YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Sabarmati Report (2024) Hindi TRUE WEB-DL - 720p - AVC - YK(CM).mp4

937.35 MB 720p video/mp4 776 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Amma I Love You

Amma I Love You (2018) Siddhu The Warrior "မိခင်တစ်ယောက်က ကျွန်တော်တို့အတွက် တံမြက်စည်းလှည်းသမား...သန့်ရှင်းရေး...စားဖိုမှုး..စားပွဲထိုး...ဆရာမလည်း ဖြစ်တယ်... ပွဲစီစဉ်သူ ...အလှဆင်တဲ့သူ....ပုံပြင်ပြောတဲ့သူ.. အဆိုတော်..သရုပ်ဆောင် ပြီးတော့ ဘာသာပြန်ပေးသူ ဆိုလည်းဟုတ်တယ် စျေးဆစ်တတ်တဲ့သူ....ငွေကိုင်...စီးပွားရေးအကြံပေး...ထောက်ပံ့ပေးတဲ့သူ... စိတ်ခွန်အားပေးတဲ့သူဆိုလည်း ဟုတ်တယ် ကျွန်တော်တို့ပစ္စည်းတွေ မေ့ကျန်ခဲ့ရင်လည်း သူက သတိပေးတတ်တယ် ကျွန်တော်တို့ဟာ ကျွန်တော်တို့မိခင်တွေကို အရာအားလုံးအတွက် လိုအပ်တယ် ဖခင်တစ်ယောက်ကို အချိန်ခဏပဲ လိုအပ်ပေမယ့် မိခင်ကို‌တော့ ကျွန်တော်တို့တစ်ဘ၀လုံး လိုအပ်တယ်" ဒီလိုအဖွင့်စကားလုံးတွေနဲ့ Amma I Love You ဆိုတဲ့ ဒီဇာတ်ကားက အမေချစ်တတ်တဲ့လူသားတွေအတွက် ဟက်ထိစေမယ့် အိန္ဒိယတောင်ပိုင်းဇာတ်ကားလေးပါ.... ဆစ်ဒူ ဆိုတာ အိန္ဒိယရဲ့ ထိတ်ထိတ်ကြဲကုမ္ပဏီကြီးတစ်ခုကို အမွေဆက်ခံမယ့် သူဌေးသားလေးပါ... တစ်နေ့မှာတော့ ကုမ္ပဏီကိုဦးစီးပြီးအမွေဆက်ခံဖို့အတွက် သူ့အမေက သူ့ကို အိန္ဒိယကိုပြန်ခေါ်လိုက်ပါတယ်.... အမေကလဲသူ့ကိုဆို အသေးစိတ်ကအစ ဂရုစိုက်တတ်သလို သူကလဲ အမေ့စကားဆို မြေဝယ်မကျနားထောင်တတ်တဲ့ သားလိမ္မာလေးပါ။ သိပ်ချစ်ကြတဲ့သူတို့သားအမိကြားကို တစ်နေ့မှာတော့ ကံကြမ္မာဆိုးက ဝင်ရောက်လာပါတယ်... မတော်တဆမှုတစ်ခုကနေ သူ့အမေထိခိုက်ဒဏ်ရာရပြီး ဆေးရုံမှာ သတိမလည်ဘဲ ကိုမာဝင်တဲ့အဆင့်ထိရောက်သွားပါတယ်... ဘာနဲ့ကုကု သတိပြန်မလည်တော့တာကြောင့် ကူကယ်ရာမဲ့သွားတဲ့ ဆစ်ဒူတစ်ယောက် ဘာလုပ်ရမှန်းမသိတဲ့အချိန်မှာ ကံကောင်းချင်တော့ အကြားအမြင်ဆရာတစ်ယောက်နဲ့ ဆုံတွေ့လိုက်မိပါတယ်။ ကံဆိုးချင်တော့ သူ့အမေပြန်ကောင်းလာဖို့ဆိုရင် သူ့အနေနဲ့ သူတောင်းစားအဖြစ် ၄၈ ရက်တိတိနေထိုင်ရမယ်လို့ ရှေ့ဖြစ်ဟောခံရပါတယ်။ အမေ့အတွက်ဆို မြင့်မိုရ်တောင်ပါဖြိုချမယ့်သား ဆစ်ဒူကတော့ သူတောင်းစားလုပ်ဖို့လက်မတွန့်ခဲ့ပါဘူး... ဒီလိုနဲ့ သူတောင်းစားလုပ်နေစဉ်မှာပဲ လူသားတို့သဘောတွေ အလိုလောဘတွေအကြောင်းတွေကို သိမြင်လာရသလို သူရင်ခုန်ရတဲ့ကောင်မလေးကိုတွေ့ရှိသွားတဲ့အပြင် သူ့ကုမ္ပဏီကိုလုမယ့် ရန်သူတွေပါ သူ့နောက်ကိုလိုက်လာတဲ့အခါမှာတော့....။ ဆစ်ဒူတစ်ယောက် အမေ့အတွက် အခက်အခဲတွေတပြုံကြီးကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာ....။ IMDb Rating (7.4) ထိရရှိထားတာမလို့ အက်ရှင်ဒရမ်မာကြိုက်တတ်တဲ့ တောင်ပိုင်းပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ဇာတ်ကားဖြစ်ပါကြောင်း။ File size…(8.5GB)/(2.7GB)/(1.2GB) Quality….BluRay 4K HEVC /1080p/ 720p Format…mkv/mp4 Duration….02:26:04 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH Translated by Lwin Htoo Aung

Romance
0 2018
Amma I Love You
Detective Dee and Grand Canal Dragon
3

ယခုတစ်ခေါက် မှုခင်းစုံထောက်ကားတွေကြိုက်တတ်တဲ့သူတွေအတွက် စုံထောက်ကြီးဒီးရန်ကျယ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ချွေကုန့်ခုနှစ်မှာ ဝူကျဲထျန်းဟာ လုံမိန်သို့ တိုင်းခန်းလှည့်လည်ရာမှာ စီးမာချိန်ကျန်းနဲ့ မူးမတ်ရာကျော် လိုက်ပါလာခဲ့ပါတယ်။ ညအချိန် လော့ယန်က လူသောင်းချီတဲ့ လမ်းတွေပေါ်ကနေ လုံမိန်သုံး အပြေးလာကြပြီး မင်းကြီးကို လာရောက်ဖူးမြော်ကြပါတယ် အဲ့အချိန်မှာ တူးမြောင်းကြီးထဲကနေ နဂါးသဏ္ဍာန်တိရိစ္ဆာန်ကြီးက တော်ဝင်သင်္ဘောကို တိုက်ခိုက်ခဲ့ပါတယ်။ လော့ယန်မှ ပြည်သူတွေက နိမိတ်ဆိုးအဖြစ်နဲ့ ပြောဆိုနေကြတဲ့အတွက် ဝူကျဲထျန်းက ဒေါသူပုန်ထပြီး ဒီးရန်ကျယ်ကို နဂါးမင်းအမှုကို စစ်ဆေးဖို့ ပြန်လည်ဆင့်ခေါ်ခဲ့တယ်။ လော့ယန်တစ်မြို့လုံးမှာ ကောလာဟလတွေနဲ့ ပြည်သူအားလုံး ကြောက်လန့်နေကြပါတယ်။ ဒီးရန်ကျယ်တစ်ယောက် နဂါးမင်းအမှုကို ၇ ရက်အတွင်း အဖြေထွက်အောင် စုံစမ်းစစ်ဆေးဖို့ အမိန့်ကျလာတဲ့အခါမှာ အခက်အခဲတွေ အန္တရာယ်တွေကြားက အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ခံစားအဖြေရှာလိုက်ကြရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Moon Encoded by LK

3 2023 70 mins
Detective Dee and Grand Canal Dragon
Timeline
5.7

အလယ်ခေတ်ကလူတစ်ယောက် တောအုပ်ထဲကနေပြေးထွက်လာပြီး ကားလမ်းအလယ်မှာ သေဆုံးသွားတာနဲ့စတင်ထားပါတယ်။ ပြီးတော့ အဲ့အလောင်းကို အိုင်တီစီက မတော်တဆမှုတစ်ခုအဖြစ်ဖန်တီးလိုက်ပါတယ်။ နောက်တော့ ပရောဖက်ဆာ ဂျွန်စတန် နဲ့ သူ့ရဲ့ ရှေးဟောင်းတူးဖော်မှုအဖွဲ့ရဲ့ အလယ်ခေတ် ပြင်သစ်နဲ့အင်္ဂလိပ်တို့ရဲ့ တိုက်ပွဲနေရာမှာ တူးဖော်မှုတွေပြုလုပ်နေခဲ့ပါတယ်။ တူးဖော်မှု‌တွေပြုလုပ်နေရင်း တစ်နေ့မှာတော့ ပရော်ဖက်ဆာရဲ့ မျက်မှန်၊ လက်ရေးမှုနဲ့အကူအညီတောင်းထားတဲ့ စာကို ကိတ် နဲ့ မရက် ကထူးဆန်းစွာရှာဖွေတွေ့ရှိသွားပါတယ်။ ပရော်ဖက်ဆာရဲ့ အဖွဲ့က ရှာတွေ့ထားတာတွေကို ကာဗွန်သက်တမ်းစစ်ကြည့်လိုက်တော့ နှစ်ပေါင်း ၆၀၀ လောက်သက်တမ်းရှိနေပြီဆိုတာကို သိလိုက်ရတယ်။ အဲ့ဒီအခါမှာ ပရော်ဖက်ဆာရဲ့သား ခရစ် နဲ့ သူ့အဖွဲ့က သူ့အဖေကိုလိုက်ရှာဖို့ အကြောင်းဖန်လာပါတော့တယ်။ အိုင်တီစီကို သွားပြီး သူ့အဖေကို ဘာလုပ်လိုက်လဲဆိုတာကို အဖြေရှာပါတော့တယ်။ ဇာတ်ကားရဲ့ နာမည် Timeline ဆိုတဲ့အတိုင်း ဒီနေ့ခေတ်နဲ့ အလယ်ခေတ် ကို အသွားအပြန်လုပ်ရင်း ခရစ်တစ်ယောက် သူ့အဖေကိုရော ပြန်ရှာပြီး ကယ်တင်နိုင်ပါမလား ဆိုတာတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ကြပါခင်ဗျာ ဒီဇာတ်လမ်းထဲမှာတော့ ပရော်ဖက်ဆာရဲ့သား ခရစ် အဖြစ်နဲ့ သရုပ်ဆောင်ထားတဲ့ ကျွန်တော်တို့ရဲ့ အချစ်တော် fast and furious မင်းသား Paul Walker ကိုအလွမ်းပြေတွေ့ရမှာပါ File Size :(3.2GB) (1.1GB) and (371MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:56:00 Genre : Action ,Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Proxy Encoded by Phyo Pyae

Comedy
5.7 2003 116 mins
Timeline
Love Destiny: The Movie
6.8

အယုဒ္ဓခေတ်မှာသေကွဲကွဲခဲ့ရပေမယ့် အလယ်ခေတ်မှာလူပြန်ဝင်စားလာတဲ့ Bhop နဲ့ Gaysorn မှာ Bhop ကသာ အတိတ်ဘဝကချစ်သူဟောင်းကို ၁၀နှစ်လုံးလုံးအိပ်မက်ထဲမှာပြန်တွေ့ပြီး မှတ်မိနေခဲ့ပါတယ်။ အိပ်မက်ထဲကမိန်းကလေးနဲ့တစ်ထပ်တည်းတူတဲ့ Gaysorn ကိုတွေ့လိုက်ရချိန်မှာတော့ Bhop တစ်ယောက် အနောက်ကတကောက်ကောက်လိုက်ရတဲ့အထိကို အရူးအမူးဖြစ်ပါတော့တယ်။ Gaysorn ကတော့ ကံမကုန်တာတွေ ပြန်ဆုံတာတွေကိုမယုံတတ်တဲ့မိန်းကလေးပီပီ ခေတ်ဆန်ဆန်ဗန်းစကားလေးတွေညှပ်ညှပ်ပြီးပြောတတ်တဲ့ Mathus ဆိုတဲ့ကောင်လေးကိုပဲစိတ်ဝင်စားနေပါတယ်။ Mathus ဆိုတာကတော့ အယုဒ္ဓယခေတ်ကမှတ်တမ်းစာအုပ်ထဲမှာပါတဲ့ ရှေ့ဖြစ်ဟောတမ်းတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကိုက်ညီနေတဲ့ လူထူးလူဆန်းလေးတစ်ယောက်ပေါ့။ အနာဂတ်က Time traveler လေး Mathus ခမျာ ကံမကောင်းရှာတော့ ရှေးခေတ်စုံတွဲကြားညပ်ရတဲ့အပြင် နန်းတွင်းပုန်ကန်မှုအရှုပ်တော်ပုံထဲမှာပါ ခြေစုံပစ်လျက်သားဖြစ်ပါတော့တယ်။ Cast အနေနဲ့ကလည်း My Ambulance Ost အဆိုတော်လေး P'Paris မို့လို့ ကြည့်ရတာအတော်လေး မျက်စိအားရှိစေမယ့် movie လေးပါနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wut Yi  က ရေးပေးထားပါတယ်။) File Size          : 3.1GB, 1.2GB, 619MB, 217MB Quality            : 1080p WEB-DL, 720p WEB-DL, 480p, 360p Format            : mp4 Duration         : 2hr 46mins Genre              : Comedy, Romance, History Translated by Chothet_mlmt & Hnin Wut Yi Encoded by Kinnov

Action • Science Fiction • Thriller
6.8 2022 166 mins
Love Destiny: The Movie
The Pursuit of Happyness
7.9

အကယ်​၍ သင်​ဟာ Single Father တစ်​​ယောက်​ဖြစ်​ပြီး သင့်က​လေးအိပ်​ဖို့အတွက်​ ​ကျောတစ်​ခင်းစာ​တောင်​မဖန်​တီး​ပေးနိုင်​​တော့ဘူးဆိုရင်​...သင့်ရင်​​သွေးကိုစွန့်လွှတ်လိုက်​​မှာပါလား? ? ? Chris Gardner ဆိုတဲ့ လူတစ်​​ယောက်​​က​တော့ မိမိရဲ့သား​လေးလက်​ကိုဆွဲပြီး ဘဝရဲ့အခက်​ခဲဆုံးအချိန်​​တွေကိုဖြတ်​​ကျော်​ပြီးလို့ အခုဆို Millionaire တစ်​​ယောက်​​တောင်​ဖြစ်​လို့​နေပါပြီ။ သင့်ဘဝကို သင်​ခက်​ခဲလှပြီလို့ထင်​​နေရင်​ တကယ့်ဖြစ်​ရပ်​မှန်​ဘဝကိုအ​ခြေခံပြီးရိုက်​ကူးထားတဲ့ ဒီဇာတ်​ကား​လေးကို အချိန်​​ပေးပြီးကြည့်ကြည့်လိုက်​ပါ ဒီကား​လေးကြည့်ပြီး အရင်​ဦးဆုံး ခံစားမိမှာက​တော့ ဖခင်​တစ်​​​ယောက်​ရဲ့​မေတ္တာ ဘယ်​​လောက်​ နက်​ရှိုင်းတယ်​ဆိုတာပါပဲ... ဘဝရဲ့အဆိုးဆုံးအ​ခြေအ​နေတစ်​ခုမှာ​တောင်​ သားဖြစ်​သူကို လက်​လွှတ်​မခံခဲ့တဲ့ ဖခင်​တစ်​​ယောက်​ရဲ့ ​မိဘ​မေတ္တာ... ကျွန်​​တော်​တို့ ​တော်​​တော်​များများ ​ငွေကိုသည်းကြီးမည်းကြီးရှာ​နေကြချိန်​မှာ ​ပျော်​ရွှင်​မှုဆိုတာဘာလဲ ဘယ်​လိုအရာက မိမိကို​ပျော်ရွှင်​​စေတာလဲ မ​တွေးမိကြတာများပါတယ်​... ဒီဇာတ်​ကား​လေးက​နေ ​တော်​ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်​တစ်​​ယောက်​ရဲ့ချစ်​ခြင်းမေတ္တာရယ်​...​​ ​ပျော်​ရွှင်​မှုဆိုတာ ကြိုးစားသူတိုင်းအတွက်​ အလှမ်းမ​ဝေးဘူးဆိုတာရယ်​... ဘဝဆိုတာ ​"ဘုံလုံတစ်​လှည့် ငါးပျံတစ်​လှည့်" ဖြစ်​​တယ်​ဆိုတာ စိတ်​ကူးယဉ်​သက်​သက်​မဟုတ်​ပဲလက်​​တွေ့မှာပါ တကယ်​ရှိတယ်​ဆိုတာ တို့ကို...သာမန်​အ​ရောင်းသမား(Saleman) ​လေးဘဝက​နေ သန်းကြွယ်​သူ​ဌေးတစ်​​ယောက်​ဖြစ်​လာသည်​အထိ ခက်​ခက်​ခဲခဲ ရုန်းကန်​လှုပ်​ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို​ inspired လုပ်​ပြီး ရိုက်​ကူးထားတဲ့ "The Pursuit of Happyness" ဆိုတဲ့ကား​လေးမှာ အထင်​အရှား​တွေ့ကြရမှာပါ... ဒီဇာတ်​ကား​လေးကို​တော့ Director Gabriele Muccino ကရိုက်​ကူးထားပြီးကျွန်​​တော်​တို့ရုပ်​ရှင်​ကြိုက်​သူ​တွေအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်​တဲ့ မင်းသားကြီး Will Smith ကသရုပ်​​ဆောင်​ထားပါတယ်​... ထူးခြားမှုအ​နေနဲ့က ဒီဇာတ်​ကားထဲမှာ Chris Gardner(Will Smith) ရဲ့ သား​နေရာက​နေ သရုပ်​​ဆောင်​ထားသူက​တော့Will Smith ရဲ့ သားအရင်းဖြစ်​သူ Jaden Smith ပဲဖြစ်​ပါတယ်​...၈ နှစ်​အရွယ်​သာရှိ​သေးတဲ့ Jaden Smith ရဲ့ပထမဦးဆုံးပွဲဦးထွက်​ကားဖြစ်​​ခဲ့ပေမယ့် > MTV+TV awards(2007) : Breakthrough Performance ဆု > Phoenix Film Critics Society Awards(2006) :Best Performance by a Youth ဆု > Teen Choice Awards(2007)ဆုတို့ရခဲ့တဲ့အပြင်​ အခြား Nominees ​ပေါင်းများစွာလဲ ဝင်​ခဲ့ပါ​သေးတယ်​...အနုပညာ​သွေးအခံရှိလို့ထင်​ပါရဲ့... မင်းသားကြီး Will Smith ကိုယ်​တိုင်​လဲ > Academy Awards,USA(Oscar)(2007): Nominated > Gloden Globe,USA(2007): Nominated တို့အပြင်​ အခြား Nominees ​ပေါင်းများစွာနဲ့ ဆု​တွေကိုလဲ ရ​ခဲ့​သေးတာဆို​တော့.. အချိန်​၂နာရီ​ပေးပြီးကြည့်​ရမှာ တကယ်​တန်​တဲ့ကား​ကောင်းတစ်​ကားလို့ညွှန်းလိုက်​ပါရ​စေ​ဗျာ...။ IMDb Rating(8.0)ထိရရှိထားပါတယ်။ File size…(1.7 GB)/(800 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:57:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Saw Bwar

Comedy • Romance • TV Movie
7.9 2006 117 mins
The Pursuit of Happyness
The Unlikely Pilgrimage of Harold Fry
6.8

ဟာရိုးဖရိုင်းဆီ ကို စာတစ်စောင်ရောက်လာတယ် ။ ဘယ်ကပို့မှန်းလဲမသိ။ သားသမီးမရှိတဲ့ သက်ကြီးရွယ်အိုလင်မယားနှစ်ယောက်ဆီ စာရောက်လာတာ တစ်မျိုးတော့စိတ်ထဲဖြစ်သွားတယ်။ စာအိတ်ပေါ်မှာရေးထားတဲ့ Berwick upon Tweed ဆိုတဲ့ နေရာကတွေ့တော့ ဘေးက ဇနီးဖြစ်သူမော်ရင်ကို မေးလိုက်တယ်။ ဇနီးသည်က လည်းမသိဘူးတဲ့။ စာအိတ်ကိုဖောက်ဖတ် ကြည့်လိုက်တော့ မိတ်ဆွေဟောင်းကင်ဆာရောဂါသည် ကွင်နီကပို့လိုက်တဲ့ နှုတ်ဆက်စာလေးတစ်စောင်ဖြစ်နေတယ်။ ဟာရိုးတစ်ယောက် အတိတ်က အကြောင်းအရာတွေကို သတိရမိသွားပြီး ပြန်စာရေးလိုက်တယ်။ ရေးပြီးစာလေးကို စာတိုက်ပုံးထဲသွားထည့်ဖို့ ဇနီးသည်ကိုပြောပြီးထွက်လာလိုက်တယ်။ သူ့စိတ်ထဲ တစ်ခုခုခံစားနေတဲ့အတွက် စာတိုက်ပုံးနားမှာ ချီတုံချတုံဖြစ်နေတယ်။ ဒီလိုနဲ့စတိုးဆိုင်တစ်ဆိုင်ထဲဝင်ပြီး မုန့်လေးဘာလေးဝယ်ပြီး ကောင်တာမှာ ပိုက်ဆံရှင်းတော့ ဝန်းထမ်းလေးက စာအကြောင်းမေးတယ်။ ကင်ဆာရောဂါ သည်မိတ်ဆွေဟောင်းအတွက်လို့ပြောတယ်။ ဝန်ထမ်းမလေးက သူ့အဒေါ်လည်း အဲ့လိုရောဂါခံစားနေရကြောင်း လက်မလျှော့ဘဲ ယုံကြည်မှုပေးရင် မျှော်လင့်ချက် ရှိလာနိုင်ကြောင်းပြောပြတယ်။ ဟာရိုးရဲ့စိတ်ထဲမှာ အတွေးတစ်ချက်ပေါ်လာပြီး ကွင်နီတက်နေတဲ့ ဆေရုံးကိုဖုန်းဆက်လိုက်တယ်။မိုင် ၅၀၀ နီးပါးဝေးတဲ့ Berwick upon Tweed အထိသူလမ်းလျှောက်လာမယ်ဖြစ်ကြောင်း ကွင်နီကိုသူလာတဲ့ အထိ‌စောင့်နေပါဆိုတဲ့အကြောင်းဖုန်းဆက်ပြောပြီး အိမ်ကိုတောင်မပြန်ဘဲ သူ့ရဲ့ခရီးစဉ်ကို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ စတင်လိုက်တယ်။ File size…2.09GB / 702MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Horror • Mystery • Western
6.8 2023 108 mins
The Unlikely Pilgrimage of Harold Fry
The Fate of the Furious
6.9

Fast & Furious ပရိသတ်တွေအတွက် USD 250 million အကုန်အကျခံပြီး အကောင်းဆုံးတင်ဆက်ထားတဲ့အတွက် Box officie မှာ USD 1 Billion ကျော် ဝင်ငွေရပြန်ရခဲ့ပြီး IMDb 7.2 ထိ Rating ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး “ဒွန်မနစ်တိုရက်စ်တို” တစ်ယောက် သူရဲ့ ချစ်ဦးသူ “လတ်တီ” တို့ ကျူးဘားကျွန်းလေးမှာ ဟန်နီးမွန်းထွက်နေကြပါတယ်။ ဒီအချိန်မှာ အမေရိကန်အစိုးရရဲ့  Electromegnatic Pulse –EMP လို့ခေါ်တဲ့စွမ်းအားမြင့်ဗုံးကို အခိုးခံလိုက်ရပြီးဘာလင်က လက်နက်ကုန်သည်တွေ လက်ထဲမှာရောက်နေပါတယ်လို့ သတင်းရထားပါတယ်။ ဒီဗုံးနဲ့သာတိုက်ခိုက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်မြို့ကြီးမဆို စွမ်းအင်တွေပြတ်ပြီးကျောက်ခတ်ကလို ပြန်ဖြစ်သွားနိုင်တဲ့အတွက် အမေရိကန်အစိုးရ ကိုယ်လုပ်ထားတဲ့ဗုံးအတွက်ကိုယ်ပြန်ပူပန်နေရပါပြီ။ တစ်ခြားနိုင်ငံတစ်ခု ပိုင်နက်မှာဆိုတာ့ အစိုးရအနေနဲ့ တရားဝင်အဖွဲ့အစည်းတွေလွတ်လို့မရတဲ့အတွက် “လုခ်ဟော့ခ်” ကိုပဲ ဦးဆောင်ခိုင်းပြီး ပြန်ခိုးခိုင်းလိုက်ပါတယ်။ ဒီ EMP ဗုံးကို Furious အဖွဲ့သားတွေ အောင်မြင်အောင်ခိုးလာနိုင်ပေမယ့် ဇာတ်လိုက်ကျော်ကြီးဒွန်က သစ္စာဖောက်ပြီး ယူသွားပြီးတော့ Cipher နဲ့ ပူးပေါင်းသွားပါတော့တယ် ။ “Cipher” ဆိုတာကတော့ အလွန်တော်တဲ့ Hacker တစ်ယောက် Cyber အကြမ်းဖက်သူကြီးတစ်ဦးပေမယ့် မိန်းမချောလေးတစ်ဦးပါ။ သူက အလွန်တော်တဲ့Hacker မို့ သူ့အကြောင်းတွေ အလွယ်တကူ စုံစမ်းလို့မရပါဘူး။ ဘဝဆိုတာ ရွေးချယ်မှုကြားထဲမှာပဲ ရှင်သန်လုပ်ရှားနေရတာပါ ။ ကိုယ့်ဘဝဟာ ကိုယ့်လက်ထဲမှာ ရှိပါတယ် “ အောင်မြင်ချင်သလား ရှုံးနိမ့်ချင်သလား” ကြိုက်ရာကိုရွေးချယ်လို့ရပါတယ်။ ဒွန်တစ်ယောက် ဒီလမ်းကို ရွေးချယ်သွားတာလည်း အကြောင်းရှိပါတယ်။ -မိသားစုတွေကို ဘယ်တော့မှ သစ္စာမဖောက်တတ်တဲ့ဒွန် ဒီလမ်းကို ဘာကြောင့်များ ရွေးချယ်သွားရတာလဲ - “Cipher” ကရော ဒီ EMP ဗုံးကို ဘယ်လိုအသုံးချပြီး ဘာတွေကို အကြမ်းဖက်ချင်တာလဲ သူရဲ့ Hacking skill တွေကိုရော ဘယ်လောက်တောင်ပြနိုင်မှာလဲ -Furious အဖွဲ့သားတွေကရော ဒွန်ကို ဘယ်လိုပြန်ရှာဖွေမလဲ -သူတို့ရဲ့ ရန်သူတော်ကြီးရော “ ဒက်ရှော” ကရော ဘယ်လိုအခန်းကဏ္ဍကနေပါဝင်မှာလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ ကြိုက်နှစ်သက်သူများရှိသလို မကြိုက်တဲ့သူများလည်း ရှိနေတဲ့ ဒီကားကိုကြည့်မှာလား မကြည့်ဘူးလားဆိုတာကတော့ CM ပရိသတ်ကြီးရဲ့လက်ထဲမှာပါပဲကြိုက်ရာကိုရွေးချယ်လို့ရပါတယ်။ File Size : (2.5 GB) / (1.6 GB) Quality : BluRay 1080p /720p 5.1CH Running Time : 2hr 16min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-SPARKS Translated by Little Twinlay Encoded by Nyeinsaeya Aung

Action • Crime • Science Fiction
6.9 2017 136 mins
The Fate of the Furious
Anna
6.7

အခုကားလေးကတော့ အန်နာဆိုတဲ့ ရုရှားမလေး တစ်ယောက်အကြောင်း ရိုက်ကူးပုံဖော်ထားပါတယ် အန်နာဟာ ပုံမှန်အရုပ်တွေရောင်းရင်းနဲ့ အေဂျင်စီတစ်ခုက မျက်စိကျခံရပြီးတော့ ပဲရစ်မှာ မော်ဒယ်လုပ်ဖို့ဖြစ်လာရပါတယ် တစ်ရက်မှာတော့ ပါတီတစ်ခုမှ သူမကိုသဘောကျတဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တစ်ယောက်နဲ့ ဆုံတွေ့ပြီးချစ်ကြိုက်မိသွားပါတော့တယ် ဒါပေမယ့် သူတို့နှစ်ယောက် ချစ်ကြိုက်သွားပြီးတဲ့နောက် သူမချစ်သူဟာ လက်နက်ပွဲစားတစ်ယောက်ဖြစ်နေတဲ့အခါ…. သူတို့တွေ့ဆုံမှုကလည်း မတော်တဆ တွေ့ဆုံမှု မဟုတ်တဲ့အခါ.. သူမဟာလည်း ရိုးရိုးရှင်းရှင်း မော်ဒယ်တစ်ယောက် မဟုတ်တဲ့အခါ.. ဘာတွေဆက်ဖြစ်သွားကြမလဲဆိုတာကို ဒီကားမှာကြည့်ရှုရမှာပါ အမေရိကန်နဲ့ရုရှား… နိုင်ငံကြီး ၂ ခုကြား က နှစ်ဖက်ချွန်သူလျိုတွေ နိုင်ငံရေးရှှုပ်ထွေးမှုတွေကို ဒီကားမှာ ပုံဖော်ရိုက်ကူးထားပါတယ် စပိုင်ကားကောင်းတွေကြိုက်နှစ်သက်သူတွေအတွက် လက်လွှတ်မခံသင့်တဲ့ကားတစ်ကားပါပဲ File Size : ( 1 GB , 330 MB ) Quality : BluRay 1080p 5.1CH , BluRay 720p , 480p Running Time : 1 hr 49min Format : Mp4 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Neve Encoded by Moe Myint Lwin

Action & Adventure • Crime • Drama • Mystery
6.7 2019 119 mins
Anna
Little Dragon Maiden
5.9

CM chinese fan တွေအတွက်ကို အခုတစ်ခါ သဘာဝလွန် မိစ္ဆာနဲ့လူသားတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းလေးမှာ အချစ်ဆိပ်တက်တဲ့ နဂါးမိစ္ဆာခေါ် ရှောင်လုံနွီညီအစ်မ ၂ ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ…. လူနဲ့ မိစ္ဆာ ဘယ်သူက ပိုကြောက်ဖို့ကောင်းလဲ… ဘယ်သူကပိုရက်စက်လဲ… နောက်ပြီး လူနဲ့ မိစ္ဆာကြားက အချစ်ကို ဘာလို့ ကန့်သတ်ထားတာလဲ… ဒီလောကမှာ အချစ်ဆိုတဲ့ အဓိပ္ပာယ်ကဘာလဲ… အချစ်က ဘာမလို့ ဒီလောက်တောင် တားဆီးနေကြတာလဲ… ဒီဇာတ်လမ်းလေးက အဖြေပေးပါလိမ့်မယ်… ဇာတ်လမ်းအကျဉ်းလေးကတော့ အချစ်ဆိပ်တက်ပြီး လူ့ပြည်မှာပဲ တစ်သက်လုံးခေါင်းချဖို့ကြိုးစားနေတဲ့ အစ်မဖြစ်သူကို ပြန်ခေါ်ဖို့ လူပြည်လာခဲ့တဲ့ ရှောင်ပိုင် နဂါးဖြူမိစ္ဆာမလေး… လူ့ပြည်ရဲ့ အစားသောက်တွေကို နှစ်သက်လက်ခံလာရာကနေ ဟုန်ကျီဆိုတဲ့ ဘုန်းကြီးကျောင်းသားလေးပေါ်ပါ တဖြည်းဖြည်း မသိမသာ ရင်းနှီးလာခဲ့တယ်… ဒါပေမယ့် ဟုန်ကျီဟာ သာမန်ဘုန်းကြီးကျောင်းသားလေး မဟုတ်တဲ့အတွက် သူတို့ ၂ ယောက်ကြားက ခင်မင်မှုသံယောဇဉ်ဟာ ထင်သလောက် အဆင်မပြေခဲ့သလို… ရှောင်ပိုင် သူ့အစ်မကို ရှာတွေ့မှာလား နဂါးပြည်ကိုပြန်ခေါ်နိုင်မှာလား… ဒါမှမဟုတ် ဟုန်ကျီနဲ့ပဲ လူ့ပြည်မှာ အရိုးထုတ်သွားမလား… မိစ္ဆာနဲ့လူက တကယ်ပဲ နီးစပ်ခွင့်မရှိဘူးလားဆိုတာ ဇာတ်လမ်းလေးကြည့်လိုက်တော့နော်…

Drama • Music
5.9 2022
Little Dragon Maiden
Coraline
7.7

သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ် ကာတွန်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ… လူကြီးမင်းတို့ရဲ့ မျက်လုံးကိုဖယ်ထုတ်ပြီး ကြယ်သီးတွေအစားထိုးတပ်ခံထားရတဲ့ ခံစားချက်မျိုး ခံစားဖူးပါသလား ? မခံစားဖူးရင် ဇာတ်လမ်းအကျဉ်းချုပ်လေးဆီသွားရအောင် တကယ်တော့ ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ ရင်ထဲထိအမြဲတမ်းစွဲကျန်စေခဲ့တဲ့ ကာတွန်းရုပ်ရှင်ကားလေးတစ်ကားလည်းဖြစ်ပါတယ်… ဒီဇာတ်ကားလေးမှာ ကိုရာလိုင်း (Coraline) ဆိုတဲ့ကလေးမလေးက အဓိကသရုပ်ဆောင်ထားပါတယ်… စူးစမ်းလိုစိတ်အပြည့်နဲ့ သတ္တိရှိတဲ့ ကောင်မလေးတစ်ယောက်အဖြစ်နဲ့ပေါ့… သူမရဲ့မိဘတွေနဲ့ကတော့ အဆင်မပြေပါဘူး အလုပ်ကိုသာလုပ်နေကြတဲ့ ကိုရာလိုင်းရဲ့မိဘတွေဟာ သားသမီးကို ဂရုမစိုက်နိုင်တဲ့အတွက် သူတို့ကြားမှာ အဆင်မပြေမှုလေးတွေရှိနေခဲ့ပါတယ်… တစ်နေ့သူတို့မိသားစုဟာ အိမ်အသစ်ဆီကိုပြောင်းရွှေ့လာခဲ့ရပါတယ်… ထုံးစံအတိုင်း ကိုရာလိုင်း ကတော့ တစ်ယောက်တည်းပဲပေါ့… ဒီလိုနဲ့ တစ်နေ့မှာ အိမ်ရဲ့တစ်နေရာက မှော်ဝင်တံခါးပေါက်တစ်ခုကို တွေ့သွားခဲ့တဲ့အချိန်ကစပြီး ဇာတ်လမ်းစပါပြီ… ဒီမှော်ဝင်တံခါးပေါက်ရဲ့တစ်ဖက်မှာ ဘာတွေရှိနေမလဲ ?? စူးစမ်းတတ်ပြီး သတ္တိရှိတဲ့ ကိုရာလိုင်းတစ်ယောက် ဘာတွေဖြစ်လာမှာလဲ ?? ဆိုတာတွေကိုတော့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်… IMDb rating 7.7/10 ထိ ရရှိထားတဲ့ ဒီကာတွန်းရုပ်ရှင်လေးဟာ ဘယ်လောက်ထိကောင်းတယ်ဆိုတာကိုတော့ အထူးတလည်ညွှန်းစရာ မလိုတော့ဘူး ထင်ပါတယ်.. အော်စကာဆုအတွက် ဆန်ခါတင်စာရင်းမှာပါခဲ့တဲ့အပြင် ဆုတော်တော်များများကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်… မိဘနဲ့သားသမီးတွေရဲ့ကြားက လိုအပ်ချက်လေးတွေကို ဘယ်လိုဖြည့်ဆည်းရမယ်ဆိုတာကိုလည်း ဒီဇာတ်ကားလေးက ညွှန်ပြပေးသွားပါတယ်… လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး လေကြောရှည်နေပြီ ဖြစ်တဲ့အတွက် အားပေးခံစားကြည့်ရှုပေးကြပါဦး…

7.7 2009
Coraline
The Yin-Yang Master: Dream of Eternity
6.3

External Love ထဲက မင်းသား ရဲ့ဟွာ နဲ့ Ash of Love ဇာတ်ကားထဲက မင်းသား ရွှီဖုန်း တို့ကို အများစုတော့ မှတ်မိမယ်ထင်ပါတယ် ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ Mark Chao(ရဲ့ဟွာ) နဲ့ Deung Lun(ရွှီဖုန်း) တို့အပြင် အခြား နာမည်ကျော် မင်းသား မင်းသမီးတွေနဲ့ ပူးပေါင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းအရာကတော့…. ပေါ်ရာ ဟာ သူ့ရဲ့ မိခင်ကို မိစ္ဆာက သတ်သွားတာကြောင့်မလို့ မိစ္ဆာတွေကို အရမ်း မုန်းတီးနေပြီး တစ်လောကလုံးက မိစ္ဆာတွေကို သတ်ပစ်ဖို့ ဆုံးဖြတ်ချက်ချထားသူတစ်ယောက်ဖြစ်ပါတယ် ချင်မင်ကတော့ ယန် ယင် ဆရာတစ်ဆူပါ သူ့ရဲ့အမေဟာ မြေခွေးမိစ္ဆာတစ်ယောက်ဖြစ်တဲ့အတွက် မိစ္ဆာတွေအပေါ်စာနာစိတ်ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ် တစ်နေ့ မြွေမိစ္ဆာ ပြန်လည် ထွက်ပေါ်လာတဲ့အခါမှာ ချင်မင် အနေနဲ့ ဆန်းကျယ်လှတဲ့ လူသတ်မှုတွေကို ဖြေရှင်းရင်း တော်ဝင်မိသားစုက ပါဝင်ပတ်သတ်နေတာကို သိလိုက်ရပါတယ် ဒီလိုရှုပ်ထွေးလှတဲ့ အခြေအနေကို ဆန့်ကျင်ဖက် စိတ်သဘောရှိတဲ့ ချင်မင်နဲ့ ပေါ်ရာ ဘယ်လိုတွေ ပူးပေါင်းဖြေရှင်းကာကွယ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပါ

6.3 2021 132 mins
The Yin-Yang Master: Dream of Eternity
Love and Shukla
7.3

Love and Shukla (2017) “ကြင်စဦးမောင်နှံ” ဒီတစ်ခါမှာ ရီဗျူးကောင်းလေးတွေရရှိထားတဲ့ အချစ်/ဒရာမာ ရုပ်ရှင်အဟောင်းလေးကို CM ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ရှူကလာဟာ သုံးဘီးမောင်းသမား ဖြစ်ပြီး မိန်းမအတွေ့အကြုံလုံးဝမရှိတဲ့သူပါ မိန်းကလေးတစ်ယောက်ကို စိုက်ကြည့်လို့တောင် မသင့်ဘူးလို့ ငယ်ငယ်ကတည်းက မှတ်ထားတာကြောင့် ဘော်ဒါတွေကြားမှာ သူ့အတွေ့အကြုံက ဝိုင်းနောက်စရာဖြစ်နေပါတယ် ဖြစ်ချင်တော့ လူကြီးတွေ ပေးစားလို့ ရလာတဲ့ ဇနီးသည် လက်ရှ်မီးကလည်း သိပ်ကိုရှက်တတ်တဲ့ မိန်းကလေးဖြစ်နေပြန် … သူ့အဖေနဲ့အမေကပါ ပုဏ္ဏားဟောထားတဲ့ အတိုင်း အချိန်မသင့်သေးဘူးလို့ ယုံကြည်ထားတာကြောင့် ကြင်စဦးလင်မယားအိမ်မှာ ညလုံးပေါက် တီဗွီကြည့်ကြ၊ အိပ်တဲ့အခါမှာလည်း လေးယောက်သား အတူတူအိပ်ကြရတဲ့အခါ … ကိုယ်ရေးကိုယ်တာ လွတ်လပ်ဖို့ရန်နှင့် နှလုံးသားချင်းနီးစပ်နိုင်ဖို့ရော ဘယ်လိုကြိုးစားသွားကြမလဲဆိုတာကတော့ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ ToMo ~ Thura ~ Yunni ~ Linn တို့ ဖြစ်ပါတယ်

7.3 2017 117 mins
Love and Shukla
Between the Temples
6.3

ဂျူးရိုးရာတွေ ယဉ်ကျေးမှုတွေကိုဖောဖောသီသီတွေ့ရမဲ့ ဒရာမာဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက် ပါတယ်။ဂျူးဆိုတဲ့ ဘာသာတရားကတော့လူတိုင်းနဲ့ သိပ်ရင်းနှီးမှာ မဟုတ်တဲ့အတွက် ဂျူးဘာသာတရားနဲ့ပတ်သတ်ပြီး လေ့လာ စရာလေးတွေလည်းအများကြီးတွေ့ရမဲ့အပြင် ထူးခြားဆန်းကြယ် လှတဲ့ဒရာမာဇာတ်လမ်းလေးတစ်ခုကိုပါတွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Between The Temples ဖြစ်ပြီး IMDb Rating 6.3 အထိရရှိထားပါတယ်။ ဘန်ဆိုတဲ့လူတစ်ယောက်က ဂျူးဘုရားကျောင်းတစ်ခုမှာ ဓမ္မတေး သီချင်းတွေကို ဦးဆောင်သီဆိုရတဲ့ ဆရာတစ်ယောက်ဖြစ်ပါတယ်။ သူကလက်ရှိမှာအမေနဲ့အဖွားနဲ့အတူတူနေထိုင်နေတာဖြစ်ပြီး နှစ်ယောက်လုံးကိုတော့ သူ့အမေ ၂ ယောက်လို့ပဲသတ်မှတ်ထား ပါတယ်။ဇနီးဖြစ်သူဆုံးသွားတာမကြာသေးဘူးဖြစ်တဲ့အတွက် စိတ်ဓာတ်တွေအလွန်အမင်းကျဆင်းပြီး သူ့ရဲ့တစ်ခုတည်းသော အလုပ်ဖြစ်တဲ့ ဓမ္မတေးသီချင်းခေါင်းဆောင်အလုပ်ကိုတောင် မလုပ်နိုင်တော့ပါဘူး။ဒီလိုနဲ့ကြောင်တွေ ပျောက်ရင်းအရက်တွေ သောက်နေတုန်း ငယ်ငယ်တုန်းကသူ့ရဲ့ဂီတဆရာမနဲ့ဘားမှာပြန်တွေ့ ခဲ့ပါတော့တယ်။ဆရာမရဲ့နာမည်က ခါလာဖြစ်ပြီးအခုအချိန်မှာတော့ တော်တော်အသက်ကြီးနေခဲ့ပါပြီ။ခါလာနဲ့တွေ့ပြီးသိပ်မကြာခင်မှာပဲ ဂျူးရိုးရာရဲ့ ၁၃ နှစ်ပြည့်အထိမ်းအမှတ်ပွဲ bat mitzvah ကိုတစ်ခါမှ မလုပ်ဖူးလို့ဆိုပြီး ခါလာကဘန့်ကိုပူဆာတဲ့အတွက် ဘန်လည်း မတတ်သာတဲ့အဆုံးခါလာ့အတွက် bat mitzvah ပွဲလုပ်ပေးဖို့ လက်ခံလိုက်ပြီး တစ်ချိန်ကသူ့ဆရာမကိုအခုအချိန်မှာပြန်လည် သင်ကြားပေးနေရင်းနဲ့ နောက်ပိုင်းမှာဘယ်လိုရှုပ်ထွေးတဲ့ဒရာမာ ဇာတ်ထုတ်တွေကိုကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရှုရမဲ့ ဂျူးဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…3.81GB / 1.52GB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 51m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.3 2024 111 mins
Between the Temples
Maborosi
7.5

Maborosi (1995) ~ IMDb – 7.5/10, Rotten Tomatoes – 100% ~ Maborosi ဟာ Hirokazu Kore-eda ရဲ့ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်မှာ Kore-edaနဲ့ ပတ်သက်ပြီး တော်တော်လေးသိသာတာက Kore-edaဟာ သူ့ရုပ်ရှင်သက်တမ်း အစကတည်းကို အိုဇုရဲ့လွှမ်းမိုးမှု တော်တော်ကြီးခဲ့တယ်ဆိုတဲ့အချက်ပေါ့။ ဇာတ်ကတော့ ယုမိခိုဆိုတဲ့ အမျိုးသမီးဇာတ်ကောင်ကို ဗဟိုပြုထားတယ်။ သူ့ဘဝနဲ့ သူဆုံးရှုံးခဲ့ရသူတွေ၊ သူ့ဘဝကို သူရှေ့ဆက်ပုံတွေကို တင်ပြထားတယ်။ ဇာတ်လမ်းသွားက တကယ်ဆို ဒီလောက်ပဲလို့ပြောလို့ရတယ်။ ဒါပေမဲ့ ဒါကို Kore-eda က ဘယ်လိုလှည့်ကွက်တွေနဲ့ တင်ပြသွားလဲဆိုတာက ဒီရုပ်ရှင်ရဲ့အသက်ပဲ။ ဒီကားနာမည်က Maboroshi no Hikari သူ့ရဲ့ အကောင်းဆုံးဘာသာပြန်ကတော့ Trick of The Light အလင်းရဲ့ပရိယာယ်တဲ့။ သူ့ဆိုလိုရင်းက တံလျှပ်တော့မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တော့ တံလျှပ်လို့ပဲ လှလိုက်ချင်ပါတယ်။ Kore-eda က ဒီရုပ်ရှင်ကို တင်ဆက်ရာမှာ အဲဒီအလင်းကို တော်တော်သုံးသွားတယ်။ ကားကမှိုင်းပေမဲ့ ဇာတ်ဆောင်ရဲ့ စိတ်ခံစားချက်တွေကို အလင်းရောင်ကိုသုံးပြီး ပုံဖော်ထားသလို ကားတစ်ခုလုံးရဲ့ အသက်ကလည်း အဲဒီအလင်းရဲ့ပရိယာယ်နောက်ပါသွားတဲ့ ဇာတ်ဆောင်ချစ်ရတဲ့ လူတစ်ချို့ဖြစ်ခဲ့တယ်။ ၁၉၉၅ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ စီနီမာတိုဂရပ်ဖီဆုလည်းရထားတော့ စီနီမာတိုဂရပ်ဖီကို Kore-eda က အလင်းနဲ့ရောပြီး ဒီကားကို ဘယ်လိုလှပစေခဲ့လဲလည်း မြင်ရလိမ့်မယ်။ ဇာတ်နဲ့ပတ်သက်ပြီး ပြောနိုင်တာကတော့ ဒီလောက်ပါပဲ။ ပုံမှန်ဆို Kore-eda ရုပ်ရှင်တွေမှာ ကျွန်တော်တို့ အိုဇုကို မြင်ရတဲ့ပုံက ဇာတ်အိမ်နဲ့ဇာတ်လမ်းမှာပဲ အမြင်ရများပေမဲ့ ဒီမှာတော့ အိုဇုရဲ့ Tatami Shot ကိုပဲ တော်တော်သုံးသွားတယ်။ နောက် အိုဇုရဲ့ Pillow Shot ဆိုတဲ့ တင်ဆက်ပုံကိုလည်း သုံးသွားတယ်။ Pillow Shot ကို အိုဇုကိုယ်တိုင်ကလည်း ဂျပန်ကဗျာက Pillow Word Makurakaotoba ဆိုတဲ့ဟန်ကနေ ယူသုံးထားတယ်။ ကဗျာရဲ့တစ်ထောက်နားနေရာဆိုတဲ့ သဘောပဲ။ အဲဒီနေရာမှာ သုံးတဲ့စကားလုံးတွေက ကျန်တဲ့ကဗျာတစ်ပုဒ်လုံးနဲ့ ဝေးလည်းဝေးကွာမသွားသလို တိုက်ရိုက်လည်းမဆက်စပ်နေတဲ့ ကဗျာကနေ တစ်ထောက်နားလိုက်တဲ့စကားလုံးတွေတဲ့။ ဆိုတော့ Maborosi မှာ Kore-eda ဟာ ဇာတ်လမ်းအမျိုးအစား၊ တင်ဆက်ပုံ၊ ရိုက်ပုံ အကုန်လုံး အိုဇုကို Homage အပြည့်ပေးထားခဲ့တယ်။ အိုဇုအငွေ့အသက်ကိုအမြင်ရဆုံး သူ့ရုပ်ရှင်လည်း ဖြစ်နေခဲ့တယ်။ အိုဇုရဲ့ Floating Weeds အဖွင့်က လှေရဲ့အသံကိုလည်း ဒီမှာ Kore-eda က ယူသုံးထားခဲ့တယ်။ တစ်ချက်ရှိတာက အိုဇုရုပ်ရှင်တွေမှာ ပါတတ်တဲ့ Kore-eda ရဲ့ ခုနောက်ပိုင်းရုပ်ရှင်တွေအထိ ပါတတ်တဲ့ ရေခဲတုံးကြီးရဲ့ အောက်ဘက်လို့ခေါ်မလား။ ဒါမှမဟုတ် ဇာတ်လမ်းရဲ့ မပြောသွားတဲ့ အပိုင်းတွေလို့ ခေါ်မလား။ အဲဒီဟာတွေပါတာက သူတို့ရုပ်ရှင်တွေကြည့်ရတာ ကျွန်တော့်အတွက် အရသာအရှိဆုံးအချက်တစ်ချက်ပါပဲ။ Maborosi မှာတော့ အဲဒီမပြောသွားတဲ့ဇာတ်လမ်းက သိသိသာသာကို ရှိနေပြီး မပြောသွားတာဖြစ်နေတယ်။ ဒီမှာ ကျွန်တော်ဝေဝါးသွားတာက ဘယ်ဟာက ပိုအားကောင်းလဲဆိုတာပါပဲ။ ဇာတ်လမ်းထဲ ပေါ့ပေါ့ပါးပါးနဲ့ ဒီတိုင်းရှိနေတဲ့ မပြောသွားတဲ့ဇာတ်လမ်းက ပိုအားကောင်းလား။ ဇာတ်လမ်းထဲ သိသိသာသာနဲ့ ဇာတ်လမ်းတစ်ခုလုံးကို သက်ရောက်သွားတဲ့ မပြောသွားတဲ့ဇာတ်လမ်းက ပိုအားကောင်းလား။ နောက်ပိုင်းမှာတော့ Kore-eda ကိုယ်တိုင်လည်း ပထမလမ်းကိုပဲ ရွေးခဲ့ပါတယ်။ သူ့ဟာနဲ့သူတော့ ကောင်းကြပေမဲ့ မဖြစ်မနေဆိုရင်တော့ ကျွန်တော်တော့ ပထမလမ်းကိုပဲ ရွေးမိပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 440MB Quality – BluRay 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 50Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.5 1995 110 mins
Maborosi