YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Revengers (2023) (Ep1)_1080p.mp4

1.98 GB 1080p video/mp4 42 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Conspiracy Theory
6.6

ခုတစ်ခေါက် တင်ဆက်ပေးမယ့် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသမီး အလှပဂေး Julia Roberts နဲ့ ဒါရိုက်တာ-သရုပ်ဆောင် မင်းသားကြီး Mel Gibson တို့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေ ပါဝင်ပြီးတော့ ကြည့်ရှုသူတွေအနေနဲ့ အက်ရှင်၊ နိုင်ငံရေးလျှို့ဝှက်မှုခင်းတွေနဲ့ အချစ် အကြောင်းတို့ကို စုံလင်စွာ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ တက္ကဆီမောင်းသမား Jerry က နိုင်ငံမှာ ဖြစ်ပျက်နေတာတွေအကုန်လုံးကို လိုက်ကြည့်ပြီး ဒါကတော့လက်မဲကြီးတွေကလုပ်တာ၊ ဘယ်သူတွေကကြိုးကိုင်နေလို့ ဒီလိုဖြစ်တာဆိုပြီး ကိုယ်ပိုင်သီအိုရီတွေထုတ်တတ်လေ့ရှိပါတယ်။ တက္ကဆီမောင်းတဲ့သူလည်း ဖြစ်နေတော့ လူတွေအများကြီးနဲ့ ဆက်ဆံရပြီး တွေ့သမျှလူတိုင်းကိုလည်း သူ့အတွေးတွေအကုန်လုံးကို လိုက်ပြောလေ့ရှိပါတယ်။ သူပြောသမျှက ယုံချင်စရာမကောင်းလွန်းလို့ အရူးလို့ထင်ရပေမဲ့ သူပြောတဲ့အထဲက တစ်ခုခုကမှန်သွားပြီးတော့ သူ့ကိုလိုက်ဖမ်းတဲ့ အဖွဲ့အစည်းတစ်ခုပေါ်လာပါတယ်။ Jerry ကတော့ သူထုတ်ထားတဲ့ သီအိုရီတွေက များလွန်းလို့ ဘယ်ဟာကြောင့်ခုလို ဖြစ်ရတယ်ဆိုတာတောင် မသိတော့ပါဘူး။ Jerry မှာ သူ အရူးအမူးစွဲလမ်းနေတဲ့ Alice လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်လည်း ရှိပါတယ်။ Jerry ကို လိုက်ဖမ်းတဲ့ အဖွဲ့အစည်းက အဲဒီကောင်မလေးနဲ့ရော ဘယ်လိုဆက်စပ်မှုတွေရှိလဲ။ Jerry ရဲ့ စွဲလမ်းမှုကရော Alice အပေါ် အန္တရာယ်ဖြစ်စေနိုင်မလား ဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ကောင်းစွာ တင်ဆက်ပေးထားလို့ လက်လွှတ်မခံဘဲ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size…(2.63GB)  / (`1.36GB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:15:00 Genre... Action / Mystery /  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

6.6 1997 135 mins
Conspiracy Theory
The Art of War
5.7

Blade မင်းသားရဲ့ အက်ရှင်ကားဟောင်းတစ်ကားပါ။ဒီဇာတ်ကားမှာတော့ နိုင်ငံတကာပဋိပက္ခတွေဖြစ်ရင် UN က စိုးရိမ်နေရုံတင်မဟုတ်ပဲ လျှို့ဝှက်စစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့လွှတ်ပြီး ​ဖြေရှင်းခိုင်းပါတယ်။ နီးလ်ရှောဟာ အဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ တရုတ်နဲ့ UN တို့ဟာ အလွန်အရေးပါတဲ့ကုန်သွယ်ရေးသဘောတူစာချုပ်လက်မှတ်ထိုးဖို့ အချိန်နီးကပ်လာချိန်မှာ အမေရိကန်ရဲ့ဆိပ်ကမ်းတစ်ခုမှာ တရုတ်ဒုက္ခသည်လူသေလောင်းတွေအပြည့်ပါတဲ့ကုန်တိန်နာတစ်ခု သောင်တင်လာတဲ့အခါ UN ဟာ နီးလ်ရှောတို့ရဲ့အဖွဲ့ကိုစေလွှတ်ပြီး ထောက်လှမ်းခိုင်းပါတော့တယ်။သတင်းယူရုံစစ်ဆင်ရေးလေးကနေ ပိုကြီးမားတဲ့အရှုပ်တော်ပုံထဲရောက်သွားတဲ့နီးလ်ရှောဟာ တရုတ်နဲ့ အမေရိကန်ကြားက တရားခံစစ်ကိုရှာရပါတော့တယ်။ ထောက်လှမ်းရေးအက်ရှင်ကားတွေကြိုက်ရင် လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(2.52GB) / (1.3GB) / (673MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:57:00 Genre...Action / Adventure / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein

Action • Crime • Thriller
5.7 2000 117 mins
The Art of War
Bad Guy
6.6

တစ်ခါတလေကျ ကျွန်တော် ကင်ကီဒွပ်ကားတွေ ကြည့်မိရင် ရံဖန်ရံခါဆိုသလိုတော့ ဒီဘဲက လိင်မှုကိုအသားပေးလွန်းတယ်ထင်မိပေမဲ့ ရံဖန်ရံခါဆိုသလိုပဲ ဒီဘဲ ဒီလိုပြတာကိုက လက်တွေ့ကျနေတယ်လို့ ထင်မိတယ်။ မကင်းနိုင်ကြဘူးကိုး။ ကင်ဟာ ဒီရုပ်ရှင်မှာလည်း လူ့အသိုင်းအဝိုင်းအပြင်ဘက်က ဇာတ်ကောင်တစ်ကောင်ကိုပဲ အဓိကထား ပုံဖော်သွားခဲ့တယ်။ သူ့ကားတွေများလွန်းလို့ အကုန်တော့ မကြည့်ဖူးသေးပေမဲ့ ကြည့်ဖူးသမျှထဲ Spring, Summer, Fall, Winter... and Spring နဲ့ 3-Iron ပြီးရင် ဒီကားကို သဘောအကျမိဆုံးပဲ။ ဇာတ်လမ်းက ဆန်းတယ်ပြောရမလား၊ မဆန်းဘူးပြောရမလားပဲ။ ဖာခန်းစောင့်တဲ့ လူဆိုးတစ်ကောင်က မောလ်တစ်ခုရှေ့ ကောလိပ်ကျောင်းသူလေးကို အတင်းနမ်းပစ်တယ်။ ဒီတော့ ကောင်မလေးက ပါးရိုက်ပြီး သူ့မျက်နှာကို တံတွေးနဲ့ထွေးလိုက်တယ်။ ဒီတော့ ဟိုဘဲက မကျေမနပ်ဖြစ်ပြီး ကောင်မလေးကို ပခြုပ်သည်မဘဝရောက်အောင် လုပ်ချလိုက်တယ်။ ပြီးတော့ ပခြုပ်သည်မ ဖြစ်လာတဲ့ကောင်မလေးနဲ့ လူဆိုးကောင်ကြားက အမုန်းသီထားတဲ့ချစ်ခြင်းပါးပါးကို ပုံဖော်ရင်း ပခြုပ်သည်မတွေဘဝကိုပြတယ်။ နောက်အကန့်အသတ်နည်းနည်းလွန်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပြတယ်။ အိပ်ခန်းတွေ မနည်းမနောနဲ့ သွေးထွက်သံယိုအခန်းတွေကို မနည်းမနောပြသွားပေမဲ့ အချစ်လို့တောင် ပြောရခက်မယ့် အချစ်တစ်ခုကိုလည်း ခပ်ပါးပါးပြသွားတယ်။ ကြည့်ဖူးသလောက် ကင်ကီဒွပ်ကားတွေလိုပဲ မပြောင်းလဲတဲ့အချက်ကတော့က ကင် သီကျူးတဲ့အချစ်ဟာ ထုံးစံအတိုင်း သန့်စင်တဲ့အချစ်ဟုတ်မနေခဲ့ဘူး၊ လိင်စိတ်ကနေ ကူးလာတဲ့ အချစ်ကိုပဲ သီကျူးသွားတယ်။ ကင်ဟာ အနုပညာနောက်ခံလုံးဝမရှိတဲ့သူ။ ကျောင်းတစ်ပိုင်းတစ်စနဲ့ထွက် စက်ရုံတွေမှာအလုပ်လုပ်၊ စစ်ထဲဝင်၊ ဒီလိုဘဝနဲ့နေလာခဲ့တဲ့သူ။ ကင်ဟာ အရိုင်းဆန်သလိုပဲ သူ့ရုပ်ရှင်တွေကလည်း ဘာအကန့်အသတ်မှ မရှိဘဲ အရိုင်းဆန်တယ်။ ဒီရုပ်ရှင်မှာလည်း သူ့ရှေ့ရှေ့က Art House ဒါရိုက်တာတွေလိုပဲ တစ်ခုခုကိုပြချင်တဲ့စိတ်နဲ့ ရိုက်တာမဟုတ်ဘဲ တစ်စုံတရာကိုမေးခွန်းထုတ်ချင်တဲ့ စိတ်နဲ့ ရိုက်တာလို့ ဖြေခဲ့ပါတယ်။ သူပြောတာတော့ လူတွေဟာ မွေးတုန်းက အခွင့်အရေးဘာညာ တန်းတူညီမျှနဲ့ မွေးလာခဲ့ပေမဲ့ ကြီးလာတဲ့နောက် ရုပ်ရည် ငွေစတာတွေနဲ့ ပိုင်းခြားခံကြရတယ်။ ဒီငွေတို့ ရုပ်တို့က အရေးကြီးလို့လား။ ဒီကမ္ဘာနှစ်ခုကို ပေါင်းစည်းပြီး မတူညီတဲ့ အဆင့်အတန်းလို့ ဆိုကြတဲ့အရာနှစ်ခု အဆင်ပြေပြေ အမြင်ကြည်ကြည်ဖြစ်နိုင်ဖို့က မဖြစ်နိုင်ဘူးလားဆိုတဲ့ မေးခွန်းကို မေးချင်ခဲ့တာလို့ဆိုပါတယ်။ ကင်ရဲ့ တခြားသော ရုပ်ရှင်များလိုပဲ ဒီရုပ်ရှင်မှာလည်း အဓိကဇာတ်ကောင်က ဘာစကားမှမပြောလှတဲ့ ဇာတ်ကောင်ပါပဲ။ ဒီအတွက် ကင်က ဒီလိုဖြေပေးခဲ့ပါတယ်... "ကျုပ်ရုပ်ရှင်ထဲက လူတစ်ချို့ တိတ်ဆိတ်နေရတဲ့အကြောင်းရင်းက‌တော့ သူတို့ရင်ထဲ ဒဏ်ရာအကြီးကြီးရှိနေခဲ့လို့ဆိုရမယ်။ လူတွေအပေါ် သူတို့ရဲ့ ယုံကြည်မှု ပျက်ယွင်းသွားခဲ့လို့ပေါ့" တဲ့။ ဒီရုပ်ရှင်ကို ကင်က Semi-abstract လို့ Genre သတ်မှတ်ထားခဲ့ပါတယ်။ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ကင်က... "ကျုပ်အတွက်တော့ Semi-abstract ဆိုတာ အရှိတရားကိုတင်ပြတာထက်ပိုတဲ့ တင်ပြပုံမျိုးကို ဆိုလိုတာပေါ့။ အရှိတရားကိုမှ ကိုယ်ပိုင်အမြင်တွေ ခံစားချက်တွေ ပေါင်းထည့်ထားတာမျိုးပေါ့" လို့ ဆိုပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.83GB, 930MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 40Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Music
6.6 2001 100 mins
Bad Guy
Terror Trips
4

Terror Trips (2021) ============== Horror ကားနှစ်ခြိုက်သူပရိသတ်ကြီးအတွက်ဆိုရင်တော့ Get Away တို့ဘာတို့ ကြည့်သလောက် အရသာအထိတော့ သေချာပေါက် ထိမိဂွိရစေမှာပါ။ Horror ကားတွေရဲ့ ထုံးစံအတိုင်း နောက်ဆုံးမှာ ဒုက္ခရောက်မှာလား၊ လွတ်သွားမှာလားကို သည်းထိတ်ရင်ဖိုနဲ့ တကယ်ကြည့်ရပါတယ်။ အားမလိုအားမရဖြစ်စရာတွေ ထောက် ပြစရာတွေပါပေမဲ့ Horror ကားအနေနဲ့မဆိုးတာမို့ ကြည့်ရတာတော့ အဆင်ပြေစေမှာပါ။ ဇာတ်လမ်းထဲကအကြောင်းအရာကတော့ ပုံမှန်ဇာတ်လမ်း‌တွေနဲ့ ထူးမခြားနားဆိုပေမဲ့ ဇာတ်လမ်းလေးကတော့ အရင်ကားတွေနဲ့ ထပ်မနေပါဘူး။ Horror ကားတွေရိုက်လေ့ရှိတဲ့နေရာတွေကို လိုက်ပတ်လှည့်ချင်ကြတဲ့ သူငယ်ချင်း တစ်စုဟာ Friday the 13th ရုပ်ရှင်ကားထဲကလိုနေရာကို သွားရောက်လှည့်ပတ် ကြပါတော့တယ်။ အဲလိုလည်ပတ်တဲ့အခါ ဘာတွေတွေ့ကြုံကြမလဲ၊ ဘာတွေဆက် ဖြစ်လာမလဲကိုတော့ သေချာပေါက် မျှော်တလင့်လင့်နဲ့ ကြည့်ရှုခံစားရမယ့်ကားလေးမို့ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size……….(730 MB) / (500 MB) Quality…………WebRip 1080p / 720p Duration………1Hr 27mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….San Thu Aung Encoder……….SWM

Comedy • Family • Fantasy
4 2021
Terror Trips
Dawn Breaks Behind the Eyes
6.4

Dawn Breaks Behind the Eyes (2021) =========================== တစ်ချို့ရုပ်ရှင်တွေဟာ စေ့စေ့တွေးမှ ရေးရေးပေါ် လို့ပြောမလား နှစ်ထပ်ရှိမှ မှတ်မိတယ်ခေါ်မလား ဒီရုပ်ရှင်ကို နှစ်ခါပြန်ကြည့်မှ ဇာတ်လမ်းကပေးချင်တဲ့ Message ကိုနည်းနည်းလောက်ခန့်မှန်း လို့ရပါတယ်။ ရဲတိုက်ကြီးတစ်လုံး အမွေရတဲ့ ကွဲခါနီး လင်မယားနှစ်ယောက်ဟာ လူမနေတော့တဲ့ရဲတိုက်ကို သွားကြည့်ခဲ့ပါတယ်။ အိုမင်းဟောင်းနွမ်း နေတဲ့ ရဲတိုက်ကြီးမှာ သူတို့ဘာများကြုံတွေ့ရမှာလဲ။ တဖက်မှာ အကောင်းဆုံးရုပ်ရှင်တစ်ခုကိုဖန်တီးဖို့ကြိုးစားနေတဲ့ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေဟာလည်း ရဲတိုက်မှာရုပ်ရှင်ရိုက်ဖူးကြတဲ့အခါ သူတို့လင်မယားနဲ့ ဘယ်လိုပတ်သတ်မှုရှိလာမလဲ။ ဘယ်လိုရှုပ်ထွေး မှုတွေပေါ်ပေါက်လာမလဲဆိုတာ စီးမျောခံစားလိုက်ပါဦး။ Horror Movie ဆိုတာထက် ဒဿန ဆန်တဲ့ ရုပ်ရှင်တပုဒ်လို့ ညွှန်းဆိုချင်ပါတယ် (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်)

Crime • Drama
6.4 2021 74 mins
Dawn Breaks Behind the Eyes
#Mute
9.3

Mute 2023 IMDb 9.5/10 လန်ပြန်ထွက်နေအောင် rating ကောင်းပြီး ထွက်ထားတာမကြာသေးတဲ့ ဒီကားလေးဟာ အလကားနေရင်း rating မြင့်နေတယ်ထင်ရင်မှားသွားပါလိမ့်မယ် အိန္ဒိယထုံးစံ အဆိုအကတောင် လုံးဝ(လုံးဝ) မထည့်ထားဘဲနဲ့ ဇာတ်လမ်းဇာတ်ကွက်ကိုပဲ အသားပေးထားတဲ့ Thriller ကားကောင်းလေးပါ ဇာတ်လမ်းလေးက သာမန်မြင်တွေ့နေကြ အချစ်အလွမ်းအကြမ်းအရမ်းအက်ရှင်တွေမဟုတ်ပါဘူး အဲ့တော့ ဒရာမာဘာညာနိုင်ငံရေးကားလားဆိုတော့လည်းမဟုတ်ပါဘူး အိမ်မွေးခွေးလေးတစ်ကောင် ပျောက်ဆုံးသွားတာကို ရင်တမမနဲ့ကြည့်ရမဲ့ Thriller ရုပ်ရှင်လေးပါ ဒီဗီရာဆိုတဲ့ကောင်မလေးက လင်ယောကျာ်းသစ္စာဖောက်တာခံရလို့ ကိုယ့်ကိုယ်ကိုသတ်သေတဲ့အထိ စိတ်ဓာတ်ကျခဲ့ဖူးပါတယ် ဒါပေမဲ့ သူ့ရဲ့သူငယ်ချင်းကောင်းတွေရဲ့ဝိုင်းဝန်းစောင့်ရှောက်မှုကြောင့် သူ့ဘဝကိုဆက်ရှင်သန်ဖြစ်ခဲ့ပါတယ် သူ့ဘဝရဲ့အရေးအကြီးဆုံး နံပါတ်တစ်အဖော်ကတော့ ကောစ်မိုလို့ခေါ်တဲ့ခွေးလေးပါ အဲ့ခွေးလေး ငါးနှစ်ပြည့်မွေးနေ့ နောက်တစ်နေ့မနက်ဒီဗီရာနိုးလာတဲ့အချိန်မှာ ခွေးလေးကပျောက်ချင်းမလှပျောက်သွားပါတယ် အဲ့အချိန်ကစပြီး တက်လိုက်တဲ့ဇာတ်ရှိန်ကတော့ ပြီးသွားမှန်းတောင်သိလိုက်ရမှာမဟုတ်ပါဘူး ကဲ သာမန်အိန္ဒိယကားတွေနဲ့မတူ ဇာတ်လမ်းဇာတ်ကွက်ကောင်းမွန်လွန်းတဲ့ ယခုဇာတ်ကားလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်

9.3 2023
#Mute
Thick as Thieves
6

Thick as Thieves (2009) ရစ်ပလေ ဆိုတဲ့နာမည်ကတော့ သိုးဆောင်းတို့ဘာသာစကားမှာ တော်တော်ဟိတ်ဟန်ကြီးသ‌ဗျ။ တွမ် ရစ်ပလေ ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်နဲ့ ကျွန်တော် လူကြီးမင်းတို့ကို မိတ်ဆက်ပေးဖူးတယ်။ အဲဒီကောင်ကလည်း လူဆိုးဂိုဏ်းလောကမှာ တစ်ကိုယ်တော် လူစွမ်းကောင်း။ အခုဇာတ်ကားမှာတော့ ကစ်သ် ရစ်ပလေ တဲ့ဗျာ။ တကယ့်လူ။ နှစ်ဖက်ချွန်တာနဲ့ အားမရတော့ သုံးဖက်ချွန်တဲ့ စမူဆာလိုလူကြီး။ နောက်ပိုင်းမှာ အဖက်ဖက်ကိုချွန်နေတဲ့ ဆိုင်ကယ်စပေါ့ကတ်ကြီး ဖြစ်နေပါရော့လား။ စပေါ့ကတ်တောင် ခွေးသွားစိတ်များတဲ့ နံပါတ်ကြီးဗျ။ လူဆိုးဂိုဏ်းသားကြီးတော့ မဟုတ်ပါဘူးလေ။ တစ်ကိုယ်တော် သူခိုးကြီးပါ။ တစ်ပွဲစားအဆင့်ကြီးပေါ့။ သူတပါးပစ္စည်း အပျောက်ဖျောက်တဲ့နေရာမှာ အနုပညာမြောက် ကျွမ်းကျင်မှော်ဝင်သူ။ သူခိုးကားတွေရဲ့ ထုံးစံလိုပါပဲလေ။ တွဲဖက်တစ်ယောက်ရှိတယ်။ သူများသတ်လို့သေသွားတယ်။ ဒီတော့ တွဲဖက်ရဲ့ မပြီးဆုံးသေးတဲ့ကိစ္စတွေကို ပြီးဆုံးအောင်လုပ်ပေးဖို့တာဝန်ရယ်၊ သူ့သမီးလေးကို စောင့်ရှောက်ရမယ့်တာဝန်ရယ်။ ဒီတာဝန်တွေကို တစ်ဦးတည်းဆောင်ရွက်ဖို့ အသက်ကြီးသွားပြီဖြစ်တဲ့ ကစ်သ် ရစ်ပလေ က လူငယ်ခြေတက်၊ သူခိုးပေါက်စလေး ဂေဘရီရယ် ရဲ့အကူအညီကို ယူရဖို့ဖြစ်လာတယ်။ သူတို့ခိုးရမယ့်ပစ္စည်းက ရုရှားဇာဘုရင်မိသားစုရဲ့ တော်ဝင်နန်းတွင်းရတနာရွှေဥနှစ်လုံး။ လုံခြုံရေးစနစ်က ယင်ကောင်တောင် ဝင်မရလောက်ဘူး။ တံခါးသုံးဆင့်မြေတိုက် လုံခြုံရေးခန်းထဲမှာ ကျည်ကာမှန်သေတ္တာထဲထည့်ထားတဲ့ ဥတွေ။ ရစ်ပလေ ဘယ်လိုကြံပြီး ဘယ်လိုယူမလဲဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းသား။ Plot twist ခပ်ပါးပါးလေး ပါတယ်။ ရုပ်ရှင်နဲ့ ရင်းနီးသူဆိုရင် ရိပ်မိလောက်မှာပါ။ ဟာခနဲဖြစ်သွားရင်တော့ လူကြီးမင်း ရုပ်ရှင်ကြည့်သက်တမ်း ဝါနုသေးတယ် xD။ ကဲပါလေ။ မင်းသားကြီး Morgan Freeman ရယ်၊ Antonio Banderas ရယ်၊ မင်းသမီးကြီးက Radha Mitchell တို့ သရုပ်ဆောင်ထားကြပါတယ်။ Rating ကလည်း မဆိုးသလို ကြည့်လို့ကောင်းတဲ့ဇာတ်ကားဖြစ်တာကြောင့် လူကြီးမင်းတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 810MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 44Min Genre – Action, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Drama • Romance
6 2009
Thick as Thieves
M.F.A.
5.9

M.F.Aဆိုတာက “Master of Fine Arts”၊ အနုပညာဘွဲ့ရဲ့ အတိုကောက်ဖြစ်ပြီး ဇာတ်လမ်းလေးကလည်း လူမှားပြီးချစ်မိတဲ့ အနုပညာကျောင်းသူလေးအကြောင်း ရိုက်ကူးထားတာပါ….။ နိုအယ်လ်ဟာ ပန်းချီပညာကိုဝါသနာပါသူလေးဖြစ်ပြီး ခပ်အေးအေးနေတတ်ကာ အပေါင်းအသင်းလည်းသိပ်များသူမဟုတ်ပါဘူး….။ တစ်နေ့ကျတော့ အတန်းထဲမှာ ပန်းချီဆွဲရင်းပဲ ကောင်လေးတစ်ယောက် သဘောကျမိသွားတယ်ပေါ့….။ ဒါကို ကောင်လေးဖြစ်သူက သတိထားမိသွားတော့ နိုအယ်လ်ကို ပါတီပွဲလာခဲ့ဖို့ဖိတ်ပါလေရော….။ ကိုယ်ကြည်တဲ့ အဆင်လေးက ကိုယ့်ကိုပါတီပွဲဖိတ်တယ်ဆိုတော့ နိုအယ်လ်ကလည်း မျှော်လင့်ချက်အပြည့်နဲ့ စိတ်ကူးလေးတွေယဥ်ပြီး သွားခဲ့တာပေါ့….။ ဒါပေမဲ့ နိုအယ်လ်လေးခဗျာ အဲ့ဒီပါတီပွဲညမှာ သူကြည်တဲ့အဆင်လေးက သူ့ကို rapeလုပ်တဲ့အတွက် ကံခေသူ အချစ်ကျောင်းသူလေးဖြစ်ခဲ့ရပါတယ်….။ တရားမျှတမှုကို လိုလားတဲ့ နိုအယ်လ်ဟာ ဒီအကြောင်းကို ကျောင်းအုပ်ကိုတိုင်တော့လည်း အကူအညီမရတဲ့အတွက် သူကိုယ်တိုင်ပဲ လက်စားချေဖို့ဆုံးဖြတ်လိုက်တဲ့အခါ….. နိုအယ်လ်နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီးFrancesca Eastwoodရဲ့ လူငယ်ဆန်ဆန် ဆွဲဆောင်မှုအပြည့်နဲ့အလှအပကိုခံစားရင်း Horror Thriller ဇာတ်အိမ်လေးကို စီးမျှောကြည့်ရှုလို့ရပါပြီ….။ File size…1.56GB / 644MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Comedy
5.9 2017
M.F.A.
The Group

၂၀၂၂ ခုနှစ်ထွက် Crime thriller ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ မူးယစ်ဆေးစွဲသူတွေ ဆေးဖြတ်တဲ့ကာလမှာ အထောက်အကူပြုပေးရတဲ့ ပံ့ပိုးရေးအဖွဲ့တစ်ခုအကြောင်း ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ လူခြောက်ယောက်ပါ မူးယစ်ဆေးဖြတ်အထောက်အကူပြုအဖွဲ့တစ်ခုဟာ ပုံမှန်အပတ်စဉ်တွေ့နေကျ တွေ့ဆုံပွဲတစ်ခုလုပ်ပါတယ်။ ပုံမှန်အစီအစဥ်အတိုင်း ဆောင်ရွက်နေစဉ်မှာ အမည်မသိ မျက်နှာစိမ်းလူတစ်ယောက် ရောက်ချလာပြီး ဝင်ဆွေးနွေးပါတယ်။ နောက်ပိုင်းမှာ အဲ့လူဟာ ပုံမှန်စကားပြောနေရာကနေ ခေါင်းဆောင်ဆရာမကိုသေနတ်နဲ့ပစ်ပြီး အကြမ်းဖက်လာရာကနေ သူ့ရဲ့ဘီလူးခေါင်းကွာကျသွားပြီး သရုပ်မှန်ပေါ်လာပါတော့တယ်။ အမှန်တော့သူဟာ ဒီတွေ့ဆုံပွဲကို သဘောရိုးနဲ့မဟုတ်ဘဲ ဒုက္ခပေးဖို့ရောက်လာတဲ့ သေနတ်သမားတစ်ယောက်ပါ။ အဲ့လိုဖြစ်ပေမယ့် သူဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတာ ကျန်တဲ့သူတွေက မသိကြသလို အဖြစ်အပျက်ကို နားလည်မလည်နိုင်ဖြစ်နေကြပါတယ်ပါ။ သေနတ်သမားဟာ အဖွဲ့သားတွေကိုဖမ်းချုပ်ပြီး ညွှန်ကြားချက်တွေပေးကာ လိုက်လုပ်ခိုင်းပါတယ်။ အဲ့လိုလုပ်နေရင်းကနေ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ၊ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေဖြစ်လာပြီး နောက်ဆုံးမှာ သေနတ်သမားရဲ့မူလဇာစ်မြစ် ဘွားခနဲ ပေါ်လာပါတော့တယ်။ Dylan Baldwin၊ Mike Kelson၊ Tom Coulston၊ Jennifer Aries၊ Evangelina Burton၊ Luke Day Hill၊ Nobuse Junior၊ Alicia Novak တို့ခေါင်းဆောင်ပါဝင်ထားပြီး ဒါရိုက်တာကတော့ William Higo ဖြစ်ပါတယ်။ File size…(812 MB)/(428 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:11:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

0 2022
The Group
The Truman Show
8.2

The Truman Show (1998) =============== IMDb Rating (8.2) Rotten Tomatoes (95%) Metacritic 90% Movie Type-Sci-fi/Drama သင့်ဘဝကြီးတခုလုံးက Show တခုဖြစ်နေပြီး သင်ကဇာတ်လိုက်ဖြစ်နေမယ်လို့တွေးဖူးလား? ဒီကားက သင့်ကိုအတွေးပေါက်စေမယ့်ကားမျိုးပါ။ Sci-fi ဆိုပေမယ့် လေဆာတွေပစ် ယာဥ်ပျံတွေပါတဲ့ကားမျိုးမဟုတ်ပါဘူး။ သင်ဒီကားကြည့်ရင်းမျက်ရည်ဝဲမယ်။ နောက်ဆုံးခန်းကိုကြည့်နေရင်းမှာ လက်ကတခုခုကိုဆုပ်မှန်းမသိဆုပ်နေမိလိမ့်မယ်။ ပြီးတော့ အဆုံးမှာ ဇာတ်ကားထဲက လူတွေလိုပဲ သင်အရမ်းကိုကျေနပ်ပြီးမျက်ရည်တွေကျလာလိမ့်မယ်။ မယုံမရှိပါနဲ့။ မင်းသားက ရှားမှရှား Jim Carrey ပါ။ သူလိုလူနောက်ပေါ်လာဖို့ဆိုတာ တော်တော်မဖြစ်နိုင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့မြင်နေကျ ပေါတောတော ဟာသ ကောင်ကြီးအဖြစ်နဲ့ ဒီကားမှာမြင်တွေ့ရမှာမဟုတ်ပါဘူး။ တကယ့် တခြား Jim Carrey တစ်ယောက်ကိုကြည့်နေရသလိုခံစားစေမှာပါ။ Oscar တန်းဝင်ကားပါ။ Truman ဆိုတာက ဘဏ်မှာအလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်။ သူ့ဘဝကြီးကအစစအရာရာသာယာတယ်။ မိန်းမတစ်ယောက်ရှိတယ်။ မိန်းမကလည်းချောတယ်။ အရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်လည်းရှိတယ်။ ဒါပေမယ့် သူနေနေတဲ့ကမ္ဘာကြီးမှာသူတစ်ယောက်ကလွဲ ပြီးကျန်တဲ့လူတွေကအတုတွေ နေရာတွေအကုန်လုံးက အတုတွေဆိုတာ တဖြည်းဖြည်း နဲ့ရိပ်မိလာတယ်။ Seaheaven ကျွန်းလေးဟာအတုအယောင်ဆိုတာသူတဖြည်းဖြည်းရိပ်မိလာတယ်။ သူဒီကထွက်ဖို့ကြိုးစားတော့မယ်…. ဒါပေမယ့်အောင်မြင်ပါ့မလား? Truman ဟာမိန်းမမရခင်မှာ Laurenဆိုတဲ့ကောင်မလေးနဲ့တွေ့တယ်ကြိုက်ခဲ့တယ်။ သူမကလည်းအတုအယောင်ပဲ။ ဒါပေမယ့် Lauren က Truman ကို ဒါကြီးကအတုအယောင် အကုန်လုံးကအတုတွေဆိုတာကိုမခွဲခွာခင်မှာပြောခဲ့တယ်။ သူတို့ကရှင်နဲ့တွေ့တာမကြိုက်ဘူး ဆိုတာကိုလည်းပြောခဲ့တယ်။ ပြီးတော့သူမဟာ Fijiတောင်တန်းတွေဘက်ကိုအရွေ့ခံလိုက်ရတယ်။ တကယ်တော့သူမကို Show ပွဲကနေထုတ်လိုက်တာပါ။ Trumanတစ်ယောက် Fijiဆိုတာကိုရှာမယ်။ သူမကိုတွေ့အောင်ရှာမယ်။ ဒါပေမယ့် အချစ်က တကယ်ပဲသူ့ကို ဒီအိမ်မက်ဆိုးကြီးကလွတ်မြောက်အောင်ဆောင်ရွက်ပေးမှာလား။ သူကလွဲပြီးအကုန်အတုအယောင်တွေဆိုတာကိုသူသိသွားမှာလား။ တကယ်ပဲလွတ်မြောက်သွားမှာလား။ တကယ့်ကိုရုပ်ရှင်ချစ်တဲ့လူဆို ဒီကားကိုကြည့်ပြီး အကောင်းဆုံးတွေထဲကတခုအဖြစ်သတ်မှတ်မှာသေချာပါတယ်။ ကြည့်ကိုကြည့်ရမယ့်ကားပါ။ PG ရုပ်ရှင်ဖြစ်တာနဲ့အညီဟာသလေးတွေနဲ့မပျင်းရအောင်ဆွဲခေါ်ထားပါတယ်။ ဒါပေမယ့်တကယ်တွေးကြည့်ရင်ဇာတ်ကားကနက်နဲ ပြီးကြောက်စရာကောင်းပါတယ်။ ကြောက်စရာအကောင်းဆုံးရုပ်ရှင်တွေထဲကတခုအဖြစ်သတ်မှတ်ထားပါတယ်။ Coraline လိုမျိုးပါပဲ။ ဖြဲမခြောက်ပဲကိုကြောက်စရာကောင်းတဲ့ကားမျိုးပါ။ မျက်ရည်ဝဲရင်းကျေနပ်မှုအပြည့်အဝပေးမယ့်ကားလေးပါ။ ဇာတ်ကားကလည်း 1 နာရီနဲ့43မိနစ်ဆိုတော့အရမ်းမကြာပါဘူး။ စလာထဲကဘာဖြစ်မလဲ ဘာဖြစ်မလဲနဲ့ ပြီးတဲ့အထိမထပဲ ကြည့်ချင်မယ့်ကားမျိုးပါ။ မင်းသားအနေနဲ့ အချစ်တော် Jim Carreyက အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ Show ပွဲကိုစီစဥ်သူအနေနဲ့ Ed Harris က ပါဝင်အားဖြည့်ထားပါတယ်။ Jim Carrey အနေနဲ့ Golden Globe အကောင်းဆုံးမင်းသားဆု Ed Harris အနေနဲ့ Golden Globe အကောင်းဆုံးဇာတ်ပို့မင်းသားဆုအပြင်ဆုတွေအများအပြားသိမ်းပိုက်ထားတဲ့ကားပါ။ ကြည့်ဖြစ်အောင်ကြည့်ပါ။ (ရုပ်ရှင်အညွှန်းကို Myat P Kyaw Fb မှ ကူးယူဖော်ပြပါသည်။)

8.2 1998
The Truman Show
Bhagavan Dasante Ramrajyam
6.5

Bhagavan Dasante Ramrajyam (2024) “လောကပြဇာတ်” ဗာနာသီကာဗူရွာက ဗာနာသီကာပူဘုရားကျောင်းဟာ အရှင်ရာမ သီတာ ဟာနုမာန်တို့အတွက် တည်ထားတဲ့ ရှေးဟောင်းကျောင်းအဖြစ် သတ်မှတ်ခံရပြီး သူတို့ဘုရားပွဲလေးဟာလည်း အစီအစဉ်ပေါင်းစုံနဲ့ ထူးခြားတဲ့ပွဲလေးအဖြစ် တည်ရှိတာပေါ့။ အဲဒီနေရာမှာ ကွန်ဂျူရမ်မက်တန်ဆိုတာ ဗာနာသီကာဗူရွာလေးကို ရိုးရာယဉ်ကျေးမှု ပေါကြွယ်ဝတဲ့နယ်မြေအဖြစ် ပြောင်းလဲပေးခဲ့တဲ့ အခြေခံအုတ်မြစ်လို့ ပြောလို့ရပါတယ်။ သူ့လက်အောက်မှာလည်း တပည့်တပန်းပေါင်းများစွာနဲ့ သူတို့ပြဇာတ် ရာမရာနဆိုတာတာ ခေတ်တစ်ခုမှာ အင်မတန်ပေါက်ခဲ့တာမျိုးပေါ့။ အဲဒီမှာ ဒီလို တည်ထောင်သူဖခင်ကြီးတစ်ယောက် ဆုံးပါးသွားခဲ့တဲ့အချိန်မှာတော့ နှစ်ဂိုဏ်း ကွဲခဲ့ရပါတော့တယ်။ ချစ်ရတဲ့ တပည့်တွေကတော့ ဆရာကို အရိုအသေပေးတဲ့အနေနဲ့ နှစ်စဉ်ဘုရားပွဲမှာ ပြဇာတ်ကဖို့ စီစဉ်ထားကြပြီးတော့ သားဖြစ်သူ ဆူမက်ရှ်ကတော့ ဆန့်ကျင်ချင်တဲ့လူ ဖြစ်နေပါတယ်။ အဲဒီမှာတင် တစ်ဖွဲ့က ဒီပွဲလေးကို ဖြစ်မြောက်အောင် စီစဉ်ကြပြီး တစ်ဖက်ကလည်း ဘယ်လိုမျိုး ပွဲဖျက်မလဲဆိုတာမျိုးလေးတွေ ကြည့်ရှုရမယ့် မလေယာလမ် အိန္ဒိယကားသစ်လေး ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

6.5 2024 124 mins
Bhagavan Dasante Ramrajyam
American Pie 2
6.4

American Pie ဇာတ်ကားတွေဆိုတာနဲ့ အူတက်အောင် ရယ်နေရတဲ့ ကျောင်းသားဟာသ အခွီကားတွေမှန်း သိကြမှာပါ။ ဒါပေမယ့် အဲ့လိုဟာသက်သက် အပြောင်အပျက်ဇာတ်ကားတွေမဟုတ်ဘဲ သူ့မှာ တခြားအဓိပ္ပါယ်ရှိတဲ့ ချစ်ခြင်းမေတ္တာ နွေးထွေးမှုတွေအကြောင်း အများကြီးပါဝင်နေပါတယ်။ ဒါကို ရှင်းပြဖို့ဆို American Pie ဇာတ်ကားတွေကို အပိုင်း (၂)ပိုင်းနဲ့ ရှင်းပြဖို့လိုပါတယ်။ American Pie ရဲ့ Original မူလဇာတ်ကြောင်းက ဇာတ်ကား (၄) ကားပဲရှိတယ်။ – American Pie (1999) – American Pie 2 (2001) – American Wedding (2003) – American Reunion (2012) ဒီရုပ်ရှင်ကား ၄ ကားသာလျင် သရုပ်ဆောင်တွေရော ဇာတ်လမ်းရောက တဆက်တည်းဖြစ်ပါတယ်။ လူငယ်သဘာဝ လူပျိုဖော်ဝင်စ အပျိုဖော်ဝင်စ ပြသနာတွေနဲ့ ကျောင်းသားဟာသတွေကို အစပြုထားပြီးတော့ သူငယ်ချင်းတွေကြားက ခင်မင်မှုတွေ၊ ချစ်သူတွေကြားက ကြင်နာယုယမှုတွေ၊ မိသားစုတွေကြားက နွေးထွေးတဲ့မေတ္တာတွေကို အဓိကထားတင်ဆက်ထားတာမလို့ ရယ်လဲရယ်နေရသလို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကိုလဲ ခံစားမိစေမှာပါ။ ဒီရုပ်ရှင်ကား ၄ ကားစလုံးရဲ့ ကုန်ကျစရိတ်က Budget $147 million ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $989.5 million ပြန်ရတဲ့ထိ အောင်မြင်ခဲ့ပြီး Rating တွေလဲ ထိုက်သင့်သလောက်ကောင်းမွန်ခဲ့သလို ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ နောက်တပိုင်းကတော့ American Pie ရဲ့ Spin-off ဇာတ်ကားတွေဖြစ်တဲ့ American Pie Presents ဇာတ်ကားတွေပါ။ – American Pie Presents: Band Camp (2005) – American Pie Presents: The Naked Mile (2006) – American Pie Presents: Beta House (2007) – American Pie Presents: The Book of Love (2009) – American Pie Presents: Girls’ Rules (2020) ဒီ American Pie Presents ဇာတ်ကားတွေကတော့ ဇာတ်လမ်းတွေ ဆက်စပ်မှုသိပ်မရှိတော့ဘဲ ဆယ်ကျော်သက် ပါတီတွေ၊ နောက်ပြောင်မှုတွေ၊ လိင်မှုဆိုင်ရာ ဟာသတွေကိုသာ အသားပေး တင်ဆက်ထားပါတယ်။ မူလဇာတ်ကြောင်းထဲက Jim ရဲ့ အဖေဖြစ်သူနဲ့ Stifler ရဲ့မိသားစုကိုသာ အခြေခံထားပြီး Stifler ရဲ့ညီဝမ်းကွဲတွေက အဓိကဇာတ်ကောင်အဖြစ်ပါဝင်သွားပါတယ်။ ဒီ American Pie Presents ဇာတ်ကားတွေကတော့ direct-to-video(DVD)လိုအဖြစ်သာ ရိုက်ကူးထားတာဖြစ်လို့ Rating တွေလဲ သိပ်မကောင်းခဲ့ဘဲ ကျောင်းသားဟာသဇာတ်ကားတွေအဖြစ်သာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ +++++++++++++++ American Pie 2 (2001) IMDb Rating (6.4) ကဲ American Pie (1999) အပြီးမှာတော့ အဆက်အနေနဲ့ ဆက်ထွက်ထားတဲ့ American Pie 2 (2001) လာပါပြီ။ ရှေ့ကားက ဇာတ်ကောင်တွေဖြစ်ကြတဲ့ မင်းသား Jason Biggs, Seann William Scott, Chris Klein, Thomas Ian Nicholas နဲ့ Eddie Kaye Thomas တို့အုပ်စုပဲ အဓိကပါဝင်ထားပြီး ပထမဇာတ်ကားရဲ့နောက်ဆုံးခန်းမှာ ဆုတောင်းခဲ့ကြတဲ့ သူတို့ရဲ့ နောက်တဆင့်ခြေလှမ်းတွေအကြောင်းပေါ့။ ဒီခါတော့ Jim တို့ Stifler တို့အုပ်စု အထက်တန်းကျောင်းပြီးလို့ ကောလိပ်တွေရောက်နေကြပြီး နွေရာသီကျောင်းပိတ်ရက်မှာ ကောလိပ်ကနေ မွေးရပ်မြို့ကိုပြန်လာကြပါတယ်။ ဒီတော့ တယောက်တကျောင်းစီတက်နေရလို့ မတွေ့ရတာကြာပြီဖြစ်တဲ့ သူတို့သူငယ်ချင်းတွေ ပါတီလုပ်ပြီး အမုန်းကဲကြဖို့ ကမ်းခြေက အိမ်တစ်လုံးကိုငှားဖို့ စီစဉ်ကြပါတော့တယ်…. ထုံးစံအတိုင်း လုပ်လိုက်တိုင်း လွဲနေကျ Jim တို့အုပ်စုကြီးနဲ့ ဘာမှဂရုမစိုက်ဘဲ နင်းကန်ချတတ်တဲ့ စတစ်ဖလာတို့ဘော်ဒါတွေ ဘာတွေအလွဲလွဲအချော်ချော်တွေနဲ့ ပျော်ကြ ခွီကြရဦးမလဲဆိုတာ……….။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီး CM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)

6.4 2001 108 mins
American Pie 2
Andrea Gets a Divorce Andrea lässt sich scheiden
6.5

Andrea Gets a Divorce (2024) IMDb Rating (6.5) ဒီဇာတ်ကားမှာ အန်ဒရီရယ် (Birgit Minichmayr) ဆိုတဲ့ ရဲအဖြစ်လုပ်ကိုင်တဲ့ အမျိုးသမီးတစ်ဦးကို ပြသထားပါတယ်။ သူ့ရဲ့ရွေးချယ်မှုတွေကနေ တဖြည်းဖြည်းပေါက်ကွဲလာပြီး သူ့ဘဝဟာ အတိတ်နဲ့လက်ရှိကြားမှာ အကျပ်ရိုက်လာပါတယ်။ ဒါရိုက်တာ Josef Hader က ဟာသနဲ့ ဒရမ်မာကို စွဲမက်ဖွယ်ပေါင်းစပ်ထားပြီး လူနေမှုနဲ့ အတွေးအခေါ်တွေကို ထိတွေ့အောင်ဖန်တီးနိုင်ပါတယ်။ ရုပ်ရှင်မှာ အတွေးတွေနဲ့ အနည်းငယ်ထိတ်လန့်ဖွယ်အခန်းတွေပါဝင်ပေမယ့်လည်း ဇာတ်ကွက်တွေ တဖြည်းဖြည်းတည်ဆောက်ထားတာကြောင့် အလွယ်တကူ နားလည်နိုင်မှာမဟုတ်ပါဘူး။ မကောင်းတဲ့အချက်အနေနဲ့ ဇာတ်ညွှန်းဟာ တစ်ချို့လူတွေအတွက် ခံစားရခက်နိုင်ပြီး အနည်းငယ် ချွတ်ယွင်းချက်တွေ ရှိနိုင်ပါတယ်။ သို့သော် အမြင်အသစ်နဲ့ ပြုလုပ်ထားတဲ့ ဇာတ်ကားတစ်ခုဆိုတာ သေချာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1.7 GB) / (940 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:34:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

6.5 2024 94 mins
Andrea Gets a Divorce Andrea lässt sich scheiden
The Teacher Who Promised the Sea
7.4

The Teacher Who Promised the Sea (2024) IMDb Rating (7.4) / Rotten Tomatoes (100%) တစ်ခါတလေကျ ရုပ်ရှင်မှာ ပြဿနာတစ်ခုရှိတယ်။ အဲဒီပြဿနာကို တန်ဖိုးဖြတ်ပုံ စံနှုန်းမတူညီခြင်းလို့ ခေါင်းစဉ်တပ်လည်းရတယ်။ ခံစားပုံခံစားနည်းခြင်းမတူလို့ ခံစားချက်ကွဲသွားတယ်ပြောလည်းရတယ်။ ဥပမာဆို ကျွန်တော်က ကျွန်တော်နေတဲ့ မြို့ကလေးကို ရည်းစားစာပေးတဲ့အနေနဲ့ ကျွန်တော်က ဇာတ်လမ်းတစ်ပုဒ် ရိုက်လိုက်တယ်ထား။ ကျွန်တော်ကတော့ ဇာတ်ကောင်ကို အဓိကမထားဘဲ ဒီမြို့ကလေးရဲ့ သမိုင်းကြောင်းနဲ့ ဒီမြို့ကလေးနဲ့ ဒီမြို့သားတွေရဲ့နှလုံးသားနဲ့ကြားက ကွင်းဆက်လိုဖြစ်နေတဲ့ နေရာတွေကို အဓိကရိုက်ပြလိုက်မှာပဲ။ ဒီအခါ ဒီမြို့ရဲ့သမိုင်းကို သိကြတဲ့လူတွေအတွက်တော့ ဒီနေရာတွေကို ပြတာက ထိခတ်ချင် ထိခတ်မယ်။ မသိတဲ့လူတွေအတွက်တော့ ဘာတွေလာပြနေတာလဲဆိုပြီး နည်းနည်းဝေးသွားလိမ့်မယ်။ ဘာကြီးလဲလို့ ပြောစရာဖြစ်ချင်ဖြစ်သွားလိမ့်မယ်။ တစ်ခါတလေကျ ရုပ်ရှင်မှာ အဲဒီလိုပြဿနာမျိုး ရှိတယ်။ စကားလုံးနဲ့မဟုတ်တဲ့အတွက် ယူသလိုပဲရတဲ့ ပမာဏက ပိုမြင့်မားသွားတတ်တယ်။ ဒီရုပ်ရှင်ကလည်း အဲဒီလိုပြဿနာရှိတဲ့ ရုပ်ရှင်မျိုးပဲ။ ဒုတိယကမ္ဘာစစ်မတိုင်ခင်က ဖြစ်ခဲ့တဲ့ စပိန်ပြည်တွင်းစစ်ကာလထဲ အသတ်ခံရသူတွေ တွေ့ကရာနေရာမှာ အမြုပ်ခံလိုက်ရတဲ့သူတွေ ထောင်ပေါင်းများစွာ ရှိခဲ့တယ်။ ၁၉၃၀နှောင်းကတည်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေပေမဲ့ အခုထက်ထိ ဒီသုဿန်မြေတွေကို သူတို့က တူးနေကြတုန်းပဲ။ အတိတ်ကို ပြန်ဖော်နေကြတုန်းပဲ။ အဲဒီအကြောင်းတွေကို ရိုက်ပြထားတဲ့ စပိန်ရုပ်ရှင်တွေဆိုတာလည်း ဒါပထမဆုံးတော့ မဟုတ်ဘူး။ ဒါကို အစိမ်းသက်သက်တွေ လက်ထဲ သွားထည့်ပေးလိုက်ရင်တော့ ဒီရုပ်ရှင်က ဘာကြီးလဲလို့ ပြောစရာတော့ ရှိပေမဲ့ သူ့တန်ဖိုးစံနှုန်းနဲ့ သူတော့သွားတာပါပဲ။ ဒီရုပ်ရှင်ဟာ အတိတ်အကြောင်းပါပဲ။ အမေ့ဖျောက်ခံရတဲ့ သမိုင်းတစ်ခုကို မမေ့ချင်သူတွေအကြောင်းပါပဲ။ မလှတဲ့အတိတ် မလှတဲ့သမိုင်းကိုပေါ့။ သမိုင်းဆိုတာ လှတာပဲဖြစ်ဖြစ် မလှတာပဲဖြစ်ဖြစ် သယ်ဆောင်သွားဖို့လိုတာပါပဲ။ အတိတ်တွေဆိုတာ ဘယ်တော့မှ ဖယ်ရှားပစ်လို့မရတဲ့ လှေကားထစ်တွေလို ကျွန်တော်တို့ရဲ့လမ်းအစတွေ ဖြစ်ခဲ့တယ်။ နိုင်ငံရေးမှာပဲဖြစ်ဖြစ် အနုပညာမှာပဲဖြစ်ဖြစ် ဘဝမှာပဲဖြစ်ဖြစ် အတိတ်သမိုင်းဟာ အမြဲတမ်းလက်ရှိတွေ ဖြစ်တည်လာခြင်းရဲ့ အကြောင်းရင်းအဖြစ် ရှိနေလိမ့်မယ်။ သူတို့အတိတ်ကို သူတို့မမေ့ကြတဲ့ ရုပ်ရှင်တွေကို ကျွန်တော် သဘောကျပါတယ်။ ဒီရုပ်ရှင်ကိုလည်း သဘောကျတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.3 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,History Duration….01:46:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Action • Drama • Crime
7.4 2024 105 mins
The Teacher Who Promised the Sea