား။ သူမရဲ့မွေးရပ်မြေမှာလည်း ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဒေသခံတွေရဲ့ လုပ်ငန်းတွေနဲ့ မြေတွေကို ကုမ္ပဏီအကြီးကြီးတစ်ခုက ဖိအားပေးလိုက်လံဝယ်ယူနေတဲ့အခါ သူမဘယ်လိုဖြေရှင်းပေးမလဲ။ သူမဖခင်သေဆုံးမှုကရော ထိုကုမ္ပဏီကလူတွေရဲ့ လက်ချက်များဖြစ်နေမလား စတာတွေကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းရေးသားပြီး ဘာသာပြန်သူကတော့ nway oo k zaw ဖြစ်ပါတယ်။ File size…(1.6 GB)/(794 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2023
Klip Anker Baai
Bad Boys
6.9

Bad Boys (1995) ================ IMDb Rating – 6.9/10 လူတိုင်းရင်းနှီးပြီးသား မင်းသားတွေဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Action , Comedy , Crime ဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားနှစ်ယောက် ဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့က မိုက်ခ်နဲ့ မားကပ်စ်ဆို တဲ့ မိုင်ယာမီမူးယစ်တိုက်ဖျက်ရေးမှုခင်းရဲတွေပါ။ တစ်နေ့ သူတို့ ဌာနမှ ထိန်းသိမ်းထားတဲ့ ကိုကင်းတွေကို အဖောက်ခံလိုက် ရပါတယ်။ အဲ့လိုအဖောက်ခံလိုက်ရတော့ သူတို့ရဲ့ခေါင်းဆောင် ဟောင်း ဝဒ်က သူတို့ကို ကို ပြန်ရှာခိုင်းပါတယ်။ ဒီလိုနဲ့ မိုက်ခ်နဲ့ မားကပ်စ်က သူတို့ နဲ့အရင်က ဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ ဆေးသမား ပြည့်တန်ဆာတွေနဲ့ပူးပေါင်း ပြီးတော့ သတင်းယူပြီး ဒီအမှုကိုလိုက်တာကနေ တစ်ကားလုံး သဘောကျ စရာကောင်းလောက်အောင်ကို သရုပ်ဆောင်ပြသွားတာပါ။ Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys ကြည့်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)

6.9 1995 119 mins
Bad Boys
Mother, Couch!
5.8

ဒီတစ်ခေါက် CMကနေတင်ဆက်ပေးသွားမဲ့ဇာတ်ကားလေးကတော့ နာမည်နဲ့တင်ထူးဆန်းနေတဲ့ Mother, Couch ဆိုတဲ့ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ နာမည်ထဲကအတိုင်း အမေနဲ့ဆိုဖာတစ်လုံးကို ဦးတည်ပြီး ဇာတ်အိမ်တည်ထားတာပါ။ အသက် ၈၂ အရွယ် အဘွားကြီးတစ်ယောက်ဟာ Oakbed ဆိုတဲ့ ပရိဘောဂအ‌ဟောင်း ဆိုင်ထဲကိုဝင်ပြီး ဆိုဖာအစိမ်းရောင်ကြီးပေါ်မှာ သွားထိုင်နေပါတယ်။ ခဏထိုင်တာ ကိစ္စမရှိပေမဲ့ အဘွားကြီးကတော့ ဆိုဖာပေါ်မှာ ထိုင်ရာကမထဘဲ အိမ်မပြန်ဘူးငြင်း‌ရာကနေ ပြဿနာက စပါတော့တယ်။ သူ့သားအကြီးဖြစ်တဲ့ ဂရစ်ဖ်ကတော့ ဒီကိစ္စကိုပေါ့ပေါ့ တန်တန်ပဲတွေးပြီး ပရိဘောဂဆိုင်ကကောင်မလေးနဲ့ ပရောပရည်လုပ်လို့ နေပါတယ်။ အဲဒီအချိန်မှာ သားအငယ် ဒေးဗစ်ဟာ သူ့သမီး မွေးနေ့ပွဲကို သွားရမဲ့ကြားကနေ အမေကိုအိမ်ပြန်ပို့ဖို့ရောက်လာခဲ့ကာ စိတ်မကျန်းမာတဲ့ ပုံပေါက်နေတဲ့မိခင်ကို ဆိုဖာကြီးကနေထပြီး အိမ်ပြန်ဖို့ ချော့မော့ပြောပါ တော့တယ်။ ဘယ်လိုပဲကြိုးစားကြိုးစား ဆိုဖာထိုင်ခုံပေါ်ကနေထဖို့စိတ်ကူးလုံးဝမရှိတဲ့ အမေနဲ့ သူ့သားသမီးတွေကြားက ဆက်ဆံရေးကို တစ်စတစ်စပုံဖော်သွားပြီး အဓိကဇာတ်ကောင်ဖြစ်တဲ့ ဒေးဗစ်ရဲ့ စိတ်ရှုပ်ထွေးမှုတွေ၊ မွန်းကြပ်ပေါက်ကွဲ မှုတွေကို ဖြည်းဖြည်းချင်းစီ ချပြသွားတာပါ။ အစတုန်းက ဒီရုပ်ရှင်ကို ရိုးရိုးတန်းတန်း family/drama လို့ပဲထင်ခဲ့ပေမဲ့ တကယ်တမ်းကြည့်ကြည့်လိုက်တော့မှ psychology/drama အမျိုးအစား ဖြစ်နေတာပါ။ ဒေးဗစ်နဲ့သူ့မိသားစုကိုဦးတည်ထားတဲ့ metaphor တွေ၊ တွေးကြည့်မှ သဘောပေါက်နိုင်မဲ့အရာတွေနဲ့ အဓိကဇာတ်ကောင်ရဲ့စိတ်ခံစားချက်တွေနဲ့ trauma တွေအကြောင်း ကောင်းကောင်းကြီးကြည့်ရှုရမဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။ File size…1.18GB / 629MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5.8 2024
Mother, Couch!
Christmas with Jerks
6

Christmas with Jerks (2024) IMDb Rating (6.0) / Rotten Tomatoes (89%) မောင်လေးနဲ့မမ အချစ်ဇာတ်လမ်းလေးကို စောင့်မျှော်နေကြသူတွေရှိလား?? ဒါဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ဖို့ အကြံပေးချင်ပါတယ်.. အိဗ်ကာတာဆိုတဲ့ နာမည်ကျော် သရုပ်ဆောင်တစ်ယောက်က သူ့ညီမအိမ်မှာ ဘယ်သူမှမသိအောင် သွားနေခဲ့ပါတယ်။ အာ့အိမ်မှာ သူ့ညီမက မစ်ကီဆိုတဲ့‌ ခွေးလေးကိုထိန်းပေးဖို့ စတန့်မင်းသား အေ့စ်ထရောင်းကို အကူအညီတောင်းထားခဲ့တယ်။ ဒီလိုနဲ့ သူ့ညီမရဲ့အိမ်မှာ မထင်မှတ်ဘဲ သူတို့နှစ်ယောက်ဆုံတွေ့ခဲ့ကြပြီးတော့ အေ့စထရောင်းကို သူ့ရည်းစားဟောင်းကို ပြန်ချဉ်းကပ်နိုင်စေဖို့ အိဗ်က ကူညီပေးခဲ့ရာကနေ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုတွေ တိုးလာခဲ့ကြတယ်။ အိဗ်အပေါ်ကို ချစ်မိသွားတဲ့အေ့စ်တစ်ယောက် အိဗ်က သူ့ကို အသုံးချနေတယ်ဆိုတဲ့ အမှန်တရားကို သိလိုက်ရချိန်မှာ သူ့ရည်းစားဟောင်းဆီကို ပြန်သွားဖို့ ရွေးချယ်မှာလား?? ဒါမှမဟုတ် သူရဲ့ မမကိုပဲ ရွေးချယ်မလားဆိုတာကို‌..မောင်လေးနဲ့မမတို့ရဲ့ ရိုမန်တစ်ဆန်တဲ့ အချစ်ဇာတ်လမ်းချိုချိုလေးမှာ ကြည့်ရှုလိုက်ကြစို့နော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1 GB) / (600 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:26:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Drama • Thriller
6 2024 86 mins
Christmas with Jerks
Mystery, Alaska

ရေခဲပြင်ဟော်ကီအားကစားကို စိတ်ဝင်စားသူတွေအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ် Mystery, Alaska တစ်မြို့လုံးနီးပါး ဟော်ကီအားကစားကို ချစ်မြတ်နိုးကြတဲ့ နှင်းတွေဖုံးလွှမ်းနေတဲ့ ရေခဲပြင်ပေါ်မှ Mystery မြို့သားများ။ Mystery မြို့ရဲ့ Hockey အသင်းအနေနဲ့ နာမည်ကြီး Hockey အသင်း New York Rangers ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ အကြောင်းဖန်လာတဲ့အခါ… Sports comedy-drama အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်လေးထဲမှာတော့ ဟော်ကီအားကစားကို အသားပေးထားပြီး အချစ်၊သံယောဇဉ်၊ဟာသနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေအကြောင်းကိုလည်း ထည့်သွင်းထားပါတယ်။ အဓိကအနေနဲ့ Mystery မြို့သားတွေရဲ့ မြို့ကိုမြတ်နိုးတွယ်တာမှုတွေကို ဟော်ကီအားကစားနဲ့အတူ စိတ်လှုပ်ရှားစွာကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းအနိမ့်အမြင့်၊ အတက်အကျတွေကလည်း ကြည့်ရှုသူတွေရဲ့ စိတ်နှလုံးကို ဆွဲခေါ်နိုင်တာကြောင့် ဟော်ကီအားကစားကြိုက်နှစ်သက်သူတွေအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ File size… (2.2 GB) / (1.2 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Theinyt Waddy Lynn

0 1999
Mystery, Alaska
200 Pounds Beauty
6.7

200 Pounds Beauty (2006) ************************** IMDb… 6.7 “မာရီယာ~~~” ဆိုတဲ့ သီချင်းလေးကို ကြားလိုက်တာနဲ့ ဒီဇာတ်ကားလေးကို ပြန်အမှတ်ရသွားစေတဲ့အထိ ဝက်ဝက်ကွဲပေါက်ခဲ့တဲ့ ဒီ 200 Pounds Beauty ဆိုတဲ့ ဇာတ်ကားလေးကို quality၊ ဘာသာပြန် အလန်းဖြင့် ပြန်လည် တင်ဆက်ပေးလိုက်ရပါတယ်ရှင်။ ဇာတ်လမ်းလေးကတော့ အကုန်သိပြီးကြတဲ့အတိုင်း သီချင်းဆိုတဲ့နေရာမှာ တော်ပေမဲ့လည်း ရုပ်ဆိုးပြီး ဝတဲ့အတွက် ကန့်လန့်ကာနောက်ကနေ သူများအတွက် သီချင်းဆိုပေး‌နေရတဲ့ အဆိုတော်မလေး ဟန်နာ။ သူသဘောကျရတဲ့သူကတော့ သူနဲ့ အလုပ်တွဲလုပ်နေတဲ့ ပရိုဂျူဆာ ဆန်းဂျွန်းဆိုသူပေါ့။ ဒါပေမဲ့ တစ်ရက် သူသဘောကျရတဲ့သူက သူ့နောက်ကွယ်မှာ သူ့ကိုအသုံးချပြီး မကောင်းပြောတာ ကြားလိုက်ရတဲ့အခါမှာတော့ ဟန်နာတစ်ယောက် တစ်ကိုယ်လုံး ခွဲစိတ်ပြုပြင်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ခွဲစိတ်ပြုပြင်ပြီး အရမ်းလှသွားတဲ့ ဟန်နာတစ်ယောက် သူဖြစ်ချင်တဲ့ အဆိုတော်ဖြစ်သွားမလား… ဆန်းဂျွန်းနဲ့ရော ဘယ်လိုဖြစ်သွားမလဲဆိုတာအပြင် အဖေတစ်ခု သမီးတစ်ခုဖြစ်တဲ့ ဟန်နာနဲ့ သူ့အဖေရဲ့ အကြောင်းကလည်း ရင်ထဲထိစေမှာဖြစ်တဲ့အတွက် ကြည့်ပြီးတဲ့သူရော မကြည့်ရသေးတဲ့သူတွေပါ ကြည့်ရှုကြည့်ကြဖို့ ညွှန်းလိုက်ရပါတယ်နော်။ File Size : 2.18GB/ 1.06GB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…01:55:52 Genre : Music, Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by MMyo & Miri Encoded by Tiff

Mystery • Thriller • Drama
6.7 2006 116 mins
200 Pounds Beauty